Thein Phyu Clinic - အထူးကု ဆေးခန်း၊ဆေးဆိုင် နှင့် ရောဂါရှာဖွေရေး

အထူးကု ဆေးခန်း၊ဆေးဆိုင် နှင့် ရောဂါရောဂါရှာဖွေရေး

02/03/2024

လယ်ယာစိုက်ပျိုးရေးကိုအခြေခံတဲ့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အစဉ်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိတဲ့ တောင်သူဦးကြီးများအားလုံးကို တောင်သူလယ်သမားနေ့မှာ Thein Phyu Clinic မိသားစုမှ လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်ရှင်🤍

01/03/2024

သင့်မိဘက အားဆေးသောက်ဖို့ လိုနေပြီလား❓

လူတိုင်းက အားဆေးဆိုတာနဲ့ များများသောက်ရင် ပိုကျန်းမာမယ်၊ အားပိုရှိမယ် ထင်တတ်ကြပါတယ်။ တကယ်တော့ တန်ဆေးလွန်ဘေးဆိုသလို အချို့အားဆေးတွေက လူကိုထိခိုက်စေနိုင်လို့ မိဘတွေအတွက် အားဆေးရွေးချယ်တော့မယ်ဆိုရင် ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့ မဖြစ်မနေ အကြံပြုချင်ပါတယ်။

အသင့်တော်ဆုံးအားဆေး ဘယ်လိုရွေးချယ်မလဲ❓

အားဆေးလို့ဆိုလိုက်တာနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ကိုပဲ အရင်ဆုံးတွေးမိကြပေမဲ့ ဒီအာဟာရတွေက အစားစာထဲမှာ ပါဝင်ပြီးသားမို့ အားဆေးသောက်ထားထက် အစားစာတွေကနေ ရယူတာက ပိုကောင်းပါတယ်။

အားဆေးဝယ်တော့မယ်ဆိုရင်လည်း ဆေးဗူးမှာပါတဲ့ ဖော်ပြချက်တွေကို နေ့စဉ်စားသုံးတဲ့ အာဟာရနဲ့ နှိုင်းယှဉ်ပြီး လူကြီးမိဘအတွက် အဆင်ပြေ၊ မပြေ ဘယ်နိုင်ငံကထုတ်တာလဲကအစ လေ့လာတတ်ဖို့ လိုအပ်ပါတယ်။

💊လူကြီးမိဘတွေအတွက် အသင့်တော်ဆုံး အားဆေးများ

လူကြီးမိဘတွေအတွက် အားဆေးဝယ်တော့မယ်ဆိုရင် အဓိကရွေးချယ်နိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် (၅) မျိုးကတော့ ဗီတာမင် B12၊ ကယ်လ်စီယမ်၊ ဗီတာမင်D၊ သံဓာတ်အားဆေး၊ ဗီတာမင် B6၊ Omega-3 fatty acid စတဲ့ အာဟာရဓာတ်တွေပါဝင်တဲ့ အားဆေးတွေကို အများဆုံးရွေးချယ်နိုင်ပါတယ်။

တစ်ခုသတိချပ်ရမှာက နေ့စဉ်သောက်ဖို့ လို၊ မလို သင့်မိဘနဲ့ သင့်တော်၊ မတော်ကတော့ ပြသနေကျ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးကြဖို့ Thein Phyu Clinic မှ စေတနာရှေ့ထားပြီး အကြံပြုလိုက်ရပါတယ်ရှင်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

23/02/2024

ယနေ့ခေတ်ရဲ့ အဖြစ်များဆုံး ရောဂါတွေထဲမှာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေလည်း ပါဝင်ပါတယ်။

အချိန်မီသိရှိပြီး ကုသရင် အရှင်းပျောက်ကင်းနိုင်တဲ့ ရောဂါတွေရှိသလို နောက်ဆက်တွဲပြဿနာတွေနဲ့ အရှင်းမပျောက်နိုင်တဲ့ ရောဂါတွေလည်းရှိတာမို့ အထူးသတိပြုဖို့ လိုအပ်ပါတယ်။ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကတော့

📌 ကာလသားရောဂါများ (Chlamydia ခေါ် ဘတ်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါ၊ ဂနိုးရီးယားခေါ် ဆီးပူညောင်းကျရောဂါ၊ ဆစ်ဖလစ်ရောဂါ၊ Trichomoniasis ခေါ် လိင်အင်္ဂါကပ်ပါးရောဂါ ၊ လိင်အင်္ဂါတဝိုက်ဖြစ်ပွားတဲ့ ရေယုန်ရောဂါ၊ လိင်အင်္ဂါကြွက်နို့ ဘတ်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ လိင်အင်္ဂါ ရောင်ရမ်းခြင်းရောဂါ)

📌 ခုခံအားကျဆင်းသော ကူးစက်ရောဂါ (HIV, AIDS)

📌 သွေးမှတဆင့် ကူးစက်သောရောဂါများ (အသည်းရောင်အသားဝါရောဂါ (Hepatitis B))

📌 အရေပြားချင်းထိစပ်ရာမှ ဖြစ်ပွားသောရောဂါများ (ဝဲစို၊ ဝဲခြောက်၊ ယားနာအမျိုးမျိုး)

ဒီရောဂါတွေက လိင်မှတစ်ဆင့် ကူးစက်တာဖြစ်လို့ လိင်ဆက်ဆံမှုများတဲ့သူတွေ၊ အပျော်အပါးလိုက်စားသူတွေ၊ သံသယဖြစ်စရာ ရောဂါလက္ခဏာတွေကို ခံစားနေရသူတွေအတွက် ဆရာဝန်များထံ အမြန်ဆုံးသွားရောက်ပြီး ဆေးစစ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

Thein Phyu Clinic မှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါများအတွက် ဆေးစစ်ချက်အဖြေကို အချိန်တိုအတွင်း ထုတ်ပေးနိုင်ပြီး အသက်သာဆုံးနှုန်းထားနဲ့ လာရောက်စစ်ဆေးနိုင်ပါတယ်နော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

20/02/2024

ဝန်ထမ်းတစ်ဦးရဲ့ ကျန်းမာရေးဟာ လုပ်ငန်းခွင်တစ်ခုလုံးအပေါ်မှာ သက်ရောက်မှုရှိပါတယ် ‼️ ​

အထူးသဖြင့် အခုလို အပူအအေးမမျှတဲ့ ရာသီဥတုမျိုးမှာ ဝန်ထမ်းတစ်ဦး ဖျားနာလိုက်ရင် နီးစပ်ရာ အခြားဝန်ထမ်းတွေပါ အလွယ်တကူ ကူးစက်ဖျားနာနေကြတာဖြစ်လို့ လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို အထူးအလေးပေး ဂရုစိုက်ပေးသင့်ပါတယ်။

ဝန်ထမ်းတစ်ဦးကနေ ဆင့်ပွားလာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေဟာ ‌ရေရှည်မှာ သင့်လုပ်ငန်း လည်ပတ်မှုကို ထိခိုက်စေနိုင်တာမျိုး ဖြစ်လာနိုင်လို့ လိုအပ်ရင် ကာကွယ်ဆေး ကြိုထိုးတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်💯

Thein Phyu Clinic မှာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ သင်တန်းကျောင်းများအတွက် ဆေးစစ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း စတဲ့ ဝန်ဆောင်မှုတွေကို အသက်သာဆုံးနှုန်းထားနဲ့ သီးသန့် Package တွေ စီစဉ်ပေးထားတာမို့ မြန်ဆန်တိကျတဲ့ ရလဒ်များနဲ့အတူ အကောင်းဆုံး ဝန်ဆောင်မှုများ ရယူလိုပါက Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ပါနော်🤍

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

17/02/2024

သင့်ကျန်းမာရေး ကောင်းမွန်ပါရဲ့လား❓

ရာသီဥတု အကူးအပြောင်းမှာ ဖျားနာလွယ်တာ၊ စိတ်ဖိစီးမှုများတာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ သွေးတိုး၊ ဆီးချို စတဲ့ ဝေဒနာတွေနဲ့ ပြင်းထန်ရောဂါများအတွက် ‌Thein Phyu Clinic မှာ အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။

နိုင်ငံခြားထွက်ဖို့ ဆေးစစ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ပုံမှန်ဆေးစစ်ခြင်းနဲ့ ရောဂါဝေဒနာရှာဖွေခြင်းများအတွက် ဆေးခန်းဖွင့်ချိန် မနက် (၉) နာရီမှ ည (၇) နာရီအတွင်း အထူးကု ဆရာဝန်ကြီးများမှ အခမဲ့ဆွေးနွေးပေးလျက်ရှိပြီး အသက်သာဆုံးနှုန်းထားနဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်👨‍⚕️

ဒါကြောင့် ကျန်းမာ‌ရေးမကောင်းတာကို ကြာရှည်မဆွဲဘဲ သင့်ကျန်းမာရေးကိစ္စအဝဝအတွက် လိုအပ်ချိန်တိုင်းမှာ အကောင်းဆုံးဝန်ဆောင်မှုများနဲ့ နွေးထွေးပျူငှာစွာ စောင့်ကြိုနေတဲ့ Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်🤍

📍ကာကွယ်ဆေးထိုးလိုပါက ကြိုတင်ရက်ချိန်းရယူနိုင်ကြောင်း ထပ်လောင်း သတင်းကောင်းပါးအပ်ပါတယ်။

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

09/02/2024

ရာသီဥတု အပြောင်းအလဲမှာ မကြာခဏဖျားနာလွယ်သူတွေနဲ့ ကိုယ်ခံအားနည်းသူတွေအတွက် ကူးစက်မှုမြန်ပြီး အဖြစ်များတဲ့ရောဂါတွေကို ကြိုတင်ကာကွယ်ထားဖို့ (၂၀၂၄) မှာ လူတိုင်း မဖြစ်မနေ ထိုးထားသင့်တဲ့ ကာကွယ်ဆေး (၃) မျိုးရှိပါတယ်။ ဒါတွေကတော့

📌အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေး

အသည်းရောင်အသားဝါ ဘီပိုးကို (Hepatitis B) လို့ လူသိများပြီး အသည်းခြောက်ခြင်း၊ အသည်းအမာရွတ်ဖြစ်ခြင်း၊ အသည်းကင်ဆာရောဂါတွေကြောင့် နှစ်စဉ် အသက်ဆုံးရှုံးသူ (၆) သန်းနီးပါးရှိပါတယ်။

ဘီပိုးက HIV ပိုးထက် ကူးစက်နှုန်း အဆ ၅၀ လောက်မြန်ဆန်ပြီး ကူးစက်ခံရသူအများစုဟာ နာတာရှည်ဘီပိုးသယ်ဆောင်သူများနဲ့ သက်ဆိုင်ပြီး သေဆုံးကြတာများပါတယ်။ သွေးစစ်ကြည့်မှ သိနိုင်တဲ့‌ရောဂါဖြစ်ပြီး ကာကွယ်ဆေးကြိုထိုးထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

📌တုပ်ကွေးရောဂါ ကာကွယ်ဆေး

တုပ်ကွေးရောဂါကတော့ ရာသီဥတု အပြောင်းအလဲမှာ လူတိုင်း အဖြစ်များတဲ့‌ရောဂါမို့ ကြိုတင် ကာကွယ်ဆေးထိုးထားတာက အကောင်းဆုံးပါပဲ။ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက လျင်မြန်စွာ ပြောင်းလဲနေတာမို့ ကာကွယ်ဆေး အမျိုးအစားသစ်တွေကို နှစ်စဉ်ပြုလုပ်နေရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားတဲ့ အခြေခံကျန်းမာရေးစနစ်မှာ လူတိုင်းထိုးကိုထိုးရမဲ့ ကာကွယ်ဆေး တစ်မျိုးပဲဖြစ်ပါတယ်။

📌အဆုတ်‌ရောင်‌ ရောဂါကာကွယ်ဆေး

အဆုတ်ရောင် ရောဂါကာကွယ်ဆေးက‌တော့ အဆုတ်ရောဂါအခံရှိသူတိုင်း ထိုးထားသင့်တဲ့
ကာကွယ်ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ပုံမှန်ထိုးသင့်တဲ့ ကာကွယ်ဆေးစာရင်းထဲမှာ ပါဝင်ပြီး ကြိုတင်ထိုးထားမယ်ဆိုရင် ပြင်းထန်အဆုတ်ရောင်ဘီရောဂါ၊ ဦးနှောက်အမြှေးရောင်‌ရောဂါနဲ့ လေပြွန်ဖုံးရောင်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

အခုပြောပြပေးခဲ့တဲ့ ရောဂါကာကွယ်ဆေးတွေက ကြိုတင်ထိုးနှံထားနိုင်လေလေ ကျန်းမာရေးအတွက် ကောင်းကျိုးများလေလေပဲဖြစ်လို့ အသက်သာဆုံးနှုန်းထားနဲ့ ထိုးနှံလိုပါက Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ပါနော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

06/02/2024

အမျိုးသမီးတွေမှာ ဘာကြောင့် အရိုးပွရောဂါ အဖြစ်များတာလဲ❓

အရိုးပွရောဂါဆိုတာ အရိုးတွေရဲ့ သိပ်သည်းဆ လျော့နည်းတဲ့ရောဂါပဲဖြစ်ပါတယ်။ အရိုးပွရောဂါဖြစ်ရင် အရိုးတွေကြံ့ခိုင်မှုမရှိတော့ဘဲ မတော်တဆဖြစ်တာနဲ့ ကျိုးလွယ်တတ်ပါတယ်။ ပြီးတော့ အရိုးပွရောဂါက အမျိုးသားတွေနဲ့ယှဉ်ရင် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

✅အမျိုးသမီးတွေဟာ အသက် (၃၅) ကျော်လာတာနဲ့ အရိုးပွခြင်း၊ အရိုးပါးခြင်း ဝေဒနာကို စတင်ခံစားရတတ်ပါတယ်။ သွေးဆုံးပြီးတဲ့အချိန်ဆိုရင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ မ ဟော်မုန်း အိုစ်ထရိုဂျင် ပမာဏလျော့နည်းပြီး အရိုးသိပ်သည်းဆကျဆင်းကာ အရိုးများကျွတ်ဆတ် အားနည်းလာတတ်ပါတယ်။

✅ပြီးတော့ အစားရှောင်တာ၊ ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းတာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ သိုင်းရွိုက်နဲ့ ပါရာသိုင်းရွိုက်ဟော်မုန်းရောဂါ၊ ကင်ဆာရောဂါ၊ အသည်းနှင့် ကျောက်ကပ်ရောဂါ၊ စတီးရွိုက် မှီဝဲနေရတဲ့ အဆစ်မြစ်ရောင်ရောဂါနဲ့ အရက်၊ ဆေးလိပ်သောက်တတ်တဲ့သူတွေမှာဆိုရင်လည်း အရိုးပွရောဂါ အဖြစ်များပါတယ်။

✅အရိုးပွရောဂါဟာ လက္ခဏာမပြတတ်ဘဲ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှသာ အရိုးကျိုးတာကို ကြုံတွေ့ရတာဖြစ်ပြီး ကျောရိုး၊ တင်ပါးဆုံရိုးနဲ့ လက်ကောက်ဝတ်ရိုးကျိုးတာတွေ အဖြစ်များတာမို့ နေ့စဉ်ဘဝမှာ ထိခိုက်မှုနည်းအောင် သတိပြုကာကွယ်သင့်ပါတယ်။

✅အမျိုးသမီးတွေအနေနဲ့ အရိုးပွရောဂါမဖြစ်ချင်ရင်တော့ အာဟာရမျှတအောင် စားသုံးပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်း၊ နှစ်စဉ်အရိုးကျန်းမာရေး ပုံမှန်စစ်ဆေးခြင်း၊ လိုအပ်ပါက ဆရာဝန်နဲ့ ပြသပြီး အရိုးပွရောဂါ ကာကွယ်နိုင်တဲ့ဆေးများ၊ ဗီတာမင်နဲ့ ကယ်လ်ဆီယမ် အားဖြည့်အာဟာရများ မှီဝဲပေးမယ်ဆိုရင်လည်း အရိုးပွရောဂါကို ကြိုတင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်နော်။

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

02/02/2024

သွေးတွင်းအဆီများခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ❗

သွေးတွင်းအဆီဆိုတာ နေ့စဉ်စားသုံးရမဲ့ အစားစာပမာဏထက် အများကြီးပိုစားမိတဲ့အခါ သွေးတွင်းမှာ အဆီတွေစုလာတာပဲဖြစ်ပါတယ်။ သွေးတွင်းအဆီလို့ ဆိုလိုက်တာနဲ့ LDL, HDL, TG နဲ့ Total Cholesterol ဆိုပြီး လေးမျိုး စစ်ဆေးရပါတယ်။

HDL က ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အဆီဖြစ်ပြီး ကျန်သုံးမျိုးကတော့ အန္တရာယ်များတဲ့အဆီတွေပဲ ဖြစ်ပါတယ်။ သွေးတွင်းအဆီစစ်ကြည့်လို့ LDL နဲ့ TG ပမာဏမြင့်တက်နေရင်‌‌တော့ သွေးတွင်းအဆီများခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

သွေးတွင်းအဆီများနေရင် ဘယ်လိုလက္ခဏာတွေပြတတ်လဲ❓

သွေးတွင်းအဆီများခြင်းက လက္ခဏာမပြတတ်ပါဘူး။ သွေးတွင်းအဆီများနေမယ်ဆိုရင် နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ သွေးတိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်း၊ ခြေလက်သွေးကြောပိတ်ခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်း တို့ကိုခံစားရနိုင်ပါတယ်။

သွေးစစ်ကြည့်လို့ သွေးတွင်းအဆီများနေရင်တော့ နေ့စဉ်စားသောက်မှုပုံစံကို ပြောင်းလဲပေးပြီး အဆီများလွန်းတဲ့ အစားစာကိုရှောင်တာ၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးတာ၊ အရက်၊ ဆေးလိပ်ဖြတ်တာ၊ ရေများများသောက်ပေးတာနဲ့ စိတ်ဖိစီးမှုလျှော့ချပေးတာ စတဲ့အရာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

ဒါကြောင့် မိမိကိုယ်ကို ဝလာတယ်လို့ ခံစားမိရင်၊ အဆီနဲ့ အစားစာတွေကို အများကြီးစားနေမိရင်တော့ သွေးတွင်းအဆီ စစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါတယ်။ သွေးတွင်းအဆီစစ်ဆေးမယ်ဆိုရင် မနက်စစ်ဆေးရင် အဖြေရလဒ်ကို ညနေချက်ချင်းထုတ်ပေးနိုင်တဲ့ Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

26/01/2024

🎉 Test (၁၅) မျိုးကို 40 % OFF အထိ အသက်သာဆုံးနှုန်းထားနဲ့ လာရောက်စစ်ဆေးလိုက်ပါ။

Thein Phyu Clinic မှာ Test (၁၅) မျိုးပါတဲ့ Medical Checkup Package ကို (၁၄၀,၀၀၀) ကျပ်ကနေ အခုဆို (၈၄,၀၀၀) ကျပ်တည်းနဲ့ လာရောက်စစ်ဆေးနိုင်ပါပြီ။

ပုံမှန်ထက် ပိုတန်တဲ့ 40 % OFF လျှော့ဈေးနဲ့ စစ်ဆေးနိုင်မဲ့ Test တွေကတော့

✅ CP (A) ( သွေးတွင်း Cell (၂၆) မျိုးအား စစ်ဆေးခြင်း)
✅Urea (သွေးတွင်းရှိ Urea Nitrogen အား စစ်ဆေးခြင်း)
✅ Electrolytes (သွေးတွင်းသက်စောင့်ဓာတ် စစ်ဆေးခြင်း)
✅Uric Acid , A*O ( အရိုးအဆစ်ရောင်ရမ်းခြင်း ရှိ/ မရှိ စစ်ဆေးခြင်း)
✅Lipid Profile (သွေးတွင်းအဆီ (၄)မျိုး စစ်ဆေးခြင်း )
✅Liver Function Test ( အသည်း Enzyme စစ်ဆေးခြင်း)
✅HbA1C (သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း)
✅Creatinine ( ကျောက်ကပ်စစ်ဆေးခြင်း)
✅Hbs Ag, HCV Ab, HIV I & II Ab, VDRL (ကူးစက်ရောဂါပိုးစစ်ဆေးခြင်း)
✅Urine RE (ဆီးစစ်ဆေးခြင်း)
✅ECG (နှလုံးစစ်ဆေးခြင်း)
✅Chest X - Ray (အဆုတ်စစ်ဆေးခြင်း)

စတဲ့ Test တွေအားလုံးကို (၈၄,၀၀၀) ကျပ်တည်းနဲ့ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

သတ်မှတ်ကာလလေးကတော့ (၂၇.၁.၂၀၂၄) ကနေ (၁၅.၂.၂၀၂၄) အထိပဲဖြစ်ပြီး နှစ်သစ်မှာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးစစ်ဖို့စဉ်းစားထားရင် ပရိုမိုးရှင်းလေးရှိတုန်း Thein Phyu Clinic ဆီမှာ လာရောက်စစ်ဆေးနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်နော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

17/01/2024

ဆီးချို၊ သွေးချိုရောဂါ ရှိသူတွေဟာ အခြားသူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ နှစ်ဆပိုများပါတယ်❗

ဆီးချို၊ သွေးချိုရောဂါဆိုတာ ကုသလို့ ပျောက်ကင်းတဲ့ ရောဂါမျိုးမဟုတ်တဲ့အတွက် ဆေးပုံမှန်သောက်သုံးပြီး စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲရင်‌‌တော့ သက်တန်းစေ့နေနိုင်မှာပါ။ ဒါဆို ဆီးချို၊ သွေးချို ဖြစ်နိုင်ချေကို အတတ်နိုင်ဆုံး လျှော့ချဖို့ သတိထားသင့်တဲ့ အချက်တွေက‌တော့

✔️ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံဖြစ်အောင် ဂရုစိုက်ပါ။
✔️ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပေးပါ။
✔️သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။
✔️ရေများများသောက်ပြီး အိပ်ရေးဝဝအိပ်ပါ။
✔️စိတ်ဖိစီးမှု လျှော့ချပါ။
✔️မနက်စာ ပုံမှန်စားပါ။

ဒီနည်းလမ်းလေးတွေ ကျင့်သုံးပြီး ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ခြေကို အကောင်းဆုံး လျှော့ချနိုင်ပါပြီ။

ဆီးချို၊ သွေးချိုရောဂါ ရှိ/မရှိ စစ်ဆေးချင်ရင်‌တော့ အသက်သာဆုံးနှုန်းထားနဲ့ တိကျမှန်ကန်တဲ့ အဖြေရလဒ်ကို မနက်လာစစ်ရင် ညနေချက်ချင်းထုတ်ပေးနိုင်တဲ့ Thein Phyu Clinic ဆီသာ လှမ်းလာခဲ့လိုက်ပါနော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

11/01/2024

📢ဂျပန်နိုင်ငံ သွားရောက် အလုပ်လုပ်မယ်ဆိုရင် ဒီအချက်တွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဘယ်လိုအချက်တွေလဲ ဆိုရင်တော့

👉ဂျပန်နိုင်ငံက သတ်မှတ်ထားတဲ့ ဆေးစစ်ချက် အောင်မြင်ဖို့ ကြိုတင်ပြင်ဆင်ထားခြင်း

👉ဂျပန်စာ၊ ဂျပန်ဘာသာစကားကို N4/N3 ထိ တတ်မြောက်ထားခြင်း

👉ဂျပန်နိုင်ငံရဲ့ ဥပဒေ၊ ဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှုတွေကို ကြိုတင်လေ့လာထားခြင်း

👉ရွေးချယ်ထားတဲ့ အလုပ်အမျိုးအစားအလိုက် ကျွမ်းကျင်အောင် သင်ယူထားခြင်း

👉ဂျပန်နိုင်ငံကို သွားရောက်အလုပ်လုပ်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ ဗီဇာကို မဖြစ်မနေ လျှောက်ထားခြင်းတို့ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံဘက်က အင်တာဗျူးအောင်တာနဲ့ အမြန်ဆုံးသွားနိုင်အောင် (၆) လအတွင်း စစ်ဆေးထားတဲ့ ဆေးစစ်ချက်ကိုပါ တစ်ခါတည်းပြသရမှာဖြစ်လို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အသက်သာဆုံးနှုန်းထားနဲ့ စစ်ဆေးလိုပါက Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ပါ။

Thein Phyu Clinic မှာ တစ်ဦးချင်းအတွက်ဖြစ်စေ၊ Oversea Agency များအတွက်ဖြစ်စေ သီးသန့် Package တွေနဲ့ ပရိုမိုးရှင်းတွေ စီစဉ်ပေးထားမို့ ဆေးစစ်ချက်အဖြေကို အမြန်ဆုံးနဲ့ အတိကျဆုံးလိုချင်ရင်တော့ အခုပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

04/01/2024

လွတ်လပ်ခြင်းအနှစ်သာရကို အရယူနိုင်ခဲ့တဲ့ ဇန်နဝါရီလ (၄) ရက်နေ့မှာ ကျရောက်လာတဲ့ (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား “Thein Phyu Clinic” မိသားစုမှ လေးစားစွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။

31/12/2023

နှစ်သစ် ၂၀၂၄ မှစပြီး တစ်နှစ်ပတ်လုံး မြန်မာပြည်သူ/ သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားနိုင်ကြပါစေလို့ "Thein Phyu Clinic" မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်💖

30/12/2023

📢နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စီစဉ်ထားတယ်ဆိုရင် ဒီအချက်လေးတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဘယ်လိုအချက်တွေလဲ ဆိုရင်တော့

♦️ နိုင်ငံကူးလက်မှတ် ကြိုလျှောက်ထားပါ။
♦️ ကျောင်းသွားတက်မဲ့နိုင်ငံရဲ့ ဘာသာစကားကို ကျွမ်းကျွမ်းကျင် သင်ယူထားပါ။
♦️ ကျောင်းသွားတက်မဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ လူနေမှုစရိုက်တွေကို ကြိုတင်လေ့လာထားပါ။
♦️ လျှောက်မဲ့ ကျောင်းအနေအထားနဲ့ သင်ယူလိုတဲ့ ဘာသာရပ်တွေကို ကြိုတင်လေ့လာဆန်းစစ်ပါ။
♦️ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်ရင် ကြိုတင်ဆေးစစ်ထားပါ။
♦️ တက်ရောက်လိုတဲ့ ကျောင်းအတွက် ကုန်ကျစရိတ်လည်း ပြင်ဆင်ထားပါ။
♦️ ကျောင်းတက်ရင်း အလုပ်လုပ်မယ်ဆိုရင်တော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ကြိုရှာထားပါ။

ဒီအချက်တွေကတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စီစဉ်ထားရင် ကြိုတင်လုပ်ဆောင်ထားရမဲ့ အခြေခံ အချက်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရပ်ခြားရောက်မှ ဆေးစစ်မယ်ဆိုရင် ကုန်ကျစရိတ်အလွန်များတဲ့ အတွက် မြန်မာနိုင်ငံမှာကတည်းက ကြိုတင်ဆေးစစ်ထားသင့်ပါတယ်။

Thein Phyu Clinic မှာ နိုင်ငံတကာသို့ ကျောင်းသွားတက်မဲ့ ကျောင်းသား/ ကျောင်းသူများအတွက် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုများအပြင် ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်မှုပါ ရယူနိုင်တာမို့ စိတ်ချယုံကြည်စွာ စစ်ဆေးလိုပါက Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ပါနော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ သိမ်ဖြူစျေးမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

25/12/2023

ချမ်းအေးမြတဲ့ ခရစ်စမတ်ကာလမှာ ကောင်းခြင်းမင်္ဂလာ အဖြာဖြာနဲ့ပြည့်စုံပြီး ချစ်ခင်ရသူများနဲ့အတူ ပျော်ရွှင်ကြည်နူးစရာ ခရစ်စမတ်ပွဲတော်ကို အလှပဆုံးဆင်နွှဲနိုင်ကြပါစေလို့ "Thein Phyu Clinic" မိသားစုမှ ဆန္ဒပြုလိုက်ရပါတယ်💖​

22/12/2023

ရာသီဥတုအေးတာနဲ့ အဆစ်အမြစ်ကိုက်ခဲတာ ပုံမှန်ပဲလား❓

ဆောင်းရာသီရောက်လာပြီဆိုရင် လူတိုင်းနီးပါး အဆစ်အမြစ်တွေ ကိုက်တတ်ကြပါတယ်။ သာမန်အချိန်တွေမှာလည်း အဆစ်အမြစ်တွေကိုက်တတ်ပေမဲ့ ရာသီဥတုအေးရင်တော့ ပိုဆိုးတတ်ပြီး မကြာခဏလည်း ကိုက်တတ်ပါတယ်။

ဘာကြောင့် ဆောင်းတွင်းမှာ အဆစ်တွေ ပိုကိုက်ရတာလဲ❓

အဓိကကတော့ ရာသီဥတု အေးလို့ပါ။ ရာသီဥတုအေးတဲ့အခါ ခန္ဓာကိုယ်က အပူကို ထိန်းထားဖို့ လိုတဲ့အတွက် ကိုယ်တွင်းမှာရှိတဲ့ အ‌ရေးကြီးတဲ့အင်္ဂါတွေဆီ သွေးပိုပို့ရပြီး သိပ်အရေးမကြီးတဲ့ ခြေဖျား၊ လက်ဖျားတွေမှာတော့ သွေးစီးဆင်းမှုနည်းအောင် ကျုံ့လိုက်တာမို့ ခြေဆစ်၊ လက်ဆစ်တွေ ကိုက်တာကို ခံစားရတာပဲဖြစ်ပါတယ်။

ဒါဆို အဆစ်ကိုက် သက်သာအောင် ဘယ်လိုနေထိုင်ရမလဲ❓

❄️နွေးနွေးထွေးထွေးနေပါ။
❄️ သွေးပူလေ့ကျင့်ခန်းလုပ်ပါ။
❄️ အဆစ်ကိုက်တဲ့နေရာတွေကို ပိုနွေးအောင်ထားပါ။
❄️ အဆစ်ကိုက်တဲ့အခါ ရေနွေးစိမ်ပါ။
❄️ ရေများများသောက်ပြီး နေရောင်ခံပါ။

ဒီလိုအချက်တွေ ပြုလုပ်ပေးမယ်ဆိုရင်‌ ရာသီဥတုအေးလို့ အဆစ်မြစ်ကိုက်တာကို သက်သာစေပါတယ်။ အဆစ်ကိုက်ရုံတင်မကဘဲ ရောင်နေမယ်၊ နာနေမယ်၊ လှုပ်ရှားရခက်နေတာမျိုးတွေ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုက်ရပါတယ်နော်👨‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

18/12/2023

🎉မပေါ့ဆသင့်တဲ့ ဆီးကျိတ်ရောဂါကို ငွေကျပ် (၃၀,၀၀၀) တည်းနဲ့ စစ်ဆေးနိုင်မယ့် အထူးအခွင့်အရေး

Thein Phyu Clinic မှာ အသက် (၅၀)မှ အသက် (၈၀)ကြား အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ရောဂါကို ငွေကျပ် (၃၀,၀၀၀) တည်းနဲ့ စစ်ဆေးနိုင်မယ့် အခွင့်အရေးကြီး ယူဆောင်လာပါပြီ✨

ဒီအခွင့်အရေးကြီးမှာတော့ ဆီးကျိတ်ရောဂါနဲ့ ပတ်သတ်ပြီး

📌ဆီးကျိတ် Ultrasound ရိုက်ပေးခြင်း

📌ဆီးကျိတ်သွေးစစ်ပေးခြင်း (PSA and Total PSA)

📌ဆေးစစ်ချက်အဖြေကို ပြန်လည်ဆွေးနွေးပေးခြင်း စတဲ့အရာတွေကို ငွေကျပ် (၃၀,၀၀၀) တည်းနဲ့ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလလေးကတော့ (18.12.2023) ကနေ (15.1.2024) အထိပဲဖြစ်ပြီး ဆီးကျိတ်ရောင်ခြင်း၊ ဆီးကျိတ်ကြီးခြင်း၊ ဆီးကျိတ်ကင်ဆာ စတဲ့လက္ခဏာတွေကို ကြိုတင်သိရှိလိုပါက ပရိုမိုးရှင်းလေးရှိတုန်း Thein Phyu Clinic ဆီ လာရောက်စစ်ဆေးနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်နော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

15/12/2023

ဆေးစစ်တိုင်း ESR Test အမြဲပါနေတာ သတိထားမိကြလား ❓

ESR Test (Erythrocyte Sedimentation Rate ) ဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေဖြစ်တဲ့ (Red Blood Cell) တွေရဲ့ အနည်ထိုင်နှုန်းကို တိုင်းတာခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့သွေးပြန်ကြောထဲက ထုတ်ယူထားတဲ့ သွေးတွေကို စမ်းသပ်ပြွန်တစ်ခုထဲထည့်ပြီး တစ်နာရီအကြာမှာ သွေးအနည်ထိုင်နှုန်းကိုကြည့်ပြီး ရောဂါရှိ/ မရှိသိနိုင်တဲ့ ဆေးစစ်ချက်တစ်ခုဆိုလည်း မမှားပါဘူး။

သွေးစစ်ကြည့်လို့ ESR တက်နေရင် ဘာတွေသတိထားရမလဲ❓

ကျန်းမာတဲ့လူတစ်ယောက်ဆိုရင် သွေးဆဲလ်တွေဟာ စမ်းသပ်ပြွန်ထဲမှာ ခပ်နှေးနှေးပဲ အနည်ကျတတ်ပါတယ်။ ဒါပေမယ့် ပြင်းထန်ရောဂါတွေနဲ့ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုဖြစ်စဉ်တွေ ဖြစ်‌ပေါ်နေရင်တော့ ပုံမှန်ထက် ESR များလေ့ရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးတွေမှာ ESR တက်လေ့ရှိလဲဆိုရင်တော့

📍သွေးအားနည်းရောဂါ၊ လေးဖက်နာရောဂါ၊ ကျောက်ကပ်ရောဂါ၊ အူရောင်ရောဂါ၊ နှလုံးရောင်ရောဂါ၊ ကင်ဆာ ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ လည်ပင်းကြီးရောဂါ၊ တီဘီရောဂါနဲ့ ရောဂါပိုးဝင်တဲ့အခြေအနေမျိုးတွေမှာ ESR တက်လေ့ရှိပါတယ်။

📍ဒါပေမယ့် ESR တက်တယ်ဆိုတိုင်းလည်း ရောဂါရှိတယ်ထင်ပြီး ဆေးကုသမှုခံယူစရာ မလိုပါဘူး။ အမျိုးသမီးတွေမှာဆိုရင် သွေးအားနည်းတာ (Anemia) ၊ ကိုယ်ဝန်ရှိတာ (Pregnancy)နဲ့ ရာသီသွေးပေါ်တဲ့ အခါမျိုးတွေမှာ ESR တက်လေ့ရှိတတ်ပါတယ်။

📍သွေးစစ်ကြည့်လို့ ပုံမှန်အခြေအနေထက် ESR တက်နေရင်တော့ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းနေတာမျိုး၊ သွေးဆဲလ်ပြဿာနာတွေ ရှိနိုင်တာမျိုးကြောင့် မလိုလားအပ်ဘဲ ပြင်းထန်ရောဂါအဆင့်ထိ မရောက်ရအောင် အခြားစစ်ဆေးချက်များနဲ့ ပေါင်းစပ်ပြီး ရောဂါရှာဖွေဖို့ တိုက်တွန်းချင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးအတွက် ဆေးစစ်ဖို့လိုလာရင် ဆေးစစ်အဖြေကို အချိန်တိုအတွင်း ထုတ်ပေးနိုင်ပြီး အသက်သာဆုံးနှုန်းထားနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ပါနော် 👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

12/12/2023

📢ပြည်ပထွက်ခွာ အလုပ်လုပ်မယ်ဆိုရင် ဒီ‌ရောဂါတွေ ကြိုတင်စစ်ဆေးထားပါ။

ပြည်ပထွက်ခွာ အလုပ်လုပ်‌တော့မယ်ဆိုရင် အထွေထွေကျန်းမာရေးစစ်ဆေးခြင်းနဲ့ အင်ဂျင်စီမှ သတ်မှတ်ထားတဲ့‌ ရောဂါစစ်ဆေးခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ အင်ဂျင်စီမှတစ်ဆင့် စစ်ဆေးမယ်ဆိုရင် အချိန်ကြာနိုင်ပြီး ကိုယ်တိုင်ဆေးစစ်ထားမယ်ဆိုရင်တော့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။

ကိုယ်တိုင်ကျန်းမာရေးစစ်ဆေးဖို့ ဘာတွေလိုမလဲ၊ ဘယ်လိုရောဂါတွေစစ်ဆေးရမလဲဆိုရင်တော့ အရင်ဆုံး ကိုယ်သွားမယ့်နိုင်ငံက ဘာတွေအဓိကစစ်ဆေးခိုင်းတာလဲဆိုတာ သိဖို့လိုပါတယ်။ မသိသေးရင်လည်း စိတ်မပူပါနဲ့ Thein Phyu Clinic မှာ အခမဲ့စုံစမ်းမေးမြန်းလို့ရပါတယ်💁

📌ပြည်ပထွက်ခွာမယ်ဆိုရင် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးခြင်းတွေကတော့

📌သွေးတွင်းသကြား ဓာတ်ပမာဏ၊ ကိုလက်စထရော၊ သိုင်းရွိုက်လုပ်ဆောင်ချက်၊ အသည်းလုပ်ဆောင်ချက် ၊ အာရုံကြောဆိုင်ရာ လုပ်‌ဆောင်ချက်၊ အဆုတ်လုပ်ဆောင်ချက်၊

📌အသည်းရောဂါ၊ လိင်မှတစ်ဆင့် ကူးစက် ရောဂါ၊ သွေးပေါင်ချိန် တိုင်းတာခြင်းနဲ့ သွေးပေါင်နှုန်းတိုင်းတာခြင်း စတာတွေပဲဖြစ်ပါတယ်။

ဒီလိုကျန်းမာရေး စစ်ဆေးခြင်းတွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ပြည်ပထွက်ခွာခါနီးမှ ဆေးမအောင်လို့ အချိန်ထပ်စောင့်ရတာမျိုး၊ လိုအပ်တဲ့ကုသမှုတွေ ကြိုတင်ပြင်ဆင်ထားနိုင်တာမျိုးတွေကြောင့် ပြည်ပထွက်ခွာတဲ့အခါ ပိုမိုအဆင်ပြေချောမွေ့စေမှာပါ။

ဒါကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်လိုသူတိုင်း ကျန်းမာရေးကောင်းမွန်စွာနဲ့ ဆေးအောင်ဖို့ လိုအပ်တဲ့ဆေးစစ်ခြင်းဝန်ဆောင်မှုအားလုံးကို အသက်သာဆုံးနှုန်းထားနဲ့ Thein Phyu Clinic မှာ လာရောက်စစ်ဆေးလို့ရကြောင်း သတင်းကောင်းပါးပါတယ်နော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

04/12/2023

Thein Phyu Clinic အထူးကုဆေးခန်းနဲ့ အတူလက်တွဲ လုပ်ဆောင်ရန် အောက်ပါဝန်ထမ်းများ ခေါ်ယူလျက်ရှိပါတယ်။

👉 Lab Technician M/F (1 Post)

- B.Med.Tech / Grade I .II ရှိသူဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိရမည်။
- ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
- Attitude ကောင်းမွန်ပြီး teamwork ဖြင့် လုပ်ကိုင်နိုင်ရမည်။
- Salary ( ၃သိန်းခွဲမှ ၅သိန်းကျပ်) ထိ အရည်အချင်းပေါ်မူတည်ပြီး ညှိနှိုင်းပေးပါမည်။

👉Marketing (M/F) (1 Post)

- Lab / Clinical Field ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၂) နှစ်ရှိရမည်။
- ဘွဲ့ရပြီးသူ ဖြစ်ရမည်။
- Attitude ကောင်းမွန်ပြီး teamwork ဖြင့် လုပ်ကိုင်နိုင်ရမည်။
- Salary (၂သိန်းမှ ၄သိန်းကျပ်) ထိ အရည်အချင်းပေါ်မူတည်ပြီး ညှိနှိုင်းပေးပါမည်။
- လစာအပြင် Percentage ပါ ပေးပါမည်။

အထက်ပါ Position များကို စိတ်ပါဝင်စားလို့ လျှောက်ထားလိုပါက ...လိုအပ်သော အချက်အလက် အပြည့်အစုံနှင့်တကွ CV Form ကို ပေးပို့လျှောက်ထားနိုင်ပါပြီ။

ဆေးခန်းနဲ့ပတ်သက်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

29/11/2023

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သတ်လာရင် အသေးအမွှားလေးကအစ မှားယွင်းသွားလို့ မဖြစ်ပါဘူး🧏‍♀️

ဆေးစစ်ချက်ရလဒ် မှားယွင်းတာမျိုး၊ မတိကျတာမျိုး၊ ရောဂါရှာဖွေဖော်ထုတ်လို့မရတာမျိုး၊ ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ ‌ကုသမှုမခံယူတာမျိုးတွေကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿာနာတွေကို ရင်ဆိုင်ခံစားရနိုင်ပါတယ်။ ဒီလို အရေးကြီးတဲ့ ကျန်းမာရေးကိစ္စတွေမှာ မှားယွင်းသွားတာမျိုးမဖြစ်ရအောင် စိတ်ချယုံကြည်ရတဲ့ "Thein Phyu Clinic" ဆီမှာ လာရောက်စစ်ဆေးလိုက်ပါ။

✨"Thein Phyu Clinic" မှာ ရရှိနိုင်တဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကတော့

👉Singapore, Thai, UAE , Japan စတဲ့ Overseas Medical Check Up Test များစစ်ဆေးနိုင်ခြင်း

👉ဆေးစစ်ချက်အဖြေ အချိန်တိုအတွင်း ထုတ်ယူနိုင်ခြင်း

👉ရွေးချယ်စရာ Medical Check Up Package စုံလင်ခြင်း

👉ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ အခမဲ့ဆွေးနွေးတိုင်ပင်မှု ခံယူနိုင်ခြင်း

👉Oversea Employment Agency ၊ Education Center များအတွက် အသက်သာဆုံးနှုန်းထားနဲ့ စစ်ဆေး နိုင်မဲ့ Customized Medical Check Up Package တို့ပါဝင်တာမို့ စိတ်ချယုံကြည်စွာ လက်တွဲနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ ပတ်သက်လာရင် မနက် (၉)နာရီမှာ ည (၇) နာရီအထိ ပိတ်ရက်မရှိ အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ "Thein Phyu Clinic" ဆီသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်🙆‍♀️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

27/11/2023

ယနေ့ကျရောက်တဲ့ တန်ဆောင်တိုင်လပြည့်နေ့မှာ မြန်မာပြည်သူ/ သားအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး ကုသိုလ်ဒါနများ ပွားများနိုင်ပါစေကြောင်း Thein Phyu Clinic မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်🙏

29/10/2023

ကြည်နူးစရာ သီတင်းကျွတ်ကာလလေးမှာ မြန်မာပြည်သူ ပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး ချစ်ခင်ရသူများနဲ့အတူ ပျော်ရွှင်ဖွယ်သီတင်းကျွတ်ချိန်ခါလေး ပိုင်ဆိုင်နိုင်ပါစေကြောင်း Thein Phyu Clinic မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

24/10/2023

📢အမျိုးသမီးတွေမှာအဖြစ်များပြီး စောစီးစွာမကုသရင် နာတာရှည်ရောဂါနဲ့ အိပ်ရာထဲလဲစေမယ့် လေးဖက်နာရောဂါ

📍လေးဖက်နာရောဂါဆိုတာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပြီး ချက်ချင်းသေစေနိုင်တဲ့ရောဂါမျိုးမဟုတ်ပေမယ့် စောစီးစွာမကုသရင်တော့ နာတာရှည်‌ရောဂါနဲ့ တစ်သက်လုံးအိပ်ရာထဲလဲသွားစေနိုင်ပါတယ်။

📍လေးဖက်ရောဂါမှာ သွေးလေးဖက်နာ၊ ပိုးလေးဖက်နာ၊ အရေးပြားလေးဖက်နာ၊ အရေပြားထူလေးဖက်နာဆိုပြီး လေးဖက်နာအမျိုးအစား (၄) မျိုးရှိပြီး ရောဂါရဲ့အစပျိုးလက္ခဏာအနေနဲ့ လက်ဆစ်၊ ခြေဆစ်တွေ ဘယ်ရောညာပါ တစ်ပြိုင်တည်း ရောင်ရမ်းနာကျင်တာကနေ အစပျိုးတတ်ပါတယ်။

📍မနက်ခင်းအိပ်ရာထတဲ့အချိန်မှာ လက်‌ချောင်းနဲ့ ခြေချောင်းအဆစ်ကလေးတွေ၊ လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်အဆစ်လေးတွေ တောင့်တင်းပြီးနာကျင်နေတတ်ရင်တော့ လေးဖက်နာပိုးရှိ၊ မရှိစစ်ဆေးသင့်ပါပြီ။ လေးဖက်နာမှန်းမသိဘဲ စပ်ဆေးတွေနဲ့သာကုသနေရင်တော့ ကြာလာတဲ့အခါ အဆစ်တွေရဲ့မူလဖွဲ့စည်းပုံချို့ယွင်းပြီး ပုံပျက်လာတတ်ပါတယ်။

📍လေးဖက်နာရောဂါက ဆေးလိပ်သောက်သူ၊ မိသားစုဝင်ထဲမှာ လေးဖက်နာပိုးရှိသူ၊ မီးဖွားပြီးစနို့တိုက်မိခင်တွေနဲ့ အသက်လေးဆယ်ကျော်အမျိုးသမီးတွေမှာ အဖြစ်များလို့ လေးဖက်နာပိုးရှိ၊ မရှိကို ကြိုတင်စစ်ဆေးထားခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။

Thein Phyu Clinic အထူးကုဆေးခန်းမှာ လေးဖက်နာအဆစ်အမြစ်ရောဂါစစ်ဆေးခြင်း (A*O, RA, Uric Acid) အတွက် (၁၄၀၀၀) ကျပ်ပဲကျသင့်မှာဖြစ်ပြီး ရောဂါပိုးတွေ့ရှိခဲ့ရင်လည်း ဆရာဝန်ကြီးများကိုယ်တိုင် အခမဲ့ဆွေးနွေးတိုင်ပင်တွေပြုလုပ်ပေးသွားမို့ ကျန်းမာရေးအတွက်စိတ်ချရချင်တယ်ဆိုရင် Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ပါနော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။
#လေးဖက်နာရောဂါ

20/10/2023

ဝါကျွတ်တာနဲ့ မင်္ဂလာဆောင်မယ့်စုံတွဲတွေရှိလား🧐

ဝါကျွတ်ပြီးတာနဲ့ မင်္ဂလာဆောင်ဖို့ စီစဉ်ထားတယ်ဆိုရင် အခုကတည်းက ကြိုတင်ဆေးစစ်ထားဖို့မမေ့နဲ့နော်။

ဘာကြောင့် ကြိုတင်ဆေးစစ်ထားသင့်တာလဲ❓

နှစ်ဦးသဘောတူ တစ်ဘဝလုံးစာလက်တွဲတော့မယ်ဆိုရင် အိမ်ထောင်‌ရေးသုခပြီးပြည့်စုံဖို့က အရေးကြီးဆုံးပါပဲ။ မယူခင်ကတည်းက ကြိုတင်ဆေးစစ်ထားမယ်ဆိုရင် လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ၊ မျိုးရိုးလိုက်ရောဂါတွေကို ကြိုတင်သိရှိနိုင်ပြီး ကုသဖို့လိုအပ်တဲ့အခြေအနေမှာဆိုရင်လည်း ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာမျိုးတွေ ပြုလုပ်နိုင်တာမို့ ဆေးစစ်ခြင်းက စုံတွဲတွေကြားမှာ မဖြစ်မနေလုပ်ဆောင်သင့်တဲ့ ကျန်းမာရေး‌ စောင့်ရှောက်မှုတစ်ခုပါပဲ။

ဘယ်မှာစစ်ဆေးလို့ရမလဲ❓

စုံတွဲအနေနဲ့ မယူခင်ကတည်းက ကြိုတင်ဆေးစစ်ဖို့ စဉ်းစားထားတယ်ဆိုရင် ဘာတွေကိုအဓိကထားစစ်ဆေးရမလဲ၊ ဘာတွေကိုဆောင်သင့်/ ရှောင်သင့်လဲဆိုတာ ဆရာဝန်ကြီးများနဲ့ ဆွေးနွေးတိုင်ပင်လိုပါက Thein Phyu Clinic ဆီမှာ အခမဲ့ဆွေးနွေးတိုင်ပင်မှုများရယူနိုင်ပြီး အကောင်းမွန်ဆုံးဝန်ဆောင်မှုများနဲ့အတူ အသက်သာဆုံးနှုန်းထားနဲ့ လာရောက်စစ်ဆေးနိုင်ကြောင်း သတင်းပါးအပ်ပါတယ်👩‍⚕️

ဒါကြောင့် အိမ်ထောင်‌ရေးသုခပြည့်စုံပြီး သာယာချမ်းမြေ့တဲ့အချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနိုင်ဖို့ အခုပဲ Thein Phyu Clinic ဆီမှာ လာ‌ရောက်ဆေးစစ်လိုက်တော့နော်🙆‍♀️
ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

15/10/2023

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ဖို့ တွန့်ဆုတ်နေတုန်းလား🧐

ကျန်းမာရေးမကောင်းမှ ဆေးခန်းသွားမယ်၊ ရောဂါဖြစ်မှပဲ ဆေးခန်းကိုပြေးတော့မယ်ဆိုတာ ပုံမှန်အလေ့အကျင့်တစ်ခုလိုဖြစ်နေပါပြီ။ ဒါပေမယ့် ကျန်းမာရေးကောင်းနေတယ်ဆိုရင်‌တောင် မဖြစ်မနေ တစ်နှစ်တစ်ကြိမ်တော့ ကျန်းမာရေးစစ်ဆေးဖို့လိုအပ်ပါတယ်။

ဘာကြောင့် ပုံမှန်စစ်ဆေးဖို့လိုတာလဲ❓

နေ့စဉ်လူနေမှုဘဝရဲ့ လေထုညစ်ညမ်းမှု၊ ဓာတုပစ္စည်း၊ ပြင်ပကမမြင်နိုင်တဲ့ရောဂါပိုးမွှား၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ ကင်ဆာဖြစ်စေတဲ့ ကာဆီနိုဂျင်၊ ကူးစက် ရောဂါနဲ့ မွေးရာပါကျန်းမာရေးပြဿာနာတွေကြောင့်ပါပဲ။ ပုံမှန်ဖျားနာရုံပဲဖြစ်တတ်ပြီး ရောဂါကြီးကြီးမားမားမဖြစ်လို့ ဆေးမစစ်ဘဲနေတာထက် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းက ရောဂါဝေဒနာတွေကို ခက်ခဲတဲ့အဆင့်မရောက်ခင်မှာတင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

ကျန်းမာရေးစစ်ဆေးဖို့ ငွေအများကြီးကုန်မှာလား❓

ကျန်းမာရေးစစ်ဆေးဖို့ ငွေအများကြီးကုန်ကျစရာ မလိုတော့ပါဘူး။ နှစ်စဉ်ကျန်းမာရေးအစီအစဉ်တွေက အသက်အရွယ်အပိုင်းအခြား၊ ကျား၊ မ စသဖြင့် ခွဲခြားထားလို့ လိုအပ်တဲ့စစ်ဆေးမှုကိုသာ ဆရာဝန်ကြီးများနဲ့တိုင်ပင်ဆွေးနွေးပြီး ငွေကြေးသက်သာစွာ စစ်ဆေးလို့ရနိုင်ပါပြီ။

Thein Phyu Clinic မှာ ဘယ်လိုမျိုး Medical Check Up Package တွေရှိလဲ❓

၆ လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ်၊ ပထမဆုံးအကြိမ်စစ်ဆေးခြင်းများအတွက် (၉၉၉၉) ကျပ်မှ စတင်စစ်ဆေးလို့ရတဲ့ Basic Medical Check Up Package မှ Advantage Package တွေထိ မိမိနှစ်သက်ရာကိုရွေးချယ်နိုင်ပြီး အသက်သာဆုံးနှုန်းထားနဲ့ မနက် ၉ နာရီမှ ည ၇ နာရီအတွင်း ပိတ်ရက်မရှိ အကောင်းဆုံးဝန်ဆောင်မှုပေးနေတာမို့ ကျန်းမာရေးစစ်ဆေးမှုအတွက်ဆို Thein Phyu Clinic ဆီသာလှမ်းလာခဲ့ပါနော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 440, Bo Min Yaung St And Myanma Gone Yi Lane, Near Thein Phyu Bus Stop
Yangon
11221

Other Medical Labs in Yangon (show all)
ကောင်းသုခ - Kaung Thukha Clinic and Lab ကောင်းသုခ - Kaung Thukha Clinic and Lab
No 11, Kyaung Taw Yar Street, Daw Pone
Yangon, 11241

"ကောင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဓာတ်ခွဲခန်း ဖုန်း - 09973914030

Kyal Sin Laboratory ကြယ်စင် အထွေထွေရောဂါရှာဖွေရေးဓါတ်ခွဲခန်း Kyal Sin Laboratory ကြယ်စင် အထွေထွေရောဂါရှာဖွေရေးဓါတ်ခွဲခန်း
No. 692, Myithar Street, 12 Quater, South Okkalapa Township
Yangon, 11091

Clinical Laboratory Service

Advanced Myanmar  Diagnostics -  AMDx Advanced Myanmar Diagnostics - AMDx
6B, Dagon Tower, Shwegondine Junction, Bahan
Yangon

STAY HOME Mobile Lab Services STAY HOME Mobile Lab Services
11-12, Shin Tayar Kyaung Street, North Dagon
Yangon

Home care service for Lab investigation, Imaging, doctor and nurse home healthcare services

Tha Mar Taw Specialist Clinic Tha Mar Taw Specialist Clinic
Pyay Road
Yangon, 11062

အမှတ်(၈/ခ) ၈မိုင်၊ပြည်လမ်း၊မရမ်းကုန်

Alpha Lab Alpha Lab
No. 440, May Dar Wi Road ( Corner Of Nwe Ni Street And May Dar Wi Street) Ga Ward, North Oakkalapa Township
Yangon

Advanced Diagnostic Medical Laboratory

Pyi Kyaw Specialist Clinic & Medical Checkup Centre Pyi Kyaw Specialist Clinic & Medical Checkup Centre
No 2622/A, 71 Quarter, Kyan Sit Ther Road, Kyan Sitthar Rd
Yangon, 11431

medical

𝐈𝐧𝐠𝐲𝐢𝐧 𝐏𝐡𝐲𝐮 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐠𝐲𝐢𝐧 𝐏𝐡𝐲𝐮 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐘𝐚𝐧𝐠𝐨𝐧
No. (470), 3rd Quarter , Corner Of Wayzayantar Road And Thitsar Road, South Okkalapa Township
Yangon

Ingyin Phyu Medical Centre & Laboratory (Yangon)

Asia Haemo Care - AHC Asia Haemo Care - AHC
Kyaung Street, 19th Ward, Near Hlawgar Road, South Dagon
Yangon

(ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြန့်ချီရေး) Lab Supplies🔬💻🌹 Let's Grow Together with AHC 💪💪💪

Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း
No. 54, Zin Ka Ma Street, 2/North Quarter, Thakayta Township
Yangon, 11231

24 hrs for patients

C&S Dental Lab C&S Dental Lab
120/C, Bargaya Street, Near Shan Lan Bus Stop
Yangon, 11111

Everything we do is aimed at helping you simplify treatment, optimize results and improve more lives.

WUTT YEE - Pharmacy WUTT YEE - Pharmacy
Yangon, ရန်ကုန်မြို့။

ဝတ်ရည် (ဆေးမျိုးစုံရောင်းဝယ်ရေး)