Lucky+

Lucky+

နားကြားကိရိယာ နှင့် ကျန်းမာ​ရေးအ​ထောက်အကူပြု ပစ္စည်းများ​ရောင်းဝယ်​ရေး

03/11/2024

Rechargeable HearingAids

( နားကြပ် နှစ်ဖက် ) ပါ #နားကြားကိရိယာ 🦻🏻🦻🏻

#အားသွင်းစနစ်လေး 🔌🔌

03/11/2024

နားကြားကိရိယာ လာရောက်ဝယ်ယူလိုသူများ 09-428886505 သို့ ဖုန်းလေးကြိုဆက်ပြီး လာလို့ရပါပြီ 🙏🙏🙏

01/11/2024

မနက်ဖြန် ( ၂.၁၁.၂၀၂၄ ) စနေနေ့ ဆိုင်တစ်ရက်ပိတ်ပါတယ် ခင်ဗျာ
🙏🙏🙏

31/10/2024

🪔🪔🪔ဒီဝါလီ ( ဒီပါဝလီ ) နေ့ 🪔🪔🪔

🪔 ဒီဝါလီ သို့မဟုတ် ဒီပါ၀လီ သည် ဟိန္ဒူဘာသာဝင်တို့၏ မီးထွန်းပွဲတော် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဆောင်းဦးအချိန်တွင် ကျင်းပသည်။ ဒီပါ၀လီပွဲတော်သည် ဟိန္ဒူဘာသာဝင်တို့၏ ပွဲတော်များထဲမှ အကျော်ကြားဆုံးတစ်ခု ဖြစ်သည်။🪔🪔🪔

🪔 ပွဲတော်ကျင်းပသည့် ကာလတွင် ဘုရားကျောင်းများ၊ လူနေအိမ်များ၊ ဈေးဆိုင်များနှင့် အများပြည်သူနှင့်ဆိုင်သည့် အဆောက်အအုံများတွင် မီးတို့ကို လှပစွာ ထွန်းကြသည်။🪔🪔🪔

🪔 ပွဲတော်သည် ငါးရက်ကြာမြင်သည့်။ ဂရီဂိုးရီးယန်းပြက္ခဒိန်အရ ပွဲတော်သည် အောက်တိုဘာလလယ်နှင့် နိုဝင်ဘာလလယ်တို့တွင် ကျင်းပလေ့ ရှိသည်။ 🪔🪔🪔

🪔 များသောအားဖြင့်သီတင်းကျွတ်လကွယ်နေ့တွင် ကျင်းပလေ့ရှိသည်။🪔🪔🪔

🪔 ပွဲတော်အတွက် မိမိတို့၏ နေအိမ်များ၊ အလုပ်နေရာများကို အလှဆင်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ ပြုလုပ်ကြသည်။ 🪔🪔🪔

🪔🪔🪔ထို့နောက်တွင် အကောင်းမွန်ဆုံး အဝတ်အစားတို့ကို ဝတ်ဆင်ကြသည်။ အိမ်အတွင်းအပြင်တွင် ဖယောင်းတိုင်များ၊ ဆီမီးအိမ်များ စသည်တို့ကို အလှဆင်ကြပြီး ပုဂျ နှင့် လက်ရှ်မီးမယ်တော်တို့ကို အရိုအသေပေး ကြသည်။

🙏အင်တာနက်မှ ကူးယူဖော်ပြပါသည်။ 🙏

🙏🙏🙏Lucky + မှ ဆုတောင်းမေတ္တာပြုပါသည်
🙏🙏
🙏

Photos from Lucky+'s post 30/10/2024

✅ #နားကြားကိရိယာ 🦻🦻🦻

✅ အသားရောင်လေးမှ သုံးချင်တယ်ဆို ဒါလေးယူပါ ။

✅ အားသွင်းစနစ်လည်းဖြစ်ပြီး အားလည်း ရှယ်ခံပါတယ် ။

✅ အားအပြည့်သွင်းထားပြီး တစ်နေကုန်အသုံးပြုနိူင်ပါတယ်။ Volume နံပါတ် ( 1 or 2 ) ဖြင့် ( တော်ရုံ နားအကြားအားနည်းသူများ Volume ( 1 or 2 ) က အစဉ်ပြေပါတယ် ) ပိုလိုအပ်မှသာ ( 3 or 4 ) သို့ ထပ်ချဲ့နိူင်ပါတယ် ။

✅ Power ( On / Off ) ခလုပ် လေးပါသလို ( L/H ) အသံ အနိမ့်အမြင့် ချိန်ညှိဖို့အတွက်ကိုလည်း Power ခလုပ်လေးမှာပဲ တွဲဖက်ပေးထားပါတယ်။ ( L ) မှာထားလျှင် ပုံမှန်အသံကို ကြားရပြီး / ( H ) မှာထားလျှင် ပြက်ပဆူညံသံကို လျှော့ချပေးပါသည် ။

✅ အားသွင်းနေစဉ် အားပြည့် / မပြည့် ကို သိရှိနိူင်ဖို့အတွက် အချက်ပြမီးလေးလည်းပါဝင်ပါသည် ။

🚫 အားသွင်းချိန်တိုင်း ( ပါဝါ ) ခလုပ်ကို ပိတ်ထားဖို့ အရေးကြီးပါသည်။ 🚫

✅ အသံ အတိုး / အကျယ် လည်း ( 1 to 4 ) အထိပါလို့ အတော်အသင့်မကြားသူ ၊ အလယ်အလတ်မကြားသူများ အပြင် တစ်ချို့ တော်တော်လေး မကြားရသူများအတွက်ပါ အစဉ်ပြေစေမယ့် #နားကြားကိရိယာ လေးဖြစ်ပါတယ် ။

✅ ဒါလေးကို အသက်အရွယ်အားဖြင့် ခွဲခြားထားခြင်းမရှိပဲ ( လူကြီး ၊ လူလတ် ၊ လူငယ် ) မရွေး တပ်စဉ်အသုံးပြုနိူင်ပါတယ် ။

✅ အသက်အရွယ်ကြီးလာလို့ အာရုံကြောအားနည်းသူများ နှင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော အာရုံကြောအားနည်းနေသူတိုင်း တပ်စဉ် အသုံးပြုလို့ရပါတယ် ။ ( အခြားနားပြသနာ မရှိသူများ ) တပ်စဉ်နိူင်သည် ။

⛔ မိမိတို့မှာ ( နားစည်ပေါက်ခြင်း ၊ နားပြည်ယိုခြင်း ၊ နားအတွင်းပိုင်း ဒါဏ်ရာ ) ရှိသူများဖြစ်နေပါက အရင်ဆုံး သက်ဆိုင်ရာ ( နားဆရာဝန် ) ဖြင့် ပြသတိုင်ပင်မှူ ပြုလုပ်သင့်ပါသည် ။ ဆရာဝန် ညွှန်ကြားချက်ရရှိမှသာ #နားကြားကိရိယာ တပ်စဉ်ဖို့ အတည်ပြုရပါမည် ။ ✅

✅ လိုအပ်လို့ ဝယ်ယူမယ်ဆို ဆိုင်မှာလည်းလာရောက် စမ်းသပ်ဝယ်ယူလို့ ရသလို / ဆိုင်လာဖို့ အစဉ်မပြေသူများလည်း Online ကနေ မှာယူအားပေးလို့ရပါတယ် ။

✅ သုံးစွဲသူ အတော်များများ နှင့် အစဉ်ပြေကိုက်ညီသော ပစ္စည်းဖြစ်လို့ စိတ်ချစွာ ဝယ်ယူနိူင်ပါတယ် ။

🔰 မြန်မာပြည်အနှံ့သို့ အိမ်ရောက်ငွေချေ စနစ် ရှိပါတယ် 🔰 ( Royal Express ) ဖြင့်သာ ❤️

🙏 ကားဂိတ်ချပေးရသော ပစ္စည်းများအတွက် ငွေကြိုလွှဲပေးရပါတယ် ခင်ဗျာ 🙏

☎️ 09-428886505

☎️ 09-452266786

🔰 အမှတ် ( ၅ ) အခန်း ( A-5 ) ဦးထွန်းလင်းခြံလမ်း ၊ လှည်းတန်း ( ၁ ) ရက်ကွက် ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။ 🔰

Photos from Lucky+'s post 27/10/2024

💙💙လူနှစ်ခါ…..ငေးမယ့်

သူက အပြာရောင်လေး 💙💙

✅ မတော်တစ်စ အထားမှားခဲ့ရင်တောင်
အပြာရောင်လေးဆိုတော့ ပြန်ရှာရတာလည်းလွယ်တယ် 💙💙

✅ အပြာရောင်လေးကတပ်ထားရင် အမြင်လည်းမရိုင်းပါ ဘူးခင်ဗျာ ။ 💙💙

✅ အရင်သုံးနေကျ အသားရောင်လေးကိုမှ အရောင်လေး နောက်တစ်မျိုး နဲ့ ခွဲထွက်ချင်ရင်တော့ 💙💙 အပြာရောင် #နားကြားကိရိယာ လေးကို ရွေးဖို့ အကြံပြုလိုက်ပါတယ် ။ 💙💙

Ⓜ️ ဆိုတဲ့ ခလုပ်လေးက အသံနှုန်း အနိမ့် / အမြင့် ကို ချိန်ဖို့ နှိပ်ရတဲ့ ခလုပ်လေးပါ ။

🅿️ Power On / Off ခလုပ်လေးလည်း ပါပါတယ် ။

🔊🔊 အသံ အတိုး / အကျယ် အတွက် Volume ( 1 to 4 ) အထိ ရပါတယ် ။

🔌 အားသွင်းကြိုးကတော့ Type C စနစ်ပါ ။

ပါဝင်ပစ္စည်း အနေနဲ့

❇️နားကြားကိရိယာ Box

❇️အားသွင်း ကြိုး

❇️အားသွင်း ခေါင်း

❇️နားစွပ်အပိုလေးများ

❇️နားစွပ်သန့်ရှင်းရေး ဘရပ် တို့ ဖြစ်ပါတယ် ။

☎️ 09-428886505
☎️ 09-452266786

ဆက်သွယ်၍ မေးမြန်းစုံစမ်း မှာယူပါ ။

24/10/2024

🙏🙏🙏မင်္ဂလာ ညချမ်းပါ🙏🙏🙏

🌸 ရင်မှာအလှပန်းများ ပွင့်လန်းကြပါစေ 🌸

🙏 စိတ်လက်ကြည်သာ အိပ်စက်အနားယူနိူင်ကြပါစေ 🙏

🙏 စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံနိူင်ကြပါစေ 🙏

🦻🏻🦻🏻🦻🏻

24/10/2024

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏

😍 Lucky+ မှ ပြန်လည်ကြိုဆိုပါတယ် ခင်ဗျ ။ 😍

💥 ဒီနေ့တော့ လူကြီးမင်းတို့ကို #နားကြားကိရိယာ နှင့်ပတ်သက်လို့ ဘယ်လိုအချက်လေးတွေ သိထားလဲ ❓

💥 မိမိတို့အရင်က ဘယ်လို #နားကြားကိရိယာ လေးတွေကို အသုံးပြုခဲ့ဘူးလဲ ❓

💥 နောက်ပြီး #နားကြားကိရိယာ ကိုတပ်စဉ်ရခြင်းကြောင့် ရရှိလာတဲ့ ကောင်းတဲ့ အကျိုးကျေးဇူးလေးတွေက ဘာတွေဖြစ်မလဲ ❓

💥 တစ်ချို့လည်း #နားကြားကိရိယာ တပ်စဉ်ပြီးမှ ကြုံတွေ့ရတဲ့ ပြသနာလေးတွေက ဘာတွေဖြစ်မလဲ ❓

💥 #နားကြားကိရိယာ စတင်တပ်စဉ်တဲ့အခါ ဘယ်လို #နကြားကိရိယာ မျိုးကို ရွေးချယ်ရမလဲ ❓

💥 အရေးအကြီးဆုံး အချက်ကတော့ မိမိတို့ ဝယ်ယူလိုက်ပြီး အခုလက်ရှိ တပ်စဉ်အသုံးပြုနေတဲ့ #နားကြားကိရိယာ လေးတွေကို မိမိတို့လက်ထဲမှာ ( ရည်ရှည် အသုံးခံဖို့အတွက် )

🔰ဘယ်လို ထိန်းသိမ်းစောင့်ရှောက် မှူတွေအမြဲပြုလုပ်နေသလဲ ❓

🔰 နည်းလမ်း မှန်မှန် နဲ့ ဘယ်လို အသုံးပြုနေလဲ ❓

ဆိုတဲ့ အချက်လေးတွေကို လေးစားစွာ နဲ့ မေးမြန်းလိုက်ချင်ပါတယ် ခင်ဗျာ ။ 🤗🤗

✅ လူကြီးမင်းတို့ သိလိုသော မေးခွန်းများလည်း ပြန်လည်မေးမြန်း နိူင်ပါတယ် ခင်ဗျာ ✅

☎️ 09-428886505
☎️ 09-452266786 ကို ဆက်သွယ်ပါ ။

📌 Massage box ☑️ တွင်လည်း မေးမြန်းနိူင်ပါသည် ။

23/10/2024

တစ်ခါတစ်လေ ကိစ္စရှိလို့ အပြင်သွားတဲ့အခါ Customer လာတာနဲ့ကြုံရင် အားနာမိပါတယ်
🙏🙏🙏

Photos from Lucky+'s post 21/10/2024

🙏 ဟုတ်ကဲ့ ..... မင်္ဂလာပါ ခင်ဗျာ 🙏

✅Lucky+ မှ #နားကြားကိရိယာ လေးများကိုရောင်းချပေးနေပါတယ်။

✅( #ပစ္စည်းရောက်_ငွေချေ ) စနစ်ဖြင့် ( Royal Express ) ရောက်သော မြို့တိုင်းသို့ ပို့ဆောင်ပေးပါတယ်။

✅ ဆိုင်တွင် လာရောက်ဝယ်ယူလိုပါက ( စိတ်ကြိုက်စမ်းသပ်ပြီး ) အစဉ်ပြေမှသာ ဝယ်ယူနိူင်ပါတယ်။

✅ အိမ်ကထွက်မလာခင် ☎️( 09-428886505 )☎️ သို့ ဖုန်းလေးကြိုဆက်ပေးပါ။

🍀 "အကြားကြည်လင် ၊ စိတ်ပျော်ရွှင်

နေ့စဉ်လူမှူ ဘဝတွင် " 🍀

🔰💥 အမှတ် ( ၅ ) အခန်း ( A-5 ) ဦးထွန်းလင်းခြံလမ်း ၊ လှည်းတန်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။ 💥🔰

20/10/2024

ဒီနေ့ အပြင်မှာ ကိစ္စလေးရှိလို့ သွားလိုက်ရတာ ဖုန်းဆက်တဲ့ Customer တွေ အားနာလိုက်တာ ၊ မနက်ဖြန် လာခဲ့လို့ရပါတယ်နော်။

19/10/2024

🙏 ညချမ်းချိန်ခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ 🙏

🙏 နှစ်သက်ကြည်သာ အိပ်စက်အနားယူနိူင်ကြပါစေ 🙏

🙏 ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ 🙏

19/10/2024

❇️သီတင်းလည်းကျွတ်ပြီးသွားပြီး

❇️လည်ကြပတ်ကြလို့လည်း ဝကြပြီ

❇️မိမိအိမ်ကပြန်လာကြပြီး

❇️လုပ်ငန်းခွင်သို့ ကိုယ်စီပြန်ဝင်ကြရတော့မယ့်

❇️ဦးဦး ၊ ဒေါ်ဒေါ် ၊ ကိုကို ၊ မမ နဲ့ ညီ , ညီမေလေးများ

❇️အလုပ်အကိုင်တွေ အစဉ်ပြေတိုးတက်ကြပါစေကြောင်း မေတ္တာတောင်းဆု ပို့သအပ်ပါသည် ။

🙏🙏🙏 🙏🙏🙏 🙏🙏🙏

🙏 မင်္ဂလာ အပေါင်း နှင့် ပြည့်စုံကြပါစေ ခင်ဗျာ🙏

17/10/2024

🙏❇️ သီတင်းကျွတ် လပြည့်ညလေးပါ ❇️🙏

🙏❇️ အားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာပြီး ဘေးရန်ကင်းကွာ ကြပါစေ ❇️🙏

🙏❇️ အလုပ်အကိုင် စီးပွါးများ တိုးတက်ကောင်းမွန်ကြပါစေ ❇️🙏

+ မှ ဆုတောင်း မေတ္တာ ပို့သပါသည်။ 🙏

17/10/2024

🙏🙏🙏သီတင်းကျွတ်မှာ မိဘ ၊ ဆရာသမား ၊ ဘိုးဘွား များနှင့် ကျေးဇူးရှင်အပေါင်းကို လေးစားချစ်ခင် ရိုသေစွာဖြင့် + မှ ရှိခိုးကန်တော့ အပ်ပါသည် ။ 🙏🙏🙏

🙏 အားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာ ကြပါစေ 🙏

🙏 အလုပ်အကိုင် စီးပွါးရေးများ တိုးတက် ကောင်းမွန်ကြပါစေ 🙏

🙏 အေးငြိမ်းချမ်းသာသော မိသားစုဘဝများကို ရရှိ ပိုင်ဆိုင်နိူင်ကြပါစေ 🙏

🙏 + မှ ဆုတောင်းပြု ကန်တော့၍ မေတ္တာပို့သအပ်ပါသည် ။ 🙏

17/10/2024

သီတင်းကျွတ် လပြည့်နေ့မှာ မိုးတွေရွာ
🌧️🌧️🌧️

16/10/2024

🙏❇️သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။ ❇️🙏

🙏❇️မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။❇️🙏

🙏❇️တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။ ❇️🙏

🙏❇️မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားရှင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။❇️🙏

🙏❇️မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။ ❇️🙏

🙏❇️မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာတစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။ ❇️🙏

🙏❇️သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ ❇️🙏

🔰လောကီလူတို့၏ ထုံးစံအရလည်း အိမ်ရာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။

🙏❇️အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်။❇️🙏

Google မှ ကူးယူ၍ ပြန်လည် မျှဝေပါသည် ။ ❇️🙏

❇️🙏

16/10/2024

🙏မနက်ဖြန် လပြည့်နေ့ ဆိုင်ဖွင့်ပါတယ် ခင်ဗျာ ။
ဖုန်းလေးကြိုဆက်ပြီး လာခဲ့ပါဗျ ။ 🙏
09-428886505

Photos from Lucky+'s post 15/10/2024

😊 ဒီနေ့က ခရီးတိုလေးတစ်ခုသွားဖြစ်လို့ ဆိုင်ပိတ်ထားတာပါဗျ 🚙🚙🚙

🤗 နောက်ရက်တွေ ဆိုင်ဖွင့်ပါတယ် ခင်ဗျာ 🤗

🙏 ခရီးလေးသွားရင်း ( ရက်ချိန်းယူပြီး ) ( လက်ပံတန်းမြို့ မှ သာယာဝတီမြို့ ) သို့ လာရောက်၍ #နားကြားကိရိယာ စမ်းသပ်ဝယ်ယူသွားသော Customer အန်တီအား ကျေးဇူးအထူးတင်ရှိပါသည် ။ 🙏

+

15/10/2024

🙏 သီတင်းကျွတ် အခါသမယသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ ( ၁၂ ) လ ရာသီပွဲတော်များအနက် လေးစားခြင်း ၊ ပျော်ရွှင်းခြင်း နှင့် ချစ်ခြင်းမေတ္တာတို့ကို ပြသသော လထူးလမြတ်တစ်ခု ဖြစ်ပါသည် ။ ❇️🙏

🙏 ❇️သီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာဘုရားသည် နတ်ပြည်တွင်နတ်သားဖြစ်နေသော မယ်တော်အားသွား‌ရောက်ကျေးဇူးဆပ်ကာ တရားဟောခဲ့သည်ကို အကြောင်းပြု၍ မီးများထွန်းညှိကာ နတ်ပြည်၌ရှိ‌ခဲ့‌သော ဘုရားရှင်အားပူ‌ဇော်‌သောအားဖြင့် မီးထွန်းပွဲသဘင်ကို နှစ်စဉ်ဆင်ယင်ကျင်းပခြင်းဖြစ်သည်။ ❇️🙏

🙏 ❇️ကလေးများမှာ မီးရှူးမီးပန်းများ ပစ်ဖောက်ဆော့ကစားလေ့ရှိကြပြီး လူကြီးများမှာမူ မီးပုံးပျံများပစ်လွှတ်ခြင်း ဆီမီးပူဇော်ခြင်းများဖြင့် မြတ်စွာဘုရားရှင်ကိုယ်‌တော်မြတ်ကြီးအား ပူဇော်လေ့ရှိကြသည်။ ❇️🙏

🙏 ❇️သီတင်းကျွတ်အခါသမယတွင် ရပ်ဝေးတွင်သွားရောက်အလုပ်လုပ်ကိုင်နေသောသူများမှာ မိဘဘိုးဘွားများရှိရာသို့ ပြန်လာ၍ ကျေးဇူးဆပ်ပူဇော်ကန်တော့ခြင်းများ ပြုလုပ်ကြသောကာလလည်းဖြစ်သည်။ ❇️🙏

🙏 ❇️ကြီးစဉ်ငယ်လိုက် ကန်တော့ခံကြရသည်။ 🙏

🙏 ❇️ခွင့်လွှတ်ခြင်း ကျေးဇူးဆပ်ခြင်းတို့နှင့် ထုံမွှမ်းထားသော ချစ်ခြင်းမေတ္တာ ကိုပြသသည့် လထူး လမြတ်အခါသမယဖြစ်သည်။❇️🙏

🙏 ❇️သီတင်းကျွတ်ကာလ အခါသမယလေးမှာ မြန်မာပြည်သူပြည်သားများနှင့် ကမ္ဘာသူ ကမ္ဘာသားအပေါင်း ကျန်းမာ ၊ ချမ်းသာ ၊ ဘေးရန်ကင်းကွာကြပါစေကြောင်း ( Lucky+ ) မိသားစု မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် ။ ❇️🙏

Photo ; Credit

14/10/2024

မနက်ဖြန်
( ၁၅ .၁၀.၂၀၂၄ ) အင်္ဂါနေ့ဆိုင် တစ်ရက်ပိတ်ပါမည် ။

13/10/2024

ယနေ့ နားကြားကိရိယာ ဝယ်ယူလိုသူများ
နေ့လည် ( ၂ ) နာရီ နောက်ပိုင်းမှ လာခဲ့ပါခင်ဗျာ ။

12/10/2024

🙏🙏🙏 မင်္ဂလာ ညချမ်းပါခင်ဗျာ 🙏🙏🙏

🌸 ရင်မှာ အလှပန်းများပွင့်လန်းကြပါစေ 🌸

🙏 နှစ်သက် ကြည်သာ အိပ်စက်အနားယူနိူင်ကြပါစေ 🙏

🙏 စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ 🙏

( + )

12/10/2024

🦻🦻( #နားကြားကိရိယာ ) ဝယ်ယူတဲ့အခါ .....

💥 ပထမ အချက် ❓❓❓

💥 မေးဖြစ်အောင်မေးပါ ။

💥 ဒုတိယ အချက် ❓❓❓

💥 မေးပြီးသားကို သေချာအောင် ထပ်မေးပါ ။

🦻🦻( #နားကြားကိရိယာ ) ဝယ်တဲ့အခါဘာတွေ မေးရမှာလဲ❓❓

💥 အာမခံ ဘယ်လောက်ပါလဲ ❓❓ ဆိုတာကတော့ အများမေးကြတဲ့ မေးခွန်းပါ ။

🔰 ထပ်မေးရမယ့် မေးခွန်းတစ်ခု ( ဒါ )အရေးကြီးပါတယ် ။

🔰 ရည်ရှည်ခံပါ့မလား ❓❓ ရည်ရှည်ခံရဲ့လား ❓❓
စသည်ဖြင့်ပေါ့ မေးကြပါတယ် ။

🔰 အဲ့ထက် ပိုကောင်းတဲ့ မေးခွန်းလေးမေးပါ ။

💥( #နားကြားကိရိယာ ) ဝယ်ယူပြီး ရည်ရှည်ခံအောင် ဘယ်လို အသုံးပြုရမလဲ ❓❓

💥 ဘယ်လိုအချက်တွေ လိုက်နာရမလဲ ❓❓

💥 ဘယ်လိုအချက်တွေ ရှောင်ကျဉ်ရမလဲ ❓❓

✅ ဒါလေးတွေ ပိုပြီးမေးသင့်ပါတယ် ။ ✅

🔰 ကျွန်တော််တို့က ( #နားကြားကိရိယာ ) လေးတွေကိုရောင်းပေးတဲ့အခါမှာ ( အသုံးပြုသူ လက်ထဲ ) ရည်ရှည် အသုံးခံစေချင်ပါတယ် ။

🔰 ဒါကြောင့်လည်း ဆောင်ရန် / ရှောင်ရန် အချက်လေးတွေကို ( သေချာလေ့လားထားပြီး ) ရှင်းပြပေးရပါတယ် ။ ဒါမှလည်း ( အသုံးပြုသူ လက်ထဲ ) ရောက်တဲ့အခါ ပစ္စည်းလေးက ရည်ရှည်ခံမှာ ဖြစ်ပါတယ် ။

🔰 လူကြီးမင်းတို့လက်ထဲ ရောက်ရှိလာသော( #နားကြားကိရိယာ ) လေးကို ဂရုစိုက်အသုံးပြုလျှင် ရည်ရှည်အတွက် အစဉ်ပြေနိူင်ပါသည် ။

✅ ဒါ့ကြောင်မို့ ( #နားကြားကိရိယာ ) လေးတွေဝယ်ယူပြီး ရည်ရှည်ခံဖို့ အသေးစိတ်အချက်လေးတွေကို သေချာမေးမြန်းပါ ( သေချာလေးရှင်းပြပေးဖို့ ) အမြဲ အစဉ်သင့်ရှိပါတယ် ။ 🤗🤗🤗

☎️ 09-428886505

☎️ 09-452266786

Photos from Lucky+'s post 11/10/2024

🎇 ကဲ °°°°°° ကဲ သီတင်းလည်းကျွတ်တော့မယ် နော်

🎆 အိမ်က အဖိုး ၊ အဖွား နဲ့ ဦးလေး ၊ အန်တီ တွေအတွက် ( #နားကြားကိရိယာ ) လိုအပ်တဲ့ သူတွေများရှိရင်
( + ) ကို သတိရလိုက်ပါ ။

🎆 ( + ) မှာ ရွေးချယ်စရာ( #နားကြားကိရိယာ ) လေးတွေကို ပုံလေးတွေ ကြည့်ပြီးလေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ် ။

💥 အသေးစိတ်သိလိုပါက ဖုန်းဆက်၍မေးမြန်းနိူင်ပါတယ် ။

☎️ 09-428886505

☎️ 09-452266786 ကို ဆက်ပါ ။

💥 ဆိုင်လာဝယ်လို့လည်း ရပါတယ် ။

🔰 အမှတ် ( ၅ ) အခန်း ( A-5 ) လှည်းတန်း ၊ ဦးထွန်းလင်းခြံလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။ 🔰

🚛 နယ်မြို့များ ( Royal Express ) ဖြင့် အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါသည်။ 🚛

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)