Hepta Mental Health Clinic

We are a team of experienced psychiatrists and psychotherapists who provides treatment for a wide ra

04/01/2024

#၇၆နှစ်မြောက်လွတ်လပ်ရေးနေ့

09/12/2023

#ရောဂါ_ယုံကြည်ကုစားမှုနှင့်_ပျောက်စေဆရာများ

လက်ရှိအနောက်တိုင်းဆေးပညာက
Mind-body dualism အယူအဆနဲ့ပဲ သွားနေတာ..
ကိုယ်ခန္ဓာပိုင်းက သတ်သတ်…စိတ်က သတ်သတ်....

ရောဂါဖြစ်ရင်လည်း သတ်သတ်စီ ခွဲစဉ်းစားတတ်ကြတယ်.
ဒါပေမဲ့ အဲ့နှစ်ခုရဲ့ အပြန်အလှန်
အကျိုးသက်ရောက်မှုကိုတော့ လက်ခံစဉ်းစားတယ်..
ဆိုလိုချင်တာက
ကိုယ်ခန္ဓာပြောင်းလဲမှုကြောင့်
စိတ်ပိုင်းဆိုင်ရာပြဿနာ ဖြစ်နိုင်သလို…
စိတ်ပြောင်းလဲ ခံစားရမှုကြောင့်လည်း
ကိုယ်ခန္ဓာမှာ ရောဂါလက္ခဏာတွေ ပေါ်နိုင်တယ်ပေါ့..

ဒီနေရာမှာ လူအများစုက
ဦးခေါင်းထိမိလို့ စိတ်ဖောက်သွားတယ်..လက်ခံတယ်
ဟော်မုန်းပြောင်းလဲလို့ စိတ်ကျတယ်…လက်ခံတယ်..
(တစ်နည်း ရုပ်ကြောင့် စိတ်ဖြစ်တယ်ဆို အလွယ်လက်ခံတယ်)

အဲ..
စိတ်ဖိစီးမှုများလို့ ဗိုက်အောင့်တာတို့
စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်တော့တာတို့
ဆိုရင်တော့ …ဟုတ်ပါ့မလားဆိုပြီး ဖြစ်ရော..
လူနာက ဟိုမှာ သေမလို ခံစားနေရတာ..
အဲ့ဒါကြီးက စိတ်ကြောင့် ဖြစ်တာ ဟုတ်လို့လား ဘာညာပေါ့

ဒီလို စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာမျိုးကို
Somatic symptoms လို့ ခေါ်ပြီး
ဒီ symptoms တွေက အချိန်အတိုင်းအတာတစ်ခုအထိ
စိုးရိမ်စိတ်တွေနဲ့ တွဲနေရင်
Somatic symptom Disorder လို့ သတ်မှတ်တယ်..
ဒီ post မှာ ရောဂါအကြောင်း ပြောဖို့ထက်
အခြားစိတ်ဝင်စားစရာကောင်းတာကို
ပြောပြချင်တာ…

📌16.1% ကနေ 57.5% တဲ့….
ဟုတ်တယ်..
နိုင်ငံတကာမှာ လုပ်ထားတဲ့ ရောဂါဖြစ်ပွါးနှုန်းပါ..
ကျန်းမာရေးအသိအမြင်..အခြေခံကျန်းမာရေးစောင့်ရှောက်မှု..စိတ်ဖိစီးမှု အတိုင်းအတာ စတဲ့အချက်အလက်ပေါ်မူတည်ပြီး တစ်နေရာနဲ့ တစ်နေရာကွာခြားမယ်…

ကိုယ့်နိုင်ငံမှာတော့ လုပ်ထားတာ မတွေ့မိဘူး..
ဒါပေမဲ့ average ထားပြီး စဉ်းစားကြည့်ရအောင်..
ဒါဆိုရင် ကိုယ့်လူနာ ၃ ယောက်မှာ ၁ ယောက်က
အဲ့ပြဿနာ ရှိနေလောက်တယ်ပေါ့…
ဒီလိုရောဂါသည်တွေဆီမှာ
ရောဂါ လက္ခဏာတစ်ခုခုခံစားနေရမယ်…
ဆေးစစ်ချက်တွေကလည်း ကောင်းနေတယ်..
ဆေးပေးတော့လည်း မသက်သာဘူး..
ဟိုပြ ဒီပြ တဝဲလည်လည် ဖြစ်နေတယ်..

📌Role of healers in treating mental disorders

Healer ကို ပျောက်စေဆရာလို့ပဲ သုံးလိုက်မယ်
(မြန်မာ့ရိုးရာ ဆေးဆရာတွေနဲ့ မဆိုင်ဘူး)
သူတို့တွေက ဘုရားကု ကုမယ်..
ဂမ္ဘီရဆန်ဆန်ကုမယ် ..အဆောင်လက်ဖွဲ့တွေနဲ့ကုမယ် ..
ရွတ်ဖတ်ပူဇော်တာတွေ လုပ်မယ်..
အဲ့လို ပျောက်စေတွေက နိုင်ငံတကာမှာလည်း ရှိတယ်..
သူတို့ရိုးရာ ဘာသာတရား ယုံကြည်မှုတွေနဲ့ ကုကြတာ..

📌ပျောက်စေဆရာတွေက
တကယ်ရော အလုပ်ဖြစ်သတဲ့လား ??

ဖြစ်တယ်တဲ့..
အထူးသဖြင့် အပေါ်မှာ ပြောထားတဲ့ ရောဂါမျိုးတွေ
စိတ်ကျရောဂါ အနုစား မျိုးတွေမှာ ထိရောက်မှု ရှိတယ်တဲ့..
လူနာတွေရဲ့ အားငယ်မှု ၊ ခိုကိုးရာ မဲ့သလိုခံစားရမှု၊
အားကိုးအားထားပြုလိုမှု ၊ ယုံကြည်ကိုးစားမှုစတဲ့
စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေမှာ
ပျောက်စေဆရာ တွေက ဘယ်လောက် ဖြည့်ဆည်းပေးနိုင်သလဲ ဆိုတာပေါ်
မူတည်ပြီး ပျောက်မပျောက် ကွာခြားမယ်..
ပြောရရင် healer ဘက်က
အားကိုးစရာ ယုံကြည်စရာ ဖြစ်အောင်
ပြောရင် ပြောနိုင်သလို
လုပ်ပြနိုင်ရင် လုပ်ပြနိုင်သလို လူနာအတွက် အကျိုးရှိမယ်..

📌ကုသနိုင်စွမ်းရဲ့ အခြားတစ်ဘက်

အဲ့ဒီဘက်ခြမ်းမှာတော့ မကောင်းတာတွေ ရှိတယ်…
ဘာတွေဖြစ်တတ်လာလဲဆိုတော့
ပျောက်စေတွေက သူတို့ကုတတ်တယ် ကုနိုင်တယ် ထင်လာရော..
(ထင်လည်း ထင်စရာပေါ့လေ …ဘာလို့လဲဆို
အပေါ်မှာ ရေးခဲ့သလို somatic ရောဂါ ဖြစ်နှုန်းက နည်းမှ မနည်းပဲ..အဲ့ထဲက တော်တော်များများကလည်း
သူတို့ဘာဖြစ်နေတယ်ဆိုတာ မသိဘဲ
ဆရာဝန်တွေ ပြောင်းတာများနေပြီ ..
ကုမရပါဘူးဆိုပြီး အားငယ် နေတဲ့သူတွေ..
အဲ့လို လူနာမျိုးတွေက healer တွေဆီ ပုံတတ်ကြတာမို့​ပေါ့)

စိတ်ကြောင့် လမ်းမလျောက်နိုင်တဲ့ လူနာမျိုးသာ
ငေါက်ကနဲ ထလျောက်ရင် လျောက်မယ်..
ဦးနှောက်သွေးကြောကြီးပိတ်တဲ့လူနာက ဘယ်လိုမှ ချက်ချင်း ထလျောက်မှာ မဟုတ်ဘူးဆိုတာကို
မစဉ်းစားနိုင်တော့ဘူး..
ဆေးစစ်ချက်မှာ ဘာမှ မတွေ့တဲ့လူနာမျိုးတောင်
ကောင်းအောင် ကုနိုင်တယ်တွေ ဘာတွေ ဖြစ်လာရော..
(ဘာမှမတွေ့ဘူးဆိုကတည်းက စိတ်ကြောင့်ဖြစ်တဲ့
Somatic symptoms တွေ၊
Medically Unexplained Symptoms တွေဖြစ်ဖို့
များနေပြီ)

နောက်ဆုံး ခံရတဲ့သူကတော့ လူနာပဲပေါ့..

📝 အဆုံးသတ်အနေနဲ့ ပြောရရင်
ပျောက်စေဆရာတွေမှာလည်း အခန်းကဏ္ဍတစ်ခု
အမှန်တကယ် ရှိတယ်..
ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် အခုထိ ရှိကြတုန်းပဲ..
အရေးကြီးတာက ကိုယ့်အခန်းကဏ္ဍက ဘာလဲဆိုတာ
ဆင်ခြင်သုံးသပ်နိုင်စွမ်း မြင့်မားဖို့ပဲ လိုတာ..

🖋 Written by Dr. ကြည်ဖေလင်း
Consultant Psychiatrist

📌 Page တွင် တင်ထားသော စိတ်ကျန်းမာရေးစာစုများကို အောက်ပါလင့်မှတဆင့် ဖတ်နိုင်ပါသည်။

https://www.facebook.com/100201764938211/posts/563069111984805/

■ ကိုယ်တိုင်ပဲဖြစ်ဖြစ်..ကိုယ်ချစ်ခင်တဲ့သူ တဦးဦးပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ​တွန့်ဆုတ်မနေပါနဲ့။

■ ဆွေးနွေးတိုင်ပင်ဖို့ မလိုသေးပါဘူး၊ ဆွေးနွေးရတာ ရှက်စရာကြီးလို့လဲ မတွေးပါနဲ့။ စောစောကုသမှု ခံယူလေ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေနဲ့ စောစောကင်းလွတ်လေ ဆိုတာ အမှတ်ရပါ။

■ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစွာနဲ့ သေချာအချိန်ပေးပြီး နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပေးတဲ့ စိတ်ကျန်းမာရေးအထူးကုတွေနဲ့ တိုင်ပင်ဖို့ အခက်အခဲကြုံနေရရင် Hepta Mental Health Clinic က ကူညီပေးနိုင်ပါတယ်ခင်​ဗျ။

■ ဆွေးနွေးလိုလျင် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူလို့ရပါတယ်ခင်ဗျာ။

01/12/2023

#အိမ်ထောင်ဘက်ကဝင်​ငွေသာနေသောအခါ…

👩‍❤️‍👨 ကိုယ့်ရဲ့ အိမ်ထောင်ဘက်က ကိုယ့်ထက်ဝင်ငွေ
သိသိသာသာ သာလွန်နေတယ်…
(အထူးသဖြင့် အမျိုးသမီးက)
သာတော့ ဘာဖြစ်လဲ??
ဘာမှ မဖြစ်တဲ့သူတွေ ရှိကောင်းရှိနိုင်ပေမဲ့….
တစ်ချို့ တစ်ချို့တွေမှာတော့..
ဒါဟာ မီးပွါးတစ်စ ဖြစ်လာတယ်..

အိမ်ထောင်ရေးပဋိပက္ခတွေမှာ
မိဘနဲ့ ဆွေမျိုးပြဿနာတွေကို ခဏဖယ်ကြည့်ရင်..
အဲ့ အချက်က ထိပ်ဆုံးစာရင်းဝင်ပဲ…

မရှိလို့ ဖြစ်ရတဲ့ ပြသနာ အကြောင်းရင်းတောင်
ရှိလို့ …ပိုရှိလို့ ..အရမ်းရှိသွားလို့ ဖြစ်လာရတဲ့
အကြောင်းရင်းလောက် မရှုပ်ထွေးဘူး..
နောက် ဖြေရှင်းရမခက်ဘူး…



👩‍❤️‍👨 ဝင်ငွေပိုရှာနိုင်လို့ပဲ အသံပိုထွက်လာတာလား?
မရှာနိုင်လို့ပဲ အသံတိုးတိတ်လာတာလား?
မရည်ရွယ်ဘူးဆိုရင်တောင်
ဖြစ်လာတတ်တဲ့ သဘောတရားတွေ….။
Power Imbalance ဖြစ်ရခြင်းရဲ့
အကြောင်းရင်းတွေကို ကြည့်ရရင်
တစ်ဘက်ခြမ်းမှာ နဂိုကတည်းက
personality မကောင်းတဲ့သူတွေ ရှိမယ်…
ဘဝမှာ မရဖူးတဲ့ ငွေတွေ ရလာတော့ မာန်တက်ပြီး
အတူရုန်းဖော်ရုန်းဖက်အပေါ်
mutual respect မထားနိုင်တော့တဲ့သူမျိုးတွေ..

👩‍❤️‍👨 တစ်ခြားဘက်မှာတော့ ဝင်ငွေမြင့်လာတဲ့နဲ့အမျှ
တာဝန်ယူမှု တာဝန်ခံမှုများလာပြီး
Stress ပိနေတဲ့သူမျိုးတွေ ရှိမယ်..
အလုပ်နဲ့ ဘဝ balance မဖြစ်ဘူး…
ကိုယ့်ရဲ့ ဖိစီးမှုကို မှန်ကန်တဲ့နည်းလမ်းနဲ့ မရှင်းနိုင်ဘူး..
မိသားစုကြားမှာ အာဏာရှင်တစ်ပိုင်း
ဖြစ်မှန်းမသိဖြစ်လာတယ်...



👩‍❤️‍👨 အမျိုးသားဘက်က ဦးဆောင်နိုင်ရမယ် ..
အမျိုးသားဘက်က ရှာဖွေနိုင်ရမယ် …စတဲ့
social norm တစ်ခုရဲ့ ဖိအားကို
အမျိုးသားတိုင်းက အနည်းနဲ့ အများဆိုသလို
ခံစားရတယ်….ဒါကြောင့် မရှာနိုင်ဘူးဆိုရင်..
ခံစားချက် မကောင်းဘူး…Insecure feeling ရလာမယ်..
ကိုယ့်ကိုယ် လူပိုလိုလို ခံစားရတာမျိုးတွေ ဖြစ်လာမယ်
ဒီလို စိတ်ခံစားချက်တွေကို သက်သာစေဖို့
စိတ်ပျော်ရာ ဖြေရှင်းတာမျိုးတွေ ဖြစ်လာမယ်….
ဝင်ငွေချင်း ယှဉ်လို့ရအောင် တစ်ခြားအလုပ်တွေပါတွဲလုပ်ရင်း စိတ်ဖိစီးတာမျိုးတွေ ရှိလာမယ်..
Non-heteronormative relationship တွေ (လိင်တူ)
မှာတောင် ဒီလိုပြသနာမျိုး ဖြစ်နိုင်သေးတယ်..

ပြဿနာ အရင်းခံကတော့ ဒီ နှစ်မျိုးပဲ ..

👩‍❤️‍👨 နှစ်ဘက်စလုံးက ရင့်ကျက်မှုအားနည်းရင်..
ကိုယ်စီ ကိုယ်စီနောက်ဆက်တွဲရှုပ်ထွေးလာရင်..
အရက်သေစာ မူးယစ်ဆေးဝါး တွဲလာရင်..
မိဘဆွေမျိုး ဘာညာတွေပါ ပါလာရင်..
ပြဿနာက ပိုကြီးမယ်.. အစရှာရခက်မယ်..
တစ်ယောက်ကို တစ်ယောက်အပြစ်ပုံရင်း
လုံးလည်ချာလည် လိုက်မယ်..

ဒီတော့ ပြဿနာဟာ စပြီဆိုတာ သိကတည်းက
မရှုပ်ထွေးခင် ဖြေရှင်းဖို့ကို ဦးစားပေးသင့်တယ်..
ဘာတွေ လုပ်ရမလဲ??

1. Open Communication
👩‍❤️‍👨 ဒီလိုပြဿနာကနေစလို့ S*x ကိစ္စလိုမျိုးထိ ဘယ်လိုပြဿနာမျိုးဖြစ်ပါစေ နှစ်ယောက်ကြားမှာ Open talk ရှိဖို့က အရေးကြီးဆုံးပဲ..ဘယ်လောက်ဝင်တယ်/မဝင်ဘူး...တတ်နိုင်တယ်/မတတ်နိုင်ဘူး စသဖြင့် open ဖြစ်ဖို့လိုတယ်..Financial Infidelity မဖြစ်ဖို့ အရေးကြီးတယ်..

2. Create a sustainable budget
👩‍❤️‍👨 ဝင်ငွေနဲ့ အသုံးစာရင်းတွက်မယ်..သတ်သတ်မှတ်မှတ်တာဝန်ယူတဲ့အပိုင်း ခွဲလို့ရသလို ဝင်ငွေအချိုးကျနဲ့ သုံးလို့လည်း ရတယ်..

3. Consider other contributions besides finances
👩‍❤️‍👨 အိမ်ထောင်တစ်ခုမှာ ငွေကြေးရယ်မှ မဟုတ်ဘဲ အခြား စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှု၊ အိမ်မှုကိစ္စ၊ ကလေးကိစ္စ၊လူမှုရေးကိစ္စ စသဖြင့် ပံ့ပိုးလုပ်ဆောင်နိုင်တဲ့အရာတွေ အများကြီး ရှိသေးကြောင်း သတိပြုမိပါစေ..

4. Appreciate partner
👩‍❤️‍👨 ပုံမှန် appreciate လုပ်သင့်သလို တစ်ချို့အချိန်တွေမှာ ပိုလိုအပ်တတ်ပါတယ်..အထူးသဖြင့် ကိုယ်က ဝင်ငွေကောင်းလာသလို အသိုင်းအဝိုင်းကျယ်လာမယ်..နေထိုင်စားသောက်မှု အဆင့်အတန်း မြင့်လာမယ်..ဒီလိုအချိန်မျိုးမှာ low income ဖြစ်နေတဲ့ အိမ်ထောင်ဘက်နဲ့ ကိုယ်နဲ့ကြား အနေဝေးမသွားဖို့..အရမ်း အရေးကြီးတယ်..သူ့ရဲ့ အသိုင်းအဝိုင်းကို ချဲဲ့ပေးဖို့ ကြိုးစားတဲ့နေရာမှာ အခြေအနေနဲ့ အချိန်အခါပေါ်လိုက်ပြီး ပညာရှိဆန်ဆန် appreciate လုပ်တတ်ဖို့ လိုပါတယ်..

5. Support your partner
👩‍❤️‍👨 သူ့အလုပ်မှာ သူ့ပတ်ဝန်းကျင်မှာ ငွေကြေးရယ်မှ မဟုတ်ဘဲ နွေးနွေးထွေးထွေးပံ့ပိုးပေးတာမျိုး။ နောက် မိဘဆွေမျိုးတွေကို သူ့နာမည်သုံးပြီး ထောက်ပံ့ပေးတာမျိုးတွေ လုပ်ပေးလို့ရတယ်..

6. Have some personal money
👩‍❤️‍👨 ဘတ်ငွေတွေ ဘာတွေမလိုဘဲ ..ငွေကြေးတစ်ရပ်ရပ်ကို သူ့စိတ်ကြိုက်ပေးသုံးတာမျိုး ..သူ့အတွက် personal space တစ်ခုထားပေးတာမျိုး လုပ်ပေးရပါမယ်..

အဆုံးသတ်အနေနဲ့ တစ်ချို့က ထင်ကြလိမ့်မယ်…
ဒီခေတ်မျိုးမှာ ဒီလိုအဖြစ်မျိုး (ဒီလို ယောင်္ကျားလေးမျိုး) ရှိပါ့မလားဆိုပြီးပေါ့….
အဲ့အတွက် အဖြေကို ပြန်ပေးရရင်..
ပြဿနာ ဖြစ်လို့ လာဆွေးနွေးတိုင်ပင်တဲ့သူအများစုက ..
ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ကြသူတွေချည်းပါပဲ….

🖋 Written by Dr. ကြည်ဖေလင်း

📌 Page တွင် တင်ထားသော စိတ်ကျန်းမာရေးစာစုများကို အောက်ပါလင့်မှတဆင့် ဖတ်နိုင်ပါသည်။

https://www.facebook.com/100201764938211/posts/563069111984805/

■ ကိုယ်တိုင်ပဲဖြစ်ဖြစ်..ကိုယ်ချစ်ခင်တဲ့သူ တဦးဦးပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ​တွန့်ဆုတ်မနေပါနဲ့။

■ ဆွေးနွေးတိုင်ပင်ဖို့ မလိုသေးပါဘူး၊ ဆွေးနွေးရတာ ရှက်စရာကြီးလို့လဲ မတွေးပါနဲ့။ စောစောကုသမှု ခံယူလေ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေနဲ့ စောစောကင်းလွတ်လေ ဆိုတာ အမှတ်ရပါ။

■ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစွာနဲ့ သေချာအချိန်ပေးပြီး နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပေးတဲ့ စိတ်ကျန်းမာရေးအထူးကုတွေနဲ့ တိုင်ပင်ဖို့ အခက်အခဲကြုံနေရရင် Hepta Mental Health Clinic က ကူညီပေးနိုင်ပါတယ်ခင်​ဗျ။

■ ဆွေးနွေးလိုလျင် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူလို့ရပါတယ်ခင်ဗျာ။

27/11/2023

ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)တွင် စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာများ ပွါးများအားထုတ်နိုင်ကြပါစေကြောင်း Hepta Mental Health Clinic မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။

27/10/2023

ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်ကာလ အခါသမယတွင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံပြီး တရားဘာဝနာများ ပွားများနိုင်ပါစေကြောင်း Hepta Mental Health Clinic မှ တောင်းဆုမေတ္တာ ပို့သအပ်ပါသည်။🙏🙏🙏

အောက်တိုဘာလ ၂၈၊ ၂၉၊ ၃၀ ရက်နေ့များတွင်ဆေးခန်းပိတ်ပါသည်။

24/10/2023

#သာယာပျော်ရွှင်မှုများပျောက်ဆုံးခြင်း_Anhedonia

🙍 အခုတလော ပျော်စရာကိစ္စတွေကြုံလာရင် အရင်လို မပျော်တော့တာ...အရင်ဝါသနာပါတဲ့အရာတွေ...နေ့စဥ်လုပ်နေကျကိစ္စတွေမှာ စိတ်ဝင်စားမှုနည်းလာတာတွေ ခံစားနေရပါသလား

အဲလိုခံစားနေရရင်တော့ အားမငယ်လိုက်ပါနဲ့...

ဘာလို့ဆိုတော့ ကျတော်ကိုယ်တိုင်လဲ ခံစားနေရလို့ပါ...😁😁😁

အရင်လို မပျော်တော့ဘူး ဆိုတဲ့ ပို့စ်မျိုးတွေ ခဏခဏ တွေ့ရလို့ အခုလိုခံစားနေကြတဲ့သူတွေ မနည်းလောက်ပါဘူး။

ဒါကြောင့် ဒီပို့စ်မှာ မပျော်တော့တာနဲ့ ပတ်သတ်ပြီး ပြောပြပေးပါ့မယ်။

🙍 သာယာပျော်ရွှင်မှုတွေ နည်းလာတာကို medical term အရ လို့ခေါ်ပါတယ်။

Loss of Pleasure or Interest လို့လဲ သုံးလေ့ရှိပါတယ်။ နည်းနည်း မပျော်ရာကနေ လုံးဝ မပျော်တော့တာမျိုးထိ ဖြစ်တတ်ပါတယ်။

ြစ်နေတာကိုဘယ်လိုသိနိုင်လဲ

🙍 အဆိုးတွေ မြင်လာတတ်တာ...ဘဝကြီးက ပျင်းစရာ ငြီးငွေ့စရာကောင်းလာတာ...ကိုယ်မျှော်လင့်ထားသလို စိတ်လှုပ်ရှားမှုတွေ စိတ်ခံစားမှုတွေ ဖြစ်မလာတဲ့အခြေအနေဆိုရင် Anhedonia ဖြစ်နေပီလို့ သိနိုင်ပါတယ်။

🙍 တရားအားထုတ်တဲ့သူတွေ ကိလေသာလျော့ပါးလာလို့ ဘဝကို ငြီးငွေ့တာနဲ့ Anhedonia ရဲ့ ငြီးငွေ့တာ ကွာပါတယ်။

တရားသမားတွေကျ တရားအားထုတ်ရတာ...ကိုယ့်ခံစားချက်တွေကို သတိကပ်ကြည့်နေရတာကို စိတ်ပါဝင်စားစွာနဲ့ ပီတိဖြစ်တတ်ကြပါတယ်။

Anhedonia မှာကျ တရားထိုင်နေကျသူတောင် မထိုင်ဖြစ်တော့တာတွေ တခြားကိစ္စတွေမှာလဲ စိတ်ဝင်စားမှုနည်းလာတာတွေ အဆိုးမြင်လာတာတွေ ဖြစ်တတ်ပါတယ်။

🙍 မပျော်တော့တာမှာ အမျိုးအစား ၂မျိုး ရှိပါတယ်။

1️⃣ လူတွေနဲ့ပြောဆိုဆက်ဆံရတာ မပျော်တော့ခြင်း (Social Anhedonia)

🙍 စိတ်ဖိစီးမှုတွေများတဲ့သူတွေ...စိတ်ပိုင်းဆိုင်ရာပြဿနာကြုံနေတဲ့သူတွေမှာ လူတွေနဲ့ မပြောဆိုချင်တော့ဘဲ တယောက်ထဲနေချင်လာတတ်ပါတယ်။ တချို့ကျလဲ လူတွေကို စိတ်ကုန်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါတွေက Social Anhedonia ပါ။

တစ်ယောက်ထဲနေလေ စိတ်ပိုင်းဆိုင်ရာပြဿနာတွေက ပိုဆိုးလေ ဖြစ်သွားတတ်လို့ အဲလိုမနေဖို့ ဆွေးနွေးတဲ့သူတိုင်းကို သတိပေးဖြစ်ပါတယ်။

လူတွေနဲ့ပြောဆိုဆက်ဆံရမှာ စိတ်မပါပေမဲ့ ရင်းနှီးယုံကြည်ရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့တော့ အဆက်အသွယ်မပြတ်စေဘဲ တွေ့တာ စကားပြောတာလုပ်ဖို့ လိုအပ်ပါတယ်။

2️⃣ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ သာယာပျော်ရွှင်မှုတွေ ပျောက်ဆုံးခြင်း (Physical Anhedonia)

🙍 ဒါကတော့ အရင်တုန်းက ကိုယ်ကြိုက်နှစ်သက်ခဲ့တဲ့ အစားအသောက်တွေ၊ ရနံ့တွေ၊ သာယာနာပျော်ဖွယ်အသံတွေ၊ အထိအတွေ့တွေ ကြုံရတဲ့အခါမှာ အရင်လောက် သာယာပျော်ရွှင်မှုတွေ မခံစားရတော့တာမျိုးပါ။

Depression သမားတွေမှာ အစားအသောက်ပျက်တာမျိုးနဲ့ တွေ့ရတတ်တယ်။ ဘာစားစား အရသာမတွေ့တော့ဘူး။ အဲတာကြောင့် အရမ်းစပ်တဲ့ အရမ်းချဥ်တဲ့ အရသာလွန်ကဲတဲ့အစာတွေ စားတတ်ကြတယ်။

ဒီလိုကြုံလာတဲ့သူတချို့ကျ အသစ်အဆန်းတွေ လက်တည့်စမ်းတတ်ကြပြီး မူးယစ်ဆေးဝါးသုံးစွဲတဲ့ဘက်ကို ရောက်သွားတတ်ကြပါတယ်။

🙍 အရင်လို မပျော်ရွှင်တော့ဘူးဆိုတာက စိတ်ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ စိတ်ကျရောဂါမှာတွေ့ရတတ်တဲ့ အဓိကလက္ခဏာကြီးတခုလဲ ဖြစ်ပါတယ်။ စိတ်ကျရောဂါအပြင် စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါ၊ Social Anxiety Disorderတွေ... စိတ်ကစဥ့်ကလျားရောဂါ Schizophrenia၊ မူးယစ်ဆေးစွဲ ရောဂါ၊ စားသောက်​ခြင်းဆိုင်ရာစိတ်ရောဂါတို့လို တခြားစိတ်ရောဂါတွေမှာလဲ တွေ့ရတတ်ပါတယ်။

🙍 မပျော်တာချင်းတူပေမဲ့ သက်ဆိုင်ရာစိတ်ရောဂါကိုလိုက်ပြီး ခံစားရပုံတော့ ကွာကြပါတယ်။

🙍 ချောင်းဆိုးသလိုပေါ့။ လေပြွန်ရောင်လဲ ချောင်းဆိုးတာပဲ....အဆုတ်TB တို့ အဆုတ်ကင်ဆာတို့မှာလဲ ​ချောင်းဆိုးတာပဲ။

ချောင်းဆိုးတာတူပေမဲ့ ဖြစ်စေတဲ့ရောဂါပေါ်မူတည်ပြီး ဆိုးပုံဆိုးနည်းနဲ့ တခြားဆက်စပ်တဲ့ လက္ခဏာ​တွေ...နောက်ဆက်တွဲဆိုးကျိုးတွေ ကွာခြားသွားတယ်။

ချောင်းဆိုးတာကြာလာရင် ဖြစ်စေတဲ့အကြောင်း ရင်းသိပြီး ရောဂါမဆိုးခင် အချိန်မီကုသနိုင်အောင် ဆရာဝန်နဲ့ဆွေးနွေး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ကြည့်တတ်ကြပါတယ်။

🙍 ဒါပေမဲ့ သာယာပျော်ရွှင်မှုတွေ နည်းလာတာကိုတော့ စိတ်ရောဂါတွေနဲ့ဆက်စပ်နေတဲ့ လက္ခဏာတခုဖြစ်နိုင်တယ်ဆိုတာ မသိကြသလို ဆရာဝန်နဲ့ ပြသဆွေးနွေးဖို့ လိုအပ်မှန်းမသိကြပါဘူး။

🙍 အရင်လို မပျော်တတ်လာတော့ဘူး၊ ဝါသနာပါတဲ့အရာတွေကို စိတ်ဝင်စားမှုနည်းလာပြီဆိုရင် သတိထားသင့်ပါတယ်။ ​​​အဲလိုခံစားရပြီး ၅နှစ်ကနေ ၁၀ နှစ် လောက်ကြာတဲ့အခါ စိတ်ရောဂါတွေ ဖြစ်လာတတ်ပါတယ်။

📝 ဒါကြောင့် Loss of Pleasure or Interest ဖြစ်လာရင် သာမာန်ပဲလား...တခြားစိတ်ရောဂါတွေနဲ့ဆက်စပ်နေသလားဆိုတာ သိအောင် Mental Health Assessment လုပ်ကြည့်သင့်ပါတယ်။

🖋 Written by Dr. Htein Linn Aung

📌 Page တွင် တင်ထားသော စိတ်ကျန်းမာရေးစာစုများကို အောက်ပါလင့်မှတဆင့် ဖတ်နိုင်ပါသည်။

https://www.facebook.com/100201764938211/posts/563069111984805/

■ ကိုယ်တိုင်ပဲဖြစ်ဖြစ်..ကိုယ်ချစ်ခင်တဲ့သူ တဦးဦးပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ​တွန့်ဆုတ်မနေပါနဲ့။

■ ဆွေးနွေးတိုင်ပင်ဖို့ မလိုသေးပါဘူး၊ ဆွေးနွေးရတာ ရှက်စရာကြီးလို့လဲ မတွေးပါနဲ့။ စောစောကုသမှု ခံယူလေ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေနဲ့ စောစောကင်းလွတ်လေ ဆိုတာ အမှတ်ရပါ။

■ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစွာနဲ့ သေချာအချိန်ပေးပြီး နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပေးတဲ့ စိတ်ကျန်းမာရေးအထူးကုတွေနဲ့ တိုင်ပင်ဖို့ အခက်အခဲကြုံနေရရင် Hepta Mental Health Clinic က ကူညီပေးနိုင်ပါတယ်ခင်​ဗျ။

■ ဆွေးနွေးလိုလျင် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူလို့ရပါတယ်ခင်ဗျာ။

10/10/2023

လူတွေရဲ့ အမြင်မှာ

နှလုံးဆရာဝန် နှလုံးရောဂါဖြစ်တာ မထူးဆန်းဘူး..

အရိုးဆရာဝန် ခါးနာတာ မထူးဆန်းဘူး..

ကင်ဆာဆရာဝန် အကျိတ်ဖြစ်တာလည်း တူတူပဲ..

အဲ..

စိတ်ဆရာဝန်သာ စိတ်ရောဂါဖြစ်ကြည့်..

အထူးအဆန်းလိုလို

မဖြစ်သင့် မဖြစ်အပ်သာလိုလို…

ထုတ်သာ ပြောချင်မှ ပြောမယ်

လူ ၁၀ ယောက်မှာ ၉ ယောက်ခွဲနဲ့ တစ်ပိုင်းလောက်က

အဲ့အတိုင်းပဲ ခံစားရတာ ..

ဒါက မြင်သာအောင် ပြောပြတာ

ကျန်တဲ့ လူတန်းစားတွေမှာ စိတ်ရောဂါဖြစ်လည်း

ဒီလိုပဲ..

ရောဂါဖြစ်တာချင်း အတူတူ

ဘာတွေများကွာခြားနေလို့လဲ??

ကိုယ်ခန္ဓာဆိုတာက ဖောက်ပြန်တတ်တယ်

ကိုယ်မပိုင်ဘူး..ထိန်းလို့မရဘူး..

စိတ်ကျတော့ အကောင်အထည်လည်း မရှိ..

ကိုယ်တွေးမှသာ စိတ်ကဖြစ်တာမို့

ကိုယ်ထိန်းချင် ထိန်းနိုင်ရမယ်

ပြင်ချင်ရင် ပြင်နိုင်ရမယ် ..

စိတ်ဝေဒနာ ဖြစ်တယ်ဆိုတာ

ကိုယ့်စိတ်ကိုယ်ကို အလိုလိုက်နေတာ …

ရင့်ကျက်မှု အားနည်းတာ

စသဖြင့် အဲ့လို logic တွေက စတယ်...

ဒါကြောင့်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ..

ဒီလိုစကားမျိုးတွေ ကြားနေရတာ …

“အံ့ဩပါအေ…ညည်းနှယ် ဒီလောက် ပြည့်စုံနေတာ ..ဘာတွေများ စိတ်ဓာတ်ကျစရာ ရှိလို့တုန်း”

“အသက်ကဖြင့် ဒီအရွယ်ရောက်နေပြီ….ဒါလေးကို အဲ့လောက် ကြောက်စရာလား”

“အဲ့စိတ်ကို ထိန်းလေ…ကိုယ်လည်း မသိတာ မဟုတ် “

“ငါ့တုန်းကလိုများဆိုရင် နင် သွက်သွက်ခါသွားလောက်တယ်”

ကောင်းစေချင်လို့ပါ ဆိုတဲ့ အပေါ်ယံခေါင်းစဉ်အောက်က

ဒီလို critical comment တွေ

Hostilities တွေ

Emotional overinvolvement တွေဟာ ပတ်ဝန်းကျင်မှာ

မကြားချင်မှ အဆုံး ပေါပေါများများပဲ..

ဒါပေမဲ့ သူတို့မေ့နေတာက လူတစ်ဦးချင်းဆိုတာ

မောင်နှမ အရင်းတွေမှာတောင်

အကြိုက်တွေ ခံစားချက်တွေ စိတ်နေစိတ်ထားတွေ

မတူဘူးဆိုတဲ့ အချက်ရယ် ..

နောက် …

ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေ

ရခဲ့တဲ့ Trauma တွေ မတူနိုင်ကြဘူးဆိုတာရယ်ပေါ့..

ကြုံတွေ့ခဲ့ရတဲ့ Trauma အဖြစ်အပျက်ဆိုတာကလည်း

ရှိစေဦးတော့…

အ​ခြေအနေနဲ့ အချိန်အခါအရ တစ်ဦးနဲ့တစ်ဦး

ကွာခြားနိုင်သေးတယ်ဆိုတာကိုလည်း

ထည့်စဉ်းစားမိဖို့လိုသေးတယ်..

ဥပမာ ရေနစ်ဖူးတာချင်း တူရင်​တောင်

ရေကူးကန်မှာ နစ်တာနဲ့ မြစ်ထဲ နစ်တာ

ခံစားချက်ချင်း မတူနိုင်ဘူး

မြစ်ထဲနစ်တာချင်း တူရင်တောင် မြစ်ကမ်းနားနဲ့ မြစ်လယ်နစ်တာချင်း မတူနိုင်ဘူး...

မြစ်လယ်ချင်း တူဦး..လူရှိမရှိ ? နေ့ ည?

စသဖြင့် အများကြီး ထပ်ကွဲဦးမှာ…

အားလုံးဟာ အံ့ဩဖို့ကောင်းလောက်အောင် တူတယ်ဆိုရင်တောင် ကာယကံရှင်ရဲ့ အသက်အရွယ် အတွေ့အကြုံ

စိတ်ခံစားချက်ပေါ်မူတည်ပြီး ဖြစ်ရပ်အပေါ် တုံ့ပြန်မှတ်မိပုံချင်း ခြားနားနေဦးမှာ..

အပေါ်ယံတွေး အပေါ်ယံခံစားပြီး

လွယ်လွယ်ပြောထွက်နေသမျှ အရာရာဟာ

အပေါ်ယံပဲ ဖြစ်နေဦးမှာ….

တကယ်မလွမ်းဖူးသေးဘဲ လွမ်းတယ်ဆိုတဲ့ခံစားချက်ကို ဘယ်လိုသိနိုင်မှာတဲ့လဲ?

(ဒါက FA တွေအတွက် သီးသန့်😁😁)

Anxiety လောက် ရဖူးသူက Panic attack မှာ ဘယ်လိုခံစားရမှန်း အပြည့်အဝ စာနာနိုင်မှာတဲ့လား??

Acute stress Reaction သမားကရော Depression ဘယ်လောက်ဆိုးမှန်း ခံစားတတ်မှာတဲ့လား?

ဒီတော့ မတူညီနိုင်တာတွေကို

အတင်း ဖိအားပေး ပြောင်းလဲစေမဲ့အစား

လွတ်လပ်စွာ ရင့်ကျက်ရှင်သန်ခွင့်ပေးဖို့က

ကိုယ်ချစ်တဲ့တစ်စုံတစ်ယောက် စိတ်ကျန်းမာပျော်ရွှင်စေဖို့

အရေးကြီးတယ်ဆိုတဲ့အကြောင်း

သတိချပ်စေချင်တယ် ..

ဒါကို

လူတစ်ဦးတစ်ယောက် ရသင့်ရထိုက်တဲ့

Human rights လို့ ပြောလည်း ရတယ်..

ဒီနှစ် World Mental Health Day ရဲ့ Theme က

“Mental health is a universal human right” တဲ့

ဟုတ်ပါတယ်..

လူသားတွေ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ကျန်းမာ ပျော်ရွှင်စေဖို့

ကိုယ်ချစ်ခင် နှစ်သက်ရတဲ့ တစ်စုံတစ်​ယောက် စိတ်ချမ်းသာပျော်ရွှင်စေဖို့…

ကိုယ့်ရဲ့ အတ္တတွေကို လျော့ရင်း

လွတ်လပ်စွာ ကွဲပြားရင့်ကျက် ရှင်သန်ခွင့်ပေးပါလို့

မျှော်လင့်တိုက်တွန်းရင်း……

🖋 Written by Dr. ကြည်ဖေလင်း

📌 Page တွင် တင်ထားသော စိတ်ကျန်းမာရေးစာစုများကို အောက်ပါလင့်မှတဆင့် ဖတ်နိုင်ပါသည်။

https://www.facebook.com/100201764938211/posts/563069111984805/

■ ကိုယ်တိုင်ပဲဖြစ်ဖြစ်..ကိုယ်ချစ်ခင်တဲ့သူ တဦးဦးပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ​တွန့်ဆုတ်မနေပါနဲ့။

■ ဆွေးနွေးတိုင်ပင်ဖို့ မလိုသေးပါဘူး၊ ဆွေးနွေးရတာ ရှက်စရာကြီးလို့လဲ မတွေးပါနဲ့။ စောစောကုသမှု ခံယူလေ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေနဲ့ စောစောကင်းလွတ်လေ ဆိုတာ အမှတ်ရပါ။

■ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစွာနဲ့ သေချာအချိန်ပေးပြီး နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပေးတဲ့ စိတ်ကျန်းမာရေးအထူးကုတွေနဲ့ တိုင်ပင်ဖို့ အခက်အခဲကြုံနေရရင် Hepta Mental Health Clinic က ကူညီပေးနိုင်ပါတယ်ခင်​ဗျ။

■ ဆွေးနွေးလိုလျင် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူလို့ရပါတယ်ခင်ဗျာ။

12/09/2023

#နဂါးပူးခြင်းကိုစိတ်ကျန်းမာရေးရှုထောင့်မှဆန်းစစ်ခြင်း

🐉 အခုတလော နဂါးပူးတဲ့ကိစ္စ လူစိတ်ဝင်စားမှုများနေတုန်း Mental Health Assessment လုပ်ပုံကို ဗဟုသုတရအောင် နဂါးပူးတဲ့ အဖြစ်အပျက်ကို စိတ်ကျန်းမာရေးရှုထောင့်ကနေ ဆန်းစစ်ကြည့်ပါမယ်။

Mental Health Assessment လုပ်တဲ့အခါ လူတယောက်ရဲ့ အတွေးပိုင်း၊ ခံစားချက်ပိုင်း၊ ရုပ်ပိုင်း၊အပြုအမူပိုင်းတွေကို ဆန်းစစ်ပြီး လက်ရှိစိတ်အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတာ ဆန်းစစ်ပါတယ်။

🐉 ဘာကြောင့်ဖြစ်လဲဆိုတာကိုသိအောင် Bio-psycho-social-cultural-spiritual model နဲ့ ဆန်းစစ်ပါတယ်။ စိတ်ရောဂါဘာကြောင့်ဖြစ်လဲဆိုတဲ့ ပို့စ်မှာ ရေးခဲ့တဲ့ အကြောင်းအရင်းတွေကို ရှာဖွေတာပါ။

ဒါမှသာ ရောဂါဖြ​စ်​​စေတဲ့ root cause ကို ထိထိရောက်ရောက်ကုသနိုင်ပြီး သက်သာပျောက်ကင်းတာပါ။

အခု နဂါးပူးခြင်းကိစ္စက စိတ်ပိုင်းအပြင် spiritual အပိုင်းပါ ဆက်စပ်နေပါတယ်။

နဂါးပူးခြင်းလိုဖြစ်ရပ်တွေက နိုင်ငံတကာမှာလဲရှိပါတယ်။ Spirit Possession လို့ခေါ်ပါတယ်။ အမျိုးအစားခွဲတွေလဲ ရှိပါတယ်။ အဲအကြောင်းအရာက စိတ်ရောဂါနဲ့မသက်ဆိုင်ပေမဲ့ စိတ်ဝင်စားဖွယ်ရှိလို့ သပ်သပ်ဖော်ပြပေးပါမယ်။

🐉 အရင်ဆုံး နဂါးပူးခြင်းကိစ္စနဲ့ဆက်စပ်နိုင်ခြေရှိတဲ့ စိတ်ရောဂါတွေရဲ့ လက္ခဏာနဲ့ ဆန်းစစ်ကြည့်ရပါမယ်။ နဂါးပူးခြင်းက သာမာန်ယုံကြည်မှုမဟုတ်တာကြောင့် ယုံမှားစွဲရောဂါလက္ခဏာ Delusion နဲ့ဆက်စပ်မယ်လို့ယူဆရပါမယ်။ ဆက်စပ်နိုင်တဲ့ စိတ်ရောဂါ ၃မျိုးကို စဥ်းစားမိပါတယ်။

1️⃣

🐉 Delusion of Control ဆိုတာက ကိုယ့်ကို တခြားသူတွေက ထိန်းချုပ်နေတယ်...ကိုယ့်အပြောအဆို အပြုအမူတွေက ကိုယ့်ဆန္ဒအရဖြစ်နေတာမဟုတ်ဘဲ ထိန်းချုပ်ခံနေရတယ်လို့ ထင်နေတဲ့ စိတ်ရောဂါတမျိုးပါ။

အများအားဖြင့် Schizophrenia လို့ခေါ်တဲ့ စိတ်ကစဥ့်ကလျားရောဂါမှာ တွေ့ရတတ်ပါတယ်။ ဒီမှာဆို တခြား Hallucinations တွေဖြစ်တဲ့ မရှိတာတွေ ကြားတာ မြင်တာ စတဲ့အရာတွေပါခံစားရတယ်။

အပြောအဆိုတွေ ဝတ်စားဆင်ယင်မှုတွေကလဲ ကပေါက်တိကပေါက်ချာနဲ့ဖြစ်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုအားနည်းတာ...နေ့စဥ် မဖြစ်မနေလုပ်ရတဲ့အလုပ်တွေ မလုပ်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

🐉 ဒါတွေရှိ မရှိဆန်းစစ်ရပါတယ်။ အခုနဂါးပူးတယ်ဆိုတဲ့သူတွေမှာ ဝတ်စားဆင်ယင်မှုတွေ...အပြောအဆိုတွေ အဆီအငေါ်မတည့်တာတွေ မတွေ့ရလို့ Delusion of Control တော့ မဖြစ်နိုင်ပါဘူး။

2️⃣

🐉 နောက်ဆက်စပ်တဲ့ရောဂါတခုက Grandiose Delusion လို့ခေါ်တဲ့ စိတ်ကြီးဝင်တဲ့ ရောဂါအမျိုးအစားပါ။

ဒီမှာကျတော့ ကိုယ့်ကိုယ်ကိုယ် အစွမ်းထူးတွေရ တယ်...တန်ခိုးတွေ ရလာတယ်လို့ ထင်တတ်ကြပါတယ်။ လောကကြီးမှာ ငါ​သာ​​ အလှဆုံး...အတော်ဆုံးလို့လဲ ထင်ကြတယ်။ အဲတာကြောင့် လောကကြီးကို ငါကယ်မှရမယ်ဆိုတဲ့အတွေးမျိုးတွေဝင်တယ်။

လက်ရှိဘဝအစစ်အမှန်နဲ့ကင်းကွာပြီး အကြွေးတင်လောက်အောင် အလှူအတန်းတွေအရမ်းလုပ်တာ...ငွေအသုံးအ​ဖြုန်းကြမ်းတာ... စကားကြီး စကားကျယ်တွေပြောတာ လူအများထဲထင်ပေါ်စေမဲ့ အဝတ်အစားတောက်တောက်ပပတွေ ဝတ်တာ စတဲ့အပြုအမူတွေ ဖြစ်လာတတ်ပါတယ်။

ဒီလက္ခဏာတွေက စိတ်ကြွစိတ်ကျရောဂါ (Bipolar Mood Disorder) ရဲ့ စိတ်ကြွနေချိန် (Manic Episode)မှာ ဖြစ်တတ်သလို Delusional Disorder ရဲ့ Grandiose Type လဲ ဖြစ်နိုင်ပါတယ်။

🐉 နဂါးပူးခံရတဲ့ လူတချို့က အကြားအမြင်ရတာ အစွမ်းထူးရှိတာ ယုံကြည်နေတာတွေ့ရတော့ ဒီတခုနဲ့တော့ ဆက်စပ်နိုင်​ခြေ ပိုရှိပါတယ်။

3️⃣

🐉 နောက်တခုကျ Dissociative Identity Disorder လို့ခေါ်တဲ့ အချိန်ကာလတခုထိ တခြားတယောက်လို ပြောင်းလဲသွားတဲ့ ရောဂါမျိုးပါ။ မောင်ဖြူကနေ မောင်နီဖြစ်သွားတာမျိုး။

နဂိုမောင်ဖြူလဲ ပြန်ဖြစ်သွားရော မောင်နီဖြစ်နေတဲ့ကာလအတွင်း ကြုံခဲ့တာတွေကို မမှတ်မိတော့ဘူး။ ရိုးရိုးမေ့တာမျိုးမဟုတ်ဘဲ အချိန်အပိုင်းခြားတခုထိ မေ့တာမျိုးပါ။ သူတို့တွေမှာ တနေ့တာကိစ္စတွေ ပြန်စဥ်းစားရင် တချို့အချိန်ပိုင်းတွေမှာ လုံးဝမမှတ်မိတာ ကွက်လပ်ဖြစ်နေတာမျိုးတွေ ကြုံရတတ်ပါတယ်။

နဂါးပူးတဲ့ကိစ္စက ဒါမျိုးလဲမဟုတ်ပြန်ဘူး။

ဒါတွေကတော့ ဝင်ပူးတာနဲ့ဆက်စပ်နိုင်တဲ့ စိတ်ရောဂါတွေပါ။

🐉 နောက်တခုကအကြားအမြင်ရတဲ့ကိစ္စပေါ့။

ပတ်ဝန်းကျင်မှာ လှုံဆော်တဲ့အရာ (Stimulus) (အသံထွက်ပြောတဲ့သူ...မြင်စရာရုပ်ဝတ္တု) မရှိဘဲ ကြားတာမြင်တာအထိအတွေ့ခံစားရတာမျိုးကို လှုံဆော်မဲ့အာရုံခံစားခြင်း (Hallucination) လို့ ခေါ်ပါတယ်။

အဲလိုမျိုး ပုံမှန်မဟုတ်တာတွေကြားတာ မြင်တာဖြစ်ပြီဆိုရင် လက်တွေ့နဲ့ကင်းကွာမှုရှိ မရှိဆန်းစစ်ကြည့်ပါတယ်။

တကယ်ခြိမ်းခြောက်တဲ့သူမရှိဘဲ နားထဲမှာ ခြိမ်းခြောက်တဲ့အသံတွေ ကြားနေတာမျိုး၊ စိတ်ကြွတဲ့သူဆိုရင်လဲ မြှောက်ပင့်တဲ့အသံတွေ...တန်ခိုးရှင်တွေ နတ်တွေနဲ့အဆက်အသွယ်ရတာမျိုးတွေ ခံစားရတတ်ပါတယ်။

🐉 ဒါကြောင့် Hallucination ရပြီဆိုတာနဲ့ ဘာတွေကြားတာမြင်တာလဲဆိုတဲ့ အကြောင်းအရာတွေရယ်...အဲတာနဲ့ ဆက်စပ်နေတဲ့ စိတ်ရောဂါတွေရဲ့ တခြားလက္ခဏာတွေကိုလဲ ဆန်းစစ်ကြည့်ရပါတယ်။ တခြားလက္ခဏာတွေပါရှိနေရင်တော့ စိတ်ရောဂါ​​​ကြောင့် ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

🐉 တချို့ဘာသာရေးလိုက်စားလို့ဖြစ်ဖြစ် မွေးရာပါ ပါရမီအရဖြစ်ဖြစ် ပုံမှန်မဟုတ်ဘဲ ထူးခြားတဲ့အကြားအမြင်တွေရပြီး ​ရှေ့ဖြစ်ဟောတာ မှန်ကန်တဲ့သူတွေလဲရှိပါတယ်။

သူတို့မှာ တခြားစိတ်ရောဂါနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေမရှိပဲ အပြောအဆို၊ အပြုအမူတွေကလဲ ပုံမှန်ဖြစ်နေတတ်တဲ့အတွက် စိတ်ရောဂါကြောင့် ဖြစ်တယ်လို့ မယူဆပါဘူး။ ဒါတွေကျ paranormal ပိုင်းရောက်သွားပါပီ။

အဲလိုစိတ်ရောဂါနဲ့ဆက်စပ်တဲ့ လက္ခဏာတွေဖြစ်လာရင် ရုပ်ပို​​င်းရောဂါတခုခုကြောင့် ဖြစ်တာလား... ဒါမှမဟုတ် ...တခြားဆေးဝါးနဲ့ မူးယစ်ဆေးဝါးတွေကြောင့် ဖြစ်တာလားဆိုတာ ထပ်ဆန်းစစ်ပါတယ်။

🐉 နဂါးပူးတဲ့ ဖြစ်စဥ်တွေကြည့်လိုက်ရင် ရေနဲ့ပက်ဖြန်းနေတာ...အချိုရည်တိုက်တာ...လှုံဆော်တဲ့အာရုံဖြစ်စေနိုင်တဲ့ အားပေးတာ ဗုံတီးတာစတဲ့အရာတွေ တွေ့ရပါတယ်။ အဲအချိုရည်၊ ရေတွေ၊ ရေမွှေးတွေမှာ Hallucinogen လို့ခေါ်တဲ့ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ မူးယစ်ဆေးဝါးတွေ ပါဝင်နေလားဆိုတာ ဆန်းစစ်ကြည့်ရပါမယ်။

ပါဝင်နေခဲ့ရ​င်​တော့ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ် ဆေးဝါးတွေကြောင့်ဖြစ်တာလို့ သတ်မှတ်ရပါမယ်။

🐉 နောက်တဆင့်က အဲရောဂါလက္ခဏာတွေခံစားနေရတာကြောင့် ပညာရေး၊ လှုမှုရေး၊ စီးပွားရေးတွေ ထိခိုက်​​​မှု ရှိသလားဆိုတာ ဆန်းစစ်ပါတယ်။ ထိခိုက်မှုရှိနေရင်တော့ စိတ်ရောဂါဖြစ်နိုင်ဖို့များပါတယ်။

အခုပြောခဲ့တဲ့အချက်တွေ ဆန်းစစ်ကြည့်လို့ ကိုက်ညီတာတခုမှ မတွေ့ရင် စိတ်ရောဂါတမျိုးမဟုတ်ဘဲ နဂါးပူးခြင်းဖြစ်စဥ်လို့ ယူဆပါမယ်။

🐉 ဒီနေရာမှာလဲ နဂါးပူးတာတကယ်လား၊ ဟန်ဆောင်တာလားဆိုတာ ဆုံးဖြတ်ရပါမယ်။

🐉 Personal gain လို့ခေါ်တဲ့ အကျိုးအမြတ်တခုရချင်လို့ ရောဂါဖြစ်ဟန်ဆောင်တာမျိုးကို Malingering လို့ခေါ်ပါတယ်။

ကျောင်းမတက်ချင်လို့ ခွင့်တိုင်လို့ရအောင် ခေါင်းထိုးကိုက်တာ ဗိုက်အရမ်းအောင့်တာ စတဲ့ လက်ဆုပ်လက်ကိုင်ပြမရတဲ့ လက္ခဏာတွေ ဖြစ်ချင်ယောင်ဆောင်တာမျိုးပေါ့။

နဂါးပူးတဲ့ဖြစ်စဥ်ဖြစ်ပြီးနောက်ပိုင်း သိသာတဲ့အကျိုးအမြတ်ရသွားတယ် ဆိုရင် Malingering လို့ ယူဆနိုင်ပါတယ်။

🐉 အကျိုးအမြတ်ရလိုလို့လဲမဟုတ် စိတ်ရော​​ဂါကြောင့်လဲမဟုတ်ဘူးဆိုရင်တော့ တကယ်ဝင်ပူးတဲ့ Spirit Possession ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဖတ်ဖူးသလောက်ပြန်စဥ်းစားကြည့်တော့ နဂါးပူးတယ်ဆိုတာ မဖတ်ဖူးဘူး။

🐉 ဘုရားရှင်လက်ထက်မှာ နဂါးတွေက ကုသိုလ်လိုချင်လို့ လူယောင်ဖန်ဆင်းပြီး ဥပုသ်သီလဆောက်တည်တာဖတ်ရတယ်။ တချို့ဆို ရဟန်းခံကြပြီး ညအိပ်ချိန်မှာ သရုပ်မှန်နဂါးပုံစံပြန်ဖြစ်မှ သိကြတာတွေရှိတယ်။ ဒါကြောင့်လဲ နဂါးတွေ ရဟန်းဝတ်တာ တားမြစ်တဲ့အနေနဲ့ ပဥ္ဇင်းတက်ရင် သိမ်ဝင်ချိန်မှာ နဂါးမျိုးနွယ်ဟုတ်မဟုတ်မေးခံရပါတယ်။

တချို့လဲ နဂါးနဲ့ လူတွေ ချစ်ကျွမ်းဝင်ကြတဲ့ မောင်ပေါက်ကျိုင်းပုံပြင်လိုမျိုးတွေ ဖတ်ဖူးပါတယ်။ နဂါးက လူကိုဝင်ပူးတဲ့ ဖြစ်ရပ်ကိုတော့ မဖတ်ဖူးဘူး။

🐉 တခြားspirit possession တွေဖြစ်တဲ့ ဘိုးမင်းခေါင်နာမ်ကိန်းတာ...အသတ်ခံရသူဝိညာဥ်ဝင်ပူးပြီး မူခင်းဖော်ထုတ်တာ...ဖုတ်ဝင်ပြီး အစားသောင်းကျန်းတာ စတဲ့ဖြစ်စဥ်တွေတော့ ကြားဖူးဖတ်ဖူးတယ်။

ဒါတွေ ထောက်ကြည့်ပြီး Personal Opinion ပြောရရင်တော့ နဂါးပူးတဲ့ဖြစ်ရပ်က Spirit Possession အစစ်မဟုတ်နိုင်သလို စိတ်ရောဂါကြောင့် ဖြစ်တယ်လို့လဲမယူဆပါဘူး။

🐉 မူးယစ်ဆေးဝါး​ကြောင့် သို့ Malingering ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

ဒါကတော့ လက်လှမ်းမီသလောက် မြင်ရတွေ့ရတဲ့ video တွေကိုကြည့်ပြီး သုံးသပ်ကြည့်တာပါ။ ကိုယ့်သုံးသပ်ချက်က လုံးဝ မှန်တယ်လို့တော့ မဆိုလိုပါဘူး။

🐉 စိတ်ပိုင်းဆိုင်ရာကိစ္စတွေက လက်ဆုပ်လက်ကိုင်ပြလို့နိုင်တဲ့အတွက် စိတ်ရောဂါဟုတ်၊ မဟုတ် သတ်မှတ်နိုင်ဖို့ သတ်မှတ်ထားတဲ့အချက်အလက်တွေနဲ့ ကိုက်ညီမှုရှိ မရှိကို အချိန်တခုပေးပြီး စောင့်ကြည့်လေ့လာရပါတယ်။ ဒါကြောင့် တချို့စိတ်ရောဂါတွေမှာဆိုရင် mental health assessment တကြိမ်လုပ်ပြီးရုံနဲ့ ရောဂါအမည်မတပ်ကြသေးတာပါ။

ဒီလောက်ဆိုရင် Mental Health Assessment လုပ်ပုံကို ရင်းနှီးသွားပြီလို့ ယူဆပါတယ်။ တချို့က စိတ်ကျန်းမာရေးစစ်ဆေးတာ ဘယ်လိုလုပ်လဲ ဘာတွေမေးလဲ မသိဘူးဆိုပြီး စိုးရိမ်တတ်လို့ ကြုံကြိုက်တုန်းရေးပြတာပါ။

🐉 ဒီလိုသုံးသပ်ပြတာကလဲ မည်သူတဦးတယောက်ကို နစ်နာစေလိုစိတ်ကြောင့် မဟုတ်ပါဘူး။ ဗဟုသုတရဖို့သာ ရည်ရွယ်ပါတယ်။

Spirit Possession အမျိုးအစားတွေ ရေးတဲ့အခါ ပိုနားလည်လွယ်အောင်လို့ စာဖတ်သူတို့မှာ ဝိညာဥ်ပူးတာနဲ့ပတ်သတ်တဲ့အတွေ့အကြုံရှိရင် ရေးပြခဲ့ကြပါဦး။

Photo Credit: ပုံတင်တဲ့မူရင်းပိုင်ရှင်ကို credit ပေးပါတယ်။

🖋 Written by Dr. Htein Linn Aung

📌 Page တွင် တင်ထားသော စိတ်ကျန်းမာရေးစာစုများကို အောက်ပါလင့်မှတဆင့် ဖတ်နိုင်ပါသည်။

https://www.facebook.com/100201764938211/posts/563069111984805/

■ ကိုယ်တိုင်ပဲဖြစ်ဖြစ်..ကိုယ်ချစ်ခင်တဲ့သူ တဦးဦးပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ​တွန့်ဆုတ်မနေပါနဲ့။

■ ဆွေးနွေးတိုင်ပင်ဖို့ မလိုသေးပါဘူး၊ ဆွေးနွေးရတာ ရှက်စရာကြီးလို့လဲ မတွေးပါနဲ့။ စောစောကုသမှု ခံယူလေ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေနဲ့ စောစောကင်းလွတ်လေ ဆိုတာ အမှတ်ရပါ။

■ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစွာနဲ့ သေချာအချိန်ပေးပြီး နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပေးတဲ့ စိတ်ကျန်းမာရေးအထူးကုတွေနဲ့ တိုင်ပင်ဖို့ အခက်အခဲကြုံနေရရင် Hepta Mental Health Clinic က ကူညီပေးနိုင်ပါတယ်ခင်​ဗျ။

■ ဆွေးနွေးလိုလျင် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူလို့ရပါတယ်ခင်ဗျာ။

#စိတ်ကျန်းမာရေးဆေးခန်း

04/09/2023

#စိတ်ရောဂါတွေဘာကြောင့်ဖြစ်တာလဲအပိုင်း၂

စိတ်ရောဂါဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းခံတွေ မရှိပေမဲ့ တခြားအကြောင်းရင်းတွေကြောင့်လဲ စိတ်ရောဂါတွေ ခံစားရတတ်ပါတယ်။

စက်ရုံကနေ ဖုန်းတွေကို RAM, Memory, CPU ပမာဏ အတူတူနဲ့ စွမ်းဆောင်ရည်အတူတူ ထုတ်လိုက်ပေမဲ့ ထည့်သွင်းတဲ့ apps တွေ…Virus ဝင်တာ... ဖုန်းပိုင်ရှင်ရဲ့ ကိုင်တွယ်အသုံးပြုပုံ စတာတွေ ပေါ်မူတည်ပြီး ဖုန်းတလုံးနဲ့ တလုံး စွမ်းဆောင်ရည်နဲ့ ကြာရှည်အသုံးခံမှုတွေ ကွာခြားသွားပါတယ်။

အဲလိုပဲ မွေးလာတုန်းက ကိုယ်အင်္ဂါအစုံအလင်နဲ့ ရောဂါကင်းပြီး မွေးဖွားလာကြတာချင်းတူပေမဲ့ ပြုစုပျိုးထောင်ပေးတဲ့မိဘ နဲ့ ဖြတ်သန်းရတဲ့ဘဝ အတွေ့အကြုံတွေပေါ်မူတည်ပြီး လူတယောက်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ စိတ်ရောဂါဖြစ်နိုင်ခြေတွေ ကွာသွားပါတယ်။

ဒီအပိုင်းမှာ အဲလိုဖြစ်စေတတ်တဲ့ အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားပါ့မယ်။

(၁) ငယ်စဉ်ကလေးဘဝတွင် ဆိုးရွားသည့် အတွေ့အကြုံများခံစားခဲ့ရခြင်း (Childhood Adversity)

ကလေးဘဝတုန်းက အသက်အန္တရာယ်ဖြစ်လောက်တဲ့ (သို့) အလွန်အမင်းစိတ်ထိခိုက်ရလောက်တဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေကို ကြုံတွေ့ခဲ့ရတဲ့ တချို့လူတွေမှာ အဲအကျိုးဆက်ကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်းကျန်းမာရေးထိခိုက်စေတာတွေ ဖြစ်တတ်ပါတယ်။

ဆိုးရွားတဲ့ အဖြစ်အပျက်ဆိုတာက ကလေးအရွယ်မှာ မိဘကွယ်လွန်တာ၊ အိမ်ထောင်ကွဲတာ၊ စီးပွားပျက်တာ၊ ကျောင်းမှာ အနိုင်ကျင့်ခံရတာ၊ အိမ်တွင်းအကြမ်းဖက်မှုခံရတာ၊ ရုပ်ပိုင်း...စိတ်ပိုင်း...လိင်ပိုင်းအကြမ်းဖက်မှုခံရတာ၊ မိသားစုဝင်တွေ မကြာခဏ အကြီးအကျယ် ရန်ဖြစ်တတ်တာ၊ မိဘအုပ်ထိန်းမှုပုံစံတွေ လွဲမှားတာ စတဲ့အဖြစ်အပျက်မျိုးတွေ ဖြစ်ပါတယ်။

ဆွေးနွေးတဲ့သူတွေကို mental health assessment လုပ်တဲ့အခါ ငယ်စဉ်ကလေးအရွယ်တုန်းက ဂရုမစိုက်ဘဲ လျစ်လျူရှုခံရတာ... ချုပ်ချယ်လွန်းပြီး အရွယ်နဲ့မမျှအောင် ကြမ်းကြမ်း တမ်းတမ်း အရိုက်ခံရတာ...မွေးချင်းများတဲ့သူတွေမှာ မိဘတွေက မျှမချစ်တတ်တော့ တယောက်ထဲကို အချစ်ပိုပြီး ကျန်တဲ့ကလေးတွေကို ခွဲခြားဆက်ဆံခံခဲ့ရတာမျိုးတွေကို မကြာခဏတွေ့ရပါတယ်။ ဒါတွေက လွဲမှားတဲ့ မိဘအုပ်ထိန်းမှုပုံစံတွေပါ။ အဲလိုလူတွေမှာ သိမ်ငယ်စိတ်၀င်တာ၊ စိုးရိမ်စိတ်လွန်ကဲတာ၊ စိတ်ဓါတ်ကျတာတွေ ဖြစ်တတ်ပါတယ်။

ဥပမာ - ကလေးဘဝ နို့ဆာချိန်၊ အနှီးစိုချိန်လို သက်သောင့်သက်သာမဖြစ်လို့ ငိုတဲ့အခါ မိဘတွေရဲ့ ဂရုစိုက်ပြုစုခြင်း မခံရဘဲ လျစ်လျူရှုခံရတဲ့ကလေးဟာ သူ့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာမခံရလို့ ပတ်ဝန်းကျင်ကို ယုံကြည်အားကိုးစိတ်လျော့တာ...သံသယစိတ်၀င်တာ...အဆိုးမြင်တာတွေ ဖြစ်လာတတ်ပါတယ်။

မိဘတွေရဲ့ချစ်ခြင်း၊ ဂရုစိုက်ခြင်းမခံရဘဲ...ခွဲခြားဆက်ဆံခံရတဲ့ကလေးတွေက ကြာလာတော့ “ငါချစ်စရာမကောင်းလို့” “အဖိုးတန်တဲ့သူမဟုတ်လို့ အခုလိုဆက်ဆံခံရတာပဲ” ဆိုပြီး အတွေးဝင်သွားပြီး သိမ်ငယ်စိတ်ဝင်တာ...ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုအားနည်းသွားတတ်ပါတယ်... ကိုယ့်ရဲ့ဆန္ဒတွေကို မျိုသိပ်ပြီး မိဘတွေ အလိုအတိုင်း အိမ်ရဲ့အချစ်တော်ရဲ့ဆန္ဒတွေကို ဦးစားပေးရပါများတဲ့အခါ နောက်ပိုင်းကျ ကိုယ်ဘာလိုချင်တာလဲ ငါဘာလဲဆိုတာမျိုးပါ ပြတ်ပြတ်သားသားမသိတာတွေ ဖြစ်လာတတ်ပါတယ်။

(၂) ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ စရိုက် (Personality Traits)

တချို့အကျင့်စရိုက်တွေကလဲ စိတ်ရောဂါဖြစ်နိုင်ခြေများစေပါတယ်။

ဘယ်လိုအကျင့်စရိုက်တွေလဲဆိုတော့ ....

စိတ်ဖိစီးစရာတွေကြုံလာရင် ပြဿနာရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားဘဲ အဲကိစ္စကိုပဲ ထပ်ခါထပ်ခါတွေးနေတတ်တာ....

တခုခုဆို စိုးရိမ်စိတ်လွန်ကဲတတ်တာ...

စံသတ်မှတ်ချက်တွေမြင့်လွန်းပြီး စိတ်တိုင်းမကျနိုင်ဘဲ အရာရာကို အမှားအယွင်းအတိမ်းစောင်းမခံဘဲ ပြီးပြည့်စုံအောင် လုပ်တတ်တာ....

အရှက်အကြောက်ကြီးပြီး လူတွေကို ရှောင်တတ်တာ...

ထိန်းချုပ်မှုမရှိဘဲ ရေတိုစိတ်ချမ်းသာမှုအတွက် ဆန္ဒပေါ်တိုင်း ထလုပ်တတ်တာ...

ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်မလုပ်ဘဲ တခြားသူကို အားကိုးလွန်းတတ်တာ...စတဲ့အကျင့်တွေ ရှိနေတဲ့သူတွေမှာ စိုးရိမ်စိတ်လွန်ကဲသည့်စိတ်ရောဂါ၊ အရက်မူးယစ်ဆေးစွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။

(၃) သီးသန့် တယောက်ထဲနေခြင်း (Social Isolation)

အကြောင်းအမျိုးမျိုးကြောင့် လူတွေနဲ့ ရင်းရင်းနှီးနှီးမနေတတ်တဲ့သူတွေ... အပေါင်းအသင်းမလုပ်ဘဲ တ‌ယောက်ထဲ နေတတ်တဲ့သူတွေ ရှိပါတယ်။

အဲဒီအခါ အခက်အခဲကြုံလာရတဲ့အခါ ရုပ်ပိုင်း၊ စိတ်ပိုင်းအားပေးကူညီမဲ့သူ နည်းပြီး ပိုစိတ်ဖိစီးရတတ်ပါတယ်။ ကြာလာရင် အထီးကျန်ဆန်ပြီး စိတ်ကျရောဂါတွေ ဖြစ်တတ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာဆိုရင် သိမြင်မှုတွေယိုယွင်းကျဆင်းပြီး Dementia ရောဂါတွေ ဖြစ်နိုင်ခြေပိုများလာပါတယ်။

ဒါကြောင့် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းထားတာ...မိတ်ဆွေတွေနဲ့ အဆက်အဆံမပျက်နေတာ...သာရေး နာရေးတွေ တွေ့ဆုံပွဲတွေ သွားတာတွေ လုပ်သင့်ပါတယ်။

(၄) စိတ်ဖိစီးမှုခံနိုင်စွမ်း အားနည်းခြင်း (Stress Vulnerability)

တချို့ ကြံ့ခိုင်မှုအားနည်းတဲ့သူတွေ ရာသီဥတုအပြောင်းအလဲနည်းနည်းဖြစ်တာနဲ့ ဒဏ်မခံနိုင်ဘဲ နှာစေးချောင်းဆိုးဖြစ်တတ်သလိုပဲ...

စိတ်ကြံ့ခိုင်မှုအားနည်းတဲ့သူတွေမှာလဲ စိတ်ဖိစီးစရာကိစ္စနည်းနည်းကြုံတာနဲ့ ဒဏ်မခံနိုင်ဘဲ အလွန်အမင်းစိတ်ဖိစီးတတ်တဲ့သူတွေ ရှိပါတယ်။

တခြားသူတွေအတွက် ပေါ့ပေါ့ပါးပါးပြီးသွားတဲ့ ကိစ္စရပ်တွေက သူတို့အတွက် အတော်ရုန်းကန်အားထုတ်ရပြီးမှ ပြီးတတ်ပါတယ်။ ဒါကြောင့် ရေရှည်မှာ ခြေကုန်လက်ပန်းကျပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းရောဂါတွေ ၀င်လာတတ်ပါတယ်။

ဒီလိုလူတွေက စိတ်ဖိစီးစရာကြုံလာတဲ့အခါ ဖြစ်လာတတ်တဲ့ မိမိရဲ့ ရုပ်ပိုင်းတုံ့ပြန်မှု၊ စိတ်ပိုင်းတုံ့ပြန်မှုတွေကို နားလည်အောင် လုပ်ပြီး ထိန်းချုပ်နိုင်အောင် လေ့ကျင့်ဖို့ လိုအပ်ပါတယ်။

(၅) အဆိုးလောကဓံများ ကြုံတွေ့ရခြင်း (Stressful Life Events)

လူရယ်လို့ဖြစ်လာရင် အကောင်း၊ အဆိုးလောကဓံတွေကို ကြုံတွေ့ရပါတယ်။ အရမ်းဆိုးရွားတဲ့ လောကဓံတွေဆိုတာကတော့ အလုပ်ပြုတ်တာ၊ စီးပွားပျက်တာ၊ အိမ်ထောင်ကွဲတာ၊ တန်ဖိုးထားတဲ့ အရာဝတ္တုတွေ ဆုံးရှုံးရတာ၊ ကိုယ်ချစ်ခင်ရတဲ့ လူတွေ...တိရိစ္ဆာန်လေးတွေ သေဆုံးတာ၊ ရောဂါကြီးကြီးမားမားရတာ၊ ထောင်ကျတာ၊ သေလောက်တဲ့ဘေးအန္တရာယ်ကြုံတွေ့ရတာ စတဲ့ဖြစ်ရပ်မျိုးတွေပါ။

အဲလိုတွေကြုံရပြီးတဲ့နောက်ပိုင်းမှာ စိတ်ကျရောဂါ...ဒဏ်ရာလွန်စိတ်ဖိစီးမှုရောဂါ...စိုးရိမ်စိတ်လွန်ကဲတဲ့ ရောဂါ အစရှိတဲ့ စိတ်ရောဂါတွေ ခံစားလာရတတ်ပါတယ်။

ဒါကြောင့် အဲလိုအချိန်ကာလမှာ စိတ်ကျန်းမာရေးကို ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ်တ‌ယောက်ထဲ ဒီလိုဖြစ်ရပ်ဆိုးတွေ ကြုံတွေ့ရတာမဟုတ်ဘဲ တခြားသူတွေလဲ ကြုံရတတ်တယ်ဆိုတာ နှလုံးသွင်းနိုင်ဖို့ လိုပါတယ်။

(၆) ကျန်းမာရေးနဲ့မကိုက်ညီတဲ့ စိတ်ဖိစီးမှုဖြေရှင်းသည့် နည်းလမ်းများသုံးခြင်း (Unhealthy Coping Mechanisms)

စိတ်ပိုင်းဆိုင်ရာ ပြဿနာကြုံရတဲ့သူတွေကို ကြည့်လိုက်ရင် စိတ်ဖိစီးစရာကိစ္စတွေကြုံလာတဲ့အခါမှာ ထိထိရောက်ရောက် မဖြေရှင်းတတ်ကြတဲ့အပြင် ကိုယ်ရောစိတ်ပါ အပန်းပြေစေမဲ့ အပန်းဖြေနည်း (Relaxation) မျိုး မလုပ်တတ်ကြတာလဲ တွေ့ရပါတယ်။ အပန်းပြေမယ်ထင်ပြီး နည်းလမ်းမှားတွေ သုံးမိကြတော့ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာပြီး ကြာလာတဲ့အခါ စိတ်ရောဂါတွေ ၀င်လာတတ်ပါတယ်။

စိတ်ညစ်လို့ အရက်သောက်၊ မူးယစ်ဆေးသုံးစွဲလိုက်တာတွေ...အစားအများကြီးစားလိုက်တာ... စိတ်မထိန်းနိုင်ဘဲ မလိုအပ်တဲ့ ပစ္စည်းတွေ လျောက်၀ယ်ပစ်တာ…Screen Time အလွန်အကျွံသုံးတာ...ဂိမ်း၊ Series…Social media တွေကို အကြာကြီးသုံးတာမျိုး…ပြဿနာကို မေ့ထားချင်လို့ အလုပ်တွေအများကြီး ပိုလုပ်တာ…ကိုယ့်ကိုယ်ကိုယ်နာကျင်အောင် လုပ်တာမျိုးတွေက Unhealthy coping mechanisms တွေပါ။

ဒါကြောင့် စိတ်ဝေဒနာတွေမခံစားရအောင် စိတ်ဖိစီးစရာကိစ္စတွေကို ထိထိရောက်ရောက်ဖြေရှင်းနိုင်တဲ့ နည်းတွေ (Healthy Coping Mechanisms)၊ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အပန်းဖြေနည်း (Relaxation Techniques) တွေကို လေ့လာထားသင့်ပါတယ်။

(၇) စည်းလုံးမှုပြိုကွဲပြီး ကူညီထောက်ပံ့မှုမရှိတဲ့ မိသားစုတည်ဆောက်မိခြင်း (Dysfunctional Family)

တချို့မိသားစုတွေက သွေးချင်းနီးပေမဲ့ စိတ်ချင်း‌ဝေးတဲ့ မိသားစုတွေ ရှိပါတယ်။ အချင်းချင်းမစည်းလုံးတာ...မကြာခန ရန်ဖြစ်တာ...တ‌‌‌ယောက်နဲ့တယောက်မယုံကြည်ကြတာ... အကူအညီလိုတဲ့အခါ ကူညီဖော်မရတာ...Privacy မရှိတာ...ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ ဆက်ဆံပြောဆိုလို့ မရတာ...အိမ်တွင်းအကြမ်းဖက်မှုတွေ...မိသားစု၀င်ထဲမှာ အရက်မူးယစ်ဆေးစွဲပြီး တခြားသူတွေ စိတ်ဆင်းရဲအောင် လုပ်တဲ့သူ ရှိနေတာ...စတဲ့အချက်တွေက စိတ်ရောဂါတွေ နဲ့ဆက်စပ်နေပါတယ်။

(၁၀) စီးပွားရေးဆိုင်ရာအချက်များ

လေ့လာမှုတွေအရ စိတ်ရောဂါတွေက ဆင်းရဲတဲ့နိုင်ငံတွေမှာ အဖြစ်များလေ့ရှိပါတယ်။

ဆင်းရဲတဲ့အခါ ကျန်းမာအောင် အဟာရပြည့်ပြည့်၀၀မစားနိုင်တာ...ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ပတ်၀န်းကျင်မှာ မနေရတာ...စားဝတ်နေ‌ရေးအတွက် ရုန်းကန်နေရပြီး စိတ်ဖိစီးမှုပိုများတာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အလုပ်လက်မဲ့ဖြစ်တာ...၀င်ငွေနည်းတာ...အကြွေးထူတာ...ပညာအရည်အချင်းနိမ့်တာ...လူနေမှုအဆင့်အတန်းနိမ့်ကျတာ (လေ၀င်လေထွက်မကောင်းတာ၊ အလင်းလုံလုံလောက်လောက်မရတာ၊ personal space ကျဥ်းတာမျိုး) စတာတွေကလဲ စိတ်ရောဂါတွေနဲ့ဆက်စပ်မှုရှိတာကို လေ့လာမှုတွေအရ တွေ့ရပါတယ်။

(၁၁) ယဥ်ကျေးမှုဓလေ့ထုံးတမ်းစဥ်လာများ

နိုင်ငံအလိုက် ယဥ်ကျေးမှုထုံးတမ်းစဥ်လာတွေက ကွဲပြားကြပါတယ်။ ယဥ်ကျေးမှုအလိုက် တွေ့ရတတ်တဲ့ ထူးခြားတဲ့ စိတ်ရောဂါအမျိုးအစားတွေ ရှိပါတယ်။ အဲတာကို Culture Bond Syndrome လို့ခေါ်ပါတယ်။ စိတ်၀င်စားရင် စာစုများစုစည်းမှု လင့်မှာ ရှာဖတ်လို့ရပါတယ်။

လိင်ခွဲခြားဆက်ဆံတတ်တဲ့ Gender Discrimination အသိုင်းအဝိုင်း၊ သမီးထက် သားကို ပိုဦးစားပေးတတ်တဲ့ အသိုင်းအ၀ိုင်းမျိုးမှာဆိုရင်လဲ အမျိုးသမီးတွေက ပိုပြီး စိတ်ဖိစီးမှုကြုံရတတ်သလို စိတ်ရောဂါပိုခံစားရတတ်ပါတယ်။

ဒါတွေကတော့ စိတ်ရောဂါဖြစ်စေတတ်တဲ့ အကြောင်းအရင်းတွေပါ။ ဘာကြောင့် ဒီပို့စ်ရေးရလဲဆိုတော့ တချို့က စိတ်ရောဂါဆိုတာ ဝဋ်နာကံနာ ၊ အတိတ်က အကုသိုလ်လုပ်ခဲ့လို့ ဝဋ်ခံနေရတာ၊ ဆေးကုသလို့မပျောက်ဘူး၊ လူတိုင်းဖြစ်နိုင်တယ်လို့ မတွေးဘဲ အကျင့်မကောင်းလို့ ဖြစ်ရတာလို့ ယူဆတတ်ကြတော့ မဖြစ်သင့်တဲ့ ဆိုးကျိုးတွေ၀င်ပြီး ဒုက္ခရောက်ကြပါတယ်။

အခုပြောခဲ့တဲ့အကြောင်းအရာတွေ ဖတ်ကြည့်လိုက်ရင် အကြောင်းအရင်းအတော်များများက မစိမ်းဘဲ ပတ်၀န်းကျင်မှာ ကြုံဖူးကြားဖူးနေကျ အဖြစ်အပျက်တွေဆိုတာ သတိထားမိမှာပါ။ ဒီအရာတွေက စိတ်ကြံ့ခိုင်နေချိန်မှာတော့ ဘာမဖြစ်ပေမဲ့ စိတ်ကြံ့ခိုင်မှုအားနည်းသွားချိန်မှာတော့ စိတ်ရောဂါ၀င်လာစေနိုင်ပါတယ်။

ဒါကြောင့် စိတ်ရောဂါတွေဆိုတာ ရှက်ကြောက်စရာမဟုတ်သလို ကိုယ်လဲ တချိန်ကြုံတွေ့လာနိုင်တယ်ဆိုတာ သတိထားဆင်ခြင်ပြီး စိတ်ဓါတ်ကြံ့ခိုင်အောင်နေထိုင်တာ၊ စိတ်ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အတွေးပုံစံ (Thinking Style) လူနေမှုဘဝပုံစံ (Lifestyle) ပြောင်းတာတွေ လုပ်ကြဖို့ အကြံပြုရေးသားလိုက်ပါတယ်။

🖋 Written by Dr. Htein Linn Aung

📌 Page တွင် တင်ထားသော စိတ်ကျန်းမာရေးစာစုများကို အောက်ပါလင့်မှတဆင့် ဖတ်နိုင်ပါသည်။

https://www.facebook.com/100201764938211/posts/563069111984805/

■ ကိုယ်တိုင်ပဲဖြစ်ဖြစ်..ကိုယ်ချစ်ခင်တဲ့သူ တဦးဦးပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ​တွန့်ဆုတ်မနေပါနဲ့။

■ ဆွေးနွေးတိုင်ပင်ဖို့ မလိုသေးပါဘူး၊ ဆွေးနွေးရတာ ရှက်စရာကြီးလို့လဲ မတွေးပါနဲ့။ စောစောကုသမှု ခံယူလေ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေနဲ့ စောစောကင်းလွတ်လေ ဆိုတာ အမှတ်ရပါ။

■ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစွာနဲ့ သေချာအချိန်ပေးပြီး နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပေးတဲ့ စိတ်ကျန်းမာရေးအထူးကုတွေနဲ့ တိုင်ပင်ဖို့ အခက်အခဲကြုံနေရရင် Hepta Mental Health Clinic က ကူညီပေးနိုင်ပါတယ်ခင်​ဗျ။

■ ဆွေးနွေးလိုလျင် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူလို့ရပါတယ်ခင်ဗျာ။

#စိတ်ကျန်းမာရေးဆေးခန်း

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Telephone

Website

Address


215, Thiri Mingalar Road, Ywarma East Ward, Insein Township
Yangon
11011

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Other Counseling & Mental Health in Yangon (show all)
Olor Olor
အမှတ် ၂၆၊ ဗဟန်း ၁ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
Yangon

Mind Matters -Rx Pharmacy, Polyclinic and Diagnostics Mind Matters -Rx Pharmacy, Polyclinic and Diagnostics
Gousia Colony Bemina Srinagar , Gousia Masjid Road
Yangon, 190018

Neuropsychiatry, Psychotherapy and Drug Deaddiction... A Holistic Approach to Mental Health

Lin Yaung Chi Oo-Mental Health Specialist Clinic & Counselling Center Lin Yaung Chi Oo-Mental Health Specialist Clinic & Counselling Center
Corner Of Anawrahta Road, And Sule Pagoda Road
Yangon, 11182

Mental health specialist clinic, Drug and Alcohol Treatment, Counseling Center

Henry - I'm with you Henry - I'm with you
Yangon
Yangon

Purposeing for someone who was needed to support mental health.

အေးရိပ်ငြိမ် စိတ်ကျန်းမာရေး ဆေးရုံ အေးရိပ်ငြိမ် စိတ်ကျန်းမာရေး ဆေးရုံ
အမှတ်(၇၁၈)၊ ကနောင်မင်းသားကြီးလမ်း၊ ၁၁၈ ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်
Yangon

NYEIN-Counseling&Empowerment NYEIN-Counseling&Empowerment
Yangon

Let me be with you “လုံခြုံစိတ်ချရင်ဖွင့်ပါ သင်နဲ့အတူရှိနေမှာ"

သုခ ျျျျျျပည့္ဝ သုခ ျျျျျျပည့္ဝ
YanKin Street
Yangon

မြန်မာ့တိုင်းရင်းဆေးဝါး

Dr.PSYCH Dr.PSYCH
Yangon, 11011

A team of psychiatrists offering a personalized approach to each individual to meet your need

Khaing Thin Wai Khaing Thin Wai
Thila Street
Yangon

#ရွှေဆား အပူအဆိပ်ထုပ် ခြေရေစိမ်ဆား

Ko Kyaw Gyi Toy Shop Ko Kyaw Gyi Toy Shop
Yangon
Yangon, YANGON

Toy’ လူကြီးကစားစရာမျိုးစုံ