Dr. Mon Myat Htun GP
အထွေထွေနဲ့အမျိုးသမီးကျန်းမာရေး ဗဟုသုတများ ဝေမျှရာ
၂၀၂၄ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးလို့ရပါပြီဖြစ်ကြောင်း 😊
📞ဟယ်လို နေ့သစ်ဆေးခန်းကပါ ဒီနှစ်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးလို့ရပြီဆိုတဲ့အကြောင်းလေးလှမ်းဆက်ပေးတာပါရှင့်
👵ဟဲ့ အခုမှ နွေရာသီပဲရှိသေးတာ မိုးတွင်းမှထိုးရမှာမလား အစောကြီးရှိသေးတာကို ညည်းတို့ဟာကလည်း
📞ဟုတ်ဒေါ်ဒေါ် တုပ်ကွေးကာကွယ်ဆေးက မိုးရာသီမှထိုးရင်နောက်ကျလို့ မိုးစမရွာခင်ထဲက ထိုးထားရတာ။ မိုးစရွာပြီဆို virus ပိုးက လေထဲမှာပြန့်ကုန်လို့ ကူးစက်မြန်တယ်။ ကာကွယ်ဆေးဆိုတာက ဒီနေ့ထိုးဒီနေ့လည်းမကာကွယ်နိုင်သေးဘူး။ အနည်းဆုံး ၂ပတ်လောက်နေမှ ကိုယ်ခံအားစထွက်တာ။ ခုထဲကထိုးမှ မိုးစောစောရွာခဲ့သည်ရှိရင်တောင် ကိုယ်ခံအားကထွက်နေပြီးသားဖြစ်တော့ အတော်ပဲဖြစ်သွားစေမှာမို့ပါ။ ဒါကြောင့်ခုထဲက စထိုးထားထားနိုင်ပြီး နောက်အကျဆုံး April လကုန်မှာထိုးသင့်တာပါ ဒေါ်ဒေါ်ရှင့်။ မေလ အလည်လောက်ဆို မိုးစရွာတတ်လို့ပါ။
👵အော် အဲ့လိုလား? ဆေးက ဘယ်သူတွေထိုးသင့်တာလဲ?
📞ဒေါ်ဒေါ်က သမီးတို့ဆေးခန်းမှာ ဆီးချိုပြနေကြမို့ သတိရလို့ လှမ်းဆက်လိုက်တာ ။ ကာကွယ်ဆေးက ဒေါ် ဒေါ် လို ဆီးချိုရှိတဲ့သူတို့၊ ကျောက်ကပ်၊ နှလုံးစတဲ့
👉 နာတာရှည်ရောဂါအခံရှိတဲ့သူတွေ
👉 ကိုယ်ဝန်ဆောင်တွေ
👉 အသက် ၆လ အထပ် ကလေးငယ်တွေ
👉 အသက် ၆၅နှစ် ကျော်တဲ့သူတွေ
👉 အဝလွန်တဲ့သူတွေ
👉 ကျန်းမာရေးဝန်ထမ်းတွေ ( ဆရာဝန်၊ သူနာပြု၊ ဆေးရုံ ဆေးခန်းဝန်ထမ်းများ)
ကဦးစားပေးထိုးသင့်လို့ပါ။ ဒီအုပ်စုတွေက ကိုယ်ခံအားနည်းတတ်လို့ တုပ်ကွေးဖြစ်ရင် ဝေဒနါပြင်းထန်နိုင်လို့ပါ။ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကူးစက်နိုင်ချေများပြီး သူ့စီကနေအခြားသူကိုလည်းပြန်ကူးစက်နိုင်ချေများလို့ပါ။
👵ဆေးထိုးပြီးရင်ကော လုံးဝမဖျားတော့ဘူးလား?
📞ကာကွယ်ဆေးက ယခု ၂၀၂၄ ခုနှစ်မှာ အဖြစ်များမယ့်
ပိုးအမျိုးအစား ၄မျိုးကို ကာကွယ်ပေးတာပါ။ ဘယ်ဆေးမဆို 100% ကာကွယ်နိုင်တာမျိုးတော့မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် ဖြစ်ခဲ့သည်ဆိုရင်တောင် ဆေးရုံတက်ရနှုန်းနဲ့ ပြင်းထန်မှုကို သိသိသာသာလျှော့ချပေးပါတယ်။ တုတ်ကွေး virus ကြောင့်မဟုတ်တဲ့ အခြားအအေးမိနှာစေးပိုး၊ Covid ၊ သွေးလွန်တုပ်ကွေးစတာ တို့ကြောင့်ဆိုရင်တော့ ဖျားနိုင်ချေရှိသေးတာပေါ့နော်။ mask တပ်တာ၊ လက်ဆေးတာ၊ လူများတဲ့နေရာရှောင်တာမျိုး တော့ လုပ်ဆောင်ပြီးကာကွယ်ဖို့တော့လိုပါတယ်။
👵အာ့ဆိုလည်း တိုင်ပင်ပြီးပြန်ပြောမယ်လေ သတိတရဆက်ပေးတာ ကျေးဇူးပါ သမီးရေ။
💉2024 တုပ်ကွေးကာကွယ်ဆေး လေးမျိုးစပ် ( Vaxigrip Tetra Influenza Vaccine) ကို နေ့သစ်မိသားစုဆေးခန်း တွင် လာရောက်ထိုးနှံနိုင်ပါပြီ။
❄ Cold Chain စိတ်ချရသောနေရာတွင် သိမ်းဆည်း သည်ဖြစ်ကြောင်း အာမခံပါသည်။
🛑 အရေအတွက် အကန့်သန့်ရှိလို့ ကြိုတင်စာရင်းပေးရန်လိုအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက 👇
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)
သို့ ဆေးခန်းချိန်အတွငိး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🚗အိမ်အရောက်ဝန်ဆောင်မှုလည်းရှိပါသည်။
သင်တန်းကျောင်း၊ အလုပ်ခွင်များ ၊ အဖွဲ့အစည်းလိုက်ထိုးနှံချင်လိုသူများအတွက် အထူးစျေးနှုန်းဖြင့် ထိုးနှံပေးပါတယ်။
🔥မိန်းမကိုယ်ပူစပ်ပူလောင်ဖြစ်ရခြင်း အကြောင်းများ
🙋မိန်းမကိုယ်က နာတာမဟုတ်ဘဲ ပူပူကြီးဖြစ်နေတယ်ဘာလို့လဲ?
🙋ဆီးပေါက်ရင်မိန်းမကိုယ်ကပူပူကြီး ဆီးကျဥ်တာလည်းမရှိဘဲနဲ့ ဘာဖြစ်တာလဲ?
Burning sensation လို့ခေါ်တဲ့ ပူစပ်ပူလောင်ဖြစ်ခြင်းက ရောင်ရမ်းမှုရှိတဲ့ မျက်နှာပြင်မှာဆိုဖြစ်ပါတယ်။ ပူစပ်ပူလောင်ဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာဆို 👇
( တစ်ပုံချင်းစီ နှိပ်၍ဖတ်ပေးပါ)
ရာသီသွေးတစ်စက်စက်ကျခြင်း ( Spotting)💧
Spotting ဆိုတာ ရာသီလာတာမဟုတ်ပဲ မိန်းမကိုယ်ကနေ သွေးအနည်းငယ်ဆင်းတာမျိုးကိုခေါ်ပါတယ်။ ပမာဏ အားဖြင့်နည်းလွန်းလို့ spot အစက်လို သွေးစက်ကျခြင်း၊ အတွင်းခံတွင်စွန်းရုံပေရုံဖြစ်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ရာသီလာချိန်မဟုတ် ရာသီလာသကဲ့သို့မဟုတ်သည့်အတွက် မူမမှန်သွေးဆင်းခြင်း လို့ပဲယူဆပါတယ်။
တစ်ပုံချင်းစီနှိပ်၍ ဖတ်ကြည့်ပေးပါ။
အားလုံးပဲ Happy International Women's Day ပါ
နှစ်စဥ်နှစ်တိုင်း March လ 8 ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။
မိသားစု တာဝန်၊ လုပ်ငန်းတာဝန် တွေကို အကောင်းမွန်ဆုံး နဲ့ ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတစ်ဦးချင်းစီ အားလုံး နှင့် နယ်ပယ်အသီးသီးမှာအောင်မြင်မှုရရှိနေကြတဲ့အမျိုးသမီးတွေအားလုံးကို များစွာ လေးစားဂုဏ်ပြုကြောင်း ပြောကြားချင်ပါတယ်ရှင်။ 🤗🤗🤗
အမျိုးသမီး တွေအားလုံး နေ့စဥ်နေ့တိုင်း အောင်မြင်မှု၊ ပျော်ရွှင်မှုများစွာကို ရရှိပိုင်ဆိုင်နိုင်ပြီး ဆန္ဒ နဲ့ ဘဝထပ်တူကြဖို့ ဆုတောင်းလိုက်ပါတယ်။🙏🙏🙏
နေ့ရက်တိုင်းမှာ
✅ကိုယ့်ကိုယ်ကို ချစ်ခင်ပါ
✅ကိုယ့်အတွက်ကိုယ် အများကြီးကျန်းမာပါ
✅ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့ မမေ့ပါနဲ့
✅ကျန်းမာလှပပြီး မိမိကိုယ်ကို ယုံကြည်ချက်အပြည့်ဖြင့် နေ့ရက်တိုင်းကို ဖြတ်သန်းလိုက်ပါ အမျိုးသမီးတို့ရှင့် 😍😘
ကိုယ်ဝန်ဆောင်မိခင် နှင့် ရေကျောက်အန္တရာယ် 🤰
ဒီတလော ဆေးခန်းမှာ ရေကျောက်ပေါက်တဲ့လူနာတွေ တွေ့နေရလို့ ကိုယ်ဝန်ဆောင်နဲ့ ရေကျောက်ရောဂါ အကြောင်း သိသင့်သိထိုက်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ် ။
ရေကျောက်ပေါက်တယ်ဆိုတာ ငယ်စဥ်ကလေးဘဝထဲက ကြားဖူးနေကြမို့ အတော်များများအတွက် မစိမ်းလှတဲ့ ဗိုင်းရစ် တစ်မျိုးပါ။
📌ကူးစက်နိုင်သည့်ကာလ
ရေကျောက် virus ရဲ့ ကူးစက်နိုင်စွမ်းဟာ ခန္ဓာကိုယ် မှာ အနီစက်အနာများစမပေါက်ခင် ၂ရက်အလိုကနေ အနာများအားလုံးအနာဖေးမဖြစ်မချင်းထိ ကူးစက်ပြန့်နှံ့နိုင်ပါတယ်။
📌 ရောဂါပျိုးချိန်က ၂ပတ် မှ ၃ပတ်အတွင်းရှိတာမို့ ရေကျောက်ပေါက်တဲ့သူတစ်ဦးဦးနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖြစ်ခဲ့တဲ့နေ့ကနေ ၂ပတ်မှ၃ပတ်အတွင်း လက္ခဏာ ပေါ်တတ်ပါတယ်။
🤰ကိုယ်ဝန်ဆောင်မိခင် ရေကျောက်ဖြစ်ရင် ဘယ်လိုအန္တရာယ်ရှိနိုင်လဲ?
👩⚕️သာမာန်သူတွေအတွက် မပြင်းထန်ဘူးဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင် ၁၀%ခန့် ဟာအဆုတ်ရောင်နမိုးနီးယားဖြစ်နိုင်ချေရှိပြီး အသက်အန္တာရာယ်ထိခိုက်နိုင်ချေက 1000 မှာ 1ယောက် နှုန်းရှိပါတယ်။
အသည်းရောင်ခြင်း နှင့် ဦးနှောက်ရောင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။
မိခင်ကနေ ကလေးစီကူးစက်နိုင်ချေဟာလည်း ကိုယ်ဝန်လရင့်ပြီး ၃၆ပတ်ကျော်ပါက ၅၀% ရှိပြီး
ကိုယ်ဝန်လနုစဥ် ၂၈ပတ်မတိုင်ခင်မှာဆို 5-10% ရှိပါတယ်။
🤰 ကိုယ်ဝန်အပတ် ၂၀မပြည့်ခင် ( ၅လအောက်) မှာ ကူးစက်ခံရပါက
👉 သားပြတ်သားလျှောဖြစ်ခြင်း၊
👉 Fetal Varicellar syndrome လို့ခေါ်တဲ့ ကလေးမှာ
-အရေပြားလန်ခြင်း၊ အမာရွတ်များဖြစ်ခြင်း၊
-ခြေထောက်မသန်ခြင်း၊ ကိုယ်အလေးချိန် မပြည့်ခြင်း၊
-ဦးခေါင်းခွံသေးခြင်း၊ ဥာဏ်ရည် မပြည့်မှီခြင်း၊
-အမြင်အာရုံထိခိုက်ခြင်း စတဲ့လက္ခဏာများဖြင့် မွေးဖွားလာနိုင်ပါတယ်။ ကိုယ်ဝန်၂၈ပတ်အထိ ဖြစ်နိုင်ချေရှိတယိလို့ဖော်ပြထားပါတယ်။
🤰 ကိုယ်ဝန် အပတ်၂၀မှ ၃၇ပတ်အထိ ( ၅လမှ ၉လ) မှာ ရေကျောက်ဖြစ်ခဲ့ရင်
👉 ဝမ်းဗိုက်အတွင်းကလေးသေဆုံးခြင်း
👉 ကလေးတွင် ဆင်ရေယုံ ခါးပတ်ရေယုံဖြစ်ခြင်း ဖြစ်တတ်နိုင်ပါတယ်။
🛑ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်များအနေနဲ့ ရေကျောက်ပေါက်တဲ့သူနဲ့ မထိတွေ့ဖို့ အရေးကြီးပါတယ်။
🛑ရေကျောက်ပေါက်တဲ့သူများလည်း ကိုယ်ဝန်ဆောင်များနှင့် မတွေ့အောင်သတိပြုရှောင်ကြည်ပေးပါ။
🛑 မမျှော်လင့်ဘဲ တွေ့တုန်းကနေကောင်းတယ် တွေ့ပြီးနောက်ရက်မှာ ရေကျောက်ပေါက်တယ်ဆိုပါက ကိုယ်ဝန် ဆောင်အား အကြောင်းကြားပါ။ ကိုယ်ဝန်ဆောင်မိခင်မှာကာကွယ်ရန်လုပ်ဆောင်ရမှာတွေရှိလို့ပါ။
👩⚕️ မရည်ရွယ်ဘဲ ရေကျောက်ဖြစ်တဲ့သူနဲ့တွေ့မိသွားလည်း အရမ်းကြီးမထိတ်လန့်ပါနဲ့ဦး ။
ဘာလို့လဲဆို ရေကျောက်က တစ်ခါဖြစ်ဖူးရင်တစ်သက်လုံး ပြန်မဖြစ်ဘူးဆိုတာပါ။ 😉
အကယ်လို့ ထိတွေ့ဆက်ဆံမိသူ ကိုယ်ဝန်ဆောင်အမျိုးသမီးအနေနဲ့
👉 ငယ်စဥ်က ရေကျောက်ဖြစ်ခဲ့ဖူးလား ပြန်စဥ်းစားပါ။ မသေချာရင် မမှတ်မိရင် ရေကျောက်ကိုယ်ခံအားထွက်မထွက်ကို သွေးကနေဖောက်စစ်ကြည့်နိုင်ပါတယ်။
👉 ဖြစ်ခဲ့ဖူးတယ် ကိုယ်ခံအားရှိတယ်ဆိုရင် စိတ်ပူစရာမလိုပါ ထပ်ဖြစ်မှာမဟုတ်လို့ပါ။ ဘာအန္တာရာယ်မှမရှိပါ။ 🤗
👉အကယ်လို့မဖြစ်ဖူးထားဘူး ကိုယ်ခံအားလည်းမထွက်နေဘူးဆိုရင်တော့ အရေးကြီးပါပြီ။😣 Varicellar Zoster Immunoglobulin ဖြေဆေးကို အမြန်ဆုံးထိုးနှံရန်လိုအပ်ပါတယ်။ သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကု စီအမြန်အကြောင်းကြားပြီး လိုအပ်တဲ့ကုသမှုခံယူပါ။
🤔ကျွန်မတို့ကြောက်လို့ ရေကျောက်ကာကွယ်ဆေးကြိုထိုးထားရင်ရော ရလား?
👩⚕️ ရေကျောက်ကာကွယ်ဆေးသည် ပိုးအရှင်ပါဝင်တာဖြစ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝလုံးဝ ထိုးလို့မရပါဘူး ❌❌❌
ကိုယ်ဝန်မရခင် ကြိုထိုးထားမယ်ဆိုရင်လည်း ဆေးထိုးပြီး ၃လ အတွင်း ကိုယ်ဝန်ယူလို့မရပါ
🤔ဘယ်လိုမျိုးထိတွေ့ဆက်ဆံမှုက ကူးစက်နိုင်တာလဲ?
👩⚕️Virus ဟာ
👉 အသက်ရှူလမ်းကြောင်းထဲမှာရှိနေနိုင်လို့ ရောဂါပိုးရှိသူရဲ့ နှာချေချောင်းဆိုးရာကထွက်လာတဲ့ အမှုန်အမွှားအရည်များကို ရှူရှိုက်မိရင်
( အနည်းဆုံး ၅မိနစ် မျက်နာချင်းဆိုင်စကားပြောခြင်း၊ ရောဂါပိုးရှိသူနဲ့အလုံပိတ်အခန်းထဲတွင် ၁၅မိနစ်ကျော်အတူနေခြင်း ကို ဆိုလိုပါတယ်)
👉 အရေပြား အနာများတွင် ပိုးပါဝင်မှုအများဆုံးဖြစ်လို့ ရောဂါရှိသူရဲ့ အနာများကို ထိတွေ့ ကိုင်တွယ်မိခြင်း၊ အသုံးအဆောင်ပစ္စည်း အဝတ်အစား စောင် အိပ်ယာခင်းများ ယူသုံးမိခြင်းကနေကူးစက်နိုင်ပါတယ်။
အားလုံးပဲ ရေကျောက်ရောဂါ အန္တရယ် မှကင်းဝေးကြပါစေဆုတောင်းရင်း
ရေးသားသူ ✍
Dr. Mon Myat Htun - GP
M.B.,B.S(YGN)
အ ထွေထွေရောဂါကု ဆရာဝန်
ဆောင်းပါးလေးကို အကျိုးရှိစေမယ်ဆိုရင် like and share လေးလည်း လုပ်သွားပေးပါဦးလို့။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ။
( စာများကို တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ) ❌❌❌
~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသမီး ကျန်းမာရေး ဆောင်းပါးများ video များကို ရေးသားဖန်တီးသွားမှာ ဖြစ်လို့ ကျန်းမာရေး ဗဟုသုတ တိုးပွားချင်ပါက Dr. Mon Myat Htun GP Page လေးကို Like and Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် 😉 👍🤗
အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။
ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)
နှစ်ကြောင်းပေါ်ပြီး ကိုယ်ဝန်မဟုတ်သောအခြေအနေများ
🙋ဆီးစစ်တုန်းက ၂ကြောင်းပေါ်တာ အာထရာစောင်းရိုက်တော့ကိုယ်ဝန်မဟုတ်ဘူးတဲ့ ဘာလို့လဲ
🙋ကိုယ်ဝန်မရှိဘဲ ၂ကြောင်းပေါ်နိုင်လား
စသဖြင့် မေးမြန်းတာလေးတွေရှိလို့ ဆောင်းပါးလေးနဲ့ရှင်းပြပေးလိုက်ပါတယ်။
(တစ်ပုံချင်းစီနှိပ်ပြီး ဖတ်သွားပေးနော်)
လတ်တလော ဆေးခန်းဖုန်းဆက်လို့မရသေးမည်ဖြစ်ကြောင်းပါ။ 😔
ညက ဆေးခန်း သူခိုးဝင်သွားလို့ ဖုန်းနဲ့ပိုက်ဆံများအခိုးခံလိုက်ရပါတယ် 😔
လတ်တလော ဆေးခန်းဖုန်းဆက်သွယ်လို့မရမည်ဖြစ်ပါသဖြင့် စုံစမ်းမေးမြန်းလိုသည်များ page ကနေပဲဆက်သွယ်နိုင်ပါတယ်။ ဆေးခန်းတော့ ပုံမှန်အချိန်အတိုင်း ဖွင့်လှစ်ထားပါတယ်။
HCG pregnancy tests အကြောင်း
ဒီအခါပြောပြပေးမယ့်အကြောင်းကတော့ ကိုယ်ဝန်ရှိမရှိစစ်ဆေးတဲ့ နည်းလမ်းအကြောင်းပါ။
ဆီးစစ်ပြီးပြီလားဆို ကိုယ်ဝန်ဟုတ်မဟုတ်စစ်တာကိုပြောကြောင်း အားလုံးနီးပါးသဘောပေါက်နားလည်ပြီးသားဟုတ်?
🤔 အဲ့ တော့ HCG ဆိုတာဘာလဲ?
👩⚕️ အရှည်ကောက်အနေနဲ့( Human Chorionic Gonadotropin) လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်မှာထွက်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ဒီဟော်မုန်းက မိခင်အချင်း ဖြစ်ပွားဖို့လိုအပ်တဲ့ ဆဲလ်တွေတည်ဆောက်စဥ်မှာထွက်ပါတယ်။
hCG ဟော်မုန်းတွေက စထွက်တဲ့အချိန်ကနေ ၇၂နာရီတိုင်းမှာ ၂ဆ စီပွါးလေ့ရှိပါတယ်။ ကိုယ်ဝန် ၈ပတ် ကနေ ၁၁ ပတ် ကာလမှာ အမြင့်ဆုံး ရောက်ပြီး ကိုယ်ဝန်လရင့်လာတာနဲ့အမျှ တဖြေးဖြေးပြန်ကျသွားပါတယ်။ အချင်းတည်ဆောက်မှု ပြီးသွားလို့ပါ။
စစ်ဆေးနည်းကတော့
👉 သွေးဖောက်စစ်တဲ့နည်း ( Serum Beta hCG) နဲ့
👉 ဆီးကနေတိုင်းတာတဲ့နည်း( Urine hCG) ဆိုပြီး ၂နည်းရှိပါတယ်။
❗ သွေးကစစ်တဲ့နည်းကတော့ မျိုးဥနဲ့သုတ်ပိုးပေါင်းစပ်ပြီးသန္ဓေအောင်ချိန်ကနေ အစောဆုံး ၁၀ရက်မြောက်မှာ စပြီးတိုင်းတာလို့ရပါတယ်။
❗ ဆီးကစစ်တဲ့နည်းကတော့ သန္ဓေအောင်ပြီး အစောဆုံး ၂ပတ်ကနေမှစပြီးစစ်လို့ရပါတယ်။
ဘယ်အချိန်သားဥကြွေပြီး ဘယ်အချိန်သန္ဓေအောင်လဲ ကမှန်းဆလို့ခက်တာဖြစ်လို့
📌 ကိုယ်ဝန်ရှိမရှိစစ်ဖို့အတွက် သင့်လျော်တဲ့အချိန်ကတော့
👉 ပုံမှန်ရာသီလာရမယ့်ရက်ကို မလာဘဲ အနည်းဆုံး ၁ပတ်ခန့် နောက်ကျလျှင်
👉 တူတူနေထားတဲ့နေ့ကနေ ၃ပတ်မြောက်
စတဲ့အချိန်တွေမှာစစ်ကြည့်နိုင်ပါတယ်။
💉 သွေးဖြင့်စစ်ဆေးသောနည်းက
သွေးကြောထဲကသွေးအနည်းငယ်ထုတ်ယူပြီး ဓာတ်ခွဲခန်းကိုပို့ပြီးစစ်တာပါ။ နံပါတ်အတိအကျနဲ့ထွက်လို့ Quantitative test လို့ခေါ်ပါတယ်။ စျေးပိုကြီးပြီး သွေးဖောက်ရတာ နာစေလို့ ပုံမှန်စစ်လေ့မရှိပါဘူး။
သွေးစစ်တဲ့နည်းရဲ့အားသာချက်က ဆီးစစ်တဲ့နည်းထပ်ပိုစောစောသိနိုင်ပြီး နံပါတ်နဲ့အတိအကျသိတာမို့
👉 ကိုယ်ဝန်အစောပိုင်းကာလ ဆီးစစ်ရင်မပေါ်သေးတဲ့အချိန်မှာ ကိုယ်ဝန်ဟုတ်မဟုတ် အတည်ပြုဖို့
👉 ကလေးယူတဲ့ကုထုံးတွေလုပ်တဲ့သူတွေမှာ level ဘယ်လောက်တက်တယ်ကျတယ်ကြည့်ဖို့အတွက်စစ်တတ်တယ်
👉အချို့ သော ကင်ဆာတွေမှာ tumor marker အနေနဲ့တိုင်းဖို့
👉အမြွှာကိုယ်ဝန်၊ သားပျက်သားလျှောဖြစ်ဖြင်း၊ စပျစ်သီးသန္ဓေ ၊ သားအိမ်ပြင်ပသန္ဓေတည်ခြင်း စတဲ့ အခြေအနေတွေမှာလည်း မှန်းဆဖို့
အသုံးပြုလေ့ရှိပါတယ်။
🚽 ဆီးစစ်တဲ့နည်းကတော့ လုပ်ရလွယ်ကူပြီး နာကျင်မှုလည်းမရှိ အကုန်အကျလည်းသက်သာလို့ လူတိုင်းကိုယ့်ဘာကိုယ်လည်းလုပ်နိုင်တာဖြစ်လို့ အသုံးပိုများတယ်။ အားလုံးသိကျတဲ့အတိုင်း တစ်ကြောင်းပေါ်ရင် Negative ကိုယ်ဝန်မရှိဘူး။ ၂ ကြောင်းပေါ်ရင် Positive ကိုယ်ဝန်ရှိတယ်သတ်မှတ်တယ်။
🤔 မနက်သွားတဲ့ဆီးပဲစစ်ရမှာလား ဆိုတဲ့မေးခွန်းကတော့အမေးများပါတယ်။
👩⚕️ ဘယ်အချိန်ပဲ ဖြစ်ဖြစ်စစ်လို့ရပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလ မှာတော့ ဆီးထဲမှာပမာဏနည်းသေးတတ်လို့ မနက်ခင်းဆီးက ပိုသိပ်သည်းဆများတတ်လို့ မနက်စစ်ရင်ပိုပေါ်နိုင်တယ်ယူဆပြီးစစ်ခိုင်းကြတာပါ။ တစ်နေ့တာအရည် တွေ အမျိုးမျိုးသောက်လိုက်တဲ့အခါ ဆီးကကျဲသလိုဖြစ်ရင် ပမာဏ နည်းသွားမယ်ဆိုပြီး မှန်းကြလို့ဖြစ်ပါတယ်။ ထိုပမာဏ က မပြောပလောက်တဲ့ပမာဏမို့ မနက်ဖြစ်ဖြစိ နေ့လည်ဖြစ်ဖြစ် ညဖြစိဖြစ် စစ်လို့ရပါတယ်။
စာလည်းရှည်နေပြီမို့ ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်။ HCG tests နဲ့ပတ်သတ်ပြီးထပ်သိလိုသည်များကိုလည်း comments မှာမေးထားနိုငိပါတယ်။
ရေးသားသူ ✍
Dr. Mon Myat Htun - GP
M.B.,B.S(YGN)
အ ထွေထွေရောဂါကု ဆရာဝန်
ဆောင်းပါးလေးကို အကျိုးရှိစေမယ်ဆိုရင် like and share လေးလည်း လုပ်သွားပေးပါဦးလို့။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ။
( စာများကို တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ) ❌❌❌
~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသမီး ကျန်းမာရေး ဆောင်းပါးများ video များကို ရေးသားဖန်တီးသွားမှာ ဖြစ်လို့ ကျန်းမာရေး ဗဟုသုတ တိုးပွားချင်ပါက Dr. Mon Myat Htun GP Page လေးကို Like and Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် 😉 👍🤗
အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။
ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)
ဟုတ်လားဝေ့ 😁 Just for fun နော် 😉
ချစ်သူများအားလုံး ပျော်ရွှင်စရာ Happy Valentine's Day လေး ဖြစ်ပါစေရှင် 😊
စကားမစပ် အရေးပေါ်တားဆေး နဲ့ ကွန်ဒုံး ကို နေ့သစ်မိသားစု ဆေးခန်းမှာ ''အခမဲ့'' အရေအတွက်အကန့်အသန့်မရှိ ရယူနိုင်ပါတယ်နော် 😉
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)
Dr. မွန်မြတ်ထွန်း ရေးသားထားသောကျန်းမာရေးဆောင်းပါးများ အပိုင်း ၅
၁၂၁ မှ ၁၂၆။ https://m.facebook.com/story.php?story_fbid=754927583315523&id=100063948634446&mibextid=Nif5oz
၁၂၇။ အသည်းရောဂါရှိသူများ ဘယ်သားဆက်ခြားနည်းလမ်း ရွေးချယ်သင့်လဲ?
https://m.facebook.com/story.php?story_fbid=758914092916872&id=100063948634446&mibextid=Nif5oz
၁၂၈။ သားဥအိမ်မှာရေအိတ်ရှိတာ စိုးရိမ်ရလား ?
https://fb.watch/pVQze4Aukh/?mibextid=Nif5oz
၁၂၉။ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သောရောဂါများ
https://m.facebook.com/story.php?story_fbid=773145971493684&id=100063948634446&mibextid=Nif5oz
၁၃၀။ ထိုးသွင်းဆက်ဆံခြင်း မဟုတ်ဘဲအတူနေမိရင် ကိုယ်ဝန်ရနိုင်လား?
https://m.facebook.com/story.php?story_fbid=775372597937688&id=100063948634446&mibextid=Nif5oz
၁၃၁။ ဆီးခုံမွှေးကဖယ်ရှားသင့်တဲ့အရာလား?
https://m.facebook.com/story.php?story_fbid=783246603816954&id=100063948634446&mibextid=Nif5oz
၁၃၂။ ကူးစက်ရောဂါ ကင်းဝေးသောလိင်မှုဘဝ ပိုင်ဆိုင်ရန် နည်းလမ်းများ
https://m.facebook.com/story.php?story_fbid=783640367110911&id=100063948634446&mibextid=Nif5oz
၁၃၃။ သကိတမ်းပြည့်သွားတဲ့ လက်မောင်းထဲထည့်သားဆက်ခြားနည်း ( implant) ကိုဘာလို့ထုတ်သင့်တာလဲ?
https://m.facebook.com/story.php?story_fbid=784736547001293&id=100063948634446&mibextid=Nif5oz
၁၃၄။ သားမွေးခြင်း သမီးမွေးခြင်းက အဖေ့ပေါ်မူတည်တာလား အမေ့ပေါ်မူတည်တာလား?
https://fb.watch/pVQDTPFLmx/?mibextid=Nif5oz
၁၃၅။ အမျိုးသမီး ပြင်ပအင်္ဂါအစိတ်အပိုင်းများ
https://m.facebook.com/story.php?story_fbid=792882352853379&id=100063948634446&mibextid=Nif5oz
၁၃၆။ အမျိုးသမီးအတွင်း မျိုးပွားအင်္ဂါအစိတ်အပိုင်းများ
https://m.facebook.com/story.php?story_fbid=794537589354522&id=100063948634446&mibextid=Nif5oz
၁၃၇။ ကိုယ်ဝန်ရသွားမှာစိုးရိမ်ခြင်း
https://m.facebook.com/story.php?story_fbid=826808166127464&id=100063948634446&mibextid=Nif5oz
၁၃၈။ မိန်းမကိုယ်ထဲထည့်တဲ့ဆေးထည့်နေချိန် အတူနေလို့ရလား?
https://m.facebook.com/story.php?story_fbid=827931152681832&id=100063948634446&mibextid=Nif5oz
၁၃၉။ မိန်းမကိုယ်ကျဥ်းဆေးဆိုတာ?
https://m.facebook.com/story.php?story_fbid=829774515830829&id=100063948634446&mibextid=Nif5oz
နောက်ထပ်လည်း ကျန်းမာရေးဗဟုသုတ ဝတ္ထုတိုနဲ့ ဆောင်းပါးများစွာကိုဆက်ရေးသွားမှာမို့ page ကို like မလုပ်ရသေးရင် like လုပ်သွားပေးနော် 👍👍👍
သိ ချင်တဲ့ အကြောင်းအရာများရှိရင်လည်း comment မှာ အကြံပြုနိင်ပါတယ်နော်😊😊😊
Dr. Mon Myat Htun
M.B.,B.S(YGN)
အ ထွေထွေရောဂါကု ဆရာဝန်
စာများကိုတစ်ဆင့်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ❌❌❌
ရေးသားပြီးသော ဆောင်းပါးများ စုစည်းမှု
https://m.facebook.com/story.php?story_fbid=589915729816710&id=100063948634446&mibextid=Nif5oz
အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။
ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
🌻မိန်းမကိုယ်ကျဥ်းဆေးဆိုတာ?
comment တစ်ခုမှာ မိန်းမကိုယ်ကျဥ်းဆေးနဲ့ပတ်သတ်ပြီးမေးထားတာတွေ့လို့ လေ့လာဖြစ်တာလေး sharing လုပ်လိုက်ပါတယ်။
cb မှာလည်း မကြာခဏဆိုသလို
🙍 မိန်းမကိုယ်ကျယ်တယ်ခံစားရလို့ ကျဥ်းချင်တယ် ဘယ်လိုလုပ်ရမလဲ?
🙎 ကောင်လေးက ကျယ်တယ်ပြောလို့ ယုံကြည်မှုပျောက်တယ်ဆိုတာမျိုး လာတိုင်ပင်တတ်ကြတယ်။
အဲ့လိုမျိုးဆို သိပ်အသည်းယားတယ် ကိုယ့်ညီမဆို 2ချက်လောက်ရိုက်ပြီး အဲ့ဘဲချက်ချင်းဖြတ်လို့ပြောလိုက်ပြီ 😁😏
ဒီလိုဖြစ်ကြတဲ့အခြေအနေကို မူတည်ပြီး စီးပွားရေးသမားတွေက အမျိုးသမီးတွေသည်းခြေကြိုက် မိန်းမကိုယ်ကျဥ်းဆေးဆိုတာမျိုးတွေ ဖြစ်လာပေါ်လာရတာပေါ့လေ။
🤔မိန်းမကိုယ်ကျဥ်းဆေးဆိုတာ ဘာလဲ?
English လို Vaginal Tightening Gel ဆိုပြီး နိုင်ငံခြားစျေးကွက်တွေမှာလည်း ပုံစံမျိုးစုံ တံဆိပ်မျိုးစုံဖြင့် ရှိနေပါတယ် ။ Gel, cream, spray, ဆပ်ပြာပုံစံအမျိုးမျိုးပေါ့။ သူတို့က ဘယ်လိုလုပ်ပေးလဲဆို 👇
👉 ဒီဆေးတွေကိုလိမ်းတဲ့အခါမှာ မိန်းမကိုယ်အတွင်းနံရံက သဘာဝကထွက်အောင်ချောဆီအနေနဲထွက်တဲ့အရည်တွေကို ခြောက်သွားစေတယ်၊ မထွက်တော့အောင်လုပ်ပါတယ်။ ချောဆီမရှိတော့ ခြောက်သွေ့ပြီး အတူနေတဲ့အခါ ပွတ်တိုက်မှုဖြစ်ပြီး နာကျင်ခြင်း ပွန်းခြင်းပိုဖြစ်ကာ အခန့်မသင့်ကသွေးထွက်ခြင်းပါဖြစ်စေပါတယ်။ ဒီလိုခြောက်တာ ပွန်းတာ ချော်ဆီမရှိလို့ဖြစ်တာကို ကျဥ်းသွားတယ်ဆိုပြီးထင်စေတာပါ။
👉 ဒါ့အပြင် ဆေးက လိမ်းထားတဲ့အချိန်ယာယီ ရောင်ရမ်းမှုကိုဖြစ်စေတတ်လို့ ရောင်တဲ့အခါ ဖောင်းဖောင်းတင်းတင်းဖြစ်နေ လို့ ကျဥ်းသယောင်ထင်သွားစေပါတယ်။
အမှန်က ခန္ဓာကိုယ်အတွက်မကောင်းပါ။ အချို့ဆို acid အပျော့စားတွေပါထည့်လို့ ထိခိုက်ရှုံ့တွသွားတာကို ကျဥ်းတယ်ဆိုပြီးလုပ်ပြောနေကြတာပါ။
အချို့ တွေလည်းပြောပါလိမ့်မယ် သူတို့ဆေးက သဘာဝပစ္စည်းတွေကြီးပဲသုံးထားတာဆိုပြီး ။
မြင်သာအောင်ဥပမာအနေနဲ့ပြောရရင် ကြက်သွန်တို့ ငရုပ်ကောင်းတို့ကို မျက်စိပွတ်မိရင် စပ်တာပါပဲ။ ကြက်သွန် ငရုပ်ကောင်းဆိုတာလည်း သဘာဝကရတာတွေ ဘာဓာတုပစ္စည်းမှမပါ ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေလည်းအများကြီးရှိတာပဲ။ သုံးရမယ့်နေရာမဟုတ်ဘဲသုံးရင် ပူမှာစပ်မှာမွှန်မှာပဲ။ ထိုနည်းလည်းကောင်းပါပဲ နုနယ်တဲ့နေရာမှာတော်ရုံမဆင်ခြင်ပဲမသုံးသင့်ပါဘူး။ ဆေးတိုင်းမဟုတ်ပေမယ့် အများစုကတော့ဒီသဘောတရားပါပဲ။ ခိုင်လုံတဲ့သိပ္ပံနည်းကျစမ်းသပ်ထားတဲ့အထောက်အထားမရှိသေးတဲ့ဆေးတွေပါ။
သုံးမိကာမှ
👉 နဂို ကောင်းတဲ့အသားလေးပုံပျက်စေသွားနိုင်ခြင်း၊
👉 ဆီးသွားတဲ့နေရာကိုထိခိုက်မိက ဆီးမလုံပြသနာများဖြစ်ခြင်း ၊
👉 ချော်ဆီအရည်ခန်းခြောက်ခြင်းကြောင့်အတူနေစဥ်နာကျင်ခြင်း ၊ သွေးထွက်ခြင်းကြောင့် ပိုးဝင်နိင်ချေပိုများခြင်း စတာတွေဖြစ်နိုင်ပါတယ်။
🤔ကျဥ်းဆေးမကောင်းဘူးဆို ကျဥ်းချင်တာဘယ်လိုလုပ်လို့ရမှာလဲ?
👩⚕️ဆေးပညာအရ မိန်းမကိုယ်လျော့တွဲခြင်း ပြန်လည်တင်းရင်းစေတဲ့ တစ်ခုတည်းသောနည်းလမ်းက Kegel exercise ပါ။ လုပ်နည်း video 👇
https://fb.watch/pMxMAnW8pB/?mibextid=Nif5oz
Pelvic floor exercise လို့လည်းခေါ်တယ်။ ဒီနည်းလမ်းဖြင့် လေ့ကျင့်ပေးခြင်းက👇
👉 အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းအားလုံးကို အထောက်အကူပြုစေပြီး သားအိမ်ကျခြင်းကို သက်သာစေခြင်း၊ မဖြစ်အောင်ကာကွယ်ပေးခြင်း၊
👉 ကလေးမွေးပြီးစ ဆီးမထိန်းနိုင်ခြင်းပြသနာကိုကုသနိုင်ခြင်း၊
👉 မိန်းမကိုယ်အတွင်းကြွက်သားများကို သန်မာစေပြီး ပိုမိုကျုံ့နိုင်ညှစ်နိုင်စေလို့ လိင်စိတ်ဆန္ဒပြည့်ဝကောင်းမွန်စေခြင်း၊ တင်းတင်းရင်းရင်းရှိခြင်း
စတဲ့အကျိုးကျေးဇူးတွေရမှာပဲ ဖြစ်ပါတယ်။
ငွေလည်းမကုန်အကျိုးလည်းထူးတဲ့နည်းပါ။ ခက်တာက လေ့ကျင့်ခန်းထုံးစံအရ မှန်မှန်လုပ်ဖို့နဲ့ ကြာကြာလုပ်မှအကျိုးထူးတာမို့ အများစုက စိတ်မရှည်တာရော ပျင်းတာရော မအားတာရောနဲ့ လုပ်ဖို့ခဲယဥ်းကြတယ်။
ချက်ချင်းကိုကောင်းချင်ကြတယ်ဆို ခွဲစိတ်တဲ့နည်းတွေရှိတယ်။
👉 Laser Vaginal Rejuvenation
👉 Labioplasty
စတာတွေကို အလှအပရေးရာ Asthetic ဆေးခန်းတွေမှာ လုပ်ပေးကြတာတွေတွေ့ရတယ်။ လုပ်နည်းအသေးစိတ်ကတော့ ကိုယ်တိုင်လည်းမလုပ်တာဖြစ်လို့ အလှအပဆေးခန်းတွေမှာပဲ စုံစမ်းလေ့လာကြည့်ပါနော် ။
ခက်တာက ဒီနည်းလမ်းတွေရဲ့ကုန်ကျစရိတ်က မသေးလှတာကြောင့် အလွယ်နည်းဖြစ်တဲ့ ကျဥ်းဆေးတွေဘက်ပဲပြန်ရောက်ကြရပြန်တာပဲ။ 😞
ကိုယ့်ခန္ဓာကိုယ်ပိုင်လို့ စိတ်ကြိုက်လုပ်နိုင်တယ်ဆိုပေမယ့် သေချာလေးချင့်ချိန်စဥ်းစားဖို့ပဲ ဆရာမအနေနဲ့ အကြံပြုချင်ပါတယ်။
👉 ဆေးစစ်မစစ်ကို မှတ်ပုံတင် FDA ပါမပါကြည့်ပါ။
👉 နားလည်တတ်ကျွမ်းသူ ဆေးပညာရှင်များနှင့်တိုင်ပင်မေးမြန်းပါ။
👉 Google မှာ ရိုက်ရှာပါ။ ကြော်ငြာ post ပဲတွေ့တယ်၊ ရေးထားတာ 96ပါးရောဂါအကုန်ကောင်းစေတယ်ဆိုရင်တော့ စဥ်းစားပါ အမှန်ဖြစ်နိုင်မဖြစ်နိုင်။
👉 အမျိုးသားများလည်း ကိုယ်တကယ်ချစ်ရင်ကိုယ့်အမျိုးသမီးကို ထိခိုက်နစ်နာစေတဲ့ ပြောဆိုခြင်းများမပြောဘဲ ကိုယ့်ချစ်သူ၊ အမျိုးသမီးကို တန်ဖိုးထားချစ်ခင်ပါ။
👉 အမျိုးသမီးများလည်း ဒီအတွက်နည်းနည်းမှ ယုံကြည်မှုပျောက်စရာမလိုပါဘူး။ ကျယ်တယ်ပြောရအောင် သူတို့ဟာသေးလို့ရောမဖြစ်နိုင်ဘူးလား ပြန်မေးလိုက် ( ဆရာမ ပြောတယ်ဟုမပြောရ 😸)။ တကယ်မချစ်တဲ့သူအတွက် အချိန်ကုန်မခံပဲ ကိုယ့်ကိုယ်ကိုအများကြီးပိုချစ်လိုက်ပါ။
ရေးသားသူ ✍
Dr. Mon Myat Htun - GP
M.B.,B.S(YGN)
အ ထွေထွေရောဂါကု ဆရာဝန်
ဆောင်းပါးလေးကို အကျိုးရှိစေမယ်ဆိုရင် like and share လေးလည်း လုပ်သွားပေးပါဦးလို့။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ။
( စာများကို တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ) ❌
~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသမီး ကျန်းမာရေး ဆောင်းပါးများ video များကို ရေးသားဖန်တီးသွားမှာ ဖြစ်လို့ ကျန်းမာရေး ဗဟုသုတ တိုးပွားချင်ပါက Dr. Mon Myat Htun GP Page လေးကို Like and Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် 😉 👍🤗
အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။
ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)
🤔 မိန်းမကိုယ်ထဲထည့်တဲ့ဆေး ထည့်နေချိန် အတူနေလို့ရပါသလား?
👩⚕️အမျိုးသမီးတွေအဖြူဆင်းခြင်း၊ ယားယံခြင်း၊ မိန်းမကိုယ်မှိုစွဲခြင်း နှင့် အခြားသောအမျိုးသမီးမီးယပ်ရောဂါအခြေအနေတွေအတွက် ကုသတဲ့အခါ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးတောင့်၊ ဆေးလုံး၊ gel အမျိုးမျိုးကို ကျွန်မတို့ဆရာဝန်တွေ ညွှန်းလေ့ရှိပါတယ်။
ဆေးထည့်တဲ့အခါ များသောအားဖြင့် ၆ရက် ၊လိုအပ်ပါကရက်ပိုပေးရတဲ့အခြေအနေမျိုးလည်းရှိပါတယ်။ ဒီကာလအတွင်းမှာ အမျိုးသားနဲ့အတူနေလို့ရလားဆိုတာ အချို့တွေလာမေးတာလေးရှိလို့ ဖြေကြားပေးလိုက်ပါတယ်။
❗ဆေးပညာအရတော့ မနေတာပိုကောင်းတယ်လို့ပြောထားပါတယ်။ ဆေးကုသမှုအားလုံးပြီး အနည်းဆုံး ၂၄နာရီကျော်မှ နေတာအကောင်းဆုံးပါလို့ဖြေချင်ပါတယ်။ ဆိုလိုတာက ဆေး ၆ရက်ထည့်ရရင် ၇ရက်ကျော်ပြီး ၈ရက်မြောက်မှနေတာအသင့်လျော်ဆုံးပါ။
⁉ မဖြစ်မနေ စိတ်ဆန္ဒရှိလို့ အရမ်းနေချင်ခဲ့ရင် အနည်းဆုံး ဆေးထည့်ပြီး နာရီဝက်ကျော်မှနေလို့ရပါမယ်။
မနေတာတော့ပိုကောင်းပါတယ်။
🤔 ဘာလို့မနေသင့်တာလဲ နေမိရင်ဘာဖြစ်တတ်လို့လဲ ?
👩⚕️ဖြစ်တတ်နိုင်တဲ့အခြေအနေတွေက 👇
👉 ရောဂါပိုးကူးစက်နိုင်ခြင်း
- ဆေးတောင့်ထည့်ရတဲ့အခြေအနေက ပိုးတစ်ခုခုရှိနေလို့ပေးတာပါ။ မှိုစွဲခြင်းဆိုလည်း ဖြစ်တော့ဖြစ်ခဲပေမယ့် ကူးစက်နိုင်ပါတယ်။ အမျိုးသားစီကိုပါ ယားယံခြင်းမှိုဖြစ်ခြင်း ကူးစက်နိုင်ချေရှိပါတယ်။ နေဖြစ်ရင်ကွန်ဒုံးသုံးဖို့လိုပါမယ်။
👉 လက်ရှိဝေဒနါမသက်သာခြင်း
- အတူနေလိုက်တဲ့အခါ ဆေးလုံးက ထွက်ကျ စိမ့်ကျခြင်းလည်းဖြစ်နိုင်လို့ ဆေးအာနိသင်လျော့ကျစေနိုင်ပြီး လက်ရှိဝေဒနါမသက်သာပဲ ပိုဆိုးလာနိုင်ခြင်းများကြုံရနိုင်ပါတယ်။
👉 အတူနေချိန်မသက်မသာဖြစ်ခြင်း
- ဆေးတောင့်ထည့်ရတဲ့အခြေအနေတွေမှာ မိန်းမကိုယ်နာကျင်ခြင်း၊ ယားယံခြင်း ရှိနေလို့ အတူနေချိန်မှာပိုမသက်မသာဖြစ်စေပါတယ်။
- ဆေးတောင့်ထည့်ပြီးနောက်နေတဲ့အခါ ဆေးလုံးခံနေခြင်းကြောင့် အမျိုးသားရောအမျိုးသမီးရော အဆင်မပြေမသက်မသာဖြစ်တတ်စေနိုင်ပါတယ်။
ဒါကြောင့်မို့ ဆေးထည့်စဥ် အတူနေခြင်းကို ရှောင်ကြည်တာကောင်းပါတယ်။
🛑သတိပြုရန်
ဆေးလုံးထည့်နေစဥ် လက္ခဏာ သက်သာသွားလည်း ဆေးကိုမိမိသဘောဖြင့် ထည့်ခြင်းကိုမရပ်ပါနှင့်။ ရက်ပြည့်အောင် ဆေးထည့်ပေးမှသာ ပိုးကိုအမြစ်ပြတ်ကုသနိုင်မှာဖြစ်ပါတယ်။
ရေးသားသူ ✍
Dr. Mon Myat Htun - GP
M.B.,B.S(YGN)
အ ထွေထွေရောဂါကု ဆရာဝန်
ဆောင်းပါးလေးကို အကျိုးရှိစေမယ်ဆိုရင် like and share လေးလည်း လုပ်သွားပေးပါဦးလို့။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ။
( စာများကို တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ) ❌
~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသမီး ကျန်းမာရေး ဆောင်းပါးများ video များကို ရေးသားဖန်တီးသွားမှာ ဖြစ်လို့ ကျန်းမာရေး ဗဟုသုတ တိုးပွားချင်ပါက Dr. Mon Myat Htun GP Page လေးကို Like and Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် 😉 👍🤗
အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။
ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)
😱ငါ့မှာကိုယ်ဝန်ရှိနေပြီလား? / ကိုယ်ဝန်ရသွားမှာစိုးရိမ်ခြင်း
👱♀️ရာသီကလည်း လာရမယ့်ဟာကို မလာသေးဘူး ရင်သားကလည်းတင်းနေတယ် ကိုယ်ဝန်လက္ခဏာများလား
👩 ဗိုက်ကလည်းအောင့်နေတယ် လူကလည်းပျို့ပြီးအန်ချင်နေတယ် ဟိုနေ့က ကွန်ဒုံးမသုံးမိလို့ ကိုယ်ဝန်ရသွားတာများလား
စသဖြင့် ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကိုယ်ဝန်ရသွားမှာကို အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ထိတ်လန့်နေတတ်ကြပါတယ်။
🤔ကိုယ့်မှာ ကိုယ်ဝန်ရှိနေတာလားလို့ ဘယ်အချိန်မှာတွေးပူတတ်ကြလဲ?
👉 ရာသီလာရမယ့်ရက်မှာ မလာခြင်း
👉 အတူနေစဥ် အကာကွယ်မသုံးမိခြင်း သို့မဟုတ် ကွန်ဒုံးကျွတ်ခြင်း ပေါက်ခြင်း
👉 သားဆက်ခြားနည်းလမ်းမသုံးထားခြင်း
👉 သားဆက်ခြားဆေးကတ်သောက်ရန်မေ့လျော့ခြင်း
👉အရေးပေါ်ဆေးမသောက်ထားခြင်း သို့မဟုတ်အချိန်နောက်ကျမှသောက်မိခြင်း
ဒီလိုအခြေအနေတွေမှာ စိတ်ပူတတ်ကြပါတယ်
ဒါ့အပြင် စိုးရိမ်ထိတ်လန့်မှုဖြစ်တဲ့အခါ stress level စိတ်ဖိစီးမှုမြင့်တက်ပြီး သားဥကြွေခြင်းကို နောက်ဆုတ်စေခြင်း ကြောင့် ရာသီလာဖို့ပိုနောက်ကျတတ်လို့ ပိုပြီးစိတ်သောကရောက်တာကိုအများဆုံးတွေ့နေရပါတယ်။
🤔ဒီလိုထိတ်လန့်မှုကို ဘယ်လိုရင်ဆိုင်ကိုင်တွယ်ရမလဲ?
👩⚕️အရင်ဆုံးလုပ်ရမှာက
1️⃣ စိတ်အေးအေးထား ခေါင်းအေးအေးထားဖို့ပါ
- စိတ်ပူကြောက်လန့်နေလို့ ဖြေရှင်းလို့မပြီးပါ။ ကိုယ်တစ်ယောက်ထဲမဟုတ်ပါ။ ကိုယ်နဲ့ရင်းနှီးသောသူများကိုရင်ဖွင့်ပါ။ နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် တိုင်ပင်ပြီး နှစ်သိမ့်ဆွေးနွေးမှုရယူနိုင်ပါတယ်။
⭐အရေးကြီးဆုံးက အချိန်ပါ ။ စိတ်ပူရင်လည်း စောစောစီးစီး စိတ်ပူကြပါလို့ 😁
🛑 ဘာလို့လဲဆို အတူနေပြီးမှကိုယ်ဝန်မရအောင် ကာကွယ်ဖို့အတွက် က အများဆုံး အချိန် ၅ရက်သာ ရလို့ပါ။
အတူနေပြီး ၅ရက်နောက်ပိုင်းမှ ဆွေးနွေးကြတဲ့သူတွေအတွက်ဆို နေတဲ့ရက်နဲ့ သားဥကြွေချိန်နဲ့တွက်ချက်ပြီး ရနိုင်ချေနည်းတယ် များတယ်လောက်ပဲ နှစ်သိမ့်ပေးနိုင် စောင့်ကြည့်တာမျိုးပဲလုပ်နိုင်ပါတယ်။
2️⃣ ဆီးစစ်တံဖြင့် စစ်ကြည့်ပါ
လာဆွေးနွေးသူအများစုမှာ ဆီးစစ်ခိုင်းတဲ့အခါ မစစ်ချင်ဘူး မစစ်ရဲဘူး စစ်လိုက်လို့ရှိနေရင်ဘယ်လိုလုပ်မလဲတွေးပူကြတယ်။ ပြသနာကိုရှောင်ချင်တယ် မရင်ဆိုင်ရဲဘူးဖြစ်ကြတယ်။ အမှန်က စစ်လိုက်လို့မရှိရင် စိတ်အေးသွားရမှာပါ။ ဒါကြောင့် စစ်ကြည့်ဖို့မကြောက်ပါနဲ့။
❌ ခဏခဏလည်း စစ်ဖို့မလိုပါဘူး။ နေပြီးချက်ချင်းလည်းစစစ်စရာမလိုပါဘူး။
✅ ရာသီလာရမယ့်နေ့ထပ်နောက်ကျနေတဲ့အချိန် သို့မဟုတ် အတူနေပြီး ၃ပတ်မြောက်မှာစစ်ရင်ရပါပြီ။
အဲ့မှာမရှိရင်မရှိတော့ပါဘူး ကြားထဲလည်းအတူထပ်နေထားတာမရှိဘူးဆိုရင်ပေါ့လေ ။ ရှိသွားခဲ့ရင်လည်း ရှိတဲ့အလျောက်ရင်ဆိုင်ဖြေရှင်းရမှာပါ။
3️⃣ အရေးပေါ်ဆေးသောက်ဖို့ဝန်မလေးပါနဲ့
အရေးပေါ်ဆေးက ဘာဖြစ်တတ်တယ် ညာဖြစ်တတ်တယ် စတာတွေကိုကြောက်ပြီး ဆေးမသောက်ချင်ကြတာတွေတွေ့ရတယ်။ ဆေးတိုင်းမှာ ဆိုးကျိုးကိုယ်စီတော့ရှိတာမှန်ပါတယ်။ အဲ့ဆိုးကျိုးကိုကြောက်လို့မသောက်ရင် လိုချင်တဲ့ကောင်းကျိုးကိုလည်းမရနိုင်တော့ပါ။ လက်ရှိကိုယ်ဝန်မရဖို့ကအရေးပိုကြီးတယ်ဆို ဆေးသောက်ဖို့ကိုမကြောက်ပါနှင့်။ ဆိုးကျိုးကိုကြောက်တယ်ဆို စိတ်ချရတဲ့ သားဆက်ခြားနည်းလမ်းတွေပုံမှန်သုံးဖို့ ပြင်ဆင်ပါ။
အမြဲတမ်း ပြောနေကြစကားအတိုင်း
🛑မဖြစ်ခင်ကြိုတင်ကာကွယ်ကြပါ။ သားဆက်ခြား နည်းလမ်းတွေကို မကြောက်ကြပါနဲ့ သုံးရမှာမရှက်ကြပါနဲ့။ စျေးလည်း အားလုံး အသင့်အတင့် တတ်နိုင်ကြတဲ့အတွင်းပဲရှိပါတယ်။
🛑 ရသွားမှာစိုးတဲ့ သောကမီးက ပူလောင်လှပါတယ်။ အခန့်မသင့် ရသွားပြန်ရင်လည်း ယူဖို့အဆင်သင့်မဖြစ်သေးတဲ့အချိန် ပိုသောကများ ဒုက္ခများရပါတယ်။ ပိုလည်းအရှက်ကွဲပါမယ်။ တရားမဝင်လုပ်ပေးတဲ့ နေရာ၊ ဆေးများအတွက်လည်း ငွေကုန်ကြေးကြ ပိုကုန်ပါမယ် ။
🛑 မြန်မာပြည် ဥပဒေအရ တရားဝင်ကိုယ်ဝန်ဖျက်ချပေးခြင်း လုံးဝမရှိ မရပါ ❌❌❌ ဆေးကျောင်းမှာလည်း သင်ကြားပေးထားခြင်းမရှိပါ ။ သမားကျင့်ဝတ်နဲ့အညီ ကုသမှုပေးနေသော ဘယ်ဆရာဝန်မှ ကိုယ်ဝန်ဖျက်ချခြင်းကို အားမပေးပါ။ မလုပ်ပေးပါ။ ဒါကြောင့်မို့ ရသွားပြီးမှ ဘာမှ ကူညီပေးလို့မရပါဘူးနော်။ 🙅
ကိုယ်ဝန်ဖျက်ချခြင်း အတွက်မဆွေးနွေးပေးပါ။ ဆေးမရောင်းပါ ❌
🛑 ကာကွယ်ကြပါ။ သားဆက်ခြား နည်းလမ်းကို စနစ်တကျ သုံးစွဲပါ။
ရေးသားသူ ✍
Dr. Mon Myat Htun - GP
M.B.,B.S(YGN)
အ ထွေထွေရောဂါကု ဆရာဝန်
ဆောင်းပါးလေးကို အကျိုးရှိစေမယ်ဆိုရင် like and share လေးလည်း လုပ်သွားပေးပါဦးလို့။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ။
( စာများကို တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ) ❌
~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသမီး ကျန်းမာရေး ဆောင်းပါးများ video များကို ရေးသားဖန်တီးသွားမှာ ဖြစ်လို့ ကျန်းမာရေး ဗဟုသုတ တိုးပွားချင်ပါက Dr. Mon Myat Htun GP Page လေးကို Like and Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် 😉 👍🤗
အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။
ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)
Instock ရှိပြီမို့ ဆွေးနွေးပြီးတာနဲ့ တစ်ခါထဲထည့်နိုင်ပါပြီနော်။ ဆရာမ ဆေးခန်းမှာရှိမရှိကြိုဖုန်းဆက်ပြီးမှတော့လာပေးပါလို့ 😁
လက်မောင်းအတွင်းထည့် သားဆက်ခြားနည်း
၃နှစ်ခံ ( Implanon)
၄နှစ်ခံ ( Implanex)
၅နှစ်ခံ ( Jadelle)
တံဆိပ်အမျိုးမျိုး Instock ရပြီဖြစ်၍ တစ်ခါထဲဆရာဝန်နှင့် ဆွေးနွေး၍ ချက်ချင်းထည့်သွားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)
( ဖုန်းဆက်ကြိုတင် Booking တင်ရန်လိုသည်)
13.1.2024 က ဆရာမဒေါက်တာမွန်မြတ်ထွန်း ရဲ့ မင်္ဂလာဧည့်ခံပွဲနေ့လေးဖြစ်ပါတယ်။ မင်္ဂလာပွဲလေးလည်း ပြီးမြောက်သွားပြီဖြစ်လို့ ယနေ့ 15.1.2024 မှစပြီး ပုံမှန်အချိန်အတိုင်း ဆေးခန်းပြန်ထိုင်ပြီဖြစ်ကြောင်းလည်း အသိပေးအပ်ပါတယ်ရှင့်။
ကျန်းမာရေးဆောင်းပါးများလည်း ပြန်ရေးပေးပါမယ်နော် 😊
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)
( Booking ကြိုတင်ပြီးမှ လာပေးပါရန်)
6.1.2024 က ဒေါက်တာမွန်မြတ်ထွန်း မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးတဲ့နေ့လေးဖြစ်ပါတယ်။ ဆရာမရဲ့ အထိမ်းအမှတ် အမှတ်တရနေ့လေးဖြစ်လို့ စာဖတ်သူများအားလုံးကို မျှဝေလိုက်ပါတယ်ရှင့်။ 😊
Reply လေးတွေနောက်ကျတာအတွက်လည်း အားနာမိပါတယ်။ နားလည်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင် ။
ယနေ့ (4.1.24) က စပြီး ဆရာမ ဒေါက်တာမွန်မြတ်ထွန်း ဆေးခန်း ၂ပတ်ခန့်မထိုင်ဖြစ်ပါ။
ပြန်ထိုင်ဖြစ်မယ့်နေ့ကိုလည်း ပြန်ကြေငြာပေးပါမည်ရှင့်။ အဆင်မပြေဖြစ်သွားစေခဲ့ရင် အားလုံးကို အားနာပါတယ်။
Online မှ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ပေးသွားပါမယ်။ Reply ပြန်တာနောက်ကျခဲ့ရင် သည်းခံပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ် ။ အရေးကြီးလျှင်မစောင့်ဘဲ ဆေးခန်းသွားပြပါ။ ၂၄နာရီအတွင်း ပြန်လည်မဖြေကြားဖြစ်ပါက ဆွေးနွေးခ ကို Refund ပြန်လုပ်ပေးပါမည်ရှင့်။ အဆင်မပြေမှုများအတွက် တောင်းပန်ပါတယ်နော်။
အားလုံးပဲ Happy New Year ပါ။
New Year မှာ ခါတိုင်းလိုကျန်းမာရေးဆောင်းပါးမဟုတ်ဘဲ lifestyle နဲ့ ပတ်သတ်တဲ့အကြောင်းလေး sharing လုပ်ချင်ပါတယ်။
🤔 2024 မှာ ပိုမိုလှပဖို့ ဘာလေ့ကျင့်ခန်းလုပ်ဖို့ စိတ်ကူးထားလဲ?
ခုအကြောင်းအရာလေးရေးဖို့ တော်တော်လေးအရှိန်ယူခဲ့ပါတယ်။ ဘာလို့လဲဆို ကိုယ်တိုင်မလုပ်နိုင်ဘဲ သူများကိုလုပ်ဖို့တိုက်တွန်းတာက မဖြစ်သင့်ဘူးလို့ ခံယူလို့ပါ။ ခုဆောင်းပါးကတော့ Yoga အကြောင်းလေးပြောမှာပါ။ ကိုယ်တိုင်က Yoga Professional မဟုတ်လို့ yoga pose တွေနဲ့ပတ်သတ်တာပြောမှာမဟုတ်ပါဘူး။ Practitioner တစ်ယောက်အနေနဲ့ ကိုယ်တိုင်လုပ်ရင်း personal experience ကနေ ရရှိခဲ့တဲ့ အကျိုးကျေးဇူး တွေကို ကျန်းမာရေးရှုထောင့်နဲ့ ဆက်စပ်ပြီးပြောပြရင်း အမျိုးသမီးများအတွက် motivation လေးပေးချင်လို့ပါ။
၂၀၂၂ ဧပြီလ မှာ ဆရာမ Yoga ကို စတင်လေ့ကျင့်ခဲ့ပါတယ်။ စလုပ်ခါစတော့ တစ်ပတ် 2 ရက်လောက်ပေါ့။ စလုပ်ဖြစ်တဲ့ရည်ရွယ်ချက်ကတော့ ကိုယ်ကအထိုင်များတယ်၊ လှုပ်ရှားမှုနည်းတယ်၊ အသက်ကလည်း 30 ပြည့်တော့မယ်၊ မင်္ဂလာဆောင်အမှီလှဖို့လည်းလိုတယ် ဆိုပြီး လေ့ကျင့်ခန်းတစ်ခုခုတော့ လုပ်မှဖြစ်မယ်ပေါ့လေ။ အချိန်က လည်းအများကြီးမပေးနိုင်တော့ အိမ်ကနေပဲလေ့ကျင့်လို့ရတဲ့ zoom class နဲ့ တစ်ရက်တစ်နာရီစာ လေ့ကျင့်လို့ရတဲ့ Yoga class ကိုစ join ဖြစ်ပါတယ်။ လုပ်ခါစအကြောကတင်းချက် ခုလည်းတင်းဆဲပါပဲ 😅 တစ်ပတ်2 ရက်လုပ်ဖို့ကို အနိုင်နိုင်အားယူရင်းပေါ့။ ဒီဆောင်းပါးရေးဖို့ တစ်ပတ်ကို 4ရက်ထပ်မနည်းအောင်လေ့ကျင့်ဖြစ်မှရေးမယ်ဆုံးဖြတ်ထားတာ ခုဆို 6 လ ကျော် တစ်ပတ်ကို အနည်းဆုံး၄ရက် အများဆုံး၆ရက်ထိ တစ်နေ့တစ်နာရီ လေ့ကျင့်နိုင်ခဲ့ပြီ။ 2023 ရဲ့ achievement တစ်ခုပေါ့။ 💪💪💪
Yoga ကနေ ရရှိခဲ့တဲ့ အကျိုးကျေးဇူးကိုပြောရရင်တော့
1️⃣ ဓမ္မတာမှန်ခြင်း
- ဆရာမ အရင်က ငယ်စဥ်ကတည်းက ဓမ္မတာမမှန်တတ်ပါဘူး လူကောင်ကလည်းသေးတော့ ရာသီလာတာပုံမှန်မရှိဘူး။ ကြားထဲ ဘာအားဆေးမှလည်း ထွေထူးမသောက် ( ဆေးသောက်ဖို့ပျင်း 😁)ဘဲ Yoga ကျင့်တာ 1နှစ်ကျော်ကစပြီး ရာသီပုံမှန်လာပါတယ် ရက်တောင်အတိအကျကို တစ်လတစ်ခါ 28ရက်တစ်ခါမှန်လို့ ထူးဆန်းနေတာပါ 😅
ရာသီမှန်အောင်ဘာဆေးသောက်ရမလဲမေးသူများအတွက် Yoga က အကောင်းဆုံးဆေးတစ်ခွက်ပါလို့ပဲ ဖြေချင်ပါတယ်။ ဓမ္မတာမလာခြင်းအများစုရဲ့အကြောင်းအရာက စိတ်ဖိစီးမှုများလို့ သွေးလှည့်ပတ်မှုမကောင်းလို့ဖြစ်တတ်ပြီး Yoga လေ့ကျင့်ခြင်းက စိတ်ဖိစီးမှုလျော့ကျစေပြီး မျိုးပွားအင်္ဂါများစီ သွေးပိုမိုရောက်စေလို့ ဖြစ်တယ်လို့ ယူဆပါတယ်။
2️⃣ဓမ္မတာကိုက်ခဲမှုသက်သာခြင်း
ဆရာမ ရှေ့ 3နှစ်ကာလအတွင်း endometriotic cyst လို့ခေါ်တဲ့ သွေးလုံးရောဂါ ကိုခံစားခဲ့ရဖူးပါတယ်။ ဒီရောဂါအကြောင်းဆောင်းပါးလည်းရေးဖူးပါတယ်။ သူက ရာသီလာရင်အလွန်ကိုက်ခဲတတ်တဲ့ရောဂါမျိုးပါ။ ရောဂါအတွက်လိုအပ်တဲ့ဆေးကုသမှုလည်း ခံယူခဲ့ပါတယ်။ တစ်ဖက်မှာလည်း yoga လေ့ကျင့်ခြင်းကြောင့် ပြန်လည်းမဖြစ်သလို ရာသီလာချိန်ကိုက်ခဲမှုဝေဒနါကလည်း သိသိသာသာကိုနည်းသွားပါတယ်။ ရာသီလာတဲ့ရက်လည်း လေ့ကျင့်ဖြစ်ပါတယ် အချို့ position မျိုးကလွဲရင်ပေါ့ ။ ပိုတောင်နေလို့ကောင်းပါတယ် ။ နာကျင်မှုဝေဒနါမရှိသလောက်ကိုဖြစ်တာပါ။
3️⃣ကိုယ်ခံအားကောင်းပြီး ရောဂါပိုးများဝင်မလွယ်ခြင်း
ဆရာမ နေ့စဥ် နှာစေးချောင်းဆိုးဖျားနာလူနာများစွာကို ကြည့်ပေးနေရပါတယ်။ ထူးဆန်းစွာ အရင်နှစ်တွေ Covid 2 ခါလောက်ဖြစ် ချောင်းတွေဆိုးတာဖြစ်ပေမယ့် ဒီနှစ်ထဲ ဘာ virus မှမမိပါဘူး တုပ်ကွေးကာကွယ်ဆေးတော့ထိုးထားတာပေါ့လေ။ ဆေးခန်းကဝန်ထမ်းတွေရော သတို့သားလောင်းရော နှာစေးချောင်းဆိုးတွေဖြစ်ကြပေမယ့် ကိုယ်ကလုံးဝကိုမကူးခံရပါဘူး တစ်နှစ်ပတ်လုံး ။ ဘာအားဆေးမှလည်းမသောက်တာပါ ရံဖန်ရံခါ VitaminC တော့သောက်ပါတယ်။ Yoga practice လုပ်ခြင်းကြောင့် ပို၍အပင်ပန်းခံနိုင်လာခြင်း နဲ့ ကိုယ်ခံအားကောင်းစေလို့ ရောဂါပိုးတော်ရုံမဝင်လွယ်တာလည်း ဆက်စပ်မှုရှိမယ်လို့ယူဆလို့ပါ။
4️⃣ခန္ဓာကိုယ် ပိုမိုလှပစေခြင်း
ဒီအကျိုးကျေးဇူးကရဖို့ အတော်လေးကြာပါတယ်။ Yoga အပြင် Pilates အတန်း ၂တန်း ပါ တွဲလေ့ကျငိ့ဖြစ်မှပဲ သိသာပါတယ်။ ဆရာမအရင်က လက်ပျဥ်ကုံးပါတယ် ခုလည်းကုံးတော့ကုံးနေစဲပါ 😁 ။ Yoga ဆော့တာ 1နှစ်ကျော်ကြာမှပဲ အနည်းငယ်ခါးလေးမတ်လာပါတယ်။ အထိုင်များတော့ လူပိန်ပေမယ့် ဗိုက်ပူခါးတုတ်ပါတယ်။ Yoga Land မှာပဲ Pilates တန်း ၂ခါတပ်ပြီးနောက် ခါး size လည်း လက်မဝက်လောက်ကျသွားတယ်။ ဗိုက်ကတော့ အရင်လောက်မပူတော့ဘူးပေါ့ ပူတာတော့ပူဆဲပါပဲ စားတာကိုး 😁။ လက်မောင်းလေးကျစ်လာတာ၊ ပါးဖောင်းဖောင်းပြည့်ပြည့်လေးကနေ မေးရိုးလေးလည်း ပိုသွယ်လာတယ်။ ခန္ဓာကိုယ် ကျစ်ကျစ်လေးဖြစ်သွားစေတယ်။
ဒါကတော့ ဆရာမ Practice လုပ်ရင်း ရလာတဲ့သတိထားမိတဲ့အကျိုးကျေးဇူးတွေပါ။
စာဖတ်ပရိသတ်တွေထဲမှာရော Yoga practice လုပ်နေကြသူတွေရှိကြရင် ဘယ်လိုအကျိုးကျေးဇူးတွေရလဲဆိုတာ ပြောပြသွားပေးကြပါဦးနော် 😊
❤ နေ့စဥ်ဘဝမှာ အားကစားတစ်ခုလုပ်ခြင်းဖြင့် ကျန်းမာလှပ ယုံကြည်မှုရှိတဲ့ခန္ဓာကိုယ်နဲ့ နေ့စဥ်ဘဝကိုအောင်မြင်စွာဖြတ်သန်းပါ။
~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသမီး ကျန်းမာရေး ဆောင်းပါးများ video များကို ရေးသားဖန်တီးသွားမှာ ဖြစ်လို့ ကျန်းမာရေး ဗဟုသုတ တိုးပွားချင်ပါက Dr. Mon Myat Htun GP Page လေးကို Like and Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် 😉 👍🤗
အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။
ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Website
Address
Yangon
Min Dhama Road
Yangon, 11061
အိပ်ယာပေါ်မှာ ဘုရင်တစ်ပါးဖြစ်စေဖို့ MaxMan ကို သုံးကျစို့
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091
BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ
Yangon
A kind of knowledge sharing right now. It will do to continue to develop.