YinThway Maternal & Child Call Center

ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေး

မြန်မာနိုင်ငံရဲ့ မည်သည့်အရပ်ဒေသမှမဆို ဆက်သွယ်နိုင်ခြင်း

24 နာရီပိတ်ရက်မရှိခေါ်ဆိုမှုအကြိမ်အရေအတွက်၊ အချိန်အကန့်အသတ်မရှိခေါ်ဆိုဆွေးနွေးနိုင်ခြင်း

မည်သည့်ဖုန်းနံပါတ်နှင့်မဆို ဆက်သွယ်နိုင်ခြင်း

ကိုယ်ဝန်ဆောင်မိခင် (သို့မဟုတ်) Baby လေးတို့ရဲ့ အခြေအနေ‌ နှင့် ဆေးမှတ်တမ်း၊ ဆေးပုံတို့ကို ဓာတ်ပုံ သို့မဟုတ် Video များဖြင့်ပေးပို့ဆွေးနွေးပေးနိုင်ခြင်း

ဆေးမှတ်တမ်းအခြေပြု စနစ်ဖြစ်ခြင်း (Electronic Medical

Photos from YinThway Maternal & Child Call Center's post 13/09/2024

𝑯𝒂𝒍𝒍𝒘𝒂𝒚 𝑯𝒆𝒂𝒍𝒕𝒉 𝑻𝒂𝒍𝒌 : 𝑴𝒑𝒐𝒙 𝑨𝒘𝒂𝒓𝒆𝒏𝒆𝒔𝒔

Hallway International School နှင့် YinThway Maternal & Child Call Center တို့ ပူးပေါင်း၍ လက်ရှိကမ္ဘာတွင် ကူးစက်ပျံ့နှံ့နေသော Mpox ရောဂါအကြောင်းနှင့် ရောဂါမကူးစက်အောင်ကာကွယ်နည်းများကို Hallway North Dagon Campus တွင် စတင်၍ ကျောင်းသား၊ကျောင်းသူများကို ဒေါက်တာသက်ထားဆွေမှ ဆွေးနွေးမျှဝေပေးခဲ့ပါသည်။

12/09/2024

🤔နေမကောင်းတဲ့အခါမှာ ကလေးနို့တိုက်လို့ရလား?

😥ဖျားနာနေတဲ့အချိန်မှာ နို့တိုက်တာက ကလေးအတွက်ကောင်းရဲ့လားဆိုတာ နို့တိုက်မိခင်တိုင်းလိုလို သိချင်ကြတဲ့မေးခွန်းပါ။ သတင်းကောင်းကတော့ ဖျားနေလည်း မိခင်နို့ကိုစိတ်ချလက်ချ ဆက်လက်တိုက်လို့ရကြောင်းကို ကျန်းမာရေးပညာရှင်တွေက ထောက်ခံကြပါတယ်။

အ‌အေးမိ၊ တုပ်ကွေးလိုမျိုး ဖျားနာရောဂါတွေဖြစ်တဲ့အခါမှာ လက်ကိုသေချာဆေးမယ်(တကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုလိုက်နာမယ်)ဆိုရင် ကလေးကို စိတ်အေးလက်အေး နို့ချိုတိုက်ကျွေးလို့ရပါတယ်။ အကျိုးကျေးဇူးအနေနဲ့ မိခင်မှာ နို့ကြောင်းပိတ်တာမျိုးမဖြစ်ဘဲ ကလေးလည်း လိုအပ်တဲ့ကိုယ်ခံအားကို ရရှိမှာပဲဖြစ်ပါတယ်။

ဆေးသောက်ရမယ်ဆိုရင်လည်း ကလေးနို့တိုက်နေကြောင်း ဆရာဝန်ကိုပြောပြပြီး ကလေးအတွက် ဘေးကင်းတဲ့ဆေးဝါးကို ရွေးချယ်နိုင်ပါတယ်။

နို့မတိုက်နိုင်လောက်အောင် နေမကောင်းဖြစ်နေရင်တော့ တခြားနည်းနဲ့ကလေးကို နို့ချိုတိုက်ကျွေးနိုင်ပါသေးတယ်။ နို့ကိုညှစ်ထုတ်ပြီး သန့်ရှင်းတဲ့ဇွန်း၊ ခွက်နဲ့ ကလေးကိုတိုက်လို့ရပါတယ်။ ဒါမှမဟုတ်လည်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး အဖြေရှာနိုင်ပါတယ်။ အရေးကြီးတာတစ်ခုက နို့ကိုညှစ်ထုတ်ဖို့ပါပဲ။ ဒါမှသာ နေပြန်ကောင်းလို့ ကလေးကိုနို့တိုက်တဲ့အခါ နို့ကြောင်းပိတ်နေတာမျိုးမဖြစ်ဘဲ ကလေးကိုနို့ကောင်းကောင်းပြန်တိုက်နိုင်မှာဖြစ်ပါတယ်။

✅ကလေးကဖျားတဲ့အခါမျိုးမှာလည်း နို့ကိုဆက်တိုက်ဖို့လိုပါတယ်။ ဒါမှသာ ကိုယ်ခံအားဆဲလ်တွေ မိခင်နို့ကတဆင့် ကလေးဆီရောက်ပြီး ရောဂါကိုတိုက်ထုတ်နိုင်မှာပါ။

🤗ဒီတော့ မိခင်ပဲဖြစ်ဖြစ်၊ ကလေးပဲဖြစ်ဖြစ် နေမကောင်းတဲ့အခါ ဆရာဝန်နဲ့ပြသပါ။ တကိုယ်ရေသန့်ရှင်းအောင် ဂရုစိုက်ပါ။ ကလေးကို ထိတွေ့ကိုယ်တွယ်မှု မပြုခင်နဲ့ပြုပြီးမှာ လက်ကိုဆပ်ပြာနဲ့စင်ကြယ်အောင်ဆေးကြောပါ။ လက်သန့်ဆေးရည်လည်း အသုံးပြုနိုင်ပါတယ်။ သင်ထိတွေ့ကိုင်တွယ်ထားတဲ့နေရာတွေကို ပိုးသန့်အောင်လုပ်ဖို့လည်း အရေးကြီးပါတယ်။ နို့စုပ်တဲ့ကိရိယာ၊ နို့ထည့်တဲ့ခွက်တွေကိုလည်း အသုံးပြုပြီးတိုင်း သေချာဆေးကြောပါ။

ကဲ ဒါဆိုရင် မေမေတို့ နေမကောင်းဖြစ်လည်း ကလေးကိုဘေးကင်းကင်းနဲ့ နို့ချိုဆက်လက်တိုက်ကျွေးနိုင်ကြောင်းကို နားလည်သဘောပေါက်ပြီထင်ပါတယ်။ အသက် ၆ လအောက် ကလေးငယ်ဆိုရင်တော့ မိခင်နို့တစ်မျိုးတည်းကိုပဲတိုက်ကျွေးရမှာဖြစ်ကြောင်း ထပ်ဆောင်းသတိပေးလိုက်ပါတယ်နော်။

👉မေမေတို့အနေနဲ့ YinThway မှာမန်ဘာဝင်ချင်တယ်ဆိုရင်
Customer Service Hotline Phone 09 774 778000 (လိုင်းခွဲ နံပါတ် -2)ကို ဆက်သွယ်နိုင်သလို Page Messenger ကတဆင့်လည်း အသေးစိတ်မေးမြန်းစုံစမ်းပြီး မန်ဘာဝင်နိုင်ပါတယ်။

✨ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးအတွက် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု YinThway Maternal & Child Call Center ✨

11/09/2024

😥ကလေးသွားပေါက်နောက်ကျတာ စိုးရိမ်ရလား?

ကလေးက တခြားဖွံ့ဖြိုးမှုအပိုင်းတွေမှာတော့ ပုံမှန်ဖြစ်ပေမဲ့ သွားကအခုချိန်ထိမပေါက်သေးလို့ တစ်ခုခုများဖြစ်နေတာလားလို့ မေမေဖေဖေတို့ စိုးရိမ်နေမိလား။

ဒီတစ်ခါမှာတော့ “သွားပေါက်နောက်ကျတယ်ဆိုတာ ဘာလဲ”၊ “မိဘတွေအနေနဲ့ ဘာလုပ်ရမလဲ” ကိုမျှဝေသွားပါမယ်။

သွားပေါက်နောက်ကျတယ်ဆိုတာ အများစုပုံမှန်ထက် နောက်ကျပြီးမှ‌သွားပေါက်တာပါ။ ကလေးအများစုက ၆ လလောက်ဆိုရင် သွားစပေါက်ပြီး ၁ နှစ်လောက်ဆို သွား ၃/၄ ချောင်းလောက်ထွက်လာပါပြီ။ ၃ နှစ်ပြည့်ရင်တော့ ကလေးအများစုက ငယ်သွား အချောင်း ၂၀ စုံသွားပါပြီ။

ဒါပေမဲ့ ဒီအချိန်သတ်မှတ်ချက်က ကလေးတိုင်းနဲ့ ကိုက်ညီချင်မှကိုက်ညီတာပါ။ မိဘတွေကတော့ စိတ်ပူတယ်ဆိုပေမဲ့ အသက် ၁ နှစ်အထိ သွားတစ်ချောင်းမှမပေါက်သေးတဲ့ ကလေးတွေလည်းရှိပါတယ်။

◾ဘာကြောင့် သွားပေါက်နောက်ကျတာလဲ?

ဖြစ်နိုင်တဲ့အကြောင်းအရင်းတွေ အမျိုးမျိုးရှိပေမဲ့ အများစုကတော့ စိတ်ပူစရာမရှိပါဘူး။ အဓိကဖြစ်ကြတာတော့ မျိုးရိုးဗီဇပါပဲ။ မိဘက သွားပေါက်နောက်ကျရင် ကလေးလည်းနောက်ကျတတ်ပါတယ်။ ဒီတော့ ကိုယ်ငယ်ငယ်က သွားပေါက်နောက်ကျလား လူကြီးတွေကိုပြန်မေးကြည့်ပါဦးနော်။ 😄

တခြားဖြစ်နိုင်တာတွေကတော့ …
▪️လမစေ့ဘဲမွေးခြင်း၊ ပေါင်မပြည့်ခြင်း
▪️အာဟာရ(အထူးသဖြင့် ကယ်လ်စီယမ်၊ ဗီတာမင်ဒီ) ချို့တဲ့ခြင်း
▪️သွားနဲ့ခံတွင်းမှာ ရောဂါပိုးဝင်ခြင်း၊ သွားပေါက်တဲ့ပုံစံမမှန်ခြင်း
▪️မျိုးရိုးဗီဇချို့ယွင်းခြင်း၊ ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာရှိခြင်း စတာတွေဖြစ်ပါတယ်။

◾ဘယ်အခါမှာ ဆရာဝန်နဲ့ပြရမလဲ?

ကလေးက အသက် ၁ နှစ်ခွဲ(၁၈ လ)အထိ သွားတစ်ချောင်းမှ မပေါက်သေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသဆွေးနွေးသင့်ပါတယ်။

ဒါပေမဲ့ အရမ်းကြီးမစိုးရိမ်ပါနဲ့။ ကလေးတွေမှာ သွားပေါက်နောက်ကျတာက အဖြစ်များပြီး အများအားဖြင့် စိုးရိမ်စရာမရှိပါဘူး။ ကလေးကသွားမပေါက်လို့ စားသောက်တာ၊ စကားပြောတာမှာ အခက်အခဲတချို့ဖြစ်နိုင်ပေမဲ့လည်း သွားပေါက်လာတာနဲ့ အကုန်အဆင်ပြေသွားမှာပါ။

မိဘတွေအနေနဲ့ ဂရုစိုက်ရမှာကတော့ ကလေးကိုလိုအပ်တဲ့အာဟာရပြည့်စုံအောင် သေချာကျွေးမွေးဖို့ပါပဲ။

မေမေတို့အနေနဲ့ YinThway မှာမန်ဘာဝင်ချင်တယ်ဆိုရင်
Customer Service Hotline Phone 09 774 778000 (လိုင်းခွဲ နံပါတ် -2)ကို ဆက်သွယ်နိုင်သလို Page Messenger ကတဆင့်လည်း အသေးစိတ်မေးမြန်းစုံစမ်းပြီး မန်ဘာဝင်နိုင်ပါတယ်။

✨ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးအတွက် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု YinThway Maternal & Child Call Center ✨

Photos from YinThway Maternal & Child Call Center's post 11/09/2024

𝑯𝒂𝒍𝒍𝒘𝒂𝒚 𝑯𝒆𝒂𝒍𝒕𝒉 𝑻𝒂𝒍𝒌 : 𝑴𝒑𝒐𝒙 𝑨𝒘𝒂𝒓𝒆𝒏𝒆𝒔𝒔

Hallway International School နှင့် YinThway Maternal & Child Call Center တို့ ပူးပေါင်း၍ လက်ရှိကမ္ဘာတွင် ကူးစက်ပျံ့နှံ့နေသော Mpox ရောဂါအကြောင်းနှင့် ရောဂါမကူးစက်အောင်ကာကွယ်နည်းများကို Batahtaung Campus တွင် စတင်၍ ကျောင်းသား၊ကျောင်းသူများကို ဒေါက်တာသက်ထားဆွေမှ ဆွေးနွေးမျှဝေပေးခဲ့ပါသည်။

09/09/2024

ရင်သွေး call center မှ မေတ္တာရပ်ခံချက်😥
--------------------------------------

ရင်သွေး call center ဟာဆိုရင် မေမေတို့ရဲ့ ရင်သွေးလေးတို့နှင့် ကိုယ်ဝန်ဆောင်မိခင်တို့အတွက် ပိုမိုကောင်းမွန်ပြီး အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနိုင်ရန် အစဥ်မပြတ် ​ဆောင်ရွက်လျက်ရှိပါတယ်ရှင်။ လက်တလောတွင် fiber internet လိုင်းပြဿနာ​လေး ရှိ​နေပါသဖြင့် ဆက်သွယ်မူပြတ်တောက်ခြင်းများဖြစ်​နေကြောင်း၊ ပြင်ဆင်မှုများကို အမြန်ဆုံး​ဆောင်ရွက်​နေပါ​​ကြောင်း လေးစားစွာအသိပေး အကြောင်းကြားအပ်ပါတယ်ရှင့်😥

☎ဆရာဝန်နှင့်ဆက်သွယ်ဖို့အတွက် ချက်ချင်းလိုအပ်ပါက YinThway Maternal & Child Call Center Page Messenger (သို့) 09 766225566, 09 766005566 သို့ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါတယ်ရှင့်...

Photos from YinThway Maternal & Child Call Center's post 05/09/2024

𝑯𝒂𝒍𝒍𝒘𝒂𝒚 𝑯𝒆𝒂𝒍𝒕𝒉 𝑻𝒂𝒍𝒌 : 𝑴𝒑𝒐𝒙 𝑨𝒘𝒂𝒓𝒆𝒏𝒆𝒔𝒔

Hallway International School နှင့် YinThway Maternal & Child Call Center တို့ ပူးပေါင်း၍ လက်ရှိကမ္ဘာတွင် ကူးစက်ပျံ့နှံ့နေသော Mpox ရောဂါအကြောင်းနှင့် ရောဂါမကူးစက်အောင်ကာကွယ်နည်းများကို Hlaing Campus တွင် စတင်၍ ကျောင်းသား၊ကျောင်းသူများကို ဒေါက်တာသက်ထားဆွေမှ ဆွေးနွေးမျှဝေပေးခဲ့ပါသည်။

Photos from YinThway Maternal & Child Call Center's post 03/09/2024

𝑯𝒂𝒍𝒍𝒘𝒂𝒚 𝑯𝒆𝒂𝒍𝒕𝒉 𝑻𝒂𝒍𝒌 : 𝑴𝒑𝒐𝒙 𝑨𝒘𝒂𝒓𝒆𝒏𝒆𝒔𝒔

Hallway International School နှင့်YinThway Maternal & Child Call Center တို့ ပူးပေါင်း၍ လက်ရှိကမ္ဘာတွင် ကူးစက်ပျံ့နှံ့နေသော Mpox ရောဂါအကြောင်းနှင့် ရောဂါမကူးစက်အောင်ကာကွယ်နည်းများကို Bahan Campus တွင် စတင်၍ ကျောင်းသား၊ကျောင်းသူများကို ဒေါက်တာသက်ထားဆွေမှ ဆွေးနွေးမျှဝေပေးခဲ့ပါသည်။

Photos from YinThway Maternal & Child Call Center's post 01/09/2024

"ရင်သွေး TikTok Challenge မှ ငွေသားဆုငွေနှင့် ဖုန်းဘေလ် ဆုရရှိသူများပေါ်ထွက်လာပါပြီ"

🏆(၁)သိန်းကျပ် ဆုရရှိသူများ🏆
Khant.784
maymay.jucy

🏆(၅)သောင်းကျပ် ဆုရရှိသူများ🏆
hsuwai680
yarhulay
user20106168310131
nanndarliwin1
nann.darli.win

🏆(၃)သောင်းကျပ် ဆုရရှိသူများ🏆
may.lay8596
ko.pyae.268487
user7147577348561
kyankyaunn590424882465
eipoephyu7

🏆ဖုန်းဘေလ် (၅၀၀၀)ကျပ် ဆုရရှိသွားသူများကတော့

user20106168310131
nanndarliwin1
nann.darli.win
may.lay8596
ko.pyae.268487
user7147577348561
kyankyaunn590424882465
eipoephyu7
maplet93
nwenweoo9490
kokonyinyi420
masansantg
hninnuhlaing89
yatimaymay.01
shinemay881
muuphaw
chilli881
dawyamin3110
naylay550
zinlayshine
xiaozhan4086
may.tarafe
shinshin2632003
jusmine983
panthazin064
zinhtetoo389
user9634875810320
htoo.lae.ye
shoon.myat.may
sawwaikyaing
yuyuhtwe947
yarhulay2
banbilaymaymay.2024
eaint0079
starlay1230
tharbhone81
moon52646
may.thway.ni
user787915545112
ayethuzar91
suzy09537
htetei2022
user903023760
dawayechanthu2024
30441254777
mi.ku616
znm.m1
yehtutko2
nant.aye.aye.aung48
user9860080061733 အကောင့်ပိုင်ရှင်တို့ပဲဖြစ်ပါတယ်။

✅မှတ်ချက်: ဆုငွေရရှိများနှင့် ဖုန်းဘေလ်ရရှိသူများသည် ရင်သွေးသို့ တစ်ပတ်အတွင်းဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ရင်သွေးမှ ဆုရရှိသူများကို တစ်ပတ်အတွင်း ဆုပေးအပ်သွားမှာဖြစ်ပါတယ်ရှင့်...

#မေမေ့နို့သာအကောင်းဆုံးပါ #ကလေးခြောက်လအထိမေမေ့နို့သာတိုက်ပါ

TikTok · YinThway Call Center 31/08/2024

🤗ရင်သွေး TikTok Challenge လေးရဲ့ Winners များကို စီစစ်ရွေးချယ်နေပြီဖြစ်တာကြောင့် ဆုရရှိသူများကို မနက်ဖြန်တွင် ရင်သွေး page လေးမှာ ကြေညာပေးသွားမှာဖြစ်ပါတယ်...

🥰ပါဝင်ယှဥ်ပြိုင်ထားသူများအနေဖြင့် ရင်သွေး page လေးကို စောင့်ကြည့်ပေးဖို့အတွက် အသိပေးအပ်ပါတယ်။

#မေမေ့နို့သာအကောင်းဆုံးပါ #ကလေးခြောက်လအထိမေမေ့နို့သာတိုက်ပါ

TikTok · YinThway Call Center 1120 likes, 32 comments. “🏆 ဆုငွေ ၁ သိန်းထိ ကံထူးမယ့် TikTok Challenge 🏆 ✅စည်းကမ်းချက်များ Video တင်တဲ့အခါ 1. #မေမေ့နို့သာအကောင်းဆုံးပါ #ကလေ.....

TikTok · YinThway Call Center 26/08/2024

🤗ရင်သွေးရဲ့ TikTok Challenge မှာပါဝင်တဲ့သူတိုင်း ဖုန်းဘေလ် ၅၀၀၀ကျပ် ရရှိနိုင်မည့်အပြင် ငွေသားဆုငွေ ၁သိန်း၊ ၅သောင်း နှင့် ၃သောင်း အထိ ကံထူးနိုင်တဲ့ အခွင့်အရေးလေးရှိနေသေးတာဖြစ်လို့ ပါဝင်နိုင်ဖို့ ထပ်မံဖိတ်ခေါ်လိုက်ရပါတယ်နော်...

နမူနာပါဝင်ထားတဲ့ TikTok Video လေးတွေကိုလည်း Comment box မှာဝင်ရောက်ကြည့်ရှုနိုင်ပြီး မိမိကြိုက်နှစ်သက်တဲ့ Videoဖြင့် လွယ်လွယ်ကူကူပါဝင်နိုင်ပါတယ်ရှင့်...🥰

#မေမေ့နို့သာအကောင်းဆုံးပါ #ကလေးခြောက်လအထိမေမေ့နို့သာတိုက်ပါ

TikTok · YinThway Call Center 1120 likes, 32 comments. “🏆 ဆုငွေ ၁ သိန်းထိ ကံထူးမယ့် TikTok Challenge 🏆 ✅စည်းကမ်းချက်များ Video တင်တဲ့အခါ 1. #မေမေ့နို့သာအကောင်းဆုံးပါ #ကလေ.....

24/08/2024

"လတ်တလော အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်နေတဲ့ Mpox အကြောင်း သိကောင်းစရာ"

အာဖရိကကစတင်ပြီး လျင်မြန်စွာကူးစက်ပြန့်ပွားနေတဲ့ မျောက်ကျောက် Mpox မျိုးကွဲအသစ်က အခုဆိုရင် ကမ္ဘာ့အရေးပေါ်ကျန်းမာရေးအခြေအနေ တဖန်ပြန်ဖြစ်လာပါပြီ။ ဒီတော့ Mpox ဆိုတာဘာလဲ၊ ဘယ်ကစဖြစ်တာလဲ၊ အသက်သေနိုင်လား၊ ဘယ်လိုကာကွယ်ရမလဲ စတာတွေကိုမျှဝေသွားပါမယ်။

◾Mpox ဆိုတာဘာလဲ

Mpox ဆိုတာ အရင်က Monkeypox လို့ခေါ်ခဲ့ကြတဲ့၊ လူအချင်းချင်း နီးနီးကပ်ကပ်နေရင် ကူးစက်နိုင်ခြေများတဲ့ ဗိုင်းရပ်စ်ရောဂါဖြစ်ပါတယ်။ ရောဂါရှိတဲ့သူ ထိတွေ့ထားတဲ့ အရာဝတ္ထုကနေလည်း ကူးစက်ပြန့်ပွားနိုင်ပါတယ်။ ရောဂါစတင်ရာကတော့ အာဖရိကအလယ်ပိုင်း ကွန်ဂိုနိုင်ငံဖြစ်ပြီး ၁၉၇၀ မှာတွေ့ရှိခဲ့တာပါ။

ဒီရောဂါကို နှစ်တွေအကြာကြီး လျစ်လျူရှုထားခဲ့ကြရာက ၂၀၂၂ ခုနှစ်မှာတော့ ကမ္ဘာ့နိုင်ငံများစွာကိုကူးစက်ပြီး ကမ္ဘာ့ကပ်ရောဂါဖြစ်ခဲ့ပါတယ်။

◾ရောဂါလက္ခဏာက ဘာတွေလဲ

ယေဘုယျလက္ခဏာတွေကတော့ ရေကြည်ဖုအနာ ၂ - ၄ ပတ်လောက်ပေါက်ပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ကျောနာခြင်း၊ အားမရှိဘဲနုံးခြင်း၊ အကျိတ်ရောင်ခြင်းတွေဖြစ်တတ်ပါတယ်။ ရေကြည်ဖုအနာက မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ လိင်အင်္ဂါ၊ ပါးစပ်၊ လည်ချောင်း၊ မျက်လုံးတွေမှာ ပေါက်နိုင်ပါတယ်။ ရောဂါရှိသူက အနာအားလုံးကျက်၊ အနာဖေးကွာပြီး အရေပြားအသစ်ပြန်မဖြစ်မချင်း သူတပါးကိုကူးစက်နိုင်ပါတယ်။ ရောဂါပြင်းထန်တဲ့သူတွေကတော့ ‌ဆေးရုံတက်ဖို့လိုနိုင်ပါတယ်။

◾ဘယ်လိုမျိုး ကူးစက်ပြန့်ပွားလဲ

• လူလူချင်း ကူးစက်ခြင်း - ထိတွေ့ကိုင်တွယ်ခြင်း၊ လိင်ဆက်ဆံခြင်း၊ အနီးကပ်စကားပြောခြင်းစတဲ့ နီးကပ်‌တဲ့ထိတွေ့မှုတွေကတဆင့် ကူးစက်ပါတယ်။ အဝတ်အစား၊ အိပ်ရာ၊ သဘက်တွေပေါ်မှာလည်း ကပ်တွယ်နိုင်ပါတယ်။ လူတစ်ယောက်က အဲ့ဒီပစ္စည်းတွေကိုထိမိပြီးနောက် မိမိရဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကိုကိုင်တဲ့အခါ ရောဂါကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကိုလည်းကူးစက်နိုင်ပါတယ်။

• တိရစ္ဆာန်မှ လူကိုကူးစက်ခြင်း - ရောဂါပိုးရှိတဲ့ မျောက်၊ ကြွက်စတဲ့တိရစ္ဆာန်တွေနဲ့ထိတွေ့မိရင်လည်း ရောဂါကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့အသားကို မကျက်တကျက်ချက်စားရင်လည်း ကူးနိုင်ပါတယ်။

◾Mpox ကြောင့် အသက်သေနိုင်လား

ရှားတယ်ဆိုပေမဲ့ အသက်သေနိုင်ပါတယ်။ သေဆုံးနိုင်ခြေက 0.1% - 10% အထိရှိပါတယ်။ သေဆုံးနှုန်းက ကျန်းမာရေးစောင့်ရှောက်မှု၊ ရောဂါအခံ စတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အများအားဖြင့်တော့ တစ်ပတ်နှစ်ပတ်နေရင် သူ့ဘာသာသူ ပျောက်သွားလေ့ရှိပါတယ်။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကိုယ်ခံအားနည်းသူတွေမှာတော့ ရောဂါပြင်းထန်နိုင်ပါတယ်။

◾ကာကွယ်‌ဆေးရှိလား

ရှိပါတယ်။ WHO က ညွှန်ကြားထားတဲ့ကာကွယ်ဆေးတွေ ရှိပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ ကမ္ဘာတဝှမ်း လူအစုလိုက် ကာကွယ်ဆေးထိုးကြဖို့ မညွှန်ကြားသေးပါဘူး။

◾ဘယ်လိုကာကွယ်မလဲ

▪️တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ဆေးပါ
▪️ထိတွေ့ကိုင်တွယ်ထားတဲ့မျက်နှာပြင်တွေကို ပိုးသန့်စင်ပါ။
▪️လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို ခဏခဏမကိုင်ပါနဲ့
▪️တိရစ္ဆာန်တွေနဲ့ ထိတွေ့ကိုင်တွယ်ခြင်း မပြုပါနဲ့ ▪️အသားချက်ပြုတ်စားတဲ့အခါ ကျက်အောင်ချက်ပြုတ်ပါ

အခုဆိုရင် Mpox မျိုးကွဲအသစ်က အာဖရိကအပြင်ဘက်နိုင်ငံ ဆွီဒင်မှာ တစ်ဦး
စတင်တွေ့ ရှိထားပြီးဖြစ်လို့ အများပြည်သူအနေနဲ့ သတိပြုဆင်ခြင်နိုင်အောင် မျှဝေလိုက်ပါတယ်။

မေမေတို့အနေနဲ့ YinThway မှာမန်ဘာဝင်ချင်တယ်ဆိုရင်
Customer Service Hotline Phone 09 774 778000 (လိုင်းခွဲ နံပါတ် -2)ကို ဆက်သွယ်နိုင်သလို Page Messenger ကတဆင့်လည်း အသေးစိတ်မေးမြန်းစုံစမ်းပြီး မန်ဘာဝင်နိုင်ပါတယ်။

✨ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးအတွက် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု YinThway Maternal & Child Call Center ✨

23/08/2024

"မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ"

အာဖရိကနိုင်ငံတွေမှာ လက်ရှိဖြစ်ပွားနေတဲ့ မျောက်ကျောက်ကပ်ရောဂါ(Mpox)ကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာလိုက်ပါတယ်။
မျောက်ကျောက်ရောဂါဟာ လျင်မြန်စွာကူးစက်ပြန့်ပွားနေပြီး အာဖရိကအလယ်ပိုင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အနည်းဆုံး လူ ၄၅၀ ဦး သေဆုံးသွားပြီဖြစ်ပါတယ်။ အခုဆိုရင် ဒီရောဂါက အာဖရိကရဲ့ တခြားအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့လာပါပြီ။ သိပ္ပံပညာရှင်တွေကတော့ ရောဂါပိုးမျိုးကွဲအသစ်တစ်ခု လျင်မြန်စွာကူးစက်ပြန့်ပွားပြီး သေဆုံးနှုန်းမြင့်မားလာမှာကို စိုးရိမ်နေကြပါတယ်။

WHO ရဲ့ ဌာနအကြီးအကဲကတော့ ဒီရောဂါက အာဖရိကမှာ ဆက်လက်ပြန့်ပွားပြီး တခြားကမ္ဘာ့နိုင်ငံတွေဆီကို ကူးစက်နိုင်ခြေဟာ သိပ်ကိုမှ စိုးရိမ်စရာကောင်းနေတယ်လို့ဆိုပါတယ်။ ကပ်ရောဂါကိုရပ်တန့်ပြီး လူ့အသက်တွေကိုကယ်တင်ဖို့ နိုင်ငံတကာပူးပေါင်းတုံ့ပြန်မှုတွေလိုအပ်ကြောင်း အလေးအနက်ထား ပြောဆိုခဲ့ပါတယ်။
မျောက်ကျောက်ရောဂါက နီးကပ်တဲ့ထိတွေ့မှုတွေကတဆင့် ကူးစက်ပါတယ်။ ရောဂါရှိသူနဲ့ အသားချင်းထိခြင်း၊ လိင်ဆက်ဆံခြင်း၊ စကားပြောခြင်း၊ အသက်ရှူခြင်းကနေ ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ တုပ်ကွေးလိုဖျားနာခြင်း၊ အနာပေါက်ခြင်းတွေဖြစ်ပြီး ရောဂါဖြစ်သူ ၁၀၀ မှာ ၄ ယောက်က အသက်သေနိုင်ပါတယ်။

မျောက်ကျောက်မှာ Clade 1 နဲ့ Clade 2 ဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ ၂၀၂၂ ခုနှစ်တုန်းကဖြစ်ခဲ့တာက ပိုပျော့တဲ့ Clade 2 ဖြစ်ပြီး အခုတစ်ခါမှာတော့ ပိုပြင်းထန်တဲ့ Clade 1 အမျိုးအစားဖြစ်ပါတယ်။(ရောဂါဖြစ်သူ ၁၀၀ မှာ ၁၀ ယောက်အထိ သေဆုံးနိုင်ပါတယ်။) ဒီအမျိုးအစားကိုမှ မျိုးကွဲအသစ် Clade 1b ထပ်ထွက်လာကာ ကူးစက်နှုန်းမြန်ပြီး အန္တရာယ်အရှိဆုံးလို့ သိပ္ပံပညာရှင်တစ်ဦးက ဆိုထားပါတယ်။

မျောက်ကျောက်ရောဂါကူးစက်မှုကို လျှော့ချကာကွယ်နိုင်ဖို့ …
▪️ရောဂါရှိတယ်လို့သံသရှိသူနဲ့ မထိတွေ့ပါနဲ့
▪️ရောဂါရှိသူထိတွေ့ထားတဲ့အရာတွေကို မကိုင်တွယ်ပါနဲ့
▪️ရောဂါရှိသူကို သီးသန့်ထားပါ
▪️ထိတွေ့ကိုင်တွယ်ပြီးတိုင်းမှာ လက်ကိုဆပ်ပြာနဲ့ စင်‌ကြယ်အောင်ဆေးကြောပါ
▪️တိရစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်ခြင်းမပြုပါနဲ့။

မေမေတို့အနေနဲ့ YinThway မှာမန်ဘာဝင်ချင်တယ်ဆိုရင်
Customer Service Hotline Phone 09 774 778000 (လိုင်းခွဲ နံပါတ် -2)ကို ဆက်သွယ်နိုင်သလို Page Messenger ကတဆင့်လည်း အသေးစိတ်မေးမြန်းစုံစမ်းပြီး မန်ဘာဝင်နိုင်ပါတယ်။

✨ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးအတွက် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု YinThway Maternal & Child Call Center ✨

TikTok · YinThway Call Center 14/08/2024

🏆 ဆုငွေ ၁ သိန်းထိ ကံထူးမယ့် TikTok Challenge 🏆

🤗ကျန်းမာရေးအသိပညာလည်းမျှ ဆုငွေလည်းရမယ့် TikTok ပြိုင်ပွဲ (Freestyle Challenge) လေးကို YinThway TikTok Channel မှာတင်ထားပြီးပြီဖြစ်လို့ စတင်ပါဝင်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးချင်ပါတယ်။

သြဂုတ်လ (၁၂)ရက်နေ့အစား သြဂုတ်လ (၁၄)ရက်နေ့မှ တင်ပေးနိုင်ခဲ့တာဖြစ်လို့ ရက်အနည်းငယ်နောက်ကျသွားတဲ့အတွက် အနူးအညွှန့် တောင်းပန်အပ်ပါတယ်။

✅ဘယ်လိုပါဝင်နိုင်မလဲ?

ဒီအကပြိုင်ပွဲလေးမှာ ပါဝင်ဖို့အတွက် YinThway TikTok Channel လေးကိုသွားရပါမယ်။
Challenge ခေါ်ထားတဲ့ TikTok video လေးကို အသဲပေး၊ Video ထဲကသီချင်းကိုအသုံးပြုပြီး ကိုယ့်စိတ်ကြိုက် Video ရိုက်ပြီး post တင်ပေးရမှာဖြစ်ပါတယ်။

✅စည်းကမ်းချက်များ

Video တင်တဲ့အခါ
1. #မေမေ့နို့သာအကောင်းဆုံးပါ #ကလေးခြောက်လအထိမေမေ့နို့သာတိုက်ပါ
အစရှိတဲ့ hashtag( #) တွေကို ထည့်သွင်းပေးရပါမယ်။
2. နှင့် @သိစေချင် TikTok Channel ကို mention ခေါ်ပေးရပါမယ်။
3. တစ်ယောက်လျှင် တစ်ကြိမ်သာ ပါဝင်ယှဥ်ပြိုင်ခွင့်ရှိမှာဖြစ်ပါတယ်။
4. TikTok Challenge Video Reaction အများဆုံးထဲမှ စည်းကမ်းချက်များနှင့်ကိုက်ညီသော (၈)ယောက်ကို ရွေးပြီး ငွေသားဆုလက်ဆောင် အများဆုံး (၁)သိန်းကျပ်ထိ ပေးမဲ့အပြင် နောက်ထပ်ပါဝင်သူများထဲမှ အယောက်(၁၀၀) ကိုရွေးချယ်ပြီး ဖုန်းဘေလ် ၅၀၀၀ စီ ဆုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
5. ဆုရရှိသူများစာရင်းကို သြဂုတ်လ ၃၁ရက်နေ့တွင် MyanCare Page YinThway Page နဲ့ YinThway TikTok Channel များမှာ ကြေငြာသွားမှာဖြစ်ပါတယ်။

❗️မှတ်ချက်

👉လိင်ပိုင်းဆိုင်ရာအသားပေးသည့် video များကိုထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။
👉အငြင်းပွားဖွယ်ရာတစ်စုံတစ်ရာဖြစ်ပေါ်ပါက MyanCare နှင့် YinThway Team ဆုံးဖြတ်ချက်ကိုသာ အတည်ပြုသွားမှာဖြစ်ပါတယ်။

#မေမေ့နို့သာအကောင်းဆုံးပါ #ကလေးခြောက်လအထိမေမေ့နို့သာတိုက်ပါ

TikTok · YinThway Call Center Check out YinThway Call Center’s video.

Photos from YinThway Maternal & Child Call Center's post 09/08/2024

🏆 ဆုငွေ ၁ သိန်းထိ ကံထူးမယ့် TikTok Challenge 🏆

ကျန်းမာရေးအသိပညာလည်းမျှ ဆုငွေလည်းရမယ့် TikTok ပြိုင်ပွဲ (Freestyle Challenge) တစ်ခုကို မကြာခင်ပြုလုပ်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။

“ဩဂုတ်လ အာဟာရမြှင့်တင်ရေး အထိမ်းအမှတ်အဖြစ် အသက် ၆ လအောက် ကလေးငယ်များကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရမည်” ဆိုတဲ့ကျန်းမာရေးဗဟုသုတကို လူထုကြား ပိုမိုပျံ့နှံ့စေချင်တဲ့ ရည်ရွယ်ချက်ဖြင့် MyanCare နှင့် PATH တို့မှ ပူးပေါင်းစီစဥ်ခြင်းဖြစ်ပါတယ်။

✅ဘယ်လိုပါဝင်နိုင်မလဲ?

👉 ဒီအကပြိုင်ပွဲလေးမှာ ပါဝင်ဖို့အတွက် YinThway TikTok Channel လေးကိုသွားရပါမယ်။

👉 Challenge ခေါ်ထားတဲ့ TikTok video လေးကို အသဲပေး၊ Video ထဲကသီချင်းကိုအသုံးပြုပြီး ကိုယ့်စိတ်ကြိုက် Video ရိုက်ပြီး post တင်ပေးရမှာဖြစ်ပါတယ်။

👉 နမူနာ Challenge video လေးတွေကိုတော့ TikTok Cele – May (Dance with May Thell) နဲ့ YinThway TikTok Channels တို့မှာ သြဂုတ်လ ၁၂ ရက်နေ့တွင် တင်ပေးသွားမှာဖြစ်ပါတယ်။

ကဲ အားလုံးစောင့်မျှော်ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

✅စည်းကမ်းချက်များ

Video တင်တဲ့အခါ
1. #မေမေ့နို့သာအကောင်းဆုံးပါ #ကလေးခြောက်လအထိမေမေ့နို့သာတိုက်ပါ
အစရှိတဲ့ hashtag( #) တွေကို ထည့်သွင်းပေးရပါမယ်။

2. နှင့် @သိစေချင် TikTok Channel ကို mention ခေါ်ပေးရပါမယ်။

3. တစ်‌‌‌‌‌ယောက်လျှင် တစ်ကြိမ်သာ ပါဝင်ယှဥ်ပြိုင်ခွင့်ရှိမှာဖြစ်ပါတယ်။

4. TikTok Challenge Video Reaction အများဆုံးထဲမှ စည်းကမ်းချက်များနှင့်ကိုက်ညီသော (၈)ယောက်ကို ရွေးပြီး ငွေသားဆုလက်ဆောင် အများဆုံး (၁)သိန်းကျပ်ထိ ပေးမဲ့အပြင် နောက်ထပ်ပါဝင်သူများထဲမှ အယောက်(၁၀၀) ကိုရွေးချယ်ပြီး ဖုန်းဘေလ် ၅၀၀၀ စီ ဆုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

5. ဆုရရှိသူများစာရင်းကို သြဂုတ်လ ၃၁ရက်နေ့တွင် MyanCare Page YinThway Page နဲ့ YinThway TikTok Channel များမှာ ကြေငြာသွားမှာဖြစ်ပါတယ်

❗️မှတ်ချက်

👉 လိင်ပိုင်းဆိုင်ရာအသားပေးသည့် video များကိုထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။
👉 အငြင်းပွားဖွယ်ရာတစ်စုံတစ်ရာဖြစ်ပေါ်ပါက MyanCare နှင့် YinThway Team ဆုံးဖြတ်ချက်ကိုသာ အတည်ပြုသွားမှာဖြစ်ပါတယ်။

#မေမေ့နို့သာအကောင်းဆုံးပါ #ကလေးခြောက်လအထိမေမေ့နို့သာတိုက်ပါ

08/08/2024

MyanCare Co., Ltd တွင်တာဝန်ထမ်းဆောင်ရန်
Junior Accountant (မ - ၁ ဦီး) အမြန်အလိုရှိသည်။

♦️ Job Description
- Bank Account များသို့ဝင်လာသော စာရင်းများနှင့် Daily Income များအား နေ့စဉ်တိုက်၍စစ်ဆေးပေးရမည်။
- Invoice ထုတ်ခြင်း၊ Cash Book ရေးသွင်းခြင်းများပြုလုပ်နိုင်သူဖြစ်ရမည်။
- Advance Claim / Expenses Claim များစစ်ဆေး လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- Bank များသို့သွားလာနိုင်သူဖြစ်ရမည်။
- အထက်အရာရှိမှ လိုအပ်ပါက ထပ်မံပေးအပ်သော တာဝန်များအား ဆောင်ရွက်နိုင်ရမည်။
- ပေးအပ်ထားသော တာဝန်များအား တိကျမှန်ကန်စွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
***လစာ (ညှိနှိုင်း)

♦️ Job Specification
- ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
- အသက် 30 နှစ်အောက် ဖြစ်ရမည်။
- Microsoft Office အားကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
- LCCI Level – 3 အားပြီးမြောက်ထားသူ ဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံ ၁ နှစ်နှင့် အထက်ရှိ ရမည်။
- အများနှင့် ပူးပေါင်းဆောင်ရွက်၍ ဆက်ဆံရေးကောင်းမွန်ပြီး၊ လေ့လာသင်ယူလိုစိတ်ရှိပြီး ရေရှည်လက်တွဲ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
- On Job Training ပေးမည်။

🕐 Working Time
- တပါတ် ၆ ရက် (Mon-Sat)
- အစိုးရ ရုံးပိတ်ရက်များပိတ်သည်။

🏘 Office Location
- ကမ္ဘာအေးဘုရားလမ်းပေါ် (ရိပ်သာမှတ်တိုင်)
📧 Contact: [email protected].

06/08/2024

"ရေကြီးမှုတွေကြား ကလေးကျန်းမာရေးကို အလေးထားဖို့ မမေ့ပါနဲ့"

သဘာဝဘေးအန္တရာယ်ဖြစ်ရင် ကလေးတွေဟာ လူကြီးတွေထက်ပိုပြီး ထိခိုက်နစ်နာကြတာ ဓမ္မတာပါ။

ကိုယ်ခံအားစနစ်၊ အစာခြေစနစ် စတဲ့ခန္ဓာကိုယ်လုပ်ငန်းစဉ်တွေက ဖွံ့ဖြိုးဆဲပဲရှိသေးတာကြောင့် တစ်ခုခုမှားတာနဲ့ အလွယ်တကူ နာမကျန်းဖြစ်နိုင်လို့ ကျန်းမာရေးအသိ၊ သတိနဲ့ ပြုစုစောင့်ရှောက်ဖို့ သိပ်အရေးကြီးပါတယ်။

ရေကြီးရေလျှံတဲ့အခါ ကလေးတွေမှာ
▪️မသန့်တဲ့ရေကြောင့် ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း
▪️စိုစွတ်ပြီး မှိုပေါက်ပွားမှုကြောင့် အသက်ရှူလမ်းကြောင်းပြဿနာဖြစ်ခြင်း
▪️ခြင်နဲ့အင်းဆက်ပိုးမွှားတွေကြောင့် ကျန်းမာရေးပြဿနာဖြစ်ခြင်းတွေ ကြုံရနိုင်ပါတယ်။

👉 ဒီလိုကျန်းမာရေးပြဿနာတွေ မဖြစ်အောင်ကာကွယ်ဖို့
👉 ဖြစ်လာခဲ့ရင် ဘယ်လိုစောင့်ရှာက်ရမလဲသိနိုင်ဖို့ ကလေးကျွမ်းကျင်ဆရာဝန်နဲ့ ၂၄ နာရီ ၇ ရက်ပတ်လုံး ဆက်သွယ်မေးမြန်းတိုင်ပင်လိုရင်တော့ YinThway Plus မှာ မန်ဘာဝင်လိုက်ပါ။

ပိုမိုသာလွန်တဲ့ YinThway Plus မှာဆိုရင် …
▪️နေ့ညအချိန်မရွေး ဆရာဝန်ကို ဖုန်းဆက်ဆွေးနွေးနိုင်ခြင်း
▪️အာဟာရဆိုင်ရာ အထူးပြုဆရာဝန်၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ခြင်း
▪️သားသားမီးမီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို စောင့်ရှောက်နိုင်ခြင်း
▪️တစ်လလေးကြိမ် ဆရာဝန်‌မှဖုန်းခေါ်ဆိုပြီး ကျန်းမာရေးအခြေအနေများ မေးမြန်းဆွေးနွေးပေးခြင်း
▪️လစဥ်ကျန်းမာရေးတိုးတက်မှု အခြေအနေ‌တွေနဲ့ စောင့်ရှောက်မှုအစီအစဥ်တွေကို သိရှိနိုင်ခြင်း
▪️ကွန်ပျူတာအခြေပြု တစ်သက်တာ‌ဆေးမှတ်တမ်းထားရှိ‌ပေးခြင်း
အစရှိတဲ့အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ပါတယ်။

💁 YinThway Plus ရဲ့ မန်ဘာနှုန်းထားတွေကတော့ …
🔸၁လစာ ၃၀,၀၀၀ကျပ်
🔸၃လစာ ၅၅,၀၀၀ကျပ်
🔸၆လစာ ၁၀၀,၀၀၀ ကျပ်
🔸၁နှစ်စာ ၁၉၀,၀၀၀ ကျပ်ပဲဖြစ်ပါတယ်။

ကလေးအတွက် ဂရုစိုက်မှုပိုလိုအပ်တဲ့ ရေကြီးရေလျှံကာလမှာ YinThway Plus ကိုသာ အားကိုးလိုက်ပါနော်။

✅ မန်ဘာဝင်ချင်တဲ့ မေမေတို့အနေနဲ့
Customer Service Hotline Phone 09 774 778000 (လိုင်းခွဲ နံပါတ် -2)ကို ဆက်သွယ်နိုင်သလို Page Messenger ကတဆင့်လည်း အသေးစိတ်စုံစမ်းနိုင်ပါတယ်ရှင့်။

✨ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးအတွက် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု YinThway Maternal & Child Call Center✨

03/08/2024

ရင်သွေး call center မှ မေတ္တာရပ်ခံချက်😥
--------------------------------------
ရင်သွေး call center ဟာဆိုရင် မေမေတို့ရဲ့ ရင်သွေးလေးတို့နှင့် ကိုယ်ဝန်ဆောင်မိခင်တို့အတွက် ပိုမိုကောင်းမွန်ပြီး အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနိုင်ရန် အစဥ်မပြတ် ​ဆောင်ရွက်လျက်ရှိပါတယ်ရှင်။ လက်တလောတွင် fiber internet လိုင်းပြဿနာ​လေး ရှိ​နေပါသဖြင့် ဆက်သွယ်မူပြတ်တောက်ခြင်းများဖြစ်​နေကြောင်း၊ ပြင်ဆင်မှုများကို အမြန်ဆုံး​ဆောင်ရွက်​နေပါ​​ကြောင်း လေးစားစွာအသိပေး အကြောင်းကြားအပ်ပါတယ်ရှင့်😥

☎ဆရာဝန်နှင့်ဆက်သွယ်ဖို့အတွက် ချက်ချင်းလိုအပ်ပါက YinThway Maternal & Child Call Center Page Messenger (သို့) Viber : 09766225566 သို့ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါတယ်ရှင့်...

31/07/2024

"ကိုယ်ဝန်ဆောင်ချိန်မှာ သိချင်တာ၊ သိသင့်တာတွေကို ၂၄ နာရီ မေးမြန်းတိုင်ပင်နိုင်မယ့် YinThway Mother and Child Healthcare"

“ကိုယ်ဝန်နဲ့ သင်္ဘောသီးစားလို့ရလား”

“ပျို့အန်ပြီး အစားအသောက်ပျက်နေတာ ဘယ်လိုလုပ်ရမလဲ ”

“ကိုယ်ဝန်ဆောင်ချိန်မှာ အဖြူဆင်းတာက‌ စိုးရိမ်ရလား”

🤰ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖြစ်လာပြီဆိုရင် သိချင်တာတွေ၊ သိသင့်တာတွေက အများကြီးရှိလာပါတယ်။ ဒါပေမဲ့ ကိုယ်သိချင်တဲ့မေးခွန်းတိုင်းကို မေးမြန်းတိုင်ပင်လို့ရမယ့်သူ (ဆရာဝန်တစ်ယောက်)ရှိဖို့က မလွယ်လှပါဘူး။

အထူးသဖြင့် ၂၄ နာရီ ၇ ရက်ပတ်လုံး အားမနာတမ်းမေးလို့ရမယ့်၊ ပြည့်ပြည့်စုံစုံဖြေပေးမယ့်ဆရာဝန်ဟာ ရှားပါတယ်။

ဒါပေမဲ့ စိတ်မညစ်လိုက်ပါနဲ့။
✅ သင်မေးသမျှကို စိတ်ရှည်ရှည်နဲ့ နေ့ညမပြတ်ဖြေကြားပေးမယ့် YinThway Call Center ရှိနေပါပြီ။

ကိုယ်ဝန်‌ဆောင်မေမေတို့
YinThway မှာ မန်ဘာဝင်လိုက်မယ်ဆိုရင် …

💮 ၂၄ နာရီ ၇ ရက်ပတ်လုံး ကျွမ်းကျင်ဆရာဝန်တွေကို ဖုန်းဆက်တိုင်ပင်နိုင်တယ်။
💮 ခံစားနေရတဲ့လက္ခဏာတွေက စိုးရိမ်ရလား ခွဲခြားသိနိုင်တယ်။
💮 အရေးပေါ်အခြေအနေတွေမှာ အကူအညီ/အကြံဉာဏ်ရယူနိုင်တယ်။
💮 ကလေးမွေးပြီးနောက်ပိုင်းမှာလည်း ရင်သွေးလေးကျန်းမာရေးအတွက် မေးမြန်းဆွေးနွေးနိုင်ပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံးအချိန်တစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ကာလကို ကျန်းမာဘေးကင်းစွာဖြတ်သန်းနိုင်ဖို့ YinThway မှာ အခုပဲ မန်ဘာဝင်လိုက်တော့နော်။

မန်ဘာဝင်ဖို့အတွက် …
👉 Customer Service Hotline Phone 09 774 778000 (လိုင်းခွဲ နံပါတ် -2)ကို ဆက်သွယ်နိုင်သလို
👉 Page Messenger ကတဆင့်လည်း အသေးစိတ်မေးမြန်းစုံစမ်းပြီး မန်ဘာဝင်နိုင်ပါတယ်။

✨ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးအတွက် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု YinThway Maternal & Child Call Center ✨

30/07/2024

"အရေးပေါ်ကစလို့ သာမန်အကြောင်းအရာအထိ ကလေးကျန်းမာရေးပြဿနာကို ၂၄ နာရီ ဆွေးနွေးတိုင်ပင်နိုင်တဲ့ YinThway Mother and Child Healthcare"

ကလေးကျန်းမာရေးကိစ္စဆိုတာ —
👉 သွားလာဖို့အဆင်မပြေတဲ့ ညသန်းခေါင်မှလည်း ဖြစ်နိုင်သလို
👉 ဆေးရုံဆေးခန်းမနီးတဲ့ နေရာရောက်မှလည်း ဖြစ်နိုင်ပါတယ်။

တကယ်လို့ သင်နဲ့ သင့်ရင်သွေးသာ ဒီလိုအခြေအနေမျိုးကြုံခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ❓

စိတ်ရှုပ်သွားပြီလား။
YinThway မှာသာ မန်ဘာဝင်ထားရင် ဒီလိုစဉ်းစားစိတ်ပူစရာတွေ မရှိတော့ပါဘူး။

ဖုန်းလိုင်းရှိတဲ့ ဘယ်နေရာကမဆို နေ့ညမရွေး ဆရာဝန်ကိုဖုန်းဆက်ပြီး မေးမြန်းဆွေးနွေးလို့ရတဲ့ YinThway Call Center က ရင်သွေးရှိတဲ့မိဘတိုင်းအတွက် တစ်ခုတည်းသောအဖြေပါပဲ။

YinThway မှာမန်ဘာဝင်ရင် အရေးပေါ်ကျန်းမာရေးပြဿနာသာမကဘဲ
▪️ကလေးကြီးထွားဖွံ့ဖြိုးမှု
▪️ကာကွယ်ဆေးအကြောင်း
▪️ကျန်းမာရေး သတိပြုဆင်ခြင်စရာ
▪️သာမန်နှာစေးဖျားနာကစလို့ ၂၄ နာရီ ဆွေးနွေးတိုင်ပင်နိုင်မှာပဲဖြစ်ပါတယ်။

ရင်သွေးကျန်းမာရေးအတွက် အရှည်ကိုမျှော်တွေးပြီး အခုပဲ YinThway မှာ မန်ဘာဝင်လိုက်ပါနော်။

မန်ဘာကြေးတွေကတော့ …
▪️၁လ - ၂၄၀၀၀ ကျပ်
▪️၃လ - ၃၅၀၀၀ ကျပ် (၃၇၀၀၀ ကျပ်သက်သာ)
▪️၆လ - ၅၅၀၀၀ ကျပ် (၈၅၀၀၀ ကျပ်သက်သာ)
▪️၁နှစ် - ၉၅၀၀၀ ကျပ် (၁၉၃၀၀၀ ကျပ်သက်သာ) ဖြစ်ပါတယ်။

မေမေတို့ မှာမန်ဘာဝင်ချင်တယ်ဆိုရင် Customer Service Hotline Phone 09 774 778000 (လိုင်းခွဲ နံပါတ် -2) ကို ဆက်သွယ်နိုင်သလို Page Messenger ကတဆင့်လည်း အသေးစိတ်မေးမြန်းစုံစမ်းပြီး မန်ဘာဝင်နိုင်ပါတယ်။

✨ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးအတွက် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု YinThway Maternal & Child Call Center ✨

19/07/2024

မြန်မာနိုင်ငံမှာ မိုးရာသီဆိုတာ သွေးလွန်တုပ်ကွေးအဖြစ်များလှတဲ့ ဥတုဖြစ်ပါတယ်။ Aedes လို့ခေါ်တဲ့ခြင်ကျားကတဆင့် ကူးစက်တဲ့သွေးလွန်တုပ်ကွေးဟာ လူအများစုမှာတော့ ဘာလက္ခဏာမှမပြကြပါဘူး။ ဒါပေမဲ့ တချို့မှာ ဖျားနာတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုစိုးရိမ်ရပါတယ်။ တချို့အခြေအနေမှာဆိုရင် ‌ရောဂါပြင်းထန်တာ၊ ဆေးရုံတက်ရတာ၊ အသက်သေဆုံးတာတွေအထိတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးရဲ့ စိုးရိမ်ရတဲ့လက္ခဏာတွေနဲ့ ဘယ်အခါမှာဆေးရုံသွားရမလဲကို သိထားဖို့အရေးကြီးပါတယ်။

◾သွေးလွန်တုပ်ကွေးဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ

သွေးလွန်တုပ်ကွေးလက္ခဏာတွေက သာမန်နေမကောင်းဖျားနာတာနဲ့ ဆင်တူနေတတ်ပါတယ်။ လက္ခဏာတွေကတော့ …
▪️ရုတ်တရက် အဖျားကြီးခြင်း ( 104 °F အထိ )
▪️ပြင်းထန်စွာခေါင်းကိုက်ခြင်း
▪️မျက်လုံးအနောက်ဖက် နာခြင်း
▪️ကြွက်သားနဲ့အဆစ် ကိုက်ခဲခြင်း
▪️ပျို့ခြင်း၊ အန်ခြင်း
▪️အကျိတ်ရောင်ခြင်း
▪️အနီစက်၊ အနီကွက်ထွက်ခြင်း
▪️ကလေးက အရင်ထက် ငိုယိုဂျီကျခြင်း
▪️အစားစားတာ၊ အိပ်တာ ပုံစံပြောင်းသွားခြင်း စတာတွေဖြစ်ပြီး ၂ - ၇ ရက်အထိကြာနိုင်ပါတယ်။

◾ဘယ်လို ပြုစုစောင့်ရှောက်ရမလဲ

သီးသန့်ကုသနည်းရယ်လို့မရှိဘဲ လက္ခဏာသက်သာအောင်သာပြုလုပ်ပေးနိုင်ပါတယ်။ အနည်းအကျဥ်းဖျားနားတာမျိုးဆိုရင် အိမ်မှာပဲ ပါရာစီတမောလောက်နဲ့ကုသနိုင်ပါတယ်။ ကလေးက လက္ခဏာမပြင်းထန်ဘူးဆိုရင် …
▪️နားနားနေနေနေခိုင်းပါ
▪️အရည်များများဝင်အောင်တိုက်ပါ
▪️အာဟာရရှိတဲ့အစားအသောက် ကျွေးပါ
▪️ဖျားနာကိုက်ခဲမှုအတွက် သတ်မှတ်ပမာဏအတိုင်း ပါရာစီတမောတိုက်ပါ
▪️အဖျားကျအောင် ရေပတ်တိုက်ပါ
▪️ပြင်းထန်သွေးလွန်တုပ်ကွေးလက္ခဏာကို စောင့်ကြည့်ပါ။

ရောဂါလက္ခဏာက နာရီအနည်းငယ်အတွင်းလည်း ဆိုးရွားပြင်းထန်လာနိုင်တာမို့ သတိထားမိတာနဲ့ချက်ချင်း ဆေးရုံဆေးခန်းကိုသွားပါ။

◾ပြင်းထန်လက္ခဏာတွေက ဘာတွေလဲ

အများအားဖြင့် အဖျားကျသွားပြီးနောက်ပိုင်းမှ အောက်ပါပြင်းထန်လက္ခဏာတွေပေါ်လာပါတယ်။
▪️အပြင်းအထန် ဗိုက်နာခြင်း
▪️အဆက်မပြတ် အန်ခြင်း
▪️အသက်ရှူမြန်ခြင်း
▪️နှာခေါင်း၊ သွားဖုံးသွေးယိုခြင်း
▪️မောပန်းနွမ်းနယ်ခြင်း
▪️ဂနာမငြိမ်ခြင်း
▪️အညိုရောင်အန်ခြင်း၊ ဝမ်းမဲမဲသွားခြင်း
▪️ရေအလွန်ဆာခြင်း
▪️အသားအရေအေးစက်ဖျော့တော့ခြင်း
▪️အားနည်းနေပုံပေါ်ခြင်း
▪️မှိန်းနေခြင်း

ပြင်းထန်သွေးလွန်တုပ်ကွေးဖြစ်ရင် ဆေးရုံအမြန်ဆုံးတင်ဖို့လိုအပ်ပါတယ်။ နောက်ပြီး သွေးလွန်တုပ်ကွေးဖြစ်ရင် ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာရှိမရှိ သတိထားစောင့်ကြည့်ရပါမယ်။ ကိုယ်ပူခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အရည်သောက်နည်းခြင်းကြောင့် ခန္ဓာကိုယ်က ‌ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။

ရေဓာတ်နည်းတဲ့လက္ခဏာတွေကတော့ …
▪️ငယ်ထိပ်မပိတ်သေးတဲ့ ကလေးငယ်တွေမှာ ငယ်ထိပ်ချိုင့်ဝင်ခြင်း
▪️ငိုတဲ့အခါ မျက်ရည်မထွက်ခြင်း၊ မျက်လုံးအစိုဓာတ်မရှိခြင်း
▪️မျက်တွင်းဟောက်ပက်ဖြစ်ခြင်း
▪️ရေကို အငမ်းမရတောင်းခြင်း (သို့) နို့ကို အငမ်းမရစို့ခြင်း
▪️ပြင်းထန်အဆင့်မှာ ရေ (သို့) နို့တိုက်ပေမဲ့ မသောက်နိုင်၊ မစို့နိုင်ခြင်း
▪️အရေပြားကိုဆွဲကြည့်တဲ့အခါ နဂိုအနေအထားကို ပြန်မရောက်နိုင်ခြင်း (သို့) ပြန်ရောက်ဖို့ ကြာမြင့်ခြင်း
▪️ဆီးသွားနည်းခြင်းတွေဖြစ်ပြီး ဒီလက္ခဏာတွေ ကလေးမှာရှိနေပြီဆိုရင် ဆေးရုံ၊ ဆေးခန်းကိုအမြန်ဆုံးသွားပါ။

သွေးလွန်တုပ်ကွေးမဖြစ်ဖို့ အကောင်းဆုံးကာကွယ်နည်းကတော့ တစ်မိသားစုလုံး ခြင်ကိုက်မခံရအောင်ကာကွယ်နေထိုင်ခြင်းပါပဲ။ ဒါကြောင့် အိမ်ပတ်ဝန်းကျင်မှာ ခြင်တွေမခိုအောင်း၊ မပေါက်ဖွားနိုင်အောင်စီမံပြီး ကလေးကိုခြင်မကိုက်အောင်ဂရုစိုက်ဖို့လည်း အရေးကြီးကြောင်း အသိပေးမျှဝေလိုက်ပါတယ်။

မေမေတို့အနေနဲ့ YinThway မှာမန်ဘာဝင်ချင်တယ်ဆိုရင်
Customer Service Hotline Phone 09 774 778000 (လိုင်းခွဲ နံပါတ် -2)ကို ဆက်သွယ်နိုင်သလို Page Messenger ကတဆင့်လည်း အသေးစိတ်မေးမြန်းစုံစမ်းပြီး မန်ဘာဝင်နိုင်ပါတယ်။

✨ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးအတွက် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု YinThway Maternal & Child Call Center ✨

18/07/2024

ကလေးမျက်စိစွေရင် ဘာကြောင့်စောစောကုသသင့်တာလဲ

ကလေးတစ်ယောက်ရဲ့မျက်လုံးတွေက တစ်ခုခုကိုကြည့်တဲ့အခါမှာ အတူတူမရွေ့လျားဘဲ ဦးတည်ရာမတူခြင်းကို မျက်စိစွေခြင်း(Strabismus)လို့ ခေါ်ပါတယ်။ ကောင်းတဲ့မျက်လုံးက ကြည့်လိုရာကိုစူးစိုက်နေချိန်မှာ စွေတဲ့မျက်စိက အတွင်း၊ အပြင်၊ အပေါ်၊ အောက် တစ်ဖက်ဖက်ကို စောင်းနေတတ်ပါတယ်။ မျက်စိစွေခြင်းက အမြင်အာရုံပြဿနာတွေ ဖြစ်စေနိုင်လို့ ကလေးက အနီးအဝေး၊ အတိမ်အနက်ကို မခန့်မှန်းနိုင်တာ၊ စူးစိုက်မကြည့်နိုင်တာတွေကြုံရနိုင်ပါတယ်။

✅ ဒါကြောင့် စောစောကုသမှုခံယူဖို့ အရေးကြီးပါတယ်။

ကလေးအသက်ငယ်ငယ်မှာကုသရင် ပိုပြီးထိရောက်ပါတယ်။ မကုသဘဲထားရင်တော့ အမြင်အာရုံပြဿနာတွေဖြစ်လာနိုင်ပြီး ကလေးရဲ့လေ့လာသင်ယူမှုနိုင်စွမ်းတွေ ထိခိုက်နိုင်ပါတယ်။

◾ဘာကြောင့်ဖြစ်တာလဲ

မျိုးရိုးဗီဇ၊ ဦးနှောက်နဲ့အာရုံကြော၊ မျက်လုံးကြွက်သား၊ အနီးမှုန်/အဝေးမှုန်၊ တခြားကျန်းမာရေးပြဿနာအစရှိတဲ့ အကြောင်းတရားမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ တခါတလေမှာ အကြောင်းအရင်းကို ရှာမတွေ့ဘဲရှိတတ်ပါတယ်။

◾ဘယ်လိုကုသနိုင်လဲ

ကလေးတွေမျက်စိစွေတာကို ကုသနိုင်တဲ့နည်းအမျိုးမျိုးရှိပါတယ်။

▪️မျက်မှန်တပ်ခြင်း - မျက်စိပါဝါကြောင့်ဖြစ်တာဆိုရင် မျက်မှန်က သက်သာအောင်ကူညီနိုင်ပါတယ်။ မျက်စိတစ်ဖက်အုပ်(Eye patch)ဝတ်ခိုင်းပြီး မသန်တဲ့မျက်စိကို လေ့ကျင့်တာမျိုးလည်းရှိပါတယ်။

▪️မျက်စိလေ့ကျင့်ခန်း - ဦးနှောက်နဲ့ မျက်စိကြား ပူးပေါင်းဆောင်ရွက်မှုတိုးတက်စေမယ့် အထူးလေ့ကျင့်ခန်းတွေရှိပါတယ်။

▪️ဆေးဝါး - တကယ်လို့ မျက်မှန်ရော လေ့ကျင့်ခန်းပါ မထိရောက်ရင် မျက်စိကြွက်သားကိုပြေလျော့စေမယ့် ဆေးဝါးနဲ့ကုသနိုင်ပါတယ်။

▪️ခွဲစိတ်ခြင်း - မျက်စိကြွက်သားတွေကိုထိန်းညှိဖို့ လိုအပ်တဲ့ခွဲစိတ်မှုပြုလုပ်ခြင်းဖြစ်ပါတယ်။

မျက်စိဆရာဝန်နဲ့တိုင်ပင်ပြီး ကလေးရဲ့အခြေအနေနဲ့ အသင့်တော်ဆုံးကုထုံးကို ရွေးချယ်နိုင်ပါတယ်။

မျက်စိစွေတာကို ကာကွယ်လို့ရလားဆိုရင်တော့ ကာကွယ်လို့မရနိုင်ပါဘူး။ Screen Time အရမ်းများလို့ ရံဖန်ရံခါဖြစ်တဲ့ မျက်စိစွေခြင်းကလွဲလို့ ကာကွယ်လို့မရပါဘူး။ ဒါကြောင့် စောစောစီးစီး ရိပ်မိသိရှိဖို့အရေးကြီးပြီး သံသယရှိလာခဲ့ရင် မျက်စိဆရာဝန်နဲ့ပြသဖို့ တိုက်တွန်းလိုက်ပါတယ်။

မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်နှင့် ကလေးကျန်းမာရေးကိစ္စရပ်တွေကို အကန့်အသက်မရှိ ဆရာဝန်နှင့် မေးမြန်းချင်တယ်ဆိုရင်တော့ ရင်သွေး Call Center မှာ မန်ဘာဝင်ထားလို့ရပါတယ်..

Customer Service Hotline Phone 09 774 778000 (လိုင်းခွဲ နံပါတ် -2)ကို ဆက်သွယ်နိုင်သလို Page Messenger ကတဆင့်လည်း အသေးစိတ်မေးမြန်းစုံစမ်းပြီး မန်ဘာဝင်နိုင်ပါတယ်။
📲Telegram - 09799225566
📲Viber - 09772934830 တို့ကိုလည်း တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

✨ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးအတွက် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု YinThway Maternal & Child Call Center ✨

18/07/2024

ကလေးငယ်နဲ့ ကာလဝမ်းရောဂါ အကြောင်းသိကောင်းစရာလေးတွေကို YinThway Mother and Child Healthcare မှမျှဝေပေးလိုက်ရပါတယ်...

✅ မန်ဘာဝင်ချင်တဲ့ မေမေတို့အနေနဲ့
Customer Service Hotline Phone 09 774 778000 (လိုင်းခွဲ နံပါတ် -2)ကို ဆက်သွယ်နိုင်သလို Page Messenger ကတဆင့်လည်း အသေးစိတ်စုံစမ်းနိုင်ပါတယ်ရှင့်။

✨ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးအတွက် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု YinThway Mother and Child Healthcare✨

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

ရင်သွေး ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ...

မိမိ ရင်သွေးလေးကို နည်းစနစ်တကျ ပြုစု ပျိုးထောင်ဖို့ ဘယ်သူနဲ့ တိုင်ပင်မလဲ?ကလေးကျွမ်းကျင်ဆရာဝန်များစွာရှိသော ရင်သွေး call center သို့ ၂၄ နာရီ ၇ ရက်ပတ်လုံး မည်သည့်အချိန်မဆို ဖုန်းခေါ်ပြီး တိုင်ပင်လို့ရမယ်။စိတ်ရှည်ရှည် နဲ့ အချိန် အကြာကြီး ပေးပြီး ကလေးနဲ့ ဆိုင်တဲ့ ကိစ္စတွေအချိန်မရွေး ဆွေးနွေးလို့ရမယ်။နာမကျန်းဖြစ်ရင်မှမဟုတ်ဘဲ အာဟာရ (သို့) ဖွံ့ဖြိုးမှုနှင့်ဆိုင်တဲ့ကိစ္စများအပြင် ကလေးကျန်းမာရေး နဲ့ ပတ်သတ်သော မည်သည့်ကိစ္စ ကို မဆို ဆွေးနွေးတိုင်ပင်နိုင်တယ်။ကျွမ်းကျင် ဆရာဝန် ၁ ယောက်နဲ့ သီးသန့် အချိန်ယူပြီး အေးအေးဆေးဆေး ဆွေးနွေးလို့ရတာကြောင့် မိမိ ရင်သွေးလေးအတွက် စိတ်ချလက်ချ အကြံရယူနိုင်တယ်။မွေးစ မှ လက်ရှိ အခြေအနေထိ ကလေး ကျန်းမာရေး အခြေအနေများကို မှတ်တမ်းတင် သိမ်းဆည်းပေးထားပြီးတဲ့အပြင် ဖြေကြားပြီးတိုင်းမှာ လက်ရှိကျန်းမာရေးအခြေအနေကိုလည်း ထပ်မံမှတ်တမ်းတင် ထားပေးတယ်။ကုသဖို့ထက် ဆွေးနွေးတိုင်ပင်ဖို့ကို သာရည်ရွယ်ထားပြီး ဆေးရုံဆေးခန်းကို မသွားခင်/ သွားပြီး မှာလည်း ဆွေးနွေးတိုင်ပင်နိုင်တယ်။မိမိရင်သွေး ကို နည်းစနစ်တကျ ပြုစုပျိုးထောင်ဖို့ မိသားစု ဆရာဝန်ကဲ့ သို့ အချိန်မရွေး ဆွေးနွေးတိုင်ပင်လို့ရပြီး ဒီအခွင့်အလမ်း တွေ ရရှိဖို့ အတွက် မန်ဘာဝင်ထားလိုက်ရအောင်မန်ဘာဝင်ရန်အတွက်ဖုန်းဖြင့်စုံစမ်းရန် > ၀၉၇၉၉၂၂၅၅၆၆Messenger တွင်စုံစမ်းရန် > https://m.me/yinthwaymm


  • ကလေးကျွမ်းကျင်ဆရာဝန်များစွာရှိသော ရင်သွေး call center သို့ ၂၄ နာရီ ၇ ရက်ပတ်လုံး မည်သည့်အချိန်မဆို ဖုန်းခေါ်ပြီး တိုင်ပင်လို့ရမယ်။

  • စိတ်ရှည်ရှည် နဲ့ အချိန် အကြာကြီး ပေးပြီး ကလေးနဲ့ ဆိုင်တဲ့ ကိစ္စတွေအချိန်မရွေး ဆွေးနွေးလို့ရမယ်။

  • နာမကျန်းဖြစ်ရင်မှမဟုတ်ဘဲ အာဟာရ (သို့) ဖွံ့ဖြိုးမှုနှင့်ဆိုင်တဲ့ကိစ္စများအပြင် ကလေးကျန်းမာရေး နဲ့ ပတ်သတ်သော မည်သည့်ကိစ္စ ကို မဆို ဆွေးနွေးတိုင်ပင်နိုင်တယ်။
  • Videos (show all)

    🤔ဒေါ်ယု တစ်ယောက် ကလေးနေမကောင်းလို့မေးကြည့်လိုက်တဲ့အခါ…
    အူရောင်ငန်းဖျား တိုက်ဖွိုက်ရောဂါအကြောင်းသိကောင်းစရာ
    မိုးရာသီမှာ ကလေးကိုဘယ်လိုဂရုစိုက်မလဲ?
    ကလေးငယ်နဲ့ ကာလဝမ်းရောဂါ
    မေမေ့နို့ရည်နဲ့ မေမေ့မေတ္တာက ဒီကမ္ဘာမှာ တန်ဖိုးအကြီးမားဆုံးပါ
    ပိုသာတဲ့ ချစ်ခြင်းမေတ္တာ ပိုသာတဲ့ ဂရုစိုက်မှုတွေအတွက် ရင်သွေး Plus
    🤗ဒီ Video လေး ထဲမှာတော့ ဒေါက်တာ စိုင်းမြတ်သူ(ကလေးကျန်းမာရေး)မှ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာများကို ဆွေးနွေ...
    အိပ်ရာဝင်ပုံပြင်လေးတွေ တစ်ဝကြီးနားထောင်နိုင်ဖို့ ရင်သွေး YouTube Channel လေးရှိနေပါပြီ
    စောင့်ရှောက်ကာကွယ် ကလေးသူငယ် ပန်နာရင်ကြပ်ရောဂါ အန္တရာယ်
    ဒေါသကြီးတဲ့ မြွေကြီး
    ကမ္ဘာ့အကောင်းဆုံး စစ်တုရင်သမား
    ရင်သွေး‌ရှိတယ်လေ...

    Telephone

    Address


    Mayangone
    Yangon
    11181

    Other Yangon businesses (show all)
    Team Thinking Asia Team Thinking Asia
    Yangon

    We help people to develop their Soft Skills through engaging learning programmes.

    BizSoft BizSoft
    2nd Floor , 38th Street Plaza, Seikkantha Street
    Yangon, 11182

    Information System Implementation, Consultancy Software Development Software Outsourcing

    Hopin food Hopin food
    10A1
    Yangon, 11051

    Welink Fiber Internet Welink Fiber Internet
    Yadanar Road
    Yangon

    Welink Fiber Internet Service Yangon 09976070905 Viber 09797373338

    Ko Naing Linn Ko Naing Linn
    Yangon

    Airconများကိုယုံကြည်စိတ်ချစွာအရောင်းအဝယ်လုပ်နိုင်ပါတယ်ခင်ဗျ

    Lambest Lady By Theingi Moe Lambest Lady By Theingi Moe
    Thitsar Street, Thaketa
    Yangon, 11231

    Lambest skincare အကြောင်းဖော်ပြခြင်း

    Awin ကျောက်ပန်းချီ လက်လီလက်ကားလုပ်ငန်းနှင့် Awin ကျောက်ပန်းချီ လက်လီလက်ကားလုပ်ငန်းနှင့်
    Yangon

    BKK အဝတ်အထည်များနှင့် ကျောက်ပန်းချီ ကားများ

    DTF Myanmar DTF Myanmar
    အမှတ် ၃၅ ၊ မြေညီထပ် ၊ ဇေယျဝတီ (ဗဟိုလမ်း) ၊ AYA Bank ဘေးချင်းကပ် ၊ စမ်းချောင်း
    Yangon, 11111

    We sell DTF Printer, ink , film , powder and accessories. And also we are giving DTF-modified service.

    Crypto Land Crypto Land
    Hledan
    Yangon, 11051

    ယုံကြည်စိတ်ချစွာရောင်းဝယ်နိုင်ပါတ?

    MMTGW Company Limited MMTGW Company Limited
    No. 149, 46th Street Upper Block Botahtaung Township
    Yangon, 11072

    Heating, Cooling and Bathroom Solution Provider