ICare Medical Group

iCare Medical Group is now partnership with Parkway Cancer Centre , Singapore . It also taking care

04/04/2024

မွေး နေ့ မင်္ဂလာ
🎂မမ ဒေါ်ခိုင်မီမီလွင်🎂
သက်ရှည် ကျန်းမာ ပါ စေ 🌹
ကုသအောင်မြင်မှု ၁၁ နှစ် ရှိ သွား ပြီ မို့
အ ထူး ပင် ဝမ်း မြောက် ဂုဏ် ပြု ပါ တယ် မမ ရေ .. 🌼☘️♥️♥️♥️
Daphne MyintNway Nway Oo
CanHOPE Yangon

23/02/2024
Photos from ICare Medical Group's post 15/02/2024

ဆေးခန်းအလှူမှာ Prof. Dr ဒေါ်ခင်မွန် ၊ AP Dr. ဒေါ်ရင်ရင်ကြည် နှင့် ဒေါ်ခင်မြင့်လှိုင် တို့နှင့် အမှတ်တရ ..
ဆေးခန်းအလှူအပီး ပံ့သကူ ငွေကောက်ကြ ပျော်ကြ ရွှင်ကြ ကြည်နူးကြ ..

Photos from ICare Medical Group's post 15/02/2024

iCare အထူးကုဆေးခန်း၏ (၂၀၂၄ ) ခုနှစ် နှစ်ဉီးအလှူ..
ဆေးခန်းမှာ ကုသနေသော လူနာများ ရောဂါဝေဒနာများ ပျောက်ကင်းကြပါစေ..
ဆေးခန်းအနေဖြင့်လည်း ဒီထက်မက လူနာများ၏ ကျန်းမာရေးကို ပိုမိုစောင့်ရှောက်ပေးနိုင်ပါစေ..
ကြောင်း ကုသိုလ်အလှူလုပ်ခဲ့ကြပါတယ်..

Photos from CanHOPE Yangon's post 30/01/2024
13/12/2023

ကင်ဆာရောဂါအတွက် အလုံးစုံပြီးပြည့်စုံသော စောင့်ရှောက်မှုလိုအပ်နေပါသလား ??

သင်၏ ကင်ဆာခရီးလမ်းတလျှောက် သင်နှင့်အတူ ကျွန်ုပ်တို့ရှိနေပါမည်..

စင်ကာပူ Parkway ကင်ဆာစင်တာမှ ကင်ဆာအထူးကုဆရာဝန်ကြီးများနှင့် အွန်လိုင်းမှ တဆင့် တိုင်ပင်ဆွေးနွေး ကုသလိုလျှင် ဆက်သွယ်လိုက်ပါ..

CanHOPE Yangon
ကင်ဆာအထူးကုဆေးခန်း
အမှတ် ၂၂/၂၄ , မြေညီထပ် , ရှင်စောပုလမ်းနှင့်
ဗဟိုလမ်းထောင့် , အလုံမြို့နယ် , ရန်ကုန်။
ဖုန်း - 095136584 , 09 4311 9729

13/12/2023

သင့်ချစ်ခင်သူများတွင် ကင်ဆာဖြစ်နေလို့ စိတ်ညစ်နေပါသလား ?

စင်ကာပူနိုင်ငံ Gleneagles , Mount Elizabeth & Mount Elizabeth Novena ဆေးရုံကြီးများရှိ Parkway ကင်ဆာအထူးကုစင်တာမှ ဒုညွှန်ကြားရေးမှူး နှင့် ဝါရင့်ကင်ဆာအထူးကုဆရာဝန်ကြီး Dr Khoo Kei Siong မှ အွန်လိုင်းမှတဆင့် ဆွေးနွေးကုသပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပေးအပ်ပါသည်..

Dr Khoo Kei Siong သည် ၂၀၀၆ ခုနှစ်မှ စ၍ မြန်မာပြည်သို့ လာရောက်၍ ကင်ဆာဝေဒနာရှင်များအား ကြည့်ရှုကုသပေးနေသည်မှာ ယခုဆိုလျှင် မြန်မာကင်ဆာဝေဒနာရှင်ပေါင်း များစွာ ကုသပျောက်ကင်းပြီဖြစ်ပါသည်.. ယခုကာလတွင်လည်း အွန်လိုင်းမှတဆင့် ကင်ဆာဝေဒနာရှင်များအား ဆက်လက်စောင့်ရှောက်ပေးလျှက်ရှိပါသည်..

Dr Khoo Kei Siong နှင့် ပြသလိုပါက အောက်ပါဖုန်းနံပါတ်များနှင့် လိပ်စာသို့ ဆက်သွယ်၍ ကြိုတင်ရက်ချိန်းလိုက်ပါနော် ..

CanHOPE Yangon
အမှတ် ( ၂၂/ ၂၄ ) ၊ မြေညီထပ် ၊
ရှင်စောပုလမ်းနှင့် ဗဟိုလမ်းထောင့် ၊
အလုံမြို့နယ်၊ ရန်ကုန်။
ဖုန်း - 09 5136584 , 09 43119729

31/07/2023

သင်နှင့် သင့်ချစ်ခင်နေသူများတွင် ကင်ဆာရောဂါလို့ သိရှိရပြီး စိတ်ညစ်စိတ်ဓာတ်ကျ ဖြစ်နေပါသလား ??

စင်ကာပူနိုင်ငံမှ ကင်ဆာအထူးကုဆရာဝန်ကြီး Dr Khoo Kei Siong မှ ကင်ဆာလူနာများကို ကင်ဆာရောဂါအတွက် စစ်ဆေးရမည့် စစ်ဆေးချက်များနှင့် ကုသနိုင်သော နည်းလမ်းများအကြောင်း အွန်လိုင်းမှ တဆင့် တိုင်ပင်ဆွေးနွေးပေးနေပါပြီ။

ဆရာဝန်ကြီးနှင့် ဆွေးနွေးတိုင်ပင်လိုလျှင် ကြိုတင်ရက်ချိန်းရယူလိုက်ပါ-
ဖုန်း - ၀၉ ၅၁၃၆၅၈၄ , ၀၉ ၄၃၁၁၉၇၂၉
လိပ်စာ - iCare Specialist Clinic
အမှတ် ၂၂/၂၄ , မြေညီထပ် , အေးကွန်ဒို,
ရှင်စောပုလမ်းနှင့် ဗဟိုလမ်းထောင့် , အလုံ မြို့နယ် , ရန်ကုန်။

iCare Specialist Clinic 17/07/2023

iCare Specialist Clinic iCare Specialist Clinic is providing chemotherapy and healthcare services to cancer patients in Myanmar as a satellite clinic of Parkway Cancer Centre ( Sing...

PCC Health Talk organized by CanHOPE Yangon & CHUBB Insurance ( ကင်ဆာလူနာများအတွက် ) 17/07/2023

PCC Health Talk organized by CanHOPE Yangon & CHUBB Insurance ( ကင်ဆာလူနာများအတွက် ) " Cancer Screening & Treatment in Myanmar " talked by Dr Wong Siew Wei, Medical Oncologist , Parkway Cancer Centre ( Singapore ) on 22 April 2023.

05/04/2023

သွေးကင်ဆာ နဲ့ အခြားသောကင်ဆာလူနာများအတွက် သတင်းကောင်း

စင်္ကာပူနိုင်ငံ Parkway Cancer Centre မှ Dr Colin Phipps ( သွေး​ရောဂါနှင့် သွေးကင်ဆာအထူးကုဆရာဝန် ) နှင့် Dr Wong Siew Wei ( ကင်ဆာအထူးကုဆရာဝန် ) တို့သည် ရန်ကုန်သို့လာရောက်မည်ဖြစ်ပါသဖြင့် လူနာဟောင်း နှင့် လူနာသစ်များ ဆက်သွယ် စာရင်းပေးနိုင်ပါပီ ..

CanHOPE Yangon / iCare Specialist Clinic
ဖုန်း - 095136584 , 0943119729

HER2-positive Breast Cancer 28/10/2022

Her 2 positive ရင် သား ကင် ဆာ
အ ကြောင်း သိ ကောင်း စ ရာ ☘️☘️☘️

HER2-positive Breast Cancer

30/09/2022
28/09/2022

Acute Myeloid Leukaemia (AML) ၏ရောဂါကုသမှုနည်းလမ်း
AML ရောဂါကုသခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရောဂါကိုပျောက်အောင်ကုသပြီး ပြန်မကြွလာအောင် ထိန်းထားဖို့ပါပဲ။ ဒါကြောင့် ကုသမှုအဆင့် (၂)ခု ရှိပါတယ်။ remission induction therapy နှင့် post-remission therapy တို့ဖြစ်ကြပါသည်။

"Remission Induction Therapy
ကင်ဆာဆေးသွင်းကုသခြင်းက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ပါတယ်။ ကင်ဆာဆေးတွေကို AML ရဲ့ မျိုးကွဲတခုဖြစ်တဲ့ Acute Promyelocytic Leukaemia (APL) မှာ ပေးပါတယ်။
ကင်ဆာဆေးသွင်းကုသတာ အောင်မြင်တယ်ဆိုရင် ရိုးတွင်းချဉ်ဆီကနေ သာမန်ကျန်းမာတဲ့ သွေးဆဲလ်များကို စတင်ထုတ်လုပ်လာနိုင်ပါပြီ။ "

"Post-remission Therapy
နောက်ထပ်ကင်ဆာဆေးသွင်းကုသခြင်းတွေကို ကင်ဆာဆဲလ်များပြန်မဖြစ်လာအောင် တားဆီးဖို့ ပေးရတာဖြစ်ပါတယ်။
ခန္ဓာကိုယ်ကနေ သာမန်ရိုးတွင်းချဉ်ဆီဆဲလ်များထုတ်လုပ်နိုင်အောင် ကူညီဖို့အတွက် ပင်မဆဲလ်အစားထိုးခြင်းကို ပြုလုပ်ရနိုင်ပါတယ်။ ပင်မဆဲလ်တွေကို မိသားစုဝင်ထဲက (သို့) ပြင်ပမှ အလှူရှင်တဦးစီကရယူပါတယ်။
စွမ်းအားမြင့် Xray ရောင်ခြည်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးဖို့ ဓာတ်ရောင်ခြည်ကုသမှုကို ပြုလုပ်ရနိုင်ပါတယ်။ ဓာတ်ရောင်ခြည်ကုသမှုကို ပြင်ပမှု ပေးသလို၊ အပ်(သို့) ပြွန်တခုမှ ကင်ဆာထဲ(သို့) အနီးအနားကို ထည့်သွင်းပြီး ဓာတ်ရောင်ခြည်ကုသမှုလုပ်တာမျိုးလည်း ရှိပါတယ်။
ပစ်မှတ်ထားကုထုံးကတော့ ကင်ဆာဆဲလ်တွေကိုပဲ ပစ်မှတ်ထားပြီး ကြီးထွားမှုတွေကို တားဆီးဖို့ ဆေးတွေနဲ့ ကုသတာပဲ ဖြစ်ပါတယ်။ သာမန်ဆဲလ်များကတော့ ထိခိုက်မှု မရှိပါဘူး။ များစွာသောပစ်မှတ်ထားကုထုံးများကို ဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်။
AML ကို စောစောသိပြီး မြန်မြန်ကုသတဲ့အခါ ပျောက်ကင်းနိုင်ခြေ ပိုများပါတယ်။ AML ရောဂါလက္ခဏာတွေ မခံစားရတော့ဘူးဆိုရင် ရောဂါသက်သာပျောက်ကင်းတယ်လို့ မှတ်ယူနိုင်ပြီး ငါးနှစ်အတွင်း ပြန်မဖြစ်တော့ဘူးဆိုရင် လုံးဝအရှင်းပျောက်ကင်းပြီလို့ မှတ်ယူနိုင်ပါတယ်။
"
ရောဂါကာကွယ်ခြင်း
"AML ကို ကာကွယ်နိုင်တဲ့နည်းလမ်းမရှိသေးပေမယ့် ဖြစ်နိုင်ခြေများစေတဲ့အချက်တွေကို လျော့ချနိုင်ပါတယ်။
- ဆေးလိပ်မသောက်ပါနဲ့။
- စက်ရုံသုံးဓာတုပစ္စည်းများနှင့် ထိတွေ့မှုမရှိအောင် (သို့) ထိတွေ့မှုနည်းအောင် နေပါ။
- ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုမရှိအောင် (သို့) နည်းအောင် နေပါ။
- AML ကို ဖြစ်စေနိုင်တဲ့ ကင်ဆာဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ကုသမှုများကို ရှောင်ပါ။ သို့သော်လည်း တချို့လူနာတွေမှာ ဒီလိုကုသမှုတွေကို မလွဲမရှောင်သာလုပ်ရနိုင်ပါတယ်။
"

28/09/2022

Acute Myeloid Leukaemia (AML) ဆိုတာ ဘာလဲ?
"AML ကတော့ သွေးနဲ့ ရိုးတွင်းချဉ်ဆီကနေ ဖြစ်လာတဲ့ကင်ဆာဖြစ်ပါတယ်။ လူကြီးတွေမှာ အဖြစ်အများတဲ့ သွေးကင်ဆာတမျိုးဖြစ်ပါတယ်။ Myeloblasts လို့ခေါ်တဲ့ သွေးဖြူဥတမျိုး အဆမတန်ထုတ်လုပ်ပြီး ရိုးတွင်းချဉ်ဆီမှာ စုပြုံနေကာ ပုံမှန်သွေးဆဲလ်များထုတ်လုပ်မှုကို တားဆီးစေပါတယ်။ ဒီလိုဖြစ်ရပ်ကြောင့် သွေးထဲမှာ လည်ပတ်နေတဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဆဲလ်မွှားပမာဏဟာ မလုံလောက်တော့ပါဘူး။
AML ကို Acute Myelocytic Leukaemia, Acute Myelogenous Leukaemia, Acute Granulocytic Leukaemia, or Acute Non-Lymphocytic Leukaemia လို့လည်း ခေါ်နိုင်ပါသေးတယ်။ "

ဘာကြောင့်ဖြစ်ရသလဲ?
"AML က သွေးဆဲလ်ထုတ်လုပ်မှုကို ထိန်းချုပ်ထားတဲ့ မျိုးရိုးဗီဇတွေ ထိခိုက်မှုကြောင့် ဖြစ်လာရပါတယ်။ ဖြစ်နိုင်ခြေများစေတဲ့အကြောင်းတချို့ကတော့
- လိင်အမျိုးအစား - AML က အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။
- မွေးရာပါပြဿနာများ - မွေးရာပါပြဿနာများရှိတဲ့သူ (ဥပမာ - Down syndrome, Fanconi သွေးအားနည်းရောဂါ) တွေမှာ AML ဖြစ်နိုင်ခြေပိုများပါတယ်။ AML က ကလေး (သို့) လူပျိုပေါက်ဝင်ချိန်မှာ ပိုဖြစ်တတ်တာကို တွေ့ရပါတယ်။
- တခြားသွေးပြဿနာရှိနေခြင်း - တချို့သောသွေးရောဂါဖြစ်တဲ့ Myelodysplastic syndromes (MDS), Myelofibrosis နဲ့ Aplastic anemia ရောဂါတွေမှာ AML ဖြစ်နိုင်ခြေပိုများပါတယ်။
- ကင်ဆာကုသမှုများ - တချို့သော ကင်ဆာဆေးသွင်းကုသမှုများ (သို့) ဓာတ်ရောင်ခြည် ကုသမှုများက AML ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
- ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း - စက်ရုံသုံးဓာတုပစ္စည်းများဖြစ်တဲ့ ဘန်ဇင်း၊ သန့်ရှင်းရေးပစ္စည်းများ၊ ချေးချွတ်ဆေးများနဲ့ သုတ်ဆေးများ၊ ဆေးလိပ်ငွေ့ စတာတွေက AML ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။
- ဓာတ်ရောင်ခြည်ထိတွေ့မှု - အက်တမ်ဗုံးပေါက်ကွဲခြင်း၊ နူကလီးယားဓာတ်ပေါင်းဖိုမှ စိမ့်ထွက်ဓာတ်ရောင်ခြည်များနှင့် ထိတွေ့မိရင် AML ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ "

ရောဂါလက္ခဏာများ
"AML က ဖြစ်တာမြန်တဲ့အတွက် ရောဂါလက္ခဏာတွေကို ရောဂါမသိခင် ရက်ပိုင်းအတွင်းမှာ ခံစားရနိုင်ပါတယ်။ တချို့လူနာတွေမှာ ရောဂါလက္ခဏာတခုမှ မခံစားရတာမျိုးလည်း ရှိပါတယ်။ အဓိကရောဂါလက္ခဏာတွေကိုတော့ သွေးဆဲလ်များ မလုံလောက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ အဖြစ်များတဲ့လက္ခဏာတွေကတော့
- ညောင်းခြင်း ( ပင်ပမ်းနွမ်းနယ်ခြင်း)
- ဖျားခြင်း
- မောခြင်း
- ဖြူဖတ်ဖြူရော်ဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်း
- ညဖက်ချွေးပျံ့ခြင်း (သို့) ချွေးထွက်လွန်ခြင်း
- သွားဖုံးသွေးယိုခြင်း (သို့) နှာခေါင်းသွေးလျှံခြင်း
- သွေးခြည်ဥလွယ်ခြင်း
- အရေပြားမှာ အနီစက်များထွက်ခြင်း
- အရိုးအစစ်တွေနာခြင်း"
ရောဂါရှာဖွေခြင်းနှင့် သတ်မှတ်ခြင်း
"AML ဖြစ်နေနိုင်တယ်လို့ သံသယရှိရင် ဆရာဝန်မှ စမ်းသပ်ခြင်း၊ သွေးစစ်ဆေးခြင်း၊ ရိုးတွင်းချဉ်ဆီစစ်ဆေးခြင်းများက ရောဂါကို တွေ့ရှိနိုင်ပါတယ်။

ဆရာဝန်မှ စမ်းသပ်တဲ့အခါ လက်ရှိကျန်းမာရေးအခြေအနေ၊ အသည်း၊ ဘေလုံးနဲ့ ပြန်ရည်ကျိတ်များမှာ အကျိတ်ရှိမရှိ၊ သွေးယိုလက္ခဏာများ၊ သွေးခြည်ဥလက္ခဏာများနဲ့ ရောဂါပိုးဝင်လက္ခဏာများကို စစ်ဆေးပါတယ်။

သွေးစစ်တဲ့အခါ သွေးကို ဓာတ်ခွဲခန်းကို ပို့ဆောင်ပြီး Full blood count စစ်ဆေးရပါတယ်။ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဆဲလ်မွှားအရေအတွက်များကို စစ်ဆေးရပါတယ်။ သွေးဖြူဥအရေအတွက် အဆမတန်များနေတာက လူကြီး AML ကြောင့် ဖြစ်နိုင်ပါတယ်။

ရိုးတွင်းချဉ်ဆီစစ်ဆေးမှုကတော့ တင်ပဆုံရိုးကနေ ယူပြီး စစ်ဆေးလေ့ရှိပါတယ်။ ထုံဆေးနဲ့ယူစစ်ဆေးပြီး ၁၅-၂၀ မိနစ်ခန့် ကြာတတ်ပါတယ်။ ရိုးတွင်းချဉ်ဆီကို စစ်ဆေးဖို့ ယူပြီးရင်တော့ ဓာတ်ခွဲခန်းပို့ပြီး ကင်ဆာဆဲလ်ရှိမရှိ စစ်ဆေးပါတယ်။

နောက်ထပ်စစ်ဆေးမှုများကို AML ရဲ့ ရောဂါအနေအထားကို သိရဖို့နဲ့ အကောင်းဆုံးသောကုသမှုကို ရွေးချယ်နိုင်ဖို့အတွက် လုပ်ဆောင်ရပါတယ်။ ခါးရိုးဖောက်တာ၊ မျိုးရိုးဗီဇစစ်ဆေးတာနှင့် ဓာတ်မှန်ရိုက်ကူးတာတွေ လုပ်ဆောင်ရနိုင်ပါသေးတယ်။
"
အဆင့် သတ်မှတ်ခြင်း
ကင်ဆာရောဂါများအတွက် အဆင့်သတ်မှတ်ခြင်းက ရောဂါကုသမှုအပေါ်မှာ ဆုံးဖြတ်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ သို့သော်လည်း AML က ရိုးတွင်းချဉ်ဆီမှာ စတင်ပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေကို ပျံ့မှ တွေ့ရတတ်တာဖြစ်ပါတယ်။ သာမရိုးကျ ကင်ဆာအဆင့် သတ်မှတ်ချက်တွေ မသုံးဘဲ AML ကိုတော့ ဆဲလ်များကို အခြေခံတဲ့စနစ်ကို အသုံးပြုပြီး အမျိုးအစားခွဲပါတယ်။
"

French-American-British (FAB) ခွဲခြားခြင်း စနစ်ကတော့ AML ကို အမျိုးအစား (၈)ခု ထပ်ခွဲထားပါတယ်။ ကျန်းမာတဲ့သွေးဆဲလ်များအရေအတွက်၊ ကင်ဆာဆဲလ်အရွယ်နဲ့ အရေအတွက်၊ မျိုးရိုးဗီဇပြောင်းလဲမှုနဲ့ အခြားသော မျိုးရိုးဗီဇမူမမှန်မှုများကို အခြေခံပြီး ခွဲတာပဲ ဖြစ်ပါတယ်။
• M0 – Undifferentiated Acute Myeloblastic Leukaemia
• M1 – Acute Myeloblastic Leukaemia with minimal maturation
• M2 – Acute Myeloblastic Leukaemia with maturation
• M3 – Acute Promyelocytic Leukaemia
• M4 – Acute Myelomonocytic Leukaemia
• M4 eos – Acute Myelomonocytic Leukaemia with eosinophilia
• M5 – Acute Monocytic Leukaemia
• M6 – Acute Erythroid Leukaemia
• M7 – Acute Megakaryoblastic Leukaemia

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ခွဲခြားမှု စနစ်အသစ်အရ AML ကို အုပ်စုတွေ ထပ်ခွဲထားပါတယ်။
• AML with certain genetic abnormalities
• AML with myelodysplasia-related changes
• AML related to previous chemotherapy and radiation
• AML not otherwise specified
• Myeloid sarcoma
• Myeloid proliferations related to Down Syndrome
• Undifferentiated and biphenotypic acute leukaemias – ၎င်းတို့သည် လုံးဝ AML များ မဟုတ်ကြသော်လည်း lymphocytic နှင့် myeloid ပုံသန်များ ရှိကြပါသည်။ သူတို့ကို တခါတရံ Mixed Phenotype Acute Leukaemias (MPALs)လို့ခေါ်ပါသည်။ "

မျိုးရိုးဗီဇအချက်အလက်များ
"AML ရောဂါရဲ့ မျိုးရိုးဗီဇနဲ့ ပြောင်းလဲခြင်းအချက်အလက်တွေက ရောဂါကုသမှုအတွက် အစီအစဉ်ဆွဲဖို့နဲ့ ပစ်မှတ်ထားကုထုံးနဲ့ကုသရင် အကျိုးရှိနိုင်မရှိနိုင်ဆိုတာကို သိရှိဖို့အတွက် အလွန်အရေးကြီးပါတယ်။ မျိုးရိုးဗီဇပြောင်းလဲမှုတွေမှာ တွေ့ရများတာကတော့ FMS-like tyrosine kinase 3 (FLT-3) ဖြစ်ပါတယ်။ FLT-3 inhibitors က ကင်ဆာဆေးသွင်းကုသမှုနဲ့ တွဲဖက်အသုံးပြုတဲ့အခါ ရလဒ်ကောင်းတွေရစေတဲ့ ပစ်မှတ်ထားကုထုံးဆေးပဲ ဖြစ်ပါတယ်။

မျိုးရိုးဗီဇအချက်အလက်စစ်ဆေးခြင်းက လူနာတယောက် ရိုးတွင်းချဉ်ဆီအစားထိုးသင့်သလား (သို့) ကင်ဆာဆေးသွင်းတာနဲ့ပဲ ကုသသင့်သလားဆိုတာကို ခန့်မှန်းနိုင်ပါတယ်။
"

How is stomach cancer diagnosed? 20/09/2022

How is stomach cancer diagnosed? Here is how.

Prevention is better than cure. 20/09/2022

Prevention is better than cure. Learn to protect yourself now

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Hope

Dr Richard will come on 28th Feb . Don’t miss the chance to see him !!

Videos (show all)

Telephone

Website

Address


Shin Saw Pu Road
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 12:30

Other Yangon clinics (show all)
ZAR & ZAR Co., Ltd. ZAR & ZAR Co., Ltd.
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon

One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803

Myanmar Chemdyes Co. Ltd. Myanmar Chemdyes Co. Ltd.
122, 124, 126. Mahabandoola Garden Street
Yangon, KTDA11181

We specialize in and point-of-care (POC) diagnostics equipment and health food products.

Perfect Hair Stylist and Men Spa Perfect Hair Stylist and Men Spa
(No. 118) Ground Floor, Aung Zayya Street, Sin Min Zay Bus Stop, Near Skyway Club, KyiMyintDing Kannar Street, Alone Township
Yangon, 11121

Dr. KETO Guide for fit Dr. KETO Guide for fit
Yangon

ဆရာဝန်ကိုယ်တိုင်မှ Ketogenic Diet နဲ့ပတ်သတ်ပြီး Guidelines လေးတွေပေးသွားမှာပါ။

ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

AMIRA Esthetique De LUXE AMIRA Esthetique De LUXE
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201

Luxury Aesthetic Clinic

Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

Statum Statum
Yangon

မှိုကြောင့်ဖြစ်သော အရေပြားရောဂါများအတွက် စတေတမ်

Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ