May Chelsea Personality Development School
Nearby schools & colleges
No 29. Mahar Social Street, Kamaryut
Htan Tapin Street
Kamayut 11041
Hledan Road, Kamayut
Hlaing Township
Ma Har Social Street
Hledan Road
Hledan Road
Hledan Road
Maha Bawga Street
အမှတ် ၂/၄၊ဇေယျလမ်း၊(၈)ရပ်ကွက်၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။
May Chelsea Personality Development School is a unique training centre that facilitates effective an
𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐆𝐫𝐨𝐨𝐦𝐢𝐧𝐠 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐄𝐭𝐢𝐪𝐮𝐞𝐭𝐭𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐅𝐨𝐫 𝐌𝐚𝐡𝐚𝐥𝐚𝐧𝐝 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝
𝟏𝟗𝐭𝐡 𝐉𝐚𝐧𝐮𝐚𝐫𝐲 𝟐𝟎𝟐𝟒
🌺🌸🌺🌸🌺
Our heartfelt thanks to all Senior Managers, Managers, and Executives for your time and active participation in attending this training event!
Your presence and engagement helped to make the event a success, and we do hope that you found it to be an informative and enjoyable learning experience. 🥰
Our sincere thanks and appreciation to the Management Team, especially the SVP, Head of HR & Admin. Daw Lei Wah Wah Myo, Senior HR Managers Daw Htet Htet Nu Wai and Daw Naw Gay Nay Paw for giving me the trust to conduct this training program. 🌸🌺
So proud to conduct training at this newly established corporate office building M-Tower!
⭐️𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐟𝐨𝐫 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐝𝐞𝐫𝐬 ⭐️
ပုံမှန်လစဉ်သင်တန်းများ မကြာမီ ပြန်လည်ဖွင့်လှစ်ပါမည်❗️
လူငယ်လူရွယ် သားငယ်သမီးငယ်များ ပညာရေးမှာ ထူးချွန်ရုံသာမက၊ အပြင်ပန်းအမြင် (appearance) မှာလည်း smart ဖြစ်ပြီး အတွင်းပိုင်းမှပါ (inside-out) မှန်ကန်သော စိတ်နေသဘောထား၊ အပြုအမူ၊ အမူအကျင့်ကောင်းများဖြင့် စိတ်ထားတတ်စေရန်နှင့် စာရိတ္တများကောင်းမွန်စေရန် လမ်းညွှန်သင်ကြားပေးမည့် Modern Etiquette သင်တန်းဖြစ်ပါသည်။
ဤသင်တန်းတွင် မိမိတို့၏ သားငယ် သမီးငယ်များအား ငယ်စဉ်ကတည်းမှစ၍ အရေးကြီးသည့် အကြောင်းအရာများဖြစ်သည့် -
✅ ကိုယ်ကျင့်တရား ကောင်းမွန်စေရန်
✅ စာရိတ္တ ကောင်းမွန်စေရန်
✅ ကိုယ်ချင်းစာတရားနှင့် စာနာစိတ် ထားတတ်စေရန်
✅ အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုး ဝေဖန်ပိုင်းခြား သိမြင်တတ်စေရန်
✅ အခြေခံ လူ့ကျင့်ဝတ်များ သိရှိစေရန်
✅ လူအများနှင့် လိုက်လျှောညီထွေစွာ နေထိုင် ပြောဆို ပေါင်းသင်းတတ်ရန်
✅ သူ့နေရာနှင့်သူ လိုက်လျှောညီထွေ၊ သင့်တင့်လျှောက်ပတ်စွာ ဝတ်စားဆင်ယင်တတ်၍ နေထိုင်စားသောက်တတ်စေရန်
✅ လူမှုဆက်ဆံရေး ကောင်းမွန်စေရန်
✅ အချိန်ကို လေးစား တန်ဘိုးထားတတ်စေရန်
✅ စည်းကမ်းရှိစေရန်
✅ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ဖြင့် ကိုယ်ရည်ကိုယ်သွေး တောက်ပစေရန်
အတန်းကျောင်းစာများတွင် ထည်သွင်းသင်ကြားလေ့မရှိသည့် ဆောင်ရန် ရှောင်ရန်များ၊ ဗဟုသုတများစွာကို awareness ရှိစေရန် စနစ်တကျ မျှဝေသင်ကြားပေးမည်ဖြစ်ပါသည်။ 🥰
✅သင်တန်းတက်သင့်သူများ
အသက် ၁၂နှစ် မှ ၂၀နှစ် အတွင်း - လူငယ်လူရွယ်လေးများ ကျောင်းမှာဖြစ်စေ၊ မိမိ၏ကိုယ်ပိုင်အချိန်များတွင် သူငယ်ချင်းများနှင့် ပြောဆိုဆက်ဆံသည့် လူမှုဆက်ဆံရေးနယ်ပယ် social life မှာဖြစ်စေ၊ မိမိကိုယ်ကိုမိမိ ယုံကြည်မှု (Self-confidence) အပြည့်နှင့် ကိုယ်ရည်ကိုယ်သွေး (Personality) တောက်ပသော၊ စမတ် (Smart) ကျသည့် လူတော်လူကောင်းလေး တယောက်ဖြစ်စေရန်၊ လူအများနှင့် ပြောဆိုပေါင်းသင်းဆက်ဆံသည့်အခါ အဆင်ပြေချောမွေ့စေရန်၊ ဤ Personality Development Program သင်တန်းမှ သင်ကြားပေးမည်ဖြစ်ပါသည်။
နိုင်ငံခြားသွား၍ ကျောင်းတက်ရန် ရည်ရွယ်သူများလည်းတက်ရန် အထူးသင့်တော်ပါသည်။
ဘယ်နေရာ ဘယ်နိုင်ငံဘဲရောက်ရောက် လူအများနှင့်ပေါင်းသင်းဆက်ဆံပြောဆိုသည့်အခါတွင် အဆင်ပြေချောမွေ့စေရန်၊ အတန်းကျောင်းများတွင် ပါဝင်သင်ကြားလေ့မရှိသည့် ဘာသာရပ်များကို စိတ်ဝင်စားဘွယ် သင်ကြားပေးမည်ဖြစ်ပါသည်။
မှတ်ချက် - ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါ။ ကျား၊ မ မရွေး တက်ရောက်နိုင်ပါသည်။
သင်ကြားမည့် Presentation slides များမှာ English လိုဖြစ်ပြီး၊ မြန်မာလိုရော အင်္ဂလိပ်လိုပါ ပြော၍ သင်ကြားပါမည်။
စိတ်ဝင်စားစရာ၊ ပျော်စရာ interactive session တခုဖြစ်ပြီး၊ Exercises, Quizzes, Video များလည်း ပါဝင်မည်ဖြစ်ပါသည်။
✳ သင်တန်းဖွင့်မည့် နေ့နှင့်အချိန် ✳
======================
📆 Date: February, March & April 2024
(အချိန်ဇယား အသေးစိတ်အား Comments တွင် ကြည့်ရှုပေးပါရန်)
📅 Duration: 5 days (12½ Learning-hours)
⏰Time: 9.30 a.m. to 12.00 noon
🏠 Venue: သင်တန်း တည်နေရာ -
အမှတ် ၇၊ ဒုတိယထပ်
အဝေရာလမ်း (ရှောက်ပင်ခြံ)
လှည်းတန်း
ကမာရွတ်မြို့နယ်
(အထက ၅ ကမာရွတ်၊ မျက်နှာချင်းဆိုင်လမ်း၊
တာလီရွှေဆိုင်အနောက် တလမ်းကျော်၊
ဇီဝက ဆေးခန်းအပေါ်ထပ်)
💰သင်တန်းကြေး - Kyats 100,000 (စာရွက်စာတမ်း အပြီးအစီး)
📥သင်တန်းအပ်ရန် (Registration) -
▪️ February 2024 Class: https://forms.gle/HDvM6MsniMAMqQ7o9
▪️ March 2024 Class: https://forms.gle/ZfPwhwi3g5s5kpMu5
▪️ April 2024 Class: https://forms.gle/PbqTHdBPBwSbcxPW6
တို့တွင် စာရင်းပေးသွင်းပါရန်။
☕Coffee/Tea break နေ့စဉ်ပါဝင်မှာဖြစ်ပါသည်။
❗လူဦးရေ ကန့်သတ်ထားပါသည်။
🏆သင်တန်းပြီးဆုံးလျှင်၊ သင်တန်းပြီးမြောက်ခြင်း "Certificate of Completion" ပေးအပ်ပါမည်။
အသေးစိတ်အချက်အလက်များ၊ ငွေသွင်းရန် အချက်အလက်များကို Messenger (CB) မှဖြစ်စေ၊ ဖုန်း 095049871 / 095197056 / 09965049871 သို့ဖြစ်စေ၊ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
တိုင်းသူပြည်သား လူငယ်လူရွယ်များအားလုံး စမတ်ကျ၍ ကိုယ်ရည်ကိုယ်သွေးများ တောက်ပနိုင်ကြပါစေ 🥰🥰
𝑾𝒊𝒕𝒉 𝒎𝒚𝒊𝒕𝒕𝒂,
𝓣𝓻. 𝓐𝓷𝓷𝓲𝓮
𝗠𝗮𝘆 𝗖𝗵𝗲𝗹𝘀𝗲𝗮 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹𝗶𝘁𝘆 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗦𝗰𝗵𝗼𝗼𝗹
⭐️✨𝗛𝗮𝗽𝗽𝘆 𝗡𝗲𝘄 𝗬𝗲𝗮𝗿 𝟮𝟬𝟮𝟰!✨⭐️
Leave a bad habit, learn something nice and new!🥰
May the New Year 2024 be a very Happy, Healthy, Safe and Prosperous year, with a bright future and new opportunities for all of you!🙏🥰
With myitta,
Teacher Annie
Merry Christmas & Happy Holidays to you all!🥰🎄♥️
ℂ𝕠𝕞𝕚𝕟𝕘 𝕊𝕠𝕠𝕟!
🎄☃️ 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐝𝐞𝐫𝐬' 𝐑𝐞𝐮𝐧𝐢𝐨𝐧 & 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐏𝐚𝐫𝐭𝐲!🎄☃️
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
𝗧𝗲𝗮𝗰𝗵𝗲𝗿 𝗔𝗻𝗻𝗶𝗲 နဲ. 2021 မှ 2023 အတွင်း 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹𝗶𝘁𝘆 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗳𝗼𝗿 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗱𝗲𝗿𝘀 (𝗼𝗿) 𝗞𝗶𝗱𝘀/𝗧𝗲𝗲𝗻𝗮𝗴𝗲𝗿𝘀 သင်တန်းကို Online သို့မဟုတ် လူကိုယ်တိုင် တက်ရောက်ဖူးခဲ့ကြတဲ့ သားငယ် သမီးငယ်လေးတွေနဲ့ ပျော်ပျော်ပါးပါး ပြန်ပြီး ဆုံတွေ့ချင်ပါတယ်။ 🥰
စိတ်ဝင်စားကြပါလား?🥰
Detail event program မကြာမီ ကြေငြာပေးပါ့မယ်နော်🥰
With myitta,
𝗧𝗲𝗮𝗰𝗵𝗲𝗿 𝗔𝗻𝗻𝗶𝗲
⛄️❄️1st December ➡️ Sweet December ❄️⛄️
Resharing post from last year!🥰
တန်ဆောင်မုန်းလပြည့်နေ့
တန်ဆောင်တိုင် မုန့်ဘိုးလေး ဦးသူယူကြပါနော် 🥰
PW: 546182
Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money
Sharing post from last year on Thanksgiving, Black Friday and Cyber Monday!🥰
💥🔥Happy Diwali 2023 🔥💥
To all my Hindu friends who are celebrating, wishing you and your families a Diwali filled with love, light, and laughter.
May your life be as bright as the Diwali lamps!🥰
With myitta,
May Chelsea Personality Development School
💥𝐇𝐚𝐩𝐩𝐲 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 𝟐𝟎𝟐𝟑 💥
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်
သီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့မှာ
မြန်မာပြည်သူ ပြည်သားများ အားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ 🙏🙏🙏
🌹 𝐃𝐫𝐞𝐬𝐬 𝐇𝐨𝐰 𝐘𝐨𝐮 𝐖𝐚𝐧𝐭 𝐓𝐨 𝐁𝐞 𝐀𝐝𝐝𝐫𝐞𝐬𝐬𝐞𝐝 🌹
ဝတ်စားဆင်ရင်မှုနဲ့ပတ်သက်ပြီး English လို ပြောလေ့ပြောထရှိတဲ့ အကြုံပြုချက်တခုပါ။
“Dress how you want to be addressed”
“သင့်ကို သူတပါးက ပြောဆိုဆက်ဆံစေချင်သလို ၀တ်စားဆင်ယင်ပါ” လို့ အဓိပ္ပာယ်ရပါတယ်။
လုပ်းငန်းခွင် business world မှာ ဝတ်စားဆင်ရင်မှုနဲ့ပတ်သက်ပြီး အရေးကြီးပုံကို၊ English လို “dress” နဲ့ “address” က အဓိပ္ပာယ်မတူသော်လည်း၊ စာလုံးပေါင်းနဲ့အသံထွက်ဆင်ပြီး ကာရံညီနေတဲ့ စကားလုံးတွေဖြစ်နေတဲ့အတွက် မှတ်ရလွယ်အောင် ပြောလေ့ပြောထရှိကြတဲ့ အဆိုအမိန့်လေးတခုပါ။
ဒီနေရာမှာ Dress က ဝတ်စားဆင်ရင်မှုလို့ အဓိပ္ပာယ်ရပြီး၊ addressed ကတော့ မိမိကို ခေါ်ပြောဆက်ဆံပုံလို့ အဓိပ္ပာယ်ရပါတယ်။
ကိုယ်က အဝတ်အစား သပ်သပ်ရပ်ရပ် သားသားနားနားဝတ်ဆင်ထားပြီး တနေရာရာ … ဥပမာ ဆိုင်တခုခုထဲကို ဝင်လိုက်မိရင်၊ မိမိကိုမြင်လိုက်တာနဲ့ တံခါးထဖွင်းပေးတာမျိုး၊ ခါတိုင်းထက်ဖော်ရွေစွာ ဆက်ဆံခံရတာမျိုး ဖြစ်တတ်သလို၊ တခါတရံ အမှတ်တမဲ့ အိမ်နေရင်းအဝတ်အစား ဘိုသီဘတ်သီ (အမျိုးသမီးတချို့ ပါတိတ်ဂါဝန်ကြီးလိုမျိုး!)နဲ့ မျက်နှာပြောင်နဲ့ ဈေးဝယ်ထွက်သွားမိရင် တချို့ဆိုင်တွေဆို အရောင်းဝန်ထမ်းကအစ မိမိကို မခေါ်မပြောချင်သလို ဆက်ဆံတာမျိုးကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာမျိုးလည်းကြုံတွေ့ဘူးကြမှာပါ။
တခါတရံ မိမိဝတ်ဆင်ထားတဲ့အဝတ်အစားကြောင့် … အထူးသဖြင့် အပြင်မှာ မိမိကို မသိ မရင်းနှီးတဲ့ သူစိမ်းတွေရဲ့ ပြောဆိုဆက်ဆံပုံကလည်း မထင်မှတ်ဘဲကွဲပြားခြာနားသွားတတ်ပါတယ်။
"Dress according to the occasion"
ဝတ်စားဆင်ရင်မှာနဲ့ပတ်သက်ပြီး နောက်အရေးကြီးတဲ့ အချက်တခုကတော့၊ သွားမည့်၊ တက်ရောက်မည့် ပွဲ၊ အခမ်းအနား အနေအထား အခြေအနေပေါ်မူတည်ပြီး ၀တ်စားဆင်ယင်ပါ ဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။
မိမိသွားမည့်ကိစ္စက ရုံးတက်မှာလား၊ အလုပ် interview ဖြေမှာလား၊ အရေးကြီးတဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့ အခမ်းအနားလား၊ ဘာသာရေးနဲ့သက်ဆိုင်တဲ့ပွဲလား၊ ပေါ့ပေါ့ပါးပါးအပျော်ပွဲလား အစရှိသည်တို့ပေါ်မူတည်ပြီး လိုက်လျှောညီထွေစွာ ဝတ်စားဆင်ယင်သင့်ပါတယ်။
First Impression လို့ခေါ်တဲ့ လူတဦးနဲ့တဦး ဆုံတွေ့တဲ့အခါ “ပထမဆုံး အမြင်နဲ့ထင်မြင်ချက်” ဆိုတာကို တချို့က မကြုက်ကြ၊ လက်မခံကြပေမဲ့ အကယ့်လက်တွေ့မှာတော့ ရှောင်လွှဲလို့မရတဲ့ ခါးသီးသော အမှန်တရားပါ။
First Impression ကို ဘယ်နေရာ၊ ဘယ်နိုင်ငံရောက်ရောက် နေ့စဉ်အမြဲလို ကြုံတွေ့ရတတ်ပါတယ်။
မိမိသွားမည့်ကိစ္စ အရေးကြီးရင်ကြီးသလို သင့်တင့်လျှောက်ပတ်စွာ ဝတ်စားဆင်ယင်သွားတာကတော့ အကောင်းဆုံးပါဘဲ။
"Wearing the correct dress for any occasion is a matter of good manners" ~ Loretta Young
"မည်သည့်ပွဲအခမ်းအနားကိုမဆို မှန်ကန်သော အဝတ်အစား ဝတ်ဆင်သွားခြင်းသည် ကောင်းမွန်သော အမူအကျင့်တစ်ခုဖြစ်သည်"
𝙒𝒊𝙩𝒉 𝒎𝙮𝒊𝙩𝒕𝙖,
𝑻𝙧. 𝑨𝙣𝒏𝙞𝒆
Happy First day of October!🧡🎃🧡
Good morning, and hope you all have a splendid Sunday!
နှစ်ကုန်ဘို့လည်း ၉၁ ရက်ဘဲ ကျန်ပါတော့တယ်။
May this month be filled with peace, happiness, and abundance of blessings🥰🙏
𝐇𝐚𝐩𝐩𝐲 𝟐𝟓𝐭𝐡 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐆𝐨𝐨𝐠𝐥𝐞!🎂🎉🎊🎈
ဒီကနေ့ဟာဖြင့် Search giant Google တည်ထောင်ခြင်း ၂၅နှစ်ပြည့်သောနေ့ဘဲဖြစ်ပါတယ်။
Google Inc. ကို 4 September 1998 မှာ တရားဝင် တည်ထောင်ခဲ့ပေမဲ့၊ သူ့ရဲ့ ကုမ္ပဏီတည်ထောင်ခြင်း နှစ်ပတ်လည်မွေးနေ့ကိုတော့ September 27 မှာ နှစ်စဉ်ကျင်းပလာခဲ့တာ ၁၀နှစ်ကျော်လောက်ရှိပါပြီလို့ သူ့ရဲ့တရားဝင် စာမျက်နှာများမှာ ဖော်ပြထားပါတယ်။
“On September 27, 1998, Google Inc. was officially born” လို့ ရေးထားပါတယ်။
ယနေ့ကျရောက်တဲ့ Google ရဲ့ ၂၅နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အနေဖြင့် Google Doodle (ကောက်ကြောင်းသရုပ်ဖော်) ကို GIF လေးလုပ်ထားပြီး၊ ‘Google’ ကို နှိပ်လိုက်ရင် ‘G25gle’ လို့ပြောင်သွားမှာပါ။
Google ဟာ ကျွန်မတို့ နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတခုဖြစ်လာပါပြီ ☺️
Thank you so much ‘Google’, and our best wishes for many more successful years ahead 🥰
🌼“𝐓𝐡𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐆𝐨𝐥𝐝𝐞𝐧 𝐑𝐮𝐥𝐞” 🌼
🌸"𝗧𝗿𝗲𝗮𝘁 𝗽𝗲𝗼𝗽𝗹𝗲 𝘁𝗵𝗲 𝘄𝗮𝘆 𝘆𝗼𝘂 𝘄𝗮𝗻𝘁 𝘁𝗼 𝗯𝗲 𝘁𝗿𝗲𝗮𝘁𝗲𝗱"🌸
Talk to people the way you want to be talked to.
Respect is earned not given.
Respect will always be earned when it is given.
လူမျိုး ဘာသာမရွေး တလောကလုံး တူညီစွာ လက်ခံကျင့်သုံးနေကြတဲ့ “ရွှေရောင်လမ်းညွှန်ချက်” “The Universal Golden Rule” ဆိုတာ …….
"မိမိကို သူတပါးက ဆက်ဆံစေချင်သလို၊ သင်ကလည်း ဆက်ဆံပါ"
စကားပြောတဲ့အခါ မိမိကို သူတပါးက ပြောဆိုဆက်ဆံစေချင်တဲ့ပုံစံအတိုင်း သင်ကလည်း သူတပါးကို ပြောဆို ဆက်ဆံပါ။
ကိုယ့်ကို ရိုင်းရိုင်းစိုင်းစိုင်းပြောတာ မကြိုက်ရင်၊ ကိုယ်ကလည်း သူများကို ရိုင်းရိုင်းစိုင်းစိုင်း မပြောပါနဲ့။
ကိုယ့်ကို သူများက အော်ငေါက်ပြီး ပြောတာမကြိုက်ရင်၊ ကိုယ်ကလည်း သူတပါးကို အော်ငေါက်ပြီး မပြောပါနဲ့။
ရိုသေလေးစားမှုဆိုတာ ဒီတိုင်းအလကားဖြစ်လာတာမဟုတ်ဘဲ၊ ကိုယ်ကပေးမှ ပြန်ရတာမျိုးပါ။
ကိုယ်က သူတပါးအပေါ်မှာ ရိုသေလေးစားမှုရှိရင်၊ သူတပါးဆီက ရိုသေလေးစားမှုကိုလည်း အမြဲပြန်လည် ရရှိမှာပါ။
လူ့ဘောင်လူ့အဖွဲ့အစည်းမှာ လူလူချင်း ပြောဆိုဆက်ဆံနေကြတာဖြစ်တဲ့အတွက်၊ ဒါကို တနည်းအားဖြင့် အပြန်အလှန်လေးစားမှုလို့ခေါ်ပါတယ်။
အပြန်အလှန်လေးစားမှုဆိုတာ လူ့ကျင့်ဝတ်တွေထဲမှာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး ကျင့်ဝတ် (etiquette) တခုပါ။
Good morning everyone, and hope you have a wonderful day!🥰
𝑾𝒊𝒕𝒉 𝒎𝒚𝒊𝒕𝒕𝒂,
𝑻𝒓. 𝑨𝒏𝒏𝒊𝒆
Post အောက်မှာရေးထားတဲ့ comments တွေဖတ်ပြီး အံ့လည်းဩမိ … စိတ်မကောင်းလည်း ဖြစ်မိပါတယ်။
အမှိုက်သိမ်းတာ သန့်ရှင်းရေးဝန်ထမ်းရဲ့ တာဝန်ဘဲလို့ တွေးကြ ရေးကြတဲ့ စိတ်ဓာတ်တွေ၊ mindset တွေ ဘယ်လိုများဖြစ်ကြတာပါလိမ့်?
နိုင်ငံတခုတိုးတက်ဖို့ရာ၊ နေရာတိုင်းမှာ လူတဦးတယောက်ချင်းစီတိုင်းမှာ စည်းကမ်းကိုယ်စီရှိကြဘို့လိုပါတယ်။
ကျွန်မက အခြေခံလူ့ကျင့်ဝတ်တွေ၊ Civility (နိုင်ငံကြီးသားပီသအောင် နေထိုင်ဘို့) နဲ့ Etiquette တွေ သင်နေသူဖြစ်တဲ့အတွက် ဒီ post လေးတွေ့လို့ ပြန်လည်မျှဝေလိုက်တာပါ။
𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐆𝐫𝐨𝐨𝐦𝐢𝐧𝐠 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐄𝐭𝐢𝐪𝐮𝐞𝐭𝐭𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐟𝐨𝐫 𝐌𝐨𝐭𝐭𝐚𝐦𝐚 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐋𝐢𝐦𝐢𝐭𝐞𝐝
𝟏𝟒 & 𝟏𝟓 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟑
𝐒𝐞𝐬𝐬𝐢𝐨𝐧 𝟐 🌺🌸🌺🌸
We wish to extend a heartfelt thank you to the General Manager, Directors, Managers and all Senior Executives for your time and active participation in attending this training event!
Your presence and engagement helped to make the event a huge success, and we hope that you found it to be an informative and enjoyable learning experience 🥰
Our sincere thanks and appreciation once again to the General Manager Daw Jin Hpin, the Management Team, and HR Manager Daw Phone Myat Moe Han for giving me the trust to conduct this training program 🌸🌺
𝗖𝗼𝗿𝗽𝗼𝗿𝗮𝘁𝗲 𝗚𝗿𝗼𝗼𝗺𝗶𝗻𝗴 & 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗘𝘁𝗶𝗾𝘂𝗲𝘁𝘁𝗲 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗳𝗼𝗿 𝗠𝗼𝘁𝘁𝗮𝗺𝗮 𝗛𝗼𝗹𝗱𝗶𝗻𝗴𝘀 𝗟𝗶𝗺𝗶𝘁𝗲𝗱
𝟳 & 𝟴 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 𝟮𝟬𝟮𝟯
𝗦𝗲𝘀𝘀𝗶𝗼𝗻 𝟭 🌺🌺🌺
Thank you very much to the Management Team, Senior Executives and all participants for your time and active participation!
We treasure your contributions and time with us, and hope you have come away with some useful insights and information from the training program 🥰
Special thanks and appreciation to the Management Team, and HR Manager Daw Phone Myat Moe Han 🌸
Good morning everyone!🥰
Have a great Sunday 🌸🌸
🕰💰𝗧𝗶𝗺𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 & 𝗣𝗿𝗼𝗱𝘂𝗰𝘁𝗶𝘃𝗶𝘁𝘆 🕰💰
အခုနောက်ပိုင်း လူတော်တော်များများဆီကနေ ကြားနေရတဲ့ စကားတခုကတော့ …
“တနေ့တနေ့ အချိန်ကိုမလောက်ဖူး”
“အချိန်တွေကုန်မြန်လိုက်တာ”
“အချိန်မရှိဘူး၊ မအားဘူး” ဆိုတာပါဘဲ။
အံ့ဩစရာကောင်းတာက လူကြီး လူငယ်တွေသာမက၊ ကလေးတွေပါ ပြောလာခြင်းပါဘဲ။
ယနေ့ခေတ် လူအများစု ဘာကြောင့် အချိန်မလောက်ကြတာပါလဲ?
အချိန်သည် လူသားအားလုံးအတွက် အရေးကြီးဆုံးနှင့် အဖိုးတန်ဆုံး အရင်းအမြစ်များထဲမှ တစ်ခုဖြစ်သော်လည်း အများစုက အချိန်ကို ကောင်းစွာအသုံးမချတတ်ဘဲ ဖြစ်နေတတ်ကြပါတယ်။
တနေ့တနေ့ လုပ်ရမည့်လုပ်ငန်းဆောင်တာများ ရည်မှန်းထားသလိုမပြီးမြောက်ဘဲ အလုပ်တွေနှောင့်နှေးနေတတ်ကြပါတယ်။
“Time stays long enough for those who use it.” – Leonardo Da Vinci
“အချိန်ဆိုတာ အသုံးချတတ်သူများအတွက် ကြာရှည်ခံပါသည်” - လီယိုနာဒို ဒါဗင်ချီ
အချိန်စီမံခန့်ခွဲမှု၏ အရေးပါမှုကို ကောင်းစွာနားလည်သဘောပေါက်မယ်ဆိုရင် မိမိကိုယ်တိုင်သာမက၊ မိမိလုပ်ငန်းရဲ့ စွမ်းဆောင်ရည်နဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားကို ပိုပြီးထိရောက်စွာ မြှင့်တင်နိုင်မှာပါ။
ယခုနောက်ပိုင်း နိုင်ငံခြားတိုင်ပြည်များမှာလည်း Time Management ဟုခေါ်သည့် အချိန်ကိုစနစ်တကျစီမံခန့်ခွဲမှုဟာ အလုပ်လုပ်သူတိုင်း မဖြစ်မနေလေ့လာသင်ယူကြရသည့် soft skill ပညာရပ်တခုလိုဖြစ်လာပါပြီ။
ခေါင်းဆောင်ကောင်းတယောက်သာမက၊ ဝန်ထမ်းတယောက်ရဲ့ အလိုအပ်ဆုံး အရေးပါဆုံး အရည်အချင်းတွေထဲက တစ်ခုဖြစ်လာပါပြီ။
Time Management အချိန်စီမံခန့်ခွဲမှုဆိုတာဘာလဲ?
Time Management သည် မိမိရဲ့လုပ်ငန်းဆောင်တာများကို ပိုမိုအကျိုးရှိစွာ ထိရောက်စွာ ပြီးမြောက်စေရန် အချိန်ကို စနစ်တကျ စီစဉ်စီမံခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ်တခုဘဲဖြစ်ပါတယ်။
Time Management စနစ်တကျအချိန်စီမံခန့်ခွဲမှုကြောင့် -
☑️စွမ်းဆောင်ရည်နှင့် ကုန်ထုတ်စွမ်းအား ပိုမိုကောင်းမွန်တိုးတက်လာနိုင်ခြင်း
☑️လုပ်ငန်းတာဝန်များ အချိန်မီ ပြီးမြောက်အောင်မြင်နိုင်ခြင်း
☑️စိတ်ဖိစီးမှုနှင့်စိတ်ပူပန်မှုများကို လျှော့ကျနိုင်ခြင်း
☑️အချိန်ဆွဲခြင်းကို လျှော့ချနိုင်ခြင်း
☑️မိမိအသင်းအဖွဲ့ တိုးတက်အောင် ကူညီပံ့ပိုးပေးနိုင်ခြင်း
☑️မိမိရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာတက်လှမ်းနိုင်ခြင်း၊ မိမိရဲ့အိပ်မက်တွေကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်း - အစရှိသည့်အကျိုးကျေးဇူးတို့ကို ခံစားရရှိနိုင်ပါတယ်။
“𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 & 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐯𝐢𝐭𝐲”
(𝑺𝒉𝒐𝒓𝒕 𝒂𝒏𝒅 𝒆𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝒕𝒓𝒂𝒊𝒏𝒊𝒏𝒈 𝒄𝒐𝒖𝒓𝒔𝒆)
❗️ဒီ Subject ကို လူငယ်လေးတွေရဲ့ Personality Development Programme for Young Leaders မှာ ထည့်သွင်း သင်ကြားခဲ့တုန်းကလည်း လူကြိုက်အများဆုံး Subject တခုဖြစ်ခဲ့ပါတယ်။
✅သင်တန်းတက်သင့်သူများ
အချိန်ကိုကောင်းစွာ စနစ်တကျ စီမံခန်းခွဲ၍အသုံးချလိုသူများ၊ မိမိရည်မှန်းချက်ပန်းတိုင်ကို ကောင်းစွာတက်လှမ်းလိုသူများ၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်လိုများ တက်ရောက်နိုင်ပါသည်။
မှတ်ချက် - ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါ။ အသက်အရွယ် ကျား၊ မ မရွေး တက်ရောက်နိုင်ပါသည်။
သင်ကြားမည့် Presentation slides များမှာ English လိုဖြစ်ပြီး၊ မြန်မာလိုရော အင်္ဂလိပ်လိုပါ ပြော၍ သင်ကြားပါမည်။
✅Course contents (သင်တန်းတွင်ပါဝင်မည့် အကြောင်းအရာတချို့) …
▪️ How to effectively manage your time
▪️ SMART Goal Setting
▪️ Dream Big, Aim High
▪️ Plan Well and Get Organized
▪️ Set Priorities
▪️ Destroy Procrastination
▪️ Self-management & self-discipline
▪️ Best time management techniques
✳သင်တန်းဖွင့်မည့် နေ့နှင့်အချိန်✳
📆 Date: Monday 7th August 2023
⏰Time: 9.30 a.m. to 12.30 p.m.
🎯Teaching Method: In-person (လူကိုယ်တိုင်)
🏠 Venue: သင်တန်း တည်နေရာ -
အမှတ် ၇၊ ဒုတိယထပ်
အဝေရာလမ်း (ရှောက်ပင်ခြံ)
လှည်းတန်း
ကမာရွတ်မြို့နယ်
(အထက ၅ ကမာရွတ်၊ မျက်နှာချင်းဆိုင်လမ်း၊
တာလီရွှေဆိုင်အနောက် တလမ်းကျော်၊
ဇီဝက ဆေးခန်းအပေါ်ထပ်)
📥သင်တန်းအပ်ရန် (Registration) -
https://forms.gle/rCcqUhEz668ojuwF9 တွင် စာရင်းပေးသွင်းပါရန်။
💰သင်တန်းကြေး - K.25,000
☕Coffee/Tea break ပါဝင်ပါသည်။
🎁ပထမဦးဆုံး သင်တန်းအပ်သူ (၁၀)ဦးအား Mug လက်ဆောင်ပေးပါမည်။
💢ကုမ္ပဏီများ၊ လုပ်ငန်းအဖွဲ့အစည်းများ အသင်းအဖွဲ့လိုက်လည်း သီးသန့်သင်ကြားပေးပါသည်။
အသေးစိတ်အချက်အလက်များ၊ ငွေသွင်းရန် အချက်အလက်များကို Messenger (CB) မှဖြစ်စေ၊ ဖုန်း 095049871 / 09965049871 / 095197056 သို့ဖြစ်စေ၊ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
ရေးထားတာလေး သဘောကျလို့ Sunshine Boy ဆီမှ ကူးယူပြီး ဘာသာပြန်ပေးထားတာပါ 🥰
လူငယ်တစ်ယောက်က သူ့အဘိုးကို မေးတယ် ...
"အဘိုး၊ technology လို့ခေါ်တဲ့နည်းပညာတွေမရှိခဲ့တုန်းက အဘိုးတို့ခေတ်က ဘယ်လိုများ နေထိုင်ခဲ့တာလဲ...
ကွန်ပျူတာမရှိဘဲ
ဒရုန်းမရှိဘဲ
Bitcoins မရှိဘဲ
အင်တာနက်ချိတ်ဆက်မှုမရှိဘဲ
TV မရှိဘဲ
လေအေးပေးစက်မရှိဘဲ
ကားမရှိဘဲ
မိုဘိုင်းလ်ဖုန်းမရှိဘဲ?"
အဘိုးက ပြန်ဖြေတယ် -
"ယနေ့ မင်းတို့မျိုးဆက်တွေ ရှင်သန်နေသလိုဘဲပေါ့ ...
ဘုရားတရားမရှိ၊
စာနာစိတ်မရှိ၊
လေးစားမှုမရှိ၊
ယဉ်ကျေးသိမ်မွေ့မှုနဲ့ အကျင့်စာရိတ္တကောင်းမွန်ခြင်းမရှိ၊
စစ်မှန်သောပညာရေးမရှိ၊
ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းခြင်း၊
လူသားချင်းစာနာမှု မရှိခြင်း၊
အရှက်မရှိ၊
သိက္ခာမရှိ၊
ရိုးသားမှုမရှိခြင်း
အဘိုးတို့လို ၁၉၃၀ မှ ၁၉၈၀ ခုနှစ်များအတွင်း မွေးဖွားသူများသာ တကယ့်မင်္ဂလာတရားနဲ့ ပြည့်စုံသူများဖြစ်ကြပါတယ်။ အခု ငါတို့သက်တန်းအသက်ရှင်နေတဲ့သူတွေ နေခဲ့ရပုံကိုဘဲကြည့်ပါ၊ သက်သေပါဘဲ။"
¶ စက်ဘီးစီးရင်၊ ကစားရင် ဦးထုပ်ဆောင်းစရာမလိုခဲ့ဘူး။
¶ ကျောင်းဆင်းရင် အိမ်စာတွေကို ကိုယ့်အသိစိတ်နဲ့ကိုယ်လုပ်ခဲ့ကြပြီး၊ နေဝင်ချိန်အထိ မြက်ခင်းပြင် လယ်ကွင်းပြင်တွေမှာ အမြဲဆော့ကစားခဲ့ကြတယ်။
¶ အတုအယောင်မဟုတ်တဲ့ သူငယ်ချင်းအစစ်များနဲ့သာ ကစားခဲ့ကြတယ်။
¶ ငါတို့ ရေငတ်တဲ့အခါ သောက်ရေသန့်မဟုတ်တဲ့ စမ်းရေတွင်းနဲ့ ရေတံခွန်ကရေတွေကို သောက်ခဲ့ကြတယ်။
¶ ပန်းကန်နဲ့ခွက်တွေကို သူငယ်ချင်းတွေနဲ့ အတူတူသောက်သုံးခဲ့ကြပြီး၊ ရောဂါကူးစက်မှာတွေကို စိုးရိမ်စရာမရှိခဲ့သလို ဘယ်တော့မှ ဖျားတာနာတာမျိုး မရှိခဲ့ဘူး။
¶ ပေါင်မုန့်နဲ့ ခေါက်ဆွဲ နေ့တိုင်းစားလို့ဆိုပြီး ကိုယ်အလေးချိန်တက်တယ်ဆိုပြီး မရှိခဲ့ဘူး။
¶ ခြေထောက်ဗလာနဲ့ လမ်းလျှောက်လို့လည်း ဘာမှမဖြစ်ဖူးဘူး။
¶ ကျန်းမာရေးကောင်းဘို့ဆိုပြီး ဖြည့်စွက်စာ အားဆေးတွေလည်း ဘယ်သောအခါမှ မသုံးခဲ့ဘူး။
¶ ကိုယ့်ဖာသာကိုယ် အရုပ်လေးတွေမျိုးစုံလုပ်ပြီးလည်း ကစားခဲ့ဖူးတယ်။
¶ မိဘတွေက မချမ်းသာပါဘူး။ လက်ဆောင်ပစ္စည်းတွေမဟုတ်တဲ့ တန်းဘိုးမဖြတ်နိုင်တဲ့ချစ်ခြင်းမေတ္တာတွေကို ပေးခဲ့ကြတယ်။
¶ လက်ကိုင်ဖုန်း၊ DVD၊ PSP၊ ဂိမ်းစက်၊ Xbox၊ ဗီဒီယိုဂိမ်းများ၊ PC၊ လက်ပ်တော့၊ အင်တာနက်နဲ့ ချတ်ဆက်စကားပြောတာတွေမရှိပေမယ့် သူငယ်ချင်းအစစ်တွေရှိခဲ့တယ်။
¶ သီးသန့်ဖိတ်ခေါ်စရာမလိုဘဲ သူငယ်ချင်းတွေအိမ်ကို အလည်အပတ်သွားခဲ့ကြပြီး၊ သူတို့မိသားစုတွေနဲ့အတူ အစားအသောက်တွေကို ပျော်ရွှင်စွာမျှဝေစားသောက်ခဲ့ကြတယ်။
¶ မိသားစုနဲ့အတူနေချိန်ပိုရှိအောင်ဆိုပြီး မိဘတွေက အိမ်နဲ့အနီးအနားမှာ နေထိုင်လေ့ရှိခဲ့ကြတယ်။
¶ အဖြူအမည်းဓာတ်ပုံတွေသာ ရှိခဲ့ပေမဲ့၊ အဲ့ဒီဓာတ်ပုံလေးတွေမှာ အရောင်စုံဖြာနေတဲ့ အမှတ်တရပုံရိပ်လေးတွေကို တွေ့မြင်ရမှာပါ။
¶ တို့တွေဟာ အထူးခြားဆုံးနှင့် နားလည်မှုအရှိဆုံး မျိုးဆက်သာဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မိဘပြောစကားကို နားထောင်သော နောက်ဆုံးမျိုးဆက်လည်းဖြစ်ပါတယ်။
ပြီးတော့ ငါတို့တွေဟာ ကိုယ့်သားသမီးတွေရဲ့ စကားကို မဖြစ်မနေနားထောင်ရတဲ့ ပထမဆုံးသောသူတွေဘဲဖြစ်ပါတယ် ~
ငါတို့တွေဟာ ထူးခြားတန်ဘိုးရှိတဲ့ပစ္စည်းလို အကန့်အသတ်နဲ့ထုတ်ထားတဲ့သူတွေသာ ဖြစ်ပါတယ်။
ငါတို့တွေဆီက အခွင့်အရေးရတုန် သင်စရာရှိတာ သင်ယူကြပါ။ ဘာဖြစ်လို့လည်းဆိုတော့ ငါတို့တွေဟာ မကြာမီ ပျောက်ကွယ်သွားတော့မည့် အဖိုးတန်ရတနာတစ်ခုဖြစ်နေလို့ပါဘဲ။
မေတ္တာဖြင့်၊
Translated by Tr. Annie
A young man asked his grandfather,
"Grandpa, how did you live in the past without technology . . .
without computers
without drones
without Bitcoins
without Internet connection
without TVs
without air conditioners
without cars
without mobile phones?"
Grandpa answered:
"Just as your generation lives today . . .
no prayers,
no compassion,
no respect,
no GMRC (Good Manners and Right Conduct),
no real education,
poor personality,
there is no human kindness,
there is no shame,
there is no modesty,
there is no honesty.
We, the people born between the years 1930-1980, were the blessed ones. Our lives are living proof."
¶ While playing and riding a bike, we have never worn a helmet.
¶ after school we did our homework ourselves and we always played in meadows until sunset
¶ We played with real friends, not virtual friends.
¶ If we were thirsty, we would drink from the fountain, from the waterfalls, faucet water, not mineral water.
¶ We never worried and get sick even as we shared the same cup or plate with our friends.
¶ We never gained weight by eating bread and pasta every day.
¶ Nothing happened to our feet despite walking barefoot.
¶ We never used food supplements to stay healthy.
¶ We used to make our own toys and play with them.
¶ Our parents were not rich. They gave us love, not material gifts.
¶ We never had a cell phone, DVD, PSP, game console, Xbox, video games, PC, laptop, internet chat . . . but we had true friends.
¶ We visited our friends without being invited and shared and enjoyed the food with their family.
¶ Parents lived nearby to take advantage of family time.
¶ We may have had black and white photos, but you can find colorful memories in these photos.
¶ We are a unique and the most understanding generation, because we are the last generation that listened to their parents.
And we are also the first ones who were forced to listen to their children. ~
We are a limited edition.
Take advantage of us. Learn from us. We are a treasure destined to disappear soon.
(Credit to Sunshine Boy)
💥"𝟖 𝐏𝐨𝐰𝐞𝐫𝐟𝐮𝐥 𝐖𝐨𝐫𝐝𝐬 𝐟𝐨𝐫 𝐭𝐡𝐞 𝐃𝐚𝐲" 💥
"တစ်နေ့တာအတွက် ခွန်အားကြီးသော စကားလုံး ၈ လုံး"
1. Believe in Yourself
Believe you can and you will.
၁။ မိမိကိုယ်မိမိ ယုံကြည်မှုရှိပါ။
တကယ်ဖြစ်ချင်လျှင်တကယ်လုပ် အဟုတ်ဖြစ်ရမည်။
2. Stay Strong
Dream, Believe, Achieve
၂။ အားတင်းထားပါ။
အိပ်မက်မက်ပါ၊ ယုံကြည်မှုရှိပါ၊ အောင်မြင်မှုတွေ ရလာမှာပါ။
3. Never Give Up
A little progress each day adds up to big results.
၃။ ဘယ်သောအခါမှ အရှုံးမပေးပါနဲ့။
နေ့စဉ်တိုးတက်မှု အသေးလေးတွေကနေ ရလဒ်ကောင်းအကြီးကြီးတွေ ရလာမှာပါ။
4. Be grateful.
A grateful heart is a magnet for miracles.
၄။ ကျေးဇူးသိတတ်ပါ။
ကျေးဇူးသိတတ်သောနှလုံးသားရှိသူအတွက် အံ့ဖွယ်ရာများ သံလိုက်နဲ့ဆွဲငင်သကဲ့သို့ ဝင်လာတတ်ပါသည်။
5. Work hard.
Good things come to those who hustle.
၅။ အလုပ်ကြိုးစားပါ။
စိတ်အားထက်သန်သူတွေဆီ ကောင်းကျိုးတွေ လာပါလိမ့်မည်။
6. Stay humble.
Work hard in silence, let success make the noise.
၆။ နှိမ့်ချစွာနေပါ။
အလုပ်ကိုတိတ်ဆိတ်စွာ ကြိုးစားလုပ်ဆောင်ခြင်းဖြင့်၊ အောင်မြင်မှုအသံတွေ သူ့အလိုလို ထွက်လာပါလိမ့်မည်။
7. Be kind.
Kindness makes you the most beautiful.
၇။ စိတ်ကောင်းရှိပါ / ကြင်နာပါ။
စိတ်ကောင်းရှိခြင်း၊ ကြင်နာမှုရှိခြင်းက သင့်ကို အလှပဆုံးဖြစ်စေပါသည်။
8. Keep smiling.
Because of your smile, you make life more beautiful.
၈။ အမြဲပြုံးနေပါ။
သင့်အပြုံးကြောင့် သင့်ဘဝတခုလုံး ပိုပြီးလှပနေမှာပါ။ 🥰🥰
photo credit: Internet
💎 𝐓𝐨𝐩 𝐅𝐚𝐧𝐬 💎
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏❤️
အမှတ်တရ လက်ဆောင် အနေနဲ့
စိန်တုံးလေးပြပြီး
တယောက်ကို …
💥Mug တလုံး (သို့မဟုတ်)
💥Mobile Phone Top-up K.5,000
31st July 2023 မတိုင်ခင် ယူကြပါနော်🥰
Follower အသစ်များကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့် 🙏🥰
⭐ (၇၆) နှစ်မြောက် အာဇာနည်နေ့ ⭐
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာဖြင့် ဦးညွှတ် ဂါရဝပြုပါသည် 🙏
🌺 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹𝗶𝘁𝘆 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗲 𝗳𝗼𝗿 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗱𝗲𝗿𝘀 🌺
✡️ 𝐉𝐮𝐥𝐲 𝟐𝟎𝟐𝟑 𝐂𝐥𝐚𝐬𝐬 (𝟮𝟰 - 𝟮𝟴 𝗝𝘂𝗹𝘆 𝟮𝟬𝟮𝟯)✡️ “𝐔𝐩𝐝𝐚𝐭𝐞”
ကလေးတွေအတွက် ဒီနှစ်နောက်ဆုံးဖွင့်မည့်အတန်းဖြစ်ပါတယ်‼️💢
လူငယ်လူရွယ် သားငယ်သမီးငယ်များ အပြင်ပန်းအမြင် (appearance) smart ဖြစ်ရုံသာမက အတွင်းပိုင်းမှပါ (inside-out) မှန်ကန်သော စိတ်နေသဘောထား၊ အပြုအမူ၊ အမူအကျင့်ကောင်းများဖြင့် စိတ်ထားတတ်စေရန်နှင့် စာရိတ္တများကောင်းမွန်စေရန် လမ်းညွှန်သင်ကြားပေးမည့် Modern Etiquette သင်တန်းဖြစ်ပါသည်။
✅သင်တန်းတက်သင့်သူများ
အသက် ၁၁နှစ် မှ ၂၀နှစ် အတွင်း - လူငယ်လူရွယ်လေးများ ကျောင်းမှာဖြစ်စေ၊ မိမိ၏ကိုယ်ပိုင်အချိန်များတွင် သူငယ်ချင်းများနှင့် ပြောဆိုဆက်ဆံသည့် လူမှုဆက်ဆံရေးနယ်ပယ် social life မှာဖြစ်စေ၊ မိမိကိုယ်ကိုမိမိ ယုံကြည်မှု (Self-confidence) အပြည့်နှင့် ကိုယ်ရည်ကိုယ်သွေး (Personality) တောက်ပသော၊ စမတ် (Smart) ကျသည့် လူတော်လူကောင်းလေး တယောက်ဖြစ်စေရန်၊ လူအများနှင့် ပြောဆိုပေါင်းသင်းဆက်ဆံသည့်အခါ အဆင်ပြေချောမွေ့စေရန်၊ ဤ Personality Development Programme သင်တန်းမှ ဗဟုသုတ များစွာမျှဝေ၍ သင်ကြားပေးမည်ဖြစ်ပါသည်။
နိုင်ငံခြားသွား၍ ကျောင်းတက်ရန် ရည်ရွယ်သူများလည်းတက်ရန် အထူးသင့်တော်ပါသည်။
ဘယ်နေရာ ဘယ်နိုင်ငံဘဲရောက်ရောက် လူအများနှင့်ပေါင်းသင်းဆက်ဆံပြောဆိုသည့်အခါတွင် အဆင်ပြေချောမွေ့စေရန်၊ အတန်းကျောင်းများတွင် ပါဝင်သင်ကြားလေ့မရှိသည့် ဘာသာရပ်များကို စိတ်ဝင်စားဘွယ် သင်ကြားပေးမည်ဖြစ်ပါသည်။
မှတ်ချက် - ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါ။ ကျား၊ မ မရွေး တက်ရောက်နိုင်ပါသည်။
သင်ကြားမည့် Presentation slides များမှာ English လိုဖြစ်ပြီး၊ မြန်မာလိုရော အင်္ဂလိပ်လိုပါ ပြော၍ သင်ကြားပါမည်။
✅Course contents (သင်တန်းတွင်ပါဝင်မည့် အကြောင်းအရာတချို့) …
♦️ The 8 Keys of Excellence
(ထူးချွန်စွာအောင်မြင်ခြင်း၏ သော့ချက် ၈ ခု)
♦️ The 6 Pillars of Character
(စာရိတ္တမဏ္ဍိုင် ၆ ခု)
♦️ First Impression
(ပထမဆုံး အထင်အမြင်)
♦️ Image Management
(မိမိပုံရိပ်ကို ထိန်းသိမ်းစောင့်ရှောက်မှု)
♦️ Personal Hygiene & Health
(တကိုယ်ရည်သန့်ရှင်းခြင်းနှင့် ကျန်းမာရေး)
♦️ Personal Grooming
(မိမိကိုယ်ကို သန့်ရှင်းလှပအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း)
♦️ Dress & Outfit Management
(အဝတ်အစား မှန်ကန်စွာရွေးချယ်ဝတ်ဆင်ခြင်း)
♦️ Deportment (Poise, Posture & Body Language)
(ကိုယ်နေဟန် နှင့် ကိုယ်နှုတ်အမူအရာ)
♦️ Time Management & Self-Discipline
(အချိန်ကို အကျိုးရှိစွာ အသုံးချခြင်း)
♦️ Advanced Dining & Table Manners
(ထမင်းစားပွဲ ကျင့်ဝတ်များ)
♦️ Social Graces
(လူမှုဆက်ဆံရေး)
စိတ်ဝင်စားစရာ၊ ပျော်စရာ interactive session တခုဖြစ်ပြီး၊ Exercises, Quizzes, Video များလည်း ပါဝင်မည်ဖြစ်ပါသည်။
✳ သင်တန်းဖွင့်မည့် နေ့နှင့်အချိန် ✳
======================
📆 Date: 24th to 28th July 2023
📅 Duration: 5 days (12½ Learning-hours)
⏰Time: 9.30 a.m. to 12.00 noon
🏠 Venue: သင်တန်း တည်နေရာ -
အမှတ် ၇၊ ဒုတိယထပ်
အဝေရာလမ်း (ရှောက်ပင်ခြံ)
လှည်းတန်း
ကမာရွတ်မြို့နယ်
(အထက ၅ ကမာရွတ်၊ မျက်နှာချင်းဆိုင်လမ်း၊
တာလီရွှေဆိုင်အနောက် တလမ်းကျော်၊
ဇီဝက ဆေးခန်းအပေါ်ထပ်)
💰သင်တန်းကြေး - Kyats 100,000 (စာရွက်စာတမ်းအပြီးအစီး)
📥သင်တန်းအပ်ရန် (Registration) -
https://forms.gle/Lvz2gWNxihWX59jz9
တွင် စာရင်းပေးသွင်းပါရန်။
☕Coffee/Tea break နေ့စဉ်ပါဝင်မှာဖြစ်ပြီး၊ Dining Etiquette သင်သောနေ့တွင် Lunch ကျွေးပါမည်။
❗လူဦးရေ ကန့်သတ်ထားပါသည်။
🏆သင်တန်းပြီးဆုံးလျှင်၊ သင်တန်းပြီးမြောက်ခြင်း "Certificate of Completion" ပေးအပ်ပါမည်။
အသေးစိတ်အချက်အလက်များ၊ ငွေသွင်းရန် အချက်အလက်များကို Messenger (CB) မှဖြစ်စေ၊ ဖုန်း 095049871 / 09965049871 / 095197056 သို့ဖြစ်စေ၊ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
တိုင်းသူပြည်သားများအားလုံး စမတ်ကျ၍ ကိုယ်ရည်ကိုယ်သွေးများ တောက်ပနိုင်ကြပါစေ 🥰🥰
𝑾𝒊𝒕𝒉 𝒎𝒚𝒊𝒕𝒕𝒂,
𝓣𝓻. 𝓐𝓷𝓷𝓲𝓮
𝗠𝗮𝘆 𝗖𝗵𝗲𝗹𝘀𝗲𝗮 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹𝗶𝘁𝘆 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗦𝗰𝗵𝗼𝗼𝗹
“Personality Development Program for Young Leaders”
July 2023 Class
Opening soon!
10-14 July 2023
Another batch of young leaders - prepped and polished ready to excel!🥰🎉
Personality Development Programme for Young Leaders - June Class ❤️🤍❤️
26th to 30th June 2023
💙💟 𝕱𝖆𝖙𝖍𝖊𝖗'𝖘 𝕯𝖆𝖞 💟💙
အဖေများနေ့သည် ၂၀၂၃ခုနှစ်တွင် ဘယ်နေ့မှာ ကျရောက်ပါသလဲ? 🥰
"Father's Day" အဖေနေ့ (မြန်မာအခေါ် အဖေများနေ့) သည် နှစ်စဉ် ဇွန်လ၏ တတိယပတ်မြောက်တနင်္ဂနွေနေ့တိုင်းတွင် ကျင်းပလေ့ရှိသည်ကို သင်သိပါသလား? ပုံသေနေ့ရက်မဟုတ်ဘဲ နှစ်စဉ်ရက်ပြောင်းလဲသွား သည့်အတွက် ရက်အတိအကျကိုသိရှိနိုင်ရန် ပြက္ခဒိန်တွင် နှစ်စဉ်ပြန်လည်ကြည့်ရှုရန်လိုပါသည်။
ထိုနည်းတူစွာ နိုင်ငံတကာတွင် "Mother's Day" အမေနေ့ (မြန်မာအခေါ် အမေများနေ့) ကိုလည်း နှစ်စဉ် မေလ၏ ဒုတိယမြောက် တနင်္ဂနွေနေ့ကျရောက်သည့်နေ့ရက်တိုင်းတွင် ကျင်းပလေ့ရှိကြပါသည်။
ယခု ၂၀၂၃နှစ်တွင် "Father's Day" အဖေများနေ့သည်း ယနေ့ ဇွန်လ ၁၈ ရက်နေ့ တွင် ကျရောက်ပါသည်။
ဤဇွန်လ၏ တတိယပတ်မြောက်တနင်္ဂနွေနေ့တွင် ကျရောက်သည့် အဖေများနေ့သည် အမေရိကား နိုင်ငံတွင် ၁၉၁၀ခုနှစ်ကတည်းက သတ်မှတ်ထားသောနေ့ဖြစ်ပြီး၊ ယခုအခါကမ္ဘာတဝှမ်းတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၈၀ကျော်မှ ဤနေ့အတိုင်း လိုက်လံကျင်းပလေ့ရှိကြပါသည်။
သားသမီးများအား ကျွေးမွေးစောင့်ရှောက်၍ ချစ်ခင်မေတ္တာပေးသော ဖခင်များနှင့်တကွ၊ ဖခင်နှင့်တူသော လူပုဂ္ဂိုလ်အမျိုးသားများအား ဂုဏ်ပြုပေးသော နေ့ရက်ကလေးဖြစ်ပါသည်။ တချို့နိုင်ငံများတွင်မူ မိမိတို့နိုင်ငံအသီးသီးအလိုက် အဖေများနေ့ကို တခြားသီးသန့်ရက်များတွင် ကျင်းပလေ့ရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ ထိုနေ့တွင် သားသမီးများမှ ဖခင်ဖြစ်သူအား အမှတ်တရ ကဒ်ပြား၊ လက်ဆောင်ပစ္စည်း၊ အဝတ်အစား၊ ပန်းများပေးခြင်း၊ စားသောက်ဆိုင်များတွင် အရသာရှိသည့်စားသောက်ဖွယ်များကျွေးမွေးခြင်း၊ တချို့တတ်နိုင်သူများအနေဖြင့် အဖိုးတန်လက်ဆောင်ပစ္စည်းများ ဝယ်ပေးခြင်း အစရှိသဖြင့်၊ အမှတ်တရအနေဖြင့် အမျိုးမျိုးပြုစု၊ ဂုဏ်ပြုလေ့ရှိကြပါသည်။
Hotel, Supermarket, ဈေးဆိုင်များနှင့် စားသောက်ဆိုင်များအတွက် ဈေးရောင်းကောင်းစေရန်၊ ဈေးအရောင်းမြှင့်တင်ပေးသည့် အကြောင်းပြချက်တခုလည်း ဖြစ်လာပါသည်!
Father's Day ကို English စာလုံးပေါင်းအနေဖြင့် စကားကြုံလို့ပြောရရင်၊ အရင်ကျရောက်တဲ့ Mother’s Day မှာကတည်းက မြန်မာပြည် Social Media စာမျက်နှာများပေါ်တွင် အမြဲလို မှားယွင်းစွာ ပေါင်းနေကြသည်ကို တွေ့ရှိရပါသည်။
Father, Mother ၏နောက်တွင် “s” မပါဘဲ Father Day, Mother Day ဟု တုံးတိတိငုတ်တုတ် ရေးလျှင် Grammar အရ မှားယွင်းပါသည်။
Fathers’ Day (Fathers နောက်မှာ “s” apostrophe) “အဖေများ၏နေ့” ဟု လည်း နိုင်ငံတကာမှာ သုံးလေ့၊ ရေးလေ့မရှိကြပါ။
International Father’s Day ဟုလည်း နဂိုမူရင်းကတည်းက သတ်မှတ်ထားခြင်းမဟုတ်၍ ရှေ့မှာ International ထည့်ရေးလျှင်လည်းမှားပါသည်။
❌ Father Day
❌ Fathers Day
❌ Fathers' Day
❌ International Father's Day
✅ Father's Day
“Father’s Day” ဟု ရေးမှသာလျှင် အမှန်ဖြစ်ပါသည် 🥰
When is Father’s Day in 2023?
Did you know that Father’s Day is held on the third Sunday of June every year, similar to Mother’s Day which is annually held on the second Sunday of May.
The date changes year-to-year as it always falls on the third Sunday in June, so you will need to check the calendar every year accordingly.
This year, Father's Day falls on Sunday 18th June 2023.
Father’s Day is celebrated worldwide to recognize the contribution that fathers and father figures (such as grandfathers, great-grandfathers, fathers-in-law, step-fathers, and even other male relatives) make to the lives of their children. This day celebrates fatherhood and male parenting. Although it is celebrated on a variety of dates worldwide, over 80 countries around the world including Myanmar follow the Father’s Day date on the third Sunday in June - as observed in the United States. On this day, many people give cards, gifts, flowers, a special meal in a restaurant, or other treats such as luxury gift items to their father and father figures.
Happy Father’s Day everyone! 🥰
With myitta,
Tr. Annie
💢𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐝𝐞𝐫𝐬💢
🅹🆄🅽🅴 2023 🅲🅻🅰🆂🆂 (🆁🅴🅼🅸🅽🅳🅴🆁) ‼️
ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးများကို လေ့လာကြည့်မယ်ဆိုရင်၊ သူတို့မှာ အောင်မြင်မှုအတွက် ကြီးမားသောလျှို့ဝှက်ချက်တခု တူညီစွာရှိနေတတ်ကြတယ်ဆိုတာ လေ့လာတွေ့ရှိချက်တွေအရ သိရှိရပါတယ်။
သူတို့ဟာ အများနဲ့မတူ တမူကွဲထွက်နေကြပြီး၊ ကိုယ်ရည်ကိုယ်သွေး အဆင့်တဆင့် တနည်းအားဖြင့် တရည်တက်နေသကဲ့သို့ ဖြစ်နေတတ်ကြပါတယ်။
အဲ့ဒီလျှို့ဝှက်ချက်က တခြာတော့ မဟုတ်ပါဘူး။
သူတို့တွေဟာ ကောင်းမွန်သော လူ့ကျင့်ဝတ် “good etiquette” တွေကို နားလည်တန်ဖိုးထားတတ်ကြပြီး၊ သူ့နေရာနှင့်သူ စည်းကမ်းတကျလိုက်နာကျင့်သုံးတတ်ကြတာပါဘဲ။
တကယ်တန်းတော့ လူကျင့်ဝတ် (Etiquette) အမျိုးမျိုးကို လူတိုင်းသိရှိထားသင့်ပါတယ်။ မသိရင် သင်ယူလို့လည်းရပါတယ်။ အတန်းကျောင်းတွေမှာတော့ သင်လေ့သိတ်မရှိကြပါဘူး။
အထာကျကျ အဆင့်အတန်းရှိရှိ နေတတ်၊ ထိုင်တတ်၊ ပြောတတ်ဆိုတတ်၊ စားတတ်သောက်တတ်ချင်ရင် တကယ့်ပွဲနေ့၊ အခမ်းအနားနေ့ကျမှ လူရှေ့သူရှေ့မှာ သွားလေ့ကျင့်မိသလိုမျိုးဖြစ်တာထက်၊ ကြိုတင်၍ လေ့ကျင့်ထားခြင်း၊ ဆောင်ရန်ရှောင်ရန်များကို သိရှိထားခြင်း (awareness ရှိထားခြင်း) သင်ထားခြင်းက အကောင်းဆုံးပါ။
ငယ်စဉ်ကတည်းက စနစ်တကျသင်ယူထားတာကတော့ အကောင်းဆုံးပါ။
✅ဖွင့်လှစ်မည့်သင်တန်း
𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹𝗶𝘁𝘆 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗲 𝗳𝗼𝗿 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗱𝗲𝗿𝘀
𝗝𝘂𝗻𝗲 𝟮𝟬𝟮𝟯 𝗖𝗹𝗮𝘀𝘀
✅သင်တန်းတက်သင့်သူများ
အသက် ၁၁နှစ် မှ ၂၀နှစ် အတွင်း - လူငယ်လူရွယ်လေးများ ကျောင်းမှာဖြစ်စေ၊ မိမိ၏ကိုယ်ပိုင်အချိန်များတွင် သူငယ်ချင်းများနှင့် ပြောဆိုဆက်ဆံသည့် လူမှုဆက်ဆံရေးနယ်ပယ် social life မှာဖြစ်စေ၊ မိမိကိုယ်ကိုမိမိ ယုံကြည်မှု (Self-confidence) အပြည့်နှင့် ကိုယ်ရည်ကိုယ်သွေး (Personality) တောက်ပသော၊ စမတ် (Smart) ကျသည့် လူတော်လူကောင်းလေး တယောက်ဖြစ်စေရန်၊ လူအများနှင့် ပြောဆိုပေါင်းသင်းဆက်ဆံသည့်အခါ အဆင်ပြေချောမွေ့စေရန်၊ ဤ Personality Development Programme သင်တန်းမှ ဗဟုသုတ များစွာမျှဝေ၍ သင်ကြားပေးမည်ဖြစ်ပါသည်။
နိုင်ငံခြားသွား၍ ကျောင်းတက်ရန် ရည်ရွယ်သူများလည်းတက်ရန် အထူးသင့်တော်ပါသည်။
ဘယ်နေရာ ဘယ်နိုင်ငံရောက်ရောက် လူအများနှင့်ပေါင်းသင်းဆက်ဆံပြောဆိုသည့်အခါတွင် အဆင်ပြေချောမွေ့စေရန်၊ အတန်းကျောင်းများတွင် ပါဝင်သင်ကြားလေ့မရှိသည့် ဘာသာရပ်များကို စိတ်ဝင်စားဘွယ် သင်ကြားပေးမည်ဖြစ်ပါသည်။
မှတ်ချက် - ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါ။ ကျား၊ မ မရွေး တက်ရောက်နိုင်ပါသည်။
သင်ကြားမည့် Presentation slides များမှာ English လိုဖြစ်ပြီး၊ မြန်မာလိုရော အင်္ဂလိပ်လိုပါ ပြော၍ သင်ကြားပါမည်။
✅Course contents (သင်တန်းတွင်ပါဝင်မည့် အကြောင်းအရာတချို့) …
♦️ The 8 Keys of Excellence
(ထူးချွန်စွာအောင်မြင်ခြင်း၏ သော့ချက် ၈ ခု)
♦️ The 6 Pillars of Character
(စာရိတ္တမဏ္ဍိုင် ၆ ခု)
♦️ First Impression
(ပထမဆုံး အထင်အမြင်)
♦️ Image Management
(မိမိပုံရိပ်ကို ထိန်းသိမ်းစောင့်ရှောက်မှု)
♦️ Personal Hygiene & Health
(တကိုယ်ရည်သန့်ရှင်းခြင်းနှင့် ကျန်းမာရေး)
♦️ Personal Grooming
(မိမိကိုယ်ကို သန့်ရှင်းလှပအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း)
♦️ Dress & Outfit Management
(အဝတ်အစား မှန်ကန်စွာရွေးချယ်ဝတ်ဆင်ခြင်း)
♦️ Deportment (Poise, Posture & Body Language)
(ကိုယ်နေဟန် နှင့် ကိုယ်နှုတ်အမူအရာ)
♦️ Time Management & Self-Discipline
(အချိန်ကို အကျိုးရှိစွာ အသုံးချခြင်း)
♦️ Advanced Dining & Table Manners
(ထမင်းစားပွဲ ကျင့်ဝတ်များ)
♦️ Social Graces
(လူမှုဆက်ဆံရေး)
Dining Etiquette တခုတည်းနဲ့တင် ဒီသင်တန်းလေးက တန်နေပါပြီရှင့်🥰
စိတ်ဝင်စားစရာ၊ ပျော်စရာ interactive session တခုဖြစ်ပြီး၊ Exercises, Quizzes, Video များလည်း ပါဝင်မည်ဖြစ်ပါသည်။
✳ သင်တန်းဖွင့်မည့် နေ့နှင့်အချိန် ✳
======================
📆 Date: 26th to 30th June 2023
📅 Duration: 5 days (12½ Learning-hours)
⏰Time: 9.30 a.m. to 12.00 noon
🏠 Venue: သင်တန်း တည်နေရာ -
အမှတ် ၇၊ ဒုတိယထပ်
အဝေရာလမ်း (ရှောက်ပင်ခြံ)
လှည်းတန်း
ကမာရွတ်မြို့နယ်
(အထက ၅ ကမာရွတ်၊ မျက်နှာချင်းဆိုင်လမ်း၊
တာလီရွှေဆိုင်အနောက် တလမ်းကျော်)
💰သင်တန်းကြေး - Kyats 100,000
📥သင်တန်းအပ်ရန် (Registration) -
https://forms.gle/ahuM3zzeoCDRyBB1A တွင် စာရင်းပေးသွင်းပါရန်။
☕Coffee/Tea break နေ့စဉ်ပါဝင်မှာဖြစ်ပြီး၊ Dining Etiquette သင်သောနေ့တွင် Lunch ကျွေးပါမည်။
❗လူဦးရေ ကန့်သတ်ထားပါသည်။
🏆သင်တန်းပြီးဆုံးလျှင်၊ သင်တန်းပြီးမြောက်ခြင်း "Certificate of Completion" ပေးအပ်ပါမည်။
အသေးစိတ်အချက်အလက်များ၊ ငွေသွင်းရန် အချက်အလက်များကို Messenger (CB) မှဖြစ်စေ၊ ဖုန်း 095049871 / 09965049871 / 095197056 သို့ဖြစ်စေ၊ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
တိုင်းသူပြည်သားများအားလုံး စမတ်ကျ၍ ကိုယ်ရည်ကိုယ်သွေးများ တောက်ပနိုင်ကြပါစေ 🥰🥰
𝑾𝒊𝒕𝒉 𝒎𝒚𝒊𝒕𝒕𝒂,
𝓣𝓻. 𝓐𝓷𝓷𝓲𝓮
𝗠𝗮𝘆 𝗖𝗵𝗲𝗹𝘀𝗲𝗮 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹𝗶𝘁𝘆 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗦𝗰𝗵𝗼𝗼𝗹
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Address
No. 7, 2nd Floor, Awaiyar Street, Hledan, Kamayut
Yangon
11041
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Yangon
We aim to teach subjects relating to the business world at affordable prices.