Myint Tharaphu

Jewellery Wholesaler/Retailer We provide wholesale/retail diamonds and colour stones at a reasonable price.

Photos from Myint Tharaphu's post 28/11/2022

တူနှစ်ကိုယ်ကြားက ခိုင်မြဲမှုသစ္စာတို့ကို ကြည်နူးဂုဏ်ယူစွာဖြင့် သရုပ်ဖော်နိုင်စေဖို့ မြင့်သရဖူရတနာစိန်တိုက်၏ ကတိသဝဏ်စုံတွဲလက်စွပ်လေးများ

• ထူးခြားရှားပါး၍ ပြိုင်ဘက်မရှိ အဖိုးတန်ခြင်း၊
• ဖြူစင်သန့်ရှင်းကြည်လင်ခြင်း၊
• မင်္ဂလာနိမိတ်အဖြာဖြာတို့ဖြင့် ပြည့်စုံခြင်း တို့ဖြင့်
အဓိပ္ပာယ် ပြည့်ဝလွန်းလှသော အဖိုးတန် စိန် တွင်းထွက်ရတနာအား ပေါ့ပါးဆန်းပြားသည့် လက်ရာမွန်များဖြင့် မြင့်သရဖူရတနာစိန်တိုက်၏ ကျွမ်းကျင်ပန်းတိမ်ပညာရှင်များမှ မင်္ဂလာအပေါင်းခညောင်းစေဖို့ ပုံဖော်ပေးထားပါသည်။

ဘဝခရီးအတူတူလျှောက်လှမ်းကြမယ့်သူတို့ အချင်းချင်း သစ္စာတရား၏ ပြယုဂ် ကတိသဝဏ်လက်စွပ်များကို စိတ်တိုင်းကြ ရွေးချယ်နိုင်ကြစေဖို့ မြင့်သရဖူရတနာစိန်တိုက်သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်

𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Photos from Myint Tharaphu's post 25/11/2022

ဂျပန်လူမျိုးတို့၏အဆိုအရ ပွင့်ရွက် ၃ရွက်ပါအပင်များကြား ၄ရွက်ပါတဲ့ အပင်လေးတွေ့မိရင် ကံကောင်းသည်ဟု ယုံကြည်ကြသည်။ ပွင့်ရွက်လေးတိုင်းတွင် အချစ်၊ မျှော်လင့်ချက်၊ ယုံကြည်မှုနှင့် ကံကောင်းခြင်းဟူသည့် ပြည့်ဝသော အဓိပွါယ်များဖြင့် ပေါင်းစပ်ထားသော သစ်ရွက်ပုံသဏ္ဋာန်လေးအား အခြေပြု၍ အဖိုးထိုက်တန်သော စိန်တွင်းထွက်ရတနာဖြင့် မြင့်သရဖူရတနာစိန်တိုက်၏ တိုက်စစ်မှူး ကျွမ်းကျင်ပန်းထိမ်ပညာရှင်များမှ ဝယ်သူတို့၏နှလုံးသားကို စိုးမိုးနိုင်စေဖို့ အစွမ်းကုန် သေသပ်ကျော့ရှင်းအောင် ပုံဖော်ဖန်တီးပေးထားပါတယ်ရှင်။

အဖိုးတန်တွင်းထွက်ရတနာတို့ကို အမှတ်တရများစွာတို့ဖြင့် ပိုင်ဆိုင်နိုင်ကြစေဖို့ မြင့်သရဖူရတနာစိန်တိုက်သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်။

17/11/2022

အမျိုးသားနေ့

အစဉ်အလာကြီးမားလှသော သမိုင်းတွင်သည့် အထိမ်းအမှတ်နေ့တစ်နေ့ပင်ဖြစ်ပေသည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ပေါ်ပေါက်ခဲ့သော နေ့တစ်နေ့ပင်ဖြစ်သည်။ ဝံသာနုစိတ်ဓာတ်ပေါ်အခြေထား၍ ကျွန်ပညာရေးစနစ်အား ရဲဝံ့စွာတွန်းလှန်ခဲ့ကြသော ထူးခြားသည့် နေ့တစ်နေ့လည်း ဖြစ်သည်။ ထိုနေ့အား နောင်လာနောက်သား အမျိုးသားတို့ အမှတ်ရနေစေရန် အလို့ငှာ မြန်မာနိုင်ငံ၌ ၁၉၂၀ ပြည့်နှစ်မှ စ၍ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့ ဟူ၍ သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပကြလေသည်။
ယနေ့ ၂၀၂၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျင်းပသော ၁၀၂ ကြိမ်မြောက် မြန်မာနိုင်ငံအမျိုးသားနေ့အား မြင့်သရဖူရတနာစိန်တိုက်မှ ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြိုဆိုအပ်ပါသည်။

07/11/2022

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော တန်ဆောင်မုန်းလပြည့်နေ့ "သာမညဖလ အခါတော်နေ့" လေးဖြစ်ပါစေ

ကြည်နူးချမ်းမြေ့ဖွယ်ကောင်းသော တန်ဆောင်တိုင်ပွဲတော် ရက်မြတ်အချိန်အခါသမယလေးမှာ ချစ်ခင်ရသူလူကြီးမင်းမိတ်ဆွေများအားလုံး မြတ်နိုးတန်ဖိုးထားရတဲ့ မိသားစု၊ သူငယ်ချင်းများနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ပြီး စီးပွားလာဘ်လာဘတွေတိုးတက်ကြပါစေကြောင်း မြင့်သရဖူ မိသားစုမှ ဆုမွန်ကောင်းပို့သအပ်ပါသည်။

31/10/2022

ခမ်းနားဝင့်ကြွားသော မြန်မာ့ လက်မှုအနုပညာတို့ကို အဖိုးတန်တွင်းထွက်ရတနာ စိန်ကို ဆန်းပြားသစ်လွင်အောင် ဖန်တီးပုံဖော်ပေးထားသော မြင့်သရဖူရတနာစိန်တိုက်၏ စိန်လက်စွပ်

မှတ်ကျောက်တင် အာမခံချက်အပြည့်ရှိသော မြင့်သရဖူရတနာစိန်တိုက်၏ ထိပ်တန်းစိန်ပွင့်များကို ခမ်းနား အဖိုးတန်သော မြန်မာ့လက်မှုအတတ်ပညာတို့ဖြင့် သမ္ဘာရင့်ပန်းထိမ်ပညာရှင်များမှ အဏုစိပ်ပုံဖော်ထုဆစ်ပေးထားပါသည်။

တန်ဖိုးရှိလှသော သဘာဝတွင်းထွက်ရတနာတို့ကို ခမ်းနားလှသည့်အရာတို့ဖြင့် ပေါင်းစပ်ဖန်တီးကာ ဂုဏ်ရှိန်ဝါတို့ ထွန်းတောက်နေစေဖို့ မြင့်သရဖူရတနာစိန်တိုက်သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

29/10/2022

ခန့်ငြားမှုအသွင်အား ထည်ဝါသော တွင်းထွက်ရတနာတို့ဖြင့် ဆင်ယဉ်ဖော်ညွှန်းနိုင်စေမယ့် မြင့်သရဖူရတနာစိန်တိုက်၏ စိန်လက်စွပ်

စိန်အရွယ်အစား ၄ မျိုး စိန်ပွင့်ပေါင်း ( ၁၈၀ ) ကျော်အား အသုံးပြုထားပြီး ပြောင်မြောက်သော လက်မှုအတတ်ပညာတို့ကို အခြေပြု၍ ပျိုတိုင်းကြိုက်သော အဖိုးတန်ရတနာပစ္စည်းအဖြစ် မြင့်သရဖူရတနာစိန်တိုက်၏ ဝါရင့်ပညာရှင်များမှ တိကျသပ်ရပ်စွာ ဖန်တီးပုံဖော်ပေးထားပါသည်။

သဘာဝတရားမှရသော ဂုဏ်ရှိန်ဝါရှိသည့် တွင်းထွက်ရတနာများကို မှတ်ကျောက်တင် အာမခံမှုတို့ဖြင့် ရောင်းချပေးနေသော မြင့်သရဖူရတနာစိန်တိုက်သို့ လှမ်းလာခဲ့ရန် ဖိတ်ခေါ်အပ်ပါသည်။

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

28/10/2022

သဘာဝတရားရဲ့ ဖြစ်တည်မှုသာမက မြင့်မြတ်သော သင်္ကေတအဖြစ် လူသားတို့ မှတ်သားတန်ဖိုးထားကြသော ညောင်ရွက်ပုံအခြေခံထားသည့် မြင့်သရဖူရတနာစိန်တိုက်၏ စိန်လက်ကောက်

အထွဋ်အမြတ်ထားရာ ညောင်ရွက်ပုံစံမျိုးကို အရည်အသွေး ထူးကဲပြည့်ဝသော အဖိုးတန် စိန်တို့ဖြင့် သေသပ်ကျော့ရှင်းစွာ မြင့်သရဖူရတနာစိန်တိုက်၏ ဝါရင့်ပန်းထိမ်ပညာရှင်များမှ ပုံဖော်ဖန်တီးပေးထားပါတယ်ရှင်။
ရတနာရှိရာ ရတနာလာ ဆိုသည့် စကားရိုးအတိုင်း ရတနာပစ္စည်းများ တိုးပွားပိုင်ဆိုင်နိုင်စေဖို့ မင်္ဂလ ရတနာတို့ရှိရာ မြင့်သရဖူရတနာစိန်တိုက်သို့ ဖိတ်ခေါ်ပါရစေရှင်

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

27/10/2022

ကြီးကြီးထည်ထည်မှ နှစ်သက်မြတ်နိုးကြသော မိတ်ဆွေတို့အတွက် မြင့်သရဖူ ရတနာစိန်တိုက်၏ ထူးခြားထည်ဝါသည့် စိန်လက်စွပ်

ဂုဏ်ရှိန်ဝါတောက်ပ၍ ပွဲလယ်တင့်ထင်ရှားနေပြီး မျိုးရိုးအစဉ်အဆက်ရတနာပစ္စည်းအဖြစ် လက်ဆင့်ကမ်းထိန်းသိမ်းထားနိုင်သော အဖိုးအနဂ္ဃထိုက်တန်သော စိန်လက်စွပ် ရတနာပင်ဖြစ်သည်။

ရာနှုန်းပြည့် အာမခံစိန်များကိုသာ အသုံးပြုထားပြီး မြင့်သရဖူရတနာစိန်တိုက်၏ ပညာရှင်ပန်းထိမ်ဆရာများဖြင့် အဏုစိပ်ပုံသွင်းဖန်တီးဖန်တီးပေးထားသော လက်စွပ်ရတနာဖြစ်ပါသည်။

ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် ပြည့်စုံလွန်းသော စိန်ထည်ပစ္စည်းများကိုသာ ပိုင်ဆိုင်ချင်တယ်ဆိုရင် ရာနှုန်းပြည့် မှတ်ကျောက်တင် အာမခံချက်တို့ဖြင့်ရောင်းချပေးနေသော မြင့်သရဖူ ရတနာစိန်တိုက်သို့
ဖိတ်ခေါ်ပါရစေရှင်

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

26/10/2022

“ စိတ်ပျို ကိုယ်နု “ဆိုရိုးလေးအတိုင်း မိမိ၏ဂုဏ်ရှိန်ဝါ အလှတရားကို ယုံကြည်မှုအပြည့်ဖြင့် ပါးပြင်ပေါ်မှတဆင့် အလှကျက်သရေမင်္ဂလာနှင့် ဂုဏ်ရှိန်ဝါတို့ ထွန်းပြောင်းနေစေဖို့ မြင့်သရဖူရတနာစိန်တိုက်၏ စိန်နားကပ်

ခေတ်အဆက်ဆက်ပျိုမေတို့ အစဉ်မြတ်နိုးကြသည့် ရိုးရှင်းနန်းဆန်သော ခြယ်အသွင်သဏ္ဋာန်ကို ခေတ်နှင့်အညီ မြင့်သရဖူရတနာစိန်တိုက်၏ ဝါရင့်ပန်းတိမ်ပညာရှင်များမှ မေတ္တာတရားတို့ဖြင့် ဖန်တီးပုံဖော်ပေးထားပါသည်။

ရာနှုန်းပြည့် အာမခံချက်တို့ဖြင့် အဖိုးတန်တွင်းထွက်ရတနာတို့ကို ပိုင်ဆိုင်နိုင်စေဖို့ မြင့်သရဖူရတနာစိန်တိုက်သို့ တော်ဝင်လိပ်စာလေးအတိုင်း လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

25/10/2022

အံ့မခန်းသော မြန်မာ့လက်မှုအတတ်ပညာတို့ဖြင့် အခြေပြုပုံဖော်ဖန်တီးပေးထားသော မြင့်သရဖူရတနာစိန်တိုက်၏ စိန်ဆွဲသီး

ခေတ်အဆက်ဆက် သဘာဝတွင်းထွက်တို့၏ဘုရင် စိန် ကို မြန်မာမှု့အနုပညာများဖြင့် ပေါင်းစပ်ဖွဲ့စည်းကာ ခမ်းနားသော အလှကျက်သရေတို့ဖော်ဆောင်ဖို့ မြင့်သရဖူရတနာစိန်တိုက်၏ ပညာရှင်များမှ အဆင့်ဆင့် အဏုစိပ်ဖန်တီးပေးထားပါသည်.

သမိုင်းတွင်သောအလှ ခမ်းနားသောဂုဏ်တို့ ပိုင်ဆိုင်ကြဖို့ မြင့်သရဖူရတနာစိန်တိုက်သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

24/10/2022

တူနှစ်ကိုယ်ယှဉ်တွဲ ဘဝခရီးလမ်းလျှောက်လှမ်းကြမယ့် ချစ်ရသူအချင်းချင်း ချစ်သက်သေလက်ဆောင်ပဏ္ဍာပေးလိုသူတို့အတွက် မြင့်သရဖူရတနာစိန်တိုက်၏ ချစ်မှတ်တိုင်စုံတွဲလက်စွပ်

တစ်ဦးတစ်ယောက်တည်းကိုသာ ကိုယ်စားပြုရည်ညွှန်းသည့်အနေဖြင့် စိန် တစ်ပွင့်တည်းကိုသာ အသုံးပြုထားပြီး ရိုးရှင်းပျော်ရွှင်စွာ ဘဝတလျှောက်လုံး အတူတူလျှောက်လှမ်းမည်ဆိုသည့် နိမိတ်ကောင်းများဖြင့် မြင့်သရဖူရတနာစိန်တိုက်၏ ကျွမ်းကျင်ပန်းထိမ်ဆရာများမှ ဝမ်းမြောက်ဂုဏ်ယူစွာ ရည်ရွယ်ပုံဖော်ပေးထားပါတယ်ရှင်။

သီးသန့်ဖြစ်တည်မှုအတွက် ရင်ခုန်ပျော်ရွှင်စေဖို့ နိမိတ်ကောင်းများဖြင့် ပုံဖော်ထုဆစ်ထားသော အဖိုးတန်ရတနာပစ္စည်းများရှိရာ မြင့်သရဖူရတနာစိန်တိုက်မှ ပျူငှာစွာ ဖိတ်ခေါ်ပါရစေရှင်။

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

23/10/2022

ချစ်ရသူတို့ တစ်ဦးကိုတစ်ဦး မြတ်နိုးတန်ဖိုးထားမှု ချစ်သင်္ကေတလေးများကို ရိုးရှင်းပေါ့ပါးစွာ ဖော်ညွှန်းစေဖို့ မြင့်သရဖူရတနာစိန်တိုက်မှ မောင်နှံစုံတွဲလက်စွပ်ရတနာ

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယ ချစ်ရသူတို့ ဘဝလက်တွဲကြချိန်တွင် ချစ်သင်္ကေတမြတ်နိုးခြင်းလက်ဆောင်မွန်များကို စိန် တွင်းထွက်ရတနာဖြင့် ခေတ်မီပေါ့ပါး ရိုးရှင်းပြီး ကျက်သရေခမ်းနားစေမယ့် မောင်နှံစုံတွဲလက်စွပ်ရတနာများအား မြင့်သရဖူမှ ဝါရင့်ကျွမ်းကျင်ပန်းထိမ်ပညာရှင်များက ချစ်ခြင်းများဖြင့် ပုံဖော်ထုဆစ်ပေးထားပါသည်။

နှစ်ပရိစ္တေကြာလေ အဖိုးထိုက်တန်လေဖြစ်သော သဘာဝတွင်းထွက်ရတနာ စိန်ကို ချစ်ရသူနှစ်ဦးကြား ခိုင်မာသော သက်သေသင်္ကေတအဖြစ် ပိုင်ဆိုင်ကြစေဖို့ မြင့်သရဖူ ရတနာစိန်တိုက်မှ ချစ်ခင်ရင်းနှီးစွာ ဖိတ်ခေါ်အပ်ပါသည်။

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Photos from Myint Tharaphu's post 22/10/2022

ထူးခြားသော လက်ရာမွန်ဖြင့် ပျိုမဒီတို့ ထူးကဲစွာ အလှကျက်သရေမင်္ဂလာအဖြာဖြာတို့ ပြီးပြည့်စုံစေမယ့် မြင့်သရဖူရတနာစိန်တိုက်၏ စိန်ဆွဲသီး

ကျော့ရှင်းသော လည်တိုင်တွင် ခမ်းနားသောအလှကျက်သရေတို့ ပြည့်စုံစေဖို့ အဖိုးအနဂ္ဃထိုက်တန်လွန်းလှသော စိန်ဖြင့် မြန်မာမှုလက်ရာများကို အခြေပြု ထုဆစ်ပေးထားပါသည်။ သေသပ်ခိုင်မာသော လက်ရာ အရည်အသွေးအာမခံမှုရှိသည့် စိန်တို့ဖြင့် မြင့်သရဖူ၏ သမ္ဘာရင့်ပညာရှင်များ အဆင့်ဆင့်ဖန်တီးပေးထားခြင်းဖြစ်ပါသည်။

ထူးကဲဆန်းပြားသော လည်ဆွဲရတနာတို့ဖြင့် မူယာကျော့ရွှေလည်တိုင်ကို ဆင်ယဉ်မြန်းဖို မြင့်သရဖူ ရတနာစိန်တိုက် သို့သာ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

21/10/2022

ဂန္တဝင်တွင်ထည်ဝါသောအသွင်ဖြင့် အဖိုးထိုက်တန်လွန်းသော မြင့်သရဖူရတနာစိန်တိုက်၏ စိန်လက်ကောက်

လူသားတိုင်း မြတ်နိုးတန်ဖိုးထားကြသော ကမ္ဘာ့အဖိုးတန် သဘာဝတွင်းထွက်ရတနာ စိန်ကို ကျော့ရှင်းထည်ဝါသော မူပိုင်အလှဂုဏ်ရှိန်ဝါဖြင့် လှပနေစေရန် မြင့်သရဖူရတနာစိန်တိုက်၏ သမ္ဘာရင့်ပညာရှင်များမှ အဆင့်ဆင့် ပုံဖော်ဖန်တီးပေးထားပါသည်။

မူပိုင်အလှကျက်သရေတို့ဖြင့် အစဉ်ခမ်းနားထည်ဝါလှပတို့ ပိုင်ဆိုင်စေဖို့ မြင့်သရဖူရတနာစိန်တိုက်သို့ လှမ်းလာခဲ့ဖို့ ဝမ်းမြောက်စွာကြိုဆိုပါရစေရှင်

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

Photos from Myint Tharaphu's post 17/10/2022

“ရာဇဝင်တွင် ခမ်းနားဂုဏ်တင့်ခဲ့သော မင်းကတော်”

ရှေးယခင် သမိုင်းအစဉ်အဆက် သိက္ခာ၊အလှကျက်သရေ၊ ဂုဏ်ရှိန်ဝါတင့်တယ်လွန်းသည့် လက်တွဲဖော်ပါရမီဖြည့်ဘက်များကို “မင်းကတော်” ဟု တင်စားခေါ်ဝေါ်ကြလေသည်။

ထိပ်တန်းအရည်အသွေးရှိသည့် စိန် အပွင့်များကို အသုံးပြုထားပြီး တော်ဝင်ဆန်တည်ငြိမ်စွာ သမ္ဘာရင့်ပန်းထိမ်ပညာရှင်များ အဆင့်ဆင့် ပုံဖော်ဖန်းတီးပေးထားသည့် မြင့်သရဖူရတနာစိန်တိုက်၏ မင်းကတော်လက်ကောက်ရတနာဖြင့် မိတ်ဆက်ပေးချင်ပါတယ်။ စိန်ပွင့်များကို ရိုးရှင်းစွာပုံဖော်ပေးထားပြီး လက်ကောက်ရိုးပေါ်တွင် မြန်မာ့လက်မှုအနုပညာ ပုံရိပ်များထည့်သွင်း ပုံဖော်ပေးထားပါသည်။

“မင်းကတော်” ကဲ့သို့ ဂုဏ်ကျက်သရေမင်္ဂလာအဖြာဖြာ ပြည့်ဝသော အဖိုးတန်စိန်ထည်ပစ္စည်းကို ပိုင်ဆိုင်စေရန် မြင့်သရဖူရတနာစိန်တိုက်သို့ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်။

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

16/10/2022

အေးချမ်းခြင်းမေတ္တာတရားများဖြင့် မိခင်ဓာတ်ပြည့်ဝလွန်းလှသော လရောင်ကြီးဆီမှာ ငယ်စဉ်ကလေးဘဝမှစ၍ လိုအင်ဆန္ဒတွေကို ပျော်ရွှင်စွာ တောင်းတဖူးကြပေလိမ့်မည်။

လမင်းကြီးကဲ့သို့ အေးချမ်းမှုနှင့် တောက်ပမှုတို့ကို ပေးစွမ်းပြီးကျက်သရေနှင့်ပြည့်စုံသောစိန်ရတနာတို့ဖြင့် မြင့်သရဖူ ရတနာစိန်တိုက်၏ သမ္ဘာရင့်ပန်းထိမ်ပညာရှင်များမှ တန်ဖိုးထား စိတ်ကူးဖော်ဆောင်ပေးထားပါသည်။

ဝတ်ဆင်ရသူအတွက်ယုံကြည်မှုရှိနေစေပြီး မြင်တွေ့ရသူတိုင်းရှုမငြီးတဲ့ ခံစားမှုရသကို ပေးစွမ်းနိုင်မယ့် “လရောင်အောက်က မိန်းမပျို” စိန်ဆွဲသီးလေးကို ပိုင်ဆိုင်နိုင်စေဖို့ မြင့်သရဖူ ရတနာစိန်တိုက်သို့ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

15/10/2022

ရိုးရှင်းထည်ဝါသည့် ဘဝနေထိုင်မှုဂုဏ်တို့ကို ဖော်ညွှန်းပေးသော ကမ္ဘာ့အဖိုးတန်ဆုံး တွင်းထွက်ရတနာ စိန် ဖြင့် မြင့်သရဖူရတနာစိန်တိုက်မှ ပုံဖော်ပေးထားသော စိန်လက်စွပ်

တည်ကြည်သော အသွင်သဏ္ဋာန်ဖြင့် ထိပ်တန်းစံထားစိန်အရည်အသွေးများကို အသုံးပြုပေးထားပြီး ခိုင်ခံ့သပ်ရပ်သော လက်ရာမွန်များကို မြင့်သရဖူရတနာစိန်တိုက်၏ နှစ်ပေါင်းကြာရှည် လက်တွဲလုပ်ကိုင်ခဲ့သော ကျွမ်းကျင်ပန်းထိမ်ပညာရှင်များဖြင့် အဆင့်ဆင့် အလေးထား ပုံဖော်ထုဆစ်ပေးထားပါသည်။

ရိုးရှင်းစွာဖြင့် ထူးကဲသော အံ့မခန်းထည်ဝါကောင်းမွန်သည့် စိန်ထည်ပစ္စည်းများကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်စေဖို့ မြင့်သရဖူရတနာစိန်တိုက်၏ တော်ဝင်လိပ်စာအတိုင်း လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်။

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

&Jewellery

15/10/2022

ခေတ်ကာလကြာသည်နှင့်အမျှ အမြင်ရိုးမသွားနိုင်သည့် လက်ရာဒီဇိုင်းများကို အဖိုးတန်သည့် ဘိုးဘွားပိုင်အဆင်တန်ဆာအဖြစ် လက်ဆင့်ကမ်းရတနာတစ်ပါးဖြစ်သော စိန် တွင်းထွက်ရတနာတို့ကို ပေါင်းစပ်ကာ မြင့်သရဖူရတနာစိန်တိုက်၏ မိတ်ဟောင်းမိတ်သစ်များအတွက် ပုံဖော်ထုဆစ်ပေးထားသော ဒဏ္ဍာရီလက်စွပ်ရတနာ

မြန်မာ့လက်မှုအနုပညာများကို အခြေခံထားပြီး ရိုးရှင်းစွာဖြင့် တည်ငြိမ်သော အလှကို ဖော်ဆောင်ပေးနိုင်ရန် မှတ်ကျောက်တင်အရည်အသွေးကောင်းမွန်သော မြင့်သရဖူ ရတနာစိန်တိုက်၏ စိန်များကို အသုံးပြုပုံဖော်ပေးထားပါသည်။ ထူးခြားသော အသေးစိတ်ပုံဖော်မှုများဖြင့် မတူညီသော အဆင်ဒီဇိုင်းမျိုးစုံကို ကျွမ်းကျင်ပန်းထိမ်ပညာရှင်များက ဂုဏ်ယူစွာဖြင့် ပုံဖော်ပြုလုပ်ပေးထားပါသည်။

ထည်ဝါသော လက်ချောင်းလေးများတွင် စစ်မှန်သောအဖိုးတန်ရတနာပစ္စည်းတို့ ဆင်မြန်းပိုင်ဆိုင်နိုင်ကြဖို့ မြင့်သရဖူရတနာစိန်တိုက်သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

13/10/2022

တော်ဝင်အလှကျက်သရေတို့ဖြင့် ပြည့်စုံကြွယ်ဝမည့် မြင့်သရဖူရတနာစိန်တိုက်၏ တော်ဝင်ဝမ်းဆက်ရတနာ

ကာလရှည်ကြာစွာ ဝယ်သူတို့၏ ယုံကြည်မှုကို ရရှိထားသော စိန်ထည် အမျိုးမျိုးအား သမ္ဘာရင့် ကျွမ်းကျင်ပန်းထိမ်ပညာရှင်ကြီးများမှ အသေးစိတ်ပုံဖော်ထုဆစ်ပေးထားပါသည်။

ပျိုမေတိုင်းနှစ်သက်မြတ်နိုးခဲ့ကြသည့် ခြယ်ပုံစံ အဆင်လေးကို အခြေခံထားပြီး စိန်ချောင်း စိန်ပွင့်များ ခြံရံလျက် ခေတ်မီပေါ့ပါးဆန်းသစ်သော ပုံစံမျိုးဖြင့် ပုံဖော်ဖန်တီးပေးထားပါသည်။

အလှကျက်သရေနှင့်ပြည့်စုံသောစိန်ထည်ပစ္စည်းများ ပိုင်ဆိုင်စေဖို့ မြင့်သရဖူရတနာစိန်တိုက်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါရစေရှင်။

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

Photos from Myint Tharaphu's post 11/10/2022

ပုရိသတို့အတွက် တည်ကြည်ခံ့ငြား ဂုဏ်ရှိန်ထည်ဝါစေဖို့ မြင့်သရဖူ ရတနာစိန်တိုက်မှ ဖန်တီးပုံဖော်ပေးထားသော စိန်လက်စွပ် ရတနာ
စကားတစ်လုံးတည်းဖြင့် အဖိုးတန်မှု ထည်ဝါမှု ဂုဏ်ရှိန်ကြီးမှုတို့ကို ဖော်ညွှန်းသော စိန် တွင်းထွက်ရတနာဖြင့် တည်ကြည်ခံ့ညားမှု၊ ဂုဏ်ရှိန်ထည်ဝါမှု၊ ရိုးရှင်းတော်ဝင်မှု ရသတို့ကို ရယူပိုင်ဆိုင်နိုင်ကြစေရန် မြင့်သရဖူ ရတနာစိန်တိုက်၏ ဝါရင့်ပန်းထိမ်ပညာရှင်များမှ ထုဆစ်ပုံဖော်ပေးထားပါသည်။ အသွင်သဏ္ဍာန် အမျိုးမျိုးကိုကြည့်ရှုခံစားရင်း နှစ်သက်ရာ ရွေးခြယ်ဝယ်ယူအားပေးနိုင်စေဖို့ မြင့်သရဖူရတနာစိန်တိုက်သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

09/10/2022

စကြာဝဠာတခွင် ဂါရဝတရားဖြင့် ချစ်ခင်ရင်းနှီးစွာ ပူဇော်ကြသည့် သီတင်းကျွတ်မီးထွန်းပွဲတော်ကို မြင့်သရဖူ ရတနာစိန်တိုက်မှ ဝမ်းမြောက်ကြည်နူးစွာဖြင့် ကြိုဆိုပူဇော်ကန်တော့လိုက်ပါသည်။

ဝါလကင်းလွတ် သတင်းကျွတ်အခါသမယတွင် မြင့်သရဖူ ရတနာစိန်တိုက်၏ မိတ်ဟောင်းမိတ်သစ်အပေါင်း စိတ်နှလုံးအေးချမ်းသာယာပြီး စီးပွားဥစ္စာများ တိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Instagram Link : https://www.instagram.com/myint_tharaphu/

Photos from Myint Tharaphu's post 08/10/2022

ကြည်ရှင်းတောက်ပသည့် ကျက်သရေမင်္ဂလာတို့ကို ဖော်ကျူးရန် တဖိတ်ဖိတ်တောက်ပသော စိန်ပွင့်များဖြင့် အသက်သွင်းပေးထားတဲ့ မြင့်သရဖူ၏ စိန်ဆွဲသီးများ

စိန်ဆွဲသီးများကို ရာနှုန်းပြည့် အရည်အသွေးအာမခံမှုရှိသည့် စိန်ကို အသုံးပြုထားပြီး မြင့်သရဖူမှ ကျွမ်းကျင်ပညာရှင်များ၏ ထူးခြားသောပုံဖော်မှုများ ပေါင်းစပ် ဖန်းတီးပေးထားပါသည်။

အရွယ်သုံးပါးမရွေး ပျိုမေတို့ ဆင်မြန်းစေရန် ရိုးရှင်းပေါ်လွင်သော ဒီဇိုင်းများကိုသာ ပုံဖော်ဖန်တီးပေးသည့် မြင့်သရဖူ ရတနာစိန်တိုက်၏ စေတနာပင်ဖြစ်သည်။ စိန်ချောင်း စိန်ပွင့်ကလေးများအသုံးပြု၍ သေသပ်ခိုင်ခံ့သော စိန်ဆွဲသီးလေးများကို မိတ်ဆက်ပေးချင်ပါတယ်။

အေးချမ်းတည်ငြိမ်စွာဖြင့် ရိုးရှင်းနန်းဆန်သော စိန်ဆွဲသီးများကို ပျိုမေတို့ ကိုယ်တိုင် ဆင်မြန်းရန် ဖြစ်ဖြစ်၊ သီတင်းကျွတ်အခါသမယမှာ ဂါရဝလက်ဆောင်ပဏ္ဍာပေးရန်ဖြစ်ဖြစ် မြင့်သရဖူ ရတနာစိန်တိုက် သို့ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်

🏢𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

07/10/2022

ဘုန်းရောင်ဝါတို့ ထွန်းတောက်ထည်စေရန် ခိုင်ခံ့မာကြောအဖိုးတန်တွင်းထွက် ရတနာတစ်ပါးဖြစ်သည့် စိန် ကို အသုံးပြု၍ ဖန်တီးထားသော မြင့်သရဖူ ၏ စိန်လက်စွပ်

ဝယ်သူအားပေးသူတို့၏ ဝမ်းမြောက်ပီတိအတွက် အရည်အသွေးအာမခံမှုရှိသည့် စိန် ကိုသာအသုံးပြုထားပြီး မြင့်သရဖူမှကျွမ်းကျင်ပညာရှင်များ၏ သေသပ်ဆန်းပြားခမ်းနားသော လက်ရာမွန်တို့ဖြင့် ပေါင်းစပ် ဖန်းတီးပေးထားပါသည်။

ပိုင်ဆိုင်ရသူအဖို့ ဧကရာဇ်တစ်ပါးအသွင် ဘုန်းရှိန်ဝါတို့ဖြင့် အသွင်ဆောင်ကာ ခမ်းနားစေမယ့် လက်စွပ်ရတနာ ဖြစ်ပါသည်။ တဖိတ်ဖိတ်တောက်ပနေသော အရည်ပြည့် စိန်ကို အသုံးပြုကာ သမ္ဘာရင့်ကျွမ်းကျင်ပညာရှင်များမှ အံ့မခန်းပြုလုပ်ပေးထားပါသည်။

ထည်ဝါတင့်တယ်သော ဘုန်းရှိန်တိုးသည့် လက်စွပ်ရတနာကို အဆွေတို့ရဲ့ လက်ချောင်းကလေးများတွင် ဆင်မြန်းစေနိုင်ရန် မြင့်သရဖူ ရတနာစိန်တိုက်မှ ကြိုဆိုပါရစေရှင်။

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

06/10/2022

သဘာဝ၏ခမ်းနားမှု အသွင်ကို ဖော်ကျူးပေးသည့် အဖိုးတန် စိန် ကို အခန်းနားဆုံး ပုံဖော်ပေးထားသည့် မြင့်သရဖူ၏ စိန်ရတနာဝမ်းဆက်
အရည်အသွေးအာမခံမှု အပြည့်ရှိသည့် စိန် ကိုသာအသုံးပြုထားပြီး မြင့်သရဖူမှ
ကျွမ်းကျင်ပညာရှင်များ၏ စနစ်ကျကျွမ်းကျင်မှု ရိုးရှင်းထည်ဝါသော ဆန်းသစ်မှုတို့ကို ပေါင်းစပ်ကာ ဖန်းတီးပေးထားပါသည်။
ပွဲလယ်တင့်စေမယ့် နားကပ်၊ လက်စွပ်၊ လက်ကောက်တို့ကို မြင့်သရဖူ၏ အာမခံအရည်အသွေးရှိသည့် စိန်ပွင့်များဖြင့် အရွယ်မရွေး အမျိုးသမီးတို့ ရာသီမရွေး ဆင်မြန်းနိုင်ကြဖို့ ရည်ရွယ်ပုံဖော် ပေးထားပါတယ်ရှင်။
စိန်ပွင့်လေးတိုင်းသည် မိတ်ဆွေတို့ ဂုဏ်ရှိန်ဝါထည်ဝါဖို့ တာဝန်ယူပေးထားတဲ့ စိန်ဝမ်းဆက်ကို ကိုယ်တိုင်ဝတ်ဝတ် သီတင်းကျွတ်ကာလ ဂါရဝလက်ဆောင်ပဏ္ဋာပေးပေး မြင့်သရဖူ ရတနာစိန်တိုက်သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

Photos from Myint Tharaphu's post 04/10/2022

တင့်တယ်လှသော ကျက်သရေ ဂုဏ်ရှိန်ဝါတို့အား အဖိုးတန်တွင်းထွက်ရတနာ စိန်ဖြင့် ပုံဖော်အသက်သွင်းဖို့ မြင့်သရဖူ၏ ခမ်းနားသော စိန်လက်စွပ်

ရာနှုန်းပြည့် အရည်အသွေးအာမခံမှုတို့ပေးစွမ်းနိုင်သော မြင့်သရဖူ ရတနာစိန်တိုက်မှ စိန်ကို သမ္ဘာရင့်ဝါရင့်ပန်းထိမ်ပညာရှင်များ၏လက်ရာမွန်တို့ဖြင့် ပေါင်းစပ်ပုံဖော်ပေးထားပါသည်။

လျှို့ဝှက်သောအလှတရားတို့ဖြင့် ပြည့်နက်နေသည့် သမုဒ္ဒရာပင်လယ်ကြီးအား ကိုယ်စားပြုပြီး လှိုင်းလုံးများ အသွင်သဏ္ဋာန်ဖော်ဆောင်ဖန်တီးပေးထားသော မြင့်သရဖူ ရတနာစိန်တိုက်၏ အဖိုးတန်လက်စွပ်ရတနာများဖြင့် မိတ်ဆက်ပေးချင်ပါတယ်။

လျှို့ဝှက်ခန်းနားသော အလှတရားတို့ဖြင့် တဖိတ်ဖိတ်တောက်ပနေသော စိန်လက်စွပ်တို့ကို ဆင်မြန်းရန်အတွက် မြင့်သရဖူ ရတနာစိန်တိုက်မှာ ကြိုဆိုပါတယ်ရှင်.

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

Photos from Myint Tharaphu's post 03/10/2022

အဖိုးအနဂ္ဃထိုက်တန်လွန်းလှသည့် စိန်ပွင့်များကို ခမ်းနားထည်ဝါသော အသွင်သဏ္ဍာန် အသက်သွင်းထားသည့် မြင့်သရဖူ ရတနာစိန်တိုက်၏ တော်ဝင်သော စိန်လက်ကောက်

ဝယ်ယူအားပေးသူများထံမှ ယုံကြည်မှု အပြည့်အဝရရှိထားသည့် မြင့်သရဖူ၏ စိန် အရည်အသွေးတို့နှင့် ကျွမ်းကျင်ပညာရှင်များ၏ သေသပ်ဆန်းပြားသော လက်ရာမွန်တို့ဖြင့် ပေါင်းစပ် ဖန်တီးပေးထားပါသည်။

ဆင်မြန်းထားသည့် လက်ဝတ်ရတနာ အဆင်တန်ဆာတို့သည် ဂုဏ်ရှိန်ဝါခမ်းနားခြင်းတို့ရဲ့ ပြယုဂ် တစ်ခု အပါအဝင် ဖြစ်သည်။ အံ့မခန်းဒီဇိုင်းပေါ်တွင် စိန်ပွင့်ပေါင်း (၂၅၀)‌ကျော်ကို အသုံးပြု၍ မြင့်သရဖူမှ ပင်တိုင်ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် အဏုစိပ်ပုံဖော်ပေးထားသည့် တော်ဝင်စိန်လက်ကောက် ဖြစ်ပါသည်။

ခမ်းနားထည်ဝါလှသော အံ့မခန်းထည်ဝါသော စိန်လက်ကောက်ဖြင့် အလှဆင်ယဉ်မြန်းဖို မြင့်သရဖူ ရတနာစိန်တိုက်သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

Photos from Myint Tharaphu's post 02/10/2022

ဂုဏ်ရှိန်ဝါတို့ ခမ်းနားတင့်တယ်ဖို့ တော်ဝင်စံထား အဖိုးထိုက်တန်လှသည့် စိန် သဘာဝတွင်းထွက်ရတနာဖြင့် ဖန်တီးထားသော မြင့်သရဖူ ၏ စိန်လည်ဆွဲ။

မှတ်ကျောက်တင်စံထား စိန် အရည်အသွေးအာမခံမှုရှိသည့် မြင့်သရဖူမှ
ကျွမ်းကျင်ပညာရှင်များ၏ သေသပ်ဆန်းပြားသော အဏုစိပ်လက်ရာမွန်တို့ဖြင့် ပေါင်းစပ် ဖန်တီးပေးထားပါသည်။
သဘာဝ၏ ဖြစ်တည်မှု သစ်ရွက်ကလေးများအား လက်ရာမြောက်လှသော အနွယ်အခက်များကို အခြေခံထားပြီး အသေးစိတ်ပြုလုပ်ထားသည့် ခေတ်မီဆန်းပြားသည့် လက်ရာမွန်လေးကို ပိုင်ဆိုင်စေချင်ပါတယ်။

ရင်သပ်ရှုမောရလောက်အောင် ရွှေလည်တိုင်ကို အလှဆင်ယဉ်မြန်းဖို မြင့်သရဖူ ရတနာစိန်တိုက် သို့သာ ကြွလှမ်းခဲ့ကြဖို့ ဖိတ်ခေါ်ပါရစေ။

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

01/10/2022

ဝဿန်ဥတုအခါသမမှာ အေးချမ်းခြင်း လာဘ်လာဘပေါများခြင်း၊ ကံကောင်းပျော်ရွှင်ရခြင်း၊ ချစ်ခင်မြတ်နိုးမှုတို့ရရှိခြင်းဟူသည့် အနက်တို့ဖြင့် ပြည့်ဝနေသော 𝐓𝐨𝐮𝐫𝐦𝐚𝐥𝐢𝐧𝐞 နှင့် 𝐎𝐩𝐚𝐥 ကျောက်မျက်ရတနာလေးတွေကတော့ အောက်တိုဘာလ မွေးဖွားသူတို့ရဲ့ မွေးလကျောက်လေးတွေ ဖြစ်ပါတယ်။

ဖရဲအူကျောက် (𝐓𝐨𝐮𝐫𝐦𝐚𝐥𝐢𝐧𝐞)
ဖရဲအူကျောက်များသည် အရောင်အသွေးစုံလင်သကဲ့သို့ ၂ရောင်စပ် ၃ရောင်စပ်တို့အပြင် အများဆုံး အရောင် ၁၁ ရောင်စပ်ထိ ပါဝင်သော ကျောက်များပင် ရှိပေသည်။ သီရိလင်္ကာမှ ထွက်ရှိသော ဖရဲအူကျောက်မှာ အရည်အသွေးကောင်းမွန်လှသည်။ မြန်မာနိုင်ငံ၏ ဖရဲအူကျောက် ထွက်ရှိရာမြို့မှာ လွိုင်ကော်မြို့ဖြစ်သည်။ အရောင်အသွေး စုံလင်လှသော ဖရဲအူကျောက်( 𝐓𝐨𝐮𝐫𝐦𝐚𝐥𝐢𝐧𝐞 ) သည် ပျိုမေတို့အသည်းကို တဖြုတ်ဖြုတ်ကြွေစေတဲ့ ရတနာတစ်ပါးပဲ ဖြစ်ပါပေသည်။

ရွဲကျောက် (𝐎𝐩𝐚𝐥)
တည်ငြိမ်သော ရိုးရှင်းသည့် အလှကို ဖော်ကြူးပြီး သေးငယ်သော ရောင်စဉ်ကလေးများ ဖြာထွက်တောက်ပနေသော အသွင်မှာ ရွဲကျောက် (𝐎𝐩𝐚𝐥) ၏ နှစ်သက်မြတ်နိုးဖွယ်ကောင်းသော ထူးခြားမှုပင်ဖြစ်သည်။ နူးညံ့သည့် အမှုန့်ကလေးများဖြင့် ဖွဲ့စည်းထားသော ရွဲကျောက်သည် အပူချိန်မြင့်မားခြင်း၊ ရေဓာတ်ခန်းခြောက်နိုင်ခြင်း၊ အလင်းတိုက်ရိုက် ထိတွေ့မှုများခြင်းတို့ကြောင့် ကွဲအက်လွယ်နိုင်သောအချက်ကို ဝတ်ဆင်သူတို့အနေနဲ့ သိနားလည်သင့်ပေသည်။ ဩစတြေးလျနိုင်ငံသည် ရွဲကျောက်ထွက်ရှိရာ ပင်မနိုင်ငံဖြစ်သည်။

မြင့်သရဖူ ရတနာစိန်တိုက်၏ မိတ်ဟောင်းမိတ်သစ်များ အားလုံး စီးပွားဥစ္စာရတနာများ အစဉ်တိုးတက်ကြီးပွားပြီး စိတ်နှလုံး အေးချမ်းသာယာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း အောက်တိုဘာလမွေးဖွားသူတို့ ရဲ့ မွေးလကျောက်အဆောင်များကို မျှဝေပေးလိုက်ပါတယ်ရှင်။

Instagram Link : https://www.instagram.com/myint_tharaphu/

Photos from Myint Tharaphu's post 30/09/2022

ထည်ဝါသောသွင်ပြင် ဆန်းပြားသေသပ်သောလက်ရာ အဖိုးထိုက်ဆုံးသော စိန်တို့ဖြင့် ပေါင်းစပ်ဖန်တီးထားသော မြင့်သရဖူ၏ တော်ဝင်နားဆွဲ

တော်ဝင်နားဆွဲကို အရည်အသွေးအာမခံမှုရှိသည့် စိန် ကိုသာအသုံးပြုထားပြီး မြင့်သရဖူမှ ကျွမ်းကျင်ပညာရှင်များ၏ ထူးခြားသော အဏုစိပ်လက်ရာမွန်တို့ဖြင့် ဖန်တီးပုံဖော်ပေးထားပါသည်။

လူသားတို့၏ ယုံကြည်မှု အယူအဆများအရ ပူပင်သောက ကင်းဝေးပြီး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်ဝခမ်းနားစေဖို့ ၁၁ ဂဏန်းလေးကို ဆောင်ယောင်ဝတ်ဆင်တတ်ကြပေသည်။

မြင့်သရဖူ ရတနာစိန်တိုက်ရဲ့ တော်ဝင်နားဆွဲကလည်း ပွင့်ဖတ်လေး ၁၁ ခက်ကို အခြေခံထားပြီး အဖိုးထိုက်တန်သည့် စိန်ကို အသုံးပြုကာ ပျိုမေတို့ ယုံကြည်မှုများကို ရတနာပစ္စည်းတို့ဖြင့် အသက်သွင်းနိုင်စေရန် ဖန်တီးပုံဖော်ပေးထားခြင်း ဖြစ်ပေသည်။

ခေတ်မီထည်ဝါပြီး အရည်အသွေးကောင်းမွန်သော တော်ဝင်နားဆွဲရတနာကို အလှဆင်မြန်းဖို မြင့်သရဖူ ရတနာစိန်တိုက်သို့သာ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

Photos from Myint Tharaphu's post 27/09/2022

ဦးစွာပထမ နှစ်ကာလကြာရှည်စွာ ယုံကြည်မှုတို့ဖြင့် အစဉ်အားပေးခဲ့သော မြင့်သရဖူ၏ မိတ်ဟောင်းမိတ်သစ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်၊၊

မြင့်သရဖူရဲ့ ကျွမ်းကျင်ပညာရှင်များမှ အရည်အသွေးကောင်းမွန်သော "မြ" တွင်းထွက်ရတနာကို "စိန်" နှင့် ‌ပေါင်းစပ်ကာ အဏုစိပ်လက်ရာမွန်ဖြင့် ဖန်တီးပြုလုပ်ပေးထားသော ဆွဲသီးရင်ထိုး၊၊

ဝယ်ယူသူမိတ်ဆွေအား မြင့်သရဖူ ရတနာစိန်တိုက် မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။

Instagram Link : https://www.instagram.com/myint_tharaphu/

&Jewellery

Photos from Myint Tharaphu's post 25/09/2022

အလှပေါ်အယဉ်ဆင့် ပျိုမေတို့လည်တိုင်မှာ ခမ်းနားမှု ဂုဏ်ရှိန်ဝါများ အသက်သွင်းနိုင်ဖို့ အဖိုးတန်ကျောက်မျက်ရတနာတစ်ပါးဖြစ်သော စိန်တို့ဖြင့် ပြုလုပ်ဖန်တီးထားသည့် စိန်လည်ဆွဲတို့ဖြင့် မိတ်ဆက်ပေးချင်ပါတယ်။

ယခုမိတ်ဆက်ပေးထားသော လည်ဆွဲရတနာများကို အရည်အသွေး ကောင်းမွန်သည့် စိန် ကို အသုံးပြုထားပြီး သေသပ်လှပ ကောင်းမွန်သော Myint Tharaphu Gems & Jewellery မှ ပန်းထိမ်ပညာရှင်များမှ အဏုစိပ်ပုံဖော်ပေးထားပါတယ်နော်။

ကျော့ရှင်းလှသော လည်တိုင်လေးတွေမှာ ရိုးရှင်းခမ်းနားလှသော လည်ဆွဲရတနာများ ဆင်မြန်းကြဖို့ Myint Tharaphu Gems & Jewellery ကို လှမ်းလာခဲ့ဖို့ ပျူငှာနွေးထွေးစွာ ကြိုဆိုပါရစေရှင်

🏢 𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞 𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

24/09/2022

သဘာဝတွင်းထွက် ကျောက်မျက်ရတနာများအနက် တည်ကြည်ခြင်းဟူသည့် ဂုဏ်ရှိန်ဝါဖြင့် အဖိုးထိုက်တန်သည့် “နီလာ”ကျောက်မျက်ရတနာကို လူတိုင်းမြတ်နိုး တန်ဖိုးထားကြပေလိမ့်မည်။

မိမိတန်ဖိုးထားရသည့် ကျောက်မျက်ရတနာတို့အကြောင်းကိုလည်း စိတ်ဝင်စားကြမယ်ဆိုတာ သေချာပါတယ်။ မိတ်​ဆွေတို့ စိတ်ဝင်တစား လေ့လာထားသော ကျောက်မျက်ရတနာလေးများအကြောင်းကို ပြန်ပြီး အမှတ်ရစေလိုခြင်း ထိုအချိန်ခါက အမှတ်တရများကို ပြန်လည်သတိရ ကြည်နူးစေခြင်းတို့ ဖြစ်ပေါ်စေရန်အတွက် ကျွန်မတို့နဲ့အတူတူ ဒီမေးခွန်းလေးကို ဖြေကြည့်ကြမယ်နော်.

မေးခွန်း - အဖိုးထိုက်တန်လွန်းသည့် လေးသွယ်သော နီလာကျောက်မျက်ရတနာတို့၏ အမည်လေးများကို သိကြပါသလား?

အဖြေလေးတွေနဲ့အတူတူ 𝐌𝐲𝐢𝐧𝐭 𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮 𝐆𝐞𝐦𝐬 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 ရဲ့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ဆုံကြမယ်နော်.

Instagram Link : https://www.instagram.com/myint_tharaphu/

Photos from Myint Tharaphu's post 23/09/2022

ကမာကောင်လေးတွေရဲ့ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသည့် ပုလဲသည် တွင်းထွက် ကျောက်မျက်ရတနာအမျိုးအစား မဟုတ်ပဲ ဇီဝကျောက်မျက်ရတနာ အမျိုးအစားဖြစ်ခြင်းမှာလည်း ထူးခြားမှု တစ်ခုပင်ဖြစ်ပေသည်။ နဝရတ်ကိုးသွယ်တွင်လည်း ပုလဲရတနာသည် တစ်ပါး အပါအဝင်ဖြစ်ပေသည်။
အေးချမ်းခြင်း၊ ကျက်သရေမင်္ဂလာပြည့်စုံခြင်းများ၊ လာဘ်လာဘ ပေါများခြင်းဟူသည့် ထူးခြားသော ဂုဏ်သတ္တိများကြောင့်လည်းကောင်း ဆင်မြန်းထားသည့်အချိန်အခါများတွင်လည်း နန်းဆန် တော်ဝင်ခမ်းနားမှု ပေးစွမ်းနိုင်သည်တို့ကြောင့်လည်းကောင်း ပုလဲရတနာကို ရှေးယခင်မှစ၍ ယနေ့ထိ အမြတ်တနိုး ဝတ်ဆင်ကြပေသည်။
ကောင်းခြင်းအဖြာဖြာဖြင့် ပြည့်စုံသော ရွှေဝါရောင် ပုလဲအား အဖိုးတန် “စိန်”တို့ဖြင့် ပေါင်းစပ်ကာ အရိုးရှင်းဆုံးနဲ့ အပေါ်လွင်ဆုံး ဖ်းတီးပေးထားသည့် ပုလဲရတနာလေးကို ပိုင်ဆိုင်နိုင်ကြဖို့ ပျိုမေတို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်….

🏢𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

Instagram Link : https://www.instagram.com/myint_tharaphu/

22/09/2022

"နီလာ" ဟု ခေါ်ဆိုရာတွင်
သဘာဝတွင်းထွက်ကျောက်မျက်ရတနာများထဲတွင် ဒုတိယအဖိုးထိုက်တန်ဆုံး ကျောက်မျက်ရတနာဖြစ်ပြီး ကမ္ဘာ့နီလာအရည်အသွေးတွင် မြန်မာ့နီလာသည် ဒုတိယအကောင်းဆုံး နီလာ ဟူ၍ သတ်မှတ်ကြပေသည်။

နီလာတွင် အရောင်လေးမျိုးရှိရာ ထိုအရောင်လေးမျိုး၏ တန်ဖိုးများကို ရည်ညွှန်း၍ မဏိသျှတ္တရကျမ်းတွင် လင်္ကာဖွဲ့ဆိုထားပေသည်။ ထိုလင်္ကာလေးမှာ

“ လေးသွယ်နီလာ၊ ပြားကြရာတွင်
“နီလာ” ခေါ်ဆို၊ အောက်မဲညိုပွင့်၊ ပန်းသို့ တင့်၏၊
ထပ်ဆင့် ဒုတိယ “နီလ ကဏ္ဍီ”၊ ရှုဤလက္ခဏာ၊ အပြာတွင်ဖက်၊ ညိုညိုစွက်၏၊ အမျက်နှစ်ပါး၊ ဤကျောက်များကား၊ ကျပ်သားရွှေတိ၊ တင်လောက်ဘိမူ၊ သိင်္ဂီပဉ္စ၊ ကျပ်ထိုက်စွတည့်၊
“ဣန္ဒနီလာ”၊ လက္ခဏာကား၊ သူရိယာနေခြည်၊ ရောင်သို့တည်၏၊ ရွှေရည်တကျပ်၊ တင်လောက်လပ်မူ၊ သုံးကျပ်ရွှေကောင်း၊ ထိုက်ပေရှောင်း၏၊
တကြောင်း “ဥပ နီလာ”၊ သညာခေါ်ဆို၊ ကြာညိုပွင့်ရောင်၊ တကျပ်ခေါင်မှာ၊ စီမြှောင်သင့်စွာ၊ ထားလောက်ပါမူ၊ ရွှေသား နှစ်ကျပ်၊ အဘိုးပြတ်သည်၊ မချွတ်မှန်ဖြောင့် လှည့်သတည့်၊ “ ဟူ၍ ဖြစ်ပါသည်။

"နီလာ" သည် သဘာဝတွင်းထွက်ရတနာဖြစ်တာမို့ ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပါသည်။
လူသားတို့၏ ယုံကြည်မှုများအရ “နီလာ” ပါဝင်သော ကျောက်မျက်ရတနာတို့ကို ဝတ်ဆင်ပါက မိမိကိုယ်၌ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ယူဆောင်ပေးနိုင်ခြင်း၊ မကောင်းသော ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းတို့ဖြင့် ပြည့်စုံသည်ဟုပင်ဖြစ်သည်။

ထူးခြားမှု၊ အဖိုးထိုက်တန်မှုတွေနဲ့ ပြည့်စုံလွန်းလှသော “နီလာ”ကျောက်မျက်ရတနာကို ဆင်မြန်းပိုင်ဆိုင်ပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း Myint Tharaphu Gems & Jewellery မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်။

Instagram Link : https://www.instagram.com/myint_tharaphu/

Photos from Myint Tharaphu's post 21/09/2022

ပန်းနုရောင်အဆင်းသဏ္ဍာန်ကြောင့် ချစ်ခြင်း၏ သင်္ကေတအဖြစ် ပျိုမေတို့ မြတ်နိုးစွာ တန်ဆာဆင်တတ်ကြသည့် "သူယောင်ကျောက်"ဟု လူသိများသော တွင်းထွက်ရတနာသည် ပျိုမေတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများကို ဟန်ချက်ရှိစေသည်ဟု ယုံကြည်ကြသည်။ ပျိုမေတို့ ယုံကြည်သက်ဝင်ကြသည့် စွမ်းအင်ကျောက်အဆောင်ဖြစ်သော “ သူယောင်” တွင်းထွက်ရတနာကို ထိပ်တန်းသဘာဝတွင်းထွက် အမျိုးအစားများဖြစ်သည့် စိန်၊ နီလာနှင့် ပတ္တမြားတို့ဖြင့် တွဲဖက်ကာ ရိုးရှင်းနန်းဆန်သော အသွင်သဏ္ဍာန်မျိုးကို 𝐌𝐲𝐢𝐧𝐭 𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮 𝐆𝐞𝐦𝐬 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 ၏ ကျွမ်းကျင်ပန်းထိမ်ပညာရှင်များမှ အဏုစိပ်လက်ရာမွန်များဖြင့် ဖန်တီးပုံဖော်ပေးထားပါတယ်ရှင်။
ယုံကြည်သက်ဝင်မှုတို့ကို အဖိုးထိုက်တန်မှုတို့ဖြင့် တွဲဖက်ကာ ဂုဏ်ရှိန်ဝါထည်ဝါဖို့အတွက်ဆိုရင် 𝐌𝐲𝐢𝐧𝐭 𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮 𝐆𝐞𝐦𝐬 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 သို့ လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်။

🏢𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

#𝐌𝐲𝐢𝐧𝐭𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮
#𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬
#𝐅𝐢𝐧𝐞𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲

Photos from Myint Tharaphu's post 17/09/2022

ပတ္တမြား၏ အစဉ်အလာကြီးမားမှုသည် မြတ်စွာဘုရားရှင်လက်ထက်ကတည်းက သမိုင်းသက်သေများဖြင့် ရှိခဲ့ကြပေသည်။ မဟော်သဓာဇာတ်တော်တွင် ဘုရင်မင်းမြတ်က ပညာရှိမဟော်သဓာအား ပညာစမ်းရာတွင် ပတ္တမြားကို အသုံးပြုခဲ့ခြင်းမှာလည်း ပတ္တမြားတွင်းထွက်ရတနာသည် ထီးသုံးနန်းသုံး တော်ဝင်‌ကျောက်မျက်ရတနာ ဖြစ်ကြောင်း၊ ကျောက်မျက်ရတနာထဲများတွင် သူမတူသော ထူးခြားချက်ရှိနေကြောင်းမှာ သိသာထင်ရှားပေသည်။

ကမ္ဘာတွင် မြန်မာ့ပတ္တမြားသည် စံထားရသော အရည်အသွေးများဖြင့် ထိပ်တန်းဂုဏ်ဆောင်နိုင်သော သဘာဝတွင်းထွက်ကျောက်မျက်ရတနာဖြစ်ပါသည်။ ဂုဏ်သတ္တိအရ ရဲရင့်ခြင်း၊ ဂုဏ်ရှိန်ဝါခမ်းနားခြင်း၊ တော်ဝင်နန်းထိုက်ခြင်းတို့ ရှိသည့်အပြင် စံထိပ်တင်အရည်အသွေးဖြင့် ပြည့်စုံလွန်းသော မြန်မာ့ပတ္တမြားမြေ မိုးကုတ်မြို့မှ ထွက်ရှိသော ပတ္တမြားများကို အသုံးပြု၍ ခေတ်မှီပေါ့ပါး ရိုးရှင်းနန်းဆန်သော သွင်ပြင်ဖြင့် 𝐌𝐲𝐢𝐧𝐭 𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮 𝐆𝐞𝐦𝐬 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 မှာ ကျွမ်းကျင်ပန်းထိမ်ပညာရှင်များသည် အဏုစိပ်လက်ရာမွန်များဖြင့် ဖန်တီးပုံဖော်ပေးထားပါသည်။

သမိုင်းအစဉ်အလာကြီးများသော ပတ္တမြားကို ပေါ့ပါးဆန်းပြားသောသွင်ပြင်ဖြင့် ဂုဏ်ရှိန်ဝါခမ်းနားဖို့အတွက် ပိုင်ဆိုင်ရအောင် 𝐌𝐲𝐢𝐧𝐭 𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮 𝐆𝐞𝐦𝐬 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်

🏢𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

#𝐌𝐲𝐢𝐧𝐭𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮
#𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬
#𝐅𝐢𝐧𝐞𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲

Photos from Myint Tharaphu's post 15/09/2022

နှစ်ပေါင်း ၃၀ ကျော်တိုင်အောင် 𝐌𝐲𝐢𝐧𝐭 𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮 𝐆𝐞𝐦𝐬 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 ကို အစဉ်ဝယ်ယူအားပေးကြသော မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်
𝐌𝐲𝐢𝐧𝐭 𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮 𝐆𝐞𝐦𝐬 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 ရဲ့ ကျွမ်းကျင်ပညာရှင်များမှ စိန်အမျိုးအစား( ၂ )မျိုး နှင့် ပွင့်ရေပေါင်း (၁၀၀)နီးပါး အသုံးပြုပြီး အဏုစိပ်လက်ရာမွန်ဖြင့် ဖန်တီးပြုလုပ်ပေးထားသော ဆွဲသီးရင်ထိုးလေးဖြစ်ပါတယ်။ ယခုဆိုရင်တော့ ဒီအဖိုးထိုက်တန်လှသော ရတနာပစ္စည်းကို ပိုင်ဆိုင်သွားတဲ့ ပိုင်ရှင်လေးရှိသွားပါပြီရှင်။

ဝယ်ယူအားပေးသွားတဲ့အတွက်လည်း 𝐌𝐲𝐢𝐧𝐭 𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮 𝐆𝐞𝐦𝐬 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 မှ အထူးပင် ကျေးဇူးတင်ပါတယ်။ ရတနာရှိရာ ရတနာလာဆိုသည့် စကားအတိုင်း ဒီရတနာပစ္စည်းလေးကို ပိုင်ဆိုင်သည့်နေ့မှ စ၍ ဂုဏ်ရှိန်ဝါ အလှကျက်သရေတို့ ဆင့်ပွားတိုးပွားပြီး စီးပွားဥစ္စာများလည်း တိုးတက်ကြီးပွားပါစေ။ ဒီထက်မကသော ကျောက်မျက်ရတနာပစ္စည်းများကိုလည်း ထပ်တိုးပိုင်ဆိုင်ပါစေလို့ 𝐌𝐲𝐢𝐧𝐭 𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮 𝐆𝐞𝐦𝐬 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်

Instagram Link : https://www.instagram.com/myint_tharaphu/

Photos from Myint Tharaphu's post 13/09/2022

မတူညီသော သွင်ပြင်ရှိသည့် အဖိုးအနဂ္ဌအထိုက်တန်းဆုံးဟု သတ်မှတ်ထားသော စိန် ကို 𝐌𝐲𝐢𝐧𝐭 𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮 𝐆𝐞𝐦𝐬 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 မှ ကျွမ်းကျင်ပန်းထိမ်ပညာရှင်များဖြင့် သူမတူသော ထူးခြားခမ်းနားသည့် လက်ရာမွန်များဖြင့် အံ့မခန်းထည်ဝါအောင် အဏုစိပ်ဖန်းတီးပုံဖော်ပေးထားပါတယ်ရှင်။

မိတ်ဆွေတို့ရဲ့ အလှတရားနဲ့ ဂုဏ်ရှိန်ဝါတို့ကို ပိုမိုတင့်တယ်ခမ်းနားစေဖို့ စိတ်ကြိုက်ကျောက်မျက်ရတနာတို့ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ခမ်းနားခြင်းတို့ရှိရာ ယခုလမ်းညွှန်လေးအတိုင်း လှမ်းလာဖို့ ဖိတ်ခေါ်ပါရစေရှင်။

🏢𝟒𝟎 𝐀, အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📞𝟎𝟗-𝟒𝟐 𝟏𝟗 𝟖𝟑𝟑 𝟖𝟎

#𝐌𝐲𝐢𝐧𝐭𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮
#𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬
#𝐅𝐢𝐧𝐞𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


102 Shwebonthar Street (Lower Block), Pabedan Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Other Yangon jewelry & watch stores (show all)
On The Way 925 & Silver Trading On The Way 925 & Silver Trading
Thaketa
Yangon

925 & Silver ​ရောင်းဝယ်​​ရေး

Mogok Lu Lu Jewel Mogok Lu Lu Jewel
Yangon

Mogok Natural Beautiful Gems Selling 💎 General Knowledge of Gems Sharing🖋 International Jewel Design Sharing 💍

ROYAL DIAMOND-Beauty Salon &Jewellery ROYAL DIAMOND-Beauty Salon &Jewellery
Yangon

あなたに出会って、大いに笑い、信じる力とタフな心を持てた私が誇りで?

Aungzabu Gold Shop Aungzabu Gold Shop
No. 135-1floor, 29street(Middle)Block, Pabedan, Township
Yangon

Htoo Gold and Jewelry ထူး စိန်ရွှေရတနာ Htoo Gold and Jewelry ထူး စိန်ရွှေရတနာ
42(C)Yaw Min Gyi Street, Dagon Township
Yangon, 11191

မင်္ဂလာပါရှင် 😊 ထူး ကျောက်မျက်နှင့် စိန်ရွှေရတနာဆိုင် မှကြိုဆိုပါတယ်ရှင့်

နာရီဆိုင်- Narre Sine နာရီဆိုင်- Narre Sine
Thingangyun
Yangon

Good Quality,Fair Price

Zappy 3D Jewel Design Training Zappy 3D Jewel Design Training
No(4), Ground Floor, , Dhama Wi Ha Ra, Short Street, Tamwe Tsp
Yangon, 11201

Success Together

Lay Wa Di Diamonds and Jewellery Lay Wa Di Diamonds and Jewellery
No. 36, Shwe Bon Thar Street
Yangon, 11181

U Hla Thein-Lay Wa Di (Jewellery, Diamonds retail and wholesale) shop

KHIN Collections Gems & Jewellery KHIN Collections Gems & Jewellery
No. 22(B), Pyi Thar Yar Street, Qtr-16, Yankin Township
Yangon, 11081

You can buy confidently designed and beautiful Myanmar Jewelry.

Shwe Latyar-Goldsmith Shwe Latyar-Goldsmith
North Okkalapa
Yangon

Trusted & Quality Products

MSS jewellery MSS jewellery
Kabar Aye Pagoda Road
Yangon

(Jewelry shop)Quality products with reasonable price