Nay La Dental Clinic

သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုများ၊ ပညာပေးဆောင်းပါးများ ဖော်ပြပေးသွားမည်

Photos from Nay La Dental Clinic's post 19/01/2024

ပိုးစား​နေတဲ့ သွား​​လေးကို ​လေဆာနဲ့ ပြန်လည်ဖာ​ထေးပြုပြင်​ပေးထားပါတယ်။

​ဆေးခန်းလိပ်စာ​လေး​အောက်ပါပုံမှာထည့်ထား​ပေးပါတယ်။

18/01/2024

လေဆာ သွားဖြူကုထုံး
Laser Whitening
*******************

​လေဆာသွားဖြူကုထုံး မလုပ်မှိီ နှင့် ကုသမှုအပြီး ​ပြောင်းလဲသွားတဲ့ ပုံ​လေးဖြစ်ပါတယ်။

ကုသချိန် မိနစ်၃၀မှ ၄၅ မိနစ်သာကြာမြင့်ပါသည်။

01/07/2023

🍀 မညီညာတဲ့ သွားလေးတွေကို ညီညာအောင် သွားညှိကုသမှု ခံယူလို့ရပါတယ်😇😇😇

🍀 အောက်မှာ ပြထားတဲ့ပုံလေးကတော့

(၆) လအတွင်း ပြောင်းလဲလာတဲ့ သွားညှိကုသမှု ရလဒ်လေးဖြစ်ပါတယ် 🤩🤩🤩

04/05/2023

☘️ မရှိတော့တဲ့ သွားနေရာကို

☘️ သတ္တုစပ်ကြွေအမျိုးအစားကို အသုံးပြုပြီး

🍀 အနီးစပ်ဆုံးတူအောင် ပြန်လည်အစားထိုးပြုပြင်ပေးထားပါတယ်။

ဆေးခန်းလိပ်စာ

🏩 မေဓါဝီလမ်းမကြီးပေါ်၊ က္ကန္ဒာနှင့် ဥဇ္ဇာနာကြား
မြန်မာအရှေ့တိုင်းဘဏ်ရှေ့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့

☎️09756771927 သို့ဆက်သွယ် Booking ယူနိုင်ပါတယ်။

Photos from Nay La Dental Clinic's post 25/03/2023

အားလုံးပဲမင်္ဂလာပါရှင် 🥰🥰🥰

သွားနှင့်ခံတွင်းကျန်းမာရေးအတွက်ဆိုရင်

🌸နေလ🌸
သွားနှင့်ခံတွင်းဆေးခန်းကို သတိရလိုက်ပါ။ 🤗

🌸နေလ🌸
သွားနှင့်ခံတွင်းဆေးခန်းမှာဆိုရင် သွားနှင့်ခံတွင်းကျန်းမာရေးအတွက် လိုအပ်တဲ့ ကုသမှုအားလုံးကို စျေးနှုန်းချိုသာစွာနဲ့ ကုသပေးနေပါတယ်။ ✨

မနက် (၉)နာရီမှ ညနေ(၇) နာရီ အထိပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး အသေးစိတ်သိရှိလိုပါကPage messenger သို့မဟုတ် ဖုန်းဖြင့်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။ ဆေးခန်းသို့လာရောက်ပြသ၍(အခမဲ့)ဆွေးနွေးနိုင်ပါတယ်ရှင်


ဆေးခန်းပြသလိုပါက

🏠ဆေးခန်းလိပ်စာ🏠

နေလသွားနှင့်ခံတွင်းဆေးခန်း
ဣန္ဒာနှင့် ဥဇ္ဇနာအကြား၊မေဓါဝီလမ်းမကြီးအပေါ်၊မြန်မာအရှေတိုင်းဘဏ်အရှေ့၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်။

☎️ဖုန်း 09756771927,
☎️09965761454

23/02/2023

အသက် (၈၅)နှစ် အမေကြီးရဲ့ ကုသမှုလေးပါ

အာရုံကြောတွေအားနည်းနေတာကြောင့် အောက်မေးရိုးတစ်ခုလုံးက အမြဲတမ်းလှုပ်နေပြီး

အောက်သွားတွေက အပေါ်သွားဖုံးကို ထိုးမိပြီး လာပြရာကတဆင့်

အပေါ် သွားမရှိတာကို အပြည့်ပြန်ဖြည့်
အောက်အံကပ်အဟောင်းလေးကိုလည်းအနည်းငယ်ပြုပြင်ပြီး

တစ်ပတ်နေပြန်ကြည့်တဲ့ အခါ
လိုအပ်တဲ့နေရာလေးတွေ Check up ကြည့်

စားရတာလည်း အဆင်ပြေ
အပေါ်အံကပ်ကလည်းကပ်အားကောင်းပြီး မြဲမြံ

အရင်ကထက် မေးရိုးလှုပ်တာလေးပါ ပိုငြိမ်လာတဲ့ ရလဒ်လေးကို ရရှိလာခဲ့ပါတယ်😊😊😊😊

လူနာလည်းစိတ်တိုင်းကျ ကုပေးရတဲ့ဆရာဝန်လည်း ပီတိဖြစ်ရတဲ့ ကုသမှုလေးပါ 🥰

22/02/2023

အားလုံးပဲ မင်္ဂလာပါရှင်😍😍😍

🦷 နေလ 🦷
သွားနှင့်ခံတွင်းအထူးကုဆေးခန်းကို

မြောက်ဥက္ကလာပမြို့နယ်
မေဓါဝီလမ်းမကြီးပေါ်
က္ကန္ဒာနဲ့ ဥဇ္ဇနာကြား
မြန်မာအရှေ့တိုင်းဘဏ်ရှေ့တွင်

ပြောင်းရွေ့ဖွင့်လှစ်ထားပါကြောင်း အသိပေးလိုက်ရပါတယ်ရှင် 😍😍😍

ဆေးခန်းပြသလိုပါက
ဆေးခန်းဖုန်း 09756771927 သို့ဆက်သွယ် စာရင်းပေးလို့ရပါတယ်ရှင် 😇😇😇

သွားနှင့်ခံတွင်းဆိုင်ရာ သိလိုရာများ ကုန်ကျစရိတ်များကိုလည်း Page Chat box , ဖုန်းတို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်😊😊😊

Photos from Nay La Dental Clinic's post 02/02/2023

အားလုံးပဲ မင်္ဂလာပါရှင့် 🥰🥰🥰

🦷နေလ🦷
သွားနှင့်ခံတွင်း အထူးကုဆေးခန်းကို

🏥 မေဓါဝီလမ်းမကြီး၊ က္ကန္ဒာနှင့် ဥဇ္ဇနာကြား၊ မြန်မာအရှေ့တိုင်းဘဏ်ရှေ့တည့်တည့်၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်တွင် ပြောင်းရွေ့ဖွင့်လှစ်ထားပါကြောင်း အသိပေးကြေညာအပ်ပါတယ်ရှင် 🥰🥰🥰🥰

☎️ဆေးခန်းဖုန်း ☎️
09756771927
09965761454

18/01/2023

🤗 သွားနှစ်ချောင်းကြားပိုးစားထားတာကိူ

🤗 သွားအရောင်နဲ့ တူတဲ့ လေဆာနဲ့

🤗 နာကျင်မှုမရှိစေပဲ

🤗 ဖာထေး ပြုပြင်ပေးထားပါတယ်

🏩ဆေးခန်းလိပ်စာ🏩

နေလ
သွားနှင့်ခံတွင်းအထူးကုဆေးခန်း

သန္တာ(၄)လမ်းထိပ်၊ (စ)ရပ်ကွက် မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်။
မြောက်ဥက္ကအဝိုင်းကျော် ၂မှတ်တိုင်မြောက်
သန္တာမှတ်တိုင်တွင်ဆင်းပါ

☎️ ဖုန်း 09756771927,
☎️ 09965761454


Nay La Dental Clinic
Dr. Ye Win Naing

17/01/2023

🤗 အနှစ်နှစ် အလလ စားထားတဲ့

🤗 ကွမ်းဂျိုးတွေကို

🤗 နာကျင်မှုမရှိစေပဲ

🤗 ဖယ်ရှား သန့်စင်ပေးထားပါတယ်

🏩ဆေးခန်းလိပ်စာ🏩

သန္တာ(၄)လမ်းထိပ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်
မြောက်ဥက္ကအဝိုင်းကျော် ၂မှတ်တိုင်မြောက်
သန္တာ မှတ်တိုင်တွင်ဆင်းပါ

☎️ ဖုန်း 09756771927,
☎️ 09965761454

#ကွမ်းဂျိုး
Nay La Dental Clinic
Dr. Ye Win Naing

11/01/2023

လေဆာသွားဖြူကုထုံး
Laser Whitening
*********************

🤩 ဝါနေတဲ့ သွားလေးတွေကို ၄၅မိနစ်အတွင်း ဖြူသွားအောင် ကုသပေးထားပါတယ်။

🏩ဆေးခန်းလိပ်စာ🏩

သန္တာ(၄)လမ်းထိပ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်
မြောက်ဥက္ကအဝိုင်းကျော် ၂မှတ်တိုင်မြောက်
သန္တာ မှတ်တိုင်တွင်ဆင်းပါ

☎️ ဖုန်း 09756771927,
☎️ 09965761454


Nay La Dental Clinic
Dr. Ye Win Naing

13/11/2022

တံတားထိုးသွားစိုက်တယ်ဆိုတာ ဘာလဲ❓

-မိမိစိုက်လိုတဲ့သွားရဲ့ ဘေးတဖက်စီကသွားတချောင်းစီကို အကူယူပြီးတံတားထိုးသလိုပုံစံမျိုး စိုက်လိုက်တာကို တံတားထိုးသွားစိုက်တယ်လို့ခေါ်ပါတယ်။

သွားတချောင်းမရှိတော့တဲ့အခါ ဘေးတဖက်စီကသွားတချောင်းစီကိုအကူယူပြီး ၃ချောင်းတွဲစိုက်လို့ရသလို

သွား၂ ချောင်းမရှိတော့တဲ့အခါမှာလည်း ဘေးတဖက်စီက သွားတချောင်းစီကိုအကူယူပြီး 4ချောင်းတွဲလည်းစိုက်လို့ရပါသေးတယ်။

ကုန်ကျစရိတ်သင့်တင့်ပြီး လူစိုက်အများဆုံးသွားစိုက်နည်းတခုလည်းဖြစ်ပါတယ်။ ဘေးသွားတချောင်းစီကို အကူယူရတဲ့အတွက် ဘေးသွားလေးတွေကို အနည်းငယ်စီ စားပေးဖို့တော့လိုပါမယ်။

သွားအမျိုးအစားအနေနဲ့ အောက်ကပုံလေးတွေမှာ ပြထားသလို
(၁)သတ္တုသွား
(၂)သတ္တုစပ်ကြွေသွား
(၃)ကြွေသွားသီးသန့် စသည်ဖြင့်ရွေးချယ်စရာအမျိုးအစားများပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး ကုန်ကျစရိတ်လေးတွေလည်းကွဲပြားသွားပါမယ်။

(၁)သတ္တုသွားတု(Metal Bridge)

ငွေ​ရောင်သတ္တုရောင်သွားတုဖြစ်ပြီး ကုန်ကျစရိတ်သက်သာပါတယ်။ သွားအစစ်တွေနဲ့ အရောင်ကွဲထွက်နေတာမို့ ရှေ့သွားတွေအတွက် အသုံးပြုဖို့ ရွေးချယ်လေ့မရှိကြပါဘူး။

(၂)သတ္တုစပ်​ကြွေသွားတု(PFM Bridge)

ကိုယ်ထည်တခုလုံးကကြွေဖြစ်ပြီး အတွင်းဘက်ကိုတော့ သတ္တုခံပေးထားတဲ့ စျေးနှုန်းသင့်တင့်တဲ့အမျိုးအစားပါ။အောက်ခံကသတ္တုဖြစ်ပေမယ့် အပေါ်ကကြွေမို့ စိုက်ထားတဲ့အခါ သတ္တုရောင်ပေါ်မနေပါဘူး။စျေးနှုန်းကလည်းသင့်တင့်တာမို့လူကြိုက်အများဆုံး အစိုက်အများဆုံးသွားတုအမျိုးအစားလည်းဖြစ်ပါတယ်။

(၃)ကြွေသီးသန့်သွားတု(PFZ/Zirconia)

အကောင်းဆုံး သွားတုလို့ နာမည်ကြီးတဲ့ ကြွေအစစ်သီးသန့် သွားတု ဖြစ်ပါတယ်။ နှစ်ကြာရှည် အသုံးခံသလို အမာဒဏ်အခံနိုင်ဆုံးနဲ့၊ သွားအစစ်နဲ့ အတူဆုံး အမျိုးအစားပါ။ကြွေရောင်တောက်ပြီးလှပနေတာမို့ပြုံးပြရယ်ပြရတဲ့ရှေ့သွားတွေအတွက် ရွေးချယ်ဖို့အသင့်ဆုံးသွားတုအမျိုးအစားပါ။

အသေးစိတ်သိချင်၊ဆွေးနွေးတိုင်ပင်ချင်တာရှိရင်
👉 09965761454 သို့ဆက်သွယ်၍ဖြစ်စေ၊
Viberမှဖြစ်စေ အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဆေးခန်းသို့လည်းလာရောက်ဆွေး‌နွေးတိုင်ပင်နိုင်ပါတယ်။

ကျန်းမာကြံ့ခိုင်တဲ့ သွားလေးတွေနဲ့ မိတ်ဆွေတို့အလှဆုံးပြုံးနိုင်ဖို့ဆိုတာ ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်တခုပါ

သင့်အပြုံးများကို ကျွန်တော်တို့ဆေးခန်းကနေ စတင်လိုက်ပါ 😊😊

10/11/2022

သွားထပ်ခြင်း/ မညီခြင်း ၏ နောက်ဆက်တွဲဆိုးကျိုးများ
*******************************************

🦷 သွားတွေထပ်နေတာ၊ ခေါနေတာ၊ ကြဲနေတာ၊ မညီညာတာတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာ လွန်စွာ သက်ရောက်မှုရှိပါတယ်။

အောက်ပါ ဆေးပညာဆိုင်ရာ အချက်အလက်များကို ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။

၁/ အလှအပရေးရာ နှင့် မိမိကိုယ်ကိုယုံကြည်မှု
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

သွားလေးတွေဟာ အလှအပအတွက် အလွန်အရေးပါတဲ့ တာဝန်ကိုထမ်းဆောင်ပေးကြပါတယ်။
သွားတွေ မညီမညာဖြစ်နေမယ်၊ ခေါနေမယ်ဆိုရင် အလှအပရေးကို ထိခိုက်စေနိုင်သလို၊ မိမိရဲ့ ယုံကြည်မှုက်ိုလည်း ပျောက်ဆုံးစေတတ်ပါတယ်။

ကျနော်တို့ဆေးခန်းတွေမှာ သွားညှိကုသမှုလာရောက်ခံယူကြတဲ့ လူငယ်အများစုနဲ့ တိုင်ပင်ဆွေးနွေးကြည့်တဲ့အခါ

“သွားတွေကခေါနေလို့၊ ကြဲနေလို့ လူကြားထဲမပြုံးရဲဘူး/ ဓာတ်ပုံမရိုက်ရဲဘူး”ဆရာရယ်ဆိုတာ အလွန်တွေ့ကြုံရပါတယ်

၂/ စကားပြောဆိုခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ကျနော်တို့ စကားပြောဆိုတဲ့ အခါမှာ စကားပီသမှုက သွားတွေပေါ်မှာလည်း မူတည်ပါတယ်။ သွားချင်းထိမှ၊ သွားလေးတွေနဲ့ လျှာနဲ့ ထိတွေ့ပြီး ထွက်တဲ့စကားလုံးလေးတွေရှိပါတယ်။
သွားတွေမညိီမညာဖြစ်နေတာ၊ အပေါ်သွားနဲ့ အောက်သွားမထိပဲ ဟနေတာတွေရှိမယ်ဆိုရင် စကားပြောအသံထွက်မပီသတာ၊ လေထွက်နေတာတွေ ကြုံရမှာဖြစ်ပါတယ်။

၃/ ခံတွင်းရောဂါများ
🍀🍀🍀🍀🍀🍀🍀🍀
သွားမညီတဲ့အခါ သွားတိုက်တာမပြောင်တာ၊ သွားကျောက်တွေပုံမှန်ထပ် ပိုများလာတာ၊ ထိုမှတဆင့် ခံတွင်းနံ့ ဆိုးလာတာ၊ သွားပိုးစားတာ၊ သွားဖုံးရောင်တာ၊ သွားဖုံးရောဂါတွေဖြစ်လာတာ စသဖြင့် ခံတွင်းကျန်းမာရေးကိုများစွာထိခိုက်စေနိုင်ပါတယ်။

၄/ သွားတွေပြုန်းခြင်း
🍀🍀🍀🍀🍀🍀🍀

သွားတွေမညီတာ/ ထပ်တာတွေကြောင့် အပေါ်သွားနဲ့ အောက်သွားတွေ ထိတွေ့မှုမမှန်ကန်တာကြောင့် သွားတွေ ပြန်းလာတာ၊ ပဲ့တာတွေလည်းကြုံရနိုင်ပါတယ်။

၅/ ထိခိုက်ဒဏ်ရာ ရနိုင်ခြေများခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

သွားခေါနေတဲ့ ကလေးတွေဆိုရင် ချော်လဲတာ၊ ထိခိုက်ဒဏ်ရာ ရတဲ့အခါ ခေါနေတဲ့ သွားကို ရိုက်မိတာ၊ အထဲကိုတွန်းထည့်သလိုဖြစ်မိတာ၊ ပဲ့တာ၊ ကျိုးတာတွေ ကြုံရနိုင်ပါတယ်

အခြားနောက်ဆက်တွဲတွေအများကြီးရှိနိုင်ပါသေးသည်။

ကြိုတင်ကာကွယ်ရန် နှင့် ကုသမှု
****************************
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
သွားမညီတာ ထပ်တာဟာ မျိုးရိုးဗီဇ၊ မိမိရဲ့ နေထိုင်မှုအလေ့အကျင့်(ဥပမာ လက်မစုပ်ခြင်း) ၊ ငယ်သွားတွေ ပိုးစားပြီး အစောကြီးဆုံးရှုံးသွားခြင်း ကနေ များစွာသောအကြောင်းရင်းတွေထိ ရှိပါတယ်။

ကလေးငယ်ဘဝကတည်းက သွားနှင့်ခံတွင်းကျန်းမာရေး စနစ်တကျဂရုစိုက်ပေးတာ၊ သွားဆေးခန်းမှာ (၆)လတကြိမ် စစ်ဆေးပြသတာ၊ မညီညာတာရှိရင် သွားညှိကုသမှုခံယူတာ လုပ်ဖို့လိုပါတယ။

အားလုံးကျန်းမာကြပါစေ….
မေတ္တာဖြင့်
Dr. Ye Win Naing

Photos from Dr. Ye Win Naing's post 21/09/2022

Ready made သွားညှိကိရိယာများကို ဂရုပြုပါ

20/09/2022

အကောင်းဆုံး သတ္တုအံကပ်
Skeletal Denture
🌸🌸🌸🌸🌸🌸🌸🌸🌸

အံကပ်အမျိုးအစားတွေထဲမှာ အကောင်းဆုံးအမျိုးအစားကိုပြပါဆိုရင် သတ္တုအံကပ်Skeletal Denture ကိုပဲ ပြရပါလိမ့်မယ်

ဘာကြောင့်လဲဆိုတော့

🦷 ခိုင်ခံ့မှုအရှိဆုံးအမျိုးအစားဖြစ်ခြင်း

🦷 သမာရိုးကျအံကပ်တွေထက် ဖြုတ်ရ/ တပ်ရ ပိုလွယ်ကူခြင်း

🦷 စားသောက်ရတာ ပိုကောင်းမွန်ခြင်း

🦷 ပေါ့ပါးပြီး သက်တောင့်သက်သာပိုဖြစ်ခြင်း

🦷 ခံတွင်းကျန်းမာရေး နှင့် သန့်ရှင်းရေးတွက်ပိုမိုကောင်းမွန် သင့်တော်ခြင်း

စတဲ့ အားသာချက်တွေများစွာရှိတာကြောင့်ဖြစ်ပါတယ်

02/09/2022

သွားနှစ်ချောင်းကြား ပိုးစားနေတာကို ပြန်လည်ဖာထေးပြုပြင်ပေးထားပါတယ်
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨

🏩ဆေးခန်းလာရောက်ပြသလိုပါက

🦷နေလ🦷
သွားနှင့်ခံတွင်းအထူးကုဆေးခန်း
မြောက်ဥက္ကလာ၊ သန္တာ(၄)လမ်းထိပ်
သန္တာမှတ်တိုင်တွင်ဆင်းနိုင်ပါသည်။
☎️ ဖုန်း- 09965761454, 09756771927

20/07/2022

🦷 သွားညှိကုသမှု ၂လအတွင်းပြောင်းလဲလာတဲ့

ရလဒ်လေး ဖော်ပြပေးလိုက်ပါတယ် 🤩🤩🤩

လူကြီးမင်းတို့ရဲ့ သွားနှင့် ခံတွင်းဆိုင်ရာ ပြဿနများ၊ အခက်အခဲများ၊ ကုသမှုနဲ့ ကုန်ကျစရိတ်များကို

09965761454 Viber
Page messenger တို့မှာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ် 🤩🤩🤩🤩


#နေလသွားနှင့်ခံတွင်းအထူးကုဆေးခန်း

18/07/2022

🦷🤩သွားအသေစိုက်နည်း🦷🤩
*********************************

😇 နှုတ်ထားတဲ့နေရာကိုလည်း ပြန်စိုက်ချင်တယ်😊

😇 မညီတာလည်း ညီချင်တယ် 😍

😇 အရောင်လေးလဲလှချင် ဖြူချင်တယ်ဆိုတော့🤩

သွားအသေစိုက်နည်းနဲ့ ကြွေကို သုံးပြီး ပြန်စိုက်ပေးထားပါတယ်🤩🤩🤩

08/06/2022

Laser Whitening Treatment
**************************

🤗 ဝါနေတဲ့သွားတွေကို

🤩 လေဆာဖြင့် သွားဖြူအောင်ပြုလုပ်ပေးထားပါတယ်

ကုသမှုရလဒ် တစ်နာရီအတွင်း သိသာစွာပြောင်းလဲလာတာကိုတွေ့မြင်နိုင်ပါတယ်။

25/04/2022

🦷 Black triangle လို့ခေါ်တဲ့ သွားနှစ်ချောင်းကြား

🦷 အမဲရောင် တြိဂံလို နေရာလွတ်နေတာကို

🦷 လေဆာနဲ့ ကြွေလွှာ ပြန်ဖြည့်ထားခြင်းဖြစ်ပါတယ်🦷

သွားနှင့်ခံတွင်းဆိုင်ရာကုသမှုများ/ ကုန်ကျစရိတ်များအသေးစိတ်သိရှိလိုပါက

ဖုန်း 09965761454 နှင့် Viber တို့ကိုဆက်သွယ်နိုင်ပါတယ်

16/04/2022

ယခုအချိန်ကာလဟာဆိုရင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ မြန်မာ့နှစ်သစ်ကူး အချိန်ကာလကို ရောက်ရှိလို့လာပြီဖြစ်ပါတယ်🙆‍♂️

မဂ်လာရှိသော နှစ်သစ်မှာ ညီညာလှပသော အပြုံးလေးများကို ပိုင်ဆိုင်စေဖို့ ကျွန်တော်တို့ နေလ သွားနှင့်ခံတွင်းအထူးကုဆေးခန်း မှ တာဝန်ယူပေးပါရစေ🙆‍♂️

မြန်မာ့နှစ်သစ်ကူးအချိန်သမယမှာ ကျွန်တော်တို့ နေလ
သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် လက်ဆောင်မွန် အဖြစ် ဘယ်လိုကုသမှုမျိုးကို ကုသမှုစရိတ် လျော့ချပေးရင် ကောင်းမလဲ??🤔🤔
စဥ်းစားရင်း
စဥ်းစားရင်းနဲ့ နောက်ဆုံးတော့•••••

သွားလေးများကို ညီညာလှပစေပြီး ယုံကြည်မှုရှိသော အပြုံးများကို ပိုင်ဆိုင်စေနိုင်တဲ့
🦷သွားညှိကုသမှု အမျိုးမျိုး(Orthodontics Treatment)🦷
ကို
❗️❗️(ကုန်ကျစရိတ်ရဲ့ 20%off Discount )❗️❗️**အပြင်

🦷အခမဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်း

🦷သွားညှိကုသရာတွင် လိုအပ်သော သွားနူတ်ခြင်းများအတွက် ကုန်ကျစရိတ် မရှိခြင်း(အံဆုံးခွဲစိတ်ကုသမှုများအပ)

🦷အခမဲ့ သွားနှင့်ခံတွင်း သန့်ရှင်းရေးပြုလုပ်ပေးခြင်း

🦷သွားညှိကုသမှုခံယူပြီးသူတိုင်း အနည်းဆုံး ၆ လခန့် တပ်ဆင်ရသည့် သွားအထိန်းကိရိယာ အမျိုးမျိုး(Retainers) များအတွက် အခမဲ့ ပြုလုပ်ပေးခြင်း
စတဲ့စတဲ့ အခွင့်အရေးများကို

မြန်မာနှစ်သစ်ကူး လက်ဆောင်မွန်အဖြစ် ပေးအပ်သွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ် ပါတယ် ခင်ဗျာ 🙆‍♂️

လူဦးရေ အကန့်အသတ်လေးလည်းရှိတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့တော့လိုအပ်ပါမယ်ခင်ဗျာ💁‍♂️

မြန်မာနှစ်သစ်ကူးကာလကို ယုံကြည်မှုရှိပြီး လှပသော အပြုံးများနှင့်အတူ ဖြတ်သန်းကြရအောင်လားခင်ဗျာ😉

11/04/2022

ယခုအချိန်ကာလဟာဆိုရင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ မြန်မာ့နှစ်သစ်ကူး အချိန်ကာလကို ရောက်ရှိလို့လာပြီဖြစ်ပါတယ်🙆‍♂️

မဂ်လာရှိသော နှစ်သစ်မှာ ညီညာလှပသော အပြုံးလေးများကို ပိုင်ဆိုင်စေဖို့ ကျွန်တော်တို့ နေလ သွားနှင့်ခံတွင်းအထူးကုဆေးခန်း မှ တာဝန်ယူပေးပါရစေ🙆‍♂️

မြန်မာ့နှစ်သစ်ကူးအချိန်သမယမှာ ကျွန်တော်တို့ နေလ
သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် လက်ဆောင်မွန် အဖြစ် ဘယ်လိုကုသမှုမျိုးကို ကုသမှုစရိတ် လျော့ချပေးရင် ကောင်းမလဲ??🤔🤔
စဥ်းစားရင်း
စဥ်းစားရင်းနဲ့ နောက်ဆုံးတော့•••••

သွားလေးများကို ညီညာလှပစေပြီး ယုံကြည်မှုရှိသော အပြုံးများကို ပိုင်ဆိုင်စေနိုင်တဲ့
🦷သွားညှိကုသမှု အမျိုးမျိုး(Orthodontics Treatment)🦷
ကို
❗️❗️(ကုန်ကျစရိတ်ရဲ့ 20%off Discount )❗️❗️**အပြင်

🦷အခမဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်း

🦷သွားညှိကုသရာတွင် လိုအပ်သော သွားနူတ်ခြင်းများအတွက် ကုန်ကျစရိတ် မရှိခြင်း(အံဆုံးခွဲစိတ်ကုသမှုများအပ)

🦷အခမဲ့ သွားနှင့်ခံတွင်း သန့်ရှင်းရေးပြုလုပ်ပေးခြင်း

🦷သွားညှိကုသမှုခံယူပြီးသူတိုင်း အနည်းဆုံး ၆ လခန့် တပ်ဆင်ရသည့် သွားအထိန်းကိရိယာ အမျိုးမျိုး(Retainers) များအတွက် အခမဲ့ ပြုလုပ်ပေးခြင်း
စတဲ့စတဲ့ အခွင့်အရေးများကို

မြန်မာနှစ်သစ်ကူး လက်ဆောင်မွန်အဖြစ် ပေးအပ်သွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ် ပါတယ် ခင်ဗျာ 🙆‍♂️

လူဦးရေ အကန့်အသတ်လေးလည်းရှိတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့တော့လိုအပ်ပါမယ်ခင်ဗျာ💁‍♂️

မြန်မာနှစ်သစ်ကူးကာလကို ယုံကြည်မှုရှိပြီး လှပသော အပြုံးများနှင့်အတူ ဖြတ်သန်းကြရအောင်လားခင်ဗျာ😉

🍀 အသေးစိတ်သိရှိလိုပါက Page messenger/ Viber 09965761454သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်

#နေလသွားနှင့်ခံတွင်းအထူးကုဆေးခန်း

27/03/2022

🦷လက်ရှိ သွားညှိကုသမှုခံယူနေတဲ့ ညီလေးတယောက်ရဲ့ တစ်လအကြာ တိုးတက်ပြောင်းလဲမှုလေးဖြစ်ပါတယ်🦷

ကုသမှုဆိုင်ရာနှင့် ကုန်ကျစရိတ်များ အသေးစိတ်ဆွေးနွေးလိုပါက Page messenger နှင့် ဖုန်း 09965761454 နှင့် Viber သို့ဆက်သွယ်နိုင်ပါတယ်


#သွားညှိကုသမှု
#နေလသွားနှင့်ခံတွင်းအထူးကုဆေးခန်း

16/03/2022

သွားးချေးလွှာ/ သွားကျောက်များနှင့် သွားဖုံးသွေးယိုခြင်း
(Gingival Bleeding)
*************************************************

" သွားဖုံးကသွေးထွက်နေလို့ ဘာလုပ်ရမလဲ ဆရာ" ဆိုတဲ့ မေးခွန်းဟာ အလွန်အမေးများပြီး သိချင်ကြတဲ့ သွားနှင့်ခံတွင်း ‌ပြဿနာတစ်ခုဖြစ်ပါတယ်။

⭐ ဖြစ်ရတဲ့အကြောင်းအရင်းများ
*****************************
သွားဖုံးသွေးယို/သွေးထွက်ရတဲ့ အကြောင်းရင်းများစွာရှိပါတယ်။

အဖြစ်များတဲ့အကြောင်းရင်းတွေကတော့

👉 ၁။ သွားဖုံးရောင်ခြင်း
(Gingivitis)
# # # # # # # # # # # # # # #
သွား နှင့် ခံတွင်း ဂရုစိုက်မှုအားနည်းတာ၊ သွားတိုက်နည်းစနစ် မှားယွင်းနေတာ၊ သွားတိုက်တံသေချာမရောက်တာ စသည်တို့ကြောင့် သွားကျောက်တွေတည်လာပြီဆိုရင် သွားဖုံးတွေရောင်တာ ဖြစ်လာပါတော့တယ်။

အဲ့လိုအခြေအနေကြုံလာပြီဆိုရင် သွားဖုံးလေးတွေ နီလာတာ၊ နာလာတာ၊ သွားတိုက်ရင် သွေးထွက်တာမျိုး ဖြစ်လာတတ်ပါတယ်။

🚨ဆောင်ရန်‌/ရှောင်ရန်
**************
- သွားတိုက်တံ အပျော့ကို သုံးပြီး တနေ့ ၂ကြိမ် စနစ်တကျ သွားတိုက်ပေးဖို့လိုပါတယ်။
- သွားကျောက်တွေ ရှိနေရင် သွားဆေးခန်းမှာ သွားကျောက်ခြစ်တာ လုပ်ဖို့လိုပါတယ်

- သွားတိုက်တံ မရောက်နိုင်တဲ့ သွားကြားတွေကို သွားကြားပွတ်ကြိုးအသုံးပြုပြီး သန့်ရှင်းရေးလုပ်ပေးပါ

- ပလုတ်ကျင်းဆေးရည်ဝယ်သုံးပေးပါ

👉 ၂။ သွားမြစ်ဝန်းကျင်ရောင်ရမ်းခြင်း (Periodontitis)
# # # # # # # # # # # # # # # # # # # # #

သွားဖုံးရောင်တဲ့ အဆင့်ကို လျစ်လျူရှုပြီးဆက်ထားမယ်၊ ကုသမှုမခံယူရင် သွားဖုံးအောက်မှာရှိတဲ့ သွားဖုံးအရိုးတွေနိမ့်လာတာ၊ သွားဖုံးတွေနိမ့်ဆင်းလာတာ၊ သွားတွေနဲ့လာတာ၊ သွေးထွက်တာ စတဲ့ သွားမြစ်ဝန်းကျင်ရောင်းရမ်းတာတွေဖြစ်လာပါတယ်။

🚨ဆောင်ရန်/ရှောင်ရန်
*****************
- သွားဖုံးရောင်တာဖြစ်ပြီဆိုတာနဲ့ သွားတိုက်တာ၊ ပလုတ်ကျင်းတာ၊ ဆေးခန်းပြတာ သေချာဂရုစိုက် ကုသမှုခံယူပါ

- ဆေးလိပ်၊ ကွမ်း ရှောင်ကျဉ်ပါ


👉 ၃။ သွေးကြဲဆေးများသောက်သုံးခြင်း
# # # # # # # # # # # # # # # # # # # # #

နှလုံးရောဂါအခံရှိတဲ့ သူတွေမှာ သွေးကြဲဆေးသောက်ရတတ်တာကြောင့် ဆေးအရှိန်ကြောင့်လဲ ‌သွားဖုံးသွေးထွက်တာကြုံရနိုင်ပါတယ်။

🚨ဆောင်ရန်/ရှောင်ရန်
************
- မိမိပြသနေတဲ့ အ‌ထွေထွေဆရာဝန်နှင့် ပြသဆွေးနွေးခြင်း

- သွား နှင့် ခံတွင်းဆရာဝန် နှင့် ပြသဆွေးနွေးခြင်း

- သွားနှင့်ခံတွင်းသန့်ရှင်းရေး ဂရုတစိုက်လုပ်ပေးခြင်း

👉 ၄။ သွေးနှင့်ပတ်သတ်သောရောဂါအခံရှိခြင်း
# # # # # # # # # # # # # # # # # # #

မွေးရာပါ သွေးမတိတ်တဲ့ ရောဂါအခံရှိတာ၊ သွေးတိတ်စေတဲ့ သွေးဆဲလ်မွှားလေးတွေ နည်းနေတဲ့ သူတွေဆိုရင်လည်း သွားဖုံးသွေးယိုတာကြုံရတတ်ပါတယ်။

သွားဖုံးတင်မကပဲ ထိခိုက်ဒဏ်ရာ အသေးစားရယုံနဲ့တင် အညိုမဲစွဲခြင်း၊ သွေးကြည်ဥခြင်း၊ သွေးမတိတ်ခြင်းတို့လည်းကြုံရတတ်ပါတယ်။

🚨ဆောင်ရန်/ရှောင်ရန်
****************
- သွေးရောဂါကုဆရာဝန်၊ အထွေထွေသမားတော်၊ သွားနှင့်ခံတွင်းဆရာဝန် စသည်ဖြင့် စနစ်တကျ ပြသ၍ လိုအပ်သည်ကို စစ်ဆေးခြင်း၊ ကုသခြင်းပြုလုပ်ဖို့လိုပါတယ်။

👉 ၅။ ရောဂါအခံများရှိခြင်း
# # # # # # # # # # # # #

ဥပမာ ဆီးချို၊ သွေးတိုး စတဲ့ရောဂါအခံတွေရှိရင် သွားဖုံးတွေ ရောင်တာ၊ သောက်ရတဲ့ဆေးတွေကြောင့် သွားဖုံးသားတွေကြီးလာတာ၊ သွေးထွက်တာ ကြုံရတတ်ပါတယ်။

🚨ဆောင်ရန်/ရှောင်ရန်
***************
- ရောဂါ အခံများ ရှိပါက စနစ်တကျကုသမှုခံယူပါ

- သွားနှင့်ခံတွင်းဆရာဝန်နှင့် အနည်းဆုံး ၆ လတကြိမ်ပြသ၍ စစ်ဆေးခြင်း၊ ကုသမှုခံယူခြင်း။

👉 ၆။ သွားနှင့်ခံတွင်းဂရုစိုက်မှုများလွဲမှားနေခြင်း
# # # # # # # # # # # # # # # # #
သွားတိုက်တံ အမာနဲ့ ဖိတိုက်ခြင်း၊ မီးသွေး၊ ဆား စတဲ့ ကြမ်းတဲ့ အရာတွေနဲ့ ဖိတိုက်ခြင်းကြောင့် လဲ သွေးထွက်တာကြုံရတတ်ပါတယ်

🚨ဆောင်ရန်/ရှောင်ရန်
*********
- ဖလိုရိုက်ပါသော သွားတိုက်ဆေး၊ သွားတိုက်တံ အပျော့ဖြင့် စနစ်မှန်သွားတိုက်ခြင်း

- ကြမ်းသော အရာများနှင့်တိုက်ခြင်းရှောင်ကျဉ်ခြင်း

👉 ၇။ ဗီတာမင်များချို့တဲ့ခြင်း
# # # # # # # # # # # #

ဗီတာမင်စီ (VitaminC)၊ ဗီတာမင်ကေ (Vitamin K ) ချို့တဲ့ရင်လည်း သွားဖုံးကသွေးယိုတာကြုံရတတ်ပါတယ်။

ဆရာဝန် နှင့် တိုင်ပင်၍ ဗီတာမင်စီ၊ ဗီတာမင်ကေ သောက်သုံးမယ်ဆိုရင်တော့ သက်သာလာနိုင်ပါတယ်။

👉 ၈။ ဟော်မုန်းအပြောင်းလဲရှိခြင်း
# # # # # # # # # # # # # # #

အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန် မှာလည်း ဟော်မုန်းဓာတ်အပြောင်းအလဲတွေဖြစ်တာကြောင့် သွားဖုံးကသွေးထွက်ကြုံရတတ်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။

သွားသေချာတိုက်မယ်၊ ပလုတ်ကျင်းဆေးရည်သုံးမယ်၊ လိုအပ်ရင် သွားနှင့်ခံတွင်းဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့လိုပါတယ်။

👉 ၉။ စိုက်ထားသောသွားများကြောင့်
# # # # # # # # # # # # # # #။

အသေစိုက်ထားတဲ့သွားတွေ အသုံးပြုတာ ကြာမြင့်လာတာ၊ အံဝင်ခွင်ကျမဖြစ်တော့တာ၊ အစာဝင်တာ၊ ရောင်တာ၊ အရှင်စိုက်ထားတဲ့ အံကပ်တွေ မတော်တာတွေ၊ဖိမိတာတွေကြောင့်လည်း သွားဖုံးသွေထွက်တတ်ပါတယ်။

လိုအပ် ပြန်လည်ပြုပြင်တာ၊ အသစ်လုပ်တာ စတဲ့ လိုအပ်တဲ့ ကုသမှုတွေကို လုပ်ဖို့ သွားနှင့်ခံတွင်းဆရာဝန်နဲ့ ပြန်လည်ပြသတိုင်ပင်ပါ။

မေတ္တာဖြင့်....
Dr. Ye Win Naing
B.D.S (Ygn)

Info source : Western Medicine

Photos from Dr. Ye Win Naing's post 15/03/2022

ဘယ်လိုအခြေနေမှာသွားဖာဖို့လိုပြီလဲ🌟🌟🌟🌟

11/03/2022

လေဆာနဲ့ တထိုင်ထဲသွားဖာမယ်
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

🌟 ချော်လဲတယ်၊ ရှေ့သွားလေးတွေ ပဲ့သွားတယ်။

🌟 အလှအပတွက်အဆင်မပြေဘူး။


🌟 သွားကလည်း တချောင်းက အပြင်ကိုနည်းနည်းခေါသလိုဖြစ်နေပြီး နောက်တချောင်းက အထဲဝင်နေတယ်။

မပူပါနဲ့ လေဆာနဲ့ ဖြည့်လို့ရပါတယ်။ 🌟❤️❤️❤️🌟

သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုများ၊ ကုန်ကျစရိတ်များအသေးစိတ်သိရှိလိုပါက
☎️09965761454 သို့ ဖုန်း/Viber မှဆက်သွယ်နိုင်ပါတယ် 🤗🤗🤗🤗

09/03/2022

သွားမစိုက်မှီ နဲ့ သွားစိုက်ပြီးဘာတွေကွာသွားလဲ
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

🌟🦷🌟 ၁/ အလှအပအတွက်အဆင်ပြေပါတယ်။ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် ရှေ့သွားတွေမရှိရင် အလှအပတွက်အဆင်မပြေသလို၊ ကိုယ့်ကိုယ်က်ို ယုံကြည်မှုရှိဖို့ သွားလေးတွေလှနေဖို့လိုပါတယ်။

🌟🦷🌟 ၂/ စကားပြောရတာ၊ သွားမရှိတာကြောင့် လေဝင်လေထွက် မမှန်တာ၊ စကားမပီတာ ကာကွယ်ရာရောက်ပါတယ်။

🌟🦷🌟 ၃/ အစားအစာ စားရသောက်ရတာလည်း သွားလေးတွေရှိမှ ပိုအဆင်ပြေပါမယ်။

🌟🦷🌟 ၄/ ဘေးသွားတွေ ယိုင်တာ၊ နှုတ်ခမ်း၊ ပါးချိုင့်လာတာကိုလည်း တားစီးပေးနိုင်ပါတယ်။

🌟🌟🌟သွားနှင့်ခံတွင်းဆိုင်ရာကုသမှုများ၊ ကုန်ကျစရိတ်များတိုင်ပင်လိုပါက
☎️ 09965761454သို့ ဖုန်း/Viberမှ ဆက်သွယ်နိုင်ပါတယ်။

08/03/2022

ကလေးအရွယ်သွားညှိကုသမှု
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

Ques: ကလေး အရွယ်မှာ ဘာကြောင့် သွားညှိကုသမှု ခံယူသင့်သလဲ??👩🏻‍🔬

Ans: ကလေးအရွယ်မှာ သွားညှိကုသမှုခံယူခြင်းဟာ ကောင်းကျိုးတွေ အလွန်များပါတယ်👭

👨‍🦰ကလေးတွေရဲ့ Peak Growing Period ဖြစ်တဲ့ အသက် ၈ နှစ် မှ အသက် ၁၄ နှစ်အတွင်း အရွယ်ဟာ သွားညှိကုသမှု အထိရောက်ဆုံးနဲ့ အကောင်းဆုံး အသက်အရွယ်ဖြစ်ပါတယ်............

🦷သွားလေးတွေ ခေါတယ်(Dental Proclination),
🦷သွားလေးတွေ ထပ်တယ် (Dental Crowding)
🦷သွားလေးတွေ ကျဲတယ် (Dental Spacing)
စတဲ့ စတဲ့ သွားပြသာနာလေးတွေဟာ သွားတွေကြောင့်ချည်းမဟုတ်ဘဲ မေးရိုးကြီးထွားမှု မူမမှန်ခြင်း/လျင်မြန်ခြင်း/နှေးကွေးခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်

👨‍🦰ကလေး လေးတွေကို သွားညှိကုသမှု ပြုလုပ်တဲ့အခါမှာ သွားကိုပြုပြင်ရုံသာ မဟုတ်ပဲ Growth Modification Treatment ဖြစ်တဲ့ မေးရိုးကြီးထွားမှုကို လိုအပ်သလို ထိန်းညှိပေးရတဲ့ ကုသမှုပါ ပါဝင်တာကြောင့် သွားလေးတွေ မနှုတ်ရ မခွဲစိတ်ရပဲ သွားများကို ညီညာစေနိုင်ပါတယ်

💁🏻‍♀️ထို့အပြင် သွားညှိကုသမှု ကြာချိန်ကိုလည်း ပိုပြီးတော့ လျင်မြန်စေမှာ ဖြစ်ပါတယ်

🧚🏻‍♀️သွားညှိကုသမှု ပြီးဆုံးသွားတဲ့အခါမှာလည်း သွားမညီခြင်း​ကြောင့် ဖြစ်လာမယ့် သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါများ စတဲ့ နောက်ဆက်တွဲပြသာနာများကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်🙋‍♂️

💝
အသေးစိတ်အချက်အလက်များ၊ ကုသမှု၊ ကုန်ကျစရိတ်များသိရှိလိုပါက
☎️09965761454 ဖုန်း/Viber တို့မှဆက်သွယ်နိုင်ပါတယ်။

07/03/2022

လေဆာဖြင့် သွားဖာခြင်း
🌟🌟🌟🌟🌟🌟🌟🌟🌟

ကြဲနေတဲ့ ရှေ့သွား (၂)ချောင်းကို လေဆာနဲ့ ဆေးခန်းမှာ တထိုင်ထဲ ဖာထေးပေးထားခြင်းဖြစ်ပါတယ်။

သွားအနေအထား၊ အသက်အရွယ်၊ ကုန်ကျစရိတ် ၊အချိန်ပေးနိုင်မှုပေါ်မူတည်ပြီး

🌟 သွားညှိကုသတာ
🌟သွားကြွေလွှာကပ်တာ
🌟 ကြွေအစွပ်စွပ်တာ စသဖြင့် ကုသမှုမျိုးစုံရှိပါတယ်။

🦷 သွားနှင့်ခံတွင်းဆိုင်ရာကုသမှုများ၊ ကုန်ကျစရိတ်များတိုင်ပင်လိုပါက
09965761454သို့ Viber / ph တို့မှ ဆက်သွယ်နိုင်ပါတယ်။

🏩ဆေးခန်းလာရောက်ပြသလိုပါက

🦷နေလ🦷
သွားနှင့်ခံတွင်းအထူးကုဆေးခန်း
မြောက်ဥက္ကလာ၊ သန္တာ(၄)လမ်းထိပ်
သန္တာမှတ်တိုင်တွင်ဆင်းနိုင်သည်။
☎️ ဖုန်း- 09965761454, 09756771927

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

အသက် (၈၅)နှစ် အမေကြီးရဲ့ ကုသမှုလေးပါအာရုံကြောတွေအားနည်းနေတာကြောင့် အောက်မေးရိုးတစ်ခုလုံးက အမြဲတမ်းလှုပ်နေပြီးအောက်သွားတွ...
အားလုံးပဲ မင်္ဂလာပါရှင်😍😍😍🦷 နေလ 🦷သွားနှင့်ခံတွင်းအထူးကုဆေးခန်းကိုမြောက်ဥက္ကလာပမြို့နယ်မေဓါဝီလမ်းမကြီးပေါ်က္ကန္ဒာနဲ့ ဥဇ္ဇ...
အကောင်းဆုံး သတ္တုအံကပ်Skeletal Denture🌸🌸🌸🌸🌸🌸🌸🌸🌸  အံကပ်အမျိုးအစားတွေထဲမှာ အကောင်းဆုံးအမျိုးအစားကိုပြပါဆိုရင် သတ္တုအံကပ်Sk...

Category

Telephone

Website

Address

Yangon
V5X6+XGYANGON

Other General Dentists in Yangon (show all)
LaMin Dental Clinic LaMin Dental Clinic
La Min Dental Clinic (No44, Corner Of Hyuparyone Street & Moe Tauk Pan Street, Ward (1), Tharketa Township
Yangon, 11231

Keep your Smile

Jasmine Dental Pediatric Center Jasmine Dental Pediatric Center
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051

First fully digitalized dental clinic in Myanmar

SMILE Shwepyithar Orthodontic and Aesthetic Dental Clinic SMILE Shwepyithar Orthodontic and Aesthetic Dental Clinic
X34F+3R6 SMILE (Shwe Pyi Thar) Orthodontic And Aesthetic Dental Clinic
Yangon, SMILE(SHWEPYITHAR) HTTPS://GOO.GL/MAPS/RSYKPEIAHFTWVZPA7

Bright Your Confident Smile

Dr Nay Win Modern Dental Office Dr Nay Win Modern Dental Office
72 B Juction Of U Chit Mg Road And 167st, Tamwe Tsp
Yangon

More Economic,More Effective ,More Preventive & More Protective Measures for COVID-19 Infection in Our Modern Dental Office . Do not hesitate to place a call to 09587739,0996518773...

လှိုင်မေတ္တာ သွားနှင့်ခံတွင်းဆေးခန်း လှိုင်မေတ္တာ သွားနှင့်ခံတွင်းဆေးခန်း
32(A) ကန်လမ်း၊ (၉)ရပ်ကွက်၊ လှိုင်မြို့နယ်
Yangon, 11051

Welcome to Hlaing Myittar Dental Implant & Orthodontic Clinic, conveniently located at (32)A Kan Road, (9)Qtr Hlaing Township, Yangon. Here we provide a wide range of oral health ...

Aung Nyein Aye Dental Clinic Aung Nyein Aye Dental Clinic
May Dharwi Road
Yangon

အောင်ရတနာ သွားနှင့်ခံတွင်းအထူးကုဆေးခန်း - AungYadanar Dental Clinic အောင်ရတနာ သွားနှင့်ခံတွင်းအထူးကုဆေးခန်း - AungYadanar Dental Clinic
No. 61 (Ground Floor), 124street , Mingalartaungnyunt (Near Mingalarzay Bus-stop)
Yangon, 11221

ခေတ်မှီစက်ကိရိယာစုံလင်စွာထားရှိပီ?

Jasmine Orthodontic Treatments Center Jasmine Orthodontic Treatments Center
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051

သွား နှင့် ခံတွင်း အထူးကု ဆေးခန်း

Biodent Myanmar Dental Laboratory & Supplies Biodent Myanmar Dental Laboratory & Supplies
No 70, Minyekyawswar Road, 9th Ward, East Dagon Township
Yangon, 11451

Bio Dent Dental Laboratory is one of the solution for your best smiles. Our objective for patients i

Dr. Ye Win Naing Dr. Ye Win Naing
Yangon

- Owner and General Dental Practitioner at Nay La Dental Clinic (North Okklarpa Township) - General

Chan Myae Medical & Dental Clinic Chan Myae Medical & Dental Clinic
102(B), Yazardiyit Road, East Dagon
Yangon

Be confident in your smile

Central Dental Clinic - စင်ထရယ် သွားနှင့်ခံတွင်းဆေးခန်း Central Dental Clinic - စင်ထရယ် သွားနှင့်ခံတွင်းဆေးခန်း
No. 94(B), Ground Floor, Zingama Road, Thaketa Township
Yangon, 11231

Dental Clinic