Toothgether Dental Clinic

We provide a wide range of dental treatments under one roof to meet the diverse needs of our patient

Photos from Toothgether Dental Clinic's post 20/01/2024

♥️ ချစ်ရသူအတွက် အပြုံးလှလှလက်ဆောင်ပေးနိုင်မယ့် Toothgether ရဲ့ ဓာတ်ပုံပြိုင်ပွဲ 📸

🦷 တောက်ပတဲ့သွားလေးတွေနဲ့ အလှဆုံးအပြုံးတွေ ဝေဆာစေဖို့ Toothgether ရဲ့ Dentistry with heart ဓာတ်ပုံပြိုင်ပွဲလေးမှာ ပါဝင်ယှဉ်ပြိုင်လို့ရပါပြီရှင် ✨

🏆 Winner လေးတွေက Toothgether ရဲ့ Dental Treatments & Dental Checkup တွေကို 100% Free ကုသခွင့်ရရှိမှာပါနော်..

▫️ ပြိုင်ပွဲမှာပါဝင်ဖို့အတွက်

✓ Toogether Dental Clinic page ကို Like & Follow လုပ်ပါ

✓ ကိုယ့်ရဲ့ပြုံးရယ်နေတဲ့ ဓာတ်ပုံလေးကို ဆိုတဲ့ Hashtag တွေနဲ့

✓ Toothgether Dental Clinic page ကို Tag တွဲပြီး

✓ Public post တင်ရမှာဖြစ်ပါတယ်ရှင်။

❣️ ကိုယ့်ရဲ့ချစ်သူ (any gender) အပြင် အိမ်ထောင်ဖက်နဲ့ အတူယှဉ်တွဲပါဝင်လို့ ရသလို

🤍 တစ်ဦးချင်းဖြစ်စေ၊ ကလေးငယ်တွေပဲဖြစ်စေ ပါဝင်ယှဉ်ပြိုင်လို့ရပါတယ်ရှင်။

✨ အပြုံးအလှပိုင်ရှင် ‌(6) ဦးကို Winner အဖြစ် ရွေးချယ်သွားမှာဖြစ်ပြီး

🦷 Best Couple Smile ၁ဆု
●free dental checkups
●scaling & polishing
●laser teeth whitening treatment

🦷 Perfect smile ၂ဆု
●Free Dental Checkup
●Scaling & Polishing

🦷 Pure Smile ၂ဆု
●Free Dental Checkup
● Fluoride Treatment တို့ကို အထူးလက်ဆောင်အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲစည်းကမ်းချက်များနဲ့ ကိုက်ညီတဲ့ Post တွေကိုသာ စီစစ်ရွေးချယ်သွားမှာဖြစ်လို့ hashtag နဲ့ Page ကို Tag တွဲဖို့ မမေ့ပါနဲ့နော် ❕

ကလေးတွေအတွက် မိဘတွေကကိုယ်စား Post တင်ကာပါဝင်ယှဉ်ပြိုင်‌လို့ရပါတယ်ရှင်။

အလှဆုံးအပြုံးနဲ့ Winner လေးတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ ရင်ခုန်နေပါပြီနော် 🤗

တောက်ပတဲ့အပြုံးကျန်းမာတဲ့သွားလေးတွေအတွက် Free Dental Treatment တွေရယူဖို့ Toothgether ရဲ့ Dentistry with heart ဓာတ်ပုံပြိုင်ပွဲလေးမှာ အခုပဲ ပါဝင်ယှဉ်ပြိုင်လိုက်တော့နော် 📸

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.
Phone ☎️ - 099 6446 0168
- 099 6445 0168

Opening time 1 P.M TO 7 P.M (Every monday off)
Find us on google map

dentistinyangon #ဓာတ်ပုံပြိုင်ပွဲ

17/01/2024

" 𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 "

🦷 နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ လူနေမှုဘဝထဲမှာ
အရေးအကြီးဆုံး ကဏ္ဍတစ်ခုဖြစ်တဲ့ သွားလေးတွေကို
ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ ဒီလိုမေ့လျာ့နေခြင်းကပဲ
သွားကျန်းမာရေးကိုထိခိုက်‌စေတာပါ။

✅ အများစုသောသွားပြဿနာတွေက ကြိုတင်သိရှိခဲ့ရင် ကာကွယ်ထားလို့ရပါတယ်။ အသိနောက်ကျခြင်းကြောင့် မိမိတို့ အဖိုးတန်သွားတွေမဆုံးရှုံးရစေဖို့နဲ့ မိမိတို့သွားလေးတွေ ကျန်မာကြံ့ခိုင်ရဲ့လားဆိုတဲ့ awareness လေးရစေဖို့အတွက်...

Toothgether ရဲ့ Dentistry with heart ဓာတ်ပုံပြိုင်ပွဲလေးကို မကြာခင်မှာကျင်းပသွားဖို့ ရှိပါတယ်ရှင် 📣

ဒီ Photo Contest လေးမှာ ဘယ်လိုလက်ဆောင်‌တွေပေးသွားမှာလဲ ? ဘယ်လိုပါဝင်ယှဉ်ပြိုင်လို့ရလဲ ? ဆိုတာကို
မကြာခင်မှာကြေညာပေးသွားဖို့ရှိတာမို့ ရင်ခုန်စွာနဲ့
စောင့်မျှော်ပေးပါဦးနော် 🤗

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.
Phone ☎️ - 099 6446 0168
- 099 6445 0168

Opening time 1 P.M TO 7 P.M (Every monday off)
Find us on google map

dentistinyangon

PhotoContest #ဓာတ်ပုံပြိုင်ပွဲ

11/01/2024

🕊️ ပျော်ရွှင်စရာ " ကရင်နှစ်သစ်ကူး "အချိန်အခါလေးဖြစ်ပါစေကြောင်း " 𝙏𝙤𝙤𝙩𝙝𝙜𝙚𝙩𝙝𝙚𝙧 𝘿𝙚𝙣𝙩𝙖𝙡 𝘾𝙡𝙞𝙣𝙞𝙘 "
မိသားစုမှ ဆုမွန်ကောင်းတောင်းပါတယ်ရှင်🙏🙏🙏

#ကရင်နှစ်သစ်ကူး

31/12/2023

🎉 𝗛𝗮𝗽𝗽𝘆 𝗡𝗲𝘄 𝗬𝗲𝗮𝗿 ✨

🎆 နှစ်သစ်ချိန်ခါမှာ ပျော်ရွှင်ကျန်းမာခြင်းနဲ့အတူ
အတောက်ပဆုံးအပြုံးတွေကို ပိုင်ဆိုင်နိုင်‌စေဖို့
" 𝙏𝙤𝙤𝙩𝙝𝙜𝙚𝙩𝙝𝙚𝙧 𝘿𝙚𝙣𝙩𝙖𝙡 𝘾𝙡𝙞𝙣𝙞𝙘 " မိသားစုမှ
ဆုမွန်ကောင်းတောင်းပါတယ်ရှင် 🦷👩‍⚕️

28/12/2023

🦷 ကျန်းမာကြံ့ခိုင်ပြီး ဖြူဖွေးနေတဲ့သွားလေးတွေကို

လူတိုင်းပိုင်ဆိုင်ချင်ကြပေမယ့် ပုံမှန်ဂရုစိုက်ဖို့ကိုတော့

မေ့လျော့တတ်ကြပါတယ်။

✨ လူတစ်ယောက်ရဲ့ကျန်းမာခြင်းအတွက် သွားနဲ့ခံတွင်း

ကျန်းမာခြင်းဟာလည်း အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။

❕ သွားနှင့်ခံတွင်း မကျန်းမာဘူးဆိုရင် သွားပိုးစားခြင်း

ကစလို့ သွားဖုံးပြဿနာတွေဖြစ်နိုင်သလို နောက်ဆက်တွဲ

ရောဂါတွေအနေနဲ့ နှလုံးရောဂါ၊ ခံတွင်းကင်ဆာ‌တွေပါ

ဖြစ်လာနိုင်ပါတယ်။

👩‍⚕️ ဒါကြောင့်မို့ သွားနှက့်ခံတွင်းပြဿနာကင်းပြီး

ပုလဲလုံးလေးလိုဖြူဖွေးခိုင်ခံ့တဲ့ သွားတွေကိုပိုင်ဆိုင်နိုင်ဖို့

နေ့စဉ်လိုက်နာသင့်တဲ့ လွယ်ကူရိုးရှင်းဆုံး နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော် ✨

1️⃣ သွားပိုးစားခြင်းကိုကာကွယ်ပြီး သွားလေးတွေ

ဖြူဖွေး‌တောက်ပနေစေဖို့ ဖလူရိုက်ပါတဲ့သွားတိုက်‌ဆေး

(Fluoride Toothpaste) နဲ့ တစ်နေ့ (၂) ကြိမ် သွားပုံမှန်တိုက်ပေးပါ။

2️⃣ သွားကျောက်နဲ့ သွားဖုံးရောဂါတွေမဖြစ်စေဖို့

သွားကြားနဲ့ သွားဖုံးအောက်ခြေကို သွားပွတ်ကြိုးသုံးပြီး

သန့်ရှင်းရေးလုပ်ပေးပါ။

3️⃣ သွားနှင့်ခံတွင်းပြဿနာတွေကို အစောဆုံးသိရှိနိုင်ဖို့

(၆) လ တစ်ကြိမ် Dental Check up ပြုလုပ်ပါ။

4️⃣ သကြားနဲ့ အက်စစ်ပါတဲ့အစားအစာ‌တွေနဲ့ အချိုရည်တွေကို တတ်နိုင်သလောက်ရှောင်ရှားပြီး အရည်ရွှမ်းတဲ့

အသီးအရွက်တွေကို စားသုံးပါ။

5️⃣ သွားတိုက်တံကို (3-4) လတစ်ကြိမ် ပုံမှန်လဲလှယ်အသုံးပြုပါ။

6️⃣ သွားတွေဝါညစ်ညစ်မဖြစ်‌စေဖို့၊ သွားဂျိုးတွေမကပ်စေဖို့ ကော်ဖီ၊ ဆေးလိပ်၊ အရက်‌တွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။

7️⃣ ခံတွင်းနံ့ကင်းစေဖို့ ရေများများသောက်ပေးပါ။

ဒီအချက်လေးတွေကို ဂရုပြုလိုက်နာမယ်ဆိုရင်

သွားနှင့်ခံတွင်း ပြဿနာတွေကင်းဝေးပြီး ဖြူဖွေးသန့်စင်တဲ့

သွားလေးတွေကို အစဉ်အမြဲပိုင်ဆိုင်နိုင်မှာပါနော် 👩‍⚕️

အတောက်ပဆုံး အပြုံးလေးတွေအတွက် အမြဲအတူရှိမယ့်

Toothgether Dental Clinic ✨

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹

𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.

Phone ☎️ - 099 6446 0168

- 099 6445 0168

Opening time 1 P.M TO 7 P.M (Every monday off)

Find us on google map

# dentistinyangon

25/12/2023

🎄 Wishing You a Merry Christmas 🎅

❄️ ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေးမှာ ကျန်းမာချမ်းသာပြီး
ကောင်းခြင်းမင်္ဂအပေါင်းနဲ့ပြည့်စုံပါစေကြောင်း Toothgether Dental Clinic မှ ဆုမွန်ကောင်း
တောင်းပါတယ်ရှင် 🎊✨

20/12/2023

မကြာခဏ သွားကိုက်သွားနာဖြစ်နေပြီလား ❓

အပေါ်ယံသွားပိုးစားရုံနဲ့ ခဏခဏသွားကိုက်တာမျိုးမဖြစ်နိုင်ပါဘူး။

🔺 သွားအမြစ်အတွင်းပိုင်းအထိ သွားပိုးစားတဲ့အခါ

🔺 ပိုးစားပြီး ပုပ်သွားတဲ့အမြစ်ရှိနေတဲ့အခါမှသာ

မကြာခဏ သွားကိုက်ခြင်း၊ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ခံစားရတာဖြစ်ပါတယ်။

ဒီလိုပြဿနာတွေကြောင့် သင့်ရဲ့အဖိုးတန်သွားတစ်ချောင်းမဆုံးရှုံးစေဖို့ အချိန်မီ သွားအကြောထုတ်ကုသမှုကိုခံယူသင့်ပါတယ်။

🦷 သွားအကြောထုတ်ကုသခြင်း(Root Canal Treatment) ဆိုတာ သွားနာ ၊သွားကိုက်ခြင်းကို အမြန်ဆုံးသက်သာစေတဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်ရှင်။

🌟 သွားပိုး‌စားခြင်းကြောင့် ကိုယ့်ရဲ့သွားတွေမဆုံးရှုံးစေဖို့ အထိ‌ရောက်ဆုံးကုသနည်းဆိုရင်လည်း မမှားပါဘူး။

👩‍⚕️ Root Canal Treatment ဆိုတာ ပိုးစားပြီးဆွေးမြည့်ပျက်စီးနေတဲ့အကြောတွေကို ပြောင်စင်အောင်ဖယ်ထုတ်ပြီး ကျန်ခဲ့တဲ့အမြစ်နေရာကို သွားအကြောတုထည့်ကာကုသပေးတာဖြစ်ပါတယ်။

💢 ကိုယ့်သွားအမြစ်နဲ့ကိုက်ညီမယ့် အမြစ်တုကို အပိုအလိုမရှိ ကွက်တိဖြစ်စေဖို့ (X-ray) ဓာတ်မှန်ရိုက်ပြီး နည်းစနစ်တကျကုသရမှာဖြစ်လို့ နာကျင်မှာ၊ ခိုင်ခံ့မှုမရှိမှာလုံးဝစိတ်မပူရတဲ့ ကုသနည်းဖြစ်ပါတယ်။

✨ ဒါကြောင့်မို့ သွားမကြာခဏကိုက်တတ်သူတွေအနေနဲ့ တစ်ကြိမ်တည်းမှာ အထိရောက်ဆုံးကုသမှုကိုခံယူချင်တယ်ဆိုရင် Root Canal Treatment (RCT) ကုထုံးကို ခံယူဖို့ အကြံပေးချင်ပါတယ်ရှင်။

👩‍⚕️ RCT ကုထုံးကို အတွေ့အကြုံရင့်ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများထံမှာအသေးစိတ်ဆွေးနွေးပြီးကုသမှု ခံယူချင်တယ်ဆိုရင်တော့ Toothgether Dental Clinic ကို ဆက်သွယ်လိုက်ပါရှင်။

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹

𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.

Phone ☎️ - 099 6446 0168

- 099 6445 0168

Opening time 1 P.M TO 7 P.M (Every monday off)

Find us on google map

# dentistinyangon #သွားအကြောထုတ်

16/12/2023

UDOM SMITH MYANMAR CO., LTD မှ ကြီးမှူးကျင်းပ၍
Cambodia နိုင်ငံမှ ဆရာ Dr.Tieng Chhnoeum [ DDS, MSc in Prosthodontic (Mahidol) ] trainner ပြုလုပ်ကာ
Toothgether Dental Clinic ၏ founder
Dr.Aung Phyo Theik ၏ medit scanner workshop ၂ရက်တာ သင်တန်းမှပုံရိပ်တချို့ပါရှင်။

ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ မြန်ဆန်လွန်းတဲ့ Digital Technolgy အရွေ့မှာ ချစ်ခင်လေးစားရသော မိဘညီအကို မောင်နှမများအတွက် အကောင်းဆုံး နှင့် တိကျသော quality treatment များပေးနိုင်ဖို့ Toothgether Team မှ
အစဥ်အမြဲကြိုးစားလျက်ရှိကြောင်းဂါဝရပြု အသိပေးပါရစေရှင်။ 🙏

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

14/12/2023

💁‍♀️ သွားတွေဝါနေလို့ လွတ်လွတ်လပ်လပ်ပြုံးရယ်ဖို့ ယုံကြည်မှုမရှိဖြစ်နေလား ?

☕ ကော်ဖီသောက်တာများလို့ သွားတွေဝါညစ်ညစ်ဖြစ်နေလား ?

🦷 ဒီလိုဝါနေတဲ့သွားတွေကို အမြန်ဆုံးနှုတ်ဆက်ဖို့ Toothgether မှာ သွားဖြူကုထုံးကို 10% Off Promotion နဲ့ ဈေးနှုန်းသက်သာစွာ ကုသပေးနေပါပြီနော်..

⏰ ကုသချိန် 1 နာရီကနေ အများဆုံး 2 နာရီအတွင်းမှာ သဘာဝအတိုင်းဖြူဖြူဖွေးတဲ့ သွားလေးတွေကိုပိုင်ဆိုင်နိုင်ဖို့

👩‍⚕️ ကျွမ်းကျင် Dentist များမှ ခေတ်မီစက်ကိရိယာများနဲ့ အထိရောက်ဆုံး ကုသပေးနေပါတယ်ရှင်။

✨ နာကျင်မှုလုံးဝမရှိဘဲ အချိန်တိုအတွင်းမှာ သွားလေးတွေ ဖြူဖွေးသွားစေမယ့် ကုထုံးဖြစ်လို့ ယုံကြည်မှုအပြည့်နဲ့ ပြုံးနိုင်စေဖို့ Toothgether Dental Clinic ကို အမြန်ဆုံး
လှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင် ..

📣 Promotion လေးက ဒီဇင်ဘာလကုန်အထိပဲမို့ အချိန်မဆွဲဘဲ အခုပဲ Booking တင်ပြီး သွားဖြူကုထုံးကို ခံယူလိုက်တော့နော် ..

💁‍♀️ အတောက်ပဆုံးအပြုံးလေးကိုပိုင်ဆိုင်နိုင်စေမယ့်
Toothgether ရဲ့ Tooth Whitening Treatment ✨

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹

𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.

Phone ☎️ - 099 6446 0168

- 099 6445 0168

Opening time 1:00 P.M TO 7:00 P.M (Every monday off)

Find us on google map

dentistinyangon

ToothWhitening

09/12/2023

⚠️⚠️⚠️
Hello Hello Hello
Admin တစ်ယောက် account hack ခံပြီး Pageပါ ပါသွားလို့ Haibideal Store U.s.a 2 name change ခံလိုက်ရကြောင်းလေး အသိပေးချင်ပါတယ်ရှင်။

ခုတော့ fully access ပြန်ရပါပြီ name change သွားလို့ ချက်ချင်းပြန် change လို့မရသေးပါဘူးရှင်။

Messenger ကနေ အရင်အတိုင်း appointment တင်ခြင်း
သိချင်သောအကြောင်းအရာများကို မေးမြန်းခြင်း
လက်ရှိခံစားနေရသော သွားနာသွားကိုက် ဝေဒနာများအတွက် တိုင်ပင်ခြင်းတို့ကို ဆက်လက် လုပ်ဆောင်နိုင်ပါတယ်ရှင်။

Page name လေးတော့ လွဲနေဦးမှာဖြစ်တဲ့အကြောင်း ငြိုးငယ်စွာ အသိပေးအပ်ပါတယ်ရှင် 😔
099 6446 0168 / 099 6445 0168 ကိုလည်းဆက်သွယ်လို့ရပါတယ်။ ..
အဆင်မပြေမှုဖြစ်သွားတဲ့အတွက်လည်း အနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင် 🙏

Team TGT

08/12/2023

🦷 10% Off Promotion နဲ့ ဈေးသက်သာစွာ သွားဖာလိုက်ပါ ✨

❕❕သွားပိုးပေါက်လေးကြောင့် သွားတစ်ချောင်းမဆုံးရှုံးစေဖို့ အထူးဂရုပြုသင့်ပါတယ်ရှင်..

သွားပိုးပေါက်လေးတွေဖြစ်လာပြီဆိုရင် သွားကိုက်တဲ့အထိ စောင့်မနေဘဲ အမြန်ဆုံးဖာထေးပြုပြင်သင့်ပါတယ်။

🦠 သွားပိုးပေါက်တွေကို မဖာထေးဘဲထားမိတဲ့အခါ အခြားသွားတွေကိုပါ အလွယ်တကူပိုးစားစေနိုင်တဲ့အပြင်၊ ကုသစရိတ်လည်းများပြားပြီး ၊ နာကျင်မှုဝေဒနာကိုလည်း ခံစားရနိုင်ပါတယ်။

ဒါကြောင့်မို့ သွားပိုးပေါက်လေးတွေဖြစ်လာတဲ့အခါ ကျွမ်းကျင်ဆရာဝန်ပြီးများထံ သွားရောက်ဆွေးနွေးပြီး လိုအပ်တဲ့ကုသမှုလေးတွကိုခံယူဖို့ Toothgether Dental Clinic မှ အကြံပေးချင်ပါတယ် 🦷

မိတ်ဆွေတို့ရဲ့ အဖိုးတန်သွား‌တွေ သွားပိုးပေါက်ကြောင့် အလွယ်တကူမပျက်ဆီးစေဖို့ ယုံကြည်စိတ်ချရတဲ့ သွားဆရာဝန်ကြီးတွေနဲ့ အသေးစိတ်ဆွေး‌နွေးတိုင်ပင်ချင်တဲ့အခါ
Toothgether ကို ဆက်သွယ်လိုက်ပါရှင်။

🎉 Toothgether Dental Clinic မှာ ဒီဇင်ဘာတစ်လလုံး Tooth Filling (သွားဖာထေးခြင်း ကုသမှု) ကို 10% Promotion နဲ့ ဈေးနှုန်းသက်သာစွာ ကုသပေးနေတဲ့
အစီအစဉ်လေးလည်းရှိတာမို့

👩‍⚕️ကုန်ကျစရိတ်သက်သာစွာနဲ့ ကျွမ်းကျင်သွားဆေးခန်းမှာသွားပိုးပေါက်လေးတွေကို ဖာထေးချင်တယ်ဆိုရင် Toothgether ဆီအမြန်ဆုံး လှမ်းလာခဲ့ပါရှင်..

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹

𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.

Phone ☎️ - 099 6446 0168

\- 099 6445 0168

Opening time 1:00 P.M TO 7:00 P.M (Every monday off)

Find us on google map

# dentistinyangon

# ToothFilling

05/12/2023

End Year Promotion For You (10% Off Promotion) 🎁🦷

❄️ အေးမြတဲ့ December မှာ Toothgether ရဲ့ 10% Off Promotion နဲ့ အဖိုးတန် သွားလေးတွေကို ဂရုစိုက်လိုက်ပါ ✨

🦷 သွားဖာထားသူတွေ ၊ သွားစိုက်ထားသူတွေနဲ့ သွားဝါသူတွေအတွက် Crown စွပ်ခြင်း

🦷 သွားပိုးပေါက်နဲ့ ၊ ပဲ့နေတဲ့သွားတွေ ၊ ကျဲနေတဲ့သွားတွေအတွက် သွားဖာထေးခြင်း ( Tooth Filling )

🦷 ပုလဲလုံးလေးတွေလို ဖြူဖြူဖွေးတဲ့သွားလေးတွေကို ပိုင်ဆိုင်စေမယ့် ( Tooth Whitening )

အစရှိတဲ့ Treatment (3) မျိုးကို Toothgether မှာ
ဒီဇင်ဘာတစ်လလုံး 10% Off Promotion နဲ့ ပြုလုပ်ပေးနေပါပြီရှင် ...

👨‍⚕️ ကျွမ်းကျင် အထူးကုဆရာဝန်ကြီးများရဲ့ ထိရောက်တဲ့ကုသမှုတွေနဲ့ အလှဆုံးသွားလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆို အမြန်ဆုံး Booking တင်ထားဖို့ မမေ့နဲ့နော် ..

🦷 ဒီဇင်ဘာမှာ အတောက်ပဆုံးအပြုံးတွေ ပွင့်လန်းစေဖို့ Toothgether ဆီလှမ်းလာခဲ့ပါ ✨

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹

𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.

Phone ☎️ - 099 6446 0168

- 099 6445 0168

Opening time 1:00 P.M TO 7:00 P.M (Every monday off)

Find us on google map

29/11/2023

🔎 သွားလေးတွေကျဲနေလို့ ရယ်မောဖို့ ယုံကြည်မှုတွေပျောက်ဆုံးနေပြီလား?

🔎 မဖာထေးမိတဲ့ သွားပိုးပေါက်တွေ ကိုယ့်မှာရှိနေလား?

🔎 အက်ကွဲကြောင်းရာပေါ်နေတဲ့ သွားကိုဂရုမစိုက်ဘဲ ထားနေတုန်းလား?

🔎 ပဲ့နေတဲ့သွားကို ထိန်းဝါးနေတုန်းလား?

🦷 ဒီလိုလုပ်နေတာက ကိုယ့်ရဲ့အဖိုးတန်သွားကို အချိန်တိုအတွင်းမှာ ပျက်ဆီးဆုံးရှုံးစေနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ နာကျင်မှုတွေခံစားရမယ် ၊အစားအသောက်ရှောင်ရမယ် ၊ ကုန်ကျစရိတ်တွေများမယ်။

✨ ဒါကြောင့် သွားပိုးပေါက်ရှိတယ် ၊ သွားမှာအက်ကြောင်းရာလေးတွေပေါ်နေတယ် ၊ သွားလေးတွေပဲ့နေတယ် ၊ သွားလေးတွေကျဲနေတယ်ဆိုရင် သွားဖာထေးခြင်း " Tooth Filling " ကို အမြန်ဆုံး လုပ်သင့်ပါတယ်။

👨‍⚕️ " Tooth Filling " သွားဖာထေးခြင်းဆိုတာ သွားနှင့်ခံတွင်းကုသမှုတွေမှာ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ နာကျင်မှုလုံးဝမရှိတဲ့ ကုသနည်းဖြစ်ပါတယ်။

🦷 အချိန်အားဖြင့်လည်းမြန်ဆန်သလို ကုသမှုခံယူပြီးတာနဲ့ ပျက်ဆီးစပြုနေတဲ့သွားတွေ ၊ မလှပတဲ့သွားတွေကိုအကောင်းပကတိအတိုင်း ပြန်လည်ရရှိစေမှာပါရှင်။

👩‍⚕️ ဒါကြောင့်မို့ ကျန်းမာလှပတဲ့သွားလေးတွေနဲ့ တောက်ပတဲ့အပြုံးလှလှလေးပိုင်ဆိုင်နိုင်ဖို့ အချိန်မဆွဲပဲ Tooth Filling Treatment ခံယူလိုက်ပါ။

✨ Tooth Filling Treatment ပြုလုပ်တဲ့အခါ ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီး ၊ လိုအပ်တဲ့ကုသမှုတွေကို အချိန်တိုအတွင်း အထိရောက်ဆုံး ဆောင်ရွက်ချင်ရင်တော့ Toothgether Dental Clinic ကို ဆက်သွယ်လိုက်ပါရှင်။

🦷 Toothgether မှ အလှဆုံးအပြုံးလေးတွေအတွက် အကောင်းဆုံးကုသမှုတွေကို အချိန်တိုအတွင်း ဆောင်ရွက်ပေးနေပါတယ်ရှင် ✨

💫 တောက်ပတဲ့အပြုံးတွေအတွက် Toothgether နဲ့အတူရှေ့ဆက် 💫

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹

𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.

Phone ☎️ - 099 6446 0168

\- 099 6445 0168

Opening time 1:00 P.M TO 7:00 P.M (Every monday off)

Find us on google map

# dentistinyangon

# ToothFilling #သွားဖာခြင်း

27/11/2023

🪔🪔 တန်ဆောင်းမုန်းလပြည့်နေ့ "သာမညဖလ အခါတော်နေ့" မှစတင်ပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး သာယာပျော်ရွှင်တဲ့ဘဝတွေ ပိုင်ဆိုင်နိုင်ပါစေကြောင်း Toothgether Dental Clinic မှ ဆုမွန်ကောင်းတောင်းပါတယ်ရှင် 🦷 🙏

#တန်ဆောင်မုန်းလပြည့်နေ့

21/11/2023

အပြုံးတစ်ပွင့် တောက်ပနေဖို့ဆို သွားလေးတွေက ဖြူဖွေးနေဖို့လိုတာပေါ့...။ 🦷✨

မနက်ဆို ကော်ဖီ/ လက်ဖက်ရည်☕

နေ့ခင်းဆို Gas ပါဝင်တဲ့ အအေး🍹

နေ့စဥ်စားသောက်နေတဲ့ အစားအသောက်တွေမှာ ဆိုးဆေးတွေပါနေတာ သတိထားမိရဲ့လား❓

👨‍⚕️ဆိုးဆေးပါတဲ့ အစားအစာတွေက အချိန်ကြာလာတဲ့အခါ သွားတွေကို ဝါ​လာစေပါတယ်။

သွားဝါလာတဲ့အခါ အများအလယ် သွားပေါ်အောင်ပြုံးရမှာတောင် ရှက်သလိုလိုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့နည်းလာတတ်ကြပါသေးတယ်။😒

သွားဝါတာကို စိတ်ပူနေသေးတာလား❓

စွန်းပေသွားတဲ့ အင်္ကျီအဖြူကိုတောင် အစွန်းပြန်ချွတ်နိုင်သလို ဝါနေတဲ့ သွားအတွက်လည်း ပြန်လည်ဖြူဖွေးစေမယ့် နည်းလမ်းက အဆင်သင့်ရှိနေပါပြီ။✨

💢ဝါနေတဲ့ သွားကို ပြန်လည်ဖြူဖွေးစေဖို့ Whitening Treatment နဲ့ ကုသမှု ခံယူလိုက်ပါ။

Whitening Treatment ဆိုတာ..

🔸သွားတွေကို မူလသွားအရောင်ထက် ပိုမိုဖြူဖွေးတောက်ပစေတဲ့ သွားဖြူကုထုံးဖြစ်ပါတယ်။

🔸ဒါ့အပြင် သွားဖြူကုထုံး ကုသမှုခံယူတဲ့အခါ သွားကျောက်တွေကိုပါ ခြစ်ပေးတာကြောင့် ကောင်းမွန်တဲ့ ခံတွင်းနံ့နဲ့အတူ ဖြူဖွေးတောက်ပတဲ့ သွားတွေကိုပါ ပိုင်ဆိုင်နိုင်မှာပါ။

ကုသချိန် ဘယ်လောက်ကြာလဲ❓
⏰ပုံမှန်အားဖြင့် ၁ နာရီသာ ကြာမြင့်ပါတယ်။

👨‍⚕️သွားဖြူကုထုံး ကုသမှုပြုလုပ်ချိန်အတွင်း သွားကျဉ်တဲ့ ဝေဒနာကို ခဏတာခံစားရတတ်ပါတယ်။

‼ဒါပေမယ့် စိုးရိမ်စရာမလိုပါဘူး။
🔹အက်စစ်ဓာတ် (အချဉ်ဓာတ်) ပါဝင်တဲ့အစားအစာကို ​ရှောင်ကြဉ်မယ်။
🔹နူးညံ့တဲ့ အမျှင်ပါတဲ့ သွားတိုက်တံကို အသုံးပြုမယ်။
🔹Fluoride ပမာဏ မှန်ကန်စွာပါဝင်တဲ့ သွားတိုက်ဆေးနဲ့ ပုံမှန်သွားတိုက်မယ်ဆို သွားကျဥ်ခြင်းကို သက်သာစေပါတယ်။

ကြာရှည်ခံမှုအနေနဲ့ကတော့
🔹ခံတွင်းသန့်ရှင်းရေး စနစ်တကျပြုလုပ်မယ်။
🔹ဆေးလိပ်၊ ကွမ်း ရှောင်ကြဥ်မယ်။
🔹ဆိုးဆေးပါဝင်တဲ့ အစားအစာကို အတတ်နိုင်ဆုံး ရှောင်ကြည်မယ် အစရှိတဲ့ ကိုယ့်ရဲ့ ဂရုတစိုက်ထိန်းသိမ်းမှုအပေါ်မူတည်ပြီး (၁) နှစ်မှ (၃) နှစ်အထိ ကြာရှည်ခံမှာပဲဖြစ်ပါတယ်။

📣ဒါကြောင့် တောက်ပပြီး ဖြူဖွေးတဲ့သွားလေးတွေနဲ့ လှပတဲ့အပြုံးပွင့်လန်းဖို့ဆို Whitening Treatment ကို ရယူဖို့ တိုက်တွန်းလိုက်ပါတယ်။

👨‍⚕️Whitening Treatment ကို အတွေ့အကြုံရင့် ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများနဲ့ အသေးစိတ် ဆွေးနွေးပြီး ကုသမှုခံယူချင်တယ်ဆို Toothgether Dental Clinic ကိုသာ အမြန်ဆုံး ဆက်သွယ်လိုက်တော့နော်...။

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍
No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.

Phone ☎️ - 099 6446 0168
- 099 6445 0168

Opening time 1 P.M TO 7 P.M (Every monday off)
Find us on google map

15/11/2023

Root Canal Treatment (သွားအကြောထုတ်
ကုသခြင်း) လို့ကြားလိုက်တာနဲ့

🔺 အရမ်းနာမလား ၊
🔺 ဒီအကြောတွေမရှိတော့ရင် သွားကခိုင်ပါအုံးမလား ၊
🔺 ပုံမှန်အတိုင်းအစားစားရတာ အဆင်ပြေပါ့မလားဆိုပြီး
စိုးရိမ်တတ်ကြပါတယ်။

တကယ်တော့ Root Canal Treatment ဆိုတာ
ကိုယ့်ရဲ့သွားကို မလိုအပ်ဘဲ နှုတ်မပစ်ရအောင်
နာကျင်မှုမရှိအောင် ကူညီပေးနိုင်တဲ့ ကုသနည်းတစ်မျိုးပါ။

🦷 သွားတစ်ချောင်းမှာ

1️⃣ ကြွေသွားလွှာ
2️⃣ ဆင်စွယ်နှစ်လွှာ
3️⃣ မွသွားလွှာဆိုပြီး အပိုင်း (၃) ပိုင်းရှိပါတယ် ။

ဒီသုံးလွှာမှာ သွားပိုးစားခြင်း ၊ ထိခိုက်မိခြင်း ၊
ကြွေသွားလွှာပြုန်းတီးခြင်းတွေကြောင့် မွသွားလွှာ
ပုပ်သွားမယ် ၊ ရောင်ရမ်းလာမယ် ၊ တဆစ်ဆစ်ကိုက်ခဲ
မယ်ဆိုရင် Root Canal Treatment ကို အမြန်ဆုံး
ခံယူသင့်ပါတယ် ။

အချိန်ဆွဲနေမယ်ဆိုရင် နာကျင်မှုကိုကြာရှည်စွာ
ခံစားရပြီး ၊ အခြားသွားတွေပါ ထိခိုက်ပျက်စီးလာနိုင်ပါတယ် ။

Root Canal Treatment က ဆွေးမြည့်ပျက်စီး
နေတဲ့ မွသွားအလွှာကအကြောတွေကို ပြောင်စင်အောင်
ဖယ်ထုတ်ပစ်ပြီး ကျန်ခဲ့တဲ့အမြစ်နေရာကို
သွားအကြောတုထည့်ပြီး ကုသတဲ့နည်းလမ်း
ဖြစ်ပါတယ်။

ကိုယ့်သွားအမြစ်နဲ့ကိုက်ညီမယ့် အမြစ်တုကို
အပိုအလိုမရှိ ကွက်တိဖြစ်စေဖို့ ဓာတ်မှန်ရိုက်ပြီး
နည်းစနစ်တကျကုသပေးမှာဖြစ်လို့ နာကျင်မှာ ၊
ခိုင်ခံ့မှုမရှိမှာ ၊ သက်သောင့်သက်သာမဖြစ်မှာတွေကို
လုံးဝစိုးရိမ်စရာ မလိုပါဘူး။

ဒါကြောင့်မို့လို့ ကိုယ့်ရဲ့အဖိုးတန်သွားတွေ
အလွယ်တကူ မဆုံးရှုံးရအောင် အချိန်မီ
Root Canal Treatment (RCT) ကုထုံးကို
ရယူဖို့ တိုက်တွန်းချင်ပါတယ်။

👩‍⚕️ RCT ကုထုံးကို အတွေ့အကြုံရင့်
ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများထံမှာ
အသေးစိတ်ဆွေးနွေးပြီးကုသမှု ခံယူချင်တယ်ဆိုရင်တော့ Toothgether Dental Clinic ကို ဆက်သွယ်လိုက်ပါရှင်။

✨ Toothgether မှာ RCT ကုသမှုအတွက် 15% Off Discount အစီအစဉ်လည်းရှိတာမို့ အမြန်ဆုံး Booking
ယူထားလိုက်‌တော့နော် 💬

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.
Phone ☎️ - 099 6446 0168
\- 099 6445 0168

Opening time 1 P.M TO 7 P.M (Every monday off)
Find us on google map

# dentistinyangon

# rootcanaltreatment

10/11/2023

ဆွဲဆောင်မှုရှိရှိ၊ ဖြူဖွေးလှပတဲ့သွားလေးတွေနဲ့ ပြုံးပျော်နိုင်ဖို့ Toothgether Dental Clinic မှတာဝန်ယူပေးပါရစေရှင် 🦷

လူကြီးမင်းတို့ရဲ့ သွားလေးတွေဖြူဖွေးလှပပြီး ပုလဲလုံးလေးတွေလို ညီညီညာညာစီတန်းလှပနိုင်ဖို့နဲ့ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများမဖြစ်အောင် Dental checkup လုပ်ဖို့ Toothgether Dental Clinic ကိုသာယုံယုံကြည်ကြည် လာခဲ့လိုက်တော့နော်။ 🦷🤍

လူကြီးမင်းတို့အတွက် အသင့်တော်ဆုံး Treatment ၊ အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့အတူ အတွေ့အကြုံရှိဆရာဝန်ကြီးများမှ လိုအပ်တဲ့ကုသမှုများကို တိုင်ပင်ဆွေးနွေး ကုသပေးလျက်ရှိပါတယ်။ 🤍

လှပတဲ့အပြုံးလေးတွေနဲ့ ခိုင်ခံ့သန်မာတဲ့သွားလေးတွေကို စိတ်ချမ်းသာစွာ ရာသက်ပန်ပိုင်ဆိုင်နိုင်ဖို့ စိတ်ရှည်ညင်သာပြီး အတွေ့အကြုံရင့် ဆရာဝန်ကြီးများကိုယ်တိုင် ကုသပေးနေတဲ့ Toothgether Dental Clinic မှာယုံကြည်စိတ်ချစွာ လာရောက်ကုသလိုက်တော့နော်။ ❤️

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.
Phone ☎️ - 099 6446 0168
- 099 6445 0168

Opening time 10 A.M TO 6 P.M (Every monday off)
Find us on google map

29/10/2023

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ ကျက်သရေမင်္ဂလာအဖြာဖြာပြည့်စုံပြီး ကျန်းမာချမ်းသာကြပါစေကြောင်း Toothgether မိသားစုမှ သီတင်းကျွတ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏

27/10/2023

Toothgether Dental Clinic မှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်။ ❣️

သန့်ရှင်းသပ်ရပ်သော Treatment Rooms များ၊ ဘာသာရပ်အလိုက် ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများ၊ သေချာပိုးသတ်ထားသော ခေတ်မီစက်ကိရိယာများကို အသုံးပြုပြီး လူကြီးမင်းတို့၏ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အကောင်းဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။ 💯

ဒါ့ကြောင့် သွားနှင့်ခံတွင်းကျန်းမာရေးအတွက်ဆို Toothgether Dental Clinic ကို ယုံကြည်စိတ်ချလိုက်ပါရှင်။ 🙏

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.
Phone ☎️ - 099 6446 0168 - 099 6445 0168

Opening time 10 A.M TO 6 P.M (Every monday off)
Find us on google map

25/10/2023

သီတင်းကျွတ်ကာလမှာ သွားလေးတွေလည်းလှသွားမယ်၊ ကုသိုလ်လည်းရမယ်ဆို ပျော်ရွှင်ကြည်နူးစရာပဲပေါ့ 🙏

Toothgether ရဲ့ Denture and Filling 15% off Special Promotion လေးနဲ့ သီတင်းကျွတ်အခါသယမမှာ လူကြီးမိဘတွေရဲ့သွားလေးတွေကို ဂရုစိုက်ပေးကြမယ်။

နေ့စဉ်နေ့တိုင်းအသုံးပြုနေရတဲ့ သွားလေးတွေကို ဂရုတစိုက်ထိန်းသိမ်းပေးမှသာ အာဟာရရှိတဲ့အစားအစာများကိုစားပြီး သက်ရှည်ကျန်းမာစွာနေနိုင်မှာပါ။

ဇရာကြောင့်အသက်ကြီးလာတဲ့အခါ သွားနှင့်ခံတွင်းကို ဂရုစိုက်ပေးဖို့ရာ အရေးကြီးတဲ့အတွက် လူကြီးမိဘ၊ အဘိုးအဘွားများရဲ့ သွားကျန်းမာရေးကို ကုသပေးခြင်းက အကောင်းဆုံး သီတင်းကျွတ်ဂါရဝပြု လက်ဆောင်ပါပဲ။

သီတင်းကျွတ်အခါသမယမှာ ချစ်ခင်ရတဲ့လူကြီးမိဘများရဲ့ သွားကျန်းမာရေးကို ဂရုစိုက်ပေးရင်း Together ရဲ့ Special Promotion နဲ့အတူ ကုသိုလ်ယူလိုက်ပါ။

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayangone.
Phone ☎️ - 099 6446 0168 - 099 6445 0168

Opening time 10 A.M TO 6 P.M (Every monday off)
Find us on google map

Photos from Toothgether Dental Clinic's post 22/10/2023

Activities from team​ Toothgether​ ​University​ ​Thadingyut​Fun Fair.
We​ are​ so gald that we​​ have a​ chance to​ give​ knowledge,​ information and​ consult​ for​ auston​ community.​😊🤗
Most of​ all​ we​ had Fun​ too.​ By seeing young spirtis working together as a​ team​ and​ the​ orginization skills got me chill​s.​ 🤩

20/10/2023

သီတင်းကျွတ်ကာလမှာ ချစ်ခင်ရလူကြီးမိဘများအတွက် ဘယ်လိုလက်ဆောင်နဲ့ ဂါရဝပြုရမလဲ စဉ်းစားမ‌ရဖြစ်နေပြီလား ❓

Toothgether ရဲ့ Denture and Filling 15% off Special Promotion လေးနဲ့ မွန်မြတ်စွာ ဂါရဝပြုလိုက်ပါ။
စားချင်တာမှန်သမျှကို စိတ်ရှိလက်ရှိစားနိုင်ဖို့ သွားနှင့်ခံတွင်း ကျန်းမာရေးကောင်းမွန်နေဖို့လည်း အရေးကြီးပါတယ်။
အသက်ကြီးတဲ့လူကြီးတွေအတွက် သွားကျန်းမာရေးက အရေးကြီးလို့ ဒီဂါရဝလက်ဆောင်လေးက အမှန်တကယ် အသုံးဝင်ပြီး အကျိုးရှိတဲ့ ဂါရဝလက်ဆောင်တစ်ခု ဖြစ်မှာပါ။

သီတင်းကျွတ်အခါသမယမှာ အခြားလက်ဆောင်တွေထက် ပိုမွန်မြတ်ပြီး တန်ဖိုးရှိတဲ့ Toothgether ရဲ့ Special Promotion နဲ့ ချစ်ခင်ရတဲ့ လူကြီးမိဘတွေကို ဂါရဝပြုလိုက်ပါ။

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayangone.
Phone ☎️ - 099 6446 0168 - 099 6445 0168

Opening time 10 A.M TO 6 P.M (Every monday off)
Find us on google map

18/10/2023

Special Plan များစွာနဲ့ Auston ရဲ့ Thadingyut Fun Fair 📣

လာမယ့် အောက်တိုဘာလ၂၁ ရက်နေ့မှာ Auston မှတာဝန်ယူကျင်းပပေးမယ့် Thadingyut Fun Fair မှာ Toothgether Dental Clinic ရဲ့Special Promotion အစီအစဉ်လေးလည်း ရှိပါတယ်ရှင်။ 🎉

စိမ်းလန်းစိုပြည်မှာပြုလုပ်မယ့် Thadingyut Fun Fair ရဲ့ Special Plan တွေကတော့

🦷 Meet and consult with your dentist
🦷 Scaling and polishing packages
🦷 250,000 discount on Professional Laser Whitening Treatment

စတဲ့အထူးအစီအစဉ်အပြင် Lucky draws တွေနဲ့အတူဗလာမပါ ကံစမ်းမဲတွေပါ မဲဖောက်ပေးသွားမှာနော်။ 🎉

ရရှိလာတဲ့ အကျိုးအမြတ်များကိုလည်း Nursing home သို့လှူဒါန်းပေးသွားမှာဖြစ်လို့ ကုသိုလ်လည်းရ၊ သွားလေးတွေလည်းလှဖို့ အောက်တိုဘာလ ၂၁ ရက်နေ့၊ နေ့လည် ၁၂ နာရီကနေ ည၇ နာရီအထိ စိမ်းလန်းစိုပြည်မှာ ပြုလုပ်မယ့်ပွဲလေးကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🥰

Toothgether နဲ့အတူ Auston ရဲ့Thadingyut Fun Fair မှာအထူးအစီအစဉ်တွေနဲ့ Dental check up လုပ်ဖို့ချစ်ခင်ရသော လူကြီးမိဘများနဲ့ မိတ်ဆွေသူငယ်ချင်းများကိုလည်း လက်တို့ပြီးသတင်းကောင်းပါးဖို့မမေ့ပါနော်။ 🎉

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.
Phone ☎️ - 099 6446 0168 - 099 6445 0168

Opening time 10 A.M TO 6 P.M (Every monday off)
Find us on google map

17/10/2023

သီတင်းကျွတ်အခါသမယမှာ လူကြီးမိဘတွေကို အမွန်မြတ်ဆုံးလက်ဆောင်ဖြစ်တဲ့ ကျန်းမာရေးလက်ဆောင်နဲ့ ဂါရဝပြုလိုက်ပါ။🧡

ချစ်ခင်လေးစားရတဲ့ လူကြီးသူမများကို ဂါရဝပြုနိုင်ဖို့ Toothgether မှာ အံကပ်တပ်ခြင်းနှင့် သွားဖာခြင်း ကုသမှုများကို 15% off Promotion ပေးနေပါတယ်ရှင်။

အစားစားတိုင်း စိတ်ကျေနပ်ချမ်းမြေ့ရဖို့ဆိုတာ ဝါးရတဲ့သွားလေးတွေကလည်း ကျန်းမာကောင်းမွန်နေဖို့ အရေးကြီးပါတယ်။
အသက်ကြီးတဲ့လူကြီးတွေအတွက် သွားကျန်းမာရေးက အရေးကြီးလို့ ဒီဂါရဝလက်ဆောင်လေးက အမှန်တကယ် အသုံးဝင်ပြီး အကျိုးရှိတဲ့ ဂါရဝလက်ဆောင်တစ်ခု ဖြစ်မှာပါ။

သီတင်းကျွတ်အခါသမယမှာ Toothgether ရဲ့ Special Promotion နဲ့ ချစ်ခင်ရတဲ့ လူကြီးမိဘတွေကို ဂါရဝပြုလိုက်ပါ။

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.
Phone ☎️ - 099 6446 0168 - 099 6445 0168

Opening time 10 A.M TO 6 P.M (Every monday off)
Find us on google map

dentistinyangon

12/10/2023

Starfish Education က benefits card လေးပြရုံပဲနော် 😊😊
သားသားမီးမီး ကိုကို မမ တို့က language ကိုသာဂရုစိုက်
Toothgether Dental Clinic က သားသားမီးမီးတို့ရဲ့ သွားလေးတွေ ဂရုစိုက်ပေးပါ့မယ်ရှင် 😊🥰

Starfish ရဲ့ B2B Brand Partnership အစီအစဉ်အရ Starfish Student Benefit Card ပြရုံဖြင့် ရရှိနိုင်မည့် အထူးအခွင့်အရေး
✨✨✨✨✨✨✨✨✨✨✨✨✨✨
✅Toothgether Dental Clinic ✅

ချစ်သော Starfish မှ ကျောင်းသားကျောင်းသူများအားလုံးအတွက် အထူး Discount များရမယ့် အစီအစဉ်လေးလာပါပြီနော်။✨

အခု ပထမဦးဆုံးအနေနဲ့ Starfish ရဲ့ မိတ်ဖက်
လုပ်ငန်းတစ်ခုဖြစ်တဲ့ Toothgethar Dental Clinic မှာ Starfish Student Benefit Card ပြပြီး Starfish ကျောင်းသားဖြစ်ရုံနဲ့ 10% to 25% Discount သက်သာခွင့် ရရှိမှာဖြစ်ပါတယ်။

🎉ဒါ့အပြင် Starfish ရဲ့ 20000 Ks Discount card တွေကိုလဲ Toothgethar Dental Clinic မှာ သွားရောက်ရယူနိုင်ပါပြီနော်။ 🎉

ယခုလိုမျိုး Starfish ၏ ကျောင်းသား၊သူ များအတွက် အထူး discount များ စီစဉ်ပေးသော Toothgethar Dental Clinic ကိုလည်း Starfish Education မှ ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ပြောကြားလိုပါတယ် ။။

ဒါ့ကြောင်.... Starfish ရဲ့ ကျောင်းသားဖြစ်ရုံနဲ့ အခုလိုအခွင့်အလမ်းတွေရရှိမှာဖြစ်တာကြောင့် အောက်တိုဘာလအတွင်း Starfish မှာ ကျောင်းအပ်ပြီး အခုလို အခွင့်အရေးတွေရယူလိုက်ဖို့ သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ 😊😊😊

11/10/2023

"Caring for Generation of Smiles" 🦷

ငယ်စဉ်ကလေးအရွယ်မှစ Generation အဆက်ဆက်လူငယ်၊ လူကြီးဖြစ်လာချိန်အထိ မိမိရဲ့သွားများကို နေ့စဉ်အသုံးပြုရတဲ့အခါ အစားအသောက်၊ အနေအထိုင်မမှန်ခြင်းကြောင့် အချိန်ကြာလာတာနဲ့အမျှ သွားလေးတွေ စတင်ယိုယွင်းပျက်စီးလာရပါတယ်။ ☹️

သက်ကြီးရွယ်အိုလူကြီးများနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးထားသော သွားလေးများကို လိုအပ်သလို အံကပ်အစားထိုး အသုံးပြုပေးမှသာ ရေရှည်သွားနဲ့ခံတွင်းကျန်းမာရေးအတွက် စိတ်ချရမှာပါ။

ဒါ့အပြင်အက်ကွဲနေသောသွားများ၊ အနည်းငယ်သာပဲ့နေသောသွားများကို မလိုအပ်ဘဲသွားနှုတ်ခြင်းလုပ်မယ့်အစား သွားဖြည့်ခြင်း ( Fillings) Treatment လုပ်မယ်ဆိုရင် အကောင်းပကတိသွားများအတိုင်း ဆက်လက်ထိန်းသိမ်း အသုံးပြုနိုင်ပါတယ်။

ဒါ့ကြောင့်သွားနဲ့ခံတွင်းကို ဂရုစိုက်ဖို့အချိန်မပေးနိုင်တဲ့ လူကြီးမင်းတို့အတွက် " Toothgether Dental Clinic " မှလူကြီးမင်းတို့ရဲ့ အဖိုးတန်သွားလေးများကို ဂရုစိုက်ထိန်းသိမ်းပေးဖို့ရာ အံကပ်တပ်ခြင်းနဲ့ သွားဖာခြင်း Treatment နှစ်မျိုးကို 15% off လျှော့ပေးသွားမှာ ဖြစ်ပါတယ်။ 🦷

ခိုင်ခံ့သန်မာတဲ့သွားလေးများနဲ့ လှပတဲ့အပြုံးလေးတွေကို ရာသက်ပန်ပိုင်ဆိုင်နိုင်ဖို့ အမြန်ဆုံးလာရောက် ကုသချင်တယ်ဆိုရင် Toothgether Dental Clinic မှ စိတ်ရှည်ပြီး အတွေ့အကြုံရင့် ဆရာဝန်ကြီးများကိုယ်တိုင် လိုအပ်သလို ကုသမှုပေးနေပါပြီ။ ❤️

Dentures နဲ့ Fillings Treatment အပါအဝင် အခြားသွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများကို စနစ်တကျကုသချင်တယ် ဆိုရင်တော့ ခေတ်မီစက်ကိရိယာများ၊ စိတ်ရှည်ညင်သာ၍ အတွေ့အကြုံရင့် ဆရာကြီးများနဲ့ ကုသပေးလျက်ရှိတဲ့ Toothgether Dental Clinic ကိုသတိရလိုက်ပါရှင်။ 🤍

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.
Phone ☎️ - 099 6446 0168 - 099 6445 0168

Opening time 10 A.M TO 6 P.M (Every monday off)
Find us on google map

04/10/2023

Dental Implant ဆိုတာ ဘာလဲ ?

ပျက်ဆီးဆုံးရှုံးသွားတဲ့သွားနေရာမှာ အစားထိုးဖို့ Artificial သွားအမြစ်နဲ့ မေးရိုးအတွင်းထဲထိစိုက်တာကို Dental Implant သွားတိုင်ထည့်ကုသခြင်း လို့ခေါ်ပါတယ်။

Implant လုပ်ခြင်းရဲ့ အားသာချက်များ

- Implant စိုက်ပြီး (၃) လအတွင်း အရိုးနဲ့ပေါင်းသွားလို့ နဂိုသွားလို ခံစားရမှာပါ။
- ဘေးနှားမှာရှိတဲ့ သွားတွေကို မထိခိုက်စေဘဲ လိုတဲ့နေရာက သွားကိုပဲ အစားထိုးနိုင်ပါတယ်။
- သန့်ရှင်းရေးပုံမှန် လုပ်ပြီး နှစ်ပေါင်းများစွာတိုင် အသုံးပြုနိုင်ပါတယ်။
- အချိန်ကြာလာတဲ့အခါမှာလည်း Implant တစ်ခုလုံးလဲစရာမလိုဘဲ အပေါ်ကအစွပ်လေးပဲ လဲလှယ်နိုင်ပါတယ်။

Dental Implant က အစားအစာ ဝါးရတာရော၊ Appearance ပါ သဘာဝဆန်ရေရှည်အတွက် အဆင်ပြေတဲ့ Treatment တစ်ခုဖြစ်ပါတယ်။

ခိုင်ခံ့သန်မာတဲ့ သွားလေးများနဲ့အတူ ယုံကြည်မှုရှိတဲ့ အပြုံးများပိုင်ဆိုင်ဖို့ အမြန်ဆုံးလာရောက် ကုသချင်တယ်ဆိုရင် Toothgether Dental Clinic မှ စိတ်ရှည်ပြီး အတွေ့အကြုံရင့် ဆရာဝန်ကြီးများကိုယ်တိုင် လိုအပ်သလို ကုသမှုပေးနေပါပြီ။ ❤️

Dental Implant အပါအဝင် အခြားသွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများကို စနစ်တကျကုသချင်တယ် ဆိုရင်တော့ ခေတ်မီစက်ကိရိယာများ၊ အတွေ့အကြုံရင့် ဆရာကြီးများနဲ့ ကုသပေးလျက်ရှိတဲ့ Toothgether Dental Clinic ကိုသတိရလိုက်ပါရှင်။ 🤍

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.
Phone ☎️ - 099 6446 0168 - 099 6445 0168

Opening time 10 A.M TO 6 P.M (Every monday off)
Find us on google map

# dentistinyangon

26/09/2023

ပျက်စီးနေသောသွားများ၊ မတော်တဆ ကျိုးပဲ့ထိခိုက်သွားသော သွားလေးများကို ပုံသဏ္ဌာန်မပျက်ယွင်းအောင် ၊ ဆက်လက်ခိုင်ခံ့အောင် Crown ( သွားအစွပ်စွပ်ခြင်း) လုပ်ဖို့လိုအပ်ပါတယ်။ 🤗

သွားရဲ့ပျက်စီးနေမှုအခြေအနေ၊ အနေအထားပေါ် မူတည်ပြီး လိုအပ်သလို သွားအစွပ်စွပ်ကြတဲ့အနက် အသုံးအများဆုံး crowns တွေကတော့
🔺Metal crowns
Metal crowns တွေက အကြမ်းဆုံးနှင့် ကြာရှည်ခံသော crowns များဖြစ်ပေမယ့် သွားရဲ့ပင်ကိုအရောင်နဲ့ ကွဲထွက်ပြီးသိသာနေတဲ့ သွားအစွပ်အမျိုးအစားဖြစ်ပါတယ်။

🔺 Porcelain-fused-to-metal crowns
ကြွေထည်နဲ့ပေါင်းစပ်ထားတဲ့ metal crowns တွေကတော့ အတွင်းပိုင်းသတ္တုနဲ့ အပြင်ပိုင်းကြွေထည်အလွှာတို့ကို ပေါင်းစပ်ပြုလုပ်ထားတဲ့ အမျိုးအစားဖြစ်ပြီး နဂိုသွားအ​ရောင်နဲ့ တူညီတဲ့အတွက် သွားအစွပ်စွပ်ထားမှန်း အရမ်းမသိသာဘဲ လှပတဲ့သွားလေးတွေ ရရှိစေပါတယ်။

🔺 Zirconia crown
Zirconia crown ကတော့ နောက်ဆုံးပေါ် သွားတုအမျိုးအစားဖြစ်ပြီး ကွန်ပျူတာ program ဖြင့်ရေးဆွဲခုတ်ယူထားတဲ့အတွက် တိကျသေချာပြီး အမြင်အာရုံတွင်လည်း သွားအစစ်တွေလို လှပခိုင်ခံ့မှုရှိပါတယ်။

Crowns ( သွားအစွပ်) တပ်ဆင်တဲ့အခါ ယိုယွင်းနေသောသွားများနဲ့ ကျိုးကြေပျက်စီးနေသောသွားများကို စနစ်တကျပြုပြင်ဖယ်ရှားမှုလုပ်ပြီးမှ တပ်ဆင်ရတာဖြစ်ပြီး မိမိသုံးစွဲမယ့်ကုန်ကျစရိတ်၊ crowns အမျိုးအစားနဲ့ ရေရှည်အကြမ်းခံမှုတို့ကို ကျွမ်းကျင်သွားဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ကုသဖို့လိုအပ်ပါတယ်။ ဒါမှသာ crowns များကိုအချိန်ကြာမြင့်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 🦷

ခိုင်ခံ့သန်မာတဲ့ သွားလေးများနဲ့အတူ ယုံကြည်မှုရှိတဲ့ အပြုံးများပိုင်ဆိုင်ဖို့ အမြန်ဆုံးလာရောက် ကုသချင်တယ်ဆိုရင် Toothgether Dental Clinic မှ စိတ်ရှည်ညင်သာ၍ အတွေ့အကြုံရင့် ဆရာဝန်ကြီးများကိုယ်တိုင် လိုအပ်သလို ကုသမှုပေးနေပါပြီ။ ❤️

ဒါ့ကြောင့် သွားကျန်းမာရေးစစ်ဆေးဖို့ လိုအပ်လာရင် လာရောက်ဆွေးနွေး ကုသမှုခံယူဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ရှင်။ 🦷

Crowns Treatment အပါအဝင် အခြားသွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများကို စနစ်တကျကုသချင်တယ် ဆိုရင်တော့ ခေတ်မီစက်ကိရိယာများ၊ အတွေ့အကြုံရင့် ဆရာကြီးများနဲ့ ကုသပေးလျက်ရှိတဲ့ Toothgether Dental Clinic ကိုသတိရလိုက်ပါနော်။ 🤍

𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹
𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️

Address 📍

No(9/B), 8Qr, Kabaraye Pagoda Rd, Mayankone.
Phone ☎️ - 099 6446 0168 - 099 6445 0168

Opening time 10 A.M TO 6 P.M (Every monday off)
Find us on google map

# dentistinyangon

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

UDOM SMITH MYANMAR CO., LTD မှ ကြီးမှူးကျင်းပ၍Cambodia နိုင်ငံမှ ဆရာ Dr.Tieng Chhnoeum [ DDS, MSc in Prosthodontic (Mahi...
𝑻𝑶𝑶𝑻𝑯𝑮𝑬𝑻𝑯𝑬𝑹 𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 𝐰𝐢𝐭𝐡 𝐇𝐄𝐀𝐑𝐓 ❣️
Toothgether Dental Clinic  ရဲ့ ကျောင်းပြန်တက်ဖို့ သွားလေးတွေ စစ်ကြည့်ကြစို့ program လေးရဲ့ Zero Cavity Award ပိုင်ရှင်လေ...
သွားစိုက်နည်းအမျိုးမျိုးထဲက Dental Implant စိုက်နည်းကို ရွေးချယ်ထားပြီးပြီလား❓️🦷ကျွန်မတို့ Toothgether Dental Clinic မှ ...
Bravery Winner Alart 🚨🚨🚨Toothgether Dental Clinic  (Kabaraye Branch) ရဲ့ သတ္တိရှိတဲ့ သူရဲကောင်း  သားသားလေး 🦸‍♂️ပေါ်ထွက်လ...
🎗Grand Opening Ceremony of Toothgether Dental Clinic(Kabaraye)

Telephone

Website

Address


No. (21) Kyauk Kone Road
Yangon
11081

Opening Hours

Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Other Yangon dentists (show all)
LaMin Dental Clinic LaMin Dental Clinic
La Min Dental Clinic (No44, Corner Of Hyuparyone Street & Moe Tauk Pan Street, Ward (1), Tharketa Township
Yangon, 11231

Keep your Smile

Jasmine Dental Pediatric Center Jasmine Dental Pediatric Center
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051

First fully digitalized dental clinic in Myanmar

SMILE Shwepyithar Orthodontic and Aesthetic Dental Clinic SMILE Shwepyithar Orthodontic and Aesthetic Dental Clinic
X34F+3R6 SMILE (Shwe Pyi Thar) Orthodontic And Aesthetic Dental Clinic
Yangon, SMILE(SHWEPYITHAR) HTTPS://GOO.GL/MAPS/RSYKPEIAHFTWVZPA7

Bright Your Confident Smile

Dr Nay Win Modern Dental Office Dr Nay Win Modern Dental Office
72 B Juction Of U Chit Mg Road And 167st, Tamwe Tsp
Yangon

More Economic,More Effective ,More Preventive & More Protective Measures for COVID-19 Infection in Our Modern Dental Office . Do not hesitate to place a call to 09587739,0996518773...

ဇေယျာ သွားနှင့်ခံတွင်းဆေးခန်း ဇေယျာ သွားနှင့်ခံတွင်းဆေးခန်း
164 A. Myin Thaw Dar Str, 6 Quarter, Tharkayta
Yangon, 11231

Dental Clinic

လှိုင်မေတ္တာ သွားနှင့်ခံတွင်းဆေးခန်း လှိုင်မေတ္တာ သွားနှင့်ခံတွင်းဆေးခန်း
32(A) ကန်လမ်း၊ (၉)ရပ်ကွက်၊ လှိုင်မြို့နယ်
Yangon, 11051

Welcome to Hlaing Myittar Dental Implant & Orthodontic Clinic, conveniently located at (32)A Kan Road, (9)Qtr Hlaing Township, Yangon. Here we provide a wide range of oral health ...

Aung Nyein Aye Dental Clinic Aung Nyein Aye Dental Clinic
May Dharwi Road
Yangon

အောင်ရတနာ သွားနှင့်ခံတွင်းအထူးကုဆေးခန်း - AungYadanar Dental Clinic အောင်ရတနာ သွားနှင့်ခံတွင်းအထူးကုဆေးခန်း - AungYadanar Dental Clinic
No. 61 (Ground Floor), 124street , Mingalartaungnyunt (Near Mingalarzay Bus-stop)
Yangon, 11221

ခေတ်မှီစက်ကိရိယာစုံလင်စွာထားရှိပီ?

Jasmine Orthodontic Treatments Center Jasmine Orthodontic Treatments Center
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051

သွား နှင့် ခံတွင်း အထူးကု ဆေးခန်း

Nay La Dental Clinic Nay La Dental Clinic
Yangon, V5X6+XGYANGON

သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုများ၊ ပညာပေးဆောင်းပါးများ ဖော်ပြပေးသွားမည်