Testo Myanmar
Testosterone {ကျားဟော်မုန်း} ဖြည့်စွက်ဆေး သီးသန့်ရရှိနိုင်ပါသည် ။
💥Testosterone လို့ ခေါ်တဲ့ အမျိုးသားဟော်မုန်းထွက်ရှိမှု့ကို အဟန့်အတားဖြစ်စေတဲ့ အမူအကျင့်၃ခု့💥
✅နံပါတ် ၁ အချို နှင့် Alcohol
အမျိုးသားတွေ အချိုတွေကို ရှောင်ကျင်သင့်သလို
Alcoholကို နိုင်သလောက် လျော့ချ ရှောင်ကျင်သင့်တယ်
✅နံပါတ် ၂ လေ့ကျင့်ခန်းမလုပ်တဲ့ Life Style
✅နံပါတ် ၃ အအိပ်နည်းတဲ့ Life Style
ဒိအချက် ၃ချက်ဟာ ဒိနေ့ခေတ် အမျိုးသားတွေရဲ့
ကိုယ်ထဲမှာရှိတဲ့ Testosterone ကျားဟော်မုန်းကို လျော့ကျစေတဲ့ အဓိက အကြောင်းအရင်းတွေဖြစ်တယ် ။ မိတ်ဆွေအနေနဲ့ ဒိအချက်တွေကို ပြင်လိုက်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ ကျားကျားယားယားနဲ့ သန်စွမ်းနိုင်မှာဖြစ်တယ် ။
ဒိဆောင်းပါက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် YES လို့ မန့်ပေးပါ
ကျေးဇူးတင်ပါတယ် ...
🇲🇲Testo Myanmar
ရှောင်လွှဲမရသော ပန်းသေပန်းညှိုးရောဂါ နှင့် ယောက်ျားအားဆေးများရဲ့ အမှန်တရား။
အသက်အရွယ်ရပြီဆိုတာနဲ့ ကျွန်တော်တို့အမျိုးသားတွေဟာ စိတ်မကောင်းစွာပဲ ယောက်ျားအားဆေးတွေကို မဖြစ်နေအားကိုးရပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့စစ်တမ်းအရဆိုရင် တစ်ကမ္ဘာလုံးမှာ ယောက်ျားထုကြီး 52% လောက်က ပန်းသေပန်းညှိုးရောဂါ ကိုခံစားရတယ်လို့ ဆိုပါတယ်။ ယနေ့ခေတ်က အရင်ခေတ်နဲ့မတူတော့ပါဘူး။ ဒီရောဂါကို အားပေးအားမြှောက်လုပ်နေတဲ့ အရာတွေ substance တွေက ကျွန်တော်တို့ အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ ပြည့်နှက်နေပါတယ်။ ဥပမာ - အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကိုလက်ထရော များသော အစားအစာများ စသဖြင့်။ သက်ကြီးပိုင်းမှာ အဖြစ်များတဲ့ အဝလွန်တာ၊ နှလုံး၊သွေးတိုး ရောဂါ၊ ဆီးချိုသွေးချို ရောဂါ စတဲ့ ရောဂါတွေကလည်း ပန်းသေ ပန်းညှိုးဖြစ်ဖို့ အားပေးတဲ့ရောဂါတွေပါပဲ။
လိင်တံလုံးဝ မထောင်မတ်နိုင်တော့တဲ့ အဆင့်မှသာ ပန်းသေပန်းညှိုးဖြစ်တယ်လို့ သတ်မှတ်တာမျိုးမဟုတ်ပါဘူး။ လိင်တံ လုံးဝမာကြောတဲ့အဆင့်ထိမရောက်နိုင်တာ၊ မာကြောမှုကိုကြာကြာထိန်းမထားနိုင်တာ၊ လိင်စိတ်လျော့နည်းတာ၊ သုတ်ထွက်မြန်တာ (သို့) သုတ်ထွက်နှေးတာ စတာတွေကလည်း ပန်းသေပန်းညှိုးရဲ့ ရောဂါလက္ခဏာတွေပါပဲ။ ဒါတွေကို အသက် (၄၀) ကျော်လာတာနဲ့ ကျိန်းသေပေါက်ရင်ဆိုင်ရမယ့် ရောဂါလက္ခဏာတွေလို့ယူဆနိုင်ပါတယ်။
ဒီရောဂါရဲ့လက်ကနေဘယ်လိုလူတွေလွတ်မြောက် နိုင်လဲဆိုရင် အထက်က ပြောခဲ့တဲ့ အရက်၊ ဘီယာ၊ ဆေးလိပ် လုံးဝမသောက်တဲ့သူ၊ လေ့ကျင့်ခန်းလုပ် ကျန်းမာရေးလိုက်စားပြီး နှလုံး၊ သွေးတိုး၊ ဆီးချိုသွေးချို စတဲ့ရောဂါတွေကင်းရှင်းတဲ့သူတွေကတော့ ဒီရောဂါဆိုးကြီးရဲ့ လက်ကနေလွတ်မြောက်နိုင်ပါတယ်။ သို့ပေမဲ့ ဒီလို substance တွေနဲ့ ရောဂါတွေကင်းရှင်းတဲ့ အသက် (၄၀) အထက် အမျိုးသားဆိုတာ မရှိသလောက်ရှားပါတယ်။ ဒီတော့ ကျွန်တော်တို့ အမျိုးသားတွေဟာ PDE5 inhibitors ပါတဲ့အမျိုးသား Er****on ဆေးဝါးတွေကိုအားကိုးလာရပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆေးတွေက ပန်းသေပန်းညှိုး လက္ခဏာတွေကို တစ်ကယ်ကိုထိထိရောက်ရောက်ဖြေရှင်းပေးနေလို့ပါပဲ။
PDE5 inhibitors အမျိုးအစား ၄ မျိုးရှိပါတယ်။
၁. Sildenafil ( Vi**ra ထဲမှာပါတဲ့ Chemical )
၂. Tadalafil ( Cialas ထဲမှာပါတဲ့ Chemical )
၃. Vardenafil ( Levitra တို့ Satxyn ထဲမှာပါတဲ့ Chemical )
၄. Avanafil ( Stendra ထဲမှာပါတဲ့ Chemical )
PDE5 Inhibitors အုပ်စု Chemical တွေဟာ အလုပ်လုပ်ပုံချင်းကတော့အတူတူပါပဲ။ သွေးလည်ပတ်မှုမြှင့်တင်ပေးပြီး လိင်တံကိုသန်မာစေတာပါ။ ဒီ Chemical လေးမျိုးလုံးဟာ ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများရှိပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏ အချိုးအစားအတိုင်းအတိအကျ ပေါင်းစပ်ထားတဲ့ဆေးမျိုးဆိုရင်တော့ ဘေးထွက်ဆိုးကျိုး မရှိသလောက်ရှားပါမယ်။
လိင်တံကို သန်မာလာစေဖို့ဆေး ဆိုရင် ဒီ Chemical ၄ မျိုးထဲက တစ်မျိုးမျိုး လိုကိုလိုအပ်ပါတယ်။ မြန်မာ တိုင်းရင်းဆေးတွေမှာတောင် ထည့်ရပါတယ်။ ဒါတွေမပါရင် လိင်တံထောင်မတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီ chemical တွေကို ဆေးပေါ်မှာ ပါတဲ့ Ingredients list ထဲမှာ တွေ့ရမှာတော့မဟုတ်ပါဘူး။ ( ဘာ သစ်ဥ၊ သစ်ဖု ဘာအမြစ် ဘာရွက် ဘယ်လောက်ပဲရေးထားပါစေ လိင်တံသန်မာဖို့ဆို ဒီ chemical တွေထဲက တစ်ခုခု ပါကိုပါရပါတယ် )
PDE5 inhibitors အုပ်စု chemical ဆေးတွေရဲ့ ဈေးနှုန်းနဲ့ အရည်အသွေးကတော့ ပါဝင်တဲ့ Chemical ရဲ့ အရည်အသွေးနဲ့ အမျိုးအစားပေါ်မူတည်ပြီးကွာသွားပါတယ်။ ဒါကြောင့်အမျိုးသားအားဆေးတစ်ခုရွေးချယ်တော့မယ်ဆိုရင် သေချာလေး research လုပ်ပြီးမှရွေးချယ်စေချင်ပါတယ်ခင်ဗျာ။ အတိုချုပ်ရရင် အသက် (၄၀) ကျော်တာနဲ့ ကိုယ်နဲ့အဆင်ပြေတဲ့ ယောက်ျားအားဆေးတစ်ခုခုကို မှီဝဲဖို့လိုအပ်ပါတယ်။ ဘာဆေးမှမလိုဘာရောဂါမှမရှိပဲ ကျန်းမာရေးအလွန်ကောင်းတဲ့ ဆရာ့ဆရာသမားကြီးတွေကလွဲလို့ပေါ့ဗျာ။
ကြော်ငြာ
🔰 အိမ်ထောင်သက် ကြာလာတဲ့ အမျိုးသားများအနေနဲ့လည်း စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေတာမျိုးတွေအတွက် လိုင်းပေါ်က အမျိုးသား ဆေးများလိုမဟုတ်ဘဲ အမှန်တဂယ်တောင့်တင်းသန်မာ ပြီး စွမ်းဆောင်ရည်ပြည့်ဝ စေမဲ့ FDA ရ Harbel ဆေးလေးဖြစ်ပါတယ်နော်
🔰 Testo -Max ဟာဆိုရင်တော့ သဘာဝဖြည့်စွက်စာဖြစ်တာမို့ အစဥ်အမြဲ မှီဝဲ နိုင်ပြီး ခေတ္တရပ်နားမည်ဆိုပါကလည်း အချိန်မရွေး ရပ်တန့်နိုင်ပါတယ်ခင်ဗျာ
🔰 သဘာ၀ Herbal & Vitamins & Minerals များသာပါ၀င်ပီး FDA ရထားသော ဆေးဖြစ်တာမို့ ဆီးချိုသမားများသာမက မည်သူမဆို သောက်သုံးလို့ရပါတယ်
🔰ရောဂါရှိသူများအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆရာဝန်ရဲ့လမ်းညွှန်ချက်နှင့်အညီ မှီဝဲလိုပါကလည်း အကောင်းဆုံးပေါ့ဗျာ
🔰 အမျိုးသား Wellbeing အတွက် အထူးပြုလုပ်ထားတဲ့ ဆေးဖြစ်တဲ့အတွက် အမျိုးသမီးများ သောက်သုံးလိုပါက ဆရာဝန်လမ်းညွှန်ချက်လေး ယူသင့်ကြောင်း အကြံပြုပါရစေခင်ဗျာ
🔰 Dietary supplement ဖြစ်တာကြောင့် ညနေပိုင်းအရက်၊ဘီယာ သောက်သုံးတက်သူများအနေနဲ့ မနက်ပိုင်းတွင် မှီဝဲ နိုင်ပါတယ်
💁♂️ ဒီ Supplements လေး ကို တော့ Life Now Company Group ကထုတ်လုပ်ထားပြီး Vegetarian capsules ဖြစ်တာကြောင့် လူမျိုး/ဘာသာမရွေးသောက်နိုင်ပါတယ်။
ဒီအချက်တွေကြောင့် TestoMax ဟာ လူကြီးမင်းအတွက် အကောင်းဆုံးရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်ခင်ဗျ။
TestoMax အကြောင်းအသေးစိတ်ကို
👉 ( https://www.facebook.com/Testomaxmyanmar?mibextid=ZbWKwL ) ကို နှိပ်ပြီးကြည့်နိုင်ပါသည်။
🇲🇲Testo-Max Myanmar
#ပန်းသေပန်ညိုး
Testosterone လျော့ကျစေတဲ့ အမှုအကျင့် ၃ခု
ဆရာရဲ့ Videoကို ပြန်လှည်မျှဝေပေးလိုက်ပါတယ်
💥ရေခဲရေ သောက်ရင် ဝ လား ❓
ဆရာကိုနိုင်ဦးပြောထားတာလေး ပြန်လည်မျှဝေပေးလိုက်ပါတယ်...
သွေးနီဥ ထုတ်လုပ်မှုက ဘယ်လောက်အရေးပါလဲ?
သင့်ရဲ့ တစ်နေ့တာမှာ အားမရှိသလိုခံစားနေရပြီလား?
ကိုယ်တွင်းမှာ သွေးနီဥ အားနည်းလာတဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင် ရောက်ရှိနိုင်မှုက ခက်ခဲလာပြီး ပင်ပန်းနွမ်းနယ်မှုကို ပိုမိုခံစားရနိုင်ပါတယ်🌞
သွေးနီဥဆဲလ်တွေကို ရိုးတွင်းခြင်ဆီမှတစ်ဆင့်ထုတ်လုပ်ပေးတာဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း၁၂၀လောက် လှည့်လည်စီးဆင်းပြီးတဲ့နောက်မှာတော့ အသည်းဆီကိုရောက်ရှိသွားပြီးနောက်တစ်ကြိမ် အသစ်ဖြစ်ပေါ်မှုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါတယ်
သွေးနီဥ အားနည်းလာတဲအခါမှာတော့‼️‼️
1. နှလုံးခုန်မြန်မယ်
2. အရေပြားကဖျော့တော့နေမယ်
3. သွားဖုံးတွေဖြူနေမယ်
4. မကြာခဏဆိုသလို အရေပြားမှာ အညိုအမဲစွဲမယ်
5. မကြာခဏခေါင်းကိုက်မယ် စတဲ့
6.ကြွက်သားတွေ အားနည်းလာမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
🇲🇲 Testo-Max Myanmar
💥ဖလန်း ဖလန်း ထ နေအောင် အဆင်ပြေတဲ့ ဆေး💥
DHEA (dehydroepiandrosterone) ကို သိပ္ပံပညာရှင်တွေက (အရွယ်တင်စေသော ဟိုမုန်း ) ' fountain of youth.` လို့ ခေါ်ပါတယ်။
အရွယ်တင်နုပျိုအောင်လည်း လုပ်ပေးတယ်ဆိုပါတယ်။ ကိုယ်တွင်း DHEA ထုတ်လုပ်မှုက အသက် ၂၀ -၂၅ အတွင်းအများဆုံးဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ DHEA ထုတ်လုပ်မှုကျဆင်းသွားတယ်။ စိတ်ဖိစီးမှု နှင့် အဟာရမပြည့်ဝမှုတွေကလည်း အရွယ်မတိုင်ခင် DHEA ပမာဏလျော့နည်းစေတယ်။
ဒီဆေးက မြန်မာပြည်မှာတော့ လူသိနည်းတဲ့ဆေး ပါ ။
ဆရာဝန်တွေ နဲ့ ကျွမ်းကျင်သူတွေကတော့ သိမှာပါ ။
DHEA ကို ကိုလက်စထရောကနေဖန်တီးတာကြောင့် ကိုလက်စထရောကျဆေးတွေက သွေးတွင်း DHEA ပမာဏကိုလျော့နည်းစေပြီး ပိုမိုအိုမင်းစေပါတယ်။ DHEA ချို့တဲ့လာတဲ့အခါ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ နှင့် ဆီးအိတ်ကင်ဆာတွေ ပိုဖြစ်နိုင်တယ်။ သွေးကြောကျဉ်းတာ၊ သွေးတိုးတာ၊ ပါကင်ဆင်ရောဂါ၊ ဆီးချိုရောဂါ နှင့် အခြားအာရုံကြောရောဂါတွေလည်းဖြစ်နိုင်သေးတယ်။
သွေးတွင်းသကြားဓာတ်များခြင်းက အင်ဆူလင်ဟိုမုန်းပမာဏပါမြင့်တက်လာစေပြီး DHEA ထုတ်လုပ်မှုကျဆင်းစေပါတယ်။ သွေးတွင်းသကြားဓာတ်မညီမျှမှုက ဗိုက်တာမင် နှင့် သတ္တုဓာတ်တွေ မညီမျှဖြစ်လာစေပြီး DHEA ထုတ်လုပ်မှု ကျဆင်းလာတာလို့ဆိုပါတယ်။ နာတာရှည် စိတ်ဖိစီးမှု နှင့် အိပ်ချိန်မမှန်ခြင်းတွေက cortisol ( ကော်တီဆော) ပမာဏမြင့်လာစေပြီး သွေးတွင်း DHEA ပမာဏကို ကျဆင်းစေပါတယ်။
ဒီဆေး အကြောင်းပြည်စုံအောင် ရေးနေရင် စာရှည် သွားလိမ့်မယ် ။
အဓိက ပြောချင်တဲ့ အကြောင်းက DHEA က အိမ်ထောင်သည် မိန်းမတွေ လိင်စိတ်ကုန်ခန်းတဲ့အခါမှာ
သုံးသင့်တဲ့ ဟော်မုန်းအားဆေး ဖြစ်ပါတယ် ။
DHEA ကို neurosteroid လို့ ခေါ်ပါတယ် ဦးနှောက်ကို တိုက်ရိုက်အကျိုးပြုပါတယ်။
အိမ်ထောင်ရေး အဆင်မပြေတဲ့ အမျိုးသမီး ဒါမှမဟုတ်
လိင်စိတ် ကုန်ခန်းနေတာ / စိတ်မပါတာ / တွေကို
100% အဆင်ပြေစေတဲ့ ဟော်မုန်းအားဆေးပါ ။
ဒီဆေးကို သောက်နေတဲ့ အမျိုးသမီးက လိင်စိတ် များလာမယ် ။ အသားရည် ဖြူဝင်းလာမယ် ။
ကင်ဆာ ကာကွယ်မယ် ။ ဆံပင်သန်မယ် ။
အိမ်ထောင်သည် အမျိုးသမီးတွေ အတွက် တန်ဖိုးရှိတဲ့
ဟော်မုန်းအားဆေးကောင်း တစ်ခုဖြစ်ပါတယ် ။
၃ရက် အတွင်း ဖလန်း ဖလန်း ထ ပါတယ် ။
စိတ်ဝင်စားရင် cb မှာ လာမေးနိုင်ပါတယ် ။
၁၀ဗူးပဲ ရ ထားတာကြောင့် ၁၀ယောက်စာသာ ရောင်းပေးလို့ ရပါမယ်ခင်ဗျ ။
🇲🇲Testo-Max Myanmar
အမျိုးသားများ သဘာဝအတိုင်း ကျားဟော်မုန်းတက်အောင် ဘယ်လိုလုပ်ကြမလဲ...
တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းဟာ အမျိုးသားများ လူပျိုဖော်ဝင်စမှ အသက်ကြီးတဲ့အချိန်ထိ လိင်စွမ်းဆောင်ရည်၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု၊ နှလုံးအားကောင်းမှု စတာတွေကို ပံ့ပိုးပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။ အသက် (၃၀) နောက်ပိုင်းမှာ ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်းထုတ်လုပ်နိုင်မှုပမာဏဟာ ကျဆင်းလာတဲ့အတွက် လိင်စိတ်ခန်းခြောက်လာခြင်း၊ လိင်တံမထောင်မတ်နိုင်ခြင်း၊ အမောမခံနိုင်တော့ခြင်း၊ သုက်လွှတ်မြန်ခြင်း၊ လန်းဆန်းမှုမရှိခြင်း စတဲ့ ပြဿနာများ ကြုံလာရပါတယ်။
ခုပြောပြပေးမယ့် သော့ချက် (၃) ခုကတော့ အမျိုးသားများ ငယ်ရွယ်စဉ်မှာလည်း ကျားဟော်မုန်းပမာဏ တိုးမြင့်နေအောင် ကူညီပေးနိုင်တဲ့အပြင် အသက်အရွယ်ကြီးလာတဲ့အခါမှာလည်း ကျားဟော်မုန်း ကျဆင်းသွားခြင်းမရှိစေဖို့ ထိန်းပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေ ဖြစ်ပါတယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေးအတွက်လည်း အကျိုးရှိစေလို့ လိုက်နာကြည့်သင့်တယ်လို့ အကြံပေးလိုက်ချင်ပါတယ်။
၁။ အစာအာဟာရကို ဂရုစိုက်ပါ။
အစာအာဟာရ အမျိုးသားတွေရဲ့ စိတ်နဲ့ခန္ဓာကျန်းမာရေးအတွက်သာမက ကျားဟော်မုန်း ထုတ်လုပ်နိုင်မှုကိုလည်း ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် ပရိုတင်းလို့ ခေါ်တဲ့ အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ် (၃) မျိုးဟာ အမျိုးသားတွေရဲ့ ကြွက်သားများ ဖွံ့ဖြိုးမှု၊ လိင်စွမ်းဆောင်ရည် မြင့်တက်စေမှု၊ လိင်စိတ်ဆန္ဒ စတာတွေကို အကျိုးကျေးဇူး များစွာပေးစွမ်းနိုင်ပါတယ်။
• ပရိုတင်းဓာတ်ဟာ အဆီကို ကျစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။
• ကစီဓာတ်ဟာ တစ်နေ့တာအတွက် လိုအပ်တဲ့ ခွန်အားများကို ဖြည့်ပေးပြီး ကျားဟော်မုန်းမကျသွားအောင် ထိန်းပေးတယ်။
• ကျန်းမာတဲ့ အဆီဓာတ်ဟာ နှလုံးအားကောင်းစေပြီး အိပ်ယာထက်က စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။
ပရိုတင်းဓာတ်အတွက် အသား၊ ပဲ၊ ဥများကို စားပေးနိုင်ပါတယ်။ ကစီဓာတ်အတွက် အာလူး၊ ကန်စွန်းဥ၊ ဆန်တွေကို စားပေးနိုင်သလို အဆီများတဲ့ ငါးများ၊ ထောပတ်သီး၊ သံလွင်ဆီ စတာတွေကနေ ကျန်းမာတဲ့ အဆီဓာတ်ကို ရရှိနိုင်ပါတယ်။ ဒီအာဟာရအုပ်စုများကို များများစားပေးဖို့ လိုအပ်သလို ကျန်တဲ့ ဟင်းသီးဟင်းရွက်၊ နို့၊ အသီးအနှံ၊ ဂျုံ၊ အစေ့အဆန်တွေကိုလည်း စားပေးရမှာဖြစ်ပါတယ်။
၂။ လေ့ကျင့်ခန်းများများ လုပ်ပါ။
ကျားဟော်မုန်းကို အဆက်မပြတ်ထုတ်ပေးတဲ့ အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းများများ လုပ်ပေးတာပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးအားကောင်းသလို သွေးလည်ပတ်စီးဆင်းမှုကို ကောင်းစေတယ်။ တစ်ချိန်တည်းမှာပဲ အဆီပိုတွေကို လျှော့ချပေးနိုင်တဲ့အတွက် ကျားဟော်မုန်းများ ပိုမိုထုတ်လုပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ လိင်စိတ်နည်းသွားမယ်၊ လိင်အင်္ဂါသေးသွားမယ်ဆိုတဲ့ ဂျင်းတွေကို မယုံကြပါနဲ့ဗျာ။
၃။ အိပ်ချိန်ကို မမေ့ပါနဲ့။
အိပ်ချိန်ပြည့်ဝမှသာ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မယ်။ ကြွက်သားများ၊ အရိုးအဆစ်များနဲ့ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးမယ်။ ကျန်းမာပြီး အားအင်ပြည့်ဝနေမှသာ ခန္ဓာကိုယ်က ကျားဟော်မုန်းတွေကို အလုံအလောက် ထုတ်လုပ်ပေးနိုင်မှာပါ။ ဒါကြောင့် တစ်ရက်ကို ညအိပ်ချိန် အနည်းဆုံး ၇နာရီရှိဖို့ မမေ့သင့်ပါဘူးနော်။
ခုပြောပြပေးခဲ့တဲ့ အချက် (၃) ချက်ဟာ အမျိုးသားတို့ ဘဝတစ်လျှောက်လုံး လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံသော့ချက်များဖြစ်ပြီး လိင်ပိုင်းဆိုင်ရာအတွက်သာမက ကျန်းမာရေးအတွက်ပါ အထောက်အပံ့ပေးတဲ့ ကျားဟော်မုန်းကို ပိုမိုထုတ်လုပ်ပေးနိုင်စေဖို့ ကူညီပေးမှာပါ။
ဒိဆောင်းပါးက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Yes လို့ ရေးသွားပေးပါ 😍
🇲🇲 Testo-Max Myanmar
💢တက်စတိုစထရုန်း နည်းပါးခြင်း လက္ခဏာ ၁၁ခု💢
တက်စတိုစထရုန်းဟာ အမျိုးသားများရဲ့ဝှေးစေ့ကနေ အဓိကထုတ်လုပ်တဲ့ ဟော်မုန်းဖြစ်ပြီး အမျိုးသားများရဲ့ သွင်ပြင်ပုံစံနဲ့ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိပါတယ်။
တက်စတိုစထရုန်းဟော်မုန်းထုတ်လုပ်မှုဟာ အသက်အရွယ်ပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။ အသက်ကြီးပိုင်းရောက်လာရင် လျော့နည်းသွားတတ်ပါတယ်။ အမျိုးသားတစ်ဦးမှာရှိသင့်တဲ့ ပုံမှန်တက်စတိုစထရုန်းပမာဏကတော့ 300 ng/dl ကနေ 1000 ng/dl ပဲ ဖြစ်ပါတယ်။ အမျိုးသားတစ်ဦးရဲ့ နေ့စဉ်ဘဝအတွက် အရေးကြီးတာမို့ တက်စတိုစထရုန်းနည်းပါးခြင်းရဲ့ လက္ခဏာတွေကိုလည်း သတိပြုသင့်ပါတယ်။ အမျိုးသားများမှာ တက်စတိုစထရုန်းနည်းပါးလာတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
✅၁။ လိင်စိတ်ဆန္ဒနည်းပါးခြင်း
တက်စတိုစထရုန်းဟာ အမျိုးသားများရဲ့ လိင်စိတ်ကို လှုံ့ဆော်ရာမှာ အဓိကကျပါတယ်။ အမျိုးသားအချို့ဟာ အသက်ကြီးလာတာနဲ့အမျှ လိင်စိတ်ဆန္ဒကျဆင်းလာတတ်တာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် တက်စတိုစထရုန်းဟော်မုန်းနည်းပါးသူများဟာ ပုံမှန်ထက် လိင်စိတ်ဆန္ဒနည်းပါးနေတာကို တွေ့ရတတ်ပါတယ်။
✅၂။ ပန်းညှိုးခြင်း
တက်စတိုစထရုန်းဟော်မုန်းဟာ အမျိုးသားများ လိင်အင်္ဂါထောင်မတ်နိုင်အောင်လည်း အထောက်အကူ ပေးပါတယ်။ လိင်အင်္ဂါထောင်မတ်ခြင်းဟာ တက်စတိုစထရုန်း သက်သက်ကြောင့်တော့ မဟုတ်ပါဘူး။ တက်စတိုစထရုန်းဟာ ဦးနှောက်ကို လှုံ့ဆော်ပြီး နိုက်ထရစ်အောက်ဆိုဒ်ကို ထွက်လာစေပါတယ်။ နိုက်ထရစ်အောက်ဆိုဒ်ကစတဲ့ ဓာတ်ပြုဖြစ်စဉ်ကြောင့် လိင်အင်္ဂါထောင်မတ်လာရပါတယ်။ ဒါကြောင့် တက်စတိုစထရုန်းနည်းပါးခဲ့ရင် ပန်းညှိုးနိုင်ခြေ များပါတယ်။
✅၃။ သုက်ရည်နည်းသွားခြင်း
တက်စတိုစထရုန်းဟာ သုက်ရည်ထုတ်လုပ်ရာမှာလည်း အရေးပါပါတယ်။ သုက်ရည်ဟာ သုတ်ပိုးတွေ ရွေ့လျားသွားလာနိုင်ဖို့ မရှိမဖြစ် အရေးကြီးပါတယ်။ တက်စတိုစထရုန်းနည်းပါးတဲ့အခါ သုက်ရည်ထွက်တာ နည်းသွားနိုင်ပါတယ်။
✅၄။ ဆံပင်ကျွတ်ခြင်း
တက်စတိုစထရုန်းဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ အဲဒီအထဲမှာ ဆံပင်များထွက်ခြင်းလည်း ပါဝင်ပါတယ်။ အသက်ကြီးလာပြီး တက်စတိုစထရုန်းလည်း နည်းပါးလာမယ်ဆိုရင် ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတတ်ပါတယ်။
✅၅။ ပင်ပန်းနွမ်းနယ်ခြင်း
တက်စတိုစထရုန်းဟော်မုန်း နည်းပါးသူ အမျိုးသားများဟာ အလွန်အမင်း ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေတတ်ပါတယ်။ အိပ်ရေး၀၀အိပ်ပေမယ့် ပင်ပန်းနွမ်းနယ်ခြင်းဟာ မပျောက်ဘဲ ခံစားနေရတတ်ပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့ စိတ်မပါဖြစ်နေတတ်ပါတယ်။
✅၆။ ကြွက်သားများ သေးငယ်လာခြင်း
ခန္ဓာကိုယ်ကြွက်သားများကို တည်ဆောက်ရာမှာ တက်စတိုစထရုန်းဟာ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်။ တက်စတိုစထရုန်းနည်းပါးသူ အမျိုးသားများရဲ့ ကြွက်သားထုထည်ဟာ သေးငယ်လာနိုင်ပါတယ်။ ဒါပေမယ့် ကြွက်သားတွေရဲ့ ထုထည်ကိုသာ သက်ရောက်ခြင်းဖြစ်ပြီး အင်အားအပေါ် ပြောင်းလဲခြင်း မဖြစ်စေပါဘူး။
✅၇။ အဆီများလာခြင်း
အမျိုးသားများ တက်စတိုစထရုန်းဟော်မုန်းနည်းပါးလာရင် ကိုယ်ခန္ဓာမှ အဆီတွေ များလာနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ရင်သားမှာအဆီများလာပြီး ရင်သားကြီးခြင်း ဖြစ်လာနိုင်ပါတယ်။ ဒါဟာ အမျိုးသားများမှာ တက်စတိုစထရုန်းနဲ့ အီစထရိုဂျင် ဟန်ချက်မညီခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
✅၈။ အရိုးများထုထည်လျော့ပါးလာခြင်း
အရိုးပွခြင်းဆိုတာ အမျိုးသမီးတွေနဲ့ပဲဆိုင်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် တက်စတိုစထရုန်း နည်းပါးသူ အမျိုးသားများလည်း ဒီပြသနာကြုံရတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးလာသူ အမျိုးသားများဟာ အရိုးကျိုးပဲ့လွယ်လာခြင်း ဖြစ်ပါတယ်။
✅၉။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာခြင်း
တက်စတိုစထရုန်းကျဆင်းလာခြင်းဟာ စိတ်အပြောင်းအလဲ ဖြစ်စေပါတယ်။ တက်စတိုစထရုန်းဟာ ကိုယ်ခန္ဓာထဲက လုပ်ငန်းဆောင်တာတွေအများကြီးအပေါ် အကျိုးသက်ရောက်လို့ ဖြစ်ပါတယ်။ စိတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှု မလုပ်နိုင်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
✅၁၀။ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း
တက်စတိုစထရုန်းဟော်မုန်းပမာဏရော သိမှတ်မှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာနိုင်ပါတယ်။ တနည်းပြောရရင် တက်စတိုစထရုန်းဟော်မုန်း ကျဆင်းလာခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။
✅၁၁။ ဝှေးစေ့နဲ့ လိင်တံသေးလာခြင်း
အမျိုးသားများမှာ တက်စတိုစထရုန်းနည်းပါးလာတဲ့အခါ ဝှေးစေ့အရွယ်အစားပါ သေးငယ်လာတတ်ပါတယ်။ ယောက်ျားတန်ဆာနဲ့ ဝှေးစေ့ ဖွံ့ဖြိုးကြီးထွားဖို့ဆိုရင် တက်စတိုစထရုန်းဟာ အခရာကျပါတယ်။ တက်စတိုစထရုန်းနည်းပါးသွားရင် ယောက်ျားတန်ဆာနဲ့ ဝှေးစေ့ဟာ အချိုးကျနစွာ မရှိတော့ဘဲ ဝှေးစေ့သေးငယ်သွားပါတယ်။
…
အမျိုးသမီးများဟာ ဟော်မုန်းပမာဏ ကျဆင်းသွားတာကို သွေးဆုံးချိန်မှာမှ ကြုံရပါတယ်။ အမျိုးသားများမှာတော့ တက်စတိုစထရုန်းပမာဏဟာ အချိန်နဲ့အမျှ အမြဲတမ်းကျဆင်းနေခြင်း ဖြစ်ပါတယ်။ အသက်ကြီးလာလေ တက်စတိုစထရုန်းနည်းလာလေ ဖြစ်ပါတယ်။
တက်စတိုစထရုန်းပမာဏဟာ 300 ng/dl အောက် လျော့နည်းနေမယ်ဆိုရင်တော့ နည်းပါးတယ်လို့ သတ်မှတ်ပါတယ်။ တက်စတိုစထရုန်းနည်းပါးသူ အမျိုးသားများဟာ ရေရှည်မှာ နေ့စဉ်နေထိုင်မှုပုံစံကို ထိခိုက်စေနိုင်တာကြောင့် ကြိုတင် ကာကွယ် သင့်ပါတယ် ။
🇲🇲 Testo-Max Myanmar
💥 တက်စတိုစထရုန်း ရဲ့ အကျိုးကျေးဇူးများ💥
👇👇👇👇👇
#တက်စတိုစထရုန်းဆိုတာဟာ အမျိုးသားများရဲ့ ဝှေးစေ့က အဓိကထုတ်လုပ်တဲ့ဟော်မုန်းဖြစ်ပြီး အမျိုးသမီးတွေရဲ့ သားဥအိမ်နဲ့ အဒရီနယ်ဂလင်းကနေလည်း ထုတ်လုပ်ပါတယ်။ အမျိုးသားများ ဖွံ့ဖြိုးကြီးထွားရေးနဲ့ ယောကျာ်းပီသရေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ ဟော်မုန်းတမျိုး ဖြစ်ပါတယ်။
#တက်စတိုစထရုန်းထုတ်လုပ်မှုဟာ ဆယ်ကျော်သက်အရွယ်နဲ့ အရွယ်ရောက်ခါစမှာ အများဆုံးထုတ်လုပ်ပါတယ်။ အရွယ်ရောက်ပြီးရင်တော့ တဖြည်းဖြည်းကျဆင်းသွားပါတယ်။ 👈
တက်စတိုစထရုန်းဟာ အောက်ပါကိစ္စရပ်တွေအတွက် အထူးအရေးပါပါတယ်။ 👈
– ကြွက်သားများနှင့် အရိုးများတောင့်တင်းမှု
– မျက်နှာပြင်နှင့် ဆီးခုံအမွေးအမျှင်များ
– အသံကြီးလာခြင်း
– လိင်မှုဆန္ဒ
– စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ရည်ကိုယ်သွေး
– မှတ်ဉာဏ်နှင့် အတွေးအခေါ်ပိုင်း
ခန္ဓာကိုယ်ပေါ်ကို တက်စတိုစထရုန်းနရဲ့ အကျိုးပြုပုံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ နှလုံးနှင့််သွေးကြောများဆိုင်ရာကိစ္စများ✅
တက်စတိုစထရုန်းဟာ ရိုးတွင်းခြင်ဆီကနေ သွေးနီဥဆဲလ်တွေထုတ်လုပ်ရာမှာ ပါဝင်ကူညီပါတယ်။ တက်စတိုစထရုန်းနည်းနေခြင်းဟာ နှလုံးရောဂါတွေနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ သုတေသနတချို့အရ နှလုံးရောဂါရှိပြီး တက်စတိုစထရုန်းဟော်မုန်း အစားထိုးကုသခြင်း ခံယူခဲ့သူ အမျိုးသားများမှာ ရောဂါအခြေအနေ သက်သာတိုးတက်မှုရှိကြောင်း သိရပါတယ်။ လူတချို့ဆိုရင် ၃၃ ရာခိုင်နှုန်းခန့် အကွားအဝေးပိုပြီး လမ်းလျှောက်နိုင်ဖယ်လို့ သိရပါတယ်။ တခြားသုတေသနတခုမှာတော့ တက်စတိုစထရုန်းဟော်မုန်းကုသမှုကြောင့် နှလုံးသွေးကြောတွေကို ကျယ်စေနိုင်တဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။
၂။ အဆီနည်းပြီး ကြွက်သားများစေခြင်း✅
ကြွက်သားတွေ ဖွံ့ဖြိုးကြီးထွားဖို့ဆိုရင် တက်စတိုစထရုန်းကို လိုအပ်ပါတယ်။ ကျစ်လျစ်တဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံဟာ ကိုယ်အလေးချိန်ကို ထိန်းပေးပြီး စွမ်းအင်ကိုလည်း မြင့်တက်စေပါတယ်။ တက်စတိုစထရုန်းနည်းတဲ့ အမျိုးသားတွေအနေနဲ့ ကုသမှုခံယူပြီးချိန်မှာ အဆီနည်းသွားပြိး ကြွက်သားများထုတည်နဲ့အင်အားပါ ကြီးမားလာတယ်လို့ ဆိုပါတယ်။
၃။ အရိုးများကြံ့ခိုင်ရေး✅
တက်စတိုစထရုန်းဟာ အရိုးများသိပ်သည်းဆကောင်းဖို့ အရေးပါပါတယ်။ အမျိုးသမီးများကနေ အမျိုးသားများအဖြစ် လိင်ပြောင်းလာကြသူတွေမှာလည်း တက်စတိုစထရုန်းဟာ အရိုးများထဲက သတ္တုဓာတ်သိပ်သည်းဆကို မြင့်တက်စေပါတယ်။
၄။ မှတ်ဉာဏ်နှင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း
တက်စတိုစထရုန်းပမဏများတဲ့ အမျိုးသားတွေဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ နည်းပါတယ်။ တက်စတိုစထရုန်းပမာဏနဲ့ မှတ်ဉာဏ်ပိုင်း၊ အတွေးအခေါ်ပိုင်း တိုက်ရိုက်ဆက်နွယ်မှုလည်း ရှိပါသေးတယ်။
၅။ လိင်စိတ်ဆန္ဒပြည့်ဝခြင်း✅
လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုနဲ့ လှုပ်ရှားမှုရှိရင် တက်စတိုစထရုန်းလည်း သဘာဝအလျောက်မြင့်တက်လာပါတယ်။ တက်စတိုစထရုန်းမြင့်မားသူ အမျိုးသားတွေဟာ လိင်ပိုင်းဆိုင်ရာမှာ ပိုမိုစွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။ အသက်ကြီးပိုင်းအမျိုးသားတွေဟာ လိင်စိတ်ပြီးမြောက်ဖို့နဲ့ ပန်းညှိုးခြင်းကို ဖြေရှင်းဖို့ တက်စတိုစထရုန်းကို လိုအပ်ပါတယ်။
၆။ စိတ်ပိုင်းဆိုင်ရာ✅
တက်စတိုစထရုန်းနည်းပါးခြင်းဟာ ဘဝရဲ့အရည်အသွေး ထိခိုက်ခြင်းပါပဲ။ စိတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သည်းမခံနိုင်ဖြစ်ခြင်း စတဲ့စိတ်အခြေအနေတွေဟာ တက်စတိုစထရုန်းနည်းပါးခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒီနေရာမှာ အသက်အရွယ်အရ ပုံမှန်ကျဆင်းသွားခြင်းကို မဆိုလိုပါဘူး။
……..
တက်စတိုစထရုန်းဟာ အမျိုးသားများအတွက် အရေးပါတဲ့ဟော်မုန်းဖြစ်တာကြောင့်j အထူးဂရုပြုသင့်ပါတယ်။ ဟော်မုန်းအစားထိုးကုသမှုအပြင် သဘာဝအလျောက် တက်စတိုစထရုန်း မြင့်မားလာစေမယ့် နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း စတဲ့နေထိုင်မှုပုံစံတွေကလည်း အထောက်အကူပြုပါတယ်။
🇲🇲 Testo-Max Myanmar
💥အမျိုးသားတွေ ရင်သားဆူထွက်လာတာ ဘာကြောင့်လဲ💥
ပတ်ဝန်းကျင်မှာ အသက်လတ်ပိုင်း အမျိုးသားတွေ ရင်သားတွေ ဆူပြီး နို့သီးခေါင်းက အရှေ့ကို ရှည်ထွက်နေတာမျိုးတွေ မြင်ဖူးမှာပါ။ လူတော်တော်များများက ဒါကို အဝလွန်တယ်၊ အသက်ကြီးလို့ ဖြစ်တယ်လို့ ထင်ကြပေမယ့် နောက်ခံအကြောင်းရင်းကတော့ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းတွေက နည်းနေပြီး သူ့နေရာမှာ မဟော်မုန်းတွေ များနေတာကြောင့်ပါ။ ဒီအခြေအနေကိုတော့ Gynecomastia အမျိုးသားများ ရင်သားကြီးထွားလာတဲ့ ရောဂါလို့ ခေါ်ကြပါတယ်။
✳️ကျားဟော်မုန်းနဲ့ မဟော်မုန်းဆိုတာဘာလဲ❓
ရောဂါအကြောင်း မပြောခင် အရေးပါတဲ့ ဟော်မုန်း ၂မျိုးအကြောင်း အရင်ရှင်းပြပါ့မယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကျားဟော်မုန်း(Testosterone) နဲ့ မဟော်မုန်း (Estrogen) ဆိုပြီး ၂မျိုးလုံး ရှိပါတယ်။ ယောက်ျားလေးတွေမှာတော့ ကျားဟော်မုန်းပိုများပြီး မိန်းကလေးတွေမှာ မဟော်မုန်း ပိုများပါတယ်။
ဒီဟော်မုန်း ၂မျိုးလုံးက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတယ်။ လိင်စိတ်ဆန္ဒကို နှိုးဆွပေးရုံသာမက စိတ်ကျန်းမာရေးနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ အဲ့လိုမဟုတ်ဘဲ ဟော်မုန်းမျှခြေတွေက ကမောက်ကမ ဖြစ်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။
✳️ဘယ်လိုအခြေအနေမှာ ကျားဟော်မုန်းတွေ နည်းသွားနိုင်လဲ❓
ကျားဟော်မုန်း ထုတ်လုပ်မှုအများဆုံးအချိန်ဟာ လူပျိုဖော်ဝင်ကာစ ဆယ်ကျော်သက်အရွယ်ဖြစ်ပြီး အသက်အရွယ် ကြီးလာတာနဲ့အမျှ ကျားဟော်မုန်းအထွက် နည်းသွားတတ်ပါတယ်။ တချို့အမျိုးသားတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျားဟော်မုန်းတွေ နည်းတာမျိုးတွေလည်း ရှိပါတယ်။ ကျောင်း၊ လုပ်ငန်းခွင် စိတ်ဖိစီးမှုများလွန်းတာ၊ စိတ်ကျန်းမာရေးပြဿနာတွေ၊ အိမ်တွင်းရေး၊ အချစ်ရေး အဆင်မပြေတာ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါ၊ ဝှေးစေ့ကင်ဆာ၊ အသည်းရောဂါ၊ ကင်ဆာကုထုံး ကုသမှုခံယူတာ၊ မတော်တဆ လိင်တံနဲ့ ဝှေးစေ့ကို ထိခိုက်မိတာ အစရှိတဲ့ အခြေအနေတွေကြောင့် နည်းသထက် နည်းသွားတတ်ပါတယ်။
✳️ကျားဟော်မုန်းနည်းတဲ့အခါ ကိုယ်ခန္ဓာမှာ ဘာပြောင်းလဲမှုတွေ ဖြစ်လဲ❓
အဓိက အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ နည်းလာမယ်။ သုက်ပိုးကောင်တွေ နည်းလာမယ်။ တဖြည်းဖြည်းနဲ့ လိင်တံထောင်မတ်နိုင်စွမ်းကို ထိခိုက်ပြီး ပန်းသေပန်းညှိုးဖြစ်လာမယ်။ စိတ်သွားတိုင်း ကိုယ်မပါတော့ဘဲ လိင်မှုကိစ္စဆောင်ရွက်ရမှာ စိတ်ထဲက မလိုလားတော့ဘဲ ဖြစ်လာမယ်။ ကိုယ်ခန္ဓာမှာလည်း ကြွက်သားထုနည်းသွားတာ၊ အရိုးအဆစ်တွေ အားနည်းတာ၊ ရင်သားဆူထွက်လာတာ၊ နို့သီးခေါင်းထိပ်ကနေ အရည်ကြည်တွေ စိမ့်ထွက်လာတာ၊ ဆံပင်ကျွတ်တာ အစရှိတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
✳️ကျားဟော်မုန်းနည်းခြင်းနှင့် ရင်သားကြီးခြင်း ဘယ်လိုဆက်စပ်နေလဲ❓
ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ ကျားဟော်မုန်းနဲ့ မဟော်မုန်းကို နေ့စဉ်ပုံမှန်ထုတ်လုပ်ပေးပါတယ်။ ကျန်းမာရေးအခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ကျားဟော်မုန်းက နည်းသွားရာကနေ မဟော်မုန်းပမာဏအောက် ရောက်သွားတဲ့အခါ ရင်သားက စတင်ကြီးလာပါတယ်။
ဒီမှာပြောရမယ်ဆိုရင် Estrogen လို့ခေါ်တဲ့ မဟော်မုန်းဆိုတာ အမျိုးသမီးတွေမှာ ရင်သားကြီးလာစေဖို့၊ အရှေ့ကို ဆူထွက်လာစေဖို့နဲ့ ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာစေဖို့ ကူညီတာပါ။ ဒီသက်ရောက်မှုကြောင့် အမျိုးသားတွေမှာ ရင်သားကြီးလာတာ ဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ် ဟော်မုန်းပြောင်းလဲမှု များတာကြောင့် ရင်သားဆူထွက်တာမျိုး ဖြစ်တတ်ပေမယ့် ကုသမှုမလိုဘဲ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ အသက်ကြီးတဲ့အမျိုးသားတွေ အထူးသဖြင့် အသက် ၄၅နှစ်နောက်ပိုင်းမှာ ဖြစ်တဲ့ ရင်သားဆူထွက်တာကတော့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ အဝလွန်လို့၊ အသက်ကြီးလို့ ဖြစ်တာက အရေးပေါ်ပြဿနာမဟုတ်ပေမယ့် ရောဂါတစ်ခုခုကြောင့်ဆိုရင်တော့ ကုသမှုခံယူဖို့ လိုပါတယ်။
စစ်တမ်းကောက်ယူချက်အရ အသက် ၅၀ မှ ၈၀ အတွင်း အမျိုးသား၄ယောက်မှာ တစ်ယောက်က ရင်သားဆူထွက်တဲ့ပြဿနာကို ကြုံတွေ့နေရပါတယ်။ ရင်သားဆူထွက်လို့ ဘေးအန္တရာယ်တော့ မဖြစ်စေနိုင်ဘူးဆိုပေမဲ့ ကျားဟော်မုန်းနည်းတဲ့ ပြဿနာကတော့ မကုသဘဲ ပစ်ထားလိုက်ရင် အမျိုးသားတွေအတွက် ရေရှည်မှာ ကျန်းမာရေးထိခိုက်လာမှာပါ။
🇲🇲 Testo Max Myanmar
💥ကျားဟော်မုန်းဆေးရည် ထိုးသွင်းခြင်း အကြောင်း လေ့လာကြမယ်💥
ဒီဆေးနဲ့ပတ်သက်ပြီး မပြောခင် ကျားဟော်မုန်း အကြောင်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ ကျားဟော်မုန်းလို့ ခေါ်တဲ့ တက်စတိုစတီရုန်းဟော်မုန်း (Testosterone) က အမျိုးသားတို့ရဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုနဲ့ မျိုးပွားနိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်စေပါတယ်။
ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ်ခန္ဓာမှာ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းပမာဏတစ်ခုရှိပါတယ်။ ဒီပမာဏထက် နည်းသွားတဲ့အခါဖြစ်စေ၊ များလွန်းနေတဲ့အခါဖြစ်စေ ဟော်မုန်းမျှခြေပျက်စီးခြင်း (Hormone Imbalance) လို့ ခေါ်ပါတယ်။ ဒီလို ဟော်မုန်းပမာဏတွေ ကမောက်ကမဖြစ်လာတဲ့အခါ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒလျော့နည်းလာမယ်။ လိင်တံနဲ့ ဝှေးစေ့အရွယ်အစား အနည်းငယ်သေးသွားမယ်။ လိင်တံမထောင်မတ်နိုင်ခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သုက်လွှတ်မြန်ခြင်း၊ ကြွက်သားထုနည်းသွားပြီး ပိန်လှီလာခြင်း၊ အဆီတက်ပြီး အဝလွန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အာရုံစုစည်းမရခြင်းတို့ ဖြစ်တတ်ပါတယ်။
ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့လိုအပ်လာပြီလဲ။
အထက်မှာ ပြောပြခဲ့တဲ့ လက္ခဏာတွေ တော်တော်များများကို တွေ့ရတယ်၊ ဒီလက္ခဏာတွေကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ စိတ်ကျန်းမာရေး၊ လုပ်ငန်းခွင်နဲ့ လိင်မှုကိစ္စမှာ အခက်အခဲတွေ ဖြစ်လာပြီဆိုရင် ဆေးရုံ၊ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ လူနာရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေး၊ စားသောက်နေထိုင်မှုပုံစံ၊ အာဟာရမျှတမှုရှိမရှိ၊ ရောဂါတွေ၊ သောက်နေတဲ့ ဆေးဝါးတွေအကြောင်းကို အရင်ဆုံးမေးမြန်းမှာ ဖြစ်ပါတယ်။ လိုအပ်ရင် လူနာရဲ့ လိင်အင်္ဂါကို စစ်ဆေးပြီး ကျားဟော်မုန်းပမာဏကို စစ်ဆေးမှာ ဖြစ်ပါတယ်။
ကျားဟော်မုန်းပမာဏက အမျိုးသားတစ်ယောက်အတွက် သတ်မှတ်ထားတဲ့ ပမာဏ (300-1000 ng/dL) အောက် အလွန်နည်းနေတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေ ထွက်လာပြီဆိုမှသာ ကျားဟော်မုန်းအစားထိုးကုထုံးဖြင့် စတင်ကုသမှုခံယူဖို့ အကြံပေးမှာဖြစ်ပါတယ်။ ဒီကုထုံးတွေမှာ
• ကျားဟော်မုန်း ဂျယ်လ်လိမ်းခြင်း
• ကျားဟော်မုန်းဆေးရည် ကပ်ခွာကပ်ခြင်း
• ကျားဟော်မုန်း ဆေးရည်ထိုးသွင်းခြင်း ကုထုံးတွေ ပါဝင်ပါတယ်။
ဒီကုထုံးတွေမှာ ဂျယ်လ်လိမ်းခြင်းနဲ့ ကပ်ခွာကပ်ခြင်းတို့သည် အန္တရာယ်အကင်းဆုံးလို့ ယူဆလို့ရပြီး ဆေးရည်ထိုးသွင်းတဲ့ကုထုံးကတော့ အနည်းငယ် ဘေးထွက်ဆိုးကျိုးရှိနိုင်တဲ့အတွက် ဒီနေ့ဆောင်းပါးမှာ ဒီကုထုံးနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
ကျားဟော်မုန်းဆေးရည် ထိုးသွင်းခြင်း (Testosterone Injection)
ဒီဆေးရည်ကို ဆရာဝန်ရဲ့ ခွင့်ပြုချက်ဖြင့်သာ ထိုးသွင်းသင့်ပါတယ်။ အပြင်ဆေးဆိုင်တွေမှာလည်း ဆေးရောင်းတာမျိုး သိပ်မရှိသလို ကိုယ့်သဘောနဲ့ ကိုယ်ထိုးတာမျိုးလည်း မလုပ်သင့်ပါဘူး။ ကျားဟော်မုန်း တော်တော့်ကို နည်းလွန်းနေတဲ့ အခြေအနေ၊ ဒါမှမဟုတ် အသက် ၄၀ နောက်ပိုင်း အသက်ကြီးတဲ့ အရွယ် အမျိုးသားတွေကိုသာ ဆရာဝန်က ဒီဆေးရည်ထိုးသွင်းဖို့ အကြံပေးပါလိမ့်မယ်။
ဆေးရည်ထိုးသွင်းခြင်းမပြုခင်မှာ ဆရာဝန်အနေနဲ့ လူနာရဲ့ သွေးနီဆဲလ်အရေအတွက်ကိုလည်း စစ်ပါလိမ့်မယ်။ အကြောင်းရင်းကတော့ ဒီကျားဟော်မုန်း တိုးစေတဲ့ ဆေးရည်ထိုးသွင်းတဲ့အခါ လူနာအနေနဲ့ ပုံမှန်ထက် သွေးနီဆဲလ်အရေအတွက် များသွားနိုင်တာကြောင့် ကိုယ်ခန္ဓာအတွက် တခြားဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မဖြစ်စေဖို့ စစ်ဆေးရတာပဲဖြစ်ပါတယ်။
ဆရာဝန်က ဆေးထိုးတော့မယ်ဆိုရင် တင်ပါးမှာရှိတဲ့ တင်ပါးကြွက်သားအတွင်းကို ထိုးသွင်းတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဆရာဝန်ဆေးပေးလိုက်ပြီး ကိုယ့်ဘာသာအိမ်မှာ ထိုးမယ်ဆိုရင်တော့ ပေါင်မှာရှိတဲ့ ကြွက်သားတွေကို ကိုယ်တိုင်ဆေးရည်ထိုးသွင်းတာမျိုးတွေလည်း ရှိပါတယ်။
ဒီဆေးရည်ကို ထိုးသွင်းနေစဉ်နဲ့ ထိုးသွင်းပြီး နာရီဝက်အတွင်းမှာ လူနာအနေနဲ့ အသက်ရှူကျပ်တဲ့ ပြဿနာတွေ၊ ဓာတ်မတည့်တဲ့ လက္ခဏာတော်တော်များများကို ပြတတ်ပါတယ်။ ဒါကြောင့် လူနာအနေနဲ့ ဆေးရည်ထိုးသွင်းပြီးတာနဲ့ ဆေးရုံမှာ ခဏအနားယူဖို့လိုအပ်ပြီး ချက်ချင်းထပြန်တာမျိုးတော့ လုပ်လို့မရပါဘူး။ ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးသူက အဆင်ပြေပြီလို့ သတ်မှတ်လို့ရတဲ့ အနေအထားရောက်မှသာ လူနာကို ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေကတော့
• လည်ချောင်းထဲမှာ ကျပ်ပြီး အသက်ရှူမဝသလို ခံစားရခြင်း
• အစာ၊ ရေ မျိုချလို့မရခြင်း
• အသက်ရှူကျပ်ခြင်း
• အသက်ရှူရင် တရွှီရွှီမြည်နေခြင်း
• ရင်ဘတ်က အောင့်နေခြင်း
• ခေါင်းမူးဝေနေခြင်း
• အော့အန်ခြင်း
• ချွေးစေပြန်ခြင်း
• အနီဖု၊ အင်ပျဉ်ထခြင်း
• ခန္ဓာကိုယ်အနှံ့ ယားယံခြင်းတို့ ဖြစ်ပြီး ဒီလက္ခဏာတွေကို ကိုယ်ပြသနေတဲ့ ဆရာဝန်နဲ့ သေချာ ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့ လိုအပ်ပါတယ်။
နောက်ထပ်ဘေးထွက်ဆိုးကျိုးအနေနဲ့ အသည်းနဲ့ နှလုံးထိခိုက်ခြင်း၊ သွေးခဲခြင်း၊ ဆီးကျိတ်ကြီးခြင်းအန္တရာယ်တွေတော့ ဖြစ်နိုင်ခြေပိုများလာနိုင်ပါတယ်။
ဒီဆေးရည်ဟာ ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်းထုတ်လွှတ်တဲ့ ပမာဏကို တိုးမြှင့်ပေးပြီး ဟော်မုန်းတွေကို ကိုယ်ခန္ဓာရဲ့ နေရာအနှံ့လှည့်လည်ပို့ဆောင်ပေးတဲ့နေရာမှာလည်း ကူညီပေးပါတယ်။ အထူးသဖြင့် ကျားဟော်မုန်းနည်းလွန်းတဲ့ အမျိုးသားတွေ ဆေးရည်ထိုးသွင်းပြီးနောက်မှာ
• လိင်စိတ်ဆန္ဒ တိုးလာခြင်း
• အိမ်ထောင်ရေးသုခ ပိုမိုပြည့်စုံလာခြင်း
• လိင်တံကောင်းစွာ ထောင်မတ်နိုင်ခြင်း
• သက်လုံကောင်းပြီး လိင်ဆက်ဆံတဲ့အခါ ပိုမိုခွန်အားစိုက်ထုတ်နိုင်ခြင်း
• စိတ်ပျော်ရွှင်ပြီး စိတ်ကြည်လင်လန်းဆန်းလာခြင်း
• သုက်ပိုးကောင်ရေ တိုးလာခြင်း
• ကြွက်သားထုတက်လာခြင်း
• ကိုယ်ခန္ဓာမှာရှိတဲ့ အဆီပိုတွေ ကျခြင်း စတဲ့ ပြောင်းလဲမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။
ကျန်တဲ့ ကုထုံးတွေနဲ့ယှဉ်လိုက်ရင် ကျားဟော်မုန်းဆေးရည်ထိုးသွင်းခြင်းဟာ ကုန်ကျစရိတ် အနည်းငယ်ပိုများနိုင်ပြီး ၂ပတ်မှ ၄ပတ်အတွင်း တစ်ကြိမ် ပုံမှန်ဆေးရည်ထိုးဖို့ လိုအပ်ပါတယ်။ ဆေးထိုးဖို့ ရက်ချိန်းကိုတော့ ဆရာဝန်ကိုယ်တိုင် သတ်မှတ်ပေးမှာဖြစ်ပြီး အဲ့ဒီရက်ချိန်းအတိုင်း မပျက်မကွက်ပြဖို့လိုအပ်ပါတယ်။
ဒီကုထုံးတွေက အချိန်တစ်ခုယူတာကြောင့် သေချာစိတ်ရှည်ပြီး ကုသမှုခံယူဖို့နဲ့ အိမ်တွင်းနည်းလမ်းအနေနဲ့ အိပ်ရေးဝအောင်အိပ်ဖို့၊ အစာအာဟာရ ပြည့်ဝစွာ စားသုံးဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့လည်း လိုအပ်တယ်ဆိုတာ ထပ်ဆောင်းအကြံပေးလိုက်ချင်ပါတယ်။
အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
🇲🇲Testo-Max Myanmar
💥ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးပါ💥
ပန်းသေပန်းညှိုးတယ်ဆိုတာက အမျိုးသားလိင်တံဆီကို သွေးကောင်းကောင်း မရောက်ရှိတာမျိုးပါ။ ဒီအခြေအနေက အမျိုးသားတွေကို လိင်ဆက်ဆံရာမှာ အခက်အခဲ ဖြစ်စေသလို ကိုယ်ရဲ့လက်တွဲဖော်ကိုလည်း ဆန္ဒပြီးမြောက်စေဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ အစားအသောက်လေးကို ဂရုစိုက်ပေးရုံနဲ့ အဆင်ပြေစေနိုင်ပါတယ်။ ဒီတော့ ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဘာတွေ စားရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။
ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးလို့ ရပါတယ်။ အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ဖို့ဆိုရင်
✅ နိုက်ထရိတ် ရစေဖို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ တရုတ်နံနံ၊ ဟင်းနုနွယ် စတာတွေက နိုက်ထရိတ် ပါဝင်မှု များပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နိုက်ထရိတ်က သွေးကြောတွေကို ပွင့်စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
နောက်ထပ် စားလို့ရတဲ့ အသီးအနှံ တစ်ခုကတော့ beet root ပါ။ beet root မှာလည်း နိုက်ထရိတ် ပါဝင်မှု များတာကြောင့် သွေးကြောလေးတွေ ကျန်းမာစေဖို့ရော သွေးစီးဆင်းမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ များများ ပါဝင်အောင် စားသုံးပေးပါ။
✅ဖလေဗာနွိုက်ပါတဲ့ ချောကလက်
မကြာသေးခင်က လေ့လာမှုအရ သိရတာက အနက်ရောင် ချောကလက်ထဲမှာပါတဲ့ ဖလေဗာနွိုက်က သွေးစီးဆင်းမှု ကောင်းစေပြီး အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ ချောကလက်မှာပါတဲ့ ဖလေဗာနွိုက်နဲ့ အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို ဆဲလ်တွေပျက်စီးတာကို ပြုပြင်ပေးဖို့လည်း လုပ်ဆောင်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးပါတယ်။
• သွေးတိုးတာနဲ့ သွေးတွင်း အဆီများတာ မဖြစ်အောင် ကာကွယ်ပေးတာက အမျိုးသားတွေကို ပန်းသေပန်းညှိုးတာကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။Pistachios ကနေရတဲ့ ပရိုတင်း
အမျိုးသားတွေအနေနဲ့ နေ့စဉ် pistachio စားပေးမယ်ဆိုရင် ၃ ပတ် အကြာမှာ လိင်မှု စွမ်းဆောင်ရည် တိုးတက်မှု ရှိတာကို တွေ့ရှိရတယ်လို့ မကြာသေးခင်က လေ့လာခဲ့တဲ့ လေ့လာမှုအရ သိရှိရပါတယ်။ Pistachio မှာပါတဲ့ ပရိုတင်းက သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေသလို ပန်းသေပန်းညှိုးတာကို ကာကွယ်ပေးပါတယ်။ သွေးတိုးတာမျိုး မဖြစ်စေဖို့လည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။
✅အခွံမာရေသတ္တဝါတွေကနေရတဲ့ ဇင့်
ကမာတွေက အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကို တိုးစေနိုင်တယ်ဆိုတာ တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ အကြောင်းကတော့ ကမာမှာ ဇင့်ဓာတ်တွေ ပါဝင်နေလို့ပါပဲ။ ဇင့်က အမျိုးသားဟော်မုန်းဖြစ်တဲ့ တက်စထရိုစတုန်း ထွက်ရှိစေရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အခွံမာရေနေသတ္တဝါတွေက အမျိုးသားတွေကိုရော အမျိုးသားတွေကိုပါ လိင်မှုစွမ်းဆောင်ရည် တိုးတက်စေနိုင်ပါတယ်။
ဒါကြောင့် အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ချင်တယ်ဆိုရင် ပင်လယ်စာတွေ စားပေးလို့ ရပါတယ်။
✅ဖရဲသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း
လေ့လာမှု အချို့အရ သိရတာက ဖရဲသီးမှာ phytonutrients လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီဓာတ်တိုးပစ္စည်းတွေက သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေသလို ပန်းသေပန်းညှိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းနဲ့ နှလုံးကျန်းမာစေပြီး အမျိုးသားတွေကို ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အခြားသော ၈ ရာခိုင်နှုန်းသော အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
✅ခရမ်းချဉ်သီး နဲ့ ဂရိတ်ဖရုမှာပါတဲ့ Lycopene
Lycopene က သွေးသီးဆင်းမှု ကောင်းစေပြီး လိင်မှုစွမ်းဆောင်ရည် ကောင်းမွန်စေဖို့ ထောက်ကူပေးတဲ့ phytonutrients တစ်မျိုးပါ။ ဒီဓာတ်ကို နီနီရဲရဲ ခရမ်းချဉ်သီးလေးတွေနဲ့ ပန်းရောင်သန်းနေတဲ့ ဂရိတ်ဖရုစ်တွေမှာ တွေ့ရပါတယ်။
ဒီဓာတ်ကို ထောပတ်သီး၊ သံလွင်ဆီတွေမှာလည်း တွေ့ရနိုင်ပြီး အမျိုးသားတွေကို ပန်းသေပန်းညှိုး မဖြစ်စေဖို့ရော ဆီးကျိတ်ကင်တာ မဖြစ်စေဖို့ပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ချင်တယ်ဆိုရင် ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ပန်းရောင် ဂရိတ်ဖရု၊ သံလွင်ဆီ စတာတွေကို စားပေးလို့ ရပါတယ်။
✅လက်ဖက်ရည်၊ ကော်ဖီတွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း
လက်ဖက်ရည်၊ ကော်ဖီတွေမှာ ဖလေဗာနွိုက် ပါဝင်နေပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကော်ဖီကို ရေရှည် စွဲသောက်တာ အလွန်အကျွံ သောက်တာတွေက ပန်းသေပန်းညှိုး ဖြစ်စေနိုင်တယ်ဆိုပေမယ့် ကော်ဖီနဲ့ လက်ဖက်ရည်တို့မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေင အရောင်ကျစေသလို သွေးစီးဆင်းမှု ကောင်းစေပြီး ပန်းသေပန်းညှိုးတာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ကဲ …… အခုပြောခဲ့တဲ့ အစားအစာလေးတွေကို ပန်းသေပန်းညှိုး ကာကွယ်ဖို့ စားပေးလို့ ရပါတယ်။
အပေါ်ကပြောခဲ့တာတွေ လိုက်မလုက်ချင်ဘူးဆိုရင် ခူးပြီးခပ်ပြီးဖြစ်တဲ့ Testomax Myanmar က ဆေးဝယ်သောက်လို့လည်းရတယ်နော်
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
Min Dhama Road
Yangon, 11061
အိပ်ယာပေါ်မှာ ဘုရင်တစ်ပါးဖြစ်စေဖို့ MaxMan ကို သုံးကျစို့
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091
BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ
Yangon
A kind of knowledge sharing right now. It will do to continue to develop.