Parami Hospital

Parami General Hospital Yangon, also known before as the first private Hospital exclusively for Women and Children in Yangon, Myanmar since 2010.

To be a center of medical excellence, the management of Royal Parami Life Sciences Co., Ltd has laid down plans, that embody a strong commitment to continuously improved quality service and patient safety. In mid 2011, Parami Hospital extends medical care services for adult patients and it becomes "Parami General Hospital, Yangon". Parami General Hospital, Yangon brings a group of dedicated specia

Photos from Parami Hospital's post 10/06/2024

📌 ပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများအလိုရှိပါသည်။
လျှောက်ထားလိုသူများအနေဖြင့်-
✅လိုင်စင်ကာလာဓါတ်ပုံ (၃)ပုံ၊
✅သန်းခေါင်စာရင်း၊
✅တစ်လအတွင်းပြု လုပ်ထားသော ရပ်ကွက်ထောက်ခံစာ၊ အလုပ်သမားမှတ်ပုံတင်၊
✅နိုင်ငံသားစီစစ်ရေးကဒ်ပြား၊
✅ပညာအရည်အချင်း စာရွက်စာတမ်းများ
✅ကိုယ်ရေးအကျဉ်း (CV)
စသည်တို့ကို (မိတ္ထူ)ဖြင့် ပြည့်စုံစွာဖြင့်
Email- [email protected] သို့လည်းကောင်း၊ Viber No (09-776699633)သို့လည်းကောင်း CV form များပို့၍လျှောက်ထားနိုင်ပါတယ်။
✅လူကိုယ်တိုင် လာရောက်လျှောက်ထားလိုပါက No 19(A)၊ဦးဘဟန်လမ်းသွယ် ၊ (၁၀)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ လိပ်စာဖြင့် လာရောက်လျှောက်ထားနိုင်ပါကြောင်းကြေငြာအပ်ပါတယ်။

10/06/2024

📌သွေးလွန်တုပ်ကွေးရောဂါဟာ မိုးရာသီမှာ ကလေးတွေအဖြစ်များဆုံးရောဂါဖြစ်ပါတယ်။💁‍♂️🦟

သွေးလွန်တုပ်ကွေးရောဂါဟာ ရောဂါပိုးသယ်ဆောင်ထားတဲ့ "အေးဒီးစ်"(Aedes) ခြင်ကျား အကိုက်ခံရခြင်းကြောင့်ကူးစက်ခံရနိုင်ပါတယ်။🦟
သွေးလွန်တုပ်ကွေးရောဂါအတွက် ထိရောက်တဲ့ ကာကွယ်ဆေးနဲ့ ကုသရန် ဗိုင်းရပ်စ်ပိုးသတ်ဆေးများမရှိသေးတာကြောင့် မိမိတို့ရဲ့သားသားမီးမီးလေးတွေကို သေချာဂရုစိုက်သင့်ပါတယ်။✔️

ရောဂါပိုးကူးစက်ခံရတဲ့ လက္ခဏာတွေကတော့..
❎အဖျားကြီးခြင်း
❎ခန္ဓာကိုယ်တွင် အနီစက်များထွက်ပေါ်လာခြင်း
❎ခေါင်းကိုက်ပြီးကိုယ်လက်များကိုက်ခဲခြင်း
❎ပျို့အန်ခြင်း
❎ဝမ်းလျှောခြင်းတို့ပဲဖြစ်ပါတယ်။

မိမိရဲ့ကလေးဟာ....
📌နှာခေါင်းသွေးလျှံခြင်းနှင့် သွားဖုံးသွေးယိုခြင်း
📌 ကော်ဖီရောင်အန်ခြင်းနှင့်ဝမ်းမဲများသွားခြင်း
📌 အလွန်မှိန်းပြီးခြေဖျားလက်ဖျားအေးစက်ခြင်း
📌 ကယောင်ကတမ်းပြောခြင်း
📌 ဆီးသွားနည်းပြီးရုတ်တရက် ဗိုက်အောင့်ခြင်း စသည်တို့ဖြစ်ပေါ်လာသောအခါ မပေါ့ဆဘဲ ဆေးရုံဆေးခန်းသို့အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

မိုးရာသီမှာ အဖြစ်များတဲ့သွေးလွန်တုတ်ကွေးရောဂါကို ကာကွယ်ခြင်းဖြင့် ကိုယ့်ရဲ့တန်ဖိုးထားရတဲ့ သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်ရအောင်နော်🤗

08/06/2024

အယ်လ်ဇိုင်းမားရောဂါ (Alzheimer's diesease) ဆိုတာက မှတ်ဉာဏ်နှင့် အခြားစိတ်ပိုင်းဆိုင်ရာအရ အရေးပါတဲ့လုပ်ဆောင်ချက်များကို တဖြည်းဖြည်းချင်း ထိခိုက်ပျက်စီးစေပြီး မှတ်ဉာဏ်ပျောက်ဆုံးတဲ့ရောဂါဖြစ်ပါတယ်။😲
အယ်လ်ဇိုင်းမားရောဂါကို သူငယ်ပြန်တဲ့ရောဂါလို့လည်း ခေါ်ကြပါသေးတယ်။✔️
အယ်လ်ဇိုင်းမားရောဂါ ဟာ အသက်ကြီးတဲ့သူတွေမှာ ဖြစ်တတ်ပြီး များသောအားဖြင့်တော့ အမျိုးသမီးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။🧓

အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့-
❎အသက်အရွယ်ကြီးရင့်လာမှု
❎မျိုးရိုးလိုက်ခြင်း
❎Down Syndrome ရောဂါခံစားနေရခြင်း
❎ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အဝလွန်ခြင်း
❎ဆေးလိပ်သောက်ခြင်း (သို့မဟုတ်) ဆေးလိပ်ငွေ့ကို ရှုရှိုက်မိခြင်း
❎အသီးအနှံစားသုံးမှုနည်းပါးခြင်း
❎သွေးတိုးရှိခြင်း
❎သွေးထဲတွင် ကိုလက်စထရောပမာဏများခြင်း တို့ပဲဖြစ်ပါတယ်

ရောဂါလက္ခဏာတွေကတော့
✅မှတ်ဉာဏ်အားနည်းလာခြင်း
✅ဆင်ခြင်တွေးခေါ်ခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ခက်ခဲလာခြင်း
✅နေ့တစ်ဓူဝလုပ်ဆောင်ချက်များကိုပါမေ့လျော့လာခြင်း
✅အမူအကျင့်များပြောင်းလဲလာခြင်း တို့ပဲဖြစ်ပါတယ်။

သတိမေ့ရောဂါ(Dementia)ကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေရဲ့ ၇၀%လောက်က အယ်လ်ဇိုင်းမားကြောင့်ပဲဖြစ်ပါတယ်။🤔
အယ်လ်ဇိုင်းမားရောဂါဟာ အချိန်ကြာလာတာနဲ့အမျှ မိသားစု၊ပတ်ဝန်းကျင်နဲ့ ပတ်သတ်သော မှတ်ဉာဏ်များနှင့် နေထိုင်မှုပုံစံတွေကိုပါပြောင်းလဲသွားစေနိုင်တာကြောင့် ရောဂါကို စောစောစီးစီးသိနိုင်ဖို့က အင်မတန်အရေးကြီးပါတယ်။😱

အယ်လ်ဇိုင်းမားရောဂါကို စောစီးစွာကြိုတင်သိရှိနိုင်ဖို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ စမ်းသပ်စစ်ဆေးနိုင်ပါပြီ။🥳🤩
ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ ရောဂါရှာဖွေခြင်းများအတွက် အမေရိကန်နိုင်ငံထုတ် 𝐏𝐡𝐢𝐥𝐢𝐩𝐬 𝐁𝐫𝐚𝐧𝐝, 𝐌𝐑𝐈 𝐈𝐠𝐞𝐧𝐢𝐚 𝐏𝐫𝐨𝐯𝐢𝐝𝐚 𝐂𝐗𝟏.𝟓𝐓𝐞𝐬𝐥𝐚 စက်အသစ်ကြီးကို အသုံးပြုထားတာကြောင့် မြန်မာနိုင်ငံမှာ အလွယ်တကူစမ်းသပ်စစ်ဆေးလို့မရနိုင်သော 𝐁𝐫𝐚𝐢𝐧 𝐓𝐮𝐦𝐨𝐫 နှင့် 𝐀𝐥𝐳𝐡𝐞𝐢𝐦𝐞𝐫 ကိုပါ စစ်ဆေးနိုင်မှာပဲဖြစ်ပါတယ်။🤩

ဒါကြောင့် ရောဂါလက္ခဏာတစ်ခုခုကို စတင်ခံစားနေရတာ ဒါမှမဟုတ် မိမိကိုယ်ကိုသံသယရှိလာပြီဆိုရင်တော့ စောစီးစွာသိရှိနိုင်ဖို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ စမ်းသပ်စစ်ဆေးပြီး လိုအပ်ပါက အချိန်မှီဆေးကုသမှုခံယူဖို့ အကြုံပြုတိုက်တွန်းလိုက်ရပါတယ်📢

Photos from Parami Hospital's post 07/06/2024

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာရောဂါများအတွက် အကောင်းဆုံးနှင့် တစ်နေရာတည်းတွင်အပြည့်စုံဆုံးကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို ပေးလျက်ရှိပါတယ် 💜
✅ဆီးနှင့်ကျောက်ကပ်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့်ပြသလိုပါက ကြိုတင်စာရင်းသွင်း
ရန်လိုအပ်ပါတယ်။
ကြိုတင်စာရင်းသွင်းရန်အတွက် ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ Hot Line ဖုန်းနံပါတ်များဖြစ်သော
☎️01 8657 233 , 8657 231 , 8657 230 , 8657 228 , 8657 227 , 8657 226 (Ext: 7)
☎️095418915
☎️09427612586
☎️09263636942 သို့ တိုက်ရိုက်ဆက်သွယ်စာရင်းပေးဆက်သွယ်နိုင်ပါတယ်။
✅ဖုန်းများမအားလပ်ပါက အောက်ပါ Link မှတဆင့် Booking တင်နိုင်ပါတယ်။
📌 http://m.me/caremebots?ref=booking_parami 📌

06/06/2024

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာကတော့ ပုံမှန်အတိုင်းမဟုတ်ဘဲ တစ်နေ့ကို (၃)ကြိမ်နဲ့အထက် ဝမ်းအရည်တွေ ဒါမှမဟုတ် ဝမ်းပျော့ပျော့သွားခြင်းဖြစ်ပါတယ် 😊

ဝမ်းပျက်ဝမ်းလျှောခြင်းက ရာသီမရွေး ဖြစ်ပေါ်တတ်သော်လည်း မိုးရာသီမှာ အစာနှင့်ရေ မသန့်ရှင်းခြင်းကြောင့် အဖြစ်များပါတယ်။ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောခြင်းက လူကြီးတွေထက် ပိုမိုပြင်းထန်နိုင်ပါတယ်။👶

ဝမ်းပျက်ဝမ်းလျှောခြင်းရဲ့ လက္ခဏာတွေကတော့
❎ဝမ်းအရည်တွေ ခဏခဏသွားခြင်း၊ဝမ်းမနို်ငခြင်း
❎ဗိုက်အောင့်၊ဗိုက်နာခြင်း
❎အဖျားတက်ခြင်း
❎ဝမ်းထဲတွင်သွေးစလေးများပါခြင်း တို့ပဲဖြစ်ပါတယ်။

အထက်ပါလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ဆေးကုသမှုခံယူသင့်ပါတယ်✔

ဒါ့ကြောင့် မိုးရာသီမှာအဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် ဓာတ်ဆားရည်ကိုအဓိကထားသောက်သုံးပေးသင့်ပြီး သန့်ရှင်းသောရေ နှင့် ရေကျက်အေး တို့ကိုလည်းသောက်သုံးပေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းကိုကာကွယ်ကြဖို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ တိုက်တွန်းလိုက်ရပါတယ်💜

Photos from Parami Hospital's post 05/06/2024

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးရဲ့ MRI စက်အသစ်ကြီး မိတ်ဆက်ပွဲအခမ်းအနားနဲ့ Neurology and Orthopedic CME အခမ်းအနားကို မေလ(၁၉)ရက်နေ့က Lotte Hotel မှာစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။🤩

MRI စက်အသစ်ကြီး မိတ်ဆက်ပွဲအခမ်းအနားနဲ့ Neurology and Orthopedic CME အခမ်းအနားကို သက်ဆိုင်ရာနယ်ပယ်မှ ပါမောက္ခကြီးများ နှင့် ဆရာဝန်ကြီးများမှ တက်ရောက်ခဲ့ကြပါတယ်😇

ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏တာဝန်ရှိသူများမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ အခမ်းအနား၏သဘာပတိများမှ Neurology and Orthopedic CME Session များအားဆွေးနွေးပြောကြားခြင်း၊အမှတ်တရဓာတ်ပုံများရိုက်ကူးခြင်းများပြုလုပ်ခဲ့ပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကာ ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။💜

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးရဲ့ MRI စက်အသစ်ကြီး မိတ်ဆက်ပွဲအခမ်းအနားနဲ့ Neurology and Orthopedic CME အခမ်းအနား အမှတ်တရပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ✨💜

Photos from Parami Hospital's post 04/06/2024

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ အရိုးအကြောရောဂါများအတွက် အကောင်းဆုံးနှင့် တစ်နေရာတည်းတွင်အပြည့်စုံဆုံးကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို ပေးလျက်ရှိပါတယ် 💜
✅အရိုးအကြောအထူးကုဆရာဝန်ကြီးများနှင့်ပြသလိုပါက ကြိုတင်စာရင်းသွင်း
ရန်လိုအပ်ပါတယ်။
ကြိုတင်စာရင်းသွင်းရန်အတွက် ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ Hot Line ဖုန်းနံပါတ်များဖြစ်သော
☎️01 8657 233 , 8657 231 , 8657 230 , 8657 228 , 8657 227 , 8657 226 (Ext: 7)
☎️095418915
☎️09427612586
☎️09263636942 သို့ တိုက်ရိုက်ဆက်သွယ်စာရင်းပေးဆက်သွယ်နိုင်ပါတယ်။
✅ဖုန်းများမအားလပ်ပါက အောက်ပါ Link မှတဆင့် Booking တင်နိုင်ပါတယ်။
📌 http://m.me/caremebots?ref=booking_parami 📌

Photos from Parami Hospital's post 31/05/2024

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ May bornလေးတွေအတွက် မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာကျင်းပခဲ့ကြပါတယ် 🥳🎉

မွေးနေ့မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်အေးချမ်းတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ မွေးနေ့ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ် 🙏💜

ပျော်ရွှင်စွာကျင်းပခဲ့ကြတဲ့ မွေးနေ့ပွဲမှ ကြည်နူးစရာအမှတ်တရတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ✨💜

31/05/2024

ဆီးချိုရောဂါဆိုတာက ခန္ဓာကိုယ်အတွင်းရှိ ဂလူးကို့စ်ပမာဏ(သွေးတွင်းသကြားဓာတ်) အလွန်အကျွံများနေခြင်းကြောင့်ဖြစ်ပေါ်လာရတဲ့ နာတာရှည်ရောဂါပဲဖြစ်ပါတယ်။😢

ဆီးချိုရောဂါက မျိုးရိုးလိုက်ခြင်းကြောင်းလည်း ဖြစ်လေ့ရှိသလို မိမိရဲ့ နေထိုင်၊စားသောက်မှုပုံစံ ကြောင့်လည်းဖြစ်လေ့ရှိပါတယ်😓

✅ဆီးချိုရောဂါ ရဲ့ အဓိကလက္ခဏာတွေကတော့
✅ဆီးသွားတာများခြင်း
✅မကြာခဏရေဆာခြင်း/ရေငတ်ခြင်း
✅အမြင်အာရုံဝေဝါးခြင်း
✅ကိုယ်အလေးချိန်ကျဆင်းခြင်း
✅အရေပြားယားယံခြင်း
✅နုန်းချိခြင်းနှင့် အနာကျက်ရန်အချိန်ကြာခြင်းတို့ပဲဖြစ်ပါတယ်

အထက်ပါလက္ခဏာများထဲမှ တစ်ခုခုကို ခံစားနေရပြီဆိုရင်တော့ ဆီးချိုရောဂါရှိမရှိကိုကြိုတင်စစ်ဆေးသင့်ပြီး စောစီးစွာကုသမှုခံယူသင့်ပါတယ်☺

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများနှင့်တိုင်ပင်ပြီး ဆီးချို/သွေးချိုနဲ့ အဝလွန်ရောဂါများအတွက် အပြည့်စုံဆုံးကျန်းမာရေးဝန်ဆောင်မှုတွေကို ရယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။💜

30/05/2024

မြန်မာပြည်တွင် ပထမဆုံး 𝐁𝐫𝐚𝐢𝐧 𝐓𝐮𝐦𝐨𝐫 နှင့် 𝐀𝐥𝐳𝐡𝐞𝐢𝐦𝐞𝐫 ကို ပါရမီဆေးရုံကြီးမှာ စစ်ဆေးနိုင်ပါပြီ🤩

MRI ဆိုတာက သံလိုက်စက်ကွင်းတွေဖြင့် ရေဒီယိုနည်းပညာကို အသုံးပြုပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းနဲ့ ကိုယ်တွင်းအင်္ဂါများ၏ ပုံရိပ်ကိုရှာဖွေဖော်ထုတ်ပေးသော ရောဂါရှာဖွေစက်ကြီးဖြစ်ပါတယ်။💁‍♂️

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ ရောဂါရှာဖွေခြင်းများအတွက် အမေရိကန်နိုင်ငံထုတ် 𝐏𝐡𝐢𝐥𝐢𝐩𝐬 𝐁𝐫𝐚𝐧𝐝, 𝐌𝐑𝐈 𝐈𝐠𝐞𝐧𝐢𝐚 𝐏𝐫𝐨𝐯𝐢𝐝𝐚 𝐂𝐗𝟏.𝟓𝐓𝐞𝐬𝐥𝐚 စက်အသစ်ကြီးကို အသုံးပြုထားတာကြောင့် မြန်မာနိုင်ငံမှာ အလွယ်တကူစမ်းသပ်စစ်ဆေးလို့မရနိုင်သော 𝐁𝐫𝐚𝐢𝐧 𝐓𝐮𝐦𝐨𝐫 နှင့် 𝐀𝐥𝐳𝐡𝐞𝐢𝐦𝐞𝐫 ကိုပါ စစ်ဆေးနိုင်မှာပဲဖြစ်ပါတယ်။🤩

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ ရရှိနိုင်သော ဝန်ဆောင်မှုတွေကတော့
📌Neuro Imaging (ဦးနှောက်နှင့်အာရုံကြောရောဂါအမျိုးမျိုးရှာဖွေခြင်း)
📌Musculoskeletal Imaging(အရိုးအဆစ်ဆိုင်ရာရောဂါအမျိုးမျိုးရှာဖွေခြင်း
📌Abdominal & Pelvis Imaging (ဝမ်းတွင်းဆိုင်ရာရောဂါအမျိုးမျိုးရှာဖွေခြင်း)
📌Cine MRI, Spectroscopy ,Functional MRI, Perfusion MRI,DTI,3DASL(အထူးSpecial Exminationများကို ရိုက်ကူးခြင်း)
📌Brain Tumor(ဦးနှောက်အကျိတ် နှင့် ဦးနှောက်ကင်ဆာ)
📌Alzheimer (မှတ်ဉာဏ်ချို့ယွင်းသောရောဂါများ) တို့ပဲဖြစ်ပါတယ်။🤗💜

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ လူကြီးမင်းတို့ရဲ့ကျန်းမာရေးအတွက် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို နိုင်ငံတကာအဆင့်မီ ပုံရိပ်ဖော်ရောဂါရှာဖွေရေးစက်သစ်ကြီးဖြင့် ရောဂါရှာဖွေပြီး ပြည့်စုံကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရယူလိုက်ကြစို့ 🥳💜

27/05/2024

အူမကြီးကင်ဆာဆိုတာကတော့ အူရဲ့အကြီးဆုံးအပိုင်းဖြစ်တဲ့ အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။😇
များသောအားဖြင့်တော့အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပေမယ့် အသက်အရွယ်မရွေးခံစားရနိုင်ပါတယ်။👴👨‍🦰
အူမကြီးကင်ဆာလက္ခဏာတွေကတော့
❎ဝမ်းသွားနေကျ အလေ့အထပြောင်းလဲလာခြင်း ❎အချိန်ကြာမြင့်စွာ ဝမ်းချုပ်ခြင်း၊ဝမ်းသွားရာတွင် သွေးစသွေးနများ၊ချွဲများပါလာခြင်း
❎ဗိုက်ရစ်ပြီး ဗိုက်အောင့်၊ဗိုက်နာ၊လေထိုး၊လေနာလိုမျိုး ခံစားရခြင်း
❎ဝမ်းသွားပြီးသော်လည်း အကုန်မစင်ဘဲ ကျန်နေသလို ခံစားရခြင်း
❎တစ်ကိုယ်လုံး အားမရှိဘဲ နုံးပြီး ပင်ပန်းနွမ်းနယ်ခြင်း ❎အကြောင်းမရှိဘဲ ကိုယ်အလေးချိန် လျော့နည်းလာခြင်း၊ တဖြည်းဖြည်း ပိန်ချုံးလာခြင်းတို့ပဲဖြစ်ပါတယ်။

ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင် အစာအိမ်နှင့် အူလမ်းကြောင်းကို အမြန်ဆုံးစစ်ဆေးရန်လိုအပ်ပါတယ်။
☑️ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ EPX - 4450HD ELECTRONIC VIDEO ENDOSCOPE စက်သစ်ကြီးဖြင့် အစာအိမ်ရောဂါများ နှင့် အူမကြီး လမ်းကြောင်းရောဂါများကို ကြည့်ရှုစစ်ဆေးကုသနိုင်ပြီဖြစ်ပါတယ်။😊
ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ နိုင်ငံတကာ အဆင့်မှီစက်သစ်ကြီးများကို အသုံးပြုပြီး အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီးများကိုယ်တိုင်ကြည့်ရှုကုသပေးနေတာဖြစ်လို့ အစာအိမ်ရောဂါအတွက် အပြည့်စုံဆုံးကျန်းမာရေးဝန်ဆောင်မှုတွေကို ရယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။💜

24/05/2024

ပါရမီအ‌ထွေထွေရောဂါကုဆေးရုံကြီးရဲ့ သတင်းအချက်အလက်တွေနဲ့ အဆက်အသွယ်မပြတ်စေဖို့ ပါရမီအ‌ထွေထွေရောဂါကုဆေးရုံကြီးရဲ့ Official Social Media Channelတွေရှိနေပါပြီ....

ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနဲ့ Update ဖြစ်တဲ့ Promotionတွေကို အချိန်နဲ့ တစ်ပြေးညီသိရှိနိုင်ဖို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးရဲ့ Official Social Media Channelတွေကို Join ထားဖို့ မမေ့နဲ့နော်😍💜

22/05/2024

မြန်မာတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ မှစပြီး မိဘပြည်သူအပေါင်း ရောဂါဘယကင်းဝေးကာ ကျန်းမာတဲ့ ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 💜

20/05/2024

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးရဲ့ ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်ပြီး ဆေးကုသမှု ခံယူခဲ့ကြသော လူနာများ၏ အတွေ့အကြုံစကားသံများကို မျှဝေပေးလိုက်ပါတယ် 💜

ရောဂါဘယများကင်းဝေးပြီး ကျန်းမာသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေလို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ ဆုတောင်း‌မေတ္တာပို့သအပ်ပါတယ်🙏

Photos from Parami Hospital's post 17/05/2024

International Nurse Day အထိမ်းအမှတ်ပွဲလေးကို ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေကြ‌သော သူနာပြုများနှင့်အတူ ပျော်ရွှင်စွာကျင်းပခဲ့ကြတယ်😍
ပျော်ရွှင်စည်းလုံးစွာကျင်းပခဲ့တဲ့ International Nurse Day အထိမ်းအမှတ်ပွဲလေးမှ ကြည်နူးစရာအမှတ်တရပုံရိပ်လေးကို မျှဝေပေးလိုက်ရပါတယ် 🥳💜

Photos from Parami Hospital's post 16/05/2024

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးရဲ့ MRI စက်အသစ်ကြီး မိတ်ဆက်ပွဲအခမ်းအနားနဲ့ Neurology and Orthopedic CME အခမ်းအနားကို Lotte Hotel မှာကျင်းပသွားမှာပဲဖြစ်ပါတယ်

ပါမောက္ခ ဒေါက်တာ တင့်လွင့်၊ ပါမောက္ခ ဒေါက်တာမြတ်သူတို့ နဲ့အတူ အခမ်းအနားရဲ့ ပထမပိုင်း Neurology CME Session(A) ဖြစ်သော "Break through the limits, Broaden the horizon"အား ပါမောက္ခ ဒေါက်တာ စိမ်းမြမြအေး နှင့် ဒေါက်တာ ဝင်းမြင့်ထွန်း မှလည်းကောင်း၊ Neurology and Orthopedic CME ပွဲရဲ့ ဒုတိယပိုင်း Orthopedic CME Session(B)ဖြစ်သော "Musculoskeletal Tumor Case "အား ဒေါက်တာ တင်ထွန်းအောင် နှင့် ဒေါက်တာ အေးချမ်း မှလည်းကောင်း အသီးသီးဆွေးနွေးပြောကြားပေးသွားမှာပဲဖြစ်ပါတယ်။

MRI စက်အသစ်ကြီး မိတ်ဆက်ပွဲအခမ်းအနားနဲ့ Neurology and Orthopedic CME အခမ်းအနားကို အောက်ပါအစီအစဉ်တိုင်း ကျင်းပသွားမှာဆိုတော့ စိတ်ပါဝင်စား၍ တက်ရောက်လိုပါက 09 940 150 153 သို့ဆက်သွယ်စာရင်းပေးသွင်း Register ပြုလုပ်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

အခမ်းအနား အစီအစဉ်
=======================
Date - 19.5.2024(Sunday)
Time - 10:00 AM to 12:00 PM
Location - LOTTE Hotel (Sapphire Ballroom)

Photos from Parami Hospital's post 13/05/2024

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ အသက်(၄၀) မှစတင်ပြီး အမျိုးသား၊အမျိုးသမီး
အလိုက် စစ်ဆေးနိုင်တဲ့ Well Man & Well Woman Package လေးတွေရှိနေပြီနော်🤩

ဒါ့အပြင် Package လေးတွေထဲမှာ လူကြီးသူမများအတွက် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို အကုန်ထည့်သွင်းပေးထားတဲ့အတွက် တစ်နေရာထဲမှာ အပြည့်စုံဆုံး ကျန်းမာရေးစစ်ဆေးမှုတွေကို ရယူနိုင်မှာဖြစ်ပါတယ်🤓

နေ့စဉ်ဘဝမှာ ချစ်ခင်ရတဲ့ လူကြီးမိဘတွေနဲ့ ကျန်းကျန်းမာမာဖြတ်သန်းဖို့အတွက် တိကျသေချာသောစစ်ဆေးချက်များအပြင် လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေကို ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ စစ်ဆေးနိုင်ဖို့ Well Man & Well Woman Package တွေကိုရယူလိုက်ကြစို့🤗💜

12/05/2024

လူနာများအပေါ် မေတ္တာ၊ဂရုဏာအပြည့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသော သူနာပြုများ အားလုံးနှင့်အတူ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးက မေလ(၁၂)ရက်နေ့မှာကျရောက်မယ့် International Nurse Day ကို လှိုက်လှဲစွာ ကြိုဆိုအပ်ပါတယ်💜

10/05/2024

ပါရမီဆေးရုံကို အခုထိကလေးဆေးရုံလို့ပဲ သိထားတုန်းလား 🤗

ငယ်ငယ်က ကလေးတွေနေထိုင်မကောင်းဖြစ်တဲ့အခါ "ပါရမီကလေးဆေးရုံကြီးကိုသွား ၊ ပါရမီကလေးဆေးရုံကြီးကကောင်းတယ်" ဆိုတဲ့စကားတွေကြားဖူးခဲ့ပါတယ်။ 🥰

ကလေးဆေးရုံလို့ပဲ နှစ်ပေါင်းများစွာသိထားကြတဲ့ ပါရမီဆေးရုံကြီးဟာ ကလေးတွေအတွက်သာမက လူကြီးတွေအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးအဖြစ် ပြောင်းလဲခဲ့ပြီပဲ ဖြစ်ပါတယ်💁‍♀️

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာဆိုရင် ကလေးတွေသာမက လူကြီးတွေအတွက်ပါ အကောင်းဆုံးကျန်းမာရေးဝန်‌ဆောင်မှုတွေအဖြစ်

🔹သွားဘက်ဆိုင်ရာ ကုသမှုအမျိုးမျိုး
🔹ခွဲစိတ်မှုအမျိုးမျိုး
🔹ဦးနှောက်နှင့် အာရုံကြောရောဂါအမျိုးမျိုး
🔹အထွေထွေရောဂါများ
🔹စိတ်ပညာကုထုံး
🔹နှလုံးရောဂါကုထုံး
🔹အရေပြားရောဂါကုထုံး
🔹ဆီးချို သွေးချိုရောဂါ
🔹နား၊ နှာခေါင်း၊ လည်ချောင်း
🔹အရိုးအကြော
🔹အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း
🔹ကျောက်ကပ်သွေးသန့်စင်ခြင်း
🔹သားဖွားမီးယပ်
🔹မိခင်နှင့် ကလေးဆိုင်ရာကုထုံးများ
🔹ကင်ဆာရောဂါကုထုံး
စတဲ့ကျန်းမာရေးဝန်ဆောင်မှုအမျိုးမျိုးကို ရယူနိုင်ပြီပဲဖြစ်ပါတယ်။😍

ဒါကြောင့် ကလေးတွေအတွက်သာမက လူကြီးတွေအတွက်ပါ အကောင်းဆုံးကျန်းမာရေးဝန်‌ဆောင်မှုတွေရယူဖို့ လိုအပ်နေပြီဆိုရင် ပါရမီအထွေထွေရောဂါကုဆေးရုံကြီးကို သတိရလိုက်နော်🤗💜

Photos from Parami Hospital's post 09/05/2024

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ ဦးနှောက်နဲ့ အာရုံကြောရောဂါများအတွက် အကောင်းဆုံးနှင့် တစ်နေရာတည်းတွင်အပြည့်စုံဆုံးကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို ပေးလျက်ရှိပါတယ် 💜
✅ဦးနှောက်နှင့် အာရုံကြောအထူးကုသမားတော်ကြီးများနှင့်ပြသလိုပါက ကြိုတင်စာရင်းသွင်း
ရန်လိုအပ်ပါတယ်။
ကြိုတင်စာရင်းသွင်းရန်အတွက် ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ Hot Line ဖုန်းနံပါတ်များဖြစ်သော
☎️01 8657 233 , 8657 231 , 8657 230 , 8657 228 , 8657 227 , 8657 226 (Ext: 7)
☎️095418915
☎️09427612586
☎️09263636942 သို့ တိုက်ရိုက်ဆက်သွယ်စာရင်းပေးဆက်သွယ်နိုင်ပါတယ်။
✅ဖုန်းများမအားလပ်ပါက အောက်ပါ Link မှတဆင့် Booking တင်နိုင်ပါတယ်။
📌 http://m.me/caremebots?ref=booking_parami 📌

07/05/2024

အခုလိုရာသီအကူးအပြောင်းမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးတွေကို တုပ်ကွေး ကာကွယ်ဆေးတစ်မျိုးတည်းနဲ့ အထာကျကျ ကာကွယ်နိုင်ပါပြီ။😎

ပါရမီအထွေထွေကုဆေးရုံကြီးမှာ Influenza A virus အမျိုးအစားများဖြစ်တဲ့ (H1N1) နှင့် (H3N2) အပြင် Influenza B virus (၂)မျိုး ကိုပါ ကာကွယ်ပေးနိုင်တဲ့ မြန်မာနိုင်ငံရဲ့တရားဝင် FDAအသိအမှတ်ပြု 𝗩𝗔𝗫𝗜𝗚𝗥𝗜𝗣 𝗧𝗘𝗧𝗥𝗔 တုပ်​ကွေးကာကွယ်​ဆေးကို ထိုးနှံလို့ရနေပြီနော်။😍

𝗩𝗔𝗫𝗜𝗚𝗥𝗜𝗣 𝗧𝗘𝗧𝗥𝗔 ကို
✅ကလေးအသက် (၆)လ အထက်မှစတင်ထိုးနှံနိုင်ပြီး အသက် (၆)လအောက် ကလေးများအနေနဲ့ တုပ်ကွေးကာကွယ်ဆေးထိုးနှံရန်မလိုအပ်ပါ။
✅ကလေးအသက် (၃)နှစ်မှ (၉)နှစ်အထိ တုပ်ကွေးရောဂါကာကွယ်ဆေး တစ်ကြိမ်မှမထိုးဖူးပါက ပထမတစ်ကြိမ်ထိုးပြီး တစ်လအကြာတွင် ဒုတိယအကြိမ် ထိုးနှံရန်လိုအပ်ပါတယ်။
✅ယခင်နှစ်များတွင်ထိုးနှံဖူးပါက (၁)နှစ်လျှင် တစ်ကြိမ်သာထိုးနှံရန် လိုအပ်ပါတယ်။
✅ကလေးအသက် (၉)နှစ်အထက်မှစတင်ပြီး ယခင်နှစ်များတွင် တုပ်ကွေးကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊မထိုးဘူးသည်ဖြစ်စေ ယခုနှစ်တွင် တစ်ကြိမ်သာထိုးနှံရပါမယ်။

မိမိတို့ရဲ့ အဖိုးတန်သားသား၊မီးမီးလေးတွေကို အခုပဲ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ မြန်မာနိုင်ငံရဲ့တရားဝင် FDAအသိအမှတ်ပြု 𝗩𝗔𝗫𝗜𝗚𝗥𝗜𝗣 𝗧𝗘𝗧𝗥𝗔 တုပ်​ကွေးကာကွယ်​ဆေးကိုထိုးနှံဖို့ ကြိုတင်စာရင်းပေးသွင်းပြီး ရာသီအကူးအပြောင်းမှာ ကူးစက်တတ်တဲ့ တုပ်ကွေးတွေကနေ ကာကွယ်လိုက်ကြစို့နော်😇💜

06/05/2024

သူနာပြုအကူ ပညာရပ်ဆိုတာ ယနေ့ခေတ်ရဲ့ ကျန်းမာရေးလိုအပ်ချက်တွေအရ အကူအညီလိုအပ်နေတဲ့သူများကို ပြုစုပေးနိုင်ရုံသာမက အသက်မွေးဝမ်းကြောင်းအတွက်ပါ အထောက်အကူပြုပေးနိုင်တဲ့ ပညာရပ် တစ်ခုပါ။ 🤗

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ Nurse Aide သူနာပြုအကူသင်တန်းကို ဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်💁‍♀️

သူနာပြုအကူသင်တန်းကိုဘယ်သူတွေတက်သင့်လဲဆိုတော့ ..
📌 သူနာပြုအကူ ပညာရပ်ကို စိတ်ဝင်စားသူများ
📌 ဘဝ အာမခံချက်ရှိသော အလုပ်အကိုင် လုပ်ကိုင်လိုသူများ
📌 ဆေးရုံ၊ ဆေးခန်းများတွင် အလုပ်လုပ်ကိုင်လိုသူများ
📌 Home care များတွင် ကျွမ်းကျင် Nurse Aide အဖြစ် လုပ်ကိုင်လိုသူများ တက်ရောက်သင့်ပါတယ်🥰

သင်တန်းအစီအစဉ်
========================
သင်တန်းကာလ - 2 လ
သင်တန်းအချိန် - နေ့စဉ် တနင်္လာ မှ သောကြာ (8:30Am to 4:30Pm)

သင်တန်း ပြီးဆုံးပါက သင်တန်းပြီးဆုံးကြောင်းအသိအမှတ်ပြု Certificate ပေးအပ် သွားမှာဖြစ်ပါတယ်။ 😉

သူနာပြုပညာရပ်ကိုစိတ်ဝင်စားသောသူများအနေနဲ့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ Nurse Aide သူနာပြုအကူသင်တန်းကို တက်ရောက်နို်ငဖို့ အခုပဲ Page Chat Box ဒါမှမဟုတ် 09263636942 ကိုဆက်သွယ်ပြီး စာရင်းပေးသွင်းလိုက်တော့နော် 🏃
သူနာပြုအကူ ပညာရပ်ဆိုတာ ယနေ့ခေတ်ရဲ့ ကျန်းမာရေးလိုအပ်ချက်တွေအရ အကူအညီလိုအပ်နေတဲ့သူများကို ပြုစုပေးနိုင်ရုံသာမက အသက်မွေးဝမ်းကြောင်းအတွက်ပါ အထောက်အကူပြုပေးနိုင်တဲ့ ပညာရပ် တစ်ခုပါ။ 🤗

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ Nurse Aide သူနာပြုအကူသင်တန်းကို ဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်💁‍♀️

သူနာပြုအကူသင်တန်းကိုဘယ်သူတွေတက်သင့်လဲဆိုတော့ ..
📌 သူနာပြုအကူ ပညာရပ်ကို စိတ်ဝင်စားသူများ
📌 ဘဝ အာမခံချက်ရှိသော အလုပ်အကိုင် လုပ်ကိုင်လိုသူများ
📌 ဆေးရုံ၊ ဆေးခန်းများတွင် အလုပ်လုပ်ကိုင်လိုသူများ
📌 Home care များတွင် ကျွမ်းကျင် Nurse Aide အဖြစ် လုပ်ကိုင်လိုသူများ တက်ရောက်သင့်ပါတယ်🥰

သင်တန်းအစီအစဉ်
========================
သင်တန်းကာလ - 2 လ
သင်တန်းအချိန် - နေ့စဉ် တနင်္လာ မှ သောကြာ (8:30Am to 4:30Pm)

သင်တန်း ပြီးဆုံးပါက သင်တန်းပြီးဆုံးကြောင်းအသိအမှတ်ပြု Certificate ပေးအပ် သွားမှာဖြစ်ပါတယ်။ 😉

သူနာပြုပညာရပ်ကိုစိတ်ဝင်စားသောသူများအနေနဲ့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ Nurse Aide သူနာပြုအကူသင်တန်းကို တက်ရောက်နို်ငဖို့ အခုပဲ Page Chat Box ဒါမှမဟုတ် 09263636942 ကိုဆက်သွယ်ပြီး စာရင်းပေးသွင်းလိုက်တော့နော် 🏃

03/05/2024

ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။✅

ကျောက်ကပ်ရောင်ရမ်းတာ ဒါမှမဟုတ် ဆီးချို၊သွေးချို ရောဂါကြောင့် ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေချို့ယွင်းပျက်စီးခြင်းကို ကုသနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကျောက်ကပ် အစားထိုးခြင်းဖြစ်ပါတယ်။ 💁‍♂️

အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်အစားထိုးခြင်းကို မလုပ်နို်ငသေးတဲ့ အချိန်မှာ လူနာအများစုရွေးချယ်ကြတာက ကျောက်ကပ်အတုအသုံးပြုပြီး စက်နှင့်သွေးသန့်စင်ပေးခြင်းပဲဖြစ်ပါတယ်🤗

ပါရမီအထွေထွေရောဂါကု ဆေးရုံကြီးရဲ့ ကျောက်ကပ်သန့်စင်ခြင်းဌာနဟာဆိုရင် ဂျပန်နိုင်ငံမှ Green Hospital Supply နှင့်ပူးပေါင်းပြီး
- ဂျပန်နိုင်ငံက တင်သွင်းတဲ့ Nipro Surdial 55 Dialysis Machine
- နောက်ဆုံးပေါ် နည်းပညာဖြစ်တဲ့ MOR-D Compact Reverse Osmosis System
- ရာနှုန်းပြည့် ပိုးမွှားသန့်စင်ပေးနိုင်တဲ့ Medical Grade R.O water ရေသန့်စင်စက် စတဲ့နည်းပညာမြင့် စက်ကိရိယာများကိုအသုံးပြုပြီး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါတယ်📢🥳

02/05/2024

"Asthma Education Empowers"

မေလ(၂)ရက်နေ့မှာကျရောက်တဲ့ World Asthma Dayကို ပါရမီဆေးရုံကြီးမှ ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုအပ်ပါတယ်😍

2024ခုနှစ်အတွက် World Asthma Day ရဲ့ဆောင်ပုဒ်လေးကတော့ "Asthma Education Empowers" ပဲဖြစ်ပါတယ်😊

"Asthma Education Empowers"ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း ပန်းနာရင်ကျပ်နဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေအပြင် ကုသမှုနဲ့ ကာကွယ်မှုတွေကို ပါရမီအထွေထွေရောဂါကုဆေးရုံကြီးနှင့်အတူ ဝေမျှပေးလိုက်ကြပါစို့💜

01/05/2024

ပါရမီအထွေထွေရောဂါကုဆေးရုံကြီး ရဲ့ "ချစ်ခြင်းတွေကိုမျှဝေပေး သင်္ကြန်အချိန်အခါလေး" ဆိုတဲ့ အစီအစဉ်လေးမှာ ပါဝင်ပေးခဲ့ကြတဲ့သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် 😍

ပါဝင်ပေးခဲ့ကြတဲ့ သူများထဲမှ နှစ်သစ်လည်းကူး ကံလည်းထူးသွားကြတဲ့ ကံထူးရှင်(၂)ယောက်ကို ဖော်ပြပေးလိုက်ပါပြီ🤩

ကံထူးရှင်များအနေနဲ့နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်(Medical Check Up Program)ကို ရယူနိုင်ဖို့ ပါရမီဆေးရုံရဲ့ Chat Boxကို လာရောက်ဆက်သွယ်ပေးကြပါဦးနော် 💜

01/05/2024

ကဏ္ဍနယ်ပယ်အသီးသီးတွင် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြသော အလုပ်သမားများနှင့်အတူ မေလ(၁)ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ကို ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။💜

30/04/2024

MRI ဆိုတာက သံလိုက်စက်ကွင်းတွေဖြင့် ရေဒီယိုနည်းပညာကို အသုံးပြုပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းနဲ့ ကိုယ်တွင်းအင်္ဂါများ၏ ပုံရိပ်ကိုရှာဖွေဖော်ထုတ်ပေးသော ရောဂါရှာဖွေစက်ကြီးဖြစ်ပါတယ်

MRIစက်တွေရဲ့ အားသာချက်တွေကတော့
✅ဦးနှောက်၊နှလုံး၊အသည်း၊ကျောက်ကပ်စတဲ့ အစိတ်အပိုင်းများကို ပုံရိပ်ဖော်ရာမှာ CT scan/X-Ray စက်တို့ထက် ပိုမိုကြည်လင်ပြတ်သားစွာမြင်နိုင်ခြင်း
✅ပါးလွှာသောပုံရိပ်များကို 3Dသုံးဖက်မြင်ခြင်းကြောင့် လည်ပင်းကျီးပေါင်းတက်ခြင်းနဲ့ ခါးနာခြင်းစသောရောဂါများကို လိုချင်သောရှုထောင့်မှပုံဖော်ပေးခြင်း
✅ကိုယ်ခန္ဓာအတွင်းမှ အင်္ဂါအစိတ်အပိုင်းတွေကို အသေးစိတ်မြင်နိုင်သည့်အပြင် ထိုအစိတ်အပိုင်းများရဲ့ လှုပ်ရှားမှု၊ သွေးလည်ပတ်နှုန်း တို့ကိုဖော်ပြပေးခြင်း
✅အရိုးအဆစ်များနှင့် နီးကပ်သောကိုယ်ခန္ဓာအစိတ်အပိုင်း(ဥပမာ - ဦးနှောက်အောက်ပိုင်းရှိ Posterior Fossa)ပုံဖော်ရာတွင် ပိုမိုတိကျပြတ်သားစွာတွေ့မြင်နိုင်ခြင်း
✅MRIတွင်အသုံးပြုသောအကြောဆေးဟာ အခြားစက်များတွင် အသုံးပြုသောဆေးကဲ့သို့ အိုင်အိုဒင်းမပါဝင်တဲ့အတွက် ဘေးဥပါဒ်အလွန်နည်းပါးခြင်း တို့ပဲဖြစ်ပါတယ်

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ အမေရိကန်နိုင်ငံထုတ် 𝗣𝗵𝗶𝗹𝗶𝗽𝘀 𝗕𝗿𝗮𝗻𝗱, 𝗠𝗥𝗜 𝗜𝗻𝗴𝗲𝗻𝗶𝗮 𝗣𝗿𝗼𝗱𝗶𝘃𝗮 𝗖𝗫 𝟭.𝟱 စက်အသစ်ကြီးဖြင့်ရောဂါရှာဖွေကုသခြင်းများကိုပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ရရှိနိုင်သော ဝန်ဆောင်မှုတွေကတော့
📌Neuro Imaging (ဦးနှောက်နှင့်အာရုံကြောရောဂါအမျိုးမျိုးရှာဖွေခြင်း)
📌Musculoskeletal Imaging(အရိုးအဆစ်ဆိုင်ရာရောဂါအမျိုးမျိုးရှာဖွေခြင်း
📌Abdominal & Pelvis Imaging (ဝမ်းတွင်းဆိုင်ရာရောဂါအမျိုးမျိုးရှာဖွေခြင်း)
📌Cine MRI, Spectroscopy ,Functional MRI, Perfusion MRI,DTI,3DASL(အထူးSpecial Exminationများကို ရိုက်ကူးခြင်း) တို့ပဲဖြစ်ပါတယ်။
ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ လူကြီးမင်းတို့ရဲ့ကျန်းမာရေးအတွက် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို နိုင်ငံတကာအဆင့်မီ ပုံရိပ်ဖော်ရောဂါရှာဖွေရေးစက်သစ်ကြီးဖြင့် ရောဂါရှာဖွေပြီး ပြည့်စုံကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရယူလိုက်ကြစို့ 🥳

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Our Story

Since, 2010, Royal Parami Life Sciences Co., Ltd has laid down plans to be a center of medical excellence by embracing a strong commitment to continuously improved quality service and patient safety.

Nation's First Private Children Hospital in Myanmar, with leading Paediatricians and Health Care Providers, in order to thrive as "One of a Leading First Private Children Hospitals in Myanmar".

In mid 2011, Parami Hospital extends medical care services for adult patients and it becomes "Parami General Hospital, Yangon".

Parami General Hospital, Yangon brings a group of dedicated specialists together to provide a multidisciplinary approach to patient care, in collaboration with advanced medical science and technology.

Videos (show all)

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ ကျောက်ကပ်ဆေးခြင်း ဝန်ဆောင်မှုကို ရယူခဲ့တဲ့ သားလေး မောင်ကျော်ဇင်ဟိန်း၏ ကျောက်ကပ်ဆေးခြင်း...
Update On Diagnosis and Management of Pediatric Obstructive Sleep Apnea
ဆေးရုံမှာ ဆေးခန်းပြဖို့စောင့်နေတဲ့ လူနာစာရင်းကိုအသေးစိတ်ကြည့်လို့ရမယ့် CareMe Bot  🤖ပါရမီဆေးရုံကြီးရဲ့ Caremebot လေးက ဆရ...
အစာအိမ်နဲ့ အူလမ်းကြောင်း မှန်ပြောင်း (endoscope) ဆိုတာ ခွဲစိတ်မှုပြုလုပ်မယ့်အစား ပါးစပ်က တစ်ဆင့် ကင်မရာထည့်သွင်းကြည့်ရှု...
ကျန်းမာရေးနဲ့ပတ်သက်လာပြီဆိုရင် ခေတ်မီစက်ကိရိယာတွေနဲ့ ဝါရင့်ဆရာဝန်ကြီးတွေရှိတဲ့အပြင် (၂၄)နာရီဝန်ဆောင်မှုပေးနေတဲ့ ပါရမီအထွ...
Merry Christmas To You All 🎅🎄
🏥ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာကလေးများအတွက်သာမက လူကြီးများအတွက်ကိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဆေးရုံကြီးပဲဖြစ...
🪔 ယနေ့ နိုဝင်ဘာလ (၁၂) ရက်နေ့တွင်ကျရောက်သော ဒီပါဝလီ (ဒေဝါလီ)နေ့ တွင် အများပြည်သူအားလုံး ချစ်ခင်ရတဲ့မိသားစုများ၊ မိတ်ဆွေမျ...
👩🏻‍⚕️လူ့အသက်တွေကို ဆွဲဆန့်ပေးနိုင်တဲ့ 𝑪𝑷𝑹 👩🏻‍⚕️𝑪𝑷𝑹 ကို ဒေါက်တာ၊ သူနာပြုနဲ့ကျန်းမာရေးဝန်ထမ်းတွေမှမဟုတ်ပဲ သာမာန်သူများလဲအခ...
🎉🎈🎉August လတွင်ကျရောက်သော ဝန်ထမ်းမိသားစုဝင်များအတွက်အမှတ်တရမွေးနေ့ပွဲအားပျော်ရွှင်စွာဖြင့်ကျင်းပပြုလုပ်ပေးပြီး MD ဒေါက်တ...
ကလေးများအသက်ရှူလမ်းကြောင်းဆိုင်ရာပိုးဝင်ခြင်း..📌Part (2) 📌ကျောင်းဖွင့်ခါစအချိန်ကာလတွေမှာ ဘာကြောင့်ကလေးအများစု အအေးမိ၊နှာ...
ကလေးများအသက်ရှူလမ်းကြောင်းဆိုင်ရာပိုးဝင်ခြင်း..📌Part (1) 📌ယခုအချိန်ကာလတွင်ကလေးမိဘများစိုးရိမ်ပူပန်လျှက်ရှိကြသော အသက်ရှူလ...

Telephone

Address


No60 G(1) Parami Road, Mayangone Township
Yangon
11062

Other Yangon clinics (show all)
ZAR & ZAR Co., Ltd. ZAR & ZAR Co., Ltd.
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon

One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803

Myanmar Chemdyes Co. Ltd. Myanmar Chemdyes Co. Ltd.
122, 124, 126. Mahabandoola Garden Street
Yangon, KTDA11181

We specialize in and point-of-care (POC) diagnostics equipment and health food products.

Perfect Hair Stylist and Men Spa Perfect Hair Stylist and Men Spa
(No. 118) Ground Floor, Aung Zayya Street, Sin Min Zay Bus Stop, Near Skyway Club, KyiMyintDing Kannar Street, Alone Township
Yangon, 11121

ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

AMIRA Esthetique De LUXE AMIRA Esthetique De LUXE
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201

Luxury Aesthetic Clinic

Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

Statum Statum
Yangon

မှိုကြောင့်ဖြစ်သော အရေပြားရောဂါများအတွက် စတေတမ်

Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်