AUNG SHWE MOE clinic

ကျန်းမာခြင်းသည် လာဘ်တစ်ပါး���

Photos from Nathan's Healthcare's post 28/08/2023
24/08/2023

🔺️ရင်ပူခြင်း Heartburn ဖြစ်စေတဲ့ အကြောင်းရင်းများ

🔸️ရင်ခေါင်းမှာ ပူပူကြီး ဖြစ်နေတယ်
🔸️ရင်ခေါင်းတောင့်တယ်
🔸️ဒါတွေက ဘာလို့ ခဏခဏ ဖြစ်နေရတာပါလဲ?

✅️အဓိကကတော့ အစာအိမ်က အက်စစ် အစာခြေရည်တွေ ထွက်တာ များတဲ့အတွက် ရင်ပူတာ ခံစားရတာ ဖြစ်ပါတယ်။

🔺️ဘယ်အရာတွေက အစာအိမ် အက်စ် ထွက်တာကို များစေလဲ?

၁။ အဆီအအိမ့်များတဲ့ အစားအစာတွေ

🔸️အဆီများတဲ့ အစားအစာတွေက အစာအိမ်ကနေ အက်စစ်တွေ ပိုထွက်စေဖို့ အားပေးပါတယ်။

▪️ဆီကြော်တွေ
▪️ဝက်ဆီ အမဲဆီ
▪️ကြက်အရေခွံကြော်
▪️ထောပတ်
▪️ဘာဂါ
▪️ပီဇာ
▪️ကိတ်မုန့်
▪️ချိစ်ကိတ်
▪️ကြက်ဆီထမင်း
▪️ဒန်ပေါက်
▪️နှစ်ပြန်ကြော်
▪️ဟင်းအနှစ်တွေ စတာတွေက အစာအိမ် အက်စစ် ထွက်စေတာကြောင့် ရင်ပူတာတွေ ပိုဖြစ်စေပါတယ်။

၂။တစ်ထိုင်တည်း အစားအများကြီး စားခြင်း

🔸️အစာအိမ်က ကျုံ့နိုင် ဆန့်နိုင်တဲ့ ကြွက်သားနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

🔸️တစ်ခါတည်းနဲ့ အစားအများကြီး စားလိုက်တဲ့အခါ
အစာအိမ်ကို ဆွဲချဲ့လိုက်သလို ဖြစ်စေပါဆယ်။
ဒီ အစာအိမ်ကနေတစ်ဆင့် သူ့အပေါ်မှာရှိတဲ့ အစာရေမျိုပြွန် Sphincter ကြွက်သားကွင်း မလူံတာ ဖြစ်စေ​ပါတယ်။

🔸️ဒီ အစာအိမ်ကနေ အက်စစ်တွေ sphincter ထဲကို ပြန်တက်တာမျိုး ဖြစ်စေတဲ့အတွက်
အစားအများကြီး တစ်ဖိုင်တည်း စားလိုက်ရင် ရင်ပူတာ ရင်ခေါင်းတောင့်တာ ခံစားရခြင်း ဖြစ်ပါတယ်။

၃။▪️ ပူလွန်း စပ်လွန်းတဲ့ အစားအစာတွေ ဥပမာ ▪️မာလာရှမ်းကော၊ အသုပ်စုံတွေ
▪️အရက် ဘီယာ ဝိုင်
▪️ကဖင်း ပါတဲ့ အစားအစာတွေ ဥပမာ ကော်ဖီ၊ လက်ဖက်ရည်၊ energy drinks တွေ
▪️လက်ဖက်သုပ်၊ ဂျင်းသုပ်
▪️ချဥ်လွန်းတဲ့ အစားအသောက်တွေ ဥပမာ ရှောက်သီးသုပ်၊ သံပုရာရည်
▪️ဂက်စ်ပါတဲ့ အချိုရည်တွေ
စတာတွေကလည်း အစာအိမ်အက်စစ် ပိုထွက်စေ
ပါတယ်။

၄။ အစားစားပြီး ချက်ချင်း လှဲအိပ်ခြင်း
အိပ်ရာဝင်ခါနီး အစားအများကြီး စားခြင်း

🔸️အစားစားပြီးရင် အစာအိမ်ကနေ အစာခြေဖို့၊ အစာအိမ်ကနေတစ်ဆင့် အူထဲကို အစာတွေ ရောက်ဖို့အတွက် အချိန် အနည်းဆုံး ၃ နာရီ ပေးဖို့ လိုပါတယ်။

🔸️ဒါမှ အစာကောင်းကောင်း ကြေမှာပါ။

🔸️ဒီလိုမဟုတ်ဘဲ အစားစားပြီးတာနဲ့ ချက်ချင်း ဒါမှမဟုတ် အချိန်ကပ်ကပ်လေး အိပ်ရာဝင်တာ
လှဲအိပ်လိုက်တာမျိုးတွေလုပ်မိရင် အစာအိမ်ရဲ့ အစာခြေတဲ့လုပ်ငန်းစဥ်အတွက် အချိန်သေချာမရှိ ဖြစ်စေပါတယ်။

🔸️အစာခြေနေတဲ့အချိန် အက်စစ်ထွက်နေချိန် လှဲအိပ်လိုက်တဲ့အတွက် ဒီအက်စစ်တွေက အစာရေမျိုပြွန်ထဲ ပြန်တက်ပြီး ရင်ပူစေပါတယ်။

၅။ Workout လုပ်ချိန်နဲ့ အစားစားချိန် ကပ်လွန်းခြင်း

🔸️လေ့ကျင့်ခန်းမလုပ်ခင် အစားတော့ စားထားရပါမယ်။
ဒါမှ လေ့ကျင့်ခန်းလုပ်ရင် သေချာ လုပ်နိုင်မှာပါ။

🔸️ဒါပေမယ့် အနည်းဆုံး ၂ နာရီ ခြားရပါမယ်။

🔸️လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က ကြွက်သားတွေ အလုပ်လုပ်ရပါတယ်။

🔸️ဒီထဲမှာ ဝမ်းဗိုက်ကြွက်သားလည်း ပါပါတယ်။

Workout လုပ်တဲ့အခါ လေ့ကျင့်ခန်း တော်တော်များများက
ဥပမာ
- Belly ရိုက်တာ
-Squat ထိုင်တာ
-Leg Flesion, extension
စတာတွေက ဗိုက်ကြွက်သားကို အားစိုက်ညှစ်ရတာမျိုး ဖြစ်တာကြောင့် အစားစားချိန်နဲ့ ကပ်သွားရင် စားထားတဲ့ အစားတွေက အပေါ်ကို ပြန်ကန်တက်လာတာကြောင့်

ရင်ပူတာ
စားချဥ့်ပြန်တာ
ပျို့တာ အန်တာတွေ ဖြစ်စေနိုင်​ပါတယ်။

ဒါကြောင့် ဗိုက်ပြည့်နေတဲ့အချိန် လေ့ကျင့်ခန်း လုပ်တာမျိုး ရှောင်ပါ။

၆။ တချို့သော ဆေးတွေ
▪️ပိုးသတ်ဆေး
▪️အကိုက်အခဲပျောက်ဆေး
▪️အရိုးပွခြင်းအတွက် သောက်ရတဲ့ ဆေးတွေ စတာ တွေကလည်း ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။

✅️အစားကို တစ်ဖိုင်တည်း တစ်ဝကြီး မစားပါနဲ့။
ခဏခဏ နည်းနည်းစီ စားပေးပါ။

✅️အပူ အစပ်တွေ ချဥ်လွန်းတာတွေ
အရက် ဘီယာ ဝိုင်
ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ လက်ဖက်
စတာတွေ လျှော့စားပါ။

✅️အစားစားချိန်နဲ့ အိပ်ချိန်ကို အနည်းဆုံး ၃ နာရီ ခြားပါ။

✅️Workout မလုပ်ခင် အနည်းဆုံး ၂ နာရီ ခြားပြီး အစားစားပါ။

✅️မလိုအပ်ပဲ ပိုးသတ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ မသောက်ပါနဲ့။

✅️စိတ်ဖိစီးမှုကလည်း အစ အိမ်အက်စစ်ထွက်စေတာကြောင့် Stress လျှော့ပါ။

ကျန်းမာပျော်ရွှင်ကြပါစေ။
DR. Christine: Nutrition Diary

#ရင်ပူခြင်း

11/08/2023

အစားလျှော့ အဆီ လျှော့စားတယ်။
လေ့ကျင့်ခန်းလည်းလုပ်တယ်။
သွေးတွင်းအဆီကျအောင် ဆေးလည်း ပုံမှန်သောက်နေပေမယ့်

သွေးတွင်းအဆီက မကျဘူး။

ဘာဖြစ်လို့ပါလဲ??❓️❓️

Familial Hypercholesterolaemia လို့ ခေါ်တဲ့
အခြေအနေမျိုးမှာ အပေါ်မှာ ပြောခဲ့သလို ဖြစ်တတ်ပါတယ်။

🔸️Familial Hypercholesterolaemia ဆိုတာ ဘာလဲ?

ပုံမှန်ဆိုရင် ခန္ဓာကိုယ်မှာ သွေးတွင်းအဆီတွေကို ချေဖျက်တဲ့ လုပ်ငန်းစဥ် ရှိပါတယ်။

တချို့သူတွေမှာ ဒီလုပ်ငန်းစဥ်မှာ ပါဝင်တဲ့ Gene ချို့တဲ့နေတဲ့အတွက် သွေးထဲကအဆီတွေကို ပုံမှန်သူတွေမှာလို မချေဖျက်နိုင် သွေးထဲကနေ မဖယ်ရှားနိုင်ပါဘူး။

ဒါက Genetics အရ မျိုးရိုးလိုက်ပြီးဖြစ်တဲ့
သွေးတွင်းအဆီ ကိုလက်စထရော များတာပါ။

ကမ္ဘာပေါ်မှာရှိတဲ့ လူ အယောက်၂၅၀ မှာ ၁ ယောက်ဟာ ဒီ Familial hypercholesterolaemia ရှိပါတယ်။

Familial hypercholesterolaemia ရှိသူတွေမှာ
မိဘတွေ မောင်နှမတွေမှာပါ အသက်ငယ်ငယ်နဲ့
ကိုလက်စထရော များနေတဲ့ History ရှိတတ်ပါတယ်။

မွေးတည်းက ဒီ Gene defect ဖြစ်နေပေမယ့် တော်တော်များများမှာ အရွယ်ရောက်တဲ့အထိ လက္ခဏာ မပြတတ်ပါဘူး။

လက္ခဏာ မပြပေမယ့်လည်း သွေးတွင်းမှာ ကိုလက်စထရောက များနေတဲ့အတွက် သွေးကြောထဲမှာ သွားပုံနေပြီး သွေးကြောနံရံတွေ ထူလာ မာလာပါတယ်။

ကြာလာတဲ့အခါ နှလုံးသွေးကြောကျဥ်းတာ ပိတ်တာ
တွေ ဖြစ်လာနိုင်ပါတယ်။

Familial Hypercholesterolaemia ရှိတဲ့သူတွေမှာ ပုံမှန်လူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ အဆ ၂၀ ပိုများပါတယ်။

သွေးထဲမှာ အဆီများတာအပြင် ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာ ကိုလက်စထရောတွေ သွားပြီး စုနေတာမျိုး ဖြစ်တတ်ပါတယ်။

လက္ခဏာတွေက
-လက်
-တံတောင်ဆစ်
-ဒူးခေါင်း
-မျက်လုံးနားတစ်ဝိုက်မှာရှိတဲ့ အရေပြား နေရာတွေမှာ ကိုလက်စထရောတွေ စုပုံလာတဲ့အတွက် အဝါရောင်ဖုလေးတွေ ပေါ်လာတာ

-လက် ခြေထောက်မှာ ရှိတဲ့ အကြော အရွတ်တွေမှာ အဆီတွေ သွားစုရင် အရွတ်တွေ ထူလာတာ

-မျက်လုံးထဲမှာ မျက်ဆံအနက်ဘေးမှာ
အဖြူရောင် မီးခိုးရောင် အဝိုင်းကွင်းလေးတွေ ပေါ်လာတာမျိုး တွေ့ရတတ်ပါတယ်။

🔸️ကိုလက်စထရောက မကျတော့ဘူးလား?

✅️ပုံမှန်သူတွေထက် ကိုလက်စထရော ချရခက်ပေမယ့်
ကုလို့ မရတာတော့ မဟုတ်ပါဘူး

✅️ကိုလက်စထရော လျှော့ဖို့ သောက်တဲ့ဆေးတွေက
တစ်မျိုးထက် ပိုပြီး လိုနိုင်ပါတယ်။

✔️အသည်းကနေ ကိုလက်စထရော ထုတ်တာကို တားတဲ့ ဆေးတွေ

✔️စားတဲ့ အစားအစာထဲမှာ ပါတဲ့ ကိုလက်စထရောကို အူကနေ စုပ်ယူမှုကို လျှော့ချတဲ့ဆေးတွေ စသဖြင့် ဆရာဝန် ညွှန်ကြားချက်အတိုင်း သေချာ သောက်ရပါမယ်။

✅️အစားကို သေချာဂရုစိုက်စားရပါမယ်။

▪ ပြည့်ဝဆီတွေ လျှော့စားပါ။

▪ပြောင်းလဲဆီ (Trans fat) တွေ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။

✅️▪Omega-3 fatty acids

အိုမီဂါ သရီး ကြွယ်ဝတဲ့ အစားအစာတွေ စားပါ။

✅️▪Soluble fiber အမျှင်ဓာတ် စားပေးပါ။

✅️▪ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ ကောင်းတဲ့ ကိုလက်စထရော (HDL) ကို မြှင့်တင်ပေးနိုင်ပါတယ်။

-Water aerobics
-လမ်းမြန်မြန်လျှောက်ခြင်း
-ပြေးခြင်း
-ကြိုးခုန်ခြင်း စတာတွေကို တစ်ပတ်မှာ အနည်းဆုံး ၅ ကြိမ် လုပ်ပေးပါ။

- ဒီလို လုပ်ပေးခြင်းဖြင့် ကိုယ်အလေးချိန်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

✅️▪ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

ဆေးလိပ်မှာပါတဲ့ Acrolein လို့ခေါ်တဲ့ Chemical တစ်မျိုးက ကိုလက်စထရောကို အသည်းဆီ သယ်ပြီး ချေဖျက်တဲ့ ဖြစ်စဥ်ကို ဟန့်တားတဲ့အတွက်
သွေးတွင်းကိုလက်စထရောများစေပါတယ်။

✔️ဆေးလိပ်ဖြတ်ခြင်းအားဖြင့် HDL ကို ကောင်းစေတဲ့အပြင် အခြားသော ကောင်းကျိုးတွေများစွာ ရနိုင်ပါတယ်။

-သွေးပေါင် နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေနိုင်ခြင်း
-ဆေးလိပ်ဖြတ်ပြီး ၃လ အတွင်း သွေးလည်ပတ်မှုနဲ့ အဆုတ် လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေနိုင်ခြင်း
-ဆေးလိပ်ဖြတ်ပြီး ၁ နှစ်အတွင်းမှာ နှလုံးရောဂါ ဖြစ်ပွားနိုင်ချေဟာ ဆေးလိပ်သောက်သူတွေနဲ့ ယှဉ်ရင် တစ်ဝက်ခန့် လျော့ကျခြင်း စတဲ့ အကျိုးတွေ ခံစားရနိုင်ပါတယ်။

✅️တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှား နေပါ။

-လမ်းလျှောက်သွားလို့ရတဲ့ ခရီးကို ကားစီးမယ့်အစား လမ်းလျှောက်ပေးပါ။
-အလုပ်သွားတဲ့အခါ ကားကို ခပ်လှမ်းလှမ်းမှာ ရပ်ပြီး လမ်းလျှောက်ပါ။
-ဓာတ်လှေကား စီးမယ့်အစား ရိုးရိုးလှေကား သုံးပြီး အတက်အဆင်းလုပ်ပေးပါ။
-အလုပ်အားချိန် Break ရတဲ့အချိန်တွေမှာ လမ်းလျှောက်ပေးပါ။
-ထိုင်တဲ့ အချိန်ထက် မတ်တပ်ရပ်တဲ့အချိန် ပိုများအောင် လုပ်ပေးပါ။
အိမ်မှာ ဟင်းချက်ခြင်း အိမ် ခြံ သန့်ရှင်းရေးလုပ်ခြင်း
ကြိုက်နှစ်သက်တဲ့ အားကစား တစ်ခု နေ့စဉ် လုပ်ခြင်း စတာတွေလည်း လုပ်ပေးနိုင်ပါတယ်။

✅️သက်ဆိုင်ရာ ဆရာဝန်က ညွှန်ကြားတဲ့အတိုင်း ဆေးဝါးတွေ သောက်ပေးပြီး အထက်ပါ lifestyle changes တွေနဲ့ တွဲပြီး လုပ်ပေးမယ်ဆိုရင် အကျိုးများစေမှာပါ။

ကျန်းမာပျော်ရွှင်ကြပါစေ
DR.Christine : Nutrition Diary

26/06/2023

https://m.facebook.com/story.php?story_fbid=669425868537411&id=100064100107930&sfnsn=mo&mibextid=RUbZ1f

အိပ်ဟောက်ရှူပိတ်ရောဂါနှင့် အရက်၊ အိပ်ဆေးတို့၏ ဆိုးကျိုးများ 📌

အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) ရှိတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ နေထိုင်မှု ဘဝပုံစံကို ကောင်းမွန်တဲ့အလေ့အကျင့်တွေဖြစ်အောင် ဂရုစိုက်ခြင်းက ရောဂါအခြေအနေ ပိုဆိုးမလာအောင် ထိန်းသိမ်းရာရောက်တဲ့အပြင် အခြားသောကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ ရရှိစေနိုင်ပါတယ်✅

🙅 အခုလိုစိတ်ဖိစီးမှုများလာတဲ့ကာလ မှာ ကျနော်တို့ကိုယ်တိုင်သတိမထားမိဘဲ ကျန်းမာရေးကိုထိခိုက်စေတဲ့ အပြုအမူအချို့ကို ပြုလုပ်မိတတ်ကြပါတယ်။ စိတ်ထွက်ပေါက်အနေနဲ့ အရက်၊ ဆေးလိပ်သောက်တာ၊ ညဘက်တွေအိပ်မပျော်လို့ အိပ်ဆေးသောက်ရတာမျိုးတွေက စိတ်ဖိစီးမှု ကို မပြေပျောက်စေတဲ့အပြင် ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်လာနိုင်စေပါတယ်။

အထူးသဖြင့် အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) ရှိသူတွေအ​နေနဲ့ အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းတွေကို မရှောင်ကြဥ်ဘူးဆိုရင် ကုသမှုတွေက ထိရောက်မှုရှိမှာမဟုတ်တဲ့အပြင် ရောဂါအခြေအနေကို ပိုပြီးဆိုးလာစေနိုင်ပါတယ်⚠️🍺💊

🚨 အရက်၊ အိပ်ဆေးသောက်ခြင်းက လျှာနှင့် လည်ပင်းမှာရှိတဲ့ ကြွက်သားတွေ ကို ပြေလျော့စေတာကြောင့် အသက်ရှူလမ်းကြောင်းပိတ်တတ်ပါတယ်။ OSA ရောဂါအခံရှိသူတွေဟာ အစကတည်းက အသက်ရှူလမ်း​ကြောင်းပိတ်နေတာကြောင့် အရက်၊ အိပ်ဆေးများသောက်ခြင်းက ရောဂါ ကို ပိုဆိုးစေပါတယ်‼️ ဒါ့အပြင် အသက်ရှူနှုန်း ကို လည်း နှေးသွားစေတာကြောင့် အသက်ရှူမဝတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။

🍺 အရက်သောက်လိုက်ရင် စိတ်ကမှိုင်းသွားပြီး အိပ်ပျော်တာမြန်တယ်ဆိုပေမယ့် ကျနော်တို့ရဲ့ ပုံမှန် အိပ်ချိန်စက်ဝန်း ကို ကမောက်ကမ ဖြစ်စေပါတယ်။ ကောင်းမွန်တဲ့အိပ်စက်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်တာမျိုးမဟုတ်ဘဲ တစ်ညလုံး မကြာခဏ နိုးနေတတ်ပါတယ်။ ဒီလို မကြာမကြာနိုးနေခြင်းက ပုံမှန် အသက်ရှူတဲ့ပုံစံ ကို အနှောင့်အယှက်ဖြစ်စေပြီး OSA ရောဂါကို ပိုဆိုးစေတတ်ပါတယ် ❎❎

🆘 အိပ်ဆေးနှင့် အရက်က အသက်ရှူလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းမှုတွေ ကို ဖြစ်စေတာကြောင့် အသက်ရှူမဝဖြစ်တာ၊ အဆုတ်ထဲကို လေကောင်းကောင်းမရောက်တာတွေ ဖြစ်ပြီး OSA ရောဂါကို ပိုဆိုးစေနိုင်ပါတယ် ‼️‼️

ဒါကြောင့် OSA ရောဂါရှိသူတွေအနေနဲ့ ထိရောက်တဲ့ ကုသမှု ရရှိစေရန်နှင့် အသက်အန္တရာယ် ထိခိုက်မှု မရှိစေရန် အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းတွေ ကို လုံးဝ ရှောင်ကြဥ်ဖို့လိုအပ်ကြောင်း တိုက်တွန်းချင်ပါတယ်💜

AURA Healthcare (Yangon)
☎️ 09-78-333-1310
🏢အမှတ်157 (မြေညီ)၊ လသာလမ်း (အထက်)၊ လသာမြိုနယ်၊ ရန်ကုန်။

AURA Healthcare (Mandalay)
☎️09-78-555-1310
🏢၈၁လမ်း၊ ၂၂လမ်း နှင့် ၂၃ လမ်းကြား၊ အောင်မြေသာစံမြိုနယ်၊ မန္တလေး။

AURA Healthcare (Nay Pyi Daw)
☎️09-8881-894-57, 09-4485-421-64, 09-4313-92-00
🏢 အမှတ် ၄၄၁၅၊ ပေါင်းလောင်း ၂ (၁၄ လမ်း)၊ ပဒုမ္မာလမ်း နှင့် ခရေလမ်းကြား။
ပညာပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းအနီး၊ နေပြည်တော်မြိုနယ်၊ ပျဉ်းမနားမြို။

AURA Healthcare(Taunggyi)
☎️ 09-201-4175, 09-504-2620
🏢 6(A)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်၊ တောင်ကြီးမြို။

18/06/2023
19/05/2023

🐓🐔🐣🐤🐥 ကြက်ဥနှင့် သူ၏အာဟာရ.....

ကြက်ဥဟာ သဘာဝအရ အာဟာရပြည့်ဝသောအစားအစာဖြစ်ပြီး ပရိုတင်းဓာတ်၊ ဗီတာမင် နှင့်သတ္တုဓာတ်များလည်းပါဝင်ပါတယ်။ ဗီတာမင် B2(riboflavin), ဗီတာမင်B12, ဗီတာမင်D, ဗီတာမင်A, ဆီလီနီယမ် သတ္တုဓာတ်(selenium), အိုင်အိုဒင်း(iodine), ဖောလစ်အက်စစ်(folate), ဗီတာမင်ဘီ အုပ်စုဝင်(biotin), ဗီတာမင် B5(panthotenic acid), ကိုလင်းဓာတ်(choline), ခန္ဓာကိုယ်တွင်းတည်ဆောက်၍မရနိုင်သော သတ္တုဓာတ်များ နှင့် ခန္ဓာကိုယ်အတွက် အနည်းငယ်မျှသာလိုအပ်သော သတ္တုဓာတ် ဥပမာ ဖော့ဖရပ်စ် (phosphorus) တို့ကြွယ်ဝစွာပါဝင်ပါတယ်။
မပြည့်ဝသောအဆီများ(Monounsaturated, polyunsaturated fat)၊ ပြည့်ဝသောအဆီ(saturated fat)၊ ကိုလတ်စရော(cholesterol)စသည့် အဆီဓာတ်များကတော့ ကြက်ဥအနှစ်တွင် ပမာဏအများဆုံးပါဝင်ပါတယ်။ ကြက်ဥအကာမှာတော့ အသားဓာတ်၊ပရိုတင်းဓာတ်(albumin) ပါဝင်ပါတယ်။

🍳🍳🍳🍳🍳

ကြက်ဥ ပုံမှန်အရွယ်အစားဟာ ကယ်လိုရီအားဖြင့် ၇၀ ခန့်သာရှိပြီး ကိုယ်အလေးချိန်လျော့ချင်သူများ၊ dietလုပ်နေသူများအတွက် အာဟာရပြည့်ဝသော အစားအစာတစ်ခုဖြစ်ပါတယ်။ ကြော်စားရင်တော့ အဆီပါဝင်မူအနည်းငယ်ပိုများတာကြောင့် ပြုတ်စားတာကတော့ ပိုသင့်တော်ပါတယ်။ အစာမစားဘဲ ဝိတ်ချခြင်းထက် အစားအစာကို ချင့်ချိန်စားသုံးပြီး ဝိတ်ချတာကပိုပြီးကောင်းမွန်၍ ကျန်းမာရေးနှင့်လည်းညီညွတ်စေပါတယ်။ ကြက်ဥကို ဗီတာမင်ကြွယ်ဝသော ဟင်းသီးဟင်းရွက်များနှင့် တွဲဖက်စားသောက်ခြင်းက ဝိတ်ချခြင်းအတွက် ပိုမိုကောင်းမွန်ပါတယ်။

🥚🥚🥚🥚🥚

ပရိုတင်းဓာတ်ကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များထဲက တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်း ဖို့အတွက်လိုအပ်ပါတယ်။ ပရိုတင်းဓာတ်က ခန္ဓာကိုယ်၌ ကြီးထွားခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများအတွက်လိုအပ်ပြီး နေ့စဉ် ပျက်စီးသွားသော ဆဲလ်များ၊ တစ်လျှူးများကို ပြန်လည်တည်ဆောက်ရာ၌အရေးပါပါတယ်။ ဒါအပြင် ကိုယ်ခန္ဓာ၏ ဇီဝကမ္မဖြစ်စဉ်များ၊ ကိုယ်ခံအားများ၊ အင်အားထုတ်လုပ်ပေးသောလုပ်ငန်းများတွင်လည်း အရေးပါပါတယ်။
ပရိုတင်းလိုအပ်မှုပမာဏက အသက်အရွယ်၊ ယောင်္ကျား/မိန်းမ၊ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။ ပျင်းမျှ လူလတ်ပိုင်းတစ်ယောက်က တစ်နေ့လျှင် ပရိုတင်း ၅၀-၆၀ ဂရမ် လိုအပ်ပါတယ်။
...............

ယျေဘုယျအားဖြင့် ပုံမှန် ဥတစ်လုံးမှာ ပရိုတင်း ၆-၇ ဂရမ် ပါဝင်ပါတယ်။
ဥအရွယ်အစားပေါ်မူတည်ပြီး အနည်းငယ်ကွာခြားမှုတော့ရှိပါတယ်။

Dr.Aung Shwe Moe

ဖုန်းနံပါတ်- 09262608409

Photo credit

Photos from AUNG SHWE MOE clinic's post 24/04/2023

Device နဲ့လည်းလုပ်လို့ရပါပြီ။

https://m.facebook.com/story.php?story_fbid=185744170631653&id=100075882131820&mibextid=Nif5oz

28/03/2023

သွေးတွင်းသကြားဓါတ် လျော့နည်းခြင်း (Hypoglycemia)

*ဆီးချိုရောဂါ ရှိသူတွေမှာ ဆီးချို မတက်အောင် ထိန်းဖို့ အရေးကြီးသလို Hypoglycemia ကိုလည်း သတိထားရပါတယ်။

🔺 ဘယ်သူတွေမှာ Hypoglycemia ဖြစ်နိုင်ခြေ များသလဲ?

*အင်ဆူလင် ထိုးနေရသူတွေ

*ဆီးချို သောက်ဆေး သောက်နေရသူတွေ

*အရင်တုန်းက Hypoglycemia ရဖူးတဲ့သူတွေ

*လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိတဲ့အခါမျိုးတွေ

*အစာစားချိန် မမှန်တာ၊ စားရမယ့် အချိန်မှာ မစားလိုက်မိတာ

*လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏထက် ပိုနည်းပြီး စားမိတာ
စတဲ့ အခြေအနေတွေမှာ Hypoglycemia ရတတ်ပါတယ်။

ဒါ့အပြင်

*အရက်သောက်တာ - အထူးသဖြင့် အစာ မပါဘဲ အရက် အများကြီး သောက်သူတွေမှာလည်း သွေးတွင်းသကြားဓါတ် လျော့နည်းတာမျိုး ဖြစ်တတ်ပါတယ်။

🔺 Hypoglycemia ဖြစ်ရင် ဘာလက္ခဏာတွေ ခံစားရသလဲ?

*ကတုန်ကယင်ဖြစ်တာ

*ခေါင်းကိုက်တာ

*ရင်တုန်တာ

*နုံးတာ

*အားနည်းတာ

*ပျို့တာ

*ဗိုက်ဆာတာ

*ချွေးထွက်တာ စတာတွေက သွေးတွင်းအချိုဓါတ် နည်းတာရဲ့ ကနဦး လက္ခဏာတွေ ဖြစ်ပါတယ်။

ပိုပြင်းထန်တဲ့ အခြေအနေမှာဆိုရင် -

*အာရုံစူးစိုက်နိုင်ခြင်း မရှိတာ

*စိတ်ရှုပ်ထွေးတာ ကနေ

*သတိလစ်တဲ့ထိ ဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိတတ်ပါတယ်။

🔺 သွေးတွင်း အချိုဓါတ် ဘယ်လောက်ဆိုရင် Hypoglycemia လို့ ခေါ်လဲ?

American Diabetes Association ရဲ့ အဆိုအရ

သွေးတွင်းအချိုဓါတ် 70 mg/dL အောက် (3.9mmol/L) အောက် ဆိုရင် Hypoglycemia လို့ ခေါ်ပါတယ်။

🔺 Hypoglycemia ရရင် ဘာလုပ်ရမလဲ?

✅ ဂလူးကို့စ် ၁၅ ဂရမ်ခန့် ပါတဲ့ အစားအစာ / အရည် တစ်ခုခုကို ချက်ချင်း စားပေးရပါမယ်။

*၁၅ ဂရမ် ကာဗိုဟိုက်ဒရိတ် ပါတဲ့ အစားအစာတွေက

✅ Glucose tablets

(များသောအားဖြင့် Glucose tablet ၁လုံးမှာ ၄ ဂရမ် ပါပါတယ်။

ဒါကြောင့် ၁၅ ဂရမ် ရဖို့ Glucose Tablets ၄လုံးကာဗိုဟိုက်ဒရိတ်လောက် စားပေးဖို့ လိုပါတယ်။)

-သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

-ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

-အချိုရည် ဒါမှမဟုတ် ဆိုဒါ ဖန်ခွက် တစ်ဝက်

-သကြားလုံး

စတာတွေထဲက တစ်မျိုးမျိုးကို ချက်ချင်းစားပေးပါ။

✅ ပြီးရင် ၁၅ မိနစ် စောင့်ပြီး သွေးတွင်းသကြားဓါတ် ပြန်တိုင်းပါ။

✅ ပြန်တိုင်းလို့ 70 mg/dL အောက်ပဲ ရှိသေးရင် နောက်ထပ် ဂလူးကို့စ် ၁၅ ဂရမ် ထပ်စားပေးပြီး ၁၅ မိနစ်ထပ်စောင့်၊ ထပ်တိုင်းရပါမယ်။

✅ ဒီအတိုင်းကို သွေးတွင်းအချိုဓါတ် 70 mg/dL ရောက်တဲ့ထိ စားလိုက်၊ ၁၅ မိနစ် စောင့်ပြီး ဆီးချို တိုင်းလိုက် လုပ်ပေးရပါမယ်။

-သွေးတွင်းသကြားဓါတ် ပုံမှန် ပြန်ဖြစ်သွားပြီဆိုရင်လည်း
✅ Complex carbohydrates ပါတဲ့ အစားအစာ - ဥပမာ - Sandwich၊ ခေါက်ဆွဲ၊ ထမင်း စတဲ့ တစ်မျိုးမျိုးကို တစ်နာရီအတွင်း ထပ်စားပေးဖို့ အရေးကြီးပါတယ်။

❗ မဟုတ်ရင် Hypoglycemia ပြန်ရနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ?

✅ အင်ဆူလင် ထိုးနေရသူတွေ၊ ဆီးချိုဆေး သောက်နေရသူတွေအနေနဲ့ ဆီးချို မှန်မှန် တိုင်းပေးပါ။

-ဖြစ်နိုင်ရင် မကြာခဏ ဆီးချို တိုင်းပေးနိုင်ရင် ပိုကောင်းပါတယ်။

-အစာမစားခင်
-အစာစားပြီး
-လေ့ကျင့်ခန်း မလုပ်ခင်
-လေ့ကျင့်ခန်း လုပ်ပြီး
-ည အိပ်ရာမဝင်ခင် စတဲ့ အချိန်တွေမှာ ဆီးချိုတိုင်းပေး
သင့်ပါတယ်။

✅ သကြား၊ သကြားလုံး၊ အချိုရည်၊ glucose tablets စတာတွေ ဆောင်ထားပါ။

✅ အစာစားချိန် မှန်မှန် စားပေးပါ။

✅ အစာ မစားမိတာမျိုး မဖြစ်အောင် ဂရုစိုက်ပေးပါ။

✅ အစာမရှိဘဲ လေ့ကျင့်ခန်း လုပ်မိတာမျိုးကလည်း Hypoglycemia ရစေနိုင်လို့ သတိထားသင့်ပါတယ်။

🔺 Severe Hypoglycemia သွေးတွင်းအချိုဓာတ် နည်းလွန်းပြီး သတိလစ်သွားခဲ့တယ်ဆိုရင်တော့ သတိလစ်နေတဲ့သူရဲ့ ပါးစပ်ထဲကို
အစာ/အရည် ဘာမှ မထည့်မိဖို့ အရေးကြီးပါတယ်။

🔺 သတိမရှိတဲ့သူအတွက် ပါးစပ်ထဲ ထည့်လိုက်တဲ့ အစာ/အရည်တွေက လေပြွန်ထဲဝင်ပြီး လေပြွန်ပိတ်တာ၊ အသက်ရှူရပ်တာ ဖြစ်စေနိုင်တဲ့အတွက် အန္တရာယ် ရှိပါတယ်။

🔺 ဒီအခြေအနေမှာ အရေးပေါ် ဆေးရုံ ဆေးခန်းကို အမြန်ဆုံး သွားသင့်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။

Dr. Aye Myat Phyo Tin
DR. Christine:Nutrition Diary

23/03/2023

နှာခေါင်းပိုက်ကနေတစ်ဆင့် အစာထည့်ခြင်း

- အစာမျိုရခက်တဲ့ လူနာတွေ
-အစာအိမ် အူလမ်းကြောင်းကနေ အစားအစာ -အာဟာရတွေကို စုပ်ယူမှု ခြေဖျက်မှု မကောင်းတဲ့သူတွေ
-လေဖြတ်ထားသူတွေ
-ပါးစပ်ကနေ ကောင်းကောင်းမစားနိုင်တဲ့အတွက် အာဟာရ မပြည့်ဝတဲ့ လူနာတွေ
စတဲ့အခြေအနေမျိုးတွေမှာ နှာခေါင်းပိုက်ကတစ်ဆင့် အစာထည့်ဖို့ လိုအပ်တတ်ပါတယ်။

🔸 လူနာတစ်ယောက်နဲ့ တစ်ယောက် အခြေအနေ၊ အာဟာရ လိုအပ်ချက် မတူနိုင်တဲ့အတွက် တခြားသူ ထည့်တဲ့အတိုင်း လိုက်ထည့်လို့ အဆင်မပြေပါဘူး။
ရောဂါအခြေအနေပေါ်လိုက်ပြီး ပေးရမယ့် အာဟာရ အမျိုးအစား၊ ပမာဏ စတာတွေ ကွာခြားပါတယ်။

⭕ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် နှာခေါင်းပိုက်ထဲ ကောင်းမယ်ထင်တာကို ထည့်တာမျိုး မလုပ်သင့်ပါဘူး။

✅ သက်ဆိုင်ရာ ဆရာဝန်၊ အာဟာရဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း သေချာလိုက်နာဖို့ အရေးကြီးပါတယ်။

🔸 များသောအားဖြင့် လူနာရှင်တွေက နှာခေါင်းပိုက်ထည့်ပြီဆိုရင်

-ကြက်စွပ်ပြုတ်
-စွပ်ပြုတ်ရည်
-ထမင်းရည်
-ဆန်ပြုတ် စတာတွေပဲ ကျွေးဖို့ အားသန်တတ်ကြပါတယ်။

🔺 အမှန်က ဒါတွေ ထည့်ရုံနဲ့ အာဟာရပြည့်ဖို့ လိုအပ်တဲ့
-ကစီဓာတ်၊
-အသားဓာတ်၊
-အဆီဓာတ်
-ဗီတာမင်
-သတ္တုဓာတ်
-အမျှင်ဓာတ်တွေ ဘယ်လိုမှ မပြည့်ဝနိုင်ပါဘူး။

ရလာဒ်အနေနဲ့

🔺 အာဟာရ မပြည့်ဝတာ၊
🔺 အနာကျက်နှုန်း နှေးတာ
🔺 နာလန်ထဖို့ ခက်တာ
🔺 ကိုယ်ခံအား မကောင်းတာ
🔺 ရောဂါပိုးဝင်လွယ်တာ
🔺 ဝမ်းချုပ်တာ
🔺 ဆေးရုံဆင်းဖို့ ပိုကြာတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

✅ ဒါကြောင့် လိုအပ်တဲ့ အာဟာရ ပြည့်ပြည့်ဝဝရအောင် အာဟာရအရည်၊အာဟာရမှုန့်

ဥပမာ
အသားဓာတ် များများပါတာ
ဆိုဒီယမ် လျှော့ထားတာ
ဒါမှမဟုတ် ကျောက်ကပ်လူနာတွေအတွက် သီးသန့်ထုတ်ထားတာမျိုး
အစာခြေနိုင်စွမ်း နည်းတဲ့ လူနာတွေအတွက် အစာခြေရလွယ်အောင် ထုတ်ထားတာ စသဖြင့်
လူနာရဲ့ ရောဂါအခြေအနေနဲ့ သင့်တော်မယ့် အာဟာရ အမျိုးအစားနဲ့ ပမာဏကို သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်တွေရဲ့ ညွှန်ုကြားချက်အတိုင်း
သေချာလိုက်နာပြီး ပေးသင့်ပါတယ်။

🔸 အစာထည့်တဲ့အခါမှာလည်း စိတ်ရှည်ရှည်နဲ့ သေချာစနစ်တကျ ထည့်ရပါမယ်။

-အညွှန်းအတိုင်း စနစ်တကျ မဖျော်တာ
-တစ်ခါတည်းနဲ့ အစာ အများကြီးထည့်တာ
-အရမ်းမြန်မြန်ထည့်တာမျိုးတွေ လုပ်မိရင် အစာအိမ် အူလမ်းကြောင်းက မခံနိုင်ဘဲ

-သီးတာ
-ပျို့တာ
-အန်တာ
-ဝမ်းလျှောတာ
-ဗိုက်တင်းတာ
-ဗိုက်နာတာ
-လေပွတာတွေ ဖြစ်တတ်ပါတယ်။

ဘယ်နှကြိမ် ထည့်ရမလဲ?

များသောအားဖြင့်
🔸 အစာကို၂ နာရီ ၃ နာရီခြား တစ်ကြိမ်လောက်နဲ့

တစ်ရက်ကို ၆ ကြိမ်ကနေ ၈ကြိမ်ခန့်

တစ်ခါထည့်ရင် အနည်းဆုံး ၁၅ မိနစ်ကနေ ၁ နာရီ ကြာအောင် ထည့်ရတာမျိုး ရှိပါတယ်။

🔸 တချို့တွေမှာတော့
အစာတစ်ခါထည့်ရင် ၄ နာရီကနေ ၆ နာရီလောက် ကြာအောင် ဖြည်းဖြည်းချင်းနဲ့ ​ပေးရတာမျိုး ရှိသလို ရောဂါအခြေအနေပေါ်လိုက်ပြီး ဒီထက်ပိုကြာကြာ ပေးရတာမျိုးလည်း ရှိပါတယ်။

ဘယ်လိုပေးရမလဲဆိုတာ လူနာတစ်ယောက်ချင်းစီရဲ့ ခံနိုင်ရည်နဲ့ ရောဂါအခြအနေပေါ်မူတည်ပါတယ်။

⭕ သတိပြုသင့်တဲ့အချက်တွေက

-အစာထည့်နေချိန်နဲ့ အစာထည့်ပြီး ၁ နာရီ
အတွင်းမှာလူနာကို ထိုင်လျက် ၃၀ ဒီဂရီလောက် ထောင်ထားပြီး အစာထည့်ရပါမယ်။

-လှဲပြီး အစာထည့်တာမျိုး မလုပ်ရပါဘူး။
သီးတတ်ပါတယ်။

-လူနာ အစာကောင်းကောင်း မမျိုနိုင်သေးတဲ့ အချိန်မှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် လူနာကို
ပါးစပ်ကနေ ရေတိုက်တာ၊ အစာကျွေးတာတွေ ရှောင်ရပါမယ်။

ကောင်းကောင်းမမျိုနိုင်တဲ့အတွက်

-သီးတာ
-အစာတွေက လမ်းကြောင်းမှားပြီး အဆုတ်ထဲဝင်တာ
-အဆုတ်ပိုးဝင်တာ
-အသက်ရှူလမ်းကြောင်း ပိတ်တာမျိုးထိ ဖြစ်တတ်ပါယ်။

✅ အစာထည့်ဖို့ ပြင်ဆင်တဲ့အခါမှာ သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျ ပြင်ဆင်ဖို့လည်း အရေးကြီးပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။
Dr. Aye Myat Phyo Tin
(DR. Christine: Nutrition Diary)

23/03/2023
23/02/2023

သည်းခြေအိတ်ကျောက်တည်ခြင်း (Gall Stone)📌📌📌

သည်းခြေအိတ် (Gall bladder) ဆိုတာ ကျနော်တို့ အသည်းအောက်ခြေနားမှာရှိတဲ့ သစ်တော်သီးပုံသဏ္ဍာန် အိတ်လေးကိုခေါ်ပါတယ်။ သည်းခြေအိတ် ထဲမှာဆိုရင် သည်းခြေအရည် (Bile) တွေရှိတယ်။ အဲ့ဒီသည်းခြေအရည်တွေပျစ်လာတယ်ဆိုရင် ကျောက်တည်တာဖြစ်နိုင်ချေပိုများလာပါတယ်။

သည်းခြေကျောက်အမျိုးအစား (၃) မျိုးရှိပါတယ်။
▪️Cholestrol stone
▪️Pigment stone
▪️Mixed

✅ Cholestrol Stone

အဆီစုတာကြောင့်ဖြစ်တဲ့ဒီကျောက်တွေက အရွယ်အစားကြီးပြီး အရေအတွက်နည်းတယ်။

✅Pigment Stone

Pigement stone က တော့ အနက်ရောင်ကျောက်အသေးလေးတွေဖြစ်ပြီး အရေအတွက်များလေ့ရှိတယ်။

✅Mixed

Cholestrol stone နဲ့ pigment stone ရောထားတဲ့ အမျိုးအစားဖြစ်တယ်။

🔖 ကျောက်တည်တာက အရွယ်အစား အားဖြင့် အသေးဆုံး သဲမှုန့်လောက်ကနေစပြီး အကြီးဆုံး ဂေါက်သီးလောက်အထိရှိတယ်။ အရေအတွက်အနေနဲ့ဆို တစ်ခုကနေ ရာချီပြီးအထိဖြစ်နိုင်ပါတယ်။

ဘာကြောင့် သည်းခြေအိတ် ကျောက်တည်တာဖြစ်လဲ❓

▪သည်းခြေအရည်မှာ ကိုလက်စထရောများခြင်း (အသည်းအဆီဖုံးရောဂါရှိသူများ၊ အဝလွန်သူများ)

▪Bilirubin ဓာတ်များခြင်း (အသည်းရောဂါရှိသူ၊ သွေးရောဂါရှိသူများ)

▪သည်းခြေအရည်များ ကုန်စင်အောင်မဆင်းနိုင်ခြင်း (သည်းခြေပြွန်လမ်းကြောင်းကျဥ်းသူများ)

▪သန်ကောင်တုပ်ကောင်များကြောင့်လည်း သည်းခြေကျောက်တွေအဖြစ်များပါတယ်။

"ပုလဲလေးတွေဆိုတာ ကမ္မကောင်လေးတွေရဲ့ မျက်ရည်ပါဆိုသလို....... သည်းခြေကျောက်ဆိုတာလည်း သန်ကောင်လေးတွေရဲ့ အုတ်ဂူလို့ တင်စားလို့ရပါတယ်"

သည်းခြေအိတ်ကျောက်တည်ရင်ဘယ်လို လက္ခဏာတွေပြလဲ❓

အများအားဖြင့်တော့လက္ခဏာပြလေ့မရှိပါဘူး။
အချို့မှာတော့ ဗိုက်ညာဘက်ထောင့်နားကနာတာ၊ ခါးနာတာ (ဗိုက်နဲ့ခါးညှပ်နာတာ)၊ ညာဘက်ပခုံးနာတာ၊ အန်တာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

ဘယ်လိုလက္ခဏာတွေပြရင် ဆရာဝန်ပြရမလဲ❓

🚨 ဗိုက်အောင့်တာရက်အတော်ကြာ ပိုဆိုးလာခြင်း၊
မျက်လုံး၊ ဆီး၊ အသားဝါလာခြင်း၊ ချမ်းတုန်ဖျားခြင်း တို့ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသပြီး ကုသမှုခံယူရပါမယ်။

ဘယ်လိုလူတွေမှာသည်းခြေအိတ်ကျောက်တည်တာများလဲ❓

▪️အသက် (၄၀) နှင့်အထက်
▪️အမျိုးသမီးများ
▪️အဝလွန်သူများ
▪️ကိုယ်ဝန်တားဆေးမှီဝဲသူများ
▪️ဆီးချိုရောဂါရှိသူများ
▪️ကစီဓာတ်၊ အဆီများသော အစားအသောက်ကြိုက်သူများ
▪️အဆီကျဆေးသောက်သူများ
▪️သွေးရောဂါ၊ အသည်းရောဂါရှိသူများ

သည်းခြေအိတ်ကျောက်တည်တာမဖြစ်အောင် ဘယ်လို ကာကွယ်လို့ရလဲ❓

✅ ဝိတ်ထိန်းပါ။ အဝလွန်နေသူတွေအနေနှင့် ဝိတ်ကို ချက်ချင်းလျှော့ချတာမျိုးမဟုတ်ဘဲ ဖြည်းဖြည်းမှန်မှန်ဝိတ်ချပါ။

✅ အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများစားပါ။

✅ လက်ကိုသန့်ရှင်းစွာထားပါ။ ပုံမှန်သန်ချခြင်းပြုလုပ်ပါ။

✅ အဆီအစိမ့်ရှောင်ပါ။

✅ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

⚠ သည်းခြေအိတ်ကျောက်တည်ခြင်းက ပေါ့ဆမိလျှင် နောက်ဆက်တွဲအနေနှင့် ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတာကြောင့် ဂရုပြုကြဖို့ တိုက်တွန်းအပ်ပါတယ်။

Dr.Aung Shwe Moe

ဖုန်းနံပါတ်- 09262608409

အမှတ် ၁၅၇(မြေညီ)၊ လသာလမ်း-အထက်၊ လသာ မြို့နယ်၊ ရန်ကုန်
ဖုန်း ၀၉-၇၈-၃၃၃-၁၃၁၀ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

21/02/2023

sharing is caring!!!

🔸 ကင်ဆာဝေဒနါ ဖြစ်နေလို့ အဖြူထည်ချည်းပဲ စားရမှာလား??

ပုံကို အရင် ကြည့်ကြည့်ပါ။
ကိုယ်ဆိုရင်ရော ဒီလိုမျိုး နေ့တိုင်း စားနိုင်ပါသလား?

အစားအသောက် မပျက်တဲ့သူတောင် ဒီလို နေ့တိုင်း မစားနိုင်ပါဘူး။

ကင်ဆာဝေဒနါ ခံစားနေရတဲ့သူတွေမှာ အစားအသောက်ပျက်နေတတ်တာမို့ ဒီလို အဖြူထည်ချည်း ကျွေးရင် ရေရှည် ဘယ်လိုမှ စားမဝင်နိုင်သလို အာဟာရလည်း မပြည့်ပါဘူး။

⭕ ကင်ဆာဝေဒနါ ရှိလို့ အိမ်က ငါးတစ်မျိုးတည်းပဲ အဖြူထည် ​နေ့တိုင်း ကျွေးပါတယ်တဲ့။

Page မှာ လာမေးထားတာလေးပါ။

❗ ဒါက မှားနေပါတယ်။

အားရှိအောင် ကြက်တစ်ကောင်လုံးပေါင်းပြီး
အရည်ပဲ တိုက်တယ်ဆိုတဲ့သူတွေလည်း ရှိပါတယ်။

ကြက် ဘယ်နှစ်ကောင် ပေါင်းပေါင်း၊ ပြုတ်ထားတဲ့
အရည်ပဲတိုက်လို့က ဘာအာဟာရမှ မရပါဘူး။

✅ ကင်ဆာဝေဒနါရှင်တွေအတွက် အာဟာရ ပြည့်ဝဖို့က အရေးကြီးပါတယ်။

ဟင်းတစ်မျိုးတည်း အဖြူထည်ချည်း ကျွေးတာမျိုး
အလွန်အမင်း အစားရှောင်ခိုင်းတာမျိုးက အဆင်မပြေပါဘူး။

ခန္ဓာကိုယ်ရဲ့ ခုခံအားကောင်းဖို့ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်ဖို့အတွက် အစာအုပ်စု ၃ ခုလုံး သင့်တင့်မျှတအောင် နေ့တိုင်းစားပေးဖို့ အရေးကြီးပါတယ်။

-ဆန်၊ ခေါက်ဆွဲ၊ ကြာဇံ၊ ဂျုံနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေ
-ကျက်အာင် ချက်ပြုတ်ထားတဲ့ အသား ငါး
-ကြက်ဥ ဘဲဥ
-ပဲအမျိုးမျိုး
- အမျှင်ဓာတ်၊ Anrioxidants ကြွယ်ဝတဲ့ အစားအစာတွေ၊ -ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ
-အစေ့အဆံတွေ
-နွားနို့ ပဲနို့

✅ တစ်နေ့တာစားတဲ့ အစားအသောက်ထဲမှာ ဒါတွေ ပါအောင် စားပေးရပါမယ်။

အသားတွေ ချက်ပြုတ်တဲ့အခါ အဆီတွေ ဥပမာ ဝက်ဆီ၊ကြက် ဘဲ အရေခွံ စတာတွေ
ဖယ်ပြီး ချက်ပါ။
ဆီကို အသင့်အတင့် ထည့်ပြီး ပြုတ်တာ ပေါင်းတာ ဆီကျန်ရေကျန် ချက်တာ
ဟင်းခတ်အမွှေးအကြိုင် ငရုတ်ကောင်း ကြက်သွန်ဖြူ စတာတွေ ထည့်ပြီး ချက်ပေးပါ။

အဖြူထည်ချည်း ကျွေးတာ
တစ်မျိုးတည်း နေ့တိုင်း ကျွေးတာမျိုးက ရေရှည် စားနိုင်ဖို့ မလွယ်သလို အာဟာရလည်း ပြည့်ပြည့်ဝဝ မရပါဘူး။

❌ ရှောင်ရမှာက

-ငန်လွန်းတဲ့ အစားအစာတွေ
-ပြုပြင်ထားတဲ့ Ready made အစားအစာတွေ
-ယမ်းစိမ်း ပါဝင်တဲ့ အစားအစာတွေ ဥပမအသားခြောက် ငါးခြောက် စတာတွေ
-အသား ငါး အစိမ်းတွေ၊ မကျက်တကျက် ချက်ထားတာတွေ
-ဘာမှန်းမသိတဲ့ အရွက်ပြုတ်ရည်တွေ တိုက်တာမျိုးတွေ ရှောင်ရပါမယ်။

ကင်ဆာရောဂါ ရှိလို့ဆိုပြီး မလိုအပ်ဘဲ အလွန်အမင်း အစားရှောင်ခိုင်းတာ၊ တစ်မျိုးတည်း ကျွေးတာမျိုးက ဆိုးကျိုးပဲ များစေမှာပါ။
အာဟာရ ပြည့်ဝအောင် မရတဲ့အတွက် နောက်ဆက်တွဲ ကိုယ်ခံအားနည်းတာ၊ ရောဂါပိုးဝင်လွယ်တာ စတာတွေ ဖြစ်လာပါလိမ့်မယ်။

DR. Christine : Nutrition Diary
#ကင်ဆာနှင့်အာဟာရ

19/01/2023

🐣ကြက်ဥ နှင့်သူ၏အာဟာရ🍳🍳

🔸ကြက်ဥဟာ သဘာဝအရ အာဟာရပြည့်ဝသောအစားအစာဖြစ်ပြီး ပရိုတင်းဓာတ်၊ ဗီတာမင် နှင့်သတ္တုဓာတ်များလည်းပါဝင်ပါတယ်။ ဗီတာမင် B2(riboflavin), ဗီတာမင်B12, ဗီတာမင်D, ဗီတာမင်A, ဆီလီနီယမ် သတ္တုဓာတ်(selenium), အိုင်အိုဒင်း(iodine), ဖောလစ်အက်စစ်(folate), ဗီတာမင်ဘီ အုပ်စုဝင်(biotin), ဗီတာမင် B5(panthotenic acid), ကိုလင်းဓာတ်(choline), ခန္ဓာကိုယ်တွင်းတည်ဆောက်၍မရနိုင်သော သတ္တုဓာတ်များ နှင့် ခန္ဓာကိုယ်အတွက် အနည်းငယ်မျှသာလိုအပ်သော သတ္တုဓာတ် ဥပမာ ဖော့ဖရပ်စ် (phosphorus) တို့ကြွယ်ဝစွာပါဝင်ပါတယ်။

🔸မပြည့်ဝသောအဆီများ(Monounsaturated, polyunsaturated fat)၊ ပြည့်ဝသောအဆီ(saturated fat)၊ ကိုလတ်စရော(cholesterol)စသည့် အဆီဓာတ်များကတော့ ကြက်ဥအနှစ်တွင် ပမာဏအများဆုံးပါဝင်ပါတယ်။ ကြက်ဥအကာမှာတော့ အသားဓာတ်၊ပရိုတင်းဓာတ်(albumin) ပါဝင်ပါတယ်။

🔸ကြက်ဥ ပုံမှန်အရွယ်အစားဟာ ကယ်လိုရီအားဖြင့် ၇၀ ခန့်သာရှိပြီး ကိုယ်အလေးချိန်လျော့ချင်သူများ၊ dietလုပ်နေသူများအတွက် အာဟာရပြည့်ဝသော အစားအစာတစ်ခုဖြစ်ပါတယ်။ ကြော်စားရင်တော့ အဆီပါဝင်မူအနည်းငယ်ပိုများတာကြောင့် ပြုတ်စားတာကတော့ ပိုသင့်တော်ပါတယ်။ အစာမစားဘဲ ဝိတ်ချခြင်းထက် အစားအစာကို ချင့်ချိန်စားသုံးပြီး ဝိတ်ချတာကပိုပြီးကောင်းမွန်၍ ကျန်းမာရေးနှင့်လည်းညီညွတ်စေပါတယ်။ ကြက်ဥကို ဗီတာမင်ကြွယ်ဝသော ဟင်းသီးဟင်းရွက်များနှင့် တွဲဖက်စားသောက်ခြင်းက ဝိတ်ချခြင်းအတွက် ပိုမိုကောင်းမွန်ပါတယ်။

🔸ပရိုတင်းဓာတ်ကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များထဲက တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်း ဖို့အတွက်လိုအပ်ပါတယ်။ ပရိုတင်းဓာတ်က ခန္ဓာကိုယ်၌ ကြီးထွားခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများအတွက်လိုအပ်ပြီး နေ့စဉ် ပျက်စီးသွားသော ဆဲလ်များ၊ တစ်လျှူးများကို ပြန်လည်တည်ဆောက်ယရာ၌အရေးပါပါတယ်။ ဒါအပြင် ကိုယ်ခန္ဓာ၏ ဇီဝကမ္မဖြစ်စဉ်များ၊ ကိုယ်ခံအားများ၊ အင်အားထုတ်လုပ်ပေးသောလုပ်ငန်းများတွင်လည်း အရေးပါပါတယ်။
ပရိုတင်းလိုအပ်မှုပမာဏက အသက်အရွယ်၊ ယောင်္ကျား/မိန်းမ၊ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။ ပျင်းမျှ လူလတ်ပိုင်းတစ်ယောက်က တစ်နေ့လျှင် ပရိုတင်း ၅၀-၆၀ ဂရမ် လိုအပ်ပါတယ်။

🔸ယျေဘုယျအားဖြင့် ပုံမှန် ဥတစ်လုံးမှာ ပရိုတင်း ၆-၇ ဂရမ် ပါဝင်ပါတယ်။
ဥအရွယ်အစားပေါ်မူတည်ပြီး အနည်းငယ်ကွာခြားမှုတော့ရှိပါတယ်။
ဥအသေး(၃၈ ဂရမ်)- ပရိုတင်း ၄.၇၉ ဂရမ်
ဥအလတ်(၄၄ ဂရမ်)- ပရိုတင်း ၅.၅၄ ဂရမ်
ဥအကြီး(၅၀ ဂရမ်)- ပရိုတင်း ၆.၃ ဂရမ်
ဥအကြီး(၅၆ ဂရမ်)- ပရိုတင်း ၇.၀၆ ဂရမ်
ဥအကြီး(၆၃ ဂရမ်)- ပရိုတင်း ၇.၉၄ ဂရမ်

Dr.Aung Shwe Moe

ဖုန်းနံပါတ်- 09262608409

Photo credit

Photos from AURA Healthcare's post 02/01/2023
Photos from AURA Healthcare's post 02/01/2023

FYI!!!

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Ultrasonic assisted wound debridement (UAW)နဲ့ အနာသန့်စင်ခြင်း။ဆီးချိုအနာ၊ နာတာရှည် အနာအမျိုးမျိုး၊ အိပ်ယာအနာများစသည်တို...

Category

Telephone

Website

Address


No 157 ( Groundfloor), Latha Street ( Upper Block ), Latha
Yangon

Opening Hours

Monday 01:00 - 18:00
Tuesday 01:00 - 18:00
Wednesday 01:00 - 18:00
Thursday 01:00 - 18:00
Friday 01:00 - 18:00
Saturday 04:00 - 18:00
Sunday 01:00 - 18:00

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)