Journey of Renal Transplant By Aung Myo Myat

Journey of Renal Transplant By Aung Myo Myat

You may also like

Hombal Organic Care
Hombal Organic Care

ကျောက်ကပ်နှင့် SLE ရောဂါဆိုင်ရာ ကျန်းမာရေးဗဟုသုတ။

02/11/2023

ဦးဆုံး စာရင်းသွင်းတတ်ရောက်မယ့် လူနာအယောက် (၂၀) ကို သွေးအားဖြည့်ဆေး လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။
လူနာသစ်/ဟောင်းများအပြင် ဘယ်ဆေးရုံကလူနာမဆို အခမဲ့လာရောက် ဆွေးနွေးလို့ရပါတယ်ခင်ဗျာ။
အားလုံးကိုဖိတ်ခေါ်အပ်ပါတယ် 🙏

#ကျောက်ကပ်ကျန်းမာရေးဆွေးနွေးပွဲတတ်ရောက်ရင်း_သွေးအားဖြည့်ဆေး_အခမဲ့ရယူပါ

လာမည့် နိုဝင်ဘာလ ပထမပတ်အတွင်း ရန်ကုန်နှင့်မန္တလေးမြို့တို့၌ ပြုလုပ်မည့် ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီး၏ ကျန်းမာရေးဆွေးနွေးပွဲ၌ ပထမဆုံး စာရင်းပေးတတ်ရောက်သူ ကျောက်ကပ်ဆေးနေရသည့် လူနာ အယောက် (၂၀) အား သွေးအားဖြည့်ဆေး - ✅ Renocel 4000 IU ✅ အချောင်း (၂၀) တိတိကို တချောင်းစီနှုန်းဖြင့် မေတ္တာလက်ဆောင်အဖြစ် အခမဲ့ လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။

(ရန်ကုန်ပွဲတတ်လူနာ (၁၀)ဦးနှင့် မန္တလေးပွဲတတ်လူနာ (၁၀)ဦး စုစုပေါင်း အယောက် (၂၀) စာ လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။)

ဆီးနှင့်ကျောက်ကပ်ရောဂါများအား ဆရာဝန်ကြီးနှင့် အနီးကပ်ဆွေးနွေးပြီး သွေးအားဖြည့်ဆေး မေတ္တာလက်ဆောင်အား လာရောက်ရယူဖို့ ယခုပဲ စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ....

----------------------

ပွဲအစီအစဥ်နှင့် ဆက်သွယ်စာရင်းပေးရန်။

အိန္ဒိယနိုင်ငံရှိ Max Hospital India Delhi,Saket မှ - ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး -

✅- Dr. Anant Kumar -✅
(Chairman - Urology,Renal Transplant,Robotics & Uro-Oncology)

ရန်ကုန်နှင့်မန္တလေးမြို့များသို့ လာရောက်ဆွေးနွေးဟောပြောမည်ဖြစ်ပါ၍ မည်သည့်ဆေးရုံတွင်မဆို ကုသမှုခံယူခဲ့သည့် လူနာဟောင်းနှင့် လူနာသစ်များ မည်သူမဆို "အခမဲ့" စာရင်းသွင်းတတ်ရောက်နိုင်ပါသည်။

အိန္ဒိယကို ကျောက်ကပ်အစားထိုးကုသဖို့ သွားရောက်လိုသူများအတွက် ဆေးကုသမှုမခံယူမှီ လိုအပ်တာတွေ ကိုယ်သိရှိလိုတာတွေကို ဆရာဝန်ကြီးနဲ့အနီးကပ် ဆွေးနွေးခွင့်ရမှာဖြစ်တဲ့အတွက် လာရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

ရန်ကုန်မြို့တွင် -
✅နေ့ရက် - (4.11.2023)စနေနေ့
✅နေရာ - "Vintage Luxury Yacht"
✅အချိန် - နံနက် 10 နာရီမှ နေ့လည် 12 နာရီထိ

မန္တလေးမြို့တွင် -
✅နေ့ရက် - (5.11.2023)တနင်္ဂနွေနေ့
✅နေရာ - "Hotel Queen"
✅အချိန် - နံနက် 10 နာရီမှ နေ့လည် 12 နာရီထိ

ဆက်သွယ်စာရင်းပေးသွင်းရန် -

✅ဖုန်း - 09692367697
09400783478

************

ဆေးကုသမှုနှင့်ပတ်သတ်၍ဖြစ်စေ ကုန်ကျစရိတ်နှင့် ပတ်သတ်၍ဖြစ်စေ -

✅ "Page Chat Box" မှတဆင့် (သို့)

အောက်ပါဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်ပါသည်။

✅ Ph - 09 692 367 697
(Viber/Whatsapp)
- 09 400 783 478

✅ Company Address -

No.(44-A),Ground Floor,36th Street,Kyautada Ts,Yangon.

#ရွှေဂင်္ဂါ
#အိန္ဒိယဆေးရုံများဝန်ဆောင်မှု
#ကျန်းမာရေးဝန်ဆောင်မှု
#ကျောက်ကပ်ရောဂါကုသခြင်း
#ကျောက်ကပ်အစားထိုးခြင်း
#အသည်းအစားထိုးခြင်း
#နှလုံးရောဂါများခွဲစိတ်ကုသခြင်း
#ကျန်းမာရေးဆွေးနွေးပွဲ

Photos from Shwe Gingah - ရွှေဂင်္ဂါ အိန္ဒိယဆေးရုံများသို့ ကျန်းမာရေးဝန်ဆောင်မှု's post 03/10/2023
23/09/2023

ကျောက်ကပ်အစားထိုးဖို့ လိုအပ်နေရင် ကျွန်တော်တို့ဆီမှာ ဆွေးနွေးတိုင်ပင်လို့ရပါတယ်ခင်ဗျာ။

ကျောက်ကပ်သည် လူ့ခန္ဓာကိုယ်ရှိ ကျောဘက် ခါးနေရာတွင် ဘယ်ဘက်နှင့် ညာဘက် နှစ်ဘက်လုံးတွင်ရှိသော စုံတွဲအင်္ဂါအစိတ်အပိုင်း တစ်စုံဖြစ်ပါသည်။အရွယ်အစားအားဖြင့် လက်သီးဆုပ်အရွယ်ခန့်ရှိပြီး ဘယ်ဘက်ခြမ်းရှိကျောက်ကပ်သည် ညာဘက်ကျောက်ကပ်ထက် အနည်းငယ် ကြီးပါသည်။

လူ့ခန္ဓာကိုယ်တွင် အညစ်အကြေးအား ဆီးမှတဆင့် စွန့်ထုတ်စေပြီး သွေးပေါင်ချိန်ညှိပေးခြင်း၊သွေးအားကောင်းစေခြင်း၊ရေဓာက်ထိန်းညှိပေးခြင်း၊ဆားဓာက်နှင့် သတ္တုဓာက်များအား မျှတစေခြင်း အစရှိသည့် လုပ်ငန်းဆောင်တာများအားဆောင်ရွက်ပေးပါသည်။

ကျန်းမာနေသော ကျောက်ကပ်နှစ်လုံးသည် အောက်ပါရောဂါနှင့် အခြေနေများတွင် ပျက်စီးခြင်းသို့ ရောက်ရှိနိုင်ပါသည်။

❗ သွေးတိုးရောဂါ။

❗ ဆီးချို/သွေးချိုရောဂါ။

❗ ကျောက်ကပ်ယောင်ခြင်း။

❗ ကျောက်ကပ်ရေအိတ်တည်ခြင်း။

❗ ကျောက်ကပ်တွင် ကျောက်တည်ခြင်း။

❗ မျိုးရိုးလိုက်သော ကျောက်ကပ်ရောဂါ။

❗ အကိုက်အခဲပျောက်ဆေးများ အလွန်ကျွံ သုံးစွဲခြင်း။

❗ အော်တိုအင်မြူးရောဂါများကြောင့် ကျောက်ကပ်ပျက်စီးခြင်း။

(နာတာရှည်ကျောက်ကပ်ရောဂါနှင့် ကျောက်ကပ်ပျက်စီးခြင်း ဖြစ်ပွားမှု၏ သုံးပုံနှစ်ပုံခန့်သည် သွေးတိုးနှင့် ဆီးချိုရောဂါတို့ကြောင့်ဖြစ်ပါသည်)

ကျောက်ကပ်ပျက်စီးခြင်း နောက်ဆုံးအဆင့် (CKD stage 5) သို့ရောက်ရှိပါက ကျောက်ကပ်အစားထိုးကုသခြင်းဖြင့် ကုစားလို့ရပါသည်။

ကျောက်ကပ်အစားထိုးကုသတယ်ဆိုတာ ဘယ်လိုမျိုးလဲ ❓❓❓

✅ ကျောက်ကပ်အစားထိုး ကုသခြင်းဟူသည် လူနာ၏မကောင်းသော ကျောက်ကပ်နှစ်လုံးကို မထုတ်ပဲ မူလနေရာတွင်ထားပြီး အလှူရှင်၏ ကျန်းမာသော ကျောက်ကပ်တစ်လုံးအား လူနာ၏ ဝမ်းဗိုက်တနေရာရာတွင် ထည့်သွင်း၍ သွေးကြောများနှင့် ချိတ်ဆက်ပြီး ခွဲစိတ်အစားထိုးခြင်းဖြစ်ပါသည်။

✅ ကျောက်ကပ်အစားထိုးကုသခြင်းဖြင့် ပုံမှန်ကျန်းမာသော လူနေမှုဘဝအား ပြန်လည်ရရှိပိုင်ဆိုင်စေကာ ခွဲစိတ်ပြီး ၆လ (သို့) ၁ နှစ်ခန့်အကြာတွင် မိမိလုပ်ငန်းခွင်သို့ ပြန်ဝင်နိုင်မည်ဖြစ်ပါသည်။

✅ အစားထိုးကုသပြီး နောက်ဆက်တွဲအနေဖြင့် မိမိခန္ဓာကိုယ်အတွင်း အစားထိုးထည့်သွင်းထားသော အလှူရှင်၏ကျောက်ကပ်အား ခုခံအားမှ ပြန်တိုက်ထုတ်ခြင်းမရှိအောင် ကိုယ်ခံအားချဆေးများ ပုံမှန်သောက်သုံးသွားရန်နှင့် ထိုဆေးများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အထွေထွေရောဂါပိုးများ မဝင်ရောက်စေရန် အနေထိုင် အစားသောက်ဆင်ခြင်ခြင်းဖြင့် မိမိကိုယ်ကိုစောင့်ရှောက်ရန်မှာ အထူးအရေးပါလှပါသည်။

လူကြီးမင်းတို့အနေဖြင့် ရောဂါအခံကြောင့်ဖြစ်စေ၊အသက်အရွယ်ကြောင့်ဖြစ်စေ၊အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးပြီး အစားထိုးကုသဖို့ လိုအပ်နေပါက ရွှေဂင်္ဂါမှာ အစားထိုးကုသမှုနဲ့ပတ်သတ်ပြီး "အခမဲ့" ဆွေးနွေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်။

ပျော်ရွှင်ကျန်းမာတဲ့ ဘဝကို ပြန်လည်ပိုင်ဆိုင်ရရှိနိုင်စေဖို့အတွက် ရွှေဂင်္ဂါရဲ့ အထူးဝန်ဆောင်မှုတွေကို ရယူလိုက်ပါ။

ရွှေဂင်္ဂါ ကျန်းမာရေးအေဂျင်စီမှ ရရှိနိုင်တဲ့ ဝန်ဆောင်မှု အသေးစိတ်အား အောက်ပါ link ကိုနှိပ်၍ ဝင်ရောက်လေ့လာဖတ်ရူနိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=119759931160538&id=100093795957433&mibextid=Nif5oz

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်ကို အကောင်းဆုံးနဲ့ အလျင်မြန်ဆုံး ဖြည့်စည်းပေးဖို့ ရွှေဂင်္ဂါ အဖွဲ့သားများမှ အသင့်စောင့်ကြိုလျက်ရှိပါသည်။

"မြန်ကောင်းသက်သာ ကျန်းမာဖို့
ရွှေဂင်္ဂါနှင့် ဆက်သွယ်စို့"

ကျောက်ကပ်ရောဂါအပြင် အခြားသောကျန်းမာရေးဆွေးနွေးမှုတွေပါ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ Group အသစ်လေးကို Join(ဝင်ရောက်) ပေးကြပါဦးခင်ဗျာ။

Link -

https://www.facebook.com/groups/788456436107828/?ref=share_group_link

*******

ဆေးကုသမှုနှင့်ပတ်သတ်၍ဖြစ်စေ ကုန်ကျစရိတ်နှင့် ပတ်သတ်၍ဖြစ်စေ -

✅ "Page Chat Box" မှတဆင့် (သို့)

အောက်ပါဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်ပါသည်။

✅ Ph - 09 692 367 697
(Viber/Whatsapp)
- 09 400 783 478

✅ Company Address -

No.(44-A),Ground Floor,36th Street,Kyautada Ts,Yangon.

#ရွှေဂင်္ဂါ
#အိန္ဒိယဆေးရုံများဝန်ဆောင်မှု
#ကျန်းမာရေးဝန်ဆောင်မှု
#ကျောက်ကပ်ရောဂါကုသခြင်း
#ကျောက်ကပ်အစားထိုးခြင်း
#အသည်းအစားထိုးခြင်း
#နှလုံးရောဂါများခွဲစိတ်ကုသခြင်း

Photos from Journey of Renal Transplant By Aung Myo Myat's post 23/03/2023

Amyloidosis ရောဂါအကြောင်း။

(Amyloidosis & SLE)

ဒီနေ့မှာတော့ ပညာရေးနယ်ပယ်က လူတော်တဦးဆုံးပါးသွားတဲ့အဖြစ်နဲ့ ပတ်သတ်ပြီး လူသိနည်းပါးတဲ့ ရှားပါးရောဂါ Amyloidosis ရောဂါအကြောင်းမျှဝေပေးချင်ပါတယ်။

ကျွန်တော်တို့ SLE ရောဂါလို ရှားပါးပြီး လူသိနည်းပါးတဲ့ autoimmune ရောဂါအုပ်စုဝင်ဖြစ်တဲ့အပြင် ကျောက်ကပ်ကိုပါပျက်စီးစေနိုင်​ပြီး ကျောက်ကပ်ဆေးနေသူတွေပါမှာ ဖြစ်နိုင်ချေရှိတဲ့အတွက် SLE ရော ကျောက်ကပ်နယ်ပယ်က လူတွေအတွက်စိတ်ဝင်စားစရာပါ။အထူးသဖြင့် အဆိုပါရောဂါဟာ SLE ရောဂါနဲ့ အချက်တော်တော်များများဆင်တူနေတာကိုတွေ့ရပါတယ်။

What is Amyloidosis?

Amyloidosis ဆိုတာ Amyloid လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ အသားဓာက်(Protein)တွေ ခန္ဓာကိုယ်ထဲမှာ ဖောက်ပြန်ပြီး စုပုံလာတဲ့အခါ ကိုယ်တွင်းကလီစာတွေကို ထိခိုက်ပျက်စီးပြီး လူ့အသက်သေဆုံးသည်အထိ ဒုက္ခပေးနိုင်တဲ့ရောဂါပါ။သွားရောက်ထိခိုက်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း(နှလုံး၊ကျောက်ကပ်၊အသည်း၊အာရုံကြော) အပေါ်မူတည်ပြီး ကုသမှုခံယူရကာ အခြေနေဆိုးရွားပါက ကျောက်ကပ်အစားထိုးခြင်း၊အသည်းအစားထိုးခြင်းတို့ကိုပါ ပြုလုပ်ရနိုင်ပါတယ်။

Amyoloidosis ရောဂါအမျိုးအစား များစွာရှိပြီး(SLE ရောဂါကဲ့သို့) အမြစ်ပြတ်ကုသရန် ဆေးမရှိဘဲ ဆေးပညာဖြင့်သာ ခံစားနေရတဲ့ရောဂါဝေဒနာကို သက်သာစေပြီး ရောဂါအခြေနေပိုဆိုးမသွားအောင်သာ ထိန်းထားနိုင်ပါတယ်။

****Amyloidosis ရောဂါဖြစ်နိုင်ချေရှိသော လူတွေရှိတဲ့အနက်တချက်မှာ ကျောက်ကပ်ဆေးနေသူတွေ ပါဝင်နေခြင်းပဲဖြစ်ပါတယ်။ကျောက်ကပ်ဆေးနေသူတွေအနေနဲ့ သတိပြုဖွယ်ရာပါ။(သို့သော် ခေတ်မှီတိုးတတ်လာသော ကျောက်ကပ်ဆေးစက်၊ကျောက်ကပ်တု(dialyser) တို့ကြောင့် ဖြစ်နိုင်ချေ အင်မတန်မှနည်းပါးပါတယ်။)

Amyloidosis ဖြစ်နိုင်ချေရှိသော ကျန်တဲ့အချက်လေးတွေကို SLE ရောဂါနဲ့ ယှဥ်တွဲပြီး အောက်မှာဖော်ပြပေးပါမယ်။
(Autoimmune မျိုးနွယ်စုရောဂါခြင်းဖြစ်တဲ့အတွက် အချက်တော်တော်များများတူညီနေပြီး တချို့အချက်တွေမှာ ဆန်ကျင်ဘက်ဖြစ်တာကို တွေ့ရပါမယ်)

Amyloidosis Vs SLE

(1) ရောဂါနှစ်ခုလုံးသည် ကူးစက်ရောဂါမဟုတ်ဘဲ မျိုးရိုးဗီဇာကြောင့် ဖြစ်ရခြင်း။(မိသားစုဝင်တဦးဦးမှာ ဒီရောဂါရှိရင် အခြားမိသားစုတွေမှာပါရှိနေနိုင်ပြီး မျိုးရိုးဗီဇလိုက်တဲ့ရောဂါဖြစ်ပါတယ်)

(2) Amyloidosis ရောဂါသည် အသက် (၅၀) နှင့်အထက်မှာ ဖြစ်နိုင်ချေများပေမယ့် SLE ရောဂါသည် ငယ်ရွယ်နုပျိုသူတွေမှာ အဖြစ်များပါတယ်။(အသက်ငယ်လေ antibody ကောင်းလေဖြစ်တဲ့အတွက် SLE ကိုကြောက်ရလေပါ)

(3) Amyloidosis ရောဂါသည် အမျိုးသားတွေမှာအဖြစ်များပြီး SLE ရောဂါသည် အမျိုးသမီးတွေမှာ အဖြစ်များခြင်း။(Amyloidosis ရောဂါသည် (၆၀%) ဟာအမျိုးသားဖြစ်လေ့ရှိပြီး SLE ရောဂါတွင် (၉၀%) သောရောဂါသည်တွေဟာ အမျိုးသမီးတွေပါ)

(4) ရောဂါနှစ်ခုလုံးသည် ရောဂါဖြစ်ပုံအဆင့်ဆိုးရွားပါက ကျောက်ကပ်ပျက်စီးသည်အထိဖြစ်နိုင်ပါတယ်။

(5) ရောဂါနှစ်ခုလုံးသည် ပိုးလေးဘက်နာ၊သွေးလေးဘက်နာ၊အဆစ်ယောင်ရောဂါတွေကနေတဆင့် ဖြစ်လာနိုင်​ခြေရှိပါတယ်။

(6) ရောဂါနှစ်ခုလုံးသည် ပျောက်ကင်းအောင်ကုသရန်ဆေးနည်းမရှိဘဲ ရောဂါဝေဒနာ သက်သာအောင်သာထိန်းပြီး စောင့်ရှောက်ကုသနိုင်ခြင်း အစရှိတာတို့ဖြစ်ကြပါတယ်။

အားလုံး သက်ရှည်ကျန်းမာတဲ့ဘဝအား ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ.....






Journey of Renal Transplant By Aung Myo Myat

Photos from Journey of Renal Transplant By Aung Myo Myat's post 02/03/2023

ကျောက်ကပ်ရောဂါနှင့် မြန်မာဆေးမြှီးတို။

(ကျောက်ကပ်လောကထဲကဖြစ်လို့ ခုလိုခေါင်းစဥ်တပ်ရခြင်းဖြစ်ပြီး မည်သည့်ရောဂါတွင်မဆို ဆေးမြှီးတိုသုံးခြင်းအား ငြင်းဆန်လိုပါသည်)

အရင်ဆုံး မြန်မာဆေးမြှီးတိုဆိုတဲ့ စကားလုံးရဲ့ ခက်ဆစ်အဓိပ္ပာယ်ကို ဖွင့်ဆိုချင်ပါတယ်။ဒီစကားရပ်မှာ တရားဝင်လိုင်စင် မှတ်ပုံတင်အမှတ်သုံးပြီး ရောင်းချနေတဲ့ မြန်မာတိုင်းရင်းဆေးတွေမပါပါဘူး။

ကျောက်ကပ်ရောဂါဖြစ်ဖူးသူတိုင်း ကြားဖူးမှာဖြစ်တဲ့ ဥပမာ - ကတတ်ခေါက်နဲ့သံပုရာသီး၊ကျောက်ဖရုံသီးဟင်းချို၊ဆင်နှာမောင်းရွက် ကျိုသောက်၊ရေဝါးရွက် ကျိုသောက်...(အစရှိသဖြင့် ထပ်ဖြည့်ပါ) အဲတာတွေအကုန်လုံးဟာ ဆေးမြှီးတိုပါပဲ။မိတ်ဆွေအနေနဲ့ ကျောက်ကပ်ရောဂါဖြစ်ဖူးရင် အပေါ်ကဆေးနည်းတွေထဲက တမျိုးမျိုးကို သောက်ဖို့အကြံပေးတာ ခံရဖူးမယ်ဆိုတာ ကျွန်တော် ရဲရဲကြီးအာမခံပါတယ်။

မြန်မာဆေးမြှီးတို နည်းတွေဘယ်ကလာသလဲဆို ရပ်ကွက်ထဲက ကိုယ်နဲ့နီးစပ်သူတွေဆီက လာနိုင်သလို အများအားဖြင့်တော့ facebook ပေါ်က အထိန်းကွပ်မဲ့နေတဲ့ ကျန်းမာရေး groups တွေကနေ လာပါတယ်။(facebook ပေါ်က ကိစ္စက သက်ဆိုင်ရာ ဝန်ကြီးဌာနက ထိန်းချုပ်သင့်တယ်လို့ ယူဆပါတယ်)

ဒါကြောင့်မလို့ ကျွန်တော်ကတော့ မြန်မာဆေးမြှီးတို(သို့)ရပ်ကွက်ဆေးနည်း(သို့)fackbook ပေါ်ကဆေးနည်းတွေလို့ပဲ နာမည်တပ်ချင်ပါတယ်။(ဘကြီးဘုန်းကြီး ဆေးနည်းတွေနဲ့ ကိုယ့်ဟာကို သမားတော်လို့အမည်တပ်ပြီး plastic အိတ်ရယ် စာရွက်တရွက်ရယ် ဘာမှန်းမသိတဲ့ အရွက်ခြောက်တွေသုံးပြီး ကျောက်ကပ်အမြစ်ပြတ်ပျောက်ဆေးအမည်တပ်ထားတဲ့ ဆေးတွေကျန်ပါသေးတယ်)

ကျွန်တော်ဘာလို့ဒါတွေအရင်ပြောနေလဲဆို မြန်မာဆေးမြှီးတိုမှာလဲ သူ့ပရိသတ်နဲ့သူရှိနေလို့ပါ။"မင်းက မြန်မာလူမျိုးဖြစ်ပြီး မြန်မာဆေးကို စော်ကားတာလား၊အဂ်လိပ်ဆေးမှ အထင်ကြီးပြီး စွမ်းတယ်ထင်နေတာလား" အစရှိသဖြင့် ပြောခံရမှာ ကြိုသိနေလို့ပါ။ဒီလောက်ဆိုရင် ကျွန်တော်ရဲ့ မြန်မာဆေးမြှီးတို ခက်ဆစ်ကလုံလောက်ပါပြီ။မြန်မာဆေးနည်းမဟုတ်တဲ့ မြန်မာလူမျိုးတွေ ပါးစပ်ကထွက်လာတဲ့ ပေါက်ကရလေးဆယ်ဆေးနည်းတွေကိုသာ ရည်ရွယ်ခြင်းဖြစ်ပါတယ်။

အဲတာတွေထဲမှ အဆိုးဆုံးစကားကတော့ "မင်းတို့ အဂ်လိပ်ဆေးက စွဲကုရတာ ပြီးတော့လဲမပျောက်ဘူး၊ငါတို့မြန်မာဆေးကမှ အမြစ်ပြတ်ပျောက်တာကွ" ဆိုတဲ့ မီးလောင်ရာ ပန်ကာဖွင့်တဲ့ စကားပါ။

ဟုတ်ပါတယ်။သူပြောတာကလဲ ရုတ်တရက်ဆို ထင်ယောင်ထင်မှားဖြစ်လို့ရပါတယ်။အဂ်လိပ်သမားတော်ပြဖို့က -
(၁) သွေးစစ်
(၂) ရက်ချိန်းယူ
(၃) ဆရာဝန်ပြ
(၄) နောက်တပတ်ချိန်း
(ပြီးရင် နံပါတ်တစ်ကနေ ပြန်စဖတ်ပါ)

အစရှိသဖြင့် သံသရာလည် အချိန်ယူပြီး treatment ကိုခံယူရပေမယ့် သူတို့ဆေးတွေမှာက "ကျောက်ကပ်ရောဂါအမြစ်ပြတ်ပျောက်သည်" တလုံးနဲ့တင် အပိုင်း(၁) ဇာတ်သိမ်းပိုင်း တန်းရောက်သွားလို့ပါ။

Nocid(compound of amino acid) ဆေးကို ကျောက်ကပ်သမားတိုင်းသောက်ဖူးကြလို့သိမှာပါ။ကျွန်တော်တခါကပြောဖူးတယ်။ကျွန်တော်တို့သောက်နေတဲ့ Nocid မှာက "ကျောက်ကပ်ရောဂါ အမြစ်ပြတ်ပျောက်သည်" ဆိုတဲ့စာမှမပါတာ...ဒါကြောင့် ခင်ဗျားတို့က ယုံယုံကြည်ကြည်နဲ့မသောက်ချင်ကြတာလေ။

သူတို့သောက်နေတဲ့ဆေးတွေမှာက ကျောက်ကပ်ရောဂါမှမဟုတ်ဘူး ရှိသမျှ ၉၆ ပါးရောဂါ အကုန်ပျောက်သည်ဆိုတဲ့ စာရေးထားတဲ့ စာရွက်ဖြူလေးတရွက်ပဲပါတယ်။

အဲစာရွက်ဖြူလေးတရွက်ကြောင့်ပဲ ကျောက်ကပ်ဆေးရတဲ့အဆင့်ကို မြန်မြန်ရောက်ပြီး ကိုယ့်ဘဝတခုလုံး စုတ်ပြတ်သတ်သွားမှာ မမြင်ကြဘူး။

နှမြောစရာအကောင်းဆုံးကတော့ ရောဂါနုပြီး ကုသမှုခံယူရင်ပြန်ကောင်းသွားနိုင်တဲ့ လူနာမျိုးသောက်မိရင် ကျောက်ကပ်ပျက်စီးတဲ့အဆင့်ရောက်သွားတာမျိုးပါ။ပျက်စီးအဆင့်ရောက်နေတဲ့လူတွေသောက်မိရင်လဲ ဆီးဆိပ်ပိုပြီး မြန်မြန်တတ်ဖို့သာရှိတဲ့တွက် ကျောက်ကပ်သမားမှန်ရင် ထိကိုမထိသင့်တာပါ။

မြန်မာဆေးမြှီးတိုတွေသောက်ရင် ဘာဖြစ်မလဲ???

ကျောက်ကပ်ဆိုတာ အလွယ်​ပြောရရင် ရေစစ်ပါ။သွေးထဲက ခနွာကိုယ်အတွက် မလိုအပ်တဲ့ အညစ်အကြေးနဲ့ အရည်တွေကို စစ်ထုတ်ပေးပြီး ဆီးအဖြစ်စွန့်ထုတ်ပါတယ်။ကျောက်ကပ်အားနည်းလာရင် ကျောက်ကပ်ဇကာတွေကြဲပြီး စစ်ထုတ်မှုပုံမှန်မလုပ်နိုင်တော့ပါဘူး။(ရေစစ်ပေါက်ရင် အနယ်တွေသောက်ရေအိုးထဲ ကျပါပြီ)

ဒီအချိန်မှာအပေါ်ကပြောတဲ့ မြန်မာဆေးမြှီးတိုတွေ သောက်မိတဲ့အခါ အားနည်းနေတဲ့ ကျောက်ကပ်က မစစ်ထုတ်ပေးနိုင်တော့ သွေးထဲကို အကုန်ရောက်ကုန်ပါတယ်။သွေးထဲမှာ ပမာဏများလာတဲ့အခါ Creatinine လို့ခေါ်တဲ့ ဆီးဆိပ်တွေ အမြန်တတ်ပြီး ကျောက်ကပ်ပျက်စီးလို့ ဆေးတဲ့အဆင့်ကို ရောက်နိုင်ပါတယ်။(ဆီးဆိပ်အရမ်းများရင် ဆေးတာမမှီပဲ အသက်ဆုံးရှူံးတဲ့ထိဖြစ်နိုင်ပါတယ်)

ကျောက်ကပ်စစဖြစ်တဲ့လူတိုင်းကို ကျွန်တော်ပြောလေ့ရှိတဲ့စကားက ကျောက်ကပ်အထူးကုဆရာဝန်တွေနဲ့ ကျွန်တော်တို့လို ကိုယ်တိုင်ဖြစ်ဖူးသူတွေပြောတဲ့စကားကလွဲပြီး ဘယ်စကား ဘယ်ဆေးနည်းမှမယုံဖို့ပါ။ယုံမိပြီး သောက်မိရင် နောင်တဆိုတာ ပြန်ပြင်လို့မရတော့တဲ့အတွက် နဲနဲလေးမှတောင် မစမ်းမိကြဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ။

*****စာကြွင်း။ ။တချို့လွန်စွာမှဆင်းရဲချို့တဲ့ပါသော ရောဂါသည်များအနေဖြင့် အထူးကုဆေးရုံဆေးခန်းကြီးများကို ပြသသောစရိတ်စခ လုံးဝမတတ်နိုင်ပါသောကြောင့် ကြံမိကြံရာ ကောက်ရိုးတမျှင်အနေဖြင့် သောက်ရခြင်းရှိပါသော်လဲ ဘေးဖြစ်မည့်ဆိုးကျိုးသာရှိသဖြင့် အားမပေးပါဘူးခင်ဗျာ။(ဆင်းရဲချို့တဲ့မှုအား ကိုယ်ချင်းစာနားလည်ပါသည်)

မြန်မာဆေးမှ မြန်မာဆေး တားမရဆီးမရဖြစ်နေသော အစွန်းရောက်များကိုသာပြောခြင်းဖြစ်ပါတယ်။တချို့မှားနေကြောင်းပြောရင် ပြန်ဆဲတဲ့လူမျိုးရှိသလို cmt ဝင်ရေးရင် ဖျက်ပစ်ပြီး အမှားကိုလက်မခံတဲ့ အစွန်းရောက်သမားများသာရည်ရွယ်ပါသည်။

(အကယ်၍ မိတ်ဆွေအနေနဲ့ ကျောက်ကပ်ရောဂါသည်ဆိုပါက ပထမပုံမှာ အမှားခြစ်ထားတဲ့ ဆေးနည်းတွေကို သောက်မိရင် ဒုတိယပုံကလို ကျောက်ကပ်ဆေးရပါလိမ့်မယ်)




Journey of Renal Transplant By Aung Myo Myat

26/02/2023

မိမိ ကျောက်ကပ် ပျက်/မပျက် ဘယ်လိုသိနိုင်မလဲ?

(ဆေးပညာရှင်များယခုပိုစ့်အား ကျေးဇူးပြု၍ ကျော်သွားပေးပါခင်ဗျာ)

"သွေးစစ်ပြီး ဆရာဝန်ပြတာ ဆရာက ကျောက်ကပ်ထိသွားတယ်လို့ပြောတယ်။ကျောက်ကပ်ပျက်သွားရင် ငါတော့ ဒုက္ခပဲ။ကျောက်ကပ်ဆေးဖို့ကလဲ အဆင်မပြေနိုင်ဘူး " ဆိုပြီး စိတ်တွေညစ် မစားနိုင်မသောက်နိုင်ဘဲ ပူပန်တတ်ကြလို့ ကျောက်ကပ်အထူးကုသမားတော်ကြီးတဦးရဲ့ အယူဆပေါ် မှီတည်ပြီး ကျွန်တော်နားလည်သလောက်လေး မျှဝေပေးချင်ပါတယ်။

ကျောက်ကပ်ရောဂါဖြစ်ဖူးသူ တော်တော်များများက ကျောက်ကပ်အပြီးမပျက်စီးသွားသည့်တိုင်အောင် ကျောက်ကပ်ယောင်ခြင်း (ကျောက်ကပ်ထိတယ်ပေါ့ဗျာ) ဆိုတာကို ကြုံဖူးကြပါလိမ့်မယ်။အများစုက ပြန်လည်သက်သာလို့ ပြန်ကောင်းသွားကြပြီး ကံဆိုးသူ ဆေးကုဖို့ မမှီတော့တဲ့ လူအနဲစုသာ ကျောက်ကပ်ဆေးကြရတာပါ။

ကျောက်ကပ်ကောင်းမကောင်းကို စစ်ဆေးတဲ့နည်းလမ်းတွေ ရှိတဲ့အနက် အလွယ်ဆုံးနဲ့ အမြန်ဆုံး သိစေနိုင်တဲ့နည်းက Creatinine (ကျောက်ကပ်သွေးဆိပ်) ကိုကြည့်ပြီးဆုံးဖြတ်တာပါ။

Creatinine level Normal -

Male - 0.7 to 1.2
Female - 0.5 to 1.0
(ဓာက်ခွဲခန်းပေါ် မူတည်ပြီး ယူနစ်အနည်းငယ်ပြောင်းလဲနိုင်ပါတယ်)

သွေးစစ်လိုက်လို့ Creatinine က သက်ဆိုင်ရာ ကျား/မ ရဲ့ ပုံမှန်နှုန်းထား ကြားမှာရှိနေရင် ကျောက်ကပ်ကောင်းတယ်လို့သတ်မှတ်ပါတယ်။ကျောက်ကပ်အထူးကုသမားတော် ဆရာကြီး ဦး******** ရဲ့ ယူဆချက်က လူနာတယောက်အနေနဲ့ Creatinine level ၁၇၇ ကျော်သွားတာ ၃လ ဆက်တိုက်လောက် ဖြစ်ခဲ့ပြီး ပြန်လည်ကျဆင်းခြင်းမရှိပါက ကျောက်ကပ်နာတာရှည် ပျက်စီးတဲ့ အဆင့်ကို ရောက်ပြီလို့ ယူဆခြင်းဖြစ်ပါတယ်။(အသက်ကြီးပိုင်း ဝါရင့်နာမည်ကြီးသမားတော်ဖြစ်တဲ့အတွက် ethics အရ ထည့်မရေးတော့ပါဘူးခင်ဗျာ)

ဒါက ဆရာကြီးရဲ့ ယူဆချက် ဖြစ်ပါတယ်။ဒီနေရာမှာ တခုပြောချင်တာက Creatinine ၁၇၇ ကျော်သွားသော်လဲ ဆရာဝန်ပေးတဲ့ဆေးသောက်ပြီး နောက်တပတ်လောက်အကြာမှာ ပြန်စစ်လို့ ပြန်ကျသွားခဲ့ရင် ကျောက်ကပ်ပျက်တယ်လို့ ယူဆလို့မရပါဘူး။ ၁၇၇ ကျော်တဲ့ level ကိုရောက်ပြီး ပြန်မကျတော့ဘဲ တန့်နေမှသာလျှင် ပျက်စီးတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ဥပမာ - ကျွန်တော့်ရဲ့ ကျောက်ကပ်အစားထိုးထားတဲ့ အဖွား တခါတုန်းက ဆေးကိုအလွယ်ဝယ်သောက်မိရာကနေ ဆေးအတုနဲ့မိပြီး Creatinine ၂၀၀ ထိတတ်သွားပါတယ်။ဆေးပြန်ပြောင်းသောက်လိုက်မှ တပတ်အတွင်းသွေးပြန်စစ်ရာမှာ Normal level ထဲဝင်သွားပြီး ယခုထိကျန်းမာလျက်ပါ။(အစားထိုး သက်တမ်း ၁၃ နှစ်ရှိပါပြီ)

ဒီတော့ အလွယ်မှတ်မယ်ဆို -

-Creatinine ၁၇၇ အောက်ဆို ဆေးသောက် အစားသောက်ဆင်ခြင်လျှင် ပြန်ကောင်းနိုင်ပါတယ်။

-Creatinine ၁၇၇ အထက်ကို ပြန်မကျတော့ဘဲ တန့်နေတာ လနဲ့ချီလျှင် ပျက်စီးတယ်လို့ ယူဆနိုင်ပါတယ်။(၁၀၀၀ နားကပ်လျှင် ကျောက်ကပ် ဆေးရမည်)

တခုကြေညာဝင်ချင်တာ SLE ရောဂါသည်ဖြစ်စေ ကျောက်ကပ်ယောင်နေသည်ဖြစ်စေ မြန်မာဆေးမြှီးတို လုံးဝ (လုံးဝ) မသုံးပါနဲ့။ကုန်ကုန်ပြောရရင် ကျောက်ကပ်ယောင်နေသူဆို လျက်ဆားတောင်မစားပါနဲ့။မြန်မာဆေးမြှီးတို သုံးမယ်ဆိုပါက ကျောက်ကပ်ဆေးဖို့နဲ့ အစားထိုးဖို့ သိန်း ၁၀၀၀ လောက် ရှာထားပါလို့သာ မှာချင်ပါတယ်ဗျာ။(ကျောက်ကပ်ရောဂါသည် မြန်မာဆေးမြှီးတိုနဲ့ လုံးဝ မတည့်ပါ။မြန်မာဆေးမြှီးတို့နဲ့ ပတ်သတ်တဲ့အကြောင်းကို နောက်မှကျွန်တော်သီးသန့် အမုန်းခံပြီးကိုရေးပါဦးမယ်)

********မှတ်ချက်။ ။ယခုပို့စ်ပါအကြောင်းအရာများသည် 100% မှန်ကန်သည်ဟု မယူဆစေချင်ပါ။သမားတော်ကြီးတဦး၏ ယူဆချက်အပေါ်အခြေခံ၍ ဗဟုသုတဖြစ်ဖွယ်(သိထားဖွယ်စရာ)အနေဖြင့် မျှဝေပေးခြင်းဖြစ်ပါသည်။မည်သည့်နယ်ပယ်တွင်မဆို ပုံစံခွက်ထဲက ခွဲထွက်ပြီး ထူးဆန်းသော ဖြစ်ရပ်များရှိသည့်အတွက် ဗဟုသုတတခုအနေဖြင့်သာ မှတ်ယူစေချင်ပါသည်။

****ကျောက်ကပ်ရောဂါနှင့် မြန်မာဆေးမြှီးတို မတည့်တာကတော့ 100% သေချာပါသည်။




Journey of Renal Transplant By Aung Myo Myat

Photos from Journey of Renal Transplant By Aung Myo Myat's post 21/02/2023

EGFR တွက်နည်း။

EGFR ဆိုတာ ကျောက်ကပ် ပျက်စီးထားတဲ့နှုန်းကို တွက်တာဖြစ်ပါတယ်။
(ကျောက်ကပ်အလုပ်လုပ်နှုန်းလို့လဲ ပြောလို့ရပါတယ်)

အောက်ပါ website မှာ ဝင်ရောက်တွက်ချက်နိုင်ပါတယ်။

https://www.davita.com/gfr-calculator/

Link ထဲဝင်လိုက်ရင် အစဥ်လိုက် -

- မိမိရဲ့ Creatinine အဖြေကိုထည့်ပါ
- အသက်ကိုထည့်ပါ
- Gender မှာ ကျား/မ ထည့်ပါ

အောက်က Calculate ကို နှိပ်ရင် အဖြေထွက်ပါပြီ။

အောက်ကပုံက ကျန်တော့်ရဲ့ လက်ရှိ egfr rate ပါ။(110) ရပါတယ်။

Egfr သည် ဆီးဆိပ်၊အသက်ရွယ်၊ကျား/မ ပေါ်မူတည်ပြီးတွက်ပါတယ်။အဲအတွက် လူငယ်တွေက လူကြီးတွေထက် egfr ပိုကောင်းတတ်ပါတယ်။

ကျွန်တော်က (24) နှစ်မလို့ (110) ထွက်တာပါ။ကိုယ့်အဖြေကို နည်းတယ်လို့မထင်ကြပါနဲ့။(60) အထက်ရရင် ပုံမှန်ပါပဲ။

နောက်ဆုံးပုံက egfr တိုင်းနှုန်းကိုကြည့်ပြီး ကိုယ့်ဘယ်အဆင့်ရောက်နေလဲကြည့်ကြည့်ပါ။

CKD (1/2) ထဲဝင်ရင် သင့်ကျောက်ကပ်ဟာ ပုံမှန်အလုပ်လုပ်နေပါတယ်။




Journey of Renal Transplant By Aung Myo Myat

20/02/2023

SLEရောဂါ နှင့် နေရောင်ခြည်။

(အမေးအဖြေ ကဏ္ဍ)

မနေ့ကတင်ခဲ့တဲ့ ကျွန်တော်ရဲ့ မိတ်ဆက်ပို့စ်လေးမှာ နေရောင်ခြည်ကြောက်တာနဲ့ ပတ်သတ်ပြီး SLE သမားတော်တော်များများ ​ပြောဆိုမေးမြန်းကြတာ တွေ့ရပါတယ်။

Lupus(SLE) & Sunlight အကြောင်း​ပြောရရင် နေရောင်ခြည်ကြောက်ရခြင်းဟာ "ကျွန်တော်တို့ SLE တွေမှာ နေရောင်ခြည်နဲ့ပတ်သတ်ပြီး ပုံမှန်မဟုတ်တဲ့ အာရုံခံစားမှုတရပ် ရှိနေလို့ပါ"။

ဥပမာ ပေးရရင် သာမန်လူတယောက် နေရောင်ခြည်အောက် ရောက်သွားခြင်းဟာ သူ့အတွက် ပုံမှန်ဖြစ်စဥ် ဖြစ်နိုင်ပေမယ့် SLE သမားအတွက်တော့ ထူးကဲပြီး စပ်ဖျဥ်းဖျဥ်းခံစားချက်မျိုးကို ခံစားရစေပါတယ်။အကြောင်းကတော့ SLE သမားတွေဟာ နေရောင်နဲ့ပတ်သတ်ပြီး အာရုံခံစားမှု ပြင်းထန်နေလို့ပါ။

သာမန်လူတယောက် နေလောင်တယ်ဆိုတဲ့ ခံစားချက်ကိုရရှိဖို့ နေပူထဲမှာ ၅နာရီလောက် မတ်တပ်ရပ်နေဖို့လိုပေမယ့် SLE သမားတယောက်အတွက်တော့ ၁၅ မိနစ်လောက် ရပ်ထားယုံနဲ့ လုံလောက်ပါတယ်။ဒါပေမယ့် ဒီနေရာမှာ သတိချပ်စေချင်တာက SLE သည် အဆင့်လေးဆင့် ရှိသည့်အတွက် အဆင့်နိမ့်တဲ့ လူတွေက နေရောင်ခြည်ဒဏ်ကို အတိုင်းတာတခုထိ ထိတွေ့ခံစားနိုင်ပါလိမ့်မယ်။

ကျွန်တော်ကတော့ SLE ရဲ့နောက်ဆုံးအဆင့် Strong Positive သမားဖြစ်ပြီး ကျောက်ကပ်ပျက်ခဲ့တဲ့အပြင် ယောကျာ်းလေးတဦးဖြစ်နေခြင်းကြောင့် နေရောင်ခြည်နဲ့ပတ်သတ်ပြီး အာရုံခံစားမှု အမြင့်ဆုံးထဲက တယောက်လို့ မိမိကိုယ်ကိုယ်ယူဆမိပါတယ်။အကြောင်းကတော့ လူကောင်းဘဝတုန်းက နေရောင်ခြည်ကို အတိုင်းတာတခုထိ ခံနိုင်ပေမယ့် ကျောက်ကပ်ပျက်စီးပြီးတဲ့နောက်ပိုင်း အခြေနေက ပိုဆိုးခဲ့ပါတယ်။

India ကျောက်ကပ်အစားထိုးခရီးစဥ်အတွင်း တည်းခိုခန်းကနေ ဆေးရုံကိုသွားတဲ့ ကားပေါ်မှာ (၁၅) မိနစ်လောက်လေး နေရောင်ထိသွားရင်းကနေ ညအရောက်မှာ တကိုယ်လုံးပူစပ်ပူလောင်ခံစားချက်ကြောင့် တညလုံး အိပ်ရေးပျက်ခဲ့ရပါတယ်။ဒါတောင် နေရောင်ခြည်က ကိုယ်ပေါ်ကို တိုက်ရိုက်ကျရောက်တာမဟုတ်ဘဲ လူက ကားထဲမှာဖြစ်တဲ့အတွက် ကားမှန်ကိုဖြတ်ရပါသေးတယ်၊အကျီလဲ နှစ်ထပ်လက်ရှည်ဝတ်ထားပါတယ်၊ဒီဇင်ဘာလဖြစ်တဲ့အတွက် India ရာသီဥတုမှာ အရမ်းအေးပြီး နေရောင်ခြည်မှာလဲ အားပျော့ပါတယ်။အဲတာတောင် ကျွန်တော် နေလောင်တယ်ဆိုတဲ့ ခံစားချက်ကို မိသွားပါတယ်။

အခုအစားထိုးပြီးနောက်ပိုင်း အခြေနေကပိုဆိုးရွားလာပါတယ်။နေရောင်ခြည်ကို တစ်မိနစ်လောက်ထိယုံနဲ့တင် နေမလောင်သည့်တိုင်အောင် စပ်ဖျဥ်းဖျဥ်း ခံစားချက်က တော်ယုံနဲ့မပျောက်တော့ပါဘူး။

SLE သမားတွေ နေလောင်ပါက
- အရေပြားနီမြန်းခြင်း။
- ယားယံခြင်း။
- ပူလောင်ခြင်း အစရှိတဲ့ခံစားချက်တွေ ရနိုင်ပြီး ဒီထက်ပိုဆိုးပါက အဆစ်နာခြင်း၊အားနည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းအပြင် ရောဂါကိုပါ ပိုမိုကြွလာစေပါတယ်။

*** အထူးသိထားရမှာက SLE ရောဂါကို ထကြွစေနိုင်တဲ့ ဖြစ်တည်မှုဟာ SLE သမားရဲ့ အရေပြားအောက်မှာ ရှိနေတဲ့အတွက် ရောဂါအဆင့် နိမ့်သူဖြစ်စေ မြင့်သူဖြစ်စေ နေရောင်ခြည်ကို အတတ်နိုင်ဆုံးကာကွယ်ကြပါလို့ အကြံပေးချင်ပါတယ်။(နေရောင်မခံယူပါက ဗီတာမင် D ချို့တဲ့ပါသောကြောင့် မိမိပြသနေသော ဆရာဝန်နှင့်တိုင်ပင်ကာ ဗီတာမင် D အားဆေးတမျိုးမျိုး မှီဝဲနိုင်ပါတယ်)

နေရောင်ခြည်ကို ဘယ်လို ကာကွယ်မလဲ???

မနက် ၉နာရီကနေ ညနေ ၄နာရီ အကြားကျရောက်တဲ့နေရောင်သည် ပြင်းထန်သည့်အတွက် ထိုအချိန်အပြင်ထွက်ပါက ထီး၊ဦးထုပ်၊အကျီလက်ရှည် တို့ကိုဝတ်ဆင်ပါ။

Suncream သုံးနိုင်ပါတယ်။SLE သမားတယောက်အနေနဲ့ အနည်းဆုံး SPF 30 ရှိတဲ့ suncream မျိုးကို ရွေးချယ်သုံးရပါမယ်။SPF 70 အထက်သုံးနိုင်ရင် ပိုကောင်းပါတယ်။FDA က တရားဝင်ထုတ်ပြန်ထားတာ သာမန်လူတယောက်အတွက် SPF 15 ရှိတဲ့ suncream နဲလုံလောက်ပေမယ့် SLE သမားအတွက်တော့ SPF 30 အနည်းဆုံးထားသုံးရပါမယ်။(အခြားသော skincare step တွေသုံးပြီး မိမိကိုယ်ကို ကာကွယ်နိုင်ပါသေးတယ်)

အားလုံး ကျန်းမာကြပါစေ။




Journey of Renal Transplant By Aung Myo Myat

Photos from Journey of Renal Transplant By Aung Myo Myat's post 19/02/2023

နေရောင်ခြည် ကြောက်သူတယောက်အကြောင်း (သို့မဟုတ်)
ကျောက်ကပ်အစားထိုးတဦး၏ဖြစ်စဥ်။

ကျွန်တော်ဟာ အရေပြားလေးဘက်နာရောဂါ(SLE) ကြောင့် ကျောက်ကပ်ပျက်စီးခဲ့ရပြီး အစားထိုးထားတာ (၂)လ ကျော်သာရှိသေးတဲ့ ကျောက်ကပ်အစားထိုးတဦး ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ဥပဒေဘွဲ့ ရယူပြီး နှစ်ရက်အကြာမှာတင် လည်ပင်းဖောက်ကာ ကျောက်ကပ်စတင်ဆေးခဲ့ရပြီး (၃) နှစ်တိတိ ကျောက်ကပ်ဆေးကာ ၂၀၂၃ ခုနှစ် အရောက်မှ India နိုင်ငံ နယူးဒေလီမြို့မှာ အစားထိုးကုသအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်ရဲ့ ကျောက်ကပ်ပျက်စီးရခြင်းအတွက် ပထမဆုံးခံစားမိတဲ့ အငွေ့သက်ဟာ နေရောင်ခြည် အထိမခံနိုင်ခြင်းကစပါတယ်။ဘာကြောင့်လဲဆို အရေပြားလေးဘက်နာရောဂါသည်(SLE) တဦးဖြစ်နေလို့ပါ။(မိုက်ကယ်ဂျက်ဆင်၊ဆလီနာ ဂိုမက်၊လေဒီဂါဂါ အစရှိတဲ့ ကမ္ဘာကျော်တွေဟာ ထင်ရှားတဲ့ အရေပြားလေးဘက်နာရောဂါသည်တွေပါ။ဆလီနာဂိုမက်အကြောင်းကို ဒီပေ့မှာပဲ ရေးသားဖူးပါတယ်)

မှတ်မှတ်ရရ ကျွန်တော်ရဲ့ University ကျောင်းသားဘဝ ဒုတိယနှစ်လောက်မှာ ဒီရောဂါစတင်ဖြစ်တယ်လို့ မိမိကိုယ်ကို ခံစားရပါတယ်။ကျွန်တော်တို့နေတဲ့ ခြံထဲမှာ နေအိမ်နှစ်လုံးရှိပြီး အိမ်နှစ်အိမ်ရဲ့ အကွာဝေးဟာ ဟိုဘက်အိမ်ကနေ ဒီဘက်အိမ်ကိုကူးရင် (၁၀) ပေလောက်သာ ကွာဝေးပါတယ်။အိမ်ရဲ့ အနီးတဝိုက်မှာက သစ်ပင်မရှိတော့ နေပူတဲ့ချိန်ဆို နေရောင်ခြည်က သိသိသာသာ ခြံထဲကို အတိုင်းအဆမရှိဖျာကျပါတယ်။

ကျွန်တော်ရဲ့ပြသာနာက ဒီကစပါတယ်။

ဘယ်လောက်မှမရှိတဲ့ အိမ်နှစ်လုံးကြားအကွာဝေးကို ထီးဆောင်းပြီးကူးတဲ့ ကျွန်တော်ပါ။ကြာလာတော့ အိမ်ကအမေကတွေ့တိုင်း "နင်က မင်းသားလား၊နုဖတ်နေတာပဲ၊ဟိုဘက်နဲ့ ဒီဘက်ကူးတာတောင် ထီးကပါသေးတယ်၊မိန်းခလေးတောင် နင့်တောင်မနုဘူး" ဆိုပြီးပြောပါတယ်။

ဟုတ်ပါတယ်။ပြောတဲ့အမေ မလွန်ပါဘူး။ကျွန်တော်ကိုက မသိစိတ်ထဲက နေရောင်ခြည်ကိုကြောက်တတ်နေတာပါ။နွေရာသီ နေအရမ်းပူတဲ့အချိန်ဆို အိမ်ထဲမှာ ထိုင်နေရင်တောင် အပူဒဏ်ကိုမခံနိုင်ရင် တယောက်ထဲ ဒေါသထွက်နေတတ်တာပါ။(Vampire သွေးစုပ်ကောင်တွေ နေရောင်ကြောက်သလိုပါပဲ)

နေရောင်ခြည်ကိုအကြောင်းပြချက်မရှိ ကြောက်နေခြင်းက တချိန်မှာ ကိုယ့်ဘဝကိုဖျက်စီးဖြစ်မယ့် ရောဂါတခုရဲ့ အစဆိုတာကို လုံးဝမသိခဲ့ပါဘူး။နေရောင်ခြည်ကြောက်တဲ့ ရောဂါဆိုပြီးလဲ ရှိလိမ့်မယ်လို့ မထင်ခဲ့မိတာလဲပါပါတယ်။ဒီလိုနဲ့ ကျွန်တော့်ရဲ့ University ကျောင်းသားဘဝ လက်ကျန်အချိန်တွေဟာ အပြင်ထွက်တိုင်း ထီးတလက်အမြဲပါလေ့ရှိပါတယ်။ဘယ်သွားသွား ကျန်တာသာမေ့ချင်မေ့မယ် ထီးတပေါက်ကတော့ လျှမ်းလျှမ်းတောက်ပါ။မျက်စီထဲ မြန်မာကားထဲက ရပ်ကွက်ထဲ လိုက်ဟောတဲ့ ဗေဒင်ဆရာကို မြင်ကြည့်ပါ။ထီးမှာ စာရေးထားတာနဲ့ မရေးထားတာသာကွာပါလိမ့်မယ်။

ဒီလိုနဲ့ စာမေးပွဲဖြေပြီး ကော့သောင်းကိုခရီးထွက်ခဲ့ချိန်မှာ ကျောက်ကပ်စတင်ထိခဲ့ပြီး ရန်ကုန်မှာ (၃)နှစ် ကျောက်ကပ်ဆေးခဲ့ရကာ India နိုင်ငံမှာ ကျောက်ကပ်အစားထိုးနိုင်ခဲ့ပါတယ်။

ဒါကတော့ ကျွန်တော့်ဖြစ်စဥ်အကျဥ်းနဲ့ ကိုယ့်ရောဂါကို စတင်မိတ်ဆက်ခြင်းပါ။

အထူးသဖြင့် SLE ဟာ အမျိုးသမီးငယ်လေးတွေမှာအဖြစ်များပြီး မြန်မာပြည်သူလူထုနဲ့စိမ်းတဲ့ ရောဂါပါ။ကျွန်တော်ကိုယ်တိုင်လဲ ဒီရောဂါကို ကိုယ်ဖြစ်မှသာ ကြားဖူးတာဖြစ်ပါတယ်။SLE ဟာ အာရှတိုက်မှာအဖြစ်နည်းပြီး အနောက်ဥရောပနိုင်ငံတွေမှာသာ ဖြစ်လေ့ရှိတဲ့ ရောဂါတမျိုးဖြစ်တဲ့အတွက် စိမ်းနေတာပါ။

SLE ရောဂါသည် ၁၀ယောက်ရှိပါက (၉)ဦးမှာ အမျိုးသမီးဖြစ်လေ့ရှိပြီး ကျန် (၁)ဦးသာ အမျိုးသားပါ။အကြောင်းကတော့ Estrogen လို့ခေါ်တဲ့ မဟော်မုန်းက SLE ရောဂါဖြစ်ပွားရခြင်းရဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်နေတဲ့အတွက်ပါ။အမျိုးသမီးတွေမှာအဖြစ်များပေမယ့် အမျိုးသားတွေမှာ ဖြစ်ရင် ရောဂါအခြေနေကပိုဆိုးရွားလေ့ ရှိပါတယ်။

ကျွန်တော်ကတော့ ရှားရှားပါးပါး အမျိုးသား SLE ဖြစ်ပြီး ရောဂါကြောင့်ပဲ ကျောက်ကပ်နှစ်ဘက်လုံးပါ အချိန်တိုအတွင်းပေးဆပ်လိုက်ရပါတယ်။မဟော်မုန်းကြောင့်ဖြစ်ရတဲ့ SLE က ကျွန်တော့်မှာ ဘာလို့ဖြစ်ရလဲ စဥ်းစားလို့မရခဲ့ပါဘူး။မဟော်မုန်းဓာက်များရအောင်လဲ ကြေညာဝင်ရရင် ကျွန်တော် ကျားစစ်စစ်တစ်ယောက်ပါ။မြူမှုန်မျှတောင် ဆန့်ကျင်ဘက်လိင်စိတ် တခါမှမပေါက်ဘူးပါဘူးခင်ဗျာ။

(ပုံတပုံချင်းစီအောက်မှာ ကျွန်တော်ရဲ့ဖြစ်စဥ် အကျဥ်းလေးတွေပါပါတယ်။ပုံလေးတွေထောက်ပြီး ဖတ်ရူနိုင်ပါတယ်ခင်ဗျာ)





Journey of Renal Transplant By Aung Myo Myat

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)