ဖြူစင်ကံ့ကော် - PSKK

ဖြူစင်ကံ့ကော် - PSKK

You may also like

NutriWell
NutriWell

မိသားစုတိုင်း ကျန်းမာရေးအတွက် အိမ်?

📌 ဆရာဝန်နှင့် အထူးကုဆရာဝန်များ ကိုယ်တိုင် အိမ်တိုင်ရာ​ရောက် ​ဆေးကုသမှု​ပေးခြင်း။

📌 အထူးကုဆရာဝန်ကြီးများနှင့် တိုက်ရိုက်ဆွေးနွေးနိုင်သော အွန်လိုင်းဝန်ဆောင်မှုပေးခြင်း။

📌 နာတာရှည်လူနာများအား ဆေးသွင်းပေးခြင်း၊ Drip ချိတ်ပေးခြင်း။

📌 ဆီးချို၊ သွေးတိုးရောဂါရှိမရှိ စစ်ဆေးပေးခြင်းနှင့် လိုအပ်သော ကုသမှုပေးခြင်း။

📌 ဆေးရုံမှ ဆင်းလာပြီး ပိုးသတ်ဆေးဆက်ထိုးရန် လိုအပ်နေသောသူများအား ဆေးဆက်ထိုးပေးခြင်း၊ ဆီးပိုက

Photos from ဖြူစင်ကံ့ကော် - PSKK's post 15/05/2022

🌸🌸ဒီ​နေ့​​တော့ ဖြူစင်ကံ့​ကော် page ​လေး အ​နေနဲ့ ကျွန်မတို့​တွေ သန်လျင်ဘက်က ​ပုဂ္ဂလိက
🏡 ​နေ့က​လေးထိန်း​ကျောင်း​လေး🏡ကို ​ခြေဆန့်ခဲ့ကြပါတယ်၊

👉👉သွားရခြင်း အ​ကြောင်းရင်းက​တော့ အဲ့ဒီက ​ကျောင်းအုပ်ဆရာမ​လေးက👩‍🏫 ​​​နေ့ဘက်မှာ ပြုစု​စောင့်​ရှောက်ဖို့ လာအပ်ထားခြင်းခံရတဲ့ ​
သားသားမီးမီးတို့ရဲ့ တစ်ကိုယ်ရည် ကျန်းမာ​ရေး အ​ခြေအ​နေကို စစ်​ဆေး​ပေးဖို့👩‍⚕️🧑‍⚕️ ဖိတ်ကြားခံရလို့ပဲ ဖြစ်ပါတယ်၊

🕒🕒ကျွန်မတို့​တွေ ​🏡နေ့က​လေး​ထိန်းကျောင်း​လေးကို မနက် ၉နာရီအချိန်မှာရောက်ရှိခဲ့ပါတယ်၊ ​

🏡🏡ကျောင်းက​လေးက သိပ်မကြီး​ပေမယ့် သပ်သပ်ရပ်ရပ်​လေးနဲ့ 🎪က​လေး ကစားကွင်း​လေးလဲ ပါရှိပါတယ်၊ ကိုယ်​တွေ​ရောက်တဲ့အချိန်က
က​လေး​တွေ ​ကျောင်းစ​​ရောက်တဲ့အချိန်ဆို​တော့ အ​တော်ပဲ ဖြစ်သွားပါတယ်၊ ​

🙆‍♂️🙆‍♀️လော​လောဆယ် က​လေးအားလုံး​ပေါင်း ၁၅​ယောက်ရှိပါတယ်၊ က​လေးအသက် ၃နှစ်က​နေ ၆နှစ်အထိ ​တွေ့ခဲ့ရပါတယ်၊ အရင်က​တော့ က​လေး အ​ရေအတွက် ဒီ့ထက်ပိုများပါတယ် ၊ အခု​တော့ အ​ခြေအ​နေအရပ်ရပ်​ကြောင့် ​လျော့ပါးသွားရခြင်း ဖြစ်ပါတယ်၊ အခုလို နည်းပါး​သွားတဲ့ အချိန်မှာ​တောင်
က​လေး​တွေရဲ့ ကျန်းမာ​ရေးစစ်​ဆေးခြင်းကို တစ်နှစ်တစ်ခါ မပျက်မကွက် ပြုလုပ်​ပေးတဲ့
👩‍🏫ကျောင်းအုပ်ဆရာမ​လေးရဲ့ ​စေတနာကို သိမြင်နိုင်ပါတယ်၊

🚶‍♂️🚶‍♀️က​လေးငယ်​လေး​တွေ ခြင်း​ထောင်း​ကိုယ်စီ
ဖြင့် ​ကျောင်းထဲကို ဝင်လာတာ အရမ်း ကြည့်လို့​ကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲ၊ 🥰😍

🤝ကျွန်မတို့လည်း ​ကျောင်းအုပ်ဆရာမ ငယ်ငယ်​လေးကို နှုတ်ဆက်ပြီး က​လေး​တွေကို ကြည့်ဖို့​နေရာ​လေး ပြင်ဆင်ရပါတယ်၊

📚📚သူတို့အတွက် မှတ်တမ်းစာအုပ်​လေး​တွေပါ ပြင်ဆင်လာပါတယ်၊ အဲ့ဒီစာအုပ်​လေးထဲမှာ လိုအပ်တဲ့ ကုသမှု​လေး​တွေ၊ အကြံ​ပေးမှု​လေး​တွေ၊ က​လေးလိုအပ်ချက်​လေး​တွေ ​ရေး​ပေးပြီး ဆရာမမှတဆင့် မိဘ​တွေလက်ထဲကို ​ပေးပို့​ပေးမှာဖြစ်ပါတယ် ။

📊📊ကျွန်မတို့ရဲ့ မှတ်တမ်းထဲမှာ က​လေးအရပ်၊ ကိုယ်အ​လေးချိန်တို့ကို တိုင်း​ပေးပြီး က​လေး အဝလွန်​နေလား?၊ ပိန်လွန်း​နေလား? စသဖြင့် သိရှိ​စေ
မည့် centile လည်းပါဝင်ပါမယ်၊

🧑‍🦰👩‍🦰ဒါ့အပြင် က​လေး အမြင်အာရုံ👁၊ အကြားအာရုံ👂တို့​ရော ပုံမှန်ပဲလား အားနည်း​နေတာမျိုးရှိလားဆိုပြီး စမ်းသပ်​စစ်​ဆေးပေးပါတယ်၊

🤗🤗က​လေး​တွေနဲ့ စကား​ပြောကြည့်ခြင်းအားဖြင့် စကားထစ်​နေလား? ၊ ​သူများ​ပြောတဲ့စကား နားလည်​သော်လည်း ကိုယ်တိုင်ကျ စကား​ပြောတာ ​နောက်ကျ​နေသလား ? စသဖြင့် စစ်​ဆေး​ပေးခဲ့သည့်အပြင် အခြားမိသားစု ပြသာနာ ဘာ​တွေရှိ​သေးလဲဆိုတာပါ ဆရာမများမှ တဆင့်​မေးမြန်းပြီး အကြံ​ပေးတာမျိုး​တွေ ပြုလုပ်​​ပေးဖြစ်ခဲ့ပါတယ်၊

🧠 က​လေး ဦး​နှောက်ဖွံ့ဖြိုးမှု၊ ဥာဏ်ရည်တိုးတက်မှု အ​ခြေအ​နေကိုပါ puzzle ​ဆော့တဲ့ block တုံး​လေး​တွေနဲ့ အတူတူ​ဆော့ပြီး စစ်​ဆေး​ပေးခဲ့ပါတယ်၊

🦷🦷 ထိုမျှမက က​လေး သွားကျန်းမာ​ရေး နှင့် တစ်ကိုယ်​ရေ သန့်ရှင်း​ရေး ( အိမ်သာသွားပြီးတိုင်း လက်​ဆေးရန်၊ လက်သည်းညှပ်ရန် ) တို့ကိုပါ က​လေး​တွေကို ကျနိးမာ​ရေး ပညာ​ပေးအ​နေနဲ့ သင်ကြား​ပေးခဲ့ပါတယ်၊

🤼‍♀️ ထို့​နောက် က​လေး​တွေနဲ့အတူတူ​ဆော့ကာ အချိန်ကုန်ဆုံးခဲ့သည့်အပြင် ဆရာမတို့နဲ့ပါ ကျန်းမာ​ရေး ဗဟုသုတ အကြံဥာဏ်​တွေ​ပေးပြီး ပြန်လာခဲ့ကြပါတယ်၊

🗓🎊🥳တကယ်ကို အမှတ်တရ ပျော်ရွှင်စရာ​နေ့​လေးပါပဲ

👉နိဂုန်းချုပ်အ​နေနဲ့က​တော့ ပုဂ္ဂလိက ​နေ့က​လေးထိန်း​ကျောင်း​လေး​တွေအ​နေနဲ့ က​လေး​တွေရဲ့ ​ကျောင်းကျန်းမာ​ရေးကို စစ်​ဆေး​ပေးချင်တယ်
ဆိုရင် ဖြူစင်​ကံ့​ကော် ​လေးကို သတိရလိုက်ပါလို့ အသိ​ပေးရင်း ​နောက် ​ခေါင်းစဥ်​လေးမှာ ပြန်လည်ဆုံ​တွေ့မယ်​နော်.....👋

🙏🙏🙏အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါ​စေ၊ အခက်အခဲ​တွေမှ ကင်း​ဝေးကြပါ​စေ🙏🙏🙏


#ဖြူစင်ကံ့ကော်

14/05/2022

မင်မင်တို့ page မှ ကလေးအထူးကုဆရာဝန်များ၏ ဆောင်းပါးများကို အပတ်စဥ် စနေနေ့တိုင်း မျှဝေသွားမှာဖြစ်ပါတယ်။
မိခင်တို့အနေနဲ့ မိမိတို့ ကလေးလေးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သိချင်တာလေးတွေရှိရင် Commentမှာ မေးထားလို့ရပါတယ်။
သက်ဆိုင်ရာ ခေါင်းစဥ်လေးတွေကို တင်ပေးသွားမှာပါ။
🔔🔔🔔
ဒါကြောင့် page လေးကို like & follow လေးလုပ်ထားကြဖို့မမေ့နဲ့နော်။

မိမိရဲ့ ကလေးငယ် ကျန်းမာရေးအတွက် Teleconsultation လုပ်လိုလျှင်ဖြစ်စေ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု လိုအပ်လျှင်ဖြစ်စေ ဖြူစင်ကံ့ကော် မှ ကလေးအထူးကုဆရာဝန်များနှင့် ရက်ချိန်းရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင့်📣📣📣

Photos from ဖြူစင်ကံ့ကော် - PSKK's post 03/05/2022

ဒီတ​ခေါက်​တော့ ဗဟုသုတအ​နေနဲ့ မိခင်များ အ​မေးများ​သော 'ကလေးများနှင့်ဖြည့်စွက်စာ' ဆိုတဲ့အ​ကြောင်း​လေးကို ​ယေဘူယျအားဖြင့် ​
ပြောပြချင်ပါတယ်။

✅မိဘများအနေနဲ့မိမိရင်သွေးလေးများကိုအသက်(၆)လက စပြီး ဖြည့်စွက်စာစကျွေးလို့ရပါတယ်

✅စကျွေးတဲ့အချိန်မှာတော့ ကလေးတွေအ​နေနဲ့ ဖြည့်စွက်စာတွေ ကို အနည်းငယ်သာစားပြီး နို့ကိုပဲ အဓိကထားပြီး စို့ကြပါလိမ့်မယ်၊ အဲဒီအတွက် ဖေဖေမေမေတို့ စိတ်ပူစရာမလိုပါဘူးရှင့်

✅အဲဒီအရွယ်မှာ အဓိကလိုအပ်တဲ့ အာဟာရကို မေ​မေ့နို့ ကပဲ အဓိက ရနေအုံးမှာမို့လို့ပါ

✅မေမေတို့အနေနဲ့ ကလေး တစ်နေ့ ဘယ်လောက်စား တယ် ဆိုတာကို စိတ်ထဲမထားပဲ ဖြည့်စွက်စာစား တဲ့ အလေ့အကျင့်လေးကို ပဲ တဖြည်းဖြည်း ပျိုးထောင်ပေး ပြီး နောက်ပိုင်းကျမှ အစားအစာမျိုးစုံကို ပမာဏလေးတွေ တိုးတိုးပြီး နောက်ဆုံး လူကြီးတွေ ပုံမှန်စားတဲ့ အစားအစာတွေထိ စားတတ်လာအောင် စိတ်ရှည်ရှည်နဲ့ ကျွေးကြည့်ကြစို့နော်

👉ဒါဆိုမေမေတို့ဘက် ကမေးစရာရှိလာမှာက ဘာလို့ အသက်(၆)လမှ ဖြည့်စွက်စာ စကျွေးတာလဲ? စောကျွေးလို့ရောမရဘူးလား? ဆိုတဲ့​မေးခွန်းပဲဖြစ်ပါတယ်။

အ​ဖြေက​တော့ ....
✅မေမေနို့ဆီကရတဲ့ အာဟာရဓာတ်က ကလေး (၆)လ အထိ ကောင်းကောင်းလုံလောက်ပါတယ်

✅အစာအိမ်နဲ့အူလမ်းကြောင်းတွေကလည်း ကလေး (၆)လ ကျမှ ကောင်းကောင်းဖွံ့ဖြိုးပါတယ်၊

✅ကလေး အန္တရာယ်မဖြစ်အောင် အသက် (၄)လနဲ့ (၆)လ ကြားမှာ မိခင်နို့ကလွဲပြီး အခြားအရာတွေ ပါးစပ်ထဲဝင်လာရင် လျှာနဲ့တွန်းထုတ်တတ်အောင် သဘာဝတရားကြီးက သင်ပေးထားပါတယ်၊

👉အဲဒါကြောင့်မေမေတို့အနေနဲ့ ဖြည့်စွက်စာကို (၆)လပြည့်မှ စကျွေးသင့်ပါတယ်။

🛑ချွင်းချက်အနေနဲ့ မေမေ့ရဲ့ ကျန်းမာရေးပြသနာ၊လူမှုရေးပြသနာလေးတွေနဲ့ အလုပ်အကိုင်ကြောင့် အခက်အခဲတွေရှိနေရင် တော့ (၆)လမတိုင်ခင် စောကျွေးလို့ရပါတယ်။

❌❌❌ ၁၇ပတ်ထက်ငယ်တဲ့ ကလေးလေးတွေကိုတော့ ဖြည့်စွက်စာ လုံးဝလုံးဝ စမကျွေးသင့်ပါဘူးနော်❌❌❌

👉ကလေးကို ဖြည့်စွက်စာ စကျွေးလို့ရပြိဆိုတာ ဘယ်အချက်တွေနဲ့ သိနိုင်မလဲ?

✅️ကလေး ဟာ အစာကိုမြင်ရင်စားလိုတဲ့အမူအရာလေးတွေ ပြလာပါလိမ့်မယ်၊
(အစာလေးတွေကိုလိုက်ကြည့်ပြီး လက်နဲ့ကောက်ယူ ပြီးပါးစပ်ထဲ ထည့်တာမျိုးလေး)

✅️ကလေးက အစာကိုမြိုချနိုင်ဖို့အတွက်ခေါင်းကိုမတ်မတ်ထားနိုင်ရပါမယ်.ခန္ဓာကိုယ်ကို ထိန်းထားပေးရင်လည်း ကောင်းကောင်းထိုင်နိုင်ရပါမယ်၊

✅️စားစရာလေးတွေကိုလည်း ကောင်းကောင်းမြိုချ တတ်ရပါမယ်၊

👉ဖြည့်စွက်စာ စကျွေးကျွေးခြင်းမှာ ဘယ်လို အချက်လေးတွေ သတိထားရမလဲ?

✅ကလေး ကို အစာမကျွေးမီ အစာကျွေးမည့်သူရဲ့လက်နှင့် ကလေးငယ်ရဲ့လက် ၊ အစားအစာတင်မယ့် စားပွဲ ၊ ခုံမျက်နှာပြင်လေးတို့ကို သေချာသန့်ရှင်းအောင် ဆေးကြောရပါမယ်၊

✅ ပူသော အစာများကို မကျွေးမီ ပူမပူ အရင် စမ်းသပ်ကြည့်ပြီးမှ ကျွေးသင့်ပါတယ်၊

✅ကလေးကို ဖြည့်စွက်စာ စကျွေးကျွေးခြင်းမှာ ချက်ပြုတ်မည့်အစားအစာထဲသို့ ဆားနှင့်သကြား များ ထည့်ချက်ခြင်း၊ ထည့်ကျွေးခြင်းမပြုလုပ်ရပါဘူး၊ ဘာဖြစ်လို့လဲဆို​တော့
(ကလေးငယ်လေးတွေရဲ့ကျောက်ကပ်လေးတွေက လူကြီးတွေလို ကောင်းကောင်းအလုပ်မလုပ်နိုင်သေးတော့ ဆားထည့် ကျွေးရင် ကျောက်ကပ်ထိခိုက်တတ်ပါတယ်၊ အရမ်းချိုလွန်းတဲ့အစာတွေ စားရင်လည်း သွားပိုးစားပြီး သွားပျက်စီး တတ်ပါတယ်)၊

✅အသီးအနှံများကို ရေစင်ကြယ်စွာဆေးကြောပြီးအခွံ ခွာထား​သော တစ်ကိုက်စာ အတုံးအရွယ်​လေးတွေသာ လှီးပြီးကျွေးသင့်ပါတယ် (🛑သတိထားရမှာက စ​ကျွေးတဲ့ အသက် ၆လနှင့် ၇လ မှာ​​တော့ အသီးအတုံး​လေး​တွေအစား ​ချေပြီး ပျစ်ပျစ်​လေးသာ ​ကျွေးသင့်ပါတယ်🛑) ၊

✅အသားငါးများကို မကျွေးမီ အရိုးသေချာနွှင်ပြီးမှကျွေးသင့်ပါတယ်၊

✅မာကျောသော အစားအစာ များ နှင့် သီးပြီး
နင်လွယ်သောအစားအစာများ ဥပမာ-မြေပဲဆံ၊ပြောင်းဖူးစေ့၊မုန်လာဥနီ၊ပန်းသီးများကို စစကျွေးခြင်းတွင် ​ရှောင်ကြဥ် သင့်ပါတယ်၊

✅TVရှေ့၊ဖုန်းရှေ့၊tabletရှေ့ထားပြီး အစာ​ကျွေးခြင်းမှလည်း ​​ရှောင်ကြဥ်သင့်ပါတယ်၊

✅ကလေးများ အစာစားချိန်တွင် သီးခြင်း အစာနင်ခြင်းများ ဖြစ်တတ်သည့်အတွက် ဂရုစိုက်စောင့်ကြည့်ပေးဖို့လိုအပ်ပါတယ်၊

Summary
🙆‍♂️အနှစ်ချုပ်အနေနဲ့ပြောရရင် ကလေးလေးတွေ ကို အသက်(၆)လပြည့်မှ ဖြည့်စွက်စာ စကျွေးသင့်ပါတယ်၊
🙆‍♂️အခက်အခဲ တစ်ခုခုရှိလို့ စောကျွေးမယ်ဆိုရင်လည်း အသက် (၁၇)ပတ် အောက် ကလေးတွေ ကို လုံးဝ မ​ကျွေးသင့်ပါဘူး၊ ​သေချာ​ပေါက်​ရှောင်ကြဥ်ရပါမယ်၊
🙆‍♂️ကလေး တွေရဲ့ အစားအစာထဲမှာ ဆား၊ သကြားထည့်ကျွေးတာမျိုး မလုပ်သင့်ပါဘူး၊
မာပြီးသီးလွယ်တဲ့ အစားအစာမျိုးကို လည်းရှောင်ပြီးကျွေးသင့်ပါတယ် ၊
🙆‍♂️​မေ​မေတို့အ​နေနဲ့ ဖြည့်စွက်စာ စကျွေး​ကျွေးခြင်း မှာ ခက်ခဲနိုင်ပေမယ့် နောက်ပိုင်းကျရင် တဖြည်းဖြည်း ကျင့်သားရပြီး ၊ အဆင်ပြေလာမှာမို့ စိတ်ဓာတ်လုံးဝ မကျပဲ ကြိုးစားပြီး ကျွေးပေးကြပါနော်လို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

🙏🙏🙏အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါ​စေ၊ အခက်အခဲ​တွေမှ ကင်း​ဝေးကြပါ​စေ🙏🙏🙏


#ဖြူစင်ကံ့ကော်

24/04/2022

အခုရက်ပိုင်းအတွင်း က​လေး​တွေ ဖျားတဲ့ အ​ရေအတွက်ပြန်များလာပါတယ်၊ အိမ်ပင့်လိုက်ကြည့်ရတဲ့ အများစုက က​လေးအဖျားကြီးပြီး မိဘများ စိုးရိမ်​တဲ့အတွက်​ကြောင့်ပဲ ဖြစ်ပါတယ်။

🤒က​လေး​တွေ အဖျားကြီးရင် မိဘ​တွေ အစိုးရိမ်လွန်တတ်တာ သဘာဝပါ၊ ဒါ​ပေမယ့် အဲ့ဒီအချိန်မှာ ​မိဘ​တွေအ​နေနဲ့ အစိုးရိမ်လွန်ပြီး ပျာယာခတ်မ​နေပဲ သေချာချင့်ချိန်ပြီး မှန်ကန်တဲ့ ပြုစုကုသမှုမျိုးကို ​ပေးသင့်ပါတယ်၊

ဒါ့​ကြောင့် က​လေးအ​မေများ ကိုယ့်က​လေးဖျားနာတဲ့အခါ မှန်ကန်တဲ့ ​စောင့်​ရှောက်မှုမျိုး​ပေးနိုင်​အောင် ဒီ​​ဆောင်းပါး​လေး ​ရေးရခြင်းဖြစ်ပါတယ်...🖍

✅️က​လေး စဖျားတဲ့ရက်ကို​သေချာ မှတ်သားထားရပါမယ်၊

🛑က​လေး​တွေမှာ ဘယ်နှရက်​မြောက်ဖျားတာလဲ ဆိုတာ သိပ်အ​ရေးကြီးပါတယ်၊ တခါတ​လေ မိဘအများစုက ဖျားတဲ့ရက်ကို အလွယ်တကူ ထင်တဲ့ရက်ကို မှန်း​ပြော​လေ့ရှိပါတယ်၊ အဲ့လိုလုပ်လို့ မရပါဘူး၊ က​လေး​တွေမှာ ဖျားတဲ့ရက်​ပေါ်မူတည်ပြီး ​ရောဂါအမျိုးအစားကို ခွဲခြားသတ်မှတ်ရတာဖြစ်ပါတယ်၊ နိူ့မို့ဆို မလိုအပ်တဲ့ ​ဆေးစစ်မှု​​တွေပြုလုပ်ရပြီး က​လေးလည်းနာ ၊ မိဘ​တွေလည်း ပိုက်ဆံအပိုကုန်ရတာ​တွေဖြစ်တတ်ပါတယ်၊ ပုံမှန် ရိုးရိုးတုပ်​ကွေးကလည်း ၂ရက်က​နေ ၃ရက်​လောက်ထိ အဖျား တက်လိုက်ကျလိုက်ဖြစ်တတ်ပါတယ်၊

🛑တချို့အ​မေ​တွေက တခါ​ဆေးတိုက်ပြီး အဖျားကျသွား​သော်လည်း ​နောက်တကြိမ် ထပ်ဖျားလို့ ဆရာမ​ရေ ထပ်ဖျား​နေပြန်ပြီ ဆိုပြီး ​မေး​လေ့ရှိပါတယ်၊

✅️ ရိုးရိုးတုပ်​ကွေးလည်း အဖျားက တက်လိုက် ကျလိုက် ဖြစ်ပါတယ်၊ အဖျား ၂ရက် ၃ရက် ကြာတတ်ပါတယ်၊ အဖျား ၃ရက်​ကျော်လို့မှ မကျရင်​တော့ ​ဆေးခန်းပြပြီး ​သွေးလွန်တုပ်​ကွေးများဖြစ်​နေသလား၊ တခြားဖျားနိုင်တဲ့ အ​ကြောင်းရင်းကို ရှာရမှာဖြစ်ပါတယ်

✅️ က​လေးကို ဖျားပြီလို့ ထင်တာနဲ့ အဖျားဘယ်​လောက်ရှိလဲ​သေချာတိုင်း​ပေးဖို့လိုပါတယ်၊လက်နဲ့ပဲ စမ်းပြီး မှန်း​ပြောလို့ မရပါဘူး၊
အဖျားကြီးလျှင် သို့ အဖျားက ၁၀၂အထက်ဖြစ်​နေလျှင် သောက်​ဆေးအစား က​လေးဖင်ထဲကို ဂြိုလ်တု​တောင့်​လေး အ​ရေး​​ပေါ် အရင်ထည့်​ပေးလို့ရပါတယ်၊ ပြီးမှ ၆နာရီခြား သို့မဟုတ် ၄နာရီခြား ပါရာစီတ​မော အရည် ကို က​လေးအသက်အရွယ်၊ ကိုယ်အ​လေးချိန်နဲ့လိုက်ပြီး တိုက်​ကျွေးရမှာ ဖြစ်ပါတယ်၊

🛑က​လေးက အဖျားကြီးလျှင် တက်တာမျိုး ဖြစ်တတ်လို့ အဖျားကြီးလျှင် ဂြိုလ်တုထည့် ၊​ရေပတ်တိုက်တာမျိုး​တွေကို အလျင်အမြန် ပြုလုပ်သင့်ပါတယ်၊ ​ရေပတ်တိုက်ရင်လည်း ခဏ​လေး ပွတ်တိုက်​ပေးရုံမျိုး မဟုတ်ပဲ နဖူး၊ လည်ပင်း၊ ဂျိုင်း ၂ဖက် ၊​ပေါင်ခြံ ၂ဖက်တို့ကို ​ရေပတ်ဝတ်ကပ်​​ပေးထားပြီး အလဲအလှယ်လုပ်​ပေးရမှာဖြစ်ပါတယ်၊​

✅️ က​လေးသဘာဝက ဖျားတဲ့ အချိန်မှာ အီ​နေတတ်ပြီး အဖျားကျသွားလျှင် ပြန်​ဆော့တတ်ပါတယ် ၊ က​လေးအဖျားကျ​သော်လည်း က​လေး မလန်းပဲ မှိန်း​နေလျှင်၊ နို့မစို့လျှင် ၊ အရည်မဝင်လျှင် ၊ဆီးသွားနည်းလျှင်​တော့ ​ဆေးရုံ​ဆေးခန်း ချက်ချင်းပြသင့်ပါတယ်

✅️နောက်တခုပြသာနာက ဖျားလျှင် အစားမစားဘူးဆိုပြီး ​မေ​မေ​တွေ ခဏခဏ​ပြော​လေ့ရှိပါတယ်၊ လူကြီး​​တွေလည်း ဖျားလျှင် ၊​နေမ​ကောင်းလျှင် ခံတွင်းပျက်တတ်ပါတယ်၊ ဒါ့​ကြောင့် က​လေး​​တွေလည်း ဖျားလျှင် ပုံမှန်စား​နေကြ အစားအစာကို စားချင်မှစားမှာပါ၊ အရင်ထက်ပိုဂျီကျတတ်ပါတယ်၊ ငြင်းဆန်​လေ့ရှိပါတယ်၊

🛑အဲ့ဒီအချိန်မျိုးမှာ ​မေ​မေ​​တွေက အဖတ်​တွေ အတင်း​ကျွေးတာမျိုးမလုပ်ပဲ အရည်များများဝင်​အောင် တိုက်သင့်ပါတယ်၊ ဓါတ်ဆားရည်၊ ဟင်းချိုရည်၊အုန်းရည်၊စွပ်ပြုတ်ရည်တို့ကို များများဝင်​အောင်တိုက်သင့်ပါတယ်၊ ​နောက်ပြီး အစာ​ပျော့​ပျော့​လေး​​တွေကို ပို​ကျွေးသင့်ပါတယ်၊ က​လေး​တွေ ဖျားတဲ့အချိန်မှာ တကြိမ် ၂ကြိမ်​လောက်​တော့ အန်တတ်ပါတယ်၊ အအန်​ပျောက်​ဆေး​လေးတိုက်ပြီး နာရီဝက်​လောက်ခြားပြီးမှ နည်းနည်းစီ ပြန်​ကျွေးသင့်ပါတယ်၊ အကယ်၍ အအန်​ပျောက်​ဆေးတိုက်တာလည်း မသက်သာ ၊အရည်လည်းမဝင်၊ဆက်တိုက်အန်​နေရင်​တော့ ​ဆေးရုံသို့ ချက်ချင်းသွားပြသင့်ပါတယ်၊

✅️ အဖျားတိုင်းကြည့်လို့ အဖျားရှိလျှင် ပါရာစီတ​မောတိုက်သင့်ပါတယ် ၊ တိုက်တဲ့ အခါမှာလည်း ​​မွေးကတည်းက ဆရာဝန်ကြီး ​ပြောထားတဲ့အတိုင်း ပမာဏကို က​လေးကြီးလာတဲ့အထိဆက်တိုက်​နေလို့မရပါဘူး၊ က​လေးပါရာစီတ​မော အရည်​တွေမှာ ပါဝင်တဲ့ ပမာဏ​လေး​တွေကွာခြားသွားလို့ ကိုယ်တိုက်တဲ့​ဆေးဗူးမှာ ​ရေးထားတဲ့ ပမာဏ​လေးကို ​သေချာသိဖို့လိုပါတယ်၊

🛑syrup or drop လား ၊ 100mg, 120mg ,125mg, 250mg/5ml ဆိုပြီး လာ​လေ့ရှိပါတယ်၊ ကိုယ့်က​လေး အသက်အရွယ် ၊ကိုယ်အ​လေးချိန်တို့နဲ့လိုက်ပြီး ​ဆေးပမာဏ ကို မှန်မှန်ကန်ကန်တိုက်မှ အဖျားကျမှာဖြစ်ပါတယ်

✅️တချို့က​လေး​တွေမှာ ဖျားတာတင် မဟုတ်ပဲ နှာ​စေး ၊​ချောင်းဆိုးလက္ခဏာ​တွေလည်း တွဲပါတတ်ပါတယ်၊ နှာ​စေးလျှင် နှာ​စေး​ပျောက်​ဆေး cetirizine syrup or tablet တ​နေ့ ၂ကြိမ်ထိတိုက်​ပေးလို့ရပါတယ်၊ ​ချောင်းဆိုးလျှင်​တော့ ၆လအထက် ဆိုရင် သူ့အချိုးအစားအတိုင်း ​ချောင်းဆိုး​ပျောက်​ဆေးအရည် ဆရာဝန်နဲ့ တိုင်ပင်ပြီး တိုက်လို့ရပါတယ်၊

🛑အ​ရေးကြီးတာက​တော့ ​ချောင်းဆိုးရင်း ရင်ကျပ်သလားဆိုတာ ​မေ​မေတို့အ​နေနဲ့ ​စောင့်ကြည့်​ပေးဖို့လိုအပ်ပါတယ်၊ က​လေးက နံရိုးချိုင့်ဝင် အသက်ပြင်းပြင်းရှူရတာမျိုးရှိလား ၊ အသက်ရှူမြန်ပြီး တရှူရှူမြည်လားဆိုတာကို ဂရုစိုက်ကြည့်​ပေးဖို့ လိုအပ်ပါတယ်၊ ထို အ​ရေး​ပေါ်လက္ခဏာများရှိလျှင်​တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်၊ အကယ်၍ အ​ရေး​ပေါ်လက္ခဏာများမရှိလျှင်​တော့ ​ချောင်းဆိုးတာ အ​ရမ်းစိုးရိမ်ဖို့ မလိုပါဘူး၊ က​လေး​တွေမှာ ​ချောင်းဆိုးရတာ အရှင်း​ပျောက်ဖို့ ၃ပတ်​လောက် ကြာတတ်ပါတယ်၊ အဲ့ဒါကို မိဘ​တွေအ​နေနဲ့ စိတ်ပူပြီး ပိုးသတ်​ဆေး သုံး​လေးမျိုး ​ပြောင်းတိုက်၊ ဆရာဝန် ​တွေကို ​ပြောင်း​ပြောင်းပြတာမျိုး​တွေ့ရ​လေ့ရှိပါတယ် ၊ပိုးသတ်​ဆေး ကိုလည်း မလိုအပ်ရင် မတိုက်သင့်ပါဘူး ၊ ​ဆေးယဥ်ပါးဖြစ်သွားမှာ​ကြောက်လို့ပါ၊

✅️ က​လေးအသက်အရွယ်အလိုက် ကာကွယ်​ဆေးများကို ဆရာဝန်များနဲ့ ​တိုင်ပင်ပြီး မပျက်မကွက် ထိုးသင့်ပါတယ် ၊
ရာသီတုပ်​ကွေးကာကွယ်​ဆေးကိုလည်း က​လေးများ ဖျားနာခြင်းမှ ကင်း​ဝေး​အောင် နှစ်စဥ်ထိုး​ပေးသင့်ပါတယ်၊

♥️ကျွန်မတို့ page မှလည်း က​လေးဆရာဝန်ကိုယ်တိုင် က​လေးများကို အိမ်တိုင်ရာ​ရောက် လိုက်လံထိုး​ပေး​နေပြီ ဖြစ်ပါ​ကြောင်း အသိ​ပေးအပ်ပါတယ်၊ ​စျေးနှုန်းများကို page messenger မှတဆင့် စုံစမ်း ​မေးမြန်းနိုင်ပါတယ်၊

♥️ကျန်းမာ​ရေး ဗဟုသုတများကိုလည်း အလျဥ်းသင့်သလို ​ဖော်ပြ​ပေးမှာ ဖြစ်တာ​ကြောင့် ကျွန်မတို့ရဲ့ page​လေးကိုလည်း see first လုပ်ထားဖို့ မ​မေ့ကြပါနဲ့​နော်၊ ​

♥️က​လေး​ရောဂါဖြစ်​စေ လူကြီး​ရောဂါဖြစ်​စေ ​​ရေးစေချင်တဲ့ အ​ကြောင်းအရာ​ခေါင်းစဥ်များကို လည်း commentမှာ ​​​​​​ရေးထား​ပေးလို့ရပါတယ်၊
🙏🙏🙏အားလုံးပဲ ကျန်းမာပြီး အနာ​ရောဂါ ကင်းရှင်းပါ​စေ🙏🙏🙏


#ဖြူစင်ကံ့ကော်

Photos from ဖြူစင်ကံ့ကော် - PSKK's post 08/04/2022

မိုးရာသီ တုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra (Myanmar FDA) လက်ဝယ်ရောက်ပြီမို့ Booking တင်နိုင်ပါပြီ။📣📣📣📣📣

📌ဆရာဝန်များကိုယ်တိုင် အိမ်အရောက်လာရောက်ထိုးနံပေးတဲ့ serviceလဲရှိပါတယ်။👩‍⚕️👨‍⚕️
📌စက်ရုံအလုပ်ရုံများ Company များအတွက် သီးသန့် packageတွေလဲရှိပါတယ်။
📌ဆေးချည်း သီးသန့်ဝယ်ယူလိုရင်လဲ ဆက်သွယ်နိုင်ပါတယ်။

ဒီ Ph noတွေက Booking တင်နိုင်သလို Page messengerကနေလဲ ဆက်သွယ်န်ုင်ပါတယ်။

☎09983286265
☎09956002993
☎09751715081
☎09943800173

04/04/2022

⛈️☔️ မိုးရာသီတုပ်ကွေးကာကွယ်ဆေးထိုး​ချင်သူများ ကျွန်မတို့ရဲ့ ဖြူစင်ကံ့​ကော် page messenger​ လေးမှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်​ကြောင်း သတင်း​ကောင်းပါးအပ်ပါသည်။

💉ထိုးနှံနိုင်မယ့် ​ဆေး​​လေးက အခုမိုးရာသီအတွက် အသစ်ထွက်ရှိတဲ့ Vaxigrip tetra 2022 ​လေးမျိုးစပ် တုပ်​ကွေးကာကွယ်​ဆေး​လေးပဲဖြစ်ပါတယ်

✳️ထူးခြားမှုအ​နေနဲ့ က​လေး​တွေအတွက် တုပ်​ကွေး ကာကွယ်​ဆေး ထိုးနှံတဲ့အခါမှာ
👩‍⚕️🧑‍⚕️ က​လေးဆရာဝန်များကိုယ်တိုင် စနစ်တကျ ထိုးနှံ​ပေးသွားမှာ ဖြစ်ပါတယ်ရှင့်✳️

🙆‍♂️🙆‍♀️မိမိ က​လေး​ကို ရာသီတုပ်​ကွေး ကာကွယ်​ဆေး အချိန်မှန်ထိုးနှံဖို့ အရမ်းအ​ရေးကြီးပါတယ်၊
က​လေးငယ်​လေး​တွေ ဖျားပြီ ဆိုလျှင် ဒုက္ခအ​ရောက်ဆုံးမှာ မိဘ​တွေပဲဖြစ်ပါတယ်၊ ဒါ့​ကြောင့်မို့ ​နောက်မကျပဲ ကိုယ့်က​လေးငယ်​လေး​တွေကို စိတ်ချရတဲ့ ဆရာဝန်များနဲ့ထိုးနှံဖို့ အကြံပြုပါရ​စေရှင့်🙆‍♀️

💉Vaxigrip tetra ဆေးမှာ ကာကွယ်​ပေးနိုင်တဲ့ virus​တွေက​တော့

(1) A / H1N1
(2) A /H3N2
(3) B/ Washington
(4) B/ Phuket
တို့ပဲဖြစ်ပါတယ်၊
👉 ထိုးနှံထားပါက ​ရောဂါဖြစ်ပွားခဲ့ရင်လည်း ရောဂါလက္ခဏာ မပြင်းထန်အောင် ကာကွယ်ပေးနိုင်ပါတယ် ရှင့်။

💉ဘယ်သူတွေ ထိုးနှံဖို့သင့်သလဲဆို​တော့

👉 (1) ကိုယ်ဝန်ဆောင်မိခင်များ
(2) အသက် ၆ လ အထက် က​လေးများ
(3) သက်ကြီးရွယ်အိုများ (အသက် ၆၅နှစ်အထက်)
(4) နာတာရှည်ရောဂါအခံရှိသူများ ( ဥပမာ- သွေးတိုး ဆီးချို နှလုံး အစသဖြင့် ရောဂါရှိသူများ )
(5) နေ့စဉ် လူနာများနှင့် ထိတွေ့နေရသည့် ကျန်းမာရေးဝန်ထမ်းများ
(6) သာမန် လူထုများ ဖြစ်ပါတယ်

💉ထိုးနှံခြင်း အကြိမ်​ရေက​​တော့

👉 အသက် ၉ နှစ်အထက် ကလေးများနှင့် လူကြီး များဆိုလျှင်တော့ ၁ ကြိမ် ထိုးပေးရုံ နှင့် ကာကွယ်မှု ရရှိမှာပဲ ဖြစ်ပါတယ် ။

👉 အသက် ၉ နှစ်အောက် (တစ်ခါမျှ မထိုးဖူးသေးတဲ့) ကလေးသူငယ်တွေမှာဆိုရင်တော့ ပထမ အကြိမ် ထိုးပြီး (၁)လ အကြာတွင် ဒုတိယ အကြိမ် ထိုးနှံရပါမယ်။
အကယ်၍ အရင်က ထိုးနှံဖူးတယ်ဆိုရင်တော့ ၁ နှစ် ၁ ကြိမ် ပြန်ထိုးပေးရုံ နှင့် လုံလောက်ပါတယ်။

💉ဆိုးကျိုးတွေ​ကော ဘာ​တွေဖြစ်နိုင်​သေးလဲ

👉 ထိုးနှံပြီး ၃ ရက်အတွင်း ထိုးနှံတဲ့နေရာ အနည်းငယ် နာကျင်ခြင်း ( injection site pain )၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ အားမရှိသလိုခံစားရခြင်း ၊ အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်ခြင်း ၊အဖျားတက်ခြင်း အစရှိသဖြင့် ဖြစ်နိုင်ပါတယ်။ အများအားဖြင့် အဆိုပါလက္ခဏာများခံစားရပြီး (၃) ရက်အတွင်း အလိုလို ပြန်လည်သက်သာလာပါတယ်။
ကျွန်မတို့ ထိုးနှံဖူးတဲ့ အတွေ့အကြုံအရတော့ ပြင်းထန်တဲ့ လက္ခဏာခံစားရတဲ့ လူနာများကိုမတွေ့ဖူးသေးပါ ။ အလွန်အမင်း စိုးရိမ်စရာမလိုပဲ အနည်းငယ်မျှသာခံစားရခြင်းဖြစ်ပါတယ်။ 😊

​🚥အောက်ပါအချက်များကိုလည်း သတိထား​စေချင်ပါတယ်🚥

👉 ယခင်ကာကွယ်ဆေးများ၊ သောက်ဆေး၊ စားဆေးများ နှင့် ဓာတ် မတည့်ဖူးသူများ

👉 ကြက်ဥ ၊ ပရိုတိန်းဓာတ် ၊ နီယိုမိုင်စင်ဆေးဝါး ( neomycin ) ၊ formaldehyde ၊ octoxinol-9 နှင့် ဓာတ်မတည့်သူများ

👉ကာကွယ်ဆေး ထိုးနှံမည့်အချိန်တွင် အဖျားရောဂါဝေဒနာ ခံစားနေရသူများ

👉ပြီးခဲ့သည့်တစ်လအတွင်း တခြားကာကွယ်ဆေးထိုးနှံထားသောသူများအနေဖြင့် ထိုးနှံဖို့ မသင့်တော်ပါဘူးရှင်။

📋✏️ စာရင်း​ပေးသွင်းရာတွင် ထိုးမည့်​ဆေးတွင် ထိုင်းအသိအမှတ်ပြုလား ၊ မြန်မာအသိအမှတ်ပြုလားဆိုတာ ​​​ဖော်ပြ​ပေးပါ​စေချင်ပါတယ် ၊
🗓April လ တွင် မြန်မာ အသိအမှတ်ပြု​ဆေးကို ထိုးနှံနိုင်တော့မှာဖြစ်ပါတယ်။

👉ကုမ္ပဏီ ၊ ရုံး ၊ လုပ်ငန်းခွင်များသို့လည်း ဆရာဝန်များကိုယ်တိုင် ​စျေးနှုန်းသက်သာစွာဖြင့် cold chain မပျက်​အောင် စနစ်တကျထိုးနှံ​ပေးသွားမှာဖြစ်ပါတယ်ရှင့်

စာရင်း​ပေးသွင်းနိုင်မယ့် ဖုန်းနံပါတ်​တွေက​တော့
09983286265
09956002993
09751715081
09943800173 နှင့် page messengerမှတဆင့် ​ပေးသွင်းနိုင်ပါတယ်ရှင်


#ဖြူစင်ကံ့ကော်

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


442/001 (မြေညီထပ်), သုဓ္ဓမစာရီလမ်း, မေတ္တာညွှန့်ရပ်ကွက်, တာမွေမြို့နယ်
Yangon
11211

Other Alternative & Holistic Health in Yangon (show all)
Shwe Tharyar Functional Nutrients Shwe Tharyar Functional Nutrients
Hlaing Tharyar
Yangon, 11401

The Best Quality Vitamins, Minerals and Supplements from USA. Free Delivery to all regions where we

Dr.PSYCH Dr.PSYCH
Yangon, 11011

A team of psychiatrists offering a personalized approach to each individual to meet your need

Say-Ku Say-Ku
Yangon

We are creating an android-based mobile application (Say-Ku) to deliver promising healthcare advice without any barriers to all patients with fever residing across the country. Sta...

CPAP Buy & Trade CPAP Buy & Trade
No. 520, Kabar Aye Pagoda Road Shwegonedine
Yangon, 11201

We are selling and trading ACPAP.

Khin Overseas Medical Services Khin Overseas Medical Services
Kha Yay Pin Street, Kha Yay Pin Residential Housing (2), Mingalardon
Yangon

ထိုင်းနှင့်အိန္ဒိယနိုင်ငံများတွင် ဆေးသွားကုလိုသူများ အတွက် အသက်သာဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနေပါပြီ

Integrative Health - Myanmar Integrative Health - Myanmar
Yangon

Integrative Health Myanmar is a consulting agency committed to providing innovative ways to prevent

nawaz nawaz
Nn
Yangon

B

Waaneiza Holistic Health Waaneiza Holistic Health
No. 277/276, Thitsar Road, 10 Quarter, South Okkalapa Township
Yangon, 11091

𝐍𝐨𝐎𝐧𝐞-𝐌𝐞𝐭𝐚𝐩𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐬𝐡𝐨𝐩 𝐍𝐨𝐎𝐧𝐞-𝐌𝐞𝐭𝐚𝐩𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐬𝐡𝐨𝐩
No. 13 U AUNG BWINT Street , 2 QUARTER MAYANGONE TOWNSHIP
Yangon

𝕋𝕙𝕖 𝕦𝕟𝕚𝕧𝕖𝕣𝕤𝕖 𝕚𝕤 𝕗𝕦𝕝𝕝 𝕠𝕗 𝕞𝕪𝕤𝕥𝕖𝕣𝕚𝕖𝕤. ���𝔸𝕓𝕣𝕒𝕔𝕒𝕕𝕒𝕓𝕣𝕒��� #ℕ𝕠𝕆𝕟𝕖

BOOM Collagen - Myanmar BOOM Collagen - Myanmar
98st
Yangon, 11221

Health/Beauty

ညဆေးခန်း-ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု ညဆေးခန်း-ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု
Yangon

Yangon မြို့တွင်း ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု

Chan Myae Specialist Clinic Chan Myae Specialist Clinic
အမှတ်(၂၈)၊မာန်​ပြေ(၁၆)လမ်းထိပ်(အ​နောက်)၊(၃)ရပ်ကွက်၊, သာ​ကေတမြို့နယ်
Yangon

! HEALTH IS NOT VALUED TILL SICKNESS COMES !