Dr Wai - Dental Specialist

Dr. Wai Minn Sann (Dental Specialist)
B.D.S (Yangon) 1996, M.D.Sc (Yangon) 2003, F.I.C.C.D.E (Singapore), F.I.C.D (USA).

More than 26 years of clinical experience in Dental Practice in Myanmar and Malaysia.

12/04/2023

"မင်္ဂလာနှစ်သစ် ဆုတောင်း"

11/04/2023

🪴မြန်မာ့ရိုးရာ နှစ်သစ်ကူး
မဟာသင်္ကြန်အချိန် အခါသမယ မှာ
မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း
ဘေးဘယာ ဝေးကွာ ကျန်းမာစွာဖြင့်
စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေကြောင်း
"ပုလဲသုခ" သွားနှင့်ခံတွင်းအထူးကုဆေးခန်း
မိသားစု မှ နှစ်သစ်မင်္ဂလာ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🎉

🪴မင်္ဂလာနှစ်သစ်မှာ
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ချစ်သောမိသားစုဝင်များနှင့် အတူ
ချမ်းမြေ့ သာယာပျော်ရွှင်ကြပါစေရှင်
🙏🏻🙏🏻🙏🏻

10/04/2023

သင်္ကြန်တွင်း ဆေးခန်း ခေတ္တပိတ်ပါမည်၊

April 18, 2023 (Tuesday) တွင်

ဆေးခန်း ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်။

မြန်မာ့ရိုးရာ နှစ်ကူး မဟာသင်္ကြန် အခါသမယ တွင်

April 13, 2023 (သင်္ကြန်အကြိုနေ့) မှ

April 17, 2023 (နှစ်ဆန်းတစ်ရက်နေ့) အထိ

ဆေးခန်း ခေတ္တပိတ်ပါမည်။

April 18, 2023 (Tuesday) နေ့တွင်

ဆေးခန်း ကို ( 9:00 am - 5:00 pm)

ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည် 🎉

Photos from Dr Wai - Dental Specialist's post 21/03/2023

☘️ 2020 ခုနှစ် March 20 ရက်နေ့
နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ
"Basic Endodontics Training”
Hands On Course
အမှတ်တရ....
ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ဆရာ/ဆရာမ များ အားလုံးကို
ကျေးဇူးအထူးတင် သတိရလျက်ပါ...

11/02/2023
31/01/2023

✳️ Dr. Wai's BIOGRAPHY (ကိုယ်ရေး အတ္ထုပ္ပတ္တိ)

🧑‍⚕️ ​ဒေါက်တာ ဝေမင်းဆန်း ကို
ဖခင် - မဟာသဒ္ဓမ္မဇောတိကဓဇ၊ အရှေ့တိုင်းပညာဌာန ပါမောက္ခ ဆရာ (ဦးဘဆန်း) မန္တလေးတက္ကသိုလ်၊ မိခင် - (ဒေါ်စန်းစန်းအုန်း) လက်ထောက်ကြီးကြပ်ရေးမှူး၊ တိုင်းပညာရေးမှူးရုံး (မန္တလေးတိုင်း) တို့မှ ၁၉၇၀ ခုနှစ်တွင် မန္တလေးမြို့ ၌ ဖွါးမြင်ခဲ့သည်။

🧑‍⚕️ အမှတ်(၇) အလက ကျောင်းတွင် မူလတန်း၊ အမှတ် (၁၂) အထက တွင် အလယ်တန်း နှင့် အထက်တန်း အသီးသီး ပညာသင်ယူခဲ့ပြီး အခြေခံပညာ အထက်တန်း စာမေးပွဲကို အမှတ် (၁၆) အထက မှ ၄ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။

🧑‍⚕️ ၁၉၈၆ ခုနှစ်တွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ၌ စတင်ပညာ ဆည်းပူးခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် B.D.S. (Ygn) - သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ ကို ရရှိခဲ့သည်။ ၁၉၈၈ အရေးအခင်းကြောင့် ပညာသင်နှစ် ၄ နှစ်ခန့် နှောင့်နှေး ကြန့်ကြာခဲ့ရသည်။

🧑‍⚕️ ၁၉၉၆ တွင် B.D.S ဘွဲ့ ရရှိပြီးနောက် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ဆေးရုံ တွင် သွားနှင့်ခံတွင်း ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။

🧑‍⚕️ ၂၀၀၀ ခုနှစ်တွင် သွားဘက်ဆိုင်ဆေးပညာ မဟာသိပ္ပံ ဘွဲ့ သင်တန်း တက်ရောက်ရင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) တွင် သရုပ်ပြ ရာထူးဖြင့် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့သည်။

🧑‍⚕️ ၂၀၀၃ ခုနှစ်တွင် M.D.Sc (Ygn) သွားဘက်ဆိုင်ရာ ဆေးပညာ မဟာသိပ္ပံဘွဲ့ ရရှိခဲ့ပြီး သွားရောဂါကု ဆေးပညာဌာန (Dept. Of Conservative Dentistry) တွင် Clinical Lecturer (ကထိက) အဖြစ် ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

🧑‍⚕️ ၂၀၁၁ ခုနှစ် July လ တွင် Malaysia နိုင်ငံ Kuantan မြို့ရှိ International Islamic University Malaysia (IIUM - Kuantan Campus) ၏ Faculty of Dentistry တွင် Assistant Professor ရာထူးခန့်အပ်ခြင်း ခံခဲ့ရသည်။ Department of Restorative Dentistry, IIUM - Kuantan တွင် Assistant Professor (Clinical Lecturer) ဘဝဖြင့် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မလေးလူမျိုး သွားဆရာဝန်ပေါင်း မြောက်မြားစွာကို မွေးထုတ်ပေးခဲ့သည်။

🧑‍⚕️ မလေး University တွင် တာဝန်ထမ်းဆောင် နေစဉ်ကာလ၌ လည်း မလေးလူမျိုး တို့၏ သွား နှင့် ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကို Restorative Specialist အနေဖြင့် အပြည့်အဝ စောင့်ရှောက်ပြီး ဝန်ဆောင်မှု ပေးခဲ့ပါသည်။

🧑‍⚕️ ၂၀၁၉ မြန်မာပြည် ပြန်လည်ရောက်ရှိ လာချိန်တွင် FICD - Myanamar Section ၏ ဦးဆောင်မှုဖြင့် ကျေးလက်ဒေသ နှင့် ဝေးလံခေါင်ဖျား နေရာများတွင် နေထိုင်သော ပြည်သူလူထု၏ သွားနှင့်ခံတွင်းကျန်းမာရေး (Community Dental Health Care) ကို ဝန်ဆောင်မှုပေးခဲ့ပါသည်။

📌 သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု သက်တမ်းမှာ ပြည်တွင်း/ ပြည်ပ အတွေ့အကြုံ စုစုပေါင်း ၂၆ နှစ်ကျော် သက်တမ်းရှိခဲ့ပြီ ဖြစ်သည်။

🧑‍⚕️ ၂၀၁၃ ခုနှစ် မေလ တွင် F.I.C.C.D.E. (Singapore) - Fellow of International College of Continuing Dental Education နှင့် ၂၀၂၀ ခုနှစ် ဇန္နဝါရီ လတွင် F.I.C.D. (USA) - Fellow of International College of Dentists အသီးသီး ရရှိခဲ့ပါသည်။

ယခု လက်ရှိ ရန်ကုန်မြို့တွင်.......

🏥 သုခကမ္ဘာ ဆေးရုံ (ပုလဲသုခ သွားဆေးခန်း)၊

🏥 Grand Hantha International Hospital (Dental Centre)၊

🏥 Smile Up Dental Clinic (တက္ကသိုလ် ရိပ်သာလမ်းသစ်) ဆေးခန်းများ၌

📌 သွားနှင့်ခံတွင်း ရောဂါ ဝေဒနာရှင်များ အတွက် Specialist care (သွားနှင့် ခံတွင်း ကျန်းမာရေးဝန်ဆောင်မှု) အချိန်ပြည့်/ အချိန်ပိုင်း စနစ်ဖြင့် အထက်ဖော်ပြပါ ဆေးရုံ/ ဆေးခန်း များတွင် လူနာနှင့် လူနာရှင်များ စိတ်တိုင်းကျ ဆေးကုသ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။







#ပုလဲသုခ

09/01/2023

"FAMILY"
❤️❤️❤️❤️❤️




#ပုလဲသုခ

Photos from Dr Wai - Dental Specialist's post 01/01/2023

1/1/2023 နှစ်သစ်ဦး မင်္ဂလာ
အန္တရာယ်ကင်း ပရိတ်တရားနာ

"ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း"
Pearl Solace Dental Clinic



#ပုလဲသုခ
#2023

31/12/2022

"Happy New Year 2023 🎉"

"Wishing You A Very Happy and Prosperous
New Year 2023" 🎉

ချစ်ခင်လေးစားရသော...

မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး ဉာတကာ အပေါင်း နှင့်

မြန်မာနိုင်ငံသူ နိုင်ငံသား များ

မင်္ဂလာရှိသော ၂၀၂၃ နှစ်သစ် မှာ

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်

ပြီးပြည့်စုံပြီး

စီးပွားလာဘ်လာဘ များ ဒီရေအလား

တိုးတက်ကြီးပွားကြပါစေ။

ရောဂါ အန္တရာယ်ဆိုးများ နှင့်

ဆင်းရဲဘေးဒုက္ခများမှ ကင်းဝေးပြီး

ကပ်ကြီး ၃ ပါးကိုလဲ ကျော်လွှားနိုင်ကြပါစေ။

ကောင်းကျိုး ချမ်းသာ မင်္ဂလာအဖြာဖြာ တို့နှင့်သာ

ပြီးပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေကြောင်း

"ပုလဲသုခ" သွား နှင့် ခံတွင်း အထူးကုဆေးခန်း

(Pearl Solace Dental Clinic) မိသားစု မှ

နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း

ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။

🙏🏻🙏🏻🙏🏻🙏🏻🙏🏻

#ပုလဲသုခ

Photos from Dr Wai - Dental Specialist's post 24/12/2022

"၂၀၁၉ ခုနှစ် ဩဂုတ်လ"

ICD Myanmar Section နဲ့ ပရဟိတအသင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပူးပေါင်းစီစဉ်တဲ့

ကုသိုလ်ဖြစ်(အခမဲ့) နယ်လှည့် သွားနှင့်ခံတွင်းရောဂါ
ဆေးဝါးကုသခြင်း ခရီးစဉ်

Dream Mountain Resort, ကလောမြို့။

12/12/2022

"ခံတွင်း အနံ့ ဆိုးပြီး သွားဖုံးယောင် ရောဂါဖြစ်စေသော
သွားဂျိုးကျောက်များ"

====================================

☘️ ခံတွင်းရနံ့ သင်းပျံ့ပြီး
သွားဖုံး နဲ့ သွားများ ကျစ်လစ် သန်မာစေဖို့
သွား များမှာ တွယ်ကပ်နေသော
သွားချေးကျောက်များကို မှန်မှန်ဖယ်ရှား
သန့်စင်ပေးဖို့ အလွန်လိုအပ်ပါသည်။

☘️ သွားချေးကျောက်များမှာ အစာဟောင်း အစာကြွင်း များ သွားနှင့် သွားဖုံးကြား ကို တွယ်ကပ်ရာမှ ဖြစ်ပေါ်လာပြီး သွားပွတ်တံ မရောက်သော သွားအကြိုအကြား နေရာများတွင် ပိုမို တွေ့ရှိရသည်။

☘️ အစာဟောင်း အဆင့်တွင် သေချာစွာ သွားတိုက်ပြီး ဖယ်ရှားနိုင်သော်လည်း သွားကျောက်ဖြစ်သွားသည့် အဆင့်တွင် (Ultrasonic Scaler) သွားကျောက်ခြစ် ကိရိယာ ဖြင့်သာ ဖယ်ရှား၍ ရနိုင်ပါသည်။

☘️ ခံတွင်း အနံ့ဆိုးခြင်း၊ သွားဖုံးများ ယောင်ရမ်း သွေးထွက်ခြင်း၊ သွားဖုံးနိမ့်ပြီး သွားအမြစ်များ ပေါ်လာခြင်း နှင့် ရေစီးကမ်းပြို ရောဂါ (သွားများ အလွန်အမင်း နဲ့ပြီး ကျွတ်ထွက်ခြင်း) တို့ ၏ အဓိက အကြောင်းရင်းမှာ....

ပုံတွင်ပြထားသည့် သွားချေးကျောက် (Calculus) များဖြစ်ပါသဖြင့် ....

✅ သွားနှင့်ခံတွင်း ကျန်းမာရေး ပုံမှန် (၆လ တကြိမ်) စစ်ဆေးခြင်း

✅ သွားနှင့်ခံတွင်းရောဂါများအား ဆောလျှင်စွာ ကုသမှု ခံယူခြင်းဖြင့်

သွားများ ဆုံးရှုံးခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါသည်။

"ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း"
PEARL SOLACE DENTAL CLINIC

📞 09 266 55 33 66

📞 09 77 27 95 246

သုခကမ္ဘာ ဆေးရုံ - ပထမထပ်
အမှတ် (၆၁၅/ E) ပြည်လမ်း
မာလာလမ်းသွယ်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

( 9:00 AM - 5:00 PM )

Photos from Pearl Solace Dental Clinic - ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း's post 24/11/2022
24/11/2022

Great Moment in my life.
Memory with Prof. James L. Gutmann
( Author of Problem Solving in Endodontics )

9 Years ago in Kuala Lumpur, Malaysia.
(24th Nov 2013)

14/11/2022

"2019 ခုနှစ် မြန်မာပြည် ကို ပြန်လာခါနီး,
မလေးရှား ဆေးတက္ကသိုလ် (IIUM - Kuantan)
မှာ 3rd Year ကျောင်းသား/ကျောင်းသူ လေးတွေ နဲ့
Lecture အပြီး အမှတ်တရ Selfie ဆွဲ တဲ့ ပုံလေးပါ။

ခုဆိုရင် သူတို့လေးတွေ သွားဆရာဝန် တွေ ဖြစ်နေကြလောက်ပြီ....

တခါက တဘဝ လေးကို အမှတ်တရ ရှိနေဆဲပါ...

06/11/2022

🪔 ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်နေ့
(7th November, 2022) မှာ
မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပြီး
စီးပွားလာဘ်လာဘ များ ဒီရေအလား
တိုးတက်ကြီးပွားကြပါစေကြောင်း

'ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း'
Pearl Solace Dental Clinic မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🏻✨

01/11/2022

ရင်သွေးငယ်လေးများ၏ သွားနှင့်ခံတွင်း ကျန်းမာရေး
====================================

☘️ ရင်သွေးငယ်လေးများ၏ သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုကို မိခင်ဝမ်းအတွင်း သန္ဓေသား ဘဝကတည်းကပင် အလေးထား စတင်ရမည်ဖြစ်သည်။

☘️ လေ့လာစမ်းစစ်ချက်များအရ မိခင်ဝမ်းအတွင်း ကိုယ်ဝန် ၃ လ မှ ၆ လ အတွင်း သန္ဓေသား၏ သွားများ ဖွံ့ဖြိုးမှု စတင်သည့် အတွက်
ကိုယ်ဝန်ဆောင် မိခင်သည် မိမိ၏ သန္ဓေသား အာဟာရဖြစ်စေမည့် အစားအသောက်များ ကို ရွေးချယ်စားသောက်သင့်သည်။

☘️ ရင်သွေးငယ်လေးများ၏ သွားများ ဖွံ့ဖြိုးသန်မာစေမည့် Vitamin A, C, D, Protein, Calcium နှင့် Phosphorous များပါဝင်သော ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသား ငါး၊ နို့ နှင့် နို့ထွက် အစားအစာ များကို မျှတစွာ စားသုံးသင့်ပါသည်။

☘️ မွေးဖွားပြီး ၃ လ ခန့်မှ စတင်၍ သန့်ရှင်းနူးညံ့ သော တဘက် ကို ရေအနည်းငယ်စွတ်ပြီး ကလေးငယ်၏ သွားဖုံးများ ကို ငြင်သာစွာ သုတ်ပေးပါ။ နေ့စဉ် နေ့တိုင်း ခံတွင်းသန့်ရှင်းရေး လုပ်ဆောင်ပေးရမည် ဖြစ်သည်။

☘️ ပုံမှန်အားဖြင့် ကလေးငယ်များ အသက် ၆ လခန့်တွင် သွား စတင်ပေါက်လေ့ရှိပြီး အသက် ၂နှစ်ခွဲ ခန့်တွင် ငယ်သွားများ အာလုံးစုံလင်လာပါသည်။
အပေါ် ၁၀ ချောင်း အောက် ၁၀ ချောင်း၊ ငယ်သွား အားလုံး စုစုပေါင်း အချောင်း ၂၀ ရှိပါသည်။
သွား များ စတင်ပေါက်ခါစတွင် သွားဖုံးယားယံခြင်း၊ ကိုယ်နွေးခြင်း၊ မအီမသာ ဖြစ်ခြင်းများ ခံစားရတတ်သည်။

☘️ ကလေးငယ် အသက် ၆ လခန့် ငယ်သွားမျာ စတင်
ပေါက်လာသော အချိန်တွင် ကလေးငယ်လေးများအတွက် သီးသန့် ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသော သွားပွတ်တံ၊ ကလေး သွားတိုက်ဆေး တို့ ဖြင့် မှန်မှန်သွားတိုက်ပေးရမည်။ ကလေး သွားပွတ်တံများ၏ ခေါင်းမှာ ပိုမိုသေးငယ်ပြီး အမျှင် (Bristle) များမှာ လည်းပို၍ နူးညံ့ပျော့ပျောင်းပါသည်။

☘️ ကလေးငယ်အား မိခင်/ဖခင် မှ သွားတိုက်ပေးရန် အတွက် အကောင်းဆုံး ပုံစံ အနေအထားမှာ -
ကလေးငယ်၏ နောက်မှ နေ၍ သွား တချောင်းချင်းစီကို အချိန်ပေးပြီး ညင်သာစွာ သွားတိုက်ပေးပါ။ ကလေးငယ်၏ ဦးခေါင်း ကို သင့်ခန္ဓာကိုယ်အား မှီထားစေခြင်းဖြင့် ငြိမ်နေပါစေ။ ကလေးငယ်၏ အောက်မေး ကို လက်တဖက်ဖြင့် ပင့်ပြီး ထိန်းထားပေးပါ။ ယုံကြည်မှု ရစေရန် နှင့် မကြောက်လန့်စေရန် သေချာစွာ ရှင်းပြပေးပါ။ ကလေးသဘာဝ အရ သူတို့ ကိုယ်တိုင် လုပ်ချင်စိတ်ရှိတတ်သဖြင့် ကလေး တလှည့် မိခင်တလှည့် သွားတိုက်ပေးခြင်းဖြင့် ကလေးငယ်၏ သွားများကို အချိန်ပေး သန့်စင်ပေးပါ။
ကလေးငယ်၏ ရှေ့ဘက်မှာ မှန် ထား၍ မြင်သာအောင် ပြထားပြီး မှ သွားတိုက်စေလျှင် ပိုကောင်းပါသည်။

☘️ ကလေးမှ သွားပွတ်တံ ကို မကြိုက်၍ လက်မခံပါက သန့်ရှင်းနူးညံ့သော တဘက် ကို ရေစွတ်ပြီး သွား၏ ရှေ့နောက် မျက်နှာပြင်တို့ ကို ညင်သာစွာ ပွတ်သပ် သန့်စင်ပေးသင့်သည်။ အကယ်၍ သွားတိုက်ဆေး ကို မနှစ်သက်ပါကလည်း သွားတိုက်တံ ကို ရေစွတ်ပြီး သွားမျက်နှာပြင် နေရာ အနှံ့ နှင့် သွားဖုံးကြား များကို တိုက်ပေးနိုင်ပါသည်။

☘️ သွားတိုက်ပြီးသည့်အခါတိုင်း သွားပွတ်တံ ကို ရေဖြင့် သေချာစွာ ဆေးကြောသင့်သည်။
ထို့နောက် အလွယ်တကူ ခြောက်သွေ့စေရန် သွားပွတ်တံကို ထောင်ထားပါ။ ပြင်ပလေဖြင့် ထိတွေ့နိုင်ရန် အဖုံးဖွင့်ထားသော ဗူး (သို့မဟုတ်) ခြင်းငယ် တွင် သိမ်းဆည်းသင့်သည်။
သွားပွတ်တံ အမျှင်များ အတွင်း ဘက်တီးရီးယား ပိုးများ ခိုအောင်းမနေနိုင်စေရန်ဖြစ်သည်။ သွားပွတ်တံ အမျှင်များ ဖွာလန် ကောက်ကွေးလျှင် သော်၎င်း၊ ၃ လ ခန့် ကြာလာလျှင်သော် ၎င်း သွားပွတ်တံ အသစ်တချောင်း လဲလှယ် သင့်ပါသည်။

☘️ သွားတိုက်ခြင်း မစတင်မီ ကလေးငယ် အား ပလုပ်ကျင်းပြီး ရေထွေးတတ်အောင် စတင် သင်ကြား လေ့ကျင့် ပေးသင့်သည်။ ကလေးငယ် များ ၏ သဘာဝ အရ ပါးစပ်အတွင်း ရေငုံလိုက်သည်နှင့် မြိုချပစ်လိုက်ကြသည်။ ထွေးထုတ်သည့် အလေ့အထ မရှိတတ်ပါ။ ထို့ကြောင့် ကလေးငယ်များ အတွက် ထုတ်လုပ်သော သွားတိုက်ဆေးများတွင် Fluoride ပါဝင်မှု ပိုမိုနည်းပါးသည်။ ကလေးငယ် မှ သွားတိုက်ဆေး မြိုချခဲ့မိလျှင် Fluoride ၏ ဘေးထွက် ဆိုးကျိုးများ မခံစားရစေရန် ရည်ရွယ်ပါသည်။

☘️ သွားတိုက်ပေးခြင်း၊ ခံတွင်း ကို သန့်ရှင်း စင်ကြယ်စေခြင်း အရေးကြီး သလို ကလေးငယ်၏ နေ့စဉ် အစားအသောက် အမူအကျင့်သည်လည်း သွားပိုးစား ခြင်း မှ ကာကွယ်ရန် အလွန် အရေးပါသဖြင့် မိခင်များ အထူး ဂရုပြုသင့်သည်။

☘️ ကလေးသွားများ ကို သွားပိုးစားခြင်း မှ ကာကွယ်နိုင်ရန် တနေ့လျှင် အနည်းဆုံး ၂ ကြိမ် သွားတိုက်ပေးခြင်း၊ အချိုလွန်ကဲသော အစား အသောက်များ လျှော့စားစေခြင်း (သို့မဟုတ်) ရှောင်ကျဉ်စေခြင်း၊ အထူးသဖြင့် ကလေးငယ်များ အား နို့ဘူးစို့ရင်း အိပ်စက်စေခြင်း မပြုလုပ်စေရန် အလေးထား ဂရုစိုက် သင့်ပါသည်။
နို့ဘူးစို့ရင်း အိပ်ပျော်ခြင်း သည် ကလေး ၏ သွားများ ကို သွားပိုးစားခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။
အိပ်ပျော်နေချိန် တံတွေးဂလင်း များ မှ တံတွေး အထွက်နည်းသွားသဖြင့် သွားများ ကို ပိုးစားခြင်းမှ ကာကွယ်နိုင်မှု လျော့နည်းသည့်အပြင် နို့ဘူးမှ နို့ရည်ကြောင့် ကလေး အသက်ရှု စဉ် သီး ပြီး (Choking) အသက် အန္တရာယ် အထိ ရှိနိုင်ပါသည်။

☘️ ကလေး အသက် တနှစ်ခန့် တွင် သွားဆရာဝန် နှင့် ပြသပြီး သွားနှင့်ခံတွင်း စမ်းသပ် စစ်ဆေးမှု စတင်သင့်ပါသည်။

(ရင်သွေးငယ်များ အားလုံး သွားနှင့်ခံတွင်း ရောဂါ ဘေးမှ အစဉ်ကင်းဝေးကြပါစေ)

Photos from Dr Wai - Dental Specialist's post 23/10/2022

2020 March လတုန်းက
နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံမှာ
"Basic Endodontics Training"
Hands On Course အမှတ်တရ ပုံလေးတွေပါ။

02/10/2022

"ရေးမြို့နယ် - အစင်ကျေးရွာ"
2007 ခုနှစ် March လ မှာ
Specialist Tour နဲ့ အတူ ဒေသခံပြည်သူတွေ အတွက်
သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့
အမှတ်တရ ဓါတ်ပုံလေးပါ။

အလွန်သဘောကောင်းပြီး စိတ်ထားဖြူစင်လှတဲ့
အစင်ကျေးရွာသူ ကျေးရွာသားတွေ ကို
အမြဲသတိရ နေဆဲပါ။

ဆေးဝါး အစ ရှိတဲ့ အထွေထွေ အလှူ နဲ့
အထူးကုဆရာဝန်များ အားလုံး အတွက်
ရန်ကုန် မှ အစင်ကျေးရွာ အ​ရောက် သွားရေး/လာရေး၊
အစားအသောက် နေထိုင်မှု အပြင်
ဆေးကုသခံပြည်သူများ ကို ပါ အစားအသောက်ဖြင့်
ဧည့်ခံကျွေးမွေး တဲ့ အလှူရှင် ဦးသန်းရှိန် (ကိုကုလားကြီး) နဲ့ ဇနီး မိသားစု တို့ရဲ့ စေတနာ သဒ္ဒါတရား ထက်သန်မှု ကိုလဲ
အသိအမှတ်ပြု ဂုဏ်ယူ မဆုံးပါ။

အခွင့်အခါသင့်ရင် အစင်ကျေးရွာ ကို တခါ တခေါက် အလည်ရောက်ချင်ပါသေးတယ်။

အမှတ်တရ ဓါတ်ပုံလေး အတွက် Dr. Myo Min Hein
ကို ကျေးဇူး အထူးတင်ရှိပါသည်။

22/09/2022

"ရောင်ခြည်ဖြင့် သွားဖါခြင်း"
Light Cured Composite Restoration
==========================

✳️ သွားပိုးစားပြီး ပဲ့ထွက်နေသော
အပေါ် အရှေ့ အလယ်သွား နှစ်ချောင်း ကို
(Tooth Colour Restoration - Light Cured Composite Restoration) သွားအရောင် Composite ဖြင့် ဖါပြီး ပြုပြင်
ပေးထားသော ပုံ ဖြစ်ပါသည်။

✳️ ယခု ကဲ့သို့ သွားပိုးစားပြီး ပျက်စီးနေသော
သွားများ ကို အချိန်မနောက်ကျခင် ပြုပြင်လိုပါက
"ပုလဲသုခ" သွားနှင့်ခံတွင်းအထူးကုဆေးခန်း သို့
ကြွလှမ်းခဲ့ပါရှင်။

✳️ ကြိုတင်ရက်ချိန်း ရယူလိုပါက

📲 09 266 55 33 66

📲 09 77 27 95 246 သို့

ဆေးခန်းချိန်အတွင်း ဆက်သွယ်နိုင်ပါသည်ရှင်။

page messenger မှလည်း ကြိုတင်ရက်ချိန်း
ရယူနိုင်ပါပြီရှင့်......။



#ပုလဲသုခသွားနှင့်ခံတွင်းအထူးကုဆေးခန်း

08/09/2022

"တသက်တာ သွားနှင့်ခံတွင်း ကျန်းမာရေး အတွက်
ဆောင်ရန်/ရှောင်ရန်များ"

==================================

✳️ တနေ့ အနည်းဆုံး နှစ်ကြိမ် သွားတိုက်ပါ။
ည အိပ်ယာ မဝင်မှီ သွားတိုက်ခြင်းသည် ပို၍ အရေးကြီးပါသည်။ *သွားများ အကြား တညလုံး ညပ်နေသော အစာဟောင်းများ သည် ပါးစပ်အတွင်းမှ ဘက်တီးရီးယားများ ကြောင့် အချဉ်ပေါက်ပြီး အက်ဆစ်ဓါတ်ထွက်လာခါ သွားမျက်နှာပြင်များကို သွားပိုးစားဆွေးမြေ့ခြင်း (Tooth Decay) ဖြစ်ပေါ်စေသောကြောင့် ဖြစ်ပါသည်။

✳️ ဖလိုရိုဒ် (Fluoride) ပါဝင်သော သွားတိုက်ဆေး ကို သာ အသုံးပြုပါ။

✳️ သွားပွတ်တံ အမျှင် နူးညံ့သော သွားတိုက်တံ
(Soft-bristled toothbrush) ကို အသုံးပြုပါ။
သွားတိုက်တိုင်း လျှာ ကိုပါ သွားပွတ်တံဖြင့် တိုက်ပြီး
သန့်စင်ပေးပါ။

✳️ သွားပွတ်တံ အမျှင်များ ဖွာနေလျှင်၊ ကောက်ကွေး နေလျှင် အသုံးမပြုပါနှင့်။
၂ လ (သို့မဟုတ်) ၃ လ တကြိမ်ခန့် သွားပွတ်တံ ကို လဲလှယ်ပေးပါ။ အမျှင်မာသော သွားပွတ်တံ ဖြင့် သွားများကို ကြမ်းတမ်းစွာ တိုက်ခြင်း မပြုလုပ်ရပါ။ သွားအပေါ်မျက်နှာပြင် ကြွေလွှာများ ပျက်စီး ဆုံးရှုံးနိုင်ပါသည်။

✳️ သွားပွတ်ကြိုး (Floss) ကို တနေ့ အနည်းဆုံး တကြိမ် အသုံးပြုပေးပါ။ သွားပွတ်ကြိုး အသုံးပြုပုံမှာ သွားတစ်ချောင်းချင်းစီ ၏ အကြိုအကြားများ တွင် ညှပ်နေသော စားကြွင်းစားကျန်များ ကို ဖယောင်းပါသော ပိုးကြိုးဖြင့် ပွတ်တိုက်သန့်ရှင်းပေးရန် ဖြစ်သည်။

✳️ သွား နှင့် သွားဖုံး ကို ဒုက္ခပေးမည့် ဘက်တီးရီးယားပိုးမွှားများ သေစေသော ပလုပ်ကျင်းဆေးရည် (Mouthwash) ကို ပုံမှန် အသုံးပြုပေးပါ။

✳️ သင်၏ သွားနှင့် ခံတွင်းဆရာဝန်ထံ (အနည်းဆုံး ၆ လ တကြိမ်) ပုံမှန် စစ်ဆေး ကုသမှု ခံယူပါ။

✳️ သကြားဓါတ်များပြီး ချို၍ စေးကပ်သော အစား အစာများကို လျှော့စားပါ။ အစာစားပြီးတိုင်း သေချာစွာ ပလုပ်ကျင်းပေးပါ။

✳️ အချဉ်ဓါတ် (အက်ဆစ်ပါဝင်မှု) လွန်ကဲသော အသီး နှင့် အစားအသောက်များ မကြာခန စားသုံးခြင်းသည် သွား၏ ကြွေလွှာများ ပြုန်းတီးပြီး သွားကျင်ခြင်း သွားကိုက်ခြင်း ဖြစ်စေနိုင်သဖြင့် သတိပြုရှောင်ကျဉ် သင့်ပါသည်။ အချဉ်စားပြီးတိုင်း သေချာစွာ သွားတိုက်ခြင်းဖြင့် သွားမျက်နှာပြင်ပေါ်မှ အက်ဆစ်များ ကို ဖယ်ရှားပစ်နိုင်ပါသည်။

✳️ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးဝါးခြင်း နှင့် ကွမ်းယာ စားခြင်းများ ကို ရှောင်ကျဉ်ပါ။

📌 သင်၏ သွားနှင့် သွားဖုံးများ သန်စွမ်းကျန်းမာပြီး
အာခံတွင်း ရနံ့ အမြဲ သင်းပျံ့နေစေရန်အတွက်
အထက်ပါ အချက်များကို ဂရုပြုလိုက်နာပေးပါ။

🌸 "Keep Your Smile Healthy"

🌸 ဖြူဖွေးသန့်စင်သော သွားများ နဲ့ အာခံတွင်း ရနံ့ အမြဲတမ်း သင်းပျံ့သော ပြုံးအလှပိုင်ရှင်များ ဖြစ်ကြပါစေ..🎉

07/09/2022

Root Canal Obturation of 27
(Upper Left Second Molar)

01/09/2022

✳️ "Quality Dental Care"

Photos from Pearl Solace Dental Clinic - ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း's post 30/08/2022

✳️ သင့်ရဲ့ အာခံတွင်းထဲက
အကြောင်း အမျိုးမျိုးကြောင့်
နှုတ်လိုက်ရတဲ့ သွားတွေကို
Dental Implant (သွားမြစ်တုအစားထိုး) နဲ့
ပြန်စိုက်ချင်တယ် ဆိုရင်

"ပုလဲသုခ" သွားနှင့်ခံတွင်းအထူးကုဆေးခန်း မှာ
ကြိုတင်ရက်ချိန်း ရယူနိုင်ပါပြီ....

✅ သွားအစစ်တချောင်း ပြန်ရသလို
သင်ခံစားရပါလိမ့် ဆိုတာ ယုံကြည်လိုက်ပါ ♻️

30/08/2022

"Root Canal Treatment"
(သွားအကြောထုတ် ကုသခြင်း) လုပ်တုန်းက
ရိုက်ထားတဲ့
Short Video Clip လေးပါ....
(ဓါတ်ပုံတွေက Video ထဲမှာ ညှပ်ထည့်တဲ့ အခါ
Size အနေအထားကြောင့် အပြည့်မပေါ်တာ
သီးခံကြည့်ပေးပါ)

23/08/2022

✅ Dental Implants ကို စိတ်ဝင်စားပြီး
သွားစိုက်လိုသူ လူနာများ အတွက် ဗဟုသုတ အဖြစ်
လေ့လာနိုင်ပါသည်။

22/08/2022

🌷မင်္ဂလာပါရှင် 🙏🏻🙏🏻🙏🏻

🌸"ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း"
"Pearl Solace Dental Clinic" မှ

နှုတ်ခွန်းဆက်သပါတယ်ရှင် 🎉

✳️ သွားများ မလှပလို့ အပြုံးလှလှပြုံးပြဖို့
ယုံကြည်မှုကင်းမဲ့နေပြီလား ❔

✳️ သွားကိုက် သွားနာ ဝေဒနာကြောင့် ညဘက်တွေ အိပ်မရ စိတ်ဒုက္ခ ရောက်နေပါသလား ❔

✳️ သွားအရောင်ဝါ၊ သွားခံတွင်းနံ့ ပြင်းလွန်းလို့ စကားပြောဖို့ အားယူနေရပြီလား ❔

✳️ သွားဂျိုး၊ သွားကျောက်တည် စတဲ့ သွားနှင့် ခံတွင်းပြဿနာများကြောင့် စိတ်ရှုပ်နေပြီလား ❔

✳️ နှုတ်ထားတဲ့ သွားများ ပြန်မစိုက်ဖြစ်လို့ စားလို့မကောင်း ဝါးလို့ အဆင်မပြေ ဖြစ်နေပါသလား❔

✳️ သင့် ရင်သွေး ကလေးငယ် ရဲ့ သွားများ ပိုးစားနေလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေပါသလား❔

✳️ သင်တို့ရဲ့ ဒီလို သွားနဲ့ခံတွင်း ပြဿနာ အခက်အခဲပေါင်းများ စွာကို ဖြေရှင်းပေးနိုင်မဲ့

🌸 "ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း"
"Pearl Solace Dental Clinic" ရှိပါတယ် ရှင်🌸

📌 သွားနှင့်ခံတွင်းပြဿနာများအတွက် ဝန်ဆောင်မှုပေး
နေတဲ့ ကုသမှုများကတော့ -
====================================

🦷 Dental Examination and Consultation
(သွားစစ်ဆေးခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်း)

🦷 Oral Hygiene Care
(သွားနှင့် ခံတွင်းကျန်းမာသန့်ရှင်းရေး ကုသခြင်း)

🦷 Tooth Restoration (သွားဖာခြင်း)

🦷 Pits and Fissures Sealing
(သွားမျက်နှာပြင် အပေါက်များကို ပြုပြင်ကုသခြင်း)

🦷 Dental Veneers
(သွားမျက်နှာပြင် ကြွေလွှာကပ်ခြင်း)

🦷 Root Canal Treatment
(သွားအကြောထုတ် ကုသခြင်း)

🦷 Tooth Extraction and Dental Surgery
(သွားနုတ်ကုသခြင်း နှင့် ခွဲစိပ်ခြင်း)

🦷 Dental Implants
(သွားမြစ်တုတိုင်စိုက်၍ ကုသခြင်း)

🦷 Fixed Prosthodontics ( Crown and Bridge )
(သွားအစွပ်ပြုလုပ်၍ သွားအသေစိုက် ကုသခြင်း)

🦷 Dentures ( Partial/ Full )
(သွားအံကပ်/ သွားအရှင်ပြုလုပ်ခြင်း)

🦷 Orthodontic Treatments
(သွားညှိကုသခြင်း)

🦷 Maxillofacial Surgery
(မျက်နှာ မေးရိုးနှင့်ဆိုင်ရာ ခံတွင်းခွဲစိတ်ကုသခြင်း)

🦷 Asthetic Dentistry and Teeth Whitening
(ရောင်ခြည်ဖြင့် သွားဖြူဖွေးစေရန် ကုသခြင်း)

🦷 Children Dental Care
(ကလေးငယ်များအတွက် သွားနှင့် ခံတွင်း
စောင့်ရှောက်မှု ပြုလုပ်ကုသခြင်း) များ

စတဲ့ဝန်ဆောင်မှုများ ရရှိနိုင်မှာ ဖြစ်ပါတယ်ရှင် 🍀

🌸 ကြိုတင်ရက်ချိန်း ရယူရန်အတွက်

📲 09 266553366

📲 09 772795246

ဖုန်းများကို ဆေးခန်း ချိန်အတွင်း တိုက်ရိုက်ခေါ်ဆို၍ ဖြစ်စေ

🌸 page Messenger မှဖြစ်စေ
ဆက်သွယ်နိုင်ပါတယ်ရှင်

✅ ဝါရင့်ကျွမ်းကျင်သော ဆရာဝန်များနှင့် နောက်ဆုံးပေါ် နည်းပညာစက်ပစ္စည်းများဖြင့် စမ်းသပ်ကုသပေးနေပြီး၊ တခါသုံး Disposable Set များနဲ့အတူ ပိုးသတ် သန့်စင်ထားသော ကိရိယာများဖြင့်သာ အသုံးပြုကုသပေးနေခြင်း၊

✅ ဒါ့အပြင် COVID စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကာကွယ်သန့်စင်ထားပြီး သန့်ရှင်းသပ်ရပ်သော ဆေးခန်းနှင့် လူနာတစ်ဦးချင်းစီတိုင်းအား
အသေးစိတ် ဆွေးနွေး အချိန်ပေး ကုသပေးတာကြောင့် အကောင်းဆုံးနဲ့ စိတ်အချရဆုံး သွားဆေးခန်းများ ရှာဖွေနေပြီဆိုလျှင်

🌸 "ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း"

🌸 "Pearl Solace Dental Clinic"

သို့ ကြိုတင် Appointment ရယူပြီး လှမ်းလာခဲ့ပါရှင်။

🌟🌟 ဝင့်ကြွားလှပစွာ ရဲရဲရင့်ရင့် အပြုံးပန်းများ
ခြွေနိုင်စေဖို့......

"ပုလဲသုခ သွားနှင့်ခံတွင်းအထူးကုဆေးခန်း" မှ

လူကြီးမင်းတို့ကိုကူညီပေးဖို့

အသင့်စောင့်ကြိုနေပါတယ်ရှင်။ 🌟🌟

🏥 ဆေးခန်းလိပ်စာလေးကတော့ 🏥

သုခကမ္ဘာဆေးရုံ -ပထမထပ်၊
အမှတ် (၆၁၅/ E), ပြည်လမ်း၊ မာလာလမ်းသွယ်
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📱 : 09 266553366

📱 : 09 772795246

⏱️ : 9:00 AM To 5:00 PM

#ပုလဲသုခသွားနှင့်ခံတွင်းအထူးကုဆေးခန်း

Photos from Dr Wai - Dental Specialist's post 21/08/2022

"သွားအကြောထုတ် ကုသခြင်း"
=====================
{Single Visit RCT of 26}

✳️ ဒီနေ့ ကုသဖြစ်တဲ့ Single Visit RCT
(တစ်ခေါက်တည်း နဲ့ သွားအကြောထုတ်ကုသခြင်း)
Case လေးပါ။

✳️ ပုံနဲ့ ဓါတ်မှန်မှာ ပြထားသလို
ဘယ်ဘက် အပေါ် ပထမအံသွား (သွား နံပါတ်-26)
အနောက်ဘက်ခြမ်းမှာ ပိုးစားလို့ ဖါထားပါတယ်။
သွားဖါပြီးခါစ ၃ လလောက်မှာ သက်သာပေမဲ့
နောက်ပိုင်း ရေအေးသောက်ရင် ကျင်ခြင်း ကိုက်ခြင်း
တွေ ဖြစ်လာလို့ လူနာက ပြန်လာပြတာပါ။

✳️ နယ်က လာတဲ့သူမို့လို့ အတတ်နိုင်ဆုံး
အမြန်ပြီးအောင် (Case က လဲ လုပ်လို့ကောင်းမဲ့ အနေ
အထားမို့ပါ) တစ်ခေါက်တည်း နဲ့ အကြောထုတ်
ကုသပြီး သွားပြန်ဖါပေးလိုက်ပါတယ်။

✳️ ရေရှည် ခိုင်ခံ့မှု အတွက် Crown (သွားအစွပ်)
ပြန်စွပ်ရပါမည်။ လူနာ က လဲ နယ် မပြန်ခင်
လုပ်စရာရှိတာ အကုန်လုပ်သွားမယ် ပြောပါတယ်။

✳️ ဗဟုသုတ အနေနဲ့ ပုံလေးတွေ
ပြန်လည် မျှဝေပေးတာပါ။

📌 ဒီနေရာမှာ သတိပြုစေချင်တာက,
RCT လုပ်တဲ့ အခါတိုင်း Case အားလုံးကို
တခါတည်း အပြီး လုပ်လို့ မရနိုင်ပါဘူး။
လူနာတစ်ဦး နဲ့ တစ်ဦး အ​ခြေအနေချင်း
မတူညီနိုင်ပါဘူး။ သွား ရဲ့ အခြေအနေ နဲ့
သွားပိုးစားမှု အနေအထားပေါ် လဲမူတည်ပါသေးတယ်။
ဥပမာ, သွားအမြစ်ဖျားထိ ပိုးဝင်ပြီး ပြည်တည်
ယောင်ရမ်း နေတဲ့ သွားမျိုးဆို တစ်ခေါက်တည်း ပြီး
အောင်လုပ်လို့မရနိုင်ပါဘူး။

📌 (Infection control)အမြစ်ထိပ်မှာ ရှိတဲ့ ပြည် နဲ့
ရောဂါပိုး တွေကို အရင်ထိမ်းချုပ်ပြီး မှ အမြစ်လမ်း
ကြောင်း တလျှောက် ဆက်ကုသပြီး
အပြီးသတ်ပိတ်ဖါနိုင်တဲ့ အဆင့်ရောက်မှာပါ။
အနည်းဆုံး ၃ ခေါက်လောက် ဆေးခန်း ကို
သွားရနိုင်ပါတယ်။

✅(သွား နှင့်ခံတွင်းရောဂါဘေးမှ ကင်းစင်ဝေးကြပါစေ)

20/08/2022

✳️ AAE (American Association of Endodontists)
က Youtube မှာတင်ထားတဲ့ Video လေး ကို
ပြန်လည် မျှဝေပါတယ်။

✳️ Root Canal Treatment အကြောင်းနဲ့
Endodontist (Dental Specialist) အကြောင်း
ရှင်းပြထားတာလေးတွေ ပါဝင်ပါတယ်။

✳️ Video လေး ကို အဆုံးထိ ကြည့်ရှုပေးပါဦး

16/08/2022

Oral Mucocele (မြူကိုစီးလ်)
====================
📌 Mucocele သည် ပုံတွင် ပြထားသကဲ့သို့ နှုတ်ခမ်း နှင့် ပါးစပ် အတွင်းတွင်ဖြစ်လေ့ရှိသော တံတွေးဂလင်းအကြိတ်အဖု ဖြစ်သည်။

📌 များသောအားဖြင့် နှုတ်ခမ်းကို ကိုက်မိခြင်း၊ ပါးစပ်နှင့် နှုတ်ခမ်းတို့ကို ထိခိုက်မိခြင်း၊ သို့မဟုတ် တံတွေးဂလင်းငယ်လေးများ ပိတ်ဆို့သွား၍ အဖုအကြိတ်အဖြစ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

📌 အဖုကြိတ်လေး အတွင်းတွင် ပြစ်ချွဲအရည်များရှိနေပြီး ကင်ဆာကြိတ်ကဲ့သို့ ပြန့်ပွားခြင်း၊ အသက်အန္တရာယ်ပေးခြင်း မရှိသော (Benign) အမျိုးအစားဖြစ်ပါသည်။

📌 အဖြစ်များသော နေရာများမှာ အောက်နှုတ်ခမ်းနှင့် အပေါ်နှုတ်ခမ်း အတွင်းဘက်၊ ပါးစောင် အတွင်းဘက် များ နှင့် လျှာ အောက်ဘက်တို့ တွင်ဖြစ်သည်။

📌 အချို့Mucocele အကြိတ်ဖု မှာ ရက်သတ္တ ၁ ပတ်မှ ၃ ပတ် အတွင်းပျောက်သွားလေ့ ရှိသော်လည်း တချို့ကြီးသော အကြိတ်များမှာ မကြာခန ပြန်ဖြစ် တတ် သဖြင့် ခွဲစိပ်ဖယ်ရှားပစ်ရန် လိုအပ်ပါသည်။

✅ ထုံဆေး ဖြင့် ခွဲစိပ်ဖယ်ရှားနိုင်ပြီး နာကျင်မှုလဲ မရှိပါ။ အနာကျက်လည်း မြန်ပါသည်။ မကုသဘဲ ကြာမြင့်စွာထားခဲ့လျှင် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါသည်။

✅ ဖေါ်ပြပါပုံမှာ "ပုလဲသုခ" သွားနှင့်ခံတွင်း အထူးကုဆေးခန်းတွင် လာရောက်ကုသမှုခံယူသော လူနာတစ်ဦး၏ မခွဲစိပ်မှီ နဲ့ ခွဲစိပ်ပြီး ပုံဖြစ်ပါသည်။ မျက်နှာ မေးရိုးနှင့် ခံတွင်း ခွဲစိပ်အထူးကု ဆရာဝန် ဒေါက်တာ မင်းမင်းထိုက် ကိုယ်တိုင်တာဝန်ယူ ကုသပေးခြင်း ဖြစ်ပါသည်။

✳️ "ပုလဲသုခ" သွားနှင့်ခံတွင်း အထူးကုဆေးခန်းတွင် လူနာများခံစားနေရသော သွားနှင့်ခံတွင်းရောဂါ ဝေဒနာ အမျိုးအစားကို လိုက်၍ သက်ဆိုင်ရာ အထူးကုဆရာဝန်များမှသာ တာဝန်ယူ ကြပ်မတ်ကုသပေး ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

"သွားနှင့်ခံတွင်း ရောဂါဘေးမှ အစဉ်ကင်းဝေးကြပါစေ"

14/08/2022

ပန်းလှ Tea Shop က "မောင်လှ"ရဲ့
မေတ္တာဖြင့် ဧည့်ခံသော
လက်ဘက်ရည် နဲ့ ပဲပြုတ် နံပြား
----------------------------

✳️ "ပန်းလှ" လက်ဘက်ရည်ဆိုင် သည်
ကျနော်တို့ ဆေးခန်းနှင့် မဝေးလှသော
ကန်လမ်း မှာရှိသည်။

ကျနော် က ကန်လမ်း "ဓနုဖြူ ဒေါ်စောရီ" ထမင်းဆိုင်မှာ ထမင်းသွားစားတိုင်း ဆိုင်မျက်စောင်းထိုးရှိ ပန်းလှ လက်ဘက်ရည်ဆိုင်ကို စိတ်ဝင်စားမိသည်။
မန္တလေးသား မို့ ကျနော် လက်ဘက်ရည် အလွန်ကြိုက်သည်။ ဆိုင်ဝန်း က ကျယ်ပြီး သန့်ပြန့်နေသည်၊ ကားပါကင် ကောင်းသည်၊ ဆိုင် အနေအထား အပြင်အဆင် ကိုတော့ အပြင်က မို့ သိပ်ပြီး မမြင်ရ။ အားတဲ့ တနေ့ ဒီ ဆိုင်လေးမှာ လက်ဘက်ရည် လာသောက်ဦးမည်ဟု စိတ်ကူးခဲ့ဖူးသည်။
လက်တွေ့မှာတော့ အလုပ်ကများ၊ လမ်းမသင့်၍ မရောက်ဖြစ်ခဲ့ပါ။

လွန်ခဲ့ သည့်တစ်လ ကျော်က ကျနော့် ဆေးခန်း ကို လူငယ်လေး တစ်ဦး သွားလာပြပါသည်။ ထိုလူငယ်လေးသည် အသက် ၂၀ ခန့်ရှိပြီး အဝတ်အစားကို ရိုးရှင်းသေသပ်စွာ ဝတ်ဆင်ထားပါသည်။ အဖေါ်မပါ တစ်​ယောက်တည်း လာခြင်းဖြစ်သည်။ ကြည့်ရုံဖြင့် နယ်ကလာသော လူငယ်လေးမှန်းသိသာလှသည်။ သို့သော် သူ့ဝတ်စားဆင်ယင်ပုံ က သန့်ပြန့် သပ်ယပ်ပြီး Smart ကျသည်။ စိတ်ဝင်စားသဖြင့် အလုပ်အကိုင် နှင့် နေရပ်လိပ်စာ မေးကြည့်ရာ "ပန်းလှ လက်ဘက်ရည်ဆိုင်" မှာ အလုပ်လုပ်သော "မောင်လှ" ဟု သိရသည်။ ကျနော် ပိုစိတ်ဝင်စားသွားသည်၊ ဒီ ဆိုင်ကို သိထားပြီး ကျနော် မရောက်ဖြစ်သေး၊ ခုတော့ ဒီဆိုင်က ကလေးတစ်ယောက် သွားနာလို့လာပြသည်။ ကျနော် က သူ့လစာ ဝင်ငွေ တို့ ကိုပါ စပ်စုကြည့်မိသည်၊ အခြေခံလစာ နဲ့ နေ/စား ငြိမ်း ဖြစ်သည်။ ဝင်ငွေလစာ သိပ်မများလှပါ။ သူတို့ ဆိုင်အနီးနား က ဆေးခန်းတွေ ဘာကြောင့် မသွားလဲ မေးကြည့်မိတော့ သူက ပိုပြီး စိတ်ချချင်၍ ဆေးရုံမှာ လာပြကြောင်း ပြန်ဖြေသည်။

သူ့ သွားက မခံမရပ်နိုင်အောင် နာကျင် ကိုက်ခဲနေသဖြင့် ရောက်လာခြင်းဖြစ်သည်။
စမ်းသပ် စစ်ဆေးကြည့်သောအခါ သွား မှာ ပိုးစားနေပြီး အထဲမှ အာရုံကြောပါ ယောင်နေသဖြင့် မခံမရပ်နိုင် ကိုက်ခဲနေခြင်းဖြစ်သည်။

သွားကို နှုတ်ပစ်လျှင် တခါတည်း ပျောက်နိုင်သော်လည်း၊ အသက်အရွယ် ငယ်တာရော သွား၏ အနေအထားကောင်းနေသေးတာရော ကြောင့် သွားအကြောထုတ်ကုသလျှင် အောင်မြင်ဘို့ ၉၀% ကျော်ရှိပါသည်။ သို့သော် သွားအကြောထုတ်လျှင် (Root Canal Treatment) တစ်ခေါက်တည်း နဲ့ မပြီး၊ သူ့ အလုပ်က ထွက်ခွင့်ရတဲ့ အချိန် နဲ့ ဆေးခန်း ရက်ချိန်း အချိန် အဆင်ပြေဘို့လိုသည်။ ကုန်ကျစရိတ် အချို့လည်းရှိမည်။
သူ့ ကို သေချာရှင်းပြတော့ သူက ပိုကောင်းတဲ့ သွားအကြောထုတ် ကုသနည်းကို ရွေးပါသည်။ ကျနော် သူ့ခံယူချက် ကို ပိုလေးစားသွားသည်၊ ပြဿနာတစ်ခု ကို လတ်တလော နည်းလမ်းဖြင့် မဖြေရှင်းခြင်း အတွက် ဖြစ်သည်။

ကျနော် သူ့ကို မြင်ကတည်းက ခင်မင်ရင်းနှီးစိတ် ဖြစ်သဖြင့် ဆေးကုသစရိတ် အတော်များများ ကို Discount အဖြစ်လျှော့ပေးခဲ့ပါသည်။ သူက ဆေးဖိုးဝါးခ လျှော့ပေးသဖြင့် ကျေးဇူးတင်သော်လည်း အားနာသဖြင့် ပုံမှန်အတိုင်း ယူဘို့ ပြောရှာသည်။
ကျနော် က အားနာဘို့ မလိုကြောင်း ကုသမှုကို ပြီးစီးအောင် ရက်ချိန်း မှန်မှန်လာဘို့ အရေးကြီးကြောင်း ထပ်ရှင်းပြရသည်။

ဒီလို နဲ့ သူအား ကျနော် မအား၊ ကျနော် အား သူ မအား ရက်ချိန်း များ ကို ကုန်လွန်ကျော်ဖြတ်ရင်း
​လွန်ခဲ့သော အပတ် (Last week) က ကုသမှု အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ သူက ဆိုင်ကို လာပြီး လက်ဘက်ရည်သောက်ဖို့ ဖိတ်ပါသည်။ သူမျှော်နေကြောင်းလဲ ပြောပြပါသည်။ ကျနော်က လဲ အားသည့် အခါ လာခဲ့မည် ဖြစ်ကြောင်းသာ ပြောဖြစ်သည်။ သိပ်တော့ မသေချာ။
ဒီနေ့ မနက် ဆေးခန်းမှာ လူနာ ကြည့်ပြီးတော့ ဇနီးဖြစ်သူနဲ့ ဓနုဖြူ ဒေါ်စောရီ ဆိုင် မှာ နေ့လည်စာ ထမင်းစားဖြစ်သည်။ ဆိုင်ထဲမှ နေ၍ "ပန်းလှ" ကို လှမ်းမြင်တော့ မောင်လှ ကိုပါသတိရ သွားပြီး လက်ဘက်ရည် သောက်ချင်စိတ်ပေါက်လာသည်။ မိုးကလဲ သဲသဲမဲမဲ ရွာနေသည်။
ထမင်းစားအပြီး ဒေါ်စောရီ ဆိုင်နောက်ဘက်မှာ ကားကို ရပ်ထားခဲ့ပြီး ကားထဲမှ ထီးကိုယူကာ ဇနီးသည် နင့်အတူ ပန်းလှ ဘက်ခြမ်း လမ်းကူးလာခဲ့သည်။

ဆိုင် ကို လှမ်းမြင်ရတော့ အတော်ကျယ်ဝန်း သန့်ပြန့်တာ ကိုတွေ့ရပြီး သဘောကျသွားသည်။ ဆိုင်ဝန်ထမ်းလေးတွေက ပျူဌါစွာ ကြိုဆိုကြသည်။ ခုံလွတ် တခုမှာ ဝင်ထိုင်ရင်း အစားအသောက် Menu ကို ယူကြည့်တော့ အစားအသောက် အတော်စုံလင်တာ တွေ့ရသည်။ ။ ထမင်းစားပြီးခါစမို့ လက်ဘက်ရည် နှစ်ခွက် သာ မှာလိုက်သည်။

ဆိုင်ထဲ ကို ဝေ့ပြီး မောင်လှ ကို ရှာကြည့်မိသည်။ ခန အကြာ ကျနော့်ဘေးဘက် ခုံကို အစားအသောက်တွေ လာချရင်း မောင်လှ က ကျနော့် ကိုတွေ့ တော့ အံဩသွားပုံရသည်။ ကိုယ်ကို ကိုင်းပြီး လေးလေးစားစား နှုတ်ဆက်ရှာသည်။ သူက ဆေးခန်း လာစဉ် ကလို ရှပ်အင်္ကျီ ၊ ပုဆိုး တို့ နဲ့ မဟုတ်ဘဲ ဆိုင်ယူနီဖေါင်း ရွှေအိုရောင် ရှပ်၊ ဘောင်းဘီရှည် အနက်၊ အေပရွန် (Apron) တို့ဖြင့် ပိုပြီး smart ကျနေသည်။ ကျနော် က သူ့ ကို ပြန်နှုတ်ဆက်ရင်း ဆိုင်ကို လာအားပေးတာ ဖြစ်ကြောင်း ပြောဖြစ်သည်။
ခနကြာတော့ သူက ပဲနံပြား တစ်ပွဲ လာချပေးသဖြင့် ကျနော်က မမှာထားဘူး ပြောတော့ ဆရာ့ ကို ကျနော် ကျွေးချင်လို့ပါ လို့ ပြန်ပြောရှာသည်။ ဆရာ မစားလျှင် လက်မခံလျှင် ကျနော် စိတ်ကောင်းမှာ မဟုတ်ဘူးပြောတော့ ကျနော် ဝမ်းသာ ဝမ်းနည်း လက်ခံ လိုက်ရသည်။ ဗိုက် မဆန့်ပေမဲ့ သူကျေနပ်အောင် ပဲနံပြား တပွဲ ကို ကုန်အောင် နှစ်ယောက်မျှစားကြသည်။
လက်ဘက်ရည်ဘိုးတော့ ကိုယ့်ဖါသာ ရှင်းပါရစေကွာ ဆိုတော့ ဟုတ်ကဲ့ပါ ဆရာ ဟု ပြန်ပြောသည်။

ကျနော်တို့ လက်ဘက်ရည် သောက်ပြီး ပိုက်ဆံရှင်းရန် Bill တောင်းတော့ ကလေးမလေး တစ်ဦး က သူ့ Note tablet ထဲမှာ ရှာကြည့်ရင်း အားလုံး ရှင်းပြီးပါပြီဆရာ ဟု ပြောပါသည်။ ကျနော် အရမ်း အားနာသွားပြီး မောင်လှ ကို သွားခေါ်ခိုင်းတော့ မတွေ့ရတော့ပါ။ ပိုက်ဆံ ပြန်ပေးမည်စိုး၍ မောင်လှ ကိုယ်ယောင် ဖျောက် သွားပါပြီ။ ကျနော် ကျေးဇူးတင် အားနာသွားပြီး ကလေးမလေး ကို မောင်လှ အားကျေးဇူးတင်ကြောင်း ပြောပေးရန် အထပ်ထပ် သေချာမှာရင်း ဆိုင်ထဲ မှ ပြန်ထွက်ခဲ့သည်။ မိုး အနည်းငယ် စဲသွားပြီမို့ ကားရပ်ထား ခဲ့ရာ ဒေါ်စောရီ ဆိုင်ဘက် ပြန်ကူးလာခဲ့သည်။

အတွေးထဲမှာတော့ မောင်လှ ရဲ့ ဆေးခန်း လာစဉ်က ပုံရိပ် နဲ့ ဆိုင်မှာ တွေ့ခဲ့ရတဲ့ ပုံရိပ်လေးတွေ ကို မြင်​ယောင်နေမိသည်။

ဒီလူငယ်လေး မောင်လှ သည် အနေထိုင်ရိုးရှင်းသော်လည်း စိတ်နေစိတ်ထားမြင့်သည်။ အတွေးအခေါ်ကောင်းသည်။ တစ်နေ့ သူမျှော်မှန်းသော ဘဝရဲ့ အောင်မြင်မှု အထွဋ်အထိပ် တစ်နေရာသို့ ရောက်ရှိလိမ့်မည်ဟု ကျနော် အကြွင်းမဲ့ ယုံကြည်မိပါသည်။

"မောင်လှ တည်ခင်းဧည့်ခံသော လ္ဘက်ရည် နဲ့ ပဲနံပြား စားရပြီး ကျေးဇူးတင်လွန်းလှသဖြင့် ဤစာစုလေးနှင့် ချီးကျူး ဂုဏ်ပြုလိုက်ပါသည်"

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

"Root Canal Treatment" (သွားအကြောထုတ် ကုသခြင်း) လုပ်တုန်းကရိုက်ထားတဲ့Short Video Clip လေးပါ....(ဓါတ်ပုံတွေက Video ထဲမှာ ...

Category

Telephone

Website

Address


Thukha Gabar Hospital, Pyay Rood, Marlar Street
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Other Dentists in Yangon (show all)
Taw Win Htoo-Dental Clinic & Pharmacy Taw Win Htoo-Dental Clinic & Pharmacy
မြို့ဟောင်း (၄) လမ်း
Yangon

Dental Clinic & Pharmacy

Thu Khi Tar One Stop Dental Center Thu Khi Tar One Stop Dental Center
အမှတ်(၃၅)၊ မြေညီထပ်၊ သမိန်ဗရမ်းလမ်းနှင့် ဓမ္မဒါနလမ်းထောင့်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
Yangon, 11211

သင့်သွားကျန်းမာ💎”သုခိတာ”💎

Thazin Dental Clinic Thazin Dental Clinic
No. 621, KhayMarThi Road
Yangon

Medical & Health

Premium 4 myanmar dental Premium 4 myanmar dental
Yangon, 11111

KaungSu Dental Lab KaungSu Dental Lab
Yangon Northdagon
Yangon

Urban Dental Care Urban Dental Care
No. 29 B, Kyauk Yae Twin Street ( Side Of Ma Hlwa Gone St ) Kyauk Myaung Qtr, Tamwe Tshp
Yangon, 11211

Be Confident for Your Smile !! Enjoy Quality Care with Reasonable Price .

24hour dental clinic dentist doctor dr. latha Yangon Myanmar 24hour dental clinic dentist doctor dr. latha Yangon Myanmar
Super Star သွား ခံတွင်းအထူး, အမှတ်90. 19လမ်းအလယ် လသာရန်ကုန် ၂၄နာရီ, 09261192119. 09456707788. , Dental Clinic Dentist Drive Latha Yangn 24hour
Yangon

Super Star သွား ခံတွင်းအထူး အမှတ်90. 19လမ်းအလယ် လသာရန်ကုန် ၂၄နာရီ 09261192119. 09456707788. Dental

Htoo Family Dental Clinic Htoo Family Dental Clinic
အမှတ်(၂၆၄)၊စျ/(၃၃)၊(၁၀)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ‌ရွှေပြည်သာမြို့နယ်
Yangon, 11411

သင့်ရဲ့လှပတဲ့အပြုံးတွေကို(ထူးမိသားစုအထူးကု သွားဆေးခန်း)နှင့်အတူ ထိန်းသိမ်းပါ။

Wintergreen Dental Care Myanmar Wintergreen Dental Care Myanmar
No. 7, Shwe Gon Daing Road, Bahan Township
Yangon, 11201

Wintergreen Dental Care

Tooth Care Tooth Care
No. 68, Room(001), Lay Daung Kan Main Road, (Beside Junction Zawana), Thingangyun T/S
Yangon

Sanpya သွားနှင့်ခံတွင်းဆေးခန်း Sanpya သွားနှင့်ခံတွင်းဆေးခန်း
No. 383 B1, Ngamoeyiek 6th Street, Ngamoeyiek Quarter, Thingankyun Township, Near Sanpya Market
Yangon

သွားနှင့်ခံတွင်းရောဂါများနှင့် သွားအလှအပဆိုင်ရာများ ဆွေးနွေးတိုင်ပင်နိုင်ပါသည်

ROYAL DENT STAR Aesthetic Dental , Implant & Orthodontic Clinic ROYAL DENT STAR Aesthetic Dental , Implant & Orthodontic Clinic
Building No 154, 1st Floor, Bogyoke Aung San Main Road , In Front Of 46st, Pazuntaung Township
Yangon

ဈေးနှုန်းသင့်တင့်မျှတစွာ သွားစိုက် ၊သွားညှိ ကုသနိုင်ပါသည်။(ပိတ်ရက်မရှိပါ)