Lin Yaung Chi Oo-Mental Health Specialist Clinic & Counselling Center

Mental health specialist clinic, Drug and Alcohol Treatment, Counseling Center

24/12/2023

🎄🎄Merry Christmas to you all🎄🎄

(25.12.2023) ခရစ်စမတ်နေ့လေးမှာ မင်မင်တို့ဆေးခန်းလေးတစ်ရက်ပိတ်ပါတယ်ရှင့်

26/11/2023

📢ဆေးခန်းပိတ်ရက်ကြေငြာခြင်း

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက် "တန်ဆောင်မုန်းလပြည့်နေ့"တွင် မင်မင်တို့ရဲ့ဆေးခန်းလေးတစ်ရက်ပိတ်မည်ဖြစ်ပါကြောင်းကြိုတင်အသိပေး​အပ်ပါတယ်ရှင့်
မိဘပြည်သူအပေါင်းလည်း ကျန်းမာရွှင်လန်းပြီး ဘေးဘယာတွေကင်းဝေးကြပါစေကြောင်း လင်းရောင်ခြည်ဦးမိသားစုမှ ဆုမွန်ကောင်းလေးတောင်းလိုက်ပါတယ်ရှင့်🙏🙏🙏

#တန်ဆောင်မုန်းလပြည့်နေ့

22/11/2023

ဆေးခန်းဖုန်း ☎️09406881133 ဖုန်းအားပုံမှန်အတိုင်း ပြန်လည်ဆက်သွယ်လို့ရသွားပါပြီနော် ဆေးခန်းပြသဖို့ appointment လေးယူဖို့အတွက်ကိုလည်း တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းလေးပါး လိုက်ပါတယ်ရှင့် 📣
ကြားကာလအတွင်းအဆင်မပြေမှုများရှိခဲ့ပါကလည်း မင်မင်တို့ဘက်ကအနူးညွတ်တောင်းပန်အပ်ပါတယ်ရှင့်🙏

11/11/2023

မင်မင်တို့ Lin Yaung Chi Oo-Mental Health Specialist Clinic & Counselling Center ၏☎️09406881133 sim card ပါဆေးခန်းဖုန်းအား ခါးပိုက်နှိုက်ခံလိုက်ရပါသောကြောင့် ၎င်းဖုန်းနံပါတ်ဖြင့်ဒီရက်ပိုင်း ဆက်သွယ်လာပါကမင်မင်တို့နဲ့လုံးဝ ❌သက်ဆိုင်မှုမရှိပါကြောင်း❌ ကြိုတင်အသိပေးလိုက်ရပါတယ်ရှင့်

ဒီရက်ပိုင်းဆေးခန်းပြသရန် appointment ယူလိုပါက လင်းရောင်ခြည်ဦးဆေးရုံ (မြောက်ဒဂုံ)ဖုန်း-09444567811 သို့ဆက်သွယ်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်ရှင့်🙏

17/09/2023

စိတ်ကျန်းမာရေး ပြဿနာတစ်ခုခုနဲ့ သင်ရင်ဆိုင်နေရပြီလား………
စိတ်ကျန်းမာရေးရောဂါဟာ အရမ်းကျယ်ပြန့်ပြီး ရှုပ်ထွေးပါတယ်။ များသောအားဖြင့် စိတ်ကျန်းမာရေးလို့ဆိုလိုက်ရင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖီစီးခြင်း၊ စိတ်အစွဲအလန်းကြီးခြင်း တို့ကို နှစ်ရှည်လများ ခံစားလာရာမှ နေ့စဉ်ဘဝ ကိုပါထိခိုက်စေနိုင်ပြီး ကုသမှု ခံယူဖို့ လိုအပ်လာသည်အထိဖြစ်နိုင်ပါတယ်။

သင့်ရဲ့ စိတ်ကျန်းမာရေး ဆိုးရွားလာပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ 🤔🤔

သင်ဟာ စိတ်အတက်အကျမြန်သူ၊ စိတ်ဖိစီးမှု အမြဲခံစားနေရသူဖြစ်ပြီး အောက်ပါလက္ခဏာများ ခံစားရပါက စိတ်ကျန်းမာရေးဆရာဝန်နှင့် သွားရောက်ပြသဖို့လိုပြီး ကုသမှုခံယူသင့်ပါတယ်။

😔 စိတ်ပျော်ရွင်မှုလုံးဝမရှိတော့ပဲ လက်ရှိဘဝကြီးကို မနေပျော်တော့တဲ့ခံစားမှုမျိုး အမြဲရနေခြင်း
😔 မိသားစုနှင့် ကတောက်ကဆ အမြဲဖြစ်လာခြင်း
😔 ချစ်သူ၊ရည်းစားနှင့်ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ဖြစ်စေ ပေါင်းသင်းဆက်ဆံရ ခက်ခဲလာခြင်း
😔 တယောက်ထဲ သီးသန့်ဖြစ်လာခြင်း
😔 ဆေးလိပ်၊ အရက်နှင့် မူးယစ်စေသော အရာများအပေါ် အလွန်အကျွံစွဲလန်းလာခြင်း
😔 အလုပ်အကိုင်များ လစ်ဟင်းလာခြင်း
😔 စီးပွါးရေး ထိခိုက်လာခြင်း
😔 မိမိကိုယ်ကို သတ်သေချင်စိတ် ခဏခဏ ဖြစ်ခြင်း၊ သတ်သေအောင် ကြံစည်ခြင်း
😔 မိမိပတ်ဝန်းကျင်မှ လူများအပေါ်အန္တရာယ်ပြုလာခြင်း
😔 နေမကောင်း ခဏခဏ ဖြစ်ခြင်း
😔 အစားအလွန်အကျွံစားခြင်း (သို့မဟုတ်) အစားစားချင်စိတ်မရှိခြင်း တို့ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးရောဂါဟာ လူ၅ယောက်မှာ ၁ယောက်တွေ့ရတတ်တဲ့ အထိ အဖြစ်များပါတယ်။ ယနေ့ခေတ်လို ယှဉ်ပြိုင်မှုတွေ များလာတဲ့ ခေတ်ကြီးမှာ စိတ်ကျန်းမာရေးဟာ အလွန်ကို အရေးကြီးတဲ့ အရာတခုဖြစ်လာပါတယ်။ ဒါ့ကြောင့် စိတ်ကျန်းမာရေးဆိုးရွားလာမှု မရှိအောင် ကာကွယ်ရမည့် နည်းလမ်းများကိုရှာဖွေသင့်ပါတယ်။ 🤗🤗

🤗 အိပ်ရေး ဝဝအိပ်ပါ
🤗 အစားပုံမှန်စားပါ
🤗 မိမိနှင့်ကိုးကွယ်ရာ ဘာသာရေး တရားများကို အချိန်ပေးလေ့လာပါ
🤗 ယောဂဆော့ပါ
🤗 မိမိစိတ်ဝင်စားမည့်လေ့ကျင့်ခန်းတစ်ခုခု လိုက်စားပါ
🤗 မိမိချစ်ခင်သူများ ၊ မိသားစုဝင်များနှင့် အချိန်ပေးစကားပြောပါ
🤗 စိတ်ဖိစီးမှုများစေသည့် အလုပ်များကို ဆက်တိုက်မလုပ်စေပဲ အချိန်ပေးအနားယူပါ ။

သင်တို့ရဲ့ စိတ်ခံစားချက်တွေကို ဖွင့်လှစ်ဖော်ပြချင်တယ်၊အသိမိတ်ဆွေတွေကို ပြောပြဖို့လည်းမဝံ့ ရဲဘူးထင်နေတယ်ဆို ကျွန်မတို့ရဲ့ လင်းရောင်ခြည်ဦး မိသားစုဆီကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ လင်းရောင်ခြည်ဦး ဆေးရုံမှာ လူနာများခံစားချက်တွေကို Non-Judgemental (ဝေဖန် အပြစ်တင်ခြင်း) မရှိပဲ သင်တို့ရဲ့ ခံစားချက်တွေကိုအပြည့်အဝနားလည်ပေးတာကြောင့် ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ 👩‍⚕️👨‍⚕️

Lin Yaung Chi Oo Mental Health Hospital & Counselling Center
🏥 ဆေးရုံလိပ်စာ : အမှတ်- ၈၉၉၊ ပင်လုံလမ်းမကြီး၊ (၃၆) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် : 09 444 567 811, 09 444 567 822
🏥 ဆေးခန်းလိပ်စာ : အမှတ်- ၁၉၇/၂၀၇၊ Naing Group Tower (1), အနော်ရထာလမ်းနှင့် ဆူးလေ ဘုရားလမ်းထောင့်၊ (၁၀)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် : 09 406 881 133
🏥 မန္တလေးဆေးရုံလိပ်စာ : အမှတ်-၄၈, အကွက် ဆ-၉၊ ၇၃လမ်း၊ ၁၀၉ ×၁၁၀ လမ်းကြား၊ မြို့သစ် (၂)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
📞ဖုန်းနံပါတ် : 09 885773311, 09 885773322

#လင်းရောင်ခြည်ဦး

17/09/2023

ညဘက် အိပ်မပျော်လို့ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် အိပ်ဆေးတွေ မသောက်ကြပါနဲ့နော်

ညဖက်အိပ်မပျော်တာတွေ ရက်ဆက်လာတဲ့အခါ.. စိတ်ဖိစီးမှုတွေများလို့ စိတ်ပင်ပန်းလာတဲ့အခါ.. အိပ်ပျော်စေဖို့ အိပ်ဆေးတွေ သုံးမိနေပြီလား❓❓

ဒီလိုအကျင့်မျိုးရှိနေပြီဆိုရင်တော့ ဆင်ခြင်ဖို့လိုအပ်နေပါပြီနော် .. အိပ်ဆေးရဲ့ နောက်ဆက်တွဲပြသနာတွေက မထင်မှတ်လောက်အောင် ကြောက်စရာကောင်းပါတယ်.. 🚫

☘️အိပ်ဆေးကို ရက်ဆက်သုံးစွဲမိပါများရင် ခန္ဓာကိုယ်မှ ဆေးအာနိသင်ကို ယဥ်ပါးလာတတ်ပါတယ် ။​ အိပ်ဆေးယဥ်ပါးလာတဲ့အခါ ဆေးသောက်ပါလျက်နဲ့ ညအိပ်မပျော်တာ ၊​ အိပ်ဆေးမှမရှိရင် ညအိပ်မပျော်တာ ၊ မျက်စိကြောင် စိတ်ခြောက်ခြားတာတွေ ဖြစ်လာနိုင်ပါတယ် ။ 💁‍♀️

☘️အိပ်ဆေးဟာ ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းကို ပြောင်းလဲပစ်ရုံသာမက ခန္ဓာကိုယ်ရဲ့ ထိတွေ့တုံ့ပြန်နိုင်စွမ်းကိုလည်း သိသိသာသာ ကျဆင်းစေပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ မူမမှန်တာ၊ တွေးခေါ်နိုင်မှုစွမ်းရည်ကျဆင်းလာတာတွေ ဖြစ်နိုင်ပါတယ်။

☘️လေ့လာချက်များအရ အိပ်ဆေးအလွန်အကျွံသုံးစွဲသူများမှာ နောက်ဆက်တွဲအနေဖြင့် ဦးနှောက်ကအလုပ်မလုပ်ဘဲ ရုတ်တရက်ရပ်တန့်သွားခြင်း၊ coma ဝင်ပြီး သတိပြန်မရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

☘️ဒါကြောင့် အိပ်ဆေးကို မိမိသဘောဖြင့် မသောက်သုံးဖို့နဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သုံးဖို့လိုအပ်ပါတယ်။ အိပ်ဆေးသောက်သုံးဖို့ လို/မလိုကို ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံးပါ။​

“လင်းရောင်ခြည်ဦး” မှာ အိပ်ဆေးနှင့် ပတ်သက်သော ပြဿနာများအတွက် counselling ရယူဆွေးနွေး ကုသနိုင်ပါပြီနော်။ ✅

#လင်းရောင်ခြည်ဦး

#အိပ်ဆေးနှင့်အန္တရာယ်

13/09/2023

မူးယစ်ဆေးဝါးထဲမှာ အဆိုးဝါးဆုံးဖြစ်တဲ့ ခန္တာကိုယ်ယင်းလိုက်စေတတ်တဲ့ ဘိန်းကိုဖြတ်ဖို့ ပြင်ဆင်ထားစရာများကို ဖော်ပြလိုက်ပါတယ်..

ဘိန်းဖြတ်တော့မယ်ဆို ဘာတွေပြင်ဆင်ထားရမလဲ?
-----------------------------------------

💉 မူးယစ်ပြီး စိတ်ကို စွဲလမ်းစေသောအရာဖြစ်တဲ့ ဘိန်းဟာ ကျန်းမာရေးကိုထိခိုက်စေသည့်အပြင် လူမှုရေး၊ စီးပွါးရေးပြသာနာများလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

👩‍⚕️ ပထမဦးစွာ ဒီလို မကောင်းတဲ့အရာ ကို ဖြတ်မယ်လို့ စိတ်ဆုံးဖြတ်ချက်ချနိုင်တဲ့ မိမိကိုယ်ကို ဂုဏ်ယူလိုက်ပါ။
သို့ပေမဲ့ စိတ်ဆုံးဖြတ်ချက်ချပြီးရင် ပြတ်သားဖို့လည်း လိုပါတယ်။ ဖြတ်ဖို့ ကြိုးစားနေတုန်း ပြန်သုံးမိရင်လည်း ပြန်ဖြတ်ဖို့ ခက်ခဲတတ်တဲ့အတွက် ဘိန်းဖြတ်ရာမှာစိတ်ဓာတ်ခိုင်မာဖို့ကအလွန်အရေးကြီးပါတယ်။
စိတ်ဆုံးဖြတ်ပြီးပြီဆိုရင် ဘိန်းဖြတ်နေစဉ်ဘယ်လိုတွေခံစားရနိုင်လဲ။ဘယ်လိုအခက်အခဲတွေကြုံတွေ့ရနိုင်လဲ။ ဘာတွေကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ စသည့် အကြောင်းအရာ အမျိုးမျိုးကိုပါ ကြိုတင်ရှာဖွေ လေ့လာထားဖို့ လိုပါတယ်။

👩‍⚕️ ဒီဆောင်းပါးလေးမှာ ဘိန်းဖြတ်စဉ် ခံစားရမည့်လက္ခဏာများ၊ အခက်အခဲများနှင့် ထိုအခက်အခဲများကို ကျော်လွှားနိုင်အောင် လုပ်ဆောင်ရမည့် အချက်တချို့ကို ဖော်ပြပေးထားပါတယ်။

😔 ဘိန်းဖြတ်ချိန်ခံစားရမည့် လက္ခဏာတွေထဲမှာ အဓိကအားဖြင့်လူကို နေထိုင်မကောင်းဖြစ်စေပြီး ပြန်သုံးချင်လာအောင် ပြုလုပ်လေ့ရှိပါတယ်။ သို့သော် အသက်အန္တရာယ် ဖြစ်စေလောက်တဲ့ထိ ဖြစ်တာမျိုး ရှားပါတယ်။ဘိန်းကိုနှစ်ရှည်လများ သုံးခဲ့လေလေ ရောဂါလက္ခဏာပိုခံစားရလေ ဖြစ်ပါတယ်။

1. 🤒 မျက်ရည်ပူကျခြင်း၊
2. 🤒 နှာစေးခြင်း ၊
3. 🤒 ခဏခဏ သမ်းခြင်း ၊
4. 🤒 ပူလိုက်၊ အေးလိုက်ဖြစ်ခြင်း
5. 🤒 ကြက်သီးထခြင်း၊
6. 🤒 ဘိန်းအရမ်းပြန်သုံးချင်စိတ်ဖြစ်ခြင်း၊
7. 🤒 စိတ်ဂဏာ မငြိမ်ဖြစ်ခြင်း၊
8. 🤒 စိတ်ဆတ်ခြင်း၊
9. 🤒 အိပ်မပျော်ခြင်း ၊
10. 🤒 အစာစားခြင်းစိတ်မရှိခြင်း ၊
11. 🤒 ပျို့အန်ခြင်း၊
12. 🤒 ဝမ်းလျှောခြင်း၊
13. 🤒 ဗိုက်အောင့်ခြင်း၊
14. 🤒 ခေါင်းကိုက်ခြင်း၊
15. 🤒 ကြွက်သား နှင့် အရိုးများနာကျင်ခြင်း၊
16. 🤒 တုပ်ကွေးကဲ့သို့ လက္ခဏာများခံစားရခြင်း၊
17. 🤒 ကြွက်တက်ခြင်း နှင့်
18. 🤒 တုန်တုန်ရီရီဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

💪 ဒီလို လက္ခဏာတွေ ခံစားနေရတာအပြင် စိတ်ဓာတ်မခိုင်မာမှု နှင့် အတူသုံးနေကြအပေါင်းအသင်းများ မြူဆွယ်မှုကြောင့် ပြန်သုံးမိတတ်ပါတယ်။အဲ့အချိန် ပြန်သုံးမိရင် ကြိုးစားထားသမျှ အရာမထင် ဖြစ်ပါလိမ့်မယ်။ဆေးဖြတ်ဖို့အတွက်အချိန်ကာလသိပ်မကြာဘူးလို့ တွေးမှတ်ထားရပါမယ်။

👩‍⚕️ မိမိကိုယ်တိုင် ဘိန်းပြန်သုံးမိနိုင်တဲ့ အခြေအနေမျိုး မရောက်ရှိအောင် အခြေအနေအရပ်ရပ်တွေထဲက အချို့ကို သာဓကအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

1. 🥹 ဘိန်းဖြတ်ရောဂါလက္ခဏာတွေကို မခံစားနိုင်တော့တဲ့အခါ သက်သာအောင်တခေါက်လောက်လေးပဲ ပြန်သုံးလိုက်မယ်၊ ပြီးရင် ကြိုက်တဲ့အချိန်ပြန်ဖြတ်လို့ရတယ်ဆိုတဲ့ အတွေး၊
2. 🥹 ဘိန်းကိုအရမ်းတောင့်တနေပြီး ပြန်သုံးချင်နေတဲ့ စိတ်အခြေအနေ ၊
3. 🥹 အပေါင်းအသင်းတွေကြောင့် ငြင်းလို့မရတဲ့ အခြေအနေမှာရောက်ရှိနေခြင်း ၊
4. 🥹 စိတ်ဓာတ်အရမ်းကျနေချိန် စိတ်ပျော်ရွင်အောင် ဒါသုံးလိုက်ရင် ကောင်းသွားမယ်ဆိုတဲ့ အတွေးရှိနေခြင်း အစရှိသည်တို့ပဲဖြစ်ပါတယ်။

💁‍♀️ အထက်ပါ သာဓကတွေကို နမူနာယူပြီး မိမိဘိန်းဖြတ်နေချိန် ကျရှုံးမှုမဖြစ်အောင် နည်းလမ်းရှာဖွေထားဖို့ လိုအပ်ပါတယ်။

👩‍⚕️ ဒါ့ကြောင့် ဘိန်းဖြတ်နေစဉ်အတွင်း မိမိကိုယ်ကိုဘယ်လို ပြုမူနေထိုင်သင့်လဲဆိုတဲ့ ဥပမာ အချို့ကို တင်ပြပေးလိုက်ပါတယ်။ ။

1. 🤗 မိမိစိတ်ဝင်စားတဲ့ အားကစား တမျိုးမျိုး ပြုလုပ်ခြင်း၊
2. 🤗 မိသားစု ၊ သူငယ်ချင်းကောင်းများနှင့်အတူအချိန်ကုန်ဆုံးပြီး မိမိခံစားနေရတာတွေကို ရင်ဖွင့်ခြင်း၊
3. 🤗 တိုင်ပင်ဆွေးနွေးလို့ရတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း ၊
4. 🤗 မိမိခံစားနေရသည်များကို နေ့စဉ်မှတ်တမ်းမှတ်သားပြီး ကျော်လွှားနိုင်မည့်အဖြေရှာခြင်း ၊
5. 🤗 ဆရာဝန်နှင့်တိုင်ပင်ပြီး လက္ခဏာများ သက်သာအောင်ဆေးသောက်သုံးခြင်း ၊
6. 🤗 အိပ်ရေးဝဝအိပ်ခြင်း ၊
7. 🤗 ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းပေးခြင်း၊
8. 🤗 အာဟာရပြည့်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားသုံးခြင်း တို့ပဲ ဖြစ်ပါတယ်။

👩‍⚕️ အနှစ်ချုပ်ဆိုရလျှင် ဘိန်းဖြတ်တယ်ဆိုတာ တကယ်တော့ မလွယ်ကူတာအသေအချာပဲ။ ဘိန်းကို နှစ်ကြာကြာ သုံးခဲ့လေ ဖြတ်တဲ့အခါ အခက်အခဲ ပိုများလေ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ကြုံတွေ့ရတဲ့ အခက်အခဲတွေဟာလည်း မတူညီနိုင်ပါဘူး။ ဒါ့ကြောင့်ဖြတ်နေစဉ် ကြုံတွေ့ရမဲ့အခက်အခဲတွေကိုချည်း တွေးမထားပဲ ဘိန်းဖြတ်ပြီးမိမိဘဝ လူမှုရေး ၊ ကျန်းမာရေး ၊ စီးပွါးရေး အစစအရာရာ ပြန်လည်ကောင်းမွန်လာမဲ့ နေ့ရက်များကိုလည်း တွေးတောပြီး အားတင်းထားသင့်ပါတယ်။

👩‍⚕️ စာရေးသူအနေနဲ့ ဒီဆောင်းပါးလေးကနေတဆင့် ဘိန်းကြိုးစားပြီ ဖြတ်နေသူများအားလုံး အခက်အခဲအားလုံးကျော်လွှားနိုင်ပြီး ရောင်နီပေါ်လာနေ့သစ်များဆီ အမြန်ဆုံးရောက်ရှိပါစေကြောင်း ဆုမွန်ကောင်းပါးအပ်ပါတယ်။

မူးယစ်ဆေးဝါးဖြတ်ရန် အကူအညီရယူလိုပါက

🏥 ဆေးရုံလိပ်စာ : အမှတ်- ၈၉၉၊ ပင်လုံလမ်းမကြီး၊ (၃၆) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

📞 ဖုန်းနံပါတ် : 09 444 567 811, 09 444 567 822

🏥 ဆေးခန်းလိပ်စာ : တိုက်အမှတ်- ၁၉၇/၂၀၇၊ Naing Group Tower (1)၊ အနော်ရထာလမ်း နှင့် ၃၂လမ်းကြား၊ (၁၀)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

📞 ဖုန်းနံပါတ် : 09 406 881 133

🏥 မန္တလေးဆေးရုံလိပ်စာ : အမှတ်-၄၈, အကွက် ဆ-၉၊ ၇၃လမ်း၊ ၁၀၉ ×၁၀၀ လမ်းကြား၊ မြို့သစ် (၂)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။

📞ဖုန်းနံပါတ် : 09 885773311, 09 885773322 တို့ကို ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါတယ်။

#လင်းရောင်ခြည်ဦး

Photos from Lin Yaung Chi Oo's post 13/09/2023

မိမိကိုယ်ကိုအတိတ်က အဖြစ်အပျက်တွေကနေ ရုန်းမထွက်နိုင်ခြင်းဟာ ယခုလက်ရှိ အချိန်ကာလကိုလည်း အများကြီးထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ထိုစိတ်ဒဏ်ရာတွေကနေ လွတ်မြောက်နိုင်စေမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်

12/09/2023

မူးယစ်နွံထဲက ရုန်းထွက်ချင်ပြီလား.?

မူးယစ်ဆေးသုံးနေရတာကို အရမ်းငြီးငွေ့လာပြီလား.?
မူးယစ်ဆေးသုံးနေတာကို ရပ်တန့်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီမူးယစ်ဆေးတွေကို ဆက်မသုံးချင်ပေမဲ့ ရပ်တန့်လို့ မရဖြစ်နေပြီလား.?

ကိုယ့်ကိုယ်ကို မူးယစ်နွံထဲရောက်နေပြီဆိုတာ သတိထားမိပြီး ရုန်းထွက်ချင်နေပြီဆိုရင်တော့ ဒီဆောင်းပါးလေးက အကူအညီပေးနိုင်ပါလိမ့်မယ်..

💉မူးယစ်ဆေးဝါးနွံထဲမှ ဘယ်လို ရုန်းထွက်ကြမလဲ?

▫️လူကိုမူးယစ်စေသော ဆေးဝါး၊ အရက်၊ ဆေးလိပ် စတာတွေ စိတ်ဖိစီးမှု ဖြေဖျောက်ဖို့၊ ခေတ်မီစေဖို့၊ အပေါင်းအသင်းများသုံးခိုင်းလို့ စတဲ့အကြောင်းပြချက်မျိုးစုံဖြင့် အသုံးပြုကြပါတယ်။ စစသုံးခြင်းမှာတော့ စိတ်ဖိစီးမှုတွေ ခဏတာပြေပျောက်စေခြင်း၊ ပျော်ရွှင်တဲ့ခံစားချက်ရခြင်းတို့ဖြစ်တတ်ပြီး ကြာလာတဲ့အခါ မူးယစ်နွံထဲနှစ်ဝင်လာပြီး စိတ်ရော ကိုယ်ပါ အန္တရာယ် ဖြစ်လာနိုင်ပါတယ်။

▫️ဒီလို မကောင်းတဲ့ မူးယစ်နွံထဲက ရုန်းထွက်ချင်နေပြီလား?
ဒါဆို ဒီဆောင်းပါးလေးက သင့်အတွက် အုတ်တချပ် သဲတပွင့်အနေနဲ့ အထောက်အကူပြုပါလိမ့်မယ်။

(၁) မိမိစိတ်သေချာအောင်ပြုလုပ်ပါ ။

မူးယစ်ဆေးဝါးကိုစတင်ဖြတ်မည်ဆိုလျှင် စိတ်သေချာခိုင်မာအောင် ပြုလုပ်ပါ ။ စိတ်မထိန်းနိုင်ပါက သံသရာလည်ပြီး ပိုဆိုးစေတတ်ပါတယ်။

(၂)မိတ်ဆွေ၊ သူငယ်ချင်းများနှင့် အဖော်ပြုပါ ။

မူးယစ်ဆးဖြတ်နေချိန် တစ်ယောက်တည်း နေပါက စိတ်ဂယောင်ခြောက်ခြားဖြစ်ပြီး ပိုဆိုးစေနိုင်သည့်အတွက် အပေါင်းအသင်း ၊ မိတ်ဆွေကောင်းများနှင့်အတူ အချိန်ဖြုန်းသင့်ပါတယ်။

(၃)မိမိဝါသနာပါမည့်အလုပ်တခုခုပြုလုပ်ပါ။

ဆေးဖြတ်နေစဉ်ကာလမှာ တခြားနေရာမှာ အာရုံစူးစိုက်နေခြင်းဟာ အကောင်းဆုံးပါ ။ ဒါ့ကြောင့် မိမိဝါသနာပါရာ စိတ်ဝင်စားမည့် အလုပ်တခုခုကို အချိန်ပေးပြုလုပ်သင့်ပါတယ်။

(၄) လေ့ကျင့်ခန်းပြုလုပ်ပါ ။

တက်ကြွလန်းဆန်းစေမည့် လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကိုယ်ရော စိတ်ရော ကျန်းမာစေသည့်အပြင် ခန္ဓာကိုယ်တွင်းကောင်းတဲ့ ဟော်မုန်းတွေလည်း ထွက်သည့်အတွက် ဆေးဖြတ်နေချိန်မှာ အထောက်အကူအများကြီးပြုပါတယ်။

(၅) ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားပါ။

အစားစားခြင်းဟာလည်း စိတ်ကိုရွှင်လန်းစေပါတယ်။ သို့သော် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာဖြစ်ဖို့တော့လိုပါတယ်။ အပြင်စာများ၊ မသန့်ရှင်းသော အစားအစာများစားခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတတ်ပါတယ်။

(၆) မိတ်ဆွေ၊ သူငယ်ချင်းများကိုရင်ဖွင့်ပါ။

ဆေးဖြတ်နေစဉ်ကာလမှာ မိမိကြုံတွေ့ရတဲ့ အခက်အခဲများကို မိမိမိတ်ဆွေ ၊ သူငယ်ချင်းများကို ဖွင့်ဟပြောဆိုပြီး နှစ်သိမ့် အကြံပေးမှုတွေကိုခံယူပါ။ ဒါ့အပြင် ဆေးဖြတ်သူအချင်းချင်း ကူညီကြတဲ့ အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ပြီး တစ်ယောက်နှင့်တစ်ယောက် ဖေးမကူညီပါ။

(၇) တရားထိုင်ပါ။

တရားထိုင်ခြင်းဟာ စိတ်ရော ကိုယ်ပါ တည်ငြိမ် အေးချမ်းစေနိုင်သည့်အတွက် ဆေးဖြတ်နေစဉ် စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

(၈) ကျွမ်းကျင် ဆရာဝန်များနှင့်ကုသမှု ခံယူပါ။

ဆေးဖြတ်ခြင်းဟာ တကယ်တော့ ခက်ခဲတဲ့ အရာတခုပါ။ ဒါ့ကြောင့် ဆေးကုသမှုခံယူတာဟာ ရှက်စရာမဟုတ်ပါ။ ဆရာဝန်တွေဟာ မိမိအတွက် အသင့်တော်ဆုံး ကျန်းမာရေး အစီအစဉ်များ ချမှတ်ပေးနိုင်ပြီး ဆေးဖြတ်ရာမှာ အောင်မြင်မှုရစေရန်နှင့် ဆေးပြန်မသုံးမိစေရန် အကောင်းဆုံးနည်းလမ်းများဖြင့် ကူညီပေးနိုင်ပါတယ်။

Lin Yaung Chi Oo စိတ်အထူးကုဆေးရုံမှာ ဆရာဝန်များနှင့်လည်း Online ကနေဆွေးနွေးလို့ရပါပြီရှင်။😊

Lin Yaung Chi Oo Mental Health Hospital & Counselling Center
🏥 ဆေးရုံလိပ်စာ : အမှတ်- ၈၉၉၊ ပင်လုံလမ်းမကြီး၊ (၃၆) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် : 09 444 567 811, 09 444 567 822

🏥 ဆေးခန်းလိပ်စာ : အမှတ်- ၁၉၇/၂၀၇၊ Naing Group Tower (1)၊ အနော်ရထာလမ်း နှင့် ၃၂လမ်းကြား၊ (၁၀)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် : 09 406 881 133

🏥 မန္တလေးဆေးရုံလိပ်စာ : အမှတ်-၄၈, အကွက် ဆ-၉၊ ၇၃လမ်း၊ ၁၀၉ ×၁၁၀ လမ်းကြား၊ မြို့သစ် (၂)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
📞ဖုန်းနံပါတ် : 09 885773311, 09 885773322

#လင်းရောင်ခြည်ဦး

12/09/2023

ယခုခေတ်မှာ မူးယစ်ဆေးကို တစ်မျိုးတည်းမဟုတ်ဘဲ နှစ်မျိုး၊ သုံးမျိုးတွဲသောက်နေကြတာမျိုးတွေ များလာကြလို့ ဦးနှောက်အတွက် အရမ်းကို အန္တာရာယ်များလွန်းလှပါတယ်..

10/09/2023

ရင်ထဲက ခံစားချက်တွေကို မြိုသိပ်မထားပါနဲ့။
ဖွင့်ဟပါ။ တိုင်ပင်ပါ။ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။
ကျွန်ုပ်တို့ အားလုံး သင်နဲ့အတူရှိနေမှာပါ…

***dePreventionDay

🎗️ ယနေ့ စက်တင်ဘာလ (၁၀) ရက်နေ့ဟာ World Su***de Prevention Day ပဲဖြစ်ပါတယ် ။
🎗️ လူတွေဟာ ‌ခန္ဓာကိုယ်မှာ နေမကောင်းတာ တစ်ခုခုဖြစ်တဲ့အခါ သတိထားမိကြပြီး ဆေးကုသမှုကို ခံယူကြပါတယ်.....
🎗️ ဒါပေမယ့် စိတ်မကျန်းမာတဲ့အခါမှာတော့ သတိမထားမိတတ်ကြပါဘူး။ စိတ်မကျန်းမာတာကိုလည်း ရောဂါရယ်လို့ မသတ်မှတ်ကြပဲ သေချာဆေးကုသမှုခံယူကြတာမျိုးလည်း မရှိသလောက်ရှားပါတယ်။

🎗️ စိတ်မကျန်းမာတဲ့အခြေအနေကတော့ အမျိုးမျိုးရှိကြပါတယ်။နေ့စဉ် ဘဝမှာ ကြုံတွေ့ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေဟာ တစ်ရက်၊ နှစ်ရက်လောက်က မသိသာပေမယ့် အချိန်ကြာလာတာနဲ့အမျှ အစိုင်အခဲတစ်ခုအနေနဲ့ ကြီးမားလာပြီး ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာပါတော့တယ်။ အဆိုးဆုံးကတော့ သေကြောင်းကြံစည်ခြင်းပါပဲ။
🎗️ သေကြောင်းကြံစည်တယ်ဆိုတာက လူတစ်ယောက်ဟာ ကိုယ့်ဘဝကိုယ် အဆုံးသတ်လိုက်ဖို့ တွေးနေတာပါပဲ....
🎗️ဒီလို သေကြောင်းကြံစည်တဲ့အထိ ဘာကြောင့်ဖြစ်ရတာလဲ?
- စိတ်ဓာတ်ကျနေတဲ့သူများ 😔
-ပေါင်းသင်းဆက်ဆံရေးမှာအားနည်းတဲ့သူများ
-အရက်အလွန်အကျွံသောက်တဲ့သူများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ
-စိတ်ကစဉ့်ကလျားရောဂါရှိသူများ
-ဘာသာရေးယုံကြည်မှုမရှိသူများ
-အိမ်ထောင်ကွဲထားတဲ့သူများ
-မျှော်လင့်ချက်ကင်းမဲ့နေတယ်လို့ ခံစားရသူများ
-ပတ်ဝန်းကျင်က ဖယ်ကြဉ်ခံထားရသူများ
-အရင်က သေကြောင်းကြံစည်ဖို့ ခဏခဏကြိုးစားနေသူများ
-လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံနေရသူများ
-ပတ်ဝန်းကျင်မှာ သေကြောင်းကြံစည်တဲ့အကြောင်းတွေကို ခဏခဏ မြင်ရ ကြားနေသူများ အစရှိတဲ့ သူမျိုးတွေမှာ သေကြောင်းကြံစည်အထိ ဖြစ်သွားနိုင်ပါတယ်

🎗️ ဒါဆို ဘယ်လိုကာကွယ်ကြပါမလဲ???
👉 သေကြောင်းကြံစည်ဖို့ ကြိုးစားနေတဲ့သူရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေက အမြဲစောင့်ကြည့် အကဲ‌ခတ်နေဖို့လိုအပ်ပါတယ်။
-ကာယကံရှင်ကိုယ်တိုင်ကလည်း ကိုယ့်မှာ သေကြောင်းကြံစည်ဖို့ အတွေးတွေ စဝင်လာတာနဲ့ ကိုယ့်ရဲ့ အရင်းနှီးဆုံးသော လူတစ်ယောက်ကို ရင်ဖွင့်ပြောပြတတ်ကြပါလိမ့်မယ်။
👉 အဲ့လိုရင်ဖွင့်ပြောကြတဲ့အချိန်မှာ ဘေးကလူကလည်း ပေါ့ပေါ့လေး သဘောမထားပဲ အရေးတယူပြုကာ ‌‌သေချာဆေးကုသမှုခံယူဖို့ အားပေးသင့်ပါတယ်။
👉 သေကြောင်းကြံစည်သူရဲ့အနီးအနား လက်လှမ်းမီတဲ့နေရာတွေမှာ ဓားတို့၊ ကတ်ကြေးတို့၊ ဆေးဝါးတို့ စတဲ့ အန္တရာယ်ရှိတဲ့အရာတွေကို ဖယ်ရှားရပါမယ်။
👉 တစ်ယောက်တည်းဖြစ်နေတာမျိုးမဖြစ်စေပဲ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့အောင် လက်တွဲခေါ်ယူကြရပါမယ်။
🎗️ဒီလို စိတ်ကျန်းမာရေးအခြေအနေတစ်ခုကြောင့် အသက်ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် စောစီးစွာ ဆေးကုသမှု ခံယူဖို့ကိုလည်း တိုက်တွန်းလိုက်ပါရစေ…..

ရင်ထဲက ခံစားချက်တွေကို မြိုသိပ်မထားပါနဲ့။
ဖွင့်ဟပါ။ တိုင်ပင်ပါ။ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။
ကျွန်ုပ်တို့ အားလုံး အတူရှိနေမှာပါ 👫👪


Lin Yaung Chi Oo Mental Health Hospital & Counselling Center
🏥ဆေးရုံလိပ်စာ : အမှတ်- ၈၉၉၊ ပင်လုံလမ်းမကြီး၊ (၃၆) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် : 09 444 567 811, 09 444 567 822

🏥 ဆေးခန်းလိပ်စာ : အမှတ် ၁၉၇/၂၀၇၊ Naing Group Tower (1)၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်၊ (၁၀)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် : 09 406 881 133

🏥 မန္တလေးဆေးရုံလိပ်စာ : အမှတ်-၄၈, အကွက် ဆ-၉၊ ၇၃လမ်း၊ ၁၀၉ ×၁၁၀ လမ်းကြား၊ မြို့သစ် (၂)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
☎️ ဖုန်းနံပါတ် : 09 885773311, 09 885773322

#လင်းရောင်ခြည်ဦး

***dePreventionDay
***deAwareness
***dePrevention

Timeline photos 07/09/2023

ဆေးခန်းသို့လာရလွယ်ကူစေရန် google map နှင့် ဆေးခန်းသို့ရောက်သော Bus ကားမှတ်တိုင်များကို ဖော်ပြလိုက်ပါတယ်..

https://maps.app.goo.gl/TCvfv53aBXF9oGu37?g_st=ic

YBS : 3,12,28,29,87,36,115, Airport-sule ကားများစီး၍ဆူးလေမှတ်တိုင်တွင်ဆင်းပါ။

Photos from Lin Yaung Chi Oo's post 07/09/2023

လူကိုယ်တိုင်လာရတာ အခက်အခဲရှိသူများအတွက် လင်းရောင်ခြည်ဦး စိတ်ကျန်းမာရေး ဆေးခန်းတွင် စိတ်ကျန်းမာရေးအထူးကုဆရာဝန်များနှင့် online မှဆွေးနွေးလို့ရတဲ့ service လည်းရနိုင်ပါတယ်..

07/09/2023

လူငယ်များအကြားရေပန်းစားနေသော Ketamine ခေါ် K ၏ ဆိုးကျိုးများ…

K၏ဆိုးကျိုးများ

⛔ဒီနေ့မှာတော့ ယနေ့ခေတ် လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ k လို့ လူသိများတဲ့ ketamine မေ့ဆေးအကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

🚫Ketamineဟာ တားမြစ်ဆေးဝါး (controlled drug) ဖြစ်ပြီး ဆေးရုံ၊ခွဲစိတ်ခန်းတွေမှာ ဆေးပညာလိုအပ်ချက်အရ ခဏတာမေ့ဆေး(Short GA) အနေနဲ့ အသုံးပြုကြပြီး ဆေးရည်၊၊ အဖြူရောင်ဆေးမှုန့်၊ ဆေးတောင့် ပုံစံ ၃မျိုး ရှိပါတယ်။ ။Ketamine ကို လူငယ်တွေကြားမှာတော့ k လို့ခေါ်ကြပြီး စိတ်အပန်းဖြေဆေး (recreational drugs ) အနေဖြင့် ပါတီ ၊ဘား နဲ့ ကလပ်တွေမှာ သုံးတတ်ကြပါတယ်။

🛑ဆေးစတင်အသုံးပြုပြီး ၁၅မိနစ်မှ မိနစ် ၂၀ အတွင်း ဆေးစွမ်းပြတတ်ပြီး စိတ်ပျော်ရွင်စေရန်၊ ကိုယ်ခန္ဓာနာကျင်မှု ပျောက်စေရန်၊ရီဝေဝေ ယစ်မူးနေစေရန် ၊မမောမပန်း အချိန်အကြာကြီး ကခုန်နိုင်စေရန် စသည့် အာနိသင်တွေရရှိအောင် ရည်ရွယ်ပြီး party drug အဖြစ် အသုံးပြုတတ်ကြပါတယ်။

🛑Ketamine ရဲ့ လွဲမှားစွာ အသုံးပြုပါက ရရှိနိုင်မဲ့ ဆိုးကျိုးတွေကတော့ ….
• မရှိတာတွေကို ရှိတယ်လို့ မြင်လာခြင်း (Hallucination )
• ချွေးထွက်လွန်ခြင်း
• ရင်တုန်ခြင်း
• စိတ်ကျရောဂါခံစားရခြင်း
• မူးဝေ အော့အန်ခြင်း
• ရေရှည်သုံးစွဲပါက အသည်း၊နှလုံး နှင့် ကျောက်ကပ်နှင့်ဆိုင်သော ရောဂါများ ဖြစ်ခြင်း တို့အပြင်
• တချိန်ထဲမှာလွန်ကဲစွာ သုံးမိပါက အဆုတ်ကို ဆိုးရွားစွာ ထိခိုက်စေပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

🛑Ketamine ကို အရက် နှင့် တခြား မူးယစ်စေသော ဆေးဝါးများနှင့် တွဲသုံးပါကလည်း အသက်ဆုံးရုံးနိူင်သည်မို့ အထူးသတိပြု ရှောင်ကြဉ်ရပါမယ်။

🚨ဒါ့ကြောင့် အပျော် မှ အပျက် မဖြစ်ရလေအောင် Ketamine ၏ ဆိုးကျိုးများကို သိရှိနားလည်ပြီး သတိထား ဆင်ခြင်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

လင်းရောင်ခြည်ဦး ဆေးရုံမှာ စိတ်ကျန်းမာရေးနှင့်ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးလိုပေမယ့် မအားလပ်လို့ မလာနိုင်သူများအတွက်Online Consultation လုပ်လို့ရနေပါပြီဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်။ 👩‍⚕️👨‍⚕️

Lin Yaung Chi Oo Mental Health Hospital & Counselling Center
🏥ဆေးရုံလိပ်စာ : အမှတ်- ၈၉၉၊ ပင်လုံလမ်းမကြီး၊ (၃၆) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် : 09 444 567 811, 09 444 567 822

🏥 ဆေးခန်းလိပ်စာ : အမှတ် ၁၉၇/၂၀၇၊ Naing Group Sule Tower (1)၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်၊ (၁၀)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ (ဗဟိုမီးသတ်ဦးစီးမှူးရုံးအနီး)
☎️ ဖုန်းနံပါတ် : 09 406 881 133

🏥 မန္တလေးဆေးရုံလိပ်စာ : အမှတ်-၄၈, အကွက် ဆ-၉၊ ၇၃လမ်း၊ ၁၀၉ ×၁၁၀ လမ်းကြား၊ မြို့သစ် (၂)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
☎️ ဖုန်းနံပါတ် : 09 885773311, 09 885773322

#လင်းရောင်ခြည်ဦး

03/09/2023

မောင်မောင်လို လမ်းလျှောက်ရင် လမ်းမပျောက်ရလေအောင် လူငယ်များကြား WY (ခေါ်) ယာဘ ကိုရှောင်ရှားဖို့ အကြံပေးပါရစေ…

🏃လမ်းလျှောက်ရင်းလမ်းပျောက်သူ

……. မောင်မောင်တယောက် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ပထမဆုကို နှစ်တိုင်းနီးပါးရလေ့ရှိတယ်။ ။ဆရာ၊ဆရာမများကလည်း ကျောင်းရဲ့စံပြအဖြစ် အသိအမှတ်ပြုထားတဲ့ ကျောင်းသားတယောက်ပေါ့။ မိဘတွေကလည်း အလယ်အလတ်လူတန်းစားပေမဲ့ မောင်မောင်ကို ထူးချွန်လိမ္မာတဲ့သားတစ်ယောက်မို့ အဖက်ဖက်က ပြည့်စုံအောင် အထောက်အပံ့ပေးကြရှာတယ်။ ဒီလိုနဲ့ မောင်မောင်တစ်ယောက် ၁၀ တန်းစာမေးပွဲကြီးမှာ ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ပြီး တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်လာပါတော့တယ်။
👦ငယ်ငယ်ထဲက ယုယုယယ နဲ့ ပြုစုခံထားရတဲ့ မောင်မောင်ဟာ တက္ကသိုလ်စတက်တဲ့ အချိန်မှာ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ရတဲ့ငှက်လေးလို အပြင်လောကကြီးနှင့် ထိတွေ့ဆက်ဆံသမျှဟာ အထူးအဆန်းလို ဖြစ်နေပါတယ်။ မောင်မောင်ပေါင်းတဲ့ သူငယ်ချင်းတွေဟာ ရေပေါ်ဆီလူတန်းစားတွေဖြစ်ပြီး ဆေးလိပ်၊အရက်သောက်၊ ဂိမ်းဆော့ စတာတွေနဲ့ မောင်မောင်ကို စတင်ဖျက်ဆီးပါတော့တယ်။
💉တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာ club တက် မိန်းကလေးတွေနဲ့ ပွေရှုပ်တာအပြင် မူးယစ်စေသော ယာဘ (ခေါ် ) WY တွေပါ သုံးစွဲလာခဲ့တယ်။ ပြင်ပဗဟုသုတ မရှိတဲ့ မောင်မောင်ဟာ မကောင်းတဲ့ အရာတွေအပေါ်မှာ စွဲလမ်းသွားပြီး စာမေးပွဲတဖုန်းဖုန်းကျ ပိုက်ဆံကို ရေလိုသုံးဖြုန်းပြီး မိဘက မပေးပါက ခိုးဝှက်လုယက်ခြင်း၊ မိဘများအပေါ် ရန်ရှာခြင်းတွေပါ ပြုလုပ်လာပါတယ်။ ဒီလိုနဲ့ စာတော်လိမ္မာတဲ့ မောင်မောင်တစ်ယောက်ဟာ မူးယစ်ဆေးကြောင့် ဘဝရဲ့ အောက်ခြေအဆင့်ထိ ရောက်ရှိခဲ့ရပါတယ်။

👤ယနေ့ခေတ် လူငယ်များဟာ Bar သွား၊ကလပ်တက် စတာတွေ ပြုလုပ်လာကြပြီး နောက်ပိုင်းတွင် အပေါင်းအသင်းမှားလာကာ ယာဘ (ခေါ်) WY တွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပါတယ်။
💊ယာဘ ဆေးဝါးတွေဟာ ဟိုးအရင်ခေတ်က အလွန်အမင်းရှားပါးပြီး ဈေးကြီးပေးဝယ်ရပေမယ့် ယခုအခါ ဈေးပေါလာသည့်အပြင် အလွယ်တကူဝယ်ယူရနိုင်တာ ကြောင့် ကျောင်းသားများနှင့် အခြေခံလူတန်းစားများကြား ယစ်မူးစေသော ဆေးအဖြစ် အသုံးများလာကြပါတယ်။
❌ကျောင်းသားများအကြားတွင်လည်း အာရုံစူးစိုက်မှုကောင်းတယ်ဆိုတဲ့ အယူအဆအမှားများနှင့် WY ကို မှားယွင်းသုံးစွဲမှုတွေ တွေ့လာရပါတယ်။ ယာဘ (ခေါ်) WY ကိုလွန်ကဲစွာ အသုံးပြုပြီးနောက်မှာတော့ စိတ်အာရုံထိုင်းမှိုင်းခြင်း၊ မှတ်ဉာဏ်များလျော့နည်းလာခြင်း၊ မှားယွင်းသော ဆုံးဖြတ်ချက်များချမိခြင်း စသည်တို့ ဖြစ်လာနိုင်ပြီး ဆေးကျတဲ့ ဒါဏ်ကိုမခံနိုင်ဘဲ ထပ်ခါထပ်ခါအသုံးပြုပါက စွဲလန်းသွားပြီး မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်လာနိုင်ပါတယ်။
🚫ထို့သို့စွဲလန်းသွားပြီး နောက်ဆက်တွဲတွင် ဆေးအသုံးမပြုရပါက မိမိ မိသားစု၊ မိတ်ဆွေများကိုပါ ရန်ရှာခြင်း၊ ခိုးဝှက်လုယက်ခြင်းများ ဖြစ်လာနိုင်ပြီး နောက်ဆုံးမှာ ဘဝပျက်သည်အထိ ဖြစ်စေနိုင်ပါတယ်။

⚠️WY ကိုရေရှည်အသုံးပြုပါက တကယ်မရှိသည့် အသံများကိုကြားရခြင်း၊ တကယ်မရှိသည့် အရာများကိုမြင်ရခြင်း၊ မိမိကိုယ်တခြားသူများက စောင့်ကြည့်နေသည်ဟု ထင်ယောင်ထင်မှားဖြစ်ခြင်း နှင့် သံသယစိတ်များလွန်ကဲလာခြင်း စသည့် စိတ်ကျန်းမာရေးနောက်ဆက်တွဲများ ဖြစ်လာနိုင်ပြီး အချိန်မှီမရပ်တန့်ပါက စိတ်ရောဂါ တစ်ခု အသွင်ပြောင်းလဲသွားနိုင်ပါသည်။

💉💊အခုလိုအရက်နှင့် မူးယစ်ဆေးဝါးဖြတ်တောက်ပေးပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးများကို လင်းရောင်ခြည်ဦးဆေးရုံမှာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

လင်းရောင်ခြည်ဦး ဆေးရုံမှာ စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုပေမယ့် မအားလပ်လို့ မလာနိုင်သူများအတွက်Online Consultation လုပ်လို့ရနေပါပြီဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်။ 👩‍⚕️👨‍⚕️

Lin Yaung Chi Oo Mental Health Hospital & Counselling Center
🏥ဆေးရုံလိပ်စာ : အမှတ်- ၈၉၉၊ ပင်လုံလမ်းမကြီး၊ (၃၆) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် : 09 444 567 811, 09 444 567 822

🏥 ဆေးခန်းလိပ်စာ : အမှတ် ၁၉၇/၂၀၇၊ Naing Group Tower (1)၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်၊ (၁၀)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် : 09 406 881 133

🏥 မန္တလေးဆေးရုံလိပ်စာ : အမှတ်-၄၈, အကွက် ဆ-၉၊ ၇၃လမ်း၊ ၁၀၉ ×၁၁၀ လမ်းကြား၊ မြို့သစ် (၂)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
☎️ ဖုန်းနံပါတ် : 09 885773311, 09 885773322

#လင်းရောင်ခြည်ဦး

02/09/2023

တရားထိုင်ခြင်း၏ အကျိုးကျေးဇူးများနှင့် လွယ်ကူသော တရားထိုင်နည်း..

🧘တရားထိုင်ပြီး စိတ်ဖိစီးမှုတွေကို ဘယ်လို ဖြေဖျောက်ကြမလဲ??

တရားထိုင်ခြင်းဟာ စိတ်ဖိစီးမှုတွေအမြန်ဆုံးပြေပျောက်စေဖို့ အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး နည်းလမ်းတခု ဖြစ်ပါတယ်။ အကယ်၍ သင့်တနေ့တာမှာ စိတ်ညစ်စရာ၊စိတ်ရှုပ်စရာ အဖြစ်အပျက်တွေကြုံတွေ့ခဲ့ရပြီး စိတ်မော လူမော ဖြစ်နေရင် တရားထိုင်ကြည့်ပါ ။ မိနစ် အနည်းငယ်လောက် တရားထိုင်ခြင်းကတောင် စိတ်ကို တည်ငြိမ်ပြီး အေးချမ်းစေတာကို လက်တွေ့ခံစားရမှာ ဖြစ်ပါတယ်။

တရားထိုင်ခြင်းဖြင့်

✅ စိတ်တည်ငြိမ်ခြင်း
✅စိတ်ဖိစီးမှုများ လျော့ကျလာစေခြင်း
✅စိတ်ဖိစီးမှုဖြစ်စေတဲ့ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်လာနိုင်ခြင်း၊
✅အာရုံပျံ့လွှင့်မှု့ကို ထိန်းချုပ်နိုင်ပြီး လက်ရှိအချိန်ကိုပဲ အာရုံစူးစိုက်လာနိုင်ခြင်း ၊
✅မကောင်းတဲ့ အတွေးအမြင်တွေ လျော့ကျလာခြင်း
✅နှစ်ခြိုက်စွာ အိပ်ပျော်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိလာနိုင်ပါတယ်။



🧘‍♀️စိတ်ဖိစီးမှုများခြင်းကြောင့် ဖြစ်လာနိုင်တဲ့ တချို့ရောဂါတွေမှာဆို တရားထိုင်ခြင်းဟာ ဆေးကုသမှု တခုအနေနဲ့ ပါဝင်နေပြီဖြစ်ပါတယ်။

1. ပန်းနာရင်ကြပ်ရောဂါ
2. နှလုံးရောဂါ
3. သွေးတိုးရောဂါ
4. စိတ်ကျရောဂါ
5. ကင်ဆာရောဂါ
6. နာတာရှည် နာကျင်ရောဂါခံစားနေရသူများ
7. အိပ်မပျော်သူများ
8.စိတ်ဖိစီးမှုများလျှင် ခေါင်းကိုက်တတ်သူများ စသည့်ရောဂါဝေဒနာခံစားနေရသူတွေမှာ တရားထိုင်ခြင်းဟာ ကုသမှုရဲ့ အစိတ်အပိုင်းတခုအဖြစ်ပါဝင်ပါတယ်။

ဒါ့ကြောင့် နည်းစနစ်ကျတဲ့ တရားကျင့်ကြံနည်းလမ်းများကိုပါ ဖော်ပြပေးလိုက်ပါတယ်။

🔹တိတ်ဆိတ် ငြိမ်သက်သော ပတ်ဝန်းကျင်တွင် လေ့ကျင့်ပါ။

🔹သက်တောင့်သက်သာ ဖြစ်မဲ့ အနေအထားဖြင့် တရားထိုင်ပါ ။

🔹အသက်ကို ဖြေးဖြေးနှင့်မှန်မှန် သက်တောင့်သက်သာ ရူသွင်းရူထုတ်လုပ်ပါ။

🔹တနေရာထဲမှာ အာရုံစူးစိုက်ထားရမည်။ (အသက်ရှုသောအခါ နှာခေါင်းမှဝင်လေထွက်လေ သို့မဟုတ် ဗိုက်၏ အဖောင်းအပိန်)

🔹 တရားထိုင်နေချိန်မှာ အတွေးမျိုးစုံဝင်လာတဲ့အခါ အတွေးနောက်လိုက်ပြီး ခံစားမနေပဲ စိတ်ကို လျှော့ချထားလိုက်ပါ။

✨✨တရားထိုင်ခြင်းဟာ မိမိအတွက် အကျိုးကျေးဇူး အများကြီးရရှိစေတာမို့ နေ့စဉ် မိနစ်အနည်းငယ်ခန့်အချိန်ပေးပြီး တရားထိုင်ခြင်းကို ပြုလုပ်ပေးသင့်ပါတယ်။

လင်းရောင်ခြည်ဦး ဆေးရုံမှာ စိတ်ကျန်းမာရေးနှင့်ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးလိုပေမယ့် မအားလပ်လို့ မလာနိုင်သူများအတွက်Online Consultation လုပ်လို့ရနေပါပြီဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်။ 👩‍⚕️👨‍⚕️

Lin Yaung Chi Oo Mental Health Hospital & Counselling Center
🏥ဆေးရုံလိပ်စာ : အမှတ်- ၈၉၉၊ ပင်လုံလမ်းမကြီး၊ (၃၆) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် : 09 444 567 811, 09 444 567 822

🏥 ဆေးခန်းလိပ်စာ : အမှတ် ၁၉၇/၂၀၇၊ Naing Group Tower (1)၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်၊ (၁၀)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် : 09 406 881 133

🏥 မန္တလေးဆေးရုံလိပ်စာ : အမှတ်-၄၈, အကွက် ဆ-၉၊ ၇၃လမ်း၊ ၁၀၉ ×၁၁၀ လမ်းကြား၊ မြို့သစ် (၂)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
☎️ ဖုန်းနံပါတ် : 09 885773311, 09 885773322

#လင်းရောင်ခြည်ဦး

02/09/2023

စိတ်ဖိစီးမှုဒဏ်တွေကြောင့် မိမိအလုပ်များနှောင့်နှေးခြင်း နှင့် စိတ်ပင်ပန်းရခြင်းများ သက်သာစေရန် စိတ်ဖိစီးမှုများပြားခြင်းကို လျော့နည်းအောင် ထွက်ပေါက်ရှာရန် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်..

💭ယခုလို အဘက်ဘက်က စိတ်ဖိစီးမှုဒဏ်တွေကြောင့် လူရောစိတ်ပါ ပင်ပန်းနေကြတဲ့ အချိန်မှာ စိတ်ဖိစီးမှု များပြားခြင်းကိုလျော့နည်းအောင် ဘယ်လို ထွက်ပေါက်ရှာကြမလဲ ?💁🏻‍♀️

🍀ယခုကာလဟာ လူတိုင်းလိုလို စိတ်ဖိစီးမှုမျိုးစုံကို နေ့စဉ်ခံစားနေရတဲ့ အချိန်ကာလဖြစ်ပါတယ်။ စိတ်ဖိစီးမှုများလာသည်နှင့်အမျှ လူတယောက်နှင့်တယောက်ခံနိုင်ရည်ပေါ်မူတည်ပြီး စိတ်ကျန်းမာရေး၊ကိုယ်ကျန်းမာရေး ထိခိုက်သည်အထိဖြစ်စေနိူင်ပါတယ်။

စိတ်ထောင်းလို့ကိုယ်ကြေ မဖြစ်ရလေအောင် စိတ်ဖိစီးမှုဒဏ်တွေကို လျော့နည်းနိုင်စေနိုင်မဲ့ နည်းလမ်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။

✅တက်တက်ကြွကြွနေပါ😃😃

စိတ်ဖိစီးမှုများရင် အများစုက အိပ်ရာထဲခွေနေချင်တာမျိုး၊၊ ဘယ်သူနဲ့မှ စကားမပြောချင်တာမျိုးဖြစ်တတ်ပါတယ်။ အဲ့လိုနေခြင်းဟာ စိတ်ဖိစီးမှုကိုပိုမိုဆိုးရွားစေနိုင်ပါတယ်။ဒါ့ကြောင့်စိတ်ဖိစီးမှုများနေချိန်မှာ အတတ်နိုင်ဆုံး ကြိုးစားပြီး အရင်ထက် ပိုတက်ကြွတဲ့ ပုံစံမျိုးနေခြင်းအားဖြင့် စိတ်ဖိစီးမှုတွေ လျော့ပါးလာတာကို တွေ့ရပါလိမ့်မယ်။

✅လေ့ကျင့်ခန်းတခုခုပြုလုပ်ပါ 🏃🏿🏃🏻‍♀️⚽️🏸🏓🏑

ယောဂကျင့်ခြင်း ၊ လမ်းလျှောက်ခြင်း၊ ကြိုးခုန်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊gym သွားခြင်း အစရှိသဖြင့် လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းလုပ်ခြင်းဟာလည်း စိတ်ဖိစီးမှုတွေကိုသက်သာစေနိုင်ပါတယ်။

✅ကျန်းမာရေးနှင့် ညီညွတ်မယ့် အစားအစာများစားပါ🥦🍒🥑🍋🍌

အများစုက ကဖင်းဓာတ်ပါသော ကော်ဖီ ၊ အရက် ၊ ဆေးလိပ် သောက်ခြင်း ၊ မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ဖိစီးမှုကို ဖြေဖျောက်တတ်ကြပါတယ်။ ဒါဟာ နည်းလမ်းအမှားတခုသာ ဖြစ်ပြီး စိတ်ဖိစီးမှုကို ပိုမို ဆိုးဝါးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများနေချိန်ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို အချိန်မှန်မှန်စားပေးခြင်းဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာလာမှာဖြစ်ပါတယ်။

✅တရားထိုင်ပါ 🧎🏻‍♂️🧎🏻‍♂️🧎🏻‍♂️
တရားထိုင်ခြင်းဟာ တနေရာထဲမှာပဲ အာရုံစူးစိုက်ပြီး စိတ်ကို ငြိမ်သက်စေတာကြောင့် စိတ်ဖိစီးမှုကြောင့် ထိုင်းမှိုင်းနေတဲ့ စိတ်ကို ကြည်လင်လာစေနိုင်ပါတယ်။ တရားမှတ်ရန် မလွယ်ကူပါက မျက်လုံးလေးမှတ် ပြီး အသက်ပြင်းပြင်းရှူခြင်းကလည်း စိတ်ဖိစီးမှူကို လျှော့ချပေးနိုင်ပါတယ်။

✅များများပြုံးပါ 😃😃😃

စိတ်ဖိစီးနေချိန် များများရယ်မောခြင်းဟာလည်းစိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်သည့်အပြင် ခန္ဓာကိုယ်မှ ကောင်းမွန်တဲ့ဟော်မုန်းတွေလည်း ထွက်စေသည့်အတွက်ရယ်မောခြင်းဟာ ကိုယ်ရော စိတ်ရော ကျန်းမာ လန်းဆန်းစေပါတယ်။ မရယ်မောနိုင်တဲ့ အချိန်မှာတောင် အနည်းဆုံး မိတ်ဆွေများအား လှိုက်လှိုက်လဲလဲ ပြုံးပြခြင်း၊ မှန်ကြည့်၍ မိမိကိုယ်ကို ပြုံးပြခြင်းများသည်လည်း စိတ်ဖိစီးမှုများ လျှော့ကျရန် အထော က် အကူပြုစေပါလိမ့်မယ်။

✅ပတ်ဝန်းကျင်နှင့် ဆက်သွယ်ပါ 🫂👭👭

တခါတလေ စိတ်ဖိစီးမှုများရတဲ့ အကြောင်းရင်းတွေဟာ မိမိတယောက်ထဲ ရဲ့ အတွေးမျိုးကြောင့် ဖြစ်နေတတ်ပါတယ်။ အဲ့လို အခြေအနေမှာ တစ်ယောက်တည်း အတွေးလွန်ပြီးနေခြင်းထက် မိမိ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများနှင့် တိုင်ပင်ရင်ဖွင့်ခြင်းမှလည်း အကူအညီများစွာ ရနိုင်ပါတယ်။

✅မိမိကိုယ်ကို ဦးစားပေးပါ။
တခါတခါ ကိုယ့်ဘက်က တခြားသူအတွက်တွေးပေးတာ၊ ကိုယ်သဘောကျ နှစ်သက်ခြင်းမရှိဘဲ ဟုတ်ကဲ့လို့ ခေါင်းငြိမ့်လိုက်ခြင်းဟာ ပိုကောင်းတဲ့ နည်းလမ်းလို့တွေးမိနိုင်ပေမယ့် မိမိလိုချင်တာ ဖြစ်ချင်တာ မရတဲ့အခါ စိတ်ကိုပိုပြီး ဖိစီးစေနိုင်ပါတယိ။ ဒါ့ကြောင့်မိမိစိတ်အတွက် လုံးဝအဆင်မပြေနိုင်သည့်အခြေအနေများတွင် “No”ဟုငြင်းဖို့ကို ဝန်မလေးပါနှင့်။

✅အိပ်ရေးဝဝအိပ်စက်ပါ 👁
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းဟာ ကိုယ်ရော စိတ်ရောကို ကျန်းမာလန်းဆန်းစေပါတယ်။ သို့သော် စိတ်ဖိစီးမှုကြောင့် ဘယ်လိုမှ အိပ်မပျော်တဲ့အခါတွေမှာစိတ်ဖိစီးစရာများအား ခဏမေ့ပြီး အိပ်ခါနီးလမ်းလျှောက်ပေးခြင်း၊ မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းရှူရိုက်ခြင်း၊ ၁၀၀မှ ၁သို့ နောက်ပြန်ရေတွက်ခြင်း၊ စိတ်ကိုတည်ငြိမ်စေတဲ့ သံစဉ်များနားထောင်ခြင်းများဖြင့် အိပ်ပျော်အောင်ပြုလုပ်နိုင်ပါတယ်။

✅ခရီးထွက်ပါ🧳🥽
ကြုံတွေ့နေရတဲ့အခြေအနေတွေကနေ ခဏတာလွတ်မြောက်ဖို့၊ စိတ်သစ်လူသစ်နဲ့ ပြန်စဖို့အတွက် နေရာသစ်မှာခဏတာ စိတ်အပန်းဖြေနိုင်ရန် ခရီးထွက်ခြင်းဟာလည်း အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

✅Diary ရေးမှတ်ပါ🗓📜📒

မိမိ ခံစားချက်တွေကို တခြားသူကိုလည်း မပြောပြနိုင်တဲ့အခါမျိုးမှာ diary ရေးမှတ်ခြင်းဟာလည်း နည်းလမ်းကောင်းတခုဖြစ်ပါတယ်။ ရေးမှတ်တဲ့အခါ စာစီစာကုံးရေးသလို သေချာရေးစရာမလိုပါဘူး၊ စိတ်ထဲ ပေါ်လာတာမှန်သမျှ အကုန်ချရေးပါ ။

✅သီချင်းနားထောင်ပါ 💽📽💿

လန်းဆန်းတက်ကြွစေတဲ့ သီချင်းမျိုးနားထောင်ခြင်းဟာလည်း စိတ်ဓာတ် တက်ကြွစေဖို့ နည်းလမ်းကောင်းတခုဖြစ်ပါတယ်။

✅မိမိကိုယ်ကို အချိန်ပေးပါ

ယခုလို ရှုပ်ထွေးပြီးပင်ပန်းလှတဲ့ အချိန်မှာ စီးပွါးရေး၊ လူမှုရေး၊ မိသားစုကိစ္စတွေနဲ့လုံးပန်းပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့မေ့နေတတ်ပါတယ်၊ မိမိအတွက် တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ လောက် အချိန်ပေး ပြီး မိမိဝါသနာပါရာတစ်ခုခုကို ပြုလုပ်ပါ။


✅ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ👩🏻‍⚕️🧑🏻‍⚕️
တွေ့ကြုံခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို တစ်ယောက်တည်း ဖြေဖျောက်ဖို့ ခက်ခဲလာတဲ့ အခါမျိုးမှာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်များနှင့် တိုင်ပင်ပြီး ကုသမှုခံယူရန်လိုအပ်ပါတယ်။

Lin Yaung Chi Oo စိတ်အထူးကုဆေးရုံမှာ ဆရာဝန်များနှင့်လည်း Online ကနေဆွေးနွေးလို့ရပါပြီရှင်။😊

Lin Yaung Chi Oo Mental Health Hospital & Counselling Center
🏥 ဆေးရုံလိပ်စာ : အမှတ်- ၈၉၉၊ ပင်လုံလမ်းမကြီး၊ (၃၆) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် : 09 444 567 811, 09 444 567 822

🏥 ဆေးခန်းလိပ်စာ : အမှတ်- ၁၉၇/၂၀၇၊ Naing Group Tower (1)၊ အနော်ရထာလမ်း နှင့် ၃၂လမ်းကြား၊ (၁၀)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် : 09 406 881 133

🏥 မန္တလေးဆေးရုံလိပ်စာ : အမှတ်-၄၈, အကွက် ဆ-၉၊ ၇၃လမ်း၊ ၁၀၉ ×၁၁၀ လမ်းကြား၊ မြို့သစ် (၂)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
📞ဖုန်းနံပါတ် : 09 885773311, 09 885773322

#လင်းရောင်ခြည်ဦး

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Corner Of Anawrahta Road, And Sule Pagoda Road
Yangon
11182

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Yangon clinics (show all)
Hepta Mental Health Clinic Hepta Mental Health Clinic
215, Thiri Mingalar Road, Ywarma East Ward, Insein Township
Yangon, 11011

We are a team of experienced psychiatrists and psychotherapists who provides treatment for a wide ra

Olor Olor
အမှတ် ၂၆၊ ဗဟန်း ၁ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
Yangon

Mind Matters -Rx Pharmacy, Polyclinic and Diagnostics Mind Matters -Rx Pharmacy, Polyclinic and Diagnostics
Gousia Colony Bemina Srinagar , Gousia Masjid Road
Yangon, 190018

Neuropsychiatry, Psychotherapy and Drug Deaddiction... A Holistic Approach to Mental Health

Henry - I'm with you Henry - I'm with you
Yangon
Yangon

Purposeing for someone who was needed to support mental health.

အေးရိပ်ငြိမ် စိတ်ကျန်းမာရေး ဆေးရုံ အေးရိပ်ငြိမ် စိတ်ကျန်းမာရေး ဆေးရုံ
အမှတ်(၇၁၈)၊ ကနောင်မင်းသားကြီးလမ်း၊ ၁၁၈ ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်
Yangon

PSM PSM
Yangon

အိမ်မှာတရားထိုင်နေသူများအတွက် အထောက်အကူဖြစ်စေမည့်အရာနဲ့ ဗဟုသုတဖြစ်ဖွယ်များ

NYEIN-Counseling&Empowerment NYEIN-Counseling&Empowerment
Yangon

Let me be with you “လုံခြုံစိတ်ချရင်ဖွင့်ပါ သင်နဲ့အတူရှိနေမှာ"

သုခ ျျျျျျပည့္ဝ သုခ ျျျျျျပည့္ဝ
YanKin Street
Yangon

မြန်မာ့တိုင်းရင်းဆေးဝါး

Dr.PSYCH Dr.PSYCH
Yangon, 11011

A team of psychiatrists offering a personalized approach to each individual to meet your need

Khaing Thin Wai Khaing Thin Wai
Thila Street
Yangon

#ရွှေဆား အပူအဆိပ်ထုပ် ခြေရေစိမ်ဆား