Myat Mon Yadanar Special Healthcare Clinic

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Mon Yadanar Special Healthcare Clinic, No. 357/359, Thein Phyu Road (1st Floor), Thein Phyu Bus Stop, Mingalar Taung Nyunt Township, Yangon.

12/06/2024

လည်ပင်းကျီးပေါင်း ရောဂါ ✨
******************************
လည်ပင်းကျီးပေါင်း ရောဂါ ( Cervical Spondylosis ) ဆိုတာဟာ ဇက်ကျောရိုးမကြီးမှာ ရှိတဲ့ အရွတ်နဲ့ အရိုးတွေ ထိခိုက်ခြင်းကြောင့်ဖြစ်ပေါ်လာသော ရောဂါဖြစ်တယ်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ အဖြစ်များတတ်သော ရောဂါတစ်ခုပါ။ အသက် ( ၄၀ )နှစ်နှင့်အထက်ပိုင်းသူများတွင် ပို၍ဖြစ်ပါတယ်။ ယခုအခါ ဖုန်း၊ကွန်ပျူတာများ အသုံးများသည့် လူငယ်ပိုင်းများတွင်လည်း ဖြစ်လာတာကို တွေ့ရှိရပါတယ်။
လည်ပင်းကျီးပေါင်းရောဂါဖြစ်လာပြီဆိုလျှင်
🔰ခေါင်းကိုက်ခြင်း / ချာချာလည်အောင်ခေါင်းမူးတတ်ခြင်း
🔰ကြွက်သားအားနည်းခြင်း
🔰ဇက်ကြောတက်ခြင်း
🔰ဦးခေါင်းလှုပ်ရှားရ ခက်ခဲလာခြင်း
🔰ပုခုံး လက်မောင်းတို့ ထုံခြင်း၊ ကျဉ်ခြင်း
🔰လည်ပင်းနှင့် ပုခုံးများနာကျင်ခြင်း/ ညောင်းညာကိုက်ခဲခြင်း စတဲ့ လက္ခဏာများဖြစ်တတ်ပါသည်။လူတချို့တွင်မူ အထက်ပါလက္ခဏာများ မပြဘဲလည်းဖြစ်တတ်နိုင်ပါတယ်။

လည်ပင်းကျီးပေါင်းရောဂါကို ဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်းတွေကတော့အသက် အရွယ်ကြီးလာသည်နှင့်အမျှ လည်ပင်း အရိုးအဆစ် တွေပြောင်းလဲလာပြီး ဖြစ်တတ်သလို အဆစ်ကြား၊ အရိုးပြား ထိခိုက်ခြင်း၊ ကျွံခြင်း၊ အရည်ခမ်းခြင်း၊
အရိုးအတက်ထွက်ခြင်းတို့ ကြောင့်ဖြစ် တတ်ပါတယ်။ ဒါ့အပြင်
❗လည်ပင်း ထိခိုက်ခြင်း
❗အလေးအပင် မ ရသောအလုပ်များ လုပ်ခြင်း၊ ဦးခေါင်းတွင် အချိန်ကြာကြာရွက်ခြင်း
❗ပုံစံမမှန်သော အနေအထားတွင် အချိန်ကြာရှိခြင်း ( သို့မဟုတ် ) လည်ပင်းလှုပ်ရှားမှု ထပ်ကာထပ်ကာ လုပ်ရခြင်း
❗မျိုးရိုးဗီဇ လိုက်ခြင်း
❗ဆေးလိပ်သောက်ခြင်း
❗ကိုယ်အလေးချိန်များပြီး လှုပ်ရှားမှုနည်းခြင်း
❗ကွန်ပျူတာ နှင့် ဖုန်းများကို အချိန်ကြာရှည်စွာ အသုံးပြုရခြင်း စတာတွေကြောင့် ဖြစ်စေနိုင်ပါတယ်။
လည်ပင်းကျီးပေါင်း ရောဂါကို အပြင်းအထန်ဆုံး ခံစားရနေချိန်တွင် အနားယူရန် လိုအပ်ပါသည်။
လည်ပင်းနား တစ်ဝိုက်ကို ရေနွေးအိတ်ကပ်ပေးပါ။ ကြမ်းတမ်းစွာအနှိပ်ခံခြင်း၊ အကြောပြင်ခြင်း၊
ဇက်ချိုးခြင်းတို့ကို လုံးဝရှောင် ကြဉ်သင့်ပါသည်။

လည်ပင်းကျီးပေါင်းရောဂါ ဝေဒနာမဖြစ်စေရန်အတွက်
🔹လည်ပင်းထိခိုက်မှု မရှိစေရန် အထူးဂရုပြုပါ။ ထိုင်နေစဉ်နှင့် လမ်းလျှောက်စဉ်တွင် ခန္ဓာကိုယ်ကို တည့်မတ်စွာထားပါ
🔹ကွန်ပျူတာနှင့် အလုပ်လုပ်ချိန်တွင် ကွန်ပျူတာမျက်နှာပြင်နှင့် ဦးခေါင်းကို တစ်တန်းတည်းထားပါ
🔹ဦးခေါင်းနှင့် ရွက်၍ အလေးအပင်မခြင်း၊ ပစ္စည်းသယ်ခြင်းတို့ကို အထူးသတိပြုရှောင်ကြဉ်ပါ
🔹ကိုယ်လက်လှုပ်ရှား ပုံမှန်ပြုလုပ်ပါ
🔹ဦးခေါင်းနှင့် လည်ပင်းလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ
🔹အဆီလျှော့စားပါ
🔹ကိုယ်အလေးချိန်များလျှင် လျှော့ချပါ။
🔹ရေများများသောက်ပြီး လတ်ဆက်တဲ့အသီးအရွက်များစားပါ
🔹အိပ်ရေးဝဝ အိပ်စက်အနားယူပါ။
မြတ်မွန်ရတနာအဆင့်မြင့် ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီး၏
(Physiotherapy Unit) တွင်လည်း လူကြီးမင်းတို့ရဲ့ လည်ပင်းကျီးပေါင်းတက်
ခြင်း အပြင် အခြားသော အရိုး အကြော အဆစ် နှင့်သက်ဆိုင်သော ရောဂါများ
အတွက် အထူးကုဆရာဝန်ကြီးများနှင့် အသေးစိပ်တိုင်ပင်ဆွေးနွေးနိုင်ပြီး လိုအပ်
သောကုသမှု နှင့် (Physiotherapy Treatment ) များကိုလည်း ကျွမ်းကျင်
Physiotherapisit များမှ ပြုလုပ်ပေးနေပြီ ဖြစ်ပါကြောင်း သတင်းကောင်း
ပေးလိုက်ပါရစေ 🤗🤗
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

10/06/2024

အသည်းဆိုတာ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံးအစိတ်အပိုင်း တစ်ခုဖြစ်ပြီး အစာတွေကို ချေဖျက်တဲ့နေရာမှာ ကူညီပေးသလို ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားတာတွေလည်း
လုပ်ဆောင်ပါတယ်

အသည်းရောဂါတွေအများကြီးထဲမှာမှ အဖြစ်များတဲ့ အသည်းရောဂါတွေကတော့
ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့
🔸အသည်းရောင် အသားဝါ အေ
🔸အသည်းရောင် အသားဝါ ဘီ
🔸အသည်းရောင် အသားဝါ စီ တို့ပဲဖြစ်ပါတယ်
ကျန်းမာရေးပြဿနာတွေ၊ သောက်သုံးရတဲ့ဆေးဝါးတွေ၊ နေထိုင်မှုပုံစံ၊
ပတ်ဝန်းကျင်အနေအထားတွေကြောင့်လည်း အသည်းကို ထိခိုက်စေနိုင်ပါတယ်။

အသည်းဟာ ခန္ဓာကိုယ် ကောင်းကောင်းရပ်တည်နိုင်ဖို့ ပင်မထောက်တိုင်ကြီး ဖြစ်တာမို့ အသည်းကျန်းမာစေဖို့အတွက်
🔹အာဟာရပြည့်ဝ မျှတအောင် စားပါ။
🔹ဆားလျှော့စားပါ။
🔹အရက်ဖြတ်ပါ။
🔹ကာကွယ်ဆေး ထိုးပါ။
🔹အဆီများတာတွေ မစားပါနဲ့။
🔹ပုံမှန်စစ်ဆေးမှု လုပ်ပေးပါ။
🔹ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးပါ။
မြတ်မွန်ရတနာအထူးကု ဆေးခန်းကြီးတွင်အသည်း ရောဂါနဲ့ပတ်သတ်သမျှကို ဆရာဝန်ကြီးများဖြင့် အသေးစိတ်တိုင်ပင် ဆွေးနွေးပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ✨

🩺အသည်း၊ အစာအိမ်နှင့်အူလမ်းကြောင်း
👨‍⚕️ခွဲစိတ်အထူးကုဆရာဝန်
ဒေါက်တာ လင်းထွန်းသိန်း
M.B.,B.S,M.Med.Sc(Surg)
Dr.Med.Sc (Gen:Surg)

🩺အသည်းအထူးကုဆရာဝန်
👨‍⚕️ဒေါက်တာ ဟန်စုယဉ်
M.B.,B.S,M.Med.Sc(Internal Medicine)
MRCP (UK),FRCP (Edin)
Dr.Med.Sc(Hepatology)

ကျန်းမာရေးဝန်ဆောင်မှုများ ရယူလိုပါက
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

08/06/2024

လေးစားစွာ အသိပေးအကြောင်းကြားခြင်း📢
~~~~~~~~~~~~~~~~~~~~~~~~~~~~
မြတ်မွန်ရတနာအထူးကုဆေးခန်းကြီးတွင် ကျန်းမာရေးဝန်ဆောင်မှုရယူလိုသူအားလုံးအတွက် လိုင်းဖုန်းများအစား အောက်ပါနံပတ်များသို့ နံနက်( ၈း၀၀ ) မှ ညနေ ( ၆း၀၀ ) နာရီအတွင်းဆက်သွယ်ပြီး Booking များ၊ စုံစမ်းမေးမြန်းမှုများ ပြုလုပ်နိုင်ပါတယ်🥰

မြတ်မွန်ရတနာ အထူးကုဆေးခန်းကြီးတွင် (၇)ရက်ပတ်လုံးဘက်ပေါင်းစုံမှကျန်းမာရေး စောင့်ရှောက်မှုများကို ပေးအပ်လျက် ရှိပါတယ်။🤗

📱𝐒𝐄𝐑𝐕𝐈𝐂𝐄 𝐇𝐎𝐓𝐋𝐈𝐍𝐄 𝐍𝐎 - 𝟎𝟗-𝟒𝟐𝟎𝟏𝟎𝟓𝟒𝟐𝟏 / 𝟎𝟗-𝟗𝟒𝟒𝟎𝟒𝟔𝟎𝟎𝟎
ကျန်းမာရေးဝန်ဆောင်မှုများရယူလိုပါက
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

07/06/2024

Hajj ခရီးစဉ်သွားမယ့် အစ္စလာမ်ဘာသာဝင်
ဟာဂျီလောင်းနှင့် ဟာဂျီမလောင်းများအားလုံး
ဘေးအန္တရာယ်ကင်းဝေးပြီး ကောင်းမှုကုသိုလ်ပြုလုပ်နိုင်ပါစေလို့
မြတ်မွန်ရတနာဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 😊

ဟာဂျီများ အားလုံး၏ လိုအင်ဆန္ဒများ ပြည့်ဝပြီး ကျန်းမာရွှင်လန်းကြပါစေ။
🕋🕋🕋အလ္လာဟ်အရှင်မြတ်သခင်မှလည်း ဟာဂျ်နီယာသ်ပြုထားသူများအားလုံး၏ ကောင်းကျိုးလိုရာ ဆန္ဒကိုယ်စီပြည့်ဝ လက်ခံတော်မူပြီး မြန်မာနိုင်ငံမှ ဟာဂျီများနဲ့တကွ နိုင်ငံအသီးသီးမှ ဟာဂျီများအားလုံး၏ ဟာဂျ်အား လက်ခံ ကဗူလ် ဖြစ်တော်မူပါစေ။ # အာမိန်း 🕋🕋

🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

05/06/2024

ကမ်းလွန်ပင်လယ်ပြင်မှာအလုပ်လုပ်ရတဲ့ သ​င်္ဘောသားတွေဟာသာမန်လူတွေထပ်
ကျန်းမာရေးပိုပြီးဂရုစိုက်ရသလို ကျန်းမာနေဖို့လဲလိုပါတယ်။ နိုင်ငံတကာသို့ သွားရောက်
အလုပ်လုပ်ကိုင်သော သင်္ဘောသားများအတွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
အသိအမှတ်ပြုဆေးစစ်ခြင်းများကို ပြုလုပ်ဖို့လိုအပ်ပါတယ်။ 🚢

👉မြတ်မွန်ရတနာ အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီးတွင်
သင်္ဘောသားများအတွက် ကျန်းမာရေးစစ်ဆေးပေးခြင်း များ နှင့် ဆေးကုသမှုများကို
တစ်နေရာ ထဲမှာ စုံစုံလင်လင်ဖြစ်ဆောင်ရွက်ပေးနေပါပြီ။

🚢ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DMA) အသိအမှတ်ပြု
သင်္ဘောသားဆေးစစ်ခြင်း (Seafarer Checkup) အတွက် လိုအပ်သော
🚢 👉🏻ဆေးစစ် သင်္ဘောသားရဲ့ CDC / ဓါတ်ပုံကို စစ်ဆေးပေးခြင်း မှ အစ
DMA အသိအမှတ်ပြု ဆေးစစ်လုပ်ငန်းစဉ်အတိုင်း အစအဆုံး
check list များပေါ်တွင် တစ်ဆင့်ချင်းစီလက်မှတ်ထိုး၍
ပြီးစီးအောင် ဆောင်ရွက်ပေးခြင်း ✅
👉🏻နား မျက်စိ အမြင်အာရုံ အကြားအာရုံ ကောင်းမကောင်း ၊ လက်ဗွေရာကိုက်ညီမှု ရှိ
မရှိကို လက်တွေ့ ကြကြ စစ်ဆေးပေးခြင်း များအပြင်🔬💁🏼
🚢စစ်ဆေးမှု အားလုံးပြီးဆုံးသွားလျှင် ကြီးကြပ်သူနာပြုတစ်ဦးမှ Double check လုပ်ပေးပြီး Sign /
Confrim Sign ထိုးပေးခြင်း အထိ (အစအဆုံး) တာဝန်ယူလုပ်ဆောင်ပေးသွားမှာပါနော် ✌🏻
🚢မြတ်မွန်ရတနာဆေးခန်းတွင် DMA မှ ထောက်ခံချက်ရရှိထားသော ဆရာဝန်ကြီးများကိုယ်တိုင်
စမ်းသပ်စစ်ဆေးပေးနေပြီး အကောင်းဆုံးဝန်ဆောင်မှု Service တွေပေးနေတာကြောင့်
စိတ်ချယုံကြည်စွာဖြင့် မြတ်မွန်ရတနာသို့ အမြန်ဆုံးလှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်နော်….

🚢 သင်္ဘောသားဆေးစစ်ခြင်းဝန်ဆောင်မှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက 👇🏻
🏥 Myat Mon Yadanar Special Healthcare Clinic Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

02/06/2024

တုပ်ကွေးရောဂါဆိုတာ မိုးရာသီမှာအဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီး အများစုမှာ အလွယ်တကူပျောက်ကင်းပေမယ့် အချို့သူတွေမှာတော့
အသက်ဆုံးသည့်အထိပြင်းထန်နိုင်ပါတယ် 😯
သာမန်အအေးမိတာနဲ့ဆင်တူပေမယ့် တုပ်ကွေးက
ရုတ်တရက်နေမကောင်းဖြစ်တတ်ပါတယ်။
အဖြစ်များသော တုပ်ကွေးရောဂါလက္ခဏာများမှာ👇
❗နှာစေးခြင်း/နှာရည်ယိုခြင်း
❗မျက်စိယားယံခြင်း
❗ချောင်းဆိုးခြင်း/လည်ချောင်းနားခြင်း
❗ခေါင်းကိုက်ခြင်း
❗အော့အန်ခြင်း
❗ကြွက်သား/ကိုယ်လက်များနာကျင်ကိုက်ခဲခြင်း
❗အနီစက်ထွက်ခြင်း တို့ဖြစ်ပါတယ်
ရာသီတုပ်ကွေးရောဂါကို ကာကွယ်ဖို့အတွက် လက်ကိုခဏခဏဆေးပါ။လူစုလူဝေးရှောင်ပါ။ နေမကောင်းဖြစ်ရင် အိမ်ထဲမှာပဲနေပါ.နှစ်စဥ်
တုပ်ကွေးကာကွယ်ဆေးထိုးပါ.။ရောဂါကာကွယ်ရေးနည်းလမ်းများကိုလိုက်နာပါ။

မြတ်မွန်ရတနာအထူးကုဆေးခန်းကြီးတွင်လည်း ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်😊
ကျန်းမာရေးနဲ့ပတ်သတ်သော ဝန်ဆောင်မှုများကိုရယူလိုပါက
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

31/05/2024

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (World No Tabacco Day)🌍
ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ကို နှစ်စဉ်မေလ (၃၁) ရက်နေ့အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကသတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပါတယ်။

👉 ဆေးလိပ်သောက်ခြင်းသည် မိမိကျန်းမာရေးသာမက ပတ်ဝန်းကျင်ကိုလည်းထိခိုက်စေပါသည်။ နှစ်စဉ်ကမ္ဘာ့လူသား(၅ ဒသမ ၄)သန်းခန့်ဆေးလိပ်ကြောင့် သေဆုံးနေကြရပါတယ်။

ဆေးလိပ်ဖြတ်ခြင်းဖြင့် ကျန်းမာပျော်ရွှင်သောနေ့ရက်များကို ပိုင်ဆိုင်ကြပါစေကြောင်း
ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

29/05/2024

ကမ္ဘာလုံးဆိုင်ရာ အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးနေ့📅

နှစ်စဉ်မေလ (၂၉)ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးနေ့ အဖြစ်သတ်မှတ်ထားပါတယ်။

ခန္ဓာကိုယ်ခုခံအားစနစ်ရဲ့ ၇၀-၈၀% ခန့်သည် အစာအိမ်နှင့်အူလမ်းကြောင်းမှာရှိတာကြောင့်
မွေးစမှ ကြီးပြင်းချိန်ထိ အစာအိမ်နှင့်အူလမ်းကြောင်းကောင်းမွန်​နေဖို့ အရေးကြီးလှပါတယ်🤗

အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာစေဖို့ အမျှင်ဓာတ်များသော အသီးအနှံဟင်းသီးဟင်းရွက်များ စားခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင်ခန်း ပုံမှန်လုပ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ စိတ်ဖိစီးမှုနည်းအောင်နေခြင်းဖြင့် နေထိုင်သင့်ပါတယ်။

အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ ခံစားနေရပြီဆို ဆရာဝန်နှင့်စောစီးစွာကုသမှုခံယူဖို့လိုအပ်ပါတယ်ကျန်းမာပျော်ရွင်သော နေ့ရက်များကို ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း မြတ်မွန်ရတနာအထူးကု
ဆေးခန်းကြီးမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် 🤗
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

28/05/2024

သွားနှင့် ခံတွင်း ကျန်းမာရေး၊ သွားရောဂါနှင့် သွားအလှအပဆိုင်ရာများနှင့် ပတ်သတ်ပြီး ဆွေးနွေးကုသပေးဖို့ဆိုရင် မြတ်မွန်ရတနာရဲ့
Dental Clinic ကိုလှမ်းလာခဲ့ပါ 🦷🦷😊

သွားလေးတွေလှပမှုကလည်း မျက်နှာအလှရဲ့ အရေးပါတဲ့ အစိတ်အပိုင်းထဲမှာ ပါပါတယ်.ယုံကြည်မှုအပြည့်နဲ့ အပြုံးလှလှလေးတွေပြုံးနိုင်ဖို့ မြတ်မွန်ရတနာရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်းကြီးမှာ ကျွမ်းကျင်သွားဆရာဝန်များနှင့် ကုသပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်
====================
ရရှိနိုင်တဲ့ကုသမှုတွေကတော့
🦷ရိုးရိုးသွားနှုတ်ခြင်း
🦷အံဆုံးသွားခွဲနှုတ်ခြင်း
🦷သွားဖာခြင်း
🦷သွားအသေစိုက်ခြင်း
🦷အံကပ်ပြုလုပ်ပေးခြင်း
🦷သွားညှိကုသပေးခြင်း
🦷သွားမြစ်တိုင်စိုက်ခြင်း
🦷သွားအကြောထုတ်ကုသခြင်း
🦷သွားများဖြူဖွေးစေရန်ကုသပေးခြင်း
🦷သွားကြွေလွှာကပ်ခြင်း
🦷သွားဓာတ်မှန်ရိုက်ပေးခြင်း
🦷သွားသန့်ရှင်းရေးပြုလုပ်ပေးခြင်း စတဲ့ဝန်ဆောင်မှုများဆောင်ရွက်ပေးနေပါပြီနော်
သင့်ရဲ့ သွားကျန်းမာရေးအတွက် မြတ်မွန်ရတနာက အမြဲစောင့်ကြိုလျက်ပါ✨
သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်ကြီးများကိုယ်တိုင် အခမဲ့ ဆွေးနွေးခြင်းများပြုလုပ်ပေးပြီး စျေးနှုန်းသက်သာစွာ ကုသပေးနေပြီဖြစ်လို့ Myat Mon Yadanar Special Healthcare Clinic ကို လာခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ် 💙
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

25/05/2024

🕋ဟဂ်ျ၊ အွမ္မရဟ် ခရီးစဉ်တိုင်းအတွက် အလိုအပ်ဆုံး နှင့် အထိရောက်ဆုံး ✴
💉𝐌𝐄𝐍𝐈𝐍𝐆𝐎𝐂𝐎𝐂𝐂𝐀𝐋 𝐕𝐀𝐂𝐂𝐈𝐍𝐄 ***( ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေး )***
ကိုအထူးနှုန်းထား (𝟐𝟖𝟎,𝟎𝟎𝟎) ကျပ်တည်းဖြင့် မြတ်မွန်ရတနာ အထူးကုဆေးခန်းကြီးတွင်
ထိုးနှံပေးနေပါပြီ

👉𝐌𝐄𝐍𝐈𝐍𝐆𝐎𝐂𝐎𝐂𝐂𝐀𝐋 𝐕𝐀𝐂𝐂𝐈𝐍𝐄 ***( ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေး )
ထိုးနှံပြီးကြာင်း မှတ်တမ်း 𝐈𝐦𝐦𝐮𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐫𝐝 ( Yellow Book ) ထုတ် ပေးမည်ဖြစ်ပါသည်။

ဆော်ဒီသံရုံးရဲ့ ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေး ထိုးခွင့် အသိအမှတ်ပြု လက်မှတ်ရ
မြတ်မွန်ရတနာရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီး တွင် ဟဂ်ျ ခရီးသွားများ၏ လုံခြုံမှုအတွက်
ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးအား လာရောက်ထိုးနှံနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

💉ကာကွယ်ဆေး ထိုးနှံလိုပါက Page Messenger မှသော်လည်းကောင်း ဆေးခန်းဖုန်းနံပါတ် ကိုဆက်သွယ်၍ သော်လည်းကောင်း နာမည်နဲ့ ဖုန်းနံပါတ်ပေးပြီး Booking တင်နိုင်ပါတယ်နော်📣🤗

ကျန်းမာရေးနဲ့ပတ်သတ်သော ဝန်ဆောင်မှုများကိုရယူလိုပါက
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐨𝐫) 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
📲 𝟎𝟗-𝟒𝟐𝟎𝟏𝟎𝟓𝟒𝟐𝟏, 𝟎𝟗-𝟗𝟒𝟒𝟎𝟒𝟔𝟎𝟎𝟎, 𝟎𝟏-𝟑𝟖𝟑𝟖𝟏𝟖, 𝟎𝟏-𝟑𝟗𝟗𝟏𝟓𝟑
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။




#ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး

24/05/2024

🕋ဟဂ်ျ၊ အွမ္မရဟ် ခရီးစဉ်တိုင်းအတွက် အလိုအပ်ဆုံး နှင့် အထိရောက်ဆုံး ✴
💉𝐌𝐄𝐍𝐈𝐍𝐆𝐎𝐂𝐎𝐂𝐂𝐀𝐋 𝐕𝐀𝐂𝐂𝐈𝐍𝐄 ***( ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေး )***

***မန္တလေးမြို့အပါအဝင် မန္တလေးမြို့အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များမှ ဟဂ်ျခရီးစဥ်သွား‌‌ေရာက်မည့် ဟာဂျီလောင်းများအား မြတ်မွန်ရတနာအထူးကုဆေးခန်းကြီးမှ 26.05.2024 တနင်္ဂနွေနေ့ တွင် မန္တလေးမြို့ရှိ
🏢 ဟာဂျီမင်းမင်း Travel Way Hajj Company
အမှတ် (၃၁၈ )၊ လမ်း (၂ဝ နှင့် ၂၁ ) လမ်းကြား၊ လမ်း ( ၈၀ ) တွင် 🕘 နံနက် 9:00 မှ ညနေ 5:00 အချိန်ထိ လာရောက်၍ ကာကွယ်‌ေဆးထိုးနှံပေးမည်ဖြစ်ပါကြောင်း အထူးသတင်း ကောင်းပါးလိုက်ပါရစေ🥰🥰....***

👉𝐌𝐄𝐍𝐈𝐍𝐆𝐎𝐂𝐎𝐂𝐂𝐀𝐋 𝐕𝐀𝐂𝐂𝐈𝐍𝐄 ***( ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေး ) ထိုးနှံပြီးကြာင်း မှတ်တမ်း 𝐈𝐦𝐦𝐮𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐫𝐝 ( Yellow Book ) ထုတ် ပေးမည်ဖြစ်ပါသည်။

ဆော်ဒီသံရုံး၏ ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေး ထိုးခွင့် အသိအမှတ်ပြု လက်မှတ်ရ မြတ်မွန်ရတနာ ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီး တွင် ဟဂ်ျ ခရီးသွားများ၏ လုံခြုံမှုအတွက် ဦးနှောက် အမြှေးရောင်ရောဂါ ကာကွယ်ဆေးအား လာရောက်ထိုးနှံနိုင်ပြီ ဖြစ်ပါကြောင်း ရန်ကုန်မြို့ရှိ ဟာဂျီလောင်းများအား အထူးသတင်းကောင်းပါးအပ်ပါသည်။🤗
ကျန်းမာရေးနဲ့ပတ်သတ်သော ဝန်ဆောင်မှုများကိုရယူလိုပါက
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐨𝐫) 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
📲 𝟎𝟗-𝟒𝟐𝟎𝟏𝟎𝟓𝟒𝟐𝟏, 𝟎𝟗-𝟗𝟒𝟒𝟎𝟒𝟔𝟎𝟎𝟎, 𝟎𝟏-𝟑𝟖𝟑𝟖𝟏𝟖, 𝟎𝟏-𝟑𝟗𝟗𝟏𝟓𝟑
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။




#ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး

22/05/2024

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် "ကဆုန်လပြည့် ဗုဒ္ဓနေ့ "လေးမှာ
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေကြောင်း
မြတ်မွန်ရတနာ အထူးကုဆေးခန်းကြီးမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်….🙏🏻

21/05/2024

အဆုတ်က နေ့စဉ်အသက်ရှုတဲ့နေရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်း
တစ်ခုပါ။ ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့
ပတ်ဝန်းကျင်အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို
အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ် 😔

👉ဆေးလိပ်အလွန်အကျွံသောက်ခြင်း၊ အရက်များသောက်သုံးခြင်း
တို့ကြောင့်
🫁 အဆုတ်ရောင်၊ အဆုတ်ပွရောဂါများ ခံစားရခြင်း၊
🫁 အဆုတ်လေပြွန်ရောင်ရမ်းခြင်း၊
🫁 ရင်ဘတ်အောင့်ခြင်း၊
🫁 အသက်ရှူမဝဖြစ်ခြင်း စတဲ့
လက္ခဏာရပ်များကိုခံစားရနိုင်ပါတယ်။
ကျန်းမာတဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့အတွက် အဆုတ်ကျန်းမာဖို့ အရေးပါပါတယ်။
အဆုတ်ကျန်းမာစေဖို့ တစ်နှစ်တစ်ခါ အဆုတ်ကျန်းမာရေး စစ်ဆေးမှုကို ခံယူပေးသင့်ပါတယ်။

မြတ်မွန်ရတနာ ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီးတွင် အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများမှ သက်ဆိုင်ရာရောဂါအမျိုးအစားအလိုက် စမ်းသပ်စစ်ဆေး ကုသခြင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိတာကြောင့်
ကြိုတင် Appointment ရယူ၍လာရောက်ပြသနိုင်ပါကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်...✨

🩺အဆုတ်နှင့်ရင်ခေါင်းအထူးကုသမားတော်ကြီးများ
👨‍⚕️ပါမောက္ခ ဒေါက်တာကျော်သက်ထွန်း
M.B.,B.S,(Ygn); M.Med.Sc (Int:Med)
D.T.C.D(Wales); Dip.Int.Med.(RPMS,London)
M.R.C.P (UK)

👨‍⚕️ဒေါက်တာ ရဲသူဟန်
M.B.,B.S;M.Med.Sc(Internal Medicine)
Dr.Med.Sc (Respiratory Medicine)

19/05/2024

ခါးနာဝေဒနာ မပေါ့ဆသင့်ပါ 🚫
ခါးနာခြင်းဟာ အရွယ်ရောက်ပြီးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်
ခံစားရတတ်တဲ့ ကျန်းမာရေးပြဿနာပါ။
✅ကိုယ်နေဟန်ထားမမှန်လို့ ခါးနာတာ၊
✅အလေးအပင်မလို့ ခါးနာသွားတာ၊
✅ချော်လဲတာကြောင့် ခါးနာတာ စတဲ့ပုံစံအမျိုးမျိုးကြောင့်
လူတိုင်းခါးနာတဲ့ဝေဒနာကို ခံစားရပါတယ်။
▪️အရိုးအဆစ်ယောင်ရောဂါကြောင့်လည်း ခါးနာတတ်သလို အရိုးပွရောဂါ
အခံရှိတဲ့သက်ကြီးပိုင်းတွေမှာလဲ ချော်လဲတာ၊ အလေးအပင်မတာတွေမှ
တစ်ဆင့်ခါးဆစ်ရိုးကျိုးတာမျိုးအထိ ဖြစ်နိုင်ပါတယ်။

ခါးနာတာကတစ်ဆင့်၊ ခါးရိုးဆစ်ကျိုးတာမျိုးဖြစ်သွားတာကို သေချာမကုသပါခဲ့က
အာရုံကြောပိပြီး လူကြီးပိုင်းတွေမှာ အောက်ပိုင်းလှုပ်ရှားလို့မရတာမျိုးဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဘယ်လိုအခြေအနေကြောင့်ပဲဖြစ်ဖြစ် ခါးနာတာကို ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။
ကင်ဆာဖြစ်နေသူတွေအနေနဲ့ ကင်ဆာဆဲလ်တွေ ပြန့်သွားပြီး ခါးရိုးကိုထိပြီး ခါးနာဝေဒနာ
ခံစားရတာမျိုးလည်းဖြစ်နိုင်ပါတယ်။

အသက် (၆၀)ကျော်သက်ကြီးပိုင်းတွေ ခါးနာတဲ့အခါ တော်တော်နဲ့မသက်သာတာ၊
လှုပ်ရှားလို့မရအောင် နာကျင်တာမျိုးဖြစ်နေတယ်ဆိုပါက ကျွမ်းကျင်ဆရာဝန်နဲ့
အမြန်ဆုံးပြသဖို့ လိုပါတယ်။

ခါးနာခြင်းအတွက် အရိုးအကြောအဆစ် အထူးကု ဆရာဝန်ကြီးများ၊ Physiotherapists
အကြောအဆစ်ကုပညာရှင်များနှင့် စောစီးစွာ ကုသမှု့ယူခဲ့လျှင် နာကျင်ခြင်းကင်းဝေးကာ
ပုံမှန်လှုပ်ရှားမှုရရန် မြန်ဆန်ပါတယ်။ Physiotherapists အကြောအဆစ်ကုပညာရှင်များမှ
ခါးမနာစေရန် ၊ အာရုံကြော ထိခိုက်မှု့မဖြစ်စေရန် နေထိုင်မှု့ပုံစံများ ၊ ခါးရိုးဆစ်ကို ထိန်းထားသော
ကြွက်သား တစ်ခုချင်းစီ သန်မာစေသော လေ့ကျင့်ခန်းကုသမှု့များ ၊ ကြွက်သား ရောင်ရမ်းခြင်း
အာရုံကြော ရောင်ရမ်းခြင်းတို့အတွက် လိုအပ်သော ကုသမှု့များပေးကာ ခါးနာခြင်းကို
ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

👨‍⚕️ဒါကြောင့် ခါးနာရောဂါဆိုတာ တိကျတဲ့ကုသမှုမရရင် ပိုမိုဆိုးရွားလာနိုင်တာဖြစ်လို့ ထိရောက်တဲ့ကုသမှုရရှိအောင် မြတ်မွန်ရတနာ အထူးကုဆေးခန်းကြီးမှ ကျွမ်းကျင်တဲ့ အရိုးအကြောအဆစ်အထူးကု ဆရာဝန်ကြီးများနှင့် အကြောအဆစ်ကုပညာရှင်များ (Physiotherapists )ဆရာဝန်ကြီးများမှ ခေတ်မီစက်ကိရိယာများဖြင့်ကုသခြင်း၊ Therapeutic Exercise (လေ့ကျင့်ခန်းကုထုံးများဖြင့်ကုသခြင်း) ဖြင့်၀န်ဆောင်မှုပေးနေပီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

အရိုးအကြောဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သတ်သော ဝန်ဆောင်မှုများကိုရယူလိုပါက
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

17/05/2024

🩸 ယနေ့ဟာ ကမ္ဘာ့သွေးတိုးရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့လေး ဖြစ်ပါတယ်💊
နှစ်စဉ် May 17th ရက်နေ့ ကို ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ်အဖြစ်သတ်မှတ်ပြီး သွေးတိုးရောဂါအကြောင်းအသိပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိပါတယ်။

သွေးတိုးရောဂါရှိနေပါက သွေးပေါင်ကို ပုံမှန်စနစ်တကျစစ်ဆေးပြီးဆေးကုသမှုခံယူပါ။ဆောင်ရန်ရှောင်ရန်များကို အဓိကထားဆင်ခြင်ပြီး နီးစပ်ရာ ကျွမ်းကျွင်ဆရာဝန်များရဲ့ လမ်းညွန်ချက်အတိုင်းပြုမူနေထိုင်ပါ 👨🏼‍⚕️🩺

သွေးတိုးရောဂါကို ထိန်းသိမ်းဖို့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းပြီး
အဝမလွန်အောင် နေထိုင်စားသောက်ပါ။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
အသီးအနှံ ဟင်းသီးဟင်းရွက် များများစားသုံးပေးပါ 🍍🥦

ရောဂါကြောင့်ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးအန္တရာယ်များကို ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွင်သော လူနေမှုဘဝကို ပိုင်ဆိုင်ကြပါစေကြောင်း မြတ်မွန်ရတနာအထူးကုဆေးခန်းကြီးမှ ဆုမွန်ကောင်း‌တောင်းလိုက်ပါတယ်။

🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

15/05/2024

💌 ရင်သားကင်ဆာ ဂရုစိုက်ပါ💌

ရင်သားကင်ဆာ ဆိုတာအဖြစ်များတဲ့ ကင်ဆာအမျိုးအစားတစ်ခုဖြစ်ပြီးအမျိုးသမီး များမှာ အဖြစ်များတဲ့ ရောဂါလို့ဆိုပေမယ့် အမျိုးသားများမှာလည်း ဖြစ်နိုင်ချေရှိပါတယ်။

🔺ရင်သားကင်ဆာဟာ ရင်သားမှာ အကျိတ်ဖြစ်ပေါ်လာတာကနေ အစပြုပြီး‌ေရာဂါအစောပိုင်းမှာ လက္ခဏာမပြတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ရင်သားကင်ဆာ အမျိုးအစားများစွာရှိပြီး ရင်သားကင်ဆာ အဆင့်တွေကိုတော့ အသားစယူပြီး စစ်ဆေးမှုကနေ ခွဲခြား သတ်မှတ်နိုင်ပါတယ်။ မိမိရင်သားအား ပုံမှန်ဟုတ်မဟုတ်လည်း အမြဲစမ်းသပ်စစ်ဆေးပြီး ကင်ဆာရောဂါလက္ခဏာတွေကိုလည်း စောစီးစွာ သိထားဖို့က အလွန်အရေးကြီးပါတယ်။

ရင်သားကင်ဆာရောဂါကို ဖြစ်ပွားစေတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

♦ အမျိုးသမီးဖြစ်ခြင်း

♦ အသက်အရွယ် ကြီးမြင့်လာခြင်း

♦ ရင်သားကင်ဆာ ဖြစ်ပွားဖူးခြင်း

♦ မျိုးရိုးလိုက်ခြင်း

♦ အပျိုဖော်မဝင်ခင် ရာသီသွေးဆင်းခြင်း

♦ အရက်သောက်ခြင်း၊ အဝလွန်ခြင်း၊ အသက် ကြီးမှ ကိုယ်ဝန်ရခြင်း၊ ရေဒီယိုသတ္တိကြွပစ္စည်းများနဲ့ ထိတွေ့မိခြင်း၊ တို့ကြောင့်လည်း ရင်သားကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။

ရင်သားကင်ဆာအကြိတ်ဖုဟာ ယေဘုယျ အားဖြင့် မာကြောခြင်း၊ နာကြင်မှုကင်းမဲ့ခြင်း၊ ရွေ့လျားမှုမရှိခြင်း စတဲ့သဘာဝရှိ ပါတယ်။

⚠️ ရင်သားကင်ဆာလက္ခဏာများမှာ

✔️ရင်သားမှာ ထဲ မှာ ငြိမ်နေ သော (မရွေ့မရှား)သော အကျိတ်တည်လာခြင်း။ အကျိတ်ဖြစ်ခြင်း။
✔️ဓမ္မတာလာချိန်မဟုတ်ဘဲ ချိုင်းကြား၊ ရင်သားမှာ နာကျင်မှုကိုခံစားရခြင်း
✔️ရင်သားရဲ့ အရေပြားဟာ လိမ္မော်သီးအခွံလိုမျိုး ပြောင်းလဲသွားခြင်း
✔️အနီကွက်များ ရင်သားတစ်ဝိုက်မှာ ဖြစ်ပေါ်ခြင်း၊ ရင်သားအနီရောင်ရဲလာခြင်း။
✔️နို့သီးခေါင်းမှ အရည်ကြည်များထွက်ခြင်း၊ သွေးပါသောအရည်များထွက်ခြင်း
✔️နို့သီးခေါင်းများ အတွင်းသို့ ချိုင့်ဝင်နေခြင်း
✔️ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံပြောင်းလဲလာခြင်း
✔️ နို့သီးခေါင်း အရေပြား နဲ့ရင်သားပေါ်ယံအရေပြားတို့ အရေခွံကွာကျခြင်း၊ အရေခွံ ပက်ကျားအက်ခြင်း။
✔️ နို့သီး ခေါင်းမှာ အဖုအပိမ့်ကွက်များထွက်ပေါ်ခြင်း။
✔️ ဂျိုင်းကြားမှာအကြိတ်တည်လာခြင်း။
✔️ ရင်သားတစ်ရှုးတွေထူထဲကာမာတင်းတင်းဖြစ်၍ နေရထိုင်ရခက်ခဲခြင်း စသည်တို့ဖြစ်ပါသည်။

ရင်သားကင်ဆာ ဖြစ်ဖစ်ပွားနိုင်ချေတွေကို သိသိသာသာလျှော့ချပေးနိုင်ဖို့အတွက်

🔺ကိုယ်ခံအား ကောင်းအောင် နေထိုင်ခြင်း၊
🔺အလွန်အကျွံအရက်သောက်ခြင်းကို ရှောင်ခြင်း၊
🔺ကျန်းမာရေးနှင့် ညီညွတ်သော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို စားသုံးခြင်း၊
🔺ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊
🔺 Body Mass Index ( BMI ) ခန္ဓာကိုယ်အလေး ချိန်အညွှန်းကိန်း ကို ထိန်းသိမ်းထားခြင်းတို့ပြု လုပ်ပေးသင့်ပါတယ်။

👉အသက်အရွယ်၊ မျိုးရိုးဗီဇ၊ နေထိုင်မှုဘဝပုံစံ များကြောင့် အနည်းနှင့်အများ ကွာနိုင်ပေမယ့် ရင်သားကင် ဆာကို စောစီးစွာသိပါက ကနဦး အဆင့်မှာ ပင် လုံးဝပျောက်ကင်း အောင်ကုသလို့ရပါတယ်။

ရင်သားကင်ဆာ ဖြစ်နိုင်ချေ လျော့ချနိုင်ဖို့ အမျိုး သမီးများ အနေဖြင့် မိမိ၏ ရင်သားရှိ အလုံးအကျိတ် များအတွက်အောက်ပါ နည်းလမ်းတွေလည်းတွေကိုကြိုတင်စစ်ဆေးလုပ်ဆောင်သင့်ပါတယ်။

အဲဒါတွေကတော့...

✅လစဉ်ပုံမှန် မိမိ၏ရင်သားကို ကိုယ်တိုင်စစ်ဆေးခြင်း

✅ တစ်နှစ်လျှင် တစ်ကြိမ် ဆေးရုံ ဆေးခန်းများတွင် ရင်သားစစ်ဆေးခြင်း
(အသက် ၄၀ နှင့်အထက် အမျိုးသမီးများ Mammogram / Brest Ultrasound ကို တစ်နှစ်တခါ စစ်ဆေးခြင်းဖြင့် ရင်သာ ကင်ဆာ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။)

✅ FNAC (အလုံးအကျိတ် မှ အသား စယူ၍ စစ် ဆေးခြင်း)

✅ Lumpectomy (အလုံးအကျိတ်ဖယ်ရှားခြင်း)

✅ Mastectomy - (ရင်သားခွဲထုတ်ခြင်း)

⚠️⚠️ မိမိ၏ ရင်သား အဖု အကြိတ်နှင့်ပတ်၍ ကျွမ်းကျင်နားလည်သော ဆရာဝန်ကြီးများ နှင့်ဆွေးနွေး တိုင်ပင် ပြသခြင်း၊ ခွဲစိတ်ကုသခြင်းများပြုလုပ်လိုပါက မြတ်မွန်ရတနာဆေးခန်းကြီးသို့ ဆက်သွယ်စုံစမ်းနိုင်ပြီဖြစ်ပါကြောင်းအထူးသတင်းကောင်းပါး အပ်ပါသည်။

ကျန်းမာရေးနဲ့ပတ်သတ်သော ဝန်ဆောင်မှုများ ကိုရယူလိုပါက
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။


.

===================================

13/05/2024

ဦးနှောက်အမြှေးရောင်ရောဂါ ( 𝐌𝐞𝐧𝐢𝐧𝐠𝐨𝐜𝐨𝐜𝐜𝐚𝐥 𝐌𝐞𝐧𝐢𝐧𝐠𝐢𝐭𝐢𝐬 )
***************************************************************

👉ဦးနှောက်အမြှေးရောင်ရောဂါ ( 𝐌𝐞𝐧𝐢𝐧𝐠𝐨𝐜𝐨𝐜𝐜𝐚𝐥 𝐌𝐞𝐧𝐢𝐧𝐠𝐢𝐭𝐢𝐬 ) သည် 𝐍𝐞𝐢𝐬𝐬𝐞𝐫𝐢𝐚 𝐌𝐞𝐧𝐢𝐧𝐠𝐢𝐭𝐢𝐬 ခေါ်သော ( 𝐁𝐚𝐜𝐭𝐞𝐫𝐢𝐚 ) ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပြီး ထိုရောဂါသည် ဦးနှောက်နှင့်ကျောရိုးမကြီးကို ကာဆီးထားသော အမြှေးပါးကို ရောင်ရမ်းစေရုံသာမ ကသွေးထဲထိ ပါပျံ့နှံ့နိုင်ပြီး သွေးဆိပ်တက် ကာ ချက်ချင်း အသက် ဆုံးနိုင်သော ကူးစက်မြန်ပြင်းထန်ရောဂါ တစ်မျိုးဖြစ်ပါသည်။

👉 ရောဂါလက္ခဏာပြရန် ၃-၄ ရက်ကြာပြီး တစ်ခါတစ်ရံ ၂ ရက်မှ ၁၀ ရက်အတွင်း ရောဂါဝင်ရောက်ပြီးမှ လက္ခဏာပြတတ်ပါသည်။
ဦးနှောက်အမြှေးရောင်ရောဂါဟာ ကလေးသူငယ်များမှာ အဖြစ်များပြီး ဆယ်ကျော်သက်အရွယ် (𝐚𝐝𝐨𝐥𝐞𝐬𝐜𝐞𝐧𝐭𝐬) နှင့် လူကြီး (𝐚𝐝𝐮𝐥𝐭𝐬) များမှာလည်း ဖြစ်ပွားနိုင်ပါတယ်။

👉ဦးနှောက်အမြှေးရောင်ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ အသက်ရှူလမ်းကြောင်းမှ တဆင့်ကူးစက်သောရောဂါဖြစ်ပြီးနှာချေခြင်း၊ ချောင်းဆိုးခြင်း၊ မှထွက်လာတဲ့ နှာရည်၊ တံတွေးအမှုန်မွှား သေးသေးလေးတွေ ကလေထဲပျံ့နှံ့သွားပြီး ရှူ မိတဲ့သူကိုလည်း ရောဂါကူး ဆက်ပျံ့နှံ့ တတ်ပါတယ်။

👉 ရောဂါပိုး ရှိသူရဲ့ အရည်များ၊ နှာရည်များ ပေကျံနေတဲ့ လက်ကိုင်ပဝါ၊ မျက်နှာသုတ်ပဝါ၊ ဇွန်း၊ ပန်းကန်၊ ဖန်ခွက်၊ များကို အတူသုံးစွဲ ရာမှတဆင့်လည်းရောဂါကူးစက်နိုင်ပါတယ်။
ရောဂါဖြစ်ပွားနေသော အိမ်ရှိ လူတစ်ဦးမှ အခြား မိသားစုဝင်များသို့လည်း ရောဂါကူးစက် ပျံ့နှံ့ နိုင်ပါတယ်။

👉 ရာသီဥတု ပြောင်းလဲခြင်းကြောင့် နှာချေခြင်း၊ ချောင်းဆိုးခြင်းဖြင့် ရောဂါပိုး သယ်ဆောင်သူများရဲ့ နှာရည်များ၊ စွန့်ထုတ်ပစ္စည်းများကြောင့် တစ်ဦးနှင့် တစ်ဦး အမြန်ကူးစက်နိုင်သလို လူအများ စုဝေးရာနေရာဖြစ်သောကျောင်းများ၊ အဆောင်များ မှာ လွယ်လွယ်ကူကူ ရောဂါ ပျံ့ပွားနိုင်ပြီး 𝐎𝐮𝐭𝐛𝐫𝐞𝐚𝐤 ကပ်ရောဂါ အနေဖြင့်လည်း ကူးစက်နိုင်ပါတယ်။

👉 လူနေထူထပ်သောနေရာများ၊ လူအများစု သွားရောက်စုစည်းရာ ဈေးများ၊ ကျောင်းများ၊ ပွဲတော်များတွင် ကူးစက်နှုန်း မြန်ဆန်တတ်ပါတယ်။

📣ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် ဖုန်ထူခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပိုး ကြောင့် နှာခေါင်းနှင့် လေကြောင်းပြွန်ကို ဖုံးအုပ်ထားတဲ့ အလွှာကို ကူးစက်
ခံရသူများတွင် 𝐌𝐞𝐧𝐢𝐧𝐠𝐨𝐜𝐨𝐜𝐜𝐚𝐥 𝐢𝐧𝐟𝐞𝐜𝐭𝐢𝐨𝐧 ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်စေဖို့အတွက် အခွင့်အလမ်းပိုများတဲ့ သူပဲဖြစ်ပါတယ်။

ရောဂါလက္ခဏာများမှာ

📌အပြင်းဖျားခြင်း၊
📌ချမ်းတုန်ခြင်း၊
📌ကိုယ်လက်မအီမသာဖြစ် ခြင်း
📌ခေါင်းကိုက်ခြင်း
📌ဇက်ခိုင်ခြင်း ( လည်ပင်းခိုင်သွားခြင်း )
📌အလင်းရောင်ကို မျက်စိမခံနိုင်ခြင်း
📌အနီကွက်( 𝐑𝐚𝐬𝐡 ) များထွက်ခြင်းဖြစ်သည်။ တိကျသောဆေးဝါးကုသမှုမရရှိလျှင် အသက်ဆုံးရှုံးနိုင်ပါသည်။

လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်မှု မှ ကာကွယ်ရန်

* လက်ဆေးခြင်း၊
* တစ်ကိုယ်ရေသန့်ရှင်းခြင်း
* မိမိပတ်ဝန်းကျင်ကိုလည်း ဖုန်မထူအောင် သန့်ရှင်းစေခြင်း
*နေအိမ်၊ ကျောင်းတို့မှာ လေကောင်းလေသန့်နှင့် လေ၀င်လေထွက်ကောင်းမွန်အောင် စီမံထားခြင်း
* နေမကောင်း ဖြစ်ပါက မိမိ အိမ်မှာ အနားယူပြီး ဆေးဝါးကုသမှုခံယူစေခြင်း
*မိမိတို့ရဲ့ နှာရည်တို့နဲ့ ပေကျံနေတဲ့ 𝐓𝐢𝐬𝐬𝐮𝐞 စက္ကူများကို စနစ်တကျစွန့်ပစ်ခြင်း
* လူထူထပ်သောနေရာများ၊ ပွဲတော်များတွင် နှာခေါင်းစည်း (𝐌𝐚𝐬𝐤) တပ်ဆင်ခြင်း
* ချောင်းဆိုး၊ နှာစေးနေသောသူနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် ထိုသူတို့၏ကိုယ်ပိုင်ပစ္စည်းများ ကို ဝေမျှသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊
* လက်မဆေးရသေးပဲ မျက်စိ၊ နှာခေါင်းနှင့်ပါးစပ်များကို ထိတွေ့ခြင်းမှရှောင်ကြဉ်ခြင်း၊
စသည်တို့ဖြစ်ပါသည်။

🎯 ဦးနှောက်အမြှေးရောင် ကာကွ
ယ်ဆေး 𝐌𝐞𝐧𝐢𝐧𝐠𝐨𝐜𝐨𝐜𝐜𝐚𝐥 (𝐀,𝐂,𝐘,𝐖,𝐗 ) 𝐏𝐨𝐥𝐲𝐬𝐚𝐜𝐜𝐡𝐚𝐫𝐢𝐝𝐞 𝐂𝐨𝐧𝐣𝐮𝐠𝐚𝐭𝐞 𝐕𝐚𝐜𝐜𝐢𝐧𝐞
သည် ဦးးနှောက်အမြှေးရောင်ရောဂါ ( 𝐌𝐞𝐧𝐢𝐧𝐠𝐨𝐜𝐨𝐜𝐜𝐚𝐥 𝐌𝐞𝐧𝐢𝐧𝐠𝐢𝐭𝐢𝐬) အားကြိုတင် ကာကွယ်နိုင်သော ကာကွယ်ဆေးဖြစ်ပါသည်။

𝐌𝐞𝐧𝐢𝐧𝐠𝐨𝐜𝐨𝐜𝐜𝐚𝐥 𝐦𝐞𝐧𝐢𝐧𝐠𝐢𝐭𝐢𝐬 အတွက် ကာကွယ်ဆေး (𝐌𝐞𝐧𝐢𝐧𝐠𝐨𝐜𝐨𝐜𝐜𝐚𝐥 𝐕𝐚𝐜𝐜𝐢𝐧𝐞 ) ကို 𝐎𝐮𝐭𝐛𝐫𝐞𝐚𝐤 ဖြစ်လျှင်သော်၎င်း၊ တစ်ဦးချင်း ဖြစ်ပွားလျှင်သော်၎င်း၊ ရောဂါရှိသူနဲ့ထိတွေ့ခံရသူ မိသားစုဝင်များ၊ အိမ်သားများ ၊ နီးစပ်သူများကို ထိုးနှံထားသင့်ပါသည်။

⚠️ကမ္ဘာကူးစက်ရောဂါထိန်းချုပ်ရေးအဖွဲ့ (𝐂𝐃𝐂) မှဆော်ဒီနိုင်ငံသို့သွားရောက်မည့် ခရီးသွားများအတွက် ထုတ်ပြန်ထားသောကြေညာ ချက်များအရ 𝐇𝐚𝐣𝐢 ခရီးစဉ်အတွက် !!!ခရီးစဉ်မတိုင်မီ ကာကွယ်ဆေးထိုးခြင်းဖြင့် ဟဂ်ျနဲ့ အွမ္မရဟ်သွားမယ့် ဟာဂျီလောင်းများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ ဝတ်ပြုနိုင်ဖို့ ( ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး) ကိုထိုးနှံဖို့ အထူးလိုအပ်ပါတယ်💉

ဆော်ဒီသံရုံးရဲ့ ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေး ထိုးခွင့် အသိအမှတ်ပြု လက်မှတ်ရ မြတ်မွန်ရတနာရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီး တွင် ဟဂ်ျ ခရီးသွားများ၏ လုံခြုံမှုအတွက် ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးအား လာရောက်ထိုးနှံနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကျန်းမာရေးနဲ့ပတ်သတ်သော ဝန်ဆောင်မှုများကိုရယူလိုပါက
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐨𝐫) 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
📲 𝟎𝟗-𝟒𝟐𝟎𝟏𝟎𝟓𝟒𝟐𝟏, 𝟎𝟗-𝟗𝟒𝟒𝟎𝟒𝟔𝟎𝟎𝟎, 𝟎𝟏-𝟑𝟖𝟑𝟖𝟏𝟖, 𝟎𝟏-𝟑𝟗𝟗𝟏𝟓𝟑
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။




#ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး

12/05/2024

မိခင်အားလုံးကို ဂုဏ်ပြုသောနေ့အဖြစ် နှစ်စဉ်
မေလဒုတိယပတ် တနင်္ဂနွေနေ့ကို "အမေများနေ့ "အဖြစ် နိုင်ငံအများစုမှာ နှစ်စဉ်ကျင်းပလျက်ရှိပါတယ် 🎉

ကမ္ဘာ့အမေများနေ့မှစတင်ပြီး ချစ်ခင် လေးစားတန်ဖိုးထားရတဲ့ အမေနှင့်အတူ နောက်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်စွာဖြတ်သန်း နိုင်ကြပါစေကြာင်း မြတ်မွန်ရတနာ အထူးကုဆေးခန်းကြီးမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🤗🤗
ကျန်းမာရေးနဲ့ပတ်သတ်သော ဝန်ဆောင်မှုများကိုရယူလိုပါက
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

10/05/2024

အမျိုးသားတွေဟာ အသက်အရွယ်တစ်ခုရောက်လာရင် BPH လို့ခေါ်တဲ့ ဆီးကျိတ်နဲ့ပတ်သက်တဲ့ ဆီးသွားရခက်ခဲတဲ့ ဝေဒနာတွေကို ခံစားရတတ်ပါတယ် 😫

အမျိုးသားတွေအတွက်အရေးကြီးဆုံးကတော့ ဆီးကျိတ်ပါပဲ။ ဆီးကျိတ်ဆိုတာ အသက်ကြီးလာတာ ၄၅ ကျော်လာတာနဲ့ကြီးလာတတ်တာမျိုးပါ။ အသက်ကြီးလေ ဆီးကျိတ်လဲကြီးဖို့
အလားအလာ ပိုများလေဖြစ်ပါတယ် 😮

ဆီးကျိတ်ကြီးရခြင်းဟာ အသက်ကြီးလာတဲ့အခါ အမျိုးသားဟော်မုန်းတက်စတိုစတီရုန်းဓာတ်ဟာ လျော့ကျသွားပြီး အက်စတိုဂျင်ဓာတ်ရဲ့
သက်ရောက်မှုသိသာလာတာကြောင့် ဆီးကျိတ်ကိုလိုတာထက် ပိုကြီးအောင်လှုံ့ ဆော်ပေးတာကြောင့် ဖြစ်ပါတယ်။နောက်အကြောင်းအရင်းတစ်ခုကတော့ အသက်အရွယ်ကြောင့်သွေးထဲမှာ တက်စတိုစတီရုန်းဓာတ်(Testosterone)နည်းလာတဲ့အခါမှာ ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်းဆိုတဲ့ဟော်မုန်းဓာတ်ကပိုများလာပါတယ်။ ထိုဓာတ်က ဆီးကျိတ်ဆဲလ်တွေကိုပိုပွားအောင်လှုံဆော်လို့ဆီးကျိတ်ကြီး
လာတာဖြစ်လာပါတယ်။
လက္ခဏာများအနေနဲ့
==================
❗မကြာခဏ ဆီးသွားခြင်း
❗ဆီးကျင်ခြင်း
❗ဆီးသွားဖို့အတွက် ခက်ခဲခြင်း
❗ဆီးသွားနေချိန်တွင်ရုတ်တရက်ဆီး ရပ်သွားခြင်း
❗ဆီးသွားချိန်လျှင်နာကျင်ခြင်း
❗ဆီးအရောင်ပြောင်းခြင်း စသည်လက္ခဏာတို့အားတွေ့ကြုံခံစားရနိုင်သည်။
ဆီးကျိတ်ရောဂါကို အဖြစ်များတဲ့သူတွေကတော့
▪အသက်၄၀ကျော်တဲ့လူတွေ
▪မျိုးရိုးမှာဆီးကျိတ်ရောဂါရှိသူတွေ
▪အဝလွန်သူ
▪ဆေးလိပ်သောက်သူ
▪ဆီးချိုရောဂါရှိသူ
▪နှလုံးရောဂါရှိသူ
▪ပန်းညှိုးရောဂါရှိသူ
▪လှုပ်ရှားမူနည်းလွန်းသူ တို့ဖြစ်တတ်ပါတယ်။
ဆီးကျိတ်ရောဂါ ကာကွယ်ဖို့အတွက် သဘာဝအသီးအနှံ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ခြင်း၊ အရက်ဘီယာတို့ကိုရှောင်ရှားခြင်း၊ ပြုလုပ်ကာ ရောဂါဖြစ်နေပါကလည်း ဆရာဝန်သေချာပြကာ ဆေးသေချာသောက်ရုံနှင့်ထိန်းနိုင်သောကြောင့် အချိန်မဆွဲဘဲ သေချာပြသကုသသင့်ပါတယ်။
မြတ်မွန်ရတနာအထူးကုဆေးခန်းကြီးမှာလည်း ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ
ပြဿနာများအတွက် တိုင်ပင်ဆွေးနွေးကုသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း
ပါးလိုက်ပါတယ်..
🩺ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီး
👨‍⚕️ဒေါက်တာ လင်းထက်အောင်
M.B.,B.S, M.Med,.Sc (Int: Med)
M.R.C.P (Edinburgh). Dip in Nephrology (Moscow)

🩺ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီးများ
👨‍⚕️ဒေါက်တာ ညီထက်အောင်
M.B.,B.S, Dip in Surgery (St.Petersburg)
M.Med.Sc (surgery), MRCSED (UK), Dr.Med.Sc (Urology)
Fellowship in Urology (Singapore)

ဒေါက်တာချစ်စုထွေး
👨‍⚕️M.B.,B.S,M.Med.Sc (Urology),MRCS (Edin)

👨‍⚕️ဒေါက်တာမင်းကြွယ်စိုး
M.B.,B.S,M.Med.Sc(Surgery)
Dr.Med.Sc(Urology)

ကျန်းမာရေးနဲ့ပတ်သတ်သော ဝန်ဆောင်မှုများကိုရယူလိုပါက
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 01-383818, 01-399153
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🏥မ်ိတ်ဆွေများ အားလုံး အတာကူးတဲ့ နှစ်ဦးမှာ ကျန်းမာပျော်ရွှင် ချမ်းမြေ့​ကြပါစေလို့ မြတ်မွန်ရတနာဆေးခန်း မိသားစုမှ ဆုတောင်း...
🇯🇵ဂျပန်နိုင်ငံ အသိအမှတ်ပြု ISO 9001-2015 လက်မှတ်ရရှိထားသော မြတ်မွန်ရတနာအဆင့်မြင့် ရောဂါရှာဖွေရေးနှင့် အထူးကု ဆေးခန်းကြီး...
နှစ်ပေါင်းဆယ်နှစ်ကျော်ကြာ လက်တွဲလုပ်ကိုင်လျက်ရှိသောMyat Mon Yadanar Special Healthcare Clinic နှင့် Casablanca Japanese ...
ဂျပန်နိုင်ငံ အသိအမှတ်ပြု ISO လက်မှတ်ရ  မြတ်မွန်ရတနာ အထူးကုဆေးခန်းကြီးရဲ့ ဓာတ်ခွဲခန်းတွင် ဒူဘိုင်းနိုင်ငံသို့ သွားရောက်ဖိ...
📢  အရိုး အကြောအဆစ် နှင့် ပတ်သက်ပြီး ဝေဒနာများခံစားနေရလို့ သင်စိတ်ညစ်နေပါသလား...........???******************************...
သင်၏ ခါး၊ ဒူးနဲ့ အကြောအဆစ်များ ကျန်းမာသန်စွမ်း လာစေရန် Physiotherapy Treatment သည် အရေးအကြီးဆုံးအရာဖြစ်ပါတယ်။🏃 ✅ အရိုး အ...
🥳🎉ယနေ့ ( ၁၄.၁.၂၀၂၄ ) တနင်္ဂနွေနေ့ တွင် ကျရောက်သော မြတ်မွန်ရတနာ ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီး၏ ပဲ့ကိုင်ရှင်ဖြစ်တဲ...
🩸ဇီဝိတ ဒါနပြု သွေးလှူဒါန်း ပေးခဲ့ကြတဲ့ မြတ်မွန်ရတနာ အထူးကုဆေးခန်းကြီးမှ ဝန်ထမ်းများကို MD ဒေါ်ခင်မာနွယ် မှ ကျေးဇူတင်စကား...
🎆🎉မြတ်မွန်ရတနာ ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း ၏ နာယကကြီးဖြစ်သော ဖိုးဖိုးကြီး ဒေါက်တာလှမောင် ( သံအမတ်ကြီး-ငြိမ်း ) နှင...
အားလုံးပဲ မင်္ဂလာပါ...🥰မြတ်မွန်ရတနာ အထူးကုဆေးခန်းကြီး၏ New Year🎆 အကြို ကံစမ်းမဲ အထူးအစီအစဉ်လေးကို မနက်ဖြန် ၃၁.၁၂.၂၀၂၃ ညန...
Christmas
MMY မိသားစု Christmas ကိတ်ခွဲခြင်းအစီအစဉ်

Telephone

Website

Address


Yangon
11181

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Other Yangon clinics (show all)
ZAR & ZAR Co., Ltd. ZAR & ZAR Co., Ltd.
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon

One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803

Myanmar Chemdyes Co. Ltd. Myanmar Chemdyes Co. Ltd.
122, 124, 126. Mahabandoola Garden Street
Yangon, KTDA11181

We specialize in and point-of-care (POC) diagnostics equipment and health food products.

Perfect Hair Stylist and Men Spa Perfect Hair Stylist and Men Spa
(No. 118) Ground Floor, Aung Zayya Street, Sin Min Zay Bus Stop, Near Skyway Club, KyiMyintDing Kannar Street, Alone Township
Yangon, 11121

ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

AMIRA Esthetique De LUXE AMIRA Esthetique De LUXE
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201

Luxury Aesthetic Clinic

Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

Statum Statum
Yangon

မှိုကြောင့်ဖြစ်သော အရေပြားရောဂါများအတွက် စတေတမ်

Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်