MYEA - Myanmar Young Entrepreneurs Association

We are the leading organization to build up the entrepreneurship ecosystem in Myanmar. We do collabor

In 2008, there was an initiative between ASEAN and China to form the ASEAN China Young Entrepreneurs Forum, where the leading young entrepreneurship associations from ASEAN and China would come together for the development of entrepreneurship in the region. At that time, Myanmar did not have a representative organization to participate in this initiative. Due to this, under the guidance and suppor

24/12/2023

🎄Merry Christmas and A Happy New Year 2024🎄

နှစ်သစ်မှစ၍ အသင်းသား/အသင်းသူများအားလုံး ပျော်ရွှင်အေးချမ်းသော အချိန်ကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🎄🎁🙏

Photos from MYEA - Myanmar Young Entrepreneurs Association's post 20/12/2023

MYEA နှင့် UMBEEA အသင်းတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ

****

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်း (MYEA) နှင့် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (UMBEEA)
နှစ်သင်းတို့သည် MOU လက်မှတ်ရေးထိုးကြခြင်းဖြင့် တစ်သင်းနှင့်တစ်သင်း လုပ်ငန်းများ ဖလှယ်နိုင်ခြင်း၊ လုပ်ငန်းရှင်အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုအားကောင်းလာစေခြင်း စသည်တို့အတွက် ရည်ရွယ်ကာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် UMFCCI ရှိ MYEA ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

နာလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအစီအစဉ်တွင် MYEA ဘက် မှ ဥက္ကဌ ဒေါ်သင်းသင်းကျော်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ အောင်မြတ်လွင် နှင့် UMBEEA ဘက်မှ ဥက္ကဌ ဦးကျော်ဒေဝ၊ အထွေထွေအတွင်းရေးမှူး ဒေါ်ခင်ချောစု၀င်း တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အခမ်းအနားသို့ အသင်းမှ ဥက္ကဌ ဒေါ်သင်းသင်းကျော်၊ ဒုတိယဥက္ကဌများဖြစ်သော ဒေါက်တာ သီသီခိုင်၊ ဒေါက်တာ ဝင်းထွဋ်ကို၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်မြတ်လွင်၊ တွဲဖက်အတွင်းရေးမှူးများနှင့် အမှုဆောင်ဒါရိုက်တာများ၊ UMBEEA ဘက်မှ ဥက္ကဌ ဦးကျော်ဒေ၀၊ ဒုတိယဥက္ကဌ ဦး​မောင်မောင်အောင်၊ အထွေထွေအတွင်းရေးမှူး ဒေါ်ခင်ချောစု၀င်းနှင့် တွဲဖက်အတွင်းရေးမှူးများ၊ CEC, EC များ တက်ရောက်ခဲ့ကြပြီး အခမ်းအနား ​အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Photos from MYEA - Myanmar Young Entrepreneurs Association's post 11/12/2023

AYA Bank PCL & MYEA MOU Signing Ceremony and Inspiration Talk အခမ်းအနားကျင်းပ

*****

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် AYA Bank PCL တို့အကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် Inspiration Talk အခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက် တနင်္ဂနွေနေ့တွင်
Pathein Room at AYA Bank, Rowe ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ MYEA အသင်း ဥက္ကဌ ဒေါ်သင်းသင်းကျော်မှ နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် AYA Bank PCL တို့အကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းအစီအစဉ်တွင် MYEA ဘက် မှ ဥက္ကဌ ဒေါ်သင်းသင်းကျော်၊ အထွေထွေအတွင်းရေးမှူး Dr.အောင်မြတ်လွင် နှင့် AYA Bank PCL ဘက်မှ Deputy Chief Executive Officer ဖြစ်သောဒေါ်သဇင်အောင် နှင့် Managing Director ဖြစ်သော ဦးမင်းဝင့်ဦး တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ထို့နောက် AYA Bank ​မှ Chief Executive Officer ဖြစ်သော ဦးမြင့်ဇော်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြာပြီး AYA Pay ၏ Deputy Chief Executive Officer ဖြစ်သော ဦးမြတ်မင်းထင်ကျော် မှ Our Digital Journey ဖြင့်လည်းကောင်း၊ AYA SOMPO မှ Chief Executive Officer ဖြစ်သော ဦးမျိုးမင်းဦး မှ AYA Health Solutions ခေါင်းစဉ်ဖြင့် အသီးသီး ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ Inspirational Journey in Entrepreneurs ခေါင်းစဉ်ဖြင့် Dr.စိုင်းဆမ်ထွန်း (Chairman, Loi Hein Group of Companies) နှင့် ဒေါ်ဝင်းဝင်းတင့် (Group Chief Executive Officer, City Holdings Limited)တို့မှ ဟောပြောဆွေးနွေးပေးခဲ့ပြီး Consumer Behavior in Digital World ခေါင်းစဉ်ဖြင့် ဦးမြင့်ဇော် (Chief Executive Officer, AYA Bank PCL) တို့မှ ၎င်းတို့​၏ အတွေ့အကြုံများ၊ ရင်ဆိုင်ခဲ့ရသည့်အခက်အခဲများ၊ လုပ်ငန်းရှင်တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ စဉ်ဆက်မပျက်လေ့လာရမည့် စီးပွားရေးအတွေးအခေါ်၊ အမြင် စသည့် လူငယ်လုပ်ငန်းရှင်များ အတုယူဖွယ်များကို မျှဝေပေးခဲ့ပါသည်။

ယင်းနောက် အခမ်းအနားတက်ရောက်သူများမှ သိလိုသည်များမှ အမေးအဖြေများပြုလုပ်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါဝင်ဟောပြောခဲ့ကြသူများအား အမှတ်တရလက်ဆောင်များပြန်လည်ပေးအပ်ခြင်းနှင့် ပွဲတက်ရောက်လာသူများနှင့် အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကြကာ အခမ်းအနားအောင်မြင်စွာကျင်းပခဲ့ပါသည်။

Photos from MYEA - Myanmar Young Entrepreneurs Association's post 08/12/2023

MYEA & DBU MOU Signing Ceremony and "Good to Great" Talk အခမ်းအနားကျင်းပ

****

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် Device Business University - DBU တို့အကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် Good to Great Talk အခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက် ကြာသပတေးနေ့တွင် DBU Campus ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ DBU ​၏ Chairman ဦးတင်ဇံကျော်မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး
MYEA အသင်း ဥက္ကဌ ဒေါ်သင်းသင်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

၎င်းနောက် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် Device Business University - DBU တို့အကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းအစီအစဉ်တွင် MYEA ဘက် မှ ဥက္ကဌ ဒေါ်သင်းသင်းကျော်၊ ဒုတိယဥက္ကဌ Dr.သီသီခိုင် နှင့် DBU ဘက်မှ Chairman ဦးတင်ဇံကျော် နှင့် Program Director ဒေါ်ပွင့်မာဟန် တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဆက်လက်၍ ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် အတွက် ဂုဏ်ပြုကိတ်ခွဲ၍ အစီအစဉ် ပထမပိုင်းပြီးဆုံးခဲ့ပါသည်။

အစီအစဉ် ဒုတိယပိုင်းတွင် DBU ၏ Chairman-Board of Trustees ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် မှ "Good to Great" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ပွဲတက်ရောက်လာသူများ၏ မေးမြန်းမှုကိုလည်း ဆရာကြီးမှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

ထို့နောက် အသင်းမှ ဟောပြောဆွေးနွေးပေးခဲ့သော ဆရာကြီးအား အမှတ်တရ ပန်းစည်းပေးအပ်ခဲ့ခြင်း၊ MYEA နှင့် DBU တို့မှ အပြန်အလှန်အမှတ်တရ လက်ဆောင်ပေးအပ်ခြင်း နှင့် အခမ်းအနားတက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Photos from Yoma Bank Limited's post 06/12/2023

Congratulations to our members who are in this list !

Photos from MYEA - Myanmar Young Entrepreneurs Association's post 03/12/2023

The 30th Anniversary of Viet Nam Young Entrepreneurs' Movement အခမ်းအနား တက်ရောက်
🔸🔸🔸🔸🔸
Vietnam Young Entrepreneurs Association မှ ကြီးမှူးသော The 30th Anniversary of Viet Nam Young Entrepreneurs' Movement အခမ်းအနား ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၆-၂၇)ရက်နေ့ က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပခဲ့ပါသည်။

ယင်း အခမ်းအနားတွင်
"Changed Vs Unchanged" Talkshow ဖြင့် အစီအစဉ် ပထမပိုင်း ကျင်းပခဲ့ပြီး "The 30th Anniversary of Viet Nam Young Entrepreneurs' Movement " အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဗီယက်နမ်နိုင်ငံ​၏ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာဝန်ကြီးများ၊ အာဆီယံနိုင်ငံများမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များမှ တက်ရောက်ချီးမြှင့်ပေးခဲ့ပါသည်။ ထို့နောက် ဂုဏ်ပြုညစာစားပွဲအစီအစဉ်ဖြင့် အခမ်းအနားအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

အိမ်ရှင်ဗီယက်နမ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ အခမ်းအနားတက်ရောက်လာသော ASEAN၊ ဂျပန်၊ တရုတ်၊ ဩစတေးလျမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးဆိုင်ရာ ချိတ်ဆက်ဆွေးနွေးမှုများ နှင့် စက်ရုံ လုပ်ငန်းများသို့ လေ့လာလည်ပတ်မှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြပါသည်။

အခမ်းအနားသို့ အထွေထွေအတွင်းရေမှူး၊တွဲဖက်အတွင်းရေးမှူး၊ အမှုဆောင်ဒါရိုက်တာတစ်ဦးနှင့်အတူ SSYEA ​၏တွဲဖက်အတွင်းရေးမှူးတို့မှ တက်ရောက်ခဲ့ကြပါသည်။

Photos from MYEA - Myanmar Young Entrepreneurs Association's post 02/12/2023

The 8th ASEAN YOUNG ENTREPRENEURS CARNIVAL 2023 အခမ်းအနား တက်ရောက်

🔸🔸🔸🔸🔸

Indonesia Young Entrepreneurs Association ( IYEA) မှ အိမ်ရှင်အဖြစ်စီစဉ်ကျင်းပသည့် (၈)ကြိမ်မြောက် အာဆီယံလူငယ်စွန့်ဦးတီထွင်ရှင်များပွဲတော်ကို အင်ဒိုနီးရှားနိုင်ငံ၊ Medan City ၌ ပြီးခဲ့သည့် နိုဝင်ဘာလ(၂၃-၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အသင်း၏ ဒုဥက္ကဌ များဖြစ်ကြသော Dr.ဝင်းထွဋ်ကို၊ Dr.ယဉ်မင်းဟန်၊ အမှုဆောင်ဒါရိုက်တာ ဒေါ်ခိုင်ခိုင်လင်း နှင့် ဦးကောင်းမြတ်ဇော် တို့မှတက်ရောက်ခဲ့ပါသည်။
ယင်း Carnival သို့ အာဆီယံ (၁၀)နိုင်ငံရှိ Young Entrepreneurs Associations အသီးသီးမှ အဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများလည်း စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ မနက်ပိုင်းတွင် ASEAN Young Entrepreneurs Association ၏ နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြီး ASEAN Young Entrepreneurs Association ၏ ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

နေ့လည်ပိုင်း အစီအစဉ်တွင် ASEAN Young Entrepreneurs Carnival အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ Indonesia Young Entrepreneurs Association ၏ ဥက္ကဋ္ဌ Mr.Bagas Adhadirgha မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော် သီချင်းနှင့် AYEC (၈)နှစ်တာ ဖြတ်သန်းခဲ့သည့်အကျဉ်းချုပ် ဗွီဒီယိုဖိုင်အား ပြသခဲ့ကာ Indonesia နိုင်ငံ Tourism and Creative Economy ဝန်ကြီး Mr. Sandiaga Uno မှ ကြိုဆိုမိန့်ခွန်း ပြောကြားခဲ့ပါသည်။

ထို့နောက် Business Forum: Digital Economy Framework Agreement ( DEFA) Nexus: Bridging Tomorrow Entrepreneurs ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

ညနေပိုင်း အစီအစဉ်တွင် AYEC ၂၀၂၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ အဖြစ် Laos နိုင်ငံမှ Young Entrepreneurs Association အား ASEAN အလံလွှဲပြောင်းပေးအပ်ခဲ့ပြီး အစီအစဉ်အားပြီးဆုံးခဲ့ပါသည်။

ASEAN YOUNG ENTREPRENEURS COUNCIL ၏ ကြီးမှူးကျင်းပမှုဖြင့် ASEAN YOUNG ENTREPRENEURS CARNIVAL အား ၂၀၁၆ခုနှစ်မှစတင်ကာ အဖွဲ့ဝင်နိုင်ငံများမှ အိမ်ရှင်အနေဖြင့်အလှည့်ကျနှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်း (MYEA) အနေဖြင့်လည်း လာမည့်၂၀၂၇ ခုနှစ်တွင် AYEC ကို အိမ်ရှင်နိုင်ငံအဖြစ် အလှည့်ကျလက်ခံကျင်းပသွားနိုင်ရန် ကြိုးစားသွားမည် ဖြစ်သည်။

# MYEA

Photos from MYEA - Myanmar Young Entrepreneurs Association's post 21/11/2023

"RISING THROUGH ADVERSITY"
Panel Discussion ကျင်းပ

🔷 🔷 🔷 🔷 🔷

ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် နိုဝင်ဘာလ ဒုတိယအပတ်မှာ ကျင်းပလေ့ရှိသော စွန့်ဦးတီထွင် ရက်သတ္တပတ် “Global Entrepreneurship Week” ကို ၂၀၁၈ ခုနှစ်မှစတင်၍
MYEA အသင်းမှ National Host အဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး ယခုနှစ်တွင်လည်း နိုဝင်လာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပသော GEW 2023 Event အထိမ်းအမှတ် အနေဖြင့် “Rising through Adversity” Panel Discussion ကို
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်, နေ့ခင်း(၂:၀၀)နာရီ၊ 50th Street Bar ၌
ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ ဥက္ကဌ မှ အဖွင့်အမှာစကားပြောကြားပြီး Rising through Adversity” Panel Discussion ကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။

Panel Discussion တွင် Ko Aung Myo Thu, (CEO, Quick Food), Ko San Zaw Htet(Founder -Acumen International College,Intel-Bridge Education), Ko Nay Lin Htut (Chief Credit Officer, AYA Bank PCL) တို့မှ Panelist အဖြစ်ပါဝင်ခဲ့ပြီး Lachmi Yi Yi Win(aka) Lach Baniya
(Social Entrepreneur /Co Founder & CMO of Icarus Media) မှ Moderator အဖြစ်
ပါဝင်ဆောင်ရွက်၍ ၎င်းတို့​၏ အတွေ့အကြုံ၊ ဗဟုသုတ၊အသိပညာများကို မျှဝေဆွေးနွေးခဲ့ပါသည်။ အခမ်းအနားတက်ရောက်သူများမှ သိလိုသည်များ မေးမြန်းခဲ့မှုများကိုလည်း ပြန်လည်ဖြေကြားခဲ့ကြပါသည်။

ထို့နောက် Panel Discussion တွင်ပါဝင်ဆွေးနွေးပေးခဲ့ကြသူများကို ဒုတိယဥက္ကဌ Dr.ဝင်းထွဋ်ကို မှ အမှတ်တရလက်ဆောင်များပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်သူများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Photos from MYEA - Myanmar Young Entrepreneurs Association's post 19/11/2023

နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week – GEW 2023) အထိမ်းအမှတ် စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

🔸🔸🔸🔸🔸
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်း ရှင်များအသင်း (MYEA)နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)တို့အကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် MYANWEN နှင့် MYEA တို့ ပူး ပေါင်းကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week – GEW 2023) အထိမ်း အမှတ်အဖြစ် “Thriving in Uncertainty” Entrepreneurship Dialogue Session စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက် (စနေနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဥက္ကဋ္ဌ ဦးအေးဝင်းမှ အဖွင့်အမှာစကားချီးမြှင့်ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ဒုတိယ ဥက္ကဋ္ဌ ‌ဒေါက်တာစုလှဟန် နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) ၏ ဥက္ကဋ္ဌ ဒေါ်သင်းသင်းကျော်တို့မှ ကြိုဆိုနှုတ်ခွန်းဆက် စကားကို အသီးသီးပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA)နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) တို့အကြား နားလည်မှုစာချွန်လွှာကို MYEA ၏ ဥက္ကဋ္ဌ ဒေါ်သင်းသင်းကျော် နှင့် MYANWEN ၏ ဒုတိယဥက္ကဋ္ဌ ‌Dr.စုလှဟန် တို့က UMFCCI ၏ ဥက္ကဌ ဦးအေးဝင်း၊MYANWEN ၏ နာယကများဖြစ်ကြသော ဒေါက်တာဒေါ်ခင်စန်းရီနှင့် ဒေါ်စန္ဒာခင်တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အသိသက်သေများအဖြစ် MYEA ၏ ဒုတိယ ဥက္ကဋ္ဌ Dr.သီသီခိုင် နှင့် MYANWEN အလုပ်အမှုဆောင် Dr.ခင်သိင်္ဂီလှမောင် တို့မှ ပြုလုပ်ပေးခဲ့ပါသည်။ ထို့နောက် MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါ်လင်းလင်းတင်ထွန်း မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အနေဖြင့်
တစ်ကမ္ဘာလုံးရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရက်သတ္တပတ်ကို ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်မှု ရက်သတ္တပတ် Global Entrepreneurship (GEW) အဖြစ် သတ်မှတ်ပြီး အခမ်းအနားများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ကွန်ယက်ချိတ်ဆက်မှုအခွင့်အလမ်းများအတွက် ကျင်းပပြုလုပ်လေ့ရှိသော
Global Entrepreneurship Week 2023 ကို ဂုဏ်ပြုသောအားဖြင့် "Thriving in Uncertainty" Entrepreneurship Dialogue Session အား ဆက်လက်ကျင်းပရာ MYANWEN ၏ ဂုဏ်ထူးဆောင်နာယက ဒေါက်တာ ဒေါ်ခင်စန်းရီမှ အသိပညာပေးစကား ချီးမြှင့်ခဲ့ပြီး၊ Moderator အဖြစ် ဒေါ်ရတနာဇော် (CEO-Founder, Golden Vision Myanmar Co., Ltd) မှ ဆောင်ရွက်ကာ Panelist များအဖြစ် ဦးမျိုးကျော်သူ (Co-founder, May Lay Mart Retail Store)၊ ဦးစည်သူဟိန်း @ Steven (Director, Sinma Group of Companies)၊ ဦးအောင်ထက်ဟန် (Managing Director, Fortune Six CO., LTD) ၊ ဒေါ်ထူးသန့်စင် (Founder of BAY DAR & CO, Principle Consultant of Panellist Business Services)၊ ဒေါ်အိမ့်မျက်သွယ် @ Gloria (Founder & CEO, BB Food Myanmar Ltd)၊ ဒေါ်တင်ယုနွယ် (Co-founder & Operation Director, Shwe Taung Nyo Gyi Co., Ltd) တို့မှ "Thriving in Uncertainty" နှင့် ပတ်သက်၍ အတွေ့အကြုံများကို မျှဝေဆွေးနွေးကြပြီး၊ တက်ရောက်လာကြသူများမှ သိလိုသည်များအား မေးမြန်း ခဲ့ကြပါသည်။

Dialogue Session တွင် ဆွေးနွေးပေးကြခဲ့သော Moderator နှင့် Speaker များအား MYEA အသင်း ဒုတိယဥက္ကဌ Dr.သီသီခိုင် မှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

MYEA မှ National Host အဖြစ် ဦးဆောင်ကျင်းပသော GEW 2023 အခမ်းအနားတွင် MYANWEN အသင်းမှ Event Organizer အနေဖြင့် ကျင်းပခဲ့ခြင်းအတွက် ဂုဏ်ပြုအမှတ်တရလက်ဆောင်ကို MYEA ၏ ဥက္ကဋ္ဌ ဒေါ်သင်းသင်းကျော် မှ MYANWEN ၏ ဒုတိယဥက္ကဋ္ဌ ‌Dr.စုလှဟန် သို့ ပေးအပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဌများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊
MYANWEN အသင်းမှ ဒုတိယဥက္ကဌ နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ MYEA မှ အမှုဆောင်ဒါရိုက်တာများ၊ အသင်းသား၊အသင်းသူများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များနှင့်လူငယ်စီးပွားရေးလုပ်ငန်းရှင်များစွာပါဝင်တက်ရောက်ခဲ့၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

Photos from MYEA - Myanmar Young Entrepreneurs Association's post 16/11/2023

"RISING THROUGH ADVERSITY"
Panel Discussion

********
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်, နေ့ခင်း(၂:၀၀)နာရီ၊ 50th Street Bar ၌
ကျင်းပပြုလုပ်သွားမယ့် "Rising through Adversity” Panel Discussion အခမ်းအနားမှာ ဆွေးနွေးသွားမဲ့ Speaker များရဲ့ Profile များကို မျှဝေလိုက်ပါတယ်။

ဆွေးနွေးပွဲတက်ရောက်ဖို့
ယခု Link: https://forms.gle/p9aX9zdKH9nScTR37
မှာ စာရင်းသွင်းဖို့ သတင်းကောင်းပါးအပ်ပါတယ်။

14/11/2023

"RISING THROUGH ADVERSITY" Panel Discussion

ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် နိုဝင်ဘာလ ဒုတိယအပတ်မှာ ကျင်းပလေ့ရှိသော စွန့်ဦးတီထွင် ရက်သတ္တပတ် “Global Entrepreneurship Week” ကို ၂၀၁၈ ခုနှစ်မှစတင်၍
MYEA အသင်းမှ National Host အဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး ယခုနှစ်တွင်လည်း နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

GEW 2023 Event အနေဖြင့် “Rising through Adversity” Panel Discussion ကို
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်, နေ့ခင်း(၂:၀၀)နာရီ၊ 50th Street Bar ၌
ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

“Rising through Adversity” Panel Discussion ရဲ့ Panelist များအဖြစ်
- Ko Aung Myo Thu, CEO, Quick Food
- Ko San Zaw Htet, Founder -Acumen International College,Intel-Bridge Education
- Ko Nay Lin Htut, Chief Credit Officer, AYA Bank PCL

Moderator အဖြစ်
- Lachmi Yi Yi Win(aka) Lach Baniya
Social Entrepreneur /Co Founder & CMO of Icarus Media
တို့မှ ပါဝင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

Panel Discussion ကို တက်ရောက်ဖို့ ယခု Registration Link: https://forms.gle/p9aX9zdKH9nScTR37 မှာ စာရင်းသွင်းပေးကြဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

14/11/2023

“Thriving in Uncertainty” Entrepreneurship Dialogue Session - GEW 2023

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)မှ National Host အဖြစ် ဦးဆောင်ကျင်းပသော GEW 2023 Event ကို မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့်ပူးပေါင်း၍ “Thriving in Uncertainty” Entrepreneurship Dialogue Session အသိပညာပေး ဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်, နံနက်(၁၀:၀၀)နာရီ၊ ကုန်သည်များနှငိ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မင်္ဂလာခန်းမ ၌ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

"DIALOGUE SESSION" အခမ်းအနားကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်မှာ ဖြစ်တဲ့အတွက် အောက်ပါ Registration Link တွင် စာရင်းသွင်းပြီး အားလုံးကို ပွဲတက်ရောက်ဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

Registration Link: https://docs.google.com/forms/d/e/1FAIpQLSdbBoYCYL57igAVx_l4npcNeLopjvVPssWjXtMDyEmGeo-lLw/viewform?usp=pp_url

12/11/2023

📣📣📣Global Entrepreneurship Week 2023 ထပ်မံရောက်ရှိလို့လာပါပြီ📣📣📣

ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် နိုဝင်ဘာလ ဒုတိယအပတ်မှာ ကျင်းပလေ့ရှိသော စွန့်ဦးတီထွင် ရက်သတ္တပတ် “Global Entrepreneurship Week”
ကို ၂၀၁၈ ခုနှစ်မှစတင်၍
MYEA အသင်းမှ National Host အဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး ယခုနှစ်တွင်လည်း နိုဝင်လာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ယခုနှစ် GEW ၂၀၂၃ ​၏ ဆောင်ပုဒ်ကတော့ “ENTREPRENEURS THRIVE HERE " ဖြစ်ပါတယ်။ စွန့်ဦးတီထွင် ရက်သတ္တပတ်အတွက်စွန့်ဦးတီထွင်သူများ ပိုမိုမွေးထုတ်နိုင်စေရန်၊ စွန်ဦးတီထွင်မှုကို ပိုမိုအားပေး အားမြှောက်ပြုလာ စေရန်အတွက် ကျွန်တော်တို့​၏ ပြည်တွင်းတွင် ရှိသော လူငယ်များ၊ စွန့်ဦးတီထွင်သူများ၊ အဖွဲ့အစည်းများ​၏ အသံများ၊ လုပ်ဆောင်ချက်များကို ယခုရက်သတ္တပတ်အစီအစဉ်မှ ထုတ်ဖော်ပြသနိုင်ရန် ဖြစ်ပါတယ်။

ပထမအကြိမ် GEW 2023 Event အနေဖြင့် “Rising through Adversity” Panel Discussion ကို
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်, နေ့ခင်း(၂:၀၀)နာရီ၊ 50th Street Bar ၌
ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Panel Discussion ကို တက်ရောက်ဖို့ ယခု Registration Link: https://forms.gle/p9aX9zdKH9nScTR37 မှာ စာရင်းသွင်းပေးကြဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

12/11/2023

🏵️ ပျော်ရွှင်ဖွယ်ရာ ဒီဝါလီနေ့ ဖြစ်ပါစေ 🏵️

🪔 🪔 🪔 ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ထူးခြားတဲ့ နေ့ထူးနေ့မြတ် ဒီဝါလီနေ့ (ဒီပဝါလီနေ့) မှာ
ရောင်စဉ်လင်းဖြာ ကောင်းခြင်းမင်္ဂလာနဲ့
ပြည့်စုံပြီး ပျော်ရွှင် ကျန်းမာကြပါစေကြောင်း
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်… 🪔 🪔 🪔

06/11/2023
Photos from MYEA - Myanmar Young Entrepreneurs Association's post 05/11/2023

MYEA Networking Event ကျင်းပပြုလုပ်ခဲ့သော ပုံရိပ်များ

🔸🔸🔸🔸🔸

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)မှ"MYEA Networking Event” ကို ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ (၄)ရက် (စနေနေ့) တွင် Novotel Hotel (Time Out Sport Bar) ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အစီအစဉ်အစတွင် အသင်း​၏ နာယက၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ ဦးအေးဝင်း မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အသင်းဥက္ကဌ ဒေါ်သင်းသင်းကျော်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသန်းထိုက်လွင် မှ ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ YOMA Bank ၏ Department of Marketing and Communication မှ ကို Harry မှလည်း "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" program အကြောင်းကို အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ယင်းနောက်တွင် အသင်းသား/သူများ၊ အသင်းသား အသစ်များ၊ အသင်းသို့ စိတ်ပါဝင်စား၍ တက်ရောက်ကြသော စီးပွားရေးလုပ်ငန်းရှင်များမှ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မိတ်ဖွဲ့ တွေ့ဆုံခဲ့ကြပါသည်။ ထို့နောက်တွင် Lucky Draw များစွာကိုလည်း ကံစမ်းမဲဖောက်ခဲ့ကြပါတယ်။

အခမ်းအနားသို့ အသင်း​၏ နာယက၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ ဦးအေးဝင်း၊ အသင်း ဂုဏ်ထူးဆောင်ဥက္ကဌ၊ ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဌ Dr.ဝင်းစည်သူ၊ မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ အသင်းသား၊အသင်းသူများ၊ လူငယ်စီးပွားရေးလုပ်ငန်းရှင်များစွာ တက်ရောက်ခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားဖြစ်မြောက်အောင် အဓိက ပံ့ပိုးကူညီပေးသော အားလုံးနဲ့ အေးအတူ ပူအမျှအမြဲအတူ ရှိနေမယ့် YOMA Bank, Lucky Draw အစီအစဉ်တွင် ပါဝင်ပေးကြသော အသင်းသား ၊ အသင်းသူများ နှင့် ပွဲတက်ရောက်ကြသူအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။

နောက်ပွဲများတွင်လည်း ပြန်လည်တွေ့ဆုံဖို့ ဖိတ်ခေါ်ပါတယ်

03/11/2023

📣📣📣 MYEA Networking Event မှာ ဆုံကြမယ် 📣📣📣

၂၀၂၃ခုနှစ်၊နိုဝင်ဘာလ (၄)ရက် (စနေနေ့) ညနေ (၄:၀၀)နာရီ မှ (၇:၀၀)နာရီအထိ Novotel Hotel (Time Out Sport Bar) မှာ လုပ်မယ့်ပွဲလေးကို Exclusive Sponsor အဖြစ် အားလုံးနဲ့ အေးအတူ ပူအမျှအမြဲအတူ ရှိနေမယ့် YOMA Bank မှပံ့ပိုးကူညီပေးထားပြီး
MYEA အသင်းဝင် ညီအစ်ကို၊ မောင်နှမများအားလုံး အတူတူ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်ဖို့အတွက် Lucky Draw အစီအစဉ်များစွာကို အသင်းသား၊ အသင်းသူများမှ ပံ့ပိုးကူညီပေးထားကြပါတယ်။

Registration Fee :
Member (Free)
Non-Member (20,000/-MMK)(Including 2 drink coupons)

Registration Link:

http://bit.ly/MYEAmemberday

02/11/2023

📣📣📣 MYEA Networking Event 📣📣📣

MYEA အသင်းဝင် ညီအစ်ကို၊ မောင်နှမများအားလုံး အတူတူ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်ဖို့အတွက် Lucky Draw အစီအစဉ်များစွာ ပါဝင်မှာဖြစ်ပြီး၊ မိတ်ဆွေသစ်များနဲ့ တွေ့ဆုံလျှင် မိတ်ဆက်ဖို့ Business Card များများယူလာဖို့ မမေ့နဲ့နော် 😊😊😊

ဒါ့ကြောင့် Register မလုပ်ရသေးသူများ အောက်ပါ Registration Link လေးRegister ပြုလုပ်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)မှ အသင်းဝင်များအချင်းချင်း တွေ့ဆုံ၍ ရင်းနှီးစွာ လုပ်ငန်း အမြင်များ ဖလှယ်နိုင်ရန်၊ စီးပွါးရေး အခွင့်အလမ်းအသစ်များ ရှာဖွေနိုင်ရန်နှင့် မိတ်ဆွေသစ် မိတ်ဆွေကောင်းများ တိုးပွါးစေရန် ရည်ရွယ်၍ "MYEA Networking Event” ကို ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ (၄)ရက် (စနေနေ့) ညနေ (၄:၀၀)နာရီ မှ (၇:၀၀)နာရီအထိ Novotel Hotel (Time Out Sport Bar) ၌ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

အဆိုပါပွဲကို အားလုံးနဲ့ အေးအတူ ပူအမျှအမြဲအတူ ရှိနေမယ့် YOMA Bank မှ Execlusive Sponsor အဖြစ် ပံ့ပိုး ကူညီပေးထားပါတယ်။ Yoma Bank က ကြီးမှူးကျင်းပမယ့် Grow Together Bizpitch နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တာတွေကို မေးလို့ရအောင်လည်း စီစဥ်ပေးထားပါတယ်။

Registration Fee :
Member (Free)
Non-Member (20,000/-MMK)(Including 2 drink coupons)

Registration Link:

http://bit.ly/MYEAmemberday

31/10/2023

Come and join YRYEA - Yangon Region Young Entrepreneurs Association's Fright Night Party tonight

For more information, please see below !

🎃🎃🎃🕷 Trick or Treat 🎃🎃🎃🕷

JOIN US FOR A YRYEA FRIGHT NIGHT PARTY!

More information: Ph 09266559323

Registration Link: https://forms.gle/UZTwxECo9s1LNW5J8

💥YRYEA MEMBER ONLY

Photos from MYEA - Myanmar Young Entrepreneurs Association's post 28/10/2023

ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (SSYEA)မှ Association Partner အဖြစ် ပါဝင်ထားသော "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်ရဲ့ တတိယမြောက် ဟောပြောပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် တောင်ကြီးမြို့၊ Taunggyi Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစတွင် "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်အကြောင်းကို ရိုးမဘဏ်၏ Head of Marketing and Communications ဖြစ်သူ ဦးအောင်ဇင်ထူးမှ အသေးစိတ်ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ အဆိုပါ ရှင်းလင်းပြောကြားမှု အပြီးမှာတော့ ပွဲသို့ တက်ရောက်သူများနဲ့ အမေးအဖြေအစီအစဉ်များ ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ဆရာ ဦးစိုးဟိန်းမှ MSMEs လုပ်ငန်းရှင်တွေ၊ လုပ်ငန်းသစ်စတင်ဖို့ ကြိုးစားအားထုတ်နေသူ Startup တွေအတွက် လေ့လာမှတ်သားသင့်သည်များကို "𝗡𝗮𝘃𝗶𝗴𝗮𝘁𝗶𝗻𝗴 𝘁𝗵𝗲 𝗥𝗼𝗮𝗱 𝘁𝗼 𝗠𝗦𝗠𝗘 𝗦𝘂𝗰𝗰𝗲𝘀𝘀: 𝗔 𝗥𝗼𝗮𝗱𝗺𝗮𝗽 𝗳𝗼𝗿 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀"ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးခဲ့ပါသည်။

ထို့အပြင် "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်ရဲ့ Program Director ဖြစ်သူ ဆရာ U Soe Hein၊ SISBURMA ရဲ့ Founder နှင့် Managing Director ဖြစ်သူ U Zayar Myo၊ NKH (Areca Leaf Eco-friendly Disposable Products) ရဲ့ Founder နှင့် CEO ဖြစ်သူ Daw Nang Kham Htaei၊ ရိုးမဘဏ်ရဲ့ Head of SME Banking ဖြစ်သူ Daw May Sandi Thein Zaw တို့ကလည်း “𝗣𝗿𝗼𝗺𝗼𝘁𝗶𝗻𝗴 𝗠𝗦𝗠𝗘𝘀: 𝗜𝘀𝘀𝘂𝗲𝘀 𝗮𝗻𝗱 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲𝘀” ခေါင်းစဉ်ဖြင့် 𝗣𝗮𝗻𝗲𝗹 𝗗𝗶𝘀𝗰𝘂𝘀𝘀𝗶𝗼𝗻 တွင် MSMEs လုပ်ငန်းများ၏ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ စီးပွားရေးအခြေအနေများနှင့် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းတည်ထောင်ခြင်းတို့နှင့် ပတ်သက်ပြီး ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါသည်။

ဆွေးနွေးဟောပြောမှုများအပြီးတွင်လည်း Networking အစီအစဉ်များ ပြုလုပ်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ပါသည်။

"𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်ရဲ့ တတိယမြောက် ဟောပြောပွဲကို ကြွရောက်ဟောပြောပေးပါသော ဆရာဦးစိုးဟိန်းနှင့် တကွ Panelist များ၊ ပွဲသို့ တက်ရောက်ပေးပါသော တာဝန်ရှိလူကြီးမင်းများ၊ ရိုးမဘဏ်မှ သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများနှင့် မိတ်ဖက်အဖွဲ့အစည်းမှ လူကြီးမင်းများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာပြောကြားအပ်ပါသည်။

"𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်တွင် MSMEs လုပ်ငန်းများနှင့် Startup လုပ်ငန်းများ အနေဖြင့် အောက်တိုဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အတွင်း ပါဝင်လျှောက်ထားနိုင်မှာဖြစ်ပြီး အစီအစဉ်အသေးစိတ်ကိုတော့ ဖော်ပြပါလင့်ခ် (ymbank.co/bizpitch) မှာလေ့လာနိုင်ပါသည်။




#တောက်ပတဲ့အနာဂတ်လမ်းရိုးမဘဏ်နဲ့အတူလျှောက်လှမ်း

26/10/2023

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များအချင်းချင်း တွေ့ဆုံ၍ ရင်းနှီးစွာ လုပ်ငန်း အမြင်များ ဖလှယ်နိုင်ရန်၊ စီးပွါးရေး အခွင့်အလမ်းအသစ်များ ရှာဖွေနိုင်ရန်နှင့် မိတ်ဆွေသစ် မိတ်ဆွေကောင်းများ တိုးပွါးစေရန် ရည်ရွယ်၍ "MYEA Networking Event” ကို ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ (၄)ရက် (စနေနေ့) ညနေ (၄:၀၀)နာရီ မှ (၇:၀၀)နာရီအထိ Novotel Hotel (Time Out Sport Bar) ၌ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

အဆိုပါပွဲကို အားလုံးနဲ့ အေးအတူ ပူအမျှအမြဲအတူ ရှိနေမယ့် YOMA Bank မှ Execlusive Sponsor အဖြစ် ပံ့ပိုး ကူညီပေးထားပါတယ်။

Registration Fee :
Member (Free)
Non-Member (20,000/-MMK)(Including 2 drink coupons)

Registration Link:

http://bit.ly/MYEAmemberday

23/10/2023

ဧရာဝတီတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (ARYEA)မှ Association Partner အဖြစ် ပါဝင်ထားတဲ့ "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်ရဲ့ စတုတ္ထမြောက် ဟောပြောပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီ အချိန်တွင် ပုသိမ်မြို့၊ ပတ္တမြားခန်းမမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ယခု ကျင်းပပြုလုပ်သွားမယ့်ဟောပြောပွဲမှာဆိုရင်တော့ ဆရာဦးကောင်းဟိန်းစိုး အနေနဲ့ "𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗦𝘁𝗿𝗮𝘁𝗲𝗴𝘆 𝗳𝗼𝗿 𝗠𝗦𝗠𝗘𝘀" ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးသွားမှာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်နဲ့ ပတ်သက်ပြီး ပြိုင်ပွဲဝင်ဖို့လိုအပ်တဲ့ အကြံပေးလမ်းညွှန်ချက်တွေကိုလည်း Program Director ဖြစ်သူ ဆရာစိုးဟိန်းမှ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီအစီအစဥ်မှာ စီးပွားရေးပညာရှင်များကို မိမိသိလိုတဲ့ မေးခွန်းတွေကို တိုက်ရိုက်မေးမြန်းနိုင်မယ့်အပြင် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများအချင်းချင်း လုပ်ငန်းချိတ်ဆက်နိုင်တဲ့အခွင့်အလမ်းတွေလည်း ရရှိနိုင်တာမို့ ထိုလင့်ခ် (ymbank.co/rsvp-bp-talkshow) မှတစ်ဆင့် ကြိုတင် 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 လုပ်ပြီး တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ရိုးမဘဏ်ရဲ့ "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ် နဲ့ ပတ်သက်လို့ သိရှိချင်တယ်ဆိုရင်တော့ ဖော်ပြပါလင်ခ့် (ymbank.co/bizpitch) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။




#တောက်ပတဲ့အနာဂတ်လမ်းရိုးမဘဏ်နဲ့အတူလျှောက်လှမ်း

Photos from MYEA - Myanmar Young Entrepreneurs Association's post 22/10/2023

မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MRYEA)မှ Association Partner အဖြစ် ပါဝင်ထားတဲ့ "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်ရဲ့ ဒုတိယမြောက် ဟောပြောပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် မန္တလေးမြို့ Hotel Mandalay မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအစတွင် "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်၏ Program Director ဖြစ်သူ ဦးစိုးဟိန်းမှ အစီအစဉ်အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဆရာဦးတင်ဇံကျော်မှ MSMEs လုပ်ငန်းရှင်တွေ၊ လုပ်ငန်းသစ်စတင်ဖို့ ကြိုးစားအားထုတ်နေသူ Startup တွေအတွက် ရေရှည်တည်တံ့တဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ လေ့လာမှတ်သားသင့်သည်များကို " 𝗦𝘂𝘀𝘁𝗮𝗶𝗻𝗮𝗯𝗹𝗲 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴: 𝗔 𝗣𝗮𝘁𝗵 𝘁𝗼 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗚𝗿𝗼𝘄𝘁𝗵" ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးခဲ့ပါသည်။

ထို့အပြင် MRYEA အသင်း၏ Executive Member နှင့် Myanmar Tea Leaf Co.,Ltd ၏Managing Director ဖြစ်သူ ဦးမျိုးဝင်းအောင်၊ Healthy & Happy ရဲ့ Co-founder နဲ့ Managing Director ဖြစ်သူ ဒေါ်မေနှင်းဝေ နှင့် ရိုးမဘဏ်ရဲ့ Head of SME Banking ဖြစ်သူ ဒေါ်မေစန္ဒီသိန်းဇော်တို့ကလည်း “𝗣𝗿𝗼𝗺𝗼𝘁𝗶𝗻𝗴 𝗠𝗦𝗠𝗘𝘀: 𝗜𝘀𝘀𝘂𝗲𝘀 𝗮𝗻𝗱 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲𝘀” ခေါင်းစဉ်ဖြင့် 𝗣𝗮𝗻𝗲𝗹 𝗗𝗶𝘀𝗰𝘂𝘀𝘀𝗶𝗼𝗻 တွင် MSMEs လုပ်ငန်းများ၏ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ စီးပွားရေးအခြေအနေများနှင့် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းတည်ထောင်ခြင်းတို့နှင့် ပတ်သက်ပြီး ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါသည်။

ဆွေးနွေးဟောပြောမှုများအပြီးတွင်လည်း ပွဲသို့ တက်ရောက်သူများအတွက် အမေးအဖြေအစီအစဉ်များနှင့် Networking အစီအစဉ်များ ပြုလုပ်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ပါသည်။

"𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်ရဲ့ ဒုတိယမြောက် ဟောပြောပွဲကို ကြွရောက်ဟောပြောပေးပါသော ဆရာဦးတင်ဇံကျော် နှင့်တကွ Panelist များ၊ ပွဲသို့ တက်ရောက်ပေးပါသော တာဝန်ရှိလူကြီးမင်းများ၊ ရိုးမဘဏ်မှ သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများနှင့် မိတ်ဖက်အဖွဲ့အစည်းမှ လူကြီးမင်းများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာပြောကြားအပ်ပါသည်။

"𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်တွင် MSMEs လုပ်ငန်းများနှင့် Startup လုပ်ငန်းများ အနေဖြင့် အောက်တိုဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အတွင်း ပါဝင်လျှောက်ထားနိုင်မှာဖြစ်ပြီး အစီအစဉ်အသေးစိတ်ကိုတော့ ဖော်ပြပါလင့်ခ် (ymbank.co/bizpitch) မှာလေ့လာနိုင်ပါသည်။



#တောက်ပတဲ့အနာဂတ်လမ်းရိုးမဘဏ်နဲ့အတူလျှောက်လှမ်း

20/10/2023

ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (SSYEA)မှ Association partner အဖြစ် ပါဝင်ထားသော "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်ရဲ့ တတိယမြောက် ဟောပြောပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီ အချိန်တွင် တောင်ကြီးမြို့၊ Taunggyi Hotel မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ယခု ကျင်းပပြုလုပ်သွားမယ့်ဟောပြောပွဲမှာဆိုရင်တော့ ဆရာဦးစိုးဟိန်းအနေနဲ့ "𝗡𝗮𝘃𝗶𝗴𝗮𝘁𝗶𝗻𝗴 𝘁𝗵𝗲 𝗥𝗼𝗮𝗱 𝘁𝗼 𝗠𝗦𝗠𝗘 𝗦𝘂𝗰𝗰𝗲𝘀𝘀: 𝗔 𝗥𝗼𝗮𝗱𝗺𝗮𝗽 𝗳𝗼𝗿 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀" ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးသွားမှာဖြစ်ပြီး အခြားစီးပွားရေးပညာရှင်များမှလည်း "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ရှင်းလင်းပြောပြချက်တွေအပြင် ပြိုင်ပွဲဝင်ဖို့လိုအပ်တဲ့ အကြံပေးလမ်းညွှန်ချက်တွေကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီအစီအစဥ်မှာ စီးပွားရေးပညာရှင်များကို မိမိသိလိုတဲ့ မေးခွန်းတွေကို တိုက်ရိုက်မေးမြန်းနိုင်မယ့်အပြင် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများအချင်းချင်း လုပ်ငန်းချိတ်ဆက်နိုင်တဲ့အခွင့်အလမ်းတွေလည်း ရရှိနိုင်တာမို့ ထိုလင့်ခ် (ymbank.co/rsvp-bp-talkshow) မှတစ်ဆင့် ကြိုတင် 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 လုပ်ပြီး တက်ရောက်နိုင်ပါတယ်။

ဟောပြောပွဲကို စာရင်းပေးပြီး တက်ရောက်သူများအတွက် လက်ဆောင်ကူပွန်တွေ အထူးခံစားခွင့်တွေ ရရှိမယ့် အစီအစဉ်လေးလည်း ရှိသေးတာဖြစ်လို့ 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 ကြိုတင်ပြုလုပ်ပြီး တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
ရိုးမဘဏ်ရဲ့ "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ် နဲ့ ပတ်သက်လို့ သိရှိချင်တယ်ဆိုရင်တော့ ဖော်ပြပါလင်ခ့် (ymbank.co/bizpitch) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။




#တောက်ပတဲ့အနာဂတ်လမ်းရိုးမဘဏ်နဲ့အတူလျှောက်လှမ်း

17/10/2023

Mandalay Region Young Entrepreneurs Association (MRYEA) မှ Association Partner အဖြစ် ပါဝင်ထားတဲ့ "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်ရဲ့ ဒုတိယမြောက် ဟောပြောပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့၊ နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီ အချိန်တွင် မန္တလေးမြို့၊ Hotel Mandalay မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ယခု ကျင်းပပြုလုပ်သွားမယ့်ဟောပြောပွဲမှာဆိုရင်တော့ ဆရာဦးတင်ဇံကျော် အနေနဲ့ "𝗦𝘂𝘀𝘁𝗮𝗶𝗻𝗮𝗯𝗹𝗲 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴: 𝗔 𝗣𝗮𝘁𝗵 𝘁𝗼 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗚𝗿𝗼𝘄𝘁𝗵" ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးသွားမှာဖြစ်ပြီး အခြားစီးပွားရေးပညာရှင်များမှလည်း "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ရှင်းလင်းပြောပြချက်တွေအပြင် ပြိုင်ပွဲဝင်ဖို့လိုအပ်တဲ့ အကြံပေးလမ်းညွှန်ချက်တွေကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီအစီအစဥ်မှာ စီးပွားရေးပညာရှင်များကို မိမိသိလိုတဲ့ မေးခွန်းတွေကို တိုက်ရိုက်မေးမြန်းနိုင်မယ့်အပြင် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများအချင်းချင်း လုပ်ငန်းချိတ်ဆက်နိုင်တဲ့အခွင့်အလမ်းတွေလည်း ရရှိနိုင်တာမို့ ထိုလင့်ခ် (ymbank.co/rsvp-bp-talkshow) မှတစ်ဆင့် ကြိုတင် 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 လုပ်ပြီး တက်ရောက်နိုင်ပါတယ်။

ဟောပြောပွဲကို စာရင်းပေးပြီး တက်ရောက်သူများအတွက် လက်ဆောင်ကူပွန်တွေ အထူးခံစားခွင့်တွေ ရရှိမယ့် အစီအစဉ်လေးလည်း ရှိသေးတာဖြစ်လို့ 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 ကြိုတင်ပြုလုပ်ပြီး တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

ရိုးမဘဏ်ရဲ့ "𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵" အစီအစဉ် နဲ့ ပတ်သက်လို့ သိရှိချင်တယ်ဆိုရင်တော့ ဖော်ပြပါလင်ခ့် (ymbank.co/bizpitch) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။




#တောက်ပတဲ့အနာဂတ်လမ်းရိုးမဘဏ်နဲ့အတူလျှောက်လှမ်း

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အဌမ အကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးပွဲ  ပုံရိပ်များ#M...
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ၏ အဌမအကြိမ်မြောက်၊ နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် GALA Dinn...
MYEA နှင့် MHR Management Institute  တို့မှ ဦးဆောင် စီစဉ်သော   "Building Resilience in Uncertain Times" Panel Discussion
"Fundametal Strategic Management for SME in Myanmar" Panel Discussion
"Cybersecurity in the Age of Digital Transformation" Panel Discussion
"Covid-19 နှင့်အတူ စိးပွားရေးအခွင့်အလမ်းများရှာဖွေခြင်း" Panel Discussion
"Impact of Covid-19 on consumer behavior" Panel Discussion

Telephone

Address


UMFCCI
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Nonprofit Organizations in Yangon (show all)
British Council Myanmar British Council Myanmar
78, Strand Road, Kyauktada Township
Yangon, 11182

We support peace and prosperity by building connections, understanding and trust between people in the UK and countries worldwide. Read our terms of use at www.britishcouncil.org/...

MASES - Myanmar Astronomy & Science Enthusiasts Society MASES - Myanmar Astronomy & Science Enthusiasts Society
Yangon

သိပ္ပံကိုချစ်သော... ပညာကိုချစ်သော... လောကကိုချစ်သော... မြန်မာလူငယ်များ တည်ထောင်သည်။

Internet Society Myanmar Chapter Internet Society Myanmar Chapter
Yangon

We are trying to form the Myanmar Chapter for Internet Society, and when we get official approval, we will change to official name and logo.

Myanmar Storytellers Myanmar Storytellers
Online
Yangon, 095

မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ လူငယ်လူ

Movement during Crisis Movement during Crisis
Yangon

အများပြည်သူရွေးချယ်တင်မြှောက်ထားသ?

Inclusion Journey Inclusion Journey
Yangon

ဉာဏ်ရည် မသန်စွမ်း အစ်မဖြစ်သူနှင့် လူငယ်အရွယ် ညီမလေးတို့ နှစ်ယောက် အတူ ဖွဲ့စည်း စတင်ထားတဲ့ အဖွဲ့လေးပါ

TMK Philanthropic သန်းမင်းကြွယ် ပရဟိတ TMK Philanthropic သန်းမင်းကြွယ် ပရဟိတ
သုနန္ဒာ(12)လမ်း
Yangon

People suffering from serious illnesses due to past life and present life sins, sinful people live in poverty. I am compassionately helping people who are suffering from the burden...

B.M.G spt B.M.G spt
ထန်း‌ေြခာက်ပင်
Yangon

Anthropology Association Myanmar - AAM Anthropology Association Myanmar - AAM
Yangon

We all alumnus of Yangon University established the Association since 2015. the Hidden values of anthropology will lead the idea of "Differences are Beautiful", followed by the pea...

Given Kindness And Charity Organization Given Kindness And Charity Organization
No. 101/5 Street/Zayyar Thiri Ward, Dawbon Township
Yangon

Equality Rights Equality Rights
Yangon, 12

Forward Myanmar Institute - FMI Forward Myanmar Institute - FMI
Gadamar Street
Yangon, 11421

We have reinvented as a non profit organization for continuing education for electrical, electronic, mechatronic, embedded and control, and IT and computer science students in Myan...