AAT- Assurance
(၁)ငွေစုဆောင်းမှူအသက်အာမခံများ
သင်ဘယ်နှစ်ချက်ကိုက်ညီနေပါသလဲ ✍️
လူတစ်ယောက် အဓိက ကျရူံးစေတဲ့ အကြောင်းတရားများ...
၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )
ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။
၂။ အချိန်ဆွဲခြင်း ( ၉%)
လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။
၃။ ကောက်ရိုးမီး အကျင့် ( ၈%)
ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။
၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)
ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။
၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )
ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။
၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)
လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။
ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )
ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။
၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။ သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ၀တ်ကျေတန်းကျေ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနေ၊ လ္ဘက်ရည်ဆိုင်ထိုင် စကားပြောနေကြပါတယ်။
.....
Crd..
Stay safe with life insurance🦠
ပထမကိုဗစ်ဖြစ်တုန်းက ကျန်းမာရေးအာမခံကို
အယောက် (2,000)ကျော် မမျှော်လင့်ဘဲစဝယ်ပြီး
ဒုတိယကိုဗစ်အထိဆို လူ (4,000)ကျော်အတွက်ကို👏
ရွေးချယ်စရာအများကြီးထဲက ကိုယ့်နဲ့ရွေးချယ်ထားတဲ့ချစ်ရတဲ့ customer ကျန်းမာချမ်းသာပါစေဖို့မေတ္တာအမြဲပို့ပေးနေပါတယ်😘
အခုထိတော့ positive case တက်တာ၁၀ယောက်ကျော်ပဲရှိလို့ ဘုရားကျေးဇူးပဲ🙏🏻အားလုံးကျန်းကျန်းမာမာနဲ့ ဆေးရုံဆင်းပေးတာလဲကျေးဇူးတင်ပါတယ် ❤️
က မမျှော်လင့်ပဲ covid ကူးစက်မှူဖြစ်သွားတဲ့ customer တွေကို အပိုထပ်ဆောင်းခံစားခွင့်ပေးတာ သိန်း ၃၀၀ ကျော် ပေးပြီးပါပြီ💪
မကျန်းမာခဲ့ရင် အလျော်ရတဲ့အာမခံ🔺
အခုဝယ်ရင် ရောင်းပါသေးတယ်နော်😁
🔸ဆေးရုံတက်ကုသမှူ
🔸အကြီးစားခွဲစိတ်ကုသမှူ
🔸သာမာန်ဖျားနာကုသမှူ
ဆိုပြီးထားလို့ရပါတယ်!!!
ကိုဗစ်ဒုတိယလှိုင်းအဝင်မှာမမျှော်လင့်နိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေအတွက် ဘာတွေကြိုတင် ပြင်ဆင်ပြီးပြီလဲ..❓
☔"အဆိုးဆုံးအတွက် ပြင်ဆင်ပြီး အကောင်းဆုံးကို မျှော်လင့်ပါ.." ဆိုတဲ့ စကားအတိုင်းပါပဲ။ ကြောက်စရာကောင်းတဲ့ ကိုဗစ်ဒုတိယလှိုင်းအဝင်မှာ မိမိနဲ့ မိမိမိသားစု ကျန်းမာရေးအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ..?
☔ ကြိုမသိနိုင်တဲ့ ကျန်းမာရေးအခြေအနေအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်နည်းကတော့ 'ကျန်းမာရေးအာမခံ' ထားခြင်းပါပဲ။
☔ CB Life ရဲ့ ကျန်းမာရေးအာမခံ (Health Insurance)ရှိပါတယ်။
☔ ကျန်းမာရေးအာမခံ (Health Insurance) ကိုဝယ်ယူခြင်းအားဖြင့် ရောဂါအမျိုးမျိုး(COVID-19 အပါအဝင်) နှင့် မတော်တဆထိခိုက်မှု ဒဏ်ရာများကြောင့်ဆေးရုံတက်ရတဲ့အခါ ဆေးရုံတက်စရိတ် နှင့် ခွဲစိတ်ကုသခြင်းအမျိုးမျိုးအတွက်ခွဲစိတ်ကုသစရိတ်များကို အကာအကွယ်ရရှိမှာဖြစ်တဲ့အပြင် မမျှော်လင့်ပဲ COVID-19 ကပ်ရောဂါကြောင့် (positive) လူနာအဖြစ်ဆေးရုံတက်ကုသရပါကဆေးရုံတက်စရိတ်များကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲအကာအကွယ်ရရှိဦးမှာဖြစ်ပါတယ်။
☔ အထူးသဖြင့် အခုလို ကူးစက်မှုနှုန်းမြင့်မားနေတဲ့ ကိုဗစ်ကပ်ရောဂါ (COVID-19) ရဲ့အန္တရာယ်ကို စိုးရိမ်နေရတဲ့အချိန်မျိုးမှာဆိုရင် ကျန်းမာရေးအာမခံ (Health Insurance ) ထားရှိခြင်းက များစွာ အထောက်အကူပြုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အကယ်၍များမမျှော်လင့်ဘဲ COVID-19 ကပ်ရောဂါကြောင့် ICU ကုသမှုခံယူခဲ့ရမယ်ဆိုပါက CB Life Insurance ရဲ့ COVID-19 Care Funds ထဲကနေ ကျပ်ငွေ (၅) သိန်းအထိ အပိုထပ်ဆောင်းငွေ ရရှိမှာဖြစ်ပါတယ်။
☔ ကျန်းမာရေးအာမခံ (Health Insurance) အကြောင်း အသေးစိတ်စုံစမ်းသိရှိလိုပါက -www.cblife.com.mm တွင် အသေးစိတ်ဝင်လေ့လာနိုင်သလို့စီဘီ အသက်အာမခံ ကုမ္ပဏီလီမိတက် page ရဲ့ Message Box (သို့မဟုတ်) Hot Line - 01 860 4506" သို့ ခုပဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
❝သင့်ဘဝအနာဂတ်လုံခြုံဖို့ CB Life မှာအာမခံထားကြစို့❞
CB Life Insurance
ကဲ ကဲ⚠️
ကျန်းမာရေးအာမခံတွေရမယ်☂️
ကိုယ်လက်အင်္ဂါထိခိုက်မှူအာမခံတွေရမယ်☂️
အသက်အာမခံတွေ ရမယ်☂️
COVID second wave မဖြစ်ခင်ကြိုတင်ဝယ်ထားမှစိတ်ချရမယ်နော်😁
တလနဲ့တလ ငွေပိုငွေလျှံလို့များများစားစားမရှိတဲ့ လခစားဝန်ထမ်းဘဝမှာကိုယ်ချစ်ရတဲ့မိသားစုအတွက် တလုံးတခဲတည်းစုနိုင်ဖို့ဆိုတာလွယ်ပါ့မလား..?
လကုန်တာနဲ့ ကလေးတွေကျောင်းစရိတ်ဖယ်ရတယ်။အိမ်စရိတ်ဖယ်ရတယ်။ ပြီးတော့လူမှုဆက်ဆံရေးအတွက် သာရေး နာရေးအထွေထွေအသုံး စရိတ်ဖယ်ရတယ်။ အဲ့ဒါတွေအားလုံးဖယ်ပြီးသွားပြီဆိုရင် ဖောင်းကားနေတဲ့ ပိုက်ဆံအိတ်လေးက လေကုန်သွားတဲ့ ပူဖောင်းလေးတလုံးလိုပါပဲ။
ဒီကြားထဲ သာမန်ကိုယ့်မြို့မှာကိုယ်ရုံးတက်ရုံဆင်းလုပ်ရရင် တော်သေး။အခန့်မသင့်လိုရပ်ဝေးနယ်ဝေးနဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာတာဝန်ကျလုပ်ကိုင်ရတဲ့ဝန်ထမ်းဘဝဆိုရင်..
သွားစရိတ် လာစရိတ်တွေအပြင်တခြား ဖြစ်လာနိုင်တဲ့ကျန်းမာရေးအပိုကုန်ကျငွေတွေကိုပါ ထည့်တွက်ထားဖို့လိုပါတယ်။
ဒီလို ခေါင်းခြေမလှည့်သာတဲ့ဝန်ထမ်းဘဝမှာ ကိုယ်နဲ့ကိုယ့်မိသားစုအပိုစုဆောင်းငွေ တလုံးတခဲတည်းရအောင်ဘယ်လိုလုပ်ယူမလဲ..?
တလတခါ စုဗူးထဲကိုယ်နိုင်သလောက်လေးထည့်သလိုမျိုးနဲ့ တလုံးတခဲတည်းငွေပင်ငွေရင်းပြန်ရနိုင်တဲ့အကောင်းဆုံးစုဆောင်းမှုနည်းလမ်းဖြစ်တဲ့ CB Life Insurance ရဲ့ "နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ" လေးနဲ့မိတ်ဆက်ပေးပါရစေ။
CB Life Insurance ရဲ့ "နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ" ဆိုတာငွေပိုငွေလျှံအများကြီးမရှိတဲ့ဝန်ထမ်းတွေအတွက်အကောင်းဆုံးငွေစုနည်းပါ။စုဆောင်းမှုကိုအနည်းဆုံး(၁၀) သိန်းကနေအများဆုံး သိန်း (၅၀၀)အထိတိုးပြီးစုနိုင်တယ်။အာမခံသက်တမ်းကိုတော့ (၅)နှစ်ကနေ (၁၀) နှစ်အထိ ကိုယ့်စိတ်ကြိုက်ရွေးချယ်စုဆောင်းနိုင်တယ်။ပေးသွင်းရမယ့် အာမခံပရီမီယမ်ကြေးကို လစဉ်ကိုယ်နိုင်သလောက်စုတဲ့ပုံစံမျိုးနဲ့အရစ်ကျပေးသွင်းနိုင်တယ်ဆိုတော့ ကိုယ်နိုင်သလောက် ကိုယ်စု..ဘာဝန်ထုပ်ဝန်ပိုးမှ ဖြစ်စရာမရှိပါဘူး။
💰ဘဏ်မှာငွေစုထားသလိုမျိုးအတိုးလည်းရ၊ တခုခုထိခိုက်ခဲ့ရင်အကာအကွယ်အာမခံကြေးလည်းရနိုင်တဲ့အပြင်တခြားအကျိုးခံစားခွင့်တွေကြည့်ပြန်တော့လည်း...
- နှစ်စေ့ အကျိုးခံစားခွင့်
- သေဆုံးမှုအကျိုးခံစားခွင့်
- ထာဝစဉ်မသန်မစွမ်းအကျိုးခံစားခွင့်
- အမ်းငွေထုတ်ယူခြင်း
- ချေးငွေရနိုင်ခြင်း စတဲ့ အကျိုးတွေလည်းရနိုင်တာဆိုတော့ "နှစ်တိုငွေပင်ငွေရင်းအာမခံ"ကို ရယူပြီးစုဆောင်းခြင်းဟာ ငွေပိုငွေလျှံမရှိတဲ့ဝန်ထမ်းဘဝမှာ ကိုယ်နဲ့ ကိုယ်ချစ်တဲ့မိသားစု အရေးပေါ်သုံးငွေအတွက် အကောင်းဆုံးငွေစုဆောင်နည်းဖြစ်
စေပါလိမ့်မယ်။
🏡အနာဂတ်ဘဝအတွက် လုံခြုံစိတ်ချမှုအပြည့်ရှိတဲ့ နှစ်တိုးငွေပင်ငွေရင်း အာမခံ ရဲ့ အသေးစိတ်သိရှိလိုပါက
📱09 977999888 သို့ အခုပဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်....
#ငွေဖြူ #ငွေမဲ #ငွေနို့နှစ်
▪️▪️▪️▪️▪️▪️▪️▪️
ဒီသီတင်းပတ်ဟာ မြန်မာနိုင်ငံစီးပွားရေးအတွက် အရေးကြီးပါတယ်
ပထမဆုံး ၃% အခွန်ကို ဒီတစ်နှစ်လောက်တော့
သက်တမ်းတိုးပေးပါလို့ တောင်းဆိုပါရစေ...
(ကိုယ့်အတွက်တော့ မဟုတ်ပါဘူး အများအတွက်ပါ)
ဒါပေမယ့် မူအရတော့လည်း ၃% အခွန်ကို
ဆက်မလုပ်တော့တာကို
ကျနော်ကတော့လက်ခံတယ်...
ခေါင်းရှုပ်သွားသလား
ဒါဆို ၃%ဝင်ငွေခွန်
ဘာကြောင့် သက်တိုး တိုးပေးသင့်သလဲ ဆိုတာကို
အချက် ၂ ချက် နဲ့ တင်ပြတောင်းဆိုပါတယ်..
နောက်နှစ်များမှာတော့ ၃% အခွန်ကို
ဆက်သက် တမ်းမတိုးဖို့ကိုလည်း
အချက် ၂ ချက်နဲ့ ရှင်းပြချင်ပါတယ်..
ဝင်ငွေခွန်နဲ့ ပတ်သက်တဲ့ ဖြစ်စဉ်လေးက
(တစ်ကယ်တော့ ဝင်ငွေခွန်လို့သာ အလွယ်ပြောကြတာ၊
စည်းကြပ်မှုမှလွတ်ကင်းသောငွေပါ၊
ဝင်ငွေခွန်ဥပဒေက သက်သက်ရှိတာပါ...)
၁။ စည်းကြပ်မှုမှ ကင်းလွတ်နေသော
ဝင်ငွေအပေါ်ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား
လျှော့ချသတ်မှတ်ဖို့ကို လုပ်ငန်းရှင်များ
တောင်းဆိုမှုနဲ့အတူ လွန်ခဲ့သော
၂၀၁၈ တုန်းကလည်း တစ်ခါ လွှတ်တော်မှာ ဆွေးနွေးဖူးပါတယ်...
အဲ့တုန်းကတော့ မဲခွဲ ဆုံးဖြတ်မှုမှာ
ရှုံးနိမ့်သွားတဲ့အတွက်
အဲဒီအချိန်တုန်းကတော့ အသက်မဝင်ခဲ့ဖူးရယ်
၂။ ၂၀၁၉ မှာတော့ လွှတ်တော်တွင်း မဲခွဲမှုမှာ အနိုင်ရပြီး
၂၀၁၉ အောက်တိုဘာ (၁)ရက်နေ့ကနေ ၂၀၂၀ စက်တင်ဘာ၃၀ အထိ
တစ်နှစ် သက်တမ်းဖြေလျှော့ပေးမယ်ဆိုပြီး ဖြစ်သွားတယ်..
(အဲလို လျှော့ပေးတဲ့ အကျိုးဆက်အဖြစ်
အခွန်လည်း ပိုတိုးရခဲ့တယ်..
အခွန်နှုန်းလျှော့သွားချိန်မယ် လူတွေက
ကားဝယ်၊ မြေဝယ်နဲ့ဆိုတော့
အခွန်ငွေတော့ ပိုတိုးရခဲ့တယ်.)
၃။ ၂၀၂၀၊ ဇူလိုင် ၁၃ ရက်နေ့က ကျင်းပတဲ့
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့
အစိုးရက အချက် ၃ ချက် တင်ပြတယ်..
(တိုး)(လျော့)(ပယ်ဖျက်) ဆိုပြီး
၃ ချက်ကို ဥပဒေမူကြမ်းထဲမှာ တင်ပြတယ်...
တိုးတာက -
အထူးကုန်စည်ခွန်အဖြစ် သတ်မှတ်ထားသည့်
စီးကရက်၊ ဆေးပေါ့လိပ်၊ အရက်နှင့် ဝိုင်များအပေါ်
ကောက်ခံသည့် အထူးကုန်စည်ခွန်နှုန်းထားများကို
နည်းနည်းတိုးလိုက်တယ်
(ကျန်းမာရေးကြောင့်ရယ်၊ ငွေကြေးဖောင်းပွမှုကြောင့်ရယ်ပေါ့)
လျှော့တာက -
တချို့သောကုန်စည်နဲ့ ဝန်ဆောင်မှုအမျိုးအစားများ ရဲ့
commercial tax ကို
ဥပဒေနဲ့အညီကင်းလွတ်ခွင့်ပြုလိုက်တယ်..
ပယ်ဖျက်တာက -
အခွန်အကောက် ဥပဒေပုဒ်မ ၂၅ မှာ စည်းကြပ်မှုမှ
လွတ်ကင်းနေသော ဝင်ငွေများအပေါ် ကောက်ခံတဲ့
ဝင်ငွေခွန်နှုန်းထားကို လျှော့ချသတ်မှတ်ထားခြင်းကို
ယခုနှစ် ပြဋ္ဌာန်းတဲ့ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏
အခွန်အကောက် ဥပဒေမူကြမ်းမှာ ပယ်ဖျက်ထားခြင်း ဖြစ်ပါတယ်” ဟု
ဒုတိယဝန်ကြီးက ပြောကြားသည်။
(မူကြမ်းကို ကိုယ်စားလှယ်တွေဆွေးနွေးညှိနှိုင်း
တင်ပြဆုံးဖြတ်ပြီး အတည်ပြုပေးပါပေါ့...
အစိုးရကတော့ သူ့အလုပ်သူလုပ်တာလေ)
၄။ ဒီနေ့မှာတော့ အပေါ်က အချက်တွေကို လွှတ်တော်မှာ စဆွေးနွေးပါပြီ
- ၃%ဝင်ငွေခွန် ဘာကြောင့် သက်တိုး တိုးပေးသင့်သလဲ
ဆိုတာကို အချက် ၂ ချက် နဲ့ ပြောချင်ပါတယ်..
- နံပါတ် ၁ ကတော့
ကိုဗစ် ကြောင့် စီးပွားရေးတွေ
ကျပ်တည်းနေချိန်၊ ပုံမှန်လုပ်ငန်းတွေ မလည်ပတ်နိုင်သေးလို့ပါ.လောလောဆယ် cash flow အားကောင်းနေပြီး
အခွန်ပြန်တိုးလိုက်တာနဲ့ cash flow တွေ
တုန့်ဆိုင်းသွားနိုင်ပါတယ်
- နံပါတ် ၂ ကတော့
မြန်မာနိုင်ငံမှာ ငွေနို့နှစ်တွေကို ငွေဖြူ ဖြစ်အောင် ပြောင်းခွင့် ကို
အချိန်ကာလတစ်ခုအတွင်းမှာ အစိုးရဖက်ကလည်း
မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူ
လုပ်ပေးဖို့ရယ် ပြည်သူတွေကလည်း ငွေနို့နှစ်ကို
ငွေဖြူဖြစ်အောင်လုပ်ဖို့ ဆန္ဒနဲ့ အသိရှိဖို့ လိုပါတယ်..
အဲဒီအတွက် အချိန်လိုပါတယ်..
အဲ့ဒါကြောင့် တစ်နှစ်သက်တမ်းတိုးပေးဖို့ကို
အနူးအညွှတ်တောင်းဆိုပါတယ်..
၅။ နောက်နှစ်များမှာတော့ ၃% အခွန်ကို
ဆက်လက်သက်တမ်းမတိုးဖို့ကိုလည်း
အချက် ၂ ချက်နဲ့ ရှင်းပြချင်ပါတယ်..
မြန်မာနိုင်ငံရဲ့ လည်ပတ်နေတဲ့ ငွေတွေကို ပြန်ခွဲကြည့်ရင်
ငွေဖြူ ၂၀%၊
ငွေမဲ၄၀% နဲ့
ငွေနို့နှစ် ၄၀% လောက် ရှိပါတယ်..
- ငွေဖြူ
- စီးပွားရေးလုပ်မယ်၊ ဝင်ငွေတစ်ခုခုရှိတဲ့ အလုပ်လုပ်မယ်
အခွန်ဆောင်မယ် အဲဒီကနေ တရားဝင် ရတဲ့ ငွေကို ငွေဖြူ
(တစ်နည်းအားဖြင့် စည်းကြပ်မှုခံယူပြီးသောငွေ )
- ငွေမဲ
- (တရားမဝင်ရရှိသော ငွေ၊ စည်းကြပ်မှုကို မခံယူဝံ့သော ငွေများ)
- ငွေနို့နှစ်
(သမာအာဇီဝအလုပ်ဖြင့် ရရှိသော ငွေဖြစ်ပေမယ့်လည်း
စည်းကြပ်မှု မခံယူထားသောငွေ)
အခွန် ၃% ကို ၃ နှစ် ဆက်တိုက်လုပ်လိုက်လျှင်
မြန်မာပြည်ရဲ့ အခွန် စနစ် ပျက်ယွင်းသွားပါလိမ့်မယ်..
ဥပမာ ပေးပြီးရှင်းပြချင်ပါတယ်..
ကိုAက ပြီးခဲ့တဲ့နှစ်က သူတို့ကုမ္ပဏီကို နှစ်ချုပ်စာရင်းရှင်းပြီး အမြတ်ခွန်သွင်းပါတယ်..
တစ်နှစ်လုံးမှာ သိန်းတစ်ထောင်မြတ်တဲ့အတွက်
ဝင်ငွေခွန် သိန်း ၂၅၀ အစိုးရကို သွင်းရပါတယ်..
သူတို့ ကုမ္ပဏီမှာတော့ ငွေဖြူ သိန်း တစ်ထောင်နီးပါးရပါတယ်.....
(ငွေဖြူရပြီဆိုတော့ ပျော်ပြီပေါ့.😁
ကိုBကတော့ အရာရှိကြီး လုပ်တယ်၊ သူလည်း တစ်နှစ်ကို
ဝင်ငွေ သိန်း တစ်ထောင်ရပါတယ်...
အစိုးရကို ဝင်ငွေခွန် သိန်း ၁၅၀ နီးပါးသွင်းရပါတယ်
(ပါစင်နယ်ခွန်က ကုမဏီခွန်ထက် သက်သာပါတယ်)
(သူလည်း ငွေဖြူ သိန်း တစ်ထောင်ရှိသွားပါတယ်😁
ကိုCကတော့ ကားဝယ်ရောင်းလုပ်ပါတယ်။
သူလည်း တစ်နှစ်စာ စာရင်းချုပ်ကြည့်တော့
သိန်းတစ်ထောင်လောက် မြတ်ပါတယ်..
(သူကတော့ ငွေနို့နှစ်ပေါ့...
သူ့ဝင်ငွေတွေကို ဝင်ငွေခွန် မဆောင်ထားဘူးလေ)😁
ကိုDကတော့ သမာအာဇီဝမဟုတ်တာ အကုန်လုပ်တာပေါ့...။
သူကအထောဆုံးပဲ...။ (သူ့ဝင်ငွေကတော့ ငွေမဲပေါ့)😎
ဒီနာမည်က ဖန်တီးထာတာပါ။
မူးယစ်၊လောင်းကစား၊လာဘ်စား စသဖြင့် လုပ်တဲ့လူပါ။)
အဲလေးယောက်က ပြီးခဲ့တဲ့နှစ်က
သိန်း တစ်ထောင်တန် Majesty ကားသစ်ကြီး
ဝယ်ကြပါလေရော...
အဲအချိန်မှာပဲ ၃% အခွန် လျှော့
ပေါ်လစီကလည်းထွက်ဆိုတော့ ရှိုးရွမ်းက
ဝင်ငွေခွန် လျှော့တာနဲ့ ဆွယ်တာပေါ့...
ပုံမှန် ဆို ငွေဖြူ မပြနိုင်ရင် သိန်း တစ်ထောင်ကို
၁၅% ဖြစ်တဲ့ သိန်း ၁၅၀ ဆောင်ရမယ်၊
အခုဆို ၃% ပဲ ဆိုတော့ သိန်း ၃၀ ပဲ ဆောင်ရမယ် ဖြစ်ရော..
အဲ အချိန်မှာ ကိုD ကိုCက ပျော်ပြီး၊
ကိုAတို့ ကိုBတို့က သိပ်မပျော်နိုင်ဖူးပေါ့...
ဟုတ်တယ်လေ သူတို့မှာ ငွေဖြူ သိန်း တစ်ထောင်ရဖို့
သိန်း ၂၅၀ ပေးရတဲ့လူနဲ့ သိန်း ၁၅၀လောက်ဆောင်ခဲ့ရတာနဲ့ကိုး၊
ခုကြတော့ သမာအာဇီ၀ အလုပ် မလုပ်တဲ့
လူတွေက သိန်း ၃၀ ပဲ ဆောင်ပြီး ပြီးသွားကြပြီလေ..
(ငွေနို့နှစ်သမားတွေလည်း ပါတာပေါ့)
ခါတိုင်းဆို ငွေဖြူ သမားက ၂၅% ဆောင်ပြီးမှ
ရတဲ့ ငွေဖြူကို၊ ငွေဖြူ မရှိသေးတဲ့သူက ၃၀% ဆောင်ရတယ်...
၅%ကို နောက်ကျဒဏ်ကြေး ပိုကောက်တာပေါ့...
ဒါက အမောင့်ကြီး။
အမောင့်သေးတယ်ဆိုရင်
ငွေဖြူသမားက ဝင်ငွေရဲ့ ၁၀% ဆောင်ရတာကို
ငွေဖြူ မရှိတဲ့သူက ၁၅% လောက်ဆောင်ရတော့
ငွေဖြူဆောင်ရတဲ့သူအတွက် နည်းနည်းမျှတာပေါ့နော်...
ကဲ နောက်ဆုံးတော့လည်း
အားလုံး ၃% နဲ့ပဲ ဆောင်ကြပြီး
ကိုAတို့ ကိုBတို့ရဲ့ ငွေဖြူတွေကို
နောင်နှစ်တွေမှာ သုံးရအောင် သိမ်းခိုင်းလိုက်ကြတာပေါ့..
နောက်တစ်ချက်က
အခြားတိုင်းပြည်တွေနဲ့ မြန်မာပြည်ကို
ထောက်ပံ့နေတဲ့ ဘဏ်တွေက အခုလို
ငွေမဲ ခဝါချတာကို မကြိုက်တဲ့အတွက်
ရေရှည်မှာ ထောက်ပံ့ငွေတွေ ရပ်ဆိုင်းတာတို့
တင်းကျပ်တာတို့ဘာတို့ လုပ်မှာပါ...
ဒီ ၃% စနစ်ကြီး အချိန်ကြာလာတဲ့နဲ့ အမျှ
အခွန်ဆောင်ချင်စိတ်တွေလည်း ပိုပျက်ယွင်းလာမှာပေါ့..
လက်ရှိတောင် မြန်မာနိုင်ငံရဲ့
Tax to Budget ဟာ ၈% လောက်ပဲ ရှိသေးပြီး၊
ချမ်းသာပြီးသားနိုင်ငံတွေကတော့ 40 to 50% ကြားထဲမှာ ရှိပါတယ်..
တိုင်းပြည်ချမ်းသာလို့ လူတွေ အခွန်ဆောင်နိုင်တာလား၊
ပြည်သူတွေ အခွန်စနစ်တကျဆောင်လို့
တိုင်းပြည်ချမ်းသာတာလား..ဆိုတာတော့
ပြန်ဆန်းစစ်ရမလိုပါပဲ🤔🤔
တစ်ကယ်တော့ မြန်မာနိုင်ငံရဲ့ ငွေနို့နှစ် ၄၀% ကို
ငွေဖြူ ဖြစ်တဲ့ လမ်းကြောင်းပေါ်ကို တင်ပေးတာက အမှန်ပါ...
သမာအာဇီဝနဲ့ရှာထားတဲ့ ငွေနို့နှစ်တွေက
ဘာလို့ ငွေဖြူ(စည်းကျပ်မှုရှိသောငွေ) မဖြစ်သေးတာလဲဆိုတဲ့
အကြောင်းရင်းတွေကိုလည်း မှန်မှန်ကန်ကန် သုံးသပ်ပြီး
ကောင်းမွန်မှန်ကန်တဲ့ မူဝါဒတော့ ချမှတ်ဖို့ လိုပါမယ်..
ကြုံလို့ ကျနော်မှားခဲ့တာလေးလည်း ပြောပြချင်ပါတယ်..
ကျနော် လုပ်ငန်းမှာ commercial tax တွေဆောင်ရပါတယ်. အဲဒါကို ကျနော်က ငွေဖြူ ဖြစ်တယ် ထင်နေတာလေ..
နောက်မှ commercial tax (ကုန်သွယ်ခွန်)
တစ်နည်းအားဖြင့် သွယ်ဝိုက်ခွန် ပေါ့...
ကျနော် နားလည်သလို မှတ်ထားတာက
ကိုယ့်လုပ်ငန်းကြောင့်ရလာတဲ့ သူများရဲ့ငွေပေါ့..
ဒါပေမယ့် ကိုယ်အိတ်ထဲက ငွေထွက်သွားပြီး
အစိုးရကို သွင်းရတော့ ငွေဖြူဖြစ်တယ်ပဲ ထင်တာပေါ့နော်..
နောက်မှ ဝင်ငွေခွန် တစ်ခုထဲကသာ
ငွေဖြူ ဖြစ်တယ်လို့ သိရတာ
(မှားရင်လည်း ပြင်ပေးကြပါနော်)😁
နောက်တော့ ကိုယ်လည်း လည်သွားပြီ
စားသောက်ဆိုင်တွေ သွားရင် ကိုယ်ပေးထားတဲ့
commercial tax နဲ့ ဘောက်ချာမှာ
ကပ်ထားတာနဲ့ တူမတူ တိုက်တော့တာပဲ...
တချို့ဆိုင်ပိုင်ရှင် တွေဆို customer ဆီက
commercial tax တော့ကောက်တယ်.
တံဆိပ်ခေါင်းတော့မကပ်ပေးပဲ
သူတို့ အိပ်ထဲထည့်တာမျိုး(ဒါက ခိုးတာပဲပေါ့.)
တချို့ကျတော့ တန်ဖိုးအပြည့်
မကပ်ပေးတာမျိုးတွေလည်း ရှိတာပေါ့...
စားသုံးသူတွေဆီက commercial tax ကို ပိုရချင်တယ်၊
ဆိုင်တွေလည်း မှန်ကန်အောင်ကပ်ဖို့ဆိုရင်
၁၀၀၀ တန်တံဆိပ်ခေါင်းတို့
ငါးထောင်တန် တံဆိပ်ခေါင်းတွေကို
ထီ ပြန်ဖောက်ပေးရင် ပိုကောင်းပါတယ်..
အဲဒါဆို စားသုံးသူတွေကလည်း
သေသေချာချာ ကြည့်ကြမှာပေါ့...
ဆိုင်တွေလည်း မသမာလုပ်လို့ မရတော့ဖူးပေါ့...🤗🤗
ဘဏ္ဌာအခွန်ဦးစီးဌာနအနေနဲ့လည်း ပြောင်းလဲမှုတွေ
လုပ်ထားတာကို အကြမ်ဖျဉ်း သိသလောက် ပြောရရင်..
Phase 4 ခုနဲ့ အခွန်တွေကို မှန်မှန်ကန်ကန်
လွယ်လွယ်ကူကူ ဖြစ်အောင် လုပ်နေပါတယ်..
ပထမ phase မှာ
IATS (Intergrated Administration Tax System) ဆိုပြီး
လုပ်ငန်းတွေကို ထိန်းချုပ်စစ်ဆေးနိုင်တဲ့
စနစ်တစ်ခု တည်ဆောက်ပါတယ်..
နောက် Phase မှာ
SAS (Self Assessment System )ဆိုပြီး
လုပ်ငန်းရှင်တွေ ကိုယ်တိုင် စာရင်းတင်သွင်းပြီး
အခွန်ဆောင်တဲ့ စနစ်ကို တည်ဆောက်ပါတယ်...
(အဓိကတော့ လုပ်ငန်းရှင်နဲ့ အခွန်မှူး(လူ)နဲ့
တိုက်ရိုက်ထိတွေ့တာကို ရှောင်ရှားခြင်းကို လုပ်နိုင်ဖို့ပေါ့)
အခုလာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ
TIN (Tax Identification Number) system ကို စတင်ပါတယ်..
လုပ်ငန်းတွေကို သီးခြားအခွန်ဆောင်နံပါတ်တွေနဲ့
အွန်လိုင်းကနေ လုပ်နိုင်အောင်ပေါ့...
နောက်ထပ်လည်း တစ်ဦးခြင်းစီကို သွားမယ့်
စနစ်တွေ ဖော်ဆောင်ပါဦးမယ်
(သိသလောက်လေး ရှင်းပြတာပါ)
TIN စနစ် အသက်ဝင်သွားရင် အခု
ကိုဗစ်ချေးငွေလို လုပ်ငန်းရှင်တွေကို
အသာပေးတဲ့ကိစ္စတွေမှာ ချေးငွေ စစ်ဆေးရတာ
အရမ်းလွယ်ကူသွားမှာပါ....
TIN မရှိတဲ့ လုပ်ငန်းတွေလည်း ချေးငွေရဖို့
ခက်သွားမှာဖြစ်လို့ TIN ရှိမှ ဖြစ်တော့မှာပေါ့
တစ်ကယ်တော့ အခွန်နှုန်းတွေ တိုးခြင်းထက်
လူများများ အခွန်ဆောင်နိုင်တဲ့ စနစ်ဖြစ်စေခြင်တာပါ.
အားလုံးလည်း
ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး စီးပွားလာဘ်လာဘတွေ
တိုးပါစေ...🙏🙏🙏
📰
✍️ ဦးအောင်မိုးလွင်
( အသက်အာမခံစုရင် ဝင်ငွေခွန်သက်သာစေပါမယ်)
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
📱 09977999888
၁) အာမခံဆိုသည်မှာဘာလဲ
▪️▪️▪️▪️▪️▪️▪️▪️▪️
အာမခံသည် စနစ်တစ်ခုဖြစ်ပါသည်
အာမခံဆိုသည်မှာ ဆုံးရှူံးပျက်စီးမှူတွေကို ငွေရေးကြေးရေး ဘဏ္ဏာရေးနည်းလမ်းနဲ့ပျောက်သွားအောင် ကုစားပေးသည့်စနစ်တစ်ခုဖြစ်သည်
ဒါဆိုရင်ငွေကြေးနဲ့တန်ဖိုးဖြတ်လို့မရတဲ့အရာကိုအာမခံသည်ဘယ်လိုလျော်ပေးမလဲ?
ဒါကိုတော့အာမခံထားလို့မရဘူး စိတ်နဲ့တန်ဖိုးဖြတ်ထားတဲ့ပစ္စည်းတွေ စိတ်ခံစားချက်တန်ဖိုး သံယောဇဉ်တန်ဖိုး ဒါကိုတော့အာမခံထားလို့မရဘူး
အာမခံသည် တန်ဖိုးဖြတ်လို့မရတဲ့ပစ္စည်း နဲ့ တန်ဖိုးမရှိတဲ့ပစ္စည်းတွေကိုတော့အာမခံထားလို့မရပါဘူး
၂) အာမခံဘာကြောင့်ထားဖို့လိုသလဲ
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
အာမခံသည်သင့်ကိုချမ်းသာအောင်လုပ်မပေးနိုင်ဘူး
ဒါပေမဲ့သင့်ကိုဆင်းရဲမသွားအောင်လုပ်ပေးနိုင်တယ်
ဒီကမ္ဘာလောကကြီးမှာ Loss တွေသာမရှိဘူးဆိုရင် အာမခံဆိုသည်မှာလဲရှိမှာမဟုတ်ဘူး
Losses ဟာ un-preventable လို့မရဘူး
ကာကွယ်လို့ရလဲ ကာလတစ်ခုပဲရပါမယ်
၃) loss ကိုကာကွယ်လို့မရတဲ့အချက် ၃ ချက်ရှိ
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
👉loss of uncertainty မသေချာခြင်း မရေရာခြင်းနိယာမရှိနေတဲ့အတွက်ကြောင့် (သင်ဟာဘယ်လောက်ပဲသေချာအောင်လုပ်ထားလဲ မသေချာခြင်းမရေရာခြင်းဆိုတာရှိပါတယ်)လောကကြီးမှာ Safe ဖြစ်နေပါပြီဆိုတဲ့စကားက 100% မဟုတ်ပါဘူး 70% လောက်ပဲ Safe ဆိုတာရှိပါတယ် ဗုဒ္ဓဘာသာမှာတော့ Uncertainty ဖြစ်ရတဲ့အကြောင်းကိုတော့ အနတ္တ(အစိုးမရ)ဆိုပြီးဗုဒ္ဓကပြောထားပါတယ်
👉လူသားတွေထိန်းချူပ်လို့မရတဲ့သဘာဝတရားတွေရှိတယ် သိပ္ပံပညာသည်သဘာဝတရားကိုသိအောင်လုပ်လို့ရတယ် ယနေ့ကမ္ဘာမှာဖြစ်တဲ့ loss တွေက ရာသီဥတုဆိုးဝါးမှူတွေကြောင့်ဖြစ်တယ် ကမ္ဘာမှာ economic loss ဘယ်လောက်ရှိလဲဆိုရင် 210 billion ရှိပြီး အာမခံကလျော်ရတာ 54 billion ရှိပါတယ် ဘာကြောင့်လဲဆိုတော့အာမခံမထားကြလို့ပါ
👉လူသားတွေကြောင့်ပဲပေါ်တဲ့ loss ပဲဖြစ်ပါတယ် အကြီးဆုံး loss ကိုပြောရမယ်ဆိုရင် 9/11 ပဲဖြစ်ပါတယ်(အမေရိကမှာ twin မျှော်စင်တိုက်ခိုက်မှူ)
လူသားတွေတမင်လုပ်တဲ့ loss ကြောင့်ဖြစ်ပါတယ်
လူတွေရဲ့ပေါ့ဆမှူကြောင့်ဖြစ်ပါတယ်
အဲဒီအကြောင်းတရားကြီး၃ခုကြောင့် loss တွေဖြစ်ပေါ်နေပါတယ်
၄)အာမခံလောကကြီးတိုးတက်စေတဲ့အကြောင်းတရား/
နှောင့်နှေးစေတဲ့အကြောင်းတရား ၃ ခုရှိပါတယ်
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
👉Inflation (ငွေကြေးဖောင်းပွမှူ)
👉Religion (ဘာသာတရား)
👉Social Security(လူမှူဖူလုံရေး) တအားကောင်းနေရင်
၅)တိုးတက်စေတဲ့အကြောင်းတရား ၅ ချက်
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
👉စီးပွားရေးဖွံ့ဖြိုးရင် အာမခံတိုးတက်ပါတယ် စီးပွားရေး 4.7% တက်တိုင်း 1% အာမခံတိုးတက်ပါတယ်
👉ဘဏ္ဏာရေးစျေးကွက်တွေအားကောင်းရင်အာမခံတိုးတက်ပါတယ်
👉ပုဂ္ဂလိကပိုင်ဆိုင်မှူရှိရမယ် သို့သော်အားကောင်းမှတိုးတက်မယ်
👉အာမခံအားကောင်းဖို့က Regulatory နဲ့ သူနဲ့ဆက်စပ်တဲ့ Law တွေအားကောင်းဖို့လိုပါတယ်
👉နောက်ဆုံးတချက်က အာမခံ awareness အားကောင်းဖို့လိုပါတယ်
ဆရာကြီးဒေါက်တာမောင်မောင်သိမ်းမှပြောကြားချက်များဖြစ်ပါသည်။
Contact me- 09977999888
What is Insurance ?
-Insurance is a system(စနစ်တစ်ခု/SOP)to remedy(မမျှော်လင့်နိုင်တဲ့)fortuitous(သူ့သဘောသူဆောင်ပြီးဖြစ်တာ/unexpected)loss by financial means(ဘဏ္ဍာရေး/နည်းလမ်း/ငွေရေးကြေးရေးအရကုစားမှူပေး)
When was insurance started?
-3000 years
-Chinese (တရုတ်ပြည်ရဲ့အထင်ကရအရှည်ဆုံးမြစ် ယန်ဇီမြစ်က ကုန်သည်တွေဆီကစ)Spreading the risks.
-Babylonians ဆိုတာကနိုင်ငံ (အခုလိုဆိုရင် အီရတ်နိုင်ငံ)Code of Amurabi. အန်မူရာဘီရဲ့ ကိုဒဥပဒေ မှာ ပင်လယ်ရေကြောင်းကစတယ် /အခုသုံးနေတဲ့အာမခံစနစ်ကြီးက နှစ်ပေါင်း၅၀၀ လောက်တော့ရှိပြီး (17 century)
-The first Fire insurance company in the World 1676 (ပထမဆုံးအာမခံကုမ္ပဏီက ဂျာမဏီကစတယ် Humbert မြို့က Humberg Fire insurance office ဆိုပြီးစပေါ်တယ်
***2-9-1666 မှာ Pudding House ကမီးထလောင်တာ ၅ ရက်တိတိကြာတော့ လန်ဒန်မြို့ရဲ့ ၉၀% ရဲ့ တစ်ဝက်လောက်ကပါသွားတယ်(လူကတော့ ၆ ယောက်သေသွားတယ်)အဲဒီမှာဖြစ်စပြုနေတဲ့ပလိပ်ရောဂါဟာပျောက်သွားတယ် အဲ့နောက်မှာအဲ့ဒါကိုအကြောင်းပြုပြီးနောက်အာမခံစနစ်တွေပေါ်ပေါက်လာတယ်
-The first Fire insurance company in UK (1681)
အင်္ဂလန်မှာစတယ် loyds Coffee house ကစတယ်
အိုက်ဆက်ပရေ့ဂေါ့စ်ဘဲဘုန်း(!)ဘဲဘုန်းပါလီမန်ဆိုပြီးတောင်ခေါ်ရတယ် သူမွေးတဲ့သားကိုတောင် စကားလုံးပေါင်း ၁၁ လုံးပေးခဲ့ပေမဲ့သူ့သားကကြီးလာတဲ့အခါမှာ နီကိုးလပ်စ်ဘာဘယ်ဆိုပြီးပြောင်းလိုက်တယ် သူကဆရာဝန်ပေမဲ့သူတကယ်ဝါသနာပါတာ စီးပွါးရေးပဲ နောက်မှာသူက Insurance Office ဆိုပြီးတည်ထောင်တယ် သူ့အပေါင်းအပါ ၁၁ ယောက်နဲ့ စပြီးအာမခံကုမ္ပဏီတည်ထောင်တယ်
ဆရာကြီးဒေါက်တာမောင်မောင်သိမ်း
"Categories of Insurance Law”
မျက်မှောက်ခေတ်ကာလမှာတော့ အာမခံဥပဒေ ၃ ခုပဲရှိတယ်
1) Insurance Company : အာမခံကုမ္ပဏီများနှင့်သက်ဆိုင်တဲ့ဥပဒေ
(မြန်မာ့အာမခံဥပဒေကတော့ ၁၉၉၃ မှာပေါ်တယ်)(အခနး ၉ ခန်း) (Insurance business law က 1996 မှာပေါ်တယ်)
**အခုတော့ Insurance Law ထပ်ဖွဲ့/ပြင်ပါမယ်အခန်းပေါင်း ၂၈ ခန်း,ပုဒ်မပေါင်း ၂၆၁ ခုနဲ့ပါ(ဦးသန့်ဇင်-FRD)
2) Insurance Contract : အာမခံပဋိဉာဉ် ဥပဒေ (သူ့မှာတော့အဓိကကြတဲ့အပိုင်းသုံးပိုင်းပါတယ်)
Definition,Formation, Principles
——————————————
- A contract where the insurer undertakes(တာဝန်ယူတယ်/promise မဟုတ်) to indemnify(လျော်ကြေးပေး) the assured in the happening of a fortuitous (မမျှော်မှန်းနိုင်တဲ့ဆုံးရှူံးမှူ)loss.
- Offer(Proposal)and Acceptance(Cover Note/ Receipt)with Consideration(premium)
- Policy
3) Insurance Claims : အာမခံလျော်ကြေးဥပဒေ
အဲ့ဒီဥပဒေသုံးခုမှာ မြန်မာပြည်မှာတော့ တစ်ခုပဲရှိသေးတယ်
မြန်မာပြည်မှာဆွဲဖို့ဆို ကြာအုံးမယ်( အင်္ဂလိပ်တွေတောင်လေးနှစ်ဆွဲရတယ်)
မြန်မာ့အာမခံ ခေတ်အဆက်အဆက် MD တွေကတော့
**************************************************
ဗိုလ်မှူးကြီးဘထွန်း
ဗိုလ်မှူးကြီးသိန်းလွင်
ဗိုလ်မှူးကြီး အေးမင်းသိန်း(လက်ထက်မှာ အာမခံကုမ္ပဏီတွေပေါ်လာတယ်)
ဆရာကြီးဒေါက်တာမောင်မောင်သိမ်း
COVID-19 ကာလမှာ ဝန်ထမ်းအယောက် ၂၀၀၀ ကျော်အတွက် ကျန်းမာရေးအာမခံကို ရွေးချယ်စရာအများကြီးထဲက ကျွန်တော့်အားရွေးချယ်ပြီးအားပေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်🙏🏻
စိတ်မပျက်စေရအောင် ဂရုစိုက်ပါ့မယ်💯
ငွေစုဆောင်းမှူအသက်အာမခံ💰
ကိုယ်အင်္ဂါထိခိုက်ကုသမှူအာမခံ💉
ကျန်းမာရေးချို့ယွင်းကုသမှူအာမခံ💊
အသေးစိတ်သိရှိလိုပါက miss call သာ ပေးထားလိုက်ပါပြန်ခေါ်ပေးပါ့မယ်😁
📱09 977999888
ထိရောက်သော ငွေစုဆောင်းမှူဆိုသည်မှာ-
**************************************
လစဉ်မိမိရဲ့ဝင်ငွေထဲကအနဲဆုံး ၂၀% လောက်စုနိုင်ရမယ်💯
စုထားလိုက်တဲ့အပေါ်မှာလဲ အမြတ်ငွေရရှိရမယ်💰
ကိုယ်တခုခုဖြစ်ခဲ့ရင်လဲ ကျန်ရစ်သူကအဆများစွာခံစားခွင့်ရရမယ်👨👨👧👧
ကိုယ်ရည်ရွယ်ထားတဲ့ကာလရောက်ရင်ရင်လဲ တစ်စုတစ်စည်းထဲပြန်ထုတ်လို့ရရမယ်🏘
အရေးကြီးဆုံးကကိုယ့်ရဲ့ချွေးနဲစာလေးအပ်ထားတဲ့နေရာတွေက စိတ်ချခိုင်မာတဲ့ လုပ်ငန်းဖြစ်ရမယ်🏦
နိုင်ငံပိုင်အစိုးရရောင်းချခွင့်ပြုထားတဲ့ထုတ်ကုန်များဖြစ်ရမယ်☂️
If you like high risk you will get high returns💰
အသေးစိတ်သိရှိလိုပါက - 09 977999888☂️
အလုပ်လဲ လုပ်
အစားလဲ စား
ကျန်းမာအောင်လဲ နေ
ငွေကုန်ကြေးကျ မများရအောင်
အာမခံလေးလဲ ထား💉
Contact us ☂️09-977999888
တစ်နေ့တစ်နေ့ ဖေ့သ်ဘွတ်ပေါ်မှာ ⚠️
အသက်ငယ်ငယ်လေးနဲ့ မကြွေသင့်ဘဲ ❌
အကြွေစောသွားတဲ့သူတွေကြည့်လိုက်ရင် ❓
ဆိုယ်ကယ်ကြောင့် ယာဉ်မတော်တဆမှူတွေကြောင့် 🚫ဖြစ်ကြတာများတယ်
အသံတိတ်လူသတ်လက်နက်တွေပါလား⚠️ဂရုစိုက်ကြပါ သတိကပိုတယ်မရှိပါ⚠️
Contact Ph No- 09977999888
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Opening Hours
Monday | 09:00 - 06:00 |
Than Thu Mar
Yangon
Insurance, Logistics & General Services
22nd Floor, Junction City Office Tower, Bogyoke Aung San Road, Pabedan Township
Yangon
သင်နှင့် သင့်မိသားစုအတွက်
18 Floors, Office Tower 2, Myanmar Plaza, Kabaraye Pagoda Road, Bahan
Yangon
Myanmar needs Insurance
Junction City Tower, No. 3/A. Bogyoke Aung San Road, 22nd Floor
Yangon, 11141
Specialised in insurance covering Life, Education, Health and general insurance.
Myanmar Plaza, 18th Floor , Tower B , Bagan Township
Yangon
Agency Leader for CHUBB , purpose of helping people life and safety.
Myanmar Centre Tower 2
Yangon
Advise people for saving money and protecting life