ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး, Health & Wellness Website, Yangon.

25/11/2023

မင်္ဂလာပါရှင်
25 Nov 2023 - 27 Nov 2023 တန်ဆောင်တိုင်ရုံးပိတ်တာမို့ အဝယ်တော်ကြီးရဲ့ ဝန်ဆောင်မှု့များကို ခေတ္တရပ်နားထားပီး
28 Nov 2023 တွင် ပုံမှန် အတိုင်း ဝန်ဆောင်မှု့များကို ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ရှင်

07/07/2023

မင်္ဂလာပါရှင်

အဝယ်တော်ကြီးကို ယုံကြည်စိတ်ချစွာ အမြဲအားပေးကြသော မိတ်ဟောင်း မိတ်သစ် ဧည့်သည်တော်များကို ကျေးဇူး အထူးတင်ပါတယ်ရှင်

8 Jul 2023 မှ စပီး ရန်ကုန်/ မန်းလေး အိမ်အရောက် ပို့ခ နှုန်းထားများကို ဘတ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ ပါမည်ရှင်

Size XS
Yangon- 250 thb
Mandalay - 300 thb

Size S
Yangon - 350 thb
Mandalay - 400 thb

Size M
Yangon - 450 thb
Mandalay- 500 thb

Size L
Yangon - 550 thb
Mandalay- 600 thb

(အထက်ပါပို့ခသည် ရေခဲနှင့် သယ်ယူရသောထိုးဆေးများ၊
အမှုန့်၊ အရည် များဖြစ်သော အလေးချိန် များသော ပစ္စည်းများ
ဥပမာ- နှို့မှုန့်၊ အဟာရမှုန်၊ Normal saline အရည်များ မပါဝင်ပါရှင်။ အသေးစိတ်ပို့ခများကို မေးမြန်းနိုင်ပါသည်)

*** အပြင်ဆေးဆိုင်မှ ဘတ်၃၀,၀၀၀ ဖိုးနဲ့ အထက် မှာယူလျှင်
ဘန်ကောက် မှ ရန်ကုန်၊ မန္တလေး ပို့ခ FREE***ပါရှင်

25/04/2023

ကဲ😎
ဘာလို့ အဝယ်တော်ကြီးနဲ့ ဆေးမှာသင့်တာလဲဆိုတဲ့ အချက် 7️⃣ချက်ကို ပြောပြမယ်ဗျို့



#ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

10/04/2023

We are closed from 12 Apr to 17 Apr 2023🙇‍♀️

Photos from ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး's post 31/03/2023

Customer reviews လေးတွေက အဝယ်တော်ကြီးအဖွဲ့သားများ အတွက်တော့ အားဆေးပါပဲ❤️
Page အဟောင်းလေး ပျက်သွားပေမယ့် page အသစ်မှာ ယုံကြည်မှု့အပြည့်နဲ့ ဆက်လက်ပီး အားပေးလာတဲ့ ဧည့်သည်မမ ဆိုရင် ဆေးမှာတာ ၅၆ ကြိမ်ရှိခဲ့ပီ❤️

မိတ်ဟောင်းမိတ်သစ်ဧည့်သည်များကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်🙏

21/03/2023

ဆေးတွေကို အိမ်မှာ ဘယ်လို ထားသိုသိမ်းဆည်းရမလဲ?

💊 ဆေးဝါးတွေရဲ့ အာနိသင်ကို ကောင်းမွန်ပြည့်ဝစွာ ရဖို့အတွက်ဆိုရင် စနစ်တကျ ထားသိုသိမ်းဆည်းဖို့ အလွန် အရေးကြီးပါတယ်။ 🏥 ဆေးရုံနဲ့ ဆေးဆိုင် တွေမှာ 💊 ဆေးဝါးတွေကို စနစ်တကျ ထိန်းသိမ်းဖြစ်ကြပေမယ့် 🏠 အိမ်မှာလဲ အိမ်သုံးဆေးဝါးတွေကို ဆောင်ထားတတ်ကြတာကြောင့် အိမ်မှာ နည်းမှန်လမ်းမှန်နဲ့ ဆေးဝါးတွေကို ထိန်းသိမ်းနိုင်ဖို့ မျှဝေပေးချင်ပါတယ်။

(၁) ဆေးဝါးထားသိုရာနေရာ

ဆေးဝါးတွေကို လုံခြုံပြီး ရှာရလွယ်ကူတဲ့ နေရာမှာ တစ်စုတစ်စည်းထဲ သိမ်းထားသင့်ပါတယ်။ အထူးသဖြင့် 👧👶 ကလေးတွေနဲ့ 🐶 🐱 အိမ်မွေးတိရစ္ဆာန်တွေ အလွယ်တကူ လက်လှမ်းမမှီတဲ့ နေရာတွေမှာ ဆေးဝါးတွေကို ထားပေးဖို့ အရေးကြီးပါတယ်။

(၂) ဆေးထည့်ရာ ဘူး၊ ပုလင်း

ဆေးမှားမသောက်မိစေဖို့ ဖြစ်နိုင်ရင် ဆေးတွေကို မူရင်း ဆေးညွှန်း ပါတဲ့ နဂို ဆေးပုလင်း၊ ဆေးဘူး၊ ဆေးကဒ်အတိုင်းပဲ ထားတာက ပိုသင့်တော်ပါတယ်။ တချို့ဆေးဘူးတွေကို ဆေးရဲ့ အာနိသင်မပျက်အောင် သီးသန့် စီစဉ်ပြီး ထုတ်လုပ်ထားရတာလဲ ရှိနိုင်တာကြောင့် နဂိုထုတ်ပိုးပုံအတိုင်း သိမ်းဆည်းထားတာက အကောင်းဆုံးပါ။ ဥပမာ- တချို့ဆေးဝါးတွေဟာ အလင်းရောင်နဲ့ နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့မိရင် ပျက်စီးနိုင်တာကြောင့် 🌞 နေရောင်တိုက်ရိုက်မထိတွေ့တဲ့ ဆေးဘူးအညိုထဲမှာ ထိန်းသိမ်းထားရတာလဲ ရှိပါတယ်။

(၃) ဆေးဝါးများ ထိန်းသိမ်းတဲ့ အပူချိန် 🌡️

ဆေးတွေကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာ ထားသင့်ပါတယ်။ ပုံမှန်အားဖြင့် ဆေးအများစုက ၁၈-၂၅ ဒီဂရီ အတွင်းမှာ ထိန်းသိမ်းထားသင့်ပြီး မပူလွန်း မအေးလွန်းတဲ့ အခန်းတွင်း အပူချိန်နဲ့ သင့်တော်ပါတယ်။
ခြွင်းချက်အနေနဲ့ တချို့သော ဆေးဝါးတွေက ​ရေခဲသေတ္တာထဲမှာ သိမ်းဆည်းဖို့ လိုအပ်တာလဲ ရှိနိုင်ပါတယ်။ ဥပမာ - ကာကွယ်ဆေး၊ တချို့သော ထိုးဆေးတွေနဲ့ ပူတဲ့အခါ ပျက်နိုင်တဲ့ ဆေးတစ်ချို့ကိုတော့ အေးခဲပြီး ထားရတာလဲ ရှိနိုင်ပါတယ်။

(၄) ဆေးတွေရဲ့ သက်တမ်းကုန်ဆုံးရက် 📆

ဆေးဝါးတွေမှာ အရေးကြီးဆုံးကတော့ သက်တမ်းကုန်ဆုံးရက် expired date ပါ။ သက်တမ်းကုန်ပြီးသား ဆေးဝါးတွေဟာ အာနိသင်လဲ လျော့နိုင်သလို မလိုလားအပ်တဲ့ ဆိုးကျိုးတွေလဲ ရှိနိုင်တာကြောင့် ဆေးဝါး အသစ်တွေ ဝယ်လာတဲ့အခါနဲ့ ဆေးမသောက်ခင်တိုင်းမှာ ဆေးဝါးတွေရဲ့ သက်တမ်းကုန်ဆုံးရက်ကို ကြည့်ပြီး ခွဲခြားထားသိုဖို့ လိုအပ်ပါတယ်။

(၅) ဆေးဝါးတွေကို စွန့်ပစ်ပုံ

သက်တမ်းကုန်ဆုံးသွားလို့ပဲဖြစ်ဖြစ် ပျက်စီးသွားလို့ပဲဖြစ်ဖြစ် ဆေးဝါးတွေကို စနစ်တကျ စွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေဟာ အရေးကြီးတဲ့ ဓာတုပစ္စည်းတွေ ဖြစ်တာကြောင့် တွေ့ကရာ အလွယ်တကူ မစွန့်ပစ်ပဲ စနစ်တကျ ထုတ်ပိုးပြီး စွန့်ပစ်ပေးဖို့ လိုပါတယ်။

💊 ဆေးဝါးတွေရဲ့ ပျက်စီးမှုကို မျက်စိနဲ့ မျက်မြင်တွေ့ရတာလဲ ရှိသလို မျက်စိနဲ့ မမြင်ရတဲ့ ပျက်စီးမှုတွေလဲ ရှိနိုင်တာကြောင့် စနစ်တကျ ထားသိုဖို့က အဓိကကျပါတယ်။ အခုပြောခဲ့တဲ့ အချက်တွေအတိုင်း ဆေးဝါးတွေကို ထားသိုမယ်ဆိုရင်တော့ ဆေးလေလွှင့်မှု နည်းပြီး သတ်မှတ်ထားတဲ့ အချိန်ကုန်ခါနီးထိ အာနိသင်ကောင်း ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဆေးညွှန်းပါ အချက်အလက်တွေနဲ့ ဆေးဝါးထားသိုပုံစနစ်တွေကို မရှင်းလင်းတာ ရှိခဲ့ရင်တော့ တတ်သိနားလည်တဲ့ ဆရာဝန်တွေနဲ့ ဆေးဝါးပညာရှင်တွေကို မေးမြန်းနိုင်ကြောင်း မျှဝေလိုက်ရပါတယ်။




Reference

https://medlineplus.gov/ency/patientinstructions/000534.htm #:~:text=Store%20your%20medicines%20in%20a,medicine%20in%20a%20bathroom%20cabinet.

20/03/2023

Promotion of the month😇

FREE SERVICE လေး ရယူဖို့ အဝယ်တော်ကြီးရဲ့ Telegram Channel ကို ယခုပဲ Join လိုက်ပါ✅

Telegram Channel ကို Join ထားတဲ့ Screenshot လေး ပြပီး အဝယ်တော်ကြီးရဲ့ ဝန်ဆောင်မှု့ကို FREE တကြိမ် ရယူနိုင်ပါပီရှင်

Promotion ကာလကတော့
⏰31 Mar 2023 ပါနော်

13/03/2023

‘ရာသီပေါ်တုပ်ကွေးနဲ့ သတိပြုစရာ’

တုပ်ကွေးကာကွယ်ဆေးက တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်ပြီလား?🤔🤔🤔

🤧🤒 ရာသီတုပ်ကွေးဆိုတာ Seasonal Influenza Virus 🦠 ကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးပါ။ များသောအားဖြင့် နှစ်စဉ် 🗓️ ဇွန်လကနေ စက်တင်ဘာလ အတွင်းဟာ ရာသီတုပ်ကွေး အဖြစ်များတဲ့ ကာလတွေပဲ ဖြစ်ပါတယ်။

🦠 Seasonal Virus ဖြစ်တာကြောင့် တုပ်ကွေး ဗိုင်းရပ်စ်ပိုးဟာ နှစ်စဉ် ပြောင်းလဲနိုင်သလို ပြောင်းလဲတဲ့ strain ပေါ်မှာမူတည်ပြီး ကာကွယ်ဆေးကို ထုတ်ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နှစ်တာအတွက် ကိုယ်ခံအားအပြည့်ရဖို့ဆိုရင် 💉 ကာကွယ်ဆေးကို နှစ်စဉ်ထိုးဖို့ လိုပါတယ်။

👉🏻 တုပ်ကွေးဖြစ်တဲ့အခါမှာ သာမာန်ဖျားနာသလို 🤒 ကိုယ်ပူတာ၊ 🤧 နှာစေးချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ 🤕 ခေါင်းကိုက်တာ၊ ကိုယ်လက် ကိုက်ခဲ နာကျင်တာလောက်နဲ့ သက်သာသွားတာလဲ ရှိသလို 🫁 အဆုတ်ရောင် နမိုးနီးယားတွေထိ ဖြစ်တတ်ပါတယ်။ တချို့မှာ သိပ်မပြင်းထန်ပေမယ့် တခါတရံမှာ 🏥 ဆေးရုံတတ်ရတဲ့ အခြေအနေထိ ကြုံတတ်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဒါဆိုရင် ကြိုတင်ပြီး ကာကွယ်ဆေးထိုးဖို့ ဘာတွေ သိထားသင့်လဲ?

💉 တုပ်ကွေး ကာကွယ်ဆေးတွေထဲမှာ လေးမျိုးစပ် ကာကွယ်ဆေးလို့ ခေါ်ကြတဲ့ Vixagrip Tetra flu vaccine ဟာ
Influenza Type A ​ဖြစ်တဲ့ Virus(H1N1), Virus(H3N2)နဲ့ Influenza Type B ဖြစ်တဲ့ Michigan, Phuket ဆိုတဲ့
တုပ်ကွေး(၄)မျိုးကိုကာကွယ်ပေးနိုင်ပါတယ်။ Influvac Tetra Vaccine ကတော့ Influenza A Victoria (H1 N1), Influenza A Hong Kong (H3 N2) , Influenza B Washington နဲ့ Influenza B / Phuket / ဆိုတဲ့ Strain ၄ မျိုးပါဝင်ပါတယ်။

👉🏻 Vaxigrip Tetra ကို ကလေးအသက် ၆လ မှစပြီး လူကြီးအထိ ထိုးလို့ရပြီး Influvac Tetra ကတော့ကလေးအသက်၃နှစ်မှာ စထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေး ထိုးဖို့ ပိုလိုအပ်တဲ့သူတွေကတော့ အသက် ၆ လ ကနေ ၅ နှစ်ထိ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အသက် ကြီးတဲ့ အဘိုးအဘွားတွေ၊ နာတာရှည် ရောဂါသည်တွေနဲ့ ခုခံအားနည်းတဲ့သူတွေ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးနောက် ၁၀ ရက်ကနေ ၂ ပတ်လောက် အကြာမှာတော့ ခုခံအားရပြီး တုပ်ကွေးကို ကာကွယ်ပေးမှာပါ။

👉🏻 ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ နာတာ၊ ခေါင်းကိုက်တာ၊ဖျားတာ၊ ချမ်းတုန်တာ၊ ထိုးတဲ့နေရာမှာ မာမာလေးဖြစ်နေတာလောက်ပဲ ဖြစ်တတ်ပါတယ်။ တကယ်လို့ ဆေးထိုးပြီး ယားလာတာ၊ ဓါတ်မတည့်တဲ့ လက္ခဏာတွေ ခံစားရပြီဆိုရင်တော့ ဆရာဝန်ကို ပြောပြ အကြောင်းကြားဖို့ လိုပါမယ်နော်။

👨‍⚕️ ရာသီတုပ်ကွေးကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ဆိုရင် နှစ်စဉ်ထိုးရတဲ့ ကာကွယ်ဆေးအပြင် အစာအာဟာရပြည့်ဝစွာ စားသုံးဖို့နဲ့ ကောင်းမွန်စွာ အနားယူဖို့ကလဲ အဓိကကျကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။

Reference
https://www.cdc.gov/flu/pdf/freeresources/general/strong-defense-against-flu.pdf

#ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

29/12/2022

🔊🔊🔊We are closed on 31 Dec 2022 to 4 Jan 2023🔊🔊🔊


#ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး 26/12/2022

New Year လည်း နီးပီ🎉🎉🎉
ပုံမှန်ပို့ဆောင်ရတဲ့ လမ်းခရီးမှာ လည်း အပိတ်အဆို့တွေရှိတာမို့ အဝယ်တော်ကြီးရဲ့ ဧည့်သည်တော်များ တာဝန်က ဆေးမကုန်ခင် ရက် ကြိုမှာပါ နော်
အဝယ်တော်ကြီးရဲ့ တာဝန်ကတော့ ချစ်ဧည့်သည်တို့ မှာယူသောဆေးများကို လိုက်ဝယ်ပေးပီး အိမ်အရောက်ပို့ပေးပါမယ်နော်

ပို့ပီးသား 💊ပုံလေးတွေ📸 Page မှာ မတင်ဖြစ်တော့ပေမယ့် ပုံမှန်အတိုင်း 💊 ပို့ဆောင်ပေးနေပါတယ်နော်🚚

လူကြီးမင်းတို့ မှာယူသော 💊💊အော်ဒါလေးများကို page chat box 💬 မှာလည်း အကြောင်းကြားပေးသလို Telegram channel မှာလည်း ဝင်ရောက် ကြည့်လို့ရပါတယ်ရှင်

⏰⏰31 Dec 2022 အထိ Telegram Join သူတိုင်း FREE SERVICE 🎁ရရှိမှာကိုလည်း မမေ့နဲ့နော်⏰⏰

👇👇👇
https://t.me/bkk2mmdeliver

ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး You can view and join right away.

25/12/2022

May your holidays sparkle with joy and laughter!
🎄✨🎄

06/12/2022

လူကြီးမင်းတို့ အနေနဲ့
နံပါတ် (၁) ကျန်းမာရေးကောင်းဖို့လိုပါတယ် 😌

သင့်ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးတွေကို Bangkok မှ မှာယူမယ်ဆိုရင် Telegram မှာ
အခုပဲ ဝင် join 🔔လိုက်ပါ…

Telegram လေး Join ပီးတာနဲ့
ဝန်ဆောင်ခ FREE ရမယ့် Promotion လေးက
⏰ 31 Dec 2022 အထိပဲဗျို့ 🔈

ဘန်ကောက်မှ လူကြီးမင်းတို့ လိုအပ်သော
ဆေးဝါးများ 💊 ကို အမြန်သာ မှာယူလိုက်ပါ
အဝယ်တော်ကြီးက အိမ်အရောက် ပို့ပေးမယ်ဗျာ
🎁 🏡🚘

https://t.me/bkk2mmdeliver

08/11/2022

“𝗛𝗮𝗽𝗽𝘆 𝗟𝗼𝘆 𝗞𝗿𝗮𝘁𝗵𝗼𝗻𝗴” 🎇🙏☺️

Loy Krathong festival marks the ancient Thai tradition of honoring Water Goddess. We wish all your sorrow gets washed away, and happiness continuously flows into your lives.

#ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

07/11/2022

🌟 မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ကာလ 🌕 တန်ဆောင်မုန်းလပြည့်နေ့မှာ
မိဘပြည်သူများအားလုံး ကုသိုလ်ဒါနများပြုလုပ်ပြီး ဘေးဘယာဝေးကွာ နှစ်ဖြာသုခချမ်းသာကြပါစေကြောင်း
ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး မှ ဆုမွန်ကောင်းပို့သပေးလိုက်ပါတယ် ခင်ဗျာ 🙏🙏🙏

#ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

09/10/2022

🤍 ဝါလကင်းလွတ် သီတင်းကျွတ်
အချိန်အခါသမယတွင်
ချစ်ခင်လေးစားတန်ဖိုးထားရပါသော
အဝယ်တော်ကြီး၏ မိတ်ဟောင်းမိတ်သစ် Customer များနှင့် မိတ်ဆွေလူကြီးမင်းများ အားလုံး
ကိုယ်စိတ်နှလုံးကျန်းမာခြင်းနှင့်
ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ ပြည့်စုံလျက် ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍ အခက်အခဲဟူသမျှအောင်မြင်စွာ ကျော်လွှားနိုင်ပြီးစီးပွါးလာဘ်လာဘများ ဒီရေအလား တိုးတက်ကြီးပွားကြပါစေကြောင်း
ဘန်ကောက်မြန်မာ ဆေးအဝယ်တော်ကြီး မိသားစု မှ
ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏🙏🙏

05/10/2022

🎉🎉🎉Free Service Promotion🎉🎉🎉
***************************************

အဝယ်တော်ကြီးတို့ရဲ့ Telegram channel လေးကို Join လိုက်ရုံနဲ့ အဝယ်တော်ဝန်ဆောင်ခ ဖရီး Promotion လေး ရရှိမယ့် အခွင့်အရေး ဖြစ်ပါတယ်ရှင့်🍾🍾🍾

👉Telegram channel ကို joined ထားတဲ့ screenshot လေးကို page messenger မှာ ပြပီး 💊မှာတဲ့အခါ Service Free တကြိမ်ရယူလိုက်ပါနော်

👉Promotion ကာလ က
Now - 31 Dec 2022 ⏰ အထိ
ဖြစ်ပါတယ်ရှင်

အောက်ပါ link လေးမှ တဆင့်လည်း ဝင်ရောက် နိုင်ပါတယ်ရှင်

http://t.me/bkk2mmdeliver

ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မင်မင်တို့ အမြဲကြိုးစားနေပါတယ်နော်
အဝယ်တော်ကြီးကို အမြဲယုံကြည်စိတ်ချစွာ 💊မှာယူကြသော ဧည့်သည်တော် အသစ်၊ အဟောင်းများကို အထူး ကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏

17/09/2022

🚗🚗📦📦💰💰💰
ယခုလို ကာလ ငွေကြေးဖောင်းပွမှု့ကြောင့် အစစ အရာရာ ဈေးတွေ မြင့်တက် နေပါတယ်...
ဘန်ကောက်မှ မြန်မာပြည်သို့ သယ်ယူပို့ဆောင်ခ၊ မြို့တွင်း ပို့ဆောင်ခတွေ ရော ဈေးတွေ တက်နေပေမယ့်
မင်မင်တို့ ဈေးမတက်ပါဘူးနော်🙇‍♀️🙇
လူကြီးမင်းတို့ အိမ်အရောက် အထိ သယ်ယူပို့ဆောင်ခတွေကို အရင်ဈေးနှုန်းထား အတိုင်းပဲ ကျပ်ငွေဖြင့် ကောက်ခံပီး အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်နော်🚗

ဒါ့ အပြင် ဘတ် ၃၀,၀၀၀ ဖိုး နဲ့ အထက် 💊💊 မှာယူသော ဧည့်သည်တိုင်း ကို Free Delivery 📦 🚗 ဖြင့် ပို့ဆောင်ပေးနေပါတယ်ရှင်

ဒါတင် မကသေးပါဘူး🤗
မင်မင်တို့ ဆီက ၁၀ ကြိမ် 💊💊မှာပီးသူတိုင်း Free Service ၁ ကြိမ် ရရှိမှာ ဖြစ်ပါတယ်နော်

🔊🔊🔊ဘန်ကောက် က ဘာ💊💊လိုလို မင်မင်တို့ကို သတိရလိုက်ပါနော်🔊

အသေးစိတ် သိရှိလိုပါက CB သို့ လာခဲ့ပါရှင့်🙂

06/09/2022

မင်္ဂလာပါရှင်

ပိုစ့်တွေ မတင်ဖြစ်ပေမယ့် မင်မင်တွေ ကတော့ ပုံမှန်အတိုင်း ဝန်ဆောင်မှု့တွေ ပေးနေပါတယ်နော်
ဘာ 💊လိုလို Hi 👋 သာ လုပ်လိုက်ပါ...
လူကြီးမင်းတို့ ရဲ့ အိမ်တိုင်ယာအရောက်ထိ ပို့ဆောင်ပေးမှာပါရှင်🙇‍♀️

23/08/2022

🌄 𝗚𝗼𝗼𝗱 𝗠𝗼𝗿𝗻𝗶𝗻𝗴 ✌️

19/07/2022

ယနေ့ကျရောက်သော (၇၅) နှစ်မြောက် အာဇာနည်နေ့တွင်
အာဇာနည် ခေါင်းဆောင်ကြီးများနှင့် တိုင်းပြည် အတွက်‌အသက် သွေးချွေးပေးဆပ်‌ခဲ့ကြ‌သော
အာဇာနည်များ အားလုံးကို ဦးညွှတ် ဂုဏ်ပြု ဂါရဝပြုပါသည်။

#အာဇာနည်နေ့ #၁၉ဇူလှိုင်မမေ့နိုင် #ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

12/07/2022

🙏 ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ 🙏

ယနေ့ဟာဆိုရင် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်မြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပါတယ် 🙏🙏🙏
ယနေ့မှစတင်ကာ (၇) ရက်သားသမီးများ အားလုံး ကြုံတွေနေရသော ကပ်ဘေးများမှ ကင်းဝေးကြပါစေ
စိတ်ကျန်းမာ ကိုယ်ချမ်းသာဖြင့် ကောင်းမှူမှန်သမျှကို ဆထက် တိုး၍ လုပ်ဆောင်နိုင်ကြပါစေကြောင်း
ဘန်ကောက်မြန်မာ ဆေးအဝယ်တော်ကြီး အဖွဲ့မှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ် 🙏🙏🙏

#ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

19/06/2022

❝ အဖေများနေ့မှာ ဖခင်တိုင်း သားသမီးကို ချစ်ခင်ကြပါစေ
ဖေကြီး အသက်ရှည် အနာရောဂါကင်းရှင်းပါစေ ❞
😍😍😍🙏🏻🙏🏻🙏🏻

✨ Happy Father's Day ✨💞💓

04/06/2022

မင်္ဂလာပါရှင်

ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီးရဲ့ like 55000ကျော် ရှိသော main page လေး 2 Jun 2022 မှ စပီး Facebook မှ ပိတ်ခံထားရလို့ပါရှင်
အဝယ်တော်ကြီး အဖွဲ့သားများကလည်း page လေး ပြန်ရအောင် ကြိုစားနေပါတယ်နော်

ယခု ဒီ page လေးမှလည်း ဆေး အော်ဒါများကို ပုံမှန် အတိုင်း မှာယူနိုင််ပါတယ်ရှင်

ယနေ့ အထိ ဆေးအော်ဒါများကို လည်း တင်ပို့လိုက်ပီး ဖြစ််ပါတယ်ရှင်🎁🚚

အဝယ်တော်ကြီးကို ယုံကြည်ပီး အမြဲမှာယူသော ဧည့်သည်တော်များကို အထူး ကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏

#ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

14/05/2022

🙏

၁၄.၅.၂၀၂၂ စနေနေ့တွင်ကျရောက်‌သော
'' ကဆုန်လပြည့် ဗုဒ္ဓနေ့ '' အခါသမယမှာ အဝယ်တော်ကြီး၏ မိတ်ဟောင်း မိတ်သစ် များနှင့်မြန်မာပြည်သူ ပြည်သားများ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပြီး
ကုသိုလ် ဒါန၊သီလ၊ဘာဝနာများ ပွားများနိုင်ကြပါစေကြောင်း ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီးမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

#ကဆုန်လပြည့်နေ့ #ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

09/04/2022

ဘန်ကောက်မြန်မာဆေး အဝယ်တော်ကြီး အနေဖြင့်
April (10) ရက်နေ့မှ (17) ရက်နေ့အထိ
မဟာသင်္ကြန်ကာလအတွင်း ဝန်ဆောင်မှုများကို ခေတ္တခဏ ရပ်နားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးပါရစေရှင် ..

ဝန်ဆောင်မှုများအားလုံးကို April (18) ရက်နေ့ တွင် ယခင်ပုံမှန်အတိုင်း ပြန်လည်စတင်မည်ဖြစ်ပြီး မိတ်ဟောင်း မိတ်သစ် Customer များနှင့် အားလုံး နှစ်သစ်ကူးပြောင်း သင်္ကြန်တန်ခူးလ အချိန်ခါတွင် ဘေးဘယာအန္တရာယ်ကင်းကွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက် ..

ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး အဖွဲ့သားများ

31/12/2021

Happy New Year! May the coming year be full of grand adventures and opportunities. ✨🤗✨

Life is short - dream big and make the most of 2022! 🎆🎇

May the New Year bring you happiness, peace, and prosperity.
Wishing you a joyous 2022! ✨

#ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

25/12/2021

ကျန်းမာပျော်ရွှင်ချမ်းမြေ့သော 🎄 ခရစ္စမတ်ချိန်ခါသမရဖြစ်ပါစေ

မကြာမှီ ❄ 2022 နှစ်သစ်ကြီးကို ကူးပြောင်းတော့မည်ဖြစ်တာကြောင့်
မြန်မာပြည်သူ၊ပြည်သား အားလုံး ဘေးအန္တရာယ်ကင်းဝေးစွာ ကိုယ်ချစ်ရတဲ့
မိသားစု၊ သူငယ်ချင်း မိတ်ဆွေများနှင့် အတူတူ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာဖြင့် ကျန်းမာပျော်ရွှင်စွာဖြတ်သန်းကြပါစေလို့ 🤗🤗

🎅 ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး မှ
ဆုမွန်ကောင်းတောင်းလျက် 🥳

🤩 The holidays are upon us and we just wanted to take a second to wish you and yours a happy, safe, and joyful holiday. 👌
May you get everything you wished for and more! 🎁


Photos from ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး's post 13/12/2021

ဒီရက်ပိုင်း
ပို့ဆောင်ပေးလိုက်သော ဆေးအော်ဒါလေးများပါရှင်

ရန်ကုန်🚗
မန်းလေး 🚗
တောင်ကြီး🚗
မုံရွာ🚗
လားရှိုး🚗

အဝယ်တော်ကြီးမှ လူကြီးမင်းတို့
မှာယူလိုသော ဆေးများကို
အိမ်အရောက် ပို့ဆောင်ပေးနေပါပြီရှင်🚚

ယုံကြည်စိတ်ချစွာမှာယူကြသော မိတ်ဟောင်းမိတ်သစ် ဧည့်သည်တော်များကို အဝယ်တော်ကြီး အဖွဲ့သားများမှ ကျေးဇူးအထူးတင်ပါတယ်ရှင်

#ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

Photos from ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး's post 07/12/2021

ဒီရက်ပိုင်း
ပို့ဆောင်ပေးလိုက်သော ဆေးအော်ဒါလေးများပါရှင်

ရန်ကုန်🚗
မန်းလေး 🚗
နေပြည်တော် 🚗
ကျိုက်ထို 🚗
ပြည် 🚗

အဝယ်တော်ကြီးမှ လူကြီးမင်းတို့
မှာယူလိုသော ဆေးများကို
အိမ်အရောက် ပို့ဆောင်ပေးနေပါပြီရှင်🚚

ယုံကြည်စိတ်ချစွာမှာယူကြသော မိတ်ဟောင်းမိတ်သစ် ဧည့်သည်တော်များကို အဝယ်တော်ကြီး အဖွဲ့သားများမှ ကျေးဇူးအထူးတင်ပါတယ်ရှင်

#ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

30/11/2021

မင်္ဂလာပါရှင်

Relaunch Promotion !!!
“Free Service” လေး လာပါပီ🎁

1 Dec မှ 3 Dec 2021 အထိ အဝယ်တော်ကြီးထံမှ ဆေးမှာယူသော မိတ်ဟောင်းမိတ်သစ် ဧည့်သည်တော်များကို အခမဲ့ ဝန်ဆောင်မှု့ (FREE SERVICE)🎁ပေးမှာ ဖြစ်ပါတယ်ရှင်
(ပို့ဆောင်ခတော့ မပါဝင်ပါဘူးရှင်)

Page လေးပျောက်သွားပေမယ့် တကူးတက ပြန်ဆက်သွယ်ပီး မှာယူပေးကြတဲ့ ချစ်ဧည့်သည်များကိုအထူး ကျေးဇူးတင်ပါတယ်ရှင့်🙇🙇‍♀️
ဧည့်သည်တော်များရဲ့ယုံကြည်အားပေးမှု့နှင့် အတူ
အဝယ်တော်ကြီးအဖွဲ့ သားများလည်း ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု့တွေပေးဖို့ အသင့်ရှိနေပါတယ်နော်

CB သို့ ကြွလှမ်းခဲ့ပါလို့🤗

#ဘန်ကောက်မြန်မာဆေးအဝယ်တော်ကြီး

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Merry Christmas 🎄 to you all
Happy New Year! May the coming year be full of grand adventures and opportunities. ✨🤗✨Life is short - dream big and make...

Website

Address


Yangon

Other Yangon health & beauty businesses (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

MAXX Fitness MAXX Fitness
Waizayantar 5th Street
Yangon

BE YOUR MAXIMUM

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Saconest Bird's Nest Saconest Bird's Nest
No. 14, Kyaung Gyi Street, Kyimyindaing Township
Yangon

FOOD FOR SUPPLEMENT OF Swallow's Nest Juice SACONEST WITH SUGAR WITH ANNUAL CONTENTS 15% , NATURAL S

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.