Healthy Boy Brand Myanmar

ထိုင်းနိုင်ငံတွင် အကောင်းဆုံးနံပါတ်(1) ပဲငံပြာရည် ထိုင်းနိုင်ငံတွင် အကောင်းဆုံးနံပါတ်(1) ပဲငံပြာရည် , ဟင်းလျှာများ အားအကောင်းဆုံးအရသာဖြည့်စွက်ပေးပါသည်.

Thailand's number 1 seasoning brand , Tasty with all nation food cuisine.

01/05/2023

Dear customer,

We are appologize for inconvenience.

We are temporary suspended all of our services until further notice.

Thank you.

21/09/2022


ချိုမြိန်သောအမှတ်တရ‌ေတွ ပြည့်နှက်နေတဲ့ ကလေးဘဝ အများစုက အစားအသောက်တွေနဲ့ ဆက်စပ်‌ေနမှာပါ။ (ကိုယ်ကတော့ အစားတလိုင်းမို့ ဒါပဲတွေးမိ😜)

ကိုယ့်အဖွား, ကိုယ့်အမေ ,ကိုယ့်အဒေါ် ,ကိုယ့်အမ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အကြိုက် ပြင်ဆင်‌ေပးထားတဲ့ ဟင်းပွဲတိုင်းက ကိုယ့်အတွက်တော့ စိတ်ကျေနပ်မှုအများကြီးရရှိပြီး အရသာလည်း ရှိလှပါတယ်။ 💞💗

တစ်နေ့တာရဲ့ မီနူးတွေက ကိုယ့်အတွက် အမှတ်တရများကို အမြဲအမှတ်ရစေမှာပါ။ 🥰😊

ဒီနေ့ ရှယ်သွားပေးမယ့် မီနူးလေးကတော့ အလွန်ရိုးရှင်းတဲ့ ဟင်းတစ်မျိုးဖြစ်ပြီး တရုတ်လူမျိုး‌ေတွရဲ့ ကြက်ဥကြော်နည်းကို ရေကြက်ဥကြော် သို့မဟုတ် ကြက်ဥမှုန့်လို့လည်း လူသိများကြပါသေးတယ်။ 🥣🧂👦🏻🧒🏻👶🏻

ဒါဆိုရင် ဒီနေ့အတွက်မီနူးလေးကို စတင်ချက်ဖို့ရာ ဘာတွေလိုအပ်လဲ? ဘယ်လို ချက်ရမလဲဆိုတာကို အောက်မှာ ဆက်ဖတ်ပေးပါအုံးနော်။ 💁💁👩‍🍳👨‍🍳

👉🏻ပါဝင်ပစ္စည်းများအနေနဲ့ 👇

▶️ ကြက်ဥ ၂လုံး (သို့) ၃လုံး

▶️ ရေ 200 ml

▶️ Healthy Boy Brand Thin Soy Sauce Red (အနီ‌ေရာင် အမှတ်တံဆိပ်) လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊

▶️ နွေကြက်သွန်နီ (အလှဆင်ရန်အတွက်)
တို့ကို စုပြီးပြီဆိုရင်တော့ စချက်လိုက်ကြစို့နော်။

- ပန်းကန်လုံးကြီးတစ်လုံးထဲတွင် ကြက်ဥများကို ကြေအောင်ခွဲ၍ ပဲငံပြာရည်ထည့်ကာ နူးအိလာသည်အထိ အနည်းဆုံး ၁ မိနစ်ခန့် မွှေပေးပါ။

- ရေကို တိုင်းတာပါ - ကြက်ဥနှင့် ပမာဏတူသော ဇလုံထဲသို့ ရေလောင်းထည့်ပြီး နှံ့သည်အထိ ထပ်မွှေပါ။

- အပူခံခွက်တစ်ခုထဲသို့ လောင်းထည့်ကာ မိုက်ခရိုဝေ့ဖ်ကို အပူချိန် (450 watts) တွင် ၃ မိနစ်ကြာထားကာ အပြင်သို့ ပြန်ထုတ်ပါ။

- ထို့နောက် နွေကြက်သွန်နီကို ပါးပါးလှီးပြီး အပေါ်မှ အလှဆင်ကာ (450 watts) ရှိသော မိုက်ခရိုဝေ့ဖ်မီးဖိုထဲသို့ ၃ မိနစ်ခန့် ပြန်ထည့်ပါ။

- ၃ မိနစ်ပြည့်ပြီးရင်တော့ မိုက်ခရိုဝေ့ဖ်ကနေ ထုတ်လိုက်လို့ရပါပြီ။

အရသာရှိတဲ့ ဟင်းတစ်ခွက်အဖြစ် ထမင်းစားပွဲပေါ်မှာ နေရာယူရင်း တစ်နေ့တာအတွက် ပြည့်ဝတဲ့ အာဟာရကို ရရှိပိုင်ဆိုင်ကြပါစေ 👍🏻😋

🎖 ကြိုက်တဲ့အရသာရဖို့အတွက် နွေကြက်သွန်နီနဲ့ ရောစားနိုင်သလို အရသာ‌ပိုရှိ‌ဖို့ အတွက်လည်း မိမိကြိုက်နှစ်သက်တဲ့ ပါဝင်ပစ္စည်းများ ထပ်ထည့်နိုင်ပါတယ်။ 🤗

🥄🥚 Microwave Steamed Eggs ✨
The childhood full of sweet memories and many of them are food-related. The ingredients in every single dish prepared was so satisfying and delicious. Menu of the day is a super simple dish that always reminds to your memories is Chinese steamed eggs also know as water egg or egg custard. 🥣🧂👦🏻🧒🏻👶🏻

👉🏻 Ingredients
2-3 Eggs
200ml Water
2 tbsp Healthy Boy Brand Thin Soy Sauce (Red Label)
Spring Onions (For Garnish)

💫 How to cook.
- Crack the eggs into a large bowl, add soy sauce and beat for at least 1 minute until fluffy.
- Measure out water - same volume as egg and pouring water in the bowl. Beat again until combined.
- Pouring into a containers that safe in microwave and set the microwave on low power (450 watts) for 3 mins and bring it out. Slice the spring onions then garnish on top and put back into the microwave oven again for 3 mins on 450 watts.
- Remove from microwave. Serve! 👍🏻😋

🎖You can garnish or not with spring onions or add more ingredients to get the desired flavours.

16/09/2022

🍄 မှိုပူပူနဲ့ ပင်စိမ်းဆော့စ် ထိုင်းမွှေကြော် 🌿🔥

မိုးရွာလိုက် နေပူလိုက်နဲ့ တစ်နေ့တစ်နေ့ အိမ်သားတွေကို ဘာချက်‌ေကျွးရမလဲမသိ ဖြစ်နေတဲ့ အိမ်ရှင်မတွေရှိလား 😁

ရာသီစာအနေနဲ့ မှိုပင်စိမ်း စပ်စပ်လေး ချက်‌ေကျွးကြည့်လိုက်ပါ။ 😋(ရာသီစာ ဟုတ်/မဟုတ် မသိဘူး ရမ်းပြောတာ) 🤣

ထိမိဂွိဖြစ်သွားရင် တာဝန်မယူနော် 🤪

မှိုအတွက် အလွန်လွယ်ကူတဲ့ ထိုင်းပင်စိမ်းကြော် ချက်နည်းဟာဆိုရင် ပါဝင်ပစ္စည်း‌နည်းပါးပေမယ့် အရသာကတော့ ရှယ်ကောင်းပါ။ 😜

👉🏻ပါဝင်ပစ္စည်းတွေကတော့

- မှို ၁/၂ ခွက် (သင်ကြိုက်သလောက်)

- I-Chef Hot Basil Stir-Fry Sauce 50 ဂရမ်

- ကြက်သွန်ဖြူ ၁ ဇွန်း (ထောင်းထားပါ)

- ငရုတ်သီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း (လှီးထားပါ)

- Basil Leave 30 ဂရမ်

- ဟင်းချက်ဆီ

😋 ချက်ရန်အညွှန်းလေးက

ဒယ်အိုးထဲတွင် ဆီပူအောင် အပူပေးပါ။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးထည့်ပါ။

စက္ကန့် 30 ကြာ မွှေကြော်ပြီးနောက် မှိုထည့်ကာ မှိုများ နူးညံ့ခါနီးအထိ မွှေပေးပါ။

ဒယ်အိုးထဲသို့ I-Chef Hot Basil Stir-Fry Sauce ထည့်ပါ။ ပြီးပါက အပူပေးထားသော ပင်စိမ်းရွက်ကို ထည့်ကာ အကြိမ်အနည်းငယ် မွှေကြော်ပါ။

နောက်ဆုံးမှာတော့ မီးပိတ်ပြီး စားသုံးရန် အသင့်ဖြစ်ပါပြီ။ 🍽🍚🥒🔥🌶🌶

🍄 Thai Stir-Fry Hot Basil Sauce with Mushroom 🌿🔥
Super easy Thai hot basil stir-fry recipe for mushrooms is short on ingredients but full of flavour.

👉🏻 Ingredients
1 and 1/2 cup Mushrooms (that you like)
50g I-Chef Hot Basil Stir-Fry Sauce
1 tbsp Garlic (Pounded)
1 tsp Chilli (Chopped)
30g of Basil Leave
Cooking oil

😋 Instructions
- Heat the oil in a pan over the high heat. Add the garlic and chili. Stir-fry for 30 seconds, then add mushrooms and stir-fry until mushrooms are almost tender.
- Add I-Chef Hot Basil Stir-Fry Sauce into a pan. Stir over heat following add sweet basil leave and stir-fry a few times.
- Turn off the heat and ready to serve. 🍽🍚🥒🔥

13/09/2022

👍🏻 အိမ်လုပ် Miso Soup 🍲🇯🇵

Miso စွပ်ပြုတ်ဟာ ဂျပန်လူမျိုး‌‌ေတွရဲ့ ရိုးရာအစားအစာတွေထဲကမှ ထင်ရှားတဲ့ မီနူးတစ်မျိုးပဲဖြစ်ပါတယ်။💞💞

နံနက်စာ၊ နေ့လယ်စာ သို့မဟုတ် ညစာအတွက် နေ့တိုင်းနီးပါး မီဆို စွပ်ပြုတ်လေးကို စားသုံးကြပါတယ်။ 🤗😊

Miso Soup ဟာ အိမ်မှာလုပ်လို့ရတဲ့ အလွယ်ဆုံးဟင်းချိုတွေထဲက တစ်ခုပါ။ 🤩😋

ဒါဆိုရင် မီဆိုစွပ်ပြုတ်လုပ်စားကြည့်ရအောင်! 😋👩‍🍳👨‍🍳

🌟 ပါဝင်ပစ္စည်းများ

☑️ Dashi Granules စားပွဲတင်ဇွန်း ၁ ဇွန်း (ငါးအသားစိုင်နဲ့ ပြုလုပ်ထားတဲ့ ရိုးရာပါဝင်ပစ္စည်း)

☑️ Miso Paste စားပွဲတင်ဇွန်း ၂ ဇွန်း (အချဉ်ဖောက်ထားသော ပဲပိစပ်)

☑️ Wakame အခြောက် (ပင်လယ်စာ) 5 ဂရမ်

☑️ ရေ 20ml (ဝါကာမီစိမ်ရန်)

☑️တို့ဟူး (ကြိုက်ရာ)

☑️ ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီး)

☑️Healthy Boy Brand Thin Soy Sauce A လက်ဖက်ရည်ဇွန်း ၁ ဇွန်း

☑️ ရေ 500 ml

📚 ချက်ပြုတ်နည်း👇👇👇👇

⏩ ကြက်သွန်မြိတ်စိမ်းများကို ပါးပါးလှီးပြီး ရေစင်အောင်ဆေးပါ။

⏩ ပင်လယ်ရေမှော်ခြောက်များကို ရေတွင်စိမ်ထားပါ။

⏩ တို့ဟူးကို အတုံးသေးသေးတုံးထားပါ။

⏩ ပင်လယ်ရေမှော်များနှင့် တို့ဟူးများကို ပြုတ်၍ရေစစ်ထားပါ။

⏩အိုးကို အလယ်အလတ်မြင့်သောအပူဖြင့် အပူပေးပါ။

⏩ ထို့နောက် အိုးထဲသို့ ရေထည့်ပါ။

⏩ ပွက်ပွက်ဆူနေသောရေထဲကို Dashi Granules နှင့် ပဲငံပြာရည်တို့နှင့်အတူ မီဆိုငါးပိထည့်ပါ။

⏩Miso ငါးပိ ပျော်သွားသည်အထိ ပြုတ်ပြီး ပွက်ပွက်ဆူလာသည်အထိ စောင့်ပါ။

⏩ ထို့နောက် ပြုတ်ပြီးသား တို့ဟူးနှင့် ပင်လယ်ရေမှော်များကို ထည့်ကာ ကြက်သွန်မြိတ်စိမ်းကို အပေါ်မှဖြူးပေးပါ။

အားလုံးပြီးစီးသွားပြီဆိုရင်တော့ ဂျပန်ရိုးရာ အိမ်လုပ် မီဆို စွပ်ပြုတ်ကို ပန်းကန်လံုးလှလှထဲမှာ ထည့်ပြီး သုံးဆောင်လို့ရပါပြီ။ ✨🫕😋

👍🏻 Homemade Miso Soup 🍲🇯🇵
Miso soup is a staple in Japanese cuisine. We enjoy it almost every single day, for breakfast, lunch, or dinner. Miso soup is probably one of the easiest soups you can make at home. 🤩😋

🌟 Ingredients
1 tbsp Dashi Granules (Traditionally ingredient made of fish stock)
2 tbsp Miso paste (made from fermented soybeans)
5g Dried Wakame (seaweed)
20ml Water (For soaking wakame)
Tofu (that you like)
1 tree Green Onions (Chopped)
1 tsp Healthy Boy Brand Thin Soy Sauce A
500ml Water

📚 How to cook.
- Soaking seaweed in a water. Cut tofu into a dice pieces.
- Heat the pot to medium-high heat. Pouring water in the pot. Boiling water and add miso paste following with Dashi Granules and soy sauce. Boil until miso dissolved, wait until boiling, then add tofu and seaweed until cooked and sprinkle with green onions. Let’s Eat! ✨🫕

12/09/2022

🥢 ပဲငံပြာရည် နှင့် ဆန်ခေါက်ဆွဲကြော်🐖🔥

ထိုင်းနိုင်ငံမှာတော့ "Pad See Ew" လို့ ခေါ်တဲ့ မီးခိုးငွေ့ပါတဲ့ထိုင်းစတိုင် ခေါက်ဆွဲခြောက်ကို ပဲငံပြာရည်အမွှေးအကြိုင်နဲ့ ဆွတ်ပြီး‌ေကြာ်ထားတဲ့ ခေါက်ဆွဲတစ်မျိုးပါ။

မနက်စာအနေနဲ့ရော ညစာအဖြစ်နဲ့ပါ သုံးဆောင်လို့ရတဲ့ မီနူးလေးပဲဖြစ်ပါတယ်။

⚡️ဒီကြော်နည်းအတွက် လိုအပ်တာတွေကတော့

* ဟင်းချက်ဆီ
* ကြက်သွန်ဖြူ ၁ ဇွန်း (ထောင်းထားပါ)
* 60 ဂရမ်ဝက်သား
* ကြက်ဥ ၁ လုံး
* ဆန်ပြား ၂၀၀ ဂရမ်
* 1 1/2 လက်ဖက်ရည်ဇွန်း Healthy Boy Brand Black Soy Sauce (လိမ္မော်ရောင် အညွှန်း)

* Healthy Boy Brand Thick Oyster Sauce လက်ဖက်ရည်ဇွန်း ၂ ဇွန်း

*Healthy Boy Brand Seasoning Sauce Green Cap ၁ ဇွန်း

*သကြား 1 ဇွန်း
*တရုတ်ဘရိုကိုလီ 50 ဂရမ် (အရှည် 3 စင်တီမီတာ)

⚡️ 👩‍🍳🔪💫

✅ ဒယ်အိုးကို အလယ်အလတ်အပူဖြင့် အပူပေးပါ။

✅ ဝက်သားမထည့်ခင် ကြက်သွန်ဖြူကို ဆီသတ်ပါ။

ထို့နောက် ကျက်သည်အထိ စက္ကန့် 30 ခန့် မွှေပြီး ကြက်ဥထည့်ကာ မွှေပါ။

✅ကြက်ဥတည်ထားသည့်အတိုင်း ခေါက်ဆွဲကို ဒယ်အိုးထဲသို့ထည့်ကာ ပဲငံပြာရည်၊ ခရုဆီ၊ ဟင်းခတ်ဆော့စ်နှင့် သကြားတို့ဖြင့် သမအောင် မွှေပါ။

✅ ခေါက်ဆွဲကို ငံပြာရည်ထဲထည့်ပြီး အဖုံးအုပ်ထားလိုက်ပါ။

✅အပူပေးပြီး ဒယ်အိုးထဲသို့ တရုတ်ဘရိုကိုလီထည့်ကာကျက်သည်အထိ မွှေပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ ဆန်ခေါက်ဆွဲကြော်ကို သုံးဆောင်နိုင်ပါပြီ။ 🤤✨🥢🥘

🥢 Stir Fried Rice Noodles with Black Soy Sauce 🐖🔥
In Thailand called “Pad See Ew" is a smoky Thai style stir-fried noodles with molasses color and aroma from the black soy sauce tossed in a sizzling wok. ✨

⚡️ Ingredients
Cooking Oil
1 tbsp Garlic (Pounded)
60g Pork
1 Egg
200g Flat Rice Noodles
1 1/2 tsp Healthy Boy Brand Black Soy Sauce (Orange Label)
2 tsp Healthy Boy Brand Thick Oyster Sauce
1 tsp Healthy Boy Brand Seasoning Sauce Green Cap
1 tsp Sugar
50g Small Chinese Broccoli (cut into 3 cm lengths)

⚡️ Instructions
- Heat the pan over the medium heat. Cook garlic in the oil until fragrant before adding pork. Then, stir-fried for 30 seconds until cooked and add egg and scramble.
- As the egg set, add the noodles into the pan and season with black soy sauce, thick oyster sauce, seasoning sauce and sugar. Toss to coat the noodles in the sauce.
- Heat up, add Chinese broccoli to the pan and mix through until cooked before serving immediately.
- Ready to eat. 🤤✨🥢🥘

09/09/2022

📌 How to thinly slice meat 🥩🧂
🥇 Not difficult to do this. You can make it. Anyone can cook.
🍗 If you want to marinated the meat. Please read the instructions down below.

🌟 Instructions
- A sharp knife is crucial.
- Slice meat in half to ensure tenderness, slice across the tender.
- To ease cutting process, place meat into freezer for approx. 20 minutes
- Marinated the meat with Healthy Boy Brand Thick Oyster Sauce to mixing. You will have the best marinated meat for cooking. 🍽🏆

🥩🧂အသားကို ပါးပါးလှီးနည်း🔪

🥇 ဒီ‌နည်းလေးကတော့ လုပ်ရတာ မခက်လို့ အလွယ်တကူ လိုက်လုပ်နိုင်မှာပါ။

မည်သူမဆို လိုက်ပါချက်ပြုတ်နိုင်ပါတယ်‌ေနာ်။ 👨‍🍳👩‍🍳

🌟 အောက်ပါနည်းလမ်းလေးကို လေ့လာပေးပါအုံး။👇

-ဦးစွာ အသားကို နှပ်ထားပါ။

- အရေးကြီးဆုံးကတော့ ချွန်ထက်သော ဓားကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။

- အသားကို နူးအိစေရန် ထက်ဝက်ခန့် လှီးဖြတ်ပြီး နူးညံ့အောင် လှီးထားပါ။

- လှီးဖြတ်ခြင်း လွယ်ကူစေရန် အသားများကို ရေခဲသေတ္တာထဲတွင် မိနစ်၂၀ခန့် ထည့်ထားပါ။

- ထို့နောက် နှပ်ထား‌‌ေသာ အသားများကို Healthy Boy Brand Thick Oyster Sauce ဖြင့် ရောမွှေပါ။

နောက်ဆုံးမှာတော့ ချက်ပြုတ်ဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အရသာရှိသော အသားများကို ရရှိမှာဖြစ်ပါတယ်နော်။🍽🏆

အိမ်ရှင်မ‌ေတွအတွက် အချိန်ကုန်သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ အသားနှပ်နည်းလေးအတိုင်း လိုက်လုပ်ကြည့်ဖို့ အကြုံပြုလိုက်ရပါနော်။ 🙆

07/09/2022

✨🥦 Stir Fried Mixed Vegetables 🍃🥗
This wonderful mixed vegetables dish create flavour and excitement with simple cooking and just a few authentic ingredients. ✨🍀

💚 Ingredients
1 Brown Onion (Sliced)
2 Garlic cloves (Crushed)
1 Red Chili (Sliced)
1/2 small head broccoli (cut into small florets)
2 Green Onion (cut into 6 cm lengths)
1 Carrot (cut into pieces)
30g Baby Corn (cut into pieces)
20g Green Peas
2 tbsp Healthy Boy Brand Seasoning Sauce Green Cap
1 tbsp Healthy Boy Brand Mushroom Soy Sauce
2 tbsp Vegetables Oil

💚 Instructions
Heat oil in a pan over medium-high heat. Add garlic, brown onion and red chili. Then, stir-fry for 2 minutes or until onion is just softened. Increase heat to high. Add broccoli, baby corn and carrot into a pan. Stir-fry for 3 minutes or until carrot is almost tender. After that, add green onion and green peas into a pan. Stir-fry for 1 minute and Season with green cap seasoning sauce and following with mushroom soy sauce then stir-fry for another 1-2 minutes or until just wilted. Serve immediately. 🥦🥬🌳♻️💚

📍 You can change vegetables in the recipe or ingredients that you like or you want.
🍀 Following your favorite recipe

✨🥦 ဟင်းသီးဟင်းရွက် ရောစပ်ကြော် 🍃🥗

အံ့သြဖွယ်ရာ စားကောင်းစေမယ့်ဟင်းသီးဟင်းရွက်ရောစပ်ကြော်လေးက ရိုးရိုးရှင်းရှင်း ချက်ပြုတ်မှုနဲ့ လွယ်ကူသော ပါဝင်ပစ္စည်း အနည်းငယ်ဖြင့် ထမင်းစားမြိန်မယ့် အရသာကို စိတ်လှုပ်ရှားဖွယ် ဖန်တီးပေးမှာပါ။ ✨🍀

💚 ပါဝင်ပစ္စည်းများ

✅ကြက်သွန်နီ အညို ၁ လုံး (ပါးပါးလှီး)
✅ကြက်သွန်ဖြူ ၂ မွှာ (ထောင်းထားပါ)
✅ငရုတ်သီးအနီ ၁ တောင့် (ပါးပါးလှီး)
✅ဘရိုကိုလီ ခေါင်းသေး ၁/၂ တောင့် (အပွင့်လေးတွေ လှီးထားပါ)
✅ကြက်သွန်နီ ၂ လုံး (အရှည် ၆ စင်တီမီတာ)
✅မန်လာဥနီ 1 လုံး (အပိုင်းပိုင်းဖြတ်ထားပါ)
✅Baby Corn 30 ဂရမ် (အပိုင်းပိုင်းဖြတ်ထားပါ)
✅ပဲစေ့စိမ်း 20 ဂရမ်
✅Healthy Boy Brand Seasoning Sauce အစိမ်းထုပ် ၂ ဇွန်း
✅Healthy Boy Brand Mushroom Soy Sauce ၁ ဇွန်း
✅ဟင်းသီးဟင်းရွက်ဆီ 2 ဇွန်း

💚 ချက်နည်းလေ့လာပေးပါအုံးနော်

ပထမဦးစွာ ဒယ်အိုးထဲတွင် ဆီအပူကို အလယ်အလတ်မြင့်မြင့်ဖြင့် အပူပေးပါ။

ထို့နောက်ကြက်သွန်ဖြူ ၊ကြက်သွန်နီ နှင့် ငရုတ်သီး အညို တို့ကို ထည့်ပါ။

ကြက်သွန်နီ ပျော့သွားသည်အထိ ၂ မိနစ်ခန့် မွှေကြော်‌ေပးပါ။

အပူကို မြင့်အောင်ထားပါ။ ဒယ်အိုးထဲသို့ ဘရိုကိုလီ၊ ပြောင်းဖူးနှင့်မုန်လာဥနီတို့ကို ထည့်ပါ။

မုန်လာဥနီ နူးညံ့ခါနီးအထိ ၃ မိနစ်လောက် မွှေကြော်ပါ။ ထို့နောက် ဒယ်အိုးထဲကို ကြက်သွန်နီနဲ့ ပဲစိမ်းစိမ်းထည့်ပါ။

၁ မိနစ်ခန့် မွှေကြော်ပြီး ဟင်းခတ်အစိမ်းထုပ် ငံပြာရည်နှင့် မှိုပဲငံပြာရည် တို့ဖြင့် ရောနယ်ပြီး နောက်ထပ် ၁ မိနစ်မှ ၂ မိနစ်ခန့် သို့မဟုတ် နွမ်းသွားသည်အထိ မွှေကြော်ပါ။ 🥦🥬🌳♻️💚

📍နှစ်သက်သော ကြော်နည်း သို့မဟုတ် ပါဝင်ပစ္စည်းများဖြစ်သောဟင်းသီးဟင်းရွက်များကိုလည်း ပြောင်းလဲနိုင်ပါတယ်။

🍀 အကြိုက်ဆုံးဟင်းချက်နည်းကို အသုံးပြုလိုက်ပါနော်။

02/09/2022

ဟလို ဟလို 📣📣 📞📞စက်တင်ဘာလအတွက် ဈေးတန်တန်ပရိုမိုးရှင်း‌‌ေတွပါခင်ဗျ

⚡️🥰 Monthly Happy SALE 🔥🔥

ဩဂုတ်လရဲ့ အထူးပရိုမိုးရှင်းလေး လာပါပြီရှန် 📣📢

လစဉ်လတိုင်း ပရိုမိုးရှင်းလေးတွေနဲ့ ဈေးလျော့ပြီး ရောင်း‌ေပး‌ေနလို့ စိတ်ဆိုးနေကြပြီလား 😁

ကုန်ဈေးနှုန်းမြင့်တက်လာလည်း ဒီပစ္စည်းလေးတွေကိုတော့ ချစ်သောတို့အတွက် သက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင်
လစဉ်လတိုင်း ‌ရောင်းချပေးနေပါတယ်နော် 🙆

ဒီလရဲ့ ၁၀% လျော့ဈေးနဲ့ရရှိမယ့် ပစ္စည်းလေးတွေက ဘာတွေဖြစ်မလဲ? 🤔

- ပဲငံပြာရည်အကျဲ (အနီရောင်အမှတ်တံဆိပ်) နဲ့
-ဂဏန်းမဆလာ ဟင်းချက်အနှစ်ထုတ်တို့ပဲဖြစ်ပါတယ်

ကဲ.... ဈေးလေးတန်တုန်း အမြန်ဆုံးမှာယူလိုက်ပါတော့နော်
ကျပ်တစ်သောင်းဖိုးနှင့် အထက်ကို ရန်ကုန်မြို့တွင်း ပို့ဆောင်ခပါ အခမဲ့ ပို့ပေးအုံးမှာဆိုတော့ မစဉ်းနေတော့ဘဲ ကိုယ့်မီးဖိုချောင်မှာ လိုအပ်နေတဲ့ ပစ္စည်းလေးတွေရှိရင်
ပေ့ခ်ျရဲ့ မက်ဆေဂျာကနေ အမြန်ဆုံးလာမှာလိုက်ကြတော့နော် 🚚🚐

The Offering monthly special discounts with 2 products for our PCT Mart customers. 🙏
10% special discounts from Healthy Boy Brand and I-Chef. 😊🥰
👇🏻👇🏻👇🏻👇🏻👇🏻👇🏻
10% OFF 📍🥳
Healthy Boy Brand Thin Soy Sauce (Red Label) ❤️ (700ml)
I-CHEF Yellow Curry Stir-Fry Sauce 💛 (50g)

Free delivery for every orders around Yangon.
🥺 Please order. Don't wait for too long and shop now with us. 🚚💨

30/08/2022

🧑🏻‍🍳 ထိုင်းပင်စိမ်း တို့ဟူးမွှေကြော် 🌶🥓😮‍💨

ဗိုက်အရမ်းဆာနေတဲ့အချိန်မှာ အမြန်ချက်ပြီးစားလို့ရမယ့် မီနူးဖြစ်တဲ့ ထိုင်းတို့ဟူးမွှေကြော်ချက်နည်း ကပါဝင်ပစ္စည်းနည်းပြီး ချက်ရတာမြန်ရုံအပြင် အရသာအပြည့်အဝ ရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ မီနူး‌ဖြစ်ပါတယ် 🌱🔥

✨ ပါဝင်ပစ္စည်းများ

⏯️ကြက်ဥ တို့ဟူး 240 ဂရမ်
⏯️ပင်စိမ်းရွက် 30 ဂရမ်
⏯️I-Chef Hot Basil Stir-Fry Sauce 50 ဂရမ် ၁ထုတ်
⏯️ Healthy Boy Brand Thin Soy Sauce A ⏯️လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
⏯️ သကြား 1 ဇွန်း
⏯️ကြက်သွန်ဖြူ (နှစ်သက်သလောက်)
⏯️ငရုတ်သီး (နှစ်သက်သလောက်)
⏯️ဟင်းချက်ဆီ

🌈ကြော်နည်း 👇

ဒယ်အိုးကို အလယ်အလတ်အပူပေးပြီး ဆီထည့်ပါ။

ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းထည့်ပြီး စက္ကန့် 30 ကြာမွှေကြော်ပြီးလျှင် ကြက်ဥတို့ဟူးထည့်ပြီး I-Chef Hot Basil Stir-Fry Sauce ကို ဟင်းခတ်သကြားနဲ့ ပဲငံပြာရည်တို့နဲ့ လောင်းထည့်လိုက်ပါ။

ကျက်သည်အထိ နောက်ထပ် တစ်မိနစ်ခန့် မွှေကြော်ပါ။

ပင်စိမ်းရွက်ကို ထည့်ပြီး အနည်းငယ်အကြာတွင် သုံးဆောင်လို့ရပါပြီ။

အရမ်းမြန်တဲ့အတွက် နံနက်စာအတွက်လဲ ကြော်စားလို့ရပါတယ်နော်။💁
ထမင်းအနည်းငယ်ထည့်စားရုံနဲ့ လုံလောက်တဲ့ နံနက်စာ အာဟာရကိုလည်းရရှိစေမှာပါ 🪐🍴🍛🥒🌶🧄

🧑🏻‍🍳 Thai Basil Tofu Stir Fry 🌶🥓😮‍💨
A dish of quick pad kra pao. This easy Thai stir-fry recipe is short on ingredients but full of flavour. It makes a light and healthy and delicious meal. 🌱🔥

✨ Ingredients
240g Egg Tofu
30g of Basil Leave
50g I-Chef Hot Basil Stir-Fry Sauce
1/2 tsp Healthy Boy Brand Thin Soy Sauce A
1 tsp Sugar
Garlic (Just you like)
Chili (Just you like)
Cooking Oil

🌈 How to make.
Heat the pan to medium heat, pouring oil into it. Add the garlic and chili. Stir-fry for 30 seconds, then add egg tofu and pouring I-Chef Hot Basil Stir-Fry Sauce following with seasoning sugar and soy sauce. Stir-fry for another minute until cooked. Add sweet basil leave and stir-fry a few times. Turn off the heat. Ready to serve. 🪐🍴🍛🥒🌶🧄

25/08/2022

🐑 သိုးသားကင် 🍖✨

အရသာရှိလှတဲ့ ဂရိစတိုင်လ်သိုးသားကင်တွေကတော့ကြည့်နေရတာနဲ့တင်ကို ပျော်ရွှင်စေပြီး သရေကျစေမှာပါ။ 😋
မီးဖိုပေါ်မှာတင်လိုက်တာနဲ့ မီးခိုးငွေ့တွေနဲ့ မီး တောက်သွားတဲ့အထိ ကင်ကြည့်လိုက်ပါ။ သိုးသားကင်ကို လွယ်ကူမြန်ဆန်စွာပြင်ဆင်ပြီး အသီးအရွက်ကင် တွေအတွက်ရော အသားနှပ်နည်းမျှဝေပေးပါမယ်နော် 💁

🔥 ပါဝင်ပစ္စည်းကနည်းနည်းလေးပါနော် 👇

- သိုးသား ( အရိုးပါတဲ့အသား ) ၃ တုံး
- Healthy Boy Brand ကမာခရုဆီ လက်ဖက်ရည်ဇွန်း ၄ ဇွန်း
- Healthy Boy Brand သားသတ်လွတ်မှိုဆီ ၁ ဇွန်း
-ငရုတ်ကောင်း အနည်းငယ်
-ဆား အနည်းငယ်

🧑🏻‍🍳 👨🏻‍🍳 အသားနှပ်နည်းကတော့

အသားနဲ့အရိုးကိုအနည်းငယ်ထုပြီး ဆား ၊ ငရုတ်ကောင်း ၊ မှိုဆီဆော့စ် တို့နဲ့နယ်ပြီး ၁ နာရီ နှပ်ထားပါ သို့မဟုတ် တစ်ညလုံး နှပ်ထားလိုက်ပါ။ ( ဝိုင်နီ နဲ့နှပ်ထားရင်တော့
တထုတ်ထုတ်နဲ့ အသားကနူးညံ့နေစေပါတယ် )
မီးဖိုပေါ်မှာ မီးပြင်းပြင်း နဲ့ ကင်ပြီး ပန်းကန်ပြားတစ်ချပ်ပေါ်တွင် ထည့်ပြီး အရသာရှိအောင် အာလူးကြော် / အလူးထောင်း တွေနဲ့ သို့မဟုတ် အသီးအရွက်သုပ်နဲ့လည်း စားလို့ရပါတယ်။ 🍀🥗🤩😋 မခက်ဘူးဟုတ်လား Foodies တို့ မင်မင်လဲရေးရင်းနဲ့ကို သရေကျနေပါပြီ 😝😁❣️

🐑 Marinated Lamb Chops 🍖✨
Enjoyment are these tasty greek style grilled lamb chops! Thrown on the grill and grilled until they are lightly charred, smoky and oh so good! These grilled lamb chops are so quick and easy to make. Serve them with grilled veggies.

🔥 Ingredients
3 pieces of lamb shank
4 tbsp Healthy Boy Brand Thick Oyster Sauce
1 tbsp Healthy Boy Brand Mushroom Vegetarian Sauce

🧑🏻‍🍳👨🏻‍🍳 How to make.
Smash the lamb shank on both sides. Then marinate with oyster sauce and mushroom sauce for 1 hour or leave overnight.
Grilled on the pan with high heat until cooked. Scoop onto a plate and it’s ready to be delicious. You can eat with vegetable salad. 🍀🥗🤩😋

23/08/2022

🤔🧡💛 Black Soy Sauce F1 နဲ့ Black Soy Sauce

(လိမ္မော်ရောင်လေဘယ်) ဒီ၂မျိုးကဘယ်လိုကွာခြားလဲသိကြပါလား ? 🤷🏻‍♂️

1️⃣ Healthy Boy Brand Black Soy Sauce Formula 1 ဟာ ပဲငံပြာရည်အနောက် အချိုအရသာဖြစ်ပြီး ရေခဲမုန့်ပေါ်တွင် ဆန်းပြီးစားနိုင်သလို စွပ်ပြုတ် ၊ အသားပေါင်း တို့လိုဟင်းလျာတွေအတွက်လဲ အထူးသင့်တော်ပါတယ်။
ပဲနံ့မွှေးပြီး အရသာကတော့ အငန်အနည်းငယ် နဲ့ အချိုအရသာကို ရောစပ်ထားတာဖြစ်ပါတယ်။
ခေတ်မှီနည်းပညာတွေနဲ့ ထုတ်လုပ်ထားတာကြောင့် ပရီမီယံအရည်အသွေးရှိတဲ့ Black Soy Sauce ပဲငံပြာရည်အနောက် အချိုအရသာ ဖြစ်ပါတယ် 👍🏻🤎🦆🐖⚡️

2️⃣ နောက်တစ်မျိုးကတော့ နာမည်တူသော်လည်း အရသာက F1 နှင့် လုံးဝဆန့်ကျင်ဘက်ပါပဲ Healthy Boy Brand Black Soy Sauce Orange Label ကတော့ အရောင်းရဆုံး ထုတ်ကုန်ဖြစ်ပြီး ၎င်း၏ အငန်အရသာနှင့် အရောင်လှတာတွေကြောင့် ကလေး၊ လူကြီး အသက်အရွယ်မရွေးအတွက် သင့်လျော်ပါတယ်။ မွှေကြော် ၊ အသား / ကြက်ဥ ကြော် ၊ ထမင်းကြော် ၊ ကြာဇံ / ခေါက်ဆွဲ ကြော် တို့လိုမီနူးတွေတွက် အထူးအရသာရှိပြီး အရောင်အသွေးစုံလင်စေမယ့် အာနိသင်ရှိပါတယ်နော်။ 💫🧡🥬🫔🍘

🤔🧡💛 How difference between Black Soy Sauce F1 and Black Soy Sauce (Orange Label)? 🤷🏻‍♂️
The black soy sauce that the most people remember is Healthy Boy Brand Black Soy Sauce Formula 1. This recipe bring for topping on ice cream. Made from modern process into thick, aromatic, flavour enhancing, and color adding sauce. The taste is salty and sweet mixed together. It is great for stir-frying and dipping for Peking Duck and Suckling Pig. This is premium quality. 👍🏻🤎🦆🐖⚡️

The other one has the same name but the taste is completely opposite from F1. The Healthy Boy Brand Black Soy Sauce Orange Label is the best-selling products and perfect for children because its salty and sour taste. It is great for stir-fry dishes, deep-fried dishes, fried rice. Fried will have a rich flavour and beautiful color and for dipping such as chives, red pork rice, noodles, etc. 💫🧡🥬🫔🍘

21/08/2022

🌶💥 BBQ ထိုင်းချဥ်စပ်ဆော့စ် "JIM JAEW" 🥄📚

Nam Jim Jaew ကို နံနံပင်၊ သံပုရာရည်၊ ငါးငံပြာရည်၊ သကြား၊ ငရုတ်သီးမှုန့်၊ ဆန်မှုန့် တွေနဲ့ အစပ်၊ အငန်၊ အချို၊ အချဉ် အရသာစုံတဲ့ ချဥ်စပ်ဆော့စ် လုပ်ထားတာဖြစ်ပြီး အသားကင် နဲ့ ပင်လယ်စာဟင်းလျာတွေအတွက် အထူးသင့်တော်တဲ့ ချဥ်စပ်ဆော့စ် ဖြစ်ပါတယ် ။ မင်မင်ကတော့ အချဥ်ရည်ဖျော်ရာမှာ လက်ရာအကောင်းဆုံးဆိုရင် ထိုင်းလက်ရာကိုတော့ အကြိုက်ဆုံးပါပဲ 🔥🌶🍋🧂
အရသာရှိတဲ့ အိမ်လုပ် ချဥ်စပ်ဆော့စ် မီနူးလုပ်ကြည့်ကြရအောင်နော် 💯

ပါဝင်ပစ္စည်းတွေကတော့ 👇

-ဆန်လှော် ၂ ဇွန်း
- ပင်လယ်စာ အမှတ်တံဆိပ် ငါးငံပြာရည် ၂ ဇွန်း
-သံပရာရည် ၁ ဇွန်း
-အုန်းသကြား ၁ ဇွန်း
- ငရုတ်သီးအမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- နံနံပင် (လှီးထားပါ)
- ကြက်သွန်နီ (ပါးပါးလှီးထားပါ)
-ကြက်သွန်နီ (ပါးပါးလှီးထားပါ)

💫 ပြင်ဆင်ပြီးပြီဆိုတော့ အချဥ်စပ်ကြည့်ကြမယ်နော်

1 ပန်းကန်လုံးထဲတွင် ငါးငံပြာရည်၊ သကြားနှင့် သံပရာရည်တို့ကို ရောမွှေပါ။

2 အုန်းသကြားပျော်သွားသည်အထိ မွှေပေးပါ။

3 ပန်းကန်လုံးထဲသို့ ဆန်လှော် နှင့် ငရုတ်သီးမှုန့်ထည့်ပြီး သမသည်အထိ မွှေပေးပါ။

4 နောက်ဆုံးအနေနဲ့ လှီးထားတဲ့ ကြက်သွန်နီ နဲ့ နံနံပင် တို့ကိုထည့်ပါ။

အရသာ မြည်းစမ်းပြီး အသားကင် , ပင်လယ်စာ, အသီးအရွက်ကြော် ၊ အကြော်စုံတို့ ကဲ့သို့ နှစ်သက်ရာ BBQ တို့နဲ့လဲ စားသုံးလို့ရပါပြီ ။ 😋

🎖 အကြံပြုချက်အနေနဲ့ လိုချင်တဲ့အရသာရဖို့အတွက် ပါဝင်ပစ္စည်းတွေကို ထပ်ထည့်နိုင်သလို မနှစ်သက်တာပါရင်လဲ ဖယ်လို့ရပါတယ် 💁
အသုံးဝင်တဲ့ မျှဝေမှုလေးဖြစ်ဖို့မျှော်လင့်ပါတယ်နော် ကျေးဇူးတင်ပါတယ် 🙆

🌶💥 How to make Spicy Thai BBQ Dipping Sauce “JIM JAEW” 🥄📚
Nam Jim Jaew is made of cilantro, lime juice, fish sauce, sugar, chili pepper flakes, and toasted rice powder. It tastes smokey, spicy, salty, sweet, and sour. It’s a great condiment for grilled meat and seafood dishes. 🔥🌶🍋🧂

👉🏻 Ingredients
2 tbsp Toasted Rice
2 tbsp Seafood Brand Fish Sauce
1 tbsp Lime Juice
1 tbsp Palm Sugar
1 tbsp Chili Pepper Flakes
Cilantro (Chopped)
Spring Onion (Sliced)
Onion (Sliced)

💫 How to cook.
Mix together with fish sauce, palm sugar and lime juice in the bowl. Stir until the palm sugar dissolves.
Add toasted rice and chili powder into the bowl. Stir until combined.
Add sliced spring onions and onions, ending with a sprinkle of coriander.
Served to eat with appetizers.

🎖Tip : You can add more ingredients to get the desired flavours.

16/08/2022

🍢 Eryngii မှိုကင် ✨🧂

စားကောင်းမယ့် " Eryngii မှိုကင်" ကိုတော့
ဂျပန်နိုင်ငံမှာ ဆောင်းဦးရာသီရဲ့ရာသီစာအဖြစ် တွင်တွင်ကျယ် စားသုံးလေ့ရှိပါတယ် ကိုက်လိုက်တဲ့အခါမှာ ကြွပ်ပြီးခြောက်သွားနိုင်တာကြောင့် အရမ်းပါးလွှာအောင် မလှီးဖို့အကြံပြုပါရ‌စေ 💯💯
ကင်ရတာလွယ်ကူပြီး အရသာနယ်ဖို့လဲမခက်ခဲတာကြောင့် မှိုကင် မီနူးကိုလေ့လာကြည့်ကြရအောင် 😄🇯🇵

👇ပါဝင်ပစ္စည်းများ

☑️Eryngii မှို 200 ဂရမ်
☑️ထောပတ်အငန် ၃ ဇွန်း
☑️Healthy Boy Brand Seasoning Sauce Green Cap ၁ ဇွန်း
☑️ Healthy Boy Brand Thick Oyster Sauce ၃ ဇွန်း
☑️ ငရုတ်ကောင်းမှုန့် အနည်းငယ်

😋လိုအပ်တာတွေပြင်ဆင်ပြီးရင် ကင်ကြစို့နော်😋
- မှိုအရွယ်အစားပေါ်မူတည်ပြီးတော့ eryngii မှိုများကို ရေဆေးကာ တစ်ဝက် သို့မဟုတ် သုံးပုံတစ်ပုံခန့် လှီးထားပါ။
-မှို‌ေတွကို အနည်းဆုံး ၁ စင်တီမီတာ အထူရှိအောင်လှီးသင့်ပါတယ် ကင်လိုက်ရင် ကြုံ့သွားမှာဖြစ်ပြီး အရမ်းပါးသွားရင်လဲ စားတဲ့ချိန်မှာ မာသွားပြီး ခြောက်ခြောက်ကြီးနဲ့ စားလို့မကောင်းတော့တဲ့ခြေနေဖြစ်သွားနိုင်ပါတယ်။

- မကင်မီ ပန်းကန်လုံးအသေးထဲမှာ ကမာခရုဆီနဲ့ ဟင်းခတ်ဆော့စ်တို့ကို ရောမွှေထားပါ။
- ဒယ်အိုးကို အလယ်အလတ်အပူပေး၍ ထောပတ်အရည်ပျော်မှ မှိုထည့်ပါ၊ မိနစ်အနည်းငယ်ကြာမှ ပဲငံပြာရည်ထပ်ထည့်ပါ ပြီးနောက်အဖုံးအုပ်ပြီး 30-45 စက္ကန့်ကြာ ချက်ထားပါ။
-တစ်ဖက်သို့လှန်ကာ 1 မိနစ်ခန့် ထားပါက မှို‌ေတွကို ရွှေအိုရောင်ပြောင်းသွားစေမှာပါ။
- ငရုတ်ကောင်းအနည်းငယ်ဖြူးပြီးတဲ့အခါ ပူပူနွေးနွေးလေးဖြစ်တဲ့အချိန်မှာ သုံးဆောင်တည်ခင်းနိုင်ပါပြီ 💞

ကိုက်လိုက်တဲ့အချိန် ရရှိတဲ့ ထုတ်ထုတ်ထုတ်ထုတ်နဲ့ မွှေးပြီးမှိုရဲ့ သဘာဝအချိုအရသာ, အရောင်ကလည်းစားချင်စိတ်ဖြစ်ပေါ်စေမယ့် မီနူးပါပဲနော် 🍽🍚⚡️🍢

🍢 Grilled Eryngii Mushrooms ✨🧂
This dish is widely served during autumn in Japan. Please do not sliced them too thin as you want to experience the meaty texture when you bite into it. 😄🇯🇵

👉🏻 Ingredients
200g Eryngii Mushrooms
3 tbsp Salted Butter
1 tbsp Healthy Boy Brand Seasoning Sauce Green Cap
3 tbsp Healthy Boy Brand Thick Oyster Sauce
Ground Black Pepper

😋 How to cook.
- Wash and slice the eryngii mushrooms into half or thirds, depending on the size of the mushrooms. Your mushroom slices should be around 1cm thick at least.
- Mix oyster sauce and seasoning sauce into small bowl for coat before grill.
- Heat the pan over medium high heat, melt butter and add mushrooms. Coating with sauce and cook for 30-45 seconds then flip over to other side and cook for 1 min, This will sear the mushrooms to a nice golden brown.
- Season with pepper and finish off cooking. Serve immediately. 🍽🍚⚡️🍢

15/08/2022

🧧🍡နှမ်းမဲအနှစ်နဲ့ ဆန်ကောက်ညင်းလုံး🍘🥡


နှမ်းမဲအနံ့မွှေးမွှေးလေးနဲ့ ထောပတ်အရည်ကို ကိုက်လိုက်တဲ့အချိန်မှရရှိမှာဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ ဖြူဖြူဖွေးဖေွးဆန်ကောက်ညှင်းလုံးလေးတွေကလည်း ဆန်ရဲ့အနံ့‌ေမွှး‌ေမွှး‌ေလးနဲ့ နူးညံ့တဲ့အရသာက်ိုရရှိတာ‌ေနာ်
ဆိုးမွှေးရွက်လေးထည့်ပြုတ်ရင်တော့ အနံ့လေးကိုအီလို့ မင်မင်‌တော့စာရေးရင်းနဲ့စားတောင်စားချင်လာပြီ 😋

ဒီမီနူးလေးကိုတော့ ထိုင်းနိုင်ငံ နဲ့ တရုတ်နိုင်ငံ‌ေတွမှာ အစားအစာ ပွဲတော်ကျင်းပရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်တဲ့ အချိုပွဲအဖြစ်တည်ခင်း‌ေလ့ရှိကြပါတယ်။ 🎆😮‍💨🥣

🌟 ပါဝင်ပစ္စည်းတွေကလည်း ဗမာလူမျိုးတွေရဲ့ ရိုးရာမုန့်လုပ်ပုံတွေထဲက ပါဝင်ပစ္စည်းတွေနဲ့ မခြားနား‌တာကြောင့် ရှာရခက်မှာကိုစိတ်မပူပါနဲ့နော် 🤗

ပါဝင်ပစ္စည်းတွေကတော့

-ကောက်ညှင်းမှုန့် ၅၀၀ ဂရမ်
- ရေ 1 လီတာ
-နှမ်းမဲ စားဇွန်း ၃ ဇွန်း
-အုန်းသကြား 120 ဂရမ်
-ဂျင်း 4 မွှာ (လှီးထားပါ)
-ဆား 1 ဇွန်း
- Healthy Boy Brand Black Soy Sauce Formula 1

* အရောင်ထည့်လိုပါက Food Coloring ( နှစ်သက်ရာအရောင်ကိုသုံးနိုင်ပါတယ် ) *
သဘာဝကရတဲ့အရောင်ကိုသုံးတာကတော့ အကောင်းဆုံးပါပဲနော်
ဥပမာ အစိမ်းရောင်ဆိုရင် ဆိုးမွှေးရွက်ကိုကြိတ်ပြီး အရည်ညှစ်ထုတ်ရင် သဘာဝအစိမ်း‌ေရာင်ရနိုင်ပါတယ် 🍃🌿

📚 ပြုလုပ်နည်းကတော့
ဦးစွာ syrup ကို အလယ်အလတ်အပူချိန်ဖြင့် ရေ 1 လီတာထည့်ပြီးကျိုချက်ပါ။
အုန်းသကြား၊ ဆား၊ ဂျင်းထည့်ကာ ပွက်ပွက်ဆူလာသည်အထိ စောင့်ပါ။
ဆန်ကောက်ညှင်းမှုန့်ကို ပန်းကန်လုံးတစ်လုံးထဲသို့ ဂျုံမှုန့် ၃ ပိုင်းခွဲ နယ်ပြီး အလုံးများလုံးထားပါ။
ဆူနေတဲ့ရေထဲကို Black Soy Sauce Formula 1 ထည့်ပြီး မိနစ်အနည်းငယ် ဆူပွက်အောင်ထားပါ ။
နှမ်းမဲထောင်းထည့်ဖို့အတွက် နှမ်းမဲကိုလှော်ပြီး ဆား ၊ သကြား တို့နဲ့ထောင်း၍ ဆန်ကောက်ညှင်းလုံးထဲကို ထည့်ပြီး ( မပေါက်စေရန် အလယ်သို့ထည့်ပါ) ရေပွက်ပွက်ဆူနေတဲ့ထဲကို ထည့်ပြုတ်ပါ ။
ရေပေါ်မှာ ပေါ်လာတဲ့အထိပြုတ်ထားပြီး ပေါ်ပေါ်လာခြင်းဆယ်ပေးပါ ( ကြာကြာပြုတ်ထားမိပါက ပေါက်ထွက်ပြီးအပျော့လွန်သွားမှာဖြစ်ပါတယ် ) ငှက်ပျောဖက်ပေါ်တင်ပြီး အအေးခံထားလို့ရပါတယ် ကပ်တာကိုသက်သာစေပြီး မွှေးစေပါတယ် ။
✨🫕🍡😋😋🙋

🧧🍡 Black Sesame Sweet Rice Balls 🍘🥡
Gooey sweet rice balls with a buttery runny sweet black sesame filling, they have a delightful texture and a delicate taste. It is a perfect healthy dessert for your Chinese meals or celebrating the Festival. 🎆😮‍💨🥣

🌟 Ingredients
500g Glutinous Rice Flour
1 liter of Water
Black Sesame Seeds 3 sp
120g Coconut Sugar
4 pieces Ginger (Sliced)
1 tsp Salt
Healthy Boy Brand Black Soy Sauce Formula 1
Pink Food Coloring

📚 How to cook.
Boil the syrup by boiling 1 liter of water with medium heat. Add coconut sugar, salt, and ginger to wait until boiling.
Knead the dough, divided into 3 parts flour into a bowl. Mix water with black soy sauce and add pink food coloring to the water for a bit. Knead into skin. Mold by rolling a ball in small size. Place on a tray or container flat.
Boil water until boiling. Add balls into the pot. Wait until the pastry is float up. Scoop up and move into dessert cups and serve. Eat! ✨🫕🍡😋

09/08/2022

🍄 မှိုနှင့် ဝက်ရိုးစွပ်ပြုတ်😷🤒

" အာရောဂျံ ပရံမံ လာဘံ" ဆိုသည့်အတိုင်း "ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး" ပါပဲ။ 💯

ခုလိုမိုးရာသီမှာ အအေးမိရင် နွေးနွေးထွေးထွေးဝတ်ပြီး ပူပူနွေးနွေးအစားစာတွေစားပေးဖို့ အကြံပြုချင်ပါတယ်

ဒီနေ့မှာတော့ စွပ်ပြုတ်ချက်နည်းတွေအများကြီးထဲကမှ shiitake မှိုနဲ့ဝက်ရိုးစွပ်ပြုတ်မီနူး ချက်နည်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်
ဒီမီနူးကိုရွေးချယ်ရတဲ့ အကြောင်းအရင်းကတော့
မှိုကရတဲ့ သဘာဝအချိုဓာတ်နဲ့ ဝက်ရိုးရဲ့ အစိမ့်ဓာတ်က အစားစားချင်စိတ်ကိုဖြစ်ပေါ်စေမှာဖြစ်ပြီး ( အဆီဓာတ် ၊ ပရိုတင်းဓာတ် )တို့ကြောင့် ကိုယ်ခံစွမ်းအားကိုလဲအထောက်အကူပြုတာကြောင့် လွယ်လွယ်နဲ့အအေးမမိအောင် ကာကွယ်နိုင်လို့ပဲ ဖြစ်ပါတယ်

မိုးရာသီမှာ ရာသီတုတ်ကွေးအဖြစ်များကြတာကြောင့် ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့စားအသောက်တွေစားရင်း ကျန်းမာရေးကို ဂရုစိုက်ကြစို့နော် 😋🍃🍲

🥣 ပါဝင်ပစ္စည်းတွေကတော့

- ဝက်နံရိုးအကြီး တစ်ချောင်း
- Shiitake မှို 5 ပွင့်
- ငရုတ်သီးအနီ (နှစ်သက်သလောက်)
-မုန်လာဥနီ (အခွံခွာထားပါ)
-ကြက်သွန်မြိတ် (ပါးပါးလှီးထားပါ)
- ရေ 4 ခွက်
-Healthy Boy Brand Mushroom Soy Sauce ၃-၄ ဇွန်း
- ဆား (ဟင်းခတ်အနှစ်အတွက်) တို့ပါပဲ

လွယ်ကူတဲ့ "မှိုဝက်ရိုးစွပ်ပြုတ်" ချက်နည်းလေးကတော့🤗

အိုးကို အလယ်အလတ်အပူရှိစေရန် မီးဖိုပေါ်တွင် အပူပေးပါ။ အိုးထဲသို့ရေအနည်းငယ်လောင်းထည့်၍ ရေဆူလာတဲ့အခါ ဝက်သားကိုထည့်ပါ။
အိုးထဲသို့ မုန်လာဥနီ၊ shiitake မှိုနှင့် မှိုပဲငံပြာရည်တို့ကို ထည့်ကာ ပြုတ်ပါ။ ဆားအနည်းငယ်ထည့်ပါ။ အဆင်သင့်လှီးထားသော ကြက်သွန်နီကို အပေါ်ကနေ ဖြူးပေးပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ မှိုဝက်ရိုးစွပ်ပြုတ်လေးကို သုံးဆောင်နိုင်ပါပြီ 🤤🥵🌟😴

🎖 မှိုဟင်းချိုစပ်စပ်လေး ချက်ချင်တယ်ဆိုရင်တော့ ငရုတ်ပွအနီ သို့မဟုတ် ငရုတ်ကောင်းအမှုန့်များကို သင်ကြိုက်နှစ်သက်သလောက် အနည်းငယ်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်နော်👍

🍄 Mushroom Clear Soup 😷🤒
If you caught a cold and wanted to eat something warm. You can boil pork bone soup with shiitake mushrooms. The sweetness of the soup come from the mushrooms. 🍃🍲

🥣 Ingredients
1Piece Pork Rips
5 pieces Shiitake Mushrooms
Red Chili (Just you like)
Carrots (Diced)
Scallion (Chopped)
4 cups of water
3-4 tbsp Healthy Boy Brand Mushroom Soy Sauce
Salt (For Seasoning)

🥺 Instructions
Heat the pot on the stove for medium heat. Poring water into the pot. Add pork rips until the water boils.
Add carrots, shiitake mushrooms and mushroom soy sauce into the pot until cooked.
Seasoning with a little salt. Sprinkle with the scallion. Turn off the stove and put them in a bowl. Ready to eat. 🤤🥵🌟😴

🎖Can you make mushroom soup spicy?
For a spicy soup, add some red pepper flakes or a couple of dashes of your favorite hot sauce to spice things up.

05/08/2022

✨ ရေခူအစပ်သုပ် 🥗🌶

ဒီမီနူးကိုတော့ မြန်မာပြည်ရဲ့ ပင်လယ်ဒေသတွေမှာနေထိုင်ကြတဲ့ လူမျိုးအများစုသာမက ရန်ကုန်နဲ့ အခြားမြို့ကြီးသူ/သား တွေလည်း ရင်းနှီးမယ့် မီနူးပါပဲ 😍
ချက်ပြုတ်ရတာလည်း မခက်ပါဘူးနော်
Healthy Boy Brand ပင်လယ်စာချဥ်စပ်ဆော့စ်နဲ့ ရေခူကိုအလွယ်‌ေလး သုပ်လိုက်ရုံပါပဲ
ဂျယ်လီငါးတွေက အရသာအရမ်းမရှိသော်လည်း လတ်ဆတ်တာကြောင့် ပင်လယ်ပြင်မှာ ထိုင်စားနေသလို အငွေ့အသက်‌ေတွကို ရရှိစေမှာပါ 😜
ကြည်နူးဖွယ်ကောင်း‌ပြီး ထုတ် ထုတ် ထုတ် ထုတ် နဲ့ချဥ်စပ်အရသာပေါင်းစပ်ထားတဲ့ ရေခူသုပ်နည်းကို အခုပဲ လေ့လာကြည့်ကြရအောင်နော် 🙋

🪴 ပါဝင်ပစ္စည်းတွေကတော့

- Jellyfish 100 ဂရမ်
-Healthy Boy Brand Seafood Dipping Sauce
- ငရုတ်သီးအနီ ၁၀ တောင့်
-ကြက်သွန်ဖြူ ၂ ဇွန်း (ပါးပါးလှီး)
-ငါးငံပြာရည် ၃ဇွန်း
- သကြား ၁ ဇွန်း
-သံပုရာသီး ၂ လုံး တို့ပဲဖြစ်ပါတယ်

🌟 သုပ်နည်းကတော့

လတ်ဆတ်တဲ့ ဂျယ်လီငါးတွေကို အငန်ရည်တွေထွက်တဲ့အထိ ရေဆေးပြီး မိနစ်အနည်းငယ်ကြာအောင် ရေစိမ်ထားရပါမယ်
နောက်တစ်ဆင့်ကတော့ ရေနွေးပူပူမှာ စက္ကန့် 30 ကြာအောင်ပြုတ်ပြီးရေအေးဖြင့် စိမ်ထားပါနော်
ချဉ်စပ်ပင်လယ်စာဆော့စ်ထဲကို ထောင်းထားတဲ့ ငရုတ်သီးနဲ့ ကြက်သွန်ဖြူတို့ကိုအရင်ထည့်မွှေပြီးမှ ငါးငံပြာရည်၊ ထန်းလျက်သကြားနှင့် သံပရာရည်တို့ကို ပေါင်းထည့်ရပါမယ်
သကြား‌ေတွပျော်သွားတဲ့ အထိ မွှေပေးပြီး ရေခူကို ရောထည့်၍ သုပ်လိုက်ရုံပါပဲ။

ဒါတွေအတွက်အချိန်ကုန်မခံချင်ဘူးဆိုရင်တော့ 🤔
Healthy Boy Brand Seafood Dipping Sauce ပင်လယ်စာငရုတ်ချဥ်စပ်ဆော့စ်ကို အသုံးပြုနိုင်ပါတယ်နော် 😍

ပင်လယ်စာတွေက အသီးအရွက်အနည်းငယ်နဲ့ ပိုလိုက်ဖက်တာကြောင့် အလှဆင်ပြီး စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီဗျ
😁

✨ Spicy Jellyfish Salad 🥗🌶
Not difficult to cook this menu. you can make this variation of jellyfish salad with a spicy seafood sauce. This makes a refreshing and delicious side dish. Jellyfish is flavorless, but it is delightfully crunchy and lends itself to various flavour combinations. 😋📒
🪴 Ingredients
100g Jellyfish
Healthy Boy Brand Seafood Dipping Sauce
10 pieces Red Chili
2 tbsp Garlic (Chopped)
3 tbsp Fish Sauce
1 tbsp Palm sugar
2 Lemons or Limes

🌟 Instructions
Wash and soak jellyfish until it’s fresh and not salty, dry for a few minute. Boiling in hot water or freeze with cold water. Boiled for 30 seconds. Make spicy sauce, Mix the ingredient to start with pounded chili and garlic, add fish sauce, palm sugar and lime juice. Stir until the sugar dissolves. Then put the jellyfish into it and mix together. You can use seafood dipping sauce for saving time. Ready to serve! 🍽🍋🌶🐽

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Spicy Yummy မှကြိုက်တဲ့Foodies တို့အတွက် ယိုးဒယားသင်္ဘောသီးထောင်း " SOM TUM " ထောင်းနည်းလေးကို စာတွေဖက်ရတာပျင်းနေမှာစိုး...
၀က်သားကင်လေး
TOP THAI BRANDS 201921 - 24 Feb 2019 ~ (10.00am - 06.00pm)at TATMADAW HALL, YANGON(Booth No.48)PCT Corporations Group Co...
Hurry up!! TOP THAI BRANDS 2018at TATMADAW HALL YANGON7 - 10 June 2018 ~ (09.00am - 06.00pm)SEVEN TIGERS TRADING CO., LT...

Telephone

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Yangon health & beauty businesses (show all)
ZAR & ZAR Co., Ltd. ZAR & ZAR Co., Ltd.
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon

One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803

Harmony Myanmar Online Shop Harmony Myanmar Online Shop
ကျန်စစ်သားလမ်း, (၁၀၈)ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်
Yangon, HARMONY

We are selling Thailand & Korea cosmetic, skin care

Jolie C Coffee Jolie C Coffee
No 70, Yadanar Street, Kamayut Tsp
Yangon, 11041

ခန္ဓာကိုယ်သွယ်လျ အဆီကျကျစ်လစ်ဖို့ JolieCသောက်ကြစို့

Dr. KETO Guide for fit Dr. KETO Guide for fit
Yangon

ဆရာဝန်ကိုယ်တိုင်မှ Ketogenic Diet နဲ့ပတ်သတ်ပြီး Guidelines လေးတွေပေးသွားမှာပါ။

ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ

Aung Htoo Sann Healthy Food Mart Aung Htoo Sann Healthy Food Mart
No. 16 , Ground Floor , Sa Ka Sein Street , Alone Township
Yangon, 11111

ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအသောက်များကို ရောင်းချပေးတဲ့ Healthy Food Mart မှ ဖိတ်ခေါ်ပါတယ်နော်

Mi Wynne Cosmetics Mi Wynne Cosmetics
Yangon, 11011

Grab now pay later �