Family Foot SPA

The Best Massage In Yangon

13/05/2024

#ကိုယ့်လမ်းကိုယ်လျှောက်ပါ…?
***********************

တချို့က မင်းကို အကြံသမားလို့ မြင်နေချိန်မှာ
တချို့ကတော့ အမြှော်အမြင်ရှိတယ်လို့
သုံးသပ်ပါကြလိမ့်မယ်....

တချို့က မင်းကို ပျော့ညံ့တဲ့သူလို့
အထင်သေးနေချိန်မှာ
တချို့ကတော့ စိတ်ထားနူးညံ့သူလို့
ပြောကြပါလိမ့်မယ်....

တချို့က မင်းကို ရက်စက်တတ်သူလို့
စွတ်စွဲနေချိန်မှာ
တချို့ကတော့ ပြတ်သားတတ်သူလို့
မြင်နေကြပါလိမ့်မယ်....

တချို့က မင်းကို လောဘကြီးသူလို့
အတင်းပြောနေချိန်မှာ
တချို့ကတော့ မင်းရဲ့လုံ့လစိုက်ထုပ်မှုကို
အသိအမှတ်ပြုကြပါလိမ့်မယ်....

တချို့က မင်းရဲ့ကြိုးစားအားထုပ်မှုကို
အရူးတစ်ယောက်လို့ ကဲ့ရဲ့နေချိန်မှာ
တချို့ကတော့ မင်းရဲ့ဇွဲသတ္တိကို
လေးစားနေပါလိမ့်မယ်....

လောကကြီးမှာ ဒီလိုပါပဲ
အကောင်းမြင်တဲ့သူ ရှိသလို
အဆိုးမြင်ဝါဒီတွေလဲ ရှိတယ်....
ကိုယ်တိုင်ကတော့ မှန်အောင်မနေနိုင်ပဲနဲ့
တဖက်သားကို ဝေဖန်အပုတ်ချတတ်သူတွေရှိတယ်...
တခြားသူတွေ ဘယ်လိုမြင်မြင်
အမြင်တိုင်းဟာ အမှန်မဟုတ်နိုင်ဘူး....
တခြားသူတွေ ဘယ်လိုထင်ထင်
အထင်တိုင်းဟာ အမှန်မဟုတ်နိုင်ဘူး....
ကိုယ့်အတွက်အမှန်တရားကို ကိုယ်တိုင်ပြဌာန်းပြီး
ကိုယ့်လမ်းကို မှန်မှန်လျှောက်တာဟာ
အမှန်ဆုံးပဲ သူငယ်ချင်း.....

မူရင်းရေးသူ
ဗဟုသုတစာပေလေးများဖတ်ရှုလိုပါက
အောက်ကစာအပြာလေးနှိပ်ပါ
👇👇👇👇👇👇👇👇👇
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်…"

30/04/2024
30/04/2024
30/04/2024

ဝိတ်မြန်မြန်ကျဖို့ ဆောင်ရန် အချက်များ...

1.အိပ်ယာနိုးနိုးခြင်း ရေတစ်ခွက်သောက်ပါ။
2.အာဟာရရှိတဲ့ မနက်စာစားပေးပါ ။
3.နေ့တိုင်း ခြေလှမ်း ၅၀၀၀
အထက်လမ်းလျှောက်ပါ။ (သို့)
4.တစ်နေ့ နာရီဝက် လေ့ကျင့်ခန်းလုပ်ပေးပါ။

5.တစ်နေ့ ရေ၃လီတာ ပုံမှန်သောက်ပေးပါ။

6.အသီးအရွက်နဲ့ အဆာခံတဲ့အစားအစာစားပေးပါ ။
7.အစားစားတဲ့အခါ တခါထဲဗိုက်ဝအောင် စားခြင်းထက် ခဏခဏ အနည်းငယ်စီ စားပေးပါ။
8.ညနေစာကို ထမင်းထက် အသီးအရွက်စား ပေးပါ။
9.ညနေစာကို တတ်နိုင်သမျှစောစားပေးပါ။
10.ဝမ်းမှန်အောင်အထူးဂရုစိုက်ပါ။
11.စိတ်ဖိစီးမှုနည်းအောင်နေပါ ။
12.အစားအချိန်မှန်စားပေးပါ။
ကျန်းမာလှပသော နေ့ရက်များပိုင်ဆိုင်နိုင်ပါစေရှင့်


#ဝိတ်ချနည်း

Photos from Family Foot SPA's post 24/04/2024

Family.Foot.SPA.Page.မှ🙏
Family.Foot.Page.အသစ်လေးပြောင်းလဲဖွင့်ထားပါသဖြင့်.🙏ကေျးဇူးပြုပြီး.Like.&.share..လေးနဲ့အားဖြည့်ပေးကြပါလို့.Family. ရဲ့ထမင်းရှင်🙏🙏မိတ်ဟောင်း🙏မိတ်သစ် 🙏များအားတောင်းဆိုပါတယ်ရှင့်🙏

07/03/2024

"ထုံးစံ"

အလုပ်မလုပ်ချင်တဲ့ လူတွေကြားမှာ
အလုပ်ကိုတာဝန်ကျေချင်သူက
အမုန်းခံရတာ ထုံးစံ။

မဟုတ် မမှန် အမုန်းစကားပြောတတ်တဲ့
လူတွေကြားမှာ
မှန်ရာကိုပဲပြောတတ်သူက
အမုန်းခံရတာ ထုံးစံ။

အပျော်အပျက် မက်မော ခုံမင်တဲ့ လူတွေကြားမှာ
ထိန်းထိန်းသိမ်းသိမ်း ပျော်တတ်သူက
အမုန်းခံရတာ ထုံးစံ။

စည်းလွတ် ဝါးလွတ်နေတတ်တဲ့ လူတွေကြားမှာ
ကျင့်ဝတ်စောင့်ထိန်းတတ်သူက
အမုန်းခံရတာ ထုံးစံ။

ဘယ်သူပျက်ပျက်
ဘယ်လိုမုန်းမုန်း
လူမုန်းများမှာ ကြောက်တဲ့ စိတ်နဲ့
ကိုယ့်သိက္ခာနဲ့ကိုယ်ကျင့်တရားကို မဖျက်စီးလိုက်နဲ့ ။

မနောသီရိ
အတွေးနဲ့အမြင်စာစုလေးများ
🌸❤

29/02/2024

အဆင့်အတန်းဆိုတာ

28/02/2024

နေတတ်ရမယ်

အခက်အခဲတွေရှိမယ်။
အဆင်မပြေတာတွေရှိမယ်။
ထိခိုက်နာကျင်နေတာတွေရှိမယ်။
ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။
စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။
အင်း ဒါပေမယ့် မင်း နေတတ်ရမယ်။
နေတတ်အောင်နေပါ။

ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့
မင်းထိပ်တိုက်တိုးတဲ့အခါ
မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။
တစ်က မင်းစိတ်ပျက်ညည်းညူနေမှာလား။
နှစ်က အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။
မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း
ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ
မူတည်တယ်ဆိုတာကိုပါပဲ ။

တခြားအရာတွေထက်
မင်းကိုယ်မင်း ဦးစားပေးရမယ်။
ကျန်းမာရေးဂရုစိုက်ရမယ်။
နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။
သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။

မင်းကိုယ်မင်း ပိုချစ်ရမယ်။
မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။
အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ
ထည့်မသိမ်းထားသင့်တော့ဘူး။
မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်
မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။

မင်းကိုယ်မင်း တန်ဖိုးထားရမယ်။
မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။
ရည်မှန်းချက်တွေ ရှိနေရမယ်။
လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့
ရိုက်ခတ်မှုတွေကြား မင်းအရှုံးမပေးသွားရဘူး။

မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။
မင်းကိုယ်မင်း လေးစားတတ်ရမယ်။
မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင် ဖန်တီးနိုင်ရမယ်။
အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ
မဖြစ်သင့်တာတွေ၊ဖြစ်ချင်တာတွေ၊မဖြစ်ချင်တာတွေကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။

မင်းကိုယ်မင်း သန်မာနေစေရမယ်။
အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ်
အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။
မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက်
အသနားခံမနေသင့်တော့ဘူး။
မင်းအတွက်မင်း ရှိနေရမယ်။

မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။
စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။
မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။

မင်းကိုယ်မင်း ချစ်တတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။
မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။

မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့
မင်း စိတ်ပျော်ရွှင်မှုတွေ ဆုပ်ကိုင်ထားနိုင်ဖို့
ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါစေ။
ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။
နေတတ်အောင်လည်းကြိုးစားပါ။

31/01/2024
31/01/2024

ဘယ်တော့မှ မလုပ်ပါနဲ့
*******************

၁။ သူတစ်ပါး ဝမ်းနည်းမှ
ကိုယ်ပျော်ရွှင်ရမယ့် အလုပ်ကို
ဘယ်တော့မှ မလုပ်ပါနဲ့။

၂။ သူတစ်ပါး ငိုမှ
ကိုယ်ရယ်ရမယ့် အလုပ်ကို
ဘယ်တော့မှ မလုပ်ပါနဲ့။

၃။ သူတစ်ပါး ကျရှုံးမှ
ကိုယ်အောင်မြင်ရမယ့် အလုပ်ကို
ဘယ်တော့မှ မလုပ်ပါနဲ့။

၄။ သူတစ်ပါးကို ချနင်းပြီးမှ
ကိုယ်အထက်ရောက်မယ့် အလုပ်ကို
ဘယ်တော့မှ မလုပ်ပါနဲ့။

၅။ သူတစ်ပါး ပျက်စီးမှ
ကိုယ်ကောင်းစားမယ့် အလုပ်ကို
ဘယ်တော့မှ မလုပ်ပါနဲ့။

၆။ သူတစ်ပါး စိတ်ဆင်းရဲပြီးမှ
ကိုယ်အဆင်ပြေမယ့် အလုပ်ကို
ဘယ်တော့မှ မလုပ်ပါနဲ့။

၇။ ကိုယ့်အပြစ်တွေကို
သူတစ်ပါးအား ပုံချတာမျိုးကို
ဘယ်တော့မှ မလုပ်ပါနဲ့။

၈။ သူတစ်ပါးရဲ့ အားနည်းချက်ကို
ထောက်ပြပြီး
အနိုင်ယူတတ်တဲ့ အလုပ်မျိုး
ဘယ်တော့မှ မလုပ်ပါနဲ့။

၉။ သူတစ်ပါးရဲ့ အခက်အခဲကို
အခွင့်ကောင်းယူပြီး
အနိုင်ယူတတ်တဲ့ အလုပ်မျိုး
ဘယ်တော့မှ မလုပ်ပါနဲ့။

၁၀။ သူတစ်ပါးရဲ့ အောင်မြင်မှုကို
ပိတ်ပင်တဲ့ အလုပ်ကို
ဘယ်တော့မှ မလုပ်ပါနဲ့။

သူတစ်ပါး
ပျက်စီး ဝမ်းနည်းပြီး
ပေးဆပ်လိုက်မှ
ကိုယ် အောင်မြင် ပျော်ရွှင်
အဆင်ပြေသွားရတယ် ဆိုကတည်းက

ကိုယ့်ရဲ့ အောင်မြင်မှု
ပျော်ရွှင်မှု
အဆင်ပြေမှုတွေ အားလုံးဟာ
လိပ်ပြာမသန့်တဲ့
အမဲရောင် ရလဒ်တွေပါ။

Credit
ထိန်လင်း

31/01/2024
Photos from Ma Htet Hair Beauty Salon's post 30/01/2024
Photos from ဘဝရဲ့ခရီးသည် 's post 30/01/2024
Mobile uploads 30/01/2024

ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ရမယ်

တိုးတက်မှုမရှိတဲ့သူဟာ ရှင်လျက်နဲ့ သေနေသူသာ ဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ရမယ့် တာဝန် ကိုယ်စီ ရှိကြပါတယ်။ ဒါကြောင့်လည်း ပညာဆိုတာ ဘယ်တော့မှ သင်မကုန်ဘူးရယ်လို့ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အခုချိန် ပညာအရာမှာ ထူးချွန်ထက်မြက်တဲ့သူတွေ၊ တကယ်ပညာရှိသူတွေ၊ အောင်မြင်နေသူတွေကို ကြည့်လိုက်ရင် သူတို့ကိုယ်သူတို့ မြှင့်တင်တဲ့ လုပ်ငန်းစဉ်ကို ဘယ်တော့မှ မရပ်တန့်ကြပါဘူး။ စာအုပ်တွေ၊ နည်းပညာတွေ၊ လူတွေ၊ ပတ်ဝန်းကျင်တွေ စတဲ့ အမျိုးမျိုးသော အရင်းအမြစ်ကနေ သင်ယူရင်း လေ့လာရင်း သူတို့ကိုယ်သူတို့ တစ်စ တစ်စ မြှင့်တင်ပြီး တိုးတက်စေကြတာ ဖြစ်ပါတယ်။ အဲ့တော့ ဒီလောက်ရောက်ရင် တော်ပြီပေါ့ ဆိုတဲ့ စကားမျိုးကို ဘယ်တော့မှ မပြောပါနဲ့။ သင်ယူမှုဆိုတာ အဆုံးမရှိတာမို့ ကိုယ့်ရဲ့စိတ်နေစိတ်ထား၊ အမူအကျင့်၊ အပြောအဆို၊ အသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ အရာအားလုံးကို အမြဲတမ်း မြှင့်တင်နေဖို့ သတိရပါနော်။

Mobile uploads 30/01/2024

အမှားကို ဝန်ခံရဲဖို့လိုတယ်

အမှားကိုဝန်ခံဖို့ဆိုတာ တကယ့်ကို မလွယ်ကူပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အရင်တုန်းက အမှားဆို လုံးဝ ဝန်မခံချင်ဘူး။ မှားတာသိနေလည်း နောက်တစ်ခါ မမှားအောင်လုပ်မယ် မှားတာတော့ ဝန်မခံဘူး၊ မတောင်းပန်ဘူး ဒါကျွန်တော့်စိတ်ပါ။ ဒါပေမယ့် ဒါဟာ မှားယွင်းပါတယ်။ တကယ် စမတ်ကျတဲ့သူ၊ ပညာရှိတဲ့သူက သူမှားကြောင်း သိရင် သူ့အမှားကို ဝန်ခံဖို့၊ အမှားကနေ သင်ယူဖို့ ဘယ်တော့မှ ဝန်မလေးတတ်ပါဘူး။ ကိုယ်ဟာ လူကြီးပဲ ဖြစ်နေဖြစ်နေ၊ လူငယ်ပဲ ဖြစ်နေဖြစ်နေ မှားမှန်းသိရင် အမှားကို ဝန်ခံနိုင်ခြင်းက တကယ့်ပညာရှိ အပြုအမူဖြစ်ပါတယ်။ ပြီးတော့ ဒီအမှားကနေ သင်ယူရင် ကိုယ်တိုင်လည်း အသိတိုးသလို နောက်တစ်ခါ ထပ်တူအမှားမျိုးလည်း မရှိနိုင်တော့ပါဘူး။ ဒါကြောင့် မှားတယ်ဆိုတာ ရှက်စရာတစ်ခု မဟုတ်တာမို့ ကိုယ်ဘယ်သူပဲ ဖြစ်နေနေ မှားမှန်းသိရင် အမှားကို ဝန်ခံရဲဖို့နဲ့ အမှားကနေ သင်ယူတတ်တဲ့ အကျင့်လေး ရှိထားဖို့ ကြိုးစားပါနော်။

Mobile uploads 30/01/2024

ယဉ်ကျေးမှုကိုနားလည်ပါ

ယဉ်ကျေးမှုဆိုသော အရာက အပြောလွယ်သလောက် အတော်နားလည်ရခက်ပါတယ်။ တစ်ခါတစ်လေ ကျတော့လည်း ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘဲ ယဉ်ကျေးမှု မဲ့စေတဲ့ အပြုအမူမျိုး ပြုမူလိုက်မိတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ မသိလို့ လုပ်မိတာက ဆင်ခြင်နိုင်တာမို့ အပြစ်မတင်ပေမယ့် သိသိရက်နဲ့ ကျူးလွန်တာကတော့ အတော်လေးကို ယဉ်ကျေးမှုမရှိရာ ကျပါတယ်။ ဥပမာ ကွမ်းတံထွေး မထွေးရဆိုတဲ့ နေရာမှာ ကွမ်းတံထွေးတွေနဲ့ ပြည့်နေတာမျိုး၊ အမှိုက်မပစ်ရ ဆိုတဲ့နေရာမှာ အမှိုက်တွေ ပုံနေတာမျိုး၊ Bus ကားပေါ်လို Public နေရာမျိုးမှာ အသံအကျယ်ကြီး စကားပြောတာတွေ သီချင်းဖွင့်တာမျိုးတွေဟာ ကျွန်တော်တို့တွေ အမှုမဲ့ အမှတ်မဲ့နဲ့ ကျူးလွန်နေမိ ကြတဲ့ အရာလေးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအသေးအမွှားလေးတွေကအစ ယဉ်ကျေးမှု ဆိုသော အရာကို ကျွန်တော်တို့ နားလည်ပြီး လိုက်နာကြပါမှ ကျွန်တော်တို့ ကိုယ်တိုင်အပြင် ပတ်ဝန်းကျင်နဲ့ တိုင်းပြည်လည်း တစ်စ တစ်စ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။

Mobile uploads 30/01/2024

နှိမ့်ချစွာသင်ယူပါ

ကျွန်တော်တို့တွေမှာ “ငါ” ဆိုတဲ့မာနက အတော် ဖျောက်ရခက်ပါတယ်။ အထူးသဖြင့် မြူတစ်မှုန်စာလောက် အသိကို တစ်ကမ္ဘာထင်တတ်တဲ့ သူတွေဆိုရင် မြောက်ကြွ မြောက်ကြွနဲ့ ဘယ်သူပြောတာမှ နားမထောင် ငါပြောတာပဲ အမှန်ရယ်လို့ မှတ်ယူတတ်ကြပါတယ်။ ခေတ်တွေ ကွာခြား လာတဲ့အခါ အသိတွေလည်း ကွဲပြားလာတယ် ဒါပေမယ့် လူငယ်တွေပြောတာကို နားမထောင်ဘဲ ဒါမှဒါ ဆိုပြီး ခေါင်းမာတတ်ကြတဲ့ တစ်ချို့လူကြီးတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့တွေဟာ အမြဲတမ်း မမှန်ကန်နိုင်ပါဘူး။ ဘယ်လောက်ပဲ တော်နေတယ် ဆိုဦးတော့ တစ်ချို့သော နေရာတွေမှာ မှားယွင်းသွားနိုင်တာတွေ၊ မတော်တဆ ဖြစ်သွားနိုင်တာတွေ ရှိပါတယ်။ ဒါဟာ လူ့သဘာဝပါပဲ။ ဒါကြောင့် နှိမ့်ချစွာ သင်ယူတတ်တဲ့စိတ် ရှိဖို့ လိုပါတယ်။ ကိုယ့်ထက် ကြီးသည် ငယ်သည် တွေးမနေဘဲ သင်ယူသင့်ရင်၊ အတုယူသင့်ရင် ငယ်သူဆီကပဲဖြစ်ဖြစ် လက်ခံသင်ယူတတ်ဖို့ လိုပါတယ်။ ဒီလိုမှသာ ကိုယ်ဟာ ပိုပြီး ပညာရှိတဲ့သူ တစ်ယောက် ဖြစ်လာနိုင်မှာပါ။

Mobile uploads 30/01/2024

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့လိုတယ်

လောကမှာ ထိန်းချုပ်ဖို့ အခက်ခဲဆုံးအရာက မိမိကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုမရှိတဲ့သူက စိတ်အလိုလိုက်ပြီး ပြောဆိုတတ်တယ်၊ ပြုမူတတ်တယ်၊ စည်းကမ်းဖောက်တတ်တယ် ဥပမာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လို့ လုပ်ရမယ့်အလုပ်တွေ အချိန်ဆွဲပြီး ကမောက်ကမ ဖြစ်ရတာမျိုးတွေပေါ့။ အဲ့တော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှု နည်းပါးလေလေ ပျက်စီးဖို့ လွယ်ကူလေလေပါပဲ။ အများသူငါနဲ့ ဆက်ဆံတဲ့ နေရာမှာရော စိတ်အလို အလိုက် တုံ့ပြန်ပြောဆိုတာမျိုး မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး သတိလေးနဲ့ အခြေအနေအလိုက် ပြုမူမှသာ သင့်တော်ရာကျမှာပါ။ ဒါကြောင့် ကိုယ်ကိုယ်တိုင် အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုက မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်နော်။

30/01/2024
Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

"ထုံးစံ"အလုပ်မလုပ်ချင်တဲ့ လူတွေကြားမှာအလုပ်ကိုတာဝန်ကျေချင်သူက အမုန်းခံရတာ ထုံးစံ။ မဟုတ် မမှန် အမုန်းစကားပြောတတ်တဲ့ လူတွေ...
နေတတ်ရမယ် အခက်အခဲတွေရှိမယ်။အဆင်မပြေတာတွေရှိမယ်။ထိခိုက်နာကျင်နေတာတွေရှိမယ်။ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။စိတ်ဖိစီ...
Family Foot SPA
Family. Foot.

Telephone

Website

Address


Latha Street 20 Upper Block (No48)latha Township
Yangon

Other Yangon clinics (show all)
ZAR & ZAR Co., Ltd. ZAR & ZAR Co., Ltd.
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon

One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803

Myanmar Chemdyes Co. Ltd. Myanmar Chemdyes Co. Ltd.
122, 124, 126. Mahabandoola Garden Street
Yangon, KTDA11181

We specialize in and point-of-care (POC) diagnostics equipment and health food products.

Perfect Hair Stylist and Men Spa Perfect Hair Stylist and Men Spa
(No. 118) Ground Floor, Aung Zayya Street, Sin Min Zay Bus Stop, Near Skyway Club, KyiMyintDing Kannar Street, Alone Township
Yangon, 11121

ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

AMIRA Esthetique De LUXE AMIRA Esthetique De LUXE
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201

Luxury Aesthetic Clinic

Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

Statum Statum
Yangon

မှိုကြောင့်ဖြစ်သော အရေပြားရောဂါများအတွက် စတေတမ်

Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်