Thant Sin Clinic

မိသားစု အထွေထွေရောဂါကုဆေးခန်း

နေ့တိုင်း Plank ထောက်ရင် ရလာတဲ့ အကျိုးတွေကတော့ ရှယ်ပဲ 08/07/2023

https://kwee.co/%E1%80%94%E1%80%B1%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8-plank/?fbclid=IwAR3xFQG_X7j5kSBvbdwRyJfnJ34qbnVQHqbyEUq__xSPGv-1Oi7rjnb2Ra0

နေ့တိုင်း Plank ထောက်ရင် ရလာတဲ့ အကျိုးတွေကတော့ ရှယ်ပဲ စက္ကန့်အနည်းငယ်ကနေ မိနစ်အထိ ကွီးတို့အိမ်မှာပဲ နေ့စဉ် ပုံလုပ်ပေးရင် ခွန်အား၊ ကိုယ်နေဟန်ထား၊ ကျန်းမာ‌ရေးနဲ.....

ပြည်တွင်းမှာ ကိုဗစ်ကူးစက်မှု ပဉ္စမလှိုင်း ဖြစ်ပွားနေ - DVB News 14/09/2022

https://m.youtube.com/watch?v=zD1Zpg7A1Zg&feature=share

ပြည်တွင်းမှာ ကိုဗစ်ကူးစက်မှု ပဉ္စမလှိုင်း ဖြစ်ပွားနေ - DVB News ပြည်တွင်းမှာ ကိုဗစ်ကူးစက်မှု ပဉ္စမလှိုင်း စတင်ဖြစ်ပွားနေပြီး လာမယ့်တစ်ပတ်နှစ်ပတ်အတွင်းမှာ ကူးစက်မှုအမြင....

27/05/2022

"လူတစ်ယောက်ရဲ့ အဆင့်အတန်း" (Day-15)

လူတွေဟာ ကိုယ်နဲ့ တန်းတူတဲ့သူတွေ၊ ကိုယ့်ထက် မြင့်သူတွေနဲ့ ဆက်ဆံတဲ့အခါ အဆင့်အတန်းရှိသယောင်၊ ယဉ်ကျေးသယောင်နဲ့ မသိသာပေမဲ့ သူ့ထက် နိမ့်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ လူတစ်ယောက်ရဲ့ အတွင်းစိတ်က ပေါ်လာတတ်ပါတယ်။

လောကမှာ ပါဝါတွေက အမျိုးမျိုးရှိနိုင်တယ်​။ ရာထူး၊ အာဏာ၊ ငွေကြေး၊ ခွန်အား၊ လုပ်ပိုင်ခွင့်၊ ပညာ၊ အသက်အရွယ် စသဖြင့် တစ်ယောက်နဲ့တစ်ယောက် ပါဝါတွေ မတူကြဘူး၊ တူအောင်လည်း ဘယ်လိုမှ လိုက်ညှိလို့မရဘူး။ ဒီလို တစ်ယောက်နဲ့တစ်ယောက် ပါဝါတွေ မတူကြတဲ့အခါ လူတွေဟာ ကိုယ့်မှာရှိတဲ့ ပါဝါကို အလွဲသုံးလာကြတယ်။ ကိုယ်မို့လို့ အသာစီးလေး မရလိုက်နဲ့၊ စိတ်တိုင်းကျ အနိုင်ယူကြတယ်။

ကိုယ့်ထက်နိမ့်သူကို အနိုင်ကျင့်ထားတဲ့သူဟာ သူ့ကိုယ်သူ လေးစားမှုပျောက်ဆုံးသွားတယ်။ အဲဒီအတွက် သူ့ထက် မြင့်တဲ့သူရှေ့မှာဆိုရင် ဒူးထောက်ဖို့လည်း ၀န်မလေးတော့ဘူး။ ဒီလိုနဲ့ အထက်ဖားအောက်ဖိ သံသရာလည်လာတယ်။

“လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူ့ထက် နိမ့်ပါးတဲ့သူတွေကို သူဘယ်လိုဆက်ဆံသလဲ ဆိုတာကို ကြည့်ရတယ်” တဲ့။

လူတစ်ယောက် အဆင့်အတန်း မြင့်မမြင့်ကို သူဘာ၀တ်ထားတယ်၊ သူ ဘယ်လောက်ချမ်းသာတယ်၊ သူ ဘာဘွဲ့တွေ ရထားတယ်၊ သူကိုင်တဲ့ဖုန်းက ဘာလဲ ဆိုတာတွေက မပြောပြနိုင်ဘူး၊ သူ့ထက် နိမ့်ပါးတဲ့ လူတွေအပေါ် သူဘယ်လိုဆက်ဆံသလဲ ဆိုတာကပဲ ဖော်ပြပေးနိုင်တယ်။

ကျွန်တော်တို့ရဲ့ ဘ၀မှာ ကိုယ့်ထက် မြင့်တဲ့သူတွေကို မဖားဖူးပါဘူးဆိုတောင် မပြုံးချင်ဘဲ ပြုံးပြရတာတွေ၊ မကောင်းတတ်လို့ အလိုက်အထိုက် ဆက်ဆံနေရတာတွေ ရှိကောင်းရှိနိုင်ပါတယ်၊ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ထက် နိမ့်ပါးတဲ့သူတွေအပေါ်မှာတော့ တစ်ဖက်သတ် အနိုင်မယူမိဖို့ လိုပါတယ်။ ဘာလို့ဆိုတော့ အဲဒါဟာ ကျွန်တော်တို့ အဆင့်အတန်း ဘယ်လောက်မြင့်သလဲ ဆိုတာကို ပြသနေမဲ့ အချက်တစ်ချက် ဖြစ်လို့ပါပဲ။

ဒေါက်တာ ဖြိုးသီဟ

📌 စာကို သ​ဘောကျတယ်ဆို ဒီ​နေ့ကို ကြိုက်နှစ်သက်ရာ App တစ်ခုခုမှာ ၁၅ မိနစ် Click လုပ်​ပေးပါ။ ဖေ့စ်ဘွတ်​ပေါ် ​​အောက်က ပုံနဲ့အတူ ပြန်ကူးတင်လို့လည်း ရပါတယ်။ ​ကျေးဇူးတင်ပါတယ်။

07/05/2022

၂၀၂၂ ခုနှစ်အတွက် တုပ်ကွေးရောဂါပိုး ၄ မျိုးကို ဆေး၁ လုံးတည်းနဲ့ ကာကွယ်ပေးနိုင်သော တုပ်ကွေးကာကွယ်ဆေး ထိုးနိုင်ပါပြီ။

13/03/2022

https://www.facebook.com/102091859057746/posts/125920450008220/?sfnsn=mo

ခါးကြောညှပ်ခြင်း(Sciatica)

ခါးကြောညှပ်ဝေဒနာ(Sciatica) က လူအဖြစ်များပြီး ခံရခက်တဲ့ ဝေဒနာ တစ်ခုဖြစ်ပါတယ်။ ခါးကြောညှပ်တယ်ဆိုတာ ခန္ဓာကိုယ် မှာ အကြီးဆုံး နဲ့ အရှည်ဆုံး အာရုံကြော ဖြစ်တဲ့ Sciatic nerve ကြောကို ဖိမိလို့၊ ထိခိုက်မိလို့ ဖြစ်ပေါ်လာတဲ့ ရောဂါ လက္ခဏာ ဖြစ်ပါတယ်။

▪️ဘယ်လိုအကြောင်းအရာ တွေကြောင့် Sciatic nerve ကြောကို ဖိမိတာလဲ❓
-ခါးဆစ်ရိုးနှစ်ခုကြားရှိ အဝိုင်းပြားလေး ကျွတ်ထွက်ခြင်းကြောင့်
-အလုံးအကြိတ် တွေကြောင့်
-ကြီးပေါင်း အရိုးအတတ် ထွက်ခြင်းကြောင့်
-ကိုယ်ဝန်ရင့်ချိန်မှာ သန္ဓေသားကလာဖိမိ ခြင်းကြောင့်
-ခါးဆစ်ရိုးလွှဲခြင်းကြောင့်
-ခန္ဓာကိုယ်တွင်း သွေးယိုခြင်းကြောင့် ဖြစ်နိုင်ပါတယ်။


▪️ခါးကြောညှပ်ခြင်း (သို့) Sciatic nerve ကိုဖိမိတဲ့အခါ ဘယ်လို ရောဂါလက္ခဏာ တွေခံစားရသလဲ❓
ခြေထောက်တစ်ဖက် ထုံကျင်ခြင်း၊နာခြင်း၊ကိုက်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ထိုလဏ္ခဏာ တွေသည် လမ်းလျှောက်ခြင်း၊ ခါးကုန်းခြင်း ၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စတဲ့အချိန်တွေမှာ ပိုခံစားရပြီး လှဲအိပ်နေတဲ့ အခါ သက်သာသွားတတ်ပါတယ်။

▪️ခါးကြောညှပ်ခြင်း ကဘယ်လိုလူတွေမှာ အဖြစ်များလဲ❓
-အသက်ကြီးတဲ့သူ
-အဝလွန်သူ
-ဆီးချိုရောဂါရှိသူ
-မကြာခဏ ခါးနာတက်သူ
-အထိုင်များသူ စတဲ့လူတွေမှာ ပိုအဖြစ်များပါတယ်။

▪️ရောဂါကို ဘယ်လိုစမ်းသပ် သိရှိနိုင်လဲ?
နားလည်တတ်ကျွမ်း တဲ့ကျန်းမာရေး ဝန်ထမ်း တစ်ဦးဦး နှင့် ပြသ ဆွေးနွေးပြီး CT , MRI , X ray စတာတွေရိုက်ပြီး သိနိုင်ပါတယ်။

▪️ရောဂါ သပ်သာပျောက်ကင်းအောင် ဘယ်လိုကုသလို့ ရလဲ?
-နားလည်တက်ကျွမ်းတဲ့ ဆရာဝန် နဲ့ ပြသပြီး ဆရာဝန် ညွှန်ကြား တဲ့အတိုင်း ဆေးသောက်သုံး ရပါတယ်။
-Physical Therapy လေ့ကျင့်ခန်း လုပ်တဲ့ ကုထုံးဖြစ်လဲ ကုသနိုင်ပါတယ်။
-Electric probe လေးတွေ နဲ့ ကြွက်သား ပြန်သန်စွမ်း လာအောင် လည်းလုပ်လို့ရပါတယ်။

▪️ရောဂါ ခံစားနေရတဲ့အခါ သက်သာအောင် ဘယ်လို နေထိုင် ပြုလုပ်ပေးရမလဲ❓
-အတတ်နိုင်ဆုံး လှဲနေပါ။
-ထိုင်ရင် ခါးကိုမတ်မတ် ထိုင်ပါ။
-ခါးကုန်းခြင်း အလေးအပင် မခြင်းတို့ မပြုလုပ်ပါနဲ့။
-လေ့ကျင့်ခန်း ပြင်းပြင်း ထန်ထန် မလုပ်ပါနဲ့။
(ဆရာဝန်ညွှန် ကြားထားသော လေ့ကျင့်ခန်းကို သာ လုပ်ပေးပါ)
-ရေခဲ ကပ်ပေးပါ။

▪️မကုသဘဲ ထားရင် ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုး တွေဖြစ်စေနိုင်လဲ ❓
-ခြေဒရွတ်တိုက်ဆွဲသွားခြင်း
-ခြေထောက် တစ်ဖက်သိမ်ခြင်း
-ဆီး ဝမ်း မထိန်းချုပ်နိုင် ခြင်းတို့ ဖြစ်နိုင်ပါတယ်။

Stay Safe and Healthy ❤️

15/02/2022
08/02/2022

Date -6-2-22 (Credit to Professor Daw Than Than Aye)

Omicron အိုမီခရွန် ... အခု Covid ပိုးအသစ် Omicron ဆိုတာ ရောက်လာပြန်ပြီ။
****
COVD-19 မှာ အောက်စီဂျင်ကျခြင်းမရှိ ၊ သေဆုံးခြင်း မရှိ
" Zero "ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ။
****
Delta ဒယ်လ်တာ ကတော့ တတိယလှိုင်းတုန်းက လူတော်တော်များများ သိပြီးတဲ့ကိုဗစ်ပိုး( ဆားစ်ကိုဗီတူး )ဖြစ်ပါတယ်။ သူရဲ့ ပြင်းထန်တဲ့အစွမ်းကြောင့် လူတွေအား လုံးတော်တော်ထိတ်လန့် ခဲ့ရပါတယ်။ အဆိုးဆုံးသော ဘဝမှာ မထင်မှတ်ထားတဲ့ ဆုံးရှုံးမှုကြီး တွေ၊ ခွဲခွါရလို့သောကတွေ ၊ ထိပ်လန့်စိုးရိမ်စရာကြီး တွေ အများကြီးကြုံလိုက်ရပြီး ဖြစ်ပါတယ်။
တတိယကိုဗစ်လှိုင်းကြီးကျသွားလို့ စိတ်သက်သာယုံရှိသေးတယ်။
အိုမီခရွန်ဆိုတဲ့ပိုးသစ်က ရောက်လာပြန်တယ်။ ဒီ Omicron မျိုးကွဲကို တောင်အာဖရိကနိုင်ငံ မှ ၂၀၂၁ နိုဝင်ဘာလမှာ စတင်တွေ့ရှိပါတယ်။ Spike protein မှာmutation (ဗီဇပြောင်းလဲမှု) ဖြစ်ပေါ်လာခြင်းဖြင့် ပိုးအသစ်တစ်မျိုး ဖန်တီးလိုက်ပြန်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားလို့ ဒါမှမဟုတ် ကိုဗစ်ရောဂါဖြစ်ထားပြီးလို့ ခုခံအားအင်တီဘေါ်ဒီ antibody တွေ ၊ memory T cell တွေအသင့်ရှိထားပြီတာတောင် စိတ်ချလို့မရပြန်ပါဘူး။

အိုမီခရွန်က mutation ဗီဇပြောင်းလဲမှုကြောင့် ပိုးအသစ် ( လူစိမ်း) လိုဖြစ်သွားတယ် ။ ခုခံအား Antibody အပြည့်ရှိပြီးသူတွေမှာတောင် ဖြစ်နေတာတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုမီခရွန်ဟာ immune system ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မျက်လှည့်ပြနိုင်ပါတယ်။ သူက antibody အတားအစီးကို ရှောင်ကွင်းနိုင်စွမ်းရှိနိုင်တာ တွေ့ရပါတယ်။
ခုခံအားစနစ်ရဲ့ မှတ်ဥဏ် Immune memory cell မှာ မှတ်သားထားတဲ့တိုက်ခိုက်ရမည့် ရန်သူ၊ ယခင် ကိုဗစ်ပိုးတွေနဲ့ မတူတော့လို့ ခုခံအားစနစ်က တိုက်ခိုက်ရမှန်းမသိတော့ဘဲ ဒီအတားအဆီးကို ပေးကျော်လိုက်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကိုကျော်နိုင်တယ်။
အိုမီခရွန်ဟာ ရောဂါကူးစက်မှု အားများပါတယ်။ ဒါကြောင့် လူတိုင်း ကိုဗစ်ဖြစ်နိုင်တယ်၊ ဖြစ်ပြီးသူလည်း ပြန်ဖြစ်နိုင်တယ်၊ ကာကွယ်ဆေး ၄ လုံး ထိထိုးပြီးပေမဲ့လည်း ဖြစ်နိုင်ပါတယ်။ ကိုဗစ်လည်းဖြစ်ပြီးပြီ ကာကွယ်ဆေးလည်း ထိုးပြီးပြီ ဆိုတဲ့ သူတွေလည်း ဖြစ်နိုင်တယ်။

ဒီပိုးသစ်ဟာ ကူးစက်နှုန်းအလွန်မြန်တယ်။ ဒါပေမဲ့ကောင်းတဲ့ အကွက်ကတော့ ပိုးကသိပ်မပြင်းထန်ဘူး။ ယခင်ဒယ်လ်တာ Delta ပိုးထက် အများကြီးပျော့တယ်လို့ အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံ အရ သိရပါတယ်။ ပိုး covid positive ဖြစ်ပေမဲ့ ခုခံအားစနစ်က အစွမ်း အသင့်အတင့်ရှိလို့ Severe covid ဆိုးရွားတဲ့ကိုဗစ်မဖြစ်အောင် ကာကွယ်ထားနိုင်တာကြောင့်လည်း ပါပါ
တယ်။ ဒါကြောင့် ကာကွယ်ဆေးကို ၄-၆ လအကြာမှာ booster တစ်လုံးထပ်ထိုးပြီး အားဖြည်ဖို့် တိုက်တွန်းကြပါတယ်။ ဒါပေမဲ့ အိုမီခရွန်ပိုးအတွက်တော့ မသေခြာသေးပြန်ဘူး။

*******

ဒါပေမဲ့ သိပ်မဆိုးသေးတာက အောက်စီဂျင်ကျတဲ့ ဆိုးကျိုး ဖြစ်တာ တေါ်တေါ်နည်းပါတယ်။
ပျော့တယ်လို့ ပြောကြတယ် ။ ဒါကြောင့်ဆေးရုံတက်ရတဲ့ အရမ်းဆိုးတဲ့ severe covid ဖြစ်နှုန်း အားဖြင့် အများကြီးနည်းသွားပါတယ် ။
သို့သော်လည်း အောက်စီဂျင်ကျပြီဆိုရင်ကော.....
မှတ်သားရမှာကတော့ အောက်စီဂျင်ကျပြီဆိုရင်တော့ ယခင်ကိုဗစ်လိုမျိုး ဆိုးတာချင်း အတူတူဘဲ ဖြစ်ပါမယ်။
ဒက်ဆာ ၊ စတီးရွိုက်တွေပေးလို့ ပြန်ကောင်းတာ၊ မကောင်းတာ အရင်ပိုးတွေနဲ့ မကွာပါဘူး။ ဆိုးတာ မဆိုးတာ ကျတော့ မိမိရဲ့ immune ကိုယ်ခံအား တုန့်ပြန်မှု မူမမှန်ခြင်းနဲ့ အဓိက ဆိုင်နေပါတယ်။

တစ်ခုရှိတာက ကာကွယ်ဆေး ထိုးထားသူတွေမို့ အဆိုးဆုံး critical covid ဖြစ်သွားတဲ့သူနည်းပါမယ်။ ဒါကြောင့် ICU ရောက်နှုန်း၊ အသက်ရှူစက် Ventilator တင်ရနှုန်း ၊ နောက်ဆုံး သေဆုံးနှုန်းလည်းအရင်ကထက်နည်းနိုင်တယ်။

ဒါဆို Zero တော့မဖြစ်နိုင်ဘူး။
၉၉% ကောင်းကြတဲ့ အထဲမှာပါပြီး ရှားပါးတဲ့ မကောင်းတဲ့ ၁% တော့ ကိုယ်မဖြစ်ချင်ပါဘူး။ ဒါကြောင့် Zero desaturation , Zero death rate ဖြစ်နိုင်ဖို့ ဘယ်လိုလုပ်သင့်သလဲ အကြံပြုပါရစေ။

(ဆက်ရန်)

Photos from Thant Sin Clinic's post 03/02/2022

Omicron ကူးစက်ပါက
1. ဖျားခြင်း ချမ်းတုန်ခြင်း
2. လည်ချောင်းခြောက်ခြင်း /လည်ချောင်း နာ ခြင်း /ချောင်းခြောက်ဆိုးခြင်း
3. ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
4. မောပန်းနွမ်းနယ်ခြင်း
5. နှာခေါင်းပိတ်ခြင်း /နှာစေးခြင်း
6. ည တွေ အေးမြသောအခန်းတွင်ရှိသော်လည်း ဇောချွေး များ ထွက်ခြင်း
7. အရင် လိုအနံ့ အရသာ ပျောက် ခြင်း သိပ်မရှိသောကြောင့် တုပ်ကွေးလက္ခဏာများ နှင့် ဆင်တူပါသဖြင့် မိမိတွင်ကူးစက်မိပါက သတိမထားမိ လျှင် ဆိုးဝါးသော အဆင့်ကို ရောက် သွားနိုင်ပါသဖြင့် လက္ခဏာများအား မိမိကိုယ် တိုင်သံသယဖြစ်လျှင် နီးစပ်ရာ ဆရာဝန်နှင့် စနစ်တကျ စစ်ဆေး ကုသမှုခံယူပါရန်
တိုက်တွန်း အပ်ပါသည်

Crd: Samitivej Hospital
အထက်ပါအချက်များကို မျှဝေပေး သော
ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး
Dr. On-Umar Banpamaiအား အထူးပင်ကျေးဇူးတင်ပါသည်

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 1172/A, Thamardi Street, Myittarnyunt Quarter, Tarmwe Township
Yangon
11212

Opening Hours

Monday 09:00 - 11:00
17:00 - 21:00
Tuesday 09:00 - 11:00
17:00 - 21:00
Wednesday 09:00 - 11:00
17:00 - 21:00
Thursday 09:00 - 11:00
17:00 - 21:00
Friday 09:00 - 11:00
17:00 - 21:00
Saturday 09:00 - 11:00
17:00 - 21:00
Sunday 16:00 - 19:00

Other Family Doctors in Yangon (show all)
Aung Myittar Specialist Clinic Aung Myittar Specialist Clinic
No. 453, (132) Qt. , Min Ye Kyaw Swar Street , East Dagon Tsp
Yangon, 11451

၂၄ နာရီ ပိတ်ရက်မရှိအထွေထွေကျန်းမာရေးစောင့်‌ရှောက်ခြင်း, အထူးကုသခြင်း, မီးဖွားခြင်း, ဓာတ်မှန်, ဓာတ်ခွဲ

HOPE TeleCare Myanmar HOPE TeleCare Myanmar
No-148, Pyay Road, Corner Of A1 Street, Mayangone Township
Yangon, 11061

ဆရာ၀န်နှင့်Onlineမှဆွေးနွေးမှုများ၊ ကျန်းမာရေးဆောင်းပါးများ ဖတ်ရှုနိုင်မယ့် HOPE TeleCare Myanmar

ကောင်းသုခ - Kaung Thukha Clinic and Lab ကောင်းသုခ - Kaung Thukha Clinic and Lab
No 11, Kyaung Taw Yar Street, Daw Pone
Yangon, 11241

"ကောင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဓာတ်ခွဲခန်း ဖုန်း - 09973914030

Hsu Sandi Hsu Sandi
Yangon

TAW Clinic TAW Clinic
Yangon

Please contact if you want any medical advice.

Dr Nyunt Dr Nyunt
Yangon

ကျန်းမာရေးဗဟုသုတသိသင့်သည်များကို ဝ

Myittar Swan Clinic -Hlaing Tharyar Myittar Swan Clinic -Hlaing Tharyar
1492/1494, Bawga Mying 1st Street, 5 Ward Hlaing Tharyar Township
Yangon, 1080

General practice, Family medicine, Family medicine, Health Care Services, Online Consultation, Home

Yangon Wife Yangon Wife
Yangon

This page is created to record my Wifey-Mommy life. On the other hand, wish I could live my best and

ဖြူစင်မေတ္တာအထွေထွေရောဂါကုဆေးခန်း ဖြူစင်မေတ္တာအထွေထွေရောဂါကုဆေးခန်း
သမိုင်း အမှတ်(၁)ရပ်ကွက်၊(၇)လမ်း၊မရမ်းကုန်းမြို့ နယ်
Yangon, 11062

မိဘပြည်သူများခံစားနေရသည့်ဝေဒနာမျာ?