VICTORYHealthCare

Our page offer consultation and advices against COVID-19

16/08/2021

(Yangon only)

✅ အိမ်မှာ ECGဆွဲဖို့လိုအပ်လာခဲ့ရင် ဆက်သွယ်နိုင်ပါတယ်။

💵 သွားလာစရိတ် + PPE အကာအကွယ်ဝတ်စုံခ + service feesယူပါတယ်။
လူနာတစ်ယောက် - 25,000 kyats
(အိမ်တစ်အိမ်မှ လူနာတစ်ယောက်ထက်ပိုပါက 10,000စီ ထပ်တိုးယူပါမယ်။ )

🥰 ငွေကြေးမတတ်နိုင်သောလူနာဆိုပါက သက်ဆိုင်ရာဆရာဝန်၊သူနာပြုက ဆွဲဖို့အမှန်တကယ်လိုအပ်ကြောင်း ရောဂါအခြေအနေလာရောက်ပြောပေးပါက (အခမဲ့)ဆွဲပေးပါတယ်။

🗓 တစ်ရက်ကြိုတင်ဆက်သွယ်ရင် ပိုအဆင်ပြေပါတယ်။

‼️‼️ ECG result ဖတ်ရန်အတွက် ပြနေကျ/ပြလက်စ ဆရာဝန်နဲ့ တိုင်ပင်ပါရန် ‼️‼️

25/07/2021

လာရောက်တိုင်ပင်ဆွေးနွေးပြသကြသောလူနာများပြားမှုကြောင့် လတ်တလောလူနာအသစ် လက်ခံမှုကို ၂၇/၇/၂၁ထိ ရပ်နားထားပါကြောင်းအသိပေးအပ်ပါတယ်။
တိုင်ပင်ဆွေးနွေးလက်စလူနာအဟောင်းများကိုတော့ ဆက်လက်ကြည့်ရှုပေးသွားပါမယ်ရှင့်။
🙏🙏🙏

Photos from Thet Hnin Moe - Exercise Physiologist and Physical Therapist's post 23/07/2021

သွေးတွင်းအောက်ဆီဂျင် SPO2 93% အထက်ရှိပြီး ရောဂါလက္ခဏာမပြင်းထန်တဲ့ လူနာတွေမှာ အသက်ရှူလေ့ကျင့်ခန်းကို ခံနိုင်ရည်ရှိသလောက် မှန်မှန်လုပ်သင့်ပါတယ်။

22/07/2021

Pulse oximeterကို ဘယ်လိုသုံးမလဲ?

‼️ Oximeter ဟာ အခုလိုအချိန်မှာ သွေးတွင်း အောက်ဆီဂျင်ပမာဏကိုသိဖို့ အရမ်းကို အသုံးဝင်ပါတယ်။
သုံးပုံသုံးနည်း နဲ့ ရှောင်ရမယ့်အရာတွေကို သိဖို့လိုပါတယ်။

✅ Oximeter မှာ အရေးကြီးဆုံးက
SPO2 ( သွေးတွင်း အောက်ဆီဂျင်ပမာဏ ) နဲ့
PR ( သွေးခုန်နှုန်း) ပါ။

❕ပုံမှန်ရှိရမည့်ပမာဏ (Normal value)ကို သိရပါမယ်။
SPO2 - 95% to 99% (100%)
PR - 50-90 ( 60-100) /min

❗️သတိထားရမယ့်အချက်တွေကတော့
မတိုင်းခင်မှာ
၁။ လက်က အေးနေလို့ မရပါဘူး ၊ တိုင်းမယ့် လက်ကို နွေးအောင် ပွတ်ပေးပါ။
၂။ လက်ရေစိုနေလို့ မရပါဘူး။
၃။ လက်မှာ လက်သည်းနီ ဆိုးထားတာ ၊ လက်သည်းအတု တပ်ထားတာ ရှိရင် မရပါဘူး။
၄။ လက်ကို ငြိမ်အောင် ထားရပါမယ်။ မတိုင်းခင်မှာ ငါးမိနစ်လောက် ငြိမ်ပေးပါ။
၅။ သွေးပေါင်ချိန် အရမ်းကျတာ ၊ သွေးအား အရမ်းနည်း တဲ့သူမှာလည်း အဖြေမမှန်တတ်ပါဘူး။
၆။ အသားမာရှိတဲ့ နေရာတွေမှာ မတိုင်းရပါဘူး။

❕တိုင်းနည်း

- လက်ခလယ် သို့မဟုတ် လက်သူကြွယ် ကို တိုင်းရပါမယ်။
(ကလေးလေးတွေဆို လက် မငြိမ်ရင် ခြေမ သို့ ခြေချောင်းလေးတွေကို တိုင်းလို့ရပါတယ်။)
- oximeter ကို လက်မှာ စက္ကန့်သုံးဆယ် ကနေ
တစ်မိနစ်တပ်ထားဖို့ လိုပါတယ်။
- ရေလှိုင်းလို အတွန့်လေးတွေ ငြိမ်သွားမှ အဖြေကို ဖတ်ပါမယ်။
- ပုံမှန် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ကနေ သုံးကြိမ်ထိ တိုင်းပေးပါ။
- မှတ်တမ်းစာအုပ် လုပ်ပေးပါ။

ရောဂါလက္ခဏာ ပြင်းထန်သူတွေ ဆိုရင်
ပိုပြီး အကြိမ် များများ တိုင်းပေးဖို့လိုပါတယ်။
ဆရာဝန် ညွှန်ကြားချက်အတိုင်း တိုင်းဖို့်လိုပါတယ်။
တိုင်းပြီးရင်လည်း မှတ်တမ်းစာအုပ်မှာ မှတ်ထားပေးပါ။

‼️ သွေးတွင်း အောက်ဆီဂျင်ပမာဏ 95% ၉၅ရာခိုင်နှုန်းအောက် ဆိုရင် ဆရာဝန် နဲ့ ချက်ချင်းတိုင်ပင်ပါ။
လိုအပ်တဲ့ ကုသမှု ခံယူပါ။

🌟 အိမ်တိုင်း ဖြစ်နိုင်ရင် တစ်ခုစီဆောင်ထားသင့်ပါတယ်။ (အတုအပ သတိပြုပါ။)

🌟 COVID-19 ရောဂါ သက်သာခါစ ၁၄ ရက်ပြည့်ပြီးရင်တောင် နောက်ထပ် ၁၄ ရက် ဆက်ပြီး တိုင်းနေပေးဖို့လိုပါတယ်။

🌟 silent hypoxia ( ရောဂါလက္ခဏာမပြဘဲ မမောဘဲ အောက်ဆီဂျင်ကျခြင်း) က Covid-19 မှာ အဖြစ်များတဲ့ အတွက် ပုံမှန်လေးတိုင်းဖို့လိုအပ်ပါတယ်။

❕❕❕အိမ်တိုင်း အိမ်တိုင်း oximeter
ဆောင်ထားဖို့ လိုအပ်နေပါပြီ။
❕❕❕ဆရာဝန် ပြောတဲ့ ညွှန်ကြားချက်အတိုင်း ပုံမှန်တိုင်း ၊ မှတ်တမ်း မှတ်ရင်း ဆရာဝန်၊ လူနာ၊ လူနာရှင် ပူးပေါင်းမှုနဲ့ ဒီရောဂါကို ရင်ဆိုင်ကြရအောင်။

Dr. Thè

19/07/2021

Covid အ​ကြောင်းသိ​ကောင်းစရာ

🔴ဘယ်အချိန်မှာ Covid လို့ထင်မလဲ?

Covidရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
-အဖျားတက်ခြင်း ​
-နှာ​စေးချောင်းဆိုးခြင်း
-လည်​ချောင်းနာခြင်း
-ပင်ပန်းနွမ်းနွယ်ခြင်း(အဆစ်အမြစ်နှင့်ကြွက်သားများနာကျင်ကိုက်ခဲခြင်း) စတာတွေပဲဖြစ်ပါတယ်။

နောက်ထပ်အဖြစ်များတဲ့လက္ခဏာတွေအနေနဲ့
-အနံ့ အရသာ​ပျောက်ဆုံးခြင်း
-ဝမ်းပျက်ဝမ်း​​လျှောခြင်း
- ​ခေါင်းကိုက်ခြင်း
-မျက်စိနီရဲခြင်း
-အ​ရေပြားတွင် အနီကွက် အနီစက်များ​ပေါ်လာခြင်း​ စတာတွေကိုလည်းတွေ့ရတတ်ပါတယ်။

အဆိုးဆုံးလက္ခဏာတွေကတော့

-မောကြပ်ခြင်း
-အသက်ရှူရခက်ခဲခြင်း
-ရင်ဘတ်အောင့်ခြင်း စတာတွေပါပဲ။

​ကိုယ့်ကိုယ်ကိုယ် ဒီလိုcovid​ရောဂါလက္ခဏာတွေ စဖြစ်ပြီထင်တာနဲ့ စပြီးလက္ခဏာပြတဲ့ရက်ကို​သေသေချာချာမှတ်ထားပါ။ (ဒီရက်ကိုDay1 စဖြစ်တဲ့ရက်ဟုသတ်မှတ်နိုင်ပါတယ်။)


ဒီလိုရောဂါလက္ခဏာတွေစပြတဲ့ရက်ကနေစပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဖျားတိုင်းခြင်း၊ ​​oxygen တိုင်းခြင်း၊ နှလုံးခုန်နှုန်းနှင့်​သွေး​ပေါင်တိုင်းခြင်းစတာတွေကို အနည်းဆုံး တ​နေ့ ၂ ကြိမ်လောက်လုပ်သင့်ပါတယ်။ ကြားထဲမှာလည်း လိုအပ်ရင်လိုအပ်သလို၊ ဆရာဝန်ဆရာမတွေညွှန်ကြားသလို တိုင်းတာနိုင်ပါတယ်။

လူနာကို ဘယ်လိုစောင့်ကြည့်မှတ်သားရမလဲဆိုတာကို အောက်ကဇယားမှာ နမူနာပြထားပါတယ်။ (Crd Dr. NO)

⭕️အထူးသဖြင့် ​​ရောဂါအခံရှိသူတွေ ( ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ပန်းနာရင်ကြပ်​၊ ကင်ဆာ​ရောဂါ၊ ခုခံအားနည်း​နေသူများ) အနေနဲ့ ကိုယ့်ရောဂါ အလိုက် လိုအပ်တဲ့စစ်​ဆေးမှုတွေကို သက်ဆိုင်ရာဆရာဝန်တွေနဲ့ ဆက်သွယ်တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။ တိုင်ပင်ကုသမှုများပြုလုပ်ရာမှာလည်း မိမိရဲ့ရောဂါရာဇဝင်အပြည့်အစုံ နဲ့ ဆွဲ​သောက်​နေ​ရတဲ့ဆေးဝါးတွေကို ပြည့်စုံမှန်ကန်စွာ ​ပြောပြပြီးကုသမှုခံယူဖို့အရေးကြီးပါတယ်နော်❗️


အများစုမှာတော့ အပေါ်မှာဖော်ပြထားတဲ့ အဖြစ်များ​တဲ့လက္ခဏာတွေလောက်သာပြပြီးတော့ ပြန်လည်သက်သာသွားကြတာများပါတယ်။
ဒါပေမယ့် ဒီလက္ခဏာတွေအပြင် အသက်ရှူမောကြပ်ပြီး ​oxygen ကျတတ်တဲ့လူနာတွေကိုလည်း အခုချိန်မှာ အတော်များများတွေ့ရပါတယ်။
ဒီလို​မောကြပ်ပြီး oxygenရှူ​နေရ​တဲ့လူနာတွေအနေနဲ့တော့ စောင့်ကြည့်​ပေးဖို့လူနာရှင်တ​စ်​ယောက်အနည်းဆုံးရှိသင့်ပါတယ်။ လူနာကိုယ်တိုင်မလှုပ်နိုင် ​မော​နေတဲ့အချိန်မှာ လူနာစောင့်က ​​ဘေးကနေ oxygenတိုင်းကိရိယာနဲ့ လူနာရဲ့သွေးတွင်း oxygen ပမာဏကို လူနာအိပ်​ပျော်​နေစဉ်အချိန်မျိုးမှာပါ အမြဲတ​စေ​စောင့်ကြည့်​နေရပါမယ်နော်‼️

💪အရေးအကြီးဆုံးကတော့ ရောဂါဖြစ်ပြီဆိုပြီး စိတ်ညစ်မနေဘဲ ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ဝစွာစားပေးပါ​။ အိပ်ရေးဝဝအိပ်ပေးပါ။ အသက်ရှူလေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။ ကိုယ့်အခြေအနေကို အမြဲတစ်စေစောင့်ကြည့်နေပေးပါ။ တစ်ခုခုစိုးရိမ်စရာကောင်းပြီလို့ထင်တာနဲ့ နီးစပ်ရာဆရာဝန်၊ဆရာမနဲ့တိုင်ပင်ပြီးတော့ ကုသမှုကိုခံယူပါ​။ လူတိုင်းလူတိုင်း မှန်ကန်တဲ့ကျန်းမာရေးအသိ၊သတိတွေနဲ့ ဒီကပ်ရောဂါဆိုးကြီးကို အတူတူကျော်လွှားကြရအောင်ပါနော်!

Admin C&K

18/07/2021

ကိုဗစ်ဖြစ်ရင် ဘာစားကြမလဲ???

🥘 ကိုဗစ်ဖြစ်ရင်ပုံမှန်အတိုင်းပဲစားသောက်လို့ရပါတယ်။ ရောဂါဒဏ်ကြောင့် အစာစားချင်စိတ်မရှိတာမျိုးဖြစ်တာ နားလည်ပါတယ်။

✅ အဓိကက ဝင်သလောက်စားဖို့ပါပဲ။
ကိုဗစ်ပိုးက အဆုတ်ကို ဒုက္ခပေးတာပါ။
အစာအိမ်နဲ့အူလမ်းကြောင်းက အကောင်းတိုင်းရှိနေသေးတာမို့ စားရင် စားသလောက် အာဟာရကို ရမှာပါ။

💧 အထူးသဖြင့် ရေကိုများများပိုသောက်ပေးရပါမယ်။ တစ်နေ့ကို ရေ ဖန်ခွက် ၈ခွက်လောက် ဝင်အောင်သောက်ပါ။

👃အနံ့ပျောက်၊ အရသာပျောက်လက္ခဏာတွေဟာ အချိန်တန်ရင်ပြန်သက်သာလာမှာပါ။
အဲဒီလိုဖြစ်လို့ဆိုပြီး ဘာမှမစားပဲနေတာဟာ
ကိုယ်ခံအားကို မတက်စေပါဘူး။

🤒 လူနာက ရောဂါလက္ခဏာမပြင်းထန်ပဲ ဖျားတာ အနံ့ပျောက်တာပဲ ရှိပြီး အောက်ဆီဂျင်ကျတာမျိုးမရှိပဲ ပုံမှန်ဆိုရင် ရောဂါမဖြစ်ခင်က စားသလိုသာ ပုံမှန်စားပါ။
များများစားပါ။

‼️ဝမ်းလျှောတာများတာ အန်တာများတာမျိုးရှိရင် ဓာတ်ဆားရည် ၁ ဘူးလောက် ပြန်သောက်ပေးပါ။
သွေးတိုးကဲ့သို့ ရောဂါအခံ ရှိသူများကတော့
ဓာတ်ဆားမသောက်ခင် ဆရာဝန်၊ ဆရာမနဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အအန်ပျောက်ဆေး သောက်မယ်ဆိုရင်လည်း Teleconsult လုပ်ပေးနေတဲ့ ဆရာဝန်များကို ဆက်သွယ်မေးမြန်းပြီးမှ သောက်ပါ။

🍲 လူနာက ရောဂါလက္ခဏာပြင်းထန်တယ် အစားအသောက်လည်း ဘယ်လိုမှမစားချင်ဘူး ဖြစ်နေတာမျိုးဆိုရင် အပြုတ် အရည် ဆန်ပြုတ် စွပ်ပြုတ်ပုံစံမျိုးကို နည်းနည်းစီခွဲကျွေးပါ။ အဖတ်ပါ ဝင်အောင်စားပေးပါ။

🕰 နည်းနည်းစီပဲ စားနိုင်တယ်ဆိုရင်လည်း တစ်နေ့ကို ၆ ကြိမ်လောက် ခွဲစားတာမျိုး လုပ်လို့ရပါတယ်။

🧑🏻‍⚕️👩🏻‍⚕️အစားနည်းပီး သွေးပေါင်ချိန်ထိုးကျလာတာမျိုးဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

🚫 သွေးပေါင်ချိန်ကောင်းနေတဲ့ လူတစ်ယောက်ဟာ ပါးစပ်က မစားပဲ အလွယ်တကူ ပုလင်းချိတ်တာမျိုး လုပ်စရာမလိုပါဘူး။

🥛 🍌 နောက်တစ်ခုက နွားနို့နဲ့ ငှက်ပျောသီး ကိစ္စပါ။ ကိုဗစ်ဖြစ်ရင် အဲဒါတွေ စားလို့သောက်လို့ မရဘူးဆိုတာ မဟုတ်ပါဘူး။
နွားနို့ကို (သကြားမထည့်) တစ်နေ့ ၁-၂ ခွက် သောက်သုံးလို့ရပါတယ်။
ငှက်ပျောသီးကို တစ်နေ့ ၁-၂ လုံး စားလို့ရပါတယ်။

✅ အဲဒါကြောင့်
အကုန်စား၊ အစုံစားကြပါနော်။
အသား၊ ငါး၊ အရွက်အမျိုးမျိုး၊ အသီးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အစေ့အဆံအမျိုးမျိုး အကုန် မျှတအောင်စားပေးပါ။
✅ရေကိုများများသောက်ပေးပါ။
✅အိပ်ရေးဝဝအိပ်ပါ။

Dr. Zuu

17/07/2021

Covid ဖြစ်တာရှက်စရာလား?

❗️မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်နှုန်း၊ သေဆုံးနှုန်းတွေ တစ်စတစ်စများလာကြတာကြောင့် အားလုံးလည်းထိတ်လန့်တုန်လှုပ်နေကြမယ်လို့ထင်ပါတယ်။

⭕️ဒီလိုအခြေအနေမျိုးမှာ ကိုယ်ကိုယ်တိုင် ကိုဗစ်လက္ခဏာတွေခံစားလာရတဲ့အခါ ဒါဟာကိုဗစ်မဟုတ်ပါဘူး၊ မိုးမိလို့၊ အအေးခံမိလို့၊ အချိုရည်သောက်မိလို့ စသဖြင့် ကိုယ့်စိတ်ကိုယ်ကိုယ်လှည့်စားနှစ်သိမ့်တာမျိူးတွေကို တွေ့လာကြရပါတယ်။

🤍တကယ်တော့ ကိုဗစ်ကူးစက်ခံရတယ်ဆိုတာ ရှက်စရာမဟုတ်သလို၊ ထင်သလောက်လည်း ကြောက်စရာမလိုပါဘူးနော်။ လက်ရှိကူးစက်ဖြစ်ပွားနေတဲ့ ကိုးဗစ်ပိုးမျိုးကွဲ delta strainရဲ့ ကူးစက်ပြန့်ပွားမှုနှုန်းဟာ နဂိုမျိူးရင်း strainထက်ကို ၂ဆပိုမိုကူးစက်လွယ်တယ်လို့ သိရပါတယ်။

🔴ဒါပေမယ့် သေဆုံးနှုန်းကိုနှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့ နဂိုမျိုးရင်းမှာ သေဆုံးနှုန်း1.9%လောက်ရှိပေမယ့် Deltaမျိုးကွဲကတော့ လက်ရှိချိန်ထိကို0.3%လောက်သာသေဆုံးနှုန်းရှိတယ်လို့ Kirby institute ဗိုင်းရပ်စ်ပိုးမွှားရောဂါပညာရှင် Professor Stuart Turvilleကဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိကျန်းမာရေးကဏ္ဍပြိုလဲနေမှု၊ အာဏာသိမ်းစစ်အုပ်စုရဲ့ရောဂါထိန်းချုပ်ခြင်းမရှိမှုနဲ့ အမျိုးမျိုးသောနှောင့်ယှက်မှုတွေကြောင့် မသေသင့်ဘဲ သေဆုံးမှုတွေပိုများနေတာမျိုးတော့ရှိပါတယ်။ဒါကြောင့် အသက်ကိုဉာဏ်စောင့်ဆိုသလိုပဲ မဖြစ်ခင်ကကြိုတင်ကာကွယ်၊ ဖြစ်လာပြီဆိုရင်လည်း မှန်ကန်တဲ့ကျန်းမာရေးအသိတွေနဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့မိသားစုကို စောင့်ရှောက်ရမယ့်အချိန်ကို ရောက်ရှိလာပါပြီနော်။

🔴ကိုယ်တိုင်မှာဖြစ်စေ၊ မိသားစုမှာဖြစ်စေ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ ကိုဗစ်လက္ခဏာတွေထဲက တစ်ခုခုခံစားနေရပြီဆိုတာနဲ့ တစ်ခြားမိသားစုဝင်တွေနဲ့ တတ်နိုင်သလောက်ထိတွေ့မှုမရှိစေအောင် နေထိုင်ပါ။ Social mediaတွေမှာ ပလူပျံနေတဲ့အကြံပေးချက်တွေကိုနားမယောင်ဘဲ တကယ်တတ်ကျွမ်းတဲ့ဆရာဝန်၊ဆရာမတွေကို စောစီးစွာဆက်သွယ်မေးမြန်းအကြံဉာဏ်တောင်းခံပါ။ ဆရာဝန်၊ဆရာမများရဲ့ညွှန်ကြားချက်အတိုင်းသာ အချိန်နဲ့အမျှလိုက်နာဆောင်ရွက်ဖို့လည်း လိုပါတယ်။

❕ဆေးရုံဆေးခန်းပို့မရတဲ့အခြေအနေမျိူးမှာ ကိုယ်ကိုယ်တိုင်ဆရာဝန်၊ကိုယ်ကိုယ်တိုင်သူနာပြုအနေနဲ့ သွေးပေါင်၊ သွေးတွင်းအောက်စီဂျင်၊ သွေးအချိုဓာတ်၊ ဆီးဝမ်းအခြေအနေ၊ တစ်နေ့တာစားသောက်တဲ့ပမာဏ စသဖြင့် လူနာရဲ့အခြေအနေကို မျက်ခြေမပြတ်မှတ်တမ်းတင်ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ဆိုတာ အင်မတန်မှအရေးကြီးပါတယ်နော်။

💓ဒီလိုမှန်ကန်တဲ့ကုသမှုတွေရရှိရင် မကြွေသင့်ဘဲကြွေရတဲ့အသက်တွေလည်း နည်းပါးလာမှာပါ။ ဒါကြောင့် နောက်ဆုံးပြောချင်တာကတော့ ကိုဗစ်ဆိုတာရှက်စရာ၊ ကြောက်စရာမဟုတ်ပါဘူး။ စောစီးစွာကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆွေးနွေးပြီး မှန်မှန်ကန်ကန်ကုသမှုခံယူကြပါလို့ တိုက်တွန်းလိုပါတယ်။

Dr.Phoo

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)