Passionate Heart

Passionate Heart

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Passionate Heart, Mental Health Service, Yangon.

A social enterprise that aims to build up true and accurate mental awareness in community and uplift the mental well-being of the community by providing assured, trusted and affordable counseling services, by promoting psychological education and by offering the systematic as well as qualified psychology & mental health courses to the community with affordable and reasonable prices.

21/01/2024

📣 𝟏𝟎𝟎% 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 နဲ့ 𝐏𝐚𝐬𝐬𝐢𝐨𝐧𝐚𝐭𝐞 𝐇𝐞𝐚𝐫𝐭 𝐀𝐜𝐚𝐝𝐞𝐦𝐲 ရဲ့
𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ကိုတက်ဖို့ အဆင့်သင့်ပဲလား ရှင့် 📣

❓ပညာသင်ဆု ‌လျှာက်ထားဖို့ ဘာတွေလိုအပ်မလဲ?

https://forms.gle/zrccE1D9ANGc6cxx9

📍အပေါ်က link ထဲဝင်ပြီး တော့ Section 1က မေးထားတဲ့မေးခွန်း တွေရယ် Section 2က ကိုယ့်ရဲ့ CV နဲ့ Motivation letter ရယ် ကို ဖြည့်စွက်ပြီး submit လုပ်ရုံပါပဲနော်။
Section 2က ပညာသင်ဆု လျှောက်ထားတဲ့သူတွေပဲ ဖြည့်ဖို့လိုအပ်ပါတယ်နော်။

❓လျှောက်ထားတဲ့သူတွေကို ဘယ်လိုမျိုးရွေးချယ်မှာလဲ?

📍လျှောက်ထားတဲ့သူတွေထဲကမှ ဆန်ကာတင်စာရင်းဝင်တဲ့သူ တွေကို Interview Session အတွက် admin တို့ဘက်ကဆက်သွယ်မှာပါရှင့်။
Interview ကိုတော့ Online (Zoom)ကနေတစ်ဆင့် ပြုလုပ်သွားမှာဖြစ်ပါတယ်ရှင့်။

❓ဘယ်လိုလူ တွေလျှောက်လို့ရနိုင်လဲ?

📍Basic Counselling skills training ရရှိပြီးသားသူများ၊ ကိုယ့်ရဲ့ Professional Career အတွက် လေ့လာဆည်းပူးချင်သူများ၊ ကိုယ့်ရဲ့အသိပညာဗဟုသု‌‌တတွေကို Community အတွက်လက် တွေ့ပြန်လည်အသုံးချလိုသူများ ၊ Crisis area အတွင်းမှာ နေထိုင်ကြသူများ ဝင်ရောက် လျှောက်ထားနိုင်ပါတယ်ရှင့်။
Online Training ဖြစ်တာမို့ Internet Assessရတဲ့ ဘယ်ဒေသကမဆို လျှောက်လို့ရပါတယ်ရှင့်။

🛑Course Outline အသေးစိတ်ကို တော့ အောက်ပါ link မှာကြည့်ရှုနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=394331559765226&id=100075651559328&mibextid=Nif5oz

✴️100% Scholarship အတွက် January 31 ရက်နေ့ ညနေ 5 နာရီအထိ နောက်ဆုံးထား လျှောက်ထားပြီး တစ်ဦးတည်းသာရွေးချယ်မှာဖြစ်တဲ့အတွက် အမြန်ဆုံးဝင်ရောက် လျှောက်ထားဖို့ နှိုးဆော်လိုက်ရပါတယ်နော်။

Photos from Passionate Heart's post 17/01/2024

𝐏𝐚𝐬𝐬𝐢𝐨𝐧𝐚𝐭𝐞 𝐇𝐞𝐚𝐫𝐭 𝐀𝐜𝐚𝐝𝐞𝐦𝐲ရဲ့ သင်တန်းကိုတက်ရောက်ဖို့ စောင့်မျှော်နေကြတဲ့သူများအတွက် 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐁𝐚𝐭𝐜𝐡-𝟏)ကို ဖွင့်လှစ်တော့မယ့်အကြောင်း သတင်းကောင်းလေးပါး ပါရစေရှင်။

ဒီ သင်တန်းလေးကိုတော့ 𝐏𝐚𝐬𝐬𝐢𝐨𝐧𝐚𝐭𝐞 𝐇𝐞𝐚𝐫𝐭 𝐀𝐜𝐚𝐝𝐞𝐦𝐲 မှဖြစ်စေ တစ်ခြားသက်ဆိုင်ရာသင်တန်းများမှဖြစ်စေ 𝐁𝐚𝐬𝐢𝐜 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠ကိုတက်ရောက်ပြီးထားသူမည်သူမဆို ဝင်ရောက်လျှောက်ထားနိုင်ပြီး သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများကို သင်တန်းတက်ရောက်ရန် ပြန်လည်အကြောင်းကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

Counselling နဲ့ ပတ်သက်ပြီး ပိုမိုနားလည်စေရန်အတွက် သီအိုရီအတန်းချိန်အပြင် လက်တွေ့လေ့ကျင့်ခြင်းများ၊ စိတ်ကျန်းမာရေးဆရာဝန် (Psychiatrist) ၏ပို့ချချက်များ၊ Mental Health Professionals များ၏ Supervision session များပါ ပါဝင်မှာဖြစ်ပါတယ်။

✅ Advanced Counselling Training ကိုတော့ 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐢𝐬𝐭, 𝐄𝐌𝐃𝐑 𝐓𝐡𝐞𝐫𝐚𝐩𝐢𝐬𝐭, 𝐓𝐫𝐚𝐮𝐦𝐚 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫 𝐚𝐧𝐝 𝐓𝐫𝐚𝐢𝐧𝐞𝐫တစ်ယောက်ဖြစ်တဲ့ ဆရာမ 𝐃𝐫.တင်မာစမ်းနှင့် 𝐆𝐮𝐞𝐬𝐭 𝐋𝐞𝐜𝐭𝐮𝐫𝐞𝐫အဖြစ် စိတ်ကျန်းမာရေးဆရာဝန် 𝐃𝐫.ပိုင်စိုး တို့မှ ဦးဆောင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်ကြားမယ့် Course Outline အသေးစိတ်ကို ပုံမှာကြည့်ရှုနိုင်ပါတယ်။

📌 သင်တန်းကာလကတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစပြီး အပတ်စဉ် သောကြာနှင့်စနေ ည ၇ နာရီမှ ၉ နာရီထိဖြစ်ပါတယ်။
📌 𝐓𝐡𝐞𝐨𝐫𝐲အတန်းချိန်ကတော့ ၆ ပတ်ကြာမြင့်မှာဖြစ်ပြီး နာရီအားဖြင့် နာရီပေါင်း ၂၄ နာရီကျော်ဖြစ်ပါတယ်။
📌 ဒါ့အပြင် (𝐂𝐚𝐬𝐞 𝐒𝐮𝐩𝐞𝐫𝐯𝐢𝐬𝐢𝐨𝐧) လက်တွေ့ပြုလုပ်မယ့်အချိန် ၁၀ နာရီပါဝင်မှာဖြစ်ပြီး စုစုပေါင်းသင်တန်းကာလ ၃လ နီးပါးကြာမြင့်မှာဖြစ်ပါတယ်။

✅ သင်တန်းမှာ တက်ရောက်ရမဲ့ 𝐓𝐡𝐞𝐨𝐫𝐲 𝐡𝐨𝐮𝐫𝐬 ဆောင်ရွက်ရမယ့် 𝐜𝐥𝐚𝐬𝐬 𝐰𝐨𝐫𝐤, 𝐚𝐬𝐬𝐢𝐠𝐧𝐦𝐞𝐧𝐭𝐬, 𝐬𝐮𝐩𝐞𝐫𝐯𝐢𝐬𝐢𝐨𝐧များကို သတ်မှတ်ထားသော𝐜𝐫𝐢𝐭𝐞𝐫𝐢𝐚များအရ သင်တန်းသားများ၏ ပါဝင်လုပ်ဆောင်မူအပေါ်မူတည်၍ သင်တန်းဆင်း 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞ကို ပေးအပ်သွားမှာဖြစ်ပါတယ်။

📌 သင်တန်းကြေးကတော့ ၂၉၀,၀၀၀ကျပ် ဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်းမှာ အပ်နှံသူများအတွက် Early Bird 10% discount နဲ့ Passionate Heart မှာ သင်တန်းတက်ဖူးသူများကိုလည်း 10% discount ပေးသွားမှာဖြစ်ပါတယ်ရှင်။
သင်တန်းကြေးကိုလည်း နှစ်ရစ်ခွဲသွင်းနိုင်အောင်စီစဉ်ပေးထားပါတယ်ရှင်။

🌟 ဒါ့အပြင် 100% Scholarship အတွက် တစ်ဦး ကိုရွေးချယ်ပြီး ပေးသွားမှာဖြစ်လို့ Scholarship လျှောက်ချင်သူများအနေဖြင့် ဇန်နဝါရီလ ၃၁ ရက် ထက် နောက်မကျစေဘဲ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

သင်တန်းလျှောက်ထားရန် အောက်ပါ Link ကိုဖြည့်ပါ။

https://forms.gle/zrccE1D9ANGc6cxx9

သင်တန်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက Passionate Heart messenger မှဖြစ်စေ၊ 09 987 440 256 သို့ဖြစ်စေဆက်သွယ်နိုင်ပါတယ်ရှင်။

12/01/2024

🙋 New Year New Me လို့ ဆိုသူများအတွက် Passionate Heart မှာ အစီအစဥ်လေးတစ်ခုကို စတင်ပြီမို့ ဝင်လို့ရပါပြီရှင့်

💙 Passionate Heart မှ ဒီနှစ်ဦးကာလမှာ 2024 နှစ်သစ်ကို ကောင်းမွန်တဲ့ အလေ့အကျင့်များနဲ့ ဖြတ်သန်းနိုင်စေဖို့
“ Small Steps to a Greater You ” Workshop လေးကို စီစဉ်ထားရှိပါတယ်။
ဒီ Workshop လေးမှာ တည်မြဲတဲ့အပြောင်းအလဲတွေဖြစ်စေနိုင်ဖို့ လိုအပ်တဲ့အရာလေးတွေကို မျှဝေပြီး မိမိပြောင်းလဲချင်တဲ့ အမူအကျင့်များကို စွဲစွဲမြဲမြဲလုပ်ဆောင်နိုင်စေဖို့ နည်းလမ်းများကို ‌ဆွေးနွေးကြမှာပဲဖြစ်ပါတယ်။

Join Zoom Meeting
https://us06web.zoom.us/j/87171318732?pwd=6PacC3aiHAp9AjTrC4h6lBBCQ3uQdu.1

Meeting ID: 871 7131 8732
Passcode: 186491



#သင့်စိတ်ကျန်းမာရေးအတွက်

12/01/2024

Reminder for today! ⏰

ဒီနေ့ညနေ 7 pm မှာပြုလုပ်မဲ့ "Small Steps to a Greater You" လေးအတွက် Zoom link လေးကို mail နဲ့ ပေးပို့ပြီးပြီဖြစ်လို့ စာ‌ရင်းပေးထားသော participants များ မိမိ mailbox လေးတွေကို စစ်ပေးကြပါဦးနော် 💌

ဒီနေ့ပါဝင်ကြမယ့် Participants များအနေဖြင့် Journalling Activities လေးတွေမှာ ပါဝင်ဖို့ စာရွက်နှင့်ဘောပင်လေးများပြင်ဆင်လာကြဖို့လည်း အသိပေးလိုက်ပါတယ်။ ✍️

စိတ်ဝင်စားပါဝင်မှုအတွက် ကျေးဇူးတင်ပါတယ်ရှင့် 🩷 See you this evening! 🍀

🙋 New Year New Me လို့ ဆိုသူများအတွက် Passionate Heart မှာ အစီအစဥ်လေးတစ်ခုလုပ်သွားဖို့ရှိပါတယ်ရှင့်🙄


💙 နှစ်သစ်မှာ ကောင်းသော အလေ့အကျင့်တွေ မွေးမြူဖို့၊ မိမိကိုယ်ကို ပြောင်းလဲဖို့ စိတ်ကူးတတ်ကြပါတယ်။ တချို့ အတွက်လည်း နှစ်တိုင်း New Year Resolutions တွေချပြီး စွဲစွဲမြဲမြဲလုပ်နိုင်ဖို့ ခက်ခဲခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ဒီနှစ်အတွက်ထူးပြီး Resolutions မချဖြစ်တော့တာလဲ ရှိနိုင်ပါလိမ့်မယ်။

💙 Passionate Heart မှ ဒီနှစ်ဦးကာလမှာ 2024 နှစ်သစ်ကို ကောင်းမွန်တဲ့ အလေ့အကျင့်များနဲ့ ဖြတ်သန်းနိုင်စေဖို့
“ Small Steps to a Greater You ” Workshop လေးကို စီစဉ်ထားရှိပါတယ်။
ဒီ Workshop လေးမှာ တည်မြဲတဲ့အပြောင်းအလဲတွေဖြစ်စေနိုင်ဖို့ လိုအပ်တဲ့အရာလေးတွေကို မျှဝေပြီး မိမိပြောင်းလဲချင်တဲ့ အမူအကျင့်များကို စွဲစွဲမြဲမြဲလုပ်ဆောင်နိုင်စေဖို့ နည်းလမ်းများကို ‌ဆွေးနွေးကြမှာပဲဖြစ်ပါတယ်။

Workshop လေးကိုတော့

Date - 12.1.2023 (Friday)
Time - 7:00 PM - 9:00 PM
Platform - Zoom Platform

ဒီ Workshop လေးဟာ Free-of-charge Workshop လေးဖြစ်ပြီး တက်ရောက်ဖို့အတွက် အောက်ပါ Link လေးမှာ Register ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်ရှင်။

https://docs.google.com/forms/d/e/1FAIpQLSePIzAsVD2sWEQlSrKR-zywqmpEfioIB6lc4p-Q0xq-o3ROXg/viewform?usp=pp_url



#သင့်စိတ်ကျန်းမာရေးအတွက်

11/01/2024

2024 ရဲ့ ပထမလအတွက် မှတ်သားစရာလေး

" The journey of a thousand miles begins with one step "
Lao Tzu

" မိုင်ပေါင်းထောင်ချီတဲ့ခရီးကလည်း ပထမခြေလှမ်းတစ်ခုက စတာပါပဲ "
Lao Tzu

ဒီအဆိုအမိန့်ဟာ တရုတ်ပြည်ဖွား အရှေ့တိုင်းတွေးခေါ်ပညာရှင်ကြီး Lao Tzu ရဲ့ အဆိုအမိန့်ပဲဖြစ်ပါတယ်

မိုင်ပေါင်းထောင်ချီဝေးပြီး ရှည်လျားတဲ့ခရီးလည်း ခြေလှမ်းတစ်ခုကစသလို
ကျွန်တော်တို့ 2024 ဆိုတဲ့ ခရီးရှည်ကြီးရဲ့ ပထမလမှာ ခြေလှမ်းကောင်းတွေ စလှမ်းနိုင်ဖို့ ကျွန်မတို့ရဲ့ Passionate Heartကနေ အစီအစဥ်လေးတစ်ခုပြုလုပ်သွားဖို့ရှိပါတယ်ရှင့်

အဲ့ဒိ Program လေးကတော့ 👇
https://m.facebook.com/story.php?story_fbid=388104337054615&id=100075651559328&mibextid=Nif5ozoz



#သင့်စိတ်ကျန်းမာရေးအတွက်

06/01/2024

🙋 New Year New Me လို့ ဆိုသူများအတွက် Passionate Heart မှာ အစီအစဥ်လေးတစ်ခုလုပ်သွားဖို့ရှိပါတယ်ရှင့်🙄


💙 နှစ်သစ်မှာ ကောင်းသော အလေ့အကျင့်တွေ မွေးမြူဖို့၊ မိမိကိုယ်ကို ပြောင်းလဲဖို့ စိတ်ကူးတတ်ကြပါတယ်။ တချို့ အတွက်လည်း နှစ်တိုင်း New Year Resolutions တွေချပြီး စွဲစွဲမြဲမြဲလုပ်နိုင်ဖို့ ခက်ခဲခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ဒီနှစ်အတွက်ထူးပြီး Resolutions မချဖြစ်တော့တာလဲ ရှိနိုင်ပါလိမ့်မယ်။

💙 Passionate Heart မှ ဒီနှစ်ဦးကာလမှာ 2024 နှစ်သစ်ကို ကောင်းမွန်တဲ့ အလေ့အကျင့်များနဲ့ ဖြတ်သန်းနိုင်စေဖို့
“ Small Steps to a Greater You ” Workshop လေးကို စီစဉ်ထားရှိပါတယ်။
ဒီ Workshop လေးမှာ တည်မြဲတဲ့အပြောင်းအလဲတွေဖြစ်စေနိုင်ဖို့ လိုအပ်တဲ့အရာလေးတွေကို မျှဝေပြီး မိမိပြောင်းလဲချင်တဲ့ အမူအကျင့်များကို စွဲစွဲမြဲမြဲလုပ်ဆောင်နိုင်စေဖို့ နည်းလမ်းများကို ‌ဆွေးနွေးကြမှာပဲဖြစ်ပါတယ်။

Workshop လေးကိုတော့

Date - 12.1.2023 (Friday)
Time - 7:00 PM - 9:00 PM
Platform - Zoom Platform

ဒီ Workshop လေးဟာ Free-of-charge Workshop လေးဖြစ်ပြီး တက်ရောက်ဖို့အတွက် အောက်ပါ Link လေးမှာ Register ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်ရှင်။

https://docs.google.com/forms/d/e/1FAIpQLSePIzAsVD2sWEQlSrKR-zywqmpEfioIB6lc4p-Q0xq-o3ROXg/viewform?usp=pp_url



#သင့်စိတ်ကျန်းမာရေးအတွက်

01/01/2024

Happy New Year! 🎉

2024 နှစ်သစ်မှာ အားလုံးပဲ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာခြင်းဖြင့် ပြည့်စုံပါစေကြောင်း Passionate Heart team မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏

Passionate Heart နှင့် Passionate Heart Academy အနေဖြင့် 2024 တွင်လည်း စိတ်ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ၊ အသိပညာမျှဝေခြင်း အစီအစဉ်များ၊ Trainings များ ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ 💛

မကြာမီတွင်လည်း အားလုံးအတွက် နှစ်သစ်တွင် အားအင်သစ်ဖြင့် စတင်နိုင်ရန်ရည်ရွယ်၍ Workshop လေးတစ်ခုကို စီစဉ်ထားရှိကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ 💛
အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်နေ့ရက်လေးဖြစ်ကြပါစေရှင်။ 🙏💛



#သင့်စိတ်ကျန်းမာရေးအတွက်

30/12/2023

New year, Better you ဖြစ်ဖို့ နှစ်သစ်မှာ မွေးမြူ ရမယ့် စိတ်ကျန်းမာရေး အလေ့အကျင့်တွေ 🍀

ကဲ အခု ဆိုရင်တော့ နှစ်တစ်နှစ်ရဲ့ အဆုံးကိုလဲ နီးကပ်လာပြီ ဆိုတော့ လာမယ့်နှစ် အတွက် ပြင်ဆင်ချိန်လဲ ရောက် ပါပြီ။ ၂၀၂၄ မှာ ဒီ့ထက် ပိုပြီး စိတ် ကျန်းမာကြံ့ခိုင် တဲ့ version ဖြစ်ဖို့ အတွက် အောက်က အချက်တွေ ကို လိုက်နာ လိုက်ကြရအောင်နော်။🥰

💚၁။ Boundaries ထားတတ်ပါစေ။

ဆက်ဆံရေးတိုင်းမှာ စည်းထားလိုက်ခြင်းဟာ တစ်ဖက်လူက ကိုယ့်ကိုယ် ဘယ်လို ဆက်ဆံသင့်သလဲ ဆိုတာ သင်ပေးရာ ရောက်သလို သူ့ဘက်ကိုယ့်ဘက် လေးစားမှုတစ်ခု အနေနဲ့ လုပ်သင့်တဲ့ အရာ ပါ။ ကိုယ်က လိုက်လျောနေလွန်း တာလဲ အဆင်မပြေသလို တင်းကြပ်လွန်းတာကလဲ လူမုန်းခံ ရနိုင်တာမလို့ မလျှော့မတင်း စည်း တစ်ခု ထားခြင်းအားဖြင့် ကောင်းမွန်ပြီး အကျိုးများတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်လာမှာပါ။

💚၂။ မိမိကိုယ်မိမိ ညှာတာပါ။

ကိုယ့်ကိုယ်ကို ဝေဖန်တဲ့ စကားတွေ၊ နှိမ့်ချတဲ့ အမြင်တွေ၊ အဆိုးတွေ တွေးနေတာတွေ လျှော့ချကြည့်ပါ။ အဲ့ဒီ့အစား မိမိကိုယ်ကို ကြင်နာပါ။ ဂရုစိုက်ပါ။ မိမိက ကောင်းတာတွေနဲ့ ထိုက်တန်ကြောင်း နှလုံးသွင်းပါ။

💚၃။ ခွင့်လွှတ်ကြည့်ပါ။

ခွင့်လွှတ်တယ်ဆိုတဲ့ နေရာမှာ ကိုယ့်အပေါ် မကောင်းတဲ့ သူတွေ ကို ခွင့်လွှတ်ဖို့လိုသလို မိမိရဲ့ အမှားတွေ၊ တကိုယ်ရည်တကာယ ကျဆုံးမှုတွေ ကိုလဲ ခွင့်လွှတ်တတ်ဖို့လိုပါတယ်။ လူဆိုတာ မပြည့်စုံခြင်း တွေနဲ့ တည်ဆောက်ထားတာ မလို့ မှားတတ်၊ လွဲချော်တတ်ကြတာချည်းပါ။ ခွင့်လွှတ် တာကလဲ လက်လွှတ်တတ်ခြင်း တစ်မျိုး ဖြစ်တာကြောင့် ငြိမ်းချမ်းရတာ အမှန်ပါ။

💚၄။ ကိုယ့်ကိုယ်ကို ချီးကျူးပါ။

ကိုယ်က ကိုယ့်ရဲ့ cheerleader ဖြစ်နေပါစေ။ အသေးအဖွဲ့လေးက စလို့ ကြီးကြီးမားမားအထိ ဘာပဲ လုပ်နိုင် လုပ်နိုင် ကိုယ့်ကိုယ်ကို ချီးမွမ်းပါ။ ခြေလှမ်းတိုင်းကို celebrate လုပ်ပါ။

💚၅။ လိုအပ်ရင် အကူအညီ ယူဖို့ မတွန့်ဆုတ်ပါနဲ့။

မိမိရဲ့ အခက်အခဲတွေဟာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ကို ဖွင့်ပြောလို့ ပျောက်သွားတာလဲ ရှိသလို ကျွမ်းကျင်တဲ့သူတွေ ဆီမှာ therapy ယူမှ သက်သာရာရတာလဲ ရှိပါတယ်။ တစ်ယောက်ထဲ ကျိတ်ခံစားနေတာမျိုး ဟာ အချိန်ကြာလေ လူထိခိုက်လေ ဖြစ်တာကြောင့် တစ်ယောက် မဟုတ် တစ်ယောက်ဆီက အကူအညီ ယူဖို့ မမေ့ပါနဲ့နော်။

💚ဒီတစ်နှစ်တာလုံးမှာလည်း ကိုယ် အောင်မြင်စွာ ကျော်ဖြတ်ခဲ့တဲ့အရာတွေကို ကိုယ့်ကိုယ်ကိုဂုဏ်ယူသင့်သလို ကျရှုံးခဲ့တဲ့အရာ တွေအတွက်လည်း ပြန်လည်သုံးသပ်ရင်း နောက်ထပ်တစ်နှစ်ကို ကျန်းမာကြံ့ခိုင်စွာနဲ့ ကျော်ဖြတ်ကြရအောင်ပါ။

ကျွန်မတို့ Passionate Heart မှလည်း
🍀Lay Counselling,
🍀Trauma Counselling,
🍀Trauma Therapy
🍀Psychiatrist Consultation (With Medical Prescription)
🍀Psychological Test (Assessment) စတဲ့ Service များရယူနိုင်မယ့်အပြင် လူကြီးမင်းတို့ လိုအပ်မယ့်သင်တန်းများ၊ Workshopများလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အသေးစိတ်ကို CBကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။



#သင့်စိတ်ကျန်းမာရေးအတွက်

11/12/2023

အုပ်စုလိုက် သရဲဝင်ပူးခြင်း စိတ်ပညာ (Mass Hysteria)

နေရာတစ်ခုခုမှာ တစ်ယောက်ပြီးတစ်ယောက် သရဲပူးသလို၊ နတ်ပူးသလိုဖြစ်စဥ်မျိုးတွေ ကြားဖူးကြမှာပါ
ဒါတွေဟာ တကယ်ပဲ သရဲတွေ၊ နတ်တွေ ဝင်ပူးတာလား ဒါမှမဟုတ် တခြားအကြောင်းအရင်းတွေရောရှိနိုင်လားဆိုတဲ့အချက်ကိုတော့ စိတ်ဝင်စားဖွယ်ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်

ဒီလိုဖြစ်စဥ်တွေကို Mass Hysteria (အုပ်စုလိုက် ကယောင်ခြောက်ခြားဖြစ်ခြင်း) လို့ခေါ်ပါတယ်
နောက်ပိုင်းမှာတော့ စိတ်ပညာရှင်၊ စိတ်ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပညာရှင်တွေက Mass Hysteriaကို Psychogenic illness အဖြစ်သတ်မှတ်စာရင်းသွင်းကြပြီး Conversion Disorder လက္ခဏာလို့လည်း ရှုမြင်ကြပါတယ်

✅ Mass Hysteria ဘယ်လိုဖြစ်တာလဲ

Mass Hysteria ဟာ တူညီတဲ့အုပ်စု/နေရာတစ်ခုမှာ လူနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုတဲ့ လူတွေက
1. ပုံမှန်မဟုတ်တဲ့ အတွေးတွေ (သရဲဝင်ပူးနေပြီ၊ နတ်ဝင်စီးနေပြီ)
2. ပုံမှန်မဟုတ်တဲ့ အပြုအမူ (ဝူးဝူးဝါးဝါးအော်ခြင်း၊ လှုပ်ရမ်းခါနေခြင်း၊ မရပ်ငိုခြင်း/ရယ်ခြင်း၊ ပေါက်ကရပြောခြင်း)
3. ပုံမှန်မဟုတ်တဲ့ကျန်းမာရေးပြဿနာတွေ ( မူးဝေခြင်း၊ အော့အန်ခြင်း၊ နွမ်းကျခြင်း၊ ကြွက်သားများမူမမှန်လှုပ်ရှားခြင်း)
စတဲ့ လက္ခဏာတွေ တူတူဖြစ်ပေါ်လာတာမျိုးပဲဖြစ်ပါတယ်

Psychogenic ရဲ့သဘောအရ Physical Cause မရှိဘဲ Psychological Cause ကြောင့်သာ ဒီလို လက္ခဏာတွေဖြစ်ပေါ်လာမျိုးပဲ ဖြစ်ပါတယ်
( ရုပ်ခန္ဓာကျန်းမာရေးဘက်ကစစ်ရင် အကြောင်းအရင်းမတွေ့နိုင်ဘူး စိတ်ကြောင့်သာဖြစ်တယ်)
နားလည်အောင်ပြောရရင် စိတ်မှာဖြစ်နေတဲ့အခက်အခဲကိုသက်သာနိုင်မယ့် အခြေအနေမပေးလို့ ခန္ဓာကိုယ်မှာကယောင်ကတမ်းဖြစ်ခြင်းနဲ့ ပေါ်လာတဲ့သဘော၊ စိတ်ထောင်းလို့ ကိုယ်ကြေ သဘောမျိုးပါပဲ

✅ ဘယ်လိုအခြေအနေမျိုးမှာ Mass Hysteria ဖြစ်လဲ

Mass Hysteria တူတူဖြစ်တဲ့လူတစ်စုဟာ
1. လက္ခဏာနဲ့ဆက်စပ်တဲ့ ယုံကြည်မှုတစ်ခုခုတူနေရမယ် (နတ်ကိုင်တတ်ခြင်းဆိုသော ယုံကြည်မှု)
2. တကယ်မရှိတဲ့အရာအပေါ်မှာ လွန်ကဲသောအကြောက်တရား တူရမယ် (ဒီနေရာမှာ ဒီလိုလုပ်ရင် နတ်ကိုင်မယ်၊ သရဲပူးမယ်)
3. ပြင်းထန်တဲ့ Stress or Anxietyတွေ ကိုယ်စီရှိကြနိုင်မယ် ( စစ်တပ်ကဲ့သို့ ဖိစီးမှုတွေကြားမှာ တူတူနေနေသူများ၊ ဖိစီးမှုများသောကျောင်းမှ ကျောင်းသူအုပ်စု၊ ကြီးစွာသော အခက်အခဲကို တစ်နေရာထဲမှာ ရင်ဆိုင်နေရသူများ တူတူဖြစ်ခြင်း )
စတဲ့ အခြေအနေတွေမှာ ဖြစ်နိုင်တယ်လို့ ယေဘုယျ ခန့်မှန်းနိုင်ပါတယ်

Mass Hysteria ဟာ 15ရာစုလောက်ကတည်းက သမိုင်းတလျှောက် ဖြစ်ရပ်ဥပမာများရှိပြီး ယနေ့တိုင်လည်း ရံဖန်ရံခါတွေ့ရတတ်ပါတယ်
သရဲပူးခြင်းဖြစ်စဥ်တင်မကဘဲ အုပ်စုလိုက်မရပ်မနားကမိခြင်း၊ မရပ်မနားရယ်မိခြင်း၊ အုပ်စုလိုက်အဆိပ်သင့်မူးဝေသည်ဟု ခံစားရခြင်းစတဲ့ဖြစ်စဥ်များလည်းရှိခဲ့ပါတယ်
မြန်မာနိုင်ငံမှာလည်း အလားတူဖြစ်ရပ် အထောက်အထားများလည်းရှိပါတယ်

✅ Mass Hysteria ကို ဘယ်လို ကုသမလဲ

ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေမှာတော့ စိတ်ငြိမ်စေခြင်းနဲ့ အသက်ပုံမှန်ရှူစေခြင်းနည်းလမ်းများပြုလုပ်နိုင်ပါတယ်
နောက်ဆက်တွဲအနေနဲ့ ဖြစ်ပွားရာနေရာ/အဖွဲ့အစည်း၏လိုအပ်ချက်များကို ဆန်းစစ်ခြင်း၊ လိုအပ်ပါက စိတ်ကျန်းမာရေးပညာရှင်များနဲ့ တစ်ဦးချင်းဆွေးနွေးမှုများပြုလုပ်နိုင်ပါတယ်

Mass Hysteria ဖြစ်ရပ်ဟောင်းတချို့
1. The Dancing Plague of 1518
2. The Salem Witch Trials, 1692-1693
3. The Writing Tremor Epidemic of 1892
4. The Mad Gasser of Mattoon, 1944
5. The June Bug Epidemic of 1962
6. The Tanganyika Laughing Epidemic, 1962
7. Monkey Men in India, 2001

( မှတ်ချက် - လုပ်ကြံဇာတ်များသည် Mass Hysteria တွင် အကျုံးမဝင်ပါ)

ကျွန်မတို့ Passionate Heart မှလည်း
Lay Counselling,
Trauma Counselling,
Trauma Therapy
Psychiatrist Consultation (With Medical Prescription)
Psychological Test (Assessment) စတဲ့ Service များရယူနိုင်မယ့်အပြင် လူကြီးမင်းတို့ လိုအပ်မယ့်သင်တန်းများ၊ Workshopများလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်
အသေးစိတ်ကို CBကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်



#သင့်စိတ်ကျန်းမာရေးအတွက်

10/12/2023

Hello!
ကျွန်မတို့ Passionate Heart ရဲ့ Psychological Support Session လေးကို ပြန်လည်ပြုလုပ်မယ့်အလှည့်ရောက်လို့လာပါပြီ။
ဒီတစ်ပတ်မှာ တော့ Self-care isn't selfish (ကိုယ့်ကိုယ်ကိုဂရုစိုက်စောင့်‌‌ ရှောက်ခြင်းဟာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး) ဆိုတဲ့ခေါင်းစဉ်နဲ့ Group Support Session (အုပ်စုလိုက်ပံ့ပိုးသည့်အစီအစဉ်)ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီ Group Session လေးကိုဦီး‌ဆောင်ပြုလုပ်သွားမယ့် မ Seng Mon ရဲ့စကားလက်ဆာင်လေးကို မျှဝေ ပေးလိုက်ပါတယ်။

🍀Selfish မဟုတ်တဲ့ Self-care

"ကျမတို့ ဖြတ်သန်းနေတဲ့ နေ့စဥ်ဘဝအစိတ်အပိုင်းတွေမှာ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ခံစားချက်တွေ၊ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေ နဲ့ မရေရာတဲ့ အနာဂါတ်အတွက် စိုးရိမ်ပူပန်ရခြင်းတွေဟာ ကျမတို့ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ မဖိတ်ခေါ်ရပါဘဲနဲ့ အချိန်တိုင်းလိုလို လက်ခံရင်ဆိုင် ဖြေရှင်းနေရပါတယ်။ လူတဦးချင်းစီရဲ့ ခံနိုင်ရည်နဲ့ပြင်ဆင်ထားနိုင်တဲ့ အပေါ်မှာမူတည်ပြီး ဖြစ်လာတဲ့ အခြေအနေကို တုံ့ပြန်တာကလည်း ကွာခြားနိုင်ပေမယ့် တစုံတယောက်အတွက်တော့ စိတ်ဖိစီးမှု ဒဏ် ကြောင့် စိတ်ကျန်းမာရေးပါထိခိုက်နိုင်တာကိုလည်း သိနားလည်ပေးရပါမယ်။ ဒါဟာ စိတ်ပျော့ညံ့လို့ ၊ တာဝန်မယူ ရှောင်လွှဲချင်လို့ မဟုတ်ဘူးဆိုတာကို သတိပြုရပါမယ်။
ကျမတို့ခန္ဓာမှာ ရုပ်နဲ့နာမ်ဒွန်တွဲနေထိုင်တာမို့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ သတိချပ်ဂရုစိုက်ရှင်သန်ပါမှ သက်ရှည်ကျန်းမာတဲ့ ဘဝကို ဖြတ်သန်းသွားရမှာပါ။ စိတ်ပိုင်း၊ ရုပ်ပိုင်း နဲ့ လူမူရေးပိုင်းဆိုင်ရာတွေမှာ မျှတအောင်ပြုမူနေထိုင်နိုင်မယ်ဆိုရင် လူတယောက်ရဲ့ wellbeing ဟာ ကောင်းမွန်နိုင်ပါတယ်။"

စိတ်ပါဝင်စားတဲ့သူတွေ အနေနဲ့ အောက်ပါ link လေးကနေ စာရင်းသွင်းနိုင်ပါတယ်နော်။

https://forms.gle/iueU3WPwrL3jpLaq6

📅 Date: 14/12/2020 (ကြာသပတေးနေ့)
🕖Time: 8:00 PM to 9:00 PM
🌐Platform: Zoom (Free Entry)


#သင့်စိတ်ကျန်းမာရေးအတွက်

29/11/2023

အိမ်လွမ်းနာ ကနေ စိတ်ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်သလား?🤦‍♀️

ဒီ ဆောင်းပါးကို ဖတ်နေတဲ့ သူတွေထဲမှာ အကြောင်းအမျိုးမျိုး ကြောင့် အိမ်နဲ့ ဝေးနေသူလေးတွေ ပါကြလိမ့်မှာပါ။ အိမ်လွမ်းနာလို့ ပြောလိုက်ရင် မိမိ နေထိုင်ခဲ့တဲ့ အိမ် ကို တင်မကပဲ ကိုယ်နဲ့ရင်းနှီးခဲ့တဲ့ နေရာတွေ၊ လူတွေ ကို လွမ်းတာလဲ ပါဝင်ပါတယ်။ ဒီလို အကျွမ်းတဝင် သက်တောင့်သက်တာ ရှိခဲ့တာတွေနဲ့ ဝေးရတဲ့ အခါ ကြုံ ရတဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေ ကလဲ တပုံတပင်ပါပဲ။ အဲ့ဒီ့ထဲက မှ ထင်ရှားတဲ့ ဥပမာအချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

💁‍♀️စိတ်သောက ဖြစ်မှု : အိမ်ရဲ့ ဝေးရာ ကို ရောက်တဲ့ အခါ နေရာ အသစ်မှာ လူအသစ်တွေနဲ့ အခြေကျအောင် ကြိုးစားရတာနဲ့ အမျှ စိတ်ပူပန်မှုတွေ ဖြစ်လာတတ်ပါတယ်။ အဲ့ဒီ့ စိတ်ပူပန်မှုတွေ ဟာ အချိန် ကြာလာတာနဲ့ အမျှ မ ဖြေရှင်းနိုင်လေလေ စိတ်ဖိစီးလာလေလေ ဖြစ်ပြီး စိတ်ကျန်းမာရေး ကို ထိခိုက်လာပါတယ်။

💁‍♀️Burn out ဖြစ်ခြင်း : ကျောင်းတက်ရင်း အလုပ်လုပ်တဲ့ သူတွေ၊ ကျောင်းစာ ကြီးပဲ ဖိလုပ်နေတဲ့ သူတွေ၊ အလုပ်ကြီးပဲ ဖိလုပ်နေတဲ့ သူတွေ အနေနဲ့ နားချိန် မရှိတာကြောင့် Burn out ဖြစ်လာတတ်ပါတယ်။ Burn out ဖြစ်တဲ့ သူ ဟာ နေ့စဉ်နဲ့ အမျှ ပင်ပန်းလွယ်တာတွေ၊ စိတ်တိုလွယ်တာတွေ၊ စိတ်ဓာတ်ကျတာတွေ ခံစားလာရတတ်ပါတယ်။

💁‍♀️အထီးကျန်ခြင်း : အသစ် အသစ် သော အတွေ့ကြုံ တွေ ဘယ်လောက် ရရ အိမ်လွမ်းခြင်း ကြောင့် အထီးကျန် ရတာ အမှန်ပါ။ ဒါ့အပြင် လူ အသစ်တွေနဲ့ ရောထွေးဖို့ ခက်ခဲလေလေ အိမ်လွမ်းနာ က ပိုဆိုးလေ ဖြစ်ပါတယ်။ လူဆိုတာ social animal ဖြစ်တာကြောင့် ကိုယ့် စိတ်ခံစားချက်တွေ ကို ဖွင့်အံနိုင်မယ့် သူငယ်ချင်း အပေါင်းအသင်း မရှိလေလေ အထီးကျန်မှု ကို ခံစားရလေလေ ဖြစ်ပြီး ဒီ အထီးကျန်မှုကနေ တဆင့် စိတ်ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက် လာနိုင်ပါတယ်။

💁‍♀️ခန္ဓာကိုယ် ပိုင်း ဆိုင်ရာ ထိခိုက်မှုများ : အိမ်လွမ်းတာကြောင့် အိပ်မပျော် စားမဝင်တာ အပါအဝင် စိတ်ပူပန်မှု တွေကြောင့် ဗိုက်အောင့်တာ၊ အန်ချင်တာ၊ ခေါင်းထိုး ကိုက်တာ တွေလဲ ခံစားရလာနိုင်ပါတယ်။ စိတ်ဓာတ်ကျတဲ့ သူတွေ အနေနဲ့ကတော့ တကိုယ်ရည်သန့်ရှင်းရေး လုပ်ဖို့ ပျက်ကွက်တာတွေ၊ အလုပ်နဲ့ ကျောင်းမှာ အာရုံစိုက်ဖို့ ခက်ခဲ တာတွေ ကြုံရတတ်ပါတယ်။

ကဲ ဒီလောက်ဆိုရင် အိမ်လွမ်းခြင်း ရဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်တွေ ကို ဗဟုသုတ ရကြလောက်ပြီ လို့ ထင်ပါတယ်။ မိမိဟာ အထက်ပါ လက္ခဏာတွေ ခံစားနေရပြီ ဆိုရင်တော့ တစုံတယောက် ကို ရင်ဖွင့်လိုက်တာ ဟာ အကောင်းဆုံးပါပဲ။ ရင်ဖွင့်သမျှကို ဘာ judgment မှ မပါပဲ နားထောင်ပေးဖို့ Passionate Heart က လဲ အသင့်ရှိနေပါတယ်။

ကျွန်မတို့ Passionate Heart မှလည်း
Lay Counselling,
Trauma Counselling,
Trauma Therapy
Psychiatrist Consultation (With Medical Prescription)
Psychological Test (Assessment) စတဲ့ Service များရယူနိုင်မယ့်အပြင် လူကြီးမင်းတို့ လိုအပ်မယ့်သင်တန်းများ၊ Workshopများလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်
အသေးစိတ်ကို CBကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။🙆‍♀️



#သင့်စိတ်ကျန်းမာရေးအတွက်

22/11/2023

သင့်ပတ်ဝန်းကျင်မှာ Narcissistic တွေ ရှိနေတယ်လို့ ခံစားနေရ​ပြီလား

Narcissistic လက္ခဏာတွေအကြောင်းကို တော်တော်များသိလာကြပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ဂရုပြုနေထိုင်လာကြတာကိုတွေ့ရပါတယ်
ဒါဆိုရင် Narcissistic လို့ သိထားတဲ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတဲ့ အပြုအမူအကြောင်းတွေကို လေ့လာကြည့်ကြပါမယ်

(1) Selfish

ကိုယ့်အတွက်ကိုယ်ကြည့်ခြင်း၊ အတ္တကြီးခြင်းလို့ပြောရင် တကိုယ်ကောင်းဆန်မှု Selfish ကို ​သွားမြင်ပါလိမ့်မယ်
Selfish ဆိုတာကတော့ တခြားသူတွေ အဆင်ပြေလား၊ မပြေလားထည့်မစဥ်းစားမိဘဲ ကိုယ်လိုချင်တာ၊ ကိုယ်လုပ်ချင်တာပဲ လုပ်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်

(2) Self-Centred

မိမိကိုယ်ကိုယ် ဗဟိုပြုခြင်း Self-centred ဆိုတာက သူများရဲ့ လိုအပ်ချက်ထက် ကိုယ့်ရဲ့လိုအပ်ချက်ကိုပဲ ဦးစားပေးတာမျိုးဖြစ်ပါတယ်
Selfish လို သူများဘက်ကိုထိခိုက်တာမျိုး ဖြစ်ချင်မှဖြစ်မှာပါ

~ Self-centred ဖြစ်တာကောင်းလား

အတ္တကိုနှိမ်ချပြီး အများအပေါ်မှာ အမြဲတမ်းကြင်နာမှုနဲ့ ပေးကမ်းစွန့်ကြဲတတ်ကြဖို့ ဘာသာတရားတော်တော်များများက သွန်သင်ကြပါတယ်
ဒီလိုသွန်သင်မှုအရ Self-centred ဖြစ်ခြင်းဟာ မကောင်းဘူးလို့မြင်စရာရှိပါတယိ
တကယ်တမ်းမှာတော့ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ကိုယ်လုံခြုံဖို့၊ အကျိုးရှိဖို့ အတိုင်းအတာတစ်ခုအထိ Self-centred စိတ် ကိန်းအောင်းနေပါတယ်
ကျွန်တော်တို့ဟာ ကိုယ့်ရဲ့လိုအပ်ချက်တွေကို Self-centred မထားတတ်ဘူးဆိုရင်လည်း ကောင်းကောင်းရှင်သန်နိုင်မှာမဟုတ်ပါဘူး
ဒါကြောင့် Self-centred က ကောင်းလားဆိုးလားမေးရင်တော့ ဖြေရခက်ပေမယ့်
Self-centred ကတော့ အတိုင်းအတာတစ်ခုထိရှိသင့်ပါတယ်

ပိုကောင်းတဲ့ Self-awareness

မိမိကိုယ်ကိုအသိရှိခြင်း Self-aware ဆိုတာကလည်း ကိုယ့်ရဲ့လိုအပ်ချက်ကိုပဲ ကြည့်တာပဲ ဖြစ်ပါတယ်
ဒါပေမယ့် သူက ကိုယ့်အတွက်စဥ်းစားသင့်တဲ့ လိုအပ်ချက်ကိုကြည့်သလို တခြားသူတွေအတွက်လည်း ထည့်စဥ်းစားပေးတာမျိုးဖြစ်ပါတယ်
ပြောရရင် Self-awarenessဟာ Selfish လို သူများကို ထိခိုက်တာမျိုးမရှိသလို Self-centred လို ကိုယ့်တဖက်ပဲကြည့်တာမျိုးမဟုတ်ပါဘူး

ကိုယ့် Well-being အတွက် လိုအပ်လို့ တချို့ကိစ္စတွေမှာ ငြင်းဆန်မိတာမျိုး၊ မလုပ်ပေးနိုင်တာမျိုးကဲ့သို့ Self-awareness ဖြစ်တာမျိုးဟာ အပြစ်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်

ဒါကြောင့် ကိုယ့်အတွက်ကိုယ်ကြည့်တတ်ခြင်းတိုင်း အမြဲမကောင်းတာမဟုတ်သလို Narcissistic ဖြစ်တယ်လို့ပြောလို့မရပါဘူး
Relationship မှာ ကိုယ့်အပေါ်မကောင်းခြင်းဟာ တခြားအကြောင်းရင်းဖြစ်နိုင်သလို Narcissistic ကြောင့်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်
တစ်ဖက်လူက တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူဖြစ်ရင် ဖြေရှင်းဖို့လိုနိုင်ပေမယ့် Narcissistic စိတ်ရောဂါစာရင်း မဝင်တာလည်းဖြစ်နိုင်ပါတယ်

Narcissistic Facts များအကြောင်း 👇
https://m.facebook.com/story.php?story_fbid=126373909838635&id=101712918971401&mibextid=Nif5oz

ကျွန်မတို့ Passionate Heart မှလည်း
Lay Counselling,
Trauma Counselling,
Trauma Therapy
Psychiatrist Consultation (With Medical Prescription)
Psychological Test (Assessment) စတဲ့ Service များရယူနိုင်မယ့်အပြင် လူကြီးမင်းတို့ လိုအပ်မယ့်သင်တန်းများ၊ Workshopများလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်
အသေးစိတ်ကို CBကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်



#သင့်စိတ်ကျန်းမာရေးအတွက်

14/11/2023

Hello!🍀
ကျွန်မတို့ Passionate Heart ရဲ့ Psychological Support Session လေးကို ပြန်လည်ပြုလုပ်မယ့်အလှည့်ရောက်လို့လာပါပြီ။🙆‍♀️

ဒီတစ်ပတ်မှာ တော့ Automatic Negative Thoughts (အနုတ်သဘောဆောင်တဲ့ အလိုအလျောက်အတွေး) တွေနဲ့ပတ်သက်တဲ့ Group Support Session (အုပ်စုလိုက်ပံ့ပိုးသည့်အစီအစဉ်) ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
ကျွန်မတို့တွေဟာ ကိုယ့်ကိုယ်ကို

"ငါကတော့ အသုံးမကျလိုက်တာ"

"ဒီအရွယ်ထိတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်လုပ်တတ်တာ မရှိသေးဘူး"

"ငါကတော့ အမြဲလုပ်လိုက်ရင်တလွဲပဲ" စတဲ့ စတဲ့ ANTs
တွေကို ပြောလေ့ရှိကြပါတယ်။

🍀ဒီတစ်ပတ်မှာတော့ ကိုယ့်ရဲ့ ANTsတွေက ဘာလဲ၊ နောက်ဆက်တွဲအနေနဲ့ ဘာတွေဆက်ဖြစ်လာနိုင်လဲ၊ ဒီလိုအနုတ်သဘောဆောင်တဲ့အတွေးတွေကို ဘယ်လို ဖြေရှင်းမလဲစတဲ့ အကြောင်းအရာတွေကို တက်ရောက်လာသူတွေနဲ့အတူတူ မျှဝေဆွေးနွေးသွားမှာပါ။ ဒီတစ်ပတ်ရဲ့ Psychological Support Session ကို Seng Moon(Psychological Internship-Batch 1) ကနေ ဦးဆောင်သွားမှာဖြစ်ပါတယ်။

စိတ်ပါဝင်စားတဲ့သူတွေ အနေနဲ့ အောက်ပါ link လေးကနေ စာရင်းသွင်းနိုင်ပါတယ်နော်။🙆‍♀️

https://forms.gle/oPrs2cqn5N5pmjGT8

📅 Date: 16/11/2020 (ကြာသပတေးနေ့)
🕖Time: 8:00 PM to 9:00 PM
🌐Platform: Zoom (Free Entry)

01/11/2023

စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားလာရပြီဆိုရင် ဆေးသောက်ရမှာလား၊ Counselling ယူရမှာလား🤔

🍀စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားလာရရင်၊ စိတ်ဓာတ်တွေကျပြီး အိပ်မပျော်စားမဝင်ဖြစ်ကြရင် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ဆီသွားပြီး ဆေးသောက်ရမှာလား၊ Counsellor ဆီသွားပြီး ရင်ဖွင့်ပြောဆိုဆွေးနွေးမှု ခံယူရမှာလားဆိုတဲ့ မေးခွန်းကို အမေးများကြပါတယ်။

👉တကယ်တော့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားလာရရင်
🔹ဆေးသောက်ပြီး သက်သာရမယ့် ပုံစံမျိုးရော
🔹Counselling လုပ်ခြင်းဖြင့် သက်သာမယ့် ပုံစံမျိုးရော
🔹 နှစ်ခုလုံးပူးလုပ်ရင် ပိုထိရောက်မယ့်အနေအထားရော ရှိပါတယ်။

~ ဆေးသောက်ဖို့လိုတဲ့ ပြဿနာ

🔸စိတ်ပိုင်းဆိုင်ရာပြဿနာတိုင်း ဆေးသောက်ဖို့မလိုပါဘူး။
အကယ်လို့ ကိုယ့်စိတ်ပြဿနာ၊ mood emotionတွေဟာ လုံးဝထိန်းချုပ်လို့မရတော့ဘဲ ကိုယ့်ကိုယ်ကိုအနာတရဖြစ်စေတာတွေ၊ ဘာမှမလုပ်နိုင်မစဥ်းစားနိုင်လောက်အောင်ရှုပ်ထွေးနေတာတွေဆိုရင် သောက်ဆေးနဲ့ထိန်းမှရတာမျိုးရှိပါတယ်။
Psychosis စိတ်ရောဂါများဖြစ်တဲ့ Schizophrenia, Bipolar စတဲ့ Disorderတွေဆိုရင်တော့ မဖြစ်မနေဆေးသောက်ဖို့လိုပါတယ်။

~ Counselling ယူဖို့လိုတဲ့ပြဿနာ

🔸စိတ်ဖိစီးမှုတွေများပြီး မဖြေဆည်နိုင်တာတွေ၊ Relationshipပြဿနာတွေ၊ အလုပ်ခွင်ဖိစီးမှုတွေ၊ သိမ်ငယ်စိတ်ဝင်ခြင်း၊ စိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုကြောင့် စားမဝင် အိပ်မပျော်ခြင်း စတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့စိတ်ပြဿနာများကို ဆေးမသောက်ဘဲ Counselling ခံယူခြင်းဖြင့် သက်သာနိုင်ပါတယ်။
ပိုမိုရှုပ်ထွေးတဲ့ စိတ်ဒဏ်ရာများ၊ ငယ်စဥ်တည်းကကြုံတွေခဲ့ရတဲ့စိတ်ဒဏ်ရာများ၊ တချို့စိတ်ရောဂါများကိုလည်း ပိုမို Deep ဖြစ်တဲ့ ဆေးမပါတဲ့ Therapy များ၊ ချဥ်းကပ်မှုများနဲ့ ဆွေးနွေးကုသမှုများလည်းရှိပါတယ်။

~ Counselling နဲ့ သောက်ဆေး ပူးပေါင်းကုသခြင်း

🔸တချို့ပြဿနာတွေက သောက်ဆေးနဲ့ပဲ လက္ခဏာတွေလျှော့ချပစ်သွားနိုင်တာမျိုးရှိသလို
စိတ်ဖိစီးမှုပြဿနာတော်တော်များများဟာလည်း Counselling ဆွေးနွေးရင်းနဲ့ပဲ ကျော်လွှားသွားနိုင်တာမျိုးရှိပါတယ်။
တခါတရံကျ နှစ်မျိုးလုံးပေါင်းရင် ပိုထိရောက်တာမျိုးရှိနိုင်ပါတယ်။

တချို့ပြဿနာတွေမှာ သောက်ဆေးသောက်ရင် လက္ခဏာတွေ သက်သာသွားနိုင်ပေမယ့် နောက်ဆက်တွဲရင်းမြစ်ကိုဖွင့်မထုတ်ရသေးတာမို့ အမြစ်မပြတ်သေးတာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဆေးသောက်ပြီးရင် Counselling therapy ထပ်ပေါင်း ဆွေးနွေးမှ သေချာထိရောက်ပါတယ်။
အလားတူ အပေါ်မှာပြောထားသလို ထိန်းချုပ်လို့မရတဲ့ပြဿနာတွေရှိရင် သောက်ဆေးနဲ့အရင်ထိန်းပြီးမှ Counselling ဆွေးနွေးလို့ရမှာပါ။

ဒါကြောင့် ဒီလိုမျိုး တစ်လှည့်စီသွားပြီး ဆရာဝန်နဲ့ Counsellor ပူးပေါင်းကုသပေးရင် အထိရောက်ဆုံးဖြစ်မှာပါ။

ဒါကြောင့် ကိုယ့်ပြဿနာပေါ်မူတည်ပြီး သင့်တော်တဲ့ Professionalထံ သွားရောက်ဆွေးနွေးနိုင်ပါတယ်။
ကိုယ့်ပြဿနာကိုမသိလို့ ရွေးချယ်မှုမှားမှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။ Professional က လိုအပ်လာရင် Refer လုပ်ပေးမှာဖြစ်ပါတယ်။

ကျွန်မတို့ Passionate Heart မှလည်း
✅Lay Counselling
✅Trauma Counselling
✅Trauma Therapy
✅Psychiatrist Consultation (With Medical Prescription)
✅Psychological Test (Assessment) စတဲ့ Service များရယူနိုင်မယ့်အပြင် လူကြီးမင်းတို့ လိုအပ်မယ့်သင်တန်းများ၊ Workshopများလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အသေးစိတ်ကို CBကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

29/10/2023

မင်္ဂလာပါရှင့် 🍀

ယနေ့ ကျရောက်သော ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ အားလုံးပဲ စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေကြောင်း Passionate Heart မှ ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်ရှင့်။

Photos from Passionate Heart's post 25/10/2023

ဒီနေ့မှာတော့ Psychological Support Session တွေကို join ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ ဆိုတဲ့အကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်ရှင်။🥰
မနက်ဖြန်မှာလည်း Support Session ပြုလုပ်ဖို့ရှိတာကြောင့်မိမိအနေနဲ့ ပါဝင်လိုပါက အောက်ပါ Postမှာ Register လုပ်နိုင်ပါတယ်ရှင်။🥰
Register here 📣 https://m.facebook.com/story.php?story_fbid=346231247908591&id=100075651559328&mibextid=Nif5oz



#သင့်စိတ်ကျန်းမာရေးအတွက်

22/10/2023

Hello ❤
အားလုံးပဲ မင်္ဂလာပါ

🍀 လာမယ့်ကြာသပ‌တေးနေ့မှာ ကျွန်မတို့ Passionate Heart ကနေ အခမဲ့ကျင်းပပေးနေကျ Psychological Support Session လေးကိုထပ်မံကျင်းပသွားမှာပဲဖြစ်ပါတယ်ရှင့်။

🍀 "One conversation can change a life" ဆိုသလို မိမိရဲ့ စိတ်ဖိစီးမှုများကို ရင်ဖွင့်ပြောဆိုနိုင်မဲ့ လုံခြုံစိတ်ချရတဲ့ နေရာလေးတစ်ခုကို ဖန်တီးထားပါတယ်။
📌 Program ကျင်းပမယ့်ရက်လေးကတော့ 26.10.23 (Thursday) ဖြစ်ပြီးအချိန်ကတော့ ည (8:00 PM to 10:00 PM) ဖြစ်ပါတယ် ။

📌 Program လေးကတော့ အခမဲ့ဖြစ်ပြီး Zoom Platformကနေ ပါဝင်နိုင်မှာပဲဖြစ်ပါတယ်

📝 ပါဝင်တက်ရောက်ချင်သူတွေအနေနဲ့ အောက်က Registration Form လေးမှာ ဝင်ရောက်ဖြည့်သွင်းနိုင်ပါတယ််။
https://forms.gle/Md5E5zgjtPobNPDt8

လူဦးရေအကန့်အသတ်ရှိတာမို့ အမြန်ဆုံးစာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင် 🙆

❤ Passionate Heart မှာလည်း Affordable Counselling Service များ/ Psychiatrist Consultation များကို ရယူနိုင်ပါပြီ
အသေးစိတ်ကို Chat Box ကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါပြီရှင့် 🗨



#သင့်စိတ်ကျန်းမာရေးအတွက်

18/10/2023

အားလုံးပဲ မင်္ဂလာပါရှင့်🥰

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) အထိမ်းအမှတ်အဖြစ် Passionate Heart မှ ကျင်းပပြုလုပ်တဲ့ Quiz အစီအစဉ်မှာ အမှန်ကန်ဆုံးနဲ့ အမြန်ဆုံး ဖြေဆိုနိုင်ခဲ့သူ (၁၀) ဦး ထွက်ပေါ်လာခဲ့ပါပြီ။😊

Admin တို့ဘက်မှ Phone Bill ထည့်ပေးဖို့ ဆက်သွယ်ရာမှာ တစ်ချို့‌တွေကို ဆက်သွယ်လို့မရသေးတဲ့အတွက် ဒီ Postလေးကို မြင်ရင် messenger ကနေဆက်သွယ်ပေးပါနော်။🥰

ဆုရရှိတဲ့သူတွေကိုရော ပါဝင်ဖြေဆိုပေးခဲ့ကြတဲ့သူတစ်ယောက်ချင်းစီကိုရော ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။🥰
နောက်ထပ်လည်း စိတ်ပါဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်မှာဖြစ်လို့ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
Telegram Link - https://t.me/passionateheart



#သင့်စိတ်ကျန်းမာရေးအတွက်

17/10/2023

အားလုံးပဲမင်္ဂလာပါရှင်❤️

ကျွန်မတို့ Passionate Heart Psychological & Mental Health Services ရဲ့ ၂နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Talk Show အစီအစဉ် ကို မနေ့က(16/10/2023) ကျင်းပပြုလုပ်ခဲ့ပါတယ်။🥳

🍀Passionate Heartကို စတင်တည်ထောင်ဖြစ်ခဲ့ပုံ‌ နဲ့ Passionate Heart ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် တွေအကြောင်း မျှဝေ ပေးသွားတဲ့ CEO & Founder Dr.တင်မာစမ်း
🍀Passionate Heart နဲ့စတင်လက်တွဲဖြစ်ခဲ့ပုံ၊ လတ်တလော မှာ လူတွေအများဆုံး ကြုံ တွေ့နေရတဲ့ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ Su***de Preventionအ ကြောင်းမျှဝပေးသွားတဲ့ Dr.ပိုင်
🍀စိတ်ကျန်းမာရေးနယ်ပယ်ကို စတင်ဝင်ရောက်ဖြစ်ခဲ့တဲ့အ ကြောင်းကို မျှဝေပေးသွားတဲ့ Counsellor ကိုသော်ဇင်၊ Counsellor ကိုတင်ကိုလတ်၊ Counsellor ကိုပီတာ နဲ့ Passionate Heart ရဲ့အဖွဲ့ဝင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
🍀Talk Show ကို အချိန်ပေးပြီးဝင် ရောက်နား ထောင် ဆွေး နွေး ခဲ့ကြတဲ့ တက်ရောက်သူများကိုလည်းကျေးဇူးတင်ရှိပါတယ်ရှင်။

🥰ဒီနေ့မှာတော့ အမှတ်တရအဖြစ်ကျွန်မတို့ရဲ့ အဖွဲ့ဝင်အားလုံးကို ဖော်ပြလိုက်ရပါတယ်ရှင်။
💟 Passionate Heart ရဲ့ ၂ နှစ်ပြည့်မှသည် နောက်ထပ်လည်း ဒီလိုမျိုးစိတ်ဝင်စားစရာ‌ကောင်းတဲ့ အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်လို့ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုပါတယ်ရှင်။

We hope to see you around and appreciate your efforts with our passionate hearts 💜

Telegram Link - https://t.me/passionateheart



#သင့်စိတ်ကျန်းမာရေးအတွက်

16/10/2023

ကျွန်မတို့ရဲ့ စကားဝိုင်းအစီအစဉ်လေး မကြာခင်မှာစတင်တော့မှာဖြစ်လို့ အောက်ပါ Zoom link ကနေတစ်ဆင့် ဝင်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။❤️

Passionate Heart is inviting you to a scheduled Zoom meeting.

Topic: 2 nd Anniversary of Passionate Heart
Time: Oct 16, 2023 07:00 PM Rangoon

Join Zoom Meeting
https://us06web.zoom.us/j/81690521950?pwd=35T5lA4ruuwJWwiKIo8UdDXVhDoe32.1

Meeting ID: 816 9052 1950
Passcode: PH2023

Photos from Passionate Heart's post 15/10/2023

Hello❤ အားလုံးပဲ မင်္ဂလာပါရှင့်။
ယနေ့မှာတော့ Passionate Heart အဖွဲ့သား တွေဟာ ဒဂုံ (အ ရှေ့) မှာရှိတဲ့ NAC HIV AIDS CARE သို့ ၂နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အလှူငွေ ကိုသွားရောက် လှူဒါန်းခဲ့ကြပါတယ်။
ဒါ့အပြင် ကျမတို့ရဲ့ Passionate Heart 2nd Year Anniversary စကားဝိုင်းလေးကို မနက်ဖြန်
🗓️Date - 16.10.23 (Monday)
🔍Platform - Zoom
🕖Time - 7:00PM to 9:00PM (RGN Time)
မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

📣Passionate Heart ရဲ့ Psychologist၊ Psychiatrist၊ Counsellor၊ mental health လေ့လာသင်ယူနေကြတဲ့ Operation Team memberတွေနဲ့အတူ တက်ရောက်လာကြတဲ့ Participantsတွေကိုယ်တိုင် အောက်ပါအကြောင်းအရာတွေ ဖြစ်တဲ့
- လတ်တလောရင်ဆိုင် ကြုံတွေ့နေရစိတ်အဆင်မပြေမှုတွေအကြောင်းအရင်းတွေ
- စိတ်ကျန်းမာရေးကို လေ့လာသင်ယူ အသုံးချမှုတွေ
- စိတ်ဖိစီးမှုအခြေအနေတွေ ကြားထဲမှာ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်စောင့်ရှောက်ကြမလဲ စတဲ့အကြောင်းအရာတွေကို အခြေခံပြီး ပွင့်လင်း လုံခြုံစွာ ဆွေးနွေးသွားကြဖို့ စီစဉ်ထားတာမို့ စိတ်ပါဝင်စားတဲ့သူတွေကို နွေးထွေးစွာဖိတ်ကြားလိုက်ရပါတယ်ရှင်။

ဒီ program လေးကတော့ အခမဲ့ ဖြစ်ပြီး တက်ရောက်ချင်သူများ အနေနဲ့ အောက်က link မှ Registration Form ဝင်ရောက်ဖြည့်သွင်းနိုင်ပါတယ်ရှင် 👇
https://forms.gle/zqQHUUpLeGmegWrM9

🪐အသေးစိတ်ကို Email က တဆင့် အကြောင်းပြန်ပေးသွားပါ့မယ်ရှင့် ။



#သင့်စိတ်ကျန်းမာရေးအတွက်

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Mental Health Talk Show by Passionate Heart

Telephone

Website

Address

Yangon

Other Counseling & Mental Health in Yangon (show all)
Hepta Mental Health Clinic Hepta Mental Health Clinic
215, Thiri Mingalar Road, Ywarma East Ward, Insein Township
Yangon, 11011

We are a team of experienced psychiatrists and psychotherapists who provides treatment for a wide ra

Olor Olor
အမှတ် ၂၆၊ ဗဟန်း ၁ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
Yangon

Mind Matters -Rx Pharmacy, Polyclinic and Diagnostics Mind Matters -Rx Pharmacy, Polyclinic and Diagnostics
Gousia Colony Bemina Srinagar , Gousia Masjid Road
Yangon, 190018

Neuropsychiatry, Psychotherapy and Drug Deaddiction... A Holistic Approach to Mental Health

Lin Yaung Chi Oo-Mental Health Specialist Clinic & Counselling Center Lin Yaung Chi Oo-Mental Health Specialist Clinic & Counselling Center
Corner Of Anawrahta Road, And Sule Pagoda Road
Yangon, 11182

Mental health specialist clinic, Drug and Alcohol Treatment, Counseling Center

Henry - I'm with you Henry - I'm with you
Yangon
Yangon

Purposeing for someone who was needed to support mental health.

အေးရိပ်ငြိမ် စိတ်ကျန်းမာရေး ဆေးရုံ အေးရိပ်ငြိမ် စိတ်ကျန်းမာရေး ဆေးရုံ
အမှတ်(၇၁၈)၊ ကနောင်မင်းသားကြီးလမ်း၊ ၁၁၈ ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်
Yangon

NYEIN-Counseling&Empowerment NYEIN-Counseling&Empowerment
Yangon

Let me be with you “လုံခြုံစိတ်ချရင်ဖွင့်ပါ သင်နဲ့အတူရှိနေမှာ"

သုခ ျျျျျျပည့္ဝ သုခ ျျျျျျပည့္ဝ
YanKin Street
Yangon

မြန်မာ့တိုင်းရင်းဆေးဝါး

Dr.PSYCH Dr.PSYCH
Yangon, 11011

A team of psychiatrists offering a personalized approach to each individual to meet your need

Khaing Thin Wai Khaing Thin Wai
Thila Street
Yangon

#ရွှေဆား အပူအဆိပ်ထုပ် ခြေရေစိမ်ဆား

Ko Kyaw Gyi Toy Shop Ko Kyaw Gyi Toy Shop
Yangon
Yangon, YANGON

Toy’ လူကြီးကစားစရာမျိုးစုံ