Oak Ta Chat Thal Ta Pwint Foundation
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oak Ta Chat Thal Ta Pwint Foundation, Medical and health, Thuwunna Artificial Turf stadium, Myanmar Football Academy, Waizayantar Road, Th, Yangon.
အုတ်တစ်ချပ် သဲတစ်ပွင့် ဆိုသည်မှာ မြန်မာနိုင်ငံသား လူငယ်လုပ်ငန်းရှင်များဦးဆောင်ပြီး တိုင်းပြည်အခြေအနေနှင့်လတ်တလောဖြစ်ပေါ်နေသောCovid19ကူးစက်မြန်ရောဂါဖြစ်ပွားနေမှုအပေါ် ရောဂါကုသမှုအတွက် ခက်ခဲနေချိန်တွင် မြန်မာ ပြည်သူပြည်သား များအတွက် လိုအပ်နေသော ကျန်းမာရေးထောက်ပံ့မှုများ ပေးနိုင်ရန်နှင့် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရန် ဖွဲ့စည်းထားသော non-profit အဖွဲ့အစည်းဖြစ်ပါသည်။
လက်ရှိဖြစ်ပေါ်နေသော Covid-19 ကာလတွင
ယနေ့တွင် အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်း၊ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာရှိ လူနာများ၏ အခမဲ့ ကိုဗစ်ရောဂါကုသမှု အတွက် မရှိမဖြစ်လိုအပ်သော Remdesivir Injection(Covifor) 50 sets(300) Bot ကို
Myan Healthcare International Company Limited မှ တတိယအကြိမ်အဖြစ် ထပ်မံ လှူဒါန်းပေးအပ်သွားပါသည်။ ပထမနှင့် ဒုတိယ အသုတ် လှူဒါန်းခဲ့သော Covifor အစုံ 250 (1500 Bot) ကို အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်း၊ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာတွင်တက်ရောက်ခဲ့သော ကိုဗစ်ရောဂါလက္ခဏာပြင်းထန်လူနာများအတွက် ကုသမှု ၊ ကိုဗစ်ရောဂါ
မပြင်းထန်သော်လည်း ပြင်းထန်ကိုဗစ်ရောဂါပြောင်းနိုင်ချေများသော လူနာများအတွက် ကာကွယ် အနေဖြင့် စနစ်တကျ အသုံးပြုခဲ့ပြီးပါသည်။ ပြည်သူအများ၏ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်မှုအတွက် မြင့်မြတ်သော ကျန်းမာရေး ဆေးဝါးအလှူ လှူဒါန်းသော Myan Healthcare International Company Limited ကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် Myan Healthcare International Company Limited ဆထက်ထမ်းပိုး တိုးတက်အောင်မြင်ပါစေကြောင်း အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်း၊ သုဝဏ္ဏကိုဗစ်စင်တာမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။
🔸အိုမီခရွန်ဆိုတာ ဘာလဲ
ကူးစက်မြန် Covid 19 ရောဂါရဲ့ မျိုးကွဲတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံမှာ ယခုလတ်တလော အရှိန်အဟုန်နဲ့ ကူးစက်ပျံ့နှံ့နေပါပြီ။
🔸အိုမီခရွန်က ဘာတွေထူးခြားလဲ
ကူးစက်နှုန်း ပိုမိုမြန်ဆန်ပြီး လူတစ်ယောက်နဲ့ တစ်ယောက် ရောဂါပိုး ကူးစက်ဖို့ အလွန်လွယ်ကူပါတယ်။ ကနဦးတွေ့ရှိချက်တွေအရ ရောဂါပြင်းထန်တဲ့ ရာခိုင်နှုန်းဟာ ယခင်မျိုးကွဲတွေလောက် ရာခိုင်နှုန်းမများသေးဘူးလို့ ယူဆကြပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးတွေကလည်း အပြည့်အဝ မကာကွယ်နိုင်သေးတဲ့အတွက် ကာကွယ်ဆေးထိုးပြီးသူတွေမှာလည်း အိုမီခရွန်ကူးစက်မှု ဖြစ်ပေါ်နိုင်ပါတယ်။
🔸အိုမီခရွန်က အရမ်းဆိုးသလား
ကိုဗစ်ရဲ့ရောဂါပြင်းထန်မှုသဘာဝက ကူးစက်ခံရသူရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုယ်ခံအားတွေပေါ်မူတည်တဲ့အတွက် တချို့မှာ ရောဂါခံစားရမှု အရမ်းဆိုးပြီး တချို့မှာ မဆိုးပါဘူး။ ဒါပေမယ့် အိုမီခရွန်က တခြားပိုးတွေနှင့် ယှဉ်ရင်တော့ ရောဂါပြင်းထန်သူအရေအတွက် နည်းသလို ရောဂါပြင်းထန်ဖို့ အခွင့်အလမ်းလည်း နည်းပါတယ်။ ဒါပေမယ့် အချို့သောသူတွေမှာတော့ ယခင်မျိုးကွဲတွေမှာလိုပဲ ဝေဒနာခံစားရမှု ပြင်းထန်နိုင်ပါသေးတယ်။
🔸ဘယ်လိုလက္ခဏာတွေရှိသလဲ
• အဖျားတက်မယ်၊ အချို့မှာ ချမ်းစိမ့်ပြီး ဖျားတယ်။
• ကိုယ်လက်တွေ နာကျင်မယ်၊ အားအင်ကုန်ခမ်းပြီး နွမ်းနယ်နေသလိုခံစားရမယ်။
• လည်ချောင်းနာမယ်။
• ချောင်းဆိုးမယ်၊ သလိပ်ထွက်နိုင်ပါတယ်။
• နှာရည်ကျမယ်၊ နှာခေါင်းပိတ်မယ်။
• ယခင် ကိုဗစ်ပိုးတွေနဲ့ မတူတာက အနံပျောက်တာ အရသာပျောက်တာ သိပ်မတွေ့ရပါဘူး။
ရောဂါလက္ခဏာအနည်း အများနဲ့ ခံစားရတဲ့ ပမာဏ တစ်ယောက်နှင့် တစ်ယောက် မတူနိုင်ပါ။ အများစုမှာ ၃ ရက် မှ ၅ ရက်အတွင်း လက္ခဏာတွေ သက်သာသွားတတ်ပါတယ်။
🔸”အုတ်တစ်ချပ် သဲတစ်ပွင့်” ဖောင်ဒေးရှင်းရဲ့ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာမှာ ဘယ်သူတွေကို ကုသပေးနေလဲ
တခြားဆေးရုံ၊ ဆေးခန်းတွေမှာ စစ်ဆေးပြီး ပိုးတွေ့လူနာများကို လွှဲပြောင်းပေးလာခဲ့ရင် လက်ခံကုသပေးပါတယ်။ မိမိကိုယ်တိုင် သံသယရှိလို့ စင်တာသို့ လာရောက်စစ်ဆေးသူများမှာ ပိုးတွေ့ရင်လည်း လက်ခံကုသပေးနေပါတယ်။
🔸ဘယ်သူတွေ လာစစ်ဖို့လိုလဲ
Covid 19 ရောဂါလက္ခဏာများရှိပြီး သွေးတွင်း အောက်စီဂျင်ပမာဏကျဆင်းသူတွေ ချက်ချင်းလာရောက်ဖို့ လိုပါတယ်။ ရောဂါပြင်းထန်ဖို့ အခွင့်အလမ်းများသူတွေအနေနဲ့ Covid 19 လက္ခဏာ သံသယရှိလာပါက စောစီးစွာ လာရောက် စစ်ဆေးသင့်ပါတယ်။
အောက်ပါ လူနာများဟာ Covid 19 ရောဂါနဲ့ပတ်သက်တဲ့ လက္ခဏာတစ်ခုခု ဖြစ်လျှင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးမှာ Covid 19 (Positive) ဖြစ်လျှင်ဖြစ်စေ စောစီးစွာ လာရောက် စစ်ဆေးသင့်ပါတယ်။
• ဆီးချိုရောဂါ၊
• ရင်ကျပ်ပန်းနာနှင့် အဆုတ်ပွရောဂါရှိသူ၊
• သွေးတိုး၊ နှလုံးရောဂါ၊
• ကျောက်ကပ်အားနည်းရောဂါ၊
• အဝလွန်သူ၊
• ခုခံအားကျဆေးတွေသောက်နေရသူ (ဥပမာ ကိုယ်အင်္ဂါအစားထိုးထားသူ၊ အရိုးအဆစ်ရောဂါများအတွက် စတီးရွိုက်ဆေးများ ရေရှည်သောက်သုံးနေသူတွေ)
• ကာကွယ်ဆေး ၂ ကြိမ် မထိုးရသေးသူတွေ
• ယခင် Covid 19 ရောဂါ မဖြစ်ဖူးသူတွေ
🔸သုဝဏ္ဏကိုဗစ်ကုသရေးစင်တာရောက်ရင် ဘာတွေလုပ်ပေးမှာလဲ
ကျန်းမာရေး ဌာနမှ သတ်မှတ်ထားသည့်ရက် အတိုင်း သီးသန့် နေထိုင်ရပါမယ်။ ထိုသို့နေထိုင်စဉ် စားသောက်၊ နေထိုင်မှုအတွက် စင်တာမှ (အခမဲ့) အားလုံးစီစဉ်ပေးပါတယ်။ ရောဂါပြင်းထန်ဖို့ အခွင့်အလမ်းများတဲ့သူတွေကို ပိုးတွေ့တွေ့ချင်း ရမ်ဒီစီဗီအာဆေးကို ကြိုတင်သွင်းပေးပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ရောဂါပြင်းထန်မှုနှင့် အသက်အန္တရာယ်ကို လျှော့ချပေးနိုင်ကြောင်း အထောက်အထားများရှိပါတယ်။
စင်တာမှာ နေထိုင်စဉ်အတွင်း ပြင်းထန်ကိုဗစ်လက္ခဏာများကို နေ့စဉ်စောင့်ကြည့်ပေးပါတယ်။
ရောဂါပြင်းထန်သူများကို အောက်စီဂျင်ပေး၍ ကုသခြင်း၊ ဒက်ဇာ အဆုတ်ယောင်ကျဆေးပေးခြင်း၊ သွေးမခဲဆေးပေးခြင်းနှင့် ရောဂါအလွန်ပြင်းထန်သူများကို HFNC ခေါ် စွမ်းအားမြင့် အောက်စီဂျင် မှုတ်သွင်းစက်ဖြင့် ကုသခြင်း၊ စွမ်းအားမြင့် စတီးရွိုက်ဆေးများဖြင့် ကုသခြင်း၊ တော့စီလီဇူးမက် ဆေးသွင်းကုသခြင်းတို့ကို လိုအပ်သလို ချိန်ဆဆောင်ရွက်ပေးပါတယ်။
🔸ပိုက်ဆံ ဘယ်လောက် ကုန်မှာလဲ
စင်တာမှာ နေထိုင်စဉ်အတွင်း၊ အစားအသောက်၊ သွေးစစ်ဆေးခြင်း၊ ဓာတ်မှန် ရိုက်ခြင်းနှင့် ဆေးဝါးအများစုကို အလှူရှင်များ၏ အကူအညီဖြင့် စင်တာမှ ကျခံပေးပါတယ်။ တော့စီလီဇူးမက်ဆေးသွင်းရန် လိုအပ်ပါက လူနာမှ ကျခံပေးရပါတယ်။
အထူးသတိပြုရန် ။ ။ စဖြစ်ပြီး (၅) ရက်အတွင်း Antiviral ဆေး Remdesivir သွင်းနိုင်ခဲ့မယ်ဆိုရင် အောက်စီဂျင်မကျအောင် ၉၈% ကာကွယ်နိုင်ပါတယ်။ ရောဂါ အခံရှိသူ၊ အဝလွန်သူ နှင့် အသက်၆၀ ကျော်သူများ တတ်နိုသ်သမျှ အစောဆုံးသိအောင်လုပ်ပြီး စင်တာကို အစောဆုံးလာကြဖို့ တိုက်တွန်းလိုက်ပါရစေ။
Credit ama Prof Than Than Aye
Date 6-2-22
Omicron... အခု Covid 19 ရဲ့ မျိုးကွဲဖြစ်တဲ့ ပိုးအသစ် Omicron ဆိုတာ ရောက်လာပြန်ပါပြီ။
****
COVD 19 ကူးစက်ခံနေရချိန်မှာ အောက်စီဂျင်ကျခြင်းမရှိ ၊ သေဆုံးခြင်းမရှိ " Zero Rate"ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ။
****
Delta (ဒယ်လ်တာ) ကတော့ တတိယလှိုင်းတုန်းက လူတော်တော်များများသိပြီးတဲ့ ကိုဗစ်ပိုး(ဆားစ်ကိုဗီတူး ) ဖြစ်ပါတယ်။ သူရဲ့ ပြင်းထန်တဲ့အစွမ်းကြောင့် တော်တော်လေး ထိတ်လန့်ခဲ့ရပါတယ်။ ဘဝမှာ မထင်မှတ်ထားတဲ့ ဆုံးရှုံးမှုကြီးတွေ၊ ချစ်ခင်သူတွေနဲ့ ခွဲခွါရတဲ့ သောကတွေ ၊ ထိတ်လန့်စိုးရိမ်စရာတွေ အများကြီး ကြုံလိုက်ရပြီ ဖြစ်ပါတယ်။
ကိုဗစ်တတိယလှိုင်းကြီးငြိမ်သွားလို့ စိတ်သက်သာရုံ ရှိသေးတယ်...အိုမီခရွန်ဆိုတဲ့ ပိုးအသစ်က ရောက်လာပြန်တယ်။
ဒီ Omicron မျိုးကွဲကို တောင်အာဖရိကနိုင်ငံမှာ ၂၀၂၁ နိုဝင်ဘာလအတွင်း စတင်တွေ့ရှိခဲ့ပါတယ်။ Spike Protein မှာ Mutation (ဗီဇပြောင်းလဲမှု) ဖြစ်ပေါ်လာခြင်းဖြင့် ပိုးအသစ်တစ်မျိုး ဖန်တီးလိုက်ပြန်ပါတယ်။ ကာကွယ်ဆေးထိုးထားလို့ (သို့မဟုတ်) ကိုဗစ်ရောဂါဖြစ်ထားပြီးလို့ Antibody တွေ ၊ Memory T Cell တွေအသင့်ရှိထားပြီးတာတောင် စိတ်ချလို့မရပြန်ပါဘူး။
အိုမီခရွန်က Mutation ဗီဇပြောင်းလဲမှုကြောင့် ပိုးအသစ်(လူစိမ်း) လိုဖြစ်သွားတဲ့အတွက် ခုခံအားအပြည့် Antibody ထွက်ထားပြီးသူတွေမှာတောင် ကူးစက်ခံနေရတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုမီခရွန်ဟာ ပုံစံအသစ်နဲ့ ပြန်လည်ဝင်ရောက်လာတာဖြစ်လို့ Immune System ဖြစ်တဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မျက်လှည့်ပြနိုင်တဲ့အတွက် Antibody အတားအဆီးကို ရှောင်ကွင်းပြီး ဝင်ရောက်တိုက်ခိုက်နိုင်စွမ်းရှိတာ တွေ့ရပါတယ်။
ခုခံအားစနစ်ရဲ့ မှတ်ဉာဏ် Immune Memory Cell မှာ တိုက်ခိုက်ရမယ့်ရန်သူလို့ မှတ်သားထားတဲ့ ယခင်ကိုဗစ်ပိုးတွေနဲ့ မတူတော့လို့ ခုခံအားစနစ်က တိုက်ခိုက်ရမှန်းမသိတော့ဘဲ ဒီအတားအဆီးကို ပေးကျော်လိုက်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကိုလည်း ကျော်ဖြတ်ပြီး လူ့ခန္ဓာကိုယ်တွင်းကို ဝင်ရောက်တိုက်ခိုက်နေနိုင်တာဖြစ်ပါတယ်။
အိုမီခရွန်ဟာ ရောဂါကူးစက်မှုနှုန်းများသလို မြန်လည်းမြန်ပါတယ်။ ဒါကြောင့် လူတိုင်း ကိုဗစ်ဖြစ်နိုင်တယ်။ ဖြစ်ပြီးသူလည်း ပြန်ဖြစ်နိုင်တယ်။ ကာကွယ်ဆေး ၄ လုံးအထိထိုးပြီးပေမယ့်လည်း ကူးစက်နိုင်ပါတယ်။ ကိုဗစ်လည်းဖြစ်ပြီးပြီ၊ ကာကွယ်ဆေးလည်း ထိုးပြီးပြီဆိုတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။
လတ်တလော လေ့လာတွေ့ရှိချက်တွေအရတော့ အိုမီခရွန်ပိုးအသစ်ဟာ ကူးစက်နှုန်းအလွန်မြန်ပေမယ့် ပိုးရဲ့ တိုက်ခိုက်မှုက သိပ်မပြင်းထန်သေးပါဘူး။ ယခင်ဒယ်လ်တာ Delta ပိုးထက် အများကြီးပျော့တယ်လို့ အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံအရ သိရပါတယ်။
Covid Positive ဖြစ်ပေမယ့် ခုခံအားစနစ်အသင့်အတင့်ရှိတဲ့အတွက် Severe Covid (ဆိုးရွားတဲ့ကိုဗစ်) မဖြစ်အောင် ကာကွယ်ထားနိုင်တာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကို ၄-၆ လအကြာမှာ Booster တစ်လုံးထပ်ထိုးပြီး အားဖြည်ဖို့် တိုက်တွန်းကြပါတယ်။ ဒါပေမယ့် အိုမီခရွန်ပိုးကို ကာကွယ်နိုင်မယ်ဆိုတာကိုတော့ အတိအကျပြောလို့မရသေးပါဘူး။
အဆိုးထဲက ကောင်းတဲ့အချက်လေးတွေကတော့ အောက်စီဂျင်ကျတဲ့ဖြစ်စဉ်တွေ မတွေ့ရသလောက် တော်တော်နည်းပါတယ်။ ဒါ့အပြင် ပိုးက ပျော့နေသေးတဲ့အတွက် ဆေးရုံတက်ရလောက်တဲ့အထိ အရမ်းဆိုးတဲ့ Severe Covid ဖြစ်နှုန်း အများကြီးနည်းသွားပါတယ် ။
ဒါပေမယ့် မတော်တဆ အောက်စီဂျင်ကျပြီဆိုရင်တော့ ယခင်ကိုဗစ်လိုမျိုး ဆိုးရွားတဲ့ဖြစ်စဉ်တွေကြုံရမှာပါ။
ဒက်ဆာ ၊ စတီးရွိုက်တွေပေးလို့ ပြန်ကောင်းတာ၊ မကောင်းတာ အရင်ပိုးတွေနဲ့ မကွာပါဘူး။ ရောဂါအခြေအနေ ဆိုးတာ မဆိုးတာကတော့ မိမိရဲ့ Immune ကိုယ်ခံအား တုန့်ပြန်မှု မူမမှန်ခြင်းနဲ့ အဓိက သက်ဆိုင်နေပါတယ်။
တစ်ခုရှိတာကတော့ လူအများစုက ကာကွယ်ဆေးထိုးထားသူတွေဖြစ်လို့ အဆိုးဆုံး Critical Covid ဖြစ်သွားတဲ့သူ နည်းပါမယ်။ ဒါကြောင့် ICU ရောက်နှုန်း၊ အသက်ရှူစက် Ventilator တင်ရနှုန်း ၊ နောက်ဆုံး သေဆုံးနှုန်းလည်း အရင်ကထက်နည်းနိုင်တယ်။ ဒါပေမဲ့ Zero တော့မဖြစ်နိုင်ဘူး။ ၉၉% ပြန်ကောင်းကြတယ်ဆိုပေမယ့် မကောင်းတဲ့ ၁% ကိုတော့ ကိုယ်မဖြစ်ချင်ပါဘူး။
ဒါကြောင့် Zero desaturation , Zero Death Rate ဖြစ်နိုင်ဖို့ ဘယ်လိုလုပ်သင့်သလဲ အကြံပြုပါရစေ။
ကျွန်တော်တို့ “အုတ်တစ်ချပ် သဲတစ်ပွင့်”ဖောင်ဒေးရှင်းရဲ့ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာတွင် မိမိတို့၏ လူနာကုသဆောင်များ၊ လူနာရေချိုးခန်းများ၊ လူနာသန့်စင်ခန်းများနှင့် လူနာသတ်မှတ် ဧရိယာ ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် တာဝန်သိစိတ်နဲ့ အားတက်သရော တက်ညီလက်ညီ ဝိုင်းဝန်းကူညီပေးကြတဲ့ Volunteer လူနာများရှိပါတယ်။
ယခုလို စင်တာရဲ့ ဝေယျာဝစ္စများမှာ ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြသူ တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်တို့ “အုတ်တစ်ချပ် သဲတစ်ပွင့်”ဖောင်ဒေးရှင်းမှ အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ပါရစေခင်ဗျာ။
"အာရောဂျံ ပရံမံလာဘံ" ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ ဆိုရိုးစကားလို ကျန်းမာခြင်းသည် လူတစ်ယောက်အတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။
အခုအခါမှာလည်း ကျွန်တော်တို့ “အုတ်တစ်ချပ် သဲတစ်ပွင့်”ဖောင်ဒေးရှင်းရဲ့ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်-၁၉ ရောဂါခံစားနေရသော လူနာများထဲမှ နိုင်ငံခြားသားများ အပါအဝင် လူနာ (၆၄၀) ဦးမှာရောဂါပျောက်ကင်းသက်သာသွားပြီဖြစ်လို့ ဆေးရုံဆင်းခွင့်ရခဲ့ပါပြီ။
ရောဂါပျောက်ကင်းသက်သာသွားသူများအားလုံး အားအင်ပြန်လည်ပြည့်၀ပြီး အရင်လို ကျန်းမာတက်ကြွပျော်ရွှင်စွာနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော်တို့စင်တာသည် ဆေးကုသခအပြင် နေထိုင်စားသောက်မှုအားလုံးကိုပါ
(လုံး၀) အခမဲ့ မေတ္တာနဲ့ကုသစောင့်ရှောက်ပေးလျက်ရှိတာမို့ သင့်မှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာများအတွက် သံသယရှိနေရင်
ကျွန်တော်တို့ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာကိုသာ အရောက်လာခဲ့ပါခင်ဗျာ။
လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီပေးနိုင်ဖို့ ကျွန်တော်တို့ “အုတ်တစ်ချပ် သဲတစ်ပွင့်”ဖောင်ဒေးရှင်းရဲ့ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာက အမြဲအသင့်ပါပဲ။
“အုတ်တစ်ချပ် သဲတစ်ပွင့်” ဖောင်ဒေးရှင်းရဲ့ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ကိုဗစ်-၁၉ လူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများအား RDT-Kits အသုံးပြု၍ နေ့စဉ် မနက် (၉) နာရီမှ ညနေ (၃) နာရီအထိ အခမဲ့ စစ်ဆေးပေးလျက်ရှိပါသည်၊၊
▪️ကိုဗစ်-၁၉ရောဂါ လက္ခဏာတွေက ဘာတွေလဲ?
-ဖျားခြင်း
-ချမ်းတုန်ခြင်း
-ချွေးအမြောက်အများထွက်ခြင်း
-ကြွက်သားနာကျင်ခြင်း
-ခေါင်းကိုက်ခြင်း
-လည်ချောင်းနာခြင်း
-ပျို့အန်ခြင်း
-၀မ်းလျှောခြင်း
-ကိုယ်လက်မအီမသာဖြစ်ခြင်း
-နှာရည်ယို၊ နှာစေးခြင်း
-ချောင်းဆိုးခြင်း
-အသက်ရှူမ၀ခြင်း
-အသက်ရှူရခက်ခဲခြင်း
-အနံ့မရခြင်း
-အရသာပျောက်ခြင်း စသည်တို့ ဖြစ်ပါသည်၊၊
▪️ကိုဗစ်-၁၉ ရောဂါကို ဘယ်သူတွေစစ်ဆေးသင့်ပါသလဲ?
-အထက်ပါရောဂါလက္ခဏာများအနက် အနည်းဆုံး (၂) ခုနှင့်အထက် ခံစားနေရသူများ
-ရောဂါလက္ခဏာမပြမီ (၁၄) ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူများ
-ရောဂါဖြစ်ပွားနှုန်းမြင့်တက်နေသော ပြည်ပနိုင်ငံများနှင့် ကန့်သတ်ထိန်းချုပ်နယ်မြေများသို့ ခရီးသွားလာခဲ့သူများ စစ်ဆေးသင့်ပါသည်။
▪️ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးဖို့ ဘယ်လိုဆောင်ရွက်ရမလဲ?
အထက်ပါအချက်အလက်များနှင့်ကိုက်ညီပြီးကိုဗစ်-၁၉ ရောဂါရှိ/မရှိ လာရောက်စစ်ဆေးလိုသူများသည် နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၃) နာရီအတွင်း OTCTTP-Thuwunna Covid Center Ph-09880847663 သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းကာ လာရောက်စစ်ဆေးနိုင်ပါသည်၊၊
စောစီးစွာ စစ်ဆေးကုသခြင်းသည် မိမိကိုယ်တိုင်နှင့် ချစ်ခင်ရသူများ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းဖြစ်လို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေသည်ဟု သံသယရှိနေကြလျှင် ကျွန်တော်တို့ရဲ့ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာကို အမြန်ဆုံးဆက်သွယ်ပြီး စစ်ဆေးကြဖို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။
အဆုတ်ရဲ့ အဓိကတာဝန်က ပြင်ပလေထုထဲက လေတွေကိုရှုသွင်းပြီး သွေးကြောတွေကနေတဆင့် အောက်ဆီဂျင်တွေကို ခန္ဓာကိုယ် အနှံ့ကို သယ်ပို့ပေးတာပါ။
လတ်တလော ဖြစ်ပွားလျက်ရှိတဲ့ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်တဲ့ Covid 19 ရောဂါကို ခုခံကာကွယ်နိုင်ဖို့ဆို အဆုတ်ကျန်းမာရေးလည်း ကောင်းမွန်နေမှ ဖြစ်မှာပါ။
ဒါကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အသက်ရှူလေ့ကျင့်ခန်း အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) အသက်ရှူ လေ့ကျင့်ခန်း
ရင်ဝမ်းခြားမြှေးကြွက်သားကို ကျုံ့ဆန့်ပေးပြီး သန်မာလာအောင် အထောက်အကူဖြစ်စေတာကြောင့် ပုံမှန် အသက်ရှူတာမျိုး မဟုတ်ဘဲ လေကို ဝမ်းဗိုက်ထဲထိရောက်အောင် ရှူရမှာပါ။
အရင်ဆုံး သက်တောင့်သက်သာ ဖြစ်အောင် ပက်လက်လှဲလိုက်ပါ။
ပြီးရင် လက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်မှာထားပြီး တစ်ဖက်ကို ရင်ဘတ်ပေါ်မှာ ထားပေးပါ။
ဒူးခေါင်း အောက်မှာ စောင် မထူမပါးလေး ထည့်ထားပေးပါ။
ပြီးရင်တော့ နှာခေါင်းကနေတဆင့် လေကို ဝအောင်ရှူသွင်းပါ။
ခဏအောင့်ထားပြီး ပါးစပ်ကနေ လေကို ပြန်မှုတ်ထုတ်ပါ။ ၁၀ ခေါက်လောက် လုပ်ပေးပါ။
ပက်လက်မလုပ်ချင်ဘူးဆိုရင်တော့ ခပ်မတ်မတ်လေးထိုင်ပါ။
ပခုံးတွေကို ဖြေလျော့ထားပြီး ခါးလေး ဆန့်ထားပါ။
နှာခေါင်းကနေ လေကို တဝ ရှူသွင်းပြီးရင် ပါးစပ်ကနေ ပြန်ထုတ်လိုက်ပါ။
(၂) ဝင်သက်ထွက်သက်မှတ်ပါ
အဆုတ်ထဲက လေတွေကို သန့်စင်ပေးဖို့ ထိရောက်တဲ့ လေကျင့်ခန်းလေးပါ။
အရင်ဆုံး မတ်မတ်ထိုင်ပါ။
ကိုယ်အနေအထားမှန်မှ အဆုတ်လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေမှာပါ။
နှာခေါင်းကနေတဆင့် လေကို ဖြည်းဖြည်းချင်း ရှူသွင်းပါ။ နှုတ်ခမ်း နှစ်ခုကို ထိရုံလေး စေ့ထားပါ။
ပြီးရင် ဝမ်းဗိုက်လေး ချပ်သွားတဲ့အထိ လေကိုရှူထုတ်ပါ။ ၁၀ကြိမ်လောက် လုပ်ပေးပါ။
အဆုတ်ထဲက လေတွေကို သန့်စင်ပေးဖို့အတွက် ထိရောက်တဲ့ လေကျင့်ခန်းပါ။
(၃) Standing toe-touch stretch
ဒီလေ့ကျင့်ခန်းက ကိုယ်တွင်းကို အောက်ဆီဂျင်ရောက်ရှိမှု ကောင်းစေပြီး အဆုတ်တွေကို ကျန်းမာစေပါတယ်။
အကြောတွေကို ပြေလျော့စေလို့ နေရထိုင်ရ သက်တောင့်သက်သာ ဖြစ်စေမှာပါ။
မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကို ရှေ့တည့်တည့်သို့ ဆန့်တန်းလိုက်ပါ။ပြီးရင် ခါးကိုကိုင်းပြီး ဆန့်ထားတဲ့လက်ဖျားနဲ့ ခြေမထိပ်ကို ထိဖို့ ကြိုးစားပါ။ပြီးရင် ပုံမှန်အတိုင်း ပြန်နေပါ။ (၅) ကြိမ်လောက်အထိ လုပ်ပေးလို့ ရပါတယ်။
အဆုတ်လေ့ကျင့်ခန်းလေးတွေကို နေ့စဉ် ပုံမှန်လုပ်ပေးပြီး နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွားနဲ့ ဖြတ်သန်းလိုက်ကြရအောင်ဗျာ။
❗️❗️အိုမီခရွန်ဝင်ရောက်လာနိုင်မှုအတွက် "အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်း သုဝဏ္ဏကိုဗစ်စင်တာ" ၏ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများ❗️❗️
◾️ရန်ကုန်မြို့တော်တွင် လတ်တလော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပိုးတွေ့ရှိမှုနှုန်းများ ကျဆင်းနေသည်မှာအားလုံးအသိပင် ဖြစ်ပါသည်။ သို့ရာတွင် ကမ္ဘာနှင့် ပတ်ဝန်းကျင်နိုင်ငံများ၏ ကိုဗစ်ရောဂါ လတ်တလော အခြေအနေမှာ မြန်မာနိုင်ငံ၏ အဓိစီးပွားရေးနှင့် ဆက်သွယ်ရေးမြို့တော် ရန်ကုန်အတွက် သတိ မလျော့သင့်သော အခြေအနေဖြစ်ပါသည်။
သတိပြုစောင့်ကြည့်ရမည့် ဗီဇပြောင်း ကိုဗစ်ရောဂါမျိုးစိတ် အိုမီခရွန်ကို အာဖရိကတိုက် တွင် မကြာမီက
စတင်တွေ့ရှိပြီး ကပ်ရောဂါရင်ဆိုင်မှုအတွက် စိန်ခေါ်မှုများ ပိုမိုပြားလာခဲ့ပါသည်။
◾️"အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်းသုဝဏ္ဏ ကိုဗစ်စင်တာ"သည် ပြည်သူမှ ပြည်သူသို့ အခမဲ့ ကိုဗစ်ရောဂါ
စောင့်ရှောက်မှုပေးနေသော၊ ရန်ကုန်မြို့ တော်တွင် လက်ရှိအချိန်ထိ လူနာလက်ခံ ဖွင့်လှစ်ကုသနေဆဲဖြစ်သည့်
စင်တာတစ်ခုဖြစ်ပါသည်။ ရန်ကုန်မြို့၏ နောက်ဆုံးလက်ကျန် ကိုဗစ်စင်တာတစ်ခုဖြစ်သော
"အုတ်တစ်ချပ် သဲတစ်ပွင့်သုဝဏ္ဏ ကိုဗစ်စင်တာ" အနေဖြင့် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်မျိုးစိတ်ကြောင့်
ပြန်လည်မြင့်တက်လာနိုင်သည့် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုများအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို အများပြည်သူ သိရှိနိုင်ရန် တင်ပြလိုက်ပါသည်။
◾️"အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်း သုဝဏ္ဏ ကိုဗစ်စင်တာ"၏ နေရာအဆောက်အဦး ပြင်ဆင်ထားရှိမှုမှာ
✔️ရန်ကုန်မြို့၏ သွားလာရလွယ်ကူသော သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးပေါ် သုဝဏ္ဏမြက်ခင်းတုကွင်းရှိ
မြေဧရိယာ (၃၆၀၀၀) စတုရန်းပေ ဧရိယာတွင် လူနာ (၂၆၆) ဦးလက်ခံနိုင်သော အခိုင်အမာအဆောက်အဦး
လူနာဆောင် (၂)ဆောင် တည်ဆောက်ထားပါသည်။
✔️ကုတင် တစ်လုံးနှင့် တစ်လုံးကြား အကွာအဝေးမှာ (၆)ပေထားရှိသဖြင့် သက်သောင့် သက်သာ
ကျယ်ဝန်းစွာ ကုသမှုခံယူစေနိုင်ရန် ပြင်ဆင်ထားရှိပါသည်။
✔️ကုတင် (၁၀၈)ကုတင်မှာ Oxygen manifold မှ တဆင့် Oxygen pipeline များ တိုက်ရိုက် အသုံးပြုနိုင်မည်ဖြစ်သည်။
✔️လူနာ (၁၀)ဦးအတွက် HDU ကုတင်ပြင်ဆင် ထားရှိပါသည်။
✔️Oxygen pipeline မရှိသော လူနာများအတွက်ကိုမူ 10-Liter, Oxygen concentrator များ၊
40-Liter, Oxygen concentrator များ စီစဉ်ထားရှိပါသည်။
✔️လူနာများ အဆင်ပြေစွာ အသုံးပြုနိုင်မည့် ရေချိုးခန်း၊ သန့်စင်ခန်း၊ အဝတ်လျှော်စက်၊
လေအေးပေးစက်၊ သောက်ရေ အတွက် ရေသန့်စက်များ တပ်ဆင်ထားရှိပါသည်။
✔️စင်တာအတွင်းမှာပင် အသုံးပြုပြီးသော Oxygen cylinder များပြန်လည် ဖြည့်တင်းအသုံးပြုနိုင်ရန်အတွက်
တစ်နေ့လျှင် 40-Liter, Oxygen အိုး (၅၀)ဖြည့်တင်းနိုင်သည့် Oxygen plant တပ်ဆင် အသုံးပြု နိုင်နေပြီဖြစ်ပါသည်။
✔️စင်တာတစ်ခုလုံးကို အရေးပေါ်လျှပ်စစ်မီးပေးနိုင်ရေးအတွက် 220 KVA မီးစက်(၃)လုံး၊ 100KVA မီးစက်(၁)လုံး၊ 25KVA မီးစက်(၁)လုံး နှင့် မီးစက်မောင်းများ ငှားရမ်းကာ မီးပျက်သည်နှင့် မောင်းနှင်နိုင်စေရန် အဆင်သင့် စီမံထားရှိပါသည်။
◾️"အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်း သုဝဏ္ဏ ကိုဗစ်စင်တာ" ၏ ဖွဲ့စည်းပုံမှာ ဖောင်ဒေးရှင်း တည်ထောင်သူများ၊
ဦးစီးကော်မတီ၊ ဆေးရုံအုပ်၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ အထောက် အကူပြု ဝန်ထမ်းများဖြင့်
စနစ်တကျ ဖွဲ့စည်းထားရှိပါသည်။
◾️သုဝဏ္ဏ ကိုဗစ်စင်တာတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၆၀)ကျော်ရှိပါသည်။
ဝန်ထမ်းခေါ်ယူမှုပုံစံမှာ အွန်လိုင်းက ကြေငြာကာ အင်တာဗျူး ခေါ်ယူစစ်ဆေးပြီး ဝန်ထမ်းကလည်း
သဘောတူ၊ စင်တာကလည်း သဘောတူမှ လက်မှတ်ထိုးစာချုပ်ချုပ် ခန့်အပ်သည့် စနစ်ကို ကျင့်သုံးပါသည်။
စင်တာလိုအပ်ချက်၊ ဖွဲ့စည်းပုံနှင့် အညီ ခန့်အပ်ထားသည့် ဝန်ထမ်းအားလုံးကို ထိုက်သင့်သော လစာအပြင်
ရေ၊ မီး၊ အင်တာနက် အပြည့်အစုံနှင့် နေစရာအဆောင်၊ ထမင်းသုံးနပ်( ညဂျူတီသမား အတွက် လေးနပ်)၊
လုပ်ငန်းခွင် ဝတ်စုံသုံးစုံ ထောက်ပံ့ပေးထားပါသည်။
◾️"အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်း သုဝဏ္ဏ ကိုဗစ်စင်တာ" ၏ ၁၀၀ရာခိုင်နှုန်းသော ဝန်ထမ်းများအတွက်
ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်သလို အသက်အာမခံ ထားရှိ ဆောင်ရွက်ပြီးဖြစ်ပါသည်။
အသစ်ဝင်ရောက်သူ ဝန်ထမ်းများကိုလည်း ကာကွယ်ဆေးထိုးနှံနိုင်ရေး ကျန်းမာရေးဦးစီးဌာနနှင့် တင်ပြဆောင်ရွက်ပေးပါသည်။ အသက်အာမခံ စာရင်းဝင်ရေးကိုလည်း ဆောင်ရွက်ပေးပါသည်။
◾️"အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်း၊ သုဝဏ္ဏ ကိုဗစ်စင်တာ" တွင် အတွေ့အကြုံရှိပြီး လုပ်ငန်းကျွမ်းကျင်ကာ စေတနာ၊မေတ္တာပြည့်ဝသော အထွေထွေရောဂါကု သမားတော်၊ ဆရာဝန်၊ သူနာပြု၊ ဆေးဝါး ကျွမ်းကျင်၊ ဓါတ်မှန်ကျွမ်းကျင်၊
ဓါတ်ခွဲကျွမ်းကျင်၊ အထွေထွေအလုပ်သမား စသည်ဖြင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအပြည့်အစုံရှိသလို
အုပ်ချုပ်မှု၊ ဝန်ထမ်းရေးရာ၊ စာရင်းကိုင်၊ စတိုကိုင်၊ ပြုပြင်ထိန်းသိမ်းရေး၊ အိုင်တီပညာရှင်များ၊
ဝယ်ယူရေး စသည်ဖြင့် ပြည့်ပြည့်စုံစုံ ခန့်ထားဆောင်ရွက်လျှက်ရှီပါသည်။
◾️"အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်း သုဝဏ္ဏ ကိုဗစ်စင်တာ" ၏ဝန်ထမ်းများ မဖြစ်မနေ
တက်ရောက်ကြရသော သင်တန်းများမှာ PPE ဝတ်နည်း၊ချွတ်နည်း သင်တန်းများ၊ အရေးပေါ်လုံခြုံရေးစီမံချက်သင်တန်းများ
ဖြစ်ပါသည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု ရှိနေစေရေး၊ ဆေးပညာရပ် ဗဟုသုတ၊အလေ့အကျင့်၊ အယူအဆတိုးတက်မှုရှိစေရေးအတွက် အပါတ်စဉ် Continuous Medical Education ပြုလုပ်နေကြပါသည်။ ဝန်ထမ်းတိုင်း အိုင်တီ နည်းပညာ အကျွမ်းတဝင်ရှိနေစေရေး အင်တာနက်၊ အီးမေးလ် အသုံးပြုနည်း သင်ကြားပေးမှုများ၊ တတ်မြောက်မှုစစ်ဆေးခြင်းများဆောင်ရွက်ပေးလျှက်ရှိပါသည်။
◾️"အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်း သုဝဏ္ဏ ကိုဗစ်စင်တာ" ဝန်ထမ်း ဝန်ထမ်းတိုင်း၏ အခက်အခဲများ၊
စကားသံများ တင်ပြနိုင်ရေးအတွက် လစဉ် ဝန်ထမ်းအားလုံး ပါဝင်သော Townhall meeting လည်း စီစဉ်ပြုလုပ်နေပါသည်။
စင်တာအတွင်း ဝန်ထမ်းများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ပြင်ပလူနာကြည့်ရှုကုသပေးခြင်း၊ လိုအပ်ပါက
တို့ဖတ်ယူကာ ကိုဗစ်ရောဂါပိုးစစ်ဆေးပေးခြင်းများ အခါအားလျော်စွာ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
◾️"အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်း၊သုဝဏ္ဏ ကိုဗစ်စင်တာ"၏ ဆေး၊ ဆေးပစ္စည်းနှင့် အခြားလူသုံးကုန်ပစ္စည်းများ
ပြင်ဆင်ထားရှိမှု အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်း၊သုဝဏ္ဏ ကိုဗစ်စင်တာ စတင်ဖွင့်လှစ်ကတည်းက ဆေးနှင့်
ဆေးပစ္စည်း ကိရိယာများကို ပစ္စည်း များ အလေအလွင့်နည်းပါးရေးနှင့် စာရင်းဇယားများ တိကျမှန်ကန်စေရေးအတွက် စာရင်းကိုင်ပါဝင်သောအဖွဲ့များ ဖွဲ့စည်းကာ စနစ်ကျ စာရင်းကောက်ယူခြင်း၊ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း
လစဉ် ဆောင်ရွက်လျှက်ရှိပါသည်။
◾️စင်တာတွင် Pharmacist ထိန်းသိမ်းသော Pharmacy ရှိပြီး၊ Covid Essential Medicines များ မပြတ်လတ်စေရေး၊ အလေအလွင့် နည်းနိုင်သမျှနည်းစေရေး၊ စံမီသော Pharmacyဖြစ်ရေး စီမံထားရှိပါသည်။
စင်တာသို့ တက်ရောက်ကုသသော ကိုဗစ်အတည်ပြုလူနာများအတွက် Remdesivir, Enoxaparin, Insulin, Methylprednisolone, Favipiravir နှင့် လိုအပ်လာလျှင် Tocilizumab အထိ ပေးနိုင်၊ အသုံးပြုနိုင်အောင် စီစဉ်ထားရှိပါသည်။
လက်ရှိလူနာနည်းပါးနေချိန်တွင် သက်တမ်းသတ်မှတ်ချက်ပါသော ဆေးနှင့်ဆေးပစ္စည်းများကို အနည်းဆုံးထိန်းသိမ်းသင့်သော ပမာဏတစ်ခုတွင် ထိန်းထားပြီး လူနာ ရုတ်တရက်မြင့်တက်လာချိန်တွင် အရေးပေါ်ဖြည့်တင်းနိုင်ရေး Item Code များ
ခွဲခြားခြင်း၊ Critical နှင့် Essential Itemများခွဲထားခြင်း၊ Supplier Evaluation များပြုလုပ်ထားခြင်း နှင့်
Average Monthly use data များ ကောက်ယူထားခြင်းများ ဆောင်ရွက်ထားရှိပါသည်။
◾️တိုင်းကျန်းမာရေးဦးစီးဌာနမှ ထောက်ပံ့သော PPE Surgical, Gowns, Hand Sanitizers များကိုလည်း
လက်ခံထုတ်ယူပြီး စနစ်တကျသုံးစွဲလျက်ရှိပါသည်။ လူနာများအတွက်လိုအပ်သော အခြားအသုံးအဆောင်များကိုလည်း
General Store ဖွင့်လှစ်ပြီး စနစ်တကျ ဆောင်ရွက်လျက် ရှိပါသည်။ စင်တာအတွင်းလုပ်ငန်းတွင်ကျယ်ပြီး
လျင်မြန်စေရန်အတွက် ဌာနအားလုံးကို Computer, Laptop, Desktop, Tablet များအသုံးပြုကာ
လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။
◾️"အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်းသုဝဏ္ဏ ကိုဗစ်စင်တာ" ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ပြင်ဆင်ထားရှိမှု
ကိုဗစ်ရောဂါပိုးမစစ်ရသေးသော ကိုဗစ်သံသယလူနာများကို "အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်းသုဝဏ္ဏ ကိုဗစ်စင်တာ" တွင် နေ့စဉ်နံနက် ၉း၀၀မှ ၃း၀၀အတွင်း ကိုဗစ်ရောဂါပိုး ရှိ မရှိ Rapid Diagnostic Antigen Test များဖြင့် အခမဲ့ စစ်ဆေးပေးသွားနိုင်ရန် စီစဉ်ထားရှိပါသည်။ ပိုးတွေ့ပါကလည်း စင်တာမှ ဆက်လက်တာဝန်ယူ ကုသပေးသွားပါမည်။
◾️တိုင်းကျန်းမာရေးဦးစီးဌာနမှ လွှဲပို့သော တရားဝင်စစ်ဆေးပြီး ပိုးတွေ့ထားသည့် ကိုဗစ်လူနာ(Asymptomatic, Mild, Moderate and Severe Covid Patient)များကိုလည်း "အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်းသုဝဏ္ဏ ကိုဗစ်စင်တာ"တွင် လက်ခံကုသပေးနေပါသည်။ အောက်စီဂျင်ကျနိုင်ချေမြင့်သူများ(High Risk Covid Patient)များကို သမားတော်၊ ဆရာဝန်များ၏ ညွှန်ကြားချက်အရ Remdesivir အပါအဝင် အခြားလိုအပ်သောဆေးဝါးများ၊ ဓါတ်ခွဲ၊ ဓါတ်မှန် စမ်းသပ်မှုများကို အခမဲ့ဆောင်ရွက်ပေးသွားပါမည်။ လူနာစောင့်မှာ တစ်ဦး သို့မဟုတ် နှစ်ဦး လိုက်ပါစောင့်ရှောက်နိုင်ပြီး စင်တာမှချမှတ်ထားသော စည်းကမ်းများကို လိုက်နာရပါမည်။
◾️လူနာအသုံးဆောင် စောင်၊ ခေါင်းအုံး၊ မွေ့ယာနှင့် အိပ်ရာအခင်းများကို စင်တာမှ ငှားရမ်းပေးပါမည်။
အစားအသောက်အတွက်ကိုမူ ရှမ်းရိုးရာမှ အာဟာရပြည့်ဝပြီး အချိုးညီသော နံနက်စာ၊ နေ့လည်စာ၊
ညနေစာ စုစုပေါင်း (၃)နပ် အခမဲ့ ကျွေးမွေးပါမည်။ မိမိယုံကြည်မှုကြောင့် ရှောင်ကြဉ်သော အစားအသောက်များ၊
ကျန်းမာရေးအခြေအနေကြောင့် ရွေးချယ်စားသောက်ရမည့် အစားအစာများအတွက် သက်သတ်လွတ်၊ ဆန်ပြုတ်
စသည်ဖြင့် အဆင်ပြေအောင် ဆောင်ရွက်ပေးပါမည်။ ပုံမှန်စားသောက်ရန် အခက်အခဲရှိသော လူနာများအတွက်
အာဟာရပညာရှင်၏ ကျွမ်းကျင်မှု အကြံဉာဏ်ရယူဆောင်ရွက်ပေးသွားပါမည်။
◾️စင်တာတွင် တက်ရောက်ကုသစဉ် တာဝန်ကျဆရာဝန် သူနာပြုများက အနီးကပ် စစ်ဆေးကာ စောင့်ရှောက်
ကုသပေးသွားမည်ဖြစ်သည်။ စင်တာတွင် ထိုင်သော ပင်တိုင်သမားတော်က အဓိက ကုသမှုဆုံးဖြတ်ချက်များကို
အနီးကပ်ကြီးကြပ်ကာ ချမှတ်သွားမည်ဖြစ်ပြီး ကုသမှုအတိုင်ပင်အဖွဲ့ဥက္ကဌမှာ ပါမောက္ခ ဒေါ်သန်သန်းအေး ဖြစ်ပါသည်။
ကုသမှုခက်ခဲသော လူနာများကိုမူ ဆရာကြီး ပါမောက္ခ ဒေါ်သန်သန်းအေး၏ အကြံဉာဏ်များဖြင့် ကုသပေးသွားမည်ဖြစ်ပါသည်။
လူနာကုသမှုမှတ်တမ်းကို စင်တာအတွင်းရောဂါပိုးကူးစက်မှုထိန်းချုပ်ခြင်းကို အထောက်အကူပြုစေရန်အတွက်
Election Medical Record System အသုံးပြုထားပါသည်။ စင်တာရှိ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စာရွက်စာတမ်းဖြင့်
ရေးစရာမလိုဘဲ Computer Laptop Tablet များမှတဆင့် လူနာကျန်းမာရေးအချက်အလက်များရေးသွင်းခြင်း၊
ကြည့်ရှုခြင်းများ ဆောင်ရွက်ကာ ဆေးကုသမှုများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
◾️"အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်းသုဝဏ္ဏ ကိုဗစ်စင်တာ" သို့ တက်ရောက်သမျှ လူနာတိုင်းကို စင်တာ၏ ကုသမှု
ဘောင်အတွင်းမှ အစွမ်းကုန် ပြုစုစောင့်ရှောက်ပေးသွားမည်ဖြစ်ပြီး စင်တာမှ မပေးအပ်နိုင်သော ကျန်းမာရေးဝန်ဆောင်မှုများ (ဥပမာ သွေးသွင်းရန်လိုအပ်ခြင်း) လိုအပ်လာပါက ရန်ကုန်တိုင်းဒေသကြီး Bed Management Committee သို့တင်ပြကာ ဝန်ဆောင်မှုပေးနိုင်မည့် ဆေးရုံများသို့ စနစ်တကျ လွဲပြောင်းကုသသွားမည်ဖြစ်ပါသည်။
◾️အချုပ်အားဖြင့်ဆိုရလျှင် ရန်ကုန်မြို့တော်ကြီးတွင် Covid-19 တတိယလှိုင်း ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရကာ
ရောဂါကူးစက်မှုနှုန်း မြင့်တက်နေစဉ် ကာလကတည်းက မေတ္တာတရား အပြည့် ကရုဏာတရားအရင်းခံကာ
အကျိုးအမြတ်မယူသော အဖွဲ့အစည်းအဖြစ် တိုင်းပြည်၏ ကျန်းမာရေးကဏ္ဍလိုအပ်ချက်ကို ပြည်သူများအတွက်
တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိ ရန်ကုန်မြို့တွင် နောက်ဆုံးဖွင့်လှစ်ဆဲဖြစ်သည့်
"အုတ်တစ်ချပ်သဲတစ်ပွင့် ဖောင်းဒေးရှင်းသုဝဏ္ဏ ကိုဗစ်စင်တာ"အနေဖြင့် ပြည်သူများအတွက် စနစ်တကျ အဆင့်မီ
အရည်အသွေးမြင့် ကိုဗစ်ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေပါသည်။
◾️အိုမီခရွန်ဗီဇပြောင်း ကိုဗစ်ရောဂါပိုး ရန်ကုန်မြို့သို့ ရောက်လာခဲ့လျှင်လည်း ကုသမှုပေးနိုင်ဖို့ အုတ်တစ်ချပ်သဲတစ်ပွင့် အနေနှင့် အကောင်းဆုံးဖြစ်အောင် ပြင် ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ ကိုဗစ်စတုတ္ထလှိုင်းရောက်လာခဲ့လျှင်လည်း ပြည်သူထဲက ပြည်သူအနေနှင့် ပြည်သူအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ပေးအပ်သွားဖို့ သန္နိဌာန်ချထားပါသည်။
ဖိတ်ခေါ်ခြင်း
✔️ ၁။ လူနာ၏ကျန်းမာရေးအရာနှင့်ပတ်သက်၍ သိရှိလိုလျှင်ဖြစ်စေ၊
✔️ ၂။ အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်းဒေးရှင်း၏ ပရဟိတ လုပ်ငန်းများတွင် လှူဒါန်းပါဝင်ကူညီလိုလျှင်ဖြစ်စေ၊
✔️ ၃။ အုတ်တစ်ချပ်သဲတစ်ပွင့် ၏ကျန်းမာရေးစောင့်ရှောက်မှု ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအတွက်
ဝေဖန်အကြံပြုလိုလျှင်ဖြစ်စေ ဆက်သွယ်မှုများ အတွက် ဝမ်းမြောက်စွာကြိုဆိုအပ်သည်။
အောက်ဆီဂျင် ၁၀လီတာရှူနေရင်းပင် SpO2 ၉၃% အထိကျခဲ့သော Severe Covid လူနာ ကို.....မှာ အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်း၊ သုဝဏ္ဏကိုဗစ်စင်တာတွင် ၉-၁၁-၂၀၂၁မှ စတင်တက်ရောက်ကာ အထူးကြတ်မတ်ဂရုစိုက်ကုသမှု ခံယူခဲ့ရပြီးနောက် ရောဂါ သက်သာပျောက်ကင်းပြီ ဖြစ်လို့ ယနေ့မှာတော့ ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီဖြစ်ပါသည်။ Remdesivir, Enoxaparin, Methylprednisolone, Barcitinib ဆေးများသာမက Tocilizumab ပါ သွင်းရန် လိုအပ်လာသဖြင့် စင်တာမှ ဖောင်ဒေးရှင်း Founder များ၏ ခွင့်ပြုချက်ဖြင့် စိုက်ထုတ်အကုန်ကျခံကာ ကုသပေးခဲ့ပါသည်။ စင်တာတွင် ကုသချိန် ရက်ပေါင်း(၃၀) ကြာ ခဲ့ပြီး အောက်ဆီဂျင်လိုအပ်မှုမှာ ၂၀လီတာ/မိနစ် အထိရှိခဲ့ပါသည်။ အဆိုပါလူနာ၏ စိတ်ချမ်းမြေ့ဖွယ်ရာ ဆေးရုံဆင်းမှတ်တမ်းများကို မျှဝေလိုက်ပါသည် ခင်ဗျာ။
ရေအကျိုး(၁၀)ပါး ရှိတယ်ဆို ဇီဝတဒါနလေအကျိုးက (၁၀) ပါးထက် မကရှိနေမှာပါ။
ကိုယ်လှူလိုက်တဲ့ လေကြောင့် အသက်ဆက်ရှင်သွားနိုင်တယ်ဆိုတဲ့ ပီတိဟာဘာနဲ့မှမလဲနိုင်ပါဘူး။
အသက်ပေါင်းများစွာကို ကယ်တင်ပေးမယ့် ဒီလိုမွန်မြတ်လှတဲ့ ကုသိုလ်အလှူကို ကျွန်မတို့
အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်းမှာ ဒါနပြုလှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါးပါရစေ။
အသက်ရှူခွင့်များအတွက် သက်ကယ် အောက်ဆီဂျင်အလှူကို Oxygen Cylinder (၂) သိန်းကျပ် နှင့် Oxygen Concentrator (၈) သိန်းကျပ်ဖြင့် စတင်လှူဒါန်းနိုင်မှာဖြစ်ပြီး အကယ်၍မိမိမှာ လှူဒါန်းဖို့ ပစ္စည်းအသင့်ရှိတာ လှူမယ်ဆိုလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံပေးပါတယ်ရှင့်။
ငွေသား၊ Mobile Banking အမျိုးမျိုးနဲ့လည်း လက်ခံပေးလို့ အသက်ရှူခွင့်များ လက်ဆင့် ကမ်းလင့်ရင်း လူဘောင်အကျိုးပြု လူသားများဖြစ်နိုင်မယ့် ကုသိုလ်တော်အတွက် သဒ္ဒါတရားအနည်းအများမဆို ပါဝင်လှူဒါန်းပေးစေလိုပါတယ်။
“အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် အဓိကဆိုသလို စားဝတ်နေရေးနောက်မှာ ကျန်းမာရေးသည်လည်း ပဓာန ကျလှပါတယ်။
ဒီလိုအားလုံးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍအတွက် “အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်း” မှာ လူကြီးမင်းတို့ရဲ့ သဒ္ဓါတရားများကို ဆေးအလှူဖြင့် အသက်တွေကယ်တင်ရင်း ကုသိုလ်ပွားများနိုင်ပါပြီ။
ဇီဝကဆေးအလှူ Package အတွက် လူတစ်ဦးစာလျှင် (၁၄) ရက်စာ ဆေးပစ္စည်းအလှူပါဝင်မှာဖြစ်ပြီး (၅၀၀,၀၀၀) ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ်တိုင်ဆေးဝယ်ပြီး လှူဒါန်းချင်တဲ့ လူကြီးမင်းတို့အတွက်လည်း ငွေသား (သို့မဟုတ်) ပစ္စည်းများဖြင့် လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းမှုတွေကို လက်ရှိ ရန်ကုန်မြို့က ကိုဗစ်လူနာတွေကို အခမဲ့ ကုသပေးနေတဲ့နေရာမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ နောက်ဆုံးဖွင့်လှစ်ကုသဆဲဖြစ်တဲ့ အုတ်တစ်ချပ်သဲတစ်ပွင့် ကိုဗစ်ကုသရေးစင်တာ တွင် Fourth wave ဖြစ်ပွားလာခဲ့ရင်လည်း စောင့်ရှောက်မှုပေးသွားမှာဖြစ်ပါတယ်။
ဖုန်းနံပါတ် 09-880 847 662, 09-443589866 သို့ အသေးစိတ် ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်သလို Mobile Banking Payment အမျိုးမျိုးလည်း လက်ခံပေးပါတယ်။
ဆေးလှူရခြင်းအကျိုးကြောင့် ဖြစ်ဆဲ၊ ဖြစ်လတ္တံ့ အနာရောဂါ ကင်းရှင်းဝေးတဲ့အကျိုးတရားများ ရရှိနိုင်တာကြောင့် လိုအပ်နေသူများအတွက် လက်များကမ်းလင့်ရင်း ကုသိုလ်အနည်းအများမဆို ပါဝင်လှူဒါန်းဖို့ မေတ္တာရပ်ခံပါရစေရှင့်။
"အုတ်တစ်ချပ်သဲတစ်ပွင့်" ဖောင်ဒေးရှင်းမှာ တစ်ထောင့်တစ်နေရာက ငွေအားဖြင့်ဖြစ်စေ၊ လူအားဖြင့်ဖြစ်စေ ပါဝင်ကူညီပေးချင်ပါတယ်ဆိုတဲ့ လူကြီးမင်းတို့အတွက် အာဟာရအလှူ Package အကြောင်းဝေမျှပေးပါရစေ။
အာဟာရအလှူအတွက် လူတစ်ဦးစာ တစ်ရက်လျှင် (၄၂၀၀)ကျပ်ကျသင့်မှာဖြစ်ပြီး နံနက်စာမှ ညစာအထိ လိုအပ်တဲ့ အသားဓာတ်၊ အသီးအနှံဓာတ် မျှတအောင်စီမံပြင်ဆင်ပေးလို့ လူနာများအတွက်လည်း အစာမှဆေးဖြစ်ပြီး လူကြီးမင်းတို့ အလှူသိဒ္ဒိမြောက်စေမှာပါ။
ဖုန်းနံပတ် 09-880 847 662, 09-443589866 သို့ အသေးစိတ်ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်သလို Mobile Baking Payment အမျိုးမျိုးနဲ့လည်း လက်ခံပေးလို့ သဒ္ဒါတရား အနည်းအများမဆို ကုသိုလ်ပါဝင်လှူဒါန်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
ယခု ကိုဗစ်မျိုးကွဲဗီဇသစ် Omicron အကြောင်း အားလုံးလည်းကြားသိပြီးမယ်ထင်ပါတယ်။
Omicron COVID-19 မျိုးကွဲအသစ်ဟာ ယခင်မျိုးကွဲများထက်ပိုမိုပြင်းထန်စွာဆင့်ကဲဖြစ်ပေါ်လာလို့
ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်အလွန်မြင့်မားသလို၊ အခြားနိုင်ငံများကိုပါစတင်ဝင်ရောက်နေပြီဖြစ်လို့
အားလုံးပဲသတိရှိစွာကြိုတင်ပြင်ဆင်ထားရပါမယ်။
ပိုးအသစ်ရဲ့ ကူးစက်ပုံစံနဲ့ ဝိသေသလက္ခဏာအချက်အလက်များကို ကမ္ဘာ့ကျန်းမာရေးပညာရှင်တွေ
စတင်စမ်းသပ်နေပြီဖြစ်လို့ သတင်းများကိုနားစွင့်ရင်း လုစုလူဝေးရှောင်ရှားထားပါ။
မိဘပြည်သူများအနေနဲ့ မိမိကိုယ်သာမကမိမိ မိသားစုနဲ့ပတ်ဝန်းကျင်အတွက်ပါ ပေါ့လျော့ခြင်းမရှိဘဲ တတ်နိုင်သလောက် သတိပြုကာကွယ်နေထိုင်ခြင်းအပြင် အာဟာရမျှတစွာစားသောက်ရင်း ခုခံစွမ်းအားမြှင့်တင်ထားကြပါ။
အစစအရာရာ အထူးဂရုစိုက်ကြဖို့ ကိုဗစ်စတုတ္ထလှိုင်းအတွက် သတိစကားအမှာပါးချင်ပါတယ်။
ဆေးပညာရှင်တွေရဲ့ စနစ်ကျတဲ့ ကုသမှုအပြင် လူနာများအနေနဲ့လည်း ညွှန်ကြားချက်များကို အထူးအလေးထားပြီး လိုက်နာခဲ့တဲ့အတွက် ကျွန်တော်တို့ “အုတ်တစ်ချပ် သဲတစ်ပွင့်” ဖောင်ဒေးရှင်းရဲ့ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာကနေ ဆေးရုံဆင်းခွင့်ရရှိတဲ့ လူနာများစိတ်အေးချမ်းမြေ့စွာအိမ်ပြန်ရပါပြီ။
ဆေးရုံဆင်းသွားတဲ့အချိန်မှစပြီး မူလအတိုင်း ပြန်လည်ကျန်းမာသန်စွမ်းပြီး လုပ်ငန်းဆောင်တာများကို ပျော်ရွှင်စွာဖြင့် အမြန်ဆုံး လုပ်ဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ “အုတ်တစ်ချပ် သဲတစ်ပွင့်” ဖောင်ဒေးရှင်းရဲ့ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာ စတင်ဖွင့်လှစ်တဲ့ အချိန်ကစပြီး ယနေ့အထိ စင်တာတွင် လိုအပ်သော ရေခဲသေတ္တာ၊ သောက်ရေသန့်၊ အချိုရည် စသည်တို့ကို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းပံ့ပိုးပေးနေသော “စံပါဦး Industries Company Limited” ကို ကျေးဇူးအထူးတင်ရှိပါတယ်။
အလှူရှင်မိသားစုနဲ့ ဝန်ထမ်းများအားလုံးလည်း စီးပွါးဥစ္စာများ တိုးတက်ပွါးများကြပါစေခင်ဗျာ။
ကျွန်တော်တို့ “အုတ်တစ်ချပ် သဲတစ်ပွင့်”ဖောင်ဒေးရှင်းရဲ့ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာမှာ Covid 19 ရောဂါခံစားနေရသော လူနာများကို လက်ခံကုသပေးနေတာ အခုဆိုရင် (၃)လကျော် ကာလထဲသို့ ရောက်ရှိခဲ့ပါပြီ။
Center တည်ဆောက်ချိန်ကစလို့ ယခုအချိန်အထိ ပရိဘောဂ၊ အစားအသောက်၊ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းများကအစ လိုလေသေးမရှိ ပြည့်စုံစွာနဲ့ ထောက်ပံ့ပေးနိုင်အောင် အဖက်ဖက်က ကူညီပေးခဲ့ကြသူများ၊ လှူဒါန်းပေးခဲ့ကြသူများအပြင် လုပ်အားဒါနလှူဒါန်းပေးနေကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။
“အုတ်တစ်ချပ် သဲတစ်ပွင့်”ဖောင်ဒေးရှင်းရဲ့ သုဝဏ္ဏကိုဗစ်ကုသရေးစင်တာကို ယုံကြည်အားကိုးစွာနဲ့ ဆေးကုသမှု လာရောက်ခံယူသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ဘယ်လို အလုပ်မျိုးမဆို ယုံကြည်မှုရှိမှသာ အကောင်းဆုံး ရပ်တည်နိုင်မှာဖြစ်လို့ ပြည်သူများရဲ့ ယုံကြည်မှုကြောင့်သာ ကျွတ်တော်တို့ “အုတ်တစ်ချပ် သဲတစ်ပွင့်”ဖောင်ဒေးရှင်းက ယခုလိုရပ်တည်နေနိုင်ပြီး ကူညီခွင့်ရရှိနေတာဖြစ်ပါတယ်။
ပြည်သူများနဲ့အတူ လက်တွဲပြီး Covid 19 ရောဂါကြီးကို အကောင်းဆုံးကျော်ဖြတ်သွားမယ့် “အုတ်တစ်ချပ် သဲတစ်ပွင့်”ဖောင်ဒေးရှင်းဖြစ်ကြောင်း ပြောကြားလိုက်ပါရစေခင်ဗျာ။
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
Thuwunna Artificial Turf Stadium, Myanmar Football Academy, Waizayantar Road, Th
Yangon
951
Min Dhama Road
Yangon, 11061
အိပ်ယာပေါ်မှာ ဘုရင်တစ်ပါးဖြစ်စေဖို့ MaxMan ကို သုံးကျစို့
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091
BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ
Yangon
A kind of knowledge sharing right now. It will do to continue to develop.