BEHS 4 Ahlone Alumni

BEHS 4 Ahlone Alumni

အထက ၄ အလုံ ကျောင်းသား/သူဟောင်းများ အတွက်

12/05/2022

ဝမ်းနည်းကြောင်း အသိပေးအပ်ပါသည်။

အထက(၄)အလုံ၊(ယခင် UCHS)ကျောင်းသားဟောင်း၊ အထက(၄)အလုံ ကျောင်းသား/သူဟောင်းအသင်းစတင်တည်ထောင်စဉ်က အသင်းဖြစ်မြောက်ရေးအတွက်အသင်းနာယကအဖြစ် စွမ်းစွမ်းတမံပါဝင်‌ဆောင်ရွက်ပေးခဲ့ပါသော ဦးစိန်လှ (B.A, B.L, D.I.R, D.M.A) နိုတြီ ပါဗ္ဗလစ်နှင့် တရားလွှတ်တော်ရှေ့နေ၊ (စဉ်- ၉၂၃), ရှေ့နေချုပ်ရုံး ဒု-ညွှန်ကြားရေးမှူး(ငြိမ်း)၊ နိုင်ငံတော်ကောင်စီ ဥပဒေအကြံပေး၊ အသက် (၉၀)နှစ်သည် အာရှတော်ဝင်ဆေးရုံကြီးတွင် (၂၄-၄-၂၀၂၂)၊ နံနက် ၀၂:၄၅ နာရီတွင် ကွယ်လွန်သွားပါသဖြင့် အထက(၄)အလုံကျောင်းသား/သူဟောင်းများအသင်းကြီး၏ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသူ/သားကျောင်းသားဟောင်းများမှ ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ဝမ်းနည်းရပါသည်။

အထက(၄)အလုံ ကျောင်းသား/သူဟောင်းများအသင်း။

29/03/2022

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ....

အထက(၄) အလုံမှ အငြိမ်းစားဆရာ/မများနဲ့ ကျောင်းသား/သူဟောင်းများခင်ဗျာ...
အထက(၄)အလုံ ကျောင်းသား/သူဟောင်းများအသင်းကြီးရဲ့ ရုံးခန်းအဆောက်အဦကို ကိုဗစ်ကာလမှာ (၂)နှစ်ကျော်ကျော်ခန့် ပိတ်ထားခဲ့ရပြီးလစဉ်ကျန်မာရေးစောင့်ရှောက်မှုနဲ့ အခြားကိစ္စရပ်များကိုပါ ရပ်ဆိုင်းထားခဲ့ရပါတယ်၊ လက်ရှိ အသင်းရုံးခန်းအဆောက်အဦကို ကိုဗစ်ကာလမှာ Fever Clinic Center အဖြစ် ဖွင့်လှစ်အသုံးပြုခွင့်လည်း ခွင့်ပြုပေးခဲ့ပါတယ်၊ ၎င်း center အဖြစ်အသုံးပြုမှု ရပ်ဆိုင်းသွားပြီးနောက် အသင်းရုံးခန်းမှာ အခြေအနေအရပ်ရပ်အရ ပိတ်ထားရသောအခါ အဆောက်အဦအတွင်းပိုင်းရှိ ရေမော်တာနှစ်လုံး၊ ကြေးဆင်းတုတော်ဘုရားတစ်ဆူနှင့် အခြားပစ္စည်းအချို့ မသမာသူများရဲ့ ခိုးယူခြင်းကို ခံခဲ့ရပါတယ်။
ယခုအခါ အသင်းဥက္ကဋ္ဌကြီး၏ ညွှန်ကြားမှုဖြင့် အသင်းရုံးခန်းပြန်လည်ဖွင့်လှစ်ကာ ရုံးလုပ်ငန်းများပြန်လည်လည်ပတ်ရန်အတွက် ဒု-ဥက္ကဋ္ဌ ဦးကျော်သူ၊ ဦးကျင်ရွှေနှင့် အသင်းအမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသောဦးတင်မောင်အေး၊ ဦးချိုအေးတို့မှ ရုံးခန်းအဆောက်အဦအတွင်းအပြင် သန့်ရှင်းရေးများကိုဆောင်ရွက်ခဲ့ပြီး ပျောက်ဆုံးပျက်စီးသွားသော ပစ္စည်းများပြန်လည်တပ်ဆင်ခြင်းနှင့် ပြုပြင်ခြင်းများကို အသင်းကြီး၏ငွေဖြင့် အသုံးပြုလုပ်ဆောင်ခဲ့ပါတယ်၊
ထို့အပြင် လာမည့် ၂၀၂၂-ခုနှစ်၊ ဧပြီလ (၉)ရက်နေ့ (စနေနေ့) နံနက် ၀၉:၀၀ နာရီ၌ အသင်းရုံးခန်းအဆောက်အဦတွင် ကွယ်လွန်သွားကြကုန်သော အငြိမ်းစားဆရာ/မကြီးများနှင့် ကျောင်းသား/သူဟောင်းများအား ရည်စူး၍ ဇောတနာရာမကျောင်းတိုက်မှ ဆရာတော်အမှူးရှိပင့်သံဃာငါးပါးတို့ဖြင့် ပျောက်ဆုံးခဲ့သောဘုရားဆင်းတုတော်အစား (၁၉၇၇)ကျောင်းသားဟောင်းများမှ လှူဒါန်းသောဘုရားဆင်းတုတော်အားဘုရားအနေကဇာတင်ခြင်း၊ ထီး၊ ဖိနပ်၊ယပ်၊ သင်္ကန်း အစရှိသောလှူဖွယ်ဝထ္ထုနှင့် ဆွမ်းဆက်ကပ်လှူဒါန်းမှုများနှင့်အတူ ကြွရောက်လာကြသော ဧည့်ပရိသတ်များကို နေ့လည်စာထမင်းဟင်းများဖြင့် ဧည့်ခံခြင်းတို့ကို (၁၉၇၇)ကျောင်းသားဟောင်းများအဖွဲ့မှ တာဝန်ယူလှူဒါန်းခြင်းပြုလုပ်မည်ဖြစ်ပါသည်၊ ထိုလှူဒါန်းမှုအတွက် ကျောင်းသားဟောင်းအသင်းကြီး၏ နာယကအငြိမ်းစားဆရာ/မကြီးများနှင့်ကျောင်းသားဟောင်းအသင်းကြီး၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များအားလုံး ဆွမ်းဆက်ကပ်ပွဲသို့ မပျက်မကွက် တက်ရောက်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ဦးကျော်မင်း
အထွေ‌ထွေအတွင်းရေးမှူး၊
အထက(၄)အလုံ၊ ကျောင်းသား/သူဟောင်းများအသင်း။

Photos from အထက ၄ အလုံ ကျောင်းသား/သူဟောင်းများအသင်း-Page's post 13/10/2021
Photos from အထက ၄ အလုံ - ကျန်းမာရေး စောင့်ရှောက်မှုကော်မတီ's post 08/03/2020

Happy Birthday Chairman !

26/01/2020

ဘယ်သူဘဲ အိမ်လာလာ..လက်ဆေးပီးမှ
ထိုင်ခိုင်းပါ..အားနာစရာမလိုပါ..ဒီလိုဘဲ..
အိမ်သားတွေ အပြင်ကလာလည်း..အရင်ဆေးခိုင်းပါ
ဆယ်ခါလာ..ဆယ်ခါဆေးပါ။
( အင်တိုက်အားတိုက်ပညာပေးမရှိသေးပါ)
( လူထူသောနေရာ မသွားပါနဲ)
(ပိုက်ဆံတွေကိုင်ပီးလည်းဆေးပါ)
( အဓိကအများဆုံးက..အထိအတွေ့ကကူးတာ)
( ချောင်းဆိုးရင်. ဆေးခန်းပြေး..ကျိတ်ကုမနေနက်)
( ကိုယ်ပူရင်. သေချာကု)
(လေထဲကလည်းကူး၏..mask တပ်)
(ရေခနခနသောက်ပါ)
( ကိုယ်ခံအားကောင်းအောင်လုပ်ထား..သောက်ပါ
အရိုးဆွပ်ပြုတ်တွေစားထား)
( အိပ်ရေးကို..ဝနေအောင်အိပ်ထား)
(သတင်းတွေကို..နားစွင့်ထား..ကလေးတွေကို
ဂရုစိုက်)
(လည်ပင်းနာပီဆိုတာနဲ့. ဆေးခန်းပြ)
( Bus ကားစီးပီး..ပါးစပ်ထဲ အစာကိုင်မစားနဲ့အုံး
အရင်လက်ဆေး..ရတဲ့နေရာ ရှာဆေး..ပီးမှစား)
(တယောက်ခြင်း..လိုက်နာမှ..အများကို..သက်သာ
စေမည်)
( ဒီကိုရောက်တာတွေ / မရောက်တာတွေမသိပါ.
အရင်ဆုံး...ကိုယ့်တာဝန်ကိုယ်ကြေပါ။)

ကာကွယ်ဆေးမရှိသေးပါ...သို့သော်..ကာကွယ်နေ
ထိုင်ပေးပါ။
ဒီ..post ကို အများသိအောင် share ပါ။
Wint War Ko

01/10/2019









🙋 မင်္ဂလာရှိသော ဝါလကင်းလွတ် သီတင်းကျွတ်ချိန်ခါ ကိုရောက်ရှိလို့လာပြီနော်...

♥ ဒီလို အခါသမယမှာဆိုရင်တော့ မြန်မာတို့ရဲ့ ချစ်စရာဓလေ့ကို ပြုလုပ်လေ့ရှိပါတယ်…

🙏 အဲ့ဒါက ဘာလည်းဆိုတော့ ဘိုးဘွား မိဘ ဆရာ လေးစားထိုက်သူများကို ကန်တော့ကြတဲ့ အစဉ်အလာဘဲ ဖြစ်ပါတယ်...

💫 ဒါပေမဲ့ ဘယ်လိုပစ္စည်းနဲ့ ကန်တော့ရမလည်း…လို့စဉ်းစားရကြပ်နေလား…🤔񕀊
👉 ဒါဆိုရင်တော့ စိတ်ပူစရာမလိုဘူးနော်…
အာဟာရဓာတ်လည်းများစွာပါတယ် အားအင်လည်းဖြစ်စေပြီး သူတို့အတွက်လည်း အသုံးဝင်တဲ့ ဂိုးလ်ပါဝါရဲ့ အားဖြည့်ဆန် ၊ အားဖြည့်ဆန်ပြုတ်တို့နဲ့ ကန်တော့လို့ရတယ်နော်…🙏

👉 ပြီးတော့ဂိုးလ်ပါဝါ အားဖြည့်ဆန်ကို (2-kg, 5-kg, 24-kg) ဆိုပြီး အရွယ်အစားစုံလင်စွာနဲ့ ထုတ်လုပ်ပေးထားသလို အားဖြည့်ဆန်ပြုတ်မှာလည်း (ကြက်သား ၊ ငါး ၊ နို့) ဆိုပြီး အရသာစုံစွာနှင့် ထုတ်လုပ်ပေးထားပါတယ်နော်…👌

♥ အဲ့ဒါကြောင့် ချစ်မိတ်ဆွေတို့က မိမိတို့စိတ်တိုင်းကျ ဝယ်ယူပြီး ဒီသီတင်းကျွတ်မှာ ဘိုးဘွား မိဘ ဆရာ လေးစားထိုက်သူများကို ကန်တော့ရင်း ဂိုးလ်ပါဝါ မိသားစုနဲ့အတူတူ ကုသိုလ်ယူလိုက်ကြရအောင်….🙏🙏

Photos from BEHS 4 Ahlone Alumni's post 11/08/2019

အထက(၄)အလုံ ​ကျောင်းသား/သူ​ဟောင်းများအသင်း၏ (၄၇)ကြိမ်​​မြောက်​ အငြိမ်းစားဆရာဆရာမကြီးများ ကျန်းမာ​ရေးကူညီ​စောင့်​​ရှောက်​မှု​ဆေးခန်းအတွက်​ 1999- Batch ​ကျောင်းသား​ကျောင်းသူ​ဟောင်းများမှ အလှူ​ငွေ ၁၂၀၀၀၀၀ိ/-(ကျပ်​တစ်​ဆယ့်​နှစ်​သိန်း)နှင့်​ နံနက်​စာနို့စိမ်း​ခေါက်​ဆွဲ၊​ကော်​ဖီ​ကျွေး​မွေးခြင်းအတွက်​ကုန်​ကျ​ငွေ ၁၀၀၀၀၀ိ/-(ကျပ်​တစ်​သိန်း)ကိုလှူဒါန်းခဲ့ပါသည်​၊ သြဂုတ်​လဖွား ဆရာ/ဆရာမများနှင့်​ ​ကျောင်းသား/သူများအတွက်​​မွေး​နေ့ပွဲ ကိတ်​မုန့်​ခွဲခြင်းအစီအစဉ်​များကိုလည်းကျင်းပ​ပေးခဲ့ပါသည်​၊ 11-8-2019 (Sunday)

Photos from BEHS 4 Ahlone Alumni's post 10/03/2019

(၄၂)ကြိမ်မြောက် လစဉ် အငြိမ်းစားဆရာကြီး/ဆရာမကြီးများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ၁၉၉၇-၁၉၉၈ ကျောင်းသူ/ကျောင်းသားဟောင်းများမှ စုပေါင်းလှူဒါန်းမှုမှတ်တမ်း

28/02/2019

၂-၁၂-၂၀၁၈ - အမျိုးသားနေ့

---- UNICODE----
အထက(၄)အလုံ ကျောင်းသား/ သူဟောင်းများ
(၃၅)ကြိမ်မြောက် ကျောက်စိမ်းရတု
အာစရိယပူဇော်ပွဲအခမ်းအနား
၂-၁၂-၂၀၁၈ - အမျိုးသားနေ့

Photos from အထက ၄ အလုံ - ကျန်းမာရေး စောင့်ရှောက်မှုကော်မတီ's post 08/07/2018
27/03/2018

သာဓု သာဓု သာဓု ပါ Teacher 🙏🙏🙏
ကောင်းမွန်ရာဘုံ့ဘဝမှာ ခံစား စံစားနိုင်ပါစေ

ဝမ်းနည်း​စွာ အသိ​ပေးအ​ကြောင်းကြားခြင်း

အထက(၄)အလုံ အငြိမ်းစားဆရာမ တီချယ်​ ​ဒေါ်ကြူ ကြူ ဝင်းသည်​ ယ​နေ့(၂၇-၃-၂၀၁၈) နံနက်​ပိုင်းတွင်​ ကွယ်​လွန်​သွား​ကြောင်းကြားသိရသည့်​အတွက်​ ဝမ်းနည်းစွာဖြင့်​အသိ​ပေးအပ်​ပါသည်​။

တီချယ်​ ​ဒေါ်ကြူ ကြူ ဝင်းသည်​ အထက(၄)အလုံ​ကျောင်းတွင်​ (၁၉၇၇ မှ ၂၀၀၄) အထိတာဝန်​ထမ်း​ဆောင်​ခဲ့​သော လုပ်​သက်​၂၀အထက်​ ကန်​​တော့ခံဆရာမတစ်​ဦးဖြစ်​သည့်​အပြင်​ အသင်း​အလုပ်​အမှု​ဆောင်​​ တွဲဖက်​အ​ထွေ​ထွေအတွင်း​ရေးမှူး ကိုနိုင်​ဝင်း​ဆွေ + ​ကျောင်းသူ​ဟောင်း မတင်​သိုက်​ဝင်း တို့၏ မိခင်​ဖြစ်​ပါသည်​။
တီချယ်​​ဒေါ်ကြူ ကြူ ဝင်း သက်​ရှိထင်​ရှားရှိစဉ်​အခါက ခန္ဓာကိုယ်​ လှူ ဒါန်းမှု ပြုလုပ်​ထားခဲ့​သော​ကြောင့်​ နာ​ရေးအစီအစဉ်​ မရှိပါ​ကြောင်း အသိ​ပေးအပ်​ပါသည်။

ဥက္ကဌ နှင့်​တကွ အသင်းအလုပ်​အမှု​ဆောင်​များမှ မိသားစုနှင့်​ထပ်​တူ ​ဝမ်းနည်းရပါ​ကြောင်း ထုတ်​ပြန်​​ကြေငြာအပ်​ပါသည်​။

အလုပ်​အမှု​ဆောင်​အဖွဲ့

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

BEHS 4 Ahlone Near Pin Lone Stadium, Ahlone, Lanmadaw
Yangon

Other Nonprofit Organizations in Yangon (show all)
British Council Myanmar British Council Myanmar
78, Strand Road, Kyauktada Township
Yangon, 11182

We support peace and prosperity by building connections, understanding and trust between people in the UK and countries worldwide. Read our terms of use at www.britishcouncil.org/...

MASES - Myanmar Astronomy & Science Enthusiasts Society MASES - Myanmar Astronomy & Science Enthusiasts Society
Yangon

သိပ္ပံကိုချစ်သော... ပညာကိုချစ်သော... လောကကိုချစ်သော... မြန်မာလူငယ်များ တည်ထောင်သည်။

Internet Society Myanmar Chapter Internet Society Myanmar Chapter
Yangon

We are trying to form the Myanmar Chapter for Internet Society, and when we get official approval, we will change to official name and logo.

Myanmar Storytellers Myanmar Storytellers
Online
Yangon, 095

မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ လူငယ်လူ

Movement during Crisis Movement during Crisis
Yangon

အများပြည်သူရွေးချယ်တင်မြှောက်ထားသ?

Inclusion Journey Inclusion Journey
Yangon

ဉာဏ်ရည် မသန်စွမ်း အစ်မဖြစ်သူနှင့် လူငယ်အရွယ် ညီမလေးတို့ နှစ်ယောက် အတူ ဖွဲ့စည်း စတင်ထားတဲ့ အဖွဲ့လေးပါ

TMK Philanthropic သန်းမင်းကြွယ် ပရဟိတ TMK Philanthropic သန်းမင်းကြွယ် ပရဟိတ
သုနန္ဒာ(12)လမ်း
Yangon

People suffering from serious illnesses due to past life and present life sins, sinful people live in poverty. I am compassionately helping people who are suffering from the burden...

B.M.G spt B.M.G spt
ထန်း‌ေြခာက်ပင်
Yangon

Anthropology Association Myanmar - AAM Anthropology Association Myanmar - AAM
Yangon

We all alumnus of Yangon University established the Association since 2015. the Hidden values of anthropology will lead the idea of "Differences are Beautiful", followed by the pea...

Given Kindness And Charity Organization Given Kindness And Charity Organization
No. 101/5 Street/Zayyar Thiri Ward, Dawbon Township
Yangon

Equality Rights Equality Rights
Yangon, 12

Forward Myanmar Institute - FMI Forward Myanmar Institute - FMI
Gadamar Street
Yangon, 11421

We have reinvented as a non profit organization for continuing education for electrical, electronic, mechatronic, embedded and control, and IT and computer science students in Myan...