First Baby Preschool
Nearby schools & colleges
San Yeik Nyein 2th Street
Aung Thit Sar 3 Street
Sanchaung Tsp
Hlaing Township
Upper Pazundaung Township
Maynu Street
Ma Naw Hari Street
Aung Zeya Road
Naypyidaw
Shwe Taung Kyar Road (1)
Kyimyindine Township
Hlaing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from First Baby Preschool, Nursery, 118, Kyune Shwe Myaing Street, Thuwanna Township, Yangon.
❤️❤️❤️
လူတစ်ယောက်ပြုပြင်ပြောင်းလဲဖို့အတွက် ဆုံးမတတ်ဖို့လိုပါတယ်။
ဒီကာတွန်းလေးက ဆုံးမရင်းနဲ့ ကောင်းတဲ့စိတ်ထားလေးကို တစ်ခါတည်း သင်ပေးသွားတာပါ။
🔺First Baby Preschool အထူးအဆင့်မြင့်မူကြိုကျောင်း
(၂နှစ်ခွဲမှ ၅နှစ်) (၉:၀၀မှ ၃:၀၀)
(တနင်္လာနေ့မှ သောကြာနေ့)
🔸မူလတန်းကြိုဘာသာရပ်အားလုံးသင်ကြားပေးမည်။
🔸အင်္ဂလိပ်စာအထူးပြုကာ UK text, Singapore text များဖြင့် အသံထွက်မှန်ကန်စွာသင်ကြားပေးသည်။
🔸ကလေးတို့၏ တီထွင်ဖန်တီးမှုစွမ်းရည်၊ တွေးခေါ်နိုင်မှုစွမ်းရည်များကို တိုးတက်စေရန်အတွက် ကစားရင်း၊ ကဗျာရွတ်ရင်း၊ သီချင်းဆိုရင်းဖြင့် စာသင်မှန်းမသိ သင်ယူစေသောသင်နည်းစနစ်ကို အသုံးပြုသင်ကြားပေးသည်။(Learning by playing )
ကလေးတို့အတွက်စာသင်ကြားခြင်းသည် ကြောက်စရာ၊ပျင်းစရာလို့မမြင်ဘဲ ပျော်ရွှင်စရာဖြစ်အောင်သင်ကြားရင်း ဘက်စုံဖွံ့ဖြိုးသော သွက်လက်လိမ္မာမေ့သည်းချာများ ဖြစ်စေရပါမည်။
🎓Early Childhood Care Development certificate နှင့်ဘွဲ့ရကျွမ်းကျင် ဆရာမများ၊ MA, MBA ဆရာမများ ကိုယ်တိုင်ဦးစီးသင်ကြားပေးပါသည်။🎓
🔺First baby preschool
ကျောင်းလခ- ၅၀၀၀၀ကျပ် (ဝင်ကြေးမရှိပါ)
ဝတ်စုံ(၂)စုံ - ၁၆၀၀၀ကျပ်
စာရေးကိရိယာကြေး/၆လစာ- ၂၀၀၀၀ကျပ်
ကျောင်းအတွင်းလေ့လာရန်အချိန်- (၉:၀၀-၁၂:၀၀)(စနေနေ့၊တနင်္ဂနွေနေ့ ပိတ်ပါသည်။)
လိပ်စာ- ခြံအမှတ်၁၁၈၊ကျွန်းရွှေမြိုင်လမ်း(၁)၊ဗိုလ်ချုပ်ရွာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့
ဖုံး -09253246269, 095135532
🚌ရန်ကုန်မြို့အနှံ့ကျောင်းကားရှိသည်။ Aircon ကားများဖြစ်သည်။ ကလေးများကိုစောင့်ရှောက်သော ဆရာမ ပါသည်။
🔴 ဆရာများတွင် ကလေးများအားစည်းကမ်းရှိအောင်ပြောပြရမည့်တာဝန်ရှိပါသည်။
🔴 သင်ကြားပေးမည့်ဆရာကိုယ်တိုင်ပညာပြည့်မှ တပည့်တွေပညာပြည့်ပါမည်။
ဇူလိုင်လတွင် preschool ကျောင်းဖွင့်မည်ဟု လျာထားဆွေးနွေးနေမှုများအရ ကျောင်းဖွင့်ချိန်မတိုင်မီ လူဦးရေ စနစ်တစ်ကျစီစစ်နိုင်ရန်၊ အလောသုံးဆယ်စီစဥ်ဆောင်ရွက်ရခြင်းများ မရှိစေရန် ရည်ရွယ်၍ ဇွန်လတစ်လကို ကျောင်းအပ်လက်ခံရန် စီစဉ်ထားခြင်းဖြစ်ပါတယ်ရှင့်။ ကျောင်းဖွင့်လျှင်လည်း ပညာရေးဝန်ကြိးဌာန၏ Covid ကာလ ကျောင်းများဆောင်ရွက်ရမည့် guideline များကိုအတိအကျလိုက်နာဆောင်ရွက်သွားမှာဖြစ်ပါသည်။
🚌 ferry နဲ့ပတ်သတ်သည့် Guideline အတိုင်းဆောင်ရွက်သွားမှာဖြစ်ပါသည်။ ပညာရေးနဲ့ ကျန်းမာရေးဌာနမှ ညွှန်ကြားချက်များကို အတိအကျ
သိရတာနဲ့ ထပ်ပြီးupdate လုပ်ပါမယ်ရှင့်။
♦️ ရုံးချိန် - Monday to Saturday (9am to 5pm)
☎️ 09-513 5532
📍အမှတ် G1/B၊ သံသုမာလမ်း၊ ပဒုမ္မာလမ်းသွယ်၊ ၂၄ ရပ်ကွက်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်း၊ ရန်ကုန်။
Google Maps : Pyin Nyar Nan Daw Private School
ကလေးတွေကို အောက်ပါအကျင့်ဆိုး သုံးခု ကို ဖျောက်ပေးပါ။
ကလေးများဟာ အောက်ပါအကျင့်ဆိုးကြီး သုံးခုကို စွဲကပ်သွားပြီဆိုရင် ဘ၀တစ်ခုလုံး ထိခိုက်တတ်ပါတယ်။ မိဘများ အနေနဲ့ အလေးထားပြီး အမြန်ပြုပြင်ပေးစေလိုပါတယ်။
၁။ မှီခိုလွန်းခြင်း၊ ဦးနောက်မသုံးလိုခြင်း၊ ပြသနာသေးသေးလေးကအစ မိဘကို အကူအညီတောင်းခြင်း။
အချစ်လွန်တော့ အနှစ်ဖြစ်တတ်ပါတယ်။ ကလေးများဟာ အရွယ်ကြီးလာတဲ့အထိ အစစ အရာရာ လူကြီးကို အားကိုးတကြီး ဆက်ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။ ပြသနာသေးသေးလေးကအစ ဖြေရှင်းဖို့ မစဉ်းစားဘူး၊ ဦးနောက်သုံးဖို့ လေးဖျင်းနေတတ်တယ်။
လူကြီးကို အားကိုးလွန်တဲ့ကလေးဟာ စိတ်ဓါတ်ပိုမို ပျော့ညံ့ တတ်ပါတယ်။ အကြံပေးချင်တာကတော့ နေ့စဉ် ပြုလုပ်ရတဲ့ ကိစ္စ အချို့မှာ မိဘများအနေနဲ့ ကလေးကို များများ လုပ်မပေးဖို့ လိုပါတယ်။ ဥပမာ ကလေးကိုယ့်ကိုကို ထမင်းစားခိုင်းတာမျိုး၊ ပန်းကန်သိမ်းခိုင်းတာမျိုး။ ပြီးရင် ကလေးကို မေးခွန်းများများမေးပါ။ ကလေးကို များများစဉ်းစား ဖို့လေ့ကျင့်ပေးတဲ့သဘောပါ။ ကလေး မိမိဖာသာ မိမိပြသနာကို ဖြေရှင်းတတ်အောင် အားပေးအားမြောက်ပြုပါ။ တဖြည်းဖြည်း မိမိကိုယ်မိမိ ယုံကြည်မူ တိုးပွားလာပါလိမ့်မည်။
၂။ လိုချင်တာ မရရင် ချက်ချင်း ဒေါသဖြစ်ခြင်း၊ စိတ်ကောက်ခြင်း၊ လူရိုက်တဲ့အထိ ဖြစ်လာခြင်း၊
ကလေးနည်းတဲ့အိမ်ထောင်စု မှာ တစ်အိမ်သားလုံးက ကလေးကို ဖူးဖူးမူတ်ဝိုင်းချစ်တတ်ပါတယ်။ ပိုးမွေးသလို မွေးတယ်ဆိုပါတော့၊ တဖြည်းဖြည်းနဲ့ ကလေးဟာ မိမိသည်သာ ဒီမိသားစုတစ်ခုလုံးရဲ့ ဗဟိုဖြစ်လာပါတော့တယ်။ လိုချင်တဲ့အရာဆိုရင် ချက်ချင်းရမှ၊ ဘာမဆို ကိုယ့်သဘောတွေ့မှ ပုံစံမျိုး ဖြစ်လာပါတယ်။ နည်းနည်းလေး အလိုမကျရင် အော်မယ်၊ ငိုမယ်၊ ဒေါသထွက်မယ်၊ လူရိုက်မယ်အထိ ဖြစ်လာပါတော့တယ်။
မိဘများအနေနဲ့ အလိုလိုက်သင့်မှလိုက်ပါ။ ကလေးများ စောင့်ဆိုင်းတတ်တဲ့ အကျင်း မွေးပေးပါ။ အခြားသူများရဲ့ ခံစားချက်ကို လည်း ကိုယ်ချင်းစာ စဉ်းစားတတ်ပါစေ။ ကိုယ့်စိတ်လုပ်ရှားမူကို ကိုယ်ထိန်းသိမ်းတတ်အောင် လေ့ကျင့်ပေးပါ။
၃။ ဘာပဲလုပ်လုပ် စိတ်ပါဝင်စားမူ နည်းခြင်း၊ အစမရှိ အဆုံးလည်းမရှိ ဖြစ်တတ်ခြင်း
အာရုံများလွန်းတဲ့ ကလေးမျာကို ဆိုလိုတာပါ။ အဲဒီ အာရုံများလွန်းတဲ့ အကျင့်ကို ငယ်ငယ်ကတဲက ဖျောက်ထားပေးမှ အဆင်ပြေမှာပါ။ ဘာပဲလုပ်လုပ်၊ ဘာပဲဆော့ဆော့ သေသေချာချာ စခိုင်းပြီး ပြီးမြောက်သွားအောင်လုပ်ပါစေ။ ပြီးမှ နောက်တစ်ခု ပြောင်းခွင့်ပြုပါ။ ဥပမာ ပုံဆေးချယ်တယ်ဆိုပါဆို့ ၊ ဆေးချယ်တဲ့ ပုံ ပြီးဆုံးသွားမှ အရုပ်ပေးဆော့ပါ။ အရုပ်ကို ဆော့ပြီးမှ တီဗွီပေးကြည့်ပါ။ တစ်ပြိုင်တည်း လုပ်ခွင့်မပေးပါနှင့်။ ဘာပဲလုပ်လုပ် အာရုံစိုက်စေတဲ့သဘောပါ။
အသုံးဝင်နိုင်ကြပါစေ။
Credit Sya Aung Ko Latt
www.facebook.com/BabyCareOnlineStore
First Baby Preschool မှ ဆရာ၊ဆရာမများကို အမှတ်တရလက်ဆောင်ပေးခဲ့ခြင်း အမှတ်တရ။
ကလေးတွေကို လူတောမတိုးအောင် မိဘတွေကိုယ်တိုင် လုပ်တတ်တဲ့အမှား ၄ ခု ချမှတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်း အမှားတွေကြောင့် ကလေးတွေဟာ အကြောက်တရားတွေ ကြီးစိုးသွားပြီး လူမှုဆက်ဆံရေး...
မိဘများကို ကျောင်းပိတ်ရက်အသိပေးကြော်ညာချက်
ကလေးငယ်များကို ကျောင်းပိတ်ရက်အတွင်း မိမိနေအိမ်တွင် ထိမ်းသိန်းစောင့်ရှောက်ရန်အတွက် အစောင့်အရှောက်အုပ်ထိန်းသူ စီစဉ်နိုင်ရန် (၁၈.၃.၂၀၂၀၊ဗုဒ္ဓဟူးနေ့)ကိုကျောင်းဖွင့်ပေးထားပါမည်။
13 Amazing Advantages Of Coloring Pages For Your Child's Development
Do you know that this simple activity could provide lifelong benefits to your children? Yes, you read that right! This simple and fun activity can help greatly in the development of your children.
13 Advantages Of Children Coloring Pages:
Coloring books and sheets are important educational tools to prepare the preschoolers for school. It is also one of the most favorite pastime activities of the kids. It sparks their imagination and gives them an opportunity to express themselves. Give your kids drawing sheets of their favorite cartoons, animals or film stars; they will spend hours coloring it.
Here are some benefits of colouring worksheets for kids:
1. Improve Handwriting:
Children need hand strength and dexterity to manipulate a pencil on a paper. Working on strength can eliminate the possibility of incorrect pencil grasp. Activities like children colouring pages and sheets will help them to hold the writing tool the correct way. This will improve your children’s handwriting.
2. Hand And Eye Coordination:
The basic coordination skills like the proper way of holding the crayons, sharpening the crayons and recognizing what color to use, can help your children greatly.
Coloring diagrams require your kids to color within the specified area. This helps to develop the hand and eye coordination in kids. It also fights cognitive loss, especially if you choose challenging and difficult drawing sheets.
3. Relaxation And Patience:
Coloring can help your children to learn the skill of patience. It allows your children to be relaxed and comfortable while creating a piece of art.
Children can color the shapes and figures anyway they like. It also gives your kids a sense of accomplishment when he finishes coloring a page.
4. Focus:
Focus is one important lesson that your children can learn from coloring. It has been proven that children who spend their time coloring have better concentrations and focus skills.
As your child grows older, he also learns the importance of boundaries in the coloring worksheets for kids. The exposure to boundaries will be a great help while learning to write.
5. Knowledge:
Coloring a picture can help your children to recognize line, perspective, color, hue, shape and form. Your children also learn to recognize patterns.
This, eventually, aids your children to decide on what colors he will use in their next picture.
6. Confidence:
Regular coloring also improves confidence in your young kids.
Completing a coloring sheet gives your kids a sense of accomplishment, which builds their self esteem and confidence.
7. Motor Skill:
The act of coloring can improve motor skills in your children. The motions involved in coloring like holding the tools and scribbling with crayon can help in the development of the tiny muscles in his wrist, fingers and hands. Fine motor skills help your children to write and manipulate small objects. This helps your children to perform better academically.
Coloring helps to develop and strengthen the hand muscles, which later helps with activities like typing and lifting objects.
8. Stimulates Creativity:
Coloring gives your kids an opportunity to express their creative side. A child makes an imaginary world in his mind before drawing the picture on the sheet. So, hand your kids a box of crayons and set them free. This can lead to many highly desired outcomes. It allows your children to think about the different color combinations that he or she can use to give an appealing look to the picture.
Do not fret if your kids are not coloring properly or if he is coloring outside the lines. Praise them for his effort. If you see your kids making mistakes while coloring, help them with it instead of chiding. Teach him how to fill a space and do up and down stroke. You can also teach him to use complementary colors to make the picture appear more vibrant. Coloring is also an excellent medium of expression. Children often express their personality through drawing and coloring.
9. Self-Expression:
Some children like to express themselves through words, while some use the form art. You can tell a lot about a person by the colors he uses and the image he draws.
If a child draws disturbing images like skull, then he needs your help urgently. If a child draws sun, hearts and other cheerful objects then he may be expressing content and satisfaction
10. Color Recognition:
Children receive their first exposure to the color wheel by crayons, colored pencils and markers. They learn to tell the difference between green, yellow, red, pink and so on. Using different colors gives your children a chance to explore the different color combinations.
It also teaches your children about lesser known colors. Children who learn early about color wheel have an easier time understanding the makeup and mixing of colors.
11. Therapeutic:
Coloring is proven therapeutic for some kids, especially if they do it frequently. They vent their feelings, frustrations and other emotions though coloring.
An angry child vents out his frustration by scribbling over the picture of the sun or outside the lines.
12. Grip:
For many kids, crayon is the first object that they learn to hold in a certain manner. It is very important for your children to have proper grip and control over their writing and coloring tools.
This will help them greatly to work on penmanship.
13. Language Development:
Coloring and just talking about it will give your kids an opportunity to learn new words and sentences. Children use descriptive words to talk about their feelings when they see different styles of coloring sheets. Children coloring pages aids in developing their critical thinking ability.
Lastly and most importantly, coloring will also allow you and your child to have some quality time together.
Hope you liked reading this article. Share your views by commenting below.
 https://www.momjunction.com/articles/amazing-advantages-coloring-pages-childs-development_0086656/
Corona virus🤧🤐💃🏻🕺🏻
Science around us
Happy kids 😍😍😍😍😍
Guide to Speech Delay
***********************
မိဘတိုင်းက ကိုယ့်ရဲ့ ကလေးလေးတွေ ပြောလာမယ့် ပထမဆုံး စကားလုံးတွေကို စိတ်လှုပ်ရှားစွာ စောင့်စားတတ်ကြပါတယ်။ ကလေးက စကားပြောနောက်ကျရင် မိဘတွေအနေနဲ့ စိုးရိမ်စရာ၊ပူပန်စရာတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကလေးတော်တော်များများက အသက်(၂)နှစ်ဝန်းကျင်မှာ ဘာအခက်အခဲမှ မရှိပဲ စကားပြောလာတတ်ကြပါတယ်။ ကလေး ၄ယောက်မှာ ၁ ယောက် ဟာ စကားပြောနောက်ကျနိုင်ပြီး အများအားဖြင့် အထူးထောက်ကူပြုမှု မလိုပဲ အဆင်ပြေ သွားတတ်ကြပါတယ်။ ကလေးရဲ့ စကားပြောဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘယ်အချိန်မှာ specialist ပြသင့်ပြီလဲ ဆိုတာတော့ မိဘများ သိထားသင့်ပါတယ်။
ကလေးများ ပုံမှန်စကားပြောခြင်း။
***************************
ကလေး တစ်ယောက်နဲ့ တစ်ယောက်ဟာ ဖွံဖြိုးမှု မတူပါဘူး။ ယေဘုယျ အားဖြင့်တော့
- ကလေးဟာ အသက် တစ်နှစ်အရွယ်မှာ စကားလုံး တစ်လုံးပြောနိုင်သင့်ပါတယ်။ ( ဥပမာ= မေ၊ပေး၊ဘဘ)။
-အသက် ၁၈လ ကနေ ၂ နှစ် မှာတော့ စကားလုံး ၂- လုံးတွဲ ပြောနိုင်နေသင့်ပါတယ်။( ဥပမာ= မန်မန်စား၊ ရေသောက်၊ ကောင်းတယ်၊ ပေးပါ)
-အသက် ၃- နှစ် မပြည့်ခင်မှာတော့ စကားလုံး သုံးလုံးပါ စာကြောင်းပြောနိုင်နေပါပြီ။ (ဥပမာ= စာအုပ်ယူပေးပါ။ ပြေးလာမယ်။ သားကစားမယ်)
ပုံမှန်အားဖြင့် ၁၈ လ ကလေး တစ်ယောက်ဟာ စကားလုံး ၅၀-၁၀၀ လောက် ပြောနိုင်တတ်ပေမယ့် သူနားလည်နိုင်တာကတော့ အဲဒီထက်ပိုပါတယ်။ ကလေးရဲ့ အမူအယာ လုပ်ပုံတွေ၊ ညွှန်ကြားပြောဆိုတာတွေကို လိုက်လုပ်တာတွေကို ကြည့်ပြီးတော့လဲ ကလေးတစ်ယောက်ရဲ့ နားလည်နိုင်စွမ်းနဲ့ ဆက်ဆံနိင်စွမ်းကို အကဲခတ်နိုင်တာမို့ စိုးရိမ်စရာ အကြောင်းက နည်းပါးပါတယ်။
ဘာကြောင့် စကားပြောနောက်ကျတာလဲ။
*********************************
မျိုးရိုးဗီဇနဲ့ ကလေးရဲ့ ပင်ကိုယ် စရိုက်ကြောင့်လဲ စကားပြောနောက်ကျနိုင်ပါတယ်။ မိဘ က လိုတာတွေအားလုံး ကလေးတောင်းစရာ၊ပြောစရာမလိုပဲ လုပ်ပေးရင်၊ ကလေးကို ပြောခွင့်၊ စဉ်းစားခွင့်မျိုးမပေးပဲ ကြိုပြောပြီး လုပ်ပေးလိုက်တာမျိုးဆိုရင်လဲ ကလေးက စကားပြောဖို့ မကြိုးစားတော့ပါဘူး။
ဥပမာ- ကလေးက ရေခွက်တင်ထားတဲ့နားလာနေတာကို "သားက ရေခွက်လိုချင်လို့လား။ ရေငတ်လို့လား။ ရော.သောက်။ မကိုင်နဲ့ ။ ဖိတ်ကုန်မယ်။ မေမေ တိုက်မယ်" ဆိုရင် ကလေး က ဘာမှ ပြောစရာ၊ လုပ်စရာ မလိုတော့ပါဘူး။ ကြိုးစားစရာလဲ မလိုတော့ပါဘူး။ ပြောခွင့်လဲ မရလိုက်ပါဘူး။
အဲဒီအစား.... ကလေးလာနေရင် သူရေလိုချင်မှန်းမေမေ သိပေမယ့် " သားဘာလိုချင်လို့လဲ" ဆိုပြီး သူ့ကို မေးပါ။ပြီးတော့ စက္ကန့်အနည်းငယ်စောင့်ပေးပါ။ ကလေးက အသံ အနည်းငယ်ပြုလာရင် "ရေလား... သားလေးက ရေ သောက်ချင်တာလား" လို့ ဖြေးဖြေးပြောပြီးမှ ပေးသင့်ပါတယ်။ ကလေး က" ရေ" ဆိုတဲ့ စကားလုံးကို မှတ်မိအောင်ပါ။
သားယောက်ျားလေးများက မိန်းကလေးထက် စကားပြောနောက်ကျတတ်ပါတယ်။ ၁၆လ သားမှာ ယောက်ျားလေးများက စကားလုံး ၃၀ ပြောနိုင်နေရင်၊ မိန်းကလေးများက ၅၀ လောက်ပြောနိုင်တတ်ပါတယ်။
လမစေ့ပဲမွေးသော ကလေးများ၊ပျမ်းမျှကိုယ်အလေးချိန်အောက်မွေးဖွားသောကလေးများ၊ မွေးစမှာ ကျန်းမာရေးအခြေအနေ တစ်ခုခုရှိသော ကလေးများဟာ စကားပြောနောက်ကျနိုင်တဲ့ အခြေအနေပိုများပါတယ်။
အကယ်၍ ကလေးရဲ့ ပထမနှစ်အတွင်းမှာ နားထဲရေဝင်တာကြာတာမျိုး၊ နားနာခြင်း( ear infection) ဖြစ်ထားတာမျိုးဆိုရင် ကလေးရဲ့ အကြားအာရုံကို အားနည်းစေနိုင်တတ်ပါတယ်။ ဒီလိုနဲ့ ကလေးဟာ စကားပြောရမယ့် အရွယ်မှာ အခက်အခဲဖြစ်ပြီး စကားပြောနောက်ကျစေနိုင်ပါတယ်။
ကလေးတစ်ယောက်ဟာ စကားပြောတာနောက်ကျတယ် ဒါပေမယ့် သူရဲ့ တခြား ဖွံ့ဖြိုးတိုးတက်မှုတွေ က ပုံမှန်တိုးတက်နေတယ်ဆိုရင် ကလေးဟာ အခြားစွမ်းရည်တွေကို အာရုံစူးစိုက်နေတာဖြစ်နိုင်ပါတယ်။ ဥပမာ- လမ်းလျှောက်ခြင်း။ ( စကားပြောမယ့်အစား)
စကားပြောနောက်ကျခြင်း( speech delay) ဖြစ်နေနိုင်တယ်တဲ့ လက္ခဏာများ
*************************************************************
အသက်၂-နှစ်မတိုင်ခင် ကာလမှာ စကားမပြောသေးရင် သာမန်ပဲလို့ စဉ်းစားလို့ရပါသေးတယ်။ဒါပေမယ့် အချို့လက္ခဏာတွေကတော့ ကလေးဟာ ကုသမှု အကူအညီ လိုနေနိုင်တယ်ဆိုတာကို ညွှန်ပြပေးပါတယ်။
အသက် ၁-နှစ်မှာ
***************
ကလေး သံလေးနဲ့ ဗလုံးဗထွေးပြောတာ၊ မပီကလာ ရယ်စရာကောင်းတဲ့ စကားတွေပြောတာမျိုး လုံးဝမရှိဘူး။ ဖေဖေ မေမေ တို့ စကားပြောတဲ့အခါ နားလည်တဲ့ ပုံစံမပြဘူး တုံ့ပြန်မှုမရှိဘူး။
အသက် ၁၈-လမှာ
***************
ကလေးဟာ အနည်းးဆုံး စကားလုံး တစ်လုံး တောင် မပြောသေးဘူး။
အသက် ၂-နှစ်မှာ
**************
ကလေးဟာ စကားလုံး နည်းနည်းလေးပဲပြောတယ်။ အများအားဖြင့် တိုးတိုးလေး မသဲကွဲပဲ ပြောပြီး၊ လက်ညှိုးထိုးပြီးပဲ ဆက်ဆံမှုကို လုပ်တယ်. ဒါမှမဟုတ် ကလေးဟာ သူရဲ့ စကားပြောစွမ်းရည် လျော့ကျလာတယ်။ ( အရင်က ပြောနေကျ စကားလုံးတွေကို မပြောတော့တာမျိုး၊ အရင်ကနည်းနည်းပါးပါးပြောပြီးနောက်လုံးဝမပြောတော့တာမျိုး)
အသက် ၂ ၁/၂ နှစ်မှာ
****************
ကလေးဟာ အ၊အီ၊အို စသည်ပဲ အသံထွက်ပြီး စကားလုံး အပြည့်စုံ အသံမထွက်ခြင်း (သို့) စကားလုံး ၅၀ ခန့် မပြောတတ်ခြင်း။
အသက် (၃)နှစ်မှာ
***************
ကလေးရဲ့ အသံထွက်ကို လူစိမ်းများ နားမလည်ခြင်း။ (သို့) စကားလုံး ၂လုံးသာ ပါတဲ့ စကားကိုပြောတတ်ခြင်း။ဥပမာ- ရေသောက်၊ စားချင်၊
ဘာလုပ်မလဲ?
************
ကလေးဟာ Late bloomer နှောင်းပန်းလေးများဆိုရင်လည်း ၂နှစ်ခွဲလောက်မှာ အမီလိုက်နိုင် catch up လုပ်နိုင်နေပါပြီ။ ဒီအရွယ်မှ မပြောရင် ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြသသင့်ပါပြီ။
အသက်၂နှစ်မတိုင်ခင်မှာ ကလေးတွေဟာ လူကြီးတွေရဲ့ အသံကို နားထောင်ပြီး စကားလုံးတွေ သင်ယူတာပါ။ ဒါကြောင့် ကလေးကို အသံထွက်ပြီးစာဖတ်ပြတာ၊သီချင်းဆိုတာ၊ မေးခွန်းမေးပြီး ဖြေချင်လာအောင် လမ်းဖွင့်ပေးတာ တွေ လုပ်သင့်ပါတယ်။ ဆပ်ပြာပူဖောင်းမှုတ်ပြီး ကစားတာဟာ ခံတွင်းကြွက်သားတွေကို ဖွံ့ဖြိုးသန်မာစေပါတယ်။ ဖုန်းပြောတမ်းကစားတာ၊ သရုပ်ဆောင်ကစားတာတွေဟာ စကားပြောခြင်းကို အားပေးပါတယ်။
ထင်ရှားသော စကားပြောနောက်ကျသူများ။
*****************************
ဖေဖေ မေမေတို့ အနေနဲ့ ကလေးစကားမပြောသေးဘူးလားလို့ အမေးခံရတာ ကို ငြီးငွေ့စိတ်ပျက်လာပြီဆိုရင် အောက်ပါ ထင်ရှားသူတွေဟာ သူတို့ ၂နှစ်မတိုင်ခင် စကားမပြောကြပါဘူး ။ တစ်ချို့ဆို ၄ နှစ်မှပြောပါတယ်။
Gary Becker, Nobel Prize-winning economist
Albert Einstein, theoretical physicist
Julia Robinson, the first woman president of the American Mathematical Society
Arthur Rubinstein, piano virtuoso
Edward Teller, physicist and nuclear power pioneer
ကလေးတစ်ယောက်ချင်းစီတိုင်းက ဖွံဖြိုးမှု မတူပါဘူး။ တချို့က လွယ်လွယ်ကူကူ စောကြီးပြောပေမယ့် တစ်ချို့က နောက်ကျပါတယ်။ နောက်ကျမှပြောတဲ့ ကလေးတွေဟာလဲ နောက်ပိုင်း ပုံမှန် ပြောလာတတ်ကြပါတယ်။ မိမိတို့ ကလေးနဲ့ ပတ်သက်ပြီး သံသယရှိရင် တွေဝေစောင့်ဆိုင်း မနေပဲ ကျွမ်းကျင်သူနဲ့ ပြသသင့်လှပါတယ်။ ဒါမှ လိုအပ်သော ကူညီမှု treatment ကို ပေးမှ ကလေးဟာ ပိုကောင်းလာနိုင်မှာပါ။
မေတ္တာဖြင့်
နီတိုးလေးမေမေ။
နီတိုးလေးမေမေ မိခင်ဘဝ
Ref; parent.com
“Love the world as your self; then you become one and truly care for everything “
They know how to love and care for the nature.🎋🐼🎋🎋🌞
ကျောင်းမှာကလေးတွေ mask တွေတော့တပ်လာပါရဲ့ ဒါပင်မယ့်
-နှာခေါင်းတွေဖော်ထားြကတယ်။
-တချို့ကျတော့ maskကိုတွေ့တဲ့နေရာ၊ ချချင်တဲ့နေရာမှာ ချထား ပြီးရင်ပြန်ကောက်တပ်တယ်။
-mask ပြောင်းပြန်တွေတပ်ထားကြနဲ့မလို့ ဒီpostလေးတင်ပေးလိုက်ပါတယ်။
သင့်ကလေးကိုအောင်မြင်ပြီးစမတ်ကျတဲ့သူဖြစ်လာအောင်လုပ်နိုင်မယ့်နည်းလမ်းများ ၃လကြာ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုဟာ မှတ်ညဏ်နဲ့ သင်ယူမှုကို ၃၀ရာခိုင်နှုန်းတိုးတက်စေပါတယ်။ ဒီတော့သင့်နဲ့သင်....
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ(၃.၁.၂၀၂၀၊ သောကြာနေ့)
ပွဲကျင်းပခဲ့သော အစီအစဉ်များ
-ဗိုလ်ချုပ်အောင်ဆန်းကဗျာအဆိုပြိုင်ကြပုံများ😍🥰😘
-အမေစု ကဗျာအဆိုပြိုင်ကြပုံများ😍🥰😘
-Food Fair
-ကျောင်းမှအမှတ်တရလက်ဆောင်များပေးခြင်း၊ကစားပွဲများပျော်ရွှင်စွာကစားကြခြင်း...
-ပျော်ရွှင်စွာ အာလူးကောက်ကြတယ်
-ဘောလုံးဖောက်ကြတယ်။
(ဘောလုံးသံ ကိုယ်တွေတောင်လန့်နေတာ။ သူတို့လေးတွေက မလန့်ပါဘူးဗျာ 😳)
-ဇွန်းနဲ့ ဘောလုံးသယ်ကြတယ်။
(တစ်ချိန်လုံးအငြိမ်မနေနိုင်တဲ့ကလေးတွေ ဒါမျိုးြကတော့ ငြိမ်တယ်ခင်ဗျ🤭🙊)
-Horn on the Triceratops,Dinosaur Game, Triceratops Game,
- # Dinosaur 🦕 Dinosaur 🦖
-ဆရာမတွေ ပဲများ🙊🙉🙈🐵(ဆရာမလဲ လူပဲ၊ ပဲများြပဇေ🤫)
#အမှတ်တရဓါတ်ပုံများ
-ကလေးငယ်များအချင်းချင်း အမှတ်တရလက်ဆောင်များလဲလှယ်ကြတယ်
(ကိုယ်ပေးတဲ့အရုပ် ကို ကိုယ်ပြန်လိုချင်လို့ ငိုကြယိုကြပေါ့ဗျာ။ 😬😢😩)
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ(၃.၁.၂၀၂၀၊ သောကြာနေ့)
ဗိုလ်ချုပ်အောင်ဆန်းကဗျာအဆိုြပိ ုင်ြကပုံများ😍🥰😘
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ(၃.၁.၂၀၂၀၊ သောကြာနေ့)😍🥰😘
First Baby ကျောင်းအုပ် နှင့် ဒုကျောင်းအုပ်တို့မှ အမှတ်တရလက်ဆောင်ပေးနေပုံ 😀😃😄
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
118, Kyune Shwe Myaing Street, Thuwanna Township
Yangon
No. 151, Yarza Dirit Lane, 14/5 Ward, Shwe Paukkan, North Okkalapa Township
Yangon, 11032
Lay the foundation for future success
51/A Thayawaddy Road, Sayarsan Ward , Bahan Township
Yangon
Early Childhood Care and Development Service
No. 467, 50 QTR, Sein Pann Myaing Street, North Dagon TSP
Yangon
Play, Learn and Grow Together