Natmauk Gon Yi 24 Hr Specialist Clinic, Diagnostic and Labour Centre

ပြည်သူများအတွက် နတ်မောက်ဂုဏ်ရည် good quality service

11/12/2023

Natmauk Gon Yi 24 Hr Specialist Clinic, Diagnostic and Labour Centre ၏ ဝန်ဆောင်မှုများအပေါ် Review ကောင်းလေးများ ရရှိထားပါတယ်ခဗျ။

ယခုလို review လေးများထပ်မံရရှိနိုင်အောင် မိဘပြည်သူများ ကျန်းမာရေးနှင့်ပက်သက်၍ နတ်မောက်ဂုဏ်ရည်အထူးကုဆေးခန်းမှ သင်တင့်မျှတသော နှုန်းထားများဖြင့် အကောင်းဆုံးဝန်ဆောင်မှုများ ပေးနေပါကြောင်း သတင်းကောင်းပါအပ်ပါသည်။

#အားကိုယုံကြည်‌နတ်မောက်ဂုဏ်ရည်

09/08/2023

Natmauk Gonyi အထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန်

X-Ray Technician - Female/Male - 2post

✅ B.Med.Tech /Medical Imaging Technologist or X-Ray Technician Grade – 2 , 1 သင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
✅ Digital X-ray ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်သူဖြစ်ရမည်။
✅ Computer ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
✅ စကားပြောသွက်လက်ပြီး/ဆက်ဆံရေးကောင်းမွန်သူဖြစ်ရသည်။
✅ အသင်းအဖွဲ့ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။

လျှောက်ထားလိုပါက -

1. CV form
2. မှတ်ပုံတင်မိတ္တူ
3. ဘွဲ့လက်မှတ် (သို့) သက်ဆိုင်ရာ သင်တန်းဆင်းလက်မှတ်တို့ကို

Natmauk Gon Yi 24 Hr Specialist Clinic, Diagnostic and Labour Centre ၏ Chat box သို့လည်းကောင်း၊
Email address - [email protected] သို့လည်ကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

Address - အမှတ် - ၁၁၃၆၊ (၁၂) ရပ်ကွက်၊
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။
Phone No. - 09-440477443, 09-440477556

14/05/2023

Happy Mother's Day 💐

ကမ္ဘာအရပ်ရပ်က နိုင်ငံတွေမှာ မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့တိုင်းကို "အမေများနေ့" ဟု သတ်မှတ်ကြပါတယ်။

အမေဆိုတာ သား၊သမီးကို (၉)လလုံး ဝမ်းထဲမှာ လွယ်ထားပြီးသေခြင်းတရားကို အံတုကာ မွေးထုတ်ပေးတဲ့ မြင့်မိုရ်တောင်မကကြီးမားသော မေတ္တာတွေပေးနိုင်တဲ့ သား၊သမီးတိုင်းရဲ့ သူရဲကောင်းတစ်ယောက်ပါ။🙆

ဒါ့ကြောင့်အိမ်မှာရှိတဲ့ မေမေတို့ရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးသင့်ပါတယ်။ မေမေတို့ရဲ့ကျန်းမာရေးအတွက် စစ်ဆေးလိုတာပဲဖြစ်ဖြစ်၊ ကျန်းမာရေးနှင့်ပက်သက်သည့် မည်သည့်ဝန်ဆောင်မှုမျိုးမဆို အကောင်းဆုံးပေးရန် နတ်မောက်ဂုဏ်ရည်အထူးကုဆေးခန်းက အမြဲတမ်းအဆင်သင့်ရှိနေတယ်နော်။🙋

ကမ္ဘာပေါ်ရှိ မေမေတစ်ဦးချင်းစီတိုင်းကို နတ်မောက်ဂုဏ်ရည်မိသားစုမှ ကျေးဇူးတင်ဂါရဝပြုအပ်ပါသည်။🙏

12/05/2023

ယနေ့ မေလ(၁၂) ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ သူနာပြုများအား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း နတ်မောက်ဂုဏ်ရည်မိသားစုမှ ဂါရဝပြုအပ်ပါသည်။👩‍⚕️👨‍⚕️

06/05/2023

❗❗ရာသီတုပ်ကွေး မဖြစ်စေဖို့ Vaxigrip Tetra ဖြင့်ကာကွယ်စို့❗❗
ရာသီတုပ်ကွေးသည် မိုးရာသီအချိန်မှာ အဖြစ်များသော အဖျားရောဂါတစ်မျိုးဖြစ်ပါသည်။ တုပ်ကွေးရောဂါသည် COVID-19 ကဲ့သို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါတစ်မျိုးဖြစ်ပါသည်။ တုပ်ကွေးရောဂါ ကူးစက်ခံရပြီဆိုလျှင် ကိုယ်လက်ကိုက်ခဲခြင်း၊ ဖျားခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း အစရှိတဲ့ ရောဂါလက္ခဏာများကတော့ အဓိကဖြစ်လေ့ရှိပါတယ်။
ဒါကြောင့်တုပ်ကွေးရောဂါကို ကာကွယ်ဖို့
ပြင်သစ်နိုင်ငံက ထုတ်လုပ်တဲ့ Vaxigrip Tetra ဆေးကို ထိုးထားဖို့ လိုအပ်တယ်နော်🙆
🔰 အသက် (၆) လနှင့်အထက် ကလေးငယ်များ ထိုးနှံလို့ရပါတယ်။
🔰 ကိုယ်ဝန်ဆောင်များအနေနှင့်လည်း ဆရာဝန်နှင့်တိုင်ပင်ပြီး ထိုးနှံလို့ရပါတယ်။
🔰 အသက်(၉)နှစ်အောက် ကလေးများမှာတော့ အရင်နှစ်က တုပ်ကွေးကာကွယ်ဆေး မထိုးဖူးသေးရင် ပထမတစ်ခါထိုးပြီး နောက်ထပ် (၁)လခြားပြီး တစ်ကြိမ်ထိုးဖို့ လိုအပ်ပါမယ်။ အရင်ကထိုးဖူးရင်တော့ (၁)ကြိမ်သာထိုးဖို့ လိုအပ်ပါမယ်။
🔰အသက်(၉)နှစ်နှင့် အထက်တွေကတော့ ယခင်ကထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ (၁)ကြိမ်သာ ထိုးရုံဖြင့် လုံလောက်ပါပြီပဲဖြစ်ပါတယ်။

အဓိကထိုးသင့်သူတွေကတော့💁
-ကလေးများ
-အဆုတ်ရောဂါအခံရှိသူများ
-ကိုဗစ်ရောဂါပြင်းထန်စွာဖြစ်ခဲ့ဖူးသူများ
-ကျောက်ကပ်၊ အသည်း၊ ဘေလုံးထုတ်ထားသူများ
-နာတာရှည်ရောဂါခံစားနေရသူများပဲ ဖြစ်ပါတယ်။

ဘယ်အချိန်ထိုးရမလဲ?
နောက်လဆိုရင် မိုးရာသီရောက်ပြီဖြစ်သလို ဆေးအာနိလေး စရဖို့ကလည်း ၇ရက်ကနေ ၁၁ရက်အထိ ကြာမြင့်တာဖြစ်လို့ အခုပဲထိုးထားလိုက်တော့နော်။

နတ်မောက်ဂုဏ်ရည်ဆေးခန်းမှာ လာရောက်ထိုးနှံမယ်ဆိုရင်တော့ တစ်ဦးကို ၃၈၀၀၀ကျပ်😱သာ ကျသင့်မှာဖြစ်ပါတယ်ခဗျ။
ထိုးနှံသူ (၃)ဦးအထက်ရှိရင်တော့ အိမ်အရောက်လိုက်လံထိုးနှံပေးပြီး တစ်ဦးကို ၃၈၅၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်နော်။
💁ကုမ္ပဏီများ၊ စက်ရုံများနှင့် အသင်းအဖွဲ့များအတွက်လည်း အများဈေးနှုန်းဖြင့် ထိုးနှံပေးပါမည်။

(ဒဂုံမြို့သစ် အရှေ့ပိုင်း၊မြောက်ပိုင်းနှင့် တောင်ပိုင်းမြို့နယ်တို့မှာ နေထိုင်သူများအတွက် Transportation feesက အခမဲ့ဖြစ်ပြီး ကျန်မြို့နယ်လေးတွေကတော့ မြို့နယ်အလိုက် fees လေးတွေရှိပါမယ်နော်။😁)

ဆေးခန်းလိပ်စာ - အမှတ်-၁၁၃၆၊ရွှေလှံဗိုလ်လမ်း၊ (၁၂)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)။

ဖုန်းနံပါတ် - ၀၉-၄၄၉၂၂၀၀၂၊ ၀၉-၄၀၉၉၄၄၆၈၀

03/05/2023

ယနေ့ကျရောက်သော
ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင်
ရဟန်းရှင်လူပြည်သူအပေါင်း
ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာခြင်းတို့နှင့်
ပြည်စုံကြပါစေကြောင်း
ကျွန်တော်တို့ရဲ့ နတ်မောက်ဂုဏ်ရည်မိသားစုမှ
ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။🙏🙏🙏

29/04/2023

မြန်မာရဲ့ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ပုံမှန် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်သူတိုင်းကို ဆီးချိုစစ်စက် အခမဲ့ လက်ဆောင်ပေးမည့် အစီအစဉ်

နှစ်သစ်ရောက်ပြီ ဆိုတော့ စိတ်သစ်ကိုယ်သစ်ဖြစ်အောင် ကိုယ့်ခန္ဓာကို စစ်ဆေးဖို့ မသင့်ဘူးလား....

ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ

- ရောဂါများကို စောစီးစွာရှာဖွေတွေ့ရှိခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း- ပုံမှန်စစ်ဆေးမှုများသည် ၎င်းတို့၏ အစောပိုင်းအဆင့်များတွင် ကျန်းမာရေးပြဿနာများကို သိရှိနိုင်စေရန် ကူညီပေးနိုင်ပြီး နောက်ဆက်တွဲပြဿနာများကို အချိန်မီဝင်ရောက်စွက်ဖက်ရန်နှင့် နောက်ထပ်နောက်ထပ်နောက်ဆက်တွဲများကို ကြိုတင်ကာကွယ်နိုင်စေရန် ကူညီပေးနိုင်ပါသည်။

- နာတာရှည်ရောဂါများကို စောင့်ကြည့်ခြင်း- ဆီးချို၊ သွေးတိုး သို့မဟုတ် နှလုံးရောဂါကဲ့သို့သော နာတာရှည်အခြေအနေရှိသူများအတွက်၊ ပုံမှန်စစ်ဆေးမှုများသည် ၎င်းတို့၏အခြေအနေကို စောင့်ကြည့်ရန်၊ ကုသမှုအစီအစဉ်များကို ချိန်ညှိရန်နှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ကူညီပေးနိုင်ပါသည်။

- ကျန်းမာသောလူနေမှုပုံစံကိုမြှင့်တင်ခြင်း- ဆေးစစ်မှုပြုလုပ်နေစဉ်အတွင်း ဆရာဝန်များသည် ကျန်းမာရေးကောင်းမွန်စေရန် မျှတသောအစားအစာ၊ လေ့ကျင့်ခန်းနှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်းအပါအဝင် ကျန်းမာသောလူနေမှုပုံစံကို လက်ခံကျင့်သုံးရန် လူနာများအား အကြံပေးနိုင်သည်။

- အန္တရာယ်ဖြစ်စေသောအချက်များ- ဆေးစစ်မှုများသည် အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်းစသည်ဖြင့် ရောဂါအမျိုးမျိုးအတွက် ဖြစ်နိုင်ခြေအချက်များကို ခွဲခြားသိရှိနိုင်စေပြီး အဆိုပါအန္တရာယ်များကို လျှော့ချနည်းကို အကြံဉာဏ်ပေးနိုင်သည်။

- စိတ်၏ချမ်းသာခြင်း- ပုံမှန်ဆေးစစ်ခြင်းသည် လူတို့အား ၎င်းတို့၏ကျန်းမာရေးကို စောင့်ကြည့်နေကြောင်းနှင့် မည်သည့်ပြဿနာများကိုမဆို ဖြေရှင်းပေးနေကြောင်း သိထားခြင်းဖြင့် စိတ်အေးချမ်းမှုကို ပေးနိုင်ပါသည်။

ကဲ နတ်မောက်ဂုဏ်ရည်မှာ ကျန်းမာရေးစစ်ဆေးမှုတွေဘာတွေလုပ်ပေးနေလဲ အောက်ပါဖုန်းနံပါတ်နှင့် လိပ်စာသို့ အခု ပဲ ဆက်သွယ်လိုက်ရအောင်....

လိပ်စာ - အမှတ်-၁၁၃၆၊ ရွှေလှံဗိုလ်လမ်း၊ ၁၂ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)။
ဆက်သွယ်ရန် - ၀၉-၄၄၉၂၂၀၀၂၊ ၀၉-၄၀၉၉၄၄၆၈၀

20/04/2023

အပူဒဏ်အန္တရာယ် ကာကွယ်ဖို့
======================

☀️ မြန်မာနိုင်ငံမှာ တပေါင်းလကစပြီး ဆောင်းအကုန်‌ နွေအကူးဖြစ်လာသလို ရာသီဥတုဟာလည်း တစ်နေ့ထက်တစ်နေ ပို၍ပူပြင်းလာပါတယ်။

🔶 ‌နွေရာသီရောက်လို့ အပူချိန်မြင့်တက်လာတဲ့အခါ Heat Stroke လို့ခေါ်တဲ့ အပူရှပ်ခြင်းနှင့် Heat exhausion လို့ခေါ်တဲ့ အပူဒဏ်ကြောင့် ချွေးထွက်များပြီးပင်ပန်းနွမ်းနယ်ခြင်းတို့သည် လူကြီး၊လူငယ်မရွေး ဖြစ်ပွားလျက်ရှိပါသည်။

၎င်းဖြစ်ရပ်တို့သည် -
✅ နေပူထဲမှာ အချိန်ကြာမြင့်စွာ နေထိုင်ခြင်း
✅ရာသီဥတု တအားပူခြင်း
✅ကိုယ်ပူချိန်မြင့်မားလွန်းခြင်း
✅ရုတ်တရက် အပူအအေး ပြောင်းလဲခြင်း တို့ကြောင့် အဖြစ်များပါတယ်။

အပူရှပ်ခြင်းကြောင့် -
၁။ ခေါင်းကိုက်ခြင်း
၂။ကိုယ်ပူခြင်း
၃။ အန်ခြင်း
၄။သတိလစ်ခြင်း
၅။ဦးနှောက်သွေးကြောပြတ်ခြင်း
၆။အသက်သေဆုံး သည်အထိ ဖြစ်စေနိုင်ပါတယ်။😱

ချွေးထွက်များပြီး ပင်ပန်းနွမ်းနယ်ခြင်းကြောင့် -
၁။ ဂနာမငြိမ်ခြင်း၊
၂။ ခေါင်းမူး‌/ခေါင်းကိုက်ဖြစ်ခြင်း
၃။ ကြွက်တက်ခြင်းနှင့် နုံးချပျော့ခွေခြင်း
၄။ အလွန်အမင်းရေဆာခြင်းနှင့်
၅။ ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။😱

ဒါကြောင့် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သိထားဖို့တော့ လိုမယ်နော်။🙆

ဆောင်ရန်တွေကတော့ -
၁။ အရိပ်ရှိအေးမြသော နေရာတွေ နေထိုင်ပါ။
၂။ ပွပြီး အရောင်ဖျော့ဖျော့ရှိသော ချည်ထည်အင်္ကျီများကို အတတ်နိုင်ဆုံး ဝတ်ပါ။
၃။ နေပူထဲ ထွက်မည်ဆိုပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကို ဆောင်သွားပါ။ Sun cream လေးပါရှိရင်တော့ လိမ်းဖို့ မမေ့နဲ့ဦးနော်။
၄။ ရေများများသောက်ပါ။ (တစ်နေ့ကို အနည်းဆုံး ၂လီတာ)
၅။ ချွေးထွက်များသူဖြစ်ပါက ဓာတ်ဆားသောက်ပါခဗျ။🙆

ရှောင်ရန်တွေကတော့ -
၁။ နံနက် ၁၀နာရီမှ ညနေ ၅နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို အတတ်နိုင်ဆုံးရှောင်ပါ။
၂။ ပူပြင်းသောနေရောငိအောက်တွင် အလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ကို ရှောင်‌ပါ။
၃။ ‌နေပူထဲမှ ပြန်လာပြီး ချက်ချင်း ခြေထောက်ဆေးခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်းတို့ကိုရှောင်ပါ။
၄။ပူလွန်း အေးလွန်းသော နေရာများကို အလျင်စလို ကူးပြောင်းခြင်းတို့ကို ရှောင်ပါ။🙆

ဒီတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ဆောင်‌ရန်/ရှောင်ရန်‌များကို လိုက်နာပြီး နွေရာသီ၏ အပူဒဏ်ကို ကာကွယ်ကြပါစို့ခဗျ။

တစ်ဆက်တည်းမှာပဲ လူကြီးမင်းတို့ကို ကျန်းမာရေးဝန်ဆောင်မှုများ အကောင်းဆုံးပေးရန်အတွက် ကျွန်တော်တို့ရဲ့ နတ်မောက်ဂုဏ်ရည် အထွေထွေ အထူးကုဆေးခန်းမှ ၂၄နာရီ အသင့်ရှိနေကြောင်း သတင်းကောင်းပါးပါရစေ။
လိပ်စာ - အမှတ်-၁၁၃၆၊ ရွှေလှံဗိုလ်လမ်း၊ ၁၂ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)။
ဆက်သွယ်ရန် - ၀၉-၄၄၉၂၂၀၀၂၊ ၀၉-၄၀၉၉၄၄၆၈၀
#အပူဒဏ်ကာကွယ်စို့

Photos from Natmauk Gon Yi 24 Hr Specialist Clinic, Diagnostic and Labour Centre's post 17/04/2023

ယနေ့ကျရောက်သော မြန်မာ့နှစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် ကျွန်တော်တို့၏‌နတ်မောက်ဂုဏ်ရည်ဆေးခန်း၌ ရဟန်းရှင်လူအပေါင်းဖြင့် ပရိတ်တရားပွဲကျင်းပါခဲ့ပါသည်။🙏

အများပြည်သူအပေါင်း နှစ်ဟောင်းက အညစ်အကြေးများအကုန်ကင်းစင်ပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြင့် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ ပြည့်စုံပါစေကြောင်း ကျွန်တော်တို့ နတ်မောက်ဂုဏ်ရည်မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ် ခဗျာ။🙏🙏🙏

#အားကိုးယုံကြည်နတ်မောက်ဂုဏ်ရည်

Photos from Natmauk Gon Yi 24 Hr Specialist Clinic, Diagnostic and Labour Centre's post 13/04/2023

နတ်မောက်ဂုဏ်ရည်မိသားစု၏ သင်္ကြန်အကြို စတုဒီသာ အလှူပုံရိပ်များကို မျှဝေလိုက်ပါသည်။😍
အတာတကူး မြန်မာနှစ်ကူး အခါသာမရမှာ (၇)ရက် သားသမီးအပေါင်း စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေလို့ ကျွန်တော်တို့ရဲ့ နတ်မောက်ဂုဏ်ရည်မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။🙏

Photos from Natmauk Gon Yi 24 Hr Specialist Clinic, Diagnostic and Labour Centre's post 12/04/2023

နတ်မောက်ဂုဏ်ရည်မိသားစု၏ MD မမမှ ‌ဝန်ထမ်းများအား နှစ်ကူးအကြို ပျော်ရွှင်စရာ မဲဖောက်ပေးခြင်းအစီအစဉ်ကို ပြုလုပ်ပေးခဲ့ပါသည်။

02/03/2023

Happy Myanmar Peasants' Day

ယနေ့ ၂၀၂၃ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင် ကျရောက်သော (၆၁)နှစ်မြောက် မြန်မာ့တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုရင်း

မြန်မာ့တောင်သူလယ်သမားများနှင့် တောင်သူဦးကြီးများ ကိုယ်ကျန်းမာစိတ်ချမ်းသာရှိကြပါစေကြောင်း
နတ်မောက်ဂုဏ်ရည်မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။🙏

12/02/2023

ယနေ့ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သော (၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို နတ်မောက်ဂုဏ်ရည်မိသားစုမှာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

04/01/2023

ယနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုပါသည်…

လိုအပ်သောဆုများပြည့်စုံကြပါစေ…

Photos from Natmauk Gon Yi 24 Hr Specialist Clinic, Diagnostic and Labour Centre's post 02/01/2023

နတ်မောက်ဂုဏ်ရည်ရဲ့ annual party ပါ…

အလုပ်လည်းလုပ် ပျော်လည်းပျော်…

အစားအသောက်
Games
သီးချင်းဆို

စသည့် ဝန်ထမ်းအားလုံး ပူးပေါင်း ပျော်ရွှင်ခဲ့ကြပါတယ်.…

အတိတ်က အမှားကို သင်ယူခဲ့ပြီး နှစ်သစ်မှာ အားအင်အပြည့်နဲ့ အကောင်းဆုံး လုပ်ကြမှာမို့ ကျန်းမာရေးအတွက် လိုအပ်သော ပြည်သူများ လာရောက်ပြသဖို့ ဖိတ်ခေါ်အပ်ပါသည်….

01/01/2023

၂၀၂၃ ခုနှစ် နှစ်ဆန်း တစ်ရက်နေ့မှာ

နတ်မောက်ဂုဏ်ရည်၂၄ နာရီ အထူးကုဆေးခန်းမှ လိုအပ်သောပြည်သူများအတွက်

၁) အခမဲ့ သွေးပေါင်ချိန်ပေးခြင်း
၂) အခမဲ့ သွေးချိုတိုင်းတာပေးခြင်း
၃) အခမဲ့ သွေးတွင်းအောက်စီဂျင်တိုင်းတာပေးခြင်း
၄) အခမဲ့ အထွေထွေဆရာဝန်မှ ကြည့်ရှုပေးခြင်း

များလုပ်ဆောင်ပေးနေပါသည်…

လိုအပ်သော ပြည်သူများ လာရောက်ပြသဖို့ ဖိတ်ခေါ်ပါသည်…

ဆေးခန်းလိပ်စာကတော့

အမှတ် ၁၂/၁၁၃၆၊ ရွှေလှံဗိုလ်လမ်း၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

ဆက်သွယ်ရမည့် ဖုန်း

၀၉၄၄၉၂၂၀၀၂/ ၀၉၄၀၉၉၄၄၆၈၀

31/12/2022

နှစ်သစ်မှာ အကောင်းဆုံး ကြိုးစားပြီး ဝန်ဆောင်မှုများစွာနှင့် လူနာများ ကျန်းမာစေရန် စေတနာ မေတ္တာရှေ့ထား ဆောင်ရွက်သွားပါ့မယ်…

ပြည်သူလူထုအားလုံး ကျန်းမာ ချမ်းသာကြပါစေကြောင်း နတ်မောက်ဂုဏ်ရည်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်..

27/12/2022

နတ်မောက်ဂုဏ်ရည်မှ လိုအပ်သော ပြည်သူများအတွက် ၂၄ နာရီ ဝန်ဆောင်မှု ပေးနေပါသည်…

24/12/2022

သာယာပျော်ရွှင်တဲ့ Christmas နေ့ကို ဖြတ်သန်းနိုင်ကြပါစေ

🎄 Merry Christmas 🎄

15/12/2022

🥳 နတ်မောက်ဂုဏ်ရည်မှ ဘယ်လိုအကောင်းဆုံးဝန်ဆောင်မှုတွေပေးနေလဲ? 🥳

💖💖💖

၁)ပြသလိုသော အထူးကုဆရာဝန်ကြီးများနှင့် ပြသနိုင်ခြင်း
၂)ဓာတ်ခွဲ ဓာတ်မှန် တစ်နေရာတည်း ဝန်ဆောင်မှု ထားရှိခြင်း
၃)ကိုယ်ဝန်ဆောင်မိခင်များအတွက် ကြိုက်နှစ်သက်ရာ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများနှင့် ပြသ၍ တစ်နေရာတည်းဝန်ဆောင်မှု ထားရှိခြင်း (သွေးစစ် အာထရာဆောင်းရိုက် သွားဖွားနိုင်ခြင်း)
၄)ကြိုက်နှစ်သက်ရာ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ပြသ၍ မည်သည့် အသေးစား ခွဲစိတ်မှုမျိုးမဆိုပြုလုပ်နိုင်ခြင်း
၅)သက်တောင့်သက်သာရှိသော လူနာနားနေခန်းများ ထားရှိကာ ဝန်ဆောင်မှုပေးနေခြင်း....
၆)အိမ်တိုင်ရာရောက် အကောင်းဆုံးသောဝန်ဆောင်မှုပေးထားရှိပေးခြင်း
ရ)၂၄ နာရီ ကျန်းမာရေးဝန်ဆောင်မှု ပေးထားခြင်း.....

💖💖💖

👌စရိတ်လည်းသက်သာရမည် 👌
😘 ဝန်ဆောင်မှုလည်း ကောင်းရမည် 😘
😍 စိတ်လည်းချရတဲ့ ဝန်ဆောင်မှုလည််း ဖြစ်ရမယ် 😍

လို့ တွေးရင် နတ်မောက်ဂုဏ်ရည် ကို သတိရလိုက်ပါနော်......

☎️၀၉၄၄၉၄၂၂၀၀၂ / ၀၉၄၀၉၉၄၄၆၈၀ ☎️

👉👉👉 အမှတ် ၁၂/၁၁၃၆၊ ရွှေလှံဗိုလ်လမ်း(၁၂ ဂက်စ်ဆိုင်အနီး)၊အရှေ့ဒဂုံမြို့နယ်၊ရန်ကုန်။

28/11/2022

သင့်ရဲ့ ကျန်းမာရေးအတွက် နတ်မောက်ဂုဏ်ရည်မှ ပစ္စည်းစုံလင်စွာဖြင့် တာဝန်ယူပါရစေ.....

ယုံကြည်စွာ လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ....

☎️၀၉၄၄၉၄၂၂၀၀၂ / ၀၉၄၀၉၉၄၄၆၈၀ ☎️

👉👉👉 အမှတ် ၁၂/၁၁၃၆၊ ရွှေလှံဗိုလ်လမ်း(၁၂ ဂက်စ်ဆိုင်အနီး)၊အရှေ့ဒဂုံမြို့နယ်၊ရန်ကုန်။

05/11/2022

သာယာအေးချမ်းတဲ့ တန်ဆောင်တိုင်အခါသမယကို ပိုင်ဆိုင်နိုင်ပါစေ...

နတ်မောက်ဂုဏ်ရည်မိသားစု.....

Timeline photos 29/10/2022

It’s ! 💚

It is essential to know the symptoms of stroke. If you are experiencing any of these, seek medical care immediately ⬇️

24/10/2022

Happy Deepavali/Diwali!!!

Timeline photos 23/10/2022

October is 💖

Early diagnosis of breast cancer generally increases the chances of successful treatment.

If you notice any of the below symptoms, it is essential to get checked immediately by a health personnel ⬇️

23/10/2022

နတ်မောက်ဂုဏ်ရည် အဆင့်မြင့်ဓာတ်ခွဲခန်း သားဖွားခန်း နှင့် အထူးကုဆေးခန်းတွင်

တာဝန် ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်း အလိုရှိသည်။

Cashier ( 1 ) Position

1) Must finished LCCI Level 1 & 2 . Level 3 is more preferable.

2) 1 year experience with hospital or clinic would be an advantage.

3) will able to work for rotation shift

4) good team player

5) able to handle cashier functions (AR)

Deadline 31/10/2022

Please send your CV to [email protected].

Only the shortlist candidate will notify for the interview.

07/10/2022

ရက်ကောင်းရက်မြတ် သီတင်းကျွတ်အချိန်အခါသမယမှာ

မြန်မာပြည်သူပြည်သားအားလုံး

ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်း နှင့် ပြည့်စုံပါစေကြောင်း

နတ်မောက်ဂုဏ်ရည်မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်...

07/10/2022

Remember: only take antibiotics 💊 a health professional has prescribed TO YOU.

We can stop the spread of Antibiotic Resistance.

06/10/2022

မြစ်ကြီးနား က သမားတော် ဆရာ

Nay Win အရပ်ဖက်မြန်မာ ဆရာဝန်များ Group မှာ ရေး တာကို ကူးလာတာ၊

ဆရာဝန်သူငယ်ချင်း တွေကိုရည်ရွယ်ပါတယ်။

Antibiotic - ဆေးပေးခြင်းအနုပညာ (၁)

ဆေးခန်းထိုင်ကြတဲ့ ဆရာဝန်မှန်ရင် antibiotic မပေးတဲ့နေ့ မရှိသလောက်ပါပဲ။ ပြဿနာက ဘယ်လိုများတွေးခေါ်ပြီး ပေးကြမလဲ..ဆိုတာပါပဲ။

ကျနော်တွေ့နေရတဲ့တချို့ဆရာဝန်ဆိုသူတွေရဲ့ ဆေးညွှန်း၊ဆေးပေး ပုံတွေကို အံ့သြမိလို့ဖြစ်ပါတယ်။

ဥပမာ - လူနာက ခါးနာတယ်ပြောတယ်။ USG ရိုက်တယ်။ small renal stone တွေ့တယ်။ အဲ့တော့ဆေးပေးလွှတ်လိုက်တယ်။ Urocrush , Levoflox , Rowatinex , Cephadroxil , Aciclofenec , Omeprazole , Relispa , ....(၇) မျိုးဗျာ။ ဘာကိုရည်ရွယ်မှန်းမသိပေတဲ့ antibiotics နှစ်မျိုးပါနေတာကတော့ အတော်လေး မျက်ခုံးပင့် , သက်ပြင်းချစရာ ဖြစ်ခဲ့ပါတယ်။

နောက်တစ်ခု ဥပမာ - ။ လူနာက ဖျားတာ -၃ ရက်မြောက်တော့ ဆေးခန်းပြတယ်။အဲ့ဒီဆရာဝန်က ဆေးထိုးတယ်။ဆေးပေးလိုက်တယ်။ - ၃-ရက်စာပေးတာ။ ciproflox, ampiclox, co-tri ,para, citrizine, diclofenec , dexamethaxone , omeprazole, ..(၈) မျိုးဗျာ။ ဒီမှာတော့ antibiotics ကို -၃ - မျိုးတောင်ပေးထားပြန်ပါတယ်။

ဒီလိုဆရာဝန်မျိုးတွေရဲ့ ဒီလိုဆေးညွှန်းပုံတွေ ၊ ပေးနေပုံတွေတွေ့ရတော့ - မဆီမဆိုင် - စပ်ဆေးတွေကို ဖမ်းကြဖို့ပြောနေကြသူတွေကိုသတိရမိပါတယ်။ တကယ်တော့ - စပ်ဆေးဆိုတာ - ဒီလိုဆရာဝန်တွေရဲ့ လက်ကျဆေးဆိုင်တွေပဲဖြစ်ပါလိမ့်မယ်။ကျနော်တို့ ဆရာဝန်တွေထဲမယ် - တချို့- တချို့ သောဆရာဝန်တွေဟာ - အဲ့သလိုဆေးပေးပြီး - အသက်မွေးနေကြတာကို တွေ့ရဖန်များလာလို့ အခုစာကိုရေးဖြစ်ပါတယ်။

ဆေးပေးခြင်းအနုပညာ (၁) အဖြစ် - antibiotic - ဘယ်လိုပေးကြမလဲဆိုတာ ပြောကြည့်ပါမယ်။ဆေးခန်း( ဂျီပီ ) အတွက် ရည်ရွယ်ပါတယ်။

System localization
- - - - - - -
၁။ ဦးဆုံးတော့ bacterial infection ဖြစ်ကြောင်း ခိုင်လုံဖို့ ကြိုးပမ်းရတာပါ။ ပြဿနာက ဒီကစ, ပါတယ်။ ဆေးရုံကြီးတွေမယ် - ဖြစ်နိုင်ပေတဲ့ ဆေးရုံငယ် နဲ့ ဆေးခန်း( ဂျီပီ) ကျတော့ ခက်လှပါတယ်။ ပေါ်ယံ အရေပြား နဲ့ မြင်ရတဲ့နေရာတွေမယ် ( အာခေါင် ၊ နား ၊ သွား ..စသည် ) ပြည်တည်သလို - နီရဲယောင်ရမ်းနေရင် ရှင်းပါတယ်။ အတွင်းကျတော့ ခက်ရော။ ဒီအခါ ဘယ် system မှာဖြစ်သလဲဆိုတာကို လိုက်ရပါတယ်။ ဆေးခန်းကိုအများဆုံးလာတတ်တာကတော့ - respiratory, gastrointestinal နဲ့ urinary systems တွေဖြစ်ပါတယ်။

၂။ တချို့အဖျားတွေက ဘယ် system ရယ်လို့ လက်ဆုပ်လက်ကိုင် မပြနိုင်ပါဘူး။ ခေါင်းလဲကိုက်၊ ချောင်းလဲဆိုး ၊ အန်လဲအန်၊ ဝမ်းလဲပျက် ၊ ဆီးလဲနည်း ၊ မျက်လုံးကဝါ အမျိုးမျိုးတွဲနေတတ်ပါတယ်။ အဲ့သလို အဖျားကို multisystem အဖျားပေါ့။ ဒါမျိုးက severe systemic infections တွေမှာတွေ့ရတတ်ပါတယ်။ Viral ( seasonal လိုက်ပီး ကွာတယ် e.g ... influenzas, dengue, ပေါ့) ။Bacterial ( Typhoid, Gram negative septicaemia လိုမျိုး) ။ Rickettsial ( scrub typhu ဆိုပါတော့) ။ protozoal ( malaria ... ပေါ့) ။

ဆေးခန်းထဲမှာ အရေးကြီးတဲ့ အဲ့ဒီအုပ်စု နှစ်ခုကို ဘယ်လို အလွယ် နဲ့ အမြန်ခွဲမလဲ ဆိုတာ စီမံထားနိုင်ရင်တော့ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။

Systems ခွဲနိုင်ရင်တော့ diagnosis ကိစ္စ အတော်လေး ပြီးပါပြီ။ ဆေးကုဖို့ treatment သွားကြပါမယ်။

ချောင်းဆိုးတဲ့လူနာ

(၂) system localization လုပ်တဲ့အဆင့်ကိုပြောချင်ပါတယ်။ ဖျားတယ်။ အပြင်ပိုင်းက ဘာမှမတွေ့။ အတွင်းပိုင်းလို့သတ်မှတ်။ ဘယ် system လဲဆက်ရှာ..ဒီအပိုင်းပါ။

ဒီအချိန်မှာ - cardinal symptoms - တွေက အရေးပါလာပါတယ်။ ချောင်းဆိုး ၊ရင်ကြပ် ၊သလိပ်ပါ၊...ဆိုတဲ့ ( cough, sputum, haemoptysis , wheeze, chest pain ) ။ ဒါတွေနဲ့ငြိရင် Respiratory ကိုထိပြီလို့သတ်မှတ်ပါတယ်။

ဒါဆို နောက်တစ်ကွက်တက်ဖို့ ရှိပါတယ်။ upper or lower ပေါ့။ ခွဲနည်းက လွယ်လွယ်ပြောရရင် respiratory rate ပါပဲ။ အောက်ပိုင်းထိရင် မြန်နေမှာပါ။ ကျနော်တို့က ဒီ vital sign ကြီးကို ဆေးခန်းထဲမယ် ရှာလေ့မရှိလို့သာ။ သေချာကြည့်ရင် နှာခေါင်းလေးပွစိပွစိ နဲ့ ရှူနေတာတောင်တွေ့တတ်ပါတယ်။ alar nasi working ..ပေါ့လေ။ ဒါမျိုးတွေ့ထားရင် ကျနော်တို့ လွယ်လွယ်ပြောနေကြတဲ့ lung sign တွေတွေ့တတ်ပါတယ်။ သေချာချင်ရင်တော့ လူနာကို ထိုင်လျက်နောက်ကျောက စမ်းဖို့ လိုပါ့မယ်။ ဒီအချက်တွေဟာ lower respiratory infection ကိုပြတာပါပဲ။ သေချာပေါက် antibiotic ပေးရမဲ့ ကိစ္စပါ။ တခါတလေများဆို .. effusion, empyaema..တွေဖြစ်နေတတ်ပါတယ်။ ဒါကျတော့ percussion လုပ်လိုက်မှ ရှင်းတော့တာ။ ( အခုကျနော်ပြောခဲ့သလို ဆရာတို့ လုပ်ဖြစ် / မလုပ်ဖြစ် ..တစ်ချက်ပြန်စဉ်းစားပြီး ..ဒိထက်ပိုကောင်းတဲ့ short cut လေးများရှိမလားလို့ ကြံဆကြည့်ချင်ပါတယ်။ ထင်မြင်ချက်များကို မျှော်လင့်ပါတယ်။)

အခုထိပြောနေတာ ဆေးပေးဖို့ အချက်အလက်စုနေတဲ့ အဆင့်ပဲရှိပါသေးတယ်။ အခုဆိုရင် တစ်ကွက်တက်သွားပါပြီ။ respiratory infection မှာ အပေါ် / အောက် ကွဲကွဲပြားပြား သတ်မှတ်လိုက်ပါပြီ။

ဒါဆိုရင် ဆေးပေးတော့မလား။

ချောင်းဆိုးပြီးဖျားရုံနဲ့တင် antibiotic ပေးဖို့လုံလောက်နေပြီပဲ။အထက်ကပြောခဲ့တာတွေကို လုပ်နေဖို့လိုသေးလို့လား ? ဆိုတဲ့ အတွေးက ဝင်ဆောင့်ပါတယ်။ အပိုတွေလို့တောင် ထင်ချင်သလိုလိုဖြစ်လာပါတယ် ။

" အပို"တော့လည်း မဟုတ်သေးဘူးလို့ဆိုပါရစေ။ကျနော်တို့က .. professional တွေပါ။ technician တွေလို ဒီလိုလာ ဒါပဲပေး .. ဆိုတဲ့ လှေနံဓါးထစ် လုပ်နည်းကားနဲ့ အသက်မွေးနေတာ မဟုတ်တဲ့အကြောင်း ကိုယ့်လိပ်ပြာ ကိုယ် လုံစေချင်တာပါ။ ( ဘေးချော်ထွက်သွားရင် ခွင့်လွှတ်ပါ..) ။

ဆေးပေးကြပါစို့။

အပေါ်ပိုင်း trachea အထိ ဖြစ်တဲ့ infection တွေမယ် epiglottitis ကလွဲရင် အသက်အန္တရာယ်ဖြစ်ဖွယ်နည်းတဲ့အတွက် ကိုယ်ဘာ antibiotics ပေးလိုက်သည်ဖြစ်စေ အချိန်တန်ရင် ကောင်းသွားကြတာ အများစုပါ။( ချွင်းချက်တချို့ရှိနိုင်ပါတယ်။) သို့ပေတဲ့ ကိုယ်ကရွေးပြီးပေးအခါမှာတော့ upper respiratory infection ကိုဦးတည်ပေးတဲ့ ဆေး တော့ဖြစ်ဖို့လိုပါတယ်။ beta - lactum antibiotic, macrolide , respiratory quinolone .. နှစ်သက်ရာတစ်မျိုးကို ( တစ်မျိုးကိုသာ ) သုံးဖို့ပါပဲ။ လူနာရဲ့ ဆေးတည့်/ မတည့် ၊ ကိုယ်ဝန်ရှိ /မရှိ ၊ ကလေး / လူကြီး .. ဆိုတာတွေကို ထည့်သွင်းတွက်ချက်နိုင်ဖို့ ..ဒီလို ရွေးချယ်စရာတွေရှိနေရတာဖြစ်ပါတယ်။ အခုဆို ဆရာတို့ ဆေး ( antibiotic ) ပေးဖို့အသင့်ဖြစ်ပါပြီ. ။

ရှေ့ဆက်ပြီး .. lower respiratory infection. . ကိုဆက်ကြည့်ရအောင်။ဆေးပေးတာကတော့ အတူတူပဲ ။ရှေ့က (၃) မျိုးကိုပဲ တစ်မျိုး / လိုအပ်ရင် betalactum +macrolide ၂မျိုး ကို ပေးမှာပါပဲ. ။

တကယ်တော့ဆေးခန်းလိုနေရာမယ် upper နဲ့ lower ခွဲစဉ်းစားပေးတယ်ဆိုတာ ကိုယ့်အတွက် safe ဖြစ်အောင်လုပ်နည်းတစ်မျိုးပါပဲ။ အပေါ်ပိုင်းက အသက်နဲ့လှမ်းပေတဲ့ အောက်ပိုင်းက အခန့်မသင့်ရင် အသက်ပါသွားနိုင်ပါတယ်။ ဥပမာ - diabetes, CCF, HIV , older age ,..တွေမှာဖြစ်ရင်ပိုဆိုးပါတယ်။ ဒါ့ကြောင့် lower တွေကို pneumonia လို့စဉ်းစားစေချင်ပါတယ်။ ကလေးလည်း ကလေးအလျောက် ၊ လူကြီးလည်းလူကြီးအလျောက် ( CURB65 ) ရှိပြီးတဲ့ severity assessment ကိုအသုံးပြုပြီး .. မဖြစ်မနေ ( မဖြစ်မနေ ) ဆေးရုံတင်ပို့ကုရမဲ့ လူနာကို လွတ်မသွားအောင် လုပ်စေချင်တာပါ။ ဒါမှသာ - primary care physician ဖြစ်တဲ့ ဆရာတို့ ရဲ့စွမ်းဆောင်ရည်ကို လူနာကအကျိုးခံစားရမှာပါ။ ဆရာတို့လည်း အသက်တစ်ချောင်း ကယ်နိုင်စွမ်းတဲ့ သူတွေဖြစ်မှာပါ။

ဒါဆိုရင် ချောင်းဆိုး ပြီး ဖျားတဲ့လူနာကို ဆရာတို့ ဆေးပေးရတာ ဘဝင်ကျကြလိမ့်မယ် လို့မျှော်လင့်ပါတယ် ။

ဘယ်နှစ်ရက်ပေးမလဲ ? ဘာ့ကြောင့်လဲ ?

Antibiotics ကိုမှဆေးပေးလိုက်ဖို့ဆုံးဖြတ်လိုက်ပြီးပြီဆိုပါစို့ ..။

၁။ပေးမဲ့ပေးတော့လည်း recommended doses တွေအတိုင်းပေးဖို့ပါပဲ။ ဆေးအပေါ်မှာ ကိုယ်ကသစ္စာရှိဖို့လိုပါတယ်။ ဒါမှသာ သစ္စာလေးနက်ပေါ်ဆီတက်နိုင်ပါမယ်. ။အဲ့တော့ ဆရာဝန်တွေဆေးညွှန်းပြန်ဖတ်ကြဖို့ လိုကို လိုအပ်လာပါတယ်။ ကိုယ်ညွှန်နေကျဆေးပင်လျင် တခါတရံ သိသလိုလိုနဲ့မသိတာမျိုး ၊ ပေးနေကျမို့ပေးလိုက်တာမျိုး ဖြစ်တတ်တာသဘာဝပါ။ ပိုင်ပိုင်နိုင်နိုင်သိပြီး ချက်ကျလက်ကျပေးတာမျိုးဖြစ်ရမှာပါ။

၂။ ဘယ်လောက်ကြာကြာပေးမလဲ ? ဆိုတဲ့ duration of treatment ... ကအရေးအကြီးဆုံးပါ။ ဆေးခန်းကနေ ပေးလိုက်တာဆိုတော့ ကိုယ်ချိန်းတဲ့အချိန် ပြန်လာပြမှာသေချာဖို့လည်း လိုပါသေးတယ်။ လူနာတွေရဲ့သဘာဝက သက်သာရင် ဆက်ပြဖို့မလာချင်ဘူး။ မသက်သာပြန်ရင်လည်း - နောက်ဆေးခန်းပြောင်းပြကြပြန်ရော။ အဲ့ဒီအကျင့်က ကျနော်တို့ practice ကိုအတော်လေးဒုက္ခပေးပါတယ်။ ဒီ့ထက်ပိုဆိုးတာကတော့ - တချို့က ပေးလိုက်တဲ့ဆေးကို သက်သာရင်ကုန်အောင်မသောက်ပဲ ချန်ထားတတ်ကြတာပါ။ ဒါတွေက တွေ့နေကျ အခက်အခဲတွေဆိုပါတော့။ ကျနော်တို့ ဒီအခက်အခဲတွေကို ပညာပေးရင်း - အချိန်ပေးရင်း - ကိုယ့်အရပ်ကိုယ်တာဝန်ယူပြီးပြုပြင်ပေးကြဖို့ အားစိုက်သင့်ကြပါပြီ။ ပညာရေးရေချိန်ကြောင့်ဆိုပြီး (ပညာရေးအခြေခံပေါ်ချည်း) ပုံချထားဖို့မသင့်တော့ဘူးလို့ပဲ ထင်မြင်မိပါတယ်။

၃။သတ်မှတ်ထားတဲ့ ကုထုံးက - ဘယ်အကောင် / ဘယ်နေရာမှာဖြစ်/ ဘယ်နှစ်ရက်.. ဆိုပြီး ရှိတာပါ။ ဂျီပီဆိုတော့လည်း..ဘယ်နေရာမှာဖြစ် ..ဆိုတာလောက်မှန်းနိုင်ပေတဲ့ - ဘယ်အကောင်လဲ( causal organism) မသေချာတော့ ဘယ်နှစ်ရက်ပေးမလဲ ..ဆိုတာ ရွေးရခက်ကြီးပါ။သေချာတာကတော့ - သုံးရက် - ထက်နည်းတဲ့ကုထုံးဆိုလို့ single dose therapy...တွေပဲရှိတာပါ။ ဒီတော့ ပြောနေကျ - ဆေးပါတ်လည်အောင် - သုံးရက်တော့ အနည်းဆုံးသောက်ပါ..ဆိုကြတာပေါ့လေ။ သို့ပေတဲ့ - chest infection , enteric ထင်ရင် ( ၅-၇ ) ရက်လောက်တော့ ပေးကြရပါတယ်။ lower UTI ကျတော့ ၃- ရက်ပေါ့။ ဒါမျိုးကို လူနာကိုပါ ရှင်းရှင်းလင်းလင်းအသိပေးထားနိုင်ရင် အတော်လေးအဆင်ပြေတာ တွေ့ရပါတယ်။

၄။ အဲ့ဒီမှာ ဖြစ်တတ်တာတွေက ဆေးကဒ်ပြဝယ်သောက်တဲ့လူနာတွေ..။သက်သာသွားတေ့ ကိုယ့်ဆေးကို သူများပြန်မျှဝေချင်တဲ့ လူနာတွေ..။ဒါတွေကို တော့ အတော်ကြီး အချိန်ယူပြီး - မူဝါဒ -ရေးရာတွေနဲ့ လုပ်ယူကြရမှာဖြစ်ပါတယ်။

၅။ သုံးရက်လောက်မှာပြန်ခေါ်ကြည့်စေချင်တဲ့နောက်ထပ်အရေးကြီးတဲ့ အကြောင်းတစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ - antibiotic time out - ဆိုတာရှိလို့ပါ။ ကိုယ်ပေးတဲ့ ဆေးတိုး/ မတိုး ဆိုတာ သူ့အာနိသင်ပြတာကိုစောင့်ကြည့်ရတာပါ။ 48-72 hours အတွင်းမှာ အာနိသင်မပြနိုင်ရင် ဒီဆေး နဲ့ ဒီရောဂါ လွဲနေတယ် လို့သတ်မှတ်ပါတယ်။ ကိုယ့်diagnosis ကိုပြန်သုံးသပ် ပြီး ကိုယ့်ဆေးကိုပြန်စဉ်းစားရမဲ့ အခြေအနေပါပဲ။

၆။ ကိုယ်ရွေးလိုက်တဲ့ဆေး မှန်/မမှန် - စောင့်ကြည့်တတ်ဖို့လည်းအရေးကြီးပါတယ်။ မှန်ရင် - systemic upset တွေသက်သာလာမှာပါ။ အဖျားလျော့လာတာဟာ အသိသာဆုံးလက္ခဏာဖြစ်ပေတဲ့ antipyretic/ analgesic မပေးတဲ့သူက ခပ်ရှားရှားဆိုတော့ ဒီအသုံးအကျဆုံးလက္ခဏာလေးကို ကျနော်တို့ဆုံးရှုံးရပါတယ်။ အဖျားကိုစောင့်ကြည့်လက္ခဏာ အဖြစ် အသုံးပြုလို့မရတော့ဘူးပေါ့။ တစ်ခုလုပ်နိုင်တာက - para ကို သီးသန့်ခွဲပြီး - ဒါကို အဖျားတက်မှသောက် - လို့ပေးလိုက်ရင်သူ့အဖျားကို ကိုယ်သုံးလို့ရနိုင်မယ်ထင်ပါတယ်။ နောက်ထပ် သိသာတာကတော့ - less toxic - ဖြစ်လာတယ်ပေါ့။ ဒါကလည်း လူနာကိုခြုံကြည့်လိုက်ရင် - လန်းလာတာပါပဲ။တချို့အရပ်လူကြီးတွေ အင်မတန် လူနာကဲခတ်တော်ပါတယ်။ဒါမျိုးကြည့်တတ်တာပါ။ clinical astute ခေါ်မယ်ထင်ပါတယ်။ ကျနော့်အဖို့ နောက်ထပ်အသုံးတည့်တာတစ်ခုကတော့ - ခံတွင်းလိုက်လာတာပါ။ အစာတောင်းပြီ..စားချင်သောက်ချင်စိတ်လေးပေါ်လာပြီ..လို့ပြောလေ့ရှိပါတယ်..( appetite returned) ။ ဒီလိုအချက်အလက်တွေနဲ့ ဂျီပီမှာစောင့်ကြည့်ရတာပါပဲ။ ဆေးရုံပေါ်မှာတော့ သွေးဖောက်စစ်တာတွေပါတာပေါ့လေ။

- ဆေးပေးပြီးနောက်. .. ပြန်ကြည့်ရမယ့် ကိစ္စတွေရှိသေးတာကြောင့် လူနာကို ဆေးပေးတာဟာ ပေးပြီးရင် မျက်နှာလွှဲခဲပစ် ထားရဖို့မသင့်ပဲ ပြန်ခေါ်ကြည့်သင့်လှပါတယ်။

အကြီးမားဆုံးအခက်အခဲ ကတော့ လူနာက ကိုယ်ချိန်းတဲ့အတိုင်း ပြန်လာမပြကြတာပါပဲ။ ဒါကတော့ နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှု စံနစ် ၊ ပြည်သူတွေရဲ့ ပညာရေးရေချိန် ၊ ကိုယ့်ရဲ့ လူနာအပေါ် လွှမ်းမိုးနိုင်မှု ဆိုတာတွေလည်း ပါလာမှာဖြစ်ပါတယ် ။


စောင့်ကြည့်ဖို့။

ဆေးပေးပြီးတဲ့နောက်တော့ စောင့်ကြည့်စရာရယ်လို့ - နှစ်ခု - သာရှိပါတယ်။ effect နဲ့ side effects ဆိုပါတော့ ။ အာနိသင်ကို ဘယ်လိုကြည့်မယ် / ဘေးထွက်ဆိုးကျိုးကိုဘယ်လိုကြည့်မယ် ဆိုတာက ကိုယ်ပေးလိုက်တဲ့ reason and indications for antibiotics နဲ့ ကိုယ်ရွေးလိုက်တဲ့ဆေး အပေါ်မှာမူတည်ပါတယ်။

ဒါ့ကြောင့် - ဂျီပီလိုနေရာမျိုးကနေ - monitoring သိပ်မလုပ်နိုင်ပဲ ဆေးပေးရတဲ့ကိစ္စဟာ အင်မတန်မှ တာဝန်ကြီးပြီး ဂရုထားရတဲ့အလုပ်ကြီးတစ်ခုဖြစ်ပါတယ်။ တစ်မျိုးသော ဆေး အပေါ်မှာပင်ဤမျှတာဝန်ကြီးတဲ့အတွက် - ဆရာတို့ အနေနဲ့ - ၂/၃ မျိုးပေါင်းပြီးပေးမယ်ဆိုရင် ယူရမဲ့တာဝန်တွေ သိပ်များပါတယ် ။ ခံရမဲ့တာဝန်ကလည်း သိပ်ကြီးပါတယ်လို့ လက်တို့ပါရစေ။

ကျနော်ပြောချင်တဲ့ အဓိကအကြောင်း - main theme- ကိုရောက်ပါပြီ။ antibiotics resistance ပြဿနာပါ။ ဒီပြဿနာဟာ သိပ်ကြီးနေပါပြီ။ ကျနော်တို့ ဆေးရုံတွေမယ် - တော်ရုံဆေးမဖြုံတော့တဲ့ - UTI , Chest infection, wound sepsis...တွေများလာနေပါပြီ။ကျနော်တို့က - ceftriaxone လောက် သုံးရရင်တောင်မှ ..ဘတ်ဂျက်က အတော်လေးထိပါတယ်။နိုင်ငံ့ပိုက်ဆံတွေ ..အတော်ကုန်ပါတယ်။ ထူထောင်ရေးကာလမယ် ..ကျနော်တို့အကောင်းထားပြီးသုံးနေရတဲ့ ဆေးတွေ မတိုးတော့တဲ့အခါ ..sepsis.. တွေက ဆေးရုံမှာအနေကြာ။ လူတွေကကြပ်။အလုပ်တွေပိ။ ရောဂါတွေကမသက်သာ။သေတဲ့လူတွေကများ။ ဖွတဲ့လူတွေနဲ့တွေ့။ ပြဿနာတွေတက်...။လုပ်ငန်းခွင်ပျက်လောက်တဲ့အထိ..ကြီးတဲ့ပြဿနာမျိုးပေါ့။

ဆေးမတိုးတဲ့ပြဿနာဟာ ..တကယ်တော့ ဆေးရုံတွေမှာမြစ်ဖျားခံတာမဟုတ်ပဲ ..လူတွေကြားမှာပဲဖြစ်ပေါ်လာတာပါ။ အဓိကအကြောင်းကတော့ ..misuse ..ပါပဲ။ လိုတာထက်ပိုသုံးတာ။ လိုသလောက်မသုံးတာ - နှစ်မျိုးမယ်....ပိုသုံးကြတာကများပါသတဲ့။ ဒါက WHO ကိုယ်တိုင်က ပြောထားတာတွေပါ။ ကျတော်တို့ တစ်နိုင်တစ်ပိုင် ..တိုင်းပြည်အတွက်စွမ်းဆောင်ပေးကြပါစို့။ မလိုအပ်ပဲ သုံးခြင်း / ကို တတ်နိုင်သမျှ ဆင်ခြင်ကြပါစို့။ ကျနော်တို့နောက်မျိုးဆက်တွေအပေါ်မှာ တတ်နိုင်သမျှ တာဝန်ကျေခဲ့ကြပါစို့လို့..မိတ်ဆွေများကို ချစ်ခင်စွာ နှိုးဆော်လိုက်ပါတယ်။

Thanks sir
credit to original sir
ဆေးပေးခြင်းအနုပညာ၌ ပျော်ရွှင်ကြပါစေ။CRD

25/09/2022

Join Our Team.

We are Hiring Urgently for the following position:

1) Registered Nurse x 1 Position
2) OT Nurse x 1 Position
3) Pharmacist x 1 Position

Send your resume to [email protected] or messenger box if you are the best candidate.

We welcome you to visit and see the job nature of our Natmauk Gon Yi Specialist Clinic, Diagnostic and Labour Centre.

Deadline by September 29. The interview will be on September 30.

24/09/2022

Relieving MO ဆင်းချင်သူများ နတ်မောက်ဂုဏ်ရည်ဆေးခန်းသို့ ဖုန်းဆက်ပြီး စရင်းပေးသွင်းထားနိုင်ပါသည်။

☎️၀၉၄၄၀၄၇၇၄၄၃/၀၉၄၄၀၄၇၇၅၅☎️

👉👉👉 အမှတ် ၁၂/၁၁၃၆၊ ရွှေလှံဗိုလ်လမ်း(၁၂ ဂက်စ်ဆိုင်အနီး)၊အရှေ့ဒဂုံမြို့နယ်၊ရန်ကုန်။

Timeline photos 08/09/2022

If you are travelling ✈️ 🧳 soon, remember to & protect yourself & others from .

21/08/2022

❓Covid vaccine booster ကို ဘယ်ဆေး အမျိုးအစားရွေးချယ်သင့်သလဲ❓

ယခု အချိန်မှာ ကမ္ဘာတဝှမ်း မှာ Covid-19 မျိုးကွဲအသစ်တွေကြောင့် covid waves အသစ်တွေစတင်နေပါပြီ။ မြန်မာနိုင်ငံမှာ လည်း Covid-19 ကြောင့်ဖြစ်ရတဲ့ ဒုက္ခ တွေကို နဖူးတွေ့ ဒူးတွေ့ခံစားကြပြီး ဖြစ်ပါတယ်။
ဒီ 🦠Covid-19 မျိုးကွဲအသစ်🦠တွေကြောင့် covid ရောဂါကူးစက်ပြန့်ပွါးမှုမရှိအောင်၊ ကူးစက်ခံရသည်ရှိသော် ရောဂါ ပြင်းထန်မှုမရှိအောင် ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်ထားဖို့ အလွန်အရေးကြီးပါတယ်။
ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) က လူတိုင်း လက်လှမ်းမှီတဲ့ 💉covid ကာကွယ်ဆေး💉ကို အရင် ထိုးထားဖို့ အကြံပြုထားပါတယ်။
အများစုကလည်း Covid-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်မှာပါ။ အဆိုပါ နှစ်ကြိမ်ထိုးပြီးနောက်မှာ တော့ ကာကွယ်နိုင်စွမ်း လျော့ကျမသွားအောင် Booster dose အနေနဲ့ ထပ်ထိုးဖို့လိုအပ်ပါတယ်။
ယနေ့မှာတော့ Dr. Vaccine က covid vaccine booster ကို ဘယ်အချိန်မှာထိုးသင့်သလဲနဲ့ ဘယ်ဆေးအမျိုးအစားတွေကို ရွေးချယ်သင့်လဲ ဆိုတာ ရှင်းပြပေးပါမယ်။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

မြန်မာနိုင်ငံမှာ ရနိုင်တဲ့ ကာကွယ်ဆေးတွေက Sinopharm, Sinovac, Sputnik, Covishield/astrazeneca , Covaxin နဲ့ Moderna တို့ပဲဖြစ်ပါတယ်။

ဒီဆေးတွေထဲမှာ Booster အဖြစ် Covishield နဲ့ Moderna ကို သုံးတာများပါတယ်။
(အသက် ၁၂ နှစ်အောက် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးတဲ့ ပုံမှန်ကျန်းမာသန်စွမ်းတဲ့ ကလေးတွေကိုတော့ booster dose ထိုးဖို့ recommend မလုပ်သေးပါဘူး။)

‼️‼️အရေးကြီးတဲ့အချက်ကတော့ Booster ထိုးတဲ့ ကာကွယ်ဆေး ဟာ ပထမနှစ်ကြိမ်ထိုးထားတဲ့ ကာကွယ်ဆေးနဲ့ ထုတ်ပုံထုတ်နည်း အမျိုးအစားမတူတဲ့ ဆေးဖြစ်ရင် ကာကွယ်မှု အာနိသင်ပိုကောင်းတယ်လို့ သိရှိရပါတယ်။‼️‼️

ဒါကြောင့်~~~~

1️⃣ပထမနှစ်ကြိမ် ကာကွယ်ဆေး ဟာ
Sinopharm/Sinovac နှစ်ကြိမ်ထိုးထားရင် ၁လ-၃လ ခြားပြီး Moderna ကို ပထမအကြိမ် booster ထိုးသင့်ပြီး နောက် ၃ လခြားပြီး Covishield သို့ Moderna ကို ဒုတိယ အကြိမ် booster ထိုးသင့်ပါတယ်။ စုစုပေါင်း ၄ ကြိမ်ပါ။

2️⃣ပထမ နှစ်ကြိမ် ကာကွယ်ဆေး ဟာ Covishield/Sputnik ထိုးထားရင် booster dose ကို ၃လ-၆လ ခြားပြီး Moderna ပထမ booster, နောက်ထပ်သုံးလကြာရင် Covishield/Moderna ကို ဒုတိယ booster ထိုးသင့်ပါတယ်။ စုစုပေါင်း ၄ ကြိမ်ပါပဲ။

3️⃣Sinopharm/Sinovac နှစ်ကြိမ်၊ Covishield တစ်ကြိမ်ထိုးထားပြီးတဲ့ သူတွေကတော့ booster dose ကို ၃လ-၆လခြားပြီး Covishield/Moderna ကို ရွေးချယ်နိုင်ပါတယ်။

အထက်ပါအတိုင်း မတူညီတဲ့ ကာကွယ်ဆေးတွေနဲ့ စုစုပေါင်း ကာကွယ်ဆေး ၄ ကြိမ်ထိုးထားပြီးရင်တော့ နောက်ထပ် booster ထိုးဖို့ ညွှန်ကြားချက်မထွက်သေးပါဘူး။

ယခုထွက်ပြီးသား ဆေးတွေထက် အာနိသင်ပိုကောင်းနိုင်တဲ့ ဆေး အမျိုးအစားအသစ်ထွက်မှသာ booster dose ထိုးဖို့ recommend လုပ်ထားပါတယ်။

ဒါဆိုရင်တော့ ဘယ်အချိန် ဘယ်ကာကွယ်ဆေး ကို booster ထိုးသင့်တယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။

နတ်မောက်ဂုဏ်ရည်မှာ လူကြီးမင်းတို့လိုအပ်သော

၁) Sinovac
၂) Sinopharm
၃) Covidshield
၄) Covaxin
၅) Moderna

စသည့် ကိုဗစ်ကာကွယ်ဆေး မျိုးစုံ ရရှိနိုင်ပါသည်..

မိဘပြည်သူများ Covid-19 ကပ်ရောဂါ ဆိုးကြီး ကို အန္တရာယ်ကင်း ကျန်းမာစွာဖြင့် ကျော်လွှားနိုင်ကြပါစေ ကြောင်း နတ်မောက်ဂုဏ်ရည် မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။~~~

#ဒေါက်တာဗက်ဆင်း

26/07/2022

မျောက်ကျောက်ရောဂါ

မိမိကစ၍ ကာကွယ်ပါ

23/07/2022

အရှေ့ဒဂုံ တောင်ဒဂုံ မြောက်ဒဂုံ မှာနေကြတဲ့ မေမေဗိုက်တို့အတွက်

သားဖွားနှင့်မီးယပ် အထူးကု ဆရာဝန် ဒေါက်တာ ကျော်စွာလင်း နှင့်

နေ့စဉ် ညနေ(၄)နာရီတွင်

ပုံမှန် လာရောက်ပြသနိုင်ပါကြောင်း

အထူးသတင်းကောင်းပါးအပ်ပါသည်။

ပြသဖို့ လိုအပ်ရင် အောက်က ဖုန်းတွေကို ခေါ်လိုက်တော့နော်...

☎️၀၉၄၄၀၄၇၇၄၄၃/၀၉၄၄၀၄၇၇၅၅☎️

👉👉👉 အမှတ် ၁၂/၁၁၃၆၊ ရွှေလှံဗိုလ်လမ်း(၁၂ ဂက်စ်ဆိုင်အနီး)၊အရှေ့ဒဂုံမြို့နယ်၊ရန်ကုန်။

22/07/2022

#ဂါနာမှာ_မားဘာ့ဂျ် (Marburg) ဗိုင်းရပ်စ် ကူးစက်မှု စတင် တွေ့ရှိ
အီဘိုလာဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်နှင့် ဆင်တူသည့် ကူးစက်မှုမြင့်မားသော မားဘာ့ဂျ် ဗိုင်းရပ်စ် ကူးစက်ခံရသူ (၂) ဦး ဂါနာမှာ တွေ့ရှိလာခဲ့ပါတယ်။
လူနာ (၂) ဦးစလုံးဟာ ဆေးရုံမှာပဲ မကြာသေးခင်က သေဆုံးသွားခဲ့ပြီဟု သိရပါတယ်။

ယခုလအစောပိုင်းမှာ ရောဂါကို တွေ့ရှိခဲ့တာ ဖြစ်ပြီး ဓာတ်ခွဲခန်းမှာ သူတို့၏ နမူနာများကို စစ်ဆေးနေပါတယ်။

လူနာများနှင့် ထိစပ်မှု ရှိခဲ့သည့် သံသယရှိသူ (၉၈) ဦးခန့်ကို သီးသန့်ထားရှိထားတယ်ဟု ဆိုပါတယ်။

အာဖရိကအနောက်ပိုင်းမှာ မားဘာ့ဂျ် ဗိုင်းရပ်စ်ကို တွေ့ရှိတာ ယခုအခါမှာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ မနှစ်ကလည်း ထိုဗိုင်းရပ်စ်ကူးစက်မှုကို တွေ့ခဲ့ရပါသေးတယ်။ သို့သော် ပထမဆုံးရောဂါကိုတွေ့ရှိပြီး (၅) ပတ်အကြာ မှာ ရောဂါကင်းစင်ကြောင်း ကြေညာနိုင်ခဲ့ပါတယ်။

#မားဘာ့ဂျ်_ဗိုင်းရပ်စ်ဆိုတာဘာလဲ?
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကတော့ နိုင်ငံရဲ့ လျင်မြန်တဲ့ တုန့်ပြန်မျုကို ချီးကျူးခဲ့ပါသေးတယ်။

ဒီရောဂါရဲ့ တကယ့်အရင်းအမြစ်ကို ဖော်ထုတ်သွားနိုင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းတစ်ခု ကျွန်တော်တို့မှာ ရှိပါတယ်လို့ ဂါနာကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။

ထိတွေ့ခဲ့သူများကို ရှာဖွေခြင်းနှင့် ရောဂါထိန်းချုပ်မှု လုပ်ငန်းများကိုလည်း လုပ်ဆောင်ပြီး ဖြစ်ပါတယ်။

ဒီရောဂါလက္ခဏာများကို သိရှိနိုင်စေရန်နှင့် သံသယရှိသူတွေ့ရှိပါကလည်း အကြောင်းကြားရန် ကြေညာထားပြီး
ဖြစ်ပါတယ်။

မားဘာ့ဂျ် အတွက် ကုသမှုကတော့ မရှိသေးပါဘူး>
သို့သော် လူနာကို အသက်ရှင်နိုင်မယ့် အခွင့်အလမ်း
များစေဖို့ ရေများများသောက်ဖို့တော့ ဆရာဝန်များက ပြောထားပါတယ်။
လူ့ခန္ဓာကိုယ်မှ အရည်များမှတဆင့် ကူးစက်နိုင်သည့်
ဗိုင်းရပ်စ် ဖြစ်သည်။

ရောဂါကူးစက်ခံရနိုင်ဆုံးသူများက မိသားစုဝင်များ၊ ဖျားနာသူများကို စောင့်ရှောက်ရသည့် ဆေးရုံဝန်ထမ်းများ ဖြစ်ပါတယ်။

#မားဘာ့ဂျ်ကူးစက်ခံရလျှင်_ခံစားရသည့်_လက္ခဏာများ
ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ သွေးအန်ခြင်းနှင့် သွေးထွက်ခြင်း စသည်တို့အပါအဝင် ပြင်းထန်သည့် ဖျားနာလက္ခဏာများ ဖြစ်ပါတယ်။

ဂါနာကျန်းမာရေးဝန်ထမ်းများက လူများကို လိုဏ်ဂူများနှင့် ဝေးဝေးမှာနေရန်၊ အသားများကို သေချာချက်ပြုတ်ပြီးမှ စားသောက်ရန် သတိပေးထားပါတယ်။
၂၀၀၅ ခုနှစ်မှာ ထိုဗိုင်းရပ်စ်ကြောင့် အန်ဂိုလာမှာ လူ (၂၀၀) ကျော် သေဆုံးခဲ့ပါတယ်။ ပထမဆုံးသော မားဘာ့ဂျ် ဗိုင်းရပ်စ်ကူးစက်မှုကတော့ ၁၉၆၇ ဂျာမနီနိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူ (၇) ဦး သေဆုံးခဲ့ပါတယ်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ယနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုပါသည်… လိုအပ်သောဆုများပြည့်စုံကြပါစေ…
ဝါဆိုလပြည့်နေ့ ဓမ္မာစကြာ အခါတော်နေ့တိုင်းသူပြည်သားအားလုံး သီတင်းသီလစောင့်တည်နိုင်ပြီး ကဒ်ကြီးသုံးပါးမှ ကင်းလွတ်ကာ ကျန်းမ...
ရိုးရိုးမွေးဖွားကြမယ့် ကိုယ်ဝန်ဆောင်သည် မေမေများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများ
GE ultrasound services Available 3D & 4D ultrasound

Telephone

Address


Shwe Hlan Bo Street, (12) Ward, East Dagon
Yangon
1136

Other Yangon clinics (show all)
Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ

Sein Pan Pyar Sein Pan Pyar
539/B, Kyaung Street, Kyusan Quarter, Mingaladon Township
Yangon

Aung Myittar Specialist Clinic Aung Myittar Specialist Clinic
No. 453, (132) Qt. , Min Ye Kyaw Swar Street , East Dagon Tsp
Yangon, 11451

၂၄ နာရီ ပိတ်ရက်မရှိအထွေထွေကျန်းမာရေးစောင့်‌ရှောက်ခြင်း, အထူးကုသခြင်း, မီးဖွားခြင်း, ဓာတ်မှန်, ဓာတ်ခွဲ

Shwe Taw Win Specialist Hospital Shwe Taw Win Specialist Hospital
10 (B), Uwisara Road, Ward (41), North Dagon Township
Yangon

Shwe Taw Win Hospital is a specialist hospital providing high-quality health care services to patients through the combined and dedicated hands of medical and non-medical experts i...

Jasmine Dental Whitening Center Jasmine Dental Whitening Center
No. 37/Quarter, Between Hantharwaddy & Kyun Taw Road, Kamayut Township
Yangon, 11051

သွား နှင့် ခံတွင်း အထူးကု ဆေးခန်း

အသောက - ATK Clinic and Pharmacy အသောက - ATK Clinic and Pharmacy
6A/No-387/Thudhamma Road
Yangon

Dazeagra လက်လီ/လက်ကား Dazeagra လက်လီ/လက်ကား
Yangon

အတူနေချိန်စွမ်းဆောင်ရည်ကောင်းတွေရရှိစေဖို့ ကျား/မ ဆေးမျိုးစုံလက်လီ-လက်ကား 09940875707 (viber) (cb)

Blue Cross Academy Blue Cross Academy
No. 29 Khaing Shwe War Street, Kamaryut Tsp
Yangon, 11041

သူနာပြုအကူသင်တန်းနှင့် ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း

ကောင်းသုခ - Kaung Thukha Clinic and Lab ကောင်းသုခ - Kaung Thukha Clinic and Lab
No 11, Kyaung Taw Yar Street, Daw Pone
Yangon, 11241

"ကောင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဓာတ်ခွဲခန်း ဖုန်း - 09973914030

Yazadhirit Hospital Yazadhirit Hospital
No. 13, Yazadhirit Street, 7 Quarter, East Dagon
Yangon, 11451

Hospital