Mung Chit Naing-Shwe Pyi
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mung Chit Naing-Shwe Pyi, Writer, Yangon.
Daimond12လုံးလက်ဆောင်ပေးမည်
pageကိုlikeလုပ်
Scubriceလုပ်
ကိုအောင်ကျော်ကို မြန်မာသက္ကရာဇ် ၁၂၇၇ ခုနှစ် တပို့တွဲလဆုတ် ၉ ရက်၊ ခရစ်နှစ် ၁၉၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ရက် တနင်္ဂနွေနေ့တွင် ဟင်္သာတခရိုင်၊ မဲဇလီကုန်းမြို့၊ ရုံးဇင်ရွာတွင် အဖ အလယ်တန်းကျောင်းဆရာကြီး ဦးကျော်ထင်၊ အမိ ဒေါ်ရွှေကျော့တို့မှ ဖွားမြင်သည်။ ညီအစ်ကိုမောင်နှမ တစ်ကျိပ်တစ်ယောက် ရှိသည့်အနက် အဋ္ဌမမြောက် မွေးဖွားခဲ့သူဖြစ်သည်။ မွေးချင်းပေါက်ဖော်များမှာ ဖခင် ကဆင်းသက်၍ ကျောင်းဆရာ ဆရာမများသာ ဖြစ်ကြသည်။ ကိုအောင်ကျော်သည် ဖခင်ဖြစ်သူ၏ အလယ်တန်းကျောင်းတွင် သူငယ်တန်းမှစ၍ ခြောက်တန်းအထိ ပညာ ဆည်းပူးခဲ့သည်။ ထို့နောက် အမျိုးသားကျောင်းများ ပေါ်ပေါက်လာချိန်တွင် ဇာတိရုံးဇင်ရွာနှင့် တစ်မိုင်ခန့်ဝေးသော မဲဇလီကုန်းမြို့ရှိ အမျိုးသားအလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ကာ အင်္ဂလိပ်- မြန်မာနှစ်ဘာသာ ပညာသင်ယူသည်။ ထိုကျောင်းမှပင် ကိုအောင်ကျော်သည် အမျိုးသားစိတ်ဗီဇကို ရရှိခဲ့သည်ဟု ဆိုရပေမည်။
မဲဇလီကုန်းမြို့ အမျိုးသားအလယ်တန်းကျောင်းမှသတ္တမတန်းအောင်မြင်ပြီးနောက် ဟင်္သာတမြို့ရှိ ဒေါက်တာကမ်းမင်း အထက်တန်းကျောင်းတွင် မိဘဆွေမျိုးများ၏ဆန္ဒအရ အထက်တန်းပညာများကို ဆက်လက်သင်ယူသည်။ ယင်းသို့ အနောက် တိုင်းဆန်သူများ နေလေ့ရှိသောကျောင်းတွင် ကိုအောင်ကျော်အတွက် မျက်စိနောက်စရာများနှင့်သာ တိုး၍နေရာ ထိုဓလေ့ အမူအယူများကို သရော်သည့်အနေနှင့် ကိုအောင်ကျော်သည် ခုံဖိနပ်စီး၊ ပင်နီတိုက်ပုံဝတ်၊ ကတုံးဆံထောက်ညှပ်(ယခုအခါ အောင်ကျော် ဆံထောက်ဟုပင် တွင်နေသည်။) ဘုကျကျ၊ ဂွကျကျနေခဲ့လေသည်။ သို့ရာတွင် ကိုအောင်ကျော်ကား ပညာရေး ဘက်၌မူ ထိပ်ကပင် အောင်ပန်းကိုအမြဲဆွတ်ခူးနိုင်ခဲ့ရာ ၁၉၃၄-ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ကောင်းစွာအောင်မြင်ခဲ့သည်။
ဗိုလ်အောင်ကျော်
အစဉ်သဖြင့် ဆရာသမား၏စကားကို နားထောင်လာခဲ့သော ကိုအောင်ကျော်သည် ဟင်္သာတကျောင်းမှ ဆရာများညွှန်ကြားချက် အရ ၁၉၃၄-၃၅ ခု ပညာသင်နှစ်တွင် ဂျပ်ဆင်ကောလိပ်သို့ တက်ရောက်သင်ယူသည်။ မြန်မာဘာသာ၊ စီးပွားရေးပညာ တို့ကိုယူ၍ တက္ကသိုလ်ပညာကို ဆက်လက်သင်ယူခဲ့ရာ မြန်မာစာပေတွင်ထူးချွန်သဖြင့် မြန်မာစာကထိကဦးထွန်းဖေက မြန်မာစာ ဂုဏ်ထူး ယူရန်ပင် တိုက်တွန်းခြင်း ခံရဘူးသည်။ အမျိုးသားစိတ်ဓာတ်ပြင်းထန်သော ကိုအောင်ကျော်သည် ကောလိပ်ကျောင်းမှ အနောက်တိုင်းဆန်ဆန် ပွဲသဘင်များကို မျက်စိစပါးမွေး စူးရပြန်လေသည်။ ကပွဲသဘင် အခမ်းအနားများကိုတွေ့ရှိက ခုံဖိနပ်စီး၍ ဝင်ခြင်း၊ ပွဲသဘင်ခန်းမှ တစ်ယောက်တည်းဆန့်ကျင်၍ ထွက်ခဲ့ခြင်းများကို ပြုလေသည်။ အမျိုးသားစိတ်ဓာတ်ကို ကိုအောင်ကျော်သည် အမူအရာနှင့်သာမက အဟောအပြောတို့နှင့်လည်း ပြသခဲ့သည်။ ပါတော်မူနေ့နှင့် အမျိုးသားအောင်ပွဲနေ့များသို့ ရောက်တိုင်းလိုလိုပင် ကိုအောင်ကျော်သည် မိမိမြို့နယ်သို့ အမျိုးသားရေးလှုံ့ဆော်မှု တရားများ သွားရောက်ဟောပြောခြင်း၊ စာကြည့်တိုက်များ ဦးစီးဖွင့်လှစ်ပေးခြင်း၊ စကားရည်လုပွဲများ၊ ဟောပြောပွဲများကို လုပ်ကိုင်ကြရန် စီစဉ်ပေးခြင်းများ ပြုလုပ်လေသည်။ တစ်ခါတစ်ရံ ကျောင်းပိတ်ရက်အတွင်း ခရမ်း၊ သုံးခွဘက်သို့ စည်းရုံး ရေးဆင်းနေပါက နေရင်းရပ်ရွာရှိ မိတ်ဆွေများထံ သူကိုယ်တိုင် မလာရောက်နိုင်သဖြင့် မည်သည့်လုပ်ငန်းစဉ်များ လုပ်ဆောင် သင့်ကြောင်း လှုံ့ဆော်သည့်အနေဖြင့် စာရေးတတ်သည်။
ပါတော်မူနေ့တစ်နေ့တွင် ကိုအောင်ကျော်သည် ဂျပ်ဆင်ကောလိပ်ကြော်ငြာဘောင်တွင် နယ်ချဲ့တော်လှန်ရေးဆောင်းပါးအနေဖြင့် ဤနေ့သို့ရောက်တိုင်း နိုင်ငံခြားသားများကို စိတ်နာသည်၊ ဤနေ့တွင် နိုင်ငံခြားသားများနှင့် အလိုတော်ရိ များကို စကားမပြောလို စသည်ဖြင့် မင်နီစာလုံးကြီးများဖြင့် ရေးသားကပ်ထားသဖြင့် သူငယ်ချင်းတစ်ဦးက စာတမ်းကိုဆုတ်ခွာ၍ ယင်း၏ဖခင်ထံ ပေးပို့ တိုင်တန်းခြင်း ခံရဖူးသည်။ ယင်းသို့ မျက်နှာလိုအားရလုပ်သော အပြုအမူမျိုးကို ကိုအောင်ကျော်သည် အလွန်စက်ဆုပ်သူ ဖြစ်သည်။
၁၉၃၈ ခုနှစ် ဇူလိုင်လတွင် ကုလား-ဗမာ အဓိကရုဏ်းဖြစ်ပွားစဉ်အခါက ကိုအောင်ကျော်၏ ဇာတိမြို့ကလေးတွင်လည်းဖြစ်ပွား၍ အဖမ်းခံရသူ အများအပြားရှိခဲ့လေသည်။ ထိုစဉ်တွင် ကိုအောင်ကျော်သည် ဟင်္သာတသို့ရောက်လာကာ ဟင်္သာတဦးမြ၊ ပါလီမန်အမတ် ဦးအိန်တို့နှင့် တိုင်ပင်၍ ဟင်္သာတ ထောင်သို့ ဝင်ရောက်ကြည့်ရှုလျက် အဖမ်းအဆီးခံရသူများကို အားပေးစကား ပြောဆိုခဲ့လေသည်။
ထိုနောက် အခြေအနေအရပ်ရပ်ကို ဆွေးနွေးရန် ဇာတိချက်မြှုပ်ရာ ရုံးဇင်ရွာသို့ဝင်ပြီးမှ ရန်ကုန် သို့ပြန်သည်။ ၁၃ဝဝ-ပြည့် အရေးတော်ပုံ မတိုင်မီ ကိုအောင်ကျော်သည် ကျောင်းသားခေါင်းဆောင် သမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုလှရွှေ၊ ကိုသိန်းအောင် တို့နှင့်အတူ မဲဇလီကုန်းမြို့သို့ ရောက်ရှိလာကာ ကျောင်းသားများ သပိတ်မှောက်ရေးကို လှုံ့ဆော်ပေးခဲ့သည်။
၁၃ဝဝ ပြည့်အရေးတော်ပုံတွင် ကိုအောင်ကျော်သည် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့တွင် ပါဝင်သည့်အလျောက် အရေးတော်ပုံ အတွက် အစီအစဉ်များဖြင့် မအားမလပ် ဖြစ်နေလေသည်။ ရေနံမြေသပိတ်သမားများအား ဆူပူအောင် လှုံ့ဆော်ရေး တရားဟောမှုဖြင့် တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့အား အစိုးရက ဖမ်းဆီးလိုက်သောအခါ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် နတ်တော်လဆုတ် (ရ)ရက်နေ့ ညဉ့်တွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂအသင်းတိုက်၌ ကိုအောင်ကျော်အပါအဝင် သမဂ္ဂအမှုဆောင်အဖွဲ့က ရန်ကုန်နှင့် မကွေး၌ အစိုးရက ထုတ်ထားသော ပုဒ်မ ၁၄၄ ရုပ်သိမ်းရန်နှင့် ဖမ်းဆီးထားသော ကျောင်းသားခေါင်းဆောင်များကို အမြန်လွှတ်ရန် အစိုးရထံ တောင်းဖို့ ဆုံးဖြတ်ချက် ချကြသည်။ သို့ရာတွင် တောင်းဆိုချက်များမရရှိသည့်အတွက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသားများနှင့် မြို့မကျောင်းသားများ သည်မြို့မ အထက်တန်းကျောင်း၊ ရန်ကုန် ဝင်းအတွင်း စုရုံးပြီးနောက် ပုဒ်မ ၁၄၄ ကန့်ကွက်သည့်အနေနှင့် စီတန်းလမ်းလျှောက် ဆန္ဒပြကြရာ ကိုအောင်ကျော်က ကြွေးကြော်သံများကို ရှေ့မှတိုင်၍ လိုက်ရသည်။
ထိုသို့ ဆန္ဒပြ၍မရသောအခါ အစိုးရ၏ အုပ်ချုပ်ရေး ကြိုးကိုင်ရာဖြစ်သော အတွင်းဝန်ရုံးကြီးကိုဝိုင်း၍ အာဏာဖီဆန် သည့်သဘောနှင့် ဆန္ဒပြရန် ဆုံးဖြတ်ကြလေသည်။ ဆုံးဖြတ်ချက်အတိုင်း ဒီဇင်ဘာလ ၂ဝ ရက်နေ့၊ နတ်တော်လဆုတ် ၁၄ ရက်နေ့နံနက်တွင် ကျောင်းပေါင်းစုံမှ ကျောင်းသားတစ်သောင်းကျော်နှင့် အတွင်းဝန်ရုံးကို ဝိုင်းဝန်းဆန္ဒပြရာ ကိုအောင်ကျော်က သူရိယသတင်းစာတိုက်ဘက်အဝင်ဝတွင် တာဝန်ယူ၍ ကျောင်းသူကျောင်းသားများကို အုပ်ချုပ်ရသည်။ ယင်းသို့ ဝိုင်းဝန်းထားရာ နာရီပြန် ၁ ချက်ခန့်ရောက်သောအခါ အတွင်းဝန်ရုံးကြီးသည် ဘာမျှ လုပ်မရအောင်ဖြစ်နေသဖြင့် ရုံးကြီးကို ပိတ်လိုက်ရလေသည်။
ထိုအခါ ကျောင်းသားများတပ်ခေါက်၍ ပြန်မည်အပြု တွင် လက်နက်ဟူ၍ အပ်တစ်ချောင်းမျှမပါသော ကျောင်းသား များအား နယ်ချဲ့လက်ပါးစေပုလိပ်များက နံပါတ်တုတ်ဖြင့် အတင်းဝင်ရောက်ရိုက်နှက်ရာ ကိုအောင်ကျော် အပါအဝင် ကျောင်းသူကျောင်းသား ၂ဝဝ ကျော် ဒဏ်ရာရရှိခဲ့လေသည်။ ကိုအောင်ကျော်၏ဒဏ်ရာသည် ပြင်းထန်လှရကား ဒီဇင်ဘာလ ၂၂ ရက် ပြာသိုလဆန်း ၂ ရက်နေ့မွန်းလွဲ ၂ နာရီ အချိန်တွင် ရန်ကုန်ဆေးရုံကြီးဝယ် အသက် ၂၃ နှစ်အရွယ်၌ သူမြတ်နိုး သောတိုင်းပြည်ကို စွန့်ခွာသွားရရှာလေသည်။
ကွယ်လွန်ကြောင်းသိသည်နှင့် မိဘဆွေမျိုးများဝမ်းနည်း ကြေကွဲစွာရောက်ရှိလာကာ အလောင်းကို ဇာတိချက်မြေသို့ ယူခွင့်ပြုရန်တောင်းသော်လည်း ကျောင်းသားများ၏ဆန္ဒအရ ရန်ကုန်မြို့တွင်ပင် ခုနစ်ရက်ထားပြီးလျှင် ပြာသိုလဆန်း ၈ ရက်နေ့တွင် ဂူသွင်းသင်္ဂြိုဟ်ရာ မကြုံစဖူးအထူးစည်ကား သိုက် မြိုက်လှလေသည်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် သွေးမြေကျခဲ့ရသည့် အစိုးရ၏ အပြုအမူကို ကန့်ကွက်သည့် အနေဖြင့် မြို့မ-ဦးဘလွင်သည် လွှတ်တော်အမတ် အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ကေအိုင်အိချ်ဘွဲ့ကိုလည်း အစိုးထံ ပြန်လည် ပေးအပ်ခဲ့သည်။ ကိုအောင်ကျော်၏ဂူကို ကြံတောသုဿာန်ရှိ နိုင်ငံရေးခေါင်းဆောင်ကြီး ဦးထွန်းရှိန်ဂူနှင့်ယှဉ်၍ သီးသန့် ပြုလုပ်ထားလေသည်။ မြန်မာတစ်နိုင်ငံလုံးလည်း ဝမ်းနည်းကြေ ကွဲသောအထိမ်းအမှတ်ဖြင့် တစ်ချိန်တည်းလိုပင် ဆွမ်းသွတ် အမျှဝေခြင်းပြုကြသည်။ အာဇာနည်ကိုအောင်ကျော်အကြောင်း ဖွဲ့နွဲ့စပ်ဆိုသော သီချင်းများလည်း အတော်များများ ပေါ်ပေါက် ခဲ့လေသည်။
ကိုအောင်ကျော်၏ အသုဘသည် မြန်မာတစ်နိုင်ငံလုံးအား တပ်လှန့်နှိုးသကဲ့သို့ နိုးကြားမှုကိုဖြစ်စေသည်။ အသက်သေချင် သေပါစေ၊ နောက်လူများ အတုယူဖွယ်အလုပ်တစ်ခုကို လုပ်ပြချင်သည် ဟူသောစကားကို ၁၉၃၅ ခုနှစ်ခန့်က ကမ္မမြို့နေ သူ၏မိတ်ဆွေကျောင်းဆရာကြီးတစ်ဦးအား ပြောခဲ့ဖူးသော ကိုအောင်ကျော်ကား သူ၏ဆန္ဒ ပြည့်ဝခဲ့ရသည်ဟု ဆိုရပေမည်။ ကိုအောင်ကျော်သည် စိတ်နေသဘောထား ပြည့်ဝသူ ဖြစ်ရုံမက အပျော်အပါးကင်းစင်သူလည်း ဖြစ်သည်။ ကွမ်းဆေးပင် မစားမသောက်တတ်ချေ။
တက္ကသိုလ်ဝင်းထဲရှိ ဗိုလ်အောင်ကျော် အထိမ်းအမှတ်ကျောက်တိုင်
ကိုအောင်ကျော်သည် အမျိုးသားစိတ်ဓာတ် ပြင်းထန်ရုံသာမက စာပေဘက်၌လည်း ဝါသနာထုံသူဖြစ်သည်။ ကောလိပ် ကျောင်းရောက်၍ မကြာမီပင် စာရေးဆရာကြီးမဟာဆွေထံ ကိုယ်တိုင်သွားရောက် မိတ်ဖွဲ့သည်။ ကိုယ်တိုင်လည်း ဂန္တလောက မဂ္ဂဇင်းတွင် စာတိုပေစများကို အောင်ကျော်ဟူသော အမည်နှင့်ပင် ရေးလေ့ရှိသည်။ နယ်ရှိပညာရင်နို့ သောက်စို့ခဲ့ဖူးသည့် ကျောင်းများမှ ကျောင်းသားမဂ္ဂဇင်းများသို့လည်း ဆောင်းပါးများ၊ စာညွန့်ကဗျာများ၊ နိုင်ငံရေးနှိုးဆော်စာများ ရေးသား ပေးပို့လေ့ရှိသည်။
ယင်းတို့အနက် ကိုအောင်ကျော်နေခဲ့ဘူးသော ကျေးရွာရှိ ကျောင်းသားလက်ရေးမဂ္ဂဇင်းသို့ ရေးသားပေးပို့လိုက်သော ကဗျာကလေးတစ်ခုကား-
စည်းသံကချွင်၊
ဘင်သံကဒိန်း။ ။
မောင်းသံမှာ ဒီဟီနှောတယ်၊
ဗြောသံကဗြိန်း။ ။
ဟူသော တူရိယာသံစုံကဗျာကလေးပင် ဖြစ်သည်။
ကိုအောင်ကျော်သည် နိုင်ငံရေးစာပေများကိုလည်း လေ့လာသူဖြစ်သည်။ အထူးသဖြင့် လက်ဝဲစာပေများကို လေ့လာခဲ့ လေသည်။[၁]
တရုတ်မှ စင်္ကာပူသို့ ခြေချသည့် တရုတ်အနွယ်၏ စတုတ္ထမျိုးဆက် ဖြစ်သည်။ အဘိုး (အဖိုး၏အဖေ) ဖြစ်သူမှာ ဂွမ်ဒေါင်းပြည်နယ်၊ ဒဘူးနယ်မှ ၁၈၆၃ ခုတွင် စင်္ကာပူသို့ ပြောင်းလာသည်။ ဈေးရောင်းသူ ဆုဝမ်နွိုင် (Seow Huan Nio) နှင့် လက်ထပ်သော်လည်း ၁၈၈၂ ခုတွင် ပြည်မသို့ ပြန်သွားသည်။ သို့ဖြင့် ဆုဝမ်နွိုင်မှာ သားသမီး ၃ ယောက်နှင့် ကျန်သည်။ ဖခင်မှာ ကတောင်ဈေး (Katong) တွင် ဆိုင်ဖွင့်ထားပြီး ဥယျာဉ်လမ်း (Orchard Road) ၌ ရော်ဘာခြံမြေနှင့် အိမ်များ ရှိသဖြင့် အခြေမပျက်။
အဖိုးဖြစ်လာမည့် လီဟွန်လောင်း (Lee Hoon Leong) ကို ၁၈၇၁ ခုတွင် မွေးသည်။ တမိပေါက် တယောက်ထွန်းကာ ရာဖဲတက္ကသိုလ် (Raffles Institution) တွင် အမှတ်မြင့်မြင့်နှင့် အောင်သည်။ (ဆေးကုခွင့်မရသော) ဆေးထိုးသူအဖြစ် လုပ်ကိုင်သည်။ နောက် ဟိအင်မို (Heap Eng Moh) ရေနွေးငွေ့သင်္ဘောလိုင်းတွင် လက်မှတ်ကောက်အဖြစ် လုပ်သည်။ ထိုသို့လုပ်စဉ် အသက် ဒပ်ချ်အရှေ့အင်ဒိုင်း (ယခု အင်ဒိုနီးရှား) မှ ဂျာဗားကျွန်းရှိ ဆမ္မရံမြို့နေ ၁၆ နှစ်အရွယ် ကိုလမ်နောင် (Ko Liem Nio) ဆိုသော အင်ဒို-ပီရန္နကန် မိန်းကလေးနှင့် ဖူးစာဆုံသည်။ လူမျိုးကွဲသော်လည်း လူလတ်တန်းစား၊ အင်္ဂလိပ်စာတတ်သူချင်း ဖြစ်၍ နှစ်ဖက်မိဘ ပြေလည်သည်။ နောင်တွင် ဟိအင်မို၏ စီမံဒါရိုက်တာဖြစ်လာသည်။
ဆီဟွန်လောင်း၌ ဇနီး ၂ ယောက်ရှိရာ သား ၃ ယောက်၊ သမီး ၅ ယောက် ရသည်။ ထိုသား ၃ ယောက်အနက်မှ လီချင်ကွန်း (Lee Chin Koon) က ပီရန္နကန်လူမျိုး ချူဂျင်ညို (Chua Jim Neo) နှင့် လက်ထပ်ရာ ၁၉၂၃ ခု၊ စက်တင်ဘာလ ၁၆ ရက်တွင် စင်္ကာပူနိုင်ငံ၌ လီကွမ်းယုကို မွေးသည်။
လီကွမ်းယုက သားဦးဖြစ်ပြီး ညီ ၃ ယောက်၊ ညီမ ၁ ယောက် ရှိသည်။ အဖိုး (ဆီဟွန်လောင်း) က ငယ်မည်ကို ဟယ်ရီလီ ဟု ပေးသည်။
လီကွမ်းယုသည် စင်္ကာပူ ရပ်ဖဲကောလိပ်တွင် တက်ရောက် ပညာသင်ကြား ခဲ့ပြီးနောက် ဒုတိယ ကမ္ဘာစစ်အပြီးတွင် ၁၉၄၆-ခုနှစ်မှ ၁၉၄၉-ခုနှစ်အထိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ကိန်းဘရစ်ချ် တက္ကသိုလ် ဖစ်ဝီလျံ ကောလိပ်တွင် ဆက်လက်ပညာသင်ကြား၍ လန်ဒန်တွင် ဝတ်လုံတော်ရ အဖြစ်ခံယူခဲ့သည်။
အင်္ဂလန်မှ ပြန်လာပြီးနောက် ဝတ်လုံအဖြစ်၎င်း၊ အလုပ်သမားသမဂ္ဂများ အတွက် ဥပဒေ အကြံပေးအရာရှိအဖြစ်၎င်း လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ လီကွမ်းယုသည် ပြည်သူ့လှုပ်ရှားမှုပါတီ (PAP)ကို ၁၉၅၄-ခုနှစ်တွင် စတင်တည်ထောင်ရာ၌ ပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် ၎င်းပါတီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ၁၉၅၅-ခု၊ ဧပြီလ အထွေထွေရွေးကောက်ပွဲတွင် သင်္ဘောကျင်းဒေသ အလုပ်သမား လူတန်းစားများ အခြေစိုက်သည့် တန်ဂျွန်းပါဂါ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ ပီအေပီပါတီဝင် အမတ်သုံးဦးအနက် တစ်ဦး ဖြစ်လာခဲ့သည်။ လီကွမ်းယုသည် ၁၉၅၅-ခုနှစ်မှစ၍ တန်ဂျွန်းပါဂါ မဲဆန္ဒနယ်အမတ်အဖြစ် တစ်ဆက်တည်း ရွေးချယ်ခံရသည်။
၁၉၅၉-ခုနှစ် မေလ၌ ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် ပီအေပီပါတီသည် မဲဆန္ဒနယ် ၅၁-နေရာအနက် ၄၃-နေရာအထိ အပိုင်ရခဲ့သည်။ လီကွမ်းယုသည် ပီအေပီပါတီ ခေါင်းဆောင်အနေဖြင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းကာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ပီအေပီပါတီသည် ၁၉၆၃-ခု၊ စက်တင်ဘာလအတွင်း ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင်လည်း အမတ် ၅၁-နေရာအနက် ၃၇-နေရာ ရရှိကာ အောင်ပွဲခံနိုင်ခဲ့သည်။ လီကွမ်းယုသည် မလေးရှားပါလီမန်သို့ တက်ရောက်ရသော စင်္ကာပူကိုယ်စားလှယ် ၁၅-ဦးအနက် တစ်ဦးအဖြစ်ပါဝင်ရသည်။ ၁၉၇၂၊ ၁၉၇၆၊ ၁၉၈၀-ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင်လည်း ပီအေပီပါတီ အနိုင်ရရှိခဲ့သည်။ ၁၉၈၄-ခု၊ ဒီဇင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃၀-ခုတွင် ပီအေပီ အမတ်ဟောင်းများ ပြိုင်ဘက်မရှိ ရွေးချယ်ခံရပြီး ကျန်မဲဆန္ဒနယ် ၄၉-ခုတွင် ယှဉ်ပြိုင် အရွေးခံရာ မဲဆန္ဒနယ် ၄၇-ခုတွင် ပီအေပီအမတ်ဟောင်းများ အနိုင်ရရှိခဲ့ကြသည်။ [၃]
ကြွယ်ဝချမ်းသာသော မျိုးနွယ်မှ ဆင်းသက်လာခဲ့သော လီကွမ်ယုသည် ထိုခေတ်က အထက်တန်းကျသည့် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသော စာသင်ကျောင်းများသို့ တက်ရောက်သင်ယူနိုင်ခဲ့သည်။ မိသားစုတွင် အကြီးဆုံးသားဖြစ်၍ ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်နိုင်မှု စွမ်းရည်ကို ငယ်စဉ်ကာလမှပင် အလေ့အကျင့်ရရှိခဲ့သည်။ လီကွမ်ယု၏ ကြိုးစားမှုနှင့် မိဘများ၏ ကြပ်မတ်မှုကြောင့် ၁၉၃၅-ခုနှစ်တွင် မူလတန်းကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ပြီး စင်ကာပူတွင် နာမည်အကြီးဆုံး ရာဖေးလ် အထက်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သည်။ လီကွမ်ယုသည် ရာဖေးလ်ကျောင်းတွင် ပညာထူးချွန်သောကြောင့် စကောလားရှစ်ထောက်ပံ့ကြေး ရခဲ့သည့်အပြင် ၁၉၄၀-ပြည့်နှစ်တွင် ကင်းဘရစ် အထက်တန်းစာမေးပွဲကို စင်ကာပူနှင့် မလေးရှားနယ်မြေတခုလုံး၌ ပထမစွဲ၍ အောင်မြင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကာလအတွင်း၌ စင်ကာပူရှိ ရာဖေးလ်ကောလိပ်မှာပင် ဆက်တက်ခဲ့သည်။ ဂျပန်ခေတ်တွင် တရုတ်စာနှင့် ဂျပန်စာဘက်သို့ ဦးလှည့်သင်ကြားခဲ့သည်။ ထို့နောက် ဂျပန်ထောက်ပံ့ရေးဌာနတွင် စာရေးဝင်လုပ်ခဲ့သည်။ ၁၉၄၃-ခုနှစ်တွင် ဂျပန်သတင်းဖြန့်ချိရေးဌာန၌ အင်္ဂလိပ်ပိုင်း အယ်ဒီတာအဖြစ် အလုပ်ရခဲ့သည်။
လီကွမ်ယုသည် ဒုတိယကမ္ဘာစစ်အတွင်း လမ်းဘေးပွဲစား၊ ကပ်စေးနှဲ မုန့်ပဲသရေစာရောင်းသူ စသည့် ကြုံရာအလုပ်များဖြင့်လည်း ဝမ်းရေးကို တဖက်က ဖြေရှင်းခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် ရှိစုမဲ့စု ရှာဖွေစုဆောင်း ထားသောငွေဖြင့် လန်ဒန်တွင် ဥပဒေပညာ သင်ကြားနေစဉ် ဆိုရှယ်လစ်ဝါဒကို စိတ်ဝင်စားကာ လေ့လာခဲ့သည်။ လူဖြူအင်္ဂလိပ်တို့၏ လူမျိုးခွဲခြားမှုနှင့် ကိုလိုနီဝါဒ ကျင့်သုံးမှုများကို ကိုယ်တွေ့မျက်မြင်ခံစားခဲ့ရသည့်အတွက် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များလည်း ကိန်းအောင်းလာခဲ့သည်။
၁၉၄၇-ခုနှစ်တွင် ဘုရင်မ၏ ပညာသင်ဆုဖြင့် လန်ဒန်သို့ရောက်လာခဲ့သော မစ်(ခ်) ချူးနှင့် လျှို့ဝှက်လက်ထပ်ခဲ့သည်။ လန်ဒန်တွင် ၄-နှစ်ခန့် ပညာသင်ခဲ့စဉ်အတွင်း ဘဝတူလက်ဝဲယိမ်း စင်ကာပူ-မလေး ကျောင်းသားများနှင့် ဆက်သွယ်စည်းရုံးခဲ့ရာမှ ဗြိတိသျှအစိုးရ၏ သင်္ကာမကင်းဖြစ်မှုကို ခံခဲ့ရသည်။
၁၉၅၀-ပြည့်နှစ်တွင် စင်ကာပူသို့ ပြန်လည်ရောက်ရှိလာပြီး ဝတ်လုံအဖြစ် ဆောင်ရွက်လျက် တခြားဘက်မှလည်း ဗြိတိသျှလက်အောက်မှ စင်ကာပူ လွတ်မြောက်ရေး နိုင်ငံရေးလှုပ်ရှားမှုများကို စတင်ဆောင်ရွက်ခဲ့သည်။ ဗြိတိသျှဆန့်ကျင်ရေး သပိတ်များ၌ အလုပ်သမားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၄-ခုနှစ်တွင် ပြည်သူ့လှုပ်ရှားမှုပါတီ (People's Action Party-PAP) ကို စတင်တည်ထောင်ခဲ့သည်။ PAP သည် ဗြိတိသျှ အုပ်ချုပ်မှုအောက်တွင် ပိုမိုတိုးချဲ့လာသည့် ဥပဒေပြုကောင်စီ၌ အဓိကအတိုက်အခံပါတီ ဖြစ်လာသည်။
၁၉၅၉-ခုနှစ်၌ စင်ကာပူတိုက်ပိုင် အုပ်ချုပ်ခွင့် ရရှိလာသောအခါ အာဏာရပါတီ ဖြစ်လာသည်။ လီကွမ်ယုမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စင်ကာပူပြည်နယ်၏ ဝန်ကြီးချုပ်ဖြစ်လာသည်။ ၁၉၆၅-ခု ဩဂုတ်လ ၉-ရက်နေ့တွင် မလေးပြည်ထောင်စုမှ စင်ကာပူကို ခွဲထွက်၍ လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ကာ လီကွမ်ယုသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး စင်ကာပူကို ချမ်းသာသောနိုင်ငံဖြစ်အောင် ကြိုးစားခဲ့သည်။
စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်ပါဝင်သော နိုင်ငံဖြစ်ပြီး စတုရန်းမိုင် ၁၇၃-မိုင် ကျယ်ဝန်းသည်။ ၂၀၀၈-ခုနှစ် သန်းခေါင်းစာရင်းအရ လူဦးရေ ၄၈၃၉၄၀၀-ခန့်ရှိသည်။ လီကွမ်ယု ၁၉၅၉-စင်ကာပူဒေသ၌ ဝန်ကြီးချုပ် ဖြစ်လာချိန်ဝယ် အသက် ၃၆-နှစ်သာ ရှိသေး၏။ သို့ရာတွင် အရွယ်နှင့်မမျှအောင်ပင် ကြီးမား၍ အန္တရာယ်များလှသောတာဝန်ကို ထမ်းဆောင်ခဲ့ရသည်။ ကွန်မြူနစ်တို့၏ မြေအောက်လှုပ်ရှားမှုနှင့် အလုပ်သမားသပိတ်မှောက်မှုများ၊ အကြမ်းဖက် အဓိကရုဏ်များ၊ PAP ပါတီမှာ ခွဲထွက်မှုစသည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် စီးပွားရေးနိမ့်ကျမှု၊ ဘဏ္ဍာရေးလိုငွေများပြားမှု စသည့် စီးပွားရေးပြဿနာပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ထိုအခြေအနေ၌ လီကွမ်ယုသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန် အပြင်းအထန် ကြိုးပမ်းခဲ့သည်။
ဝန်ကြီီးချုပ် လီကွမ်ယုသည် ပြည်သူလူထုအတွက် အလုပ်အကိုင်တည်ငြိမ်မှုနှင့် စားဝတ်နေရေး အဆင်ပြေမှုကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ဖန်တီးသကဲ့သို့ ပြည်သူများ စည်းကမ်းစနစ်တကျ နေထိုင်ရေးကိုလည်း ကြပ်မတ်ထားသည်။ လမ်းပေါ်တွင် အမှိုက်ပစ်ခြင်းမှ အများသုံးအိမ်သာတွင် သုံးပြီးနောက် သန့်ရှင်းရေးအတွက် ရေဆွဲမချသွားသည်အထိ ဒဏ်ရိုက်အပြစ်ပေးသည်။ ထို့ကြောင့် စင်ကာပူသည် ကမ္ဘာတွင် အသန့်ရှင်းဆုံးနှင့် စည်းကမ်းအရှိဆုံး မြို့တော်ဖြစ်နေသည်။ မြို့တော်သန့်ရှင်းမှု မထိခိုက်စေရန် ပီကေနှင့် ကွမ်းစားခြင်းကိုပင် ကန့်သတ်တားမြစ်ထားသည်။ တဖက်တွင် ဝန်ထမ်းများ အဂတိလိုက်စားမှုမရှိစေရန် စည်းကမ်းတင်းကျပ် ထားသည်။
စင်ကာပူနိုင်ငံ၏ စီးပွားရေးတည်ငြိမ်စွာ တိုးတက်ဖွံ့ဖြိုးနေခြင်းမှာ နိုင်ငံရေးတည်ငြိမ်မှု၏ အကျိုးဆက်ကြောင့် လည်း ဖြစ်သည်။ စင်ကာပူတွင် ၁၉၅၉-ခုနှစ်၌ လီကွမ်ယု တည်ထောင်ခဲ့သော PAP ပါတီကသာ အာဏာရရှိနေသည်။ နိုင်ငံရေးအရ အစဉ်တစိုက် စည်းလုံးညီညွတ်မှုရရှိရေးကို အထူးအလေးထားသည်။ ခြုံ၍ သုံးသပ်ရလျှင် စင်ကာပူနိုင်ငံ၏ အံ့ဘနန်းတိုးတက်အောင်မြင်မှုများတွင် စင်ကာပူနိုင်ငံ၏ ဖခင်ကြီးဟု ဆိုင်နိုင်သော ဝန်ကြီးချုပ်ဟောင်း ဝါရင့်ဝန်ကြီး လီကွမ်ယု၏ အမြော်အမြင် ကြီးမှု၊ ဇွဲလုံ့လထက်သန်မှု၊ စည်းကမ်းစနစ်ကြီးမှု၊ ပညာအရည်အချင်း ပြည့်ဝမှုနှင့် အတွေ့အကြုံ ရင့်ကျက်မှုစသော အဖိုးမဖြတ်နိုင်သည့် ခေါင်းဆောင်မှုအရည်အသွေးများက အရေးပါသောအကြောင်းရင်း တရပ်အဖြစ် ပါဝင်နေသည်ကား မည်သို့မျှ မငြင်းနိုင်သော အချက်ပင် ဖြစ်သည်။ [၄]
၁၉၅၀ ပြည့်တွင် ရှေ့နေ ကွာဂေါက်စေ့နှင့် လက်ထပ်ရာ လီရှန်လုံး၊ လီရှန်ယန်း၊ လီဝေလင်း ဟူသော သားသမီး ၃ ယောက် ရသည်။
ကွယ်လွန်ပြင်ဆင်
၂၀၁၅ ခု၊ မတ်လ ၂၃ ရက်၊ နံနက် ၃ နာရီ ၁၈ မိနစ်တွင် ကွယ်လွန်သည်။ အဆုတ်ရောင်ရောဂါဖြင့် စင်္ကာပူအထွေထွေဆေးရုံကြီးတွင် ကာလရှည်ကြာ ကုသနေစဉ် ဖြစ်သည်။
အမေရိကန်သမ္မတ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြသည်။
ကွယ်လွန်သည့်နေမှစ၍ တပတ်အကြာအထိ နိုင်ငံတော် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားကို မတ် ၂၉ ရက်တွင် ပြုလုပ်သည်။ [၅] [၆]
ကိုးကားပြင်ဆင်
↑ Past Prime Minister Mr. Lee Kuan Yew။ 26 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2018 တွင် ပြန်စစ်ပြီး။
↑ PARLIAMENTARY DEBATES DEWAN RA'AYAT (HOUSE OF REPRESENTATIVES) OFFICIAL REPORT။ Dewan Rakyat။ 19 August 2019 တွင် ပြန်စစ်ပြီး။
↑ သန်းဝင်းလှိုင် ရေး မြန်မာများအတွက် စင်္ကာပူခရီးသွား လမ်းညွှန်
↑ ဦးမြင့်စော-(သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)
↑ Passing of Mr Lee Kuan Yew, founding Prime Minister of Singapore (22 March 2015)။
↑ "Singapore's founding father Lee Kuan Yew dies"၊ London: BBC News၊ 22 March 2015။
အောင်ဆန်းသည် မြန်မာသက္ကရာဇ် ၁၂၇၆-ခု၊ တပေါင်းလဆန်း (၁)ရက် (ခရစ်သက္ကရာဇ် ၁၉၁၅-ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်) စနေနေ့ နံနက်လင်းအားကြီးချိန်တွင် နတ်မောက်မြို့၌ အဖရှေ့နေဦးဖာနှင့် အမိကုန်သည်ဒေါ်စုတို့မှ ဖွားမြင်သည်။ [၁]
မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုဉ်းစေပြီး မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း (၃၀) အကြာတွင် ဖြစ်သည်။ နတ်မောက်နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။ အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့သည်။ ဖခင်ဖြစ်သူ ဦးဖာ သည် လယ် သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ်သည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ထက်မြက်သွက် လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရသည်။
ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်းဆောင်ခဲ့သည်။ နောက်ဆုံး၌ ဗိုလ်လရောင် ခေါ် ဦးမင်းရောင် အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။
ဇာတာတွင်ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ မိဘများက အကိုဖြစ်သူ အောင်သန်း နှင့် လိုက်ရန် အောင်ဆန်း ဟု ခေါ်ခဲ့သည်။ တို့ဗမာအစည်းအရုံးဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ တရုတ်အမည်မှာ ထန်လုရှို(တန်လုရှောင်)ဖြစ်ကာ၊ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိတ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။ တော်လှန်ရေးကာလအတွင်းတွင် အသုံးပြုခဲ့သော လျှို့ဝှက်အမည်များမှာ ဦးနောင်ချို၊ မျိုးအောင် ဟူ၍ဖြစ်ပြီး၊ ထောက်လှမ်းရေးရှေ့ပြေးဖြစ်သည့် ဗိုလ်နေဝင်းနှင့် ဆက်သွယ်သော လျှို့ဝှက်အမည်မှာ ကိုစက်ဖေဖြစ်သည်။ ထို့အပြင် အရိုင်း၊ ငမိုး စသည်ဖြင့် မိတ်ဆွေ၊ သူငယ်ချင်းများက ချစ်စနိုးဖြင့် နောက်ပြောင်ခေါ်သည့် အမည်များလည်း ရှိခဲ့သည်။
ညီအကိုမောင်နှမ (၆) ဦး (ကလေးဘဝကပင် ကွယ်လွန်ကြသူများအပါအဝင်ဆိုလျှင် မွေးချင်း - ၉ ဦး) အနက် အထွေးဆုံးဖြစ်သည်။ အောင်ဆန်း၏ အကို (၃) ဦးမှာ အသက်ငယ်ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင်ဆန်းမှာမူ အမေပါ တက်မှ ကျောင်းတက်မည် ဆိုကာ ကတ်ဖဲ့နေ၏။ ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ဟု အလိုလိုက်ထားခဲ့၏။
သို့ဖြင့် (၈) နှစ်သားအရွယ်ရောက်သောအခါမှ အောင်ဆန်း ကျောင်းစတက်ခဲ့သည်။ အစ်ကိုဖြစ်သူ အောင်သန်း ရှင်သာမဏေဘောင်သို့ ဝင်သောအခါ အောင်ဆန်းက သူလည်း ရှင်ပြုချင်ပါသည်ဟု ဆိုလာခဲ့သည်။ အမေက အခွင့်ကောင်းကို ချက်ချင်းယူ၍ ရှင်မပြုမီ စာရေးစာဖတ်တတ်ရန် လိုမည်ဟု ထောက်ပြခဲ့သည်။
အောင်ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်း ဖြစ်သည်။ လောကုတ္တရာပညာ သာမက ခေတ်သစ်ပညာရပ်အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုးဖြစ်သည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်းမရှိပေ။ ရေနံချောင်း အမျိုးသားကျောင်းသို့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းခဲ့သည်။
ရေနံချောင်းရောက်သောအခါ ကျောင်းတွင် ဆရာတစ်ဦးအဖြစ် အလုပ်လုပ်နေသော အစ်ကိုကြီး ဦးဘဝင်း၏ ထိန်းကျောင်းစောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်။ အသက် (၁၅) နှစ်အရွယ်၌ သတ္တမတန်းစာမေးပွဲတွင် ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမစွဲသူများအား ချီးမြှင့်သော ဦးရွှေဘို ရွှေတံဆိပ်နှင့် ပညာသင်ထောက်ပံ့ကြေး ဆုကို ရရှိခဲ့၏။
အမျိုးသားကျောင်းများမှာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက်တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင်သူများကယူဆခဲ့သည်။
အမျိုးသားကျောင်း၌ နေစဉ်အတွင်း နိုင်ငံရေးလောက၌ နာမည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စိတ်ဝင် စားခဲ့ပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။ ထို့အပြင် ကျောင်းဂျာနယ် စာတည်းအဖြစ်လည်းဆောင်ရွက်ခဲ့၏။ ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ်ထူးများဖြင့် အေ အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပညာဆက်သင်ရန် ရောက်ရှိသွားခဲ့သည်။
အောင်ဆန်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည့်နှစ်သည်ကား ဆရာစံသူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်း ကာ ခေါင်းဆောင်များကို သေဒဏ်ပေးခဲ့ပြီး တစ်နှစ်ကြာကာလကပင်ဖြစ်သည်။
အောင်ဆန်း တက္ကသိုလ်ရောက်စ ပထမနှစ်ပတ်တွင် ကျောင်းသားသမဂ္ဂမှ စကားရည်လုပွဲတစ်ရပ် ကျင်းပခဲ့ရာ ထိုစကားရည်လုပွဲအပြီး၌ အောင်ဆန်းသည် ပရိသတ်အကြားမှထကာ သူ့အကို အောင်သန်း တင်သွင်း သော "ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်"ဟူသည့် အဆိုကို ထောက်ခံခဲ့သည်။
ကိုအောင်ဆန်း ကျောင်းသားနိုင်ငံရေးတွင် ပါဝင်မှုမှာ အစ၌ ခပ်ဖြေးဖြေး မှန်မှန်သာဖြစ်သော်လည်း ၁၉၃၅ ခုနှစ်နောက်ပိုင်း၌ အရှိန်အဟုန် မြင့်မားလာ၏။ ထိုအချိန်တွင် သူသည် ကိုနု၊ ကိုလှဖေ (နောင် ဗိုလ်လင်္ကျာ)၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ်ကဲ့သို့သော ပုဂ္ဂိုလ်များနှင့်အတူ စတင်လုပ်ကိုင်နေပြီး မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် ထင်ရှားလာမည့် ထိုလူငယ်များနှင့် အောင်ဆန်းတို့ လက်တွဲကာ ကျောင်းသားများ အတော်ပင် ဂရုပြုရမည့် နိုင်ငံရေးအင်အားစုတစုဖြစ်လာအောင် စည်းရုံးခဲ့သည်။
သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်းတို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ ကိုအောင်ဆန်းတို့လူစုသည် အာဏာပိုင်အလိုတော်ရိများ လွှမ်းမိုးထားသော တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ထိုးထွင်းဝင်ရောက်နိုင်ရန် ကြိုးပမ်းခြင်းဖြင့် စတင်လှုပ်ရှား၏။ ပထမတွင် အောင်မြင်မှုသိပ်မရှိခဲ့ပေ။ ၎င်းတို့အထဲမှ ကိုကျော်ငြိမ်းနှင့် ကိုသိန်းဖေတို့သာ သမဂ္ဂအမှုဆောင်များအဖြစ် အရွေးချယ်ခံရသည်။
၁၉၃၅-၃၆ စာသင်နှစ်အတွင်း ကျောင်းသားသမဂ္ဂအမှုဆောင် ရွေးကောက်ပွဲတွင် အဓိကနေရာအား လုံး အမျိုးသားရေးစိတ်ဓာတ် ထက်သန်သောလူငယ်များက ရရှိသွားကြ၏။ ကိုအောင်ဆန်းသည် အမှုဆောင် အဖွဲ့ဝင်တဦးအဖြစ် အရွေးခံရပြီး သမဂ္ဂမဂ္ဂဇင်း၏ အယ်ဒီတာလည်း ဖြစ်လာသည်။
သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ‘ငရဲခွေးကြီး လွတ်နေပြီ’ ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါးတစ်ပုဒ်ကိုရေးသားခဲ့သည်။ ဆောင်းပါးရှင်အားဖော်ထုတ်ရန် တောင်းဆိုသည်ကို မဖော်ပြခြင်း၊ ကိုနုသည်လည်း ကျောင်းအုပ်ကြီးအား ပစ်ပစ်ခါခါ ဝေ ဖန်မှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံရသည်။
ကိုနု နှင့် ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံခဲ့ရသောကြောင့် ကျောင်းသားများထဲတွင် မကျေနပ်မှု၊ ဒေါသထွက်မှု ပို၍များပြားလာပြီး သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သတင်းစာများနှင့်တကွ တနိုင်ငံလုံးက သပိတ်မှောက်ကျောင်းသားများကို ကြင်နာစွာ ထောက်ခံခဲ့ကြသည်။ အစိုးရအနေဖြင့်လည်း သပိတ်မှောက်သူများ၏ မကျေနပ်ချက်များကို လေးနက်စွာ မ စဉ်းစား၍ မဖြစ်တော့ပါ။ နောက်ဆုံး၌ နိုင်လူမင်းထက်ပြုတတ်သော ကျောင်းအုပ်ကြီးမှာ အငြိမ်းစားယူလိုက်ရ ၏။ တက္ကသိုလ်အက်ဥပဒေတွင် ကျောင်းသားများထည့်သွင်းလိုသော ပြင်ဆင်ချက်များကို လေ့လာရန် ကော်မ တီတရပ်ကိုလည်း ဖွဲ့စည်းလိုက်ရပြီး အရေးမပါလှသော တောင်းဆိုချက်များကိုမူ လိုက်လျောလိုက်လေသည်။
ထို့ကြောင့် သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ရုပ်သိမ်းခဲ့ရသည်။ ၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးဆက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ်ရွေးချယ်ခဲ့သည်။

ကိုအောင်ဆန်းနှင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖွဲ့
၁၉၃၈ ခုနှစ်တွင် သမဂ္ဂနှစ်ရပ်စလုံး၏ ဥက္ကဋ္ဌဖြစ်လာသည်။ ထိုအချိန်၌ ကိုအောင်ဆန်း တက္ကသိုလ်မှ ဝိဇ္စာဘွဲ့ ရပြီး၍ ဥပဒေဝိဇ္စာတန်းတွင် တက်ရောက်နေ၏။
၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်တွင် သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် ဒို့ဗမာအစည်းအရုံးဝင်တစ်ဦးဖြစ်လာသောအခါတွင် သခင်တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွတ်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်းသပိတ်ပွဲများကို လှုံ့ဆော်ဦးဆောင်ခဲ့သည်။ ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအားထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းအဖွဲ့ကြီးမှာ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသောရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ်ပြုထားခြင်းဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှူးဖြစ်လာခဲ့သည်။

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း
သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉ ခုနှစ် ဩဂုတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။ များမကြာမီတွင် သူသည့် ပြည်သူ့တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန် ကြိုးပမ်းအားထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းအား ဖမ်းဝရမ်းထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံမှ ပြေးခဲ့ရသည်။ ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်။ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (ဝိဘဇ္စဝါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ဝိဘဇ္စဝါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ
စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဌာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေသည်။အကြောင်း တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။
ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။
ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ပြောကြားခဲ့လေသည်။
ဘဝနိဂုံး
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး များ (အာဇာနည် ကိုးဦး)တို့နှင့်အတူ လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့
ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။
(၁၉၄၇၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ပင်လုံမိန့်ခွန်း)
လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄၊ မတ် ၁၄၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)
ဟေ့ ... သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ ...။
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၎င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)
ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။
စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနင်္သာရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ ...။
(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)
ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အဝိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ...။
(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက)
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
Yangon