PeTi Moe Clinic
Health
❗️❗️❗️ရာသီအကူးအပြောင်းကာလ အဖြစ်များတဲ့ ရာသီ တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ? ❗️❗️❗️
✅လူနေထူထပ်သော နေရာများသွားလာခြင်းမှ ရှောင်ကြဥ်ပါ
✅မဖြစ်မနေ သွားလာရမယ်ဆိုရင်လည်း နှာခေါင်းစည်း Mask ကိုစနှစ်တကျ တပ်ဆင်ပါ
✅လက်ကို ဆပ်ပြာ သို့မဟုတ် လက်သန့်ဆေးရည်တို့ဖြင့် စနစ်တကျ ဆေးကြောသန့်စင်ပါ
✅မသန့်ရှင်းသောလက်ဖြင့် မျက်စိနှာခေါင်းတို့ကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဥ်ပါ
✅မိမိနေအိမ်ပတ်ဝန်းကျင် ကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားပါ အိမ်ထဲ မှာ ဆေးလိပ်သောက်ခြင်းမပြုသင့်ပါ
✅မသန့်ရှင်းသော အစားအစာများ ယင်နားစာများ နှင့်
အမှည့်လွန်အသီးအနှံများ စားသုံးခြင်းမှ ရှောင်ပါ
✅ကိုယ်ခံအားကောင်းမွန်အောင် အိပ်ရေးဝဝ အိပ်စက်ပါ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသော အစားအသောက်များ စားသုံးပါ
✅Vitamin C နှင့် Zinc ဓါတ်ပါဝင်သော အားဆေးများ သောက်သုံးခြင်းဖြင့်လည်း ကိုယ်ခံအားကောင်းမွန်ပြီး ရောဂါကာကွယ်နိုင်ပါတယ်
✅ရာသီ တုပ်ကွေးကာကွယ်ဆေး influenza vaccine ကို တစ်နှစ်တကြိမ် မိုးရာသီ မတိုင်မီ စနှစ်တကျ ထိုးနှံခြင်းဖြင့်လည်းကာကွယ်နိုင်ပါတယ်
📢📢📢
ချစ်ခင်စွာဖြင့်
Dr. Aung
Pi Ti Moe Clinic
31.7.2021
#သွေးလွန်တုပ်ကွေး
ယခုရာသီအတွက် ကလေးများအတွက် ဂရုပြုစရာ.....
ကလေးများနှင့်သွေးလွန်တုပ်ကွေးအန္တရာယ်
❗️သွေးလွန်တုပ်ကွေး အနှစ် ချုပ်
သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )
ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်
၁. အော့ အန် ခြင်း
၂. အရေပြား ပေါ် တွင် အဖိန့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကိရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေးဖြူဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် အရောင်အန်ခြင်း
⚠️အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်
❗️အန္တရာယ် လ က္ခဏာ များ
၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း
❗️ဆေးရုံတက်သင့် သော လူနာများ
၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ
#သွေးလွန်တုပ်ကွေး #သွေးလန့်ခြင်းလက္ခဏာများ
(𝐃𝐞𝐧𝐠𝐮𝐞 𝐒𝐡𝐨𝐜𝐤 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞)
👉ခန္ဓာကိုယ်အတွင်း သွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင် အဖတ်အမျှင်လေးများပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်း သွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း
👉ခန္ဓာကိုယ်ရှိ အရေပြားပေါ်တွင် ထိခိုက်သကဲ့သို့၊ သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း
👉ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းသွားခြင်း ( များသောအားဖြင့် စဖျားသည့်နေ့မှ (၃)ရက်မြောက်တွင် ဖြစ်တတ်ပါသည်။)
👉ရုတ်တရက် ဗိုက်အောင့်လာခြင်း
👉ဂနာမငြိမ်ဖြစ်ခြင်း (သို့) အရမ်းမှိန်းလာခြင်း
👉ဆီး မသွားခြင်း
👉ခြေဖျား လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း
သွေးလန့်လျှင် မှိန်းနေပြီး တကိုယ်လုံး အေးစက်လာခြင်း
👉သွေးပေါင်အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍ မရသည့် အခြေအနေဖြစ်ခြင်း၊ အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် 20mmHg (သို့) ထို့ထက်နည်းခြင်း
👉အစာ/ ရေ မဝင်နိုင်လောက်အောင် အဆက်မပြတ်အန်ခြင်း စသည်တို့ဖြစ်ပါသည်။
‼️‼️မိဘများ အထူးသတိပြုရန်‼️‼️
⚠️ကလေး အစား နှင့် အရည် မဝင်လျှင်၊ဗိုက်အောင့်လျှင်၊အဖျားကျ ပြီး တကိုယ်လုံးအေးစက်နေသော်လည်း မလန်းလျှင် မှိန်းနေလျှင်၊ဆီးမသွားနိုင်လျှင်၊တောက်လျှောက်အန်နေလျှင်၊
⚠️ကိုယ်ပူချိန် မကျဘဲ 102'F နှင့်အထက်မှာ ရှိနေလျှင်၊ တက်လျှင်
⚠️ နှာခေါင်းသွေးယိုလျှင် ၊သွားဖုံးသွေးယိုလျှင်၊ ကတ္တရာစီးရောင် ဝမ်းမည်းမည်းသွားလျှင်၊ဆီးထဲသွေးပါလျှင်၊ခန္ဓာကိုယ်တွင်အနီစက်များထွက်လျှင်၊အညိုအမဲကွက်များပေါ်လျှင်
🔰ချက်ချင်း တတ်ကျွမ်းနားလည်သော ဆရာဝန် / ကလေးအထူးကု ဆရာဝန်နှင့် ပြသရန် ဆေးရုံ ဆေးခန်းသို့ သွားရပါမည်။🔰
⛔️သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ⛔️
👉နေ့ခင်းဘက်ကလေးအိပ်ရင်ခြင်မကိုက်အောင်ခြင်ထောင်ထောင်သိပ်ပါ
👉ခြင်မပေါက်ပွားအောင် ရေလှောင်ကန်တွေကိုအဖုံးဖုံးအုပ်ပါ၊ပိုလောက်လန်းတွေ့လျင် ရေကိုလှယ်ပစ်ပါ
👉အိမ်ပတ်ဝန်းကျင်တွင် ခြင်မခိုအောင်းနိုင်အောင် ခြုံများ၊ တာယာကန်များ၊မိုးရေတင်နိုင်သောရေခွက် အိုးခွက်ဟောင်းများကိုစနစ်တကျ စွန့်ပစ်သန့်ရှင်းရေးလုပ်ပါ
👉ဘုရားပန်းအိုးများကိုနေ့စဥ်လဲလှယ် ပေးပါ (ပိုးလောက်လန်း ပေါက်ပွားမှုကိုမရှိစေရန်)
👉ပိုးလောက်လန်းကင်းစင် မှသာ သွေးလွန်တုပ်ကွေးဖြစ်စေသောခြင် ကင်းစင်မည် ဖြစ်ပါသည်။
Reference: Prof Dr Saw Win, WHO Myanmar, happylifeonlineclinic
သားသားမီးမီးတို့သွေးလွန်တုပ်ကွေးအန္တရာယ်မှကင်းဝေးကြပါစေ။
credit....
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Min Dhama Road
Yangon, 11061
အိပ်ယာပေါ်မှာ ဘုရင်တစ်ပါးဖြစ်စေဖို့ MaxMan ကို သုံးကျစို့
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091
BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ
Yangon
A kind of knowledge sharing right now. It will do to continue to develop.