Kone Baung Medical Center-ကုန်း ဘောင် အထူးကု ဆေးခန်း
25/04/2024
Beware of sun light
By Dr Kyaw Kyaw
#နွေရယ်_နေရယ်_အရေပြားရယ်
#ဒေါက်တာကျော်ကျော်(အရေပြားအထူးကုဆရာဝန်ကြီး)
⚕️ ⚕️ ⚕️
နေရောင်ခြည်ဟာ အလင်းရောင်နဲ့ နွေးထွေးမှုကို ပေးတဲ့အပြင် လူကို ရောဂါဖြစ်စေနိုင်တဲ့ပိုးတွေ (Pathogens) ကို သေစေနိုင်ပါတယ်။ နောက်ပြီး အရိုးအဆစ်သန်မာဖို့ လိုအပ်တဲ့ ဗီတာမင်ဒီကို အရေပြားကတစ်ဆင့် ထုတ်လုပ်တဲ့အခါမှာ နေရောင်ခြည်ကို မရှိမဖြစ် လိုအပ်ပါတယ်။
ပြီးတော့ အရေပြားရောဂါ (ဥပမာ ခရုသင်း၊ ဂျွတ်ပွေးနာ) တွေကို ကုတဲ့အခါမှာ နေရောင်ခြည်ကို သုံးရပါတယ်။ လင်းရောင်ခြည်ကုထုံး (Phototherapy) လို့ ခေါ်ပါတယ်။ ဒီလို အကျိုးပြုတဲ့ကိစ္စတွေရှိသလို နေရောင်ခြည်ရဲ့ မကောင်းတဲ့ကိစ္စတွေလည်း အများကြီးပါ။ မီးလိုပေါ့။ သုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူပေါ့။
#နေမင်းပေးတဲ့ဝေဒနာ
အသားအရေကို ရင့်ရော်အိုစာစေတာ အဓိကအချက်ပါ။ Skin aging ပေါ့။ နေပူထိဖန်များတဲ့ အရေပြားဟာ ထူအမ်းရင့်ထော်ပြီး အိုစာတဲ့အသွင်ပေါက်ပါတယ်။ အရေပြားအောက်လွှာမှာရှိတဲ့ ကိုလာဂျင် (collagen) နဲ့ အီလတ်စတင် (elastin) တစ်သျှူးတွေ ပျက်စီးသွားလို့ပါ။ ဒီတစ်သျှူးတွေက အရေပြားကို တင်းတင်းရင်းရင်းဖြစ်အောင် ကျားကန်ထားပေးတာမို့ နေဒဏ်ခံရတဲ့သူတွေမှာ အရွယ်မတိုင်မီ ပါးရေနားရေ စောစောစီးစီးတွန့်တာပေါ့။ အသက်ထက် အရွယ်က ကျနေပြီး ဇရာဝင်တာ စောတာပေါ့။ အရွယ်က အိုစနာကျနေတာပေါ့။
နောက်ထပ်အရေးကြီးတဲ့ ပြဿနာကတော့ အရေပြားကင်ဆာပါ။ နေရောင်ခြည်ကြောင့် အရေပြားကင်ဆာတွေ ဖြစ်စေပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ တကယ်တော့ ကင်ဆာဖြစ်စေတဲ့ မြူတေဂျင် (Mutagen) တွေပါ။ အဲဒီဓာတ်ကြောင့် အရေပြားကလပ်စည်းတွေရဲ့ DNA မှာ အပြောင်းအလဲဖြစ်ပြီး ကင်ဆာအသွင်ပြောင်းသွားတာပေါ့။
ဒါ့အပြင် တင်းတိပ်၊ မှဲ့ခြောက်၊ နေလောင်ကွက် စတဲ့ လူကို အရုပ်ဆိုးစေတဲ့ ပြဿနာတွေကလည်း နေရောင်ကြောင့်ပါပဲ။ တချို့ အရေပြားရောဂါတွေ ဥပမာ SLE ဆိုတဲ့ အရေပြားလေးဖက်နာရောဂါဆိုရင်လည်း နေထိတာနဲ့ ရောဂါကို ပိုဆိုးသွားစေပါတယ်။
#သောက်ဆေးတချို့နဲ့နေရောင်ခြည်
နေကိုကြောက်တဲ့ သောက်ဆေးတွေ ရှိပါတယ်။ ဥပမာ နှလုံးရောဂါဆေး (Amiodarone)၊ အနာကြီးရောဂါဆေး (Clofazimine)၊ ဝက်ခြံပျောက်ဆေး (Tetracycline, Minocycline) ၊ အကိုက်အခဲပျောက်ဆေး (Diclofenac, Mefenamic) စတဲ့ဆေးတွေ သောက်ထားရင် နေပူထဲ သိပ်မထွက်မိဖို့ပါ။ နေထိနိုင်တဲ့ မျက်နှာ၊ လည်ပင်း၊ လက်ဖျံ၊ လက်ဖမိုး စတဲ့နေရာတွေမှာ အသားမည်းတာတို့၊ နေလောင်တာတို့ ဖြစ်နိုင်ပါတယ်။ ဆေးပညာမှာတော့ Photodermatitis လို့ ခေါ်လေ့ရှိပါတယ်။
#မြန်မာမှာ_အရေပြားကင်ဆာအဖြစ်များသလား
တိတိကျကျ သုတေသနလုပ်ထားတာမျိုးတော့ မတွေ့မိသေးပါဘူး။ ကျွန်တော့်အတွေ့အကြုံအရတော့ နည်းတယ်လို့ ပြောနိုင်ပါတယ်။ အဓိကအချက်ကတော့ ကျွန်တော်တို့လူမျိုးက အသားညိုလို့ပါ။ အသားညိုတာက အရေပြားမှာရှိတဲ့ အရောင်ဆိုးဆေး (Melanin) များလို့ပါ။ နီဂရိုးတွေဆိုရင် ပိုများပေါ့။ အသားဖြူတွေကျတော့ အရောင်ဆိုးဆေး နည်းပါတယ်။ အဲဒီအရေပြားအရောင်ဆိုးဆေးက နေရောင်ခြည်ကို ထီးသဖွယ် ကာကွယ်ပေးထားတာကြောင့် အသားဖြူတဲ့သူတွေက အသားညို၊ အသားမည်းတဲ့သူတွေထက် နေဒဏ်ပိုပြီးခံရပါတယ်။ ပိုပြီး ကင်ဆာဖြစ်နိုင်တာပေါ့။
ဥပမာ ရွှေမြန်မာတွေက အော်ဇီလို့ခေါ်နေတဲ့ သြစတေးလျနိုင်ငံမှာ (Australia) နိုင်ငံမှာနေတဲ့ လူဖြူတွေမှာ အရေပြားကင်ဆာ အဖြစ်ဆုံးပါပဲ။ အဲဒီနိုင်ငံမှာ နေရောင်က နှစ်ပတ်လည်ရတဲ့အပြင် နေရောင်ဒဏ်ခံနိုင်ရည်အားနည်းတာကြောင့် ဒီပြဿနာဖြစ်ရတာပါ။ လူဦးရေအားဖြင့် အော်ဇီနိုင်ငံဟာ ကမ္ဘာ့လူဦးရေရဲ့ ဝ.၃ ရာခိုင်နှုန်းရှိပေမယ့် အရေပြားကင်ဆာဖြစ်ပွားနှုန်းကျတော့ နှစ်စဉ် တစ်ကမ္ဘာလုံးမှာဖြစ်တဲ့ အရေအတွက်ရဲ့ ၆ ရာခိုင်နှုန်းအထိတောင် ရှိပါသတဲ့။ ဒီတော့ သူတို့နိုင်ငံမှာ နေရောင်ခြည်ဒဏ်ရှောင်ရှားရေး၊ အရေပြားကင်ဆာဖြစ်နှုန်းကျဆင်းရေး စတဲ့ကိစ္စတွေကို အမျိုးသားရေးအသွင်နဲ့ ဦးစားပေးလုပ်ဆောင်နေရပါတယ်။ အဲဒီနိုင်ငံမှာ အရေပြားကင်ဆာကြောင့် နှစ်စဉ် လူ ၁၂၀၀ ကျော်လောက် သေရတယ်လို့ ဆိုပါတယ်။
#နေကိုသတိထား
ကျွန်တော်တို့နိုင်ငံမှာ နွေဦးရောက်တော့ အညာဘုရားဖူးထွက်ကြ၊ ချောင်းသာ၊ ငွေဆောင် စတဲ့ ပင်လယ်ကမ်းခြေသွားကြ၊ သင်္ကြန်မှာ လည်ကြပတ်ကြနဲ့ နေပူထဲကို ထွက်လေ့ရှိပါတယ်။ အဲဒီလို ခဏတဖြုတ် နေပူထဲထွက်တာမျိုးထက် အောက်ဒိုးအလုပ်လုပ်ရတဲ့သူတွေက ပိုပြီးဂရုစိုက်သင့်ပါတယ်။ လယ်သမားတွေ၊ ဆိုက်ကားသမားတွေ၊ လမ်းခင်းလုပ်သားတွေ၊ ယာဉ်ထိန်းရဲတွေ၊ လမ်းဘေးဈေးသည်တွေ၊ ယာဉ်မောင်းတွေ၊ ဂေါက်ရိုက်တဲ့သူတွေ စသဖြင့်ပေါ့။
အဓိကအချက်က တတ်နိုင်သမျှ နေရှောင်ဖို့ပါ။ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ အတတ်နိုင်ဆုံး နေရှောင်သင့်ပါတယ်။ ပူပေမယ့် အဝတ်အစားကိုလည်း လက်ရှည်အရောင်ဖျော့ဖျော့ ဝတ်သင့်ပါတယ်။ ဘောင်းဘီဆိုလည်း အရှည်ပဲပေါ့။ ဦးထုပ်ဖားဖားကြီးတွေလည်း ဆောင်းရမှာပါ။ ကိုရီးယား၊ ဂျပန် ရုပ်ရှင်ကားတွေကြည့်ရင် နေပူထဲထွက်ပြီး အလုပ်လုပ်တဲ့အခါမှာ နားရွက်၊ လည်ကုပ်ပါ လုံအောင်ဖုံးတဲ့ ဦးထုပ်တွေ တွေ့ဖူးကြမှာပါ။ မန္တလေးက ရွှေမန်းသူတွေဟာ တံတောင်ဆစ်အထိရှည်တဲ့ လက်အိတ်ရှည်တွေဝတ်ပြီး ဆိုင်ကယ်နဲ့ သွားကြလာကြတာဟာ နေရောင်ခြည်ရဲ့ဆိုးကျိုးကို ရှောင်နိုင်ဖို့ပါ။ ဆိုင်ကယ်စီးရင်း ထီးဆောင်းလို့မှ မဖြစ်နိုင်တာဆိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြရတာပါပဲ။ အဝေးပြေးလမ်းမကြီးမှာ လမ်းပြင်နေတဲ့ အလုပ်သမားတွေခမျာမှာလည်း လုံချည်ဟောင်းကို မျက်လုံးနေရာသာချန်ထားပြီး ပေါင်းထားတတ်ကြပါတယ်။ ဒါလည်း ကောင်းတာပါပဲ။
#နေရောင်ခံလိမ်းဆေးတွေ
အခုခေတ်မှာတော့ နေမင်းပေးတဲ့ ဝေဒနာကို သက်သာစေဖို့ နေရောင်ခံလိမ်းဆေးတွေ အမျိုးစုံအောင်ကို ပေါ်နေပါပြီ။ ဒါပေမဲ့ လူတိုင်း လက်လှမ်းမီဖို့တော့ ခက်ပါတယ်။ တတ်နိုင်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စရာပါပဲ။ အဲဒီနေရောင်ခံလိမ်းဆေးတွေကို စနစ်တကျသုံးစွဲတယ်ဆိုရင် နေရောင်ရဲ့ဆိုးကျိုး အတော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီပစ္စည်းတွေက အရည်အသွေးကောင်းဖို့တော့ လိုတာပေါ့။
နေရောင်ခံနိုင်စွမ်းအား (Sun Protection Factor - SPF) ပေါ် မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ အနည်းဆုံးတော့ ၁၅ ရှိသင့်ပါတယ်။ အသားဖြူတဲ့သူ၊ အသားလတ်တဲ့သူတွေက ၃၀ အဆင့်လောက် အနည်းဆုံး သုံးသင့်ပါတယ်။ နေပူထဲ ကြာမယ့်အချိန်နဲ့ နေရဲ့ပြင်းအားပေါ်လည်း မူတည်ပါသေးတယ်။ ဥပမာ ချောင်းသာလိုနေရာမျိုးမှာ နေ့ခင်း ရေကူးမယ်ဆိုရင်တော့ ပြင်းအားများလေ ကောင်းလေပါပဲ။ တချို့ကုမ္ပဏီတွေက နံပါတ်နဲ့မဖော်ပြဘဲ Broad Spectrum Protection ဆိုပြီး ရေးလေ့ရှိတယ်။ ဆိုလိုတာက ခရမ်းလွန်ရောင်ခြည် အေ (A) ရော၊ ဘီ (B) ရောကို ကာကွယ်ပေးနိုင်တယ်ပေါ့။ ပင်လယ်ကမ်းခြေဘက် သွားမယ့်သူတွေ၊ သင်္ကြန်လည်မယ့်သူတွေကတော့ နေရောင်ခံလိမ်းဆေးဝယ်တဲ့အခါ ရေစိုရင် မပျက်ပြယ်တဲ့ Water resistant အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။
#ဘယ်လိုလိမ်းမလဲ
ယေဘုယျအားဖြင့်တော့ နေပူထဲမထွက်ခင် နာရီဝက်လောက် ကြိုတင်လိမ်းရပါတယ်။ နေထိမယ့် မျက်နှာ၊ လည်ပင်း၊ လက်ဖျံ၊ လက်ဖမိုး စတဲ့နေရာတွေကို အဓိကထားပြီး လိမ်းရပါမယ်။ ဆေးလိမ်းပြီး ၄ နာရီလောက် နေပူထဲနေမိရင် အာနိသင်ပျက်ပြယ်နိုင်တာမို့ နောက်တစ်ကြော့ လိမ်းပေးဖို့ လိုပါတယ်။ ဆိုလိုတာက တစ်ကြိမ်လိမ်းရုံနဲ့ တစ်နေကုန် မလုံလောက်ဘူးပေါ့။ တစ်ခု သတိထားရမှာက ၆ လအောက် ဘေဘီလေးတွေကို မလိမ်းပေးဖို့ပါပဲ။
#နေရောင်ခံလိမ်းဆေးတွေ_လက်လှမ်းမမီရင်
သနပ်ခါးကို ထူထူလိမ်းပေးရင် နေရောင်ကို ကာပေးတဲ့အစွမ်း (physical barrier) ရှိပါတယ်။ ဒီတော့ ရိုးရာယဉ်ကျေးမှုလည်း ထိန်းသိမ်းရာရောက်တဲ့အပြင် နေဒဏ်လည်း အသင့်အတင့် ခံနိုင်ရည်ရှိတာမို့ သနပ်ခါးလိမ်းတဲ့ဓလေ့ကိုလည်း မစွန့်ပယ်သင့်ပါဘူးလို့ တိုက်တွန်းချင်ပါတယ်။
#ဒီအသီးအနှံတွေစားပါ
အင်တီအောက်ဆီဒင့် (Antioxidants) ပေါကြွယ်ဝတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ စားရင်တော့ နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးတဲ့အသားအရေကို ပြန်လည်ကောင်းမွန်အောင် အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံ မန်ချက်စတာနဲ့ နယူးကာစတယ်မြို့က အရေပြားဆရာဝန်တွေ စမ်းသပ်တွေ့ရှိချက်အရ ခရမ်းချဉ်သီးနဲ့သံလွင်ဆီ များများသုံးစွဲမယ်ဆိုရင် နေရောင်ဒဏ်ကို ပိုပြီးကာကွယ်နိုင်တယ်ဆိုပဲ။
ဒါ့အပြင် မုန်လာဥနီ၊ ကန်စွန်းဥ၊ ဖရဲသီးနဲ့ ငရုတ်သီးပွတွေဟာလည်း နေရောင်ခံနိုင်တဲ့စွမ်းအားရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နွေရာသီမှာ အဲဒီအသီးအနံှတွေကို များများစားပေါ့။
#နေကာမျက်မှန်
ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားတင်မကပါဘူး၊ မျက်စိကိုလည်း ထိခိုက်နိုင်တာမို့ နေကာမျက်မှန်လည်း တပ်သင့်ပါတယ်။ ဒါပေမဲ့ ခရမ်းလွန်ရောင်ခြည်ကို အပြည့်အဝကာကွယ်ပေးတဲ့ အမျိုးအစားပဲ ဖြစ်သင့်ပါတယ်။ အလှတပ်တာထက် ကျန်းမာရေးအတွက်ပဲ ဖြစ်သင့်တာမို့ အရည်အသွေးကို ဂရုပြုဖို့ လိုပါတယ်။ မဲမှောင်နေတိုင်းလည်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးချင်မှ ပေးတာပါ။
#အက်စ် (S) တွေကို သတိထား
နွေရာသီ (Summer) မှာ နေမင်း (Sun) ကနေ ထုတ်လွှတ်လိုက်တဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ ကောင်းကင်ပြာပြာ (Sky) ကို ဖြတ်သန်းပြီး ပင်လယ် (Sea) နဲ့ သဲသောင်ပြင် (Sand) ကို ထိတွေ့တဲ့အခါ ရောင်ပြန်ဟပ်ပါတယ်။ အရေပြား (Skin) ကို တိုက်ရိုက်ထိတွေ့တဲ့ နေရောင်ခြည်အပြင် ရောင်ပြန်ဟပ်တဲ့ ရောင်ခြည်တွေပါ ထိနိုင်တာမို့ ကမ်းခြေမှာ အပန်းဖြေရင် သတိထားကြပါ။
Sky, Sea, Sand နဲ့ ပျော်စရာကောင်းတဲ့ ကမ်းခြေမှ မဟုတ်ပါဘူး။ နေနဲ့မကင်းနိုင်တဲ့ ဘယ်နေရာပဲဖြစ်ဖြစ် နေကို ကာကွယ်ကြပါ။ စောစောကပြောခဲ့တဲ့ ရှောင်ရန်၊ ဆောင်ရန်တွေအတိုင်း လိုက်နာပြီး နေကို အန်တုမယ်ဆိုရင် နေရောင်ခြည်ရဲ့ ရေတို၊ ရေရှည် ဆိုးကျိုးတွေ ကင်းဝေးကြမှာပါ။
#ဒေါက်တာကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)
္ဂဇင်း
်လထုတ်
#အိုမင်းခြင်းအနုပညာ
12/04/2024
🟥ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း🟥
13.04.2024 မှ 18.04.2025 အထိ ဆေးခန်း ပိတ်ပါမည်။
19.04.2024 (သောကြာနေ့ )တွင်ဆေးခန်း ပြန်လည် ဖွင့် လှစ်ပါမည် ဖြစ်ကြောင်း ချစ်ခင်လေးစား စွာ အသိပေးအပ်ပါသည်။
04/01/2024
ယနေ့ကျရောက်သော ( ၇၆ ) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ကုန်းဘောင်အထူးကုဆေးခန်း မိသားစု မှ ကြိုဆို ဂုဏ်ပြုအပ်ပါသည်။
02/01/2024
#ပယ်လာဂရာ_သို့မဟုတ်_အရက်နာ (၁)
#ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
⚕️ ⚕️ ⚕️
အရက်သမားတွေမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ပြဿနာတွေ မလွဲမသွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် သေရည်သောက်စားမူးယစ်သူတွေ သတိထားနိုင်ဖို့ တစ်ချိန်က နိုင်ငံကျော်စာရေးဆရာကြီး လူထုဦးလှက အရက်သမား အမှားတစ်ထောင်ဆိုပြီး စာအုပ်ရေးခဲ့ဖူးပါတယ်။ ကျွန်တော်ကတော့ အရက်စွဲနေသူ အရက်ချိုးတွေမှာ တွေ့ရတတ်တဲ့ အရေပြားပြဿနာတွေကိုပဲ အဓိကဆွေးနွေးသွားမှာပါ။
#ပေါလိုက်တဲ့အရက်
ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးအတွက် ဘယ်လိုမှ အထောက်အကူမပြုတဲ့ အရက်၊ ကွမ်းယာနဲ့ ဆေးလိပ်တွေ အလွန်ပေါပါတယ်။ တောရောမြို့ပါ နေရာတကာမှာ အလွယ်တကူ ရနိုင်ပါတယ်။ အရက်ဆိုရင်လည်း တရားဝင်အရက်ဆိုင်မှာမှ မဟုတ်ပါဘူး။ ကုန်တိုက်၊ စတိုးဆိုင်၊ လမ်းဘေးဆိုင်တွေမှာပါ လွယ်လင့်တကူ ရနိုင်တာပါ။ နောက်ပြီး နေရာတိုင်းမှာလည်း ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အရက်ကြော်ငြာတွေ ပလူပျံနေတော့ အရက်သောက်တဲ့ပုဂ္ဂိုလ်တွေ များလာတာ မဆန်းပါဘူး။ တချို့ကျတော့ မသောက်ရမနေနိုင် စွဲလမ်းသွားပြီး အရက်ရဲ့ကျေးကျွန် ဖြစ်ကုန်ပါလေရော။ အရပ်စကားနဲ့ဆိုရရင် ယစ်ထုပ်ကြီးတွေပေါ့။ အစားထက် အသောက်ဘက် လွန်ကဲသွားတော့ အာဟာရမမျှတဘဲ အခုဆွေးနွေးမယ့် ပယ်လာဂရာ (Pellagra) ဆိုတဲ့ အရက်ချိုးနာ ကြုံရနိုင်ပါတယ်။
#သရီးဒီလက္ခဏာ
ဆေးပညာမှာတော့ ပယ်လာဂရာရောဂါလက္ခဏာကို သရီးဒီ (3 Ds) ဆိုပြီး အလွယ်မှတ်သားလေ့ရှိပါတယ်။ ပထမဆုံး D ကတော့ Diarrhoea ဆိုတဲ့ ဝမ်းလျှောဝမ်းပျက်ပြဿနာပါ။ ဒုတိယ D ကတော့ အရေပြားပြဿနာ Dermatitis ပါ။ အရေပြားရောင်ရမ်းနှင်းခူ ဆိုပါတော့။ တတိယ D ကတော့ စိတ်ကျန်းမာရေးချို့ယွင်းမှုတစ်ခုဖြစ်တဲ့ Dementia ပြဿနာပါ။
အရက်စွဲနာကျနေတဲ့သူတွေမှာ ဒီလို အရေပြားဆိုင်ရာ၊ ဝမ်းပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြဿနာသုံးခုဆုံပြီး ဖြစ်တတ်ပါတယ်။ ဒီလို ပြည့်စုံတဲ့လက္ခဏာတွေရှိမှပဲ ပယ်လာဂရာ အရက်နာဆိုပြီး အမည်တပ်ရတာပါ။ ဒီတော့ အရက်ရာဇဝင်မေးရ၊ စိတ်ကျန်းမာရေးအခြေအနေ စမ်းသပ်ရ၊ ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်နာတာရှိမရှိ မေးရတဲ့အပြင် သိသာထင်ရှားတဲ့ အရေပြားလက္ခဏာတွေကို စစ်ဆေးရပါတယ်။ အချက်အလက်တွေ ပြည့်စုံမှ ဒီရောဂါပါလို့ အပ်ကျမတ်ကျပြောနိုင်တာကိုး။
#ဗီတာမင်နိုင်ယာစင်ကြောင့်ပါ
အရက်နာရဲ့ အဓိကအကြောင်းရင်းက ဗီတာမင်ဘီ(၃)ဖြစ်တဲ့ နိုင်ယာစင် (Niacin) ဓာတ် ချို့တဲ့လွန်းလို့ပါ။ အစားထက် အသောက်မှာလွန်ကဲပြီး အစားအစာတွေမှာပါတဲ့ နိုင်ယာစင်ဓာတ်ကို ကိုယ်တွင်းက မရရှိနိုင်တော့တာပါ။ အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါး၊ အသည်း စတဲ့ အသားတွေမှာ ဒီဓာတ်များစွာ ပါဝင်သလို မြေပဲ၊ ပဲပုပ်၊ အာလူး၊ အစေ့အဆန်၊ နို့၊ ဥတွေမှာလည်း အတော်အသင့်ပါဝင်ပါတယ်။ ပြောရရင် အရက်သမားတွေဟာ အရက်လည်းသောက်၊ အမြည်းလည်း များများစားခဲ့ရင်တောင် ဒီအဖြစ်မျိုး ကြုံချင်မှကြုံမှာပါ။
အရက်လုံးဝမသောက်ဘဲနဲ့ နိုင်ယာစင်ဓာတ်ချို့တဲ့ပြီး အခုဆွေးနွေးနေတဲ့ ပယ်လာဂရာရောဂါဖြစ်သူတွေလည်း ရှိနိုင်ပါတယ်။ ဆန်၊ ဂျုံအစား ပြောင်းဖူးကိုသာ အဓိကစားတဲ့လူတွေမှာလည်း နိုင်ယာစင်ချို့တဲ့ပါတယ်။ တချို့ တောင်ပေါ်ဒေသတွေ၊ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသမှာ ဆန်အစား ပြောင်းဖူးကိုပဲ ထမင်းလုပ်ပြီး စားကြရသူတွေ ရှိပါတယ်။ သူတို့မှာ သရီးဒီလက္ခဏာတွေနဲ့ ပယ်လာဂရာဖြစ်နိုင်ပါတယ်။
#ဝမ်းလျှော၊ #ဝမ်းပျက်၊ #ဗိုက်နာ
နိုင်ယာစင်ဓာတ် အလုံအလောက်မရှိတာနဲ့ပဲ အစာအိမ်နဲ့ အူလမ်းကြောင်းက ပြဿနာတက်ပါပြီ။ စားချင်စိတ် မရှိရတာနဲ့၊ ပါးစပ်နာရတာနဲ့ အစားအစာကို အာရုံမရှိတော့ပါဘူး။ နောက်ပြီး ဗိုက်နာတာ၊ ဝမ်းမကြာခဏသွားတာတွေလည်း ကြုံရပါတယ်။ အာဟာရမပြည့်လို့ ဖြစ်ရတဲ့ပြဿနာဟာ ဝမ်းလျှောဝမ်းပျက်ကြောင့် ပိုပြီးအာဟာရလျော့နည်းသွားနိုင်ပါတယ်။ ဘူးလေးရာ ဖရုံဆင့်ဆိုပါတော့။ ခက်တာက ဒီရောဂါကြောင့် ဝမ်းလျှောဝမ်းပျက်တာလား၊ အစားမှားလို့လား ခွဲခြားလို့ မလွယ်ပါဘူး။ အရက်သမား ဝမ်းသွားရင် ပယ်လာဂရာကို စဉ်းစားစရာပါ။
#စိတ်ကစဥ့်ကလျားပြဿနာ
Dementia ဆိုတဲ့ စိတ်ကျန်းမာရေးချို့ယွင်းမှုကလည်း အရက်ချိုးတွေမှာ မကြာခဏကြုံရတဲ့ကိစ္စပါ။ တစ်ခုခုကို အာရုံစူးစိုက်လို့မရတာ၊ မကြာခဏ သတိမေ့တာ၊ အချိန်လည်းမေ့၊ နေရာလည်းမေ့နဲ့ စိတ်လွင့်မျောနေတဲ့ပြဿနာ ဆိုပါတော့။ စာဖတ်တာ၊ စာရေးတာတွေမှာလည်း ကြာကြာအာရုံစိုက်မရတော့ပါဘူး။ နေ့စဉ် နိစ္စဓူဝလုပ်နေကျ အလုပ်လေးတွေကိုပဲ အလွဲလွဲအချော်ချော် ဖြစ်နေတတ်ပါတယ်။ ဥပမာ အိပ်ခန်းသော့ကို ရေခဲသေတ္တာထဲ သွားသိမ်းတာမျိုး၊ ဟင်းထဲကို ဆားထည့်ရမှာကို သကြားထည့်မိတာမျိုးပေါ့။ အရက်ကြောင့် ခြေ၊ လက်တွေကလည်း ကတုန်ကယင်ဖြစ်ရသလို ဦးနှောက်ကလည်း ကတုန်ကယင်ဖြစ်သွားကြတာပါ။ စိတ်ကတခြား၊ ကိုယ်ကတခြားပေါ့။ ပြောရရင် စိတ်နဲ့လူနဲ့ မကပ်ဘူးဆိုပါတော့။ အရက်သမားတွေမှ မဟုတ်ပါဘူး။ အသက်အရွယ်အိုမင်းတဲ့အခါ ဒီအဖြစ်မျိုးတွေ အနည်းနဲ့အများ ကြုံရနိုင်ပါတယ်။
#အရေပြားပေါ်က_သဲလွန်စ
ပယ်လာဂရာရောဂါလို့ တိတိပပပြောနိုင်ဖို့ရာ ခုန ဆွေးနွေးခဲ့တဲ့ လက္ခဏာတွေထက် အရေပြားပေါ်က ထူးခြားလက္ခဏာတွေက ပိုပြီးအရေးကြီးပါတယ်။ ထင်သာမြင်သာရှိတာကိုး။ မျက်နှာ၊ လည်ပင်း၊ ခြေဖမိုး၊ လက်ဖမိုးတွေကို အဓိကကြည့်ရတာပါ။ ပြောရရင် နေထိတဲ့နေရာတွေပေါ့။ ကနဦးမှာ နီနီရဲရဲ ကြွတက်နေတဲ့အကွက်တွေပါ။ ယားသလိုလို၊ ပူသလိုလိုနဲ့ အရက်လောင်နာဆိုပါတော့။ ကြာတော့ နီရဲရာကနေ ညိုညိုမည်းမည်း ချပ်ခေါက်ထူထူ ဖြစ်သွားပါရော။ ကွဲအက်နာ၊ ပက်ကြားအက်ကြောင်းတွေပါ ပေါ်လာပါတယ်။ ထူးခြားတာက ဒီအကွက်တွေဟာ ကြည့်လိုက်ရင် ထင်းခနဲ ပြတ်ပြတ်သားသားရှိပြီး ဘယ်ရော ညာပါ အချိုးညီစွာ ရှိနေတာပါပဲ။ ထူးထူးခြားခြား လည်ပင်းကနေ ရင်ညွန့်အပေါ်ပိုင်းထိ ဆွဲကြိုးဆွဲထားသလို နီညိုညို အကွင်းကွက် ရှိနေတာပါ။ ဆေးပညာမှာတော့ Casal Necklace ဆိုပြီး အမည်တွင်လေရဲ့။
#ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
#ပယ်လာဂရာ_သို့မဟုတ်_အရက်နာ (၂) ⤵️
https://m.facebook.com/story.php?story_fbid=695719582664101&id=100066781972446&mibextid=Nif5oz
27/11/2023
✅မင်္ဂလာပါ✅
❤️လေးစားအပ်ပါသော မိဘ ပြည်သူ များ တန်ဆောင်တိုင်ပွဲတော်အခါ သမယတွင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့် စုံ ကြပါစေ လို့ ကုန်းဘောင် အထူး ကုဆေးခန်း မိသား စု မှ ဆု မွန်ကောင်း တောင်း ပေးလိုက်ပါတယ်။❤️
25/11/2023
✅မင်္ဂလာပါ✅
⭐️⭐️တန်ဆောင်တိုင်ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း⭐️⭐️
✅ 26.11.2023 ( Sunday ) ဆေးခန်း ပိတ် ပါ မည် ။ ✅
⭐️27.11.2023 Monday တနင်္လာနေ့ တွင် ဆေးခန်း ပြန်ဖွင့်ပါမယ် ။⭐️
❤️လေးစားအပ်ပါသော မိဘ ပြည်သူ များ တန်ဆောင်တိုင်ပွဲတော်အခါ သမယတွင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့် စုံ ကြပါစေ လို့ ကုန်းဘောင် အထူး ကုဆေးခန်း မိသား စု မှ ဆု မွန်ကောင်း တောင်း ပေးပါတယ်။❤️
12/11/2023
Deepavali ( Diwali )အခါသမယမှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေလို့ ကုန်းဘောင်ဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
27/10/2023
✅မင်္ဂလာပါ✅
⭐️⭐️ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း⭐️⭐️
✅29.10.2023 တနင်္ဂနွေ နေ့ (Sunday )တစ်ရက်
ဆေးခန်း ပိတ် ပါ မည် ။ ✅
❤️လေးစားအပ်ပါသော မိဘ ပြည်သူ များ သီတင်းကျွတ် အခါ သမယတွင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့် စုံ ကြပါစေ လို့ ကုန်း ဘောင် အထူး ကုဆေးခန်း မိသား စု မှ ဆု မွန်ကောင်း တောင်း ပေးပါတယ်။❤️
02/08/2023
မင်္ဂလာပါ
✅ကုန်းဘောင် အထူးကုဆေးခန်းတွင်
သင်္ဘောသား များ (seafarers) ဆေး စစ် နိုင် ပါပြီ ဖြစ်ကြောင်း သတင်းကောင်း ပါး လိုက် ပါတယ်။✅
♦️♦️DMA အသိအမှတ်ပြု ဆေးခန်း များ ထဲ မှာ တစ်ခု ဖြစ်သော ကုန်း ဘောင် အထူးကုဆေး ခန်း တွင် သင်္ဘောသား များ စျေးနှုန်း ချိုသာစွာ ဖြင့် တိကျမှန်ကန်စွာ ဆေးစစ်နိုင် ပါပြီ ။♦️♦️
🏨အမှတ် -၂၆၈၊ အနော်ရထားလမ်း၊ ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန်မြို့။
🏨အမှတ်-၃၀၃၊ရွှေဘုံသာ အထက်လမ်း၊ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန်မြို့။
Phone -
018-383609,
018-241074,
09421154786
23/04/2023
#နေရောင်ခြည်နှင့်_အရေပြား (၁)
#ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
⚕️ ⚕️ ⚕️
နွေရောက်ရင် အဓိကရင်ဆိုင်ကြရတာက နေမင်းရဲ့ အပူဒဏ်ပါ။ နေပူရှိန်ကြောင့် ကြုံတွေ့ရတဲ့ ချွေးထွက်လွန်တာ၊ မိတ်ပေါက်တာ၊ အပူဖုတွေထွက်တာ၊ အပူရှပ်တာ၊ အဆိုးဆုံး သတိလစ်မေ့မျောတာတွေကိုတော့ ကြုံဖူး၊ တွေ့ဖူးကြတာမို့ အထူးဆွေးနွေးစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ နေရောင်ခြည်နဲ့အတူ ပါလာတဲ့ မမြင်ရတဲ့ ခရမ်းလွန်ရောင်ခြည်တွေရဲ့ ဆိုးကျိုးတွေကိုတော့ သတိမူမိသူ နည်းပါလိမ့်မယ်။ တကယ်တော့ နေရောင်ခြည်၊ အပူလှိုင်းနဲ့ ခရမ်းလွန်ရောင်ခြည်လှိုင်းတွေဟာ နေမင်းဆီကနေ ယှဉ်တွဲထွက်လာကြတာပါ။ ဒါပေမဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ မျက်စိနဲ့ မမြင်တွေ့ရတဲ့ ရောင်စဉ်တန်းမို့ မမြင်ရတဲ့ရန်သူလို့တောင် ခေါ်နိုင်ပါတယ်။ ပုန်းလျှိုးကွယ်လျှိုးနဲ့ပါလာတဲ့ ရန်သူတွေပေါ့။
🔺 🔺 🔺
#ခရမ်းလွန်ရောင်ခြည်သုံးမျိုး
လှိုင်းရဲ့ အတိုအရှည်ပေါ် မူတည်ပြီး သုံးမျိုးခွဲထားပါတယ်။ လှိုင်းအတိုဆုံးကတော့ ခရမ်းလွန်ရောင်ခြည်စီ (C) ပါ။ လှိုင်းတိုပေမယ့် လူသားနဲ့ တိရစ္ဆာန်တွေအတွက် အလွန်အမင်း အန္တရာယ်ပေးနိုင်ပါတယ်။ ကံကောင်းတာက ဒီခရမ်းလွန်ရောင်ခြည်စီကို အိုဇုန်းလွှာကြီးက စုပ်ယူကာကွယ်လိုက်တာမို့ မြေပြင်ကို ဆင်းမလာပါဘူး။ လှိုင်းလတ်ခရမ်းလွန်ရောင်ခြည်ကတော့ ဘီ (B) ပါ။ ဒီရောင်ခြည်ကလည်း ပြဿနာကြီးကြီးပေးပါတယ်။ ဒါပေမဲ့ ထီးလိုကာကွယ်ထားတဲ့ အိုဇုန်းလွှာကြီးကပဲ တော်တော်များများကို စုပ်ယူလိုက်တာမို့ အနည်းအကျဉ်းလောက်ပဲ မြေပြင်ကို ထိုးဆင်းနိုင်တာပါ။ လှိုင်းအရှည်ဆုံး ခရမ်းလွန်ရောင်ခြည်ကတော့ အေ (A) ပါ။ သူကတော့ အိုဇုန်းလွှာကို ထိုးဖောက်နိုင်တာမို့ မြေပြင်၊ ရေပြင်ကို အများဆုံးထိတွေ့နိုင်ပါတယ်။ ပြောရရင် လူတွေ အဓိကရင်ဆိုင်ရတာက ခရမ်းလွန်ရောင်ခြည်အေပါ။ ၉၅ ရာခိုင်နှုန်းလောက်ပေါ့။ ကျန် ၅ ရာခိုင်နှုန်းကတော့ ခရမ်းလွန်ရောင်ခြည်ဘီပါ။
🔺 🔺 🔺
#အရေပြားအိုစာခြင်းရဲ့တရားခံ
အရေပြားဟာ သင်္ခါရသဘောတရားအရ တဖြည်းဖြည်းနဲ့ အိုစာရမှာပါ။ ဒီအိုမင်းမှုဖြစ်စဉ်ကို နောက်ကနေ တွန်းအားပေးနေတဲ့ အချက်တွေကတော့ နေရောင်ခြည်၊ ဆေးလိပ်၊ စိတ်ဖိစီးမှု၊ အာဟာရမပြည့်ဝမှုနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့ကိစ္စတွေပါ။ ဒီအရေပြားပျက်စီးဖို့ တွန်းအားပေးတဲ့ အချက်တွေထဲမှာ အဓိကဇာတ်ကောင်ကတော့ နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်ပါပဲ။ ခရမ်းလွန်ရောင်ခြည်တွေထဲမှာမှ ခရမ်းလွန်ရောင်ခြည်အေဟာ အရေပြားအိုစာမှုကို မြန်ဆန်အောင် လှုံ့ဆော်ပေးသူပါ။ ဒါကြောင့် A for aging လို့တောင် မှတ်ကြပါတယ်။ သူက လှိုင်းရှည်တော့ အရေပြားရဲ့ အလယ်လွှာထဲအထိ ထိုးဖောက်ပြီး ကိုလာဂျင်၊ အီလတ်စတင်အမျှင်တွေကို ဖျက်ဆီးပစ်လို့ပါ။ ဒီကလပ်စည်းတွေ ပျက်စီးလာတာနဲ့အမျှ အရေပြားဟာ အရေးကြောင်း၊ အတွန့်အခေါက်တွေနဲ့ လျော့တိလျော့ရဲဖြစ်လာတော့တာပါ။ အရေပြားရင့်ရော်အိုမင်းခြင်း သရုပ်သကန်တွေကို နေပူစပ်ခါးမှာ အလုပ်လုပ်ကြရသူတွေ ခါးစည်းခံကြရတာကို မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူးကြမှာပါ။
🔺 🔺 🔺
#နေလောင်တာ_ဘီကြောင့်ပါ
ခရမ်းလွန်ရောင်ခြည်ဘီကတော့ လှိုင်းလတ်မို့ အရေပြားကို ထဲထဲဝင်ဝင် မထိုးဖောက်နိုင်ပါဘူး။ အပေါ်ယံကလပ်စည်းတွေကိုပဲ ထိခိုက်စေပါတယ်။ ဒါပေမဲ့ သူက ပြင်းအားများတော့ နေလောင်တာ (Sunburn) ကို ဖြစ်စေပါတယ်။ နေထိတဲ့နေရာတွေဖြစ်တဲ့ မျက်နှာ၊ လည်ကုပ်၊ လက်ဖျံတွေမှာ နီရဲရောင်ရမ်းပြီး ပူစပ်ပူလောင်ဖြစ်ရတာဟာ ဘီကြောင့်ပါ။ အသားဖြူ၊ အသားနုတဲ့သူတွေမှာ နေပြင်းပြင်းထိရင် ဒီပြဿနာ ကြုံရလေ့ရှိပါတယ်။ ဒါကြောင့် B for Burning ဆိုပြီး အလွယ်မှတ်ကြရပါတယ်။ ခရမ်းလွန်ရောင်ခြည်ဘီတွေဟာ မနက်ခင်းနဲ့ ညနေစောင်းထက် မွန်းတည့်ဝန်းကျင်မှာ ပိုပြီးကွန့်မြူးပါတယ်။ ဒါကြောင့် မနက် (၁၀)နာရီနဲ့ ညနေ (၃)နာရီကြားမှာ အတတ်နိုင်ဆုံး နေရှောင်သင့်ပါတယ်။ အင်္ဂလိပ်လို အဆိုတစ်ခုတောင် ရှိပါတယ်။ Short shadow, seek shade တဲ့။ နေပူထဲထွက်လို့ ကိုယ့်အရိပ်က တိုနေရင် အရိပ်ကိုသာ ပြေးရှာပါတဲ့။ ပြောရရင် အရိပ်တိုလေ အန္တရာယ်များလေပါ။ နေလောင်တာထက် ခရမ်းလွန်ရောင်ခြည်ဘီဟာ အရေပြားကင်ဆာဖြစ်စေနိုင်တာမို့ အသားနု၊ အသားဖြူတဲ့သူတွေဟာ နေရောင်ခြည်ကို ထီမထင်မလုပ်ကြပါနဲ့။
🔺 🔺 🔺
#မျိုးစုံတဲ့အရေပြားပြဿနာတွေ
နေရောင်ခြည်ဟာ အရွယ်မတိုင်ခင် အရေပြားရင့်ရော်တာ၊ အိုစာတာ၊ အသားလောင်တာ၊ ရှားရှားပါးပါး အရေပြားကင်ဆာ ဖြစ်တာတွေအပြင် အခြားအရေပြားပြဿနာတွေကိုလည်း ပိုပြီးဆိုးဝါးစေပါတယ်။ တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက် စတာတွေဟာ နေပူမိလေ ပိုဆိုးလေပါ။ နှင်းခူ၊ ရေယုန်၊ ဆိုရီယားစစ်၊ ရိုစေရှား (မျက်နှာရဲရဲ) ရောဂါတွေလည်း နေမိလေ ပိုကြွလာလေပါ။ အရေပြားလေးဖက်နာ (SLE) ၊ အရက်နာ (Pellagra) ရှိခဲ့ရင်လည်း နေရောင်ခြည်က ဒုက္ခပေးပြန်ပါရော။ ငယ်ရွယ်စဉ်မှာ နေအထိများခဲ့တဲ့သူတွေမှာ အသက်ကြီးလာတဲ့အခါ နေလောင်ကွက် (Solar Lentigo) ညိုညိုမည်းမည်းအကွက်တွေ မျက်နှာနဲ့လက်ဖျံတွေမှာ ပေါ်လာတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေရဲ့ ရေရှည်ဆိုးကျိုးပေါ့။ တကယ်တော့ အရေပြားတင်မက ဆံပင်တွေလည်း နေကြောင့် အထိနာတာပါပဲ။ အကာအကွယ်မဲ့ နေပူမိတာများရင် ဆံပင်တွေလည်း မွဲမွဲခြောက်ခြောက် ကျိုးကျိုးကြေကြေပါပဲ။
္ဂဇင်း
်လထုတ်
#ဇရာ_ဗျာဓိ_မရဏကို_ဘယ်လိုရင်ဆိုင်မလဲ
#နေရောင်ခြည်နှင့်_အရေပြား (၂) ⤵️
https://www.facebook.com/100066781972446/posts/563523419217052/
17/04/2023
မင်္ဂလာပါ။
နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေလို့
ကုန်းဘောင်ဆေးခန်းမိသားစု နှစ်သစ်ဆုမွန်ကောင်းတောင်းမေတ္တာပို့သလိုက်ပါတယ်။
22/03/2023
🟥ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း🟥
12.04.2023 Wednesday မှ 18.04.2023 Tuesday အထိ ဆေးခန်း ပိတ်ပါမည်။
19.04.2023 Wednesday နှစ်ဆန်း 3 ရက်နေ့ တွင်ဆေးခန်း ပြန်လည် ဖွင့် လှစ်ပါမည် ဖြစ်ကြောင်း ချစ်ခင်လေးစား စွာ အသိပေးအပ်ပါသည်။
Photos from Kone Baung Medical Center-ကုန်း ဘောင် အထူးကု ဆေးခန်း's post 31/01/2023
📣📣မင်္ဂလာပါ📣📣
➡️➡️အရေပြား အထူးကု ဆရာဝန်ကြီး⬅️⬅️
🎓Dr Kyaw Kyaw@ဒေါက်တာကျော်ကျော်
အထူးအရေပြား အထူးကု ဆရာဝန်ကြီး
M.B.,B.S(MDY),Dip In Dermatology
M.Med.Sc(Dermatology)
Cert in Dermatopath/BKK
▶️ဆေးခန်းထိုင်မည့်ရက်-Monday , Tuesday , Thursday and Friday .
▶️ဆေးခန်း ထိုင်မည့် အချိန်- နေ့လည် ၂:၀၀ မှ ၄:၀၀
☎️☎️ဆရာကြီးနှင့် ပြသဆွေးနွေးရန် ပြမည့် နေ့မနက် ၉:၀၀ တွင် ဖုန်းဆက်booking ပေးရန်လေးစားစွာအသိပေးအပ်ပါသည်။☎️☎️
📣📣💉💉ဆရာကြီးနှင့် ပြသရန် phone (018-383609 ,018-241074, 09421154786 ) သို့ စုံစမ်း၍booking တင်နိုင်ပါပြီ🌡🌡📣
Photos from Kone Baung Medical Center-ကုန်း ဘောင် အထူးကု ဆေးခန်း's post 03/01/2023
✅၂၀၂၃နှစ်သစ်မှစ၍ မိဘပြည်သူများ စိတ်၏ချမ်းသာခြင်း၊ ကိုယ် ၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေ လို့ ကုန်းဘောင်အထူးကုဆေးခန်း မိသားစုမှ နှစ်သစ် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
✅Happy new year
Photos from Kone Baung Medical Center-ကုန်း ဘောင် အထူးကု ဆေးခန်း's post 07/11/2022
⭐️တန်ဆောင်မုန်းလပြည့်နေ့ ချောင်းသာရောက် ကုန်းဘောင်ဆေးခန်း မိသားစု။⭐️
❤️မိဘပြည်သူများ ၊ လေးစားချစ်ခင်ရတဲ့ မိတ်ဟောင်း မိတ်သစ်များ ပျော်ရွှင်ဖွယ်နေ့လေး ဖြစ်ပါစေ။ ကျန်းမာချမ်းသာကြပါစေလို့ ကုန်းဘောင်ဆေးခန်း မိသားစု မှ ဆုမွန်ကောင်းတောင်း ပေးလိုက် ပါတယ် ။❤️
✅မနက်ဖန် (၈.၁၁.၂၀၂၂ အင်္ဂါနေ့ )မှ စပြီး ဆေးခန်း ပြန်ဖွင့်ပါပြီ။ ✅
18/10/2022
✅မင်္ဂလာပါ✅
⭐️⭐️တန်ဆောင်တိုင်ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း⭐️⭐️
✅05.11.2022 ( Saturday) မှ 07.11.2022 (Monday ) အထိ ၃ ရက် ဆေးခန်း ပိတ် ပါ မည် ။ ✅
⭐️08.11.2022 Tuesday အင်္ဂါနေ့ တွင် ဆေးခန်း ပြန်ဖွင့်ပါမယ် ။⭐️
❤️လေးစားအပ်ပါသော မိဘ ပြည်သူ များ တန်ဆောင်တိုင်ပွဲတော်အခါ သမယတွင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့် စုံ ကြပါစေ လို့ ကုန်းဘောင် အထူး ကုဆေးခန်း မိသား စု မှ ဆု မွန်ကောင်း တောင်း ပေးပါတယ်။❤️
Photos from Kone Baung Medical Center-ကုန်း ဘောင် အထူးကု ဆေးခန်း's post 09/10/2022
💕Holiday mood at Yangon Water boom and dinner at Phai Lin restaurant 💕
✅ကုန်းဘောင် အထူးကုဆေးခန်းမိသား စု သီတင်းကျွတ် ပိတ်ရက် water boom သို့ အလည် တစ်ခေါက်။✅
❤️အားလုံး အလုပ် တွေ ကို တက်ညီ လက်ညီ ကြိုးကြိုး စား စား လုပ် ကြတဲ့ တစ်ဦး ချင်းစီ ကို အထူး ကျေးဇူး တင်ပါတယ် ။❤️
🍀အားလုံး ဟာ မိသား စုဝင်တွေ လိုပါဘဲ။🍀
😊ပါဝင်ကူညီ အား ဖြည့်ပေးတဲ့ အရေပြား အထူး ကု ဆရာဝန် ကြီး ဒေါက်တာကျော်ကျော် နှင့် ဇနီးချော ဒေါ်စောမာလာရီ အား အထူး ဘဲ ကျေးဇူး တင်ရှိ ပါတယ် ။😊
👍We work together , we build our Kone Baung clinic more stronger . 👍
05/10/2022
✅မင်္ဂလာပါ✅
⭐️⭐️ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း⭐️⭐️
✅08.10.2022 စနေနေ့ (အဖိတ်နေ့ )တစ်ရက်
ဆေးခန်း ပိတ် ပါ မည် ။ ✅
❤️လေးစားအပ်ပါသော မိဘ ပြည်သူ များ သီတင်းကျွတ် အခါ သမရတွင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့် စုံ ကြပါစေ လို့ ကုန်း ဘောင် အထူး ကုဆေးခန်း မိသား စု မှ ဆု မွန်ကောင်း တောင်း ပေးပါတယ်။❤️
Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.
Our Story
ကျွန်တော်များကုန်းဘောင်အထူးကုဆေးခန်းကို(၁၉၈၀) ပြည့်နှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။
ရန်ကုန်မြို့၏မြို့လယ်ခေါင်ဖြစ်သောပန်းဘဲတန်းမြို့နယ်ရွှေဘုံသာအထက်လမ်းတွင်တည်ရှိသောကြောင့်အချက်ချာကျ၍သွားရေးလာရေးလွယ်ကူပါသည်။
နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ ကျောင်း သွားတက်မည့် သူများကိုဆေးစစ်ပေးခြင်းလုပ်ငန်းအားနှစ်ပေါင်း(၃၀)ကျော်တိုင်ယနေ့အထိ အောင်မြင်စွာဝန်ဆောင်မှုပေးလျက်ရှိပါသည်။
Telephone
Address
No. 303, Shwe Bon Thar (upper Block), Pabedan Township
Yangon
11141
Opening Hours
Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00
Other Yangon clinics (show all)
ZAR & ZAR Co., Ltd. ZAR & ZAR Co., Ltd.
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon
One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803
Myanmar Chemdyes Co. Ltd. Myanmar Chemdyes Co. Ltd.
122, 124, 126. Mahabandoola Garden Street
Yangon, KTDA11181
We specialize in and point-of-care (POC) diagnostics equipment and health food products.
Perfect Hair Stylist and Men Spa Perfect Hair Stylist and Men Spa
(No. 118) Ground Floor, Aung Zayya Street, Sin Min Zay Bus Stop, Near Skyway Club, KyiMyintDing Kannar Street, Alone Township
Yangon, 11121
Dr. KETO Guide for fit Dr. KETO Guide for fit
Yangon
ဆရာဝန်ကိုယ်တိုင်မှ Ketogenic Diet နဲ့ပတ်သတ်ပြီး Guidelines လေးတွေပေးသွားမှာပါ။
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon
သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?
AMIRA Esthetique De LUXE AMIRA Esthetique De LUXE
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201
Luxury Aesthetic Clinic
Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990
Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �
Statum Statum
Yangon
မှိုကြောင့်ဖြစ်သော အရေပြားရောဂါများအတွက် စတေတမ်
Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258
ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။
YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon
Healthcare is always our priority
VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181
ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ