Intra Lifestyle Myanmar

For your life and your beauty, Intra is the solution. The Extract of 23 herbs, providing health solu

20/08/2024

အစ္စလာမ့် ယဉ်ကျေးမှုတွင် နောင်ဘဝဟူသော အမြင်သည် မွတ်စ်လင်မ်တို့အား သေခြင်းမဲ့သည့် နောင်ဘဝအဖြစ် မြင်စေပြီး လက်ရှိဘဝမှ နောင်ဘဝသို့ မကူးပြောင်းမီအလျှင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား ချစ်ခင်အားကိုးခြင်း၊ တာဝန်ကျေပွန်ခြင်း၊ ကောင်းမူ့ကုသိုလ်ပြုလုပ်ခြင်း၊ အလှူဒါနရက်ရောခြင်းဖြင့် နောင်ဘဝသို့ ချောချာချူချူ ကူးပြောင်းခွင့်ရနိုင်သဖြင့် သေခြင်းဟူသည် ဘဝကူးပြောင်းခြင်းပင်ဖြစ်သည်။ ဤအမြင်သည် သေခြင်းတရားကို မကြောက်နိုင်တော့သဖြင့် ဘဝကူပြောင်းခြင်းသည် လွယ်ကူသွားမည်ဖြစ် သည်။

29/06/2024

အလုပ်ကို အံ့သြဖွယ်ကောင်းလောက်အောင် လုပ်တတ်ပြီး စကားနည်းနည်းပဲပြောတတ်တဲ့ ခေါင်းဆောင်ကောင်း

ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်တော်တော်များများဟာ သူတို့ရဲ့ အရေးပါပုံ၊ ထိရောက်မှု၊ အသုံးဝင်ပုံ၊ ခွန်အားနဲ့ တန်ခိုးအာဏာတွေအကြောင်း ဝါကြွားလေ့ ရှိကြပါတယ်။ ဒါပေမဲ့ အများအားဖြင့် သူတို့ဟာ မြေပြင်ပေါ်မှာ သို့မဟုတ် ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူတို့ရဲ့ တကယ့် တန်ဖိုးနဲ့ စွမ်းဆောင်ချက်တွေကို ပြသဖို့ ပျက်ကွက်တတ်ကြပါတယ်။ တကယ်တော့ ထိရောက်ပြီး ပြတ်သားတဲ့၊ တန်ခိုးအာဏာရှိတဲ့ ခေါင်းဆောင်တွေဟာ စကားနည်းနည်းပဲ ပြောပြီး လူတွေကို အံ့သြဖွယ်ကောင်းလောက်အောင် စွမ်းဆောင်ချက်တွေ ပြသတတ်ကြပါတယ်။ ဒီထူးခြားတဲ့ ခေါင်းဆောင်တွေက ဘယ်သူတွေလဲဆိုတာ သိချင်ရင်တော့ သူတို့ရဲ့ အဓိက နည်းဗျူဟာတွေကို လေ့လာဖတ်ရှုပါ။

၁။ စံနမူနာဖြစ်အောင် ခေါင်းဆောင်ခြင်း။

စကားနည်းနည်းပဲပြောပြီး အံ့သြဖွယ်ကောင်းလောက်အောင် အလုပ်လုပ်တတ်တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ စံနမူနာအဖြစ် ခေါင်းဆောင်မှု၏ စွမ်းအားကို သူတို့ကောင်းကောင်း နားလည်ပါတယ်။ သူတို့ဟာ အလုပ်ကြိုးစားပါတယ်ဆိုတဲ့ စိတ်နေစိတ်ထား၊ အားထုတ်မှုနဲ့ အကောင်းဆုံးလုပ်ဖို့ ကတိကဝတ်ကို အမြဲတမ်း ပြသခြင်းအားဖြင့် မိမိတို့ ပြည်သူတွေအတွက် လမ်းညွှန်မှုပေးပါတယ်။ အကျိုးမဲ့ စကားလုံးတွေ သို့မဟုတ် ကတိကဝတ်တွေအပေါ် မှီခိုမနေဘဲ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက သူတို့ကိုယ်စား ပြောပြနေပါတယ်။ သူတို့ဟာ ပထမဦးဆုံး ရောက်ရှိလာတဲ့သူဖြစ်ပြီး နောက်ဆုံး ထွက်ခွာသွားတဲ့သူဖြစ်ပါတယ်။ အမြဲတမ်း သူတို့အသင်းနဲ့အတူ လက်တွဲလုပ်ကိုင်ဖို့ အသင့်ရှိနေပါတယ်။ အခြားသူတွေထံက မျှော်လင့်ထားတဲ့ တန်ဖိုးတွေနဲ့ အပြုအမူတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပြသခြင်းအားဖြင့် သူတို့ရဲ့ အသင်းကို လိုက်ပါလုပ်ဆောင်ဖို့နဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ဖို့ စိတ်ဓာတ်တက်ကြွစေပါတယ်။

၂။ မိမိ လက်အောက်ငယ်သားနှင့် မိမိရဲ့အသင်းကို လုပ်ပိုင်ခွင့်အာဏာပေးပြီး ယုံကြည်မှုထားခြင်း။

စကားနည်းနည်းပဲပြောတဲ့ ထိရောက်တဲ့ခေါင်းဆောင်တစ်ယောက်ဟာ အသင်းကို လုပ်ပိုင်ခွင့်အာဏာပေးဖို့နဲ့ ယုံကြည်မှုထားဖို့ အရေးကြီးတာကို သိရှိနားလည်ပါတယ်။ အသေးစိတ်ကြီးကြပ်ခြင်းနဲ့ အမြဲတမ်းဝင်ရောက်စွက်ဖက်နေခြင်းဟာ ဖန်တီးမှုနဲ့ ထုတ်လုပ်နိုင်စွမ်းကို ဟန့်တားနိုင်တယ်ဆိုတာ သူတို့ နားလည်ပါတယ်။ ဒီအစား သူတို့ရဲ့ အသင်းကို အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ၊ သင်ကြားမူ့ကိရိယာတွေနဲ့ အထောက်အပံ့တွေ ပေးပြီး နောက်ပြန်ဆုတ်ကာ မိမိနောက်လိုက်တွေအတွက် အလုပ်တွေကို လုပ်ခွင့်ပြုပေးပါတယ်။ မိမိ နောက်လိုက်တွေ အသင်းသားတွေရဲ့ စွမ်းရည်တွေကို ယုံကြည်မှုထားပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချမှတ်ခွင့်၊ ပြဿနာတွေကို လွတ်လပ်စွာ ဖြေရှင်းခွင့်တွေ ပေးထားပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အသင်းသားတွေအကြား တာဝန်ခံယူမှု၊ စိတ်ဓာတ်တက်ကြွမှုနဲ့ အလုပ်ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

၃။ မဟာဗျူဟာကျကျ တွေးခေါ်တတ်ပြီး ဆုံးဖြတ်ချက်ချမှတ်တတ်ခြင်း။

အလွန်အကျွံစကားများများ မပြောဘဲ အံ့သြဖွယ် အလုပ်လုပ်တတ်တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ပုံမှန်အားဖြင့် မဟာဗျူဟာကျကျ တွေးခေါ်တတ်သူနဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ရဲရင့်ပြတ်သားတတ်သူ ဖြစ်ပါတယ်။ သူတို့မှာ မိမိအဖွဲ့အစည်းအတွက် ရှင်းလင်းတဲ့ မျှော်မှန်းချက်ရှိပြီး ရှုပ်ထွေးပြီး ဖြစ်ရပ်တွေကို ဆန်းစစ်ရာမှာ၊ အခွင့်အလမ်းတွေကို ရှာဖွေရာမှာနဲ့ စိန်ခေါ်မှုတွေကို ကြိုတင်မြင်နိုင်ရာမှာ ကျွမ်းကျင်ပါတယ်။ သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို စုဆောင်းပြီး မိမိ လက်ထောက်တွေ၊ မိမိအသင်းထံက အကြံဉာဏ်တွေ ရယူကာ အချိန်နဲ့တပြေးညီ အကောင်းဆုံး ဆုံးဖြတ်ချက်တွေချမှတ်ပါတယ်။ လိုအပ်လာရင် စဉ်းစားတွက်ချက်ထားတဲ့ စွန့်စားမှုတွေ လုပ်ဖို့လည်း မဆိုင်းမတွဘဲ ဆုံးဖြတ်ပြောင်းလဲနိုင်တဲ့ အခြေအနေအလိုက် သူတို့ရဲ့ မဟာဗျူဟာကို ပြောင်းလဲဖို့လည်း တတ်နိုင်စွမ်းရှိပါတယ်။ ပြတ်သားခြင်းနဲ့ မဟာဗျူဟာဆောင်သောစိတ် ဖြစ်ပေါ်လာခြင်းတွေဟာ သူတို့ရဲ့ ပြည်သူတွေ သူတို့ရဲ့ အသင်းသားတွေကို အာရုံစိုက်ပြီး ရှေ့ဆက်ဖို့ ကူညီပေးပါတယ်။

၄။ ထိရောက်တဲ့ ဆက်သွယ်ခြင်းနဲ့ နားထောင်တတ်ခြင်း။

စကားနည်းနည်းပဲ ပြောတတ်တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ အရမ်းပြောတတ်သူ မဟုတ်တော့ပေမဲ့ ထိရောက်တဲ့ ဆက်သွယ်ခြင်းနဲ့ တက်ကြွစွာ နားထောင်တတ်ခြင်းရဲ့ အရေးကြီးပုံကိုတော့ နားလည်ပါတယ်။ သူတို့ စကားပြောတဲ့အခါ ပြောတဲ့ စကားတွေဟာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ၊ လမ်းညွှန်မှုတွေနဲ့ မိမိရဲ့ နောက်လိုက်တွေ နဲ့ မိမိအသင်းကို စိတ်ဓာတ်တက်ကြွအောင်လုပ်ဖို့ သေချာစီစစ်ထားတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ သူတို့မှာ မျှော်မှန်းချက်ကိုပြောပြနိုင်တဲ့၊ ရှင်းလင်းတဲ့ မျှော်မှန်းချက်တွေကို ပေးနိုင်တဲ့၊ တည်ဆောက်ပေးနိုင်မယ့်၊ အကြံပြုချက်တွေပေးနိုင်တဲ့ ကျွမ်းကျင်မှုရှိပါတယ်။ ထို့အပြင် သူတို့ဟာ ဂရုတစိုက် နားထောင်သူတွေလည်း ဖြစ်ပြီး အသင်းသားတွေရဲ့ အကြံဉာဏ်၊ စိုးရိမ်ပူပန်မှုနဲ့ အကြံပြုချက်တွေကို ကြားသိရဖို့ကိုလည်း စိတ်ပါဝင်စားစွာ နားထောင်ပါတယ်။ ပွင့်လင်းတဲ့ ဆက်သွယ်မှုနဲ့ တက်ကြွစွာ နားထောင်မှုဆိုတဲ့ ယဉ်ကျေးမှုကို ဖန်တီးပေးခြင်းအားဖြင့် သူတို့ရဲ့ လက်အောက်ငယ်သားတွေ နဲ့ သူတို့ရဲ့ အသင်းအတွင်းမှာ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်လေးစားမှုတွေ မြင့်မားလာစေပါတယ်။

ဒေါက်တာမော်လာနာအက်ဘရ်ရှားဟ်

02/02/2024

ယိုယွင်းယိမ်းယိုင်သွားသော နိုင်ငံတော်ကြီး၏ အခြေခံသဘောကို စမ်းစစ်ခြင်း
ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို ပြန်လည်တည်ထောင်ခြင်း

သတိထားသင့်သည်မှာ အိုပြည်သူတို့……မိမိတို့၏ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို မိမိတို့ ကိုယ်တိုင် သာ တည်ဆောက်နိုင်စွမ်းရှိပြီး ၎င်းအောင်မြင်တဲ့ နိုင်ငံတော်ကြီးသည် အုပ်ချုပ်သူကြောင့်မဟုတ်ပဲ၊ နိုင်ငံသားများ၏ ကြိုးပမ်းအားထုတ်မူ့ကြောင့်ဖြစ်သည်။ နိုင်ငံတော်ရဲ့ အောင်မြင်မူ့သည် အဲဒီနိုင်ငံ၏ မြင့်မား တဲ့ ငွေကြေးတန်ဖိုးကြောင့်မဟုတ်ပဲ၊ အဲဒီနိုင်ငံရှိ ပြည်သူတွေရဲ့ ကောင်းမွန်တဲ့ စာရိတ္တမဏ္ဍိုင် နဲ့ ပညာတတ်တဲ့ ပြည်သူတွေကြောင့် သာဖြစ်ပါတယ်။

ရောဂါ ဖြစ်စဉ်တစ်ခု၏ စစ်တမ်း အမှားများကြောင့် ထိုရောဂါ၏ အခြေအနေသည် တိုးတက်လာဖို့ရန် ခက်ခဲနိုင်သလို လုပ်ငန်းတစ်ခု၏ အမှားများအတွက် ဖြေရှင်းချက်သည် မသင့်တော်သည့်အခါ ၎င်းလုပ်ငန်း သည် မတိုးတက်တော့ဘဲ ပျက်စီး ဆုံးရှုံးရတတ်ပါသည်။ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေပြီး ရာစုနှစ်တိုင်အောင် ဖြစ်ပျက်နေသည့် ပြည်တွင်းစစ်၊ အုပ်ချုပ်သူတို့၏ လောဘဒေါသမောဟ၊ မာန်မာန၊ ဉစ္စာပစ္စည်းတက်မတ်စိတ်၊ အာဏာကို ဖက်တွယ်နေသည့်စိတ်၊ ပြည်သူလူထု့၏ ဆင်းရဲနှုံချာမွဲတေမူ့၊ သားတကွဲ၊ မယားတကွဲ၊ အိုးအိမ် ပျက်ယွင်း၊ စစ်ပြေးဒုက္ခသည်အဖြစ် ဒုက္ခ ပွားများနေရခြင်းသည် နှစ်ပေါင်း ရာချီနေပြီ ဖြစ်သော်လည်း မှန်ကန်သည့် ကုသမူ့ မရှိခဲ့သဖြင့် ယနေ့တိုင် ဆိုးကျိုးများကို ဆက်လက် ခံစား နေရပါသည်။

အဆိုပါ ပြဿနာများကို ပညာရှင်အများစု၏ သတိပေးချက်များ၊ စာပေဆောင်းပါးများထဲတွင် ထောက်ပြ၊ ဖော်ပြထားသည့် ဖြေရှင်းချက်များဖြင့် ကုစားကြသော်ငြားလဲ တိုးတက်လာသည့် အပြောင်းအလဲမရှိသည်ကို တွေ့ရပါသည်။ အဆိုပါ တိုးတက်ပြောင်းလဲမူ့ မဖြစ်လာခြင်း၏ အကြောင်းအရင်းမှာ ထိုပြဿနာများကို ဖြစ်စေနိုင်သည့် အကြောင်းတရားများကို ကိုင်တွယ်ခြင်းမရှိဘဲ ပြဿနာများ၏ လက္ခဏာများကိုသာ အာရုံစိုက်နေခြင်းကြောင့် ဖြစ်ပါသည်။ သဘောမှာ လူတို့သည် ဖြစ်ပျက်နေသော အခက်အခဲများကိုသာ အာရုံစိုက်ပြီး လူ့ဘောင်နှင့် လူ့ယဉ်ကျေးမှု့များ ပျက်ပြား စေတတ်သော ပြဿနာ၏ အကြောင်းတရားများကို ရှာဖွေနိုင်ခြင်း မရှိသည့် အတွက် ဖြစ်ပါသည်။

ယနေ့မြန်မာပြည်သူတို့သည် ဖွံ့ဖြိုးမှုနှေင့်နှေးခြင်း ၊ စိတ်ဝမ်းကွဲခြင်း ၊ အနိုင်ကျင့်အုပ်စိုးခြင်း ၊ ဖိနှိပ်ခြင်း ၊ တရားမျှ တမှုမရှိခြင်း ၊ ဆင်းရဲခြင်း ၊ အသိဉာဏ်‌ခေါင်းပါးခြင်း ၊ ရောဂါထူပြောခြင်း စသည့် ပြဿနာ မြောက်များစွာကို ရင်ဆိုင်နေကြရပါသည်။ တစ်ချိန်ထဲမှာပင် မြန်မာပြည်သားတို့သည် ပြည်သူ့အာဏာ ထိန်းသိမ်းခွင့်၊ စည်းလုံးညီညွတ်ခြင်းနှင့် တရားမျှတခြင်း တို့ကိုလည်း လိုလားကြပါသည်။ သို့သော်ငြားလည်း ပြည်သူအများစုသည် မိမိတိုင်ငံ၏ နိုင်ငံရေး၊ စည်းပွားရေး၊ ပညာရေး၊ နည်းပညာနယ်ပယ် အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်လိုချင်စိတ်၊ မိမိတို့ တိုင်းနိုင်ငံကို တိုးတက်အောင်မြင်သော တိုင်းနိုင်ငံအဖြစ် ရောက်ရှိအောင် စိတ်ကူးသာရှိကြပြီး၊ လက်တွေ့ပြုလုပ်လိုစိတ် အလျှင်း မရှိသေးသည်ကို တွေ့ရပါသည်။ ၎င်းအရာတို့သည့် မိမိတို့အတွက် လက်လှမ်း မမှီသေးသည့် စိတ်ကူးယဉ်မှုများ သာဖြစ်နေပါသလားဟု မေးစရာ ဖြစ်လာပါ သည်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်လွန်ပြီ ဖြစ်သော်လည်း၊ မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများနှင့် ရင်‌ဘောင်တန်းပြီး မြင့်မားသည့် လူနေမှုအဆင့်အတန်း၊ ပညာရေးနှင့် ကျန်းမာရေး အခြေခံများရှိသည့် နိုင်ငံဖြစ်လိုသည့် ပြည်သူတို့၏ စိတ်ဆန္ဒသည် ယခုတိုင်အောင် ဖြည့်စည်း နိုင်ခြင်းမရှိပါ။

ယနေ့ အုပ်ချုပ်သူတို့ ပြုလုပ်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် ပိုမိုနက်နဲ ကျယ်ပြန့်သည့် အကြောင်းအရင်းများ၏ လက္ခဏာများကိုသာ ကိုင်တွယ်နေခြင်းဖြစ်ပါသည်။ ပြဿနာများ၏ ဇစ်မြစ် ဖြစ်သည့် ပညာရေးကို ကိုင်တွယ်ရန် သတိမမူသေးသည်ကို တွေ့ရပါသည်။ ဲ
လူတစ်ယောက် ဆင်းရဲခြင်း၊ အစာအသောက်မရှိသဖြင့် ထောက်ပံ့ခြင်းသည် တခဏသာအတွက်ဖြစ်ပြီး ထိုသူကို လက်မူ့ပညာ သက်မွေးဝမ်းကြောင်းမူ့ပညာ သင်ကြားအထောက်အပံ့ပေးခြင်းသည် ထိုသူအတွက် တစ်သက်စာ အထောက်အပံ့ဖြစ်စေပါသည်။ ပညာရေးကို အားစိုက်ရမှန်း သတိမရှိသည့် အုပ်ချုပ်သူတို့နှင့် တိုင်းသူပြည်သားတို့သည် ခေတ်ပညာ၊ နည်းပညာ၊ ဘာသာရေးပညာ၊ တရားမျှတမူ့၊ လူသားခြင်းစာနာမူ့ စသည့် အသိကင်းတတ်ပြီး တကိုယ်ကောင်းဆန်ခြင်း၊ အတ္တဝါဒ၊ မင်းမဲ့စရိုက်၊ လောဘ၊ ဒေါသ၊ မောဟ၊ မန်မာန၊ မထိန်းနိုင်ခြင်းတို့ ဖြစ်တတ်ပြီး ငါတကော ကောတတ်ကြသည်။ ထိုသို့သော် ပြည်သူ အများစုရှိသည့် တိုင်းနိုင်ငံတို့တွင် အထူးသဖြင့် အုပ်ချုပ်သူ လူတန်းစားတို့တွင် ထိုသို့သော် စိတ်ထားမျိုးရှိပါက ထိုနိုင်ငံသည်၊ ပျက်စီးယိုယွင်းခြင်းမှအပ အခြား မရှိနိုင်တော့ပြီ။ မြန်မာနိုင်ငံ၏ အခြေအနေသည် ဤသဘော မျိုး ဟုဆိုက ဆိုထိုက်ပေသည်။

ခေတ်အဆက်ဆက်တွက် နောက်ကျကျန်နေခြင်းသည် စွမ်းဆောင်ရည် အားနည်းခြင်းကို မီးမောင်းထိုးပြ နေပါသည်။ ဤအခြေအနေသည် မိမိတို့၏ တွေးခေါ်မျှော်မြင်နိုင်မူ့ အားနည်းချက်များ၊ ပုံပျက်နေသည့် အမြော်အမြင်များနှင့် လုပ်နည်းကိုင်နည်း အမှားများကြေင့် ဖြစ်တည်လာသည့် စိတ်ဓါတ်လှုံ့ဆော်မှု အားနည်းခြင်း ရောဂါများသာ ဖြစ်ပါသည်။ ၎င်းရောဂါသည် ပြည်သူတို့၏ အသိအမြင်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံ ပုံပျက်ခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဤရောဂါကို ကုသရန်အတွက် မိမိတို့ ပြည်သူလူထု ၏ စိတ်နေသဘောထားများကို သိရှိနားလည်ပြီး ပြုပြင်ပြောင်းလဲရန် အားထုတ်ရန် လိုအပ်ပါသည်။ သို့မှသာလျှင် မြန်မာနိုင်ငံသားတို့သည် နိုင်ငံရေး ၊ စီးပွားရေး ၊ သိပ္ပံပညာနှင့် နည်းပညာ နယ်ပယ်များတွင် နောက်ကျကျန်ရစ်စေသည့် အတွေးအခေါ် အမြော်အမြင်များကို ဖယ်ရှားပစ်နိုင်မည် ဖြစ်ပါသည်။

ပွင့်ပွင့်လင်းလင်း ဝေဖန်ရမည်ဆိုလျှင် မိမိတို့သည် အနာဂတ် ရည်မှန်းချက် ပျောက်ဆုံးနေပြီး အလုပ် အနည်းဆုံး လုပ်ကာ ရှင်သန်ချင်နေချင်ကြပါသည်။ ဘာကြောင့်ဒီလို ဖြစ်ရတာပါလဲ? အဘယ်ကြောင့်ဆိုသော် မိမိတို့ သိသင့်သည်မှာ လောကကြီးတွင် လူသားတို့၏ တိုးတက်အောင်မြင်ဖြစ်ထွန်းမှုကို ၎င်းတို့၏ လူ့စွမ်းအား ၊ အသိပညာ အတတ်ပညာ တတ်ကျွမ်းမှုနှင့် စဉ်းစားဆင်ခြင်နိုင်သည့် အရည်အသွေးများ အပေါ်မူတည်ပြီး တိုင်းထွာကြပါသည်။ စိတ်မကောင်းစွာပင် ဤအရည်အသွေးများ မိမိတို့တွင် မရှိသလောက် ပျောက်ဆုံးနေကြပါသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သလို အုပ်ချုပ်သူ အဖွဲ့အစည်း တစ်ခုတည်း ၏တာဝန်သာ မဟုတ်ပါ။ အုပ်ချုပ်သူများ မတော်မတရားလုပ်လာလျှင် တိုင်းသူပြည်သားအပေါင်း စုပေါင်း ပြီး အာဏာရှင်ကို ဖြုတ်ချသည့် သမိုင်း အထောက်အထားသည် ကမ္ဘာပေါ်တွင် များစွာရှိသလို၊ ယနေ့နိုင်ငံ အတော်များများတွင် အာဏာရှင်ကို ဖြတ်ချရန် ကြိုးပမ်းနေသည့် တော်လှန်သော ပြည်သူအများ၏ ကြိုးပမ်း မူ့ကိုလည်း တွေ့နိုင်ပါသည်။ သို့သော် သတိထားသင့်သည်မှာ နောင်တက်လာမည့် အုပ်ချုပ်သူတိုင်းသည် လည်း ပညာတတ်များ ဖြစ်ရန် လိုအပ်သလို၊ အုပ်ချုပ်သူတိုင်းသည်လည်း မေတ္တာ၊ စေတနာ၊ သဒ္ဒါ၊ တရာ လက်ဝယ်ထားတတ်သူများ၊ ပြည်သူကို မိမိ၏ ရင်သွေးသကဲ့သို့ စောင့်ရှောက်လိုသည့် စိတ်ဓါတ်ရှိသူများ ဖြစ်ရန်လည်း လိုအပ်သဖြင့် တိုင်းပြည်၏ အချုပ်အချာ အာဏာကို သတိဝိရိယဖြင့် စိတ်ရင်းစေတနာ ကောင်းသော ပညာတတ် သူများထံ အပ်နှင်းရန် မမေ့အပ်ပါ။

ဖွံ့ဖြိုးတိုးတက်ခဲ့နေသော နိုင်ငံတော်ကြီးများသည် မိမိတို့တိုင်းနိုင်ငံရှိ ပြည်သူပြည်သား၏ ပညာရေး ဘတ်ဂျက်အတွက် နိုင်ငံတော်၏ ဝင်ငွေမှ ၆၅ ရာနှုံးကို အသုံးချကြသည်ကို တွေ့ရသည်။ ပြည်သူအများစု ပညာတတ်မှ နိုင်ငံတော်တွင် လိုအပ်သည့် လူကောင်းလူတော်များကို မွေးထုတ်နိုင်ပြီး သူတို့သည် နိုင်ငံ၏ အုပ်ချုပ်ရေး၊ လူမူ့ရေး၊စီးပွားရေး အစရှိသည့် နေရာတိုင်းတွင် ဉီးဆောင်ဉီးရွက်ပြုနိုင်မည်ဖြစ်ပြီး သူတို့သည် နိုင်ငံတော်ကြီးကို တိုးတက်အောင်မြင်သော နိုင်ငံအဖြစ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အထူးသဖြင့် ဂျပန် နိုင်ငံသည် ဒုတိယ ကမ္ဘာစစ်အပြီး ပြာပုံကျသွားသော နိုင်ငံဖြစ်ပြီးနောက် သူတို့သည် ပညာရေးတွင် ၆၅ ရာခိုင် နှုံး ပညာရေးတွင် သုံးပြီး ကလေးများကို ငယ်စဉ်မှ စကာ ယဉ်ကျေးမူ့၊ ဂတိသစ္စာ တည်ကြည်မူ့၊ သူတစ်ပါး အခွင့်အရေးကို လေးစားမူ့ စသည်တို့ကို အထူးကြပ်မတ် သင်ကြားပေးပါသည်။ ယနေ့ ဂျပန်နိုင်ငံသည် ကမ္ဘာ ပေါ်တွင် သိက္ခာအရှိဆုံး၊ စီးပွားရေး အကောင်းဆုံး၊ နိုင်ငံဖြစ်သည်ကို သတိထားမိလိမ့်မည်။

သဘောမှာ နိုင်ငံသားအားလုံးကို ပညာမသင်မနေရ အမိန့်အပြင်၊ ၎င်းတို့ကို အဆင့်မြင့် ပညာရပ်များ သင်နိုင် ရန် ပညာသင်ထောက်ပံ့ရေးပေးခြင်း၊ ပညာတတ်များအား တိုင်းပြည်၏ အရေးပါသော လုပ်ငန်းများတွင် တာဝန်ပေးခြင်း၊ အဆင့်အတန်း ဘာသာ ခွဲခြားမူ့ မပြုခြင်း၊ စသည်တို့ကို လုပ်ကိုင်ပေးနိုင်ပါက၊ မိမိတို့သည် အမှန်တကယ်ပင် လူတိုင်း၏ တန်ဖိုးတစ်ခုချင်းစီကို သိမြင်လာနိုင်ပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာ နိုင် မည်သို တွေ့မြင်နိုင်မည်ဖြစ်သည်။

အထူးသဖြင့် နိုင်ငံသားတိုင်းသည် မိမိတို့၏ ဘာသာတရားများ၏ သင်ကြားပြသထားသည့် လမ်းညွှန်မူ့များကို ဂရုတစိုက် လိုက်နာခြင်း၊ မိမိတို့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မူ့များကို သင်ယူခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ဝိဉာဉ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်များ၊ ကိုယ်ပိုင်သမိုင်းနှင့် မိမိတို့၏ မြင့်မားလှသော ယဉ်ကျေးမူ့ကို နက်ရှိုင်း စွာ လေ့လာလိုက်စားပါက မိမိတို့သည် အလွန်တိုးတက်သော ယဉ်ကျေးမူ့ မြင့်မားသော နိုင်ငံတော်ကြီးကို ပြန်လည်တည်ထောင်နိုင်မည်ဖြစ်သည်မှာ သံသယဖြစ်နိုင်ဖွယ် မရှိတော့ပါ။

သတိထားသင့်သည်မှာ အိုပြည်သူတို့……မိမိတို့၏ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို မိမိတို့ ကိုယ်တိုင် သာ တည်ဆောက်နိုင်စွမ်းရှိပြီး ၎င်းအောင်မြင်တဲ့ နိုင်ငံတော်ကြီးသည် အုပ်ချုပ်သူကြောင့်မဟုတ်ပဲ၊ နိုင်ငံသားများ၏ ကြိုးပမ်းအားထုတ်မူ့ကြောင့်ဖြစ်သည်။ နိုင်ငံတော်ရဲ့ အောင်မြင်မူ့သည် အဲဒီနိုင်ငံ၏ မြင့်မား တဲ့ ငွေကြေးတန်ဖိုးကြောင့်မဟုတ်ပဲ၊ အဲဒီနိုင်ငံရှိ ပြည်သူတွေရဲ့ ကောင်းမွန်တဲ့ စာရိတ္တမဏ္ဍိုင် နဲ့ ပညာတတ်တဲ့ ပြည်သူတွေကြောင့် သာဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဒေါက်တာ မော်လာနာ အက်ဘရ်ရှားဟ်
အိုင်အိုင်ယူအမ်

28/01/2024

ယနေ့ မြန်မာနိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေသော တိုင်းသူပြည်သားတိုင်း မဖြစ်မနေနားထောင်သင့်သော အစီအစဉ်ဖြစ်သည်။ ဘာကြောင့်ဆိုတော့၊ တမန်တော်မြတ်က နှစ်ပေါင်း ၁၃၀၀ ကျော် တည်မြဲခဲ့တဲ့ တိုင်းနိုင်ငံတော်ကြီးကို စတင်ပြီး တည်ဆောက်ပေးခဲ့တာပါ။ တော်လှန်ရေး အဖွဲ့ကလေးတစ်ခုကနေ ပြောင်မြောကတဲ့ သူ့ရဲ့ စစ်ရေး နည်းစနစ်တွေကြောင့်ရောမနဲ့ ဆဲစဲမင် အင်ပါယာကြီးတွေကအစ လက်မြောက် အရှုံးပေးခဲ့ရတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်ပေးခဲ့တဲ့ အာဂ လူသား အစ္စလာမ့် တမန်တော် တစ်ယောက်ဖြစ်ပါတယ်။ သမိုင်းကို ပြန်ကြည့်လို့ အဆင်ပြေရင်၊ လက်ခံတယ် ဆိုရင်၊ အိုကေရင်တော့ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

To increase your trust Level, who should be next to you#motivation 24/01/2024

https://www.youtube.com/shorts/o8upAivzhwc
အသင့်ရဲ့ ယုံကြည်မူ့ အဆင့်အတန်းကို မြှင့်တင်ဖို့အတွက် အသင့်အနားမှာ
ရှိသင့်တဲ့သူတွေကာ ဘယ်သူတွေလဲ၊????????

To increase your trust Level, who should be next to you#motivation

21/01/2024

လူတို့၏ ဆုံးရှုံးမူ့သည် အဂတိ တရား ၄ ပါး ကို ကျူးလွန်ကြသဖြင့် အကြောင်းခံလေသည်။ ၎င်း အဂတိရားလေးပါးမှာ၊ (၁) ဆန္ဒာဂတိ (၂) ဒေါသာဂတိ (၃) မောဟာဂတိ (၄) ဘယာဂတိ) တို့ကြောင့် ဖြစ်သည်။ ဆန္ဒာဂတိ ဟူသည် ကိလေသာဆန္ဒကြောင့် မလုပ်အပ်သည့် လိုက်လျှော်မူ့များ လုပ်သဖြင့် လူပုံအလည် ဆုံးရှုံးမူ့ဖြစ်လေသည်။ ဒေါသဂတိဟူသည် ဒေါသအဟုန်ဖြင့် အမှားများ ဆက်တိုက်ကျူးလွန်ခြင်းဖြင့်လည်း လူပုံအလည် ဆုံးရှုံးမူ့ဖြစ်လေသည်။ မောဟာဂတိဟူသည် အသိတရားကင်းမဲ့မူ့ကြောင့် အမှားများ ဆက်တိုက်လုပ်လာသဖြင့် လူပုံအလည် ဆုံးရှုံးမူ့ဖြစ်လေသည်။ နောက်ဆုံး ဘယာဂတိဆိုသည်မှာ ကြောက်ရွံ့ထိတ်လန်းမူ့ကြောင့င် မလုပ်သင့် မလုပ်ထိုက်သည်ကို လုပ်ခြင်းဖြင့် လူပုံအလည် ဆုံးရှုံးမူ့ဖြစ်လေသည်။ သို့ဖြင့် အဂတိဟူသည် လိမ်လည်လှည့်ဖျားခြင်းတစ်ခုတည်းမဟုတ်ပဲ၊ အဆိုပါ လုပ်ရပ်အားလုံး သို့မဟုတ် တစ်ခုခုကို ကျူးလွန်ခြင်းသည် အဂတိတရား ကျူးလွန်ခြင်းဖြစ်ပြီး၊ သို့ဖြစ်ပါက မိမိ၏ နိဂုံးသည် မိမိကိုယ်တိုင်သာ စဉ်းစားကြည့်က ကုန်လော့။

ဘာသာတရားများ အဆုံးအမများကို ရည်ညွှန်းလျှက်
ဒေါက်တာ မော်လာနာ အက်ဘရ်ရှား၊ ဉီးထွန်းအောင်
အိုင်အိုင်ယူအမ်

14/01/2024

JINN

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
01221

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)