Biology for students

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Biology for students, Nutritionist, 168 yinnmar Street, Yangon.

Photos from Biology  for  students's post 21/07/2018

SAMPLE QUESTION

01/04/2018

➡Weight of Brain: 1300-1400 gm in human adult
➡Normal Blood Pressure (B.P.): 120/80 mm Hg
➡Universal blood donor: O
➡Universal blood recipient: AB+
➡ Average body weight: 70 kg
➡Normal body temperature: 37 degree celsius
➡ Breathing Rate at rest: 12-16/minute
➡Number of Spinal Nerves: 31 pairs
➡Largest Endocrine Gland: Thyroid gland
➡ Gestation period: 40 weeks or 9 calendar months
➡ Normal Heart Beat at rest: 72 beats per minute
➡ Largest Gland: Liver
➡ Largest Muscle in the body: Gluteus Maximus or Buttock Muscle
➡ Smallest Muscle in the body: Stapedius
➡Largest Artery: Aorta
➡Largest Vein: Inferior Vena Cava
➡Largest and longest Nerve: Sciatic Nerve
➡ Longest Cell: Neurons (nerve cells)
➡Minimum distance for proper vision: 25 cm
➡Pulse rate: 72 per minute
➡Thinnest Skin: Eyelids
➡Weight of Heart: 200-300

08/02/2018

Cell Divison ( ဆဲလ်ကွဲပွားခြင်း)
Mitosis & Meiosis အား နားလည်ခြင်း

သက်ရှိတွေဟာ ဆဲလ်ကွဲပွားခြင်းနည်းလမ်းနဲ့ ရှင်သန်ကြီးထွားကြပါတယ် ။ ဆဲလ်တစ်ခုတည်းသာရှိသော သက်ရှိတွေဟာလည်း မူလလက်ရှိ chromosomes အရေအတွက်နဲ့ အရည်အသွေးမကျစေပဲ နောက်ထပ်ဆဲလ်တစ်ခု ပွားနိုင်ပါတယ် ။

မည်သို့ဆိုစေကာမူ ဆင် ၊ မြင်း ၊ ကျွဲ ၊ လူ စသော ဆဲလ်များစွာရှိသည့် သက်ရှိများသည်လည်း မူရင်းဆဲလ်တစ်လုံးကတည်းက စတင်ခဲ့ကြတာချည်း ဖြစ်၏ ။ အရာတိုင်းက ၁ ကနေစသည်ဟု ဆိုသလိုပေါ့။

ဒီတော့ ဆဲလ်ကွဲပွားခြင်း ( cell division ) နှစ်မျိုး ရှိပါတယ် ။
1. Mitosis
2. Meiosis တို့ပဲ ဖြစ်ပါတယ် ။

Mitosis ဆိုတာကတော့ ဆဲလ်မှာရှိတဲ့ Chromosome အရေအတွက်အတိအကျနဲ့ အရည်အသွေးမပျက်ပဲ လုံးဝချွတ်စွတ် တူညီသော နောက်ဆဲလ်တစ်ခု ထွက်ပေါ်လာခြင်းပါ။ Chromosome အရေအတွက် 46 က နောက်တစ်ခုမှာလဲ 46 ဒါမျိုးပေါ့ ။ အတိအကျရတယ် ။

Meiosis ဆိုတာကတော့ ဆဲလ်တစ်ခုရဲ့ chromosome အရည်အသွေးအပြည့်နဲ့ အရေအတွက် တစ်ဝက်တိတိသာလျှင်ပါရှိသော ဆဲလ်ကွဲပွားခြင်း ဖြစ်စဉ်ပါ။

ဒီနေရာမှာ မေးစရာရှိလာပါပြီ ။ မေးတတ်သူအဖို့ပေါ့ ။ ဆဲလ်ဆိုတာ ကွဲပွားရင်ပြီးပြီပဲ ။ ပထမနည်း Mitosis နည်းနဲ့တင် မလုံလောက်ဘူးလား ။ သက်ရှိအားလုံးဟာ Meiosis နည်းနဲ့ ဆဲလ်ကွဲပွားရင် Chromosome တစ်ဝက်ပဲ ရှိတော့တာဆိုတော့ ဘယ်လိုလုပ်အဆင်ပြေနိုင်မလဲ ။ စသဖြင့် မေးခွန်းတွေပေါ့ ။

ဒီတော့ ဒီကိစ္စကို ရှင်းဖို့လိုလာပြီ။
Mitosis ဆိုတာက မျိုးအောင်ပြီးသား ဆဲလ်တွေမှာ ဖြစ်ပွားတာပါ။ ပြီးတော့ ဆဲလ်တစ်လုံးတည်းရှိသောသတ္တဝါတွေ ၊ လိင်မဲ့မျိုးပွားနည်းဖြင့် မျိုးပွားကြတဲ့ သက်ရှိတွေမှာ ဒီ Mitosis နည်းနဲ့ပဲ ဆဲလ်ကွဲပွားပါတယ်။ လူ နဲ့ သက်ရှိတွေဟာ မွေးဖွားပြီးခါစမှ သေးငယ်တယ် ။ တဖြည်းဖြည်း ကြီးထွားလာတယ် ။
[ ဘာကြောင့် Giant လိုမျိုး အကြီးကြီးထိဆက်မကြီးထွားပဲ အသက်ရွယ်တစ်ခုမှာ ဆဲလ်ထပ်မပွားလဲဆိုတာကတော့ နောက်မှပြောပြပေးပါမယ် ။ အခုတော့ မမေးပါနဲ့ဦး ] အဲ့တော့ ဆဲလ်လေးတွေပျက်စီးသွားမယ် ၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားမယ်ဆိုရင် အဲ့နေရာမှာ ဆဲလ်အသစ်လေးတွေ ပြန်လည်အစားထိုး မွေးဖွားလာတာပေါ့ ။ ဒါကြောင့် Mitosis နည်းကလည်း အရေးကြီးပါတယ် ။

Meiosis ကတော့ သက်ရှိတစ်ကောင်မွေးဖွားဖို့အတွက် အစပြုခြင်းပါပဲ ။ လိင်ဖြင့် မျိုးပွားသော သက်ရှိတိုင်းမှာ ဒီ Meiosis နည်းသာမရှိရင် မျိုးဆက်ပွားနိုင်မှာ မဟုတ်ပါဘူး ။ အဖေဆီက မျိုးပွားကောင် နဲ့ အမေဆီက မျိုးပွားဥ - ကိုယ်စာလှယ်လေးတွေက အချင်းချင်းတွေ့တဲ့အခါ Meiosis စဖြစ်လာတာပါပဲ ။ ဒီကိစ္စမှာ သဘာဝတရားကြီးက အရမ်းဆန်းကျယ်တယ် ။ ပုံမှန်အတိုင်း အဖေ့မျိုး နဲ့ အမေ့မျိုးကို ပေါင်းစပ်ရင် အဖေ့ဆီက chromosome 46 နဲ့ အမေ့ဆီက chromosome 46 - total 92 chromosomes ဖြစ်သွားပြီး ဆဲလ်တစ်လုံးဖြစ်ပေါ်ဖို့ အခြေအနေမဟန်တော့ဘူး။ ဒီတော့ သဘာဝကိုယ်၌က chromosome 46 ခုကို စာရွက်တစ်ရွက် အလယ်ကခေါက်လိုက်သလို အရည်အသွေးတူတဲ့ chromosomes တစ်ဝက်တိတိ ခေါက်ထားလိုက်တယ် ။ ( ရူပဗေဒေသမားတွေအတွက် Symmetry သဘောတရားကို သုံးထားတယ် ) ဒီတော့မှ အဖေ့ဆီက တစ်ဝက် ၊ အမေ့ဆီက တစ်ဝက် နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုတဲ့ မျိုးအောင်ဥကလေးဖြစ်ပေါ်လာတာပေါ့။ ကယ် Zygote ဆိုတဲ့ ဆဲလ်လေးတစ်လုံးလဲ အတိအကျဖြစ်ကော ကျန်တဲ့တာဝန်က Mitosis ရဲ့ တာဝန်ဖြစ်ပြီပေါ့။

ဒါဆို Mitosis နဲ့ Meiosis ကို အခြေခံ ဂဃနဏတော့ နားလည်ပြီပေါ့ ။ ကျန်တဲ့ အဆင့်တွေကတော့ အောက်မှာ တစ်ပုံချင်း ဖိကြည့်ပါ။
crd #
မှတ်ထားသမျှ စုစည်း၍ရေး၏ - Htet Arkar

Google 22/07/2017

ကျနော့်က ပြောင်းဖူးသီးပါ

Structure of a Maize Grain
The External Structure
(ပြောင်းစေ့ရဲ့ပြင်ပလက္ခဏာ)

အဲသလိုရေးလိုက်မိရင် ထူးဆန်းသွားပါလိမ့်မယ်၊ လူ ၁၀၀ ရှိလျှင် ၉၉ ဦးက ပြောင်းဖူးစေ့ (သို့မဟုတ်) ပြောင်းဖူးဆန် လို့ ခေါ်နေကြလို့ ဘယ်သူကမှ အသီးတလုံး လို့ပြောကြမယ် မထင်ပါဘူး၊ တကယ်တော့ လူတွေတွေပြောပြောနေတဲ့ ပြောင်းဖူးစေ့ဆိုတာ "အစေ"့ မဟုတ်ပါဘူး၊ အစေ့တစေ့ ထဲသာ ပါသော အသီးတလုံး သာဖြစ်ပါတယ်၊ မိတ်ဆွေတို့ နေကြာစေ့ (တကယ်တော့ နေကြာသီး) ကို စားဖူးကြမှာပါ၊ နေကြာစေ့ အပေါ်က အသီးခွံက မာကြောတယ် အတွင်းထဲက နေကြာအစေ့ ခေါ် အဆန်လေးက သီးသန့်ဖြစ်နေတယ်၊ သူတို့ရဲ့ အသီးခွံနဲ့ အစေ့ခွံ ကပူးကပ် မနေကြဖူး၊ သီးခြားစီပါ၊

ဒါပေမည့် "ပြောင်းဖူးစေ"့မှာတော့ အသီးခွံ နဲ့ အစေ့ခွံက နေကြာစေ့လို့ သီးခြားမနေ. အချင်းချင်း ပူးကပ်ကာ တသားထဲဖြစ်နေပြီး အလွှာတခုထဲ ပမာဖြစ်နေပါတယ်၊ ခွဲခွာဖို့ လုံးဝ မဖြစ်နိုင်ပါ၊ ပြောင်းဖူးသီးက အစေ့ တစေ့ထဲသာ ပါသောအသီး ဖြစ်ပြီး အသီးခွံ နှင့် အစေ့ခွံ ၂ ခု ပေါင်းစပ် ကပ်နေသော အသီးတလုံး သာဖြစ်တယ်၊ ဒီလိုအသီးမျိုးကို ရုက္ခဗေဒ ဘာသာရပ်မှာ "ခွံစပ်တစေ့သီး" လို့ခေါ်ပါတယ်၊ Terminology အခေါ်ကတော့ Caryopsis (ကယ်ရီရောပ်ဆစ်) ဖြစ်ပါတယ်၊

ပြောင်းဖူးသီးပင်ဟာ စေ့ရွက်ထီးပင်ထဲမှာ ပါဝင်ပါတယ်၊ စေ့ရွက်ထီးပင်က အစေ့ (Monocotyledonous seeds) တိုင်းရဲ့ ထူးခြားချက်ကတော့ အစေ့တိုင်းမှာ စေ့တွင်းစာတွေ ရှိတာပါဘဲ၊ စေ့တွင်းစာ (endosperm) ပါသောအစေ့တိုင်းကို endospermic seeds (စေ့တွင်းစာပါသော အစေ့များ) လို့ခေါ်ကြပါတယ်၊

ပြောင်းဖူးပြုတ်စားရင် အဝါရောင် ပြောင်းဖူးစေ့ ( ပြောင်းဖူးသီးလေး) တွေကို
ချွေကာစားကြရတယ်၊ တကယ်တော့ သူတို့လေးတွေဟာ တချိန်က အစေ့အိမ် o***y လေးတွေပါ၊ အစေ့အိမ်လေးတေရွဲ့ထိပ်ကနေ ရွှေဝါရောင် အမွှေးလေးတွေ ထွက်နေတာတော့ လူတိုင်းသိမှာပါ၊ အဲဒီအမွှေးလေးတွေက ဝတ်မှုံခံတိုင် (style) နဲ့ ဝတ်မှုံခံ (stigma) လေးတွေဖြစ်ခဲ့တယ်၊ ရှေ့သင်ခန်းစာက သင်ခဲ့တာမှတ်မိရင် အစေ့အိမ် (o***y) လေးတွေ သန္ဓေအောင်ပြီး ရင့်မှည့်ရင် အသီး (fruit) ဖြစ်လာမှာပါ၊ ဒါဆို တချိန်က ပြောင်းဖူး (o***y) လေးဟာ အခုဆို ပြောင်းဖူးသီးလေးဖြစ်လာပါဘီ၊

အသီးလေးအပေါ်မှာ သေသေခြာခြာ ကြည့်ရင် အတက်ငယ်ငယ်လေးတခု (a small protuberance) အမြဲရှိတယ် ၊ အဲဒါလေးက မြန်မာအခေါ် အမြိတ်လေး( ဝါ ) ပြုတ်ထွက်သွားသည့် ဝတ်မှုံခံတိုင်လေးရဲ့ အရာလေ့း (base of style) ဖြစ်ပါတယ်၊ ပြောင်းဖူးသီးလေးရဲ့တဖက်မှာတော့ အဖြူရောင် အကွက်ငယ်လေး တခုရှိနေပါတယ်၊ အဲဒီအကွက်ငယ်လေးက အပင်လောင်း (Embryo) လေးရှိသော နေရာလေးဖြစ်ပါတယ်၊ သန္ဓေပေါက် (micropyle) ကတော့ အဖြူရောင်အကွက်ငယ်ရဲ့ တဖက် အသီးရဲ့ အောက်ခြေဖက်မှာရှိနေပါတယ်၊

ကဲ့ ..ပြောင်းဖူးစေ့ ...အစား ...ပြောင်းဖူးသီး လို့ခေါ်ကြည့်စမ်းပါ...ပြောင်းဖူးသီးပြုတ်....ပူပူလေး...လေ...လား..

သက်နိုင်ဦး

Structure of Maize grain
External structure

The maize grain is not a seed, but a single-seeded fruit called a caryopsis. Its fruit-wall fuses with the seed coat into a single layer. The grain is monocotyledonous and endospermic. There is a small protuberance near the top of the grain. A very slight, whitish patch on one side of the grain marks the embryo. The micropyle lies at the base of the grain.

Biology သင်ခါစ ကလေးများအတွက်ပါ

All photos from Google.com

Google

12/07/2017

Touch me not
ငါ့ကိုမထိပါနဲ့

Explosive mechanism
အက်ကွဲသီးတွေ က်ကွဲလျှင် အစေ့များပျံ့လွင့်စေနိုင်သည်၊ တခါတရံ အရှိန်ပြင်းထန်စွာ အက်ကွဲခင်းဖြင့် အစေ့များ မိခင်အပင်မှဝေးရာအရပ်ကို လွင့်သွားစေသည်၊ ယင်းကဲ့သို့သောအသီးများကို ပေါက်ကွဲသီး explosive fruits ဟုခေါ်ကြသည်၊

Balsam flowers (ဒန်းပန်း)
Family: Balsaminaceae
Genus: Impatiens L.,
ဒန်းပန်းလေးတွေက ရာသီအလိုက်ပေါ်လာတတ်တဲ့ပန်းလေးတွေပါ၊ ပုံမြင်တာနဲ့ဒီပန်းလေးတွေကိုသိကြမှာပါ၊ ရောင်စုံရှိတာမို့လည်း အရမ်းလည်းလှပါတယ်၊

ပင်စည်လေးတွေကလည်း နုညံလွန်းလှတယ်၊ အသီးလေးတွေကိုတော့ "touch me not" (ငါ့ကိုမထိပါနဲ့) လို့တင်စားကြပါတယ်၊ တကယ်လည်းဟုတ်ပါတယ် ၊ အသီးရင့်မှည့်နေချိန်က အထိမခံရွှေပန်းကန်လိုဖြစ်နေပါတယ်၊ တကယ်လို့များ တခုခုနဲ့ ထိခိုက်မိလိုက်တာနဲ့ ရုတ်တရက်ပေါက်ကွဲသွားပါတယ်၊

အသီးရဲ့ အခင်တွေက အတွင်းဖက်ကို ကွေးနေလို့ ပေါက်ကွဲလိုက်တာနဲ့ အစေ့တွေကို အဝေးကိုရောက်အောင် အရှိန်ပြင်းစွာ တွန်းထုတ်လိုက် ကြပါတယ်၊ သတိထားရမှာ က ဒန်းပင်ဆိုတာနဲ့ ဘုရားပန်းတင်တဲ့ဘ ဒန်းလှနဲ့ မှားမှာစိုးလို့ အပင်ပုံလေးတွေတင်ပေးလိုက်တယ်

Biology သင်ရင်းပျော်ရွှင်ပါစေ

သက်နိုင်ဦး

All photos from Google.com.

ဒန်းစေ့လေးတွေ့ ပေါက်ကွဲတဲ့ video file လေးကို
အောက်က youtube မှာ ကြည့်လိုက်ရင် ပိုရှင်းသွားမှာပါ၊ အရမ်းချစ်စရာကောင်းလှတယ်

https://m.facebook.com/story.php?story_fbid=1100125530087044&id=100002688236044

Google 07/07/2017

အသီး နှင့်အစေ့များပျံ့လွင်ခြင်း
Fruits and Seeds Dispersal

စာတပုဒ်ကိုသင်ရာမှာ ချက်ခြင်းကြီး မသင်သေးဘဲ၊ ဒီစာ ဘာ့ကြောင့် သင်ရတယ်ဆိုတာကိုအရင်ပြောပြရမှာပါ၊ Chapter 3 ဟာ စာနဲပီး ပုံတွေများပါတယ်၊ အလွတ် မကျက်စေဘဲ ဒီပုံလေးတွေ အကြောင်းကို သေသေခြာခြာရှင်းပြရင် သူတို့ ခဏနဲ့နားလည်သွားပါလိမ့်မယ်၊ အသီးအစေ့များ ပျံ့လွင့်ပုံမသင်ခင် "တရွာမပြောင်း သူကောင်းမဖြစ်" စကားပုံကိုကြားဖူးကြလားလို့ ကလေးတွေနဲ့အမေး အဖြေလေး လုပ်ရလိမ့်မယ်၊ လူတွေလိုပါဘဲ အသီးအစေ့တွေဟာ မိခင်အပင်မှဝေးရာကို နည်းလမ်းမျိုးစုံနဲ့ ပျံ့လွင့်ကြရသည်၊ ဘာ့ကြောင့် ပျံ့လွင့်တာ လည်း ..သူတို့ဘဝရှင်သန်နိုင်အောင့်လို့ပါ၊ လူတွေလည်းဇာတိမြေကိုစွန့်ခွာပြီးတနယ်တကျေးမှာ လာရောက်အလုပ် လုပ်ကိုင် နေရသလိုပေါ့ .

အပင်များသည် မျိုးဆက်ပျံ့ပွားဖို့အသီးများသီးကြသည်၊ ဖြစ်လာသော အသီးနှင့်အစေ့ တို့သည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်ကြရပေမည်၊ ဤသို့ပျံ့လွင့်ခြင်းက ဇီဝဗေဒ သဘောအရများစွာ အကျိုးရှိပါသည်၊ အကယ်၍များ မပျံ့လွင့်ပါက အပင်ခြေရင်းတွင် အစုလိုက်အပုံလိုက်ဖြစ်နေပြီး ဇီဝသဘောအရ အကျိုးမဲ့လိမ့်မည်၊ နေရာကျဉ်းကျဉ်းလေးမို့ နေရောင်ခြည် အစာ မြေ ရေ ရရှိစေရန် တစေ့နှင့်တစေ့ အလုအယက် ယှဉ်ပြိုင်ကြရပေမည်။ မိခင်အပင်ကြီး၏ လောင်းရိပ်အောက်မှာနေထိုင်ရသည်မို့ ရှင်သန်နှုံးက နှေးကွေးနေလိမ့်မည်။ အပင်များ၏ အဓွန်ရှည်ရေး တိုးတက်ခိုင်မြဲရေး ဆင့်ကဲဖစ်စဉ်ဖြစ်ရေးအတွက် အဝေးသို့ပျံ့လွင့်ကြရသည်၊

အက်ကွဲသီးအမျိုးအစားတို့သည် အက်ကွဲသည်နှင့်တပြိုင်နက် အတွင်းဖက်က အစေ့များပျံ့လွင့်ကြသည်၊ မအက်ကွဲသော အသီးတို့ကား အသီးတခုလုံးသာပျံ့လွင့်မှသာ အတွင်းဖက်ကအစေ့များပျံ့လွင့်ရပေသည်၊ အသီးအစေ့များသည် သတ္တဝါများနည်းတူ ရွေ့လျားနိုင်မှုမရှိသဖြင့် ပြင်ပ အကူအညီများ လိုအပ်ပါသည်၊ ပြင်အကူအညီများမှာ လေ ရေ တိရစ္ဆာန် နှင့် ထူးခြားသော ယန္တရား တို့ဖြစ်ကြသည်၊

လေအကူအညီဖြင့်ပျံ့လွင့်ခြင်း
အသီးအစေ့များပျံ့နှံ့ပုံလေးမျိုးရှိသည်၊ လေကူ ရေကူ သတ္တဝါကူ အခြားနည်းလမ်းများ ဟူ၍ဖြစ်သည်၊ လေဖြင့်ပျံ့လွင့်မည့် အသီးအစေ့များသည် လေနှင့်ပျံ့လွင့်စေဖို့ ရန်အတွက် သူတို့၏ သွင်ပြင်ကို ပုံစံအမျိုးမျိုးပြုပြင်ထားကြသည်၊

၁၊ သေးငယ်လျက်ပေါ့ပါးခြင်း၊
eg. Orchid seeds

သစ်ခွ orchid seeds လေးများသည် အလွန်ပေါ့ပါးပြီး ဖုန်မှုန့်များလိုဖြစ်နေသည် အစေ့တစေ့အလေးချိန်သည် 0.004 miligram ခန့်သာလေးသဖြင့် အသီးအက်ကွဲလျင် လေထဲသို့ အလွယ်တကူ ပျံ့လွင့်နိုင်ကြသည်၊

၂၊ လေထီးယန္တရားများပါခြင်း

A. ယပ်တောင်ငယ်အမွှေးများ (မရိုးစေ့)
eg. Calotropis
ရင့်မှည့်သော မရိုးသီး Calotropis ထဲတွင် အစေ့များစွာရှိသည်၊ အစေ့များအပေါ်တွင် ယပ်တောင်ပုံစံရှိသော အမွှေးနုများပြန့်ကား နေကြသည် ၊ ယင်းကို ယပ်တောင်ငယ်မွှေး ခေါ်သည်၊ ထိုအင်္ဂါများ ကြောင့် အစေ့များ သည် လေထဲတွင် လွယ်ကူစွာလွင့်ပါပြီး အပင်မှဝေးရာပျံ့လွင့်နိုင်ကြသည်၊

B. အမွှေးထူခြင်း (ဝါစေ့) Cotton seeds

ဝါစေ့၏ အစေ့ခွံမှ ထူးကဲလာသော အမွှေးများဖြစ်ပေါ်လာပြီး အစေ့ကို ဖုံးကာထားသည်၊ ထိုအမွှေးများကြောင့် အစေ့များလေထဲကို လွယ်ကူစွာပျံ့လွှင့်နိုင်သည်၊

C. တည်မြဲသော ဝတ်မှုံခံတိုင်ပါခြင်း Clematis fruits

ခွာဖြူသီးသည် တစေ့သီးဖြစ်သည်၊ အသီးထိပ်တွင်နုညံသော အမွှေးဖြင့်ပြီးသည့် ဝတ်မှုံခံတိုင်ရှိသည်၊ အသီးဖြစ်သည့်တိုင်ပြုတ်ထွက်သွားခြင်းမရှိခြေ၊ ထိုအမွှေးကြောင့်ပင် လေထဲကို လွယ်ကူစွာ ပျံ့လွင်စေပါသည်

D. အတောင်ပါခြင်း
အသီး အစေ့များလေထဲတွင်လေဟုန်စီးနိုင်ဖို့ အလွန်ပါးသည့်အတောင်များပါကြသည်၊

1. အစေ့နံရံတောင်ပံဖြစ်ခြင်း (ဒန်သလွန်စေ့)
Drum stick seeds
ဒန့်သလွန်အစေ့နံရံသည် အတောင်ပံဖြစ်ကာ လေထဲသို့လွင့်ပါနိုင်သည်။

2. Winged seeds
Spathodea campanulata ခေါ်သည် African tulip tree အပင်သည် Bignoniaceae ကြောင်လျှာပင်မျိုးရင်းထဲတွင်ပါသည်၊ လှပလွန်းသော ထရမ်ပက်ပုံစံ လိမ္မော်ရောင် အပွင့်များကြောင့် ဥယျာဉ်တွေမှာ အလှစိုက်ကြသည်၊ အစေ့များက အတောင်များပါသည်၊ ထိုအတောင်များဖြင့် လေထဲသို့ လွယ်ကူစွာ ပျံ့လွင့်ကြသည်၊

3. အသီးခွံတောင်ပံဖြစ်ခြင်း (ပိတောက်သီး)
Pterocarpus
ပိတောက်သီးလေးများရင့်မှည့်လာသောအခါ အသီးခွံများသည် ပြားချပ်လာကာ အတောင်သဖွယ်ဖြစ်လာသည် ၊ လေထဲတွင်ထိုအတောင်လေးများဖြင့် လွယ်ကူစွာပျံ့လွင့်နိုင်သည်၊

4. ပွင့်ဖတ် တောင်ပံဖြစ်ခြင်း
Eg. Dipterocarpus
ကညင်သီးတွင် တည်မြဲသောပွင့်ဖတ်များက အတောင်သဖွယ်ဖြစ်လာသည်၊ ထိုအတောင်များကြောင့် အသီးကြွေကျသောအခါ လေထဲတွင် တဝဲဝဲလည်လျှက် မိခင်အပင်မှဝေးရာကိုပျံ့လွင့်ကြရသည်၊

E. လေဝှေ့ခံယန္တရား (Poppy ဘိန်းသီး)

ဘိန်းသီးတွင် အစေ့များထွက်ရန် အလွန်သေးငယ်သော အပေါက်လေးများ ပါသည်၊ အသီးရင့်သောအခါ ထိုအပေါက် ငယ်များ အက်ကွဲလာသည်၊ သို့သော် အပေါက်လေးများက ကျဉ်းလွန်းသဖြင့် အတွင်းကအစေ့များအလွယ်တကူမထွက်နိုင်ပါ၊ အသီးကို ရှည်လျားသော ပွင့်ကိုင်းက ထောက်မထားသည်၊ လေတိုက်သောအခါ ဘိန်းသီးခြောက်သည် ပွင်းကိုင်းအရှည်ပေါ်မှ လေထဲတွင် ယိမ်းနွဲ့နေသည်၊ အတွင်းက အစေ့များခါချသလိုဖြစ်နေသည်၊ ထိုအခါကြမှ အတွင်းထဲကအစေ့များသည် အပေါက်ငယ်မှတဆင့် အပြင်ကို ထွက်နိုင်ကြသည်၊ လေပြင်းတိုက်လေ ဘိန်းစေ့များဝေးဝေးရောက်လေဖြစ်သည်၊

ပုံလေးများနှင့်ဆိုလျှင် ကလေးတွေ ခဏနှင့်နားလည်သွားမည့် သင်ခန်းစာဖြစ်သည်၊ ဘာ့ကြောင့် ဘယ်လို ပျံ့လွင့်ခြင်းက အဓိကဖြစ်သည်၊ အချိန်ရလျှင်ဆက်ရေးပါမည်၊ လိုအပ်ချက်မျါးရှိလျှင် ဖြည့်ပေးပါ၊
Biology သင်ရင်းပျော်ရွှင်ပါစေ

သက်နိုင်ဦး
မုံရွာတက္ကသိုလ်
All photos from Google.com

Ref: Dr.ကိုကိုလေး , U Saw Lwin
အပင် အသွင်နဲ့အလုပ်

Google Search the world's information, including webpages, images, videos and more. Google has many special features to help you find exactly what you're looking for.

Photos from Biology  for  students's post 23/05/2017
Photos from Biology  for  students's post 19/05/2017

Modified roots

05/05/2017
Timeline photos 14/04/2017
10/03/2017

Cell

Photos from Biology  for  students's post 10/02/2017

Sponges

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Cell

Category

Telephone

Website

Address


168 Yinnmar Street
Yangon

Other Nutritionists in Yangon (show all)
Diet Guide by Dr. Suzan Diet Guide by Dr. Suzan
Yangon

Sharing nutrition, lifestyle and health education.

NutriBeauty by Dr.Ei NutriBeauty by Dr.Ei
Yangon

Let’s build your perfect beauty with natural foods ����

Mason Myanmar Mason Myanmar
Yangon

To provide quality, affordable, safe Nutritional Supplements for the entire family.

Dr. Ye Yint Dr. Ye Yint
Yangon

ဒေါက်တာရဲရင့် official page ဖြစ်ပါတယ်။

Dr.Mittar- Dr.Mittar-
Family Nutrition Specialist Clinic
Yangon, 11421

‌ဒေါက်တာခင်မေတ္တာမိုးစံသည် အာဟာရ ဆ?

Family Nutrition Center Family Nutrition Center
No 706, Aye Yeik Thar 3rd Street, 43 Ward, Dagon Myothit North Yangon
Yangon, 11421

Family Nutrition Clinic aims to provide Nutrition Consultation for nutrition problems and promote the optimal nutrition for all family members.

Nuts & Herbs Nuts & Herbs
27st
Yangon, 11143

GY Keto Diet Plan GY Keto Diet Plan
Gabaraye Pagoda Road
Yangon, 11111

Keto by Gorgeous You

Slark - Fitness Slark - Fitness
Yangon, 11231

𝗛𝗲𝗹𝗽𝗶𝗻𝗴 𝗬𝗼𝘂 𝗕𝗲𝗰𝗼𝗺𝗲 𝗬𝗼𝘂𝗿 𝗕𝗲𝘀𝘁 𝗦𝗲𝗹𝗳 🔱 https://www.facebook.com/KrixSlark

Hand to Hand Business and language institute Hand to Hand Business and language institute
No. 1/309, Shwe War Myaing Housing, 9 Quarter, Hlaing Township
Yangon, 11061

သင်တန်းတက်ရင်း အလုပ်လုပ်မယ်