John Engineering & Construction Co.,ltd

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from John Engineering & Construction Co.,ltd, Engineering service, No. 68, Thamadeikhti Street, Kyauk Myaung Ward, Tamwe Township, Yangon.

01/02/2022

်ခြင်း

Site ထဲ သံချောင်းတွေကို Caliper နှင့် လာတိုင်းတယ်တဲ့။ သံချောင်း Size တွေက မပြည့်ဘူး ဆိုပြီး ဖြစ်လာပါတယ်။

Reinforced Concrete တွေထဲ ထည့်တဲ့ သံချောင်းတွေက Deformed Bar တွေပါ။ သံချောင်းမှာ အလျားလိုက် ဘေးနှစ်ဖက် ဖောင်းလိုင်း Longitudinal Rib ၂ ခုပါပြီး ပတ်ပတ်လည် ဖောင်းလိုင်း Transverse Rib သို့မဟုတ် Lateral Rib သို့မဟုတ် Lateral Inclined Rib ဆိုပြီး ပါပါတယ်။

ကွန်ကရစ်နှင့် သံချောင်း Bonding တွဲဆက်မှု ကောင်းစေရန် Deformed လုပ်ထားတဲ့ သဘောပါ။

ဖောင်းလိုင်း အတိုင်း တိုင်းတဲ့ Diameter ကို Outer Diameter လို့ခေါ်ပြီး ဖောင်းလိုင်းမပါပဲ သံချောင်းသက်သက် တိုင်းတာကို Inner Diameter လို့ ခေါ်ပါတယ်။

ကျွန်တော်တို့ ပြောပြောနေတဲ့ 16mm တို့ 20mm တို့ဆိုတာတွေက Nominal Sizes တွေပါ။

In manufacturing, a nominal size or trade size is a size “in name only” used for identification ဖြစ်ပါတယ်။

Nominal ဆိုတာ မည်ကာမတ္တပါ။ တကယ်လဲ Specifications တွေမှာ Nominal Diameter ဆိုပြီး ရေးပါတယ်။

အဲဒါကြောင့် Deformed Bar တွေရဲ့ Inner Diameter တွေကို Caliper နှင့် တိုင်းကြည့်တာမှာ အဲဒီ 16mm တို့ 20mm တို့ မရပါဘူး။ 15mm လောက် 19mm လောက်ပဲ ရပါမယ်။ Outer Diameter ကတော့ Nominal Diameter ထက် ကြီးပါမယ်။

သံချောင်းမှ မဟုတ်ပါဘူး။ သစ်သားတွေလဲ အဲလိုပါပဲ။ ၄”x၂” ဆို ၃-၁/၂” x ၁-၁/၂” လောက်ပါပဲ။ လွန်ရောကျွံရော ၃-၃/၄” x ၁-၃/၄” ပါပဲ။

အဲဒါကို Tolerance ဆိုပြီး တရား၀င် လက်ခံပါတယ်။ ကျွန်တော်တို့ အရင်က သုံးခဲ့တဲ့ 3.5” Floppy Disk ဆိုတာက အမှန်တကယ် 90mm (3.54”) ရှိပြီး 1.44MB ဆိုတာမှာ အမှန်တကယ် 1,474,560 Bytes ရှိပါတယ်။ အဲဒါကြောင့် 3.5” 1.44MB Floppy Disk ဆိုတာက Nominal တွေ ဖြစ်ပါတယ်။

တကယ်တမ်း သံချောင်းရဲ ့ Specifications သတ်မှတ် စံချိန်စံနူန်း နှင့် ညီမညီကို Sample တွေယူပြီး Quality Control Lab ဓါတ်ခွဲခန်းမှာ သက်ဆိုင်ရာ ကရိယာတွေနှင့် စမ်းသပ် စစ်ဆေးရမှာ ဖြစ်ပါတယ်။

အဲဒီအခါကျမှ သံချောင်းရဲ ့ Strength တွေ Sizes တွေ Weight တွေ မှန်မမှန် ဆိုတာကို အတိအကျ သိရပါမယ်။

အဓိကအားဖြင့် Strength နှင့် Mass Weight စတာတွေကို အဓိကထား တိုင်းတာပါတယ်။ အခုနောက်ပိုင်း စမ်းသပ်တဲ့ ကရိယာတွေမှာ လေဆာတွေ ဘာတွေနှင့် တိုင်းတာတာမို့ အတိုင်းအတာအားဖြင့် ဒဿမနောက် ကိန်းဂဏန်းတွေထိ အတိအကျ ပြပါတယ်။

Site ထဲ Caliper နှင့် တိုင်းတာရင်တော့ Nominal Diameter တို့ Tolerance တို့တော့ ရှိမှာ ဖြစ်ပါတယ်။

Deformed bar ရဲ့ Inner Diameter တွေတိုင်းကြည့်ပြီး သံချောင်း Size မပြည့်ဘူး ဆိုတာမျိုးတွေ ခဏခဏ ကြားကြားနေရလို့ပါ။

Special Credit to U Kyithar Myint.

=========================

#ဆောက်လုပ်ရေးလုပ်ငန်းမှာသုံးတဲ့သံချောင်းများရဲ့အရည်အသွေးစမ်းခြင်း

သံချောင်းတွေကို ဆိုက်ထဲမှာ သုံးတဲ့အခါ အဓိကအားဖြင့် ဆွဲဆန့်အား ခံနိုင်ရည်ရှိမှုကို အဓိက စမ်းသပ်လေ့ရှိပါတယ်။

ဒါကိုတော့ Tensile Strength Test လို့ ခေါ်ပါတယ်။

အခြားသော Pull-Out Test, Coupler Test စတာတွေကို Coupler Rebar တွေမှာ စမ်းသပ်လေ့ ရှိပေမယ့် ဒီနေရာမှာတော့ Tensile Strength Test ကိုပဲ အဓိက ပြောချင်ပါတယ်။

စမ်းသပ်မယ့် သံချောင်း အရေအတွက်က တန်ဘယ်လောက်မှာ ဘယ်နှစ်ချောင်း ရှိရမယ်ဆိုတာ အသုံးပြုတဲ့ Code အလိုက် သတ်မှတ်ချက်တွေ ရှိပါတယ်။

(၁) စမ်းသပ်မည့် သံချောင်း အရေအတွက်ကို သတ်မှတ်ချက်အတိုင်း ဖြတ်တောက်ပါ။

(၂) ဖြတ်တောက်ရာမှာ Mill Certificate မှာပါသည့် Bar Mark တွေကို သံချောင်းဖြတ်စမှာ ရှင်းရှင်းလင်းလင်း ပါလာအောင် ဖြတ်ပါ။

(၃) သံချောင်း အမျိုးမျိုးရှိရင် တမျိုးစီကို သတ်မှတ် သံချောင်း အရေအတွက် ရအောင် သီးခြားစီ ဖြတ်ယူရမှာ ဖြစ်ပါတယ်။

(၄) Mill Certificate နဲ့ ကိုယ်ဖြတ်ယူတဲ့ သံချောင်းက ကိုက်ညီမှု ရှိရပါမယ်။

(၅) သံချောင်း ဘယ်လောက် အတိုင်းအတာ ဖြတ်ယူရမယ်ဆိုတာ စမ်းသပ်မယ့် ဓာတ်ခွဲခန်းကို မေးကြည့်ရပါမယ်။ အသုံးပြုတဲ့ စက်မတူရင် သံချောင်းဖြတ်စ အရှည်ဟာ မတူနိုင်ပါ။

(၆) စမ်းသပ်လို့ရလာတဲ့ သံချောင်းရဲ့ Yield Strength ကိုပဲ အဓိကထား စစ်ဆေးရမှာ ဖြစ်ပြီး Ultimate Strength ကို စဉ်းစားစရာ မလိုပါ။ အကြောင်းက ဒီဇိုင်းမှာသုံးတဲ့ သံချောင်းရဲ့ အားက Fy ပါ။ Fu မဟုတ်ပါဘူး။

(၇) မအောင်တဲ့ သံချောင်းကို မှတ်ထားပါ။ အဲဒီ သံချောင်းကို နောက်ဘယ်တော့မှ မမှာပါနဲ့။

(၈) Test အောင်မြင်တိုင်းလည်း Consultant က အသိအမှတ် ပြုချင်မှ ပြုပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သံချောင်းထဲမှာ ပါဝင်တဲ့ သတ္တုတွေရဲ့ ပါဝင်မှု ပမာဏ Composition က Code သတ်မှတ်ချက်နဲ့ မကိုက်ညီရင် ငြင်းပယ်လို့ ရပါတယ်။

ဒီနေရာမှာ ဓာတုဗေဒပညာရှင် မဟုတ်တာကြောင့် ပါဝင် သတ္တု တခုချင်းစီရဲ့ အကျိုးအပြစ်ကို အတိအကျ မပြောတတ်ပါ။ Material Science စာအုပ်များမှာသာ ရှာဖွေဖတ်ကြည့်ဖို့ ဖြစ်ပါတယ်။

အတွေ့အကြုံအရ အချို့ သံချောင်းတွေက Ultimate Load ကို ရောက်ပြီး Failure ဖြစ်တဲ့အခါ Ductile Failure မဟုတ်ပဲ Brittle Manner မျိုးနဲ့ ကျိုးတတ်ပါတယ်။ ဥပမာ သံချောင်းက အစတွေ လွင့်ထွက်လာတာမျိုးပါ။

အဲဒီလိုနည်းနဲ့ Beam တချောင်းဟာ Failure ဖြစ်ခဲ့ရင် ကွန်ကရစ် အသားတွေဟာ တစစီပဲ့ပြီး ချက်ချင်း ထွက်ကျလာနိုင်ချေ ရှိပါတယ်။ အဲဒါမျိုး ဘယ်သူမှ မဖြစ်ချင်ပါ။

Mill Certificate သည် တင်ပို့လိုက်သော သံချောင်း အစည်းတွေနဲ့ အတူ တပါတည်း တွဲပါလာရပါမယ်။

Mill Certificate မှာ သံချောင်း အမှတ်အသား Barmark ကို တနည်းနည်းနဲ့ ပြထားပေးရမယ်။ အဲဒါနဲ့ တိုက်ဆိုင် စစ်ဆေးပြီးမှ Mill Certificate နဲ့ ကိုက်ညီတဲ့ သံချောင်း အမျိုးအစားကို ရွေးခြယ်နိုင်မှာ ဖြစ်ပါတယ်။

Special Credit To Thura Zin Soe.

=========================

်ကြည့်ရအောင်

၂ ပိုင်း ရှိ ပါ မယ်။

(1) Vertical Bars

(2) Lateral ties ဖြစ်ပါတယ်။

စစချင်း Vertical Bars ဒေါင်လိုက်သံချောင်းတွေ အရင်ကြည့်ပါမယ်။ Longitudinal Reinforcement တွေပေါ့။

ကြည့်ရမှာတွေက

(1) Dia. Of Bars
(2) No. of Bars
(3) Spacing
(4) Splice Length
(5) Staggering
(6) Splice Location

Drawing ထဲမှာပါတဲ့ သံချောင်းရဲ ့ Diameter နှင့် ဆင်ထားတဲ့ သံချောင်းရဲ ့ Diameter ကိုက်ညီမှု ရှိမရှိ စစ်ရပါမယ်။

No. of Bars သံချောင်း အချောင်းရေ စစ်ရပါမယ်။
Spacing သံချောင်း တချောင်းနှင့် တချောင်း အကွာအဝေး ကို စစ်ရပါမယ်။

သံချောင်းတချောင်း နှင့် တချောင်းထပ်ပြီး ဆက်ထားတဲ့ Splice Length ကို စစ်ရပါမယ်။

Diameter အ လိုက် Lap လုပ်ရမယ့် splice length တွေရှိပါတယ်။

သံချောင်းတွေ ဆက်ရာမှာ ဘေးချင်း ကပ်ရက် တချောင်း နှင့် တချောင်း အညီ မဆက်ပဲ အဆက်ချင်း လွဲထားတာ Staggering လုပ် မလုပ် စစ်ရပါမယ်။

ဒီမှာတော့ သိပ်မလုပ်ကြဘူး ထင်ပါတယ်။

ကော်လံတိုင် သံချောင်းတွေကို Lapping လုပ်ဆက်ရာမှာ ကော်လံတိုင်ရဲ ့ ဘယ်နေရာမှာ ဆက်ရမယ် Splice Location ဆိုတာရှိပါတယ်။

Special Moment Resisting Frame ဆိုပါက တိုင်ရဲ ့ တ၀က်မှာ ဆက်ရမယ် ဆိုပါတယ်။

Vertical Bars တွေပြီးတဲ့ အခါ Lateral Ties ကွင်းတွေ စစ်ရပါမယ်။ Transverse Reinforcement တွေပေါ့။

ကြည့် ရ မှာ တွေ က …

(1) Dia. Of Ties
(2) No. Of Ties
(3) Spacing
(4) Hook and Bend Angle
(5) Gap Between Ties and Bars
(6) Proper Binding

Drawing ထဲမှာပါတဲ့ Ties ကွင်းရဲ ့ Dia. နှင့် ဆင်ထားတဲ့ Ties ကွင်းရဲ ့ Dia. ကိုက်ညီမှု ရှိ မရှိ စစ်ရပါမယ်။

No. Of Ties ကွင်း အရေအတွက် စစ်ရပါမယ်။

Single Ties, Double Ties, Triple Ties စသဖြင့်ရှိပါမယ်။

Spacing ကွင်းတကွင်းနှင့် တကွင်း အကွာအဝေးကို စစ်ရပါမယ်။ 3/8dia.@6"c/c ဆိုပါက ၆ လက်မ ရှိ မရှိ။

Lapping တွေ မှာ ties ကွင်းတွေ စိပ်မစိပ်။

Ties ကွင်း ရဲ ့ Standard Hook နှင့် ကွေးထားတဲ့ Angle ကိုစစ်ရပါမယ်။

Ties ကွင်းနှင့် Vertical Bars သံချောင်း သေသေချာချာ ကပ်ချည်မထားပဲ ကြားမှာ Gap ရှိ မ ရှိ စစ်ရပါမယ်။

သံချောင်းတွေကို Binding Wire နှင့် စနစ်တကျ ချည်နှောင် ထားမထား စစ်ရပါမယ်။

အဲဒါတွေ အားလုံး အိုခေရင်တော့ Formwork ဆင် ခိုင်းလို့ရပါပြီ။

Sprcial Credit to U Kyithar Myint.

==========================

" ှာ_သံချောင်းများကိုစစ်ဆေးတဲ့အခါ "

၁။ Drawing များကို အရင် နားလည်အောင် အချိန်ပေး ကြည့်ရှုရပါမယ်။ Drawing ထဲတွင် ပါသော သံချောင်းများရဲ ့ အရွယ်အစား၊ အရေအတွက်၊ နေရာတွေကို သိရှိနားလည်သဘောပေါက်မှ site ထဲမှာ ဖြတ်တောက် တပ်ဆင်ထားတဲ့ သံချောင်းများကို သေသေချာချာ မှန်မမှန် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ Drawing များကို နားလည်အောင် သေသေချာချာ ဖတ်ကြည့်တာဟာ ပထမဦးဆုံး လုပ်ရမယ့် အဆင့်ပါ။

၂။ သံချောင်းများရဲ ့ Spacing, Splice Length နှင့် Development Length တွေကို အချိန်မရွေး တိုင်းတာနိုင်ဖို့ ပေကြိုးဘူးတစ်ခုကို အမြဲတန်း ဆောင်ထားရပါမယ်။

၃။ သံချောင်းများကို စစ်ဆေးတဲ့အခါ Safety အရ လက်အိပ် စွပ်ထားရပါမယ်။ သံချောင်းများကို လက်များနှင့် ကိုင်တွယ်တာက အရေပြားများကို ရေရှည်မှာ ထိခိုက်နိုင်ပါတယ်။ နောက်ပြီး ထိခိုက်ဒါဏ်ရာအနာတရလဲ ဖြစ်နိုင်လို့ပါ။

၄။ သံချောင်းများနှင့်အတူ ကွန်ကရစ်ထဲတွင် ထည့်သွင်းလောင်းမယ့် ရေပိုက် မီးပိုက်များရဲ ့ အရွယ်အစား၊ နေရာအထားအသိုများကို သိရှိရပါမယ်။ မှန်ကန်စွာ ထည့်သွင်းတပ်ဆင်ထားခြင်း ရှိမရှိ စစ်ဆေးရပါမယ်။

၅။ အရေးကြီးတာက သံချောင်း Size တွေ မှန်မမှန် လုံးပတ်တိုင်းကရိယာ Caliper နှင့် တိုင်းတာရပါမယ်။ သံချောင်း Spacing ရယ် Development Length ရယ် Lap/Splice Length ရယ် တိုင်းတာရပါမယ်။ Alignment လဲ ကြည့်ရပါမယ်။ သံချောင်းတွေ Sag အိကျနေတာ Buckling ကွေးနေတာမျိုး မရှိရပါဘူး။ သံချောင်းအဆက် Coupler တွေ သေသေချာချာ တပ်ဆင်ထားမထား။ သံချောင်းတွေ မှန်မှန်ကန်ကန် ဖြတ်တောက်ဆင်ထားမထား၊ Cover လုံလောက်မှု ရှိမရှိ၊ သံချောင်း အရေအတွက် မှန်ကန်မှု ရှိမရှိ စသဖြင့် တိုင်းတာစစ်ဆေးရပါမယ်။

၆။ Tensile Strength Test, Torsion Failure Strength Test စတဲ့ သံချောင်းအရည်အသွေးနှင့် ပတ်သက်ပြီး စမ်းသပ်ပြီးသား သံချောင်းများ ဟုတ်မဟုတ် စစ်ဆေးရပါမယ်။

၇။ သံချောင်းတွေ နေရာ အထားအသို မှားယွင်းခြင်း ရှိမရှိ စစ်ဆေးရပါမယ်။ ဥပမာ အားဖြင့် Main bars တွေဟာ အမြဲတန်း Distribution bars တွေအောက်မှာ ရှိရမှာမျိုး။

Special Credit to U Kyithar Myint

==========================

ဆောက်လုပ်ရေး သံချောင်း ဆိုဒ်အမျိုးမျိုးတို့ရဲ့ ၁ မီတာ အရှည်မှာ ရှိရမယ့် အလေးချိန်နဲ့ ၁ တန်မှာ ရှိရမယ့် မီတာအရှည်။

ဥပမာ

၁၀မီလီမီတာ အချင်းရှိတဲ့ သံချောင်းကို တစ်တန်မှာ ဘယ်လောက်ရှိလဲ ဆိုရင်

သံချောင်း တချောင်းဟာ ၁၂ မီတာရှည်ရတာဆိုတော့

၁၆၂၃.၃၈ ÷ ၁၂ = ၁၃၅.၂၁၈၆၆၇

တစ်တန်မှာ ၁၂ မီတာအရှည် သံချောင်း ၁၃၅ ချောင်းရှိတယ်လို့ ရပါတယ်။

၁ တန်မှာ ကီလိုဂရမ် ၁၀၀၀ ရှိပါတယ်။

Special Credit to Ko Htin Kyaw

===========================

ကျွန်တော်တို့ ပြောပြောနေတဲ့ #5( #16) တို့ #6( #19) တို့ ဆိုတာတွေက အားဖြည့်သံချောင်းရဲ့ Nominal Diameter သတ်မှတ် အချင်းတွေ ဖြစ်ပါတယ်။

အားဖြည့် သံချောင်းမှာပါတဲ့ Longitudinal Rib အလျားလိုက် ဖောင်းလိုင်း နှင့် Lateral Rib ကန့်လန့်ဖောင်းလိုင်းတွေပါတဲ့ Cross-Section Area အရ ရှိတဲ့ စက်ဝိုင်းရဲ့ Diameter ဖြစ်ပါတယ်။

ဖောင်းလိုင်းမှာရှိတဲ့ Outer Diameter က Nominal Diameter ထက်ကြီးပြီး ဖောင်းလိုင်း အတွင်းမှာရှိတဲ့ Inner Diameter က Nominal Diameter ထက် သေးပါတယ်။

သံချောင်းတွေ ထုတ်လုပ်တဲ့ ကုမ္မဏီတွေက Bar Size နှင့် Approximate Diameter Outside Deformation ဆိုပြီး သတ်မှတ်ထားတာတွေ ရှိပါတယ်။

ဥပမာ #5( #16) Bar ဆိုရင် ဖောင်းလိုင်းကို တိုင်းပါက 11/16 in. (18mm) ရှိပါတယ်။

Special Credit to U Kyithar Myint.

Hnin Hnin Ou.

03/07/2021
04/08/2020

Basic Education Primary School
(100'x30') Min Oh Village
Gyobingauk Tsp,Bago Region.
(2016~2017)

12/04/2020

P

24/03/2020

Covid-19 အရေးပေါ်ဖုန်းနံပါတ်များ ~

ပြည်သူ့ကျန်းမာရေးဌာန ( နေပြည်တော် ) - 067 - 34 20 268 .

ပြည်သူ့ကျန်းမာရေးဌာန ( ရန်ကုန် ) - 09 - 44 90 01 261 / 09 - 79 45 10 057 .

ပြည်သူ့ကျန်းမာရေးဌာန ( မန္တလေး ) - 09 - 20 00 344 / 09 - 43 09 95 26 .

Quarantine ဌာန ( ရန်ကုန်လေဆိပ် ) - 09 - 79 99 83 833 .

လက်ဆင့်ကမ်း မျှဝေပေးပါရန်...
Let's fight together ❤
Good luck all ❤

Mg Mg Khaing .
24 / March / 2020 .

23/03/2020

A ။ အောင်မြင်ခြင်းနဲ့ သတ္တိ
⛳⛳⛳⛳⛳⛳⛳⛳⛳

၁။ အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ ……
ပိုက်ဆံ အရင်ရှိတာ မဟုတ်ပါ။
သတ္တိအရင်ရှိတာပါ။

၂။ သူများ မစဉ်းစားရဲတာကို စဉ်းစားရဲတယ်

သူများ မလုပ်ရဲတာကို စလုပ်ရဲတယ်။

၃။ မစွန့်စားကြည့်ပဲနဲ့ သင်မဖြစ်နိုင်ဘူးဆိုတာ ဘယ်လိုလို့ သိတာလဲ၊

၄။ သတ္တိရှိတဲ့ ပထမခြေလှမ်းဟာ ……
ဘ၀ကွာခြားမှုရဲ့ အစပါ။

၅။ မစွန့်စားရဲခြင်းဟာ ……
အကြီးမားဆုံး စွန့်စားခြင်းဖြစ်တယ်။

၆။ ဆုံးရှုံးမှုကို စိုးရွှံ့ ခြင်းဟာ ……
အောင်မြင်မှုကို ငြင်းဆိုခြင်းဖြစ်တယ်။

ရ။ ရေဆိုတာ အနံ့အရသာ မရှိဘူးလို့
သိပ်ဗံဘာသာက ဆိုပါတယျ။
ရေမှာ အရသာရှိပါတယ်။ ရေတွင်းတစ်တွင်းနဲ့ တစ်တွင်း၊
ရေချောင်းတစ်ချောင်းနဲ့ တစ်ချောင်း၊ အရသာ လုံး၀ကွာခြားပါတယ်။

ရေရဲ့ အရသာ ရှင်းပြရတာ ခက်ပါတယ် …
သင်ကိုယ်တိုင် သောက်ကြည့်မှ သိနိုင်မှာပါ။

B ။ အခွင့်အရေးနဲ့ ပြတ်သားခြင်း
🍃🍃🍃🍃🍃🍃🍃🍃🍃

၁။ ယုံကြည်အားထားရတဲ့ ဦးဆောင်သူမှာ
ချီတုံချတုံ မရှိပါ။ ပြောတဲ့အတိုင်းလည်း
ဖြစ်အောင်လုပ်ပါတယ်။

၂။ အချိန်ဆွဲတတ်တဲ့ အကျင့်ဟာ ……
မကောင်းဆုံး အကျင့်ထဲမှာ ပါပါတယ်။

၃။ ကိုယ်နဲ့ မဆိုင်တဲ့ အလုပ်လည်း
ကူလုပ်တတ်ပြီဆိုရင် အခွင့်အရေး
ကျရောက်လာပါတော့မယ်။

၄။ ပါးနပ်လိမ္မာတဲ့ လူအဖို့ ကိစ္စတစ်ခု
ကြုံရတိုင်း အခွင့်အရေး ဖြစ်သွားတတ်ပါတယ်။

၅။ “ တကယ်လို့များ” ဆိုတဲ့ အတွေးနဲ့ …
သင့်ရဲ့ ပြတ်သားမူကို မတားဆီးမိပါစေနဲ့ ။

၆။ တစ်ခါတစ်လေ မှားယွင်းသွားတဲ့ ဆုံးဖြတ်ချက်ဟာ မဆုံးဖြတ်တာထက် သာပါတယ်။

၇။ အခွင့်အရေးဆိုတာ အချိန်တိုင်းမှာ ရှိပါတယ်။ အသက်ရှင်နေသေးသ၍ ရှိနေမှာပါ။

C ။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ( ပြင်းပြတဲ့ စိတ်ဆန္ဒ)
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၁။ ငါ “လိုချင်လိုက်တာ”ဆိုတာ မအောင်မြင်နိုင်ပါ။ ငါ“ ရကိုရရမယ်” ဆိုမှ အောင်မြင်မှာပါ။

၂။ အောင်မြင်တဲ့ နောင်မျိုးဆက် မဖြစ်ခဲ့ရပေမဲ့လို့ အောင်မြင်တဲ့ ပထမမျိုးဆက် ဖြစ်စေရမယ်။

၃။ ဖောင်ဖျက်ပြီး တိုက်ပွဲ၀င်ရင် နိုင်ဖို့ ပိုသေချာတယ်။

၄။ စိတ်နေ စိတ်ထားဟာ ကိုယ်တက်လှမ်းမဲ့ အမြင့်ကို အဆုံးအဖြတ်ပေးပါတယ်။

၅။ မတူညီတဲ့ အတွေ့အကြုံဟာ ကွဲပြားခြားနားတဲ့ အနာဂ္ဂါတ်ကို တည်ဆောက်တယ်။

၆။ ခြံစည်းရိုးကို မရမက ခုန်ကျော်ချင်ရင်
ဦးထုတ်ကို ဟိုဘက်ခြမ်း အရင်လှမ်းပစ်ထားရဲတဲ့ ယုံကြည်မှုမျိုး ရှိရပါမယ်။

D ။ ရှာဖွေတွေ့ရှိမှု ( ဆုံးဖြတ်တတ်မှု)
🌷🌷🌷🌷🌷🌷🌷🌷🌷🌷

၁။ အောင်မြင်သူတို့ဟာ ……
ဆုံးဖြတ်ချက်ချဖို့ ၀န်မလေးကြပါ။

၂။ ကျွန်တော်တို့ ပတ်၀န်းကျင်မှာ အောင်မြင်ဖို့ အခွင့်အရေး မရှားပါးပါ။

တွေ့ရှိတတ်တဲ့ မျက်လုံး……
အနံ့ခံတတ်တဲ့ နှာခေါင်း ရှားပါးနေခြင်းဖြစ်တယ်။

၃။ လူထူးချွန် ဖြစ်ချင်ရင်တော့……
လူသာမာန်တို့ရဲ့ အထင်အမြင်ကို ……
သင့် ဝေးကွာရပါလိမ့်မယ်။

၄။ ရည်ရွယ်ချက် တိကျပါစေ ……
ဆုံးဖြတ်ချက် ခိုင်မာပါစေ။

ကိုယ်ဘယ်နေရာ သွားမယ်ဆိုတာ
အတိအကျ သိသူများကို ……
ကံကြမ္မာက ပိုပြီးအခွင့်အရေး ပေးပါတယ်။

၅။ စီးပွားရေးသမားတို့ရဲ့ ဆဋ္ဌအာရုံဆိုတာ မွေးရာပါ မဟုတ်ပါ။
အတွေ့အကြုံရဲ့ အသီးအပွင့်သာဖြစ်တယ်။

E ။ ဥာဏ်ပညာ
🌻🌻🌻🌻🌻

၁။ အောင်မြင်သူများဟာ သူများဦးနောက်ကို ဖောက်စားတတ်သူများ ဖြစ်ကြတယ်။

၂။ ညံ့တဲ့လူများရဲ့ ဆရာလုပ်နေခြင်းထက်
တော်တဲ့သူများရဲ့ တပည့်ခံခြင်းဟာ ……
အထက်ကို ပိုရောက်လွယ်ပါတယ်။

ဒါကြောင့် အချွေအရံ ပေါများခြင်းသည်
မင်္ဂလာ မဟုတ်ပါ။

၃။ အသိမဲ့တဲ့ စွန့်စားမှုဟာ ……
သင့်ကို ပိုမိုဆုံးရှုံးစေတတ်ပါတယ်။

၄။ သတ္တိလည်းရှိမယ်၊ သတိလည်း ကြီးမယ်၊ စေ့စပ်သေချာရမယ်။

၅။ သင်ကိုယ်တိုင် ဥာဏ်ကြီးရှင် ဖြစ်နေစရာ မလိုပါ။ သင်အားသာချက်ကို ဖေါ်ထုတ်တတ်ဖို့တော့ လိုသည်။

၆။ လှပတဲ့ စာရေးကရိယာ ရောင်းတယ် ဆိုပေမဲ့ တစ်ခါတစ်လေ ဘဲဥရောင်းတဲ့ ဆိုင်လောက် အမြတ်မထွက်ပါ။

၇။ စီးပွားရေး အောင်မြင်လိုလျင် စျေးပတ်၀န်းကျင်တွင် ၀င်ဆန့်ရပ်တည်နိုင်သူ
ဖြစ်အောင် အရင်ကြိုးစားရပါမည်။

F ။ ဦးစီးဦးဆောင်မှု
🍁🍁🍁🍁🍁🍁

၁။ အောင်မြင်တဲ့ လုပ်ငန်းရှင်စစ်စစ်ဆိုတာ စီမံခန့်ခွဲတတ်တဲ့အပြင် သတ္တိကောင်းသူများ ဖြစ်ကြပါတယ်။

၂။ ခင်မင်စရာကောင်းပြီး သြဇာရှိတဲ့
ခေါင်းဆောင်ဖြစ်ပါစေ။

၃။ သင့်ရဲ့ အသင်းကို အမြဲတက်ကြွနေပါစေ။

၄။ နောက်လိုက်ကောင်းများ လိုချင်ရင် …
သင်ပေးဆပ်ရဲတဲ့ သတ္တိ အရင်လိုပါတယ်။

၅။ သင်၀န်ထမ်းကို အပြည့်အ၀ ယုံကြည်ပါ။ သူတို့သင့်ကို ပြန်ယုံကြည်လာပါလိမ့်မည်။

G။ အကြောက်တရား
🌿🌿🌿🌿🌿🌿

၁။ ကိုယ့်အကြောက်တရားကြောင့် ……
အသတ်ခံရတာမျိုး မဖြစ်ပါစေနှင့်။

၂။ သင်ကြောက်လို့ရသည်၊ သို့သော် မျက်စိရှေ့က ရန်သူကိုတော့ နိုင်အောင်တိုက်ပါ။

၃။ ချီတက်ပါ၊ ချီတက်ပါ၊ ဆက်ပြီးချီတက်ပါ။
ကြောက်စရာ စိတ်ထားသည်သာ ……
ကြောက်စရာ အကောင်းဆုံး ဖြစ်ပါတယ်။

၄။ ကြောက်လျင် ပိုလုပ်ပါ။
အကြောက် ပျောက်ဆုံးသွားပါမည်။

၅။ အဆိုးဆုံး အခြေအနေကို တွက်ချက်ထားပါ။ မျက်စိရှေ့က ပြဿနာ အသေးအဖွဲ ဖြစ်သွားပါမည်။

၆။ သင်အရူံးပေးမှ တကယ်ရှုံးမည်။

ရ။ အောင်မြင်ခါနီးလေ၊ ခက်ခဲလေ ဖြစ်တတ်သည်။

H ။ အကောင်းဆုံး ကြိုးစားခြင်း
🍄🍄🍄🍄🍄🍄🍄🍄🍄

၁။ သင်ကိုယ့်အတွက် အလုပ်လုပ်နေခြင်းဖြစ်သည်။
မိမိအတွက် အလုပ်လုပ်ခြင်းဖြစ်သည်။

၂။ အောင်မြင်သူတို့သည် မွေးရာပါ အလုပ်ရူးများဖြစ်ကြသည်။

၃။ အားကောင်းသော ပြိုင်ဘက်ရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။

၄။ အရူးတစ်ယောက်ကဲ့သို့ အရူံးမပေးကြေး။

၅။ စစ်သူကြီး မဖြစ်ချင်တဲ့ စစ်သား၊
စစ်သားကောင်း မဟုတ်ပါ။

၆။ အောင်မြင်သူတို့ဟာ ဝေဖန်မှု၊
လှောင်ပြောင်မှုကို ဂရုမစိုက်တတ်သူများ
ဖြစ်ကြသည်။

29/02/2020

credit

Architect ဆိုတာ အင်ဂျင်နီယာမဟုတ်ပါ
အင်ဂျင်နီယာဆိုတာ Architect မဟုတ်ပါ

Civil Engineer များ ဗိသုကာပုံဆွဲခွင့်မရှိပါ

အဆောက်အုံရဲ့ ဗိသုကာဒီဇိုင်းဖြစ်တဲ့ အခန်းဖွဲ့တွေ လှေကားနေရာတွေ ပြတင်းနေရာတွေ ထားသိုတာ အပြင်ပိုင်း အတွင်းပိုင်း စသဖြင့် အသီးသီးကို ပုံစံထုတ် ဒီဇိုင်းလုပ်တာတွေကို စနစ်တကျ Academic Program တွေမှာ လေ့ကျင့်သင်ကြားထားတဲ့ Professional Architect တွေပဲ လုပ်ခွင့်ရှိပါတယ်

Course work and jury များစွာထိုင်ပြီး.အချိန်ုကာမြင့်စွာ Rule and regulations များစွာလေ့ကျင့်ထားသူတွေပါ

Civil Engineer တွေရဲ့ Academic Program တွေမှာ အဲ့ဒါတွေမပါပါဘူး Function design မပါပါဘူး Theme တွေမပါပါဘူး

ရန်ကုန်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ Heritage ဗိသုကာ ဇုန်တွေထဲမှာ အဆီငေါ်မတည့် ထိုးထိုးထောင်ထောင်တွေ ကြောင်ကြောင်ကြားကြားတွေပေါ်လာတာဟာ ဗိသုကာပညာမှာ အခြေခံဖြစ်တဲ့ Rhythm တွေ Theme တွေကို ဆောင်ရွက်သူ တွေမသိခဲ့လို့ပါ

Civil Engineer များသည် ဗိသုကာ ဒီဇိုင်းရေးဆွဲခွင့်မရှိပါ

Architecture ဆွဲဖို့ပြုလုပ်ထားတဲ့ ဆော့ဝဲများလည်းလေ့လာဖို့မလိုပါ ဥပမာ V ray Rendering,3d max ,Revit architecture ဆော့ဝဲနဲ့ပုံဆွဲတတ်ရုံနဲ့ သူ့ရဲ့ အနှစ်သာရတွေကို လေ့လာမထားဘူးဆိုရင် ဗိသုကာဒီဇိုင်းကောင်းလဲဖြစ်လာမှာမဟုတ်ပါဘူး
Modeller ပုံဆွဲပဲဖြစ်မှာပါ

ကိုယ်မကျွမ်းကျင်ဘဲနဲ့ဝင်ရောက်လုပ်ကိုင်တာ Client ကိုလုပ်ပေးတာဟာ သူ့ကို ညာတာပဲဖြစ်ပါတယ်

Architect ဆိုတာ သီးခြား Profession တစ်ခုပါ Professional Body လည်းမတူပါဘူး

လူငယ်အင်ဂျင်နီယာများ ကိုယ်ရွေးချယ်လိုတဲ့လိုင်းကို တိတိကျကျ သိထားဖို့လိုအပ်ပါတယ် ခင်ဗျာ

ထွန်းဂေါင်ဦး

29/02/2020

Bar bending schedule ဆို တာ သူ့ ဝေါ ဟာ ရ အ တိုင်း ပဲ သံ ချောင်း ကွေး တာ၊ ဖြတ် တာ တွေ အ တွက် ပြ ထား တဲ့ ပုံ စံ စာ ရင်း တစ် ခု ပါ။ သူ့ မှာ Sr. No / Bar Shape / Size of Bar / No. of Bar / Cutting Lenght / Total Length စ တာ တွေ ပါ ပါ တယ်။
သူ့ မှာ အ ရေး ကြီး တာ အ ဓိ က ကျ တာ က Bar Shape ပါ။ ပြီး ရင် Lapping Length ပါ။ Bar Shape / Lapping Length တွေ က လည်း ဒေ သ တစ် ခု နဲ့ တစ် ခု၊ ဆိုဒ် တစ် ခု နဲ့ တစ် ဆိုဒ် တူ ချင် မှ တူ မှာ ပါ။ ဒါ ကြောင့် Structural က ပေး မ ထား ရင် ကိုယ် ဘယ် ပုံ စံ ကွေး မယ်၊ Lapping ဘယ် လောက် ထား မယ် ဆို တာ အ ရင် စဉ်း စား ဖို့ လို ပါ တယ်။ နယ် ဖက် မှာ တော့ Beam Top Bar နဲ့ Bottom Bar က Shape အ တူ တူ ပါ ဘဲ။ Lapping ကို တော့ သုံး ပေ ခွဲ ၄ ပေ လောက် ထား ကြ တယ်။ (Structural လည်း ကန် ထ ရိုက်၊ အင် ယာ လည်း ကန် ထ ရိုက်၊ ကန် ထ ရိုက် တာ လည်း ကန် ထ ရိုက် တာ ဘဲ ဆို ပြီး သူ့ ဟာ နဲ့ သူ တော့ ဟုတ် နေ တာ ပေါ့။
Bar Bending Schedule ဆွဲ မယ် ဆို ရင် အ ရင် ဆုံး လုပ် ရ မှာ က Bar Shape အ ရင် ဆွဲ ရ တာ ပါ။ Column & Beam တွေ အ တွက် အ ရင် တွက် ရ ပါ မယ်။ ပေ ရှည် ကို တော့ စု စု ပေါင်း ပေ ရှည် ထဲ က Concrete Cover တစ် ဖက် 1.5" နုတ် ရ တယ်။ Footing မှာ တော့ 3" မှ နုတ် ရ တယ်။ ကျန် တဲ့ ဟာ လည်း ဒီ လို ပါ ဘဲ။ စု ပေါင်း ပေ ရှည် ထဲ က concrete cover ကို နုတ် hook တွေ နဲ့ ပေါင်း ရင် ဖြတ် ရ မယ့် ပေ ရှည် ရ ပြီ။
Special credit & share with ko just

Photos from John Engineering & Construction Co.,ltd's post 28/12/2019

Kalay 13 Basic Education Branch Middle School
( 150’ x 30’ ) Kalay Township,
Sagaing Region.
2016 ~ 2017

28/12/2019

နှစ်သစ်မှာ မိတ်ဆွေများအားလုံး စီးပွားလာဘ်လာဘများပိုမိုတိုးတက်ပီး
အောင်မြင်ပါစေကြောင်း John Engineering & Construction Co.,Ltd. မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

11/10/2019

ချစ်သောမိတ်ဆွေများ
သီတင်းကျွတ် အခါသမယမှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း
John Engineering & Construction Co.,Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်
🙏🙏🙏

Photos from John Engineering & Construction Co.,ltd's post 01/07/2019

Kakyin Monastic Primary School
(82’x30’)Two Storyed,Sakyin Village
Madayar Tsp,Mandalay Region
(2016~2017)

Photos from John Engineering & Construction Co.,ltd's post 29/06/2019

Kyauk Kar Basic Education Post Primary School
(60’x30’) Two Storyed,Kyauk Kar Village
Kalay Tsp,Sagaing Region
(2015~2016)

Photos from John Engineering & Construction Co.,ltd's post 24/06/2019

Taw La Tha Basic Education Middle School
(150’x30’)in Taw La Tha Village
Latpadan Tsp,Bago Region
(2015~2016)

Photos from John Engineering & Construction Co.,ltd's post 22/06/2019

Sone Kone Basic Education High School
(102’x30’) Two Storyed
Pakokku Tsp,Magway Region.
(2015~2016)

Photos from John Engineering & Construction Co.,ltd's post 19/06/2019

Shar Taw Basic Education Middle School
(100’x30’) in Shar Taw Village
Pakokku Tsp,Magway Region.
(2015~2016)

Photos from John Engineering & Construction Co.,ltd's post 11/04/2019

Moe Mauk Basic Education High School
(132’x30’)Two Storyed
Moe Mauk Township,Kachin State.
(2015~2016)

Photos from John Engineering & Construction Co.,ltd's post 11/04/2019

Ye Nathar Monastic Primary School
(82’x30’) Two Storyed
Ye Nathar Village,Madaya Township,Mandalay.
(2015~2016).

Photos from John Engineering & Construction Co.,ltd's post 11/04/2019

Kay Kaw Rural Health Center
(42’x46’) and (32’x36’) One Storyed
Kay Kaw Village, Pruso Township, Kayah State.
(2015~2016)

Photos from John Engineering & Construction Co.,ltd's post 06/04/2019

Min Dat Basic Education Branch High School
(174’x30’)Two Storyed
Min Dat Township,Chin State.
(2015~2016)

Photos from John Engineering & Construction Co.,ltd's post 06/04/2019

Kat Kyay Seik Bridge
(135.9Mx3.66M)
Kyauk Gyi Township,Bago Region.
(2015~2016)

Photos from John Engineering & Construction Co.,ltd's post 06/04/2019

Tong Zan Basic Education High School
(112’x30’)Two Storyed
Tong Zan Township,Chin State.
(2015~2016)

Photos from John Engineering & Construction Co.,ltd's post 05/04/2019

Falam No. 2 Basic Education Branch High School
(162’x30’)Two Storyed
Falam Township,Chin State.
(2015~2016)

Photos from John Engineering & Construction Co.,ltd's post 05/04/2019

Kanbawza Theingi No(1) Nunnery School
(132’x30’) Two Storyed
Musel Township,Shan State.
(2014~2015)

Photos from John Engineering & Construction Co.,ltd's post 05/04/2019

Kan Oo Basic Education Branch Middle School
(100’x30’) One Storyed
Kan Oo Village,Kalay Township,Sagaing Region.
(2014~2015)

Photos from John Engineering & Construction Co.,ltd's post 30/03/2019

Min Ywar Basic Education High School
(72’x30) Two Storyed
Min Ywar Village,Thanat Pin Township,Bago Region.
(2014~2015)

Photos from John Engineering & Construction Co.,ltd's post 30/03/2019

Sap Kwin School
(92'x30') Two Storeyed
Sap Kwin Village,Kan Gyi Daunt Township,Ayeyarwaddy Region.
2014~2015

Photos from John Engineering & Construction Co.,ltd's post 15/02/2019

Monastic Primary School (120’x30’)
Taung Inn Village,Singu Township,Mandalay Region.
2012~2013

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11211

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 12:00

Other Engineering Services in Yangon (show all)
Han Sein Thant Horizontal Directional Drilling Service Han Sein Thant Horizontal Directional Drilling Service
Bld (112), Room 28/29, 3rd Floor, Above Mayangone YOMA Bank, Near 8th Mile Junction, Pyay Road, Mayangone Township
Yangon

Horizonal Directional Drilling and Pipe Laying Service

Aung Myint group steel structure Aung Myint group steel structure
Yatanartheinga Street, Dagon Seikkan Township
Yangon

H&K Engineering Co.,Ltd H&K Engineering Co.,Ltd
No. 175, Sebal Street, Bo Gyoke Aung San Main Road
Yangon, 11411

Generator Sale & Service

Artificial Intelligence - အေအိုအေအိုင် Artificial Intelligence - အေအိုအေအိုင်
No. 490, DammarYone Street , 47 Block, North Dagon
Yangon, 11051

Interested in the field (C++ Python VHDL/Verilog FPGA RaspberryPi Arduino DSP ML AI DeepLearning and Embedded Systems)

OKK OKK
Yangon

Rehoboth Steelweld Engineering Rehoboth Steelweld Engineering
Yangon, 11121

MSWE Provides process plant construction,maintenance & inspection of equipment,piping and welding.

Heaven Ice Engineering Group Air-con Sale & Service Centre Heaven Ice Engineering Group Air-con Sale & Service Centre
No. 70/Ohe Bo Street, Ohe Bo Qr, Kyimyintine
Yangon, 11101

service​ကောင်း​ကောင်း တာဝန်​ယူမှူ့အပြ?

Absolon Geotextile Absolon Geotextile
No(19), U Pho Hlaing Street , Shwe Pyi Thar Industrial Zone(3)
Yangon, 09972236235

Geotextile ကို 100% Polyester သုံးထားပြီး Korea ကုန်ကြမ်

Htun Brother-လျှပ်စစ်ပစ္စည်းပြုပြင်ရေး Yangon/ Mandalay Htun Brother-လျှပ်စစ်ပစ္စည်းပြုပြင်ရေး Yangon/ Mandalay
10(A)
Yangon, 11441

အိမ်တွင်း လျှပ်စစ်ပစ္စည်းအမျိုးမျိုးကို စျေးနှုန်းချိုသာစွာ ပြုပြင်/တပ်ဆင်ပေးပါသည်။

Future Comet Engineering Future Comet Engineering
Yangon

M&E Engineering Services

Naing Naing
Yangon

U Ba Han Street.Thingangyun Township.Yangon

Synergy Electrical Engineering Co.ltd Synergy Electrical Engineering Co.ltd
No. 55, Eaingyi Street, Pazundaung Township
Yangon

Reliable EPC Contractor ဘေးအန္တရာယ်ကင်းပြီးcustomerစိတ