Thanlwin Hostel - YUECO
Informations About Thanlwin Hostel
💪
တိုက်ခိုက်သည့်နေ့တွင် ပစ္စတိုသေနတ်ကို ဆွဲထုတ်ပစ်ခတ်နိုင်ရန် အဆင်သင့်ပြင်ထားကြသော ဗိုလ်လပြည့်ဝန်းတို့သည် မြို့ပတ်ရထားပေါ်တွင် နေ့စဉ်တွေ့နေကျ ခရီးသည်ပုံ ဖမ်းထားကြသည်။ အလုံဘူတာနှင့် ပန်းလှိုင်ဘူတာအကြားတွင် ထိုလုပ်ကြံပစ်ခတ်မှုကို အချိန် ၃ မိနစ်အတွင်း အပြီးသတ်နိုင်ရန် စီစဉ်ထားကြသည်။
သတင်းအပြည့်အစုံကို ဖတ်ရှုရန် >> https://www.myanmar-now.org/mm/news/8071
-------
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe
ကိုခန့်သူအောင်၊ ကိုမင်းဟိန်းခန့်၊ မယဉ်မြတ်နိုးဦး၊ ကိုဖြိုးကျော့နိုင်တို့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရမှုနဲ့ ပတ်သက်ပြီး ဓနမြို့စွန်ကနေ အမြဲလိုလို ပြန်ကြားပေးနေပါတယ်။
သင်္ကြန်အကြိုနေ့ (၁၃.၄.၂၀၂၁) တွင် တာမွေမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခဲ့ရာ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုများလည်း ပြုလုပ်ခဲ့ပါသည်။
လက်တလောတွင် အဆိုပါကျောင်းသား(၄)ယောက် မည်သည့်နေရာတွင်ရှိနေကြောင်း အတိအကျမသိရသေးပါဆိုသည့်သတင်းမှာ လွဲမှားမှုတစ်ရပ်သာဖြစ်ပါသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား(၄)ယောက်ကို
(၂၀.၄.၂၀၂၁)ရက် ၅၀၅-ကဖြင့် မင်္ဂလာတောင်ညွန့်တရားရုံးတွင် တစ်ကြိမ်
(၃.၅.၂၀၂၁)ရက် ထောင်တွင်းတရားရုံးတွင် ဒုတိယအကြိမ်
(၁၈.၅.၂၀၂၁)ရက် ထောင်တွင်းတရားရုံးတွင် တတိယအကြိမ် ရုံးထုတ်ခဲ့ပါသည်။
အဆိုပါကျောင်းသား(၄)ဦးလုံး ကျန်းမားရေးကောင်းမွန်ကြောင်း ၎င်းတို့၏ရှေ့နေထံမှ တဆင့်သိရှိရခဲ့ပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် မတရားဖမ်းဆီးခံထားရသော ကျောင်းသား(၄)ဦး၏သတင်းအား ဓနမြို့စွန်မှ ပြန်ကြားပေးနေမှာဖြစ်ပြီး သတင်းလွဲမှားမှုများကိုလည်း အတတ်နိုင်ဆုံး မဖြန့်ကြပါရန် မေတ္တာရပ်ခံပါတယ်။
https://www.facebook.com/theuptownofwealth/
ဆရာ မရှိတဲ့အဆောင်ကို ကျွန်တော်တို့မလာသလို ဆရာ မရှိတဲ့ကျောင်းကိုလဲ ကျွန်တော်တို့တက်မှာမဟုတ်ပါဘူး .... ဒီမိုကရေစီရမှ ပြန်တွေ့ကြတာပေါ့ ဆရာ ...ကျွန်တော်တို့ အမှန်တရားဘက်မှာပဲ ဆက်လက်ရပ်တည်ကြတာပေါ့ ... အားတင်းထားပါဆရာ ဆရာ့အနားမှာ ကျွန်တော်တို့အမြဲရှိပါတယ် ....💪
လုပ်ချင်တာလုပ်
ထုတ်ချင်သလိုထုတ်
လုံးဝပါပဲ
အဆုံးထိသွားရန် CDM ...
ဆရာဦးလွင်မိုးနောက်မှာ
သံလွင်ဆောင်သားအားလုံးရှိပါတယ် ... ❤
Crd photo to original
ရန်ကုန်မှာရှိနေကြတဲ့ သံလွင်ဆာင်ကျောင်းသားများမှ ယနေ့မနက်မှာပဲ ဆေးဖြန်းစက်နှင့် အလှူ ငွေများကို သွားရောက်လှူ ဒါန်းပေးနိုင်ခဲ့ပါပြီ.....ဤအလှူ ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီလှူ ဒါန်းပေးခဲ့ကြသော အလှူ ရှင်တဦးတယောက်ချင်းကို သံလွင်ဆောင်မိသားစုကိုယ်စား မင်မင်မှ ကျေးဇူးအထူးတင်ရှိပါတယ်
နောက်နှောင်များ၌ အခါအခွင့်သင့်လို့ လှူ ဒါန်းဖြစ်ရင်လဲ သဒ္ဒါတရားထက်သန်စွာဖြင့် ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းအပ်ပါတယ်....
အခုဆိုရင်တော့ ကျွန်တော်တို့အလှူ ငွေ စုစုပေါင်းဟာ ၅၃၀၀၀၀ထိကောက်ခံရရှိခဲ့ပါတယ်....ဆေးဖျန်းစက်ဟာ ၃၀၀၀၀၀ သာကုန်ကြမည်ဖြစ်ပြီး ကျန်ငွေ ၂၃၀၀၀၀ ကို အဆောင်ရှိ ပရဟိတအဖွဲ့အား အထွေထွေအသုံးစာရိတ်အဖြစ်လှူ တန်းသွားမှာဖြစ်ပါတယ်.....
လှူ ဒါန်းပေးကြတဲ့ တဦးတယောက်တိုင်းဆီကို ကျေးဇူးအထူးတင်ရှိပါတယ်....
Updated ....အလှူ ရှင်များ ဆက်လက်ထွက်ပေါ်....
လှူ ဒါန်းကြမယ့်သူများအနေဖြင့် ယနေ့ ညမတိုင်ခင် လှူ ဒါန်းပေးကြပါဗျ ....
လှူ ဒါန်းပေးကြတဲ့ တဦးတယောက်တိုင်းဆီကို ကျေးဇူးအထူးတင်ရှိပါတယ်....
Updated ....အလှူ ရှင်များ ဆက်လက်ထွက်ပေါ်....
လှူ ဒါန်းကြမယ့်သူများအနေဖြင့် သောကြာနေ့ညမတိုင်ခင် လှူ ဒါန်းပေးကြပါဗျ ....
လှူ ဒါန်းပေးကြတဲ့ တဦးတယောက်တိုင်းဆီကို ကျေးဇူးအထူးတင်ရှိပါတယ်....
ယနေ့ထိ လှူ ဒါန်းထားကြတဲ့ အလှူ ရှင်စာရင်းပါ....လှူ ဒါန်းကြမယ့်သူများအနေဖြင့် သောကြာနေ့ညမတိုင်ခင် လှူ ဒါန်းပေးကြပါဗျ ....
လှူ ဒါန်းပေးကြတဲ့ တဦးတယောက်တိုင်း ကျေးဇူးအထူးတင်ရှိပါတယ်....
ယနေ့ ကျောင်းပြီးသွားပြီဖြစ်တဲ့ Senior အကိုကြီးအများစုဆီက အလှူ ငွေများပါ...အလှူ ငွေများကို သောကြာနေ့နောက်ဆုံးထားပြီး လှူ တန်းပေးကြပါဗျ .....
သံလွင်ဆောင် မိသားစုမှ ဦးစီး၍ ဆေးဖျန်းစက်လှူ ဒါန်းဖို့အတွက် အလှူ ငွေကောက်ခံခြင်း......
အားလုံးပဲ မင်္ဂလာပါ....
ယခုလက်ရှိ Yueco(YTG campus) မှာဆိုရင် ယောကျာ်းလေးဆောင်နှစ်ဆောင်နှင့် မိန်းကလေးဆောင်များတွင် Q Center များထားရှိထားပါတယ်...ထိုအဆောင်များတွင်ဆေးဖျန်းစက်များလည်းလိုအပ်နေပါတယ်...ကျွန်တော်တို့ သံလွင်ဆောင်မိသားစုမှ ဦးဆောင်၍ လက်တွန်းလှည်း ဆေးဖျန်းစက် (၃၆၀၀၀၀ ကျပ်)ကိုလှူ ဒါန်းသွားဖို့ စီစဉ်ထားပါတယ်...ထိုကြောင့် သံလွင်ဆောင်မှ ကျောင်းသားသစ်/ဟောင်းများ Yuecoမှကျောင်းသူ/သားများအနေဖြင့် ငွေအားဖြင့် ပါဝင်ကူညီ လှူ ဒါန်းပေးကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်...လာမည့်စနေနေ့ လှူ မှာဆိုတော့ သောကြာနေ့ ညလောက်နောက်ဆုံးထားပြီး လှူ ဒါန်းပေးကြပါဗျ ....။
ကျွန်တော်တို့အားလုံး ပါဝင်ကူညီဖေးမပြီး Covid 19ကို အတူတွန်းလှန်လိုက်ကြရအောင်လားဗျာ.....
ပါဝင်ကူညီလှူ ဒါန်းချင်တယ်ဆိုရင် အောက်ပါ ph no: နဲ့ acc များကို ဆက်သွယ်လှူ ဒါန်းနိုင်ပါတယ် ။
Ye Naing Linn
▪️Wave 09264630754
▪️KBZ Pay 09264630754
09979492416 ကိုလည်း ဆက်သွယ်ပြီး အလှူ နှင့်ပတ်သတ်တာများကို စုံစမ်းမေးမြန်းနိုင်တယ်....။
Edited
လှူ ဒါန်းထားသည့် လူများအနေဖြင့် Page Messengerကို နာမည်နဲ့amountကို ssရိုက်ပြီးပို့ပေးပါဗျ ... Pageကနေlistလုပ်ပြီး ငွေစာရင်းတွေကို သေချာထုတ်ပြန်ရှင်းလင်းပေးမှာပါ ။
ဝေးရပေအုံးမည်.....😢
တက္ကသိုလ်ဖွင့်ရန် တနှစ်ခန့် ကြာနိုင်သေး၊ စာမေးပွဲများကို Onlineမှ ဖြေဆိုရန်မရှိ
------------------------------------------------------------
၂၉-၇-၂၀၂၀(ဗုဒ္ဓဟူးနေ့)
ပါမောက္ခချုပ်များကော်မတီ၏ COVID-19ကာလ တက္ကသိုလ်များ စဉ်ဆက် မပြတ်ပညာရေး ဆောင်ရွက်နိုင်ရန် ကြိုတင်လုပ်ငန်းများ ချမှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ Zoom Meetingဖြင့်ကျင်းပရာ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Dr.သိန်းဝင်း၊ နှင့်တကွ တာ၀န်ရှိသူများ ပင်လုံနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ဆရာမများနှင့် ပင်လုံနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုယ်စားလှယ်များတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင်ပြောကြားခဲ့သော အကြောင်းအရာများကိုကောက်နှုတ်တင်ပြအပ်ပါသည်။
အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Dr.သိန်းဝင်းမှ
- တက္ကသိုလ်များတွင် Online learning ဖြင့် သင်ကြားသင်ယူမှုပြုလုပ်ရန် ပြင်ဆင်ထားမှု အခြေအနေအား အမျိုးသားအဆင့် COVID-19 ထိန်းချုပ်မှု ဗဟိုကော်မတီသို့ တင်ပြထားပြီး ဗဟိုကော်မတီမှ ဆုံးဖြတ်မှုများ မပြုရသေးပါကြောင်း။
- စာမေးပွဲကိစ္စများကိုမူ Onlineမှ ဆောင်ရွက် မည်မဟုတ်ဘဲ COVIDအလွန်ကာလမှသာ စစ်ဆေးမည်ဖြစ်ကြောင်း။
- Online learning အတွက် လိုအပ်သော ဘတ်ဂျက်(Euro 5.1 million ) ကျပ်သန်း ၈၀ဘီလီယံတောင်းခံထားသော်လည်းယခုနှစ်တွင် ချထားပေးရန် မရှိသေးကြောင်းနှင့် နိုင်ငံတကာမှ COVID-19 Planအရ ထောက်ပံ့မှုများကိုလည်း ယခုထိ လက်ခံရရှိမှု မရှိသေးကြောင်း၊ ရရှိပါက Online learning အတွက် ထောက်ပံ့နိုင်မည်ဟု ထင်ရပါကြောင်း
- Online learning ဆောင်ရွက်ပါက လိုအပ်သည့်အရာများ(Memory card, Dual drive stick)အား ထောက်ပံ့ပေးမည်ဆိုသော်လည်း သင်ကြားမှုပြီးလျင် ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်းသိရပါသည်။
ထို့အတူပါမောက္ခချုပ်များ ကော်မတီ ဥက္ကဌ Dr.ဇော်ဝေစိုးမှ
- တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်၍ face to faceသင်ကြားရန်မှာ techniqueများ၊ guide lineများကိုပင် နောက် သုံး၊ လေးလမှသာ ချမှတ်နိုင်ဖွယ် ရှိပါကြောင်း
- တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အချိန်ကာလ အနည်းဆုံး ၁နှစ်ခန့်ကြာမြင့်နိုင်ပါသေးကြောင်း။
- စာမေးပွဲစိစစ်ရေးကို Onlineမှလုံး၀(လုံး၀)ပြုလုပ်မည်မဟုတ်ကြောင်းးနှင့် service poverty ကို ၅ရက်နေ့တွင် ဆွေးနွေးပြီးမှာဖြစ်ပြီး ထိုချိန်တွင် ပြန်လည်အကြောင်းကြားပါဦးမည် ဟု အစည်းအဝေးကောက်နှုတ်တင်ပြလိုက်ရပါသည်။
သတင်းနှင့်ပြန်ကြားရေး
Stay at Homeရင်း ပျင်းပျင်းနဲ့ Phoneထဲရှိတဲ့ ဓာတ်ပုံတွေလိုက်ကြည့်ရင်း ဒီပုံကိုပြန်တွေ့တော့ အဲ့အချိန်ကာလကို ပြန်မှတ်မိသွားတယ်...အဲ့အချိန်ကာလဆိုလို့ အဝေးကြီးမထင်နဲ့အုံး 2019 စာသင်နှစ်အကုန် Sec Sem ပြီးတုန်းကပေါ့ဗျာ.....
ဒီပုံကတကယ်တော့သမိုင်းဝင်ဓာတ်ပုံလို့ဆိုရမှာပဲ.... သမိုင်းဝင်ရတဲ့အကြောင်းအရင်းက မိန်းကလေးဆောင်မှာ သီချင်းသွားဆိုဖြစ်တာကစရမှာပဲ။ အခုခေတ်မှာ တက္ကသိုလ်ကျောင်းသားတွေ မိန်းကလေးအဆောင်ရှေ့မှာ သီချင်းဆိုတယ်ဆိုတာ အင်မတန်မှရှားပါးသွားပါပြီ။ ၁၉၈၀ နှစ်ဝန်းကျင်က ရန်ကုန်တက္ကသိုလ်ဝန်းထဲက ကျောင်းသားတွေ မိန်းကလေးအဆောင်တွေရှေ့မှာသီချင်းသွားဆိုကြတာကို ဇာတ်ကားတွေထဲမှာတော့ မြင်ဘူးကြမယ်ထင်ပါတယ်။ ကိုတွေကျောင်းကမိန်းကလေးဆောင်တွေမှာတော့တခြားစီ အဆောင်တွေအကုန်ပေါင်းပြီး ဝန်းခတ်ထားတဲ့အပြင် အခုအပြင်ကပြဿ နာတွေပါတတ်လာတော့ နှစ်ထပ်ပါထပ်ခတ်လိုက်သေးသကို။ ပြဿ နာက အဲ့ကစတာပဲ အပြင်လမ်းကဆိုသမျှ ဝန်းထဲက ဘယ်မိန်းကလေးအဆောင်မှ မကြားရတာပဲ...ကိုတွေက ခံစားပြီးဆိုသမျှ သူတို့က ကိုတွေပါးစပ်လှုပ်တာလောက်ပဲ မြင်ရမယ်ထင်တယ်...ဇာတ်ကားထဲကလို လက်ဖက်သုပ်လာကျွေးဖို့အနေသာ ရေတောင်လာတိုက်မယ့်လူတောင် မရှိဘူးဗျ ။ အဲ့ညက ဘယ်သူကစလိုက်တယ်မသိ ကို့ကောင်တွေအားလုံး မိန်းကလေးဆောင်မှာ သီချင်းသွားဆိုဖြစ်ကြတယ်ဆိုပါတော့။ မိန်းကလေးအဆောင်က စော်ရှိတဲ့ကောင်တွေကလည်း ကိုတို့သီချင်းလာဆိုတယ် ဆိုပြီး လက်ပြဘာပြပေါ့ဗျာ။ အဖွဲ့ထဲကသာပြနေသာ ဝန်းအရှေ့မှာ သစ်ပင်တွေကလဲ စိုက်ထားလိုက်သေးသဗျ ။ သီချင်းဆိုပြီးသိပ်မကြာပါဘူး ဆရာရောက်လာတယ်ကြားတာပဲ။ အမှန်တော့ဆရာက ပြဿ နာတတ်မှာကြောက်လို့လာထိန်းတဲ့ သဘောပါ။ အဲ့အချိန်မှာ ဆရာ့ပါဆွယ်ပြီး သီချင်းဆိုဖြစ်တော့တာပဲ။ ဆရာနဲ့ရှေ့ဟောင်းနောက်ဖြစ်တွေပြောပြီး ခေတ်ဟောင်းသီချင်းတွေ ပြန်ဆိုရတာ ပြန်မရနိုင်တော့တဲ့ တကယ့်အနှစ်သာရတွေပါ။ အခုလိုကျောင်းတတ်လာတဲ့ လေးနှစ်တာကာလမှာ တက္ကသိုလ်ကအဆောင်ကျောင်းသား တယောက်အနေနဲ့ အခုလိုအမှတ်တရတွေနဲ့ ဖြတ်သန်းရတာ တကယ်ကိုပျော်ရွှင်စရာပါ။ ကျောင်းပြီးခဲ့ရင်တောင် ငါတို့ကျောင်းသားဘဝတုန်းက မိန်းကလေးအဆောင်ရှေ့မှာအဆောင်မှုးနဲ့အတူ သီချင်းဆိုခဲ့တာဆိုပြီး ဒီညအကြောင်းကို ပြန်အမှတ်ရမိမယ်ထင်ပါတယ်....ဒီကပ်ဆိုးကြီးကိုကျော်လွန်သွားရင် အဆောင်ကကောင်တွေမသေသေးရင်ပေါ့ သီချင်းသွားဆိုချင်ပါသေးတယ်.....
ဆရာနဲ့တကွအဆောင်ကကောင်တွေအားလုံး ဘေးကင်းရန်အလို့ငှါ.........
အမှားပါရင် ခွင့်လွှတ်ပါရန်........
(Sry for my writing skill)
Thanlwinဆောင်မှာ ယခုလက်ရှိနေထိုင်နေကြသောသူများ ၊ အိမ်ပြန်ရောက်သွားပြီဖြစ်ကြတဲ့သူများနဲ့ ယခုလက်ရှိလမ်းမှာရှိကြသူများအားလုံး Covid-19မှ ကင်းဝေးကြပါစေဗျာ...
Sec Sem မှာ ကျန်းကျန်းမာမာနဲ့ အားလုံးကိုပြန်တွေ့ချင်တယ်......
"ကျေးဇူးတင်လွှာ"
ပြီးခဲ့သောနေ့ ပြည်ထောင်စုအကြိုနေ့ ဈေးရောင်းပွဲတော်တွင် အစစအရာရာ အဖက်ဖက်မှကူညီလုပ်ကိုင်ပေးခဲ့သော အဆောင်မှလုံခြုံရေးမှုး ဦးမြင့်ဝင်း၊ တစ်ညလုံးအိပ်ရေးအပျက်ခံပြီး ဝိုင်းဝန်းကူညီပေးခဲ့ကြသော သံလွင်ဆောင်မှကျောင်းသားများ၊ မနက်ပိုင်းပွဲတွင် လာရောက်ကူညီရောင်းချပေးသွားခဲ့သော ကျောင်းသားများနှင့် အစစအရာရာ ယုံကြည်စွာဖြင့် လက်မှတ်ဝယ်ယူ၍ အားပေးခဲ့ကြသော ကျောင်းသား/သူ customer တစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဖက်မှ Quality အားနည်းခြင်း Service အားနည်းခြင်းနှင့် တစုံတရာ အားနည်းခြင်းများရှိခဲ့ပါလျှင် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်ပါတယ်....
ကျေးဇူးအထူးတင်ပါတယ်....
မနက်ဖြန်ဆိုရင်တော့ ပြည်ထောင်စုနေ့အကြို ဈေးရောင်းပွဲတော်ကြီးစတင်တော့မှာဖြစ်ပါတယ်...ထုတ်သမျှလက်မှတ်တိုင်းကို Stock out ဖြစ်အောင်အားပေးခဲ့ကြသော customer တစ်ယောက်ချင်းစီကို သံလွင်ဆောင်မိသားစုမှလည်း အထူးကျေးဇူးတင်ပါတယ်....
ကဲမနက်ဖြန်ပွဲမှာ သံလွင်ဆောင်ကအကိုကြီးတွေ မောင်လေးတွေဆီမှာ မုန့်လေးတွေထုတ်ရင်း တွေ့ကြမယ်နော့်....
သံလွင်ဆောင်ကျောင်းသားဟောင်းများ၏ ရိုးရာထမနဲပွဲ စတင်လှုပ်ရှားအမှု မြင်ကွင်းပုံရိပ်များ....
"သံလွင်ဆောင်၏ နှစ်စဉ်ကျင်းပဆဲ ထမနဲထိုးပွဲ"
သံလွင်ဆောင်လို့ပြောရမည်ဆိုလျှင် အမြဲစည်းလုံးနေတဲ့ ကျောင်းသားထုကြီးကို ပေးမြင်မိမယ်ထင်ပါတယ်...ယခုအခါ သံလွင်ဆောင်စတည်သောနှစ်မှစ၍ ယနေ့တိုင် ဆင်နွှဲလျက်ရှိသော သံလွင်ဆောင်၏ တတိယအကြိမ်မြှောက် ထမနဲထိုးပွဲကို ကျင်းပမည်ဖြစ်ပါသည်။ လာမည့် စနေနေ့ ညအချိန်တွင် ထမနဲထိုးကာ စတုဒီသာလှူတန်းမည်ဖြစ်ပါသည်။ ဤပွဲအား ဆရာဦးလွင်မိုးနှင့်အတူရှိခဲ့ဖူးသော ကျောင်းသားဟောင်းများစုစည်း၍ ဦးဆောင်ကာ ဒါနအား ကာယအားဖြင့် ပါဝင်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် သံလွင်ဆောင်တွင်ရှိကြသော ညီငယ်များ ညီအကိုများအားလုံး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်.....
သံလွင်ဆောင်က ပြည်ထောင်စုနေ့ပွဲအတွက် ဘာမှမရောင်းဘူးလားလို့ လာလာမေးနေကြတဲ့ သူတွေအတွက်ရောင်းလိုက်ပါပြီ ရောင်းတာတွေကတော့ သံလွင်ဆောင်နဲ့ ဘယ်တော့မှခွဲခြားလို့မရတဲ့ သံလွင်ဘူးသီးကြော်၊ ကျောက်ကျောနဲ့ ထူးခြားမှုအနေနဲ့ကတော့ အရမ်းကိုစားကောင်းတဲ့ ဌက်ပျောသီးပေါင်းကိုပါ ထပ်မန်ရောင်းချသွားမှာ ဖြစ်ပါတယ် Item တစ်မျိုးစီကို ၅၀၀ကျပ်ပဲဆိုတော့ အရမ်းတန်မယ်လို့ထင်ပါတယ်...
ထပ်ပြီးတော့ သံလွင်ဆောင်က အကိုကြီးတွေက စေတနာနဲ့ ဖျော်စပ်ထားတဲ့ Fruits Juiceတွေကို Free တိုက်ဦးမှာဆိုတော့ အရမ်းတန်နေပီနော်
အခုပဲ Thanlwinhostel Message Box ကနေပီးတော့ လက်မှတ်မကုန်ခင် ဝယ်ယူလိုက်တော့နော်....
Another Content
09 686229425
ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ ဘာသာရပ်ပေါင်းစုံ ဘောလုံးပွဲတွင် ပထမဆုကို ထိုက်"တန်" ရရှိသွားခဲ့သော Statistics အသင်းနဲ့ အားကြိုးမာန်တတ်နဲ့ အားပေးစွမ်းဆောင်ခဲ့သော နည်းပြဦးလွင်မိုး အားဂုဏ်ပြုပါတယ်....
Happy Birthday Sayr.....🎉🎉🎉
သံလွင်ဆောင်လို့ပြောလိုက်ရင် ရုပ်ဖြောင့်ဖြောင့်နဲ့ ခပ်ချောချောအကိုကြီးတွေထည့်မတွတ်ရင် မည်သူ့ကိုပြေးမြင်မိမယ်ထင်ပါသလဲ?
ကျနော်ကတော့ အလွန်တရာမှ စိတ်သဘောနှောကောင်းလှတဲ့ ချစ်လှစွာသော ဆရာဦးလွင်မိုးကိုပဲ ဧကန်မုချ ဖြေရပါလိမ့်မယ်။ သံလွင်ဆောင်နှင့် ဦးလွင်မိုးမှာ မည်သို့မှပင် ခွဲခြားမရသော အရာပင်ဖြစ်သည်။ ဆရာ့ကို ဘာပကာသနမှမမက်မောပဲ တပည့်များအပေါ်မှာ အင်မတန်မှ နားလည်ခွင့်လွတ်ပေးတဲ့ သဘောကောင်းလှသော ဆရာအဖြစ်သိကြမယ်လို့ထင်ပါတယ်။ ဆရာဟာ (ရန်စီး ရွာသာကြီး) အမျိုးသားဆောင်တွင် နှစ်အတော်ကြာ အဆောင်မှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဧရာဝတီ သံလွင်ဟု ပြောင်းလဲခေါ်ဆိုပြီးနောက် သံလွင်ဆောင်တွင်ဆက်လက် တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။ ဆရာရဲ့ အဆောင်သားများအပေါ် ကို့သားအရင်းလို ပြောဆိုဆုံးမ ချစ်ခင်ပေးမှုကြောင့် အဆောင်ကျောင်းသားတိုင်း ဆရာ့ကို ချစ်ခင်ကြသည်။ ကျွန်တော်တို့နှင့် ဖြတ်သန်းလာခဲ့သော ယခုလေးနှစ်တာကာလအတွင်း ဆရာ့ရဲ့ ဆိုဆုံးမမှု နှိုးဆော်မှု တွန်းအားပေးမှုတွေကြောင့် Finalရောက်လာခဲ့တယ်ဆိုတာ ပြောဆိုထောက်ပြရန်ပင် မလိုအပ်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ ဆရာ့အနေဖြင့် လာမည့် သောကြာ ၃၁ရက်နေ့တွင် ၅၂နှစ်ပြည့်မည့် ဆရာ့မွေးနေ့ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကြောင်းနှင့် နောင်လာမည့်နှစ်များတွင်လဲ စိတ်ကျန်းမာ ကိုယ်ကျန်းမာ ပျော်ရွင်စွာဖြင့် ဆရာ့မိသားစုနှင့်တကွ သက်ဆုံးတိုင် နေထိုင်သွားနိုင်ပါစေကြောင်း ချစ်ရပါသော သံလွင်ဆောင်ကျောင်းသားများမှ ဆုမွန်ကောင်းတောင်းပါတယ်.......
အမှားပါရင်ခွင့်လွှတ်ပါရန် . . . .
New Year နဲ့ FW Intro စ....
Click here to claim your Sponsored Listing.
Category
Website
Address
Yangon University Of Economics (Yar Thar Gyi Campus) No 2 Main Road
Yangon
No-12A , Dagon Center-2(Residence Tower)
Yangon, 11111
မြန်မာနိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်နှင့် နည်းပညာသင်တန်း
No 70, Min Ye Kyaw Swar Road , 9th Ward , East Dagon Township , (Near 7/8 Junction North Dagon)
Yangon, 11421
We offer hands-on training programs designed to prepare students for a successful career
Yangon
Your Trustworthy Global Educational & Career Consultant
No 52/53, Second Floor, Sule Tower (1), Corner Of Sule Road And Anawrahta Road, Pabedan Township
Yangon, 11182
Go Go Hankuk Korean Education & Consultant
Yangon
AOEI is the Higher Education revolution. It is the first non-profit online Blockchain University in t
(Level 3, Taw Win Centre) 45, Pyay Road
Yangon
The best quality education at the most affordable price! ❤️Following the Cambridge curriculums❤️