Art of Healing

Art of Healing

You may also like

Essential Infusions
Essential Infusions

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Art of Healing, Mental Health Service, Yangon.

MISSION
The mission of Art of Healing is to enhance mental health awareness, promote individual empowerment, and increase access to treatment and services for persons living with mental illness. We work to help people by serving mental health, child psychology, parenting education and community support needs through direct service, policy advocacy, and outreach. VISION
Our vision is to improve the

20/01/2024

📌 ဘယ်လိုအချက်တွေက Trichotillomania ဖြစ်စေလဲ ?

သုတေသန ပြုလုပ်ချက်တွေအရ Trichotillomania ဖြစ်ရခြင်း အကြောင်းရင်းကို သေချာမသိသေးပါဘူး။ ဒါပေမယ့် ရှုပ်ထွေးသော ပုံမမှန်မှုများ ( complex disorders )ကဲ့သို့ ပုံစံတူပါတယ်။

trichotillomania ဖြစ်နိုင်ချေရှိသော အချက်များ-

မိသားစုရာဇဝင် ။ မျိုးရိုးဗီဇကလည်း trichotillomania ဖြစ်
နိုင်ရှိတဲ့ အခန်းကဏ္ဍမှပါဝင်နိုင်ပါတယ်။ ကိုယ့်ဆွေမျိုးထဲမှာ trichotillomania နှင့် နီးစပ်သော လက္ခာရှိတဲ့ တဦးဦး ရှိခဲ့လျှင် ဒါက ကိုယ့်မှာ ဖြစ်နိုင်ချေရှိပါတယ်။

ကျန်းမာရေး အခြေအနေ။ အချို့လူများမှာ ဆံပင် သို့မဟုတ် အရေပြားအခြေအနေများ အဆင်မပြေဖြစ်နိုင်တယ်။ ဒါက ဆံပင်ဆွဲခြင်း သို့မဟုတ် ဦးရေပြားကို ကုတ်ခြင်း ဖဲ့ခြင်းတို့ကို ပြုလုပ်စေဖို့ အာရုံစိုက်စေနိုင်တယ်။

အသက်။ Trichotillomaniaက အများအားဖြင့် ဆယ်ကျော်သက်မတိုင်မီ သို့မဟုတ် အစောပိုင်းကာလတွင် ဖြစ်တတ်တယ် — အများအားဖြင့် အသက် 10 နှစ်မှ 13 နှစ်ကြားမှာ ဖြစ်တတ်တယ်။ တသက်လုံး ပြဿနာဖြစ်တတ်
တယ်။ ကလေးငယ်များမှာ သူတို့ရဲ့ဆံပင်ကို ဆွဲနှုတ်
နိုင်သော်လည်း များသောအားဖြင့် စတင်ပြုလုပ်မိခါစ အချိန်အစောပိုင်းမှာ ကုသမှုမခံယူဘဲ သူ့အလိုလို ပျောက်သွားတတ်တယ်။

အခြားစိတ်ကျန်းမာရေးအခြေအနေများ။ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ် သို့မဟုတ် Obsessive-compulsive disorder (OCD) ကဲ့သို့သော အခြားအခြေအနေများကလည်း trichotillomania နှင့်အတူ ဖြစ်ပွါးနိုင်ပါတယ်။

စိတ်ဖိစီးမှု။ ပြင်းထန်သောစိတ်ဖိစီးမှုအခြေအနေများ သို့မဟုတ် အဖြစ်အပျက်တွေက အချို့လူများကို trichotillomania ဖြစ်စေနိုင်ပါတယ်။

ပတ်ဝန်းကျင်။ ပျင်းခြင်း၊ အထီးကျန်ခြင်း နှင့် လျှို့ဝှက်ခြင်းတို့က ဆံပင်ဆွဲခြင်း ဖြစ်နိုင်ခြေကို တိုးမြင့်စေတတ်ပါတယ်။

Automatic ။ မိမိဆံပင်ကို ဆွဲထုတ်လိုက်တယ်ဆိုတာ ကိုယ်တိုင် မသိလိုက်ချိန်မှာ လုပ်မိပြီးဖြစ်နေတတ်ပါတယ်။ ဥပမာအားဖြင့် ပျင်းနေချိန်၊ စာဖတ်ခြင်း သို့မဟုတ် တီဗီကြည့်ခြင်းမျိုး ဖြစ်နိုင်ပါတယ်။

Focused ။ တင်းမာမှု (tension) သို့မဟုတ် စိတ်ပူပန်မှုကို သက်သာစေရန် သင့်ဆံပင်ကို ရည်ရွယ်ချက်ရှိရှိ ဆွဲနှုတ်
နိုင်ပါတယ်။ တခါတရံမှာ အလိုလျှောက်နှုတ်မိခြင်းနှင့် တမင်ရည်ရွယ်ပြီး ဆံပင်နှုတ်ခြင်းကလည်း တပြိုင်နက်ထဲ ဖြစ်နိုင်ပါတယ်။

Trichotillomania က အောက်ဖော်ပြပါအချက်အလက်များနှင့်လည်း သက်ဆိုင်နိုင်ပါတယ်။

Negative feelings
ဆံပင်ကိုဆွဲနှုတ်ခြင်းက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ တင်းမာမှု၊ ပျင်းရိမှု၊ အထီးကျန်မှု၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှု သို့မဟုတ် စိတ်ပျက်အားငယ်မှုစတဲ့ အနုတ်လက္ခဏာ သို့မဟုတ် မသက်မသာခံစားချက်များကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတခု ဖြစ်နိုင်ပါတယ်။

Positive Feelings
ဆံပင်ကို ဆွဲနှုတ်ခြင်းက ကျေနပ်အားရစေပြီး သက်သာရာရစေတယ်လို့ ခံစားတွေ့ရှိနိုင်ပါတယ်။ ရလဒ်အနေဖြင့် positive feelingsကို ထိန်းသိမ်းထားနိုင်ရန်အတွက် မိမိဆံပင်ကို
ဆက်လက်ဆွဲနှုတ်တတ်တဲ့ အကျင့်ရှိပါတယ်။

Trichotillomaniaက ရေရှည်ရောဂါတခုဖြစ်ပါတယ်၊ မကုသပါဘဲနေမယ်ဆိုရင် ရောဂါလက္ခဏာများက ရက်သတ္တပတ်၊ လ သို့မဟုတ် နှစ်ကာလများမှာ ပြန်ဖြစ်လာနိုင်ပါတယ်။ ရောဂါလက္ခဏာများက အချိန်နှင့်အမျှ ကွဲပြားနိုင်ပါတယ်။
ဥပမာအားဖြင့်၊ ရာသီလာစဉ်အတွင်း ဟော်မုန်းပြောင်းလဲမှုများတဲ့ အချို့အမျိုးသမီးများမှာ ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

ဆံပင်ကို ဆွဲနှုတ်ခြင်းကို မရပ်တန့်နိုင်ပါက သို့မဟုတ် သင့်အသွင်အပြင်ကြောင့် ရှက်ရွံ့ခြင်း သို့မဟုတ် ရှက်ရွံ့ခြင်း ခံစားရပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးပါ။

Trichotillomania က အကျင့်ဆိုးတခုမျှသာမဟုတ်ဘဲ စိတ်ကျန်းမာရေးအခြေအနေတခုဖြစ်တယ်။ ကုသမှုမခံယူဘဲ ပိုကောင်းလာဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မိမိမှာ အထက်ပါ အလားတူပုံစံ ဖြစ်နေတယ်ဆိုရင် psychiatric/ counselor များနှင့် သေချာ ဆွေးနွေးသင့်ပါတယ်။

Photos from Art of Healing's post 20/01/2024

Balancing Emotions

08/01/2024

☀️ Trichotillomania ( compulsive hair-pulling )ကို trich လို့လည်း ခေါ်ကြတယ်။ ဆံပင်ကို ဆွဲနှုတ်စေဖို့ တိုက်တွန်းမှုစေ့ဆော်မှုကို မတွန်းလှန်နိုင်တဲ့ ဖြစ်စဉ်တခု ဖြစ်တယ်။

☀️ ဆံပင်၊ မျက်ခုံးမွှေး သို့မဟုတ် မျက်တောင်ကဲ့သို့သော အရာများကို ဆွဲနှုတ်နိုင်ပါတယ်။Trichက ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များမှာ ပိုအဖြစ်များပါတယ်။ အထူးသဖြင့် အမျိုးသမီးများမှာ ပိုမိုအဖြစ်များပေမယ့်လည်း မည်သူမဆို ဖြစ်နိုင်ပါတယ်။

Trichotillomania ၏ရောဂါလက္ခဏာများ

☀️ Trich ရှိသူတွေဟာ ဆံပင်ကို ဆွဲထုတ်ဖို့ ပြင်းပြင်းထန်ထန် တွန်းအားတွေ ခံစားရပြီး တင်းမာမှုတွေ ကြီးထွားလာတဲ့အထိ ခံစားရလေ့ရှိပါတယ်။ ဆံပင်ကိုဆွဲထုတ်ပြီးနောက် သက်သာရာရမှု သို့မဟုတ် ကျေနပ်မှု ရရှိခြင်းတို့ကို ခံစားရစေပါတယ်။

☀️ စိတ်ဖိစီးမှုအခြေအနေတခုအတွက် အလိုအလျောက်
တုံ့ပြန်မှုတခုအဖြစ် ၎င်းကို ရောဂါအခြေအနေရှိသူအများအပြားက ပြုလုပ်ကြသော်လည်း ဝေဒနာရှင်အားလုံးက ၎င်းတို့လုပ်နေသမျှကို လုံးဝမသိကြဘဲ ဆံပင်ကို ပျက်နေသောပုံစံဖြင့် သာ ဆွဲနှုတ်လိုက်ကြပါတယ်။

☀️ လူတဦးမှာ တခါတရံ ဖိစီးမှုရှိတဲ့အခါ အခြေအနေတခုကို တုံ့ပြန်တဲ့အခါ သူတို့ရဲ့ ဆံပင်ကို ဆွဲနှုတ်နိုင်တယ် ဒါမှမဟုတ် အမှန်တကယ် မစဉ်းစားဘဲ မရည်ရွယ်ဘဲ ပြုလုပ်နိုင်ပါတယ်။

☀️ Trich ရှိသူအများစုက သူတို့ရဲ့ ဦးရေပြားမှ ဆံပင်တွေကို နှုတ်ယူကြပေမယ့်လည်း အချို့က အခြားနေရာများမှ အမွှေးအမျှင်များကို နှုတ်ကြပါတယ်။

-မျက်ခုံး
-မျက်တောင်
-လိင်အင်္ဂါ ဧရိယာ
-မုတ်ဆိတ်မွေး သို့မဟုတ် နှုတ်ခမ်းမွေး

ဦးခေါင်းပေါ်ရှိ ထိပ်ပြောင်နေတဲ့ အကွက်တွေက ပုံမှန်
မဟုတ်တဲ့ ပုံသဏ္ဍာန်ရှိနိုင်ပြီး အခြားတဖက်ထက် ဦးခေါင်းရဲ့ တဖက်ခြမ်းကို ပိုမိုထိခိုက်စေပါတယ်။

Trichက အရှက်ကွဲစေခြင်းနှင့် မိမိကိုယ်ကို လေးစားမှု နည်းပါးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ Trich ရှိသူတွေက သူတို့ရဲ့ အခြေအနေကို မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားကြပါတယ်။ ဥပမာ - စိတ်ဖိစီးအရမ်းများလာတဲ့အခါ အလိုလျှောက် မသိလိုက်ဘဲ ခန္ဓာကိုယ်တုန့်ပြန်မှုက ဦးခေါင်းက ဆံပင်တွေကို ဆွဲနှုတ်တဲ့အခါ သတိထားမိချိန် ဆံပင်တွေ ဦးခေါင်းမှာ အကွက်လိုက်ဖြစ်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ အလှတခု အားနည်းချက်တခု ဖြစ်နိုင်တာကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားကြပါတယ်။

လက်သည်းကိုက်တတ်တဲ့အကျင့်ကလည်း trich နှင့် အလားတူပဲ ဖြစ်ပါတယ်။ Trich ဖြစ်စေတဲ့အကြောင်းကို နောက်
တရက်မှာ ရေးပေးပါမယ်။

06/01/2024

🪢 ဒီစာလေးကို ဖတ်မိခဲ့မယ်ဆိုရင် …Relationship issues တွေ မိမိမှာ ရရှိခဲ့မယ်ဆိုရင်… ဒီအတိုင်း ထားပြီး နေ့ရက်တွေကို မဖြတ်သန်းဘဲ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပျောက်ကင်းအောင် ကုသဖို့အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်…။

🪢 ကိုယ်လိုချင်တဲ့ ပုံစံ အချက်အလက်တွေက ကိုယ့်ရဲ့တဖက်လူမှာ ရှိမနေဘူးဆိုရင် ဒီအရာကို ဘယ်လို အကောင်းဆုံး နှစ်ယောက်ကြားမှာ ဖြေရှင်းမလဲဆိုတာ အရေးကြီးပါတယ်။

🪢 Romantic relationship မှာ ဘယ်အဟာက အရေးကြီးဆုံး အချက်ဖြစ်မလဲ စဉ်းစားမိတဲ့အခါ တယောက်နဲ့တယောက်ရဲ့ ခံယူချက်ခြင်းက (လုံးဝ) မတူညီနိုင်ဘူးဆိုတာကို အားလုံးလည်း သိပြီး ဖြစ်မှာပါ။

🪢 အခြေခံအုတ်မြစ်ကတော့ honesty, trust, respect, open communication, boundaries, Consent တို့ပဲ ဖြစ်ပါတယ်။ တယောက်နှင့်တယောက် ဆက်ဆံကြရတဲ့အခါ ယုံကြည်မှု အပြန်အလှန် ရရှိဖို့ကို အချိန်ယူပြီး တည်ဆောက်ကြရပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးတခု ဖြစ်ဖို့ဆိုတာ တဖက်လူရဲ့
privacy နဲ့ spaceကိုလည်း လေးစားဖို့ လိုအပ်ပါတယ်။
တဖက်လူနှင့်အတူ 24/7 ရှိနေရန် မလိုအပ်ပါဘူး။ သူတို့ကိုယ်တိုင်ရော ကျမတို့ကိုယ်တိုင်ရော တယောက်ထဲ နေချင်တဲ့အချိန် အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ ဒါကိုလည်း အပြန်အလှန် နားလည်ပေးနိုင်ဖို့ ကြိုးစားနိုင်ရပါမယ်။

🪢 ကျမတို့ရဲ့ တဖက်လူကို ကိုယ့်ထင်မြင်ယူဆချက်များနဲ့စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုတဲ့အခါ စိတ်သက်သာရာရရှိစေပါတယ်။ ကိုယ့်စိတ်က ခံစားနေရတာ ဒါမှမဟုတ်တဖက်လူက ခံစားနေရတာတွေကို ကျမတို့က အလိုလျောက် မသိရှိနိုင်ပါဘူး။ ဒါကြောင့် အဆင်ပြေပြေနှင့် မှန်ကန်စွာ စကားပြောဆို ဆွေးနွေးတတ်ဖို့ကလည်း အရေးကြီးပါတယ်။

🪢 Social mediaကိုလည်း သတိထားပြီး သုံးစွဲတတ်ဖို့ လိုပါလိမ့်မယ်။ ကောင်းမွန်တဲ့အစိတ်အပိုင်းတွေကိုပဲ ချပြတတ်တဲ့ ထုံးစံအရ ကျမတို့က ဒီအရာတွေပေါ်မှာ ရိုးမယ်ဖွဲ့ပြီး တဖက်လူအပေါ်မှာ “ သူတို့လိုမျိုး ငါ့အပေါ် မလုပ်ပေးပါလား၊ သူတို့တွေက အားကျဖို့ ကောင်းလိုက်တာ “ စတဲ့ မိမိရဲ့ စိတ်မလုံခြုံတဲ့ စိတ်ခံစားမှု၊ အားမလိုအားမရ စိတ်ခံစားမှုတွေကို မှန်ကန်စွာ သိမြင်ပြီး တဖက်လူနှင့် မိမိကြား ဆက်ဆံရေးကို လက်တွေ့ကျကျ သိမြင်သုံးသပ်နိုင်ရပါမယ်။

🪢 ကျမတို့ကိုယ်တိုင်သော်လည်းကောင်း တဖက်လူကိုယ်တိုင်သော်လည်း တဦးတယောက်ခြင်းဆီရဲ့ ဆန္ဒများနှင့်
ခံစားချက်များ လေးစားတတ်ရန် လိုအပ်ပြီး သဘောထားကွဲလွဲမှုများ သို့မဟုတ် ပဋိပက္ခများရှိလာသောအခါတွင် သင့်တင့်မျှတသော မှန်ကန်သော အပြုအမူ အပြောအဆိုများ၊အပေးအယူနှင့် ညှိနှိုင်းနိုင်ပါတယ်။

🪢 ကိုယ်ချင်းစာတရားနှင့် အပြန်အလှန်လေးစားမှုကလည်း ဆက်ဆံရေးတခုမှာ အင်မတန်မှ အရေးကြီးပါတယ်။ အဲ့လိုပဲ ကိုယ်က အမှားလုပ်မိခဲ့ရင်လည်း တဖက်လူအပေါ်မှာ သေချာ ရှင်းပြနိုင်ပြီး ကျေနပ်တဲ့အထိ တောင်းပန်တတ်ဖို့လည်း လိုအပ်ပါတယ်။ ပြဿနာတစုံတခု ဖြစ်ခဲ့ပြီးသွားရင်လည်း ဒီပြဿနာတခုကို အပြန်အလှန် လေးနက်စွာ ဖြေရှင်းပြီးသွားရင် နောက်တကြိမ် ပြဿနာကို အစမဖော်မိဖို့၊ တယောက်နှင့်တယောက် စိတ်ထဲမှာလည်း အငြိုးအတေး မထားမိဖို့ နေထိုင်ဆက်ဆံတတ်ဖို့ကလည်း အရေးကြီးပါတယ်။

🪢 ငယ်စဉ်ထဲက မတူညီကြတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ထိန်းချုပ်ခံရမှု အခြေအနေတွေက မတူညီကြတဲ့အတွက် တယောက်ရဲ့ သဘောထား၊ ယုံကြည်မှုတွေကို အပြန်အလှန် လေးစားပေးပြီး နားလည် တတ်ဖို့ရန်လည်း အရေးကြီးပါတယ်။

🪢 ကိုယ်ကြုံတွေ့ခဲ့ရဖူးတဲ့ relationship issues တွေကြောင့် ကိုယ့်စိတ်ထဲမှာ လက်ရှိ တဖက်လူအပေါ်အထိ အကျိုးသက်ရောက်မှု ဖြစ်နေတယ်ဆိုရင် လက်ရှိမှာလည်း အလားတူ ပြဿနာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ကျမတို့က တဖက်လူအပေါ် ချစ်ခင်တန်ဖိုးထားတဲ့ အရာက ဘယ်လိုဖြစ်မလဲ ။ ကျမတို့ ကိုယ်တိုင်က လိုချင်တောင့်တပြီး ကျမတို့ မရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကို တဖက်လူကို ပေးမိနေတာလား။ ငယ်စဉ်က ကျမတို့ မိဘတွေ အုပ်ထိန်းသူတွေဆီကနေ ရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ ပုံစံမျိုးနဲ့ ပေးမိနေတာလား။ ဘယ်လိုဘယ်ပုံစံနဲ့ တဖက်လူအပေါ်မှာ ကျမတို့ရဲ့ ချစ်ခြင်းမေတ္တာက သက်ရောက်နေလဲ။

🪢 တဦးနှင့်တဦး အပြန်အလှန် စိတ်ဒဏ်ရာ မပေးမိအောင် ချစ်တတ်ကြပြီး အဆင်မပြေကြတော့သည်တိုင်အောင် ကောင်းမွန်စွာနှင့် လမ်းခွဲတတ်ကြဖို့လည်း အရေးပါတယ်။စိတ်ဒဏ်ရာဆိုတာ မမြင်ရပေမယ့် ရရှိလာခဲ့မယ်ဆိုရင် မကုသဘဲ ထားမိတဲ့အခါ တသက်လုံး တမြေ့မြေ့နဲ့ ခံစားနေရမှာပါ။ ဒါကြောင့် မိမိကိုယ်တိုင်ကရော၊ တပါးလူကိုယ်တိုင်ကရော မှန်ကန်ကောင်းမွန်စွာ ချစ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။

🪢 ဒီစာလေးကို ဖတ်မိခဲ့မယ်ဆိုရင် …Relationship issues တွေ မိမိမှာ ရရှိခဲ့မယ်ဆိုရင်… ဒီအတိုင်း ထားပြီး နေ့ရက်တွေကို မဖြတ်သန်းဘဲ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပျောက်ကင်းအောင် ကုသဖို့အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်…။

Photos from Art of Healing's post 03/01/2024

ရုပ်ရှင်ကြည့်ရင်း တိတ်တိတ်ဆိတ်ဆိတ် ငိုနေတာ ဒါမှမဟုတ် ရုတ်တရက် ထိန်းမနိုင်သိမ်းမရ ငိုနေတာကို ကျမတို့ကိုယ်တိုင် ဖြစ်ဖူးလား ဒါမှမဟုတ် တခြားလူ ငိုနေတာကို တွေ့ဖူးပါလား?

ရုပ်ရှင်ကြည့်ပြီး ငိုမိတာဟာ ကျမတို့က ပျော့ညံ့လို့ မဟုတ်ဘဲ ကျမတို့မှာရှိတဲ့ ကိုယ်ချင်းစာနာစိတ် ဘယ်လောက်ကြီးမားလဲဆိုတာကို ပြသခြင်းပဲ ဖြစ်ပါတယ်။

ကျမတို့က ရုပ်ရှင်ကြည့်ရင်း ငိုရတဲ့အခန်းတွေဆို ဘာကြောင့်ငိုတာလဲ။ ဒါက စိတ်ပိုင်းဆိုင်ရာ အားနည်းခြင်းရဲ့ လက္ခဏာများဖြစ်နေမလားဆိုပြီး သံသယစိတ်တွေနဲ့ တွေးထင်မိပါလား ဒါမှမဟုတ် ခွန်အားရဲ့ ညွှန်ပြချက်လား – စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးရဲ့ အထောက်အထားလား။

ဇာတ်လမ်း ဇာတ်အိမ်ကောင်းများတွေက ကျမတို့ကို ဆွဲဆောင်နိုင်ပြီး ပိုမိုနက်ရှိုင်းစွာ ဆွဲဆောင်နိုင်စေဖို့အတွက် သက်ဆိုင်ရာအနုပညာရှင်တွေက ဂရုတစိုက်ဖန်တီးထားတာ ဖြစ်ပါတယ်။ ကျမတို့ ကြည့်နေတဲ့ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့ ကာရိုက်တာတွေကို ကိုယ်တိုင်ဖြစ်ပျက်နေသယောင် ခံစားစေမှုကို ကျမတို့ ခံစားရမှာပါ။ ရုပ်ရှင်တွေက အစစ်အမှန် မဟုတ်ပေမယ့်လည်း တကယ့်အပြင်မှာ ဖြစ်နေသလိုမျိုး ခံစားရပြီး တုန့်ပြန်မှုတွေ ကျမတို့ လုပ်တတ်ကြပါတယ်။
အချို့က ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ ကြည့်တဲ့အခါ ဇာတ်ကောင်တွေရဲ့ အကြောင်းကို သိရှိရခြင်းက ကျမတို့ကို ပို၍ပင် ခွန်အားဖြစ်စေပါတယ်။ရုပ်ရှင်အချို့ရဲ့ စိတ်ခံစားမှုစွမ်းအားက အထူးသဖြင့် စွဲမက်ဖွယ်ကောင်းပါတယ်။

🎄 အချစ်ဟော်မုန်း

အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Paul Zakက စွဲမက်ဖွယ်ကောင်းသော ဇာတ်လမ်းများ၏ အကျိုးသက်ရောက်မှုတွေကို လေ့လာခဲ့ပြီး ဒီလိုရုပ်ရှင်တွေ ကြည့်ရှုခြင်းက အောက်ဆီတိုစင်ကို ထုတ်ပေးနိုင်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

Oxytocinက ကလေးမွေးဖွားခြင်းနှင့် နို့တိုက်ကျွေးခြင်း အခန်းကဏ္ဍမှာ မွေးဖွားစဉ်အတွင်း ကျုံ့သွားခြင်းနှင့် နို့ပြွန်များကို လှုံ့ဆော်ပေးခြင်းတို့ကြောင့် လူသိများပါတယ်။ ပွေ့ဖက်ခြင်း၊ နမ်းခြင်း၊ လိင်ဆက်ဆံခြင်း နှင့် တိရိစ္ဆာန်များပင်လျှင် အပြုသဘောဆောင်တဲ့ လူမှုဆက်ဆံရေးတွေကနေတဆင့် တုံ့ပြန်ခြင်းအတွက် Oxytocin ထုတ်လွှတ်ပေးပါတယ်။

ဒါကြောင့် ၎င်းကို "အချစ်ဟော်မုန်း" လို့ခေါ်ပါတယ်။

လူသားတွေအနေနဲ့ (သတ္တဝါတွေအနေနဲ့) ကျမတို့ရဲ့
ရှင်သန်မှုက လူမှုဆက်ဆံရေးအပေါ်မူတည်ပြီး အောက်ဆီတိုစင်က အရေးကြီးပါတယ်။ ကျမတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ပြုစုစောင့်ရှောက်ပေးသူများနှင့် အကာအကွယ်ပေးတဲ့လူမှုရေးအဖွဲ့များနှင့် ခွဲခြားသိရှိနိုင်ဖို့အတွက်လည်း ကူညီပေးပါတယ်။

အခြားအာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Robert Froemke ရဲ့အဆိုအရ မကြာသေးမီက သုတေသနပြုချက်အရ အောက်ဆီတိုစင်က ပိုမိုကျယ်ပြန့်တဲ့ သက်ရောက်မှုရှိပြီး လူတဦး လက်ရှိကြုံတွေ့နေရတဲ့ ဦးနှောက်လှုပ်ရှားမှုကို ချဲ့ထွင်ပေးတဲ့ အသံပမာဏအဖြစ် လုပ်ဆောင်ကြောင်း ပြသထားပါတယ်။

ဒါကြောင့် oxytocinက ခိုင်မာတဲ့လူမှုရေးနှောင်ကြိုးတွေကို သေချာစေဖို့အတွက် ဇီဝဗေဒအရပစ်မှတ်ထားနိုင်သော်လည်း ၎င်းက စိတ်ခံစားမှုဆိုင်ရာတုံ့ပြန်မှုတွေကို မြှင့်တင်နိုင်ဖို့လည်း ဆောင်ရွက်ပါတယ်။

ရုပ်ရှင်တွေ ကြည့်ပြီး ငိုမိခြင်းက လူမှုဆက်ဆံရေး အတွေ့အကြုံကြောင့် ကျမတို့ခံစားရတဲ့ ဆက်သွယ်မှုတွေကြောင့် အောက်ဆီတိုစင်ကို အစပျိုးပေးတဲ့ လက္ခဏာဖြစ်ပါတယ်။ ကျမတို့ရဲ့အာရုံစူးစိုက်မှုကို ဖမ်းစားထားပြီး ရုပ်ရှင်ရဲ့ဇာတ်လမ်းက ခံစားချက်များ ထွက်ပေါ်လာပါတယ်။

ဒီနောက် Oxytocinက စာနာမှုနှင့် ကရုဏာစိတ်တွေ တိုးမြင့်လာကာ လူမှုဆက်နွှယ်မှုဆိုင်ရာ ခံစားချက်များကို ပိုမိုပြင်းထန်လာစေပြီး ရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့ လူမှုဆက်ဆံရေးဆိုင်ရာ အရိပ်အမြွက်တွေကို ကျမတို့ ပိုမိုအာရုံစိုက်လာစေပါတယ်။ ဒါ့ကြောင့် ရုတ်တရတ် စိတ်ခံစားမှုတွေကို ထွက်လာစေပါတယ်။

🎄စာနာခြင်းသည် ခွန်အား၏ လက္ခဏာတစ်ခုဖြစ်သည်။

စာနာမှုက စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးရဲ့ အဓိကအစိတ်အပိုင်းတခုဖြစ်ပါတယ်။
Emotional Intelligenceက ကျမတို့ရဲ့ စိတ်ခံစားချက်တွေကို ခွဲခြားသိမြင် ထိန်းညှိပေးနိုင်စွမ်းရှိပြီး အခြားသူတွေရဲ့ စိတ်ခံစားချက်များကို နားလည် စီမံခန့်ခွဲနိုင်မှု စွမ်းရည်ဖြစ်ပါတယ်။

စိတ်ပညာရှင် Daniel Golemanအဆိုအရ စာနာမှုက စိတ်
ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးရဲ့ အဓိကကျတဲ့ လက္ခဏာငါးမျိုးမှာ တခုအပါအဝင်ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် သိရှိမှု၊ မိမိကိုယ်ကို ထိန်းညှိမှု၊ လှုံ့ဆော်မှုနှင့် လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုများတွေ ပါဝင်ပါတယ်။

မြင့်မားတဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးက ထိရောက်တဲ့ခေါင်းဆောင်မှု၊ ပရော်ဖက်ရှင်နယ်အောင်မြင်မှုနှင့် ပညာရေးအောင်မြင်မှု၊ ပိုမိုကောင်းမွန်တဲ့ လူမှုဆက်ဆံရေးနှင့် ရင်းနှီးသောဆက်ဆံရေးတို့နှင့် ဆက်စပ်နေကြောင်း ပြသထားပါတယ်။ ၎င်းက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် သုခချမ်းသာတို့နှင့် ဆက်စပ်နေပြီး ပိုမိုကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးက စိတ်ဖိစီးမှုနှင့်ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းရန်ကူညီပေးပါတယ်။

ရုပ်ရှင်ကို တုံ့ပြန်ရာမှာ ငိုမိခြင်းက စာနာမှု၊ လူမှုရေးအသိနှင့် ဆက်စပ်မှု—စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးရဲ့ ကဏ္ဍအားလုံးကို ဖော်ပြပါတယ်။ ဒါကြောင့် ၎င်းက အားနည်းချက်
ထက် တကိုယ်ရည်ခွန်အားကို ညွှန်ပြနေခြင်းပဲ ဖြစ်ပါတယ်။

လူတဦးက အခြားသူတွေကို ၎င်းတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကို ပြသရန် မကြောက်ကြောင်း ပြသသောကြောင့် ပွင့်ပွင့်လင်းလင်း ငိုကြွေးခြင်းက ခွန်အားရဲ့ လက္ခဏာတခု ဖြစ်နိုင်ပါတယ်။ ( ရုပ်ရှင်ကြည့်ရင်း ငိုရမယ့်အခန်း ပါလာလို့ ငိုတာက ကျမတို့ရဲ့ strength ကို အပြုသဘောဆောင်တဲ့ ပြသမှုတခုလည်း ဖြစ်ပါတယ်။ )

🎄 ငိုတာဟာ အားနည်းခြင်းရဲ့ လက္ခဏာမဟုတ်ပါဘူး။

ရုပ်ရှင်တွေ ကြည့်ပြီး ငိုမိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ အားနည်းခြင်းရဲ့ လက္ခဏာတခုအနေနဲ့ ရှုမြင်ရတဲ့အကြောင်းရင်းက ငိုခြင်း အထူးသဖြင့် အခြားသူများရဲ့နာကျင်မှုကို တုံ့ပြန်တဲ့အခါ ငိုခြင်းဖြင့် သရုပ်ဖော်ပုံဟာ အမျိုးသမီးတွေရဲ့ အပြုအမူတစ်ခုအဖြစ် ရှုမြင်ခြင်းကြောင့် ဖြစ်ပါတယ်။

အောက်ဆီတိုစင်ပါဝင်ပေါင်းစပ်တဲ့အခါ ကျမတို့စိတ်မှာ ဖြစ်ပေါ်လာတဲ့ စာနာမှု၊ လူမှုဆက်ဆံရေးတို့ကဟာ ကလေးမွေးဖွားခြင်းနှင့် ခိုင်ခိုင်မာမာဆက်စပ်နေပြီး ငိုခြင်း = အမျိုးသမီး = အားနည်းခြင်းဆိုပြီး ဆက်သွယ်မှုတို့ကို တည်ဆောက်ထားပါတယ်။

ဒါပေမယ့် ကျမတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးကို သက်သေပြဖို့ အားနည်းတာ ဘာမှမရှိပါဘူး။ စိတ်ခံစားမှုအရ ငိုတာဟာ လူသားတွေရဲ့ ထူးခြားတဲ့ အပြုအမူတခုပါ။ ရုပ်ရှင်ကောင်းတွေက အခြားကမ္ဘာတခုမှာ ကျမတို့ကို ရောက်ရှိသွားစေပြီး အားကောင်းတဲ့ စိတ်ခံစားမှုတွေကို လှုံ့ဆော်ပေးကာ ကျမတို့ရဲ့ ဦးနှောက်အတွင်းမှာရှိတဲ့ ဇီဝဖြစ်စဉ်တွေကို လှုံ့ဆော်ပေးပါတယ်။ ရုတ်တရက် မျက်ရည်တွေ ဝဲတက်လာပြီး ကိုယ်ချင်းစာတရား ပြင်းထန်တဲ့ တုံ့ပြန်မှုကို ပြသပါတယ်။

ရုပ်ရှင်ကြည့်ပြီး ငိုမိတာဟာ ကျမတို့က ပျော့ညံ့လို့ မဟုတ်ဘဲ ကျမတို့မှာရှိတဲ့ ကိုယ်ချင်းစာနာစိတ် ဘယ်လောက်ကြီးမားလဲဆိုတာကို ပြသခြင်းပဲ ဖြစ်ပါတယ်။ ငိုရတဲ့ ရုပ်ရှင်ကြည့်ပြီး
မငိုတတ်တဲ့လူတွေကို empathy မရှိဘူးလို့ ဒီနေရာမှာဆိုလိုခြင်း မဟုတ်ပါ။

ကျမကတော့ ရုပ်ရှင်ကြည့်ရင် ငိုမိတဲ့ အဖွဲ့ကပါ။ ကိုယ့်သူငယ်ချင်းတဲ့က ရုပ်ရှင် ကြည့်ရင်း ငိုတတ်တဲ့သူလေးတွေရှိရင် mention လုပ်ဖို့ မမေ့နဲ့နော် 😉

02/01/2024

“ Counselling တွေ သင်ထားတာပဲ စိတ်ကျန်းမာရေးအကြောင်း သိနေတာပဲ အဆင်ပြေအောင် ဒေါသမထွက်အောင် ထိန်းပြီးနေရမှာပေါ့”ဆိုပြီး အမြဲပြောလေ့ရှိတယ်။

တခါတရံ ကျမ မိခင်နှင့် ဖုန်းဆက်သွယ် စကားပြောဖြစ်တဲ့အခါ ကျမရဲ့ စိတ်အဆင်မပြေမှုတွေ၊ တခါတရံ စိတ်တိုဒေါသထွက်လွယ်တဲ့ အကြောင်းတွေ ပြောပြဖြစ်တယ်။
ဒီလိုအချိန်အခါဆို မိခင်က ကျမကို အမြဲပြန်ပြောလေ့ရှိတယ်။

“ Counselling တွေ သင်ထားတာပဲ စိတ်ကျန်းမာရေးအကြောင်း သိနေတာပဲ အဆင်ပြေအောင် ဒေါသမထွက်အောင် ထိန်းပြီးနေရမှာပေါ့”ဆိုပြီး အမြဲပြောလေ့ရှိတယ်။

ကျမအဖြေက “ ဪ… အမေရယ် counselling တွေ စိတ်ကျန်းမာရေးတွေသိလည်း တကယ်စိတ်ဆိုးပြီး ဒေါသထွက်မိရင် မရဘူး၊ သမီးလည်း လူပဲ တခါတလေ စိတ်တိုဒေါသထွက်တာပေါ့”ဆိုပြီး ပြောလေ့ရှိတယ်။

Counselling/ mental health အ​ကြောင်း သေချာ ကိုယ်တိုင်ထဲထဲဝင်ဝင် မလေ့လာဖြစ်ခင်ကဆို counselor တွေ mental health services တွေ လုပ်နေတဲ့ နယ်ပယ်ကလူတွေဟာ အင်မတန်မှ အေးချမ်းမှာပဲ၊ စိတ်အဆင်မပြေဖြစ်တာ သောကများရတာတွေ ရှိမှာ မဟုတ်ဘူးလို့ ကျမက တထစ်ချ ယုံကြည်ခဲ့မိဖူးတယ်။

တကယ့်လက်တွေ ဒီနယ်ပယ်မှာ ကျမ လုပ်ကိုင်ပတ်သက်မိတဲ့အခါ အားလုံးက ကျမ ယုံကြည်သလို မဟုတ်ပါလား။ သူတို့မှာလည်း စိတ်အဆင်မပြေတာ သောကရောက်ရတာ ဒါတွေ ရှိပါလားဆိုပြီး တွေ့ရှိလာရတယ်။ ဒါပေမယ့် သူတို့မှာ တခု ပိုအဆင်ပြေနေတာကတော့ စိတ်အဆင်မပြေဖြစ်စရာကိစ္စတွေ ရှိလာခဲ့ရင် မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ပါလားဆိုတဲ့အချက်ကိုလည်း ကျမ သိရှိ တွေ့ရှိရတယ်။

လူသားရယ်လို့ ဖြစ်လာရင် အာရုံငါးပါးကြောင့် တခုမဟုတ်တခု ကျမတို့မှာ စွဲလန်းစိတ်တွေ ရှိကြတယ်။ ဒီစွဲလန်းစိတ်တွေက တဆင့် သောက၊ လောဘ၊ မောဟ၊ ဒေါသ စတဲ့ ဒုက္ခတွေကို ခံစားကြရမှာ လူသားတိုင်း မလွဲမသေကြုံတွေ့ရမှာပါ။

ဒါကြောင့် စိတ်ကျန်းမာရေး နယ်ပယ်ကမှ မဟုတ်ဘူး counselor တွေမှာလည်း အထက်က ပြောခဲ့သလို ကြုံတွေ့ကြရပါတယ်။စိတ်ကျန်းမာရေး နယ်ပယ် သို့မဟုတ် အလှမ်းကွာတဲ့သူတွေအနေနဲ့ စိတ်ကျန်းမာရေးအကြောင်း မသိလို့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မတွေးပါနဲ့နော်။ သက်ဆိုင်ရာ therapy တွေနဲ့ ပတ်သက်ပြီး သေချာ လေ့လာထားတဲ့ ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေးအတိုင်ပင်ခံပုဂ္ဂိုလ်တွေနဲ့ လိုအပ်ရင် ဆွေးနွေးမှုယူဖို့လည်း ဒီနေရာကနေ တိုက်တွန်းလိုက်ပါတယ်။

အားလုံးက လူသားတွေ ဖြစ်တဲ့အတွက် အခက်အခဲ စိတ်အဆင်မပြေမှုတွေက ကြုံတွေ့ကြရမှာပါ။ ဒီလိုကြုံတွေ့ရတဲ့အခါ စိတ်အလိုလိုက်ပြီး အရေးတကြီး ချက်ခြင်း မတုန့်ပြန်လိုက်ဘဲ စိတ်ရှည်ရှည်ထားပြီး ကိုယ်ကြုံနေရတဲ့အခက်ခဲတွေကို တဆစီထုတ်ကြည့်ပြီး ရှင်းလင်းသွားတဲ့အထိ ဖြေရှင်းနိုင်တဲ့အစွမ်းအစ ကျမတို့ အားလုံးမှာ ရှိပါတယ်။
ကျမ ကိုယ်တိုင်လည်း စိတ်ရှည်ရှည်နဲ့ ကိစ္စအဝဝကို ဖြေရှင်းနိုင်ဖို့ အမြဲကြိုးစားနေရသူတယောက်ပါ။

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။

မေတ္တာများစွာဖြင့်
Yu Ko

Photos from Art of Healing's post 28/12/2023

မိဘနှင့်သားသမီး

ခေါင်းစဉ်ဖတ်လိုက်တာနှင့် အရင်ဆုံး “ မိဘနှင့်သားသမီး” ဆိုတော့ ဘာကို ပြေးမြင်မိကြလဲ…?
ဘာကိုအရင်ဆုံး တွေးမိလိုက်ကြလဲ …?

ဗမာနိုင််ငံမှာ မွေး ဗမာနိုင်ငံမှာ ကြီးပြင်းရတဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကရော လက်ရှိ မျက်မှောက်ခေတ်မှာ တိုးတက်ပြောင်းလဲနေကြပြီလား …?

ကျမတို့ လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းဆိုတာ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ကြမယ်ဆို မိမိလက်မခံတဲ့ အယူအဆ အတွေးအမြင်သစ်တွေကို မှန်ကန်သည့်တိုင်အောင် မည်သူမှ လက်မခံတတ်ကြပါဘူး။ ခေတ်ကာလ ကွာခြားကြတဲ့ ဘိုးဘွားနဲ့ မြေးတွေကြား မိဘနဲ့သားသမီးကြားမှာ အမြဲတမ်းပရိပက္ခတွေက ဖြစ်နေကြတာ ရှေးအစဉ်အဆက်ထဲကပါ။

အဲ့လိုပဲ ကလေးတွေအတွက်လည်း မမွေးဖွားလာခင်ထဲက ရိုးရာဓလေ့၊ ဘာသာရေးယုံကြည်ကိုးကွယ်မှု၊ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်း စတဲ့အရာတွေက နိုင်ငံတွေအလိုက် ကွဲပြားခြားနားမှုတွေက ကြိုတင် ရှိနေပြီးသားပါ။

ကလေးတွေက ယောကျာ်း/မိန်းမ ( မိဘ ) က မဖိတ်ခေါ်ဘဲ မိဘက မမွေးမြူဘဲ ကျနော်/ ကျမ၊ သား/သမီးတို့ လူဖြစ်ပါရစေဆိုပြီး လူသားတယောက်အနေနဲ့ ဖြစ်လာကြတာ မဟုတ်ပါဘူး။
မလိုချင်ဘဲ ရလာတဲ့ ကလေးပဲ ဖြစ်ဖြစ်၊ လိုလိုချင်ချင်နဲ့ ရလာတဲ့ ကလေးပဲ ဖြစ်ဖြစ် ကျမတို့ရဲ့ ဖို-မ ဆက်ဆံရေးကြောင့် ရရှိလာတဲ့ မိမိရဲ့ မျိုးဆက်တွေပဲ ဖြစ်ပါတယ်။

မဖိတ်ခေါ်ဘဲ ရောက်လာခဲ့ရတဲ့ ကလေးငယ်တွေ၊ ဖိတ်ခေါ်မှုကြောင့် ရောက်လာခဲ့ရတဲ့ကလေးတွေ … ဒီကလေးတွေ အားလုံးက သန္ဓေတည်စထဲက မိခင်နှင့်ပတ်ဝန်းကျင်ပေါ်မှာ သူတို့ ခံစားသိရှိ နေတတ်ကြပြီဆိုတဲ့အချက်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

ဒီတော့ လူ့လောက လူ့အသိုင်းအဝိုင်းမှာ ရောက်နှင့်နေပြီးတဲ့ ကျမတို့တွေက နောက်မျိုးဆက်တွေကို ဘယ်လို ဘယ်ပုံမျိုးနဲ့ ရှင်သန်စေမလဲဆိုတာ ကျမတို့ရဲ့ ရွေးခြယ်မှု အပေါ်မှာ အများကြီး သက်ဆိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်းက လက်တွေ့ရင်ဆိုင်ဖြေရှင်းခြင်းထက် ပိုပြီး အရေးပါအရာရောက်တယ်လို့ ကျမက လက်ခံထားပါတယ်။ ကျမတို့ စိတ်ဒါဏ်ရာတွေ ရရှိခဲ့ကြရတယ်။ ဘာကြောင့်လဲ …? ဘယ်လိုအရာတွေကြောင့် ကျမတို့ စိတ်ဒါဏ်ရာတွေ ရရှိကြရတာလဲ …? ဒါကို ကျမတို့ကရော ဘယ်လိုဖြေရှင်းကြရမလဲဆိုတာ ကျမတို့ကိုယ်တိုင်က မှန်ကန်တဲ့နည်းလမ်းကို ရွေးခြယ် တတ်ကြရမှာပါ။ ဒါမှသာ နောက်မျိုးဆက်အတွက် ကျမတို့က ပိုမိုမှန်ကန်တဲ့အရာတွေ လူသားဆန်မှုတွေကို ပေးနိုင်မှာပါ။

မွေးဖွားလာထဲက ကလေးတွေဟာ ဗလာကျင်း မွေးဖွားလာခဲ့တာပါ။ အရောင်ခြယ်သပေးသူတွေက လှလှပပ မခြယ်သတတ်ရင် ဒီကလေးတွေက မိသားစု ပတ်ဝန်းကျင် အသိုင်းအဝိုင်း သူနေထိုင်ကြီးပြင်းရာအလိုက် အရောင်တွေ ပြောင်းသွားကြမှာပါ။

မိဘတယောက်အတွက် တာဝန်ယူကြရတဲ့အပိုင်းတွေက သားသမီး မယူခင်ထဲက စတင်ပြီး ရှိလာကြပါတယ်။ မိမိဘဝထဲမှာ လူသားလေးတယောက်ကို မခေါ်ခင် ကိုယ့်ကိုယ်ကိုယ် ဒီလူသားလေးအတွက် အပြည့်အဝ တာဝန်ယူနိုင်ပြီလားဆိုတာကို အကြိမ်ကြိမ် အထပ်ထပ် မေးမြန်းပြီးမှ ခေါ်ဆောင်ပါ။
လိုအပ်တာတွေ ( စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ )ထောက်မှုတွေအတွက် မိမိမှာ အရည်အချင်းတွေ ရှိနေပြီလား၊ ပြည့်စုံနေပြီလားဆိုတာကို ကြိုတင်တွေးတောပါ။

အသိပညာ မပြည့်မဝ၊ လက်လှမ်းမမှီသူတွေအတွက်ဆို မှန်ကန်တဲ့ မျိုးဆက်ပွါး အသိပညာပေးတွေ၊ မှန်ကန်တဲ့ အယူအဆတွေ သူတို့ သိရှိလာနိုင်ဖို့ သူတို့နှင့်ကိုက်ညီစီလျော်တဲ့ အရာတွေကိုပဲ လက်ကမ်းမျှဝေပေးပါ။

ဒီလိုဆို အနာဂါတ်လူသားလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုတွေရဲ့ လိုအပ်ချက်က နည်းနိုင်သမျှ နည်းလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

နှစ်သစ်အတွက် ဖြစ်စေချင်တဲ့ဆန္ဒတွေထဲကတခု …

မေတ္တာဖြင့်
Yu Ko

Photos from Art of Healing's post 28/12/2023

🎁 လာမယ့် နှစ်သစ်မှာ ကမ္ဘာတဝှမ်းလုံးမှာ ရှိတဲ့
မြန်မာနိုင်ငံသူ/သားများ အားလုံး စိတ်၏ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံစေကြပြီး
မိမိအလိုရှိရာ ကောင်းမွန်သောလိုရာပန်းတိုင်ခရီးကို
အမြန်ဆုံး ရောက်ရှိကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းဆုပြုလိုက်ပါတယ်ရှင် … 🙏

Photos from Art of Healing's post 15/12/2023

🎁 နှစ်သစ်မှာ ကလေးများအတွက် လက်ဆောင် ပေးဖို့ စဉ်းစားနေပါလား ဖေဖေ၊ မေမေ၊ ဦးဦး၊ တီတီ-တို့ရေ …

🎁 ကျမတို့ရဲ့ Art of Healing မှ ကလေးများအတွက် Art Therapy for Child development ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကလေးများအတွက် online workshop လေး စီစဉ်ထားပါတယ်ရှင်။

🎁 ကျမတို့ အရွယ်ရောက်ပြီး လူကြီးတွေဆိုလည်း နှစ်တနှစ်ကုန်တော့မယ်ဆိုရင် ဒီနှစ်မှာ ငါ့အတွက် ဘယ်လိုအရာတွေကို အကျိုးရှိအောင် လုပ်ခဲ့လဲ…? အကျိုးမရှိစေတဲ့အရာတွေက ဘာတွေ …? နောက် လာမယ့် နှစ်သစ်မှာ ငါဘယ်လိုမျိုး ပြောင်းလဲပြင်ဆင်ပြီး ဘယ်လိုနေထိုင်သွားမလဲဆိုတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်လေးတွေ ထားတတ်ကြတယ် မဟုတ်လားရှင် …။

🎁 ဒီလိုပဲ ကျမတို့ရဲ့ သားသား မီးမီးလေးတွေကိုလည်း ငယ်စဉ်ထဲက သေချာစဉ်းစား တွေးခေါ်တတ်တဲ့ အလေ့အကျင့်လေးဖြစ်အောင် သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြန်လည် သုံးသပ်တတ်အောင် ကျမတို့တွေက ပြုစုလေ့ကျင့် ပျိုးထောင်ပေးသင့်တယ် မဟုတ်ပါလား။

🎁 အထက်ပါပြောသလို အလေ့အကျင့်လေ့တခုကို မိမိကလေးအတွက် လေ့ကျင့်ပေးလိုတယ်ဆိုရင်တော့ ယခု ပြုလုပ်မယ့် workshop လေးကို မိမိကလေးအတွက် “ နှစ်သစ်လက်ဆောင်” အနေနှင့် ဝယ်ပေးလိုက်ပါတော့နော်…။

🎁 လာမယ့်နှစ်မှာ သူတို့လေးတွေ ဘာတွေ လုပ်ချင်လဲ …?
ပြီးခဲ့တဲ့ တနှစ်လုံးမှာရော သူတို့ ဘာတွေ လုပ်ဖြစ်ခဲ့ကြလဲ …?
စတာတွေကို ကျမတို့ရဲ့ Art of Healing founder Yu Ko မှ ကလေးများအတွက် Art Therapy လေ့ကျင့်ခန်း ၂ ခုကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်…။

🎁အသက် ၆ နှစ်မှ ၁၂ အထိ ကလေးငယ်များ တက်ရောက်လို့ ရပါတယ်ရှင် …။

🎁 လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပုံဆွဲစာရွက်/ စာအုပ် ၊ ရောင်စုံခဲတံ၊ ခဲဖျက်၊ ခဲတံနှင့် ဘေးနားက အဖော်ပြုပေးမယ့် လူကြီးတယောက် ရှိနေရင် ရပါပြီရှင်။

🎁 လူဦးရေ ကန့်သတ်ထားတာကြောင့် အခုပဲ page messenger မှာ စာရင်းပေးသွင်းလိုက်ပါနော်။

Photos from Art of Healing's post 15/12/2023

The benefits of therapy

05/12/2023
01/12/2023

ကျမတို့ လူသားတွေမှာ ဘယ်အရာ ဘယ်အစိတ်အပိုင်းကများ ပြီးပြည့်စုံမှု ရှိနေပါလဲလို့ တွေးမိတယ်။

ပြီးပြည့်စုံမှု ကုံလုံပြည့်စုံနေတယ်ဆိုတာ ဘယ်အရာမှ မရှိပါဘူး။
ကျမအတွက်ကတော့ လူသားဆန်မှုက ပိုပြီး အရေးကြီးပါတယ်။
တခါတရံ ကျမတို့က ဘဝတွေကို တန်းတူလို ဆက်ဆံမိတာမျိုး၊ နှိမ့်ချပြီး ဆက်ဆံမိတာမျိုး၊ အထက်ဆီးဆန်ဆန် ဆက်ဆံမိတာမိတာမျိုး ရှိကောင်း ရှိပါလိမ့်မယ်။

လူဆိုတာ အခွံတခုလို့ ကျမကတော့ သတ်မှတ်တယ်။

ဒီအခွံထဲမှာ ကျမတို့က ဘာကို ပေးဝင်မလဲဆိုတာ မိတ်ဆွေတို့အပေါ်မှာပဲ မူတည်ပါတယ်။

01/12/2023

Mental health services တွေကို နောက်ပိုင်းမှာ လျော့သွားဖို့အတွက် အစီအစဉ် ရှိပါတယ်။ လတ်တလောမှာလည်း Free counseling/ paid counseling session တွေ မရနိုင်သေးပါဘူးရှင်။

ကျမ အချိန်ပေးနိုင် အားလပ်တဲ့အချိန်တွေမှာတော့ mental health အတွက် art therapy ကို အသုံးပြုပြီး ပြုလုပ်ရတဲ့ workshop/ video/ live talk စတာတွေကို လူကြီးများနှင့် ကလေးများအတွက်ပါ ပြုလုပ်ပေးမှာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ Child development အတွက် art therapy ကို အသုံးပြုပြီး inperson individual အတန်းတွေလည်း ရှိပါတယ်။ စိတ်ဝင်စားပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Group art therapy လည်း ရှိတာကြောင့် မိတ်ဆွေတို့အနေနှင့် စိတ်အပန်းဖြေစေဖို့ သူငယ်ချင်းအနည်းဆုံး ငါးယောက်ကနေ ဆယ်ယောက်ထိ ဆုံတွေ့ကြပြီး စိတ်ဖိဆီးမှုတွေ ပြေပျောက်စေပြီး စိတ်အပန်းပြေစေဖို့အတွက် Group art therapy session တွေလည်း ရှိပါတယ်ရှင်။ အသေးစိတ်သိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

ယခုအချိန်ထိ Art of Healing မှာ လာရောက်ပြီး မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့ရတဲ့အခါ မိတ်ဆွေတို့နှင့် အတူရှိခွင့် ဖြတ်သန်းခွင့် ပေးခဲ့ကြသူ အယောက်တိုင်းကို ကျေးဇူးတင်ပါတယ်ရှင်။

အားလုံးပဲ အသက်ဘေးအန္တရာယ် ကင်းဝေးပြီး ကျန်းမာ လုံခြုံစွာဖြင့် ပျော်ရွှင်စေနိုင်ကြဖို့ ဆုမွန်ကောင်းတောင်းဆုပြုလိုက်ပါတယ်ရှင် ….။

မေတ္တာဖြင့် …

Yu Ko

Photos from Art of Healing's post 08/11/2023

ပြီးခဲ့တဲ့ တခေါက်က Uncharted Horizons Myanmar နှင့် ပူးပေါင်းပြီး စိတ်ကျန်းမာရေးအတွက် စက်ဘီးစီးခြင်း အစီစဉ်လေးကို ပြုလုပ်ခဲ့ပါတယ်။

ယခုအချိန်ရာသီဥတုက မိုးအဆက်မပြတ်ရွာတာမျိုး မဖြစ်တော့ဘဲ စက်ဘီးစီးနင်းလို့ ကောင်းမယ့် ရာသီဥတုမျိုး ဖြစ်ပါတယ်။
ကျမတို့ Art of Healing အနေနှင့် ဦးဆောင်ပြီး စက်ဘီးစီးအစီစဉ်ကို မစီစဉ်ဖြစ်သေးပေမယ့် စိတ်ဝင်စားသူများအနေနှင့် Uncharted Horizon Myanmar သို့ တိုက်ရိုက်ဆက်သွယ်၍ ၎င်းတို့ရဲ့ အစီစဉ်တွေကို ဆက်သွယ်မေးမြန်း စုံစမ်းလို့ ရပါတယ်။

နောက်ထပ်လည်း မကြာခင်မှာ ယခင်က ပြုလုပ်ခဲ့သလို စိတ်ကျန်းမာရေးအတွက် စက်ဘီးစီးခြင်းအစီစဉ်ကို ထပ်မံပြုလုပ်ပေးမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော်။

08/11/2023

Taking care of Your Mental Health

ဒီအချက်လေးတွေထဲက ဘာလေးတွေ လုပ်ဖြစ်ကြလဲဆိုတာ
ဆန္ဒရှိရင် Comment မှာ ဝေမျှ ပေးပါဦးနော်။

06/11/2023

Neurograpgic art နှင့် ပတ်သက်ပြီး သူ့အကြောင်းကို ပြောပြပေးထားပါတယ်။ ပြီးရင်တော့ ဘယ်လိုရေးဆွဲရလဲဆိုတာကိုပါ ရေးဆွဲပြထားပါတယ်။ YouTube မှာတော့ တင်ပေးထားတာ ကြာပါပြီ။ Facebook မှာ မတင်ပေးရသေးတဲ့အတွက် ပြန်ပြီးတင်ပေးလိုက်ပါတယ်။

နောက်ပိုင်းမှာ art therapy နှင့်ပတ်သက်ပြီး ကျောင်းတွေအကြောင်း၊ art therapist or practitioner တွေအနေနှင့် session ချိန်အတွင်း do and don’t တွေအကြောင်း၊ mental health အတွက် art ကို စိတ်ဝင်စားသူတွေအတွက်လည်း အိမ်မှာ ပြုလုပ်လို့ရမယ့် art therapy exercises လေးတွေလည်း YouTube channel မှာပဲ အရင်ဆုံး တင်ပေးသွားမှာ ဖြစ်လို့ https://youtube.com/-burma?feature=shared ဒီမှာလည်း လာလည်ကြပါဦးနော်။

04/11/2023

ချည်ထိုးခြင်း ပညာရပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ

🧶 ချည်ထိုးခြင်းရဲ့ မူလအစက အေဒီ ၅ ရာစုထဲက စတင်ခဲ့ပြီး ဇာထိုးပန်းထိုးခြင်းကို ပုံစံအမျိုးမျိုးနဲ့ ၁၆ ရာစုထဲက စတင်ခဲ့ပါတယ်။ငါးရာစုထဲက အရှေ့အလယ်ပိုင်း ဒေသကနေအစပြုခဲ့ပြီး မကြာခင်မှာပဲ သိုးမွှေးကုန်သည်တွေနှင့်အတူပဲ ချည်ထိုးခြင်းပညာရပ်က ဥရောပသို့ ခရီးဆန့်ခဲ့သည်ပေါ့လေ။ဒါကတော့ သိုးမွှေးထိုးခြင်း ပညာရပ်ရဲ့ အတိုခြုံး သမိုင်းအကြောင်းပဲ ဖြစ်ပါတယ်။
🧶 သိုးမွှေးထိုးခြင်းက တကယ်ပဲ ကျမတို့စိတ်ကို ငြိမ်သက်စေတာ အမှန်တကယ်ဟုတ်ရဲ့လားဆိုတာကို လက်တွေ့ မပြုလုပ်ဖူးတဲ့ ကျမအတွက် အားလုံးကို မျှဝေဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျမကိုယ်တိုင် တချောင်းထိုး ဘေးလွယ်အိတ်လေးကို ကျမရဲ့ ညီမလေးအတွက် ခရစ်စမတ်လက်ဆောင် ထိုးရင်း လက်တွေ့ ပြုလုပ်ဖြစ်ခဲ့ပါတယ်။
🧶 ကျမက ပုံမှန်တော့ တနေ့တနာရီ ရအောင် တရားထိုင်ခြင်းအကျင့်ကို ပြုလုပ်ထားပါတယ်။ ကျမအတွက် meditation ပြုလုပ်ခြင်းက ငယ်စဉ်ထဲက အကျင့်ရှိခဲ့တဲ့အတွက် ခက်ခဲတဲ့ပြဿနာကို မဖြစ်စေပါဘူး။ ဒါပေမယ့် meditation ပြုလုပ်နေကျ အကျင့်မရှိသူတွေအတွက်ကတော့ လွယ်ကူတဲ့ အရာတခု မဟုတ်ဘူးဆိုတာကို မိတ်ဆွေတချို့ စကားပြောကြားချက်တွေအရ သိရှိရပါတယ်။ ကျမတို့ စိတ်တွေ ငြိမ်သက်ပြီး ရေပြင်ညီလို ဖြစ်စေဖို့ဆိုတာ တကယ်မလွယ်ကူတဲ့ ကိစ္စပါ။ ဒါကို တည်ငြိမ်တဲ့ စိတ်သဘောရရှိစေဖို့ ကြိုးစားရတဲ့အခါ mindfulness လေ့ကျင့်ခန်းတွေက ကျမတို့အတွက် များစွာ အကျိုးသက်ရောက်စေပါတယ်။ ဒီလေ့ကျင့်ခန်းတွေထဲက တခုဖြစ်တဲ့ ချည်ထိုးခြင်းပညာရပ်နှင့် စိတ်ကျန်းမာရေးအတွက် အကျိုးသက်ရောက်ပုံတွေကို ကျမ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

🧶 ပထမဆုံးအနေနှင့် ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးကတော့ ချည်ထိုးခြင်း ဇာထိုးခြင်းပညာရပ်က ရှုပ်ထွေးတဲ့ ချုပ်ရိုး ပက်တန်တွေကို ထပ်ခါတလဲလဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ကျမတို့ရဲ့ ဦးနှောက်က ချည်ထိုးနေတဲ့အချိန်မှာ သူ့ရဲ့ လုပ်ဆောင်ချက်က မှတ်ဥာဏ်အတွက် အားကောင်းစေပြီး အာရုံကြောလမ်းကြောင်းအသစ်တွေကို တည်ဆောက်ရာမှာ အမှန်တကယ်ကို အထောက်အကူ ဖြစ်စေပါတယ်။ အသက်ကြီးလာတဲ့အခါ သိမြင်နိုင်စွမ်းလျော့ကျမှုကိုလည်း လျော့ချပေးနိုင်ပါတယ်တဲ့။ ဒါကတော့ ရုပ်ပိုင်းဆိုင်ရာအတွက် ကောင်းကျိုးပဲ ဖြစ်ပါတယ်။ အရိုးကျီးပေါင်းနဲ့ အာရုံကြောဆိုင်ရာ ပြဿနာရှိသူတွေကတော့ မိမိ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ပြုလုပ်ပါနော်။

🧶 စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူး
ချည်ထိုးခြင်းက စိတ်ဖိစီးမှုနဲ့ သွေးဖိအားကိုလည်း လျော့ကျစေတယ်။စိတ်ကျရောဂါလက္ခဏာတွေကို လျော့ချပေးနိုင်တဲ့အပြင် နာတာရှည် နာကျင်မှုဝေဒနာတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ချည်ထိုးခြင်း ဇာထိုးခြင်း အလုပ်က တရားထိုင်သလိုပဲ ထပ်ခါတလဲလဲ သူ့ရဲ့ ပက်တန်တွေကို ထိုးနေရတဲ့အခါမှာ မိမိရဲ့ လှုပ်ရှားမှုအပေါ် စိတ်အာရုံ စူးစိုက်မှုကို ဖြစ်ပေါ်စေပါတယ်။တခြားအာရုံတွေကို မတွေးမိစေတော့ပါဘူး။အာရုံကြော စနစ်ကို နှေးကွေးစေပြီး ခန္ဓာကိုယ်ရှိ စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်း( cortisol )ကို လျော့ချပေးနိုင်ပါတယ်။

03/11/2023

ကိုယ်အသုံးပြုမယ့် Therapy တခုကို သေချာ လေ့လာသင်ယူပြီးပြီလား …?

Artist တယောက်ဖြစ်ရုံနဲ့ Art therapy practitionerတ​ယောက်ဖြစ်ပြီလား …?

Art therapy practitioner တ​ယောက်အနေနဲ့ art အ​ကြောင်းသိဖို့ လိုနေမလား …?

ဒီမေးခွန်း​တွေက ကျမအတွက် အမြဲတမ်း ကိုယ့်ကိုယ်ကို ပြန်မေးဖြစ်တဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ကျမကိုယ်တိုင် နဂိုထဲက art နှင့်ပတ်သက်ပြီး လေ့လာသင်ယူ ပြုလုပ်ဖန်တီးနေသူတယောက် ဖြစ်တဲ့အတွက် ခေတ်ကာလအခြေအနေအရ ပြောင်းလဲလိုက်ရတဲ့ career အပေါ်မှာ counseling advanced level အခြားသောလိုအပ်သည့်အရာများကို လက်လှမ်းမှီသလောက် လေ့လာသင်ယူပြီးတဲ့အခါ ထပ်မံလေ့လာ သင်ယူဖို့အတွက် art therapy ကို သိရှိခဲ့ရပါတယ်။ ဒါကြောင့် ဆက်လက်ပြီး လေ့လာ သင်ယူခဲ့ပါတယ်။ ပုံမှာပြထားတဲ့ စာအုပ်အချို့ကတော့ ကျမတက်ခဲ့တဲ့ ကျောင်းက သင်ရိုးညွှန်းစာအုပ်တွေနဲ့ သူတို့ recommenပေးထားတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။

အထက်ကမေးခွန်းတွေ ဖြေရမယ်ဆို အဖြေက ရှင်းပါတယ်။
Artist တယောက်ဖြစ်နေရုံနဲ့ art therapy practitioner တ​ယောက် မဖြစ်နိုင်ပါဘူး။ Art therapy က psychotherapeutic therapy တခုဖြစ်တဲ့အတွက် psychology ပိုင်းဆိုင်ရာကို သိထားရပါမယ်။ သင်ယူပြီးမြောက်ထားရပါမယ်။

Art therapy practitioner တယောက်အနေနဲ့ art အကြောင်း သိထားဖို့ လိုပါသလား မေးလာရင် လိုပါတယ်လို့ ဖြေရပါလိမ့်မယ်။ အရောင်တွေမှာတောင် Artist တွေရဲ့ သတ်မှတ်ထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ color psychology အရ သတ်မှတ်ထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ တူမလိုလိုနဲ့ ကွဲပြားပါတယ်။

ကျမတို့က therapy တခုကို အသုံးပြုတော့မယ်ဆို သူ့ရဲ့ သဘောတရားကို သေချာနားလည်စွာ သိရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ကျမ လေ့လာသင်ယူထားတာကတော့ trauma- informed expressive art therapy ပဲ ဖြစ်ပါတယ်။
Neurographic art therapy, color therapy စတဲ့ ပန်းချီနဲ့ ဆက်နွယ်သမျှ art therapy တိုင်းမှာ သူတို့ရဲ့ ရည်ရွယ်ချက် ပြုလုပ်ရတဲ့အခါ ပြုလုပ်ပုံ ပြုလုပ်နည်း စတဲ့အချက်အလက်တွေ များစွာ ရှိပါတယ်။
Neurographic art therapy practitioner or trainer တယောက် သင်က ဖြစ်ချင်တယ်ဆို ဒီ therapy ကို ဖန်တီးခဲ့တဲ့ Dr. Pavel Piscarev ရဲ့ ကျောင်းမှာ online ကနေ လေ့လာသင်ယူလို့ ရပါတယ်။
မိမိရဲ့ mental health အတွက် services တွေ ရယူတော့မယ်ဆိုရင် စနစ်တကျလေ့လာ သင်ယူထားပြီးသူတွေနဲ့ သင့်အနေနဲ့ သူတို့ရဲ့ လေ့လာသင်ယူပြီးမြောက်ထားတဲ့အရာတွေကို သိရှိဖို့လည်း လိုအပ်ပါတယ်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Relationship မှာ အရေးကြီးဆုံးက ဘယ်လိုအရာဖြစ်မလဲ …?
အကယ်၍ ကျမသာ အမြင်အာရုံ ချို့တဲ့သူတဦး ဖြစ်ခဲ့လျှင် …။
Neurograpgic art နှင့် ပတ်သက်ပြီး သူ့အကြောင်းကို ပြောပြပေးထားပါတယ်။ ပြီးရင်တော့ ဘယ်လိုရေးဆွဲရလဲဆိုတာကိုပါ ရေးဆွဲပြထားပါတ...
The benefits of knitting and crocheting
Coming soon 🔜 on our YouTube channel https://youtube.com/@artofhealing-burma?feature=shared
Free Mental Well-being Webinar Let's Find your inner child together !Register now❗️Date : 30 Sep 2023Time : 8:00 - 9:30 ...
Inner Child Art Activity - online art therapy workshop
Duration: 3 minutes and 36 seconds Content : What is inner child ?Speaker: Yu Ko နို့စို့အရွယ်ကနေပြီးတော့ ငယ်ရွယ်စဉ်အထိ ...
[ English below ]📌 Children with special needs ကလေးများနှင့် အသက် ၆ နှစ်မှ ၁၄ နှစ်အထိ ကလေးများအတွက် Art Therapy Training...
Art Of Healing's Personal Meeting Room
ဆေးလိပ်ဖြတ်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတတ်လဲ ? ကြုံတွေ့ရတဲ့အခါ ဘယ်လို ဖြတ်ကျော်မလဲ ..?

Website

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00

Other Counseling & Mental Health in Yangon (show all)
Hepta Mental Health Clinic Hepta Mental Health Clinic
215, Thiri Mingalar Road, Ywarma East Ward, Insein Township
Yangon, 11011

We are a team of experienced psychiatrists and psychotherapists who provides treatment for a wide ra

Olor Olor
အမှတ် ၂၆၊ ဗဟန်း ၁ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
Yangon

Mind Matters -Rx Pharmacy, Polyclinic and Diagnostics Mind Matters -Rx Pharmacy, Polyclinic and Diagnostics
Gousia Colony Bemina Srinagar , Gousia Masjid Road
Yangon, 190018

Neuropsychiatry, Psychotherapy and Drug Deaddiction... A Holistic Approach to Mental Health

Lin Yaung Chi Oo-Mental Health Specialist Clinic & Counselling Center Lin Yaung Chi Oo-Mental Health Specialist Clinic & Counselling Center
Corner Of Anawrahta Road, And Sule Pagoda Road
Yangon, 11182

Mental health specialist clinic, Drug and Alcohol Treatment, Counseling Center

Henry - I'm with you Henry - I'm with you
Yangon
Yangon

Purposeing for someone who was needed to support mental health.

အေးရိပ်ငြိမ် စိတ်ကျန်းမာရေး ဆေးရုံ အေးရိပ်ငြိမ် စိတ်ကျန်းမာရေး ဆေးရုံ
အမှတ်(၇၁၈)၊ ကနောင်မင်းသားကြီးလမ်း၊ ၁၁၈ ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်
Yangon

NYEIN-Counseling&Empowerment NYEIN-Counseling&Empowerment
Yangon

Let me be with you “လုံခြုံစိတ်ချရင်ဖွင့်ပါ သင်နဲ့အတူရှိနေမှာ"

သုခ ျျျျျျပည့္ဝ သုခ ျျျျျျပည့္ဝ
YanKin Street
Yangon

မြန်မာ့တိုင်းရင်းဆေးဝါး

Dr.PSYCH Dr.PSYCH
Yangon, 11011

A team of psychiatrists offering a personalized approach to each individual to meet your need

Khaing Thin Wai Khaing Thin Wai
Thila Street
Yangon

#ရွှေဆား အပူအဆိပ်ထုပ် ခြေရေစိမ်ဆား