Aung Nyein Aye Dental Clinic
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Nyein Aye Dental Clinic, General Dentist, May Dharwi Road, Yangon.
သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုမျိုးစုံအတွက်~~~
အမှတ်(ဃ/၄၄၃)၊မေဓါဝီလမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်။မြောက်ဥက္ကလာပဆေးရုံကြီးရှေ့။
အိပ်ကြပြီလား🌝
ဒီPage ကို likeလေးလုပ်ပြီးသီတင်းကျွတ်အမှတ်တရ
မုန့်ဖိုးယူပါနော်👇👇
🙏🙏🙏
နိုင်ငံခြားမသွားခင် (၃)လခန့် ကြိုတင်၍ သွားဆေးခန်းပြပါ
အလည်အပတ်မဟုတ်ပဲ နိုင်ငံခြားကို အလုပ်သွားလုပ်ကြမယ့်သူတွေ၊ ရေရှည်နေကြမယ့်သူတွေအနေနဲ့ ဒီမှာ သွားဆေးခန်းပြသွားဖို့လိုအပ်တယ်ဆိုတာကိုတော့ တော်တော်များများဗဟုသုတရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆေးခန်းတွေမှာ တွေ့ကြ၊ကြုံကြရတာက ကုသမှုပေးဖို့ အချိန်မလုံလောက်တာ ဖြစ်ပါတယ်။ မနက်ဖြန်လေဆိပ်သွားမယ် ဒီနေ့မှ သွားဆေးခန်းလာပြတာမျိုးပေါ့ ။ နယ်ဘက်မှာဆိုရင်လည်း နောက် (၅)ရက်လောက်ကို ရန်ကုန်သွားတော့မယ် သွားကိုအခုနူတ်ပြီး သွားအသစ်စိုက်သွားချင်တာမျိုး၊ သွားအပေါက်တွေကိုလည်း ဖာသွားချင်တယ်၊ သွားသန့်ရှင်းရေးလည်းလုပ်ချင်သေးတယ် လိုအပ်တာ အားလုံးလုပ်မယ် စသဖြင့်ကြုံတွေ့ကြရပါတယ်။ သွားဆေးခန်းတွေမှာ များသောအားဖြင့် အဲ့လိုကြီး တခါတည်းအပြီးအစီးလုပ်ဖို့ဆိုတာ အင်မတန်ကိုခဲယဥ်းပါလိမ့်မယ်။ သွားနှင့်ခံတွင်းဆိုင်ရာကုသမှုတွေဟာ အချိန်ပေးကြရပါတယ်။ တစ်ချို့သော ကုသမှုတွေဟာ နာရီနဲ့ချီပြီးကြာတဲ့ကုသမှုများဖြစ်နိုင်ပြီး လူနာများအတွက်ရော ဆရာဝန်များအတွက်ပါ ပင်ပန်းတဲ့ကုသမှုများဖြစ်တာကြောင့် နောက်ကုသမှုများကို ဆက်လုပ်ဖို့ ခဲယဥ်းသွားပါတယ် ။ ဥပမာ အံဆုံးများခွဲနူတ်ရခြင်း၊ သွားအသေစိုက်ခြင်း၊ ကွမ်းဂျိုးခြစ်ခြင်း၊ အံသွားများကိုအကြောထုတ်ကုသခြင်း ။
တချို့သောကုသမှုများကျတော့ တစ်ရက်ထဲမပြီးပဲ ရက်အနည်းခန့်စောင့်ကြည့်ရတာမျိုးလည်း ရှိတတ်ပါတယ် ။ ဥပမာ - နာကျင်ကိုက်ခဲနေသောသွားများကို ဖာထေးပြုပြင်ခြင်း ၊ သွားဖာမယ့်သွားရဲ့ သွားဖုံးကနေ သွေးထွက်နေခြင်း၊ ပြည်တည်နေသော သွားဖုံးများ၊ သွားစိုက်ခြင်းအမျိုးမျိုး ။
များသောအားဖြင့် အမှတ်မှားနေတတ်ကြတာက သွားစိုက်ခြင်းနဲ့ပတ်သက်ပြီးဖြစ်ပါတယ်။ သွားစိုက်တယ်ဆိုရင် လူနာတွေက ဒီနေ့စိုက်ရင် ဒီနေ့ရတယ်လို့ ထင်နေကြတာပါ။ ဒီနေ့သွားစိုက်ရင် ဒီနေ့သွားအတုရတဲ့ သွားဆေးခန်းတွေဆိုတာ ကျွန်တော်တို့နိုင်ငံမှာ အရမ်းရှားနေပါသေးတယ်။ ဒါကြောင့် သွားစိုက်တဲ့အခါ အသေစိုက်သည်ဖြစ်စေ၊ အရှင်စိုက်သည်ဖြစ်စေ ရန်ကုန်၊ မန္တလေးမှာဆိုရင် အနည်းဆုံး ၃ရက် မှ တစ်ပတ်ကြား ကြာနိုင်ပြီး နယ်ဘက်တွေမှာတော့ အနည်းဆုံး တစ်ပတ် မှ နှစ်ပတ်ခန့်အထိကြာမြင့်နိုင်ပါတယ်။
ဒါတွေက ပုံမှန်သွားစိုက်တဲ့အချိန်တွေဆိုပေမယ့် သွားစိုက်တဲ့အခါ ကိုယ်မမျှော်လင့်ထားတဲ့အခြေအနေတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါသေးတယ်။ ဥပမာ ကိုယ်သွားစိုက်မယ့်နေရာမှာ သွားအမြစ်အငုတ်ကြီးတစ်ခုရှိနေတယ်ဆိုကြပါစို့ ။ ဒါဆိုရင် သွားစိုက်ဖို့ အဆင်သင့်မဖြစ်တော့ပါဘူး။ သွားအငုတ်ကြီးကို နူတ်ပစ်ဖို့လိုလာမှာဖြစ်ပြီး သွားနူတ်လိုက်တဲ့အနာပြန်ကျက်ဖို့လည်း အနာအခြေအနေပေါ်မူတည်ပြီး သွားဖုံးပြန်ပြည့်ဖို့ ရက်ပေါင်းများစွာပြန်စောင့်ကြရမှာဖြစ်ပါတယ်။
ဒါကြောင့် အဆင်မပြေတာမျိုးတွေမရှိရလေအောင် နိုင်ငံခြားထွက်တော့မယ်ဆိုရင် ကိုယ်က သွားကျန်းမာရေးကောင်းတဲ့သူဖြစ်ဖြစ်၊ မကောင်းတဲ့သူဖြစ်ဖြစ် သွားဆေးခန်းကို အနည်းဆုံး (၃)လ ခန့်ကြိုတင်ပြသင့်ပါတယ်။
ဒီမှာ သွားဆေးခန်းသေသေချာချာမပြသွားရင် နိုင်ငံခြားရောက်တာမကြာသေးခင်မှာပဲ သွားနှင့်ခံတွင်းဝေဒနါများခံစားရတဲ့အခါ တချို့လူတွေမှာ ဘာသာစကားအခက်အခဲကြောင့် အများကြီးဒုက္ခရောက်ကြရပါတယ်။ ဘာသာစကားတွေမတူတာကြောင့် မိမိရဲ့ခံစားနေရတဲ့ဝေဒနါများ၊ ရောဂါလက္ခဏာများကို တိတိကျကျပြောပြဖို့ခက်သလို ဆရာဝန်များဘက်ကလည်း ရောဂါအခြေအနေကို ဆုံးဖြတ်ရန်ခက်ခဲကြပါတယ်။ ဒါကြောင့် နိုင်ငံခြားမှာ သွားနှင့်ခံတွင်းဝေဒနါတွေကို ခံစားကြရတဲ့အခါ နှစ်ဦးနှစ်ဖက်သဘောတူညီမှုဖြင့် ဝေဒနါဖြစ်နေတဲ့ သွားကို နူတ်ပစ်ကြတာက ပိုများပါတယ်။ နောက်တစ်ခုက နိုင်ငံရပ်ခြားတွေမှာ သွားကျန်းမာရေးဆေးကုသစရိတ်တွေကလည်း တော်တော်လေးစျေးကြီးတာကို ကြားဖူးကြပြီးသားဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း သွားကျန်းမာရေးကုန်ကျစရိတ်တွေက စျေးကြီးတယ်ဆိုပေမယ့် နိုင်ငံရပ်ခြားက သွားဆေးခန်းတွေထက် ဆယ်ဆ၊ အဆနှစ်ဆယ်၊အဆသုံးဆယ်လောက်ကို ကုန်ကျစရိတ်ကသက်သာနေပါသေးတယ်။
ဒါကြောင့် နိုင်ငံခြားမသွားခင်မှာ တခြားသောလိုအပ်တဲ့ကိစ္စတွေကို ပြင်ဆင်နေသလိုမျိုး သွားဆေးခန်းကိုလည်း မဖြစ်မနေပြပြီး အချိန်ပေး၍ လိုအပ်တဲ့ ကုသမှုများအားလုံးကိုပြုလုပ်သွားသင့်ပါကြောင်း မျှဝေလိုက်ရပါတယ်ခင်ဗျာ ။
ချစ်ခြင်းဖြင့်သာမျှဝေပါသည်။
ဒေါက်တာမျိုးမြင့်အောင်
အောင်ငြိမ်းအေး သွားနှင့်ခံတွင်းဆေးခန်းမှ ရရှိနိုင်သော
ကျန်းမာရေးဝန်ဆောင်မှုများမှာ
✔️သွားအကြောထုတ်ကုသခြင်း
✔️သွားအသေစိုက်ခြင်း
✔️သွားအရှင်(အံကပ်)ပြုလုပ်ခြင်း
✔️သွားအစွပ်စွပ်ခြင်း
✔️သွားများ ညီညာစေရန် သွားညှိကုသခြင်း
✔️သွားဖာခြင်း
✔️သွားကျောက်ခြစ်သန့်စင်ခြင်း
✔️သွားနုတ်ကုသခြင်း
✔️အံဆုံးခွဲစိတ်နှုတ်ခြင်း
✔️လေဆာဖြင့် သွားများဖြူဖွေးအောင်ပြုလုပ်ခြင်း
✔️သွားစိန်အလှကပ်ခြင်း
✔️သွားမျက်နှာပြင် ကြွေလွှာကပ်ခြင်း
✔️သွားနှင့်ခံတွင်း စစ်ဆေးပေးခြင်း တို့အပြင်
ခေတ်မှီဓာတ်မှန်စက်ကြီးများဖြင့်ရောဂါရှာဖွေမှုကြောင့် ကုသမှုမြန်ဆန်ခြင်းတို့ ရရှိနိုင်ပါသည်။
လူကြီးမင်းတို့ အပြုံးအသက်ဝင်စေရန် နှင့်
သွားများကျန်းမာကြံ့ခိုင်စေရန်
သွားနှင့်ခံတွင်းဆေးခန်းသို့ ကြွရောက်စစ်ဆေးကုသမှုခံယူနိုင်ကြောင် သတင်းကောင်းပါးအပ်ပါတယ်ရှင့် 😍
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
May Dharwi Road
Yangon
La Min Dental Clinic (No44, Corner Of Hyuparyone Street & Moe Tauk Pan Street, Ward (1), Tharketa Township
Yangon, 11231
Keep your Smile
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051
First fully digitalized dental clinic in Myanmar
X34F+3R6 SMILE (Shwe Pyi Thar) Orthodontic And Aesthetic Dental Clinic
Yangon, SMILE(SHWEPYITHAR) HTTPS://GOO.GL/MAPS/RSYKPEIAHFTWVZPA7
Bright Your Confident Smile
72 B Juction Of U Chit Mg Road And 167st, Tamwe Tsp
Yangon
More Economic,More Effective ,More Preventive & More Protective Measures for COVID-19 Infection in Our Modern Dental Office . Do not hesitate to place a call to 09587739,0996518773...
32(A) ကန်လမ်း၊ (၉)ရပ်ကွက်၊ လှိုင်မြို့နယ်
Yangon, 11051
Welcome to Hlaing Myittar Dental Implant & Orthodontic Clinic, conveniently located at (32)A Kan Road, (9)Qtr Hlaing Township, Yangon. Here we provide a wide range of oral health ...
No. 61 (Ground Floor), 124street , Mingalartaungnyunt (Near Mingalarzay Bus-stop)
Yangon, 11221
ခေတ်မှီစက်ကိရိယာစုံလင်စွာထားရှိပီ?
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051
သွား နှင့် ခံတွင်း အထူးကု ဆေးခန်း
Yangon, V5X6+XGYANGON
သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုများ၊ ပညာပေးဆောင်းပါးများ ဖော်ပြပေးသွားမည်
No 70, Minyekyawswar Road, 9th Ward, East Dagon Township
Yangon, 11451
Bio Dent Dental Laboratory is one of the solution for your best smiles. Our objective for patients i
Yangon
- Owner and General Dental Practitioner at Nay La Dental Clinic (North Okklarpa Township) - General
102(B), Yazardiyit Road, East Dagon
Yangon
Be confident in your smile
No. 94(B), Ground Floor, Zingama Road, Thaketa Township
Yangon, 11231
Dental Clinic