Lumbini Health Care Services Co.,Ltd.

Lumbini...Leading You To Better Health

29/04/2023

❝ အိပ်နေရင်းနဲ့ ဟောက်လွန်းတဲ့အခါ ❞

" အိပ်ပြီဆို သူကအရမ်းဟောက်တာ...ဘေးလူ နားမခံနိုင်ဘူး... "
ဒီလိုကိစ္စမျိုးကို မိတ်ဆွေတို့ကိုယ်တိုင် (သို့) ပတ်ဝန်းကျင်မှာ ကြုံဖူးလိမ့်မယ်ထင်ပါတယ်။ အခုလို အိပ်ရင် အရမ်းဟောက်တဲ့ရောဂါကို Obstructive Sleep Apnea (OSA) လို့ခေါ်ပါတယ်။ ဒီနေ့တော့ လုမ္ဗိနီရဲ့မိတ်ဆွေတို့ ဗဟုသုတရစေဖို့ ဒီရောဂါအကြောင်းကို ပြောပြချင်ပါတယ်။

🔶 ဘာလို့ OSA လို့ခေါ်ရတာလဲ။

အိပ်စက်တဲ့အခါ လည်ချောင်းကြွက်သားတွေ ပျော့တွဲကျလာပြီး လေပြွန်ကျဉ်းသွားတာကြောင့် နှာခေါင်းကနေတဆင့် အဆုတ်ထဲကို လေဝင်တဲ့ ပမာဏ နည်းသွားပါတယ်။ အဲဒီအချိန်မှာ ဟောက်သံ (Snorting) စထွက်လာပါတယ်။ ဒီလိုလေဝင်နည်းတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ ပိုမိုများပြားလာပြီး ဦးနှောက်ကိုသတိပေးလိုက်တဲ့အခါ ကြွက်သားတွေ ရုတ်တရက် ပြန်တောင့်တင်းသွားပြီးတော့ လေပြွန်ပြန်ပွင့်တာကြောင့် ဟောက်သံရပ်သွားတတ်ပါတယ်။ တချို့သူတွေမှာ လန့်နိုးတတ်ပါတယ်။
အခုလိုမျိုး အိပ်နေရင်း လေပြွန် ပိတ်/ပွင့်တစ်လှည့်စီဖြစ်တဲ့ ရောဂါကို Obstructive Sleep Apnea (OSA) လို့ ခေါ်တာပါ။

🔶 ဘယ်လိုလူတွေမှာ OSA ပိုဖြစ်တတ်လဲ။

☑️ အသက်အရွယ်ကြီးသူ
☑️ အဝလွန်သူ
☑️ ဆီးချိုသွေးချို ရောဂါရှိသူ
☑️ သွေးတိုးရောဂါရှိသူ
☑️ မိသားစုထဲတွင် OSA မျိုးရိုးရှိသူ
☑️ ဆေးလိပ်သောက်သူ
☑️ ပန်းနာရင်ကြပ်နဲ့ အသက်ရှုလမ်းကြောင်းရောဂါအခံရှိသူတွေမှာ ဒီရောဂါဖြစ်လေ့ရှိသလို ထူးထူးခြားခြားအနေနဲ့
အမျိုးသားတွေက အမျိုးသမီးတွေထက် OSA ဖြစ်နှုန်း ၃ဆလောက် ပိုများတယ်လို့ သုတေသနတွေအရ သတ်မှတ်ထားပါတယ်။

🔶 OSA ကြောင့် တခြားဘာပြဿနာတွေကြုံရနိုင်လဲ။

ညဘက်အိပ်ရင်း ဟောက်တာကနေ လန့်လန့်နိုးတာကြောင့် အိပ်မပျော်တာများလာတဲ့အခါ
❗ နေ့ခင်းဘက် အမြဲအိပ်ငိုက်ခြင်း
❗ မနက်ခင်းခေါင်းကိုက်၊ စိတ်မကြည်၊ မူးမော်ခြင်း
❗ စိတ်ဓာတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း
❗ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအခံရှိသူများ ရောဂါတိုးလာခြင်း
❗ အိမ်ထောင်ရေးသုခ မပြည့်ဝခြင်းတို့လို ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

🔶 ဒါဆို OSA ကို ဘယ်လိုကုလို့ရနိုင်မလဲ။

1️⃣ ကိုယ်အလေးချိန်လျှော့ပါ။
2️⃣ စိတ်ဖိစီးမှုလျှော့ပါ။
3️⃣ ဆေးလိပ်နှင့် အရက်ကိုရှောင်ပါ။
4️⃣ ပက်လက်အိပ်သည့်အလေ့အကျင့်ကိုဖျောက်ပြီး ဘေးစောင်းအိပ်စေခြင်းက OSA ကို သက်သာစေပါတယ်။
5️⃣ နောက်ဆုံးတစ်ချက်ကတော့ ညအိပ်တော့မယ်ဆို လေပြွန်တွင်းဖိအားတိုးစက်ကိရိယာ (CPAP)တပ်ပြီး အိပ်စက်ခြင်းက OSA လူနာများအတွက် အကျိုးထူးစေတယ်လို့ ကုသချက်မှတ်တမ်းတွေအရ သိရပါတယ်။

ဒါကြောင့် အရမ်းဟောက်တတ်သူ၊ ဟောက်နေရင်းအသက်ရှုရပ်ပြီးလန့်နိုးတတ်သူ၊ OSAကြောင့် နိစ္စဓူဝကိစ္စတွေမှာ ခက်ခဲလာရပြီဆိုရင်တော့ အမြန်ဆုံး တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ပြသဖို့ တိုက်တွန်းပါရစေရှင်။
⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

17/04/2023

နှစ်သစ်အချိန်အခါမှစ၍ လုမ္ဗိနီ၏မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

04/04/2023

❝ ထိုင်းသင်္ကြန်သွားရင်း ဆေးစစ်မယ် ❞

နှစ်စဉ်ကျင်းပတဲ့ ထိုင်းနိုင်ငံရဲ့ ဆွန်ခရန်သင်္ကြန်ပွဲတော်မှာနွှဲ‌ပျော်ရင်းနဲ့ ဘန်ကောက်ရောက်ခိုက် ဆေးစစ်ချင်တဲ့ မိတ်ဆွေတို့အတွက် ViMUT SONGKRAN Checkup Package ရှိပါပြီ။

SONGKRAN Checkup လုပ်တာနဲ့ ဘတ် 1900 တန် ဟိုတယ်မှာ တစ်ည အခမဲ့နေခွင့်ရမယ်ဆိုတော့ လက်မနှေးဘဲ ကျွန်မတို့ Lumbini ကို အမြန်လေး ဆက်သွယ်လိုက်ပါတော့ရှင်။
Lumbini Health Care Services Co., Ltd.
Ph - 09785336616

02/04/2023

Cancer Screening Package ✔️✔️
မေး - Cancer ရှိမရှိ စစ်ဆေးသင့်လား။
ဖြေ - ကမ္ဘာတစ်ဝန်းမှာ နှစ်စဥ်နှစ်တိုင်း Cancer ကြောင့်သေဆုံးတဲ့လူနာတွေများပြားလာပါတယ်။

စစ်တမ်းတွေအရ 2020 မှာ Cancer လူနာ 18,094,716 million အထိရှိလာတယ်လို့ Global Centre Websiteက ဆိုထားပါတယ်။

မျိုးရိုးကြောင့် Cancer ဖြစ်နိုင်သလို အစားအစာ၊ နေထိုင်မှုပုံစံနဲ့ အခြားအကြောင်းအရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့နဲ့ အချိန်မှီကုသနိုင်ဖို့ စစ်ဆေးထားသင့်ပါတယ်။

ဒီ Cancer Screening Package လေးကိုတော့ ထိုင်းနိုင်ငံရှိ PRINC Hospital ကြီးမှာစစ်ဆေးနိုင်ပါပြီရှင်။

✔️✔️ အထူးစျေးနှုန်းအနေနဲ့ မေလ ၃၁ ရက်နေ့မတိုင်ခင်စစ်မယ်ဆို တစ်ဝက်တိတိ Discount ချပေးထားတာမလို့ စိတ်ဝင်စားတယ်ဆိုရင်တော့𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336616
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️
T

31/03/2023

အိပ်နေစဥ်အတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာများရှာဖွေဖို့ PRINC Hospital မှာ စစ်ဆေးစို့

Sleep Test ဆိုတာဘာလဲ ?
ဘယ်သူတွေစစ်ဆေးသင့်လဲ ?
အိပ်စက်ခြင်းဆိုတာ လူတိုင်းအတွက် အခရာ ကျတဲ့အရာပဲဖြစ်ပါတယ်။ သို့ပေမဲ့ အိပ်စက်နေစဥ်အတွင်း ဖြစ်နိုင်တဲ့ OSA ( Obstructive Sleep Apnea ) အကြောင်းကိုတော့ ဘယ်သူမှသတိမထားမိပါဘူး။

OSA က ဘယ်လိုအခြေအနေတွေမှာအဖြစ်များသလဲ ?
- အဝလွန်ခြင်း
- အသက်ရှူလမ်းကြောင်းကျဥ်းခြင်း
- လည်ပင်းကြွက်သားထူခြင်း
- ဆေးလိပ်သောက်သုံးခြင်း၊ အရက်သောက်သုံးခြင်း
- စိတ်ငြိမ်ဆေးသောက်နေရသူများမှာ အဖြစ်များပါတယ်။

ဒါကြောင့် အိပ်နေစဥ်အတွင်း အသက်ရှူကြပ်ခြင်းနှင့် သတိပေးလက္ခဏာများကို စစ်ဆေးနိုင်ဖို့ ထိုင်းနိုင်ငံရှိ PRINC Hospital မှာ Sleep test packageလေးရှိပါတယ်ရှင့်။
18000 THB က ဇွန်လ ကုန်အထိပဲအကျုံးဝင်တာမလို့ အမြန်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်။
စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်မတို့ရဲ့𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336616
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

29/03/2023

Bye One Get One Free ( မေလ ၃၁ရက်နေ့အထိသာ)

ပရင့်စ်ဆေးရုံရဲ့ နှစ်ဦး Promotion !!!
တစ်ဦးစာဝယ်ယူပြီး နောက်တစ်ဦး အခမဲ့စစ်ဆေးနိုင်မည့် ကျန်းမာရေး package များကို ထိုင်းနိုင်ငံရှိ PRINC Hospital မှာရယူနိုင်ပါပြီရှင်။ Silver Packagae နဲ့ Golden package ဆိုပြီး ၂မျိုး ရှိပါတယ်။

Silver Package အတွက်ဆို အထူးလျော့စျေး 2500 THB ကျသင့်မှာဖြစ်ပြီး Golden Package အတွက်ဆို 9000 THB သာကျသင့်မှာဖြစ်ပါတယ်။

Promotionလေးကို မေလ ၃၁ ရက်နေ့အထိပဲစီစဥ်ထားတာမလို့ PRINC Hospital မှာ ကျန်းမာရေးစစ်ဆေးချင်တယ်ဆိုရင်တော့ ကျွန်မတို့ရဲ့
𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336616
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

Photos from Lumbini Health Care Services Co.,Ltd.'s post 21/03/2023

လုမ္ဗိနီအကြောင်းလေးပြောပြမယ် ❤️

ချစ်မိတ်ဆွေတို့ သိပ်မသိသေးတဲ့ လုမ္ဗိနီရဲ့ အကြောင်းလေးတွေ ပြောပြမယ်နော်။

🚨 လုမ္ဗိနီက ဆေးခန်းလား၊ ဓာတ်ခွဲခန်းလား။

❌ မဟုတ်ပါဘူးရှင်။ ကျွန်မတို့ ကုမ္ပဏီက ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းပါ။ ရုံးခန်းမှာ ဆေးကုတာ သွေးစစ်တာမျိုး မလုပ်ပေးပါဘူးနော် 🥺
နိုင်ငံခြားဆေးရုံကြီးတွေမှာ ဆေးကုသချင်သူတွေအတွက် ဝန်ဆောင်မှု ပေးနေတာပါ။ စတင်ဆွေးနွေးတာကနေ ခရီးစဉ် အစအဆုံးအတွက် ဝန်ဆောင်မှုပေးနေပါတယ်။

🚨 ဘယ်ဆေးရုံတွေနဲ့ချိတ်ဆက်ထားတာလဲ။

ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ နာမည်ကြီးဆေးရုံကြီး ၅ ခုနဲ့ချိတ်ဆက်ထားပြီးပါပြီရှင်။

အထွေထွေရောဂါကုဆေးရုံကြီး ၄ ခုဖြစ်တဲ့
1️⃣ ဗီးမွတ်ဆေးရုံ (ViMUT Hospital)
2️⃣ ဆစ်မီတဝေ့ဆေးရုံ (SAMITIVEJ Hospital)
3️⃣ ဝေ့ဌာနီဆေးရုံ (VEJTHANI Hospital)
4️⃣ ပရင့်စ်ဆေးရုံ (PRINC Hospital) တို့နဲ့ တရားဝင်ချိတ်ဆက်ထားသလို

ထိုင်းနိုင်ငံရဲ့ ထိပ်တန်း မျက်စိကုသမှုမှာနာမည်ကျော်
5️⃣ ရတ်နင်မျက်စိဆေးရုံ(Rutnin Eye Hospital)နဲ့ ရတ်နင်ဂင်ဘယ် လေဆာစင်တာ (Rutnin-Gimbel Lasik Center) တို့နဲ့ပါ ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။

🚨 နိုင်ငံခြားဆေးရုံကြီးတွေမှာ ဆေးကုဖို့ ဆွေးနွေးလို့ရမလား။

ဝမ်းမြောက်စွာနဲ့ ကြိုဆိုပါတယ်ရှင် ☺️
အရင်ဆုံး နိုင်ငံခြားမှာ ဆေးကုဖို့ ဆန္ဒရှိမရှိ မိတ်ဆွေတို့ကိုယ်တိုင် ဆုံးဖြတ်ရပါမယ်။ ဆုံးဖြတ်ရခက်‌နေလို့ အကြံဉာဏ်လိုချင်တယ်ဆိုရင်တော့ လုမ္ဗိနီကိုဆက်သွယ်လိုက်ပါ။ တာဝန်ခံဆရာဝန်ကိုယ်တိုင် တိုင်ပင်ဆွေးနွေးပေးပါတယ်။

🚨 ဆွေးနွေးခယူလား။

မိတ်ဆွေတို့ရဲ့အိမ်အရောက် လာပြီးဆွေးနွေးရတဲ့ဝန်ဆောင်မှုတွေကလွဲလို့ ဖုန်းနဲ့စုံစမ်းတာ ရုံးခန်းမှာလာပြီးဆွေးနွေးတာအားလုံးက လုံးဝ (အခမဲ့) ဝန်ဆောင်မှုပါ။

🚨 လုမ္ဗိနီကို ဘယ်လိုဆက်သွယ်ရမလဲ။

တနင်္လာနေ့မှသောကြာနေ့အထိ ရုံးချိန် မနက် (၉)နာရီမှ ညနေ (၅)နာရီအတွင်း ရုံးခန်းမှာ လူကိုယ်တိုင် လာရောက် စုံစမ်းနိုင်သလို တာဝန်ခံဆရာဝန်ကိုယ်တိုင် ဖြေကြားပေးတဲ့ ဖုန်း - 09785336616 ကိုလည်း ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါတယ်။
လူကိုယ်တိုင်မလာနိုင်လို့ Online ကနေ ဆက်သွယ်ချင်ရင်လည်း Lumbini Page messenger နဲ့ Viber ကနေ ဆက်သွယ်နိုင်ပါတယ်ရှင်။
Viber - +959785336616
ရုံး - အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

19/03/2023

သင်သိပါသလား ❓❓❓
ကမ္ဘာ့လူဦးရေ ၁၈ သန်းဝန်းကျင်ဟာ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါတွေကြောင့် နှစ်စဉ်နှစ်တိုင်း သေဆုံးရလေ့ရှိပါတယ်။

ဒီလိုကြောက်စရာကောင်းတဲ့ရောဂါကို စောစောစီးစီး ကြိုတင်ကာကွယ် ကုသမယ်ဆိုရင် အချိန်မတိုင်ခင် အသက်ဆုံးရှုံးခြင်းတွေကို ရှောင်ရှားလို့ရပါတယ်။

ဘန်ကောက်မြို့ရဲ့ ဗီးမွတ်ဆေးရုံ 𝙑𝙞𝙈𝙐𝙏 𝙃𝙤𝙨𝙥𝙞𝙩𝙖𝙡 မှာ နှလုံးကျန်းမာရေးစစ်ဆေးချင်သူတို့အတွက် နှလုံးအထူးကုသမားတော်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးမှုအပြင် မရှိမဖြစ်လိုအပ်သော သွေးစစ်ဆေးမှုများကို ပေါင်းစပ်ထည့်သွင်းထားတဲ့ 𝐓𝐨𝐮𝐜𝐡 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐚𝐜𝐤𝐚𝐠𝐞 ကို 31 December 2023 အထိ စီစဉ်ထားတာမို့လို့ စိတ်ဝင်စားတယ်ဆိုရင်

𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336616
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

T

18/03/2023

သင်စားတဲ့အစာက သင့်ကျန်းမာရေးကို သက်ရောက်နေတာသိရဲ့လား

နှစ်စဉ်ကမ္ဘာ့လူဦးရေရဲ့ သန်းပေါင်း ၂၀၀ ကျော်ဟာ အူလမ်းကြောင်းရောဂါတွေကို ခံစားနေရပါတယ်။
နေ့စဉ်‌နေထိုင်မှုပုံစံနဲ့စားသောက်မှုပုံစံတွေက မိတ်ဆွေတို့ရဲ့ အူလမ်းကြောင်းကျန်းမာရေးကို သက်ရောက်‌‌စေပါတယ်။
ဗီးမွတ်ဆေးရုံရဲ့ Gastrointestinal ဌာနမှာ မိတ်တွေတို့ရဲ့ အူလမ်းကြောင်းရောဂါတွေကို အဖြေရှာကုသပေးနေတာကြောင့် အသေးစိတ် သိချင်တယ်ဆိုရင် ဒီ videoထဲမှာ လေ့လာနိုင်ပါတယ်။
ဆက်သွယ်ရန် - 09785336616
#ဗီးမွတ်

18/03/2023

နှလုံးရောဂါကို ကာကွယ်နိုင်ဖို့ ဘန်ကောက်ဆေးရုံကြီး‌ေတွရဲ့ Checkup Package လေးတွေ Page မှာ တင်ပေးထားတယ်နော် ☺️

❝ အသံတိတ် လူသတ်သမားရန်မှ ကာကွယ်နိုင်ဖို့ရာ ❞

" ဟိုဘက်အိမ်ကဦးလေးကြီးလေ...ညတုန်းကအကောင်းကြီး ... မနက်ရောက်တော့ အသက်မရှိတော့ဘူးတဲ့..."

ဒီလိုအဖြစ်မျိုးကို မိတ်ဆွေတို့ရဲ့ ပတ်ဝန်းကျင်မှာ ကြုံဖူးကြားဖူးလိမ့်မယ်လို့ထင်ပါတယ်။ ဘာ‌ဖြစ်လို့ ဒီလိုအဖြစ်ဆိုးမျိုးတွေ ဖြစ်ရသလဲဆိုတာကို ကျွန်မတို့က ဒီနေ့အတွက် ပြောပြပေးမယ်နော်။

နှလုံးနှင့်သွေးကြောရောဂါတွေကြောင့် ကမ္ဘာ့လူဦးရေ ၁၈ သန်းဝန်းကျင်ဟာ နှစ်စဉ်သေဆုံးရလေ့ရှိပါတယ်။ ကျွန်မတို့ အာရှတိုက်မှာလည်း အလွန်အဖြစ်များတဲ့ရောဂါဖြစ်တာကြောင့် နှစ်စဉ် လူ ၁၀ သန်းကျော် အသက်ဆုံးရှုံးနေရပါတယ်။ သူ့ရဲ့ရောဂါလက္ခဏာတွေကို ပေါ့ပေါ့ဆဆနေမိတဲ့အခါ သေဆုံးရတာကြောင့်မို့လို့ အသံတိတ်လူသတ်သမား (Silent Killer)လို့ ခေါ်ကြတာပါ။

နှလုံးနှင့်သွေးကြောရောဂါတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ မမှန်ကန်တဲ့နေထိုင်မှုပုံစံတွေဖြစ်တဲ့
❗ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
❗ အဝလွန်ခြင်း
❗ အငန်နှင့် အဆီအစားများခြင်း
❗ ဆေးလိပ်သောက်ခြင်းတို့ကြောင့် အဓိကဖြစ်ရသလို
❗ အသက်ကြီးသူတွေနဲ့ မျိုးရိုက်လိုက်‌သော သွေးတွင်းအဆီဓာတ်များသူတွေမှာလည်း ဒီရောဂါဖြစ်နိုင်ပါတယ်။

အပေါ်ကပြောပြခဲ့တဲ့ မမှန်ကန်တဲ့နေထိုင်မှုပုံစံတွေကြောင့် ခန္ဓာကိုယ်တွင်း အဆီဓာတ်များလာတဲ့အခါ အလွန်သေးငယ်တဲ့ ဆံချည်မျှင်သွေးကြောနဲ့ သွေးလွှတ်ကြောနံရံတွေ တောင့်တင်းလာတာကြောင့် သွေးတိုးရောဂါ (Hypertension)ဖြစ်လာပါတယ်။ အကယ်၍ သေချာဂရုစိုက်မကုသမိလို့၊ ကြိုပြီးသတိမထားမိခဲ့လို့ နှလုံးရဲ့အသေးငယ်ဆုံးသွေးကြောတွေအထိ အဆီဖုံးပြီးပိတ်ဆို့တဲ့အခါ ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်း (Heart Attack) ရနိုင်သလို ဦးနှောက်သွေးကြောများပိတ်သွားခဲ့ရင်လည်း လေဖြတ်ခြင်း (Stroke) ဖြစ်စေနိုင်တာကြောင့် သေဆုံးနှုန်းမြင့်တဲ့ရောဂါ ဖြစ်နေတာပါ။

💡 ဒီလိုမဖြစ်ရလေအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ ပြောပြပေးပါရစေ။

✔️ ပုံမှန်ဆေးစစ်မှုခံယူပါ။
မိသားစုထဲမှာနှလုံးနှင့်‌ပတ်သက်သောရောဂါအခံရှိသူ၊ ကိုယ်တိုင် သွေးတိုး၊ ဆီးချို(သို့)အခြားနာတာရှည်ရောဂါအခံရှိသူနှင့် အသက် (၆၀) ကျော်သူတိုင်း (၆)လတစ်ကြိမ် (သို့) ဆရာဝန်ညွှန်ကြားချက်ပေးသည့်ရက်ချိန်းအတိုင်း ပုံမှန်ဆေးစစ်မှုခံယူရပါမယ်။

✔️ ဆေးပုံမှန်သောက်ပါ။
သွေးတိုးရောဂါရှိသူ ဆီးချိုရောဂါရှိသူတွေအနေနဲ့ သူများထက်ပိုပြီး နှလုံးတိုက်ခိုက်ခံရနိုင်ချေနှင့် လေဖြတ်နိုင်ချေပိုများတာကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။

✔️ ရောဂါလက္ခဏာတွေကို သတိထားပါ။
❗ ရင်ဘတ်အောင့်ခြင်း
❗ ပုံမှန်‌နိစ္စဓူဝလုပ်ငန်းများတွင် မောခြင်း
❗ ညဘက်အိပ်နေစဉ် လန့်နိုးကာ မောခြင်း
❗ အမြင်မှုန်ဝါးခြင်းတို့လို လက္ခဏာတွေရှိလာပြီဆိုပါက နီးစပ်ရာ ဆေးရုံဆေးခန်းကို ချက်ချင်းသွားရောက် ပြသသင့်ပါတယ်။

✔️ အမူအကျင့်ပြောင်းလဲပါ။
နောက်ဆုံးအချက်ဆို‌ပေမဲ့ လုံးဝမေ့ထားလို့မဖြစ်တဲ့ အချက်ပါ။ ဘာတွေပြောင်းလဲရမလည်းဆိုတော့
⚠️ ဆေးလိပ်(လုံးဝ)ဖြတ်ပါ။
⚠️ တစ်နေ့အနည်းဆုံး နာရီဝက် လေ့ကျင့်ခန်းလုပ်ပါ။
⚠️ အဆီနှင့် အငန်ရှောင်ပါ။
⚠️ ဝိတ်လျှော့ပါ။

ဒီလိုကာကွယ်ရေးအချက်တွေကိုသာ မုချလိုက်နာမယ်ဆိုရင်တော့ အသံတိတ်လူသတ်သမားရဲ့ ဘေးအန္တရာယ်ကနေ အမှန်ကင်းဝေးရမယ်ဆိုတာကို ကျွန်မတို့က အာမခံလိုက်ချင်ပါတယ်ရှင်။

⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

17/03/2023

❝ ဆစ်မီတဝေ့နဲ့အတူ ရင်ခုန်သံကို နားဆင်ပါ ❞

နှလုံးကျန်းမာရေးက ဘာကြောင့်အရေးကြီးလဲသိရဲ့လား။ အသံတိတ်လူသတ်သမားလို့ခေါ်ရလောက်အောင် အသက်အန္တရာယ်ရှိလွန်းတဲ့ ရောဂါမို့လို့ အချိန်မလွန်ခင် စောစောသိဖို့ အရမ်းအရေးကြီးပါတယ်။

ဘန်ကောက်မြို့ရဲ့ ဆစ်မီတဝေ့ဆေးရုံကြီးမှာ နှလုံးကျန်းမာရေးစစ်ဆေးဖို့ဆိုရင် ထိုင်းဘတ် ၄၅၀၀ ပဲကုန်ကျမှာမို့လို့ အသက် ၄၀ ကျော်ပြီး နှလုံးရောဂါမျိုးရိုးရှိသူ၊ ရောဂါလက္ခဏာပြနေလို့ စစ်ဆေးဖို့လိုအပ်နေသူတိုင်းအတွက် လုမ္ဗိနီက ဝန်ဆောင်မှုပေးနေပါပြီ။

ဆက်သွယ်ရန် ☎️ 09785336616

ရုံး - 🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

16/03/2023

❝ သွားဒုက္ခကြောင့် စိတ်ညစ်နေရရင် ဒီ Videoကို ကြည့်ပေးပါ ❞

ဗီးမွတ်ဆေးရုံရဲ့ Dental Center မှာဆိုရင် သွားညှိကုသခြင်း၊ သွားစိုက်ခြင်းနဲ့ အခြားကုသမှုမျိုးစုံအတွက် နောက်ဆုံးပေါ်နည်းပညာနဲ့ ကုသပေးနေတာမို့လို့ ဘန်ကောက်ရဲ့ ဗီးမွတ်ဆေးရုံမှာ ဆေးကုချင်တယ်ဆိုရင် ကျွန်မတို့ လုမ္ဗိနီရဲ့ ဝန်ဆောင်မှုတွေကို အခုပဲ အခမဲ့ ရယူလိုက်ပါ။
ဆက်သွယ်ရန် - 09785336616
#လုမ္ဗိနီ

16/03/2023

ခါးနာနေပြီလား ဒီ post လေး ဖတ်ကြည့်ပါ

❝ အား ... နာလိုက်တာ မဖြစ်ချင်ရင် ဒါတွေလုပ်ပါ ❞

ထိုင်ထိုင်ထထ ဘုရားတနေရတဲ့ ခါးနာဒုက္ခကို ခံစားနေရပြီဆို ဒီစာက မိတ်ဆွေအတွက်ပါပဲ။

🤔 မနေ့တုန်းကအထိ အကောင်းပါ။ ဒီနေ့မှ စပြီးနာလာတာပါ ဆိုတဲ့သူ
🤔 ပစ္စည်းလေးပဲ ပင့်မလိုက်တာ ကျန်တာဘာမှမလုပ်ပါဘူး ဆိုသူ
ဒီလိုသူတွေမှာ ခါးနာလို့ အား...နာလိုက်တာ အော်ခဲ့ရတာများလှပါပြီ။

ခါးမနာအောင် ဘယ်လိုကာကွယ်ရမလဲနဲ့ ခါးနာသက်သာစေဖို့နည်းတွေကို ပြောပြပေးမယ်နော်။ 😊

💡 အဝမလွန်ပါစေနဲ့။
ကိုယ်အလေးချိန်များလွန်းရင် ကျောရိုးနဲ့ ဒူးမှာ ဒဏ်ပိုပိစေပြီး ခါးနာ၊ ဒူးနာပိုဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ ခါးနာနေပြီဆိုရင် ကိုယ်အလေးချိန် (Body Weight) လျှော့ပါ။

💡 စမတ်ကျကျ ပစ္စည်း 'မ' တတ်ပါစေ။
ပစ္စည်းသယ်ရင်း ခါးနာရတဲ့အဓိကပြဿနာတစ်ခုက ပင့်မတဲ့ပုံစံ မမှန်ကန်လို့ပါ။ ဒါကြောင့် ဘာပစ္စည်းပဲသယ်သယ် ခါးကိုတစ်ဖြောင့်တည်းထားကာ ဒူးနှစ်ဖက်အားနဲ့ ပုံစံမှန်မှန် ပင့်မနိုင်ဖို့ အမြဲဂရုစိုက်ရပါမယ်။ ဒါပေမဲ့ လေးလွန်းတဲ့ပစ္စည်းတွေကို တစ်ယောက်တည်း မနိုင်မနင်း သယ်တာမျိုးတော့ လုံးဝရှောင်ရမယ်နော်။

💡 ပုံစံမှန်မှန် ထိုင်ပါ။
ကျောကုန်း၊ တင်ပါးနဲ့ ကုလားထိုင်နောက်ကျောကို ကပ်ပြီး ခါးကိုတည့်တည့်မတ်မတ် ထိုင်ပေးပါ။ ဒါမှ ကျောရိုးနဲ့တင်ပါးဆုံရိုးကို ဝန်မပိစေဘဲ ခါးနာတာကို ကာကွယ်ပေးနိုင်မှာပါ။ ခွေခေါက်‌ထိုင်ပြီး အလုပ်ကြာကြာလုပ်ခြင်းကို လုံးဝ ရှောင်ကြဥ်သင့်ပါတယ်။

💡 လေ့ကျင့်ခန်းလုပ်ပါ။
လေ့လာမှုတွေအရ လေ့ကျင့်ခန်းလုံးဝမလုပ်တဲ့ အထိုင်များသူတွေမှာ ခါးနာ၊ ဒူးနာ ပိုအဖြစ်များတာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ခါးနာခြင်းမှ ကင်းဝေးချင်တယ်ဆိုရင် နေ့တိုင်း အကြောလျှော့လေ့ကျင့်ခန်းနဲ့ ပုံမှန်လမ်းလျှောက်ခြင်းလုပ်ပေးဖို့လိုပါတယ်။

အခုကျွန်မပြောပြခဲ့တဲ့ အချက် (၄) ချက်ကိုသာ ‌လိုက်နာလုပ်ဆောင်မယ်ဆိုရင်တော့ နာကျင်မှုတွေကို Bye Bye လိုက်လို့ရပါပြီရှင်။

⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

14/03/2023

" ရင်သားလှချင်တဲ့ ပျိုမဒီတို့ဖတ်ဖို့ 🤫 "

ပျိုမဒီတို့ရဲ့ ရင်သားအလှအတွက် ViMUT ကိုသတိရလိုက်ပါ။ ဘန်ကောက်မြို့ ဗီးမွတ်ဆေးရုံကြီးမှာရှိတဲ့ ဝါရင့်ခွဲစိတ်ဆရာဝန်ကြီးများနဲ့ ခွဲစိတ်ပြုပြင်ရမှာဖြစ်လို့ စိုးရိမ်ပူပန်မှုမရှိပဲ စိတ်ချလက်ချခွဲစိတ်ပြုပြင်နိုင်ပါပြီရှင်။

လေဒီတို့အဆင်ပြေစေဖို့ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱. က ဝန်ဆောင်မှုပေးနေပါပြီ။

ဆက်သွယ်ရန်

☎️ 09785336616

🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

#ထိုင်းဆေးရုံ #လုမ္ဗိနီ

13/03/2023

Plastic Surgery အတွက်ဆို ViMUT က သင်နှင့်အတူရှိနေပါပြီ

တိုးတက်လာတဲ့ခေတ်နှင့်အညီ မျက်နှာခွဲစိတ်ပြုပြင်တာတွေလည်းခေတ်စားလာပါတယ်။ ကိုယ့်မျက်နှာပေါ်မှာရှိတဲ့ စိတ်တိုင်းမကျတဲ့ အစိတ်အပိုင်းတွေကိုဘန်ကောက်မြို့ရဲ့ ဗီးမွတ်ဆေးရုံမှာ စိတ်ကြိုက်ပြင်ဆင်နိုင်ပါပြီ။

Experience သက်တမ်းအနှစ် ၂၀ ကျော် ဆရာဝန် တွေနဲ့ တိုင်ပင်ခွဲစိတ်ရမှာဖြစ်တဲ့အပြင် ကောင်းမွန်တဲ့ result တွေလည်းရရှိခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဗီးမွတ်မှာ မျက်နှာခွဲစိတ်ပြုပြင်ချင်သူတိုင်း အဆင်ပြေစေဖို့ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱. က ဝန်ဆောင်မှုပေးနေပါပြီ။

ဆက်သွယ်ရန်

☎️ 09785336616

🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

#ထိုင်းဆေးရုံ #လုမ္ဗိနီ

23/02/2023

❝ ကျန်းမာရေးစစ်ဆေးတော့မယ်ဆိုရင် 𝗩𝗶𝗠𝗨𝗧 ကို သတိရလိုက်ပါ ❞
𝗩𝗶𝗠𝗨𝗧 𝗕𝘂𝘆 𝟭 𝗚𝗲𝘁 𝟭 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗵𝗲𝗰𝗸-𝘂𝗽 𝗣𝗮𝗰𝗸𝗮𝗴𝗲

ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာအဆင့်မီဆေးရုံကြီးမှာမှ ကျန်းမာရေးစစ်ဆေးချင်သူ မိတ်ဆွေတို့အတွက် အထူးအစီအစဥ်အသစ်လေးတစ်ခုကို ကျွန်မတို့ရဲ့ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.က မိတ်ဆက်ပေးပါရစေ။

🔷 တစ်ယောက်စစ်ရင် နောက်ထပ်တစ်ယောက်အပိုလက်ဆောင်ရမယ့် 𝗩𝗶𝗠𝗨𝗧 Buy 1 Get 1 Package မှာဆိုရင် ထိုင်းဘတ်ငွေ(19990 THB) ၁၇ သိန်းဝန်းကျင် ပဲကျသင့်ပြီးတော့ မိတ်ဆွေတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ စစ်ဆေးမှုတွေအားလုံးကို ပြည့်ပြည့်စုံစုံထည့်သွင်းပေးထားတာကြောင့် တကယ်ကို တန်မှတန်တယ်လို့ ညွှန်းဆိုချင်ပါတယ်။

🔷 ၂၀၂၃ ဇွန်လ ၃၀ ရက်နေ့အထိပဲ ဒီ Package လေးကရှိနေမှာမို့လို့ အသေးစိတ်သိချင်လို့ စုံစမ်းချင်တယ်ဆိုရင်တော့
𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336606, 09785336616, 09785336626

🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းစကားပါးပါရစေရှင်။

#ဗီးမွတ်

23/02/2023

ဗီးမွတ်ဆေးရုံရဲ့ Checkup Center အကြောင်း သိပြီးပြီလား ?

ထိုင်းမှာဆေးကုတော့မယ်ဆိုရင် ရွေးချယ်စရာ ဆေးရုံကြီးတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။

ဘန်ကောက်မြို့လည်ခေါင်မှာရှိတယ်။ ကျွမ်းကျင်ဆေးပညာရှင်တွေရဲ့ ပြုစုကုသမှုကို အံ့ဩလောက်စရာ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ခံယူနိုင်မယ်။ ဆေးရုံတက်ရတဲ့လူနာတွေအတွက်လည်း ကိုယ့်အိမ်အခန်းလိုခံစားရစေတဲ့ အတွင်းလူနာခန်းတွေနဲ့ ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်စွမ်းရှိတယ်။

ဆေးစစ်ဖို့အတွက်ဆိုရင်လည်း နောက်ဆုံးပေါ် ရောဂါရှာဖွေရေးစက်သစ်ကြီးတွေနဲ့ တိကျမြန်ဆန်အောင် ရောဂါရှာပေးနိုင်ပါတယ်။

ဗီးမွတ်ဆေးရုံရဲ့ Medical Checkup Center ကို အခုvideoထဲမှာရှင်းပြထားသလို နောက်ထပ် အထူးကုဌာနကြီးတွေအကြောင်းကို မြန်မာစာတန်းထိုး video‌ လေးတွေနဲ့ ထပ်ပြီး Share ပေးဦးမှာမို့လို့ ကျွန်မတို့ လုမ္ဗိနီရဲ့ ဒီ page ကို Like and Follow လုပ်ထားဖို့ မမေ့ပါနဲ့ရှင်။

ဒီလိုအားသာချက်တွေရှိတဲ့ ဗီးမွတ်အကြောင်းကို ပိုပြီးသိချင်တယ်ဆိုရင် ကျွန်မတို့လုမ္ဗိနီကျန်းမာ‌ရေး ဝန်ဆောင်မှုလုပ်ငန်းရဲ့ ဖုန်း 09785336616, 09785336626 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ဗီးမွတ်ဆေးရုံ

22/02/2023

❝ ဘန်ကောက်မှာ ဆေးကုချင်သူတွေအတွက် သတင်းကောင်း ❞

ဝန်ဆောင်မှု၊ ဆေးကုသမှု၊ ဆက်ဆံရေးကောင်းမွန်မှုတွေကြောင့် ထိုင်းနိုင်ငံရဲ့ ‌ဆေးရုံတွေဟာ မြန်မာပြည်သူတွေကြားမှာ နာမည်ကျော်ကြားလာပါတယ်။

ဒါကြောင့်မို့လို့ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူချင်သူတိုင်း အဆင်ပြေစေဖို့ လုမ္ဗိနီကဝန်ဆောင်မှုပေးနေပါပြီ။

အသေးစိတ်ကို ဒီ Videoလေးထဲမှာ ရှင်းပြပေးထားပါတယ်ရှင်။
𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336606, 09785336616, 09785336626
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️
#ထိုင်းဆေးရုံ #လုမ္ဗိနီ

15/02/2023

❝ ဆေးစစ်ခတွေ ဈေးကြီးလို့ စိတ်ညစ်မနေပါနဲ့တော့....
ဗီးမွတ်ဆေးရုံရဲ့ 50% Discount ကို ရယူလိုက်ပါ ❞

စက်ပစ္စည်းတစ်ခုကို အချိန်မှန် ပြုပြင်ထိန်းသိမ်းပေးရသလိုပါပဲ...
ကျွန်မတို့လူသားတွေ အသက်ရှည် ရောဂါကင်းနေဖို့ဆိုရင် ပုံမှန် ကျန်းမာရေးစစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးစစ်ဆေးဖို့ဆိုရင်
✔️ တိကျမှန်ကန်ဖို့
✔️ တစ်‌နေရာထဲနဲ့ ပြီးပြည့်စုံစေဖို့
✔️ ကုန်ကျစရိတ်သက်သာဖို့ဆိုတဲ့ အဓိကအချက် ၃ ချက်နဲ့ပြည့်စုံနေဖို့ အရမ်းအရေးကြီးပါတယ်။

ဒီလို အင်္ဂါရပ်တွေအားလုံးနဲ့ ပြည့်စုံတဲ့ ဘန်ကောက်မြို့ရဲ့ ဗီးမွတ်ဆေးရုံကြီးမှာသာ ခန္ဓာကိုယ်တစ်ကိုယ်လုံး စစ်ဆေးမယ်ဆိုရင် ဇွန်လ ၃၀ ရက်နေ့အထိ ၅၀ ရာခိုင်နှုန်းသက်သာခွင့် Package ရှိတာကြောင့် Check up လုပ်ချင်တယ်ဆိုရင် ကျွန်မတို့ လုမ္ဗိနီကိုသာ အမြန်ဆုံး ဆက်သွယ်လိုက်ပါတော့နော်။

𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336606, 09785336616, 09785336626
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

14/02/2023

❝ ကင်ဆာရောဂါအန္တရာယ်
ချစ်ခြင်းတရားနဲ့ အတူကာကွယ် ❞ ❤️

💡 ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်ပါတယ်။
💡 ကင်ဆာရောဂါတွေကို စောစောသိ စောစောကာကွယ်နိုင်စေဖို့ ပျိုပျိုမေတို့ရဲ့ လက်တစ်ကမ်းမှာ လုမ္ဗိနီ ရှိနေပါပြီရှင်။

❤️ ယနေ့ကျရောက်တဲ့ Valentine Day ကစပြီး February 28 ရက်နေ့အထိ ဘန်ကောက်မြို့ရှိ (ViMUT Hospital) ဗီးမွတ်ဆေးရုံကြီးမှာ

✔️ သားဥအိမ်ကင်ဆာ စစ်ဆေးခြင်း (CA 125)
✔️ မိန်းမကိုယ်လမ်းကြောင်းမှရိုက်သော သားအိမ်နှင့် သားဥပြွန် အာထရာဆောင်း (TVS)
✔️ ရင်သားဓာတ်မှန်နှင့် ရင်သား အာထရာဆောင်း (Mammogram & USG Breast)
✔️ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းနှင့်
✔️ ကင်ဆာဖြစ်စေသော HPV ပိုးစစ်ဆေးခြင်း (Thin Prep & HPV) စတဲ့ အဖြစ်များတဲ့ ကင်ဆာရောဂါ ၄ မျိုးတိတိကို စစ်ဆေးမယ်ဆိုရင် ထိုင်းဘတ်ငွေ 7900 THB ပဲ ကုန်ကျမှာမို့လို့ အချိန်မနှောင်းခင် ကျွန်မတို့ လုမ္ဗိနီရဲ့ ဖုန်း 09-785336616 ကိုအမြန်ဆုံး ဆက်သွယ်နိုင်ပါပြီရှင်။

ရုံးလိပ်စာ -
𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336606, 09785336616, 09785336626
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

Photos from Vejthani Hospital - ဝေ့ဌာနီဆေးရုံကြီး's post 10/02/2023

ဝေ့ဌာနီဆေးရုံကြီးမှာ ဆေးကုသချင်တယ်ဆို လုမ္ဗိနီကို ဆက်သွယ်လို့ရပြီနော်။

𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
ဖုန်း ☎️ 09785336616, 09785336626
ရန်ကုန်ရုံး🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

09/02/2023

ဝန်ဆောင်မှုနဲ့ စရိတ်သက်သာမှုကြောင့် နာမည်ကျော်တဲ့ ဘန်ကောက်မြို့ရဲ့ ဗီမွတ်ဆေးရုံ (ViMUT Hospital)

နိုင်ငံခြားမှာ ဆေးသွားကုတော့မယ်ဆိုရင် ဘာကိုအရင်ဆုံး စိတ်ပူမိမလဲ ?

😔 အဆင်ပြေပါ့မလား။
😔 ဘာသာစကားနားမလည်ရင် ဘယ်လိုလုပ်ရပါ့မလဲ။
😔 ဈေးအရမ်းကြီးမယ်ထင်တယ်နော်။

💡 ဒီလို ပူပင်စရာတွေ လုံးဝကင်းဝေးအောင် ဖြေရှင်းပေးနိုင်တဲ့ ဘန်ကောက်မြို့လည်ခေါင်က အသစ်လွင်ဆုံးနဲ့ ခေတ်အမီဆုံး ဗီမွတ်ဆေးရုံကြီးရဲ့အကြောင်းကို ဒီ Video မှာ ရှင်းပြပေးထားပါတယ်ရှင်။

ဗီမွတ်ဆေးရုံနဲ့ပတ်သက်လို့ အသေးစိတ်သိချင်တယ်ဆိုရင်တော့
𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
ဖုန်း ☎️ 09785336616 ကိုဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင်ပါပြီရှင်။
#ဗီမွတ်ဆေးရုံ

08/02/2023

လုမ္ဗိနီ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်တွင် တာဝန်ထမ်းဆောင်ရန် ဆေးပညာရှင်နှင့် ကျွမ်းကျင်ဝန်ထမ်းများ အလိုရှိပါသည်။

Job Positions
1. Medical Coordinator - 1 position (F)
2. Product Executive - 1 position (F)
3. Medical Representative - 2 positions ( M/F)

အသေးစိတ် အချက်အလက်များရယူရန် ဖော်ပြထားသော link မှ တဆင့် download ရယူပါ။
https://drive.google.com/file/d/1tehlYKq2fM6slG8Gc2bSENcG82YXkaM4/view?usp=share_link

ဤ အလုပ်နေရာများအတွက် စိတ်ပါဝင်စားသူများသည် မျှော်မှန်းလစာနှင့်တကွ မိမိ၏ CV Form ကိုတွဲ၍ [email protected] သို့ February 20 နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါပြီ။

05/02/2023

❝ ဆီးချိုရောဂါကြောင့် မျက်စိကွယ်နိုင်ပါတယ်...
ဒီလိုမဖြစ်ရအောင် ပုံမှန်မျက်စိစစ်ဆေးမှု ခံယူပါ ❞

မျက်စိအဆုံး နားအရှုံးလို့ ရှေးလူကြီးတွေ ပြောခဲ့ကြသလိုပါပဲ။ ကျွန်မတို့ခန္ဓာကိုယ်မှာ အမြင်အာရုံကိုခံစားနိုင်တဲ့ မျက်စိကျန်းမာနေဖို့က အင်မတန်အရေးကြီးပါတယ်။

ဆီးချိုရောဂါရှိနေပြီဆိုရင်တော့ သာမန်လူထက်တောင် မျက်စိကို ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်ရှင်။

ဘာလို့လဲဆိုတော့ ဆီးချို့ရဲ့နောက်ဆက်တွဲရောဂါတွေကြောင့် မျက်စိရဲ့သွေးကြောနဲ့ အာရုံကြောတွေပျက်စီးလာပြီး အတွင်းတိမ်၊ ရေတိမ်၊ မျက်ကြည်လွှာပျက်စီးခြင်းနဲ့ နောက်ဆုံး လုံးဝ မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်လို့ပါ။

ဒါကြောင့်မို့လို့ မျက်စိကျန်းမာရေးအတွက် သက်သက်သာသာနဲ့ စစ်ဆေးချင်ရင်တော့ ကျွန်မတို့ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.ရဲ့ မိတ်ဖက်ဆေးရုံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့နာမည်ကျော် ရတ်နင်မျက်စိဆေးရုံ(Rutnin Eye Hospital)မှာ စစ်ဆေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပေးချင်ပါတယ်။

ဆေးရုံပြသဖို့ ရက်ချိန်းယူလိုပါက
𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
ဖုန်း - 09785336616
Viber- +959785336616
ရုံးလိပ်စာ - အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ကို ဆက်သွယ်နိုင်ပါပြီရှင့်။

#ဆီးချို #မျက်စိရောဂါ

04/02/2023

❝ အူလမ်းကြောင်းပြဿနာ ဗီးမွတ်မှာ အဖြေရှာ ❞

☑️ နာတာရှည် ဗိုက်အောင့်ဗိုက်နာခြင်း
☑️ ဝမ်းထဲတွင် သွေးပါခြင်း
☑️ အသက် ၅၀ ကျော်နှင့်
☑️ မိသားစုထဲမှာ အူမကြီးကင်ဆာရောဂါ ခံစားခဲ့ရသူ ရှိတယ်ဆိုရင်တော့

🚨 ဒီလိုပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေ ပြလာပြီဆိုရင် အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့လိုအပ်ပြီလို့ အကြံပေးချင်ပါတယ်ရှင်။

⚕️ အူလမ်းကြောင်းရောဂါတွေကို တိတိကျကျဖော်ထုတ်နိုင်ဖို့ဆိုရင် အစာအိမ်နှင့်အူလမ်းကြောင်းတစ်‌လျှောက်ကို မှန်ပြောင်းကြည့်ပြီး ရောဂါရှာဖွေခြင်းနည်းလမ်းက အလွန်ထိရောက်ပါတယ်။

⚕️ ဒါကြောင့် ရောဂါရှာဖွေဖို့လိုအပ်တဲ့ 𝗟𝘂𝗺𝗯𝗶𝗻𝗶 ရဲ့မိတ်ဆွေတို့အတွက် 𝐕𝐢𝐌𝐔𝐓 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှာဆိုရင် အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းဖြင့် ရောဂါရှာဖွေခြင်း (𝙀𝙣𝙙𝙤𝙨𝙘𝙤𝙥𝙮 𝙎𝙘𝙧𝙚𝙚𝙣𝙞𝙣𝙜) အတွက် June 30 အထိ အထူး 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬 တွေ စီစဉ်ထားတာမို့လို့ အသေးစိတ် သိချင်တယ်ဆိုရင် 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱. ဖုန်း ☎️ 09785336616 ကိုဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါပြီရှင်။

#ဗီးမွတ်ဆေးရုံ #အူလမ်းကြောင်းမှန်ပြောင်း
#အစာအိမ်နှင့်အူ

02/02/2023

ယေဘုယျအားဖြင့် ကင်ဆာကို ဆေးဝါးများဖြင့် ကုသရာတွင် လူနာ၏ကင်ဆာအခြေအနေအတွက် ကုသမည့်ဆေးဝါးများက မည်သို့တုံ့ပြန်သည်ကို ကြည့်ရှုရန် စောင့်ဆိုင်းရမည့် ကာလ တစ်ခု လိုအပ်ပါသည်။

မျှော်လင့်ထားသည့်အတိုင်း တုံ့ပြန်မှုမရှိပါက ဆေးဝါးအမျိုးအစားကို ပြောင်းလဲရန် လိုအပ်ပါသည်။ ထိုသို့စောင့်ကြည့်ရမည့် ကာလတစ်ခုကို ကျော်လွှားရန် လက်ရှိတွင်၊ Cancer Avatar ဟုခေါ်သော ဆန်းသစ်သောကုသမှုဖြင့် လူနာများထံ ကုသမှုစတင်ချိန်မှစ၍ တိကျပြီး သင့်လျော်သောဆေးဝါးများ အချိန်တိုအတွင်း ပေးပို့ရန်အတွက် အသုံးပြုလာကြပြီဖြစ်ပါသည်။

Vejthani ဆေးရုံမှ ကင်ဆာရောဂါဗေဒ ပညာရှင် ဒေါက်တာ Vigrom Jennetisin က ကင်ဆာဆဲလ်များတွင် ဖြစ်ပေါ်သည့် ဗီဇပြောင်းလဲမှုများကို ရှာဖွေရာတွင် Precision Medicine သို့မဟုတ် PERSONALIZED TREATEMTN APPROACH ဖြင့် ကုသကြောင်း ရှင်းပြခဲ့သည်။ စစ်ဆေးမှုရလဒ်များသည် ဗီဇပြောင်းခြင်းအတွက် အသင့်တော်ဆုံးဖြစ်မည့် ဆေးဝါးများကို အသုံးပြုနိုင်ရန် ဆရာဝန်အတွက် အချက်အလက်အဖြစ် အသုံးပြုခြင်းဖြစ်သည်။

သို့သော် Precision Medicine သည် လူနာတစ်ဦးစီအတွက်ကုသမှုတစ်ခုဖြစ်သော်လည်း ဆေးဝါးများပေးပြီးနောက်၊ ထိုဆေးများအပေါ် လူနာ၏တုံ့ပြန်မှုကို အချိန်အတိုင်းအတာတစ်ခုအထိ အမြဲစောင့်ကြည့်ရန် လိုအပ်ပါသည်။ လူနာသည် ကုသနေစဥ◌်မှာလည်း CT စကင်န်ဖြင့် ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာဆဲလ်များအခြေအနေကို သိရှိရန်စစ်ဆေးမှုများလည်း လိုအပ်သည်။ ကုသမှုအပေါ် တုံ့ပြန်မှု မရှိခြင်း သို့မဟုတ် မျှော်မှန်းသလောက်မဖြစ်ပါက ကုသမှု၏ ထိရောက်မှုကို မြှင့်တင်ရန် ဆေးဝါးအမျိုးအစားကို ပြောင်းလဲရန် လိုအပ်ပါသည်။

သုတေသီများသည် ယနေ့ခေတ်တွင် မတူညီသော ကုသနည်းကို တွေ့ရှိခဲ့ကြသည်။ Cancer Avatar သည် လူနာတွင် အသုံးမပြုမီ ဆေးတစ်ခုစီ၏ တုံ့ပြန်မှုကို စမ်းသပ်ရန် လုပ်ဆောင်ထားသည်။ Cancer Avatar သည် လူနာထံမှ ကင်ဆာတစ်ရှူးများကို စုဆောင်းပြီး ခန္ဓာကိုယ်ရှိ ကင်ဆာဆဲလ်များနှင့် ဆင်တူသည်အထိ ကြီးထွားလာစေရန် ဓာတ်ခွဲခန်းတွင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် ကုသမှုနည်းလမ်းတစ်ခုဖြစ်သည်။ ဓာတ်ခွဲခန်းရှိ ကင်ဆာဆဲလ်သည် လူနာ၏ ခန္ဓာကိုယ်ရှိ ကင်ဆာဆဲလ်များနှင့်ထပ်တူ ကိုယ်စားပြုသည်။ ထို့နောက် ယင်းကိုယ်စားပြုကင်ဆာဆဲလ်များကို လူနာအား ကုသမှုကိုအသုံးမပြုမီ ၎င်းတို့တုံ့ပြန်ပုံအား သိရှိနိုင်ရန် ကင်ဆာကုသမှုအမျိုးအစားတစ်ခုစီနှင့် စမ်းသပ်မည်ဖြစ်သည်။

Cancer Avatar သည် ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည် သို့မဟုတ် အခြားကင်ဆာဆေးများကဲ့သို့သော ကုသမှုများကို ကောင်းမွန်စွာ မတုံ့ပြန်နိုင်သည့် ကင်ဆာအဆင့်မြင့်သည့်ကင်ဆာဝေဒနာရှင်များအတွက် အကျိုးပြုပါသည်။ ထိုအခြေအနေတွင် လူနာများသည် အခြေခံကုသနည်းလမ်းမဟုတ်သော ကင်ဆာဆေးအသစ်များ သို့မဟုတ် ဆန်းသစ်သောကုသမှုနည်းလမ်းများကို လိုအပ်လာနိုင်သည်။

Cancer Avatar ကို လူနာများ၏ယုံကြည်မှုနှင့် ကုသမှု၏တိကျမှုကို မြှင့်တင်ပေးမည့် မှန်ကန်သောဆေးဝါးများကို အချိန်တိုအတွင်း ဆုံးဖြတ်ရန်အတွက် အသုံးပြုမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ ဓာတုကုထုံး ၁၀ မျိုးသည် လူနာ၏ကင်ဆာရောဂါဖြစ်ပွားမှုနှင့် ကိုက်ညီပါက၊ ဆရာဝန်သည် Cancer Avatar ဖြင့် ထိုဓာတုကုထုံးအမျိုးအစားတစ်ခုစီ၏ ထိရောက်မှုနှင့် တုံ့ပြန်မှုကို စမ်းသပ်မည်ဖြစ်သည်။ ထိုအခါ လူနာအား အဆိုပါ 10 အမျိုးအစားအားလုံးကို စမ်းသပ်ရန် မလိုအပ်ဘဲ ကင်ဆာအတွက် အသင့်တော်ဆုံး အမျိုးအစားဖြစ်လာသည့် ဓာတုကုထုံးအမျိုးအစားတစ်ခုကိုသာ ဆရာဝန်အား ဆုံးဖြတ်ရွေးချယ်နိုင်စေပါသည်။
Cancer Avatar ဖြင့် စမ်းသပ်ထားသော ဆေးဝါးသည် ကောင်းမွန်သော တုံ့ပြန်မှုကို ပေးနိုင်ပါက၊ ထိုဆေးသည်လည်း လူနာအပေါ် ကောင်းကျိုးသက်ရောက်နိုင်ခြေ 70-80% ရှိပါသည်ဟု အာမခံနိုင်ပါသည်။

“အမှန်တကယ်လူနာများ၏ ဆေးဝါးတစ်ခုပေါ် တုံ့ပြန်မှုနှုန်းသည် ကိုယ်စားပြုဆဲလ်များပေါ်ရှိ တုံ့ပြန်မှုနှုန်းနှင့် ယှဥ◌်လျှင် 100% မကိုက်ညီရခြင်းအကြောင်းရင်းများလည်း တစ်ဦးနှင့် တစ်ဦး ကိုယ်ခန္ဓာတွင်း တုံ့ပြန်မှုမတူညီခြင်းပေါ်မူတည်ပြီး အကြောင်းရင်းများစွာရှိနိုင်ပါသေးသည်။ ဥပမာအားဖြင့်၊ အချို့သောဆေးဝါးများကို ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းသည့်အခါတွင် ၎င်းတို့သည် သွေးကြောမှတစ်ဆင့် သို့မဟုတ် အခြားနည်းလမ်းများအသုံးပြုကာ ထည့်သွင်းရခြင်းတို့ကြောင့် တခါတရံ ကွဲပြားသောရလဒ်များကို ဖြစ်ပေါ်စေသည်” ဟု ဒေါက်တာ Vigrom က ပြောကြားခဲ့သည်။

ဤစာစုကို Vejthani Official Myanmar page ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။
Original Page Link - https://www.facebook.com/671277222978123/posts/pfbid02JEuXHqV2kQcJUfmvjXxt2dtLedQbjifDrgfumDPLhfi2aF4M3L21K5WMAYRm9w8Sl/?mibextid=Nif5oz

VEJTHANI Hospital တွင်ဆေးကုသလိုပါက
Lumbini Health Care Service Co., Ltd.
Viber - +959785336616
Phone – 09785336606, 09785336616
Address – No.7/8, Bahosi Housing, Bogyoke Aung San Road, Lanmadaw Township, Yangon.
#ဝေ့ဌာနီဆေးရုံကြီး
#ကင်ဆာကုသမှုအသစ်

01/02/2023

❝ လှပသာယာတဲ့ သင့်ဘဝကို ကင်ဆာရောဂါကြောင့် နစ်မွန်းမခံပါနဲ့ ❞

အမျိုးသမီးဦးရေ ၁ သိန်းကျော်အနက် ၁၁၅ ယောက်ခန့်ဟာ ကင်ဆာရောဂါကြောင့် နှစ်စဉ် ‌အသက်ဆုံးရှုံးနေရပါတယ်။ 😔

💡 ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်ပါတယ်။
💡 စောစောသိ စောစောကုလို့ရတဲ့ ဒီကင်ဆာရောဂါတွေအတွက် ကာကွယ်ဖို့အခွင့်အရေး ပျိုပျိုမေတို့ လက်တစ်ကမ်းမှာ ရှိနေပါပြီရှင်။

ViMUT ဆေးရုံကြီးရဲ့ အမျိုးသမီးကျန်းမာရေးဌာနမှာဆိုရင် အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာရောဂါ‌တွေကို ကုန်ကျစရိတ်သက်သက်သာသာနဲ့ စစ်ဆေးလို့ရနေပါပြီ။

✔️ သားဥအိမ်ကင်ဆာ စစ်ဆေးခြင်း (CA 125)
✔️ မိန်းမကိုယ်လမ်းကြောင်းမှရိုက်သော သားအိမ်နှင့် သားဥပြွန် အာထရာဆောင်း (TVS)
✔️ ရင်သားဓာတ်မှန်နှင့် ရင်သား အာထရာဆောင်း (Mammogram & USG Breast)
✔️ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းနှင့် ကင်ဆာဖြစ်စေသော HPV ပိုးစစ်ဆေးခြင်း (Thin Prep & HPV) စတဲ့ အဖြစ်များတဲ့ ကင်ဆာရောဂါ ၄ မျိုးတိတိကို စစ်ဆေးချင်တယ်ဆိုရင်တော့ 09-785336616 ကို အခုပဲ ဆက်သွယ်နိုင်ပါပြီ။

ရုံးလိပ်စာ -
𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336606, 09785336616, 09785336626
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

31/01/2023

❝ သင့်ကျန်းမာရေးအတွက် အရင်းနှီးဆုံး တိုင်ပင်ဖော်မိတ်ဆွေ လိုအပ်နေပြီလား ❞

ရွေးချယ်စရာတွေများလွန်းလို့ ဘာမဆိုရွေးရခက်တဲ့ ဒီနေ့ခေတ်မှာ ကျန်းမာရေးအတွက် မိတ်ဆွေကောင်းရွေးချယ်မယ်ဆို လုမ္ဗိနီကို No. 1 ထားပြီး စဉ်းစားသင့်ပါတယ်ရှင့်။

ဘာလို့လဲဆိုတော့

✔️ ထိုင်းနိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီ နာမည်ကြီးဆေးရုံတွေနဲ့ တရားဝင်ချိတ်ဆက်ထားတယ်။

✔️ မြန်မာပြည်ကနေ ဆေးကုဖို့ခရီးစဉ်စထွက်လို့ ကုပြီးပြန်ရောက်တဲ့အထိသာမက Follow up အထိပါ ဂရုစိုက်ပေးနိုင်တယ်။

✔️ ဆေးကုသမှုတစ်လျှောက် လိုအပ်တဲ့ စာရွက်စာတမ်း၊ စကားပြန်၊ လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ကအစ အသေးစိတ် စီစဉ်ပေးနိုင်ပါတယ်။

✔️ ကျန်းမာရေးကိစ္စ တိုင်ပင်ချင်သူတွေအတွက်လည်း ဆရာဝန်ကိုယ်တိုင် ဆွေးနွေးပေး‌ပါတယ်။

ဒီလို ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေအားလုံးကို (လုံးဝ) #အခမဲ့ ဆောင်ရွက်ပေးနေမှတော့ မိတ်ဆွေကောင်းတို့ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံနေပြီပေါ့ရှင်။

ဆက်သွယ်ရန်
𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09-785336606, 09-785336616
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်ရုံးမှာလည်း ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

သင်စားတဲ့အစာက သင့်ကျန်းမာရေးကို သက်ရောက်နေတာသိရဲ့လား
❝ သွားဒုက္ခကြောင့် စိတ်ညစ်နေရရင် ဒီ Videoကို ကြည့်ပေးပါ ❞
ဗီးမွတ်ဆေးရုံရဲ့ Checkup Center အကြောင်း သိပြီးပြီလား ?ထိုင်းမှာဆေးကုတော့မယ်ဆိုရင် ရွေးချယ်စရာ ဆေးရုံကြီးတစ်ခုအကြောင်းကိ...
❝ ဘန်ကောက်မှာ ဆေးကုချင်သူတွေအတွက် သတင်းကောင်း ❞
ဝန်ဆောင်မှုနဲ့ စရိတ်သက်သာမှုကြောင့် နာမည်ကျော်တဲ့ ဘန်ကောက်မြို့ရဲ့ ဗီမွတ်ဆေးရုံ (ViMUT Hospital)နိုင်ငံခြားမှာ ဆေးသွားကု...
❝  ဒုက္ခပေးနေတဲ့ 'သွား' ကြောင့် စိတ်ရှုပ်မနေပါနဲ့တော့ ❞သွားတွေကလည်း အဆန်းသားရှင့်။ သူတို့ကိုယ် သေချာဂရုစိုက်ပေးတတ်မှ သူတ...
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ 𝐕𝐢𝐌𝐔𝐓 ဆေးရုံကြီးမှာဆိုရင် နိုင်ငံတကာစံချိန်မီ ရောဂါရှာဖွေရေးစက်ပစ္စည်းများကို အသုံး...

Category

Telephone

Website

Address


No. 7/8, Bahosi Housing, Bogyoke Aung San Road , Lanmadaw Township
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Medical Services in Yangon (show all)
Omega 3-6-9 Omega 3-6-9
No. 83, 8Floor(Panthouse), 122 Street, Near Mingalar Market
Yangon, 11221

FOCUS Eyecare Centre FOCUS Eyecare Centre
Focus Eyecare Centre, Thumingalar Street, Thingangyun
Yangon

အမြင်ကြည်ပြီးအလှတိုးဖို့ မျက်စိအတွက်ဆို FOCUS သို့

Detox Slim - "ပါးလွှာပြီး သန့်စင်ခြင်း" Detox Slim - "ပါးလွှာပြီး သန့်စင်ခြင်း"
Kamaruyt Township, Yangon , Yangon
Yangon

Detox Slim - သဘာဝအတိုင်း ကိုယ်အလေးချိန်ကျခြင်းနှင့် ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း။

Ki Testo Ki Testo
Yangon

AYE NYEIN CHANTHAR SPECIALIST CLINIC AYE NYEIN CHANTHAR SPECIALIST CLINIC
352, Sayasan Road, 33 Toe Chae Ward, North Dagon Township
Yangon

24 Hour Specialist Clinic

Bangkok Pillbox Bangkok Pillbox
Yangon

Online pharmacy

Basic Nursing Online Class Basic Nursing Online Class
Yangon

အခြေ ခံ ပြုစုကုသမူ.သင်တန်း(Online Class) မဖွင?

Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း
No. 54, Zin Ka Ma Street, 2/North Quarter, Thakayta Township
Yangon, 11231

24 hrs for patients

ThuTaw Myanmar ThuTaw Myanmar
Aungchanthar7 Street
Yangon

မြန်မာတိုင်းရင်းဆေးစစ်စစ်ဖြစ်လို့?

ကိုယ်၀န်မလိုချင်သူများ ကိုယ်၀န်မလိုချင်သူများ
Yangon Road
Yangon, 11192

လမ်းလျှောက်ရင်းလမ်းပျောက်နေသူများ?

Medical equipment Medical equipment
No 83, Ground Floor, Kaing Dan Street, Lammadaw Township, Yandon
Yangon, [email protected]

The Most important thing in life is to have healthy baby.