Medi Max Online Pharmacy

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Medi Max Online Pharmacy, Medical and health, No 25, 122street, Mingalar Taung Nyunt township, Yangon.

14/05/2023

ရခိုင်မြောက်ပိုင်း အရေးပေါ် အခမဲ့လူနာတင်ယာဉ်များ ကွန်ယက် ဆက်သွယ်ရန် ဖုန်းနံပါတ်များစုစည်းမှု

၁။ မောင်တောမြို့
အသင်းအမည် - KRN (Since-2018)
မောင်တောမြို့နယ် ကရုဏာကွန်ရက်
Karuna Rescue Network,Maungdaw
☎️- 09450559011/ 09250242566 / 09421724020 / 09892527974
https://www.facebook.com/maungdawhealth/

၂။ ဘူးသီးတောင်မြို့
အသင်းအမည်-
WDAB (Since-2016)
အနောက်တံခါးလူမှုကူညီကယ်ဆယ်ရေအသင်း
Western Door Rescure
Association,Buthidaung
☎09444237366,09250453511
☎ 09423144689
https://www.facebook.com/WDAB-Emergency-Service-1197632806945013/

၃။ ဘူးသီးတောင်မြို့
အသင်းအမည်-ရွှေဘူးသီး ပရဟိတအသင်း
ဆက်သွယ်ရန်ဖုန်းနံပါတ်များ -
📞09 454 915 800
📞09 421 702 224
📞09 264 918 290
📞09 250 760 664
📞09 263 111 200
📞09 451 216 133

https://www.facebook.com/103878008700801/posts/134480255640576/

၄။ စစ်တွေမြို့
ရွှေကရုဏာဖေါင်ဒေးရှင်း
☎09254032849,09421742424
☎ 09254033646
https://www.facebook.com/shwe.keruna

၅။ စစ်တွေမြို့
အသင်းအမည်-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
☎ဆက်သွယ်ရန်☎
📞09421712136📞
📞09755866100📞 (ရုံးဖုန်း)
📞09421765245📞
📞09261652117📞 (သွေးတာဝန်ခံ)
📞09668598083📞 (ရေတာဝန်ခံ)
📞09261853694📞 (oxygen တာဝန်ခံ)
https://www.facebook.com/104410934280813/posts/628258428562725/

၆။ ပုဏ္ဏားကျွန်းမြို့
အသင်းအမည် (PDYO)
Ponnagyun Development Youth Organization
☎09421746797,09422383826
☎09422383817,09422383827 https://www.facebook.com/pngdevyouth/

၇။ ကျောက်တော်မြို့
အသင်းအမည်-
ဖြူစင်မေတ္တာပရဟိတအသင်း
☎09261648068,09261071938, 09421734353
☎09259786025,09253075710 https://www.facebook.com/profile.php?id=100060181620952&mibextid=ZbWKwL

၈။ မြောက်ဦးမြို့
အသင်းအမည်-
ကရုဏာလှိုင်းသွေးအလှူရှင်များအသင်း
☎09250830644,09260259115
https://www.facebook.com/580917072050244/

ဖုန်းနံပါတ်များ Update မဖြစ်ပါက Comment တွင်ဖြည့်စွပေးနိုင်ပါသည်။

သင်၏ Share ဖြင့် အသက်ကယ်ပါ ၊ ကုသိုလ်ယူပါ ။
Source - WDAB
(ကရုဏာ- သတင်းနှင့်ပြန်ကြားရေး)
☎️ - 09421762178 ထံမှ ထပ်ဆင့်ဖော်ပြသည်။
Crd

မောင်တောမြို့နယ် ကရုဏာ ကွန်ရက် Emergency Rescue Service

31/03/2023

အုန်းစိမ်းရည် မှာ ဘာတွေ ပါလဲ????

ရာသီဥတု က တဖြည်းဖြည်း ပူတဲ့ဘက်ကိုရောက်လာတာ နှင့် အမျှ အခုလို အချိန်ဆို နယ်ရော မြို့ပါ မကျန် #အုန်းစိမ်းရည် ရောင်းတဲ့ သူတွေ များလာသလို သောက်တဲ့ သူတွေ လည်း တဖြည်းဖြည်း များလာပါတယ်။ ဒါပေမယ့် အုန်းရည် သောက်ရင် ကောင်းလား မကောင်းလားဆိုတဲ့ မေးခွန်းတွေ ကတော့ လူအများကြားမှာ အမြဲ ရှိနေပါတယ်။ တကယ်ကော အုန်းရည် က ဘယ်လို အာနိသင်တွေ ပေးသလဲ????

ပထမဆုံး အုန်းရည်တစ်ခွက် (240 ml) မှာ ပါတဲ့ အာပာာရ တန်ဖိုးကို သိထားဖို့လိုပါတယ်။ အုန်းရည် တစ်ခွက်မှာ ဆိုရင် (၂၄၀ ml) ကယ်လိုရီ ၄၅ ရှိပါတယ်။

Electrolytes ( #ဓါတ်ဆား) တွေ အဓိကပါပါတယ်။

အုန်းရည် က #ကယ်လိုရီနည်း ပြီး ကိုလက်စထရော မပါဝင် တဲ့ သဘာဝ အားဖြည့်ရည်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် သူ မှာပါတဲ့ ပိုတက်ဆီယမ် ပမာဏ က ပိုတက်ဆီယမ် ကြွယ်ဝ လှပါပြီ ဆိုတဲ့ ငှက်ပျောသီး ထက်တောင် ပိုများပါတယ်။ ဒါကြောင့် သောက်မယ်ဆိုရင် တခွက် (240 ml) ထက်တော့ မပိုသင့်ပါ။ နောက်တခု အရေးကြီးတာ ကတော့ ကျောက်ကပ် မကောင်းတဲ့ သူတွေ ပိုတက်ဆီယမ် တက်နေချိန်မှာ မသောက်သင့်ပါဘူး။ ပုံမှန် ချိန်ဆိုရင်တောင် သက်ဆိုင်ရာ ဆရာဝန်နဲ့ သေချာဆွေးနွေး တိုင်ပင်ပြီးမှ သောက်သင့် မသောက်သင့် သောက်လို့ရတယ် ဆိုရင်လည်း ပမာဏ အတိုင်းအတာ ကို သေချာ ဆွေးနွေးသင့်ပါတယ်။

ဘယ်လိုကောင်းကျိုးတွေ ရှိနိုင်လဲ။

1. #ချွေးအရမ်းထွက်သွားရင် ချွေးနဲ့ အတူ သတ္တု ဓါတ်တွေ ပါဆုံးရှုံးသွားတတ်ပါတယ်။ အဓိက ဆိုဒီယမ် လိုမျိုး ဆားဓါတ်တွေ ဆုံးရှုံးသွားရင် စိတ်တွေရှုပ်ထွေးပြီး နုံးလာတတ်ပါတယ်။ အဲ့လို အချိန်ဆိုရင်တော့ အုန်းရေ သောက်ပေးလို့ရပါတယ်။ ဒါပေမယ့် တစ်ခွက်ထက်တော့ မပိုပါစေနှင့်။

2. ထုံးစံ အတိုင်း အုန်းရည်မှာလည်း ဓါတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ #ဗီတာမင် နှင့် #သတ္တု ဓါတ်များစွာ ပါဝင်တဲ့ အတွက် အိုမင်းရင့်ရော်မှု့ ကို တဖက်တလမ်ဒဂကနေ ငာကွယ်ပေးပြန်ပါတယ်။

3. ခန္ဓာ ကိုယ်အတွင်းရှိ ဓါတ်တိုးပစ္စည်းများ ကို လျှော့ချပေးတဲ့ အတွက် ဓါတ်တိုးပစ္စည်း တွေ များလာရင် ဖြစ်နိုင်တဲ့ သွေးတိုးရောဂါ၊ #နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတွင်း #ကိုလက်စထရောတက်ခြင်း (Triglycerides) စတာတွေ ကို လည်းကာကွယ်ပေးနိုင်ပါတယ်။

4. ထို့အတူ #ဓါတ်တိုးဆန့်ကျင် သတ္တိ ရှိတဲ့ အတွက် ခန္ဓာကိုယ်ရှိ ဆဲလ်များ ဓါတ်တိုးပစ္စည်းများကြောင့် ပျက်ဆီး အသွင်း ပြောင်းပြီး နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အလွန် အန္တရာယ်များတဲ့ #ကင်ဆာ ရောဂါ ဖြစ်ပွားမှု့ကို လည်း တဖက်တလမ်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။

5. #ဆီးချို ဝေဒနာရှင်တွေ အတွက်လည်း မဂ္ဂနီဆီယမ် ပါဝင်တဲ့ အတွက်ကြောင့် အင်ဆူလင် ရဲ့ လုပ်နိုင်စွမ်းအား ကို မြှင့်တင်ပေးနိုင်တဲ့အတွက် ဆီးချိုပမာဏ ကို ထိန်းညှိပေးနိုင်ပါတယ်။ Fasting Blood Glucose level ကိုလျှော့ချပေးတဲ့ အပြင် HbA1c ကိုပါ လျှော့ချပေးနိုင်ပါတယ်။

6. #အမျှင်ဓါတ် ကြွယ်ဝ တဲ့ အတွက် သွေးတွင်း ကိုလက်စထရော ကို ကျစေနိုင်ပါတယ်။

7. Triglycerides ကျစေတဲ့ အတွက် #နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးတာဂတွေ ကို လည်း ကာကွယ်ပေးနိုင်ပါတယ်။

8. အုန်းရည် တစ်ခွက် (240 ml) မှာ ပိုတက်ဆီယမ် 600 mg ပါတဲ့အတွက် #သွေးတိုး ရောဂါ ဝေဒနာရှင်တွေ အတွက် သင့်လျော်ပါတယ်။ သွေးပေါင်ကျစေပါတယ်။

9. ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ် နှင့် မဂ္ဂနီဆီယမ် တို့ ပါဝင်တဲ့ အတွက်ကြောင့် တာဝေး အပြေးသမားများ၊ အချိန် အကြာကြီး လေ့ကျင့်ခန်း လုပ်တတ်တဲ့ သူတွေ အတွက် သင့်တော်ပါတယ်။

10. ရေဓါတ် ကိုလည်း ပြန်လည်ဖြည့်တင်းပေးတဲ့ အပြင် သတ္တု ဓါတ်များကိုပါ ဖြည့်တင်းပေးနိုင်ပါတယ်။

အုန်းရည်သောက်ရင် ကောင်းတယ်ဆိုပေမယ့် တခွက် (240 ml) ထက်တော့ မပိုသင့်ပါဘူး။ ဒီ့အပြင် အုန်းရည် ဆိုပြီး အုန်းနို့ တော့ မသောက်သင့်ပါဘူး။ ကိုလက်စထရော နှင့် triglycerides များစွာပါဝင်တဲ့ အတွက် ကျန်းမာရေး အတွက် မကောင်းပါဘူး။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#သွေးတိုး #ဆီးချို #အုန်းရည် #အုန်းစိမ်းရည်

28/03/2023

🤔အသက် (၅၀) ကျော်လာပေမဲ့ ဆယ်ကျော်သက် လူငယ်လေးတွေလို ဖလန်းဖလန်းဖြစ်နေအောင် ဘယ်လိုနေထိုင်ကြမလဲ???
🤔ကျန်းမာဖျတ်လတ်ပြီး ရောဂါဘယကင်းဝေးအောင် ဘယ်လိုကာကွယ်မလဲ???

🦴🦴လူကြီးတစ်ယောက်ရဲ့ နေ့စဥ်ဘဝမှာ ကယ်လ်စီယမ် (Calcium) ဓာတ် ချို့တဲ့ရင် သွေးဖိအားများခြင်းနှင့် အရိုးအားနည်းများ ဖြစ်ပေါ်စေနိုင်တာမို့လို့ ကယ်လ်စီယမ် (Calcium) ဓာတ် လုံလောက်စွာရရှိဖို့ အရေးကြီးပါတယ်။ ကယ်လ်စီယမ် (Calcium) ဓာတ် ကြွယ်ဝနေမှ လူကြီးတွေရဲ့ အရိုးနှင့် သွားများဟာ ကျန်းမာကြံ့ခိုင်လာမှာပါ။

💪🏻ဇင့် (Zinc) ဓာတ်ပြည့်ဝနေရင် ခန္ဓာကိုယ်ထဲမှ ဆဲလ်တွေက ဗိုင်းရပ်စ် နှင့် ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ခိုက်နိုင်တာဖြစ်လို့ ဇင့် (Zinc) ဓာတ်ကလည်း လူကြီးများအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုပေါ့။

👁️အသက်အရွယ်ရလာတာနဲ့အမျှ အမြင်အာရုံအားနည်းလာတတ်တာမလို့ လူတိန်း (Lutein) ဓာတ်ကလည်း လူကြီးများရဲ့ အမြင်အာရုံကောင်းမွန်စေဖို့ အမှန်တကယ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်နေပြန်ရော။

👌🏻လူကြီးတွေရဲ့ အာရုံကြောများကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအား တိုးတက်ကောင်းမွန်စေဖို့အတွက်ကတော့
ဗီတာမင်ဘီအုပ်စုက မပါမဖြစ်။
ဒီလို ဒီလို ဗီတာမင်ဓာတ်တွေ ပြည့်ဝနေပြီဆိုရင်တော့ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွလာပြီး လူငယ်တစ်ယောက်လို ပေါ့ပါးသွက်လက်လာဖို့က ရာခိုင်နှုန်းများနေပါပြီ။

💚ABC Plus Senior မှာ လူကြီးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်တာကြောင့် အသက်အရွယ်ရလာတာနဲ့အမျှ ခံစားရတဲ့ ရောဂါဝေဒနာများအားလုံးကို သက်သာပျောက်ကင်းအောင် ကူညီပေးနိုင်တဲ့ အားဖြည့်ဆေးတစ်လက်ပါပဲ။ အသက် (၅၀) နှင့်အထက် ကျား၊ မ မရွေး တစ်နေ့ (၁)လုံး၊ နေ့စဉ် သောက်သုံးပေးရုံဖြင့် ဆယ်ကျော်သက်လေးတွေလို စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွပြီး ဖလန်းဖလန်းဖြစ်နေမှာ အသေအချာပဲပေါ့။

💚အသက်(၅၀)ကျော် လူကြီးများအတွက် အားထားစရာ ABC Plus Senior ပါ။

✌🏻Nature’s Bounty USA made အားဆေးများကို MediMax Pharmacy မှ ဈေး နှုန်း သင့်တင့်စွာဖြင့် ဝယ်ယူ ရှိနိုင်ပါပြီ ရှင့် ။

✌🏻ဝယ်ယူ အားပေးလိုသော ချစ် customer များ အနေဖြင့် MediMax Online Pharmacy chat box မှ ဖြစ် စေ ၊ 09971016473 ကို ဆက်သွယ်၍လည်းကောင်း၊ 09976533347 အားဆက်သွယ်၍လည်းကောင်း ဝယ်ယူအားပေးနိုင်ပါပြီ ရှင့်။

Photos from Medi Max Online Pharmacy's post 21/03/2023

25%၊ 50% glucose injection များဝယ်ယူရရှိနိုင်ပြီ ။ ❤️

09/03/2023

GDr glucose test strips များဝယ်ယူရရှိနိုင်ပါပြီ။

Photos from Medi Max Online Pharmacy's post 06/03/2023

Pregabalin (ပရီဂါဘလင်) 🏥
------------------
အာရုံကြောပိလို့နာတာ (ခါးနာ၊ လည်ပင်းကျီးပေါင်း) 📣 မှာ အသုံးများသည့် ဆေးက
Gabapentin နဲ့ Pregabalin ပါ။
မနေ့က Gabapentin အကြောင်း‌ ပြောပြီး၊ အခု Pregabalin အကြောင်းပြောပါမယ်။

အာရုံကြောနာကျင်မှုတွေက ပါရာစီတမော၊ NSAID တွေ နဲ့ လိုင်းမတူဘဲ အခုလို အာရုံကြော အနာသက်သာဆေး ပေးရတာ ရှိပါတယ်။

Pregabalin
----------------
အသုံးပြုနိုင်သောအခြေအနေများ

(၁) အတက်ရောဂါ

(၂) အာရုံကြောကြောင့် ဖြစ်သောနာကျင်မှု (သွေးချို၊ဆီးချိုရောဂါကြောင့် (သို့) ရေယုန်ရောဂါကြောင့် (သို့) အာရုံကြောညပ်ခြင်းကြောင့်)

(၃) အဖြေရှာမရသော ကြွက်သား နာကျင်ခြင်း

ဆေးညွှန်း - ✍️ 🧑‍🔬

(၁) အတက်ရောဂါ
တစ်နေ့လျှင် (150) မီလီဂရမ်ကို (2) ကြိမ် သို့မဟုတ် (3) ကြိမ်သောက်နိုင်သည်။ တစ်နေ့ (600) မီလီဂရမ်ထက် မကျော်ရပါ။

(၂) အာရုံကြောကြောင့်ဖြစ်သောနာကျင်မှု နှင့် (၃) အဖြေရှာမရကြွက်သားနာကျင်မှု
တစ်နေ့လျှင် (75) မီလီဂရမ်ကို (2) ကြိမ် သောက်နိုင်သည်၊ စုစုပေါင်း တစ်နေ့ (300) မီလီဂရမ်ထက်တော့ မကျော်ရပါ။

ဆရာဝန် ပြန်သွားပြရမည့်လက္ခဏာများ🧑‍⚕️‼️‼️
- ဖျား + နုံး + ကြွက်သားနာကျင်မှု (သို့မဟုတ်)
- အမြင်နှစ်ထပ်၊ အမြင်ဝေဝါးမှု (သို့မဟုတ်)
- တကိုယ်လုံးဖောရောင်လာခြင်း (သို့မဟုတ်)
- အပြုအမူပြောင်းလဲလာခြင်း (စိတ်ကျရောဂါရှိသူများတွင် သေကြောင်းကြံစည်မှုနှင့် ဆက်စပ်မှုရှိနိုင်သည်)

သတိပြုရန် 🚧

အတက်ရောဂါရှိ၍ စွဲသောက်နေသူများတွင် ဆေးကို ရုတ်တရက်မရပ်ရ။ တစ်ပတ်အချိန်ယူပြီး ဖြည်းဖြည်းချင်း လျှော့ရမည်။

တအားအိပ်ချင်၊ ခေါင်းနောက်နိုင်၍ အခြားအိပ်ဆေးများနှင့် သတိထားသုံးသင့်သလို၊ ဆေးသောက်နေဆဲ ကာလအတွင်း အမြင့်တက်ခြင်း၊ ကားမောင်းခြင်း၊ စက်ယန္တရားကြီးများ ကိုင်တွယ်ခြင်း၊ အနားသွားခြင်း၊ အဖော်မပါဘဲ ရေစိမ်ခြင်း၊ ရေကူးခြင်းများ ဆင်ခြင်သင့်သည်။

ဘေးထွက်ဆိုးကျိုးများ 😖💥

[ဦးနှောက်နှင့်အာရုံကြော]
ခေါင်းနောက်ခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်တိုခြင်း၊ အာရုံစူးစိုက်မှုလျော့ရဲခြင်း၊ မှတ်ဉာဏ်မကောင်းခြင်း၊ ခြေလက်ထုံကျဉ်ခြင်း၊ အလိုလိုစိတ်ပျော်ခြင်း၊ စိတ်ရှုပ်ထွေးနေခြင်း၊ မျက်စိပြာခြင်း

[အစာအိမ်နှင့်အူလမ်းကြောင်း]
အာခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ လေပွခြင်း၊ ခံတွင်းကောင်းခြင်း၊ ဝမ်းသွားခြင်း

[အခြား]
ခြေလက်ဖောရောင်ခြင်း ၊ ကြွက်သား အားလျော့ခြင်း၊ နုံးခြင်း၊ ၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ လက်တုန်ခြင်း ဖြစ်တတ်ပါသည်။

ရှောင်ရန်💢
ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ နှင့် အသက် (၁၈) နှစ်အောက် လူငယ်များတွင် အချက်အလက်မပြည့်စုံသေး၍ အသုံးမပြုပါ။ (တိရစ္ဆာန်နှင့် စမ်းသပ်မှုတွင် သန္ဓေသားကို ထိခိုက်မှုရှိကြောင်းတော့ တွေ့ထားပါတယ်)

စျေးကွက်ထဲရှိဆေးအမည်များ🗯️
Lyrica, Pregabalin

Dr. Kevin
MBBS, MRCP (UK)

10/02/2023

ခါးစည်းများဝယ်ယူရရှိနိုင်ပါပြီ

08/02/2023

သုံးလခံတားဆေးထိုးဆေးများ ရပါမယ်ရှင့်

Photos from Medi Max Online Pharmacy's post 27/01/2023

ဆောင်းတွင်းနှင့် အေးတဲ့ အချိန်တွေမှာ အဖြစ်များတဲ့ ပန်းနာရင်ကြပ် ရောဂါနှင့်ပတ်သက်သောရှူဆေးများကို Medi Max Online Pharmacy တွင်ဝယ်ယူရရှိနိုင်ပြီ ။❤️

Photos from Medi Max Online Pharmacy's post 17/01/2023

သွေးကျဆေး အုပ်စု (B) 🏥

[ဖတ်ရန်ကြာချိန် (၁) မိနစ်]
-----------------------------
နှလုံးခုန်နှုန်းနှေးအောင်လုပ်ပြီး သွေးပေါင်ကျစေတဲ့ အုပ်စုပါ။

သွေးကျဆေးအနေနဲ့ သုံးတာထက် အခြားရောဂါတွေမှာ သုံးတာပိုများပါတယ်။

ဥပမာ - နှလုံးခုန် ရင်တုန်တတ်တဲ့သူတွေ၊ နှလုံးသွေးကြောကျဥ်းလို့ ရင်ဘတ်အောင့်တတ်တဲ့သူတွေ၊ နှလုံးသွေးကြောပိတ်ဘူးတဲ့သူတွေ၊ နှလုံးညှစ်အား မကောင်းတဲ့သူတွေ (သတိထားသုံးရ)၊ နဲ့ ရေတိမ်ရှိတဲ့သူတွေ မှာ သုံးပါတယ်။ လက်တုန်တဲ့သူတွေနဲ့ သိုင်းရွိုက်ရောဂါမှာလည်း ပေးလေ့ရှိပါတယ်။

ခေါင်းတခြမ်းကိုက်ရောဂါ မှာတော့ ကုသရန်မဟုတ်ဘဲ နောက်တကြိမ်ထပ်ဖြစ်မှာကို ကာကွယ်ဖို့ သုံးပါတယ်။

အုပ်စု B ထဲမှာ အသုံးများတဲ့ဆေးတွေကတော့

Atenolol
Bisoprolol
Metoprolol
Propranolol
Carvedilol ဆိုပြီးရှိပါတယ်။

ပန်းနာရင်ကျပ်သမားတွေ အထူးသတိထားရမှာက Propranolol ပါ။ (ဆရာဝန်မညွှန်ကြားဘဲ မသောက်ရပါ)**

ဘေးထွက်ဆိုးကျိုးများ - ‼️
နှလုံးခုန်နှုန်းနှေး၊ သွေးပေါင်ကျ၊ ခြေဖျားလက်ဖျားအေး၊ မော၊ နုံး၊ အားနည်း၊ ခေါင်းမူး၊ ဝမ်းချုပ်၊ ဗိုက်မအီမသာ၊ ညအိပ်မပျော်၊
အမျိုးသားများ လိင်တံတောင့်တင်းမှုအားနည်းတတ် **၊ မှတ်ဉာဏ်ချို့ယွင်း၊ ခေါင်းရှုပ် အစရှိသည်များ ဖြစ်တတ်ပါတယ်။ (အကုန်လုံးဖြစ်မယ် ပြောတာမဟုတ်ဘဲ အကြာကြီးဆွဲသောက်မှ အချို့လူတွေမှာပဲ ဖြစ်တတ်တာပါ)

သတိထားရန် - ဆီးချိုသမားတွေမှာ သွေးတွင်းအချိုဓါတ် ကျတတ်ရင် ဒီဆေးကို သတိထားပါ။ ဆေးကြောင့် အချိုဓါတ်ကျလို့ ကျမှန်း မသိဖြစ်တတ်ပါတယ်။

ရေရှည်ဆွဲသောက်တဲ့သူတွေမှာ ဆီးချိုပိုဖြစ်တတ်လို့ သွေးပေါင်တက်တဲ့သူတွေမှာ ကနဦး စ မပေးပါ။ ‼️

(အဲဒါကြောင့် သူငယ်ချင်း၊ အသိတွေကညွှန်းတဲ့ သွေးကျဆေးလေးပဲ သောက်လိုက်တယ်၊ သွေးပေါင်တိုင်းကြည့်လို့ ကောင်းနေတာပဲ၊ ဒီ‌ဆေးနဲ့ အဆင်ပြေတယ်မထင်ပါနဲ့... အုပ်စု (B) ဟုတ်မဟုတ် ပြန်ကြည့်ပါ၊ ဟုတ်တယ်ဆိုရင်တော့ ဆရာဝန်တစ်ယောက်နဲ့ ဆေးပြောင်းဖို့ လိုကောင်းလိုနေပါပြီ) 🩺

တစ်နေ့ကို တစ်မိနစ်လောက် အချိန်ပေး ဖတ်ထားရုံနဲ့ အမျိုးတွေနဲ့ သူငယ်ချင်းတွေကြားထဲ ဆရာကြီး လုပ်လို့ ရပါတယ်။ 😅 (အသိပညာ မျှဝေဖို့ ပြောတာပါ) 🥰

Dr. Kevin
M.B.,B.S, MRCP (UK)

#သွေးတိုး
#သွေးတိုးကျဆေး
#သွေးထိန်းဆေး
#သွေးပေါင်ကျဆေး

Photos from Medi Max Online Pharmacy's post 14/01/2023

"အလုပ်ချိန်အတွင်း အအေးမိခြင်းက သင့်ပတ်ဝန်းကျင်ရှိလူတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။"
အအေးမိခြင်းကိုသက်သာပျောက်ကင်းစေဖို့အတွက် paracetamol(500)mg ပါဝင်တဲ့နီယိုမစ်ဆာဂရစ်ကို သောက်ထားပါ။
# MIXAGRIPMYANMAR

13/01/2023

တြိရတနာဆံပင်သန်ဆေး
Espanola သံလွင်ဆီ များလည်း ရတယ်နော် ❤️

11/01/2023

(Unicode)
ရင်သားကင်ဆာ 🎗
****************

🎗 ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အဖြစ်အများဆုံးကင်ဆာ၊ ကင်ဆာရောဂါအားလုံး၏ ဒုတိယအဖြစ် အများဆုံးကင်ဆာ အမျိုးအစားဖြစ်ပါသည်။
🎗 ၂၀၁၂ တွင် ကမ္ဘာ့ ကင်ဆာရောဂါ သုတေသနအဖွဲ့၏ စစ်တမ်းအရ အမျိုးသမီးများတွင်ဖြစ်သော ကင်ဆာရောဂါ၏ ၂၅ ရာခိုင်နှုန်း၊ ကင်ဆာအားလုံး၏ ၁၂ ရာခိုင်နှုန်းသည် ရင်သားကင်ဆာဖြစ်သည်ဟု တွေ့ရှိဖော်ပြထားပါသည်။
🎗 ဖွုံ့ဖြိုးပြီးနိုင်ငံများရှိ အမျိုးသမီး ၈ ယောက်တွင် ၁ ယောက်သည် ရင်သားကင်ဆာရောဂါကို ခံစားနေရပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင်လည်း ရင်သားကင်ဆာ ဖြစ်ပွားမှု ပို၍ များလာပါသည်။ ထို့ကြောင့် ရင်သားကင်ဆာအကြောင်းကို ပြည်သူတို့ သိနားလည်ရန် ပို၍ လိုအပ်လာပါသည်။

ရင်သားကင်ဆာသည် မည်သူတွင်ပို၍ အဖြစ်များပါသနည်း။

• အများအားဖြင့် အမျိုးသမီးများတွင်သာဖြစ်လေ့ရှိသော ကင်ဆာအမျိုးအစားဖြစ်ပါသည်။ ရင်သားကင်ဆာဖြစ်သော လူအယောက် ၁၀၀၀တွင် ၅ယောက်အောက်လူများသာ အမျိုးသားများ ဖြစ်ကြပါသည်။
• အနောက်နိုင်ငံများတွင် ပို၍အဖြစ်များသော်လည်း ယခုအခါ ဖွုံ့ဖြိုးဆဲနိုင်ငံများတွင်လည်း အဖြစ်များလာသော ကင်ဆာရောဂါဖြစ်ပါသည်။
• အသက် ၂၀ အောက်အမျိုးသမီးများတွင် ဖြစ်လေ့မရှိပါ။ အသက်ကြီးလာသည်နှင့်အမျှ ရင်သားကင်ဆာဖြစ်နှုန်း ပို၍များလာကာ အသက် ၉၀ နှစ် အရောက်တွင် အမျိုးသမီးအားလုံး၏ ၂၀ ရာခိုင်နှုန်းသည် ရင်သားကင်ဆာရောဂါကို ခံစားရတတ်ပါသည်။
• မိသားစုတွင် ကင်ဆာရောဂါဝေဒနာ ခံစားရသူရှိပါကလည်း ကင်ဆာရောဂါ ဖြစ်နှုန်းပို၍ များပါသည်။

မည်သည်တို့သည် ရင်သားကင်ဆာ ဖြစ်စေရန် အားပေးပါသနည်း။

🎗 ကင်ဆာရောဂါ အများစုကဲ့သို့ပင် အစားအသောက်၊ ကိုယ်လက်လူပ်ရှားမှု၊ အဝလွန်ခြင်း သည်လည်း ရင်သားကင်ဆာဖြစ်စေသော အကြောင်းရင်းများ ဖြစ်ပါသည်။

ရင်သားကင်ဆာ လက္ခဏာများမှာ အဘယ်နည်း။

အဖြစ်အများဆုံးမှာ ရင်သားပေါ်တွင် ပုံမှန်မဟုတ်သော နာကျင်မှု မရှိသော အလုံးအကျိတ်များ ပေါ်လာခြင်းဖြစ်သည်။

အခြားသောလက္ခဏာများမှာ
• နို့သီးခေါင်းချိုင့်ဝင်သွားခြင်း
• နို့သီးခေါင်းမှ သွေးရည်ကြည်နှင့် ပုံမှန်မဟုတ်သော အရည်များထွက်ခြင်း
• ရင်သားအရေပြားပေါ်တွင် အနာများဖြစ်လာခြင်း
• ရင်သားအရေပြား ထူလာကာ မွှေးညင်းပေါက်များထင်ရှားလာခြင်း
ထို့အပြင် ရောဂါ ပြန့်သွားသောအခါ
• ချိုင်းအောက်တွင် အလုံးအကျိတ်များပေါ်လာခြင်း
• သားမြတ် ရင်ဘတ်ကြွက်သားများနှင့်ကပ်ကာ လှုပ်၍ မရတော့ခြင်း
• ရင်ညွှန့်ရိုးများသို့ ပြန့်ခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း
• အဆုတ်သို့ပြန့်သွားသောကြောင့် ချောင်းဆိုးသွေးပါခြင်း စသည်
• အသည်းသို့ပြန့်သောကြောင့် ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း
• ဦးနှောက်သို့ပြန့်ခြင်းကြောင့် ခေါင်းမူးခြင်း၊ သတိလက်လွှတ်ဖြစ်ခြင်း

တစ်ခါတစ်ရံ ရောဂါလက္ခဏာမပြဘဲ ရင်သားကင်ဆာစစ်ဆေးရန် ရင်သားဓာတ်မှန်ရိုက်သောအခါမှ တွေ့သည်လည်း ဖြစ်တတ်ပါသည်။
အထက်ဖော်ပြပါ ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက တတ်ကျွမ်းသောဆရာဝန်နှင့် သွားရောက်ပြသကာ စနစ်တကျစစ်ဆေးမှုခံယူသင့်ပါသည်။

ရင်သားကင်ဆာသည် စောစီးစွာတွေ့ရှိ ကုသမှု ခံယူပါက ရောဂါပျောက်ကင်းနိုင်ရုံမျှမက ရောဂါကြောင့် သေဆုံးမှုကိုတားဆီးနိုင်သောကြောင့် ယခုအခါ နိုင်ငံတကာတွင် ရင်သားကင်ဆာပညာပေးခြင်း၊ ရင်သားကင်ဆာစစ်ဆေးခြင်းများ ပြုလုပ်ပေးနေပြီဖြစ်ပါသည်။

🎗 အမျိုးသမီးများအနေဖြင့် မိမိဘာသာ ရင်သားကင်ဆာစစ်ဆေးသောနည်းများကို နီးစပ်ရာဆေးခန်း၊ ဆေးရုံတွင် သာမက အင်တာနက်၊ လက်ကမ်းစာစောင်များမှ သင်ယူထားသင့်ပါသည်။ ထို့အပြင် နေ့စဉ် အနည်းဆုံး တစ်နေ့ တစ်ကြိမ်ခန့် မိမိဘာသာစစ်ဆေးပေးသင့်ပါသည်။
🎗 ထိုမျှမက အသက်ငယ်သူများ(အသက် ၂၀ မှစ၍) အနည်းဆုံး ၃နှစ် တစ်ကြိမ်၊ အသက်ကြီးသူများအနေဖြင့် တစ်နှစ် တစ်ကြိမ် တတ်ကျွမ်းသူများ၏ စစ်ဆေးပေးမှုကိုခံယူသင့်ပါသည်။
🎗 အသက် ၄၅ နှစ်မှစ၍ ရင်သားဓာတ်မှန်(mammogram) ရိုက်၍ စစ်ဆေးသင့်ပါသည်။
🎗 လိုအပ်ပါက တယ်လီဗေးရှင်း ဓာတ်မှန်(USG) နှင့် သံလိုက်စက်ကွင်းဓာတ်မှန်(MRI) များရိုက်၍လည်းစစ်ဆေးနိုင်ပါသည်။

ရီချို(ဆေး ၁)
#ဒေါက်တာဇီဝက
#ရင်သားကင်ဆာ

(Zawgyi)
ရင်သားကင်ဆာ 🎗
****************

🎗 ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အဖြစ်အများဆုံးကင်ဆာ၊ ကင်ဆာရောဂါအားလုံး၏ ဒုတိယအဖြစ် အများဆုံးကင်ဆာ အမျိုးအစားဖြစ်ပါသည်။
🎗 ၂၀၁၂ တွင် ကမ္ဘာ့ ကင်ဆာရောဂါ သုတေသနအဖွဲ့၏ စစ်တမ်းအရ အမျိုးသမီးများတွင်ဖြစ်သော ကင်ဆာရောဂါ၏ ၂၅ ရာခိုင်နှုန်း၊ ကင်ဆာအားလုံး၏ ၁၂ ရာခိုင်နှုန်းသည် ရင်သားကင်ဆာဖြစ်သည်ဟု တွေ့ရှိဖော်ပြထားပါသည်။
🎗 ဖွုံ့ဖြိုးပြီးနိုင်ငံများရှိ အမျိုးသမီး ၈ ယောက်တွင် ၁ ယောက်သည် ရင်သားကင်ဆာရောဂါကို ခံစားနေရပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင်လည်း ရင်သားကင်ဆာ ဖြစ်ပွားမှု ပို၍ များလာပါသည်။ ထို့ကြောင့် ရင်သားကင်ဆာအကြောင်းကို ပြည်သူတို့ သိနားလည်ရန် ပို၍ လိုအပ်လာပါသည်။

ရင်သားကင်ဆာသည် မည်သူတွင်ပို၍ အဖြစ်များပါသနည်း။

• အများအားဖြင့် အမျိုးသမီးများတွင်သာဖြစ်လေ့ရှိသော ကင်ဆာအမျိုးအစားဖြစ်ပါသည်။ ရင်သားကင်ဆာဖြစ်သော လူအယောက် ၁၀၀၀တွင် ၅ယောက်အောက်လူများသာ အမျိုးသားများ ဖြစ်ကြပါသည်။
• အနောက်နိုင်ငံများတွင် ပို၍အဖြစ်များသော်လည်း ယခုအခါ ဖွုံ့ဖြိုးဆဲနိုင်ငံများတွင်လည်း အဖြစ်များလာသော ကင်ဆာရောဂါဖြစ်ပါသည်။
• အသက် ၂၀ အောက်အမျိုးသမီးများတွင် ဖြစ်လေ့မရှိပါ။ အသက်ကြီးလာသည်နှင့်အမျှ ရင်သားကင်ဆာဖြစ်နှုန်း ပို၍များလာကာ အသက် ၉၀ နှစ် အရောက်တွင် အမျိုးသမီးအားလုံး၏ ၂၀ ရာခိုင်နှုန်းသည် ရင်သားကင်ဆာရောဂါကို ခံစားရတတ်ပါသည်။
• မိသားစုတွင် ကင်ဆာရောဂါဝေဒနာ ခံစားရသူရှိပါကလည်း ကင်ဆာရောဂါ ဖြစ်နှုန်းပို၍ များပါသည်။

မည်သည်တို့သည် ရင်သားကင်ဆာ ဖြစ်စေရန် အားပေးပါသနည်း။

🎗 ကင်ဆာရောဂါ အများစုကဲ့သို့ပင် အစားအသောက်၊ ကိုယ်လက်လူပ်ရှားမှု၊ အ၀လွန်ခြင်း သည်လည်း ရင်သားကင်ဆာဖြစ်စေသော အကြောင်းရင်းများ ဖြစ်ပါသည်။

ရင်သားကင်ဆာ လက္ခဏာများမှာ အဘယ်နည်း။

အဖြစ်အများဆုံးမှာ ရင်သားပေါ်တွင် ပုံမှန်မဟုတ်သော နာကျင်မှု မရှိသော အလုံးအကျိတ်များ ပေါ်လာခြင်းဖြစ်သည်။

အခြားသောလက္ခဏာများမှာ
• နို့သီးခေါင်းချိုင့်ဝင်သွားခြင်း
• နို့သီးခေါင်းမှ သွေးရည်ကြည်နှင့် ပုံမှန်မဟုတ်သော အရည်များထွက်ခြင်း
• ရင်သားအရေပြားပေါ်တွင် အနာများဖြစ်လာခြင်း
• ရင်သားအရေပြား ထူလာကာ မွှေးညင်းပေါက်များထင်ရှားလာခြင်း
ထို့အပြင် ရောဂါ ပြန့်သွားသောအခါ
• ချိုင်းအောက်တွင် အလုံးအကျိတ်များပေါ်လာခြင်း
• သားမြတ် ရင်ဘတ်ကြွက်သားများနှင့်ကပ်ကာ လှုပ်၍ မရတော့ခြင်း
• ရင်ညွှန့်ရိုးများသို့ ပြန့်ခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း
• အဆုတ်သို့ပြန့်သွားသောကြောင့် ချောင်းဆိုးသွေးပါခြင်း စသည်
• အသည်းသို့ပြန့်သောကြောင့် ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း
• ဦးနှောက်သို့ပြန့်ခြင်းကြောင့် ခေါင်းမူးခြင်း၊ သတိလက်လွှတ်ဖြစ်ခြင်း

တစ်ခါတစ်ရံ ရောဂါလက္ခဏာမပြဘဲ ရင်သားကင်ဆာစစ်ဆေးရန် ရင်သားဓာတ်မှန်ရိုက်သောအခါမှ တွေ့သည်လည်း ဖြစ်တတ်ပါသည်။
အထက်ဖော်ပြပါ ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက တတ်ကျွမ်းသောဆရာဝန်နှင့် သွားရောက်ပြသကာ စနစ်တကျစစ်ဆေးမှုခံယူသင့်ပါသည်။

ရင်သားကင်ဆာသည် စောစီးစွာတွေ့ရှိ ကုသမှု ခံယူပါက ရောဂါပျောက်ကင်းနိုင်ရုံမျှမက ရောဂါကြောင့် သေဆုံးမှုကိုတားဆီးနိုင်သောကြောင့် ယခုအခါ နိုင်ငံတကာတွင် ရင်သားကင်ဆာပညာပေးခြင်း၊ ရင်သားကင်ဆာစစ်ဆေးခြင်းများ ပြုလုပ်ပေးနေပြီဖြစ်ပါသည်။

🎗 အမျိုးသမီးများအနေဖြင့် မိမိဘာသာ ရင်သားကင်ဆာစစ်ဆေးသောနည်းများကို နီးစပ်ရာဆေးခန်း၊ ဆေးရုံတွင် သာမက အင်တာနက်၊ လက်ကမ်းစာစောင်များမှ သင်ယူထားသင့်ပါသည်။ ထို့အပြင် နေ့စဉ် အနည်းဆုံး တစ်နေ့ တစ်ကြိမ်ခန့် မိမိဘာသာစစ်ဆေးပေးသင့်ပါသည်။
🎗 ထိုမျှမက အသက်ငယ်သူများ(အသက် ၂၀ မှစ၍) အနည်းဆုံး ၃နှစ် တစ်ကြိမ်၊ အသက်ကြီးသူများအနေဖြင့် တစ်နှစ် တစ်ကြိမ် တတ်ကျွမ်းသူများ၏ စစ်ဆေးပေးမှုကိုခံယူသင့်ပါသည်။
🎗 အသက် ၄၅ နှစ်မှစ၍ ရင်သားဓာတ်မှန်(mammogram) ရိုက်၍ စစ်ဆေးသင့်ပါသည်။
🎗 လိုအပ်ပါက တယ်လီဗေးရှင်း ဓာတ်မှန်(USG) နှင့် သံလိုက်စက်ကွင်းဓာတ်မှန်(MRI) များရိုက်၍လည်းစစ်ဆေးနိုင်ပါသည်။

ရီချို(ဆေး ၁)
#ဒေါက်တာဇီဝက
#ရင်သားကင်ဆာ

Photos from Medi Max Online Pharmacy's post 10/01/2023

Vitamin C ချို့တဲ့ရင် ဘာတွေဖြစ်နိုင်လဲ

လူ့ခန္ဓာကိုယ်အတွက်အရေးပါပြီး လူသားခန္ဓာဇီဝကမ္မစနစ်အရ မထုတ်လုပ်နိုင်တဲ့ Vitamin C (Ascorbic Acid) ဟာ ကိုယ်ခံစွမ်းအားကောင်းမွန်ဖို့၊ သွေးဖြူဥ၊ သွေးနီဥ၊ ဆဲလ်တစ်ရှူး၊ အရိုးအဆစ်များ ပြောင်းလဲဖို့ စတဲ့အရေးကြီး ဖြစ်စဥ်တွေအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရေးပါပါတယ်။

ဗီတာမင်စီပါဝင်တဲ့ အစားအစာတွေကတော့ ချဥ်တဲ့အရသာရှိတဲ့ သံပရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ခရမ်းချဥ်သီး၊ ကျွဲကောသီး၊ စတော်ဘယ်ရီသီး၊ ဘယ်ရီသီး၊ ကီဝီသီး၊ ပန်းငရုတ်ပွရောင်စုံ၊ မာလကာသီး၊ စပျစ်သီး စတာတွေဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ Vitamin C ပမာဏလျော့နည်းချို့တဲ့သူတွေမှာ လုံလောက်တဲ့ဖြည့်စွက်ကုသမှုမရှိခဲ့လျှင် တစ်လအတွင်းမှာ ဖြစ်ပေါ်လာနိုင်တာတွေကတော့

✔️ကနဦးလက္ခဏာအနေနဲ့ ပင်ပန်းနွမ်းနယ်၊ အားအင်ကုန်ခန်းခြင်းတွေ စတင်ခံစားရနိုင်ပြီး၊ နောက်ပိုင်းခံတွင်းသွားဖုံးရောင်ရမ်းတာဖြစ်လာနိုင်တဲ့အပြင်သွားဖုံးသွေးယို စတဲ့ သွားကျန်းမာရေးထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။
✔️သွေးဖြူဥ (White Blood Cell) ထုတ်တာလျော့နည်းလာပြီးရောဂါပိုးမွှားကာကွယ်ပေးတဲ့ကိုယ်ခံစွမ်းအားကျတတ်တယ်။ နမိုးနီးယားအဆုတ်ယောင်နဲ့ Covid 19 ကဲ့သို့ဗိုင်းရပ်စပိုးဝင်ရောက်ခြင်းပိုဖြစ်နိုင်ပါတယ်။ သံဓာတ်စုပ်ယူမှူနည်းခြင်းကြောင့် သံဓာတ်နဲ့ သွေးအားနည်းရောဂါအထိ ဖြစ်နိုင်ပါတယ်။ (Persistent Iron Deficiency Anemia )
✔️သွေးတွင်းကိုလက်စထရောချပေးပြီး သွေးပျစ်တာ ကာကွယ်ပေးတဲ့ Vitamin C ချို့တဲ့ရင် ကိုယ်တွင်းအဆီဓာတ်ခြေဖျက်မှုလျော့လာပြီး ကိုယ်အလေးချိန်တက်နိုင်ပါတယ်။
✔️ကလေးတွေရဲ့ အရိုးဖွံ့ဖြိုးတာထိခိုက်ပြီးအရိုးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။ Uric Acid (ယူရစ်အက်ဆစ်)မလျှော့ချပေးနိုင်တဲ့အတွက် အဆစ်ရောင်ရောဂါပိုဆိုးတာ၊ အဆစ်အမြစ်တွေရောင်ရမ်းနာကျင်တာတွေခံစားရနိုင်ပါတယ်။
✔️ဆဲလ်တွေကိုဖျက်ဆီးတဲ့နာတာရှည်ရောင်ရမ်းမှု တားဆီးပေးတဲ့ (Antioxidant Properties) ဓါတ်တိုးဆန့်ကျင်အစွမ်းရှိတဲ့ Vitamin C ချို့တဲ့ရင် နှလုံးရောဂါကာကွယ်ခြင်း၊ ကျောက်ကပ်အားကောင်းခြင်း၊ ဦးနှောက်မှတ်ဥာဏ်ဖွံဖြိုးခြင်းစတဲ့အကျိုးတွေမရနိုင်ပါဘူး။ သတိမေ့လွယ်တာမျိုးတွေဖြစ်နိုင်ပါတယ်။
✔️Poor Mood & Depression – စိတ်ရွှင်လန်းတက်ကြွမှူမရှိတာ ဖြစ်တဲ့အပြင် Vitamin C ချို့တဲ့ရောဂါဟာ စိတ်ကျရောဂါရနိုင်တဲ့အထိ အချို့လူတွေမှာ ပြင်းထန်ပါတယ်။
✔️အရေပြားကျန်းမာရေးမှာအဓိကကျတဲ့ဓာတ်ဖြစ်တဲ့အတွက် အရေပြားခြောက်သွေ့ကြမ်းတမ်းပျက်စီးတာ၊ အရေးကြောင်း၊ ကြာဆူး၊ ဝက်ခြံ၊ အဆီဖုပြဿနာတွေဖြစ်နိုင်တဲ့အပြင်ထိခိုက်ဒဏ်ရာကြောင့် အရေပြားအညိုအမည်းအကွက်စွဲ၊အနာကျက်နှေးတာတွေခံစားရတတ်ပါတယ်။
ခန္ဓာကိုယ်အမွေးအမျှင်ထွက်တဲ့ မွှေးညှင်းအိတ်လေးတွေမှာပုံမမှန်တာတွေလည်းဖြစ်နိုင်ပါတယ်။ ခြေသည်းလက်သည်းကျန်းမာရေးမှာ Vitamin C နည်းတဲ့လက္ခဏာကတော့ လက်သည်းခွံပေါ်မှာအစင်းကြောင်းထွက်တာ Spoon-shaped ဇွန်းပုံစံလက်သည်းခွံပုံမမှန်ဖြစ်တာပဲဖြစ်ပါတယ်။

✔️Vitamin C ချို့တဲ့ရောဂါ Scurvy ဟာ ပြင်းထန်တဲ့အခါ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဗီတာမင်စီကို လုံလောက်စွာရအောင် အထူးဂရုပြု စားသောက်သင့်သူတွေကတော့ ကိုယ်ခံအားနည်းတဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဆီးချို၊ ကင်ဆာစတဲ့နာတာရှည်ရောဂါရှိသူတွေနဲ့ ရောဂါပိုးကူးစက်နိုင်မှူများတဲ့လူတွေပဲဖြစ်ပါတယ်။ နေ့စဉ် အစားအသောက်မှာ လုံလောက်မှူမရှိရင် Vitamin C အားဖြည့်ဆေးတွေကို နံနက်ခင်းပိုင်းမှာ ရေများများနဲ့ ဖြည့်စွက်သောက်သုံးနိုင်ပါတယ်။
Credit:On doctor app

09/01/2023

ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး
---------------------
1. အရင်ဆုံး သားဖွားမီးယပ်ဆရာ၀န်နှင့် စောနိုင်သမျှစောအောင် ကိုယ်၀န်အပ်ရပါမယ်။ ဆရာ၀န်နှင့်ေ၀းတဲ့ဒေသဖြစ်ပါက ဒေသန္တရကျန်းမာရေးဆရာ၊ ဆရာမများနှင့် ပြသနိုင်ပါတယ်။

2. မိခင်ရောသနေ္ဓသားပါကျန်းမာဖို့အတွက် အာဟာရဓာတ်ပြည့်၀တဲ့ အစားအစာတွေကို သန့်ရှင်းစင်ကြယ်စွာ ပြင်ဆင်၊ ချက်ပြုတ် စားသောက်ရပါမယ်။

3. နည်းနည်းနှင့်အကြိမ်များများစားသုံးပါ။

4. အသား၊ ငါး၊ ပဲ စတဲ့အာဟာရဖြစ်စေတဲ့ အစားအစာများကိုပုံမှန်စားသုံးရပါမယ်။ အစားမရှောင်ပါနှင့်။ 2 ယောက်စာစားဖို့မလိုပေမယ့် အရင်စားခဲ့တဲ့ပမာဏထက်တော့ ပိုစားပေးရပါမယ်။

5. အိုင်အိုဒင်းဆားစားသုံးပါ။

6. ဆီကြော်စာတွေကိုရှောင်ရှားပါ။

7. ကြက်ဟင်းခါးသီး၊ မှို၊ ဒညင်းသီးကဲ့သို့သော အစားအစာများကိုလည်းရှောင်ရှားပါ။

8. သံဓာတ်နှင့် ဖောလစ်အက်ဆစ် (Folic Acid) အားဆေးကို နေ့စဉ်ပုံမှန်သောက်ပါ။ (တကယ်က ကိုယ်၀န်ယူဖို့ စိတ်ကူးထားပြီဆိုကတည်းက ဖောလစ်အက်ဆစ်အားဆေးကို နေ့စဉ် ပုံမှန်သောက်ပေးသင့်ပါ တယ်။) ဖောလစ်အက်ဆစ်ဟာမွေးရာပါ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

9. လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လမ်းလျှောက်ခြင်း၊ ကိုယ်၀န်ဆောင်ယောဂကျင့်ခြင်းစတဲ့ အပျော့စားလေ့ကျင့်ခန်းတွေကို တစ်နေ့လျှင် မိနစ် 30 ခန့်ပြုလုပ်ပေးပါ။

10. ဆေးလိပ်နှင့် အယ်လ်ကိုဟောပါ၀င်တဲ့ အရည်၊ မူးယစ်ဆေးသုံးစွဲမှု ကိုရှောင်ကြဉ်ပါ။

11. စိတ်ဖိစီးမှုဖြစ်စေမည့်အရာများကို ရှောင်ရှားပါ။

12. ညစဉ်ပုံမှန် အိပ်စက်ပါ။ နေ့လည်နေ့ခင်းတရေးတမောအိပ်ပါ။
Credit
Dr. Htet Htet Aung

Photos from Medi Max Online Pharmacy's post 09/01/2023

🫰မြန်မာဆေးများလည်းမျိုးစုံရပါမယ် ✔️✔️

Photos from Medi Max Online Pharmacy's post 06/01/2023

အဖြစ်များတဲ့ ရေကျောက်ရောဂါ ( Chicken pox)
_______________________________________________

ရေကျောက်ရောဂါဟာ လူကြီးလူငယ်မရွေးဖြစ်တတ်ပီး
၁၂ နှစ်အောက်ကလေးငယ်များတွင် အဖြစ်များပီး
ကူးစက်တတ်တဲ့ ရောဂါအမျိုးအစားလည်းဖြစ်တယ်

ရောဂါလက္ခဏာများ
______________

ကိုယ်ပူ ဗိုက်အောင့် ခေါင်းကိုက်ဖျားနာ လည်ပင်းနာ
် ကြွက်သားများနာကျင်ကိုက်ခဲမယ် အစားမသောက်ပျက်
အော့အန်မယ်နေမထိထိုင်မသာဖြစ်မယ်
ပီးရင် ရောဂါအခြေအနေပေါ်လိုက်ပီး ခန္ဓာကိုယ်တစ်ခုလုံး သို့မဟုတ်
မျက်နှာ လက်ခြေထောက် ၀မ်းဗိုက် ရင်ဘတ်စတဲ့ နေရာတွေမှာ
အရမ်းကြီး ယားယံစေတတ်တဲံ့အနီစက်တွေ ထွက်လာမယ်
48 နာရီအတွင်းမှာ ် အနီစက်အရည်ကြည်အဖုများ ခမ်းခြာက်လာပီး
10 ရက်အတွင်း အနာဖေးများစတင်ကွာကျလာမယ် Dကြားထဲမှာ
ခြောက်သွေ့ပီးစ အနာဖုများရှိသလို အသစ်ဖြစ်ပေါ်လာတဲ့
အနီစက် (အရည်ကြည် )အဖုတွေလဲ ဖြစ်ပေါ်လာနိုင်တယ်.

တစ်ချို့ ရောဂါအခြေအနေဆိုးတဲ့ လူနာတွေမှာတော့

အနီစက်နဲ့ အရည်ကြည်ဖုတွေ အရမ်းကြီး နာကျင် ယောင်ရမ်းလာတာ
အသက်ရှူခက်လာတာ စတဲ့ လက္ခဏာ တွေဖြစ်တတ်ပီး အဲလို လက္ခဏာ တွေဖြစ်လာပီဆို ဆေးရုံး ဆေးခန်း သို့ အမြန်ဆုံး သွားဖို့ လိုအပ်ပါမယ်

Dရောဂါဟာ သိပ်ပီးစိုးရိမ်စရာ မရှိဘူးဆိုပေမဲ့
အရည်ကြည်အဖုတွေကို ပိုး၀င်တာတွေဖြစ်ခဲ့ရင် ပြည်တည်နာတွေဖြစ်တတ်ပီး Dရေကျောက်
ဗိုင်းရပ်စ်ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့
အဆုတ်အအေးမိတာတွေနဲ့ ဦးနှောက်ရောင်
အဆုတ်ရောင်စတာတွေ ဖြစ်လာနိုင်ပီး
ခုခံအားနည်းနေတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုများအတွက်
အသက် အန္တရာယ် ရှိနိုင်တယ်

သတိပြုရန်

၁နှစ်အောက်ကလေးငယ်များ ခုခံအားကျဆင်းနေတဲ့ လူနာများ
နာတာရှည် ရောဂါ ခံစားနေရသူများ ကိုယ်၀န်ဆောင်များ
သတိထား ကုသသင့်တယ်.

ဆောင်ရန်ရှောင်ရန်
______________

အပူအငံအစပ်တွေ ရှောင်မယ်. ကုတ်ဖဲ့ခြင်းသက်သာစေရန်
လက်သည်းအတိုထားမယ် ကလေးငယ်များ လက်အိပ်၀တ်ပေးထားနိုင်တယ်

ရေဓတ်ပြည့်ဝအောင် ရေသို့မဟုတ် ဓာတ်ဆားရေ
များ၂သောက်ပေးမယ် ရေနွေးနဲ့ ရေချိုးတာရေပတ်တိုက်တာ တွေလုပ်ပေးရမယ် ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ပေးရမယ်

အဖျား၀င်တာ နာကျင်ကိုက်ခဲတာတွေ သက်သာအောင်
Paracetamol တို့လို့ဆေးတွေ တိုက်ကျွေးလို့ရပေမဲ့
(Ibuprofen, Aspirin)တို့လိုဆေးတွေ လုံးဝရှောင်ပေးရမယ်.

ယားယံတာတွေအတွက် Calamine lotion ,Zinc oxidစတာတွေ လိမ်းပေးနိုင်ပေမဲ့
Steoidပါတဲ့ အေ၇ာင်ကျလိမ်းဆေးတွေ ရှောင်ရမယ်
အရမ်းကြီးယားယံတာတွေဖြစ်နေရင် Antihistamine (cetrizine )လို
အယားပျောက်ဆေးတွေ သောက်ပေးနိုင်တယ်

Vitamin A, Vitamin C, Vitamin E လိုအားဆေးတွေ
သောက်ပေးနိုင်တယ်
အုန်းရည် ဖရဲသီး စပျစ်သီး နာနတ်သီး သဘေ်ာသီး စတာတွေ စားသုံးပေးနိုင်တယ်.

____________________________________________
အားလုံး ရေကျောက်ရောဂါ ဖြစ်ပွားခြင်းမှ ကင်းဝေးကြပါစေ

(ဗဟုသုတ အဖြစ်သာ)

Photos from Medi Max Online Pharmacy's post 05/01/2023

သံချဆေးသောက်ရင် သံကောင်ကြီးတွေထွက်လာတတ်လား ???

သံချဆေး ဆိုရင် တော်တော်များများက လန့်သွားတတ်ကြပါတယ်။
🫣သံကောင်ကြီးတွေ ထွက်လာတာလား
😲မြင်နေရတာလား ဆိုပြီး အမြဲ မေးတတ်ကြပါတယ်။
ပထမဆုံးပြောချင်တာကတော့ မကြောက်ပါနဲ့နော်။ အကောင်လည်း မမြင်ရသလို တွန့်တွန့်လိမ်လိမ်လည်း မတွေ့ရပါဘူးရှင့်။

📍📍📍သံချဆေးအကြောင်း အနည်းအကျဉ်းတော့ သိထားသင့်လို့ စာလေးကို ဆုံးအောင် ဖတ်ပေးပါနော်။အကျိုးရှိရင် ဒီပိုစ့်လေးကို ပြန်ပြီး မျှဝေပေးစေချင်ပါတယ်။

⚠️သံချဆေးကို ဘယ်အချိန်မှာ သောက်ရမလဲ ?
🔼သံချဆေးသောက်ဖို့ဆိုရင် အစာမရှိတဲ့အချိန်
မနက်ပိုင်းမှာ သောက်သင့်ပါတယ်။ည အိပ်ယာဝင်လည်း သောက်လို့ရပါတယ်။ ဒါမှသာ ဆေးက သံကောင်ကို တိုက်ရိုက်သက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

⚠️သံချဆေးကိုဘယ်လိုဝယ်ရမလဲ ?
🔼သံချဆေးကို ဈေးကွက်ထဲမှာ Albendazole နဲ့ Mebendazole ဆိုပြီး ရှိပါတယ်။ လက်လှမ်းမှီရာ ဝယ်ယူလို့ရပါတယ်။

⚠️သံချဆေးကို ဘယ်လောက် သောက်ရမှာလဲ ?
🔼အသက် 2 နှစ် အထက်ဆိုရင် တစ်လုံး
အသက် 6 လကနေ 2 နှစ်အတွင်း ဆိုရင် ဆေးပြားဆိုရင် တခြမ်း သောက်နိုင်ပါတယ်။ ကလေးတွေ 1 နှစ်ကနေ 12-14 နှစ်ထိ Albendazole (သို့) Mebendazole တစ်မျိုးမျိုးကို တစ်နှစ်မှာ တကြိမ်ကနေ နှစ်ကြိမ်ထိ သံချပေးသင့်တယ်

⚠️သံချဆေးသောက်ရင် သတိထားသင့်တဲ့ အချက်တွေကရော ဘာတွေလဲ ?
🔼ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုသင့်ပါတယ်။
အသည်းမကောင်းရင်တော့ high dose မသောက်သင့်ပါဘူး။
ကိုယ်ဝန်တားဆေး OC pills တွေအပေါ် မှာတော့ သက်ရောက်မှုမရှိပါဘူး။
အတက်ရောဂါ ရှိရင် ကျောက်ကပ်မကောင်းရင် မသုံးသင့်ပါဘူး။
အာရုံကြောဆိုင်ရာပြဿနာရှိရင်လည်း သတိထားပြီး သုံးသင့်တယ်။

သံချဆေး သောက်ရင် ယာယီအားဖြင့်
သွေးထဲမှာ သွေးဆဲလ်ပမာဏကျသွားတာမျိုး ဖြစ်တတ်ပြီး Infection ဝင်လွယ်တတ်ပါတယ်။
platelets count နည်းသွားတတ်ပြီး သွေးကောင်းကောင်းမခဲတော့တာတွေ ဖြစ်တတ်ပါတယ်။
သွေးထွက်များစေတဲ့ risk ရှိတဲ့အတွက်
ပုံမှန်မဟုတ်တဲ့ သွေးထွက်တာမျိုး အညိုအမဲစွဲတာမျိုးဖြစ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

Photos from Medi Max Online Pharmacy's post 04/01/2023

✨ခုတစ်ခါ မိတ်ဆက်ပေးချင်တာကတော့
✔️ရာသီလာပြီး သားဥကြွေရက်တွေက ကလေးရနိုင်မယ့်ရက်တွေပါ အတိအကျသိဖို့ကတော့ သားဥကြွေစစ်တံလေးနဲ့ စစ်ကြည့်မှ ရပါမယ်နော်။
🤫ကလေးယူမယ့် မေမေတို့အတွက် မရှိမဖြစ်လေး ဆိုရင်လည်း မမှားပါဘူး။
👉ရာသီစက်၀န်းအရ သားဥကြွေတဲ့ရက်လေးတွေက တစ်လနဲ့တစ်လ အပြောင်းအလဲရှိနိုင်ပါတယ်။
👉သားဥလေးက 24နာရီပဲ အသက်ရှင်တာဖြစ်လို့ သားဥကြွေရက် အတိအကျသိမှ သားသမီးရနိုင်မှာပါ။
⭐⭐တချို့ကလေးယူနေတဲ့သူတွေမှာ
သားအိမ်ပြသနာတစုံတခုကြောင့် သားဥမကြွေတာတွေလည်း ရှိပါတယ်။
👉သားဥကြွေစစ်တံလေးက သားဥကြွေတယ် မကြွေဘူးဆိုတာလည်း သိရှိနိုင်ပါတယ်။သားဥကြွေပြီဆိုတည်းက ကလေးလေးရနိုင်တဲ့အခွင့်အရေးရှိတာပါနော်။
👉တားဆေးတွေမသုံးပဲနဲ့ နှစ်တွေကြာ သားသမီးမရနိုင်သေးတဲ့ စုံတွဲတွေလည်း သားဥမကြွေလို့ ကလေးမရတာလားဆိုတာ သိအောင် စစ်ပေးသင့်ပါတယ်။
👉အဲ့ဒါမှ သားဥမကြွေဘူးဆိုရင် ဆရာ၀န်နဲ့ ဆက်လက်ပြီး တိုင်ပင်ဆွေးနွေးပြီး လုပ်စရာရှိတာ လုပ်လို့ရမှာပါ။
လတွေ တစ်လပြီးတစ်လကုန်ဆုံးသွား၊ သားသမီးက မရသေးတာထက်စာရင် သားဥကြွေမကြွေ စစ်ကြည့်ပီး လုပ်သင့်တာရှိတာ ဆက်လက်လုပ်သင့်ပါတယ်လို့ အကြံပြုပါရစေ။

✨သားသမီးရတနာလေးများ အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေရှင် ✨

04/01/2023

ဆေးရုံ၊ ဆေးခန်းသုံး #စတီးရွိုက်ထိုးဆေး -
(Hydrocortisone Sodium Succinate for Injection BP 100 mg)

"Glucocorticoid" အုပ်စုဝင် စတီးရွိုက်ဟော်မုန်းတစ်မျိုးဖြစ်သည့် "Cortisol" ဟော်မုန်းပါဝင်ပြီး အကျိုးအာနိသင်ထိရောက်သောကြောင့် ကမ္ဘာတဝန်းရှိ ဆရာဝန်များ၏ လက်စွဲဆေးတစ်မျိုးဖြစ်သည်။ Hydrocortisone ထိုးဆေးကို အချို့သောအခြေအနေများတွင် အရေးပေါ် အသက်ကယ်ဆေးအဖြစ်လည်း အသုံးပြုလေ့ရှိသည်။

#အသုံးပြုနိုင်သောရောဂါ/ #အခြေအနေများ
** သွေးလန့်ခြင်း(ရှော့ခ်)အမျိုးမျိုး
- ဓာတ်မတည့်မှုကြောင့် သွေးလန့်ခြင်း(Anaphylactic shock)၊
မေ့ဆေးပေးခြင်း၊ ခွဲစိတ်ကုသခြင်း၊ ကလေးမီးဖွားခြင်း၊ ပြင်းထန်သော ထိခိုက်ဒဏ်ရာ(သို့)မီးလောင်ဒဏ်ရာရရှိခြင်း၊ ပိုးဝင်ခြင်း စသည့်အခြေအနေများကြောင့် သွေးလန့်မှုဖြစ်ပွားခြင်း
** သွေးသွင်းရာတွင် ဓာတ်မတည့်မှုဖြစ်ပွားခြင်း၊ ဆေးနှင့် ဓာတ်မတည့်မှုဖြစ်ပွားခြင်း
** ပန်းနာရင်ကျပ်(Asthma)နှင့် နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါ(COPD)တို့၏ ရုတ်တရက် လက္ခဏာပြင်းထန်သောအခြေအနေများတွင် သုံးနိုင်သည်။
** ခန္ဓာကိုယ်ရှိ အဒီရီနယ်ဂလင်းမှ "Cortisol" ဟော်မုန်းလုံလောက်စွာမထုတ်ပေးနိုင်သောအခြေအနေ(Adrenocortical insufficiency)
** အရေပြားအောက်လွှာ ရုတ်တရက်ဖောရောင်ခြင်း(Angioedema)၊ စတီးရွိုက်ဆေးနှင့် သက်သာစေနိုင်သော အရေပြားနာ(Steroid-responsive dermatoses)
** ဆေးနှင့်ဓာတ်မတည့်မှုကြောင့် အရေပြားတွင် တုန့်ပြန်လက္ခဏာများဖြစ်ပွားသည့် အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သော ပြင်းထန်ရောဂါ (Stevens-Johnson Syndrome)
** ဂေါက်၊ သွေးလေးဖက်နာ စသည့်အရိုးအဆစ်ဆိုင်ရာရောဂါများတွင် အဆစ်တွင်းသို့ ဆေးတိုက်ရိုက်ထိုးနှံခြင်းဖြင့် နာကျင်ရောင်ယမ်းမှုဝေဒနာကို သက်သာလျော့ပါးစေသည်။

#သတိပြုရန်
** စတီးရွိုက်ထိုးဆေးဖြစ်သောကြောင့် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသာ အသုံးပြုရမည်ဖြစ်ပြီး ဆေးကို ရက်ကြာ အသုံးပြုပြီးလျှင် ချက်ချင်းဖြတ်လိုက်ခြင်းမျိုး မပြုလုပ်သင့်ဘဲ ဖြည်းဖြည်းချင်း ဆေးပမာဏလျှော့ချသောနည်းလမ်း(Tapering method)ကို အသုံးပြုရမည်။

Amcort တစ်ဘူး_၁၄၀၀ကျပ်

Photos from Medi Max Online Pharmacy's post 03/01/2023

သွေးကျ‌ဆေး အုပ်စု (A)
-----------------------------------
သွေးကျဆေး အုပ်စုကြီး (A)(B)(C)(D)

Group (A) က လက်ရှိသောက်နေတဲ့သူတွေ တော်တော်များပါတယ်။
Group (A) မှာ – ACEi, ARB ဆိုပြီး ထပ်ခွဲပါတယ်။

ACEi မှာပါတဲ့‌ဆေးတွေက Enalapril, Captopril, Lisinopril, Ramipril, Perindopril
(အမည်မှာ .... pril နဲ့ ဆုံးတာများပါတယ်)

ARB မှာကတော့ Irbesartan, Losartan, Valsartan, Telmisartan
(အမည်မှာ .... sartan နဲ့ ဆုံးတာများပါတယ်)

အသုံး
---------
သွေးပေါင်ထိန်းညှိတဲ့ အပြင် အခြားသုံးတဲ့နေရာတွေက နှလုံးညှစ်အား နည်းတဲ့သူတွေ၊ နှလုံးထိထားလို့ အမောဖောက်ဖို့ အလားအလာများတဲ့သူတွေ၊ နဲ့ ဆီးမှာ အသားဓါတ်ပါတဲ့သူ‌ တွေမှာ ပေးပါတယ်။
သူ့ရဲ့ လုပ်ငန်းဆောင်တာကတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးတိုးစေတဲ့ ဓါတ်တစ်မျိုးကို သွားထိန်းပါတယ်။

အသက် (၅၅) နှစ်အောက်သွေးတိုးတဲ့သူတွေမှာ သုံးလို့ပိုကောင်းပါတယ်။

ဆီးချိုနဲ့ သွေးတိုး တွဲနေရင် မဖြစ်မနေသုံးရမယ့် ဆေး ပါ။ ‼️ အုပ်စု (A) နဲ့မတည့်မှသာ အခြားအုပ်စုစဥ်းစား သင့်ပါတယ်။
(ဒီနေရာမှာ နိုင်ငံခြားက ခွဲစိတ်ဆရာဝန်တွေကိုယ်တိုင်က သွေးပေါင်ကျအောင် လုပ်တဲ့နေရာမှာ အုပ်စု သိပ်မ‌ရွေးပဲ အဆင်ပြေတာ ပေးလိုက်တာ များပါတယ်၊ အဲဒါကြောင့် နိုင်ငံခြားဆရာဝန်နဲ့ ကုနေတယ်ဆိုပင်မယ့် ကိုယ့်ကို ကုပေးတာ ဆေးပညာသမားတော်လား၊ ဆီးချိုအထူးကုလား၊ ခွဲစိတ်ဆရာဝန်လား သေချာသိဖို့လိုပါတယ်၊ မဟုတ်ရင် ပိုက်ဆံကုန်ပြီး အကောင်းဆုံး ကုသမှု မရဘဲ ဖြစ်နေတတ်ပါတယ်)

ဥပမာ - သူဌေးကြီးတစ်ယောက် နိုင်ငံခြားမှာ သွားကုထားတာ နှလုံး သွေးကြောကျဥ်းလို့ နှလုံးမှာလဲ ပိုက်ကလေးတွေ ထည့်ထားတယ်၊ ဆီးချိုလည်း ရှိတယ်၊ ကျောက်ကပ်ဓါတ်က ကောင်းပင်မယ့် သွေးတိုးအတွက် သောက်တဲ့ဆေးက အုပ်စု (C) ထဲက Amlodipine ပဲ ဖြစ်နေတယ်၊ ပေးတဲ့ဆရာဝန်ကို မေးလိုက်တော့ အဲဒီနိုင်ငံခြား ခွဲစိတ် ဆရာဝန်ကပဲ ပေးထားတာ ဖြစ်နေပါတယ်။ သူ့မှာ အုပ်စု (A) ကို မဖြစ်မနေသုံးရမယ့် အချက်တွေ အများကြီးတွေ့ထားတာကြောင့် ဆေးပညာသမားတော်ဖြစ်ဖြစ်၊ ဆီးချိုဆရာဝန်ဖြစ်ဖြစ်နဲ့ ဆေးညှိပါလို့ပဲ အကြံဉာဏ်ပေးလိုက်ပါတယ်။

ထူးခြားချက်
------------------
သူ့ရဲ့ အထူးခြားဆုံး အချက်က ကျောက်ကပ်ကို အားနည်းစေသလို၊ ကျောက်ကပ်ပျက်ဆီးမှာလည်း ကာကွယ်ပေးပါတယ်။ သွေးတိုး၊ ဆီးချိုကြောင့် ကျောက်ကပ်ပျက်မှာကို ကာကွယ်ဖို့ အတွက် သုံးနေစဥ်မှာပဲ သွေးထဲက ကျောက်ကပ်ဓါတ်လေးတွေ (Creatinine) စစ်ပေးရပါတယ်။ ဆေးမသောက်ခင်နဲ့ ဆေးသောက်ပြီး တိုင်းထားတဲ့ ကျောက်ကပ်ဓါတ်တွေက အပြောင်းအလဲ သိပ်မရှိရင်တော့ ရေရှည်ဆွဲသောက်လို့ ရပါပြီ။

ဆရာဝန် က လူနာအခြေအနေပေါ်မူတည်ပြီး (၃) လ (၆) လ တစ်ခါလောက် သွေးတွင်း ကျောက်ကပ်ဓါတ် ပြန်စစ်ချင် စစ်ပါလိမ့်မယ်။

ရှောင်ရန်
-------------
ကိုယ်ဝန်ဆောင်တွေနဲ့ ကျောက်ကပ်ရောဂါအခံ ရှိတဲ့သူတွေက လုံးဝ ရှောင်ရမှာပါ။

ဘေးထွက်ဆိုးကျိုးများ
----------------------------------
ACEi တွေက ချောင်းခြောက်ဆိုးစေတတ်ပါတယ်။ အဲဒါဆိုရင်တော့ ARB အုပ်စုပြောင်းပေးရပါတယ်။

ဆေး စ ပေးစမှာ သွေးပေါင်ကျတတ်လို့ ညဖက်ပဲ အရင်ပေးပြီး နောက်မှ နေ့ဖက်ပြောင်းပါတယ်။

အခြားဖြစ်တတ်တာတွေက ဖောရောင်တာ၊ နုံးတာ၊ အရသာပျက်တာ၊ ခေါင်းကိုက်တာ၊ မူးတာနဲ့ သွေးတွင်း ပိုတက်ဆီယမ် ဓါတ်တက်တာတွေ ဖြစ်တတ်ပါတယ်။
အရေပြား အကွက်ထွက်နဲ့ ယားတာလည်း ဖြစ်တတ်ပါတယ်။

သတိထားရန် ‼️
-------------------
NSAID အကိုက်အခဲပျောက်ဆေးနဲ့ Lithium (စိတ်ကြွရောဂါရှိတဲ့သူတွေမှာ အသုံးများတဲ့ဆေး) အစရှိတဲ့ဆေးတွေနဲ့ တွဲသောက်ရင် တအား သတိထားရပါတယ်။

#သွေးတိုး
#သွေးတိုးကျဆေး
#သွေးထိန်းဆေး

Crd... to original
#သွေးပေါင်ကျဆေး

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🤩🤩Cold chain ပစ္စည်း တွေ ခုလို မျိုး အသေအချာ ထည့်ပေးပါ တယ် ရှင်။💉💉Covifor remdesivir liquid type အားဝယ်ယူအားပေးသော Dr ကိ...
Mask ခေါက်နည်း video လေးပါနော်။ ပုံနှင့်တကွလေးလည်းတင်ထားနှင့်ပြီးပါပြီ။ အားလုံးအဆင်ပြေကြပါစေ။ 🙏🏻

Category

Telephone

Website

Address

No 25, 122street, Mingalar Taung Nyunt Township
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 21:00 - 21:00
Sunday 09:00 - 21:00

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)