Myittar San

ဆေးဝါးကျွမ်းကျင်အကူ နှင့်သူနာပြုအကူသင်တန်း

10/11/2023

မင်္ဂလာဒုံမြို့နယ်၊(၂/က) စံပြရပ်ကွက် စက္ကဝဌာ ကျောင်းတိုက်တွင် ဘုန်းဘုန်းကြီးလူနာ ပြုစုရန် သူနာပြုအကူအမျိုးသား /အမျိုးသမီး (၁)ဦး အလိုရှိပါသည်။

#09456783404

17/10/2023

မေမေ စိတ်ကောက် 🙂

Roma 16/10/2023

😂

Roma

Photos from Myittar San's post 10/10/2023
10/10/2023

Save Bago

Photos from Myittar San's post 04/10/2023

ကွယ်ကဘော ဆေးရုံ တွင်CSမွေးလူနာ နှင့်မွေးကင်းစကလေးပြုစုစောင့်ရှောက်ရန် သူနာပြုအကူ ဆရာမလေး တစ်ဦးအမြန်အလို ရှိပါသည်။

#09456783404

Photos from Myittar San's post 28/09/2023

👉ထွန်းမင်္ဂလာအထူးကုဆေးရုံ တွင် Baby Care ဖြင့်ပြုစုရန် သူနာပြု အကူဆရာမလေးတစ်ဦးအမြန်အလိုရှိပါသည်။

#09456783404

#သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း

Photos from Myittar San's post 26/09/2023

ယခုအချိန်ကာလ ရာသီအကူးအပြောင်းဖြစ်တာကြောင့် မျက်စိနာတတ် ကြပါတယ်။

မျက်စိနာတာဆိုတဲ့နေရာမှာ မျက်ကြည်လွှာအမြှေးပါးရောင်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီ အမြှေးပါးကို မျက်မြှေးဟုခေါ်ပါတယ်။ မျက်မြှေးတွင်းရှိ သွေးကြောငယ်များ ရောင်ရမ်းလာပြီး ယားယံလာသောအခါမှာ မျက်လုံးရဲ့အဖြူရောင်ကို နီမြန်းတဲ့ သို့မဟုတ် ပန်းရောင်ကို ဖြစ်စေပါတယ်။

မျက်စိနာတာဘာကြောင့်ဖြစ်တာလဲ
✅ဗိုင်းရပ်စ်ပိုး
✅ဘက်တီးရီးယားပိုးဝင်ခြင်း
✅မျက်စိကိုကသိကအောင်ဖြစ်စေတဲ့ပစ္စည်းတွေ (ဥပမာ ဆပ်ပြာ၊ခေါင်းလျှော်ရည်၊ ရေကူးကန်ထဲကလိုရင်း)
✅ဓါတ်မတည့်စေတဲ့ပစ္စည်းများ (ဥပမာ ဖုန် ၊ ပန်းဝတ်မှုန်၊မီးခိုး၊မျက်ကပ်မှန်)
✅ကလေးများမှာ မပွင့်သော မျက်ရည်ပြွန်ကြောင့်ဖြစ်ခြင်း စတာတွေကြောင့်ဖြစ်တက်ပါတယ်။

ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ မျက်စိနာခြင်းက တခြားသူတွေကို အနီးကပ်ထိတွေ့မိရာကနေတဆင့် ကူးစက်နိုင်ပါတယ်။ မသန့်ရှင်းတဲ့ မျက်ကပ်မှန်ကိုသုံးပါက မျက်လုံးရဲပြီး ရောင်လာနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် အခြားမျက်လုံးပြဿနာများရှိနေနိုင်တဲ့အတွက် မျက်စိရောင်တဲ့အခါ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

မျက်စိနာတာရဲ့ ရောဂါလက္ခဏာတွေက ဘာလဲ?

✅မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး နီရဲခြင်း
✅မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး ယားယံခြင်း
✅မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး စူးရှသောခံစားချက်ဖြစ်ခြင်း
✅မျက်ဝပ် ထွက်ခြင်း
✅မျက်ရည်တစ်ရွှဲရွှဲဖြစ်ခြင်း
✅အမြင်ဝါးခြင်း
✅အလင်းမခံနိုင်ခြင်း တွေ ဖြစ်ပါတယ်။

မျက်စိနာခြင်းကို ကုသတဲ့နည်း (၄)နည်းရှိပါတယ်။

✅ဗိုင်းရပ်စ်

မျက်စိနာတာရဲ့ဖြစ်ရပ်အများစုကတော့ adenovirus ကြောင့်ဖြစ်တတ်သော်လည်း herpes simplex virus နဲ့ varicella-zoster virus အပါအဝင်အခြားဗိုင်းရပ်စ်များကြောင့်လည်းဖြစ်နိုင်ပါတယ်။အေးတဲ့ ရာသီဥတုမှာဆိုရင် အလျင်အမြန်ပျံ့သွားနိုင်ပါတယ်။ ရောဂါပိုးရှိသူ၏ မျက်လုံးမှ ထွက်သော အရည်များနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိတွေ့ခြင်းမှ တစ်ဆင့် ကူးစက်ပါတယ်။ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး ထိခိုက်နိုင်ပါတယ်။ တစ်ခုခုမစားခင် သို့မဟုတ် တစ်ယောက်ယောက်ကို မကိုင်မီ လက်သေချာဆေးသင့်ပါတယ်။ မျက်ကပ်မှန်တပ်နေသူဖြစ်မယ်ဆိုရင် မျက်စိနာနေချိန်မှာ မတပ်သင့်ပဲ မျက်မှန်ကိုတပ်သင့်ပြီး ကောင်းစွာ မသန့်ရှင်းတဲ့သို့မဟုတ် သင့်ကိုယ်ပိုင်မဟုတ်တဲ့ မျက်ကပ်မှန်များကို ဝတ်ဆင်ခြင်းကလည်း မျက်ကြည်လွှာရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ မျက်စိနာနေချိန် အမြင်ဝါးလာပါက ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။ အချို့သော ဗိုင်းရပ်များက မျက်ကြည်လွှာမှာ အမာရွတ်ကျန်ခဲ့နိုင်ပါတယ်။

✅ဘက်တီးရီးယား

အဖြစ်များဆုံးနှစ်မျိုးကတော့ ကလက်မိုင်းတီးယားနဲ့ ဂနို ဖြစ်ပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေလည်း ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေဖြစ်တာကြောင့် ပဋိဇီဝပိုးသတ်ဆေး မျက်စဉ်းဆေးများနဲ့ ကုသနိုင်ပါတယ်။
မျက်စဉ်းဆေးကို မျက်စိအတွင်းသို့ တစ်နေ့သုံးကြိမ်မှ လေးကြိမ်ထည့်ပေးရနိုင်ပါတယ်။ ငါးရက်မှ ခုနှစ်ရက်ထိ ကုသရန် လိုအပ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေး မျက်စဉ်းဆေးတွေကတော့ ဆရာဝန်ညွန်ကြားချက်နဲ့ပဲ အသုံးပြုသင့်ပါတယ်။

✅ဓါတ်မတည့်တဲ့ မျက်မြှေးရောင်ခြင်း

Allergic conjunctivitis က မျက်လုံးနှစ်ဖက်လုံးကို ထိခိုက်စေပြီး ဝတ်မှုန်ကဲ့သို့သော ဓာတ်မတည့်မှုဖြစ်စေသော အရာများကို တုံ့ပြန်ခြင်းဖြစ်ပါတယ်။ ဓာတ်မတည့်မှုကို တုံ့ပြန်တဲ့အနေနဲ့ သင့်ခန္ဓာကိုယ်က immunoglobulin E (IgE) လို့ခေါ်တဲ့ ပဋိပစ္စည်းကို ထုတ်လုပ်ပါတယ်။ IgE က histamines အပါအဝင် ရောင်ရမ်းသော အရာများကို ထုတ်လွှတ်ရန် သင့်မျက်လုံးနှင့် လေလမ်းကြောင်းအတွင်းရှိ အထူးဆဲလ်များကို အစပျိုးပေးပါတယ်။ ခန္ဓာကိုယ်မှ ဟီစတမင်းထုတ်လွှတ်မှုသည် အနီရောင် သို့မဟုတ် ပန်းရောင်မျက်လုံးများ အပါအဝင် ဓာတ်မတည့်မှု လက္ခဏာများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဓါတ်မတည့်တဲ့ မျက်မြှေးရောင်ခြင်း အများစုကို ဓာတ်မတည့်တဲ့အခါ ထည့်တဲ့မျက်စဉ်းဆေးများဖြင့် ထိန်းချုပ်နိုင်ပါတယ်။Allergic conjunctivitis သည် မကူးစက်တတ်ပါ။

✅ယားယံခြင်းမှ ဖြစ်လာတဲ့ မျက်မြှေးရောင်ခြင်း

မျက်လုံးအတွင်း ဓာတုပစ္စည်းဝင်သွားခြင်း သို့မဟုတ် ပြင်ပအရာဝတ္ထုများမှ ယားယံခြင်းမှာလည်း မျက်ကြည်လွှာရောင်ခြင်းနဲ့ဆက်စပ်နေပါတယ်။ ဓာတုပစ္စည်းဝင်ခြင်း သို့မဟုတ် မျက်စိထဲ ခုလုခုလုဖြစ်နေတာကို ဆေးကြောရန် ရေနဲ့တက်နိုင်သမျှ မြန်မြန်ဆေးချပါ။ အနည်းဆုံးငါးမိနစ်ခန့် ရေဘုံဘိုင်ဖွင့်ပြီး ဆက်တိုက်ဆေးချရပါမယ်။ ဖြည်းဖြည်းချင်း သက်သာလာပါလိမ့်မယ်။

ရေဆေးခြင်းက ရောဂါလက္ခဏာများကို မဖြေရှင်းနိုင်ပါက သို့မဟုတ် ဓာတုဗေဒပစ္စည်းက lye ကဲ့သို့သော လောင်စာတစ်မျိုးဖြစ်နေပြီဆိုရင် မျက်စိအထူးကုဆရာဝန်ထံ အမြန်ဆုံးပြသပါ။ မျက်လုံးထဲကို ဓာတုဓာတ်တွေ စိမ့်ဝင်လို့ မျက်လုံးကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။


#သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း

26/09/2023

ဗိုက်အရမ်းအောင့်လို့ Ultra Sound ရိုက်ကြည့်လိုက်တာ .....😀

Photos from Myittar San's post 25/09/2023

ဒီနေ့ ဆရာ့ဆေးရုံမှာ ဆေးဖိုးမတတ်နိုင်တဲ့ လူနာလေး တစ်ယောက်အတွက် လှူပေးဖြစ်တာလေး ၊ဒီသောက်ဆေးလေးက ဘယ်ရောဂါမှာ ပေးတဲ့ဆေးလေးလဲ ၊ ဖြေပေးခဲ့ ကြပါအူး ။

Photos from Myittar San's post 25/09/2023

✈️✈️✈️Singapore နိုင်ငံတွင် Care Giver တစ်ယောက်အနေဖြင့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မေတ္တာစံမှ သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။✈️✈️✈️

✈️သင်ကြားပေးမည့်ဘာသာရပ်များ

၁။ အခြေခံသူနာပြုစုခြင်းဘာသာရပ်
၂။သက်ကြီးရွယ်အို ပြုစုခြင်းဘာသာရပ်
၃။မိခင်နှင့်ကလေးပြုစုစောင့်ရှောက်ခြင်းဘာသာရပ်
၄။ခွဲစိတ်ခန်းနှင့်အထူးကြပ်မတ်သူနာပြုစုခြင်း ဘာသာရပ် (အခြေခံ)
၅။ဆေးဝါးဗေဒ ဘာသာရပ်
၆။Operational Management
၇။ဘာသာစကား(Eng)

များကို လုပ်ငန်းခွင်မှ အတွေ့အကြုံရှိ ဝါရင့် ပါရဂူ ၊သူနာပြုဆရာကြီး ၊အထက်တန်းသူနာပြုဆရာကြီး၊ဆရာမကြီးများ၊ဆေးဝါးကျွမ်းကျင်ဆရာကြီးများမှ သင်ကြားပြသပေးပါမည်။

✈️သင်တန်းကာလ
စာတွေ့၊လက်တွေ့ (၂)လ အပြင် ကျန်(၁)လကို မင်္ဂလာဒုံမြို့နယ်ရှိ ထွန်းမင်္ဂလာ အထူးကုဆေးရုံကြီးတွင် လက်တွေ့သင်ခန်းစာ များလေ့ကျင့်သင်ကြားရပါမည်။စုစုပေါင်းသင်တန်းကာလ (၃)လတာကြာမြင့်ပါမည်။

✈️သင်တန်းကြေး

သူနာပြုအကူ +ဆေးဝါးကျွမ်းကျင်အကူ သင်တန်း +ဘာသာစကားသင်တန်း
Passport +Visa အပါအဝင် (၁၀)သိန်း ကျပ် ။

✈️အဆောင်လခ+စာရွက်စာတမ်းကြေး

နယ်ဝေးမှတက်ရောက်သူများအတွက် အဆောင်ကြေးလုံးဝပေးဆောင်ရန် မလိုပါ။
ကျား/မ သီးသန့်အဆောင်သီးသန့်ရှိပါသည်။
သင်တန်းသားသင်တန်းသူတိုင်းအတွက် စာရွက် စာတမ်းကြေးပေးဆောင်ရန်မလိုပါ။

✈️သင်တန်းဝတ်စုံ

ဖြူနီ ဝတ်စုံနှင့် Scrub Suit ဝတ်စုံ ၊သွေးပေါင်ချိန်တိုင်းကိရိယာ၊နားကြပ် ၁စုံစီ (Foc)
ပေးပါမည်။

✈️သင်တန်းဆင်းလက်မှတ်

၁။Nurse Aide
၂။Pharmacist Aide
၃။Care Giver Training
၄။ဘာသာစကားအတွက် Certificate
များ
ချီးမြှင့်ပါမည်။

✈️စင်ကာပူနိုင်ငံတွင်အလုပ်အကိုင်ရရှိသည်အထိ အာမခံချိတ်ဆက်ပေးပါသည်။လက်ငင်းစနစ်မဟုတ်ဘဲအကြွေးစနစ်ဖြင့်သွားရောက်နိုင်ပါသည်။

✈️သင်တန်းစတင်မည့်ရက်

1.10.2023

✈️သင်တန်းချိန်
Monday to Friday
10Am to 1Pm(သက်ဆိုင်ရာ ဘာသာရပ်)
Sat to Sunday
10Am to 1Pm (ဘာသာစကားဘာသာရပ်)

✈️ဘာသာစကားသင်ကြားပေးမည့်ဆရာကြီး

Sayar U Min Soe Thura
မင်းသွေးငယ်(ရာမညမြေ)
နိုင်ငံတကာစာပေများဆုရှင်
Licensed Tourist Guide
Professional English Language Trainer @ Founder
Medical Lab Scientist
MPA (YUEco), MBA(Switzerland)
Dip in TESOL(London)

✈️သင်တန်းလိပ်စာ

အမှတ်(၃၅၈)၊လမ်းသစ်လမ်း၊၂/ကစံပြရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့ ။

☎️09456783404, 09894976506နှင့်
Page Messenger ,Viber တို့မှလည်းဆက်သွယ်နိုင်ပါတယ်။

✈️သင်တန်းဆင်းလက်မှတ်ရှိသူများအတွက်
အထူးအခွင့်အရေး

စင်ကာပူနိုင်ငံ သို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများ သက်ဆိုင်ရာ သင်တန်းများမှ သင်တန်းဆင်းလက်မှတ်ရှိသူများအားလုံး CV Form နှင့်အတူ လာရောက် ချိတ်ဆက်နိုင်ပါသည်။


#သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း

14/09/2023

BLS & ACLS 😂

14/09/2023

🤭😂

Hee"

(Just for fun.)

11/09/2023

ထွန်းမင်္ဂလာ အထူးကု ဆေးရုံတွင် Baby Care ပြုစုစောင့်ရှောက်ရန် သူနာပြုအကူဆရာမလေးတစ်ဦး အလိုရှိပါသည် ။အမြန်ဆက်သွယ်ပေးနိုင်ပါရန်။

09456783404

05/09/2023

ချစ်တို့ရေ စက်တင်ဘာလ အတွက် အထူး promotion လေးလာပါပြီ ......🔉

💙သူနာပြုအကူသင်တန်း (၂သိန်းခွဲ)ကို (၂)သိန်း
💙ဆေးဝါးကျွမ်းကျင်အကူ(၂သိန်းခွဲ)ကို(၂)သိန်း
💙သူနာပြု +ဆေးဝါး (၅)သိန်းကို (၄)သိန်း

ကျပ်ဖြင့်တက်ရောက်ရမှာဖြစ်ပါတယ်။ လူဦးရေ ၁၀ဦးသာလက်ခံမှာဖြစ်လို့ အမြန်လာရောက်အပ်နှံကြဖို့ဖိတ်ခေါ်ပါရစေ။

သင်တန်းလိပ်စာ ။ရာသက်ပန်မှတ်တိုင်အနီး ၊အမှတ်(၃၅၈)၊လမ်းသစ်လမ်း ၊(၂/က)စံပြရပ်ကွက်၊မင်္ဂလာဒုံမြို့နယ် ၊ရန်ကုန်မြို့ ။

https://www.facebook.com/profile.php?id=100081433270175&mibextid=LQQJ4d

☎️09456783404

31/08/2023

Dextrose Solution ( DS )
********************
Dextrose Solution ဟူသည်မှာ dextrose နှင့် water ရော ထားသော solution တစ်ခုပင် ဖြစ်ပါသည်။
Dextrose ဟူသည် မှာ လူသားတို့ရဲ့ body တွင် မရှိမဖြစ်လိုအပ်သော glucose ( သကြားဓာတ်) ပင် ဖြစ်ပါသည်။ Glucose ကို နေ့စဉ်စားသုံးသော အစားအစာများမှ ရရှိပြီး
နေ့စဉ်အသက်ရှင်နေထိုင်ရန် energy အဖြစ် အသုံးပြု
သည်။
Dextrose ကို များသော အားဖြင့် အသုံးပြုသော
အခြေအနေများမှာ
( 1 ) Hypoglycemia
Hypo ရသည်ဟုလည်းပြောလေ့ရှိသည်။ သွေးထဲတွင် သကြားဓာတ်နည်းသွားခြင်း ဖြစ်ပါသည် ။ signs and symptom များမှာ
( 1 ) Irregular or Fast heart beat
( 2 ) Fatigue ( မောပန်း )
( 3 ) Pale Skin ( ဖြူဖတ်ဖြူလျော်ဖြစ်)
( 4 ) Shakiness ( တုန်ရီခြင်း)
( 5 ) Anxiety
( 6 ) Sweating ( ချွေးထွက်)
( 7 ) Hunger ( ဆာလောင်)
( 8 ) Irritability
( 9 ) Tingling or numbness of the lips ,tongue or
Cheek ( နှုတ်ခမ်း ၊ ပါး ၊ လျှာထုံခြင်း )
Hypo ပြင်းထန်လျင်
(10 ) abnormal behavior
( 11 ) Blurred vision ( မျက်လုံးပြာခြင်း)
( 12) Seizure ( တက်ခြင်း)
( 13) Unconsciousness ( သတိလစ်ခြင်း) တို့ဖြစ်နိုင်ပါသည်။
အောက်ပါလက္ခဏာများတွေ့ပါက DS သုံးရန် စဉ်းစားသင့်ပါသည်။

(2) Water loss without Electrolytes
ရေဓာတ်ဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေသောအကြောင်းအရင်းများမှာ
(1 ) Fever
( 2 ) Hyperthyroidism
(3) High Blood Calcium
(4) Vomiting တို့ပင်ဖြစ်ပါသည်။

Dextrose ကို Injection နှင့် Oral ဟု နှစ်မျိုးပေးနိုင်သည်။

Intravenously ( IV)
( 1 ) 2.5 %
( 2 ) 5 %
( 3 ) 10 %
( 4 ) 20 %
( 5 ) 30 %
( 6 ) 50%
( 7 ) 70 %

Orally - 55 % တို့ပင် ဖြစ်ပါ သည်။

Dosages for Hypoglycemia

# Adult #

Inj - IV. 10 -25 g ( 20 - 50 ml of 50 %solution
or 40 - 100 ml of 25 % solution )
Oral. - 4 - 20 g as a single dose ပေးပါ

# Pediatrics #

Inj. - IV မပေးခင် Dilute လုပ်ပါ။ 12.5 - 25 % solution
ကို သုံးပါ

# Infant # ( under 6 months )

Inj. - IV. 0.25 - 0.5 g / kg / dose ( 1 - 2 ml / kg /
dose of. 25 % solution )
** 25 g / dose ထက်မကျော်ရ **

# Infant # ( Over 6 month and children )

Inj. - IV 0.5 - 1 g / kg up to 25 g ( 2 - 4 ml /
kg / dose of 25 % solution )
** 25 g / dose ထက်မကျော်ရ ***

# Adolescent #

Inj. - IV. 10 - 25 g ( 20 - 50 ml of50 % solution or
40 - 100 ml of 25 % solution )

Oral - 4 - 20 g as a single dose. ပေးနိုင်ပါသည်။

Dextrose Solution အသူံးများသွားသောအခါ နောက်ဆက်တွဲ ပြသနာများမှာ
( 1 ) Swelling ( edema ) ဖောရောင်လာခြင်း
( 2 )Blood Clot in Vein ( သွေးကြောပိတ် ခြင်း)
( 3 ) Abnormal rapid breathing ( အသက်ရှူ မြန်)
( 4 ) Fever
( 5 ) excess fluid in the blood
( 6 ) inflammation of vein ( vein ရောင်ခြင်း)
( 7 ) diarrhoea ( ဝမ်းလျောခြင်း)
( 8 ) excess fluids in lung
( 9 ) bleeding in the brain ( cerebral
Hemorrhage) ( ဦးနှောက်သွေးယို ခြင်း)
( 10 ) Mental Confusion
( 11 ) unconsciousness. ( သတိမေ့ခြင်း )
( 12 ) low blood flow to brain
( 13 ) low blood phosphates level
( Hypophosphatemia )
( 14 ) low blood megnesium level
( Hypomagnesemia)
( 15 ) High blood sugar ( Hyperglycemia)
( 16 ) Tissues necrosis ( tissue ပျက်စီးခြင်း ) တို့ကို ဖြစ်စေနိုင်ပါသည် ။

Dextrose Solution ကို သုံးပြီဆိုရင် သူနဲ့ မတည့်သော
ဆေးများအား လူနာမှတ်တမ်းတွင် ရှိမရှိစစ်ဆေးရန်လိုအပ်ပါသည်။ DS နှင့် interaction ဖြစ်သော ဆေးများမှာ
( 1 ) Magnesium. Chloride
( 2 ) Magnesium. Citrate
( 3 ) Magnesium. Hydroxide
( 4 ) Magnesium. Oxide
( 5 ) Magnesium. Sulfate တို့အစရှိသော ဆေးများရှိပါက မပေးသင့်ပါ ။

***** Warning. and Precaution ********
( ကြိုတင်သတိထားရမည့်အချက်များ )

( 1 ) Dextrose နှင့် sensitive ဖြစ်သော သူများအား
မသုံးရပါ။
( 2 ) ကလေးများနှင့် ဝေးရာမှာ ထားပါ။
( 3 ) DM ရောဂါသည်များတွင် DS ပေးလျင် ဂရုတစိုက်
စောင့်ကြည့်ရန် လိုအပ်သည်။
( 4 ) 5 % နှင့် 10 % ကို အများဆုံးသုံးပါ။
( 5 ) လူနာရဲ့ သွေးထဲမှာ မမျှော်လင့်ပဲ glucose level တက် လာရင် infection ဝင်တာ ဖြစ်နိုင်သော ကြောင့်
infection ရဲ့ sign များကို စစ်ဆေးပါ။
( 6 ) သွေးထဲရှိ sodium level နှင့်Potassium level ကို
အမြဲစစ်ဆေးပါ။
( 7 ) Dextrose excess ဖြစ်ခြင်းနှင့် မြန်ဆန်စွာပေးမိခြင်း
ကြောင့် ဖြစ်လာနိုင်သော cerebral hemorrhage ကို
လဲ ကာကွယ်ပါ။
( 8 ) Fluid balance နှင့် electrolyte များကိုလည်း
monitor လုပ်ပါ။
(9) DS ဆေးပေးချိန်တွင် Air Embolism ဖြစ်ခြင်းမှ
ကာကွယ်ပါ။
( 10 ) Glucose level ကို မကြာခဏ စစ်ဆေးခြင်းဖြင့်
Hyperglycemia ဖြစ်ခြင်းမှကာကွယ်ပါ။
(11 ) ကျောက်ကပ်ရောဂါသည် နှင့် အသည်းမကောင်းသူများအား မပေးပါနှင့်။
(12 ) Pulmonary Edema ရှိသူအားမပေးရပါ။

******* Pregnancy and Lactation*******

(1 ) ကိုယ်ဝန်ဆောင်မိခင်များအား dextrose အား IV ကို
အနည်းငယ်သာပေးပါ။
(2 ) များသောအားဖြင့် oral ပဲပေးပါ။
(3) သုသေတန စမ်းသပ်ချက်များအရ DS သည် မိခင်ရော
ကလေးပါ ထိခိုက်ခြင်းမရှိသော်လည်း မွေးဖွားနေချိန်နှင့်
ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်ရော ကလေးပါ
Hyperglycemia ရနိုင်သောကြောင့် monitor လုပ်ပါ။
(4 ) မိခင်နို့တိုက်ချိန်တွင် မိခင် နို့ရည်မှ dextrose ထုတ်
သော
ကြောင့် ဂရုတစိုက်ပေးရန်လိုအပ်ပါသည်။



#သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ကဲ .......Ryles' tube feeding 😉😉😉
🏩🌸ခွဲစိတ်ပြီးစလူနာများအတွက် Incentive Spirometer အသုံးပြုခြင်း​၏ အကျိုးကျေးဇူးများ 🌸🏩🌸အဆုတ် ​၏လုပ်ဆောင်ချက်ကိုကောင်းမွန်...
💙
🌸🌸🌸မေတ္တာစံ 🌸🌸🌸သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင် သင်တန်းမှ 👉သင်တန်းဆင်း 👨‍⚕️ဆရာလေး 👩‍⚕️ဆရာမလေး များဟာ Home Case ,Hospital...

Category

Telephone

Website

Address


အမှတ် (၃၅၈)၊အခန်း(၁)၊လမ်းသစ်လမ်း၊၂/က စံပြရပ်ကွက် ၊မဂ်လာဒုံမြို့နယ်၊
Yangon
11021
Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)