STAY HOME Mobile Lab Services
Home care service for Lab investigation, Imaging, doctor and nurse home healthcare services
Mercy's Recent profile viewers
Application link: https://tinyurl.com/yvzk2xtt
⚠️ နိုင်ငံအဝန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွါးခင်အချိန်များစွာကတည်းက သေဆုံးမှုများရှိခဲ့တဲ့ ရာသီတုပ်ကွေးရောဂါဟာ နှစ်စဉ်နှစ်တိုင်းဖြစ်ပွါးလေ့ရှိပါတယ်
🤧 သိပ်မကြာမီမှာရောက်လာတော့မယ့် ဒီရာသီတုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ထားဖို့က တိုက်တွန်းနှိုးဆော်ရင်း
💕မိမိရဲ့ချစ်ခင်ရသူတွေ၊
👨👩👧👦မိသားစုဝင်တွေ၊
🧑🏻💼အလေးထားအားကိုးရတဲ့ ဝန်ထမ်းတွေကို အားလုံးထက်ကြိုပြီး
💉ကာကွယ်ဆေးထိုးပေးထားချင်တယ်ဆိုရင်တော့
📩 chat box (သို့)
📞 09456-429-259 ကိုဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ချင်ပါတယ်နော်😍
#တုပ်ကွေး #တုပ်ကွေးကာကွယ်ဆေး
အားလုံးပဲ မင်္ဂလာပါခင်ဗျ 🙏🙏
အခုဆိုရင် ကိုဗစ်ပဉ္စမလှိုင်းအဖြစ် နိုင်ငံအဝှမ်းကူးစက်ပြန့်နှံ့နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမိဘများအနေနဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုများ လိုအပ်လာပါက ကျွန်တော်တို့ရဲ့ ✅Stay Home Mobile Healthcare✅ကို သတိရလိုက်ဖို့ အသိပေးပါရစေ။
ကျွန်တော်တို့ရဲ့ Stay Home Mobile Healthcare မှာဆိုရင် ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့
👉(၁) ကျွမ်းကျင်သော ဆရာဝန်များကိုယ်တိုင် အိမ်တိုင်ရာရောက် ကုသပေးခြင်း
👉(၂) အထူးကုဆရာဝန်များကို အိမ်ပင့်ကာ ကုသမှုခံယူခြင်း
👉(၃) Ultrasound, ECG စသော ကျန်းမာရေးစစ်ဆေးမှုများ ခံယူခြင်း
👉(၄) အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးမှုများ၊ သွေးဖောက်စစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း
👉(၅) Covid test စစ်ဆေးပေးခြင်း၊ Certificate များပေးခြင်း
👉(၆) အိမ်တိုင်ရာရောက် Covishield, Covaxin စသော ကိုဗစ်ကာကွယ်ဆေးများထိုးနှံ့ပေးခြင်း၊ Certificate ပေးခြင်း
👉(၇) တုပ်ကွေးကာကွယ်ဆေးများ ထိုးနှံပေးခြင်း
👉(၈) ပြန်လည်သန်စွမ်းရေး ပညာရှင်များ (Physiotheraphist) များဖြင့် အိမ်တိုင်ရာရောက် ကျန်းမာရေးကုသမှု ခံယူခြင်း
👉(၉) သူနာပြု၊ သူနာပြုအကူ ဝန်ဆောင်မှုများပေးခြင်း
စတဲ့ ဝန်ဆောင်မှုတွေကို ဈေးနှုန်းထား သက်သာစွာဖြင့် ဝန်ဆောင်မှုပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Customer Service
📞 ဖုန်း 09456429259 ကို ဆက်ပြီး ဆရာဝန်နဲ့ တိုက်ရိုက်ဆက်သွယ်မှုပြုလုပ်ပြီး မိမိလူနာအနေအထားကိုပြောပြခြင်းဖြင့် အိမ်ပင့်ဝန်ဆောင်မှု လိုမလို ဆွေးနွေးနိုင်ပါတယ်။
✅အထက်ပါဝန်ဆောင်မှုများထဲမှာ မိမိက တစ်ခုခုလိုအပ်နေတယ်၊ ဈေးကြီးမလားမသိဘူးဆိုပြီး ဇဝေဇဝါဖြစ်နေရင်တော့ ဖုန်းဆက်ပြီးသာ ရဲရဲ မေးမြန်းလိုက်ပါ။
📞ကျန်းမာခြင်းဟာ ငွေကြေးထက် ပိုအရေးကြီးတာဖြစ်လို့ မိမိတတ်နိုင်တဲ့ထဲက အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးပါမယ်။
👨⚕သင်အိမ်မှာပဲ နေပါ၊ ကျွန်ုပ်တို့ကိုယ်တိုင်လာခဲ့ပါမယ်👨⚕
❗️ကလေး ကိုဗစ်❗️
အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ
ကလေးမှာ ပိုဗစ်က ပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီး ၃-၄ ပတ်အကြာမှာ ပြင်းပြင်းထန်ထန် ပြန်ဖျားပြီးမျက်မှေးရောင်ပါးစပ်ရောင် နှလုံးရောင်တွေနဲ့ ပြတတ်တယ် )
🔺ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္တာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ
၁နှစ်အေါက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်
၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa / Lensen စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ
၅ နှစ် အထက်
ဆေးပြားသေါက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ
🔺နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ
မိမိအေနနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်
🔺နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်
🔺ဝမ်း သွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမေသါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်
🔺အန်ရင်
Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေး ဆို ရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်
မိခင် ကိုဗစ်ဖြစ်ရင်လည်းနို့စို့ ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ
ကလေး ကိုဗစ် ဖြစ် ရင် လူကြီးတွေကို ကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေ ကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်
🙏🏻Credit ဆရာကြီး ဦးစောဝင်း
***ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။***
နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ
ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။
(၄) ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။
(၅) ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။
(၆) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။
(၇) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။
(၈) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။
(၉) ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။
ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်ပါသည်။
LifePlus Health & Beauty မှာစျေးဝယ်ပြီး STAYHOME မှ ကျန်းမာရေးဝန်ဆောင်မှုများကို အထူးလျော့စျေးများဖြင့်ရယူနိုင်ပြီဖြစ်ပါတယ်😇
🩸 သွေးဖောက်စစ်ဆေးဖို့ လူကြီးမင်းတို့ အိမ်မှာပဲနေပါ…ကျွန်တော်/ကျွန်မ တို့ အရောက်လာခဲ့ပါ့မယ်🙏🙏
🦠 အခုလိုမျိုး ကိုဗစ်ရောဂါဒဏ်ကို ပြန်လည်နလန်ထူနေရတဲ့အချိန်မှာ ကျွန်တော်တို့ အနေနဲ့ စျေးနှုန်းထား သက်သာစွာနဲ့ အိမ်တိုင်ရာရောက်
💉သွေးဖောက်ခြင်း ဝန်ဆောင်မှုလေးတွေကို လုပ်ဆောင်ပေးနေပြီပဲ ဖြစ်ပါတယ်။
📍ကိုဗစ်ရောဂါနှင့်ပတ်သက်သောဝန်ဆောင်မှုများသာမက ပုံမှန်ကျန်းမာရေးစစ်ဆေးချင်သူများ အပြင် အထွေထွေရောဂါကုဆရာဝန်များ၊ သမားတော်များအိမ်ပင့်ဝန်ဆောင်မှုအတွက်လည်း ခုလိုအပြင်မထွက်သင့်တဲ့အချိန်မှာလူကြီးမင်းတို့၏တည်နေရာအရောက် ဝန်ဆောင်မှုပေးပေးမှာဖြစ်ပါတယ်
👨🏻⚕️ 👩🏻⚕️ လူကြီးမင်းတို့အိမ်ကို ကာကွယ်မှုဝတ်စုံအပြည့်နဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်များ၊ သူနာပြုများကိုယ်တိုင်အိမ်တိုင်ရာရောက်လာပြီး
✔️ကျန်းမာရေးစစ်ဆေးပေးခြင်း၊
✔️သွေးဖောက်ခြင်း၊
✔️ဆေးထိုးခြင်း
✔️ကာကွယ်ဆေးများထိုးနှံပေးခြင်း စတဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို စျေးနှုန်းထားသက်သာစွာနဲ့ လုပ်ဆောင်ပေးမယ့်အပြင်
🚙 သွေးပုလင်းများကိုပါ ချိတ်ဆက်ထားသောသက်ဆိုင်ရာ ဓာတ်ခွဲခန်းအထိ အရောက်ပို့ဆောင်ပေးဦးမှာ ဖြစ်ပါတယ်။
🏠နေထိုင်ရာမြို့နယ်ကွာလို့လည်း ဝန်ဆောင်ခပြောင်းလဲမှုမရှိပါဘူးနော်
👉ဝန်ဆောင်မှုကို ရယူလိုတယ်ဆိုရင်တော့
ဖုန်းနံပါတ် - 09456429259
ကိုဆက်သွယ်ပြီး အကြောင်းကြားနိုင်ပါပြီနော်
💭 Page Cb မှာလဲ အသေးစိတ် လာရောက် မေးမြန်းနိုင်ပါတယ်🙏🏻
အားလုံးပဲ ကျန်းကျန်းမာမာရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်🙏🏻
⚠️ အားလုံးသိကြတဲ့ အတိုင်းပဲ အခုဆိုရင် Covid 4th Wave or Omicron wave ဟာ တဖန်ပြန်လည်ကူးစက်ပြန့်ပွားလျက်ရှိပါတယ်။
🏡ဒီလိုမျိုးရောဂါပိုးတွေ ကူးစက်ပြန့်နှံ့နေတဲ့ အချိန်မှာ ကျွန်တော်တို့ STAY HOME မိသားစုမှ နေပြီးတော့ လူကြီးမင်းတို့ရဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုများကို ကာကွယ်မှုပစ္စည်းအပြည့်အစုံနဲ့
👨🏻⚕️👩🏻⚕️ဆရာဝန်၊ ဆရာမများ၊
🧑⚕️သူနာပြုများကိုယ်တိုင် လာရောက်ပြီး ဝန်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့
✔️(၁) ကျန်းမာရေးစစ်ဆေးမှုနှင့် သွေးဖောက်စစ်ဆေးခြင်း (သွေးနမူနာအား မိမိတို့အစီအစဉ်ဖြင့် စနစ်တကျဓာတ်ခွဲခန်းသို့ ပို့ဆောင်ပြီး အဖြေပို့ပေးသည့် စနစ်ဖြစ်ပါသည်)
✔️(၂) အီးစီဂျီ (ECG) ၊ အာလ်ထရာဆောင်းရိုက်ပေးခြင်း (Ultrasound) (ဓာတ်မှန်ဆရာဝန်ကိုယ်တိုင် အိမ်တိုင်ရာရောက် လာရောက်စစ်ဆေးပေးပါသည်)
✔️(၃) Covid ကာကွယ်ဆေး ထိုးပေးခြင်း (Covishield, Covaxin စသော ကာကွယ်ဆေးများကို စျေးနှုန်းသက်သာစွာ ထိုးပေးခြင်း)
✔️(၄) ဆရာဝန်၊ အထူးကုဆရာဝန်၊ သူနာပြု အိမ်ပင့်ခြင်း (လိုအပ်သော ဝန်ဆောင်မှုအား ညှိနှိုင်းဆွေးနွေးနိုင်ပါသည်)
✅ဒီလိုမျိုး အချိန်မှာ လူကြီးမင်းတို့အနေနဲ့ မိမိကျန်းမာရေးအတွက် လိုအပ်မယ့် တစ်စုံတစ်ရာများရှိခဲ့ရင် STAY HOME ကို သတိရဖို့ မမေ့ပါနဲ့နော်
☎️ဆက်သွယ်ရန်ဖုန်း - 09-456429259
🏠ကျွန်တော်တို့ STAY HOME MOBILE HEALTHCARE ဟာဆိုရင် ကိုဗစ်တတိယလှိုင်းအတွင်းမှာ ကိုဗစ်ပိုးရဲ့ တိုက်ခိုက်မှုကို ဆိုးဝါးစွာခံစားခဲ့ရတဲ့ လူနာပေါင်း (၁၀၀၀+++) ကျော်ရဲ့ ကျန်းမာရေး အခြေအနေများ၊ သွေးဖောက်စစ်ဆေးမှုများနဲ့ ဆရာဝန်များကိုယ်တိုင် ရောဂါပျောက်ကင်းသည်အထိ တိုင်ပင်ဆွေးနွေးပေးမှုများ ပြုလုပ်ပေးနိုင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။
🏠STAY HOME MOBILE HEALTHCARE မှာဆိုရင် ရောဂါအမျိုးမျိုးအတွက် ဆီး၊ဝမ်း၊သွေး၊သလိပ် အတွင်း ရောဂါရှာဖွေမှုများ၊ ECG၊ Ultrasound (အာလ်ထွာဆောင်း)၊ အိမ်တိုင်ရာရောက် ဆရာဝန်များ၊ အထူးကုဆရာဝန်များ၊ သူနာပြုများ ကုသပေးခြင်း၊ ကာကွယ်ဆေး အမျိုးမျိုးထိုးပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေကို အိမ်တိုင်ရာရောက် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။
📩ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ယခုလို အိုမီခရွန်ပိုး ပြန်လန်ပြန့်ပွါးနေတဲ့အချိန် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်လို၍ဖြစ်စေ၊ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်လို၍ ဖြစ်စေ အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှုများရယူလိုပါက STAY HOME MOBILE HEALTH SERVICES ကို အခုပဲ ဆက်သွယ်လိုက်ပါနော်။
☎️ဆက်သွယ်ရန်
09456429259
09778853085
🤝အခုလို ရောဂါကူးစက်မှုအရမ်းမြန်တဲ့ Omicron အမျိုးအစား ကိုဗစ်ကပ်ရောဂါကာလကြီးမှာ သင့်အားရောဂါကူးစက်မှုကို တစ််ဖက်တစ်လမ်းမှ ကာကွယ်ပေးပါရစေ။
🏠 ပြီးပြည့်စုံတဲ့ အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှုများကို အိမ်ထဲမှာပဲနေပြီးရယူချင်တယ်ဆိုရင်တော့
📞 09-456-429-259 , 09-7788-530-85 ကိုဖုန်းဆက်၍ဖြစ်စေ
📩Page messenger chat box ကနေဖြစ်စေ ဆက်သွယ်လိုက်ရုံနဲ့ လာရောက်ဝန်ဆောင်မှုပေးပေးမှာဖြစ်ပါတယ်
⏰ သွေးဖောက်ဝန်ဆောင်မှုများအတွက် နေ့ရက်အလိုက် booking အကန့်အသတ်လေးရှိတာမလို့ စောစောလေးဆက်ပေးဖို့တော့လိုမယ်နော်☺️
မြန်မာပြည်မှာဝင်ရောက်နေပီဖြစ်တဲ့
အိုမီခရွန်၏ လက္ခဏာ (၃)မျိုး
•••••••••••••••••••••••••••••••••••••
အိုမီခရွန် Omicron
နံပါတ်(၁)
အပျော့စား လက္ခဏာက
ဖျားမယ်၊ချောင်းဆိုးမယ်၊
ကိုယ်လက်မအီမသာဖြစ်မယ်။
နံပါတ်(၂)
အလယ်အလတ် လက္ခဏာက
မျက်စေ့နာမယ်၊
လည်ခေါင်းနာမယ်၊ ခေါင်းကိုက်မယ်။
နံပါတ်(၃)
အပြင်းစား လက္ခဏာက
အသက်ရှူရခက်မယ်၊ မောမယ်၊
တကိုယ်လုံးအသားတွေအကျောတွေအထိနာနေမယ်၊
စကားမပြောနိုင်တဲ့အထိဖြစ်မယ်။
အပျော့စားနဲ့ အလယ်အလတ်စားဖြစ်ရင်တော့
အိမ်မှာဘဲ ဆေးသောက်ပြီးကုသလို့ရပါတယ်။
အပြင်းစားဖြစ်ပီဆိုရင်တော့
နီးစပ်ရာ ဆေးရုံသို့
အမြန်ဆုံး တက်ရောက်ကုသမှု ခံယူရပါမယ်။
ကာကွယ်မှုတွေကတော့
အရင်ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်သလိုပါပဲ။
အားလုံးသိပြီးမို့ အထူးရှင်းပြစရာမလိုတော့ပါ။
ကိုဗစ်ဟာ
လူ့လောကထဲ အသက်ရှင်နေထိုင်ဖို့
သူရဲ့ ပုံစံ ဗီဇကိုအမျိူးမျိူးပြောင်းလဲနေပါတယ်။
ဘယ်လောက်ကြာဦးမယ်မသိပေမဲ့
ကမ္ဘာကြီးဟာ
ကိုဗစ်ဒဏ်အလူးအလဲခံရတာ(၂)နှစ်ပြည့်ပါပီ။
ဒါကြောင့် သင့်ကို ကိုဗစ်မကူးစက်စေရန်
၁၊မက်စ်တပ်ပါ
၂၊တစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးပါ၊
၃၊လူစုလူဝေး ရှေုာင်ရှားပါ
၄၊လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာနေထိုင်ပါ
၅၊မျက်နှာ အကာတပ်ဆင်ပါ၊
၆၊လက်မဆေးပဲ
မျက်လုံး၊နှာခေါင်း၊ပါးစပ်ကို၊မကိုင်မနှိုက်ပါနဲ့။
🏡 အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှုများရယူပါ။
အားလုံးကပ်ကြီး(၃)ပါးကျော်လွှားနိုင်ကြပါစေ။
⚠️သတိပြုနိုင်ကြဖို့ပါ
~~~~~~~~~~~~~~~~~~
အိုမီခရွန်လက္ခဏာတွေက …
- (၄၈)နာရီအတွင်း လက္ခဏာပြတယ်
(၁) နှာချေမယ် ၊ ပင်ပန်းနွမ်းနယ်မယ် ၊
အားမရှိဖြစ်နေမယ် …
(၂) လည်ချောင်းယားမယ် ၊
ချောင်းခြောက်ဆိုးမယ် ၊ နှာစေးမယ် ...
(၃) ခါးအောက်ပိုင်းနာမယ် ၊ ခေါင်းကိုက်မယ် ၊
ညဘက် ချွေးထွက်များမယ် ၊ ကိုယ်လက်
ကိုက်ခဲမယ် ...
(၄) မစားမသောက်ချင်ဖြစ်လာမယ် ...
အထက်ပါလက္ခဏာတွေဖြစ်ရင်
အများပြည်သူဆိုင်ရာနေရာတွေကို မသွားခြင်းဖြင့် ကူညီကြပါ။
⚠️⚠️⚠️Covid 4th Wave က တကယ်ပြန်စနေပါပြီ⚠️⚠️⚠️
❗️ဆေးထိုးပြီးသားသူတွေရော၊ Covid ဖြစ်ပြီးသားသူတွေရော ပြန်ဖြစ်တာ ခပ်စိတ်စိတ်ကြားနေရပါတယ်..
❗️မကြာခင်မှာရောဂါပြန့်တာဆိုးလာနိုင်တဲ့အတွက် ဆေးထိုးပြီးပြီဆိုပြီး Mask တွေ မတပ်မိတာမျိုးတွေ မလုပ်ပါနဲ့တော့နော်
❄️ဒီရက်ပိုင်း ရာသီဥတုကလဲအေးလာတယ်..
✅အအေးမိပြီး ကိုယ်ခံအားနည်းသွားလို့ ရောဂါကူးစက်တာတွေမဖြစ်ရအောင် နွေးနွေးထွေးထွေးလေးနေပါ..
✅အနွေးထည်ဝတ်ပါ ခြေအိတ်လေးတွေဝတ်ပါ..
✅Vitamins တွေသောက်ပါ.. အိပ်ချိန်မှန်အောင်အိပ်ပါ
😷ဘယ်သွားသွား Mask တပ်ပါ..
👏🏻လက်ဆေးပါ..
⚠️အစစအရာရာ ဂရုစိုက်ကြပါနော်..
🔺မိမိတို့ရဲ့ ကျန်းမာရေးကိစ္စအဝဝကို online/ဖုန်းဖြင့် စိတ်ရှည်လက်ရှည် တိုင်ပင်ဆွေးနွေးပေးမယ့် ဆရာဝန်ရှာနေပါလား?
🔺နေကောင်းနေပေမယ့်လည်း ကျန်းမာရေးစစ်ဆေးကြည့်ချင်တယ်၊ ဘာတွေစစ်ရမလဲမသိဘူးဆိုပြီး ဆုံးဖြတ်ရခက်နေပါလား?
👩🏻⚕️👨🏻⚕️ဝေဒနာခံစားနေရသူများအပေါ် စေတနာပါပြီး နွေးထွေးမှုအပြည့်နဲ့ ကုသပေးလျှက်ရှိတဲ့ “Helping Hands Telehealth” နဲ့ ဆက်သွယ်ပြီး တိုင်ပင်ကုသဖို့ အကြံပေးပါရစေ။
💛“သင်ကိုယ်တိုင်အကူအညီယူပြီး တခြားသူကိုပြန်ကူညီပါ”ဆိုတဲ့ “Helping Hands Telehealth” ဆရာ၊ ဆရာမတို့၏ ဆောင်ပုဒ်လေးအတိုင်း consultation fees တွေကို လိုအပ်တဲ့နေရာများမှာလှူဒါန်းနေမှာဖြစ်တဲ့ အတွက် ဆေးခန်းလည်းပြ ကုသိုလ်လည်းရမယ့် အခွင့်အရေးလေးလည်းဖြစ်ပါတယ်နော်
🤝 “ Hands Telehealth” မှ ညွန်ကြားပေးပါသော လူနာများအား “Stay Home” ဖက်မှ ဓာတ်ခွဲစစ်ဆေးမှုအားလုံးအပေါ် (10%) discount ပေးသွားပေးမှာဖြစ်ပါတယ်။
“Stay Home Mobile Lab Services” မှလည်း တစ်ဖက်တစ်လှမ်းမှ ဝင်ရောက်ပါဝင်အားဖြည့်ခွင့်ရလို့ အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်🙏🏻
📩ဆရာဝန်နဲ့ ဆွေးနွေးဖို့ အသေးစိတ် သိချင်ရင်၊ ဘိုကင်တင်ချင်ရင် “Helping Hands Telehealth” page ရဲ့ chat box မှာသွားရောက်မေးမြန်းနိုင်ပါတယ်နော်😍
⚠️🦠Omicron (အိုမီခလွန်)မျိုးကွဲစိတ် ကိုဗစ်virusပိုးဟာ ကမ္ဘာအနှံ့အပြားမှာ အလွန်လျင်မြန်စွာပြန့်ပွါးနေတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း မပြန့်ပွါးစေရန် တစ်ဦးတစ်ယောက်ဆီတိုင်း သတိပြုနေထိုင်ကာ
😷 Mask တပ်
👏🏻လက်ဆေး
🧍🏻🚫🧍🏻ခပ်ကွာကွာနေကြဖို့
အသိပေးနှိုးဆော်အပ်လိုက်ရပါတယ်ခင်ဗျာ/ရှင်
⚠️Omicron (အိုမီခရွန်) ဗီဇမျိုးကွဲဆိုတာဘာလဲ???
✔️ မိမိကိုယ်တိုင်နှင့် အခြားသူများကို Omicron မှ မည်သို့ကာကွယ်နိုင်မလဲ???
❗️❗️❗️ပြန်လည်မျှဝေပေးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီကာကွယ်ပေးကြရအောင်❗️❗️❗️
🏥ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်
ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီး
လာလာမေးလို့
@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)
> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ
@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ္တာ
@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )
>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ
@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)
> Alkaline Phosphates - အသည်းစစ်တာ
>AFP - အသည်းကင်ဆာစစ်တာ
@ Blood urea and Serum Creatinine. - သွေးတွင်းယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်သိရှိ အကဲဖြတ်ဖို့အတွက် )
> Creatinine GFR - ခရီယေတနင်းဓာတ်ကို စစ်တာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ
@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီးနှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )
> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို
စစ္တာ
@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ
@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ္တာ
@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
(Chest X-ray)
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ
@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အစစ်များ
@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ
@> HIV - HIV ပိုးစစ္တာ
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
ကိုင်းတာကို စစ်တာ/သွေးတွင်း Infection ပမာဏ
(ဗဟုသုတအဖြစ်သာ)
Credit
Cop. ..Lab
🎊ချစ်ရတဲ့ မိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင်ပြီး မင်္ဂလာရှိသော နှစ်သစ်လေးဖြစ်ပါစေလို့ Stayhome အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🎊
🌟Happy New Year 2022🌟
Booster Dose ( တတိယအကြိမ်ဆေးထိုးခြင်း)
--------------------------------------------
🦠 Omicron ရောက်လာတော့ ပြည်သူတွေ စိတ်ပူကုန်ကြပါတယ်။
💉Booster ဘယ်လိုထိုးရမလဲဆိုတာ သိချင်ကြတယ်။ အကြမ်းဖျင်းအလွယ်ပြောရရင်.....
❗️Sinopharm ထိုးထားတာဆို ဒုတိယတခါထိုးပြီးချိန်ကနေ ၃ လကြာရင်။
❗️Covidshield ဆို ဒုတိယတခါထိုးပြီးချိန်ရဲ့ ၆ လကြာရင် ထိုးလို့ရပါပြီ။
❗️Sinopharm ထိုးထားရင် Booster ကို Covidshield။ ❗️Covidshield ထိုးထားရင် Booster ကို Sinopharm/ Covidshield ထိုးပါ။ (Covidshield ပဲ ထပ်ထိုးရင်လဲ ရပါတယ်။)
❗️ Sinopharm က Booster အတွက် စမ်းထားတာ မရှိသေးလို့ပါ။
❗️Sinopharm ထိုးထားသူတွေ Covidshield မရရင်တော့ Sinopharm ကိုပဲ တတိယအကြိမ်ထိုးပါ။
✅Pfizer တို့ Moderna တို့ကတော့ အကောင်းဆုံးဖြစ်ပေမယ့် လက်ရှိမှာ ရဖို့ မလွယ်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။
အားလုံး ကျန်းမာကြပါစေ။
🎄STAYHOME ရဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ အသုံးပြုပေးနေတဲ့ customer တစ်ဦးတစ်ယောက်စီတိုင်းကို ပျော်ရွှင်ကျန်းမာတဲ့ ခရစ်စမတ်နေ့လေးဖြစ်ပါစေလို့ STAYHOME အဖွဲ့သားများကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🎄
😍Merry Christmas To You All😍
🙏သွေးဖောက်စစ်ဆေးဖို့ လူကြီးမင်းတို့ အိမ်မှာပဲနေပါ…ကျွန်တော်/ကျွန်မ တို့ အရောက်လာခဲ့ပါ့မယ်🙏
အခုလိုမျိုး ကိုဗစ်နောက်ထပ်လှိုင်း မဝင်လာအောင် သတိပြု ကာကွယ်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့ စျေးနှုန်းထား သက်သာစွာနဲ့ အိမ်တိုင်ရာရောက်
💉သွေးဖောက်ခြင်း ဝန်ဆောင်မှုလေးတွေကို လုပ်ဆောင်ပေးနေပြီပဲ ဖြစ်ပါတယ်။
📍ကိုဗစ်ရောဂါနှင့်ပတ်သက်သောဝန်ဆောင်မှုများသာမက ပုံမှန်ကျန်းမာရေးစစ်ဆေးချင်သူများအတွက်လည်း ခုလိုအပြင်မထွက်သင့်တဲ့အချိန်မှာလူကြီးမင်းတို့၏တည်နေရာအရောက် ဝန်ဆောင်မှုပေးပေးမှာဖြစ်ပါတယ်
👨🏻⚕️ 👩🏻⚕️ လူကြီးမင်းတို့အိမ်ကို ကာကွယ်မှုဝတ်စုံအပြည့်နဲ့ ကျွမ်းကျင်တဲ့ သူနာပြုများကိုယ်တိုင်အိမ်တိုင်ရာရောက်လာပြီး
🌟သွေးဖောက်ခြင်း၊
🌟ဆေးထိုးခြင်း၊
🌟 ကာကွယ်ဆေးအမျိုးမျိုးထိုးနှံပေးခြင်း
🌟 အီးစီဂျီဆွဲခြင်း
🌟အာထရာဆောင်းရိုက်ခြင်း စတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို စျေးနှုန်းထားသက်သာစွာနဲ့ လုပ်ဆောင်ပေးမယ့်အပြင်
🚙 သွေးပုလင်းများကိုပါ ချိတ်ဆက်ထားသောသက်ဆိုင်ရာ ဓာတ်ခွဲခန်းအထိ နည်းစနစ်တကျ အရောက်ပို့ဆောင်ပေးဦးမှာ ဖြစ်ပါတယ်။
🏠နေထိုင်ရာမြို့နယ်ကွာလို့လည်း ဝန်ဆောင်ခပြောင်းလဲမှုမရှိပါဘူးနော်
👉ဝန်ဆောင်မှုကို ရယူလိုတယ်ဆိုရင်တော့
📞ဖုန်းနံပါတ် - 09 778 853085/ 09456429259
ကိုဆက်သွယ်ပြီး အကြောင်းကြားနိုင်ပါပြီနော်
🔺တစ်ရက်အတွင်း နေ့ခင်း (၁၂) မတိုင်ခင် booking ယူပါက (၁၂) နောက်ပိုင်းလာရောက်စစ်ဆေးပေရနိုင်မယ့် express service လည်းရှိနေပြီဖြစ်လို့ အိမ်ထဲက အိမ်ပြင်ထွက်စရာမလို၊ ခုပဲ booking ယူလိုက်ရအောင်😇
💭 Page Cb မှာလဲ အသေးစိတ် လာရောက် မေးမြန်းနိုင်ပါတယ်🙏🏻
🙆♀️ကိုဗစ်ပိုးသစ်ကိုပဲ ကြောက်မနေနဲ့နော်..🙅♀️
အခုအချိန်ကလေ ကိုဗစ်တွေနဲ့ ရာသီအကူးအပြောင်းကြောင့်ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးတွေကလည်းများလာတော့ ကာကွယ်ဆေးကတော့ မဖြစ်မနေထိုးထားသင့်ပါတယ်..💉🛡️
ကိုဗစ်ကာကွယ်ဆေးထိုးပြီးပေမယ့် ရာသီတုပ်ကွေးအတွက်ကလည်း ကျန်သေးတယ်လေနော်..ရာသီတုပ်ကွေးကိုလည်း လျော့တွက်လို့တော့မရပါဘူး..🤷♀️သူကလည်း နှာစီး ချောင်းဆိုး ဖျားနာ စတဲ့ရောဂါ
လက္ခဏာတွေဖြစ်ပြီး ပြန်ကောင်းတတ်ပေမယ့် တချို့က ရာသီတုပ်ကွေးကြောင့် ဆေးရုံတက်ရတာ၊ အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်တာမျိုးတွေ ဖြစ်နိုင်လို့ လုံးဝမပေါ့သင့်ပါဘူး..ကိုယ်ခံအားနည်းနေသူတွေဆို ပိုမိုကူးစက်လွယ်ပြီး အထူးဂရုပြုဖို့လိုပါတယ်..🤕🤒
ရာသီတုပ်ကွေးကို ကာကွယ်ဖို့က ကိုဗစ်ကာကွယ်တဲ့ နည်းလမ်းအတိုင်းပါပဲ။ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးထားပါ၊ Mask တပ်၊ လက်ဆေး၊ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တွေကို လက်နဲ့မထိတွေ့ပါနဲ့၊ ဖျားနာရင်အခြားလူတွေနဲ့ခွဲပြီး အိမ်မှာပဲနေပါ။🙆♀️🏠
အခုက တုပ်ကွေးကာကွယ်ဆေးကို HOPE TeleCare Myanmar နဲ့ ပေါင်းပြီးHome Service အနေနဲ့ အိမ်တိုင်ရာရောက် ထိုးပေးတဲ့ ဝန်ဆောင်မှုလည်းရှိနေပြီဆိုတော့ အပြင်ဆေးရုံဆေးခန်းတွေသွားပြီးထိုးစရာမလိုတော့ဘဲ အရမ်းကိုအဆင်ပြေသွားတာပေါ့..😱အိမ်အရောက် ဝန်ဆောင်မှုကိုမှ ၃၅,၀၀၀ ကျပ်ပဲ ကျသင့်မှာဖြစ်လို့ စိတ်ဝင်စားရင် ဒေါက်တာတို့ HOPE Page နဲ့ STAY HOME page Messenger မှာ လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်..💁🏻♀️📱
ဆေးခန်းကိုသွားရောက်ထိုးချင်ရင်လည်း ၃၂,၀၀၀ ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်..
အလုပ်တွေ Company တွေအနေနဲ့ ထိုးချင်ရင်လည်း Special Price နဲ့ စီစဉ်ပေးဦးမှာနော်..👉😍👈
လူကြီးမင်းများအားလုံး ကျန်းကျန်းမာမာရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျ🙏🏻
🏠ကျွန်တော်တို့ STAY HOME MOBILE HEALTHCARE ဟာဆိုရင် COVID တတိယလှိုင်းအတွင်းမှာ COVID 19 ရဲ့ တိုက်ခိုက်မှုကို ဆိုးဝါးစွာခံစားခဲ့ရတဲ့ လူနာပေါင်း (၁၀၀၀+++) ကျော်ရဲ့ ကျန်းမာရေး အခြေအနေများ၊ သွေးဖောက်စစ်ဆေးမှုများနဲ့ ဆရာဝန်များကိုယ်တိုင် ရောဂါပျောက်ကင်းသည်အထိ တိုင်ပင်ဆွေးနွေးပေးမှုများ ပြုလုပ်ပေးနိုင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။
🏠STAY HOME MOBILE HEALTHCARE မှာဆိုရင် ရောဂါအမျိုးမျိုးအတွက် ဆီး၊ဝမ်း၊သွေး၊သလိပ် အတွင်း ရောဂါရှာဖွေမှုများ၊ ECG၊ Ultrasound (အာလ်ထွာဆောင်း)၊ အိမ်တိုင်ရာရောက် ဆရာဝန်၊ သူနာပြုများ ကုသပေးခြင်း၊ ကာကွယ်ဆေး အမျိုးမျိုးထိုးပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေကို အိမ်တိုင်ရာရောက် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။
📩ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်လို၍ဖြစ်စေ၊ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်လို၍ ဖြစ်စေ STAY HOME MOBILE HEALTH SERVICES ကို အခုပဲ ဆက်သွယ်လိုက်ပါနော်။
☎️ဆက်သွယ်ရန်
09456429259
09778853085
⚠️⚠️⚠️နောက်ဆုံး တွေ့ရှိတဲ့ ကိုဗစ် ဗိုင်းရပ်စ် မျိုးကွဲသစ်ကို
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မျိုးကွဲပိုးတွေထဲမှာ စိုးရိမ်မှုရတဲ့ ဗိုင်းရပ်စ်အဖြစ် သတ်မှတ်လိုက်သလို ဂရိနာမည် Omicron အိုမီကရွန်းလို့ ပေးလိုက်ပါတယ်။⚠️⚠️⚠️
✔️အခု မျိုးကွဲသစ် ရဲ့ ကူးစက်နိုင်စွမ်းတွေနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ လေ့လာ တွေ့ရှိချက်တွေအရ စိုးရိမ်မှုတွေကို ပိုလို့ ထပ်ဆောင်းပေးလိုက်သလို ဖြစ်ပါတယ်။
✔️ဒီ မျိုးကွဲသစ်မှာ မျိုးဗီဇပြောင်းလဲမှု ပေါင်းများစွာကို စုပေါင်းထားပြီး ကူးစက်နိုင်စွမ်းလည်း မြင့်မားပြီး လက်ရှိ ထိုးနှံပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေး တချို့ကို ရှောင်ကွင်း နိုင်တဲ့ စွမ်းရည်မျိုးတောင် ရှိနိုင်တယ်လို့ ဆိုကြပါတယ်။
✔️ဒါပေမယ့် ဒီမျိုးကွဲသစ်နဲ့ ပတ်သက်လို့ တိကျတဲ့ အချက်အလက်တွေ မရရှိသေးပါဘူး။ ဒါကြောင့် ဒီပိုးက ကူးစက်မှုနှုန်း ပိုမြန်သလား၊ ကာကွယ်ဆေးတွေနဲ့ တခြား ဆေးဝါးတွေရဲ့ ဆေးစွမ်းကျသွား စေနိုင်မလား ဒါမှမဟုတ် ရောဂါ အခြေအနေ ပိုပြင်းထန်သွားစေနိုင် သလား ဆိုတာကို သေသေချာချာ မပြောနိုင်သေးပါဘူး။
✔️ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အခုလို နာမည်ပေးလိုက်ပြီ ဖြစ်တာကြောင့် အစပိုင်းက "Nu variant" နု မျိုးကွဲ ဆိုတဲ့ နာမည်ပေးမလား ဆိုတဲ့ မှန်းဆချက်တွေကိုတော့ အဆုံးသတ်သွားစေပါတယ်။
အဲဒီ "Nu ဆိုတဲ့ ဂရိ အက္ခရာရဲ့ အသံထွက်နဲ့ ပတ်သက်လို့လည်း ငြင်းခုန်နေခဲ့ကြပါသေးတယ်။ တကယ့် အသံထွက်က "Nee" ပါ။
❗️ဒါပေမယ့် အခုတော့ နာမည်သစ် တခု ထပ်ပေါ်လာပါပြီ။ Omicron ဆိုတဲ့ နာမည်ကို လာမယ့် သီတင်းပတ်တွေအတွင်း တော်တော် ကြားလာရနိုင်ပါတယ်။
❗️မြန်မာပြည်သူပြည်သားများအနေနဲ့လည်း ပေါ့ဆမှုမရှိဘဲ အထူးသတိပြုဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်
Credit- BBC Burmese News
🙏🏻တန်ဆောင်တိုင် လက်ဆောင်မွန်🙏🏻
STAY HOME မှအစဉ်အမြဲ ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုယူနေသော မိတ်ဟောင်း customer များအတွက်ရော မိတ်သစ် customer များအတွက် အထူးရည်ရွယ်သာ ပြီးပြည့်စုံပြီး စျေးနှုန်းသင့်တင့်သော ကျန်းမာရေး စစ်ဆေးမှု ပက်ကေ့ချ်များကို တန်ဆောင်တိုင်လက်ဆောင်မွန်အနေဖြင့် promotion အချိန်အား ထပ်မံတိုးမြှင့်ထားတဲ့ အပြင် ဘယ် package စစ်စစ်
🌟ထပ်ဆောင်း 10,000 ကျပ်သက်သာမယ့် အခွင့်အရေးလေးနော်😍
🎆အောက်ပါ package ပက်ကေ့ချ်များမှာ ပုံမှန်စျေးနှုန်းထက် များစွာသက်သာတဲ့အပြင် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပါပါပြီးသားဖြစ်ပါတယ်
🎆စျေးနှုန်းအသေးစိတ်လေးနဲ့ပါဝင်တဲ့ ဝန်ဆောင်မှုလေးတွေကို ဆက်ကြည့်လိုက်ရအောင်နော်။
✅Package တိုင်းမှာ ပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့
✔️ကျွမ်းကျင်သော သူနာပြုများမှ အိမ်တိုင်ရာရောက် သွေးဖောက်ပေးပြီး
✔️ တိကျမှန်ကန် မြန်ဆန်သော ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပေးကာ
✔️အဖြေမရခင်နှင့် ရပြီး (၂) ကြိမ်စလုံးကို
ယုံကြည်စိတ်ချရသောဆရာဝန်များမှ စိတ်ရှည်စွာ အချိန်ပေးရှင်းပြမေးမှာဖြစ်ပါတယ်။
Promtoion ကာလက November လကုန်ထိပေးထားတာမလို့ ခုပဲ
📞09456429259 နဲ့
📞09778853085 တို့ကို ခုပဲဖုန်းဆက် booking လုပ်လိုက်ရအောင်🎆
📲 ငွေချေဖို့အတွက်လည်း mobile banking (Kpay, AYA, CB, KBZ) စတဲ့ ဝန်ဆောင်မှုတွေသုံးပြီး ပေးနိုင်တာမလို့ cash ငွေသားအတွက်လည်း စိတ်မပူရတော့ဘူးနော်😍
Medical Check-up
Gold Package ( 38 tests)
👉Original price - 315,000 MMK
👉Discount price - 250,000 MMK (-10,000 MMK) = 240,000 MMK
✅Telemedicine (2) times (before and after blood test) - သွေးမစစ်မှီနှင့် သွေးစစ်ပြီး ဆရာဝန်နှင့်ဆွေးနွေးတိုငိပင်ခြင်း (၂) ကြိမ်
✅ ECG- နှလုံးအီးစီဂျီ ရိုက်ကူးခြင်း
✅Complete Blood Count သွေးဆဲလ်များဓာတ်ခွဲစစ်ဆေးခြင်း
✅ABO, Rh - သွေးအုပ်စုအမျိုးအစားခွဲခြားခြင်း
✅HbA1C- သွေးတွင်းပျှမ်းမျှသကြားဓာတ် တိုင်းတာစစ်ဆေးခြင်း
✅Lipid Profile- သွေးတွင်းအဆီတိုင်းတာစစ်ဆေးခြင်း
Total cholesterol
Triglycerides
HDL
LDL
Total/HDL cholesterol ratio
✅Liver Function Tests -အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း
Total bilirubin
Alkaline Phosphatase
SGOT/AST
SGPT/ALT
GGT
Total Protein
Albumin
Globulin
✅Renal Function Tests ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း
Urea
Electrolytes (Na+, K+, CL-, Bicarb)
Creatinine
eGFR
✅Thyroid Function Test - သိုင်းရိုက်ဟော်မုန်းဓာတ်များစစ်ဆေးခြင်း
TSH
FreeT3
FreeT4
✅Tumour Markers- ကင်ဆာရောဂါဖြစ်နိုင်ခြေရှိ/မရှိစစ်ဆေးခြင်း
✅AFP အဆုတ်ကင်ဆာ စစ်ဆေးခြင်း
✅CEA အူမကြီးကင်ဆာ စစ်ဆေးခြင်း
✅CA 19-9 ပန်ကရိယကင်ဆာ စစ်ဆေးခြင်း
✅Male - PSA profile ဆီးကျိတ်ကင်ဆာ စစ်ဆေးခြင်း (or)
✅Female - CA 12-5 သားဥအိမ်ကင်ဆာ စစ်ဆေးခြင်း၊
✅CA 15-3 ရင်သားကင်ဆာ စစ်ဆေးခြင်း
✅Uric acid အဆစ်အမြစ်ရောင်ရောဂါအတွက် စစ်ဆေးခြင်း
✅HbsAg အသည်းရောင်အသားဝါဘီပိုးရှိ/မရှိစစ်ဆေးခြင်း
✅AntiHBs (Quantitative) အသည်းရောင်အသားဝါဘီပိုးခုခံအား ပမာဏစစ်ဆေးခြင်း
✅HCV Ab အသည်းရောင်အသားဝါစီပိုးရှိ/မရှိစစ်ဆေးခြင်း
✅Urine RE ဆီးစစ်ဆေးခြင်း
✅Stool RE ဝမ်းစစ်ဆေးခြင်း
✅ ကျွမ်းကျင်သော သူနာပြုများဖြင့် အိမ်တိုင်ရာရောက်သွေးဖောက်ဝန်ဆောင်မှု
✅ PPE charges + Transportation (ရန်ကုန်မြို့တွင်း မည်သည့်နေရာမဆို)
————-
Medical Check-up
Silver Package (26 tests)
👉Original price - 160,000 mmk
👉Discount price - 130,000 mmk (-10,000 MMK) =120,000 MMK
✅Telemedicine (2) times (before and after blood test) - သွေးမစစ်မှီနှင့် သွေးစစ်ပြီး ဆရာဝန်နှင့်ဆွေးနွေးတိုငိပင်ခြင်း (၂) ကြိမ်
✅Complete Blood Count- သွေးဆဲလ်များဓာတ်ခွဲစစ်ဆေးခြင်း
✅ABO, Rh- သွေးအုပ်စုအမျိုးအစားခွဲခြားခြင်း
✅HbA1C- သွေးတွင်းသကြားဓာတ် တိုင်းတာစစ်ဆေးခြင်း
✅Lipid Profile- သွေးတွင်းအဆီတိုင်းတာစစ်ဆေးခြင်း
Total cholesterol
Triglycerides
HDL
LDL
Total/HDL cholesterol ratio
✅Liver Function Tests- အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း
Total bilirubin
Alkaline Phosphatase
SGOT/AST
SGPT/ALT
✅Renal Function Tests- ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း
Urea
Electrolytes (Na+, K+, CL-, Bicarb)
Creatinine
eGFR
✅Thyroid Function Test- သိုင်းရိုက်ဟော်မုန်းဓာတ်စစ်ဆေးခြင်း
TSH
✅Uric acid- အဆစ်အမြစ်ရောင်ရောဂါအတွက် စစ်ဆေးခြင်း
✅HbsAg အသည်းရောင်အသားဝါဘီပိုးရှိ/မရှိစစ်ဆေးခြင်း
✅HCV Ab အသည်းရောင်အသားဝါစီပိုးရှိ/မရှိစစ်ဆေးခြင်း
✅Urine RE ဆီးစစ်ဆေးခြင်း
✅Stool RE ဝမ်းစစ်ဆေးခြင်း
✅ ကျွမ်းကျင်သော သူနာပြုများဖြင့် အိမ်တိုင်ရာရောက်သွေးဖောက်ဝန်ဆောင်မှု
✅ PPE charges + Transportation (ရန်ကုန်မြို့တွင်း မည်သည့်နေရာမဆို)
——————-
—————-
🤵👰Ruby package or Pre Wedding Medical Check-up
Package 1 (For Bride + Groom) (12 tests)
👉Original price - 150,000 mmk
👉Discount price - 125,000 mmk (-10,000 mmk) = 115,000 mmk
✅Telemedicine (2) times (before and after blood test) - သွေးမစစ်မှီနှင့် သွေးစစ်ပြီး ဆရာဝန်နှင့်ဆွေးနွေးတိုငိပင်ခြင်း (၂) ကြိမ်
✅ABO, Rh- သွေးအုပ်စုအမျိုးအစားခွဲခြားခြင်း
✅Complete Blood Count- သွေးဆဲလ်များဓာတ်ခွဲစစ်ဆေးခြင်း
✅RBS- သွေးတွင်းသကြားဓာတ် တိုင်းတာစစ်ဆေးခြင်း
✅HbsAg- အသည်းရောင်အသားဝါဘီပိုးစစ်ဆေးခြင်း
✅HCV Ab- အသည်းရောင်အသားဝါစီပိုးစစ်ဆေးခြင်း
✅HIV Ab- ကိုယ်ခံအားကျရောဂါ ရှိ/မရှိ စစ်ဆေးခြင်း
✅Syphilis screening- ကာလသားရောဂါပိုးရှိ/မရှိစစ်ဆေးခြင်း
✅Renal Function Tests- ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း
Urea
Creatinine
✅Thyroid Function Test- သိုင်းရိုက်ဟော်မုန်းဓာတ်များစစ်ဆေးခြင်း
✅Urine RE- ဆီးစစ်ဆေးခြင်း
✅ ကျွမ်းကျင်သော သူနာပြုများဖြင့် အိမ်တိုင်ရာရောက်သွေးဖောက်ဝန်ဆောင်မှု
✅ PPE charges + Transportation (ရန်ကုန်မြို့တွင်း မည်သည့်နေရာမဆို)
_______________________________________________
Ruby Package or Pre Wedding Medical Check-up
Package 2 (For Bride + Groom) (8 tests)
👉Original price - 100,000 mmk
👉Discount price - 80,000 mmk (-10,000 mmk) = 70,000 mmk
✅Telemedicine (2) times (before and after blood test) - သွေးမစစ်မှီနှင့် သွေးစစ်ပြီး ဆရာဝန်နှင့်ဆွေးနွေးတိုငိပင်ခြင်း (၂) ကြိမ်
✅ABO, Rh- သွေးအုပ်စုအမျိုးအစားခွဲခြားခြင်း
✅Complete Blood Count- သွေးဆဲလ်များဓာတ်ခွဲစစ်ဆေးခြင်း
✅HbsAg- အသည်းရောင်အသားဝါဘီပိုးစစ်ဆေးခြင်း
✅HCV Ab- အသည်းရောင်အသားဝါစီပိုးစစ်ဆေးခြင်း
✅HIV Ab- ကိုယ်ခံအားကျရောဂါ ရှိ/မရှိ စစ်ဆေးခြင်း
✅Syphilis screening- ကာလသားရောဂါပိုးရှိ/မရှိစစ်ဆေးခြင်း
✅Urine RE- ဆီးစစ်ဆေးခြင်း
✅ ကျွမ်းကျင်သော သူနာပြုများဖြင့် အိမ်တိုင်ရာရောက်သွေးဖောက်ဝန်ဆောင်မှု
✅ PPE charges + Transportation (ရန်ကုန်မြို့တွင်း မည်သည့်နေရာမဆို)
#တန်ဆောင်တိုင်
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Website
Address
11-12, Shin Tayar Kyaung Street, North Dagon
Yangon
No 11, Kyaung Taw Yar Street, Daw Pone
Yangon, 11241
"ကောင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဓာတ်ခွဲခန်း ဖုန်း - 09973914030
No. 692, Myithar Street, 12 Quater, South Okkalapa Township
Yangon, 11091
Clinical Laboratory Service
No. 440, May Dar Wi Road ( Corner Of Nwe Ni Street And May Dar Wi Street) Ga Ward, North Oakkalapa Township
Yangon
Advanced Diagnostic Medical Laboratory
No 2622/A, 71 Quarter, Kyan Sit Ther Road, Kyan Sitthar Rd
Yangon, 11431
medical
No. (470), 3rd Quarter , Corner Of Wayzayantar Road And Thitsar Road, South Okkalapa Township
Yangon
Ingyin Phyu Medical Centre & Laboratory (Yangon)
Kyaung Street, 19th Ward, Near Hlawgar Road, South Dagon
Yangon
(ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြန့်ချီရေး) Lab Supplies🔬💻🌹 Let's Grow Together with AHC 💪💪💪
No. 54, Zin Ka Ma Street, 2/North Quarter, Thakayta Township
Yangon, 11231
24 hrs for patients
120/C, Bargaya Street, Near Shan Lan Bus Stop
Yangon, 11111
Everything we do is aimed at helping you simplify treatment, optimize results and improve more lives.