The Bridge: Youth & Dream
Nearby non profit organizations
Dagon University
Min Bar Gyi Street, Sittwe
Hlaing Campus
11161
Wai Yar Street; Nantthargone Quarter;
Pyay Road
Yangon-Insein Street
The Bridge: Youth & Dream is a Youth Leadership Forum 2019 follow up project which is run by 6 enthu
Hi guys!!
Second wave စတည်းကအိမ်တွင်းအောင်းလိုက်ရတဲ့ ဘော်ဒါတို့အတွက် စိတ်ဝင်စားစရာ ပြိုင်ပွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
အဲ့ဒါကတော့ Debate tournament လေးတစ်ခုပဲဖြစ်ပါတယ်။
စိတ်ဝင်စားရင်အောက်က မူရင်းပိုစ့်လေးကိုဖတ်ကြည့်လိုက်နော်...👇
(YR Below)
မင်္ဂလာပါ။ 🙌🏻
ဒီနေ့တော့ YR အနေနဲ့ လူငယ်များအတွက် စိတ်လှုပ်ရှားစရာ သတင်းကောင်းတစ်ခု ပြောပြချင်ပါ
တယ်။
အဲ့ဒါကတော့….
YR က အခုအောက်တိုဘာလထဲမှာ ကျင်းပပြု လုပ်သွားမဲ့ “တွေးမယ်၊ပြောမယ်” တွေးခေါ်စွမ်းရည်ပြိုင်ပွဲပဲဖြစ်ပါတယ်။ 🤩
ဒီ debate ပြိုင်ပွဲလေးကိုလုပ်ရခြင်းအကြောင်းအရင်းကတော့ YR အနေနဲ့ လူငယ်တွေရဲ့ အတွေးအခေါ်တွေ၊ မတူညီတဲ့ ရှု့ထောင့်တွေကို ထုတ်ဖော်ပေးစေလို လို့ရယ်၊ မြန်မာနိုင်ငံမှာ debate culture ကိုအားပေးလိုသောရည်ရွယ်ချက်ကြောင့်ပဲဖြစ်ပါတယ်။ 🙋♂️🙋♀️
ဒါဆိုအခုလုပ်ရမဲ့ debate ပုံစံကတော့…
Karl Popper ပဲဖြစ်ပါတယ်။
ပြိုင်ရမှာကတော့ မြန်မာဘာသာစကားနဲ့ပဲဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာဆိုရင် မပြိုင်ခင်မှာ certified trainers တွေနဲ့ အရင်ဆုံး debate အကြောင်းကို သင်တန်းပေးမှာဖြစ်ပါတယ်။
ယှဉ်ပြိုင်ရမယ့် theme တွေကဘာတွေလဲ။
“မြန်မာ့ပညာရေးစနစ်” နှင့် “မြန်မာပြည်ရဲ့ အမှိုက်စွန့်ပစ်မှုစနစ်” အကြောင်းတွေပဲဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာဘယ်သူတွေပါဝင်နိုင်လဲဆိုတော့…
တက္ကသိုလ်ဝင်တန်းအောင်ပြီး (သို့) တက္ကသိုလ်တတ်ရောက်နေသူများ နှင့် တွေးခေါ်စွမ်းရည်ပြိုင်ပွဲကို စိတ်ဝင်စားသူများပါဝင်နိုင်ပါတယ်။ (၃)ယောက်တစ်ဖွဲ့လာလျှောက်နိုင်သလို တစ်ယောက်ချင်းစီလည်းလာလျှောက်ထားနိုင်ပါတယ်။
နောက်ဆုံးထားလျှောက်ရမှာတော့အောက်တိုဘာလ ၁၀ ရက်နေ့ည၁၂ နာရီပဲဖြစ်ပါတယ်။🤩
Training ကို အောက်တိုဘာလ (၁၁)ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီး ပြိုင်ပွဲရက်တွေကတော့ (၁၆)ရက်နေ့မှ (၁၈)ရက်နေ့ပဲဖြစ်ပါတယ်။
ပြိုင်ပွဲကိုလျှောက်ရန် အောက်ပါ လင့်မှာ ဝင်ရောက်ဖြည့်ထားနိုင်ပါတယ်။
https://docs.google.com/.../1_NXRrCqmOH5IQ7R6yANuVtR.../edit
👇👇👇👇👇
ပင်လယ်ငိုသံ ဘယ်လိုကြံ
___________________________
Aloha everyone !
Stayhome ကာလမှာဘာတွေလုပ်ပြီးနေကြပြီလဲ
Admin တို့ကတော့ online course လေးတွေတက်
virtual activity လေးတွေဝင်ပါဖြစ်ပါတယ်
အခု admin တို့ကပုရိတ်သတ်ကြီးတို့အတွက်အခွင့်အလမ်းကောင်းတစ်ခုကိုပြောပြချင်လို့ရောက်လာတာပဲဖြစ်ပါတယ်ဗျ 🤓
လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က အွန်လိုင်းပေါ်မှာ လင်းပိုင်လေးတွေသေဆုံးနေရကြောင်းစိတ်မကောင်းစရာပို့စ်လေးတွေတက်လာတာသတိထားမိကြလားဗျ 😞
🔹နိုင်ငံတကာမျက်နှာစာမယ်မြန်မာလို့ညွှန်းရင်မသိတဲ့သူရှိကောင်းရှိမယ် Golden land နဲ့ ဧရာဝတီလင်းပိုင်ရ်ှိတဲ့နေရာလေဆိုရင် သိသူများပါတယ်။ အကြောင်းရင်းကတော့ ဧရာဝတီလင်းပိုင်မျိုးစိတ်တွေဟာ တံငါသည်တွေကိုငါးဖမ်စရာမှာကူညီပေးတတ်တဲ့ချစ်စဖွယ်အကျင့်လေးတွေကြောင့် wildlife documentary တွေရိုက်ပြီးကျော်ကြားလာတာဖြစ်ပါတယ်။
🔹ဒါပေမယ့်ဒီနေ့လက်ရှိမှာတော့ လူတွေရဲ့မဆင်ခြင်မှုတွေကြောင့်မျိုးတုန်းပျောက်ကွယ်လာရမယ့်အရေးကိုရင်ဆိုင်နေရပါပြီ။ လျှပ်စစ်လျှော့တိုက်ခြင်းကသာအဓိကတရားခံလား မူဝါဒရေးရာအားနည်းချက်တွေကလဲဒီအဖြစ်တွေကိုပိုဆိုးစေသလား သေချာတာတစ်ခုကတော့ ကျွန်တော်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာမဟုတ်ဘူးဆိုပြီးမျက်နှာလွှဲလို့မရတော့ပါဘူး ဂေဟစနစ်ပျက်ယွင်းလာရင် လူသားတွေကိုဒီကမ္ဘာဂြိုလ်ကပြန်လည်အပြစ်ပေးမှာပါ။ ဒီနှစ်ပိုင်းအတွင်းမှာတင် လင်းပိုင်လေး5️⃣ကောင်သေဆုံးသွားပြီဖြစ်ပါတယ် (ရှိတာမှ ကောင်ရေ 7️⃣8️⃣ ထဲရယ်ပါ)
ဒါဆိုလူငယ်တွေကရောဒီကာကွယ်မှုမှာဘယ်အပိုင်းကပါဝင်နိုင်မလဲ❓
✔️Awareness raising campaign တွေကိုပါဝင်သင့်ပါတယ် လေလှိုင်းသတင်းစကားသည်လည်းအနည်းနဲ့အများထိရောက်ပါတယ်။
✔️နောက်တစ်နည်းကတော့ အောက်မှာပြထားတဲ့အခွင့်အလမ်းကောင်းမျိုးကတစ်ဆင့်သွားဖို့ပါ။
🔹Bulepreneur အဖွဲ့ဟာဆိုရင် အမေရိကန်သံရုံးရဲ့အထောက်အပံ့နဲ့ YSEALI INRM alumni တွေကတည်ထောင်ထားတာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထူးသဖြင့် ရေနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ လူငယ်တွေ idea တွေကို မြေတောင်မြှောက်ပေးတာဖြစ်ပါတယ်။
ပါဝင်လျှောက်ထားတဲ့သူများထဲကမှ startup လုပ်ငန်း ၁၂ခုကို အဆင့်ဆင့်ရွေးထုတ်ပြီး peer mentorship ပေးသွားမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှတလွှားက ပင်လယ်၊ရေ၊ ဒါမှမဟုတ် မျိုးရင်းစိတ်တွေနဲ့ပတ်သတ်တဲ့ပြသနာတွေကိုဖြေရှင်းနိုင်မယ့် idea သမားစိတ်တူကိုယ်တူလူငယ်တွေနဲ့ချိတ်ဆက်နိုင်မယ့်အခွင့်အရေးကောင်းပါပဲ။
JULY 31 - AUGUST 2 ကျင်းပသွားမယ့် ဒီ boot camp မှာဆိုရင် နယ်ပယ်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ နဲ့ရင်းနှီးမြှပ်နှံသူတွေကစောင့်ကြိုနေမှာဖြစ်လို့
အခုဒီစာဖတ်နေတဲ့သူထဲမှာ သဘာဝပတ်ဝန်းကျင်ချစ်စိတ်နဲ့ idea တစ်ခုရှိရင် လက်မနှေးဖို့အကြံပြုလိုက်ရပါတယ်ဗျ။
(အော် ပြီးတော့ အက်မင်တို့လဲဝင်ပြိုင်ဖို့စိတ်ကူးထားတယ်နော် ! 😉 )
လျှောက်လွှာဖောင်
https://lnkd.in/gPK7-je
ဖောင်ဖိတ်ရက် - 22 JULY 2020
Bluepreneur အဖွဲ့အကြောင်းပိုမိုသိရှိရန်
https://lnkd.in/g_BMBYP.
The Bridge အဖွဲ့သားတွေ ဒီ Page လေးကို January လ ကနေစပြီး အတူတူ run လာတာ အခု ဆိုရင် ၄ လ တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ် ! 🎉🎉🎉
The Bridge အဖွဲ့လေး စဖွဲ့တဲ့ အချိန်က စပြီး Social Entrepreneurship အကြောင်း Awareness ကို ဖြန့်ဝေ ပေးကြမယ် ဆိုပြီး စလုပ်ခဲ့ကြတယ် ။ 🙋🏻♂️
Universities တွေကို တူတူသွားပြီး The Bridge အဖွဲ့ဆိုတာကို သိအောင် ရယ် Social Entrepreneurship အကြောင်းတွေ သွားပြီး Workshop လုပ်ခဲ့ကြတယ် ။ 🤓
အတူတူ Local Social Enterprise တွေကို Interview တွေ သွားခဲ့ကြတယ် ။ Page မှာ content လေးတွေ ရေးပြီး ဖြန့်ဝေ ခဲ့ကြသလို နောက်ပိုင်း Site Visit Activities တွေ အတွက် ပြင်ဆင်ခဲ့ကြတာပေါ့ ။ 📝
Navigate your Potential ဆိုတဲ့ Program ကို ပြင်ဆင်ပြီးတဲ့ အချိန်မှာတော့ Social Entrepreneurship အကြောင်း စိတ်ဝင်စားတဲ့ လူငယ် တွေက တက်တက်ကြွကြွ လာရောက် လေ့လာခဲ့ကြတယ် ။ 💪🏻
သူတို့ကို Brainstorming Session တွေ လုပ်ပေးခဲ့သလို Site Visit တွေ ကိုလည်း ခေါ်သွားပေးခဲ့တယ် ။
1. Motivsuccess
2. Third Story Children Books
3. Doh Eain
4. YK Collections Social Enterprise
5. MYEO
စတဲ့ local social Enterprises တွေကို တူတူသွားရောက်လေ့လာ ခဲ့ကြတယ် ။
The Bridge Page ကနေပြီးတော့ လည်း Offline Activities တွေကိုတင်ပေးတဲ့ အပြင် လူငယ် တွေ Social Entrepreneurship ကို စိတ်ဝင်စားလာစေမယ့် Content လေးတွေ အမြဲ Update လုပ်ပေးနေတာပေါ့ ။ 🙌🏻🙌🏻🙌🏻
COVID-19 crisis ဖြစ်နေတဲ့ အချိန်မှာတော့ The Bridge အဖွဲ့သားတွေ အပြင်ထွက် မရတော့ဘူးလေ ။ ဒီ အချိန်မှာတော့ Online Activities လေးလုပ်ပြီး Close Group နဲ့ Knowledge Sharing တွေ လုပ်ပေးနေသေးတယ် 👍🏻
𝒦𝓊𝒹𝑜𝓈 𝓉𝑜 𝑒𝓋𝑒𝓇𝓎 𝓂𝑒𝓂𝒷𝑒𝓇 𝑜𝒻 𝒯𝒽𝑒 𝐵𝓇𝒾𝒹𝑔𝑒 ! 🥳
ကျွန်တော်တို့ The Bridge အဖွဲ့နဲ့ အတူတူ Site Visit တွေ သွားလေ့လာ ပြီး အာလူး ဖုတ် ခဲ့ရတဲ့ အချိန်တွေကို လွမ်းနေပြီမလား ?
Navigate Your Potential ကို ကျွန်တော်တို့ အခု Online ကနေ တဆင့် Sharing လုပ်ပေးသွားပါမယ် ။ အတူတူ စကားတွေ အများကြီး ထပ်ပြောပြီး Knowledge တွေ Share ကြရအောင် 😍
COVID-19 ကြောင့် အိမ်မှာနေပြီး ဘယ် လို Productive ဖြစ်အောင်နေရမလည်းစဉ်းစားနေတဲ့ လူငယ်တွေ အတွက် အကောင်းဆုံးဖြစ်အောင် Training Program တွေရယ် Knowledge Sharing တွေ ရယ် လုပ်ပေးမှာ ပါ 🙌🏻
အခု လာမဲ့ အပတ် တစ်ပတ်လုံး 10-15 minutes စာ Talk Show/ Training Session လေးတွေ knowledge sharingလုပ်ပေးသွားမှာပါ..
Sharing လုပ်ပေးသွားမဲ့ topic လေးတွေကို မကြာခင်မှာ တင်ပေးသွားပါ့မယ်...
ကဲ! စိတ်ဝင်စားရင် ဒီ Group Link လေးကို Join ကြရအောင်ဗျာ ❤️
https://www.facebook.com/groups/233016767894654/
Sustainability ဆိုတာ….
Hi ပါ The Bridge မှ ကြိုဆိုပါတယ်…မင်မင်စာမွဲ ရှိနေပေမယ့်လို့ fan တွေမျှော်နေမှန်းသိလို့ မရှိတဲ့ အချိန်တွေကို ရင်းနှီးပြီး အပတ်စဥ် article လေးကို ရေးပေးလိုက်ပါတယ်😅
ဒီတစ်ပတ်မိတ်ဆက် ပေးမယ့် အကြောင်းအရာက
Sustainability အကြောင်းပဲ ဖြစ်ပါတယ်…
မြန်မာဆန်ဆန် မြန်မာလို ပြောရ ရင် ရေရှည်ဖွံဖြိုးတိုးတက်မှု..စဥ်ဆက်မပြတ်ဖွံဖြိုးတိုးတက်မှုဆိုတဲ့.. အဓိပ္ပါယ်ပါ…
ဒီ sustainability ဆိုတာကြီး ဘယ်ကစလဲဆိုရင် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေကစပါတယ်…
လူသားတွေက နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ သဘာဝတရားရဲ့ လက်ဆောင်တွေ ဖြစ်တဲ့ သစ်ပင်ပန်းမန် တွေ ဓာတ်သတ္တုတွေရေနံ သဘာဝဓာတ်ငွေ့တွေ တိရစ္ဆာန်တွေ
အရာအားလုံးကို ရရင်ရသလို သုံးစွဲလာကြတယ်
တိုးပွားလာတဲ့ လူဦးရေ ပမာဏများလေလေ ထုတ်ယူသုံးစွဲတဲ့ ပမဏများလေလေဖြစ်လာတယ်…
စွန့်ထုတ်တဲ့ CO2 gas တွေ ညစ်ညမ်းစေတဲ့ pollutant တွေ စိုက်ပျိုးမြေတွေ အတွက်ခုတ်လိုက်ရတဲ့ သစ်တောတွေ ကမ္ဘာကြီးဟာ အများကြီး ထိခိုက်ပျက်စီးလာပါတယ်….😖😖
နောက်တော့ ဘာဖြစ်လဲ ကမ္ဘာကြီး ပူနွေးလာတယ်…
ဝင်ရိုး စွန်းက ရေခဲတုံးတွေ အရည်ပျော်တော့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတယ်..ရာသီဥတုတွေ ဖောက်ပြန်ပြီး ပူရင် ပိုပူ အေးရင် ပိုအေး ဖြစ်လာပြီး ကမ္ဘာကြီးရဲ့ ဟန်ချက်ပျက်လာတယ်…🤕🤕
ဒီ တော့ ကမ္ဘာ့ခေါင်းဆောင်တွေက စဥ်းစားတယ်…🤔🤔
ဒီပုံတိုင်းသာ ဆက်သွားရင် တစ်နေ့မှာ ရေနံဆိုတာတွေလည်း ကုန်သွားမယ် ကားတွေ ရထားတွေလည်း ရပ်သွားမယ်..လေထုက ရှုမရအောင် အဆိပ်သင့်နေမယ် ရေဆိုတာလည်း မသန့်ရှင်းတော့ဘူး...ကမ္ဘာပျက်သလိုဖြစ်လာမယ်..ငါတို့ရဲ့ နောက်လာနောင်သားတွေ ကောင်းကောင်းနေနိုင်ဖို့ ဒီ sustainability practice တွေကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ကြဖို့လိုတယ်….ဆိုပြီး UN က 2000 ခုနှစ်မှာ နိုင်ငံပေါင်း 189 နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးတဲ့ Millennium Development Goals (MDGs) ရှစ်ခုကို ချမှတ်ပြီး လုပ်ဆောင်ခဲ့တယ်…🙌🙌
2015 ခုနှစ်ကို ရောက်တဲ့ အခု MDGs ထဲက တစ်ချို့ goal တွေက အောင်မြင်ခဲ့တာကြောင့် နောက်ထပ် goal အသစ် 17 ခုကို ချမှတ်ခဲ့ပါတယ်…
အဲ့ goal တွေကို Sustainable Development Goals(SDGs) လို့လည်းခေါ်ပါတယ်…
2015 ကနေ 2030 အရောက်မှာ ဒီgoal တွေ ပြည့်မီရမယ်ဆိုပြီး နိုင်ငံပေါင်းစုံက ပါဝင်လက်မှတ်ရေးထိုးပြီး ကမ္ဘာကြီး ကိုအသက်ရှည်ဖို့ နောင်လာနောင်သားတွေ ဒုက္ခမရောက်ကျစေဖို့ ဆောင်ရွက်နေကြပါတယ်….
ဟူး..မောတာ😂
ဟုတ်ပြီ ဒီ ဟာနဲ့ ငါတို့နဲ့ ဘာဆိုင်လို့လဲ…
မင်မင်ရဲ့ ထုံးစံ အတိုင်း ဘိဇိနက် အကြောင်းတွေပဲတင်စမ်းပါ….😒
တကယ်က အရမ်းအရမ်းဆိုင်…
Sustainability ဆိုတာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတာတစ်ခုတည်းမဟုတ်ပါဘူး..
Triple Bottom Line လို့ ခေါ်တဲ့ People လူသားတွေ ရယ် Planet လို့ခေါ်တယ် ကမ္ဘာကြီးရယ် Profit လို့ ခေါ်တဲ့ အမြတ်စွန်းရယ် သုံးခု လုံး အတွက် အထိအခိုက်မရှိတာကို Sustainability လို့ခေါ်ပါတယ်…
ဥပမာ product တစ်ခုထုတ်တယ်
လူသားတွေကို မထိခိုက်စေရဘူး…(People)
စက်ရုံကစွန့်ထုတ်တဲ့ အဆိပ်ငွေတွေ ရေဆိုးတွေ စသဖြင့်
နောက် အဲ့ မှာ လုပ်ကိုင်နေတဲ့ စက်ရုံလုပ်သားတွေ သူတို့ကို မထိခိုက် မပျက်စီးစေရဘူး…
ကမ္ဘာကြီးကို မထိခိုက်စေရဘူး…(Planet)
တစ်ရှုးထုတ်တဲ့ စက်ရုံ ဒီတစ်ရှုး ထုတ်ဖို့ သစ်ပင်တွေ အများကြီး ခုတ်ရလား...ခုတ်ရရင် မသုံးဘူး…
ဒါကြောင့် A4 Paper တွေရဲ့ packing paper မှာ သစ်ပင်တွေမခုတ်ထားတဲ့ အကြောင်း ရေးထားပါတယ်…
အကျိုးအမြတ်လည်း ရရမယ်…(Profit)
ကိုယ့် အတွက် လည်း profit တစ်ခုရကို ရရမယ်…
သုံးဖက်လုံးက နေ စဥ်းစားပေးရမှာပါ….
လူတွေက sustainability awareness တွေရလာတာနဲ့ အမျှ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့ နည်းနဲ့ ထုတ်လုပ်ထားတဲ့ product တွေ service တွေကို ရှောင်လာကြမှာပါ….
ငါးမန်းတောင်ဟင်းချို က အရင်က အရမ်းရောင်းရပါတယ်…
ဒါပေမဲ့ လူတွေက ငါးမန်းတွေ မျိုးသုန်းသွားမယ်ဆိုတဲ့ အသိလည်း ရလာရော ဘယ်သူမှ အရင်ကလောက်မစားတော့ဘူး...အဲ့ဆိုင်တွေလည်း ပိတ်လိုက်ရရော….
Sustainability practice တွေကို ကျင့်သုံးတယ်ဆိုတာ business တွေ အတွက် တကယ့်ကို ပြစားလို့ကောင်းတဲ့ marketing strategy ကြီးတစ်ခုပါ….
Product ချင်းတူရင်တောင် လူတွေက Eco-label ကပ်ထားတဲ့ 100% organicကို ပဲ ရွေးဝယ်လာကြမှာပါ…
ထုတ်ပိုးတာကအစ ပလတ်စတစ်စပတ်ထားတာနဲ့ စက္ကူအိတ်နဲ့ ထုတ်ထားတာဆို စက္ကူအိတ်ကိုရွေးကြမှာပါ…
သမရိုးကျနည်းနဲ့ စက်ရုံတွေ အလုပ်ရုံတွေ အဆိပ်ငွေ့တွေ ထောင်သောင်း လောက် ကမ္ဘာလေထုထဲ ထုတ်လွှတ်ပြီး မှ ရလာတဲ့ product ကို ရှေ့လျောက်လေ လူတွေက မရွေးလေ ဖြစ်လာတော့မှာပါ…
ပြောရရင် 21 ရာစုမှ စီးပွားရေးလုပ်ချင်ရင် Sustainability ကို ခေါင်းထဲ ထည့်ကို ထည့်ထားရမှာပါ...🙄
Sustainability က အဲ့လောက် ကို အရေးပါပါတယ်…
သိဖို့...😂
နောက်တစ်ပတ်ကျမှ ပြန်တွေ့မယ်👋
လူတွေကို Motivationအမြဲ ရှိနေစေမယ့် နည်းလမ်း သို့မဟုတ် Maslow's Theory….
Hello...The Bridge ရဲ့ ပရိတ်သတ်တွေကို ပြန်လည်ကြိုဆိုပါတယ်ဗျာ…🙌🙌
အရင့်အရင်အပတ်က တင်ဆက်ခဲ့တဲ့ article တွေကို သဘောကျမယ်လို့ မျှော်လင့်ပါတယ် အခုတစ်ခေါက်article လေးကို သဘောကျရင် လည်း like and share လေးမစ ကြပါအုံးလို့😂😂🙏
ဒီ တစ်ပတ် ပြောပြပေးချင်တာက လူတွေကို အမြဲ confidence ရှိပြီး စိတ်ဓာတ်တက်ကြွနေအောင်လုပ်ပေးမယ့်
Psychology theory လေးတစ်ခုပါ….
Theory ရဲ့ နာမည်က Maslow's Hierarchy of Needs theory ပဲ ဖြစ်ပါတယ်…
အမေရိကန် စိတ်ပညာရှင် Abraham Maslow က တီထွင်ခဲ့တာမို့ Maslow ဆိုပြီး ပါနေတာပါ…
ဒါဆို နောက်က ပါနေတဲ့ Hierarchy of Needs ဆိုတာဘာလဲပေါ့….
အဲ့ တာက ကျွန်တော်တို့ကို အမြဲတမ်း motivation ရှိနေစေမယ့် အကြောင်းအရင်းတွေပိုပြောတာပါ…
မြင်သာအောင်...
ပုံလေးနဲ့ တွဲ ပြီ ရှင်းပြထားပါတယ်
မင်္ဂလာပါ
တနင်္ဂနွေနေ့ က ကျွန်တော်တို့ The Bridge အသင်းနဲ့အတူ ကျောင်းသားလူငယ်တွေဟာ ရန်ကုန်အခြေစိုက် လူမှုစီးပွားလုပ်ငန်းဖြစ်တဲ့ MYEO ကိုသွားရောက်လေ့လာခဲ့ပါတယ်။
MYEO မှ တာဝန်ရှိသူများဖြစ်တဲ့ အမဖြူဖွေးသန့်
(Head of MYEO Campus Chapter Program) နှင့် အကိုရဲရင့်မင်း (Operation Lead) တို့မှ MYEO ၏ Process များကို သေချာ ရှင်းပြခဲ့သည့် အပြင် MYEO ၏ ကျောင်းသားလူငယ် များကို အကျိုးပြု ပုံများကိုလည်း အတွင်းကျကျ လေ့လာခွင့်ရရှိခဲ့ ကြပါ တယ် ။
ထို့အပြင် လာရောက်ခဲ့သောကျောင်းသားလူငယ်များ၏ အတွေးအမြင်များကို ဖလှယ် ပြီး Brainstorming Session ကိုလည်း လုပ်ခဲ့ကြပါတယ် ။
အဲ့နေ့က Site Visit လိုက်ခဲ့တဲ့ကျောင်းသားလူငယ် တွေကို Interview လုပ်ခဲ့ တဲ့ Video လေးနောက်ရက် ကြရင် တင်ပေးဦးမယ်နော် !
မဂၤလာပါ
မနေ့က ကျွန်တော်တို့ The bridge အသင်းနဲ့အတူ ကျောင်းသားလူငယ်တွေဟာ ရန်ကုန်အခြေစိုက် လူမှုစီးပွားလုပ်ငန်းဖြစ်တဲ့ YK Collections Social Enterpriseကိုသွားရောက်လေ့လာခဲ့ပါတယ်။ကျောင်းသားလူငယ်တွေမှလုပ်ငန်းလည်ပတ်ပုံနဲ့တကွ သိချင်သောမေးခွန်းများကိုမေးမြန်းခြင်း YKအတွက်အကြံပြုတိုက်တွန်းမူများပြုလုပ်ခြင်းများကိုလည်းတက်တက်ကြွကြွဆောင်ရွက်ခဲ့ပါတယ်YKမှ ကျောင်းသားလူငယ်များသိချင်သမျှကိုစိတ်အားထက်သန်စွာဖြေကြားပေးခဲ့တဲ့အပြင်CEOအမ နဲ့consultantအမမှလည်းဘဝအတွေ့အကြုံများနဲ့တကွလုပ်ငန်းသဘာဝများစစ်မှန်တဲ့Social Entrepreneurတစ်ယောက်ဖြစ်လာစေဖို့အခြေခံလိုအပ်ချက်စိတ်နေစိတ်ထားသဘောတရားများကိုလမ်းညွှန်ပြသပေးခဲ့ပါတယ်
ဒါကတော့ YK enterpriseကို site visit သွားနေစဉ်အတွင်းပုံရိပ်လေးတွေဖြစ်ပါတယ်
ပူးပေါင်းပါဝင်ပေးတဲ့YK ရဲ့CEOအမနဲ့တကွဝန်ထမ်းများ ကိုလည်း အသင်းသားများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းလေးစားစွာပြောလိုပါတယ်ဗျာ
နောက်ရက်မှာဘာActivitiesတွေနဲ့အတူပြန်လာမလဲဆိုတာကိုတော့😁stay tune ဒန်ဒန်ဒန်
အမေး အများဆုံး အင်တာဗျုး မေးခွန်းများ…
အားလုံးကို The Bridge ကနေ ပြန်လည် ကြိုဆိုပါရစေ…😁
ဒီတစ်ပတ် တင်ဆက်ပေးမဲ့ Business article လေးက…
အင်တာဗျုးတွေမှာ မေးတတ် မေးလေ့မေးထ ရှိတဲ့ မေးခွန်းလေးတွေကို ကိုယ်တွေ့နဲ့ယှဥ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်….
ကျွန်တော်တို့ က ထားပါ...ကျောင်းတက်နေတုန်း summer break မှာ internship ဆင်းချင်လို့ပဲ ဖြစ်ဖြစ်…
Fresh graduate ကျောင်းပြီးခါစ အလုပ်လျှောက်ချင်လို့ပဲ ဖြစ်ဖြစ်...scholarship နဲ့ exchange programme တွေကို လက်စမ်းကြည့်ချင်လို့ပဲ ဖြစ်ဖြစ် လျှောက်ကြရတဲ့ အခါအင်တာဗျူးဆိုတာကြီးက ပါကိုပါတာပါနော်…
သူမပါရင် မပြီးတာပါ…
Employer က ကိုယ့် ကို CV မြင်တည်းက သဘောကျနေပြီ …
အင်တာဗျူးအဆင့်ရောက်ခါမှ စိတ်မကောင်းစွာနဲ့ ထားမခဲ့ရလေအောင် ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ်...နော်…
အင်တာဗျူး ခေါ်ပြီဟေ့ သိထားရမှာက သူကိုယ့်ကို သဘောကျနေပြီ...ကိုယ့်ရဲ့ အင်တာဗျူး က တကယ့် အဆုံးအဖြတ်ပဲ..သိတဲ့ အတိုင်း ကိုယ် တစ်ယောက်တည်းကို အင်တာဗျူးတာမှ မဟုတ်တာ...သူတို့ စစ်ထုတ်ထားတဲ့ တော်တီးတီးတော် တွေထဲကမှ ကိုယ့်ကို ရွေးဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စပါ….😖
ဆိုတော့ အင်တာဗျူး ဆိုရင် Skype တို့ Phone call တို့ Messenger call တို့ကနေလာတဲ့ online interview တွေ
ကိုယ်တိုင်ကိုယ်ကျ သွားဖြေရတဲ့ personal interview တွေ...နောက် ကိုယ်တစ်ယောက်တည်းကို Employer ငါးယောက်လောက် က ဝိုင်း ဗျင်း တဲ့ committee interview...ကိုယ်ကိုယ်တိုင် task တွေ လုပ်ပြရတဲ့ Testing interview အစုံရှိပါတယ်…
Online ဆိုရင်တော့ ကိုယ့်ကို ကိုယ် လှအောင် သိပ်ပြင်နေစရာမလိုပါဘူး…Video call ဆိုရင်နည်းနည်း သပ်သပ်ရပ်ရပ်ဖြစ်ရင်ရပြီ..
လူကိုယ်တိုင် သွားဖြေရ ရင်တော့ hygiene ဖြစ်ရမယ်..သပ်သပ်ရပ်ရပ်ဖြစ်ရမယ်.ရေမွှေး အပြင်းစားတွေ မဆွတ်ရ..ချွေးနံ အာပုပ်နံ မနံစေရ ခြေသည်းလက်သည်း ဆံပင် သေချာ ပြင်ဆင်သွားရပါမယ်…
ပြီးတော့ အပြုံးလေးပေါ့နော်...စွတ်သာပြုံးပြ….ဒါမှ အမှတ်ရမှာ...😂
နောက်ဘယ် interview ပဲနေနေ မေးစရာရှိတာတော့မေးကြမှာပဲ…
အမေးအများဆုံး မေးခွန်း လေးတွေကို စေတနာနဲ့ ဖော်ပြပေးလိုက်ပါတယ်….🤓
1.မင်း အကြောင်းပြောပြပါဦး…❓
ဒီမေးခွန်းကတော့ တကယ့် အမေးများတာပါ…
CV ထဲမှာ ပါတယ်လေ ကိုယ့်ဟာကိုယ် ဖတ်ဆိုပြီး မပြောပါနဲ့...သူတို့က သိပြီးသားပါ…
ဘာကိုလိုချင်တာလဲဆိုရင် ကိုယ့်ရဲ့ confidence ဘယ်လောက်ရှိလဲ...ဆိုတာကို သိချင်တာပါ..
အရမ်းများတဲ့ candidate တွေထဲ မှာမှ ကိုယ့်ကို မှတ်မိနေစေဖို့ ကိုယ့် အကြောင်းကို မိတ်ဆက်တတ်ဖို့လိုပါတယ်…
ကိုယ့် အကြောင်းကို မိတ်ဆက်တဲ့ နေရာမှာ..job position နဲ့ မကိုက်ညီတဲ့ ကျွန်တော်က EDM အရမ်း ကြိုက်ပါတယ် နေ့တိုင်း rave တယ်လို့ ထည့်ပြောစရာမလိုပါဘူး…
သူမမေးခင် အိမ်မှာ တည်းက…
ကျွန်တော်က ဘယ်ကျောင်း ဘယ်မေဂျာက ဘယ်သူပါ..
Digital technology ကို အရမ်း စိတ်ဝင်စားပါတယ်…
ဒီအလုပ်ကိုလည်း ဝါသနာအရ လျှောက်ဖြစ်တာပါ…
အခုလက်ရှိမှာတော့ ကျွန်တော် ဘယ်ပေ့ချ်ရဲ့ content writer ပါ...စသည်ဖြင့် အတိုလေးပဲ…
ကိုယ့်ရဲ့ အဖြေကို ကြားတာနဲ့ ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်တယ် ဒီ job position နဲ့ ဘယ်လိုကိုက်ညီတယ်ဆိုတာမျိုး employer ကို သိစေရမှာပါ….
ကိုယ့်ကို ကိုယ် မိတ်ဆက်တတ်ဖို့လိုတယ်နော်..
2.မင်းကို ငါတို့ ဘာလို့ ခန့်သင့်လဲ...❓
ကြိုမပြင်ထားရင် ဒီနေရာမှ ငါအံ့သြဆိုပြီး ပါးစပ်ကြီး ပွင့်နေမှာပါ…😂
ဒီ မေးခွန်းက မဖြေတတ်ရင် ပြဿနာရှိပါတယ်…
ကိုယ်မှာ ဘယ် skill တွေ experience တွေရှိလို့ ကိုယ်ကလွဲ ရင် ဒီ job position က ဘယ်သူနဲ့မှ မသင့်လျော်ပါဘူးဆိုပြီး ဖြစ်သွားရအောင် ကို ဖြေနိုင်ရမှာပါ….😉
ကျွန်တော်က ဘယ်နည်းပညာ ကုမ္ပဏီ ဘယ် ဌာနမှာ ဘယ်လောက်ကြာအောင် လုပ်ခဲ့ပါတယ်…
ဒါမှ မဟုတ်...ကျွန်တော် ဒီ နည်းပညာ တွေ ကို ဘယ် ကျောင်းမှာ ဘယ်လို grade မျိုးရအောင် ဘယ်လို ပြိုင်ပွဲတွေမှာ ဆုတွေရအောင် ပြိုင်ခဲ့ပါတယ်
ဒီ လို အလုပ်မျိုးကို ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ကျွန်တော့်မှာ အရည်အချင်း အပြည့်အဝရှိတယ်လို့ ယုံကြည်ပါတယ်...ထပ်ပြီးတော့ ဒီ အလုပ်ကိုလည်း ကျွန်တော်က အရမ်း စိတ်ဝင်စားတာမို့ လူကြီးမင်းတို့သာ ကျွန်တော့်ကို ခန့်လိုက်ရင် နောင်တရစရာမရှိဘူးလို့ အာမခံပါတယ်…
အမယ်...မမိုက်ဘူးလား😂
3.မင်းရဲ့ အဓိကအားသာချက်တွေကဘာလဲ❓
ကို့ယ် အကြောင်းကိုယ် ဘယ်လောက်သိလဲ သိချင်လို့ တစ်ချက် စစ်တဲ့ မေးခွန်းပါ…
ကိုယ့် မှာ မရှိတဲ့ အားသာချက်မျိုးတွေ မဖြေသင့်သလို…
ရှိသမျှ အားသာချက်တွေ အကုန်ပြောလို့လည်းမရဘူး.
ကျွန်မ မာလာရှမ်းကော နှစ်ပွဲကို တစ်ထိုင်တည်း စားနိုင်တယ်ရှင့်ဆို ဟိုက reject ပါပြီနော်…🙄🙄
ဖြေရမှာက ကိုယ် လျှောက်နေတဲ့ position နဲ့ ကိုက်ညီမဲ့ ကိုယ့်ရဲ့ အားသာချက်ကို ပြောပြရမှာပါ…
ကျွန်မက လူတွေအများကြီးကို စကားပြောရတာ အရမ်းကြိုက်ပါတယ်..
အခုလုပ်ရတဲ့ အလုပ်ကလည်း customer တွေနဲ့ တစ်နေကုန်စကားပြောရမှာဆိုတော ကျွန်မအနေနဲ့ ကောင်းကောင်းလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်…
ဟုတ်ပြီလား😅😅
4.မင်းရဲ့ အားနည်းချက်ကရော…❓
သူတို့ လိုနေတဲ့ skill မျိုး ကိုယ့် မှာ မရှိနေရင်တောင် ဒဲ့ကြီး မပြောပဲ…
ကျွန်တော် က နည်းပညာပိုင်းဆိုင်ရာမှာ အခက်အခဲရှိပါတယ် ဒါပေမဲ့ သင်ယူရတာကိုသဘောကျလို့ ဒီ အခက်အခဲကို ပြင်ဆင်နိုင်မယ်လို့ ယုံကြည်ပါတယ်…..
ဒီလို လေး လှအောင်ပြောတတ်ရပါမယ်…👌
5.အခုလက်ရှိအလုပ်ကို ဘာလို့ ထွက်ချင်ရတာလဲ…❓
တကယ်လို့ ကိုယ်က သာ လက်ရှိအလုပ်တစ်ခုရှိနေပြီး နောက်တစ်ခု ဆက်လျှောက်မယ်ဆို သေချာပေါက်အမေးခံရမယ့် မေးခွန်းပါ..ဖြေရလည်း ခက်ပါတယ်…
ကျွန်တော်နဲ့ ဘောစ့်နဲ့ အဆင်မပြေလို့ပါဆိုတာမျိုး မဖြေရဘူး...လုပ်ငန်းရှင် တွေ အချင်းချင်း အဆက်အသွယ်ရှိတာကြောင့် ကိုယ်မပြောလည်း သိကြပါတယ်...ဘောစ့်ကမကောင်းရင်တောင် ကိုယ့် အလွန်မဖြစ်စေပါနဲ့…❗❗
တစ်ခြား အဆင်မပြေတဲ့ အကြောင်းမျိုးရှာပြောပါ…
ဥပမာ အိမ်နဲ့ အလုပ်က အရမ်းဝေးနေလို့ပါဆိုတာမျိုး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ အဖြေမျိုးပဲပေးပါ…
6.လစာဘယ်လောက်လောက် မျှော်မှန်းထားလဲ…❓
လစာဘယ်လောက်လိုချင်လဲတဲ့ ရိုးရိုးလေးပဲ…
ဒီမေးခွန်းကို တစ်ခွန်းတည်းဖြေလိုက်ရင် အကြီးကြီးမှားသွားမယ်နော်…
ကိုယ်ဘယ်လောက်လိုချင်လဲ ဆိုတာတန်းပြီးပြောလို့မရပါဘူး..ကိုယ်က အခုအချိန်မှာ ဘာ expertမှလည်း မဟုတ်သလို ဘာ professional မှလည်း မဟုတ်ပါဘူး…
ဘယ်လိုဖြေရမလဲဆို…
ပုံမှန် ဒီရာထူးအတွက်ဆို လစာ ဘယ်လောက်တော့ ပေးတါ သိထားရပါတယ်ဗျ...ဒါပေမဲ့ လစာကအဲ့ထက်နည်းနေမယ်ဒါပေမဲ့ တစ်ခြား အကျိုးခံစားခွင့်တွေ ပေးမယ်ဆိုရင်တော့ ကျွန်တော် အတွက် အဆင်ပြေပါတယ်…
အဲ့လိုလေးဖြေ...နော်😅
7.ဒီ အလုပ်ဘာလို့ လိုချင်ရတာလဲ…❓
ဒီ မေးခွန်းက ကိုယ့် ရည်ရွယ်ချက်ကို မေးသလိုလိုနဲ့ သူ့တို့ အလုပ်အကြောင်း ကိုယ် ဘယ်လောက်သိနေလဲ အစ်တာပါ…❗
ဖြေရမယ့်ပုံစံက..
အစားအသောက်တွေ တည့်ခင်းဧည့်ခံရတာ ကျွန်တော့်အတွက်တော့ passionate ဖြစ်တဲ့ အရာတစ်ခုပါ… Tourism Management ကို ယူဖြစ်ခဲ့တာလည်း အဲ့ လို service ပေးရတာကြိုက်လို့ပါ…
ဒီ လုပ်ငန်းကလည်း အဓိက အားဖြင့် guest တွေကို service ပေးရတဲ့ အလုပ်ဆိုတော့ ကျွန်တော်နဲ့ ကိုက်လို့ရယ်… ဒီ hotel ကလည်း reputation ကောင်းတာကြောင့် အများကြီး သင်ယူနိုင်မယ်ထင်လို့ အလုပ်လိုချင်တာပါ….
ဒါမျိုးလေး...လိုချင်တာတော့ လူတိုင်း လိုချင်တာပဲ...ဒါပေမဲ့ ကိုယ်က ကိုယ်နဲ့ အရမ်းကိုက်နေလို့ လာလျှောက်တဲ့ ပုံစံမျိုး...သူတို့အတွက် ကိုယ်က အသုံးဝင်တယ်ဆိုတဲ့ messageမျိုးပေးပေးရမှာပါ...👌👌
8.stress တွေ pressure တွေနဲ့ ဘယ်လိုရင်ဆိုင်မလဲ…❓
သူတို့သိချင်တာက အလုပ်ဆိုတာ အမြဲ အဆင်မပြေနေဘူး...ခက်ခဲတဲ့ နေ့ရက်တွေကို ဘယ်လိုကျော်ဖြတ်မလဲသိချင်တာ…
Tight schedule နဲ့ အချိန်လုလုပ်ရတဲ့ အလုပ်မျိုးတွေဆို ပိုအရေးကြီးတယ်...မသိမသာနဲ့ ကိုယ် soft skill ဘယ်လောက်ရှိနေလဲ တစ်ချက်လှမ်းရှိုးတာပါ…👀👀
ဒီလို မေးခွန်းမျိုးဖြေဖို့ဆို နည်းနည်းလေးတော့ soft skill ရှိနေရပါမယ်…
Flexibility တို့ Durability တို့ Time management, Problem solving စတဲ့ skill လေးတွေ ရှိရပါမယ်...သင်မထားဖူးဆိုလည်းရပါတယ်..
Pressure အရမ်းများလာရင်တော့ ကျွန်တော် လုပ်ရမဲ့ အလုပ်ကို အတတ်နိုင်ဆုံး စိတ်နှစ်ပြီး အမှားအယွင်းမရှိ မြန်မြန်ပြီးစီးအောင်လုပ်ပြီး အနားယူပါတယ်…
အထူးသဖြင့် စိတ်တိုနေတဲ့ အချိန်ဆို ကျွန်တော် စကား တွေ မမှားအောင် ထိန်းယူပါတယ်….ငယ်ငယ်တည်းက အကျင့်လုပ်ခဲ့တာမို့ ပြဿနာတိုင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ရယ် မှား သွားခဲ့ရင်တောင် အမှားတွေကနေ သင်ခန်းစာယူနိုင်ဖို့ ပြင်ဆင်ထားပါတယ်…✌
ကြိုက်နေပြီ အဲ့လောက်ဆို🤣
9.တကယ်လို့ အခက်အခဲတွေ တွေ့လာရင်ရော ဘယ်လိုရင်ဆိုင်ခဲ့လဲ….❓
စောနကလိုမျိုး soft skillကို စမ်းတာပေါ့ဗျာ…
ကိုယ်က ပြဿနာတွေ ကြုံဖူး ဖြေရှင်းခဲ့ဖူးရင် ဖြေရတာသူ့ဟာသူ အဆင်ပြေပြေလေးဖြစ်သွားမှာပါ..
အလုပ်နဲ့ အခက်အခဲတွေ ပြဿနာတွေ ဆိုတာ ရှောင်လွှဲလို့ မရပါဘူး…
အထူး သဖြင့် service sector ဟာ ကိုယ်က မှန်ရင်တောင် ခံငြင်းလို့မရတာမျိုးဆိုတော့ အတတ်နိုင်ဆုံး စိတ်ကို ထိန်းချုပ်သည်းခံနိုင်ဖို့ ပြင်ဆင်ထားပါတယ်….
အဆိုးဆုံး အခြေအနေမှာတောင် ကျွန်တော့်ဘက် မလွန်ဖို့ သတိထားပါတယ်...🤓
စသဖြင့်ပေါ့နော်….
10.မင်းရဲ့ အနာဂတ်အိမ်မက်က…❓
ဒီမေးခွန်းရဲ့ အဓိက ရည်ရွယ်ချက်က ကိုယ့် အိမ်မက်ကို သိချင်လို့ မဟုတ်ပါဘူး ဒီအလုပ်မှာ ကြာကြာနေမှာလား သင်စရာရှိတာသင်ပြီး လစ်မှာလား သိအောင် မေးတာပါ…
အဟုတ်ကြီး မှတ်ပြီး စိတ်ထဲ ရှိတဲ့ အတိုင်း
ဒီ မှာ သင်ယူစရာရှိတာ သင်ယူပြီး ကျွန်တော် ဘယ်ကို သွားမှာပါဆိူ အော်တို reject...😅
ဖြေရမှာက ဒီ အလုပ်နဲ့ ကိုယ့်ရဲ့ long term objective နဲ့ ဟာ ဘယ်လို ကိုက်ညီနေကြောင်းပြောရမှာပါ…
ကျွန်တော်ရဲ့ အနာဂတ်အိမ်မက်က ဒီ hotel chain ထဲမှာ ထူးချွန်တဲ့ service expert တစ်ယောက်ဖြစ်လာဖို့ပါ…
ကျွန်တော့်ဝါသနာကိုက ဒီ service ပေးရတဲ့အပိုင်းမှာ ဝါသနာပါတာကြောင့်ရယ် ဒီ hotel chain ရဲ့ reputation အရမ်းကောင်းလို့ရယ် ဒီ အလုပ်ကိုပဲ professional ဖြစ်တဲ့ အထိ လုပ်ဖို့ ရည်ရွယ်ထားပါတယ်…
ပြောချင်တာက ဒီ အလုပ်မှာလည်း မြဲပါ့မယ်ကြိုးလည်း ကြိုးစားပါ့မယ်ဆိုတာမျိုး သွယ်ဝိုက်ပြီး ပြောလိုက်တာပါ…✌
ဒါတွေပဲ မေးမယ်လို့ မဆိုလိုပါဘူး...အကောင်းဆုံး က ကိုယ်လုပ်မဲ့ အလုပ်အကြောင်း သေချာလေ့လာသွားပြီး ကြိုတင်ပြင်ဆင်ထားမှ အဆင်ပြေမှာပါ...
မေးခွန်းတွေကတင် အရေးကြီးတာမဟုတ်ပါဘူး
အင်တာဗျုးဆိုမှ အရေးတကြီး မှတ်စရာလေးတွေ ရှိပါသေးတယ်…
📌အချိန် တိကျပါ…
📌အပြောအဆို ချိုသာယဥ်ကျေးပါစေ
📌လိုရင်းတိုရှင်းနဲ့ ပြတ်ပြတ်သားသားပြောပါ
📌တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိပါစေ
📌စိတ်အေးအေးထားပါ
📌ဝင်လာတည်းက ပြုံးပြီ နှုတ်ဆက်ပါ ပြန်ထွက်သွားရင် ပြုံးပြဖို့ မမေ့ပါနဲ့…
ဒီလောက်ဆိ အင်တာဗျူး ဖြေဖို့ အဆင်ပြေပါပြီ…
ကိုယ့်ဖက်က အကောင်းဆုံးဖြေပြီး အလုပ်မရရင်လည်း စိတ်မပျက်ပါနဲ့ ဘာမှားလဲ အဖြေရှာပြီး နောက်တစ်ကြိမ် ပိုကောင်းအောင်လုပ်ပါ...တော်တဲ့ အရည်အချင်းရှိတဲ့ ဝန်ထမ်းကို ဘယ် သူမှ အလွတ်မခံပါဘူး…
နောက်တစ်ပတ်ပြန်လာခဲ့မယ်နော်...👋👋
မင်္ဂလာပါသူငယ်ချင်းတို့ရေ
မနေ့က ကျွန်တော်တို့ The bridge အသင်းနဲ့အတူ ဆကျာင်းသားလူငယ်၂၀ဝန်းကျင်ဟာ ရန်ကုန်အခြေစိုက် လူမှုစီးပွားလုပ်ငန်းများဖြစ်တဲ့
Third Story Project နဲ့ ဒို့အိမ် အဖွဲ့ဆီသွားရောက်လေ့လာခဲ့ပါတယ်။
ဒါကတော့ ဒို့အိမ်အဖွဲ့ကို site visit သွားနေစဉ်အတွင်းပုံရိပ်လေးတွေပဲဖြစ်ပါတယ်။
ပူးပေါင်းပါဝင်ပေးတဲ့ Third Story Project နဲ့ ဒို့အိမ်အဖွဲ့ကိုလည်း အသင်းသားများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ထပ်မံပြောကြားချင်ပါတယ်ဗျ။
နောက်အပတ်စနေမှာတော့ MYEO နဲ့ YK collections ဆီထပ်မံသွားရောက်လေ့လာကြဦးမှာဖြစ်လို့ မျှော်လင့်စောင့်စားကြပါဦးဗျ😁
မဂ်လာနံနက်ခင်းလေးပါ သူငယ်ချင်းတို့ရေ👋
မနေ့က Third Story Project ကို Site Visit သွားခဲ့တဲ့ သူငယ်ချင်းတို့ရဲ့ ပျော်ရွှင်စရာပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်..
Site Visit မလိုက်ပေမယ့် Third Story Project အကြောင်းသိချင်ကြတဲ့ သူငယ်ချင်းတွေ အတွက်ဒီမှာ ရောင်းနေတဲ့ စာအုပ်လေးတွေနဲ့ ဒီလုပ်ငန်းအကြောင်း ပြောပြပေးလိုက်ပါတယ်နော်..
Third Story Project ဟာဆိုရင်
အပြုသဘောဆောင်တဲ့ သတင်းအချက်အလက်တွေပါဝင်တဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့
ပုံပြင်ေတွကို ကလေးငယ်တွေကြားမှာ ပိုမိုကျယ်ပြန့်လာအောင် နဲ့ ကလေးတွေအတွက် လိုအပ်နေတဲ့ ပညာရေး ၊ကျန်းမာရေး၊ယဥ်ကျေးမှု စတာတွေကို ပုံပြင် စာအုပ်တွေ ကတစ်ဆင့် ဖြည့်ဆည်းပေးဖို့ကြိုးစားလုပ်ဆောင်နေတဲ့ Local Social Enterprise လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ဒါတွေ အပြင် မိဘတွေနဲ့ ဆရာ ဆရာမတွေအတွက် ပုံပြင်ပြောနည်း သင်တန်း ၊ ပုံပြင်ရေးနည် သင်တန်းနဲ့ ပုံပြင်ဖန်တီး နည်း သင်တန်းတွေကိုပါ ဖွင့်လှစ်ပေးလျှက်ရှိပါတယ်။
ကဲ Third Story အကြောင်းမိတ်ဆက်ပြီးပြီး ဆိုတော့ Third Story ရဲ့ Founder တစ်ယောက်ဖြစ်တဲ့မရှီ နဲ့ အမေးအဖြေလေးတွေကိုကြည့်လိုက်ကြရအောင်..
👉 Third Story Project ကို ဘယ်လိုစတင်ဖြစ်ခဲ့တလဲ ဆိုတာနဲ့ ဘာကြောင့်စတင်ဖြစ်ခဲ့လဲ ဆိုတာလေးပြောပြပေးပါရှင့်။
- အမတို့ 2014 ခုနှစ်လောက်မှာ စတင်ဖြစ်ခဲ့တာပါ။ပထမဆုံးပြောရရင် ပရဟိတ အဖွဲ့တွေ ပေါင်းထားတဲ့ ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ရက် ဆိုတာရှိပါတယ်။အဲ့ကနေ အမတို့ကလေးတွေအတွက် လိုအပ်တာတွေကိုလှူပေးဖြစ်တယ်။
အဲ့ကနေ သိလာရတာက ကလေးတွေအတွက် ပုံပြင်စာအုပ်တွေ အရမ်းရှားလာတယ် ပြီးတော့ ပုံပြင်တွေက ထပ်နေတယ် အသစ်တွေမထွက်ပဲ အမတို့တုန်းကလည်း ဒီပုံပြင် ခုကလေးတွေ အလှည့်ရောက်တော့လည်း ဒီပုံပြင်တွေပဲဖြစ်နေတယ်ပေါ့နော်။
နောက်တစ်ခု က အမတို့ နိုင်ငံမှာ ပဋိပက္ခ ပေါင်းစုံဖြစ်နေပြီး ကဏ္ဍပေါင်းစုံမှာ လိုအပ်ချက်တွေရှိနေတယ်။ ဒါတွေ အားလုံးကို အမတို့ပြင်ပေးဖို့ဆိုတာက လူတွေရဲ့ စိတ်ဓာတ်တွေကို အဓိက ပြင်ရမှာပေါ့နော်။
ဆိုတော့ ကလေးဘဝတည်းက ကောင်းမွန်တဲ့စိတ်ဓာတ်တွေကို မွေးမြူပေးလိုက်နိုင်မယ်ဆိုရင် ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့တော်တော်လေး အထောက်အကူပြုမယ်လို့ စဥ်းစားမိတဲ့အတွက် ဒီလိုပုံပြင်စာအုပ်လေးတွေ စထုတ်ဖြစ်တာပါ။ခုဆိုရင် အမတို့ ပုံပြင်စာအုပ်တွေကိုမြို့နယ်ပေါင်း 250 လောက်ကို ရောက်အောင်ပို့နိုင်နေပါပြီ။
👉 ဘယ်အသက်အရွယ် ကလေးတွေ အတွက်အဓိက ထုတ်ဖြစ်လဲရှင့်။
- အမတို့ စထုတ်တုန်းကတော့ 7 နှစ်ကနေ 10
နှစ်အရွယ်ကလေးတွေအတွက် အဓိကထုတ်ပါတယ်။ဘာလို့လဲဆိုတော့ အမတို့ ပုံပြင်တွေ ထဲမှာ အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေ ထည့်ပေးထါးတယ်။ဒါတွေကို ရနိုင်လောက်မဲ့ အသက်အရွယ်အတွက် အဓိက ထုတ်ဖြစ်တာပါ။ ဒါပေမယ် ့နောက်ပိုင်းမှာ အမတို့
မွေးကင်းစကနေ ဆယ်ကျော်သက်အရွယ်ထိ rangeကို ထပ်တိုးပြီး သူတို့ အသက်အရွယ်နဲ့ ရနိုင်လောက်မဲ့ အတွေးအခေါ်လေးတွေ ထည့်ပေးထါးပါတယ်။
👉 ပုံပြင်တွေ ဘယ်လိုဖန်တီးလဲ ဆိုတာလေးနည်းနည်းလောက်ပြောပြပေးပါ အမ။
- အဓိက ကတော့ အမတို့ ပုံပြင်တွေကို
Professional ပုံပြင်ရေးဆရာတွေဆီကတင်မဟုတ်ပဲနယ်ပေါင်းစုံက ကျောင်းသားတွေ ဆီကနေယူပါတယ်။ ချင်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ မြစ်ကြီးနား စသဖြင့်ပေါ့နော်။ ဒါမှ သူတို့နဲ့ပိုပြီး လိုက်လျှောညီထွေ ဖြစ်တဲ့ ပုံပြင်လေးတွေ ဖြစ်လာပါတယ်။ နောက် ပန်းချီ ဆရာကိုလည်း အမတို့က တစ်ယောက်ထဲ မဟုတ်ဘဲ ပန်ချီဆရာ အသစ်တွေနဲ့လည်း ပုံဖော်ကြပါတယ်။ ဒီထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
👉 Social Enterprise လုပ်ငန်းအဖြစ် စတင်ဖြစ်ခဲ့ပုံလေးလည်း နည်းနည်းလောက်ရှင်းပြပေးပါအုန်း အမ။
- အမတို့ ပထမပြောခဲ့သလိုဘဲ ပရဟိတတွေလုပ်တယ်၊ စာအုပ်တွေ လှူတယ်ပေါ့နော်။ အဲ့ကနေ ကလေးတွေ ဆီက feedback ကောင်းတွေရတယ် ။NGO အနေနဲ့ဆက်သွားနေမယ်ဆိုရင်
Doner တွေအပေါ်မှာမှီခိုနေရတဲ့အတွက် အဆင်မပြေတဲ့အခါတွေရှိတယ်ပေါ့နော်။
အဲ့တော့ ရေရှည်အတွက် အဆင်ပြေစေမဲ့ ဟာကို စဥ်းစားလိုက်တဲ့အခါ Social Enterprise လုပ်ငန်းတကို သွားတွေ့တယ်။ဝင်ငွေလည်း ရသလို တစ်ဖက်မှာ လည်း substainable ဖြစ်အောင်လုပ်နိုင်တဲ့ အပြင် ကလေးတွေ အတွက်လည်း အပြုသဘောဆောင်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်ပါတယ်။
👉 Third Story အတွက် စိန်ေခါ်မှုတွေကဘာတွေဖြစ်မလဲ ရှင့်။
- စိန်ခေါ်မှု တွေကတော့ အများကြီးပါ။ ပထမတစ်ခုက cost ပေါ့နော်။ စာရွက်တွေကို အမတို့နိုင်ငံခြားက မှာရတဲ့အတွက် cost အရမ်းတက်တယ်။ဆိုတော့ ရောင်းစျေး ကိုလည်း တအားကြီး မများ အောင် တစ်ဖက်ကလည်း cost ကို ပြန် cover ဖြစ်အောင်ငြှိယူရပါတယ်။
တချို့ ဒေသတွေက အရမ်းဝေးတေါ့ စာအုပ်တွေ မပို့ပေးနိုင်တဲ့အတွက် အမတို့ စာအုပ်တွေ pdf အနေနဲ့ website ပေါ်မှာ နဲ့နောက် တချို့ app တွေမှာ တင်ပေးထါးပါတယ် ။ အဲ့အခါမှာ တချို့မိဘတွေက download မလုပ်တတ်တာတို့ နောက် မရှာတတ်တာတို့ ၊ ဒါမျိုးတွေရှိနေပါတယ်။ ဒါကတော့ နည်းပညာတွေ တိုးတက်လာတဲ့အပေါ်မှာ handle လုပ်သွားရ မဲ့ အပိုင်းလေးတွေပါ။
နောက်တစ်ခုက တော့ မိဘတော်တော်များများက ကလေးတွေကို အက္ခရာတွေ သိမှ ပုံပြင်စာအုပ်တွေ ပေးဖတ်ကြတယ်ပေါ့နော်။ဆိုတော့ အဲ့လို မဟုတ်ဘဲ မဖတ်တတ်သေးတဲ့ အရွယ်တွေအတွက်လည်း သူတို့ကို ပုံပြင်စာအုပ်တွေ ပေးဖတ်ရမယ်ဆိုတာလည်း မိဘတွေကို အသိပညာပေးရမဲ့ အပိုင်းတွေရှိပါတယ်။
ဒါကြောင့် နောက်ပိုင်း မှာ အမတို့ ဆရာဆရာ မတွေနဲ့ မိဘတွေ အတွက် ပုံပြင် ပြောနည်း သင်တန်းတွေ ၊ ပုံပြင်ဖန်တီးနည်း သင်တန်းတွေ အခမဲ့ ထပ်ဖွင့်ပေးသွားဖို့ရှိပါတယ်။.........................................................................
အခုလို Third Story Project အကြောင်းကို အသေးစိပ်ရှင်းပြပေးပြီး ညီမတို့မေးမြန်းသမျှ မေးခွန်းတိုင်းကို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးတဲ့မရှီကိုလည်း ကျွန်မတို့ The Bridge အနေနဲ့ ကျေးဇူးအထူးတင်ပါတယ်ရှင့်😍💯အရမ်းလည်း ချစ်ပါတယ်နော်😘💓
နောက်ရက်တွေမှာ လည်း Local Social Enterprise လုက်ငန်းတွေကို Site Visit ထပ်သွားအုန်းမှာမို့ Activity တွေလက်မလွတ်ရအောင် The Bridge Page ကို like and follow လုပ်ထားကြဖို့မမေ့ပါနဲ့နော်..
Third Story Project အကြောင်းထပ်သိချင်တယ်ဆိုရင်တော့ အောက်ပါ page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့် 👇👇
https://www.facebook.com/thirdstorychildrenbooks/
အားလုံးပဲမကြာခင်ပြန်တွေ့ကြပါစို့ ✌💓
📣Hello သူငယ်ချင်းတို့ရေ.....
Site Visit သွားဖို့ ready ဖြစ်ကြပြီလား??
နက်ဖြန် Doh Eain နဲ့ Third Story ကို သွားကြမှာနော်...
- ဒီ Social Enterprise လုပ်ငန်းတွေကို ဘယ်လိုစတင်ဖြစ်ခဲ့တာလဲ
-သူတို့ရဲ့ Social Impact တွေကဘာတွေလဲ
-ဘယ်လို Challenge တွေရင်ဆိုင်ခဲ့ရလဲ
စတာတွေတွေကိုလက်တွေ့ သူတို့လုပ်ငန်းခွင်မှာ လေ့လာခွင့်ရကြာမှဆိုတော့ တအားကိုစိတ်ဝင်စားနေကြမယ်လို့ထင်ပါတယ်။
လိပ်စာအတိကျနဲ့ ရောက်တဲ့ YBS နံပါတ်တွေကို info kit ထဲမှာအသေးစိပ်ပို့ပေးထါးပါတယ်နော်။
အားလုံးပဲ နက်ဖြန် ပြန်တွေ့ကြပါစို့...
Marketing အတွက် P ဆယ်လုံးအကြောင်း…
အားလုံးပဲ Hi ပါ
The Bridge ကနေ ပြန်လည်ကြိုဆိုပါတယ်
ဒီတစ်ပတ်ရဲ့ Business article လေးကတော့ Marketing 10 Ps အကြောင်းကို ပြောပြပေးသွားမှာပါဗျ
အားလုံးလည်း ကြားဖူးပြီးသားဖြစ်မှာပါ..
Marketing Mix 4Ps အကြောင်းကို…
နောက်တစ်ဆင့် 5Ps ဆက်ပြီး 7Ps…
ခေတ်ကိုက နည်းပညာတွေ အရမ်းမြန်မြန်ဆန်ဆန်တိုးတက်နေတာဆိုတော့…
Marketing အတွက်လည်း Challenge တွေတိုးလာပြီး ဆက်ပြီး modify လုပ်ရင်း 10 Ps အထိဖြစ်လာပါ…
တီးဝိုင်း တစ်ခု အတွက်လိုအပ်တဲ့ တူရိယာ ဆယ်မျိုးလိုပါပဲ...တစ်ခုစီတိုင်းက အရေးပါပါတယ်…
ကြည့်ရအောင်….
1.Product
ကိုယ် ရောင်းနေတဲ့ product အကြောင်းပါ..
Product လို့ပြောရင် နှစ်မျိုး…
ကိုင်တွယ်အသုံးပြုစားသုံး လို့ရတဲ့ productနဲ့
(ဉပမာ ဗျာ စားသောက်ကုန်၊အလှကုန်၊ဖုန်း၊လက်တော့အစရှိသဖြင့်)
နောက်တစ်ခုက ကိုင်တွယ်လို့မရတဲ့ service ပေါ့နော်
ပြောရမယ်ဆိုရင် ကာရာအိုကေဆိုတာမျိုး..Spa လိုမျိုး
ကိုယ်ကိုယ်တိုင်ပဲ ခံစားလို့ရပြီး ကိုင်ပြီးပြမရတဲ့ဟာမျိုးပေါ့…
ဆိုင်တစ်ဆိုင်သွားမယ် မာလာရှမ်းကောစားရင် အဲ့အစားအသောက်တွေက product ဖြစ်ပြီး..လာချပေးတဲ့ waiter မလေးရဲ့ အပြုံးချိုချိုလေးကတော့ service ပါ..
Marketing လုပ်ဖို့ဆို ကိုယ် ရောင်းနေတာ ဘာ product လည်း တစ်လုံးမကျန်သိနေဖို့လိုပါတယ်…
Consumer(စားသုံးသူ)တွေလိုနေတာဒီ product ရောဟုတ်ရဲ့လား…ထည့်စဥ်းစားရမှာက…
ကိုယ့် product ရဲ့ Designတို့ Quality တို့ Brand နဲ့ အာမခံချက်တို့လိုမျိုးတွေပါထည့်သွင်းစဉ်းစားပေးရပါမယ်….
2.Price
နောက်တစ်ခုက ကိုယ့် product ကိုရောင်းချမယ့်စျေးပါ…
တစ်ခြားသူတွေ ဒီ product တွေကို ဘယ်လောက်နဲ့ ရောင်းနေလဲ..ငါရော ဘယ်စျေးနဲ့ရောင်းရင်ကိုက်မလဲ…
တစ်သောင်းခွဲတန်မုန်ဟင်းခါးဘာလို့ဖြစ်လဲဆိုသူ့ရဲ့ product နဲ့ သူ profit ရမယ့်စျေး ကို သတ်မှတ်ပြီးရောင်းတာပါ...စျေးအရမ်းကြီးရင် ဝယ်မဲ့သူလည်းမရှိသလို စျေးအရမ်းနည်းနေရင် Quality မကောင်းဘူးလို့ ထင်ကြမှာပါ...စျေးနှုန်းကလည်းအရေးကြီးပါတယ်..
3.Place
Product တစ်ခုရလာပြီ စျေးလည်းသတ်မှတ်ပြီးပြီ နောက်လာမဲ့ဟာက ရောင်းချမဲ့နေရာပါ
ဆိုင်ပေါ်တင်ရောင်းမှာလား online ကပဲရောင်းမလား…
လက်လီလား လက်ကားလား...ပွဲစားကတစ်ဆင့်ရောင်းမလား..ကိုယ်ရောင်းနေတဲ့ product ပေါ်မူတည်ပြီး…
ဘယ်လိုရောင်းမလဲကို စဥ်းစားရမှာပါ…
ဝယ်ယူသူတွေ ဝယ်ရတာအဆင်ပြေမှ များများဝယ်ကြမှာပေါ့နော်….
4.Promotion
ကဲ..လာပြီ…
ဥပမာလေး နဲ့ ပေးမယ် Adidas ဖိနပ်ကို သာမန်နေ့ရက်တွေထက်...Happy New Year မှာ လူတွေပိုဝယ်ကြတယ်...ဘာလို့လဲ..
ဟုတ်ပါတယ်...promotion ပေးလို့ပါ…
ဟဲ့...ဟဲ့ရေ….
Dr.Wu ကလေ promotion ပေးနေပြီဟဲ့ အပြေးအလွှားသွားဝယ်ကြတာ...ခနခနကြုံဖူးမှာပါနော်😂
Promotion ပေးတယ်ဆိုတာ ပုံမှန်စျေးထက်လျော့ပြီးရောင်းတာလည်းရှိသလို…
Service ရောင်းတဲ့သူမျိုးကျ...service ကိုပိုမိုသုံးစွဲခွင့်ပေးတါမျိုးပါ ပါဝင်ပါတယ်…
ကာရာအိုကေ တစ်နာရီဆို နာရီဝက်လက်ဆောင် ဆိုတာမျိုးပါ….
Promotion ရဲ့ အဓိက ရည်ရွယ်ချက်က ကိုယ့် product ကိုလူပိုသိစေဖို့ပါ…ဒါကြောင့် giveaway ပေးတိုင်း like and share လုပ်ဖို့ပြောကြတာပါ…မသိလိုက်ပေမဲ့
ကြော်ငြာပေးရသလိုပါပဲ
တစ်ဖက်ကလည်း စျေးလျော့ပေးရတာမျိုးအတွက် cover ဖြစ်ဖို့လည်း စဥ်းစားရပါတယ်...လျော့ပေးလိုက်ရတဲ့ စျေးနဲ့ ပြန်ပြီး ကြော်ငြာပေးတါနဲ့ ချေရတာပေါ့…
Everyone wins ပေါ့လေ…
ဒီအထိဆို original 4Ps ဒါမှ မဟုတ် Marketing mix လို့ခေါ်ပါတယ်…
ဆက်လက်မဲ့ဟာတွေက…
ဒီဖက်ခေတ်အတွက် ပိုမိုပြီးလိုအပ်လာတဲ့P တွေပေါ့နော်…
5.People
ကိုယ် product ကိုရောင်းနေတဲ့ လူတွေ people တွေကိုဆိုလိုတာပါ…
သူတို့ကို အလုံးစုံသိအောင်လုပ်ထားတာဟာ marketing ရဲ့ အသက်ပါပဲ..
သူတို့ဘာတွေလိုနေလဲဘယ်လိုဟာမျိုးကိုလိုချင်နေလဲ…
ဒီလူတွေရဲ့ culture တွေ tradition တွေ အယူအဆတွေကအစသိနေမှဖြစ်မှာပါ...
ကိုယ့် product ကဘယ်လိုလူမျိုးတွေကို ရောင်းနေတာလဲ…
ကိုယ်က ဘီယာဆိုင်ဖွင့်ထားရင် ကိုယ့် customer အများစုက ဘီယာလာသောက်တဲ့ ဘိုးတော်တွေပေါ့..သူတို့လိုချင်တာဘာဖြစ်မလဲကိုယ်က သိနေရမယ်ဗျာ...ဥပမာ Unplugged show လေးတွေ ထည့်ပေးလိုက်တာမျိုးပေါ့...သူတို့က Myanmar ကြိုက်တာဆို Myanmar ပြောင်းပြီးရောင်းတာမျိုးပေါ့..
6.Process
နောက်တစ်ခါက ကိုယ့် product ကို ထုတ်လုပ်တဲ့ process ပါ..နည်းပညာတွေ အရမ်းတိုးတက်နေတဲ့ ခေတ်ထဲမှာ...ကိုယ့်ရဲ့ product တွေ ထုတ်လုပ်ရပိုလွယ်...ပိုမြန်အောင် ပိုquality ကောင်းအောင် နည်းပညာရဲ့ အကူအညီတွေယူလို့ရနေပါပြီ…
တစ်ဖက်ကလည်း သဘာဝပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းနိုင်မယ့်နည်းလမ်းကိုရှာဖွေနေဖို့လည်းလိုပါတယ်….
7.Packaging
ကိုယ်ရောင်းမဲ့ product က ကိုင်တွယ်ထိတွေ့လို့ရမယ့် productဆို packaging ကအရမ်း အရေးပါပါတယ်…
ထုတ်ပိုးမှုပုံစံ က ရှင်းလင်းတယ်..ingredients တွေ တိတိကျကျဖော်ပြထားတယ်…
ကိုင်တွယ်ရအဆင်ပြေတယ်...မြင်တာနဲ့ကို လိုချင်နေတာမျိုး…
ဥပမာ နာရီတို့ ဖုန်းတို့ပေါ့..
Apple ကိုကြည့်..Apple product တစ်ခုကို unbox လုပ်ရတဲ့ feel ကိုသိမှာပါနော်…
နောက်တစ်ခုက ကိုယ့်ပစ္စည်းကိုကြော်ငြာမဲ့ page တို့ website page တို့ရဲ့ design တွေက အဆာကြီးဖြစ်နေရမှာပါ….လုံးဝ super cool...ပေါ့နော်…
8.Proof
သက်သေပြနိုင်ရမယ်…
ကိုယ့် product ကို သုံးစွဲမဲ့ သူတွေ ကို ယုံကြည်စိတ်ချနိုင်လောက်တဲ့ အထောက်အထားပြနိုင်ရမယ်…
အသိသာဆုံးက Eco label တွေပေါ့…
အသီးတစ်ခုဝယ်မယ် စာကပ်ထားတယ်..100% organic ဆိုတာမျိုးမြင်တာနဲ့ consumer က လုံးဝစိတ်ချသွားမယ်ဗျာ…
Cosmetic ဆို oil free လို့မြင်တာနဲ့ ဒါဆိုအဆင်ပြေပြီလို့ ဝယ်သူက ယုံကြည်သွားရမယ်..
Eco label တို့ အာမခံချက်တို့က ကြုံရင်ကြုံသလို ကပ်လို့ ရတာမှာမဟုတ်တာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီက ထောက်ခံချက်တွေ...သုံးစွဲဖူးတဲ့ customer တွေရဲ့ honest review တွေကတကယ့် အရေးပါတဲ့ proof တွေပါပဲ…
9.Pictures
ပုံမပါတဲ့ ကြော်ငြာက nonsense ပါပဲ…
ကျွန်တော်တို့ရဲ့ ဦးနှောက်က information တွေရဲ့ 90% ကို ရုပ်ပုံတွေက နေမှတ်သားပါတယ်…
ပုံလို့ပြောရင် video တွေ logo တွေ photos တွေအကုန်ပါပါတယ်...
ဥပမာဗျာ
Travel review တစ်ခုတွေ့တယ် စာချည်းပဲတွေ့ရင်ဘယ်လိုမှ သွားချင်စိတ်ပေါ်မှာမဟုတ်ပါဘူး…
တိမ်ပင်လယ်ဆို..တိမ်ပင်လယ်ပုံ လှလှလေးပြမှ...တစ်ခြားသူတွေလည်း သွားချင်လာတာမျိုးပါ…
Brand လို့ပြောရင် brand logo ကအရေးပါတဲ့ နေရာမှာရှိပါတယ်...အောင်မြင်တဲ့ brand တိုင်းဟာ logo ကိုယ်စီနဲ့ပါ…
ပုံတွေနဲ့ လူတွေဘယ်လိုမှတ်လဲသိချင်လား…
Nike လို့ပြောရင် ဘာကိုပြေးမြင်လဲ…
အဲ့လောက်ဆို ပေါက်ပြီနော်😅
10.Personality
နောက်ဆုံး P က ကိုယ့်ရဲ့ personality… ကိုယ့် brand ရဲ့ personaity..ပါ
Customer တွေဟာ ကိုယ့် product ကို ဝယ်ယူတဲ့သူတွေမဟုတ်ပါဘူး...ကိုယ့်brand ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ..
ရိုးသားပါ...အစစ်အမှန်ဖြစ်ပါ...လူတွေက…
100% Authentic ဆို လူတိုင်းလိုချင်ကြတာချည်းပါပဲ..
ကောင်းမွန်တဲ့ personality ကိုလည်းချပြနိုင်ရပါမယ်…
ကိုယ့်အကြောင်းကိုပါ ကိုယ့် product နဲ့ တွဲ မြင်နေရပါမယ်..
Steve Jobs လို့ပြောရင် Apple မှန်းလူတိုင်းသိပါတယ်…
Steve Jobs ကို လူတိုင်းက လေးစားအားကျ သလို သူ့ရဲ့ productတွေကိုလည်း အသုံးပြုလိုကြပါတယ်..
ကဲ...ဒီ 10Ps ကို သေချာအောင်သာလုပ် ဘာရောင်းရောင်း အောင်မြင်တယ်…
စျေးဗန်းကို ဒီ 10Ps သာသုံးပြီးရောင်း…
ရမရတော့..ကျွန်တော်လည်းမသိဘူး😂
နောက်တစ်ပတ်ပြန်တွေ့ကြမယ်နော်…..
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Yangon
Latha, Yangon General Hospital
Yangon, 16°46'43.4"N96°09'07.7"E YANGON HTTPS://GOO.GL/MAPS/NPCPRNFYNC8GMBTB7
Yangon Nursing Training School Students' Union
Yangon
ဉာဏ်ရည် မသန်စွမ်း အစ်မဖြစ်သူနှင့် လူငယ်အရွယ် ညီမလေးတို့ နှစ်ယောက် အတူ ဖွဲ့စည်း စတင်ထားတဲ့ အဖွဲ့လေးပါ
Yangon
Started Date - September 9,2022 To encourage BTSARMY to click and Donate
Yangon
Yangon, 11181
To help & build better interpersonal relationships. ပိုမိုကောင်းမွန်သောဆက်ဆံရေးတွေကိုကူညီတည်ဆောက်ပေးသွားပါမည်။
Yangon
An English speaking community that provides a stimulating environment for all comers where they can
University Avenue
Yangon
This Page was created in order to support Zomi Federal Union/ PDF-Zoland. Thus, the information including address, website are given as the main page of PDF-ZOLAND.
253 (A101), Mahabandoola Road, In Front Of UFC
Yangon
ICAEW South East Asia Business Challenge 2020 ... Sponsored by ... ICAEW ... and ... Deloitte .