အသောက - ATK Clinic and Pharmacy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အသောက - ATK Clinic and Pharmacy, Home Health Care Service, 6A/No-387/Thudhamma Road, Yangon.
ATK Clinic တွင် အသားရေဖြူဝင်းကြည်လင်စေသော ကုထုံးများလည်းရရှိပါပီရှင်
💕Whitening beauty cocktail drip
💕Brightening beauty cocktail drip
💕Double whitening drip
များဖြင့် နုပျိုလှပနိုင်ပါပြီ
Made in Italy
Made in Switzerland
Made in Korea ဆေးများဖြင့်သာအသုံးပြုထားပါတယ်
Booking တင်ရန် 09750346689
နမိုးနီးယား (ခေါ်) ပြင်းထန်အဆုတ်ယောင်ရောဂါဟာ ကိုယ်ခံအားမကောင်းတဲ့၊ ငယ်ရွယ်နုနယ်တဲ့ ကလေးသူငယ်တွေမှာ အဖြစ်များပြီး ဖြစ်ခဲ့ရင်လည်း အသက်အန္တရာယ်ထိခိုက်တဲ့အထိ ပြင်းထန်တတ်ပါသည်။
ပြင်းထန်အဆုတ်ယောင်ရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ငါးနှစ်အောက်ကလေးသေဆုံးမှုရဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်ပါတယ် ရှင့် ....
ဒါကြောင့်မို့ နိုင်ငံတိုင်းနီးပါးရဲ့ ကာကွယ်ဆေးထိုး စီမံချက်တွေထဲမှာ ထည့်သွင်းထားပါတယ်နော် ...
👉 ပြင်းထန်အဆုတ်ယောင်ရောဂါပိုးသည် ကိုယ်ခန္ဓာအနှံ့အပြားတွင် ကူးစက်ဝင်ရောက်ပြီး အဖြစ်များသည့် ရောဂါများမှာ
-- နမိုးနီးယား အဆုတ်ယောင် ရောဂါ
-- ဦးနှောက်အမြှေးယောင် ရောဂါ နှင့်
-- သွေးအဆိပ်တတ် ရောဂါများ ဖြစိပါသည်။
ကာကွယ်ဆေးထိုးခြင်းသည် ကလေးများ ပြင်းထန်အဆုတ်ယောင်ရောဂါကြောင့် ဖြစ်ပွားသေဆုံးမှုကို လျော့ချရန် ကာကွယ်တားဆီးကုသသော ပြီးပြညိ့စုံသည့် ပေါင်းစည်းလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်
ပြင်းထန်အဆုတ်ယောင်ကာကွယ်ဆေးသည် နှစ်မျိုးရှိပြီး PCV ဆေးသည် တာရှည်သော ကာကွယ်မှုကိုပေးပြီး ကလေးများအတွက် ပိုမိုထိရောက်ပါသည်။
👉ကာကွယ်ဆေးသည် ပါဝင်သော မျိုးကွဲနမိုးနီးယားပိုးများကို ကာကွယ်နိုင်ပြီး တစ်ခြားအမျိုးအစားများကို မကာကွယ်နိုင်ပါ...
ရောဂါပိုးဟာ ကူးစကိခံရသူရဲ့ အသက်ရှူလမ်းကြောင်းမှာ ရှိနေပြီး ရောဂါပိုးရှိသူ နှာချေ/ချောင်းဆိုးလိုက်ရာကတစ်ဆင့် တစ်ခြားသူကို ကူးစက်စေနိုင်ပါတယ်...
🧑⚕️ ကလေးများအတွက် ပြင်းထန်အဆုတ်ယောင်ရောဂါကာကွယ်ဆေး ထိုးပေးချင်သူမိဘများအတွက် ATK(အသောက)Clinic တွင် ထိုးနှံနိုင်ပါပြီ ရှင့် 💉💉
🚑 လိပ်စာ
အမှတ် (၆၃၃)၊ သုမာလာလမ်းမကြီး၊ ၂/ရပ်ကွက်၊ မြောက်ဥက္ကလာ။
☎️ ဆက်သွယ်ရန်
09 750 346 689,
💁 ဒါ့အပြင် အိမ်ပင့်ဝန်ဆောင်မှုများလည်း ရရှိနိုင်ပါတယ် ရှင့်
🫰 ကျန်းမာသုခပြည့်စုံဖို့ အသောက ကိုဆက်သွယ်စို့ 🫰
တုပ်ကွေးကာကွယ်ဆေးဒီနေ့ ထိုးဖြစ်တာလေး
ပြင်းထန်အဆုတ်ယောင်ကာကွယ်ဆေးအတွက်
Bookingထားကြပါနော်
အခုချိန်ထိုးထားသင့်တာတွေပါ
မိမိတို့ရဲ့ရင်သွေးရတနာေလးများ၏ကျန်းမာေရးကြိုတင်ကာကွယ်နိုင်ဖို့
☆ပြင်းထန်အဆုတ်ယောင်ကာကွယ်ဆေး(ကလေး)
☆ရာသီတုပ်ကွေးကာကွယ်ဆေး
☆ရေကျောက်ကာကွယ်ဆေး
☆ပြင်းထန်တီဘီရောဂါကာကွယ်ဆေး
☆ဝက်သက် ဂျိုက်သိုး ပါးချိတ်ယောင် ကာကွယ်ဆေးများ
ATK Clinic & Pharmacy တွင်ထိုးနှံနိုင်ပါပီ
ဆက်သွယ်ရန်-09750346689 or cb မှာ booking ကြိုတင်ယူနိုင်ပါပီ
"ကျန်းမာသုခ ပြည့်စုံဖို့ အသောကကို ဆက်သွယ်စို."
https://maps.app.goo.gl/BgNpgkp6MsNKbxVT7
🔸ကိုဗစ်ကာကွယ်ဆေးတွေကို ပထမဦးဆုံးအနေနဲ့ တစ်လခြားပြီး နှစ်ကြိမ်ထိုးတာကို Primary Series လို့ခေါ်ပါတယ်။
🔸ဒီလို Primary Series ထိုးထားပြီးပြီ ဆိုရင်တော့ booster ထိုးဖို့ အကောင်းဆုံး အချိန်က (၃) လကနေ (၆) လအတွင်းဖြစ်ပါတယ်။
🔸ဒါဆို Primary Series ထိုးထားတာ ၆လ ကျော် ဖြစ်သွားပြီ ဆိုရင်ရော Booster အစား အစကနေ ပြန်ထိုးစရာလိုမလား⁉️
🔸ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းကြီး(WHO) ရဲ့ ညွှန်ကြားချက်တွေကတော့ booster ကို ဘယ်နှစ်လအတွင်း မထိုးဖြစ်ရင် အစက ပြန်ထိုးရမယ်လို့ သတ်မှတ်ထားတာမရှိဘဲ အချိန်ကျော်သွားရင်လည်း တတ်နိုင်သမျှ အမြန်ဆုံး ပြန်ထိုးပါ (as early as possible) လို့ပဲ ပြောထားပါတယ်။
🔸ဒါကြောင့် booster ထိုးဖို့ သတ်မှတ်ထားတဲ့ အချိန်ကျော်သွားပြီ ဆိုရင်လည်း စိတ်ပူစရာမလိုဘဲ booster တစ်မျိုးမျိုး ကိုသာ တတ်နိုင်သမျှ အမြန်ဆုံးထပ်ထိုးဖို့ တိုက်တွန်းလိုက်ရပါတယ်။
✅Covid ရောဂါ ပြန်လည်ဖြစ်ပွားလာသောကြောင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှင်များ၊ နိုင်ငံခြားသွားမည့်သူများနှင့် ကလေးသူငယ်များအတွက် စိတ်ချရအောင် Covid ကာကွယ်ဆေးများကို ထိုးထားသင့်ကြောင်း အကြံလေးပြုပါရစေ ရှင့် ☺️
💉ဘာဆေးအမျိုးအစားတွေ ထိုးလို့ရနိုင်ပါသလဲ ရှင့်
💉Covidshield Vaccine💉
✅(Covidshield Vaccine)ကို အသက်(၁၈)နှစ်အထက်မှစ၍ စတင်ထိုးနှံလို့ရပါတယ် ရှင့်
👉တစ်ကြိမ်စာဈေးနှုန်း --- 30000
Covidshield Vaccine ကို Booster အနေဖြင့်လည်း ထိုးနှံနိုင်သလို
💉Moderna Bivalent Vaccine (နှစ်မျိုးစပ် Covid ကာကွယ်ဆေး)ကိုလည်း Booster Only အနေဖြင့်လည်း ထိုးနှံနိုင်ပါကြောင်း အသိပေးကြော်ငြာအပ်ပါတယ် ရှင့် 🥰
💉Moderna Bivalent Vaccine💉
👉တစ်ကြိမ်စာဈေးနှုန်း --- 90000 (Booster Only)
✅အရည်သွေးပြည့်မီပြီး Cold Chain စနစ်ဖြင့် မှန်ကန်တဲ့ Covid ကာကွယ်ဆေးမျိုးစုံကို ကျမတို့ရဲ့ အသောက ATK Clinic and Pharmacy မှာ ထိုးနှံလို့ ရပါပြီ ရှင့်
🚫 QR code ပျက်စီး၊ ပျောက်ဆုံးသူများအတွက်လည်း ဆက်သွယ်နိုင်ပါတယ် ရှင့် 🚫
💁Covid Vaccine ကို ချက်ချင်းထိုးချင်သူများအတွက် အခုဟယ်လို အခုလာထိုးလို့ရနိုင်သလို၊ QR code ကိုလည်း တစ်နာရီတွင်း ချက်ခြင်းထုတ်ပေးနိုင်နေပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်နော် ....
🚨 No need to book walk in 🚨
🚑 ဆေးခန်းလိပ်စာ
အမှတ် (၆၃၃)၊ သုမာလာလမ်းမကြီး၊ (၂)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့၊ ရန်ကုန်။
☎️ ဆက်သွယ်ရန်
09 750346689, 09 751754776, 09 769699251
🫰ကျန်းမာသုခပြည့်စုံဖို့ 'အသောက' ကို ဆက်သွယ်စို့🫰
အသောက - ATK Clinic and Pharmacy Home healthcare service
Covid 19 ကာကွယ်ဆေးထိုးနှံချင်သူများအတွက်
ATK Clinic မှာ ကာကွယ်ဆေး ထိုးနှံနိုင်ပီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ရှင့် 😊
ကာကွယ်ဆေးမထိုးရသေးသူများ ၊ Booster ထိုးနှံချင်သူများနှင့် နိုင်ငံခြားသွားဖို့ ကာကွယ်ဆေးထိုးမည့်သူများ..... အကုန်ထိုးနှံလို့ရပါပြီ ရှင့် 💉💉
Covid Vaccine ထိုးထားသော်လညိး QR code မရသေးသောသူများနှင့် ပျက်စီး၊ ပျောက်ဆုံးသွားကြတဲ့ သူများအတွက်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်....
ဆေးခန်းလာရောက်ဖို့ အခက်အခဲရှိပါကလည်း Home Serviceလည်း ရှိပါတယ် ရှင့်
Covid ရဲ့နောက်ဆက်တွဲ ရောဂါလက္ခဏာများ၊ ဆေးရုံတက်ရောက်ရခြင်း၊ အသက်အန္တရာယ်ရှိခြင်းတို့မှ လျော့ချနိုင်ရန်
Covid 19ကာကွယ်ဆေးကို ထိုးနှံထားသင့်ပါတယ်ရှင်
Covid shield-30000(one dose) 💉
Covaxin -30000(one dose) 💉
ကာကွယ်ဆေးထိုးမည်ဆိုပါက ကြိုတင် Booking စနစ်ဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့် 🥰
☎️ 09 7530346689, 09 769699251
Covid Vaccine Booster dose တွေထိုးနေကြတယ်။
ရာသီတုပ်ကွေးလည်း ဖြစ်မှာ ကြောက်လို့ထိုးချင်သေးတယ်။
တူတူထိုးလို့ရလား?
အချိန်ဘယ်လောက် ခြားရမလည်း?
လူနာတွေ အမေးများတဲ့မေးခွန်းတစ်ခုပါ။
…… CDC < Center for Disease Control & Prevention > ကပြောထားပါတယ်။
💉💉💉 တစ်ရက်တည်း လက်မောင်းတစ်ဖက်တစ်ချက်စီမှာ တစ်ပြိုက်တည်း ထိုးလို့ရပါကြောင်း။
ရက်စောင့်စရာမလိုကြောင်း ဖြေကြားလိုပါတယ်။
Crd: CDC
စိတ်ချယုံကြည်ရသော MM Reg ရ Vaxigrip Tetra 2023 (လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး)များကို ကျမတို့နဲ့ "အသောက ATK Clinic and Pharmacy"မှာ ထိုးနှံလို့ရပါပြီ ရှင့် 😊
ရာသီတုပ်ကွေးရောဂါကို ကာကွယ်နိုင်ဖို့အတွက်ဆိုရင် ရာသီတုပ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားဖို့ လိုအပ်ပါတယ် ရှင့်
ကာကွယ်ဆေးကို (၂)ပါတ်လောက် ကြိုတင်ထိုးထားခြင်းဖြင့် ရာသီတုပ်ကွေးကူးစက်ချိန်တွင် ကာကွယ်ဆေးမှ ထွက်ရှိလာတဲ့ ကိုယ်ခံအားစနစ် (Immuner respose)ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်
💁 ဘယ်အသက်အရွယ်ကစပြီး ကာကွယ်ဆေးထိုးလို့ရပါသလဲ ရှင့်....
👉 အသက်(၆)လမှစပြီး ထိုးလို့ရပါတယ်
👉 ကိုယ်ဝန်ဆောင်မိခင်များလည်း ဆရာဝန်နှင့် တိုင်ပင်ပြီး ထိုးလို့ရပါတယ်
👉 အသက်(၉)နှစ်အောက် ကလေးများ အရင်နှစ်က တုပ်ကွေးကာကွယ်ဆေး မထိုးရသေးရင် (၁)လခြားပြီး (၂)ကြိမ်ထိုးပေးရပါမယ် ရှင့်၊ အရင်နှစ်တွေက ထိုးဖူးရင်တော့ (၁)ကြိမ်သာ ထိုးရပါမယ်နော်
👉 အသက်(၉)နှစ်အထက်များ အရင်ကတုပ်ကွေးကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ (၁)ကြိမ်ထိုးရုံဖြင့် 2023 တစ်နှစ်စာလုံးအတွက် လုံလောက်ပါပြီ ရှင့်
💁 အဓိက ဘယ်သူတွေ ထိုးသင့်ပါသလဲ ...
👉 ကလေးများ
👉 အဆုတ်ရောဂါအခံရှိသူများ
👉 ကိုဗစ်ရောဂါ ပြင်းထန်စွာ ဖြစ်ခဲ့ဖူးသူများ
👉 ကျောက်ကပ်၊ အသည်း၊ ဘေလုံးထုတ်ထားသူများ
👉 နာတာရှည်ရောဂါ ခံစားနေရသူများ ထိုးထားသင့်ပါတယ် ရှင့်
✅ ဆေးအာနိသင် စိတ်ချရအောင်လည်း Cold Chain စနစ်ဖြင့် သေချာစွာထိန်းသိမ်းထားခြင်းဖြစ်တဲ့အတွက်ကြောင့် ထိုးမည့်သူများ ကြိုတင် Booking ယူထားပေးရပါမည် ရှင့်
✅2023 ရာသီတုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra ထိုးနှံချင်သူများအနေဖြင့် ကျမတို့ရဲ့ "အသောက ATK Clinic and Pharmacy" သို့ ဆက်သွယ်နိုင်သလို၊ အိမ်တိုင်ရာရောက် ထိုးနှံချင်သူများအတွက်လည်း စုံစမ်းမေးမြန်းလို့ရပါတယ် ရှင့် 🥰
🚑 ဆေးခန်း လိပ်စာ
အမှတ် (၆၃၃)၊ သုမာလာလမ်းမကြီး၊ ၂/ရပ်ကွက်၊ မြောက်ဥက္ကလာ
☎️ ဆက်သွယ်ရန် ၀၉ ၇၅၀၃၄၆၆၈၉ ၊ ၀၉ ၇၆၉၆၉၉၂၅၁
ကူးစက်မြန် မျိုးရိုးဗီဇပြောင်း Covid 19 ရောဂါကို ကြိုတင်ကာကွယ်ရန် အသောက ATK Clinic Pharmacy တွင် Covid 19 ကာကွယ်ဆေးများ ထိုးနှံလို့ရပါကြောင်း အသိပေးကြော်ငြာအပ်ပါတယ် ရှင့် 🥰
✅Covid ရောဂါ ပြန်လည်ဖြစ်ပွားလာသောကြောင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှင်များနှင့် ကလေးသူငယ်များအတွက် စိတ်ချရအောင် Covid ကာကွယ်ဆေးများကို ထိုးထားသင့်ပါတယ် ရှင့်
💉ဘာဆေးအမျိုးအစားတွေ ထိုးလို့ရနိုင်ပါသလဲ ရှင့်
💉Covidshield Vaccine💉
✅(Covidshield Vaccine)ကို အသက်(၁၈)နှစ်အထက်မှစ၍ စတင်ထိုးနှံလို့ရပါတယ် ရှင့်
👉တစ်ကြိမ်စာဈေးနှုန်း --- 30000
Covidshield Vaccine ကို Booster အနေဖြင့်လည်း ထိုးနှံနိုင်သလို
💉Moderna Bivalent Vaccine (နှစ်မျိုးစပ် Covid ကာကွယ်ဆေး)ကိုလည်း Booster Only အနေဖြင့်လည်း ထိုးနှံနိုင်ပါကြောင်း အသိပေးကြော်ငြာအပ်ပါတယ် ရှင့် 🥰
💁 Moderna Bivalent Vaccine ဆိုတာ ဘယ်လိုဆေးမျိုးလဲ ရှင့်
✅Bivalent Vaccine (နှစ်မျိုးစပ် Covid ကာကွယ်ဆေး)ဆိုတာ ယခင် Covid 19 virus မျိုးကွဲဟောင်းတွေ 2022မှာပေါ်တဲ့ Omicron (BA4,BA5) မျိုးကွဲတွေပါ ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေး ဖြစ်ပါတယ် ရှင့် 😊
💉Moderna Bivalent Vaccine💉
👉တစ်ကြိမ်စာဈေးနှုန်း --- 90000 (Booster Only)
✅အရည်သွေးပြည့်မီပြီး Cold Chain စနစ်ဖြင့် မှန်ကန်တဲ့ Covid ကာကွယ်ဆေးမျိုးစုံကို ကျမတို့ရဲ့ အသောက ATK Clinic and Pharmacy မှာ ထိုးနှံလို့ ရပါပြီ ရှင့်
🚫 QR code ပျက်စီး၊ ပျောက်ဆုံးသူများအတွက်လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်
💁Covid Vaccine ကာကွယ်ဆေးကို ထိုးနှံချင်တဲ့သူတွေအနေနဲ့ အသောက ATK Clinic and Pharmacyသို့ ဆက်သွယ်မေးမြန်နိုင်သလို၊ အိမ်တိုင်ရာရောက် ထိုးနှံချင်သူများအတွက်လည်း စုံစမ်းမေးမြန်းလို့ ရပါပြီ ရှင့် 😊
🚑 ဆေးခန်းလိပ်စာ
အမှတ် (၆၃၃)၊ သုမာလာလမ်းမကြီး၊ (၂)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့၊ ရန်ကုန်။
☎️ ဆက်သွယ်ရန်
09 750346689, 09 769699251
🫰ကျန်းမာသုခပြည့်စုံဖို့ အသောက ကို ဆက်သွယ်စို့🫰
နှစ်ရှည်သားဆက်ခြားဖို့အတွက်
လက်မောင်းအရေပြားအောက်သားဆက်ခြားပစ္စည်း ATK clinic and pharmacy မှာထည့်လို့ရပီနော်
ဖုန်း-၀၉၇၅၀၃၄၆၆၈၉
1.ဘယ်အချိန်မှာ ထည့်ရမှာလဲ
..ရာသီစပေါ်ပီး 5ရက်အတွင်းမှာ ထည့်ရမှာပါ ..ခုမှ အိမ်ထောင်ပြုမယ့်သူဆို မဂ်လာမဆောင်ခင် မဂ်လာဦးည မတိုင်ခင် ၂ပါတ်အလို ကြို ထည့်ထားရပါမယ် 💘..တားဆေး ဆေးကဒ်သောက်နေသူဆို ဆေးကဒ်ရဲ့ နောက်ဆုံး အတန်း စသောက်ပီဆိုတာနဲ့ ထည့်ရမှာပါ ..3လခံ တားဆေး ထိုးနေသူဆို ဆေးပြန်ထိုးရမယ့်ရက်မတိုင်ခင် ၁ပါတ် အလိုမှာ ထည့်ရပါမယ်
ဒီလိုမှ မဟုတ်ဘဲ ထည့်ချင်တဲ့ရက် လာထည့်မယ် ဆိုရင်လည်း ရပါတယ်
UCG ဆီးစစ်ပီး Negative ဆို ထည့်ပေးပါတယ်
ထည့်ပီး ၁ပါတ် အမျိုးသားနဲ့ ရှောင်ရပါမယ်
2. ဘာ ဆိုးကျိုးတွေရှိလဲ
သန္ဓေတားဆေးတိုင်းမှာတော့ ဘေးထွက်ဆိုးကျိုး အနဲ နဲ့ အများ အားလုံးမှာ ရှိပါတယ်
ဒါပေမယ့် တစ်လဆေးကဒ် သုံးလခံထိုးဆေး တို့နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ သူက ဘေးထွက်ဆိုးကျိုး အနဲဆုံးဆေး ပါ 👍
ရာသီစက်ဝန်းအပေါ် သက်ရောက်မှု အနည်းငယ်ရှိပါမယ်
ထည့်ပီးခါစ ရာသီမလာတာ လာရင်လဲပုံမှန်မဟုတ်တာ မျိုး ရှိပါမယ်
3. ထုတ်ပီးရင် ကလေး ပြန်ရဖို့က
ဟော်မုန်းတားဆေး တွေထဲမှာတော့ ဆေးရပ်ပီးတာနဲ့ ကလေး ပြန်ရဖို့ အမြန်ဆုံး ဆေး ပါပဲ
ကလေးလိုချင်လို့ နှစ်မပြည့်ခင် ပြန်ထုတ်ချင်လဲ ထုတ်လို့ရပါတယ် credit
သိလိုသည်များရှိရင်လဲ chat box ကနေ မေးမြန်းနိုင်ပါတယ် 📱📱📱
✅ATK clinic and pharmacy
🕗ဆေးခန်းဖွင့်ချိန်
မနက်၈:၃၀မှည၈:၃၀
ဒီနေ့စစ်ဒီနေ့ရ
ကုသမူ့ခံယူ
၂၅.၉.၂၂
မဂ်လာဒုံ စွမ်းအထူးကုဆေးခန်း မှ ပိုင်ရှင်အမ မိသားစုနှင့် ဝန်ထမ်းများအားလုံးကို
Covid ကာကွယ်ဆေးသွားရောက်ထိုးနှံတဲ့ activity လေးပါ
ကတ်လေးတွေready
Covid vaccine များထဲမှ Covishield ၏အကျိုးအာနိသင်များ 🙋
🧑🔬 Covid ကူးစက်ရောဂါဟာ မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ 2019 တည်းက စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး အခုချိန်ထိလည်း လူတွေကြားထဲမှာ ကူးစက်ပြန့်နှံ့နေဆဲပါပဲ။ တစ် wave ပြီးတစ် wave လည်း မျိုးခွဲတွေ ထပ်ခွဲထွက်နေဆဲပါ။
ဒီလို Covid ကူးစက်ရောဂါ ပြန်ထနေတဲ့အချိန်မှာ Covid ကာကွယ်ဆေးတွေရဲ့ အခန်းကဏ္ဍဟာလည်း
တကယ်အရေးပါလာပါတယ်။ Covishield ဆိုတာလည်း အားလုံးရင်းနှီးပြီးသား Covid vaccine တွေ
ထဲကတစ်ခုပါပဲ။ India နိုင်ငံကထုတ်တဲ့ ကာကွယ်
ဆေးအမျိုးအစားတစ်ခုပါ။
🧑🔬 Covishield vaccine ဟာ Covid ကူးစက်ရောဂါကို 70-90% နီးပါးမကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ကာကွယ်ဆေးတိုင်းက ရောဂါပိုး လုံး၀ကူးစက်မခံရ
ဘူးလို့ အာမခံချက်မရှိပါဘူး။ ဒါကြောင့် Covid vaccine ထိုးထားပေမယ့်လည်း လိုအပ်တဲ့ mask တပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးရှောင်တာ စတဲ့ precautions တွေကိုသာ မလုပ်ရင် ကူးစက်ခံရနိုင်ပါသေးတယ်။
🧑🔬 ဒါပေမယ့် Covid vaccine ထိုးထားတဲ့သူနဲ့ မထိုးထားတဲ့သူနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ရောဂါပိုးကူးစက်ခံရရင် vaccine မထိုးထားတဲ့သူက ရောဂါအခြေအနေပိုဆိုးရွားလေ့ရှိပြီး ဆေးရုံရောက်နိုင်ချေ၊ သေဆုံးနိုင်ချေပိုများလေ့ရှိကြပါတယ်။
Covid ကာကွယ်ဆေးကို dose ပြည့်၀စွာထိုးထားတဲ့အခါCovid ရဲ့ဆိုးရွားတဲ့နောက်ဆက်တွဲတွေဖြစ်တဲ့
✅ အဆုတ်ရောင်တာ
✅ ရုတ်တရက်အမောဖောက်တာ
✅ အသည်းထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ
✅ နှလုံးထိခိုက်တာ
✅ ခန္တာကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေဖြစ်တာ
✅ သွေးခဲတာ၊ အဆုတ်သွေးကြောပိတ်တာ
✅ Covid အပြင် တခြားရောဂါပိုးပါထပ်မံကူးစက်တာ
✅ သွေးဆိပ်တက်တာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်နိုင်ချေလျော့နည်းစေတဲ့အတွက် ဆေးရုံရောက်နိုင်ချေရော သေဆုံးနိုင်ချေပါ နည်းပါးစေပါတယ်။
🧑🔬 Covishield ကတော့ အသက် 18 နှစ်နဲ့အထက်ဆိုတာနဲ့ စတင်ထိုးနှံလို့ရပြီး ပထမအကြိမ်ထိုးပြီး
4 ပတ်ကြာတဲ့အခါ နောက်တစ်ကြိမ်၊ စုစုပေါင်း
2 ကြိမ်ထိုးနှံရပါတယ်။ Booster dose ကတော့
3 လကနေ 6 လအတွင်း ပြန်ထိုးကြရပါတယ်။
Credit
Warmly welcome from ATK clinic
" ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်ပါသည်"
ဒါကြောင့် သင်နှင့် သင်ချစ်တဲ့ မိသားစုအတွက်
ရာသီပေါ်တုပ်ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်းဖြင့် သင်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြသလိုက်ပါ ...
ကျွန်မတို့ ATK clinic and pharmacyမှာ
ရာသီပေါ်တုပ်ကွေး ကာကွယ်ဆေး Vaxigrip Tetra ထိုးနှံနိုင်ပါပြီရှင်
ဒါ့အပြင် one dose ကို ၂၅၀၀၀ ကျပ် တည်းနဲ့
ကာကွယ်ထိုးနှံနိုင်ပါပီ limited မို့လို့ အမြန်ဆုံးကြိုတင်booking ပေးလိုက်ပါနော်
အိမ်အရောက် ဝန်ဆောင်မှုအတွက်လည်း တစ်ရက်ကြိုတင်ပြီး appointment ယူနိုင်ပါတယ်ရှင့် ...
Vaxigrip Tetra သည် မြန်မာနိုင်ငံ FDA အသိအမှတ်ပြုပြီး ပြင်သစ်နိုင်ငံ ကုမ္ပဏီမှ တုပ်ကွေးကာကွယ်ဆေး ဖြစ်ပါတယ်ရှင်
ဆက်သွယ်ရန် -၀၉၇၅၀၃၄၆၆၈၉
လိပ်စာ-အမှတ်-၆၃၃/သုမာလာလမ်းမကြီး/၂ရပ်ကွက်/မြောက်ဥက္ကလာ
Positive case တွေတကယ်ကိုပြန်များလာတာပါ၊ ချမ်းစိမ့်စိမ့်ဖြစ်၊ ကိုယ်လက်ကိုက်၊ လည်ချောင်းလေးနည်းနည်းနာတာနဲ့ စစ်လိုက်ရင် Positive ပါ၊ ကိုဗစ်ကာကွယ်ဆေးထိုးထားပေမယ့် နောက်ဆုံးထိုးထားတဲ့အချိန်ကနေ ၃ လ - ၆ လ လောက်ကြာရင် ကာကွယ်ဆေးကြောင့်ရတဲ့ကိုယ်ခံအား Antibody က နည်းနေလောက်ပါပြီ၊ ဒါကြောင့် Booster ထိုးပြီးသားသူတွေအနေနဲ့ နောက်ဆုံးထိုးထားတာ ၃ လကျော်ပြီဆိုရင် ထပ်ထိုးထားသင့်ပါတယ်၊ Booster မထိုးရသေးသူများလည်း မိမိထိုးထားတဲ့ ဆေးအမျိုးအစားပေါ်မူတည်ပြီး ၃ လ/၆ လ ကြာရင် Booster ထိုးထားပါ၊ တကယ်လို့ Booster လည်းမထိုးချင်/ကာကွယ်ဆေးကို ထပ်ကိုမထိုးချင်ဘူးဆိုရင်တော့ မိမိခန္ဓာကိုယ်ထဲ ကိုဗစ်ကိုကာကွယ်နိုင်တဲ့ Antibody လုံလောက်တဲ့ ပမာဏရှိရဲ့လားဆိုတာစစ်ဆေးကြည့်ထားလို့လည်းရပါတယ်၊ Ni Ni/Right/Lu Du စတဲ့ဓါတ်ခွဲခန်းတွေမှာစစ်လို့ရပြီး စျေးနှုန်းအားဖြင့် ၂၀၀၀၀ - ၃၀၀၀၀ ခန့်ကျသင့်ပါလိမ့်မယ်၊ Antibody အပြည့်ရှိနေတယ်ဆိုတာကလည်း ကိုဗစ်မကူးစက်ဘူးလို့မဆိုလိုပါဘူး၊ ဒါ့အပြင် Antibody ကလည်း အချိန်နဲ့အမျှပြန်လည်ကျဆင်းလာတတ်တာမို့ ဘယ်လောက်တစ်ခါစစ်သင့်တယ်ဆိုတာတော့ တိတိကျကျမပြောနိုင်ပါဘူး။ အကောင်းဆုံးက ကာကွယ်ဆေးကိုသာ update ဖြစ်အောင်ထိုးထားကြပါ။
Credit
Covid 19ကာကွယ်ဆေးထိုးချင်သူများ
ဆေးလုံးဝမထိုးရသေးသူ
Booster ထပ်ထိုးချင်သူများ ATK clinic မှာ ထိုးနှံနိုင်ပါပီ
အိမ်တိုင်ရာရောက် ထိုးနှံပေးသောဝန်ဆောင်မူ့လည်းရှိပါတယ်ရှင်
ထိုးနှံချင်သူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်ရှင်
Covid shield
Covaxin (အသက်နှစ်နှစ်မှ စ၍ထိုးနှံနိုင်ပါတယ်)
ဆက်သွယ်ရန်- 09750346689
လက်ထိပ်ဆီးချိုက၂၀၀ ကျော်
ဆီးခနခနသွား ရေခနခနဆာနေတယ်
ဆီးချိုမရှိဘူးပဲပြော
သေချာရှင်းပြပီး သုံးလစာဆီးချိုပမာဏကိုပြတဲ့
HbA1c လေးတစ်ခါတည်း ဆေးခန်းမှာစစ်လိုက်ပါတယ်
11.5 result. ကတော့ဆီးချိုဖြစ်နေပါပီ
သွေးစစ်စစ်ဆေးခြင်းရဲ့ ကောင်းကျိုးတွေပါပဲ
ဒီနေ့ covid vaccine ထိုးတဲ့ activityလေးပါ
🌻🌻🌻🌻🌻🌻🌻
#တော်သလင်းလပြည့်
(ဂရုဓမ္မအခါတော်နေ့)မှာ ဝေနေယျအားလုံး စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ၊ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ လို့ ATK clinic and Pharmacy မိသားစုမှ ဆုမွန်ကောင်းပို့သအပ်ပါတယ်ရှင် 🙏🙏🙏🙏🙏🙏🙏🙏🙏
09750346689 ကိုဖုန်းဆက်ပီး
Booking တင်လိုက်ရုံပဲနော်
အိမ်ပင့်ဝန်ဆောင်မူ့ပါရရှိနိုင်ပါတယ်ရှင်
Covid 19 ကာကွယ်ဆေးထိုးနှံချင်သော မိဘပြည်သူများအတွက်
ATK clinic မှာ ကာကွယ်ဆေးထိုးနှံနိုင်ပီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်ရှင်
ကာကွယ်ဆေးမထိုးရသေးသူများ
Booster ထိုးနှံချင်သူများ
နိုင်ငံခြားသွားဖို့ ကာကွယ်ဆေးထိုးရမည့်သူများအကုန်ထိုးနှံနိုင်ပါပြီ
QR code
Notray လိုသူများလည်း ကတ်များ ထုတ်ပေးတဲ့ service ရှိပါတယ်
QR code လိုအပ်သူများအတွက်လည်း ဝန်ဆောင်မူ့ပေးပါတယ်ရှင်
ဆေးခန်းလာရောက်ဖို့ အခက်အခဲရှိပါကလည်း
Home service ရှိပါတယ်ရှင်
Covid ရဲ့နောက်ဆက်တွဲ ရောဂါလက္ခဏာများ
ဆေးရုံတက်ရောက်ရခြင်း
အသက်အန္တရာယ်ရှိခြင်းတို့မှ လျော့ချနိုင်ရန်
Covid 19ကာကွယ်ဆေးကို ထိုးနှံထားသင့်ပါတယ်ရှင်
Covid shield-30000(one dose)
Covaxin -30000(one dose)
ကာကွယ်ဆေးထိုးမည်ဆိုပါက -09750346689သို့
ဆက်သွယ်booking ပေးနိုင်ပါတယ်ရှင်
ArThawka Clinic
https://maps.app.goo.gl/BgNpgkp6MsNKbxVT7
အသောက ATK clinic မှ ဆီးချိုသွေးတိုးရှိတဲ့
ဦးလေးရဲ့ ကျောက်ကပ်အဆိပ်ဓါတ် စစ်ဆေးချက်မှတ်တမ်းလေးပါ
မိမိတို့ရဲ့ ကျန်းမားရေးအတွက်
သွေးစစ်ဆေးခြင်း
ဆီးစစ်ဆေးခြင်းတွေကို
ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပီး တစ်ခါတည်းစစ်ဆေးနိုင်ပါပီနော်
ArThawka Clinic
https://maps.app.goo.gl/BgNpgkp6MsNKbxVT7
ဆက်သွယ်ရန် -09750346689
"အရေးပေါ်သန္ဓေတားဆေးအကြောင်း"
🌼🌼🌼အရေးပေါ်သန္ဓေတားဆေး(ECP) ဆိုတာ အမျိုးသားနဲ့အမျိုးသမီးမတော်တဆအကာအကွယ်မဲ့အတူနေအပြီးကိုယ်ဝန်မရအောင်တားဆီးပေးတဲ့ဆေးဖြစ်ပါတယ်
🌻🌻🌻တခြားသောက်သုံးသင့်တဲ့အခြေအနေတွေကတော့အကာအကွယ် ကွန်ဒုံးသုံးသော်လည်းပေါက်ပြဲ သို့မဟုတ် ကျွတ်သွားခဲ့လျှင် အဓမ္မပြုကျင့်ခံရလျှင် တားဆေးကတ်တစ်နေ့တစ်လုံးသောက်နေရာ မေ့သွားခဲ့လျှင်သောက်သုံးနေတဲ့ဆေးဝါးအတန်းပေါ်မူတည်ပီး ECP သောက်ရမဲ့အခြေအနေတွေဖြစ်ပါတယ်
🌹🌹🌹ECP ကိုအကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းသောက်သုံးနိုင်ပါတယ် ဒါပေမဲ့ စောသောက်လေစိတ်ချရလေပါပဲ
သတ်မှတ်ထားတဲ့အချိနိအတွင်းမှာသောက်မယ်ဆိုရင် 98%ထိ ကိုယ်ဝန်တားနိုင်ပါတယ်
ဆေးသောက်ပီး၂နာရီအတွင်းမှာအန်ရင်တော့ပြန်သောက်ရမှာပါ
နှစ်လုံးပါတဲ့ဆေးဆိုရင်တော့ပထမတစ်လုံးသောက်ပီး နောက်၁၂နာရီကြာတဲ့အခါ နောက်တစ်လုံးကိုသောက်ရမှာပါ နှစ်လုံးစလုံးတစ်ပြိုင်တည်းသောက်လို့ရပါတယ် တစ်လုံးသာပါတဲ့ဆေးဆိုလျှင်တော့တစ်လုံးပဲသောက်ရုံပါပဲ
🌺🌺🌺ဘေးထွက်ဆိုးကျိုးအနေနဲ့
မူးဝေပျို့အန်တာ
ခေါင်းကိုက်တာ
ရင်သားနာကျင်တာ
သွေးဆင်းတာ
ရာသီစက်ဝန်းနောက်ကျခြင်းစောခြင်းတို့ ဖြစ်နိုင်ပါတယ်
ECP တွေကိုကြာရှည်သုံးစွဲရင် ရင်သားကင်ဆာကဲ့သို့ ရောဂါဖြစ်နိုင်ချေမြင့်တက်လာနိုင်ပါတယ်
🏵️🏵️🏵️ကိုယ်ဝန်မရရန်တားဆီးတဲ့ဆေးဝါးဖြစ်တဲ့အတွက်ကြိုတင်ကာကွယ်တဲ့အနေနဲ့သောက်ထားလို့မရပါဘူး
ဆေးကိုခဏခဏသောက်နေရပီဆိုလျှင် ဆေးရဲ့အာနိသင်လျော့နည်းလာနိုင်ပါတယ်
ဒီလိုအခြေအနေဆိုလျှင်တော့ အိမ်ထောင်ရှင်တွေသုံးစွဲတဲ့စိတ်ချရသော သားဆက်ခြားနည်းလမ်းတွေကိုသာ သုံးစွဲသင့်ပါတယ်
🌲🌲🌲သိလိုတဲ့ မေးခွန်းလေးတွေရှိရင်လည်း cmt ဒါမှမဟုတ် cb မှာ မေးနိုင်ပါတယ်
😊😊😊
ဒီနေ့တော့ ATK page လေးမှာ Hba1c အကြောင်းကိုပြောပြမှာဖြစ်ပါတယ်
ဒါလေးဖတ်ပီးရင် မိတ်ဆွေတို့ရဲ့ Hba1c အမှတ်လေးတွေကို comment မှာရေးပေးဦးနော်
မိတ်ဆွေတို့ရဲ့ ဆီးချိုထိန်းချုပ်နိုင်စွမ်းအခြေအနေလေးတွေကို ပြန်လည်ပြောပြပေးသွားပါမယ်
ဆီးချိုရောဂါနဲ့ပက်သက်ပီးသိချင်တာလေးတွေကိုလည်း page ရဲ့ cb မှာဖြစ်စေ comment မှာဖြစ်စေ
မေးထားလို့ရပါတယ်
🍧🍧🍧Hba1c ဆိုတာဘာလဲ
Hba1c ဆိုတာဆီးချိုရောဂါရှိတဲ့သူတွေမှာသုံးလတာကာလအတွင်းသွေးတွင်းသကြားဓါတ်ဘယ်လောက်ရှိလဲဆိုတာကို ပျမ်းမျှတွက်ချက်တာ ဖြစ်ပါတယ်
🍩🍩🍩ဆီးချိုရောဂါရှိတဲ့သူတွေမှာ Hba1cစစ်လို့အကြမ်းဖျင်းအားဖြင့် 7 အောက်ရောက်တယ်ဆိုရင်ကောင်းပါတယ်
ရောဂါရှာဖွေရေးမှာတော့ Hba1c က 6.5 ကျော်ရင်
ဆီးချိုရောဂါရှိတယ်လို့ အကြမ်းဖျှင်းသတ်မှတ်လို့ရပါတယ်
🧁🧁🧁ဆီးချိုရောဂါရှိသူတွေမှာ Hba1c ကို သုံးလတစ်ခါစစ်ဆေးဖို့လိုပါတယ်
ဆီးချိုထိန်းချုပ်နိုင်မူ့ကောင်းတယ်ဆိုရင်တော့ ခြောက်လတစ်ခါ စစ်ဆေးဖို့လိုအပ်ပီး အနဲဆုံးတစ်နှစ်တစ်ခါ စစ်ဆေးဖို့လိုပါတယ်
စစ်ဆေးမူ့ရလဒ်တွေအပေါ်ကိုမူတည်ပီး မိမိတို့ရဲ့ ဆရာဝန်များနှင့်တိုင်ပင်ကာ ဆွေးနွေးကုသရမှာဖြစ်ပါတယ်
သိချင်တဲ့အကြောင်းလေးတွေ ATK page မှာ မေးမြန်းလို့ရပါတယ်နော်😊😊😊
✍️ကိုးဗစ်ကာလအတွင်းသွေးလွန်တုပ်ကွေးရောဂါအကြောင်း👇👇
👉👉သွေးလွန်တုပ်ကွေးရောဂါက ပုံမှန် မိုးရာသီမှာ အဖြစ်များတဲ့ရောဂါတစ်ခုပါ အထူးသဖြင့်
အသက်ရွယ်ငယ်တဲ့ကလေးမှာ ဖြစ်တတ်တာကြောင့်
ယခုချိန်မှာ သွေးလွန်တုပ်ကွေးကိုလဲပေါ့ဆလို့မရပါဘူးနော် 👌👌
💁♀️ယခုလိုချိန်မှာ ဖျားပီဆိုတာနဲ့ ကိုးဗစ်ကြောင့်လားဆိုပီး စိတ်ပူကြမှာ အမှန်ပါပဲ ဒါကြောင့် ခွဲခြားသိစေဖို့
သွေးလွန်တုပ်ကွေး ရောဂါ အကြောင်း ပြောပြပေးပါ့မယ်👇
ဘာကြောင့်ဖြစ်လဲ ??
🦟သွေးလွန်တုပ်ကွေးရောဂါ ကတော့ ခြင်( Aedes Aegypti mosquito )ကိုက်ခံရလို့ဖြစ်ပါတယ် 🦟
Dengue virus Type 1,2,3,4 ရှိပီးတော့
ရောဂါ လက္ခဏာ ကတော့ Grade 1, 2, 3 ဆိုပီးအဆင့် သုံးဆင့်ရှိပါတယ်👩⚕️
👩⚕️ဘာတွေဖြစ်လဲ??
သွေးလွန်တုပ်ကွေးရောဂါဖြစ်ရင်!!
✅ကိုယ်ပူမယ်
✅ကိုယ်လက်နာကျင်ကိုက်ခဲမယ် ( များသောအားဖြင့်
မျက်စိတွေကိုက်မယ် အရိုးအဆစ် ကြွက်သားတွေကိုက်ခဲ နာကျင်မယ်)
✅မူးမော ပျို့အန်မယ်
✅အနီစက်လေးတွေ ပေါ်မယ်!!
များသောအားဖြင့် ၂ ရက်ကနေ ၇ ရက်အတွင်း
ဖြစ်တတ်ပါတယ် ,,
ဒါ့အပြင် ပြင်းထန် သွေးလွန်တုပ်ကွေးရောဂါ ရဲ့ ရောဂါလက္ခဏာတွေလဲ သတိထားဖို့လိုသလို သေချာ
စောင့်ကြည့်ဖို့လဲလိုပါတယ်🚫
အောက်မှာရေးထားတဲ့ Danger signs🚫 ( အန္တရာယ်ရှိတဲ့ ရောဂါ လက္ခဏာမျိုး )တွေ့ရရင်တော့ နီးစပ်ရာ ဆေးရုံ ကိုအချိန်မှီပြသရန်လိုပါတယ်)👇👇
✔️✔️ဗိုက်နာလာမယ်
✔️✔️နှာခေါင်းသွေးလျံမယ်
✔️✔️သွားဖုံးသွေးယိုမယ်
✔️✔️ကော်ဖီရောင်အန်မယ်
✔️✔️ဝမ်းမဲမဲသွားမယ်
✔️✔️အရမ်းနုံးချိ ပျော့ခွေမယ် စတာတွေအပြင်
✔️🚫ခြေဖျားလက်ဖျားတွေအေးစက်လာမယ်
✔️🚫ဆီးသွားတာနည်းလာမယ်
ဆိုရင်တော့ အချိန်မီ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့
ပြသရန်လိုပါတယ်💁♀️👌👨⚕️
အချိန်မီ ဆေးမကုသဘူးဆိုရင် ထိုမှတဆင့် Dengue shock သွေးလန့်ခြင်း အဆင့်ရောက်ပြီဆိုပါက
🚫သွေးပေါင်ရုတ်တရက် ထိုးကျခြင်း
🚫ကိုယ်တွင်း အစိတ်ပိုင်းများ ထိခိုက်နိုင်ခြင်း
🚫နောက်ဆက်တွဲ ရောဂါများပါ၀င်လာနိုင်ပြီး
အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိဖြစ်နိုင်ပါတယ်🚫🚫
👩⚕️ခုချိန်မှာ ကိုးဗစ်ရောဂါကို ကာကွယ်သလို
သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင် ကာကွယ်ဖို့လဲအရေးကြီးပါတယ်👌
သွေးလွန်တုပ်ကွေး ခြင်က နေ့ခင်းတွေမှာ ထွက်တာ
ဖြစ်တာကြောင့် အထူးသဖြင့်ကလေးငယ်တွေကို
နေ့လည်ချိန်တွေမှာပါခြင်ကိုက်မခံရအောင် အထူး
ဂရုစိုက်ပေးဖို့လိုပါတယ်👨⚕️
သွေးလွန်တုပ်ကွေးရောဂါ က မြန်မာနိုင်ငံမှာ အဖြစ်များတာကြောင့် ယခုလိုချိန်မှာ မဖြစ်အောင် ကြိုတင်
ကာကွယ်ဖို့ပိုအရေးကြီးပါတယ်👩⚕️
ဒါကြောင့် ယခုလို ကိုးဗစ်ရောဂါ ကာလမှာ ကိုးဗစ်ရောဂါ အပြင် တခြားကူးစက်တတ်တဲ့ရောဂါတွေမဖြစ်အောင်
👉ကြိုတင်ကာကွယ်ပါ
👉အကြောက်မလွန်ပါနဲ့
👉ခွဲခြားသိပါ
👉နီးစပ်ရာ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့
ဆွေးနွေးတိုင်ပင်ကုသပါ
Credit -Dr Pentos
လိုအပ်တာများကို အကြံညဏ်ပေးဖို့အတွက်
အသောက ATK clinic and pharmacy က အမြဲအသင့်ရှိနေပါတယ်နော်
ဆက်သွယ်ရန်ဖုန်း 09750346689
🙂🙂
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Website
Address
6A/No-387/Thudhamma Road
Yangon
Opening Hours
Monday | 08:00 - 20:30 |
Tuesday | 08:00 - 20:30 |
Wednesday | 08:00 - 20:30 |
Thursday | 08:00 - 20:30 |
Friday | 08:00 - 20:30 |
Saturday | 08:00 - 20:30 |
Sunday | 08:00 - 17:00 |
No. 1194, 4th Floor(B), Pinlon Road, 35th Qtr. , North Dagon Township
Yangon, 11191
သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင?
Hnin Si Street Alal Village
Yangon, 11401
မိမိအမျိုးထဲဆရာ၀န်တစ်ယောက်ရှိနေသက?
No(22) Building No(4) Insein Road Hlaing Township
Yangon
ကျွမ်းကျင်စွာတက်မြောက်စေဖို့ central မှတာဝန်ယူသင်ကြားပေးပါမယ်❤
No. 19, Padaythar Street, 8 Quarter, Kamayut Township
Yangon, 11041
Specialist ဆရာဝန်ကြီးများ၏ အထူးကု ဆေးခန်း
Chanthar Thukha Clinic, No (863), No(4) Yin Mar Street, No (12) Quarter, Shwe Pyi Thar
Yangon, 11211
လူနာနဲ့ လက်တွေ့ ထိတွေ့သင်ကြားရမယ့်အပြင် ဆရာဝန်တွေကိုယ်တိုင် အနီးကပ် သင်ပေးမယ့် သင်တန်းဆိုတော့.......
33, 4th Floor, U Tun Lin Chann Street, Hledan , 1 Qtr, Kamayut Tsp
Yangon