GS1 Myanmar
GS1 Myanmar is an independent, not for profit organization that provides GS1 standards and services t
29/10/2023
🙏 ယနေ့ကျရောက်မည့် သီတင်းကျွတ်လပြည့်နေ့ အချိန်အခါ သမယ၌ ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာကြပြီး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း GS1 Myanmar မွ ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်။ 🙏
06/09/2023
မြန်မာနိုင်ငံဘားကုဒ်အသင်းအနေဖြင့် ၅.၉.၂၃ နေ့ရက်ထုတ် ကြေးမုံသတင်းစာနှင့် ၆.၉.၂၃ နေ့ရက်ထုတ် မြန်မာ့အလင်းသတင်းစာတို့တွင် အောက်ပါကြေညာချက်အား ထုတ်ပြန်ထားပါသည်။ သက်ဆိုင်သူများအနေဖြင့် အသင်းသို့ဆက်သွယ်ပေးပါရန် လေးစားစွာ အကြောင်းကြားအပ်ပါသည်။
ဖုန်း - ၀၉ ၄၄၆၈၆၈၀၀၄
အီးမေးလ် - [email protected]
26/07/2023
🔸GS1 ဘားကုဒ်အသုံးပြုထားသော လုပ်ငန်းရှင်များသို့အသိပေးကြေညာချက်🔸
မြန်မာနိုင်ငံဘားကုဒ်အသင်း (GS1 Myanmar) ၏ ယခုလက်ရှိ အသုံးပြုနေသော Number Generating System အားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသောကြောင့် အောက်ဖော်ပြပါ ကြေညာချက်အတိုင်း အသင်းသို့ ဆက်သွယ်ဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
ဆက်သွယ်ရန်- 09446868002
09446868004
Email: [email protected]
GS1 Myanmar GS1 Myanmar is an independent, not for profit organization that provides GS1 standards and services t
Photos from GS1 Myanmar's post 04/07/2023
အားလုံးပဲမင်္ဂလာပါ
GS1 Myanmar မှထပ်မံမျှဝေချင်တဲ့အကြောင်းအရာကတော့ One Dimensional(1D) barcode အမျိုးအစားတွင်ပါဝင်သော (၁) GS1 EAN/UPC Family (၂) GS1 DataBar Family (၃) ITF-14 and GS1-128 တို့ပဲဖြစ်ပါတယ်။
19/06/2023
မြန်မာနိုင်ငံဘားကုဒ်အသင်း (GS1 Myanmar) အနေဖြင့် ဒုတိယအကြိမ်မြောက် Retail Supermarket များတွင် ဈေးကွက်အတွင်း GS1 ဘားကုဒ်နံပါတ်များ အသုံးပြုခြင်းတို့အား GS1 Myanmar အဖွဲ့ဝင်များမှ စစ်တမ်းကောက်ယူခဲ့ပါသည်။
GS1 Myanmar GS1 Myanmar is an independent, not for profit organization that provides GS1 standards and services t
29/05/2023
Global Location Number (GLN) သည် တကမ္ဘာလုံး၌တခြားသော မည်သည့် Location နံပါတ်များနှင့် မတူညီနိုင်သည့် GS1 Identification key တခုဖြစ်ပြီး တရားဝင်အဖွဲ့အစည်းများ၏ လုပ်ငန်းတည်နေရာများ၊ ၊ အဖွဲ့အစည်းအတွင်းရှိဌာနခွဲများ အား ဖော်ပြရန်နံပါတ်အဖြစ်အသုံးပြုသည်။ ၎င်းနံပါတ်များသည် သုံးစွဲသူများအား အဖွဲ့အစည်းအတွင်း နှင့် Global Supply Chain တလျှောက် “ဘယ်သူတွေလဲ” “ဘယ်နေရာမှာလဲ” ဆိုသည်များကို ပြောပြပေးနေသော နံပါတ်များဖြစ်သည်။
လုပ်ငန်းများအတွက် တည်နေရာများအား Identify ပြုလုပ်ရန် Global Location Number များကို GS1 Myanmar တွင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဖုန်း -09-446868002 / 09-446868004 ,
Email – [email protected]
Office: No.29, 5th Floor, UMFCCI Office Tower,
Min Ye’ Kyaw Swar Road, Lanmadaw Township, Yangon, Myanmar.
How do I barcode my products for retail? 18/05/2023
“How do I barcode my products for retail “
မိမိတို့​၏ ထုတ်ကုန်ပစ္စည်းများကို retail အနေဖြင့် စျေးကွက်ထဲတွင်ရောင်းချရာတွင်သော်လည်းကောင်း (သို့မဟုတ်) general distribution အနေဖြင့် supply chain တောက်လျှောက် အသုံးပြုရာတွင် ဘားကုဒ်များကိုဘယ်လိုအသုံးပြုရမလဲ ၊ ဘယ်ဘားကုဒ်အမျိုးအစားကိုအသုံးပြုသင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး လူကြီးမင်းတို့အနေဖြင့် သိရှိနိုင်စေရန် ရည်ရွယ်ပြီးဒီ video လေးကို မျှဝေပေးလိုက်ပါတယ်
https://youtu.be/l3IZuN93Bhg
How do I barcode my products for retail? So you know how to create a GTIN to identify your products. But what about the barcode? Learn all about the different types of barcodes you can use.
09/05/2023
အဆင့်(၁၀) ဘားကုဒ်အရည်အသွေးစစ်ဆေးခြင်း
ဘားကုဒ်အား ကုန်ပစ္စည်းထုတ်ပိုးမှု (Product Packaging) ပေါ်တွင် ပုံနှိပ်ထုတ်ဝေ (ptint) လုပ်ပြီးပါက ဘားကုဒ်၏အရည်အသွေးအား ISO/IEC 15416 အတိုင်း စမ်းသပ်နိုင်သည်။ ISO ခွင့်ပြုချက်ရထားသော ဘားကုဒ်ပုံစံများအား ဘားကုဒ်ဖတ်ရှုကိရိယာ (barcode scanner) ကဲ့သို့ ဖတ်ရှုနိုင်ပြီး ဘားကုဒ်အရည်အသွေးအား ကောင်းမွန်မှုရှိ၊ မရှိ စစ်ပေးနိုင်သည့် စက် (barcode verifier) သည် ဘားကုဒ်ပုံစံ များ၏ အရည်အသွေးသာမဟုတ်ပဲ ၎င်း၏ အဆင့်ကိုပါ သတ်မှတ်ပေးသည်။
Barcode Verifier ဖြင့် စစ်ဆေးရန် လုပ်ငန်းအနေဖြင့် အသုံးပြုမည့် GS1 barcode များအား အသုံးပြုမည့်နေရာ၊ ဘားကုဒ်အမျိုးအစား၊ ဘားကုဒ်အတွင်းထည့်သွင်းထားသော အချက်အလက်များအား ဖော်ပြရန်လိုအပ်သည်။
04/05/2023
အဆင့်(၉) ဘားကုဒ်ထားမည့်နေရာရွေးချယ်ခြင်း
ဘားကုဒ်ပုံစံအားထားမည့်နေရာရွေးချယ်ခြင်းဆိုသည်မှာ ကုန်ပစ္စည်းထုတ်ပိုးမှုဒီဇိုင်းပေါ်၌ မည်သည့်နေရာတွင် ထားရှိမည် နှင့် မိမိတို့​၏ကုန်ပစ္စည်းဒီဇိုင်းပြုလုပ်ခြင်းတွင်ထည့်သွင်းရမည့် ဘားကုဒ်ပုံစံကို ဆိုလိုခြင်းဖြစ်ပါသည်။ဘားကုဒ်ထားရှိသည့် နေရာအား အလွယ်တကူပျက်စီးနိုင်သောနေရာ၊ ဘားကုဒ်အားအလွယ်တကူရှာမတွေ့နိုင်သောနေရာ၊ ထုတ်ပိုးမှု ခေါက်ချိုးနေရာများတွင် မထားရှိစေရန် နှင့် သိသာထင်ရှားသော နေရာများတွင် ထားရှိပေးမှသာလျှင် လွယ်ကူ လျင်မြန်စွာဖြင့် barcode scanner များမှ အချိန်တိုတွင်း လိုအပ်သော ကုန်ပစ္စည်းအချက်အလက်များကို မြန်မြန်ဆန်ဆန် ဖော်ပြပေးနိုင်မည်ဖြစ်ပါသည်။
03/05/2023
Tree Watering Day
Moon Day of Kasone
28/04/2023
အဆင့်(၈) ဘားကုဒ်အရောင်ရွေးချယ်ခြင်း
အဖြူရောင်နောက်ခံနှင့် အမဲရောင်ဘားလိုင်းများမှ ဘားကုဒ်တစ်ခုအတွက် အကောင်းဆုံးသောအရောင်ဖြစ်သည်။ တခြားအရောင်များအား ရွေးချယ်အသုံးပြုလိုပါက အောက်ပါအရောင်းများအားစဉ်စားအသုံးပြုနိုင်သည်။
(က) GS1 ဘားကုဒ်များအတွက် ဘားလိုင်းများသည် အရောင်ရင့်ရင့်များဖြစ်ရန်လိုအပ်သည်။ ဥပမာ- အနက်၊ နက်ပြာ၊ အညိုရင့်ရောင်)
(ခ) ဘားကုဒ်လိုင်းတစ်ခုချင်းဆီ၏ အရောင်မှာလည်းတူညီနေရမည်။
(ဂ) ဘားကုဒ်နောက်ခံသည် ဘားကုဒ်တွင်ပါရှိသော ဘားကုဒ်ပတ်ပတ်လည်ဧရိယာ (quite zone) အတွက်လိုအပ်သည့် အရောင့်ဖျော့များသာအသုံးပြုရမည်။ ဥပမာ-အဖြူရောင််
08/04/2023
03/04/2023
ဒီနေ့ 2023 ခုနှစ် April လ 3ရက်နေ့မှာဆိုရင်တော့ GS1 ဟာ Member Organization ပေါင်း 116ခု နဲ့ အနှစ်50 ပြည့်ကို ကျင်းပနိုင်ခဲ့ပါပြီ
GS1 Myanmar သည်လည်း GS 1 ရဲ့ Member Organization ထဲက ၁ခုအပါအဝင်ဖြစ်တာကြောင့် ဒီနေ့ GS1 အနှစ် 50ပြည့် အထိမ်းအမှတ်နေ့လေးမှာ ထို အနှစ် 50 အတွင်းဖြတ်သန်းခဲ့
ရတဲ့ Journey video လေးနဲ့ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်
Photos from GS1 Myanmar's post 18/03/2023
MSME Development Dialogue: “From Preparation to Penetration” “ပြင်ဆင်ခြင်းမှသည် ဈေးကွက်ဝင်ရောက်ခြင်းဆီသို့” စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဘားကုဒ်အသင်း​၏ ဥက္ကဋ္ဌ ဦးသန့်ဇော်ကိုမှ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။
🔹ဦးသန့်ဇော်ကို (President, Myanmar Barcode Association)
''လုပ်ငန်းသေးသေးလေးတွေ စတင်တဲ့အခါ (၁) ထုတ်ကုန်ပစ္စည်း (Product) ရှာဖို့ ၊ (၂) ထုတ်ကုန် ရောင်းချမယ့်နေရာ/ ရောင်းချမယ့်ပုံစံ၊ (၃) Product ထုတ်ပြီးရောင်းပြီးတဲ့နောက် ရေရှည်ထိန်းသိမ်းဖို့ ဆိုပြီး အဆင့် (၃) ဆင့်လိုအပ်မှာဖြစ်ပါတယ်။ စစချင်းကိုယ်ရောင်းမယ့် Product က ကိုယ်လုပ်ချင်တာ/ လုပ်တတ်တာထက် သူများလိုအပ်နေတဲ့ထုတ်ကုန်ကို ဦးစားပေး ကြိုးစားပြီး ထုတ်ရမှာဖြစ်ပါတယ်။ ဒါကNo.1 Rule ပါ၊ဘယ်လောက်ပဲ ငွေဝင်ဝင် မှန်မှန်ကန်ကန်မထိန်းသိမ်းနိုင်ဘူး၊ မတွက်ချက်နိုင်ဘူး၊ မလုပ်တတ်ဘူးဆိုရင် ဒါကအလကားပဲ။ ဒါကြောင့် No.2 Rule က စာရင်းဇယားတိတိကျကျဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့် Product ကို Modern Trade မှာပဲ ရောင်းမှာလား၊ တစ်နိုင်ငံလုံးကို ဖြန့်မှာလား၊ တစ်ကမ္ဘာလုံးကို ဖြန့်မှာလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပြီး လိုအပ်တဲ့ ထောက်ခံချက်လက်မှတ်တွေ၊ Identification တွေကို ပြင်ဆင်ထားရမှာဖြစ်ပါတယ်။''
Photos from GS1 Myanmar's post 03/03/2023
🔶🔶🔶၂၀၂၃ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် GS1 Barcode များအကြောင်းဆွေးနွေးပွဲအား မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး GS1 Barcode အကြောင်းအားစိတ်ပါဝင်စားသူ လုပ်ငန်းရှင်များမှတက်ရောက် ခဲ့ကြပါသည်။🔶🔶🔶
02/03/2023
"Welcome Myanmar Peasants Day"
23/02/2023
မန္တလေးတိုင်းဒေသကြီး မှ လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်ပစ္စည်းများတွင် အသုံးပြုသော ဘားကုဒ်နံပါတ်များအကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်လိုပါက အောက်ပါဖုန်းနံပါတ် နှင့် အီးမေးလ်သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
☎️ 09446868002
📧 [email protected]
Photos from GS1 Myanmar's post 20/02/2023
ကျွန်တော်တို့ မြန်မာနိုင်ငံဘားကုဒ်အသင်း (GS1 Myanmar) အနေဖြင့် GS1 ဘားကုဒ်လျှောက်ထားသော ပစ္စည်းများတွင်ဘားကုဒ်နံပါတ်များ မှန်ကန်စွာအသုံးပြုမှု ရှိ မရှိ နှင့် GS1 ဘားကုဒ်လျှောက်ထားခြင်းမရှိသော ပစ္စည်းများပေါ်တွင် GS1 ဘားကုဒ်နံပါတ်ကဲ့သို့ အသုံးပြုထားသောဘားကုဒ်များ နှင့် အခြားဘားကုဒ်နံပါတ်များ အသုံးပြုခြင်းတို့အား GS1 Myanmar အဖွဲ့ဝင်များမှ ဈေးကွက်တွင်စစ်တမ်းကောက်ယူခဲ့ပါသည်။
12/02/2023
"Welcome 76th Union Day of Myanmar"
03/02/2023
အဆင့်(၇) ဘားကုဒ်စာသားပုံစံ
ဘားကုဒ်ပုံစံအောင်တွင်ပါရှိသည့် ဘားကုဒ်နံပါတ်စာသားများကို လူများဖတ်ရှုနိုင်ရန်ဘာသာပြန်ထားသည့်စာသား (Human Readable Interpretation- HRI) ဟုခေါ်သည်။ ကုန်ပစ္စည်းတွင်ပါရှိသော ဘားကုဒ်များ၏ ထုတ်လုပ်ထားသည့် အရည်အသွေးမကောင်းခြင်း (သို့မဟုတ်) ဘားကုဒ်များသည် စက်ဖြင့် ဖတ်လို့မရသည်ထိပျက်စီးနေခြင်းများရှိသည့်အခါ ဘားကုဒ်အောက်တွင်ဖော်ပြပါရှိသည့် စာတန်းအားကြည့်ရှု၍ ဘားကုဒ်အတွင်း
မည်သည့်အကြောင်းအရာများ ထည့်သွင်းထားသည်ကို သိရှိရန် အရံအဖြစ်ထားရှိခြင်းဖြစ်သည်။ ဘားကုဒ် Software (သို့မဟုတ်) Generator များတွင် ဘားကုဒ်ပုံစံများထုတ်လုပ်ပါက တဆက်ထဲ HRI ပါ ပါရှိတတ်သည်။ HRI စာသားမျာသည် (က) ဘားကုဒ်၏အောက်ဘက်တွင်ထားရှိရမည်။
(ခ) ဘားကုဒ်အရွယ်အစားနှင့် အချိုးကျစွာရှိရမည်။
(ဂ) စာသားများမှာ ရှင်းလင်းပြတ်သားနေရမည်။
23/01/2023
အဆင့်(၆) ဘားကုဒ်အရွယ်အစား ( Barcode Size) သတ်မှတ်ခြင်း
အသုံးပြုမည့် ဘားကုဒ်နံပါတ်များနှင့်အမျိုးအစားများရွေးချယ်သတ်မှတ်ပြီးပါက ဒီဇိုင်းပြုလုပ်ရမည့်အဆင့်ဖြစ်သည်။ ဘားကုဒ်အရွယ်အစားသတ်မှတ်ရာတွင် အသုံးပြုမည့်နေရာနှင့် ထုတ်ကုန်ပစ္စည်းထုတ်ပိုးမှု ဒီဇိုင်းပေါ်တွင်လည်းများစွာမူတည်ပါသည်။ ဘားကုဒ်တစ်ခုတွင် အလျားနှင့်အနံ အချိုးကျကျတွက်ချက်၍ ထုတ်လုပ်နိုင်မှသာ ဘားကုဒ်အားဖတ်ရှုရာတွင် အဆင်ပြေနိုင်ပါမည်။ ဥပမာ- EAN/UPC ဘားကုဒ်အမျိုးအစားသည် လက်လီရောင်းချဆိုင်များမှ ဘားကုဒ်ဖတ်ရှုသည့်စက် (Retail omnidirectional scanner) များဖြင့် အဆင်ပြေစွာဖတ်ရှုနိုင်စေရန် အလျားသည် အနံထက်ရှည်သည့်ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်း၏ အလျားနှင့် အနံ အတိုင်းအတာတို့အားတိတိကျကျသတ်မှတ်ထားပါသည်။ ထိုနည်းတူ ကုန်ပစ္စည်းသိုလှောင်ရုံများတွင်အသုံးပြုမည့်ဘားကုဒ်သည် လက်လီရောင်းချသည့် ကုန်ပစ္စည်းများတွင် အသုံးပြုမည့် ဘားကုဒ်အရွယ်အတိုင်း အသုံးပြု၍မရနိုင်ပါ။ ရှာဖွေဖတ်ရှုရန်လွယ်ကူသည့် အရွယ်အစားမျိုးရှိရပါမည်။ GS1 မှသတ်မှတ်ထားသော ဘားကုဒ်အရွယ်အစားလမ်းညွှန်အတိုင်း ပြုလုပ်နိုင်သည်။
04/01/2023
၇၅ကြိမ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲအား ကြိုဆိုဂုဏ်ပြုအပ်ပါသည်
02/01/2023
GS1 Myanmar ကို လုပ်ငန်းရှင်တွေမေးနေကြမေးခွန်းရှိပါတယ်။ အဲ့ဒါကတော့ ဘားကုဒ်နံပါတ်နဲ့ အင်တာနက်မှာရှာကြည့်ရင် ကိုယ့်ကုန်ပစ္စည်းပေါ်လာမှာလားဆိုတဲ့မေးခွန်းပါ။
ကိုယ့်ကုန်ပစ္စည်းတွေကို အွန်းလိုင်းပေါ်မှာ ရောက်ရှိနေစေခြင်းဟာ ပြည်တွင်းတွင်သာမက international audience ပါ တိုးပွားစေနိုင်တယ်ဆိုတာ လုပ်ငန်းရှင်တိုင်းသိရှိပြီးဖြစ်ပါတယ်။ သို့သော် မှန်ကန်တဲ့ Source မှာ ရှာဖွေတွေ့ရှိတဲ့ ကုန်ပစ္စည်းအချက်အလက်များကသာလျှင် လူအများရဲ့ယုံကြည်မှုကို ရရှိမှာဖြစ်ပါတယ်။ GS1 အနေဖြင့် ကုန်ထုတ်လုပ်သူများ၊ လက်လီရောင်းချသူများ စားသုံးသူများအတွက် သေချာသော ကုန်ပစ္စည်းအချက်အလက်များကို မျှ‌ဝေပေးနိုင်ရန် ဖော်ဆောင်လျှက်ရှိသည့် Activate ဟုခေါ်သည့် စနစ်အား မကြာမှီ မိတ်ဆက်ပေးမှာဖြစ်ပါသည်။ လက်ရှိအသင်း၀င်များနှင့် တကွ စိတ်ပါ၀င်စားသူများအနေဖြင့် Activate အကြောင်းများပိုမိုသိရှိလိုပါက ရုံးဖုန်းနံပါတ် 09-446868002 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Photos from GS1 Myanmar's post 19/12/2022
မြန်မာနိုင်ငံဘားကုဒ်အသင်း၏ အလုပ်အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲအား ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၂-၂၀၂၄ သက်တမ်းအတွက် အလုပ်အမှုဆောင်နှင့် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များအား စိစစ်ရွေးချယ်တင်မြှောက်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အစည်းအဝေး ပွဲတွင် ကော်မရှင် ဥက္ကဋ္ဌ မှ ရွေးချယ်ခံရသော အမှုဆောင်သစ် စာရင်းအား ဖတ်ကြားတင်ပြပေးခဲ့ပြီး၊ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်းမှ တက်ရောက်အမှာစကား ပြောကြားပေးခဲ့ပါသည်။
02/12/2022
မြန်မာနိုင်ငံဘားကုဒ်အသင်း​၏ အလုပ်အမှုဆောင်ရွေးချယ်တင်မြောက်ပွဲကို ၁၇-၁၂-၂၀၂၂ရက် (စနေနေ့) မွန်းလွှဲ ၁:၀၀ နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အသင်းဝင် သက်တမ်း (၁)နှစ်ပြည့်ပြီး အသင်းဝင်များအနေဖြင့် အလုပ်အမှုဆောင်အဖြစ် ဆန္ဒပြုရွေးချယ်ခံနိုင်မည်ဖြစ်ကြောင်း ဒုတိယအကြိမ်အသိပေး နှိုးဆော်အပ်ပါသည်။
Photos from GS1 Myanmar's post 18/11/2022
မြန်မာနိုင်ငံဘားကုဒ်အသင်း တတိယအကြိမ် အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေး နှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကို ၁၆-၁၁-၂၀၂၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ထည့်သွင်းကြေငြာခဲ့ပြီး ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
15/11/2022
မြန်မာနိုင်ငံဘားကုဒ်အသင်း (GS1 Myanmar)၏ ရွေးကောက်ပွဲကော်မရှင်အစည်းအဝေး ကျင်းပခြင်း။
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶
မြန်မာနိုင်ငံဘားကုဒ်အသင်း (GS1 Myanmar) မှ အလုပ်အမှုဆောင်အစည်းအဝေးကို အသင်းဝင်များစုံလင်စွာဖြင့် (၁၄.၁၁.၂၀၂၂) တွင် Hybrid Meeting ဖြင့် ကျင်းပခဲ့ပြီး အသင်း၏ရှေ့ယခုလာမည့်နှစ်အတွက် အမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ပွဲကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
26/10/2022
အဆင့်(၅) ဘားကုဒ်အမျိုးအစား (Barcode Types or Symbols) များ ရွေးချယ်ခြင်း
လုပ်ငန်းတွင်အသုံးပြုမည့် ဘားကုဒ်အမျိုးအစားများ မှန်ကန်စွာရွေးချယ်ရန်လိုအပ်ခြင်းမှာလည်း ဘားကုဒ်အသုံးပြုရာ၌ အရေးအကြီးဆုံး အချက်တစ်ခုဖြစ်ပါသည်။ Retail point-of-sale (POS) လက်လီဆိုင်များမှာတင်ပို့ရောင်းချမည့် ပစ္စည်းများအတွက် ဘားကုဒ်အသုံးပြုမည်ဆိုပါက EAN/UPC ဘားကုဒ်အမျိုးအစားကို ရွေးချယ်အသုံးပြုရပါမည်။ ၎င်း ဘားကုဒ်အမျိုးအစားများသည် ကမ္ဘာတစ်ဝှမ်းရှိ POS Systems များတွင်ဖတ်ရှုရနိုင်ပါသည်။ တချို့ပစ္စည်းများတွင် GS1 DataBar ဘားကုဒ်အမျိုးအစားများအသုံးပြုနိုင်ပါသည်။
အကယ်၍ ကုန်ပစ္စည်းတွင် Serial Numbers အမှတ်စဉ်နံပါတ် (serial number)၊ သက်တမ်းကုန်ရက် (expiry date) စသည့်တို့ပါရှိပါက GS1 DataBar (သို့မဟုတ်) GS1 2D ဘားကုဒ် (သို့မဟုတ်) GS1-128 ကဲ့သို့သော ဘားကုဒ် အမျိုးအစားများ အသုံးပြုနိုင်သည်။ GS1-128 သည် ကုန်စည်ဖြန့်ဖြူးသိုလှောင်ရာ (General Distribution) ပိုင်းတွင်သာ အသုံးပြုရမည်။ လက်လီရောင်းချမည့် ပစ္စည်းများစု၍ထည့်ထားသည့် စက္ကူပုံး( Carton Box) များတွင် ITF-14 ဘားကုဒ်အား ရွေးချယ်အသုံးပြုနိုင်သည်။
မှတ်ချက်။ ။ အသုံးပြုမည့် ဘားကုဒ်အမျိုးအစားများအား မိမိကုန်ပစ္စည်းများ တင်ပို့ရောင်းချမည့် လက်လီလက္ကားအရာင်းဆိုင်များနှင့် တခြားသော Trading Partner များအနေဖြင့် လက်ခံ၊ မခံအား ဦးစွာဆွေးနွေးရမည်။
Photos from GS1 Myanmar's post 19/10/2022
အဆင့်(၄) ဘားကုဒ်များအား အသုံးပြုမည့်နေရာသတ်မှတ်ခြင်း
အသုံးပြုမည့် ဘားကုဒ်အမျိုးအစား၊ အရွယ်အစား၊ ဘားကုဒ်ထားရှိရမည့်နေရာ အစရှိသည်တို့သည် ၎င်းဘားကုဒ် အားမည့်သည့်နေရာတွင် ဖတ်ရှုမည်၊ အသုံးပြုမည်ဆိုသည့် အချက်၌များစွာမူတည်ပါသည်။ အသုံးပြုမည့်နေရာ အား သေချာစွာသိရှိခြင်းဖြင့် ဘားကုဒ်ပုံစံများ Print ထုတ်ရာတွင် အထက်ပါအချက်များအား မှန်ကန်စွာသတ်မှတ်နိုင်မည် ဖြစ်သည်။ ဥပမာ- ကုန်ပစ္စည်းများသိုလှောင်ဖြန့်ဖြူးရာ ကုန်သိုလှောင်ရုံတွင် အသုံးပြုမည့် ဘားကုဒ်အရွယ်အစားသည် လက်လီရောင်းချသည့် စားသုံးသူကုန်ပစ္စည်းအရွယ်အစားပေါ်ရှိ အသုံးပြုမည့် ဘားကုဒ် အရွယ်အစားထက် ပိုကြီးသောအရွယ်အစား အသုံးပြုရမည်။
07/10/2022
"မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယ၌ ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများအားလုံး အတိုင်းအဆမရှိပြည့်စုံပါစေကြောင်း GS1 Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်"
🔹🔹🔹ပျော်ရွင်စရာသီတင်းကျွတ်ပွဲတော်ကို နွှဲပျော်နိုင်ကြပါစေ🔹🔹🔹
Photos from GS1 Myanmar's post 05/10/2022
အဆင့်(၃) ဘားကုဒ်များ Printing ပြုလုပ်ခြင်း
လုပ်ငန်းအနေဖြင့် GTIN (Global Trade Item Number) ထည့်သွင်းဖော်ပြထားသော ဘားကုဒ်ပုံစံများအား ကုန်ပစ္စည်း များတွင်ထည့်သွင်းဖော်ပြရာတွင် ဘားကုဒ်လေဘယ်လ် (Barcode Label) ကပ်၍ အသုံးပြုမည်ဆိုပါက တခြားသော ဘားကုဒ်လေဘယ်လ်ထုတ်ပေးသည့် လုပ်ငန်းသို့ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။ (သို့မဟုတ်) ကုန်ပစ္စည်းထုတ်ပိုးမှု (Product Packaging) ပေါ်တွင် တဆက်ထဲတွဲရိုက်မည်ဆိုပါက သက်ဆိုင်ရာ Packaging Companies တို့နှင့် ဆွေးနွေးတိုင်ပင်ရမည်။
20/09/2022
အဆင့်(၂) ထုတ်ကုန်ပစ္စည်းများအတွက် နံပါတ်ပေးခြင်း
GS1 Myanmar Company Prefix နံပါတ် (များ) ရရှိလာပါက လုပ်ငန်းအနေဖြင့် မိမိလုပ်ငန်းမှ ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များ၊ တည်နေရာ၊ လုပ်ငန်းပိုင်ဆိုင်မှုပစ္စည်းများ၊ Logistic units အစရှိသည်တို့အား GS1 Identification နံပါတ်များစတင်အသုံးပြုနိုင်ပါသည်။ လျှောက်ထားသော GS1 Myanmar Company Prefix နံပါတ် အနည်း၊ အများပေါ်မူတည်၍ ရရှိလာသည့် GTIN (Global Trade Item Number သို့မဟုတ် ဘားကုဒ်နံပါတ်) အား ထုတ်ကုန်ပစ္စည်းများတို့တွင် မည့်သည့်နံပါတ်အား မည်သည့်ပစ္စည်းအတွက် ပေးမည်ကို သတ်မှတ်ရပါမည်။
06/09/2022
အဆင့်(၁) GS1 Myanmar တွင် GS1 Myanmar Company Prefix နံပါတ်လျှောက်ထားခြင်း
လုပ်ငန်းအနေဖြင့် ထုတ်ကုန်ပစ္စည်းများတွင် GS1 ဘားကုဒ်နံပါတ်များအသုံးပြုမည်ဆိုပါက ပထမဦးစွာ GS1 Myanmar အဖွဲ့အစည်းတွင် GS1 Myanmar Company Prefix Number လျှောက်ထားရပါမည်။ ရရှိလာမည့် GS1 Company Prefix နံပါတ်သည် လုပ်ငန်း၏ ထုတ်ကုန်ပစ္စည်းများ၊ လုပ်ငန်းတည်နေရာ၊ လုပ်ငန်းပိုင်ဆိုင်မှုပစ္စည်းများ၊ ကူပွန်များ စသည်တို့အား ကမ္ဘာတဝှမ်းမှ အသုံးပြုသည့် စံချိန်စံညွှန်းများအတိုင်း တိတိကျကျဖော်ပြနိုင်မည့် GS1 Identification keys များကို ဖန်တီးအသုံးပြုနိုင်မည်ဖြစ်သည်။
👉ဖုန်း - 09 446868002 / 09 446868005
👉Email – [email protected]
29/08/2022
🙏အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏
♦️ဒီနေ့မှာတော့လူကြီးမင်းတို့၏လုပ်ငန်းများတွင်အသုံးပြုနေသော ဘားကုဒ်အကြောင်းနဲ့ပတ်သက်ပြီးထပ်မံဝေမျှပေးချင်ပါတယ်ခင်ဗျ။မိမိလုပ်ငန်း၏ ထုတ်ကုန်ပစ္စည်းများတွင် GS1 ဘားကုဒ်နံပါတ်များ စတင်အသုံးပြုရန် အတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် GS1 အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံပေါင်း ၁၁၄ နိုင်ငံတွင်တည်ရှိပါသည်။ လုပ်ငန်းတည်ရှိရာ နိုင်ငံရှိ GS1 အဖွဲ့အစည်းအား ဆက်သွယ်စုံစမျးမေးမွနျးနိုင်ပါသည်။ GS1 ဘားကုဒ်နံပါတ်အား စတင်သုံးစွဲသူ လုပ်ငန်းရှင်များအနေဖြင့် သိရှိရမည့် အခြေခံအချက်တို့အား အောက်တွင်ဖော်ပြထားပါသည်။
ကုန်ပစ္စည်းတွင် GS1 ဘားကုဒ်နံပါတ်အသုံးပြုရန်စတင်ပြုလုပ်ရမည့် (၁၀) ချက်
အဆင့်(၁) GS1 Myanmar တွင် GS1 Myanmar Company Prefix နံပါတ်လျှောက်ထားခြင်း။
အဆင်(၂) ထုတ်ကုန်ပစ္စည်းများအတွက် နံပါတ်ပေးခြင်း။
အဆင့်(၃) ဘားကုဒ်များ Printing ပြုလုပ်ခြင်း။
အဆင့်(၄) ဘားကုဒ်များအား အသုံးပြုမည့်နေရာသတ်မှတ်ခြင်း။
အဆင့်(၅) ဘားကုဒ်အမျိုးအစားများ ရွေးချယ်ခြင်း။
အဆင့်(၆) ဘားကုဒ်အရွယ်အစား သတ်မှတ်ခြင်း။
အဆင့်(၇) ဘားကုဒ်စာသားပုံစံ။
အဆင့်(၈) ဘားကုဒ်အရောင်ရွေးချယ်ခြင်း။
အဆင့်(၉) ဘားကုဒ်ထားမည့်နေရာရွေးချယ်ခြင်း။
အဆင့်(၁၀) ဘားကုဒ်အရည်အသွေးစစ်ဆေးခြင်း။
👉ဖုန်း - 09 446868002 / 09 446868005
👉Email – [email protected]
26/08/2022
မြန်မာနိုင်ငံဘားကုဒ်အသင်း (GS1 Myanmar)၏ လစဉ်အလုပ်အမှုဆောင်အစည်းအဝေး ကျင်းပခြင်း။
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶
မြန်မာနိုင်ငံဘားကုဒ်အသင်း (GS1 Myanmar) မှ အလုပ်အမှုဆောင်အစည်းအဝေးကို အသင်းဝင်များစုံလင်စွာဖြင့် (၂၅.၀၈.၂၀၂၂) တွင် Hybrid Meeting ဖြင့် ကျင်းပခဲ့ပြီး အသင်း၏ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
19/07/2022
12/07/2022
🙏🙏ယနေ့ကျရောက်သော နေ့ဟာဆိုရင်ဖြင့်
မိဂဒါဝုန် တောမှာ ပဉ္စဝဂ္ဂီ ငါးဦးကို ဗုဒ္ဓမြတ်ဘုရားက
တရားရေအေး အမြိုက်ဆေး တိုက်ကျွေးခဲ့တဲ့နေ့ရက်ဖြစ်သော ဗုဒ္ဓဘာသာဝင်များအားလုံး
အထွဋ် အမြတ်ထားရာ ဓမ္မစကြာ အခါတော်နေ့ ဝါဆိုလပြည့်နေ့လေးပဲဖြစ်ပါတယ် ခင်ဗျာ🙏🙏
ယခုလိုနေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့မှာ
များလူခပ်သိမ်း အေးချမ်းကြပါစေကြောင်း
GS1 Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Myanmar
13/05/2022
🔸🔸🔸 ယခုကျရောက်မည့် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် အခါသမယ၌ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှလုံးရွင်လန်းချမ်းမြေ့ကြပါစေကြောင်း GS1 Myanmar မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🔸🔸🔸
Tree Watering Day
Moon Day of Kasone
13/04/2022
✨မြန်မာ့ရိုးရာနှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း GS1 Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ✨
အားလုံးပဲ ပျော်စရာမြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ဖြစ်ပါစေ🙏🏻🙏🏻🙏🏻
Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.
Videos (show all)
#GS1Barcode50ဒီနေ့ 2023 ခုနှစ် April လ 3ရက်နေ့မှာဆိုရင်တော့ GS1 ဟာ Member Organization ပေါင်း 116ခု နဲ့ အနှစ်50 ပြည့်ကို...
♦️♦️♦️ပျော်ရွှင်မှုအပေါင်းခညောင်းတဲ့ ခရစ်စမတ်အချိန်အခါ၌ ကိုယ်စိတ်နှလုံးရွှင်လမ်းချမ်းမြေ့ကြပါစေကြောင်း GS1 Myanmar မှ ဆု...
Telephone
Address
No. 29, 5th Floor, UMFCCI Office Tower, Min Ye’ Kyaw Swar Road, Lanmadaw Township
Yangon
11131
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Other Non-Governmental Organizations (NGOs) in Yangon (show all)
Myanmar Monks Group Hacker Anonymous Myanmar Monks Group Hacker Anonymous
ငုဝါလမ်း
Yangon, M.M
White Hat We are Myanmar
ရွှေရောင်အနာဂတ် လူမှုကူညီကယ်ဆယ်ရေးအသင်း ရွှေရောင်အနာဂတ် လူမှုကူညီကယ်ဆယ်ရေးအသင်း
Yangon
ပြည်သူများသို့ကူညီရန် ကျွန်တော်/ကျ?
Astrio Astrio
Yangon
'ASTRIO' is a tech-based community organization which intends to help Myanmar youths. It involves in
Grow Back for Posterity Grow Back for Posterity
7 Pyitawaye Street
Yangon, 11111
community-based solutions for wildlife conservation
အေးချမ်းဖြူစင်မေတ္တာရှင်လူမှုကူညီရေးအသင်း အေးချမ်းဖြူစင်မေတ္တာရှင်လူမှုကူညီရေးအသင်း
အနော်မာလမ်း ၁၃ ရပ်ကွက် တောင်ဥက္ကလာ
Yangon, [email protected]
သင့်ကြောင့် အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို မထိခိုက်ပါစေနှင့်
The Asia Foundation Myanmar The Asia Foundation Myanmar
No. 11, Ko Min Ko Chin Yeik Thar Street, West Ngar Htet Kyi Ward, Bahan Township
Yangon
Strengthening governance, expanding economic opportunity, increasing environmental resilience, empowering women, and promoting international cooperation
Pyit Tine Htaung a.k.a The Tumbling Kelly Pyit Tine Htaung a.k.a The Tumbling Kelly
Yangon
Pyit Tine Htaung a.k.a The Tumbling Kelly | Burmese NFT Project
Aung Zeya Youth Movement Myanmar Aung Zeya Youth Movement Myanmar
Ahlone
Yangon, 11121
လူမျိုးဘာသာမရွေး ၏ အခက်အခဲများ အားလ?
Phyusin Monmyat Welfare Association Phyusin Monmyat Welfare Association
No. 144, 1st Floor, Bo Galay Zay Street , Botahtaung Tsp
Yangon
Students Without Frontiers-SWF Students Without Frontiers-SWF
Yangon
A dream space for Myanmar students where they can get FREEDOM.