USA Medical Myanmar

USA Medical Myanmar

USA Medical Supplements Store

29/06/2024

NATURE'S TRUTH Apple Cider Vinegar ​​​လေးရပါပြီရှင်
1200mg
💊180 capsules
🇺🇸USA Direct

အစာစားချင်စိတ်ကိုလျေ့ာချပေးစေနိုင်လို့ Diet လုပ်ချင်သူတွေအတွက် အထူးသင့်လျော်ပါတယ် ✔️

Apple Cider Vinegar နှင့် ဗီတာမင် B9 , B12 တို့ကို အဓိကပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ ​နေ့စဥ်​သောက်သုံးပေးမယ်ဆိုရင် ⬇️

🍎 အစာအိမ်နှင့်အူလမ်း​ကြောင်းကို​ကောင်းမွန်​စေခြင်း

🍎 မလိုအပ်တဲ့အဆီပိုတွေကိုဖယ်ရှားပေးခြင်း

🍎 Cholesterolကျ​စေပြီး နှလုံးကျန်းမာ​ရေးအတွက်အ​ထောက်အကူဖြစ်​စေခြင်း

🍎 ဝမ်းမှန်​စေခြင်း

🍎 အဆိပ်အတောက်တွေကို ရှင်းလင်းပေးပြီး အသားအရေကိုလည်း ကြည်လင်စေခြင်း

🍎 ဆီးချို​ရောဂါမဖြစ်​အောင်ကာကွယ်​ပေးခြင်း

🍎 နှလုံးကို ကျန်းမာစေပြီး အသည်းအဆီဖုံးခြင်းကိုပါ ကာကွယ်ပေးခြင်း

🍎 ကင်ဆာ​ရောဂါကို ကာကွယ်​ပေးခြင်း စတဲ့ အကျိုး​ကျေးဇူး​တွေရရှိနိုင်တာ​ကြောင့် ​နေ့စဥ်​သောက်သုံးသင့်ပါတယ်ရှင်...

💊 တ​နေ့ တခါ​သောက်ရင် ၂လုံး ပါ ( ၃ကြိမ် အထိ​သောက်နိုင်ပါတယ်)

29/06/2024

“ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်၏” တဲ့

ရောဂါဆန်းတွေမျိုးစုံပေါ်နေတဲ့ခေတ်ကြီးမှာ အဓိက က ကိုယ့်ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါလာပါတယ်နော်။

ကိုယ်ခံစွမ်းအားကောင်းနေတဲ့လူတစ်ယောက်က သာမန်လူထက် ရောဂါပိုး အလွယ်တကူ ဝင်ရောက်ခြင်းကို ပိုပြီးကာကွယ်နိုင်ပါတယ်။

ရောဂါပိုး မတော်တဆဝင်ရောက်လာခဲ့ရင်လည်း သူများတွေလောက် ရောဂါလက္ခဏာသိပ်မခံစားရဘူး၊ နလန်ထတာ ပိုမြန်မယ်၊ ရောဂါပိုးကို လျင်မြန်စွာ တိုက်ထုတ်နိုင်မယ်။

အဲဒါကြောင့် အိပ်ရေးဝအောင်အိပ်မယ်၊ အစာအာဟာရ စုံလင်စွာစားမယ်၊ အစားကနေ သိပ်မရနိုင်တဲ့ ဓာတ်တွေကို ဖြည့်စွက်အားဆေး Supplements တွေသောက်ပြီး ကိုယ်ခံအား မြှင့်တင်ကြမယ်။

မင်မင်တို့က အောက်မှာ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးတဲ့ ဆေးတွေကို စုပေးထားတာမို့ မိမိတစ်ယောက်ချင်းစီနဲ့ ကိုက်ညီတဲ့ဆေးကို စိတ်တိုင်းကျ ဝယ်ယူအားပေးနိုင်ပါပြီနော်။

Kirkland Vitamin C 1000mg
🇺🇸 USA Direct

Kirkland Vitamin C 500mg
🇺🇸 USA Direct

Kirkland D3 2000IU
🇺🇸 USA Direct

Nature'sMade D3 1000IU
🇺🇸 USA Direct

Nature's Bounty D3 5000IU
🇺🇸 USA Direct

Nature'sBounty Zinc 50mg
🇺🇸 USA Direct

29/06/2024

UBIQUINOL 100mg (120 softgels)
🇺🇸 USA Direct

Kirkland CoQ10 300mg (100 softgels)
🇺🇸 USA Direct

Nature made CoQ10 200mg (140 softgels)
🇺🇸 USA Direct

♥️CoQ10 ဆိုတာဘာလဲ?

CoQ10 ရဲ့အရှည်က Coenzyme Q10 ဖြစ်ပါတယ်။ သူက သေးငယ်တဲ့ဆဲလ်လေးတွေထဲမှာ စွမ်းအင်ကို ထုတ်ပေးနိုင်ဖို့ အခြေခံကျတဲ့ အခန်းကဏ္ဏက ပါဝင်ပါတယ်။ အထူးသဖြင့် နှလုံးဆဲလ် နဲ့ ကြွက်သားဆဲလ်တွေမှာပါ။ ခန္ဓာကိုယ်က CoQ10 ကို သဘာဝအလျောက် ထုတ်လုပ်ပေးပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနှင့်အမျှ CoQ10 ထုတ်လုပ်မှုဟာ တဖြေးဖြေးကျဆင်းလာပါတယ်။ ကံကောင်းတာကတော့ CoQ10 ကို အစားအသောက်နဲ့ ဖြည့်စွက်ဆေးတွေကနေ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

အပြင်ကနေ CoQ10 ပြန်လည်ဖြည့်တင်းပေးခြင်းဖြင့် အကျိုးကျေးဇူးများစွာရှိပါတယ်။
✅သွေးပေါင်ချိန်ကို ပုံမှန်ရှိရမယ့် normal range အတွင်းဝင်အောင်ထိန်းပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးပါတယ်။
✅CoQ10 ဟာ အဆီမှာပျော်ဝင်တဲ့ antioxidant ဖြစ်ပြီး ဆဲလ်အတွင်းမှာ အန္တရာယ်ရှိတဲ့ free radicals တွေကို ဓာတ်ပြယ်အောင်လုပ်ပေးလို့ Cancer ရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။
✅ခန္ဓာကိုယ်မှာရှိတဲ့ Vitamin E ကို recycle လုပ်ပေးခြင်းဖြင့် အသားအရေကို ထိန်းသိမ်းပေးပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါနှင့် ရောင်ရမ်းခြင်းများကိုလည်း ကာကွယ်ပေးပါတယ်။ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပြီး မျက်လုံးကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။
✅CoQ10 ဟာ နှလုံး၊ အာရုံကြောနှင့် ကြွက်သားတွေကျန်းမာရေးကိုလည်း ကူညီပေးပါတယ်။
✅CoQ10 ဟာ ခန္ဓာကိုယ်ရဲ့ သေးငယ်တဲ့ ဆဲလ်လေးတွေထဲမှာ စွမ်းအင်ထုတ်လုပ်မှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
✅နောက်ပြီးတော့ သွေးတွင်းအဆီကျဆေးသောက်နေတဲ့သူတွေအတွက်လည်း များစွာ အကျိုးရှိပါတယ်။

♥️CoQ10 ဟာ သွေးတွင်းအဆီကျဆေး ( Statin ) သောက်နေတဲ့သူတွေအတွက် ဘာကြောင့် အရေးကြီးလဲ?

Statin လို့ခေါ်တဲ့ cholesterol ကိုလျှော့ချပေးတဲ့ဆေးတွေဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ CoQ10 ပမာဏကို နည်းစေပါတယ်။ CoQ10 ဖြည့်စွက်အားဆေးသောက်ခြင်းဖြင့် Statin ကြောင့် လျော့နည်းသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါပေမယ့် CoQ10 က Statin အတွက် အစားထိုးဆေးမဟုတ်ပါဘူး။ ပြီးတော့ CoQ10 သောက်နေရင်းနဲ့ သောက်နေကျဆေးတွေကိုရပ်လိုက်လို့ မရပါဘူး။

♥️CoQ10ကိုဘယ်လိုအစားအသောက်တွေကနေ ရနိုင်လဲ?

CoQ10 ကို အသားနဲ့ ငါးတွေကနေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ဖြည့်စွက်ဆေးတွေမှာပါတဲ့ CoQ10 ပမာဏက အသားနဲ့ငါး စားခြင်းဖြင့်ရရှိနိုင်တဲ့ CoQ10 ပမာဏ ထက်ပိုများပါတယ်။

💊 တစ်နေ့ တစ်လုံး နေ့စဉ်သောက်ပါ။

💢 ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ၊ တခြားရောဂါတစ်ခုခုကြောင့် ဆေးသောက်နေရတဲ့ လူတွေကတော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်နော်။

29/06/2024

Focus Factor Nutrition for the Brain Dietary Supplement, 180 Tablets
🇺🇸USA Direct

ခဏခဏ မေ့လွယ်တယ်၊ အာရုံစူးစိုက်မှုမကောင်းဘူး ဆိုသူတွေအတွက် ဦးနှောက်🧠ကို အာဟာရအပြည့်အဝ ရရှိစေရန် နဲ့ 💡မှတ်ဥာဏ်စွမ်းအားကောင်းစေရန် biologically active neuronutrients တွေကို 🧪သေချာရွေးချယ်စီစစ်ပြီး ထုတ်လုပ်ထားတဲ့ Focus Factor ကို ဝယ်ယူရရှိနိုင်ပါပြီရှင့်။

ဒါ့အပြင် သူ့မှာ ဦးနှောက်🧠အတွက်သာမက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါ ပါဝင်တာမို့ ဒီဆေးတစ်မျိုးသောက်ရုံနဲ့ တခြားအားဆေးထပ်​သောက်စရာမလိုအောင် ပြည့်စုံပါတယ်ရှင့်။

🔹ဒီ Focus Factor ကို ပြောထားတဲ့ အညွှန်းအတိုင်း သောက်သုံးတဲ့သူတွေကို ပြန်လေ့လာကြည့်တဲ့အခါ ဆေးသောက်တဲ့ ၆ပတ် အတွင်းမှာတင် မှတ်ဥာဏ်စွမ်းအား နဲ့ အာရုံစူးစိုက်နိုင်စွမ်း သိသိသာသာ တိုးတက်လာတာ📈ကို တွေ့ရပါတယ်တဲ့။

🔹ဆေးသောက်တဲ့ ၆ပတ်အတွင်းမှာတင် ကိုယ်မှတ်ထားတဲ့အရာတွေကို ပြန်မှတ်မိနိုင်စွမ်းက 📊44%အထိ တိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်။ ဥပမာ စာလုံး 4 လုံးကျော်ကနေ 6 လုံးကျော်အထိ ပိုမှတ်မိလာပါတယ်။

ဒီဆေးမှာ ဦးနှောက်🧠ရဲ့ လုပ်ဆောင်ချက်တွေကောင်းဖို့ အဓိက ပါဝင်တာတွေက
Phosphatidylserine - သူက Phospholipid ဖြစ်ပြီး နာ့ဗ်ဆဲလ်လေးတွေရဲ့ အမြှေးပါးမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

DHA - သူ့ရဲ့ အရှည်ကောက်က Docosahexaenoic acid ဖြစ်ပြီး Omega3 fatty acid တစ်မျိုး ဖြစ်ပါတယ်။ သူက လူဦးနှောက် နဲ့ Cerebral Cortex ဖွဲ့စည်းတည်ဆောက်ရာမှာ အဓိက ကျတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

B6 နဲ့ B12 ကတော့ ဦးနှောက် နဲ့ အာရုံကြော ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။

Beta Carotene ကတော့ Vitamin A ရဲ့ natural form ဖြစ်ပြီး သူက မှတ်ဥာဏ်ကောင်းအောင် နဲ့ တခြား စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်ကို တိုးတက်အောင် ကူညီပေးပါတယ်။

Vitamin D3 ကတော့ ဦးနှောက် ဖွံ့ဖြိုးမှုမှာ ပါဝင်ပြီး အာရုံခံဆဲလ်အချင်းချင်း ချိတ်ဆက်မှု၊ အာရုံခံဆဲလ်နဲ့ ကြွက်သား ချိတ်ဆက်မှုတွေကို အားကောင်းစေပါတယ်။

DMAE (Dimethylaminoethanol) ကတော့ နာ့ဗ်ဆဲလ် အမြှေးပါးမှာရှိတဲ့ phospholipids တွေကို သွားပေါင်းပြီးတော့ antioxidant အနေနဲ့ လုပ်ဆောင်ပါတယ်။

Activin™ , Bacopa နဲ့ Huperzine တို့ကိုတော့ အပင်ကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး သူတို့ဟာ ဦးနှောက်ကျန်းမာရေးကို အထောက်အကူပေးပါတယ်။

🔹Focus Factor ဟာ ဦးနှောက်🧠အတွက် ကောင်းစေတဲ့ ဆေးကို ရှာနေတဲ့လူတွေအတွက် အသင့်တော်ဆုံးဆေး ဖြစ်ပါတယ်နော်။

🔹သင်သာ သင့်ကိုယ်သင် အမြဲ ထက်ထက်မြက်မြက် ဖြစ်ချင်တယ်၊ စဉ်းစားတွေးခေါ်မှုတွေ ကောင်းချင်တယ်ဆိုရင်တော့ Focus Factor သောက်ခြင်းဖြင့် အကျိုးကျေးဇူးကောင်းတွေ ရရှိမှာ ဖြစ်ပါတယ်။

🔹အဲဒါကြောင့် 🤷‍♀️အိမ်ရှင်မတွေအနေနဲ့လည်း အိမ်အလုပ်တွေနဲ့ရှုပ်နေပေမယ့် ဦးနှောက်စွမ်းဆောင်ရည် အမြဲကောင်းနေအောင် သောက်သုံးလို့ရသလို ဦးနှောက်အရမ်းအလုပ်လုပ်ရတဲ့ လုပ်ငန်းရှင်တွေ👨‍💼၊ စာရင်းဇယားကိုင်ရတဲ့လူတွေ🧑‍💻၊ ဂိမ်း🎮အရမ်းဆော့တဲ့ gamer တွေပါမကျန် သောက်သုံးလို့ရတဲ့ ဆေးဖြစ်ပါတယ်နော်။

⁉️🧠ဦးနှောက် ကျန်းမာ ကြံ့ခိုင်ဖို့အတွက် ဘာတွေလုပ်ရမလဲ??
ဦးနှောက်မှာ နာ့ဗ်ဆဲလ် 10 billion ကျော် ပါဝင်ပြီး တခြားဆဲလ်ပေါင်း 50 billion ကျော် ပါဝင်ပါတယ်။ အဲဒါတွေက သင့်ကို အတွေးတွေ💭စိတ်ခံစားမှုတွေ 🤗🥺ဖြစ်အောင် ပုံဖော်ပေးပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုတွေ၊ ခွဲခြမ်းစိတ်ဖြာတာတွေကို လုပ်ဆောင်ဖို့ ပုံဖော်ပေးပါတယ်။
🔹သင့်ရဲ့ မှတ်ဥာဏ်စွမ်းအားတွေ၊ အာရုံစူးစိုက်နိုင်စွမ်းတွေ တိုးတက်ဖို့ လုပ်ဆောင်ရာမှာ ဘယ်တော့မှ အသက်ကြီးတယ် ငယ်တယ် နောက်ကျတယ် စောတယ် ဆိုတာ မရှိပါဘူးရှင်။ သင့်ကိုယ်ကိုယ် အမြဲ ထက်ထက်မြက်မြက် ရှိဖို့ဆိုရင် သင့်ရဲ့ဦးနှောက်ကို ဓားသွေးသလို သွေးဖို့ လိုအပ်ပါတယ်နော်။ သင့်ရဲ့ဦးနှောက်ကို သေချာဂရုစိုက်ပေးပြီး တခြားအလေ့အကျင့်ကောင်းတွေနဲ့ နည်းလမ်းတွေကိုပါ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ FOCUSfactor လိုမျိုး ဖြည့်စွက်စာတွေ သောက်တာအပြင် တခြား ဦးနှောက်လေ့ကျင့်ခန်းလို အရာမျိုးတွေပါ လုပ်မယ်ဆိုရင် သင့်ဦးနှောက် ကြံ့ခိုင်မှုကို ပို၍ တိုးမြှင့်စေပြီး မှတ်ဥာဏ်ပါ ပိုပြီးကောင်းလာစေမှာ ဖြစ်ပါတယ်။

⁉️ဦးနှောက်ကို ဘယ်လို ဂရုစိုက်ကြမလဲ ??

🧠ဦးနှောက်ကို အစာကျွေးပါ။
ဒီစကားက တစ်မျိုးကြီးတော့ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် တကယ်ကို ဦးနှောက်ကို အစာကျွေးရမှာပါ။ သင့်နေ့စဉ်စားနေတဲ့ အစားအသောက်ထဲမှာ ဦးနှောက်ကို အာဟာရဖြစ်စေမယ့် အစားအသောက်တွေပါဖို့ အရေးကြီးပါတယ်နော်။ လတ်ဆတ်တဲ့ အသီးအနှံ နဲ့ အသီးအရွက်တွေ🍎🍊🥬 ၊ high-quality protein ရစေမယ့် ကြက်သား🍗၊ ငါး🐟နဲ့ tofu တွေကို ပုံမှန် စားပေးဖို့ လိုအပ်ပါတယ်။

🧘🏻‍♀️🏊🏻‍♂️🏌🏻‍♀️⛹🏻ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းကနေ အလယ်အလတ် လေ့ကျင့်ခန်းထိ လုပ်ပေးခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဦးနှောက်ကို သွေးစီးဆင်းမှုကောင်းအောင် ကူညီပေးပါတယ်။ တခြားဟာမလုပ်နိုင်ရင်တောင် တစ်နေ့ကို မိနစ် 30 လောက် လမ်းလျှောက်တာမျိုးဖြစ်ဖြစ် လုပ်လို့ရပါတယ်။

💭စိတ်လေ့ကျင့်ခန်း
ဝါသနာ အသစ်တစ်ခုခုကို စတင် အစပျိုးကြည့်တာတို့၊ 🧩🎲စာလုံးဆက်တဲ့ game တွေ ကစားတာတို့၊ 📚စာအုပ်ဖတ်တာတို့ လုပ်ပေးလို့ ရပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ အိပ်ရေးဝအောင် အိပ်ပါ။💤🌙
ယေဘုယျအားဖြင့် တစ်ည ၈ နာရီခန့် အိပ်စက်ခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အားသွင်းဖို့ လိုအပ်ပါတယ်။

💊 တစ်နေ့ 4 လုံး အစာနဲ့ တွဲသောက်ပါ။
ကိုယ်အလေးချိန်များတဲ့လူ၊ activity လုပ်ရတာများတဲ့လူ၊ stress များတဲ့လူ၊ အစားအသောက်မမှန်တဲ့လူ တွေကတော့ ဆေးကို ပုံမှန်သောက်နေကျထက် ပိုသောက်လို့ ရပါတယ်။ တစ်နေ့ကို အများဆုံး 8 လုံးထိ သောက်လို့ရပါတယ်။

29/06/2024

〽️Magnesium ပါဝင်တဲ့ အစားအသောက်တွေကတော့ ဟင်းနုနယ်ရွက်လိုမျိုး အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေ၊ ပဲ နဲ့ ပဲစေ့တွေ၊ အခွံမာသီးနဲ့ အစေ့တွေ ဖြစ်ပါတယ်။

👉အစာချေဖျက်အားမကောင်းတဲ့လူတွေ
👉အကြောင်းတစ်စုံတစ်ရာကြောင့် အစာအာဟာရကို ကောင်းစွာ စုပ်ယူနိုင်စွမ်း မရှိတဲ့လူတွေ
👉အရက်စွဲနေတဲ့လူတွေ
👉ဆီးချိုကို ကောင်းကောင်း မထိန်းနိုင်တဲ့လူတွေ
👉ကျန်းမာရေးအခြေအနေတစ်ခုခု ချို့ယွင်းနေတဲ့လူတွေ
👉အသက်ကြီးတဲ့လူတွေ
👉ဆီးဆေး၊ တစ်ချို့ပိုးသတ်ဆေးတွေ နဲ့ အစာအိမ်အက်စစ်မထွက်အောင်တားဆေး တို့ကို ရေရှည်စွဲသောက်နေရတဲ့လူတွေ
အဲလိုလူတွေမှာ Magnesium ဓာတ်ကို သာမန်လူတွေထက် ပိုလိုအပ်တတ်ပါတယ်။

💥သင့်ရဲ့ နေ့စဉ်လိုအပ်တဲ့ Magnesium ပမာဏ ကို ဖြည့်ဆည်းဖို့ Magnesium Supplement မျိုးစုံကို instock ဝယ်ယူအားပေးနိုင်ပါပြီရှင်။

〽️Magnesium က ခန္ဓာကိုယ်ရဲ့ ဓာတ်ပြုမှုပေါင်း 300 ကျော်မှာ ပါဝင်ပြီးတော့ ခန္ဓာကိုယ်ယန္တရားကြီး ပုံမှန်လည်ပတ်ဖို့ အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပါတယ်။

〽️Magnesium သောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
🧠ဦးနှောက်နဲ့ အာရုံကြော အားကောင်းစေရန် ကူညီပေးပါတယ်။
🫀နှလုံးနဲ့ ကြွက်သားကို အားကောင်းစေပါတယ်။
🦷အရိုးနဲ့ သွားတွေကို ကြံ့ခိုင်သန်မာစေပါတယ်။
⚡️စားလိုက်တဲ့ Carbohydrates, Proteins နဲ့ Fats တွေကို ခန္ဓာကိုယ်ရှိ cell လေးတွေ အသုံးပြုနိုင်အောင် စွမ်းအင်အဖြစ် ပြောင်းလဲရာမှာလည်း ပါဝင်ပါတယ်။

〽️Magnesium အသွင်တွေထဲမှာမှ Magensium Citrate ကိုသောက်တာ ဘာလို့ ပိုကောင်းလဲဆိုရင် Citrate တွေဟာ ပိုပြီးတော့ ပျော်ဝင်လွယ်ပြီးတော့ ခန္ဓာကိုယ်ကလည်း စုပ်ယူရ ပိုလွယ်ကူပါတယ်။
ဒါ့အပြင် Citrate ဟာ အစာအိမ်အက်စစ်အပေါ် သိပ်မမှီခိုတာဖြစ်တဲ့အတွက် Citrate ကို စုပ်ယူတဲ့အခါ အက်စစ်သိပ်ထုတ်ပေးစရာ မလိုပါဘူး။ အဲဒါကြောင့် အက်စစ်ထွက်အားလျော့လာတဲ့ အသက်ကြီးတဲ့လူကြီးပိုင်းတွေနဲ့ အစာအိမ်ရောဂါရှိတဲ့လူတွေအတွက် Magnesium Citrate ဟာ ပိုသင့်တော်ပါတယ်။ အစာအိမ်အတွက်လည်း Citrate ဟာ ဝန်မပိစေတော့ပါဘူး။

⚠️ကျောက်ကပ်ရောဂါရှိတဲ့လူတွေကတော့ ဆရာဝန်နဲ့ အရင် ဆွေးနွေးတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

Nature Made Magnesium Citrate 250mg (180 softgels)
Nature Made Magnesium 400mg (180 softgels)
Jigsaw Mag SRT (240 tablets)
Source Naturals Magnesium Malate (360 tablets)
Sources Naturals Magnesium Malate (180 tablets)
Life Extension Magnesium citrate 100mg (100 V caps)
Life Extenaion Magnesium Caps 500mg (100 V caps)

🇺🇸USA Direct

29/06/2024

ကိုယ်ခန္ဓာရဲ့ အစာခြေဖျက်မှုစနစ်ကို ကောင်းမွန်စေပြီး
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ ဆေးဖြစ်ပါတယ်။

Probiotic supplements ကို ဘယ်သူတွေ ပိုသောက်ဖို့
သင့်တော်လဲဆိုတော့ အစားအသောက်ကနေ probiotics ပမာဏ လုံလုံလောက်လောက် မရတဲ့သူတွေ တစ်ခါတစ်ရံ စိတ်ဖိစိးမှုဒဏ်ကို အကြီးအကျယ်ခံစားရတဲ့သူတွေ ကိုယ်ခံစွမ်းအားနည်းတဲ့လူတွေ အမျှင်ဓာတ်စားတာ နည်းတဲ့လူတွေ ပိုးသတ်ဆေးကို ကြာရှည်စွာ သောက်နေရတဲ့လူတွေ သောက်သုံးသင့်ပါတယ်။

Probiotics လေးအကြောင်းကို ရှင်းပြမယ်နော် ☺️Protbiotics ဆိုတာ ဇီဝသက်ရှိလေးတွေ ဖြစ်ပြီးကိုယ်ခန္ဓာ ကျန်းမာနေအောင် ကောင်းမွန်တဲ့ အရာတွေကို လုပ်ဆောင်ပေးတဲ့ ကောင်းတဲ့ bacteria တွေလို့ အသိများကြပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက်မှာ ကောင်းတဲ့ ဇီဝသက်ရှိလေးတွေ နေထိုင်ခြင်းဖြင့် ပွါးများသင့်တဲ့ bacteria နဲ့ အနိမ့်ဆုံး level မှာထားသင့်တဲ့ bacteria ကြားက balance ကို ထိန်းညှိပေးပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ ကောင်းတဲ့ bacteria တွေက အစာချေဖျက်ခြင်း နဲ့ အစာအာဟာရတွေ စုပ်ယူရာမှာ ကူညီပေးပြီး အူနံရံမှာရှိတဲ့ tissues တွေ အလုပ်ကောင်းကောင်း လုပ်ဆောင်နိုင်အောင်လည်း ကူညီပေးပါတယ်။ ကိုယ်ခန္ဓာရဲ့ ခုခံကာကွယ်နိုင်မှု စနစ်မှာ ပါဝင်တဲ့ immune cells တွေရဲ့ 70% က အူလမ်းကြောင်းမှာ ရှိပါတယ်။ အဲဒါကြောင့် အူလမ်းကြောင်း ကျန်းမာခြင်းနဲ့ ကိုယ်ခံစွမ်းအား မြင့်မားခြင်းဟာ ဆက်စပ်နေပါတယ်။

Probiotics ရဲ့ အကျိုးကျေးဇူးတွေကတော့
💛ကိုယ်ခန္ဓာက stress ဒဏ်တွေကို ခံနေရပြီဆိုရင် အစာခြေလမ်းကြောင်းရဲ့ bacteria balance ပျက်စီးသွားပါတယ်။ Probiotics သောက်ခြင်းဖြင့် ကောင်းတဲ့ bacteria တွေကို ပြန်လည်များလာစေပြီး အစာခြေလမ်းကြောင်းကို ပြန်လည်ကောင်းမွန်စေပါတယ်။ အဲဒါကြောင့် stress အရမ်းများချိန်ဆို သောက်သင့်ပါတယ်။
💛ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။
💛တချို့အစားအသောက်တွေက အစာမကြေ လေပွတာတွေ ဖြစ်စေနိုင်ပါတယ်။ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနှင့် လေပွခြင်းကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတစ်မျိုးကတော့ Probiotic ကို နေ့စဉ်သောက်သုံးခြင်းပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် မကြာမဏ ဝမ်းဗိုက်မအီမသာ ဖြစ်တတ်သူတွေ၊ လေပွတတ်တဲ့ သူတွေ သောက်ဖို့ သင့်တော်ပါတယ်။
💛နောက်တစ်ခုကတော့ ကိုယ်ခန္ဓာရဲ့ အစာခြေဖျက်ခြင်း လုပ်ငန်းကို ကူညီပေးပြီး အစာအာဟာရ စုပ်ယူဖို့ သင့်တော်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ဆောင်ပေးတာကြောင့် အမြဲတမ်း ကောင်းမွန်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Healthy Origins Probiotic 30 billion (150 V caps)
Healthy Origins Probiotic 30 billion (60 V caps)
Trunature Probiotic 10billion (100 capsules)
Trunature Women Probiotic 25 billion (90 capsules)
Nature's Bounty Probiotic 20billion (70 capsules)

💊 Probiotic ကို စစသောက်ခြင်းဆို အူထဲမှာရှိတဲ့ bacteria လေးတွေရဲ့ community ပြောင်းလဲသွားတာမို့လို့ လေချဉ်တတ်တာ၊ လေပွတာ၊ ဝမ်းလျှောတာတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆက်သောက်ပြီး ရက်အနည်းငယ် အကြာတွင် အဲဒါတွေ ပျောက်ကင်းသွားပါလိမ့်မယ်။

04/06/2024

One A Day Men's 50+ Multivitamin Supplement (300 Tablets)
🇺🇸USA Direct

One A Day Women’s 50+ Multivitamin Supplement (300 Tablets)
🇺🇸USA Direct

အသက်ဆိုတာ တဖြေးဖြေးကြီးလာပါတယ်။ ဒါပေမယ့် ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ကြီးဖို့က သင့် ရွေးချယ်မှု ဖြစ်ပါတယ်နော်။ အမျိုးသားဘဲဖြစ်ဖြစ် အမျိုးသမီးဘဲဖြစ်ဖြစ် အသက် 50 အရွယ် အပိုင်းအခြားတစ်ခုကို ရောက်လာပြီဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များရှိပါတယ်။ အဲဒါတွေအားလုံးကို တစ်နေ့တစ်လုံး သောက်ရုံနဲ့ ပြည့်ပြည့်ဝဝ ရရှိစေဖို့ One A Day က အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိနေတဲ့ အမျိုးသား အမျိုးသမီးတွေအတွက် အဓိကထုတ်ထားတဲ့ Men's 50+ နဲ့ Women’s 50+ Multivitamin တို့ကို ဝယ်ယူရရှိနိုင်ပါပြီရှင်။😊

ဆေးရဲ့ အကျိုးကျေးဇူးတွေကတော့

💊Vitamins B6, B12, C, E နဲ့ Folic Acid တွေပါဝင်တဲ့အတွက် နှလုံးကို ကျန်းမာစေပြီး နှလုံးရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။

💊200% daily value of Vitamin C ပါဝင်တဲ့အတွက်
ကိုယ်ခံစွမ်းအားကို ကောင်းစေရုံသာမက collagen ထုတ်လုပ်မှုကို အားပေးတဲ့ အတွက် အဆစ်တွေကိုပါ ကျန်းမာစေပါတယ်။ အဆစ်တွေ လှုပ်ရှားမှု ချောမွတ်အောင် လုပ်ဆောင်ပေးပါတယ်။

💊B-Vitamins တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်ရွက်မှုကိုလည်း ကောင်းစေပါတယ်။

💊Calcium နဲ့ Vitamin D ပါဝင်တဲ့အတွက် အရိုးအဆစ်တွေကို ကြံ့ခိုင်သန်မာစေပါတယ်။

💊မျက်စိကျန်းမာရေးကိုလည်း အားပေးပါတယ်။

💊Chromium နဲ့ B-Vitamins ကြောင့် အစာကို ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်အဖြစ် ပြောင်းပြီး အသုံးချမှုကိုလည်း ကူညီပေးပါတယ်။

💊ကိုယ်ခန္ဒာတစ်ခုလုံးကို အရမ်းသေးငယ်တဲ့ cell လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်ရှင်။ အဲဒီ cell လေးတွေ ကျန်းမာနေအောင် အဓိကအာဟာရဓာတ်တွေ ဖြစ်တဲ့ Vitamin A, C, E, Zinc, Selenium, Copper နဲ့ Manganese တို့လည်းပါဝင်ပါတယ်။

💥Gluten free ဖြစ်ပြီး ဓာတုအချိုတွေကို အသုံးမပြုထားတဲ့အတွက် ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါတယ်။
💥Fish allergen free ဖြစ်လို့ ငါးနဲ့ ဓာတ်မတည့်တဲ့ လူတွေပါ သောက်သုံးနိုင်ပါတယ်။

Photos from USA Medical Myanmar's post 26/04/2024

🍓 Smarty Pants Kids (180 gummies)

🍓 L'il critters omega (220 gummeis)

🇺🇸 USA Direct
✔️ Instock

22/04/2024

Nature’s Truth Turmeric curcumin complex 500mg (250 capsules)
🇺🇸USA Direct

Turmeric လို့ ခေါ် တဲ့ ဆန္ငင်းကို သောက်သုံးခြင်းဖြင့်
🟠 ယောင်ယမ်းမှုကို သက်သာစေခြင်း
🟠 အဆစ်အမြစ်နဲ့ ကြွက်သားကိုက်ခဲမှု ကို သက်သာစေခြင်း
🟠 အသည်းနဲ့ အူ များ၏ အလုပ်လုပ်မှုကို ပိုကောင်းမွန်စေခြင်း
🟠 သွေးပေါင်ချိန်နဲ့ ကိုယ်တွင်းအဆီဓာတ်ကို ထိန်းညှိပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
🟠 ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း
🟠 အနာကျက်မြန်စေခြင်း
🟠 အရေးပြားကို ပိုကောင်းမွန်စေတာကြောင့် ဝက်ခြံထွက်မှုလျော့ပါးခြင်း
🟠 အစာမကျေ ရင်ပြည့်ရင်ကယ် ဖြစ်မှုကို သက်သာစေခြင်း
🟠 အသက်ရှုလမ်းကြောင်းကို ကောင်းမွန်စေခြင်း
🟠 ကင်ဆာရောဂါကုထုံးများကို ပိုထိရောက်စေခြင်း
🟠 စိတ်ကျရောဂါကို သက်သာစေခြင်း
🟠 စိုးရိမ်သောကများကို လျော့နည်းအောင် ကူညီပေးခြင်း
စတဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

20/04/2024

USA Medical Myanmar ကနေ USA direct ဆေးတွေကို စုံလင်စွာ ရောင်းချပေးလျက် ရှိပါတယ်ရှင်။

USA Medical Myanmar ကနေ ဘာလို့ဝယ်သင့်လဲ???

USA ဆေးတွေကို သောက်ချင်တဲ့ customer တွေအနေနဲ့ ခုချိန်မှာ နိုင်ငံမျိုးစုံကနေ ဝင်တဲ့ဆေးတွေရှိနေတဲ့အတွက် အတုအစစ်ပြသနာများ ကြုံလာနိုင်ရပါတယ်။ USA Medical Myanmar ကတော့ US only ကသာ သွင်းတာမို့လို့ မိမိတို့ ရောင်းချတဲ့ဆေးကို အာမခံချက် အပြည့်အဝ ပေးနိုင်ပါတယ်ရှင်။
Exp Date တွေအနေနဲ့လည်း ပုံမှန်အားဖြင့် fresh ဖြစ်တဲ့ ဆေးဘူးများကိုသာ ရောင်းချလေ့ရှိပါတယ်။

Customer service ကိုလည်း အပြည့်အဝ ပေးနိုင်ရန် အမြဲ ကြိုးစားလျက်ရှိပါတယ်ရှင်။

ဆေးဝယ်ယူတဲ့အခါမှာလည်း Kpay နဲ့ချေလို့ ရပါတယ်ရှင်။
ရန်ကုန်မြို့တွင်းဆို ဆေးဝယ်ယူပြီး 3 ရက်အတွင်း အိမ်ရောက်ပါတယ်ရှင်။
ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော် မြို့တွင်းဆို အိမ်အရောက်ငွေချေစနစ် ရှိပါတယ်ရှင်။
ကျန်တဲ့ မြို့တွေကတော့ ဂိတ်တင်၊ MGL၊ Royal Express အဲဒါတွေနဲ့ ပို့ဆောင်ပေးပါတယ်။

စျေးကိုလည်း အသင့်တော်ဆုံး စျေးနဲ့သာ ရောင်းချပေးပါတယ်ရှင်။ ခုချိန် ငွေစျေးမငြိမ်သေးတာမို့ စျေးအတက်အကျလေးကတော့ အနည်းငယ် ရှိနိုင်ပါတယ်ရှင်။

အားလုံး ကျန်းမာချမ်းသာတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

20/04/2024

trunature One Per Day Cranberry 650 mg, 140 Vegetarian Capsules
🇺🇸USA Direct

တစ်နေ့တစ်လုံးသောက်ရုံနဲ့ ဆီးလမ်းကြောင်းကို ကျန်းမာနေအောင် စောင့်ရှောက်ပေးပြီး ဆီးလမ်းကြောင်းကို ပိုးမဝင်အောင် ကာကွယ်ပေးနိုင်တဲ့ ဖြည့်စွက်အားဆေး USA made စစ်စစ် trunature ရဲ့ Cranberry ကို ဝယ်ယူအားပေးနိုင်ပါပြီရှင်။

🪴ဆီးမှန် ဝမ်းမှန် နေတာဟာ လာဘ်ကြီးတစ်ပါး လို့တောင် ယူဆလို့ရပါတယ်နော်။

🪴ဆီးသွားရင် ဆီးကျဉ်တာ၊ ပူတာ၊ ဆီးအောင့်တာ တွေက တော်တော်လေးကို ခံရခက်တဲ့ ဝေဒနာတွေပါ။
အဲဒါတွေက ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာ တွေပါနော်။

🪴အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးလမ်းကြောင်း ပိုတိုတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်နိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။

🪴Cranberry က bacteria တွေကို ဆီးလမ်းကြောင်းထဲ မကပ်နိုင်အောင် တားဆီးပေးခြင်းဖြင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို အပြည့်အဝ ကာကွယ်ပေးပြီး ဆီးလမ်းကြောင်းကို ကျန်းမာနေအောင် ထိန်းသိမ်းပေးပါတယ်။

🪴ဒါ့အပြင် antioxidant ဂုဏ်သတ္တိတွေလည်း ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အထွေထွေကျန်းမာရေးကိုလည်း အားပေးပါတယ်။

💊 တစ်နေ့တစ်လုံး ရေတစ်ဖန်ခွက် အပြည့် နဲ့ သောက်ပေးပါရှင်။ ရေများများသောက်ပါရှင်။

20/04/2024

Kirkland Vitamin C 500mg
🇺🇸 USA Direct

Kirkland Vitamin C 1000mg
🇺🇸 USA Direct

Vitamin C သောက်တာရဲ့ ကောင်းကျိုးတွေ
အများကြီးရှိပါတယ်ရှင်။

Vitamin C က ကိုယ်ခံစွမ်းအားကို တိုးမြင့်စေရုံသာမက Stress တွေကို လျော့ကျစေပြီး စိတ်ပင်ပန်းနွမ်းလျမှုကိုလည်း သက်သာစေပါတယ်။ Vit C ကို Vitamin B5 နဲ့တွဲသောက်မယ်ဆိုရင်လဲ ခေါင်းတစ်ခြမ်းကိုက်( Migraine ) ရောဂါကိုလဲ
ကာကွယ်ပေးပါတယ်။

ပြီးတော့ Vit C က ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိ
ရှိလို့ Free radicals တွေကို တိုက်ထုတ်ပေးပြီး Cancer ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

Vitamin C က Collagen ထုတ်လုပ်မှုကိုလည်းအားပေးတဲ့အတွက် Collagenနဲ့ တွဲသောက်မယ်ဆိုရင် အိုမင်းရင့်ရော်ခြင်း နဲ့ အရေးအကြောင်းဖြစ်ခြင်းကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးပါတယ်။

နေရောင်ထဲထွက်ပါများတဲ့အခါ အမဲစက်တွေ ဖြစ်တာကိုလဲ ကာကွယ်ပေးပီးတော့ ကိုယ်ခန္ဓာကနေ Glutathione စုပ်ယူမှုကို အားပေးတဲ့အတွက်
ကြည်လင်တောက်ပတဲ့အသားအရေကို ပေးစွမ်းနှိုင်ပါတယ်။

အနာရင်းတာတွေကိုလဲ သက်သာစေပီးတော့ အနာကျက်မြန်စေပါတယ်။

သွေးလွတ်ကြောတွေရဲ့နံရံကို တောင့်တင်းခိုင်မာစေပီးတော့ သွေးကြောထုံး (varicose veins ) မဖြစ်အောင်လဲ ကာကွယ်ပေးပါတယ်။

Vit C ကို မှန်မှန်သောက်သွားမယ်ဆိုရင်
ရာသီအလိုက်ဖြစ်တက်တဲ့ အအေးမိခြင်း နှာချေခြင်းနှင့် တုတ်ကွေးရောဂါတွေ ကိုလဲကာကွယ်ပေးပါတယ်။

Vit C နေ့စဥ်သောက်မယ်ဆိုရင် သွားဖုံးသွေးယိုတာတွေကိုလဲကာကွယ်ပေးပါတယ်။

သွေးတွင်းအဆီ ( cholesterol level ) ကိုထိန်းညှိပေးပီး Vitamin E နဲ့တွဲသောက်မယ်ဆိုရင် မကောင်းတဲ့အဆီတွေစုပုံလာမှုကို တားဆီးပေးပါတယ်။

08/04/2024

Neocell Super Collagen + Vitamin C & Biotin Collagen Type 1 & 3
🇺🇸USA Direct

✨ နုပျိုကျန်းမာစေပြီး အသားအရေကို အတွင်းပိုင်းထိ အာဟာရဖြည့်ပေးတဲ့ အစွမ်းထက်သော collagen လေးဖြစ်ပါတယ် ✨

🌸 အရည်အသွေးမြင့် Collagen Type 1 & 3 ဖြင့်ပြုလုပ်ထားတဲ့အတွက်ကြောင့် အရေပြား၊ ဆံပင်နှင့် လက်သည်းကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်

🌸 ဗီတာမင် C နှင့် Biotin တို့ကို ပေါင်းထည့်ထားခြင်းကြောင့်ကော်လာဂျင်၏စုပ်ယူမှုကို တိုးမြင့်စေကာအရေပြားတစ်ခုလုံး ဝင်းပပြီးနုပျိုသောအသွင်အပြင်ကို မြှင့်တင်ပေးပါတယ်

🌸 ဆံပင်များသန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှ သက်သာစေပါတယ်

🌸 အရေပြား၊ ဆံပင်နှင့် လက်သည်းတွေကိုသာမက အဆစ်၊ အရိုးနှင့် ကြွက်သားကျန်းမာရေးကိုလည်း ထောက်ပံ့ပေးပါတယ်

💊 တစ်နေ့ 6 လုံး သောက်ပေးရပါမယ်

08/04/2024

NeoCell Super Collagen Powder, Unflavored (200g)
🇺🇸USA Direct

🌸အပြင်ပိုင်းက skincare တာထက် အတွင်းပိုင်းကို ထိထိရောက်ရောက်ဖြည့်တင်းပေးမယ်ဆို ပိုထိရောက်တာပေါ့။
🌸အလှတရားတွေ ပိုင်ဆိုင်ချင်တဲ့ အလှလေးတွေအတွက် NeoCell Super Collagen Peptides powder လေးကို အားပေးလို့ ရပါပြီနော်။

🌸အသက်ကြီးလာတာနဲ့ အမျှ Collagen ဓာတ်တွေဟာ တဖြေးဖြေး ဆုံးရှုံးလာပါတယ်။ အဲဒီအခါ အသက်အရွယ်ကြီးရင့်တာရဲ့ လက္ခဏာတွေဖြစ်တဲ့ မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာတာ၊ အရေပြားတွန့်လာတာ၊ ကြွက်သားနဲ့ အရွတ်တွေ အားနည်းလာတာ၊ အရိုးတွေ မခိုင်ခံ့တော့တာတွေ ဖြစ်လာပါတယ်။ အဲဒါတွေအတွက် စိတ်ပူစရာ လုံးဝ မလိုတော့ပါဘူးနော်။
🌸Super Collagen Peptides powder🌸 က အထူး formula နဲ့ ထုတ်လုပ်ထားတာမို့လို့ သင့်ကို ခန္ဓာကိုယ်အတွင်းအလှတရားရော အပြင်ပိုင်းအလှတရားကိုပါ ပိုပြီး တောက်ပလာအောင် ကူညီပေးမှာ ဖြစ်ပါတယ်။
🌸သူ့ထဲမှာ ပါတဲ့ Hydrolyzed Collagen က Collagen ကိုအပြင်က အစားထိုးပေးတာ မဟုတ်ဘဲ ခန္ဓာကိုယ်က သူ့ဟာသူ Collagen တည်ဆောက်လို့ရအောင် Collagen တည်ဆောက်ရာမှာ လိုအပ်တဲ့ amino acid building blocks လေးတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် ကူညီပေးပါတယ်။ ဒါ့အပြင် လက်သည်းနဲ့ ဆံပင်တွေမှာ တွေ့ရတဲ့ Keratin ဆိုတဲ့ protien တွေ တည်ဆောက်ရာမှာလည်း ပါဝင်ပါသေးတယ်။ 🌸ဒါကြောင့် သင့်ရဲ့ အလှတရားတွေ ထင်ပေါ်လာအောင် အတွင်းပိုင်းကနေ ကုသပေးတာမို့လို့ အချိန်အကြာကြီး တည်မြဲနေတဲ့ အလှတရားကို ပိုင်ဆိုင်စေမှာ အသေအချာပဲ ဖြစ်ပါတယ်ရှင့်။

NeoCell Super Collagen Peptides powder လေးရဲ့ အကျိုးကျေးဇူးတွေကို အကျဉ်းချုပ်ပြောရမယ်ဆိုရင်
🌸အသားအရည် ကို သဘာဝ အတိုင်း ကြည်လင်တောက်ပနေအောင် လုပ်ဆောင်ပေးပါတယ်။
🌸ကျန်းမာတဲ့ အသားအရည် ဖြစ်အောင် ကူညီခြင်းဖြင့် အလွယ်တကူ အနီစက်၊ အမဲစက်၊ ဝက်ခြံထွက်တာ၊ နီမြန်းယားယံတာတွေလည်း တားဆီးပေးပါတယ်။
🌸ရွယ်တူချင်းတောင် အားကျလောက်အောင် ငယ်ရွယ်နုပျိုတဲ့ အသွင်ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
🌸ဆံပင်ကိုလည်း သဘာဝ အတိုင်း နက်မှောင်တောင်ပြောင်စေမှာ ဖြစ်ပါတယ်။
🌸လက်သည်းတွေ ကျိုးခြင်း၊ ပဲ့ခြင်းမှလည်း ကာကွယ်ပေးပြီး ကျန်းမာတဲ့ လက်သည်းလေးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။
🌸အဆစ်တွေကိုလည်း ကျန်းမာစေတဲ့အတွက် အဆစ်ရောင်ခြင်း၊ အဆစ်နာခြင်း၊ အကွေးအဆန့် မလုပ်နိုင်ခြင်း အဲတာတွေကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

🥤ဘယ်လိုသောက်ရမလဲ ဆိုတော့ 🥄ဇွန်းလေးနဲ့ နှစ်ဇွန်း မိမိကြိုက်နှစ်သက်ရာ ဖျော်ရည်၊ အအေးထဲမှာ ထည့်သောက်လို့ ရပါတယ်။

08/04/2024

Nature's Bounty Hair, Skin and Nails, 250 Softgels
🇺🇸USA Direct

ဒါလေးကတော့ Gummy ပုံစံအနေနဲ့ မဟုတ်ဘဲ softgel ပုံစံနဲ့ ထုတ်ထားတာပါ။ Nature's Bounty Hair, Skin and Nails Gummies နဲ့ မတူတာက သူ့မှာ Biotin, Vitamin C,E တို့အပြင် Argan Oil နဲ့ Hyaluronic acid ထပ်ပေါင်းပါဝင်တာပါ။ Biotin ပမာဏ 5000 mcg ပါဝင်ပါတယ်။

Hyaluronic acid ကို အရေပြားရဲ့ အတွင်းဆုံးအလွှာတွေရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ တွေ့ရပြီး သူ့ရဲ့ ပမာဏ ဟာ အသက်ကြီးလာတဲ့နှင့်အမျှ တဖြေးဖြေး ဆုံးရှုံးလာပါတယ်။ အဲဒါကြောင့် အပြင်ကနေ သောက်ပေးဖို့ လိုအပ်ပါတယ်။
Argania spinosa အစေ့ကနေ ထုတ်ထားတဲ့ Argan oil ကတော့ ဆံပင်နဲ့ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အာဟာရပေးပါတယ်။ Argan oil ကို အရေပြားပေါ်ကိုတိုက်ရိုက်လိမ်းတာထက် စားသုံးတာက ပိုပြီးထိရောက်တာလို့ အသိအမှတ် ပြုထားကြပါတယ်။

Vitamin C နဲ့ E ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ antioxidants တွေ ဖြစ်ပါတယ်။
Antioxidants တွေဟာ ကိုယ်ခန္ဓာရဲ့မကောင်းတဲ့ free radicals တွေကို တိုက်ထုတ်ပေးပါတယ်။ Free radicals ဆိုတာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုကနေ side-product အနေနဲ့ အလိုအလျောက် ထွက်ပေါ်လာတာ ဖြစ်ပြီး pollution, car exhaust, smoking , sun ကလည်း ထုတ်ပေးပါတယ်။ အဲဒီ free radicals တွေဟာ oxidative stress ကို ဖြစ်စေပြီး အရွယ်မတိုင်ခင် အိုမင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။

Vitamin C က collagen တွေ ဖွဲ့စည်းတည်ဆောက်ရာမှာလည်း ပါဝင်တဲ့အတွက် ကြည်လင်တောက်ပပြီး ကျန်းမာတဲ့ အသားအရေဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ Vitamin E က အရေပြားရဲ့ အပေါ်ဆုံးအလွှာမှာ ရှိပြီး အသားအရေ ကျန်းမာအောင် ဆောင်ရွက်ပေးပါတယ်။
Biotin ကတော့ B-Vitamin ရဲ့ ရေမှာ ပျော်ဝင်နိုင်တဲ့ water soluble vitamin part ဖြစ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်က သိုလှောင်မထားတတ်ပါဘူး။ အဲဒါကြောင့် ပြင်ပကနေ နေ့စဉ်သောက်သုံးပေးရပါတယ်။

တစ်ဘူးမှာ softgels အလုံး 250 ပါဝင်ပြီးတစ်နေ့ကို သုံးခု နေ့စဉ်သောက်လို့ရပါတယ်။အစာနဲ့ တွဲဖက်သောက်သုံးပါက ပိုကောင်းပါတယ်ရှင်။

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Website

Address


No258(B)PinYa(11)streets 5Wards SouthOkkalapa Township
Yangon
11041

Other Yangon health & beauty businesses (show all)
ZAR & ZAR Co., Ltd. ZAR & ZAR Co., Ltd.
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon

One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803

Harmony Myanmar Online Shop Harmony Myanmar Online Shop
ကျန်စစ်သားလမ်း, (၁၀၈)ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်
Yangon, HARMONY

We are selling Thailand & Korea cosmetic, skin care

Jolie C Coffee Jolie C Coffee
No 70, Yadanar Street, Kamayut Tsp
Yangon, 11041

ခန္ဓာကိုယ်သွယ်လျ အဆီကျကျစ်လစ်ဖို့ JolieCသောက်ကြစို့

ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ

Aung Htoo Sann Healthy Food Mart Aung Htoo Sann Healthy Food Mart
No. 16 , Ground Floor , Sa Ka Sein Street , Alone Township
Yangon, 11111

ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအသောက်များကို ရောင်းချပေးတဲ့ Healthy Food Mart မှ ဖိတ်ခေါ်ပါတယ်နော်

Mi Wynne Cosmetics Mi Wynne Cosmetics
Yangon, 11011

Grab now pay later �

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်