Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း

ကျွမ်းကျင်စွာတက်မြောက်စေဖို့ central မှတာဝန်ယူသင်ကြားပေးပါမယ်❤

22/10/2023

ကျောနာ၊ ခါးနာတွေကို ပျောက်ကင်းစေနိုင်တဲ့ အိပ်စက်နည်း အနေအထား (၄)မျိုး

ကျောနာ၊ ခါးနာတွေကို အများဆုံး ခံစားရစေတာကတော့ မွေ့ရာကြောင့် နဲ့ အိပ်စက်ပုံမမှန်တာကြောင့် ဖြစ်ပါတယ်။။ဒါကြောင့် ညဘက်အိပ်တဲ့အခါမှာ သေချာ ဂရုတစိုက်နဲ့ အိပ်ပေးတာဖြစ်ဖြစ် ၊ အိပ်ပုံအနေအထားမှန်အောင် အိပ်တာဖြစ်ဖြစ် လုပ်ပေးပါ။အိပ်ပုံအနေအထားမှန်ရက်နဲ့ မခံမရက်နိုင်အောင် နာနေရင် နားလည်တတ်ကျွမ်းသော သမားတော် နဲ့ ပြကြည့်ပေးဖို့ တိုက်တွန်းပေးပါတယ်။

(၁) လည်ပင်း နဲ့ ကျောအပေါ်ဘက်
=====================

မွေ့ရာကို နောက်ကျောပေးအိပ်တာက နောက်ကျောနဲ့ ခါးကို တစ်ကိုယ့်လုံးရဲ့ ဝိတ်က ပိနေတတ်ပါတယ်။ဒီနည်းဆိုရင်တော့ လည်းပင်းနဲ့ ဒူးအောက်မှာ ခေါင်းအုံးအသေးစား ခုပေးဖို့လိုပါတယ်။ ဒီလိုခုပေးလိုက်တာက ခါးနဲ့ နောက်ကျောကို သက်သာသွားစေနိုင်ပါတယ်။

(၂) ကျောရိုး
========

ပက်လက်မှောက်အိပ်မယ်ဆိုရင်တော့ ဗိုက်အောက်မှာ ခေါင်းအုံးကို ခုအိပ်ပေးတာ ပိုကောင်းပါတယ်။ခုထားတဲ့ ခေါင်းအုံးက (၃)လက်မထက် မထူရပါဘူး။ ဒီလိုအိပ်တာက ခါးနဲ့ နောက်ကျောကို လုံး၀ မထိခိုက် မနာကျင်စေပါဘူး။

(၃) ကျောအောက်ဘက်
===============

ဘေးဘက်လှည့်ပြီး အိပ်တတ်တယ်ဆိုရင် ဖက်လုံးဖက်ပေးရပါမယ်။ ခါးနာတတ်သူတွေက ဖက်လုံးမဖက်တတ်သူတွေအဖြစ်များကြပါတယ်။အကြောင်းကတော့ တစ်ဖက်ကို လှည့်အိပ်တဲ့အခါ ဖက်လုံးကို မဖက်ထားရင် တစ်ဖက်ရဲ့ အလေးချိန်က ခါးကို ပိနေသလိုဖြစ်နေတာကြောင့်ပါ။ဒါကြောင့် ဖက်လုံးရဲ့ အကူအညီနဲ့ လှည့်အိပ်ပေးတာက ခါးနာတာတွေကို သက်သာစေနိုင်ပါတယ်။

(၄) ခါးပိုင်း
========

တကယ်လို့ ကျောအောက် ခါးနေရာနားမှာ နာနေတယ်ဆိုရင် ဒီလို အနေအထားမျိုးက အထောက်အကူဖြစ်စေမှာပါ။ခေါင်းအုံး နဲ့ ကူရှင် တို့ကို ကျောနောက်နဲ့ လည်ပင်းနောက်မှာ ခံပေးပါ။ ပိုပြီးသက်တောင့်သက်သာရှိစေဖို့ဆိုရင် နောက်ထပ် ခေါင်းအုံးနဲ့ ကူရှင်တို့ကို ဒူးအောက်နဲ့ ခြေဖနောင့်အောက်မှာ နေရာချထားပေးပါ။

Credit
#ကျန်းမာရေးဗဟုသုတ
#ခါးနာ

Photos from Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း's post 07/07/2023

CENTRAL သင်တန်းသစ် ပြန်လည်ဖွင့်လှစ်ပါ့မယ်

Photos from Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း's post 12/01/2023

အလှဆုံးပြုံးနိုင်တဲ့ ပန်းလေးများဖြစ်ကြပါစေ

Photos from Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း's post 01/12/2022

Congratulation to All
Save the date (28.11.2022)

Photos from Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း's post 30/10/2022

❤ သူနာ​ပြုတစ်ယောက်ရဲ့တက်ကျွမ်းရမယ့်ပညာရပ်တွေအပြင် စေတနာ ဝါသနာ အနစ်နာတွေ ထပ်လောင်းပြည့်စုံနေမှ လူနာကိုပြုစုစောင့်ရှောက်ရာမှာ အဆင်ပြေစေမှာပါ

😊❤ central မှာတက်ရောက်မယ်ဆိုရင် ကြိုးစားချင်စိတ်တစ်ခုတည်းသာယူလာရင် သူနာပြုအလုပ်ကို ဝါသနာပါလာအောင် စိတ်ဝင်စားစွာနဲ့ သင်ကြားပေးမှာပါ

🎈 သင်တန်းတွေတက်တိုင်း စာမေးရမှာ ပြန်ရှင်းပြခိုင်းရမှာတွေမလုပ်ရဲတဲ့ကလေးတွေအတွက်လည်း သင်တန်းချိန်တစ်ခုမှာ သင်တန်းသား ၁၀ ယောက်ကိုပဲ လက်ခံပြီး မိသားစုလို သင်ကြားပေးမှာဖြစ်လို့ ပိုပြီးထိရောက်စေပါတယ်နော် ❤

👉သင့်အနာဂါတ် ရည်မှန်းချက်အကောင်အထည်ဖော်ရေးအတွက် Central မှတစ်ဖက်တစ်လမ်းကနေကူညီဆောင်ရွက်ပေးချင်ပါတယ် ❤

💁‍♂️အလယ်တန်းအောင်မြင်ပြီးသူများနှင့် အထက်တန်းအောင်မြင်ပြီးသူများ အနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်တခုကို အချိန် (၃)လတက်ရောက်ပြီး ကျန်းမာရေးဝန်ထမ်းတစ်ယောက်အနေဖြင့် ပြည်တွင်းပြည်ပ ဆေးရုံဆေးခန်းများတွင် အလုပ်လုပ်ကိုင်နိုင်ပါပြီနော်

✊သူနာပြုအကူသင်တန်း
သင်တန်းကာလ- (၃)လ (စာတွေ့လက်တွေ့)
သင်တန်းကြေး - ၁ သိန်းကျပ်

✊ ဆေးဝါးကျွမ်းကျင်ဘာသာရပ်
သင်တန်းကာလ- (၃)လ (စာတွေ့လက်တွေ့)
သင်တန်းကြေး - ၁ သိန်းကျပ်

⏲ သင်တန်းအချိန်ဇယား.........................................
သူနာပြုစုမှုဘာသာရပ်
ကြာသပတေး -သောကြာ

ဆေးဝါးကျွမ်းကျင်အကူဘာသာရပ်
စနေ - တနင်္ဂနွေ

👉 သင်တန်း​ကြေးကို တစ်လုံးတစ်ခဲတည်းပေးသွင်းရန်အခက်အခဲရှိသူများအတွက်လည်း နှစ်ရစ်ကျခွဲ၍ပေးသွင်းနိုင်တဲ့အစီအစဥ်လည်းရှိပါတယ်နော်❤

#တက်ရောက်နိုင်သောပညာအရည်အချင်း
အခြေခံပညာအလယ်တန်းမှစ၍ဘွဲ့ရများအထိ ဆေးပညာရပ်များနှင့်သူနာပြုစုခြင်းကိုစိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ပါတယ်။😊

Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်းမှာ
🔹 ဘဝတစ်သက်တာအတွက်အသင့်တော်ဆုံးဖြစ်တဲ့အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုအကြောင်း
🔹 ပြည်တွင်း/ပြည်ပဆေးရုံဆေးခန်းများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လိုသူများအတွက်သိရှိထားရမယ့်အချက်များ
🔹 မိသားစုနှင့်ပတ်ဝန်းကျင်ကို ကူညီစောင့်ရှောက်လိုသူများအတွက်လိုအပ်သောဆေးပညာရပ်များ
🔹 ဆေးဆိုင်တစ်ဆိုင်ဖွင့်လှစ်ဖို့အတွက်လိုအပ်တဲ့နည်းလမ်းများ
🔹ရောဂါများအကြောင်း
🔹 ဆေးဝါးများနှင့်ပက်သက်ပြီးအသေးစိတ်သိရှိထားရမယ့်အကြောင်းအရာများနှင့်
🔹 အထွေထွေကျန်းမာရေးဗဟုသုတများစွာကို သေချာစွာတက်မြောက်သည်အထိသင်ကြားပေးသွားပါမယ်။

🎈သင်တန်း၏ဝန်ဆောင်မှုများ
🔹သင်ထောက်ကူပစ္စည်းများ
🔹သင်ရိုးညွှန်းတမ်းစာအုပ်များ
🔹သင်ကြားရေးနှင့်ဆိုင်သောစာရွက်စာတန်းများ
🔹 ပြည်တွင်းပြည်ပအသိအမှတ်ပြုလက်မှတ်
🔹သေချာစွာတက်ကျွမ်းသည်အထိသင်ကြားပေးခြင်း
🔹အလုပ်အကိုင်ရရှိစေရေးကူညီဆောင်ရွက်ပေးခြင်းနှင့်သင်တန်းတက်ရောက်နေစဥ်ကာလအတွင်း အခြားသောလိုအပ်သည်များကိုလည်း ကူညီလုပ်ဆောင်ပေးသွားပါမည်။

ိုင်ငံအလုပ်အကိုင်
ိုင်ငံအလုပ်အကိုင်
အစရှိသည့်နိုင်ငံများတွင် သွားရောက်ပြီး
🧑🏻‍⚕️Nursing home /Caregivers /Home Nurse careဆိုင်ရာလုပ်ငန်းများတွင်အလုပ်လုပ်ကိုင်ချင်သူများအတွက်လည်း သင်တန်းပြီးဆုံးပါက တာဝန်ယူစီစဥ်ဆောင်ရွက်ပေးပါတယ်❤

👍ဒါ့အပြင်သင်တန်းပြီးဆုံးအောင်တက်ရောက်နိုင်ခြင်းမရှိသေးလျှင်လည်းငွေသွင်းပြေစာကိုပြသ၍ ထပ်မံဖွင့်လှစ်မယ့်တန်းခွဲများမှာတက်ရောက်နိုင်ပါသေးတယ်နော်😊

👉လူဦးရေအကန့်သတ်ဖြင့် တဦးချင်း ကျွမ်းကျင်သည်အထိ ထိရောက်စွာ သင်ကြားပေးမည် ဖြစ်သည့်အတွက် အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ တိုက်တွန်းအပ်ပါသည်👈

🤙Central မှာ သင်တန်းတက်ရောက်ခြင်းအတွက် နောင်တမရစေဖို့ ကျွန်တော်တို့ဘက်က အာမခံပါတယ်

🤝စိတ်ရှည်ပြီး သဘောထားပြည့်ဝသည့် ဆရာများမှ သင့်အား ကြိုဆိုနေပါတယ်

သင့်ဘက်က သင်တန်းကို အချိန်မှန်လာရောက်သင်ကြားဖို့ပဲလိုအပ်ပြီး ကျန်တဲ့အခက်အခဲတွေကို သင်တန်းဘက်မှ ကူညီဖြေရှင်းပေးဖို့ အသင့်ရှိနေပါတယ်နော် ❤

✍ သိရှိလိုသည်များအား အောက်ဖော်ပြပါ လိပ်စာနှင့် ဖုန်းနံပါတ်များမှ စုံစမ်းမေးမြန်းနိုင်ပါသည်

သင်တန်းလိပ်စာ🏠🏠
အခန်း(၂၂)၊တိုက်အမှတ်(၄)၊(၉)ရပ်ကွက်၊လှိုင်ရတနာအိမ်ယာ၊လှိုင်မြို့နယ်၊သံလမ်းမှတ်တိုင်အနီး၊အင်းစိန်လမ်းမ၊ရန်ကုန်မြို့

ဆယ်သွယ်ရန်ဖုန်း📞📞

09982764687

09989456564

အသေးစိတ်သိရှိလိုသည်များကိုလည်း Page Messanger မှတစ်ဆင့် ၂၄နာရီ မေးမြန်းနိုင်ပါတယ်ခင်မျာ 😊

Photos from Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း's post 29/10/2022

👍CENTRAL သင်တန်းသူများရဲ့ Pratical ပုံရိပ်များ

Photos from Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း's post 26/10/2022

အူအတက်ယောင်ခြင်း (Appendicitis)

=============================

၁။ ဘာလို့အူအတက်ယောင်ရတာလဲ?

များသောအားဖြင့်တော့ အူလမ်းကြောင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေ ဗိုင်းရက်စ်ပိုးတွေကြောင့်ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေမှာ အူအတက်ရဲ့ထွက်ပေါက်နားမှာ အစာအကြွင်းအကျန်လေးတွေပိတ်မိနေတတ်ရာကနေတစ်ဆင့်လည်း ဖြစ်ပွားနိုင်ပါသေးတယ်။ ရှားရှားပါးပါးအနေနဲ့ကတော့ အူမကြီးကင်ဆာ အကျိတ်ကနေ အူအတက်လေးရဲ့ ထွက်ပေါက်ကို ပိတ်မိစေပြီးလည်းယောင်တတ်ပါသေးတယ်တဲ့။ တစ်ခါတစ်လေ ထိခိုက်ဒါဏ်ရာရမိလို့လည်း ဖြစ်တတ်ပါသေးတယ်တဲ့။

၂။ ရောဂါလက္ခဏာတွေ။

အဓိက အားဖြင့်တော့ နာ၊ အန်၊ ဖျား လို့ လွယ်လွယ် မှတ်လိုက်ရအောင်။

နာ - ဗိုက်နာတာပေါ့။ ဒါပေမဲ့ သူနာတာက တစ်မျိုး။ တစ်ချို့တွေမှာတော့ အူအတက်ရှိတဲ့ ဝမ်းဗိုက်ညာဘက် အောက်နားမှာ စကတည်းကနာတတ်ပေမဲ့ တစ်ချို့တွေကတော့ ဗိုက်တစ်ပြင်လုံးမှာနာတာမျိုး၊ ချက်ပတ်ပတ်လည်နာတာမျိုး အရင်ကြုံရတတ်ပြီး နောက်ဆုံးမှ အူအတက်ရှိတဲ့ ဝမ်းဗိုက် ညာဘက်အောက်နားလေးမှာ အနာဆုံး ဖြစ်လာတတ်ပါတယ်။ ဆေးပညာအခေါ်အရတော့ shifting pain တဲ့။ ရွေ့ပြီးနာတာပေါ့။ ဒီလိုမျိုးရှိရင်တော့ အူအတက်ဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီတဲ့။ လှုပ်ရှားတာတို့၊ ချောင်းဆိုးတာတို့ဆိုရင်တော့ ဗိုက်နာတာပိုဆိုးတတ်ပြီး ငြိမ်ငြိမ်ကုတ်ကုတ်လေးနေမှ သက်သာတာပါတဲ့။ နာတဲ့နေရာကို ဖိကြည့်ပြီး ရုတ်တရက် လွှတ်ချလို့ တအားနာသွားတာကိုတော့ rebound tenderness လို့ခေါ်ပါတယ်။ အဲ့လို လက္ခဏာမျိုးရှိရင်လည်း အူအတက်ယောင်တာပါတဲ့။

အန် - စားထားသမျှအန်တာမျိုး၊ အသစ်စားလည်း အန်တာမျိုးကြုံရတတ်ပါတယ်။ အဓိကကတော့ အူလမ်းကြောင်းမှာယောင်နေတဲ့ အတွက် ဝင်လာသမျှအစာတွေကို အရှေ့ မတွန်းပေးနိုင်တာကြောင့် အပေါ်ကို ပြန်ကန်လာရတာကြောင့်ပါတဲ့။

ဖျား - အဖျားငွေ့ငွေ့လေးဖျားတာကစတာပါ။ နောက်ပိုင်း အူအတက်ရောင်တာကနေ ရောဂါပိုးတွေ တအားဆိုးပြီး သွေးထဲရောက်သွားရင်တော့ ကိုယ်ပူချိန်ကြီးတတ်ပါတယ်တဲ့။

တခြားလက္ခဏာတွေအနေနဲ့ကတော့
- ဝမ်းချုပ်တာ သို့ ဝမ်းလျှောတာ
- ဗိုက်ကြီးလေပွပြီး မအီမလယ်ကြီး ဖြစ်နေတာ
- အစားအသောက်ပျက်တာ မျိုးတွေလည်း ကြုံရတတ်ပါတယ်တဲ့

၃။ နောက်ဆက်တွဲ ဆိုးကျိုးတွေ

(၁) အူအတက်ပေါက်ခြင်း (ruptured appendix)

- ယောင်ရာကနေပေါက်ထွက်သွားရင်တော့ အရေးပေါ်အခြေအနေ
ဖြစ်ပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ ရောဂါပိုးတွေဟာ ဝမ်းဗိုက်တစ်ပြင်လုံးကိုပျံ့နှံ့သွားပြီး ဝမ်းဗိုက်တစ်ပြင်လုံးယောင် (peritonitis) သွားတတ်ပါတယ်။ အသက်အန္တရာယ်ပါရှိတတ်တာကြောင့်အရေးပေါ် ခွဲစိတ်ရမှာပါ။

(၂) ပြည်တည်ခြင်း (appendicular abscess)

- တစ်ခါတစ်လေ ရောဂါပိုးတွေပါတဲ့ အရည်ကလေးတွေစုပြီး ပြည်တည်ကာ အိတ်ကလေးလိုဖြစ်နေတတ်ပါတယ်။ ဒီအခြေအနေကလည်း အန္တရာယ်များတဲ့ အဆင့်ဖြစ်ပြီး အချိန်မရွေးပေါက်သွားပြီး ရောဂါပိုးတွေ ဝမ်းဗိုက်အတွင်းပျံ့နှံ့တတ်တာမလို့ ခွဲစိတ်ဖို့လိုပါတယ်တဲ့။

၄။ ဘာတွေ စမ်းသပ်စစ်ဆေးရမလဲ?

- Blood test ( သွေးစစ်ပြီး ယောင်ရမ်းစေတဲ့ ဓါတ်တွေတက်နေလား၊ သွေးဖြူဥတွေတက်နေလားကြည့်လို့ရပါတယ်။ တက်နေတယ်ဆိုရင်တော့ အူအတက်ယောင်တာပိုဖြစ်နိုင်သွားတာပေါ့)
- USG (abdomen and pelvis) (တယ်လီဗီးရှင်းဓါတ်မှန်ရိုက်ပြီး အူအတက်ယောင်တာ ဟုတ်မဟုတ်လည်း ခန့်မှန်းလို့ရပါတယ်။ များသောအားဖြင့် စမ်းသပ်စစ်ဆေးတာရယ်၊သွေးအဖြေရယ်၊ တယ်လီဗီးရှင်းဓါတ်မှန်တွေရယ်နဲ့တင် အူအတက်ယောင်မယောင်ခွဲခြားလို့ရတတ်ပါတယ်။)
- တစ်ခါတစ်လေ စမ်းသပ်တော့လည်း သိပ်မတူတာ၊ သွေးအဖြေကလည်း သိပ်မတူပေမဲ့ လူနာနာပုံနာနည်းက အူအတက်လိုမျိုးဖြစ်နေရင်တော့ CT ဓါတ်မှန်မျိုး MRI ဓါတ်မှန်မျိုးရိုက်တတ်ပါတယ်တဲ့။ ဒါတွေကတော့ အူအတက်ယောင်တာအပြင် တခြားရောဂါတွေဟုတ်မဟုတ်ပါ ကြည့်လို့ရသွားပါတယ်တဲ့။

၅။ ခွဲစိတ်ပြီး ဘာတွေ ဆောင်ရ ရှောင်ရမလဲ?

- အူအတက်ယောင်တာကျိမ်းသေရင်တော့ ခွဲစိတ်ပြီး အူအတက်လေးကို ဖြတ်လိုက်ကြပါတယ်(appendicectomy)။ ခွဲစိတ်ပြီးနောက်ပိုင်း အနည်းဆုံး ၂ ပတ်မှ ၁ လအတွင်း
၁. လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်းမျိုးရှောင်ပါ။
၂. အလေးအပင် မခြင်းများရှောင်ပါ။
၃. ချောင်းဆိုး နှာချေပါက ထိန်းပြီး ဆိုးပါ။
၄. အာဟာရပြည့်အောင်စားပါ။
၅. အိပ်ရေး၀၀အိပ်ပါ။
၆. အနာကို သန့်သန့်ရှင်းရှင်းထားပြီး နေ့စဉ်ဆေးထည့်ပေးပါ။
၇. ပေးထားသော ပိုးသတ်ဆေးများကို ရက်ပြည့်အောင်သောက်ပေးပါ။ လိုအပ်ပါက အကိုက်အခဲပျောက်ဆေးများကို ဆရာ၀န်၏ ညွှန်ကြားချက်နဲ့ အညီ သုံးစွဲနိုင်ပါတယ်။

to original uploader

24/10/2022

ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာများ
**************************************************

ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်။

၁။ ပါရာစီတမောကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ်ပါသော အစားအစာများနဲ့ တွဲမသောက်သင့်ပါဘူး။

၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ တကယ်လို့ သောက်မိလျှင်လည်း တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။

၃။ ပါရာစီတမောဟာ အရက်၊ ဘီယာ စတဲ့ မူးယစ်ဆေးဝါးတို့နဲ့လည်း မတည့်ပါဘူး။

၄။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။

၅။ ပါရာစီတမောကို တခါသောက်ရင် အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။ (၂၄) နာရီအတွင်း 500 mg (၈) လုံးထက်ပိုသောက်မိလျှင်အန္တရာယ်ရှိပါတယ်။

၆။ ပါရာစီတမောကို(အခြားအချိုရေ၊အချဉ်၊စတဲ့အထက်က ဖော်ပြခဲ့
တာတွေနဲ့ရောမသောက်သော်လည်းပဲ)အလွန်အကျွံ သောက်မိလျှင်
ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။

ပါရာစီတမောတင်မကပဲ အကိုက်အခဲပျောက်ဆေးများနဲ့ အင်္ဂလိပ်ဆေး
တော်တော်များများဟာ ဂတ်စ်ပါတဲ့ အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။

ပါရာစီတမောလ်ဆေးဟာ မြန်မာပြည်သူပြည်သားများ အများဆုံးသောက်
သုံးနေသည့် ဆေးတစ်မျိုးဖြစ်သည့်အတွက် မသိသေးသူများအတွက် အသိပေးခြင်းဖြစ်သလို သိပြီးသူများအတွက်လည်း သတိပေးရင်း မျှဝေလိုက်ရပါတယ်။ ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။ အသက်ကို ဉာဏ်စောင့်ဆိုသလို ကိုယ့်အသက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်ဆင်ခြင်ပြီး လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

Credit

သင်တန်းဆိုင်ရာအသေးစိတ်အချက်အလက်များ❤
https://m.facebook.com/story.php?story_fbid=138515302262822&id=100083130590796

Photos from Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း's post 20/10/2022

❤ သူနာ​ပြုတစ်ယောက်ရဲ့တက်ကျွမ်းရမယ့်ပညာရပ်တွေအပြင် စေတနာ ဝါသနာ အနစ်နာတွေ ထပ်လောင်းပြည့်စုံနေမှ လူနာကိုပြုစုစောင့်ရှောက်ရာမှာ အဆင်ပြေစေမှာပါ
😊❤ central မှာတက်ရောက်မယ်ဆိုရင် ကြိုးစားချင်စိတ်တစ်ခုတည်းသာယူလာရင် သူနာပြုအလုပ်ကို ဝါသနာပါလာအောင် စိတ်ဝင်စားစွာနဲ့ သင်ကြားပေးမှာပါ

🎈 သင်တန်းတွေတက်တိုင်း စာမေးရမှာ ပြန်ရှင်းပြခိုင်းရမှာတွေမလုပ်ရဲတဲ့ကလေးတွေအတွက်လည်း သင်တန်းချိန်တစ်ခုမှာ သင်တန်းသား ၁၀ ယောက်ကိုပဲ လက်ခံပြီး မိသားစုလို သင်ကြားပေးမှာဖြစ်လို့ ပိုပြီးထိရောက်စေပါတယ်နော် ❤

👉သင့်အနာဂါတ် ရည်မှန်းချက်အကောင်အထည်ဖော်ရေးအတွက် Central မှတစ်ဖက်တစ်လမ်းကနေကူညီဆောင်ရွက်ပေးချင်ပါတယ် ❤

💁‍♂️အလယ်တန်းအောင်မြင်ပြီးသူများနှင့် အထက်တန်းအောင်မြင်ပြီးသူများ အနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်တခုကို အချိန် (၃)လတက်ရောက်ပြီး ကျန်းမာရေးဝန်ထမ်းတစ်ယောက်အနေဖြင့် ပြည်တွင်းပြည်ပ ဆေးရုံဆေးခန်းများတွင် အလုပ်လုပ်ကိုင်နိုင်ပါပြီနော်

✊သူနာပြုအကူသင်တန်း
သင်တန်းကာလ- (၃)လ (စာတွေ့လက်တွေ့)
သင်တန်းကြေး - ၁ သိန်းကျပ်

✊ ဆေးဝါးကျွမ်းကျင်ဘာသာရပ်
သင်တန်းကာလ- (၃)လ (စာတွေ့လက်တွေ့)
သင်တန်းကြေး - ၁ သိန်းကျပ်

⏲ သင်တန်းအချိန်ဇယား............................................
အခြေခံသူနာပြုစုမှု
ကြာသပတေး -သောကြာ

ဆေးဝါးကျွမ်းကျင်အကူ
စနေ - တနင်္ဂနွေ

👉 သင်တန်း​ကြေးကို တစ်လုံးတစ်ခဲတည်းပေးသွင်းရန်အခက်အခဲရှိသူများအတွက်လည်း နှစ်ရစ်ကျခွဲ၍ပေးသွင်းနိုင်တဲ့အစီအစဥ်လည်းရှိပါတယ်နော်❤

#တက်ရောက်နိုင်သောပညာအရည်အချင်း
အခြေခံပညာအလယ်တန်းမှစ၍ဘွဲ့ရများအထိ ဆေးပညာရပ်များနှင့်သူနာပြုစုခြင်းကိုစိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ပါတယ်။😊

Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်းမှာ
🔹 ဘဝတစ်သက်တာအတွက်အသင့်တော်ဆုံးဖြစ်တဲ့အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုအကြောင်း
🔹 ပြည်တွင်း/ပြည်ပဆေးရုံဆေးခန်းများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လိုသူများအတွက်သိရှိထားရမယ့်အချက်များ
🔹 မိသားစုနှင့်ပတ်ဝန်းကျင်ကို ကူညီစောင့်ရှောက်လိုသူများအတွက်လိုအပ်သောဆေးပညာရပ်များ
🔹 ဆေးဆိုင်တစ်ဆိုင်ဖွင့်လှစ်ဖို့အတွက်လိုအပ်တဲ့နည်းလမ်းများ
🔹ရောဂါများအကြောင်း
🔹 ဆေးဝါးများနှင့်ပက်သက်ပြီးအသေးစိတ်သိရှိထားရမယ့်အကြောင်းအရာများနှင့်
🔹 အထွေထွေကျန်းမာရေးဗဟုသုတများစွာကို သေချာစွာတက်မြောက်သည်အထိသင်ကြားပေးသွားပါမယ်။

🎈သင်တန်း၏ဝန်ဆောင်မှုများ
🔹သင်ထောက်ကူပစ္စည်းများ
🔹သင်ရိုးညွှန်းတမ်းစာအုပ်များ
🔹သင်ကြားရေးနှင့်ဆိုင်သောစာရွက်စာတန်းများ
🔹 ပြည်တွင်းပြည်ပအသိအမှတ်ပြုလက်မှတ်
🔹သေချာစွာတက်ကျွမ်းသည်အထိသင်ကြားပေးခြင်း
🔹အလုပ်အကိုင်ရရှိစေရေးကူညီဆောင်ရွက်ပေးခြင်းနှင့်သင်တန်းတက်ရောက်နေစဥ်ကာလအတွင်း အခြားသောလိုအပ်သည်များကိုလည်း ကူညီလုပ်ဆောင်ပေးသွားပါမည်။

ိုင်ငံအလုပ်အကိုင်
ိုင်ငံအလုပ်အကိုင်
အစရှိသည့်နိုင်ငံများတွင် သွားရောက်ပြီး
🧑🏻‍⚕️Nursing home /Caregivers /Home Nurse careဆိုင်ရာလုပ်ငန်းများတွင်အလုပ်လုပ်ကိုင်ချင်သူများအတွက်လည်း သင်တန်းပြီးဆုံးပါက တာဝန်ယူစီစဥ်ဆောင်ရွက်ပေးပါတယ်❤

👍ဒါ့အပြင်သင်တန်းပြီးဆုံးအောင်တက်ရောက်နိုင်ခြင်းမရှိသေးလျှင်လည်းငွေသွင်းပြေစာကိုပြသ၍ ထပ်မံဖွင့်လှစ်မယ့်တန်းခွဲများမှာတက်ရောက်နိုင်ပါသေးတယ်နော်😊

👉လူဦးရေအကန့်သတ်ဖြင့် တဦးချင်း ကျွမ်းကျင်သည်အထိ ထိရောက်စွာ သင်ကြားပေးမည် ဖြစ်သည့်အတွက် အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ တိုက်တွန်းအပ်ပါသည်👈

🤙Central မှာ သင်တန်းတက်ရောက်ခြင်းအတွက် နောင်တမရစေဖို့ ကျွန်တော်တို့ဘက်က အာမခံပါတယ်

🤝စိတ်ရှည်ပြီး သဘောထားပြည့်ဝသည့် ဆရာများမှ သင့်အား ကြိုဆိုနေပါတယ်

သင့်ဘက်က သင်တန်းကို အချိန်မှန်လာရောက်သင်ကြားဖို့ပဲလိုအပ်ပြီး ကျန်တဲ့အခက်အခဲတွေကို သင်တန်းဘက်မှ ကူညီဖြေရှင်းပေးဖို့ အသင့်ရှိနေပါတယ်နော် ❤

✍ သိရှိလိုသည်များအား အောက်ဖော်ပြပါ လိပ်စာနှင့် ဖုန်းနံပါတ်များမှ စုံစမ်းမေးမြန်းနိုင်ပါသည်

သင်တန်းလိပ်စာ🏠🏠
အခန်း(၂၂)၊တိုက်အမှတ်(၄)၊(၉)ရပ်ကွက်၊လှိုင်ရတနာအိမ်ယာ၊လှိုင်မြို့နယ်၊သံလမ်းမှတ်တိုင်အနီး၊အင်းစိန်လမ်းမ၊ရန်ကုန်မြို့

ဆယ်သွယ်ရန်ဖုန်း📞📞

09982764687

09989456564

အသေးစိတ်သိရှိလိုသည်များကိုလည်း Page Messanger မှတစ်ဆင့် ၂၄နာရီ မေးမြန်းနိုင်ပါတယ်ခင်မျာ 😊

18/10/2022

ဆံပင်ကျွတ်သက်သာအောင် ဆံသားထိန်းသိမ်းနည်း (၉) မျိုး…
ဆံပင်တွေ မကြာခဏအဆီပြန်ခြင်း၊ ညစ်ပတ်ခြင်းတို့ကြောင့် စိတ်ပျက်ရပါတယ်။ဒီတော့ ဆံပင်ကိုခဏခဏလျှော်ချင်လာကြပါတယ်။ ခေါင်းခဏခဏလျှော်ရင်ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်းနဲ့ အခြားဆံသားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်သက်သာစေမယ့် ခေါင်းလျှော်နည်း (၉) မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော် …။

#၁။ရေနွေးနွေးလေးသုံးပေးပါ
ပုံမှန်သုံးနေကြ ရိုးရိုးရေတွေက သင့်ရဲ့ဆံပင်စတိုင်လ်ကိုပျက်စီးစေပါတယ်။ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်ပေးခြင်းက နောက်နေ့တွေထိ သင့်ရဲ့ဆံပင်တွေကိုသန့်ရှင်းနေစေပါတယ်။ ရေအပူချိန်ဟာ 38°С လောက် ရှိသင့်ပါတယ် …။

#၂။ဆံပင်ဖျန်းဆေးရဲ့ကောင်းကျိုး
ဆံလုံးသေးသူနဲ့ ဆံသားပျက်စီးလွယ်သူတွေအတွက် အာရဖြည့်ထုတ်ကုန်တွေဟာအသုံးမတတ်ရင် ပျက်စီးလွယ်စေပါတယ်။ ခေါင်းလိမ်းဆီဆိုလည်း တစ်ပတ်ကိုနှစ်ခါလောက်ပဲ အသုံးပြုပေးသင့်ပါတယ်။ စပရေးဖျန်းချင်တဲ့အခါဆိုလည်းလိုအပ်တဲ့ပမာဏအနည်းငယ်လောက်ကိုသာ အသုံးပြုပေးပါ။

#၃။ဘီးကိုသာအသုံးပြုပါ
ဆံပင်ဟာ ဆံပင်ကိုဘရက်ရ်ှနဲ့မကြာခဏ ဖြီးနေတတ်သူဆိုရင် ဆံပင်ကျွတ်သက်သာအောင် ဘီးကိုပဲအသုံးပြုပေးသင့်ပါတယ်။ ဘရက်ရ်ှဘီးနဲ့ ဖြီးပေးခြင်းဟာဆံပင်ကို ညစ်ပတ်မြန်စေပြီး ဆံသားတွေကို တအားကျွတ်စေပါတယ်။ဘီးနဲ့ဖြီးတဲ့အခါ သင့်ရဲ့ ဦးရေပြားကို ဖိပြီးမဖြီးမိအောင် သတိထားပါ …။

#၄။သဘာဝကျတဲ့ စတိုင်လ်
ဆံပင်နဲ့ပတ်သတ်တဲ့ ထုတ်ကုန်တွေကတော့ ထွက်နေတာပဲ။ ကိုယ့်ဆံပင်နဲ့မကိုက်ညီရင်လည်း ဘာမှလုပ်လို့မရဘူး။ သင်ဟာ မြင်းမြှီးပုံစံ၊ ဆံထုံးလေးတွေလုပ်ချင်တယ်ဆိုရင် ဆံပင်ဖျန်းဆေးကိုအသုံးပြုနိုင်ပါတယ်။ နောက်တစ်နေ့ထိတောက်ပပြီး သန့်ရှင်းတဲ့ ဆံသားလေးကို ရရှိနေမှာပဲ ဖြစ်ပါတယ် …။

#၅။ဆံသားနဲ့အဆင်ပြေစေမယ့်ခေါင်းလျှော်ရည်အသုံးပြုပါ
ကိုယ့်ဆံသားဟာ ခြောက်သွေ့လား၊ အဆီထွက်များလား ၊ ပုံမှန်ဆံသားပဲလားဆိုတာ ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။ ကိုယ်ဆံပင်နဲ့မတည့်တဲ့ ခေါင်းလျှော်ရည်ကိုသုံးမိရင် ညစ်ပတ်လွယ်စေပြီး ဆံသားကိုလည်း ထိခိုက်ပျက်စီး လွယ်စေပါတယ် …။

#၆။ဆံပင်ဖြောင့်စက်တွေသုံးတဲ့အခါ
ဆံပင်ဖြောင့်စက်( သို့) ကောက်စက်သုံးတဲ့အခါ အနိမ့်ဆုံးအပူချိန်ပဲပေးပြီးဆံပင်ကိုဖြောင့်/ ကောက်ပေးပါ။ မဟုတ်ရင် အလွန်ပြင်းတဲ့အပူရှိန်ကြောင့်ဆံသားတွေကိုခြောက်သွေ့ပျက်စီးလွယ်စေပြီး ဆံပင်တွေကို ကျွတ်စေပါတယ် …။

#၇။ခေါင်းလျှော်ပြီး ၂ရက်ကြာတဲ့အခါ
peeling လုပ်ပေးခြင်းက သင့်ဆံသားမှာရှိတဲ့ ဆဲလ်သေတွေနဲ့ ချွတ်ရခက်တဲ့အညစ်ကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သင့်ရဲ့ဆံပင်ကို ဖြောင့်စင်းစေပြီးအရှည်မြန်စေပါတယ်။ ပစ္စည်းတွေအစုံရှိရင် အိမ်လုပ် Scrubs လေး လုပ်ပေးလို့ရပါတယ် …။

#၈။ခေါင်းအုံးမကြာခဏလဲပေးပါ
ခေါင်းအုံးတွေဟာ သင့်အရေပြားနဲ့ သင့်ခေါင်းမှာရှိတဲ့အဆီတွေကို စုတ်ယူနိုင်ပါတယ်။ စုတ်ယူထားတဲ့အရာတွေကနေ မကောင်းတဲ့ဘတ်တီးရီးယားပိုးတွေပြန်လည်ပေါက်ပွားစေပြီး ဆံသားတွေကို ညစ်ပတ်စေပါတယ်။ ခေါင်းအုံးစွပ်ကိုတစ်ပတ်ကို တစ်ခါလောက်တော့ လဲပေးသင့်ပါတယ် …။

#၉။သင့်ဆံပင်ကိုနေပူထဲတွင်ကာကွယ်ပါ”
နွေရာသီရော၊ ဆောင်းရာသီပါ ဦးထုတ်ဝတ်ဆင်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့်သင့်ရဲ့ဆံသားအရင်းတွေသန်မာစေပြီး ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်နော် …။ ။

to original

05/10/2022

အန္တရာယ်ရှိသောဗိုက်အောင့်ခြင်းများအကြောင်း
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
ဗိုက်အောင့်ခြင်းသည် အောင့်သည့်ဗိုက်၏ တည်နေရာနှင့် အောင့်ပုံအောင့်နည်း တို့အပေါ်မူတည်၍အမျိုးမျိုးဖြစ်နိုင်ပါသည်။ ၀မ်းဗိုက်အတွင်းတွင်ရှိနေသော ကလီစာများမှလာသောပြဿနာများအဖြစ်များပြီး ထိုကလီစာများ၏ ရောဂါများကိုရှာဖွေတွေ့ရှိရန်မှာ ဗိုက်အောင့်သည်ဟုပြောရုံဖြင့် ရောဂါကိုတန်းပြောရန်မဖြစ်နိုင်သကဲ့သို့ မည်သည့်ရောဂါဖြစ်နိုင်သည်ကိုသေချာစမ်းသပ်စစ်ဆေးပြီးမှသိရှိနိုင်ပါသည်။

၀မ်းဗိုက်အတွင်းတွင်မည်သည့် အရာများရှိသနည်း

၀မ်းဗိုက်သည် နံရိုးအောက်မှစတင်ပြီး တင်ပဆုံရိုး နှင့်ဆီးခုံရိုးအပေါ်ပိုင်းအထိပါ၀င်ပြီး အထဲတွင် အရေးကြီးသော အင်္ဂါများစွာရှိပါသည်။ ၀မ်းဗိုက်ကို အဓိကအားဖြင့် ၉ပိုင်းပိုင်းနိုင်ပါသည်။ ထို အပိုင်းများနှင့်ထိုနေရာတွင်အကြမ်းအားဖြင့် အောက်ပါအတိုင်းရှိနေကြပါသည်။

ညာဘက်အပေါ်ပိုင်း - အသည်းနှင့်အူသိမ်ဦးပိုင်း၊ သည်းခြေအိတ်
ဘယ်ဘက်အပေါ်ပိုင်း - အူမကြီး နှင့် ဘေလုံး
ရင်ခေါင်း ပိုင်း - အစာအိမ်နှင့်အစာရေမျို
ညာဘက်ခါးပိုင်း - အူမကြီး၊ အူသိမ် နှင့် ကျောက်ကပ်
ဘယ်ဘက်ခါပိုင်း - အူမကြီး နှင့်ကျောက်ကပ်
ချက်ပတ်လည်ပိုင်း - ပန်ကရိယ ၊အူအသေးများ နှင့်အူမကြီး
ညာဘက်အောက်ပိုင်း - အူအတက်၊ အူမကြီး၊ သားဥအ်ိမ်
ဘယ်ဘက်အောက်ပိုင်း - အူမကြီး၊ အူအဆုံးပိုင်း နှင့် အစာဟောင်းအိမ်၊ သားဥအိမ်
ဆီးခုံအပေါ်ပိုင်း - ဆီးအိတ် ၊ သားအိမ် လမ်းကြောင်း

အထက်ပါတည်နေရာများကိုအကြမ်းဖျင်းမှန်း၍အောင့်သည်နေရာပေါ်မူတည်ပြီး ထို နေရာတွင်ရှိနေသော အင်္ဂါမှ ပြသနာတစ်ခုခုကြောင့်အဓိကအောင့်သည်ဟုမှန်းဆနိုင်ပါသည်။ သို့သော်ထိုသို့လည်းတပ်အပ်ပုံသေပြော၍မရပေ။ ဗိုက်အောင့်ခြင်း၊ဗိုက်နာခြင်းသည် နေရာရွေ့့ခြင်း၊ နေရာပြောင်းလဲနေခြင်းများလည်းရှိနိုင်ပါသည်။ ထိုကြောင့်သေချာအောင်စမ်းသပ်မှု၊ စစ်ဆေးမှုများလည်းများစွာလုပ်ရန်လိုအပ်ပါသည်။

အများအားဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းတို့သည် ၀မ်းဗိုက်အတွင်းပြည့်နှက်စွာရှိနေသောကြောင့် ဗိုက်အောင့်ခြင်းအများစုသည် အဆိုပါ ရောဂါများကြောင့်အဖြစ်များတတ်ပါသည်။
ဗိုက်အောင့်ခြင်းနှင့်အတူ အခြားသောအစာအိမ်အူလမ်းကြောင်းလက္ခဏာများဖြစ်သော အန်ခြင်း၊ ပျို့ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပိန်သွားခြင်း၊ ရင်ပူခြင်း၊ ၀မ်းချုပ်ခြင်း၊၀မ်းလျှောခြင်း၊ လေထိုးခြင်းတို့လည်းတွဲဖက်ဖြစ်ပေါ်တတ်ပါသည်။

#ညာဘက်အပေါ်ပိုင်းအောင့်ခြင်း

၀မ်းဗိုက်အပေါ်ညာဘက်ပိုင်း နံရိုးအောက်တွင်အောင့်ခြင်းဖြစ်ပေါ်ပါက ဖော်ပြထားသည့်အတိုင်းအဖြစ်နိုင်ဆုံးမှာ အသည်းရောင်ခြင်း၊ အသည်းကင်ဆာရောဂါ၊ အသည်းပြည်တည်ရောဂါ ၊ သည်းခြေကျောက်တည်ခြင်း၊သည်းခြေပြွန်ရောင်ခြင်းနှင့် အူသိမ်ဦးပိုင်းအနာသို့မဟုတ် အူသိမ် ရောင်ခြင်း တို့ဖြစ်နိုင်ပါသည်။ အသည်းသည်အစာအိမ်နှင့်အူလမ်းကြောင်းတို့၏အစာချေခြင်းလုပ်ငန်းတွင် သည်းခြေရည်ဟုခေါ်သော bile များကို အစာလမ်းကြောင်းတွင်းထုတ်ပေးခြင်းဖြင့် အစာလမ်းကြောင်းတွင်းရှိ အစာများအထူးသဖြင့်အဆီများချေဖျက်ရာတွင်ကူညီပေးပါသည်။ အသည်းသည်ရောင်ခြင်း၊အနာဖြစ်ခြင်း၊သည်းခြေအိတ်ရောဂါများတွင် bile ကောင်းစွာမထုတ်နိုင်ခြင်းကြောင့် အဆီများသေချာမဖြတ်နိုင်ဘဲပြည့်ခြင်း၊ကယ်ခြင်း၊ အစာမကြေခြင်း၊ လေမကြာခဏတက်ခြင်းတို့ကိုပါတွဲဖက်ခံစားရတတ်ပြီးပို၍ဆိုးရွားသောအခြေအနေများတွင်မူ အခါးရည်များ၊ အစမ်းရောင်များအန်ခြင်းကိုလည်းတွေ့ရှိရတတ်ပါသည်။

အသည်းနှင့်သည်းခြေရောဂါရှိသူများသည်အဆီများသောအစားအစာများကို ရှောင်ကြဉ်သင့်ပါသည်။
အူသိမ်ဦးပိုင်း၏တည်နေရာသည်လည်း အစာအိမ်ပြီးလျှင် ညာဘက်သို့ခွေဆင်းလျက်ရှိသောကြောင့်အူသိမ်အောင့်ခြင်းသည်လည်း၀မ်းဗိုက်အပေါ်ညာဘက်အောင့်ခြင်းဖြင့်ဖြစ်ပေါ်တတ်ပါသည်။
အူသိမ်အနာ၏လက္ခဏာသည် ၀မ်းဗိုက်ညာဘက်ပိုင်းတွင်ပိုအောင့်တတ်ပြီး အစာမရှိလျှင်ဗိုက်ဆာလျှင်ပိုအောင့်တတ်ပြီး အစာစားလိုက်လျှင် သက်သာသွားတတ်သည်။ ညဘက် အစာမရှိလျှင်ပိုပိုအောင့်တတ်သောသဘာ၀ရှိပါသည်။ စိတ်ဖိစီးမှု stress များလျှင်လည်းအက်စစ်အထွက်များပြီးအူသိမ်အနာများဖြစ်နိုင်သကဲ့သို့ အခြားသောအကြောင်းရင်းများဖြစ်သည့် အစာမမှန်ခြင်း၊ အစာအိမ်ပိုး H.pylori၊ အပူအစပ်နှင့်အကိုက်အခဲပျောက်ဆေးများသည်လည်းအူသိမ်အနာကိုဖြစ်စေနိုင်ပါသည်။ လူငယ်လူရွယ်အများစုအလုပ်လုပ်နေသောအရွယ်တွင်အဖြစ်များလေ့ရှိသောဗိုက်အောင့်ခြင်းမှာလည်း အဆိုပါ အူသိမ်အနာဖြစ်ရန်အလားအလာများပါသည်။ နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း( အစားစားချိန်မှန်မှန်ထားခြင်း၊ အပူအစပ်နှင့် အရက်များရှောင်ခြင်း၊အစာပျော့ပျော့စားခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊) အက်စစ်လျော့နည်းစေသောဆေးများသောက်ခြင်းတို့ဖြင့် အူသိမ်အနာသည်သက်သာပျောက်ကင်းနိုင်ပါသည်။

#ဘယ်ဘက်အပေါ်ပိုင်းအောင့်ခြင်း

၀မ်းဗိုက်၏ ဘယ်ဘက်အပေါ်ပိုင်းအောင့်ခြင်းသည် အဖြစ်နည်းတတ်ပြီးများသောအားဖြင့် ဘေလုံးတွင်ပြည်တည်ခြင်း၊ ဘေလုံးကြီးခြင်း၊ အူမကြီးရောင်ခြင်း၊ အူမကြီးကင်ဆာနှင့် အစာအိမ်သည်လည်းဘယ်ဘက်သို့နည်းနည်းရောက်နေတတ်သောကြောင့်အစာအိမ်အောင့်ခြင်းလည်းဖြစ်နိုင်ပြီးပြောရခက်ပါသည်။ သာမန်လေထိုးလေအောင့်ခြင်းများသည်လည်း အဆိုပါနေရာအောင့်ခြင်း မျိုးနှင့်လာတတ်ပါသည်။

#ရင်ခေါင်းပိုင်းအောင့်ခြင်း

ရင်ခေါင်းပိုင်းအောင့်ခြင်းသည်အစာအိမ်၊အစာရေမျိုဆိုင်ရာရောဂါများကြောင့်အဖြစ်များပြီး အက်စစ်များကြောင့်အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အက်စစ်လျှံတက်သောကြောင့်အစာရေမျိုအောက်ပိုင်းရောင်ခြင်းတို့မှသည် အစာအိမ်ကင်ဆာအထိဖြစ်နိုင်ပါသည်။
အစာအိမ်မှထုတ်လုပ်ပေးသော အက်စစ်သည် ပြင်ပမှအစာနှင့်အတူပါလာသောဘတ်တီးရီးယား များကိုသေစေပြီး အစာများကိုခြေဖျက်ပေးပါသည်။ ထိုအက်စစ်သည်စားစေတတ်သောဂုဏ်သတ္တိရှိပြီး အစာအိမ်နံရံရှိဆဲလ်များမှ mucus barrier ဟုခေါ်သော အကျိအချွဲအမြှေးကို အကာအနေဖြင့်ထုတ်ပေးပြီး အစာအိမ်နံရံကိုအက်စစ်၏ စားခြင်းမှကာကွယ်ပေးပါသည်။ ထိုမျှခြေအနေအထားပျက်သွားသောအခြေအနေတွင် အက်စစ်သည် အစာအိမ်နံရံကိုစားပြီးအစာအိမ်ရောင်ခြင်းဖြစ်ပါသည်။

အစာအိမ်၏အက်စစ်ဒဏ်ကိုခံနိုင်သော အစာအိမ်ပိုးတစ်မျိုး ဖြစ်သည့် H.pylori သည်လည်းအစာအိမ်ရောင်ခြင်းကိုဖြစ်စေတတ်ပါသည်။ အခြားသောအစာအိမ်ရောင်ခြင်းကိုဖြစ်စေသောအကြောင်းရင်းများမှာ အကိုက်အခဲပျောက်ဆေးများသောက်ခြင်း၊ အပူအစပ်များစားခြင်းတို့သည် လည်းအစာအိမ်ကိုကာကွယ်ပေးသော mucus အကျိအချွဲများကိုပျက်စေပြီးအစာအိမ်ကိုအက်စစ်စားခြင်းဖြစ်ပေါ်ပြီး အစာအိမ်ရောင်ခြင်းဖြစ်တတ်ပါသည်။

အစာအိမ်ရောင်ခြင်းမှတစ်ဆင့် အက်စစ်၏စားခြင်းပိုဆိုးလာလျှင် အစာအိမ်အနာဖြစ်ခြင်း ဖြစ်ပေါ်သည်။အစာအိမ်အနာ၏ကနဦးလက္ခဏာများမှာ ဗိုက်နှင့် ရင်ခေါင်းတွင်အောင့်နေတတ်ခြင်း၊ အစားစားလိုက်လျှင်ပိုအောင့်ခြင်း၊ အချဉ်ရည်များအန်ခြင်း၊ အပူအစပ်များစားလျှင်ချက်ချင်းအောင့်လာခြင်း၊ ရင်ပူခြင်း၊ ရင်ခေါင်းတောင့်ခြင်း၊ တစ်ခါတရံ နှလုံးကြပ်သကဲ့သို့ရင်ဘတ်အောင့်ခြင်းလက္ခဏာများစတင်ခံစားရတတ်ပါသည်။

အစာအိမ်ကင်ဆာရောဂါ၏ ကနဦးလက္ခဏာများအဖြစ်
ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း ကို ခံစားရနိုင်ပြီး မြန်မြန်ဆန်ဆန်ပင်ကင်ဆာ၏ပြန့်နှံ့ခြင်းအကျိုးဆက်များကိုခံစားရနိုင်ပါသည်။ မကြာခဏ အစာအိမ်ဆေးများသောက်နေရသည့်တိုင် မသက်သာဘဲခံစားနေရခြင်းမျိုးရှိလျှင် သေချာပြသသင့်ပါသည်။ အရေးမကြီး ဟုယူဆပြီး နေခြင်းထက် ရောဂါ အရင်းအမြစ်ကိုသေသေချာချာသိရှိပြီးကုသမှုခံယူရန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ရင်ခေါင်းတောင့်ခြင်းသည် အရေးတကြီးကုသရန်လိုအပ်သော အစာအိမ်ရောဂါ များ၏ ရှေ့ပြေးနိမိတ်တစ်ခုဖြစ်သောကြောင့်ဖြစ်ပါသည်။
အရေးကြီးသောလက္ခဏာ များမှာ

၁။ အသက် ၅၅ နှစ်ကျော်
၂။ ကိုယ်အလေးချိန်ကျသွားခြင်း၊ ပိန်သွားခြင်း
၃။ သွေးအားနည်းခြင်း(ဖြုဖျော့ခြင်း၊ မောပန်းလွယ်ခြင်း)
၄။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် အရင် နှင့် မတူဘဲ ပိုဆိုးလာခြင်း
၅။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် တစ်ခါမှမဖြစ်ဖူးပဲ ခုမှစဖြစ်လာခြင်း
၆။ ၀မ်းမဲမဲသွားခြင်းသို့မဟုတ် ၀မ်းထဲတွင်သွေးပါခြင်း
၇။ အစာမျိုရခက်ခဲခြင်း၊ နင်ခြင်း
၈။ သွေးအန်ခြင်း

အထက်ပါလက္ခဏာများရှိပါက မိမိ၏ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် သာမန်ထက်ပို၍ဆိုးနိုင်သော ပြသနာဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ကုသရန် လိုအပ်ပါသည်

#ညာဘက်ခါးပိုင်းသို့မဟုတ်ဘယ်ဘက်ခါးပိုင်းနာခြင်း

ခါးနေရာကျောနှင့်ကပ်လျက် ကျောက်ကပ်သည်ဘယ်တစ်လုံးညာတစ်လုံးတည်ရှိနေပြီး ကျောက်ကပ်အပေါ်ရှေ့ပိုင်းတွင်အူမကြီး ရှိပါသည်။ ထို့ကြောင့်ခါးနေရာအောင့်ခြင်း၊ နာခြင်းသည် ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းတို့ဖြစ်နိုင်ပြီး အောင့်ခြင်းသည် ကျောနောက်အောင့်ခြင်းနှင့်အတူဖြစ်ပေါ်တတ်ပါသည်။ ကျောက်သည် ကျောက်ကပ်မှတစ်ဆင့် ဆီးလမ်းကြောင်း (ureter) တစ်လျှောက်ဖြတ်ဆင်းလျှင် နာကျင်ခြင်းသည်ဆွဲဆုပ်ထားသကဲ့သို့အောင့်တတ်ပြီး ခါးမှ ပေါင် ခြံဘက်သို့နာသည့်ပုံစံမျိုးဖြစ်ပေါ်တတ်ပါသည်။ အူမကြီးသည်လည်း ကျောက်ကပ်အပေါ်ကပ်လျက်ရှိနေသောကြောင့်လေအောင့်ခြင်း၊ ၀မ်းချုပ်ခြင်း၊ အူမကြီးကင်ဆာကဲ့သို့ရောဂါများရှိနေလျှင်လည်းအဆိုပါနေရာများနာကျင်ခြင်းသည်အဖြစ်များတတ်ပါသည်။

#ချက်ပတ်လည်ပိုင်းနာကျင်ခြင်း

ချက်ပတ်လည်ပိုင်းနာကျင်ခြင်းသည် ပန်ကရိယ ဟုခေါ်သောမုတ်ချိုအိတ်ရောင်ခြင်းအဖြစ်များတတ်ပါသည်။ ပန်ကရိယသည် ကျောဘက်ကပ်ရပ်နားတွင်ရှိနေသောကြောင့် မုတ်ချိုအိတ်ကြောင့်ဖြစ်သောဗိုက်အောင့်ခြင်းသည် ကျောနှင့်ရင်နှင့်ညှပ်အောင့်ခြင်းဖြစ်တတ်ပါသည်။ အရက်သောက်ခြင်း၊ သည်းခြေကျောက်သည်မုတ်ချိုအိတ်ပြွန်တွင်တည်ခြင်း တို့ကြောင့်မုတ်ချိုအိတ်ရောင်ခြင်းအဖြစ်များပါသည်။ အူအတက်ရောင်ခြင်းတွင်လည်းတစ်ခါတရံတွင် ချက်ပတ်လည်နာခြင်းနှင့်အစပြုတတ်ပါသည်။ ချက်ပတ်လည်တွင် အူအခွေများလည်းရှိနေသောကြောင့် ၀မ်းကိုက်ခြင်း၊ အူရောင်ခြင်းတို့တွင်ချက်ပတ်လည်အောင့်ခြင်းဖြစ်တတ်သဖြင့် ချက်ပတ်လည်အောင့်ခြင်းသည်သေချာစမ်းသပ်ပြီးမှပြောနိုင်ပါသည်။

#ညာဘက်အောက်ပိုင်းအောင့်ခြင်း

ဗိုက်ညာဘက်အောက်ပိုင်းအောင့်ခြင်းအများစုသည် အူအတက်ရောင်ခြင်းဖြစ်တတ်ပြီး အူအတက်ရောင်ခြင်းသည် အူအတက်ပေါက်ခြင်းအထိဖြစ်နိုင်ပြီးအသက်အန္တရာယ် စိုးရိမ်ရတတ်ပါသည်။ အူအတက်ရောင်ခြင်း၊ အူအတက်ပေါက်ခြင်းတို့၏ဗိုက်အောင့်ခြင်းသည်ရုတ်တရတ်တစ်ရက်နှစ်ရက်အတွင်းဖြစ်တတ်ပြီး အန်ခြင်း၊ ဖျားခြင်းတို့နှင့်တွဲတတ်ပါသည်။ အူအတက်ပေါက်ခြင်းကဲ့သို့ပင် သန္ဓေသားသားဥပြွန်တွင်တည်ပြီး သားဥပြွန်ပေါက်ထွက်ခြင်းသည်လည်းခွဲမရအောင်တူတတ်ပါသည်။ ဗိုက်ညာဘက်အောက်ဘက် အောင့်ခြင်းသည် အခြားသောအူရောင်ရောဂါ၊အူ တီဘီရောဂါ၊ လေထိုးခြင်း၊ ၀မ်းချုပ်ခြင်း၊ အမျိုးသမီဆိုင်ရာသားဥအိမ်ရောဂါများနှင့်အူမကြီးကင်ဆာဟူ၍မျိုးစုံဖြစ်နိုင်ပါသည်။

၇။ဘယ်ဘက်အောက်ပိုင်း အောင့်ခြင်း

၀မ်းဗိုက်၏ဘယ်ဘက်အောက်ပိုင်းတွင် အူမကြီးအဆုံးပိုင်းနှင့်အစာဟောင်းအိမ်ရှိနေသောကြောင့် ၀မ်းချုပ်ခြင်း၊ စမျင်းပိတ်ပြီး အူပိတ်ခြင်း၊ အူမကြီးကင်ဆာကြိတ်များနှင့်အူပိတ်ခြင်းတို့သည်အဖြစ်များတတ်ပြီးအမျိုးသမီးများတွင် သားဥအိမ်၊ သားဥပြွန် နှင့်ပတ်သက်သောရောဂါတို့အဖြစ်များတတ်သဖြင့် သေချာစမ်းသပ်ကုသမှုခံယူသင့်ပါသည်။

#ဆီးခုံအပေါ်ပိုင်းအောင့်ခြင်း

ဆီးခုံဟုဆိုသည့်အတိုင်းဆီးအိမ် သည် ဆီးခုံရိုးအောက်တည့်တည့်တွင်ရှိပါသည်။ ဆီးအိမ်၏အနောက်ဘက်တွင် အမျိုးသမီးများတွင်သားအိမ်ရှိနေသောကြောင့် ဆီးစပ်ကိုက်ခြင်း သည်အများအားဖြင့် ပုံမှန်ရာသီလာစဉ်ကိုက်ခဲခြင်းသို့မဟုတ် မိန်းမကိုယ်လမ်းကြောင်းပိုး၀င်ခြင်းတို့အဖြစ်များတတ်ပြီးတစ်ခါတရံတွင် ၀မ်းကိုက်ခြင်းသည်လည်းဆီးစပ်ကိုက်ခြင်း၊ ၀မ်းမကြာခဏသွားချင်ချင်ဖြစ်ခြင်းတို့ဖြစ်ပေါ်တတ်ပါသည်။

ကျန်းမာရေးအတွက် အရေးကြီးဆုံးသော အရာမှာ ကျန်းမာရေးဗဟုသုတပင်ဖြစ်ပါသည်။ စောလျင်စွာ ကြိုတင်ကာကွယ် ကုသမှု ခံယူပြီး ပျောက်ကင်းနိုင်မည်ဖြစ်ပါသည်။

and respect to original post owner

Photos from Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း's post 20/09/2022

👉သင်တန်းကြေး 📙တစ်ဘာသာ➡️ ၁ သိန်းကျပ်

🛎️ တက်ရောက်နိုင်မည့်အခွင့်အရေး

👬သင်တန်းသား/သူ ➡️ 🔟 ဦး သာ လက်ခံပါမည်

🙏မိမိအနေနဲ့ သင်တန်းကြေး သက်သက်သာသာနဲ့

တက်လိုပါက ပထမဦးဆုံး 🔟 ဦးထဲမှာပါဖို့

အမြန်ဆုံး လာအပ်ပေးကြဖို့ တိုက်တွန်းလိုက်ပါ

တယ်ခင်ဗျ

💯သင်တန်းကာလ ➡️ သူနာပြုအကူ ➡️ ၃ လ

➡️ ဆေးဝါးအကူ ➡️ ၃ လ

🔔သင်တန်းကြေး ➡️ တစ်ဘာသာ ➡️ ၂ သိန်း

🛎️သင်တန်းအချိန်

➡️ သူနာပြုအကူ ➡️Thursday- Friday
(10 Am- 1Pm )
➡️ဆေးဝါအကူ ➡️Saturday - Sunday
(10Am- 1Pm )

👍သင်တန်းအပ်ကိုတော့ ကြာသပတေး မှ တနင်္ဂနွေ

နေ့ရက် ရုံးချိန်အတွင်း လာရောက်အပ်နိုင်ပါသည်

🏥သင်တန်းနေရာ➡️ တိုက်(၄) အခန်း(၂၂)

လှိုင်ရတနာအိမ်ယာ (၉)ရပ်ကွက် လ်ှုင်မြို့နယ်

သံလမ်းမှတ်တိုင်အနီး

📞 09 982 764 687, 09 989 456 564

📱Page ရဲ့ Cb မှတဆင့်လဲ ဆက်သွယ်နိုင်ပါသည်

Photos from Yoyarlay's post 15/09/2022

Photos from Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း's post 08/09/2022

Central မှာတက်ရောက်ခြင်းဖြင့် အသက်​မွေးဝမ်းကြောင်းပညာရပ်တစ်ခုကိုကျွမ်းကျင်စွာတက်မြောက်ဖို့အတွက် တာဝန်ယူသင်ကြားပေးတဲ့အပြင်လုပ်ငန်းခွင်ဝင်ရောက်နိုင်အောင်လည်း ကူညီဆောင်ရွက်ပေးပါတယ်နော်❤

မိသားစုကျန်းမာရေးအတွက်သာမကဘဲ ဆေးဆိုင်ဖွင့်လိုသူများ၊ အခြေခံဆေးဝါးပညာ လေ့လာလိုသူများအတွက် Central မှာ သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်းသား များအဖြစ်လာရောက်အပ်နှံနိုင်ပါပြီ❤

🔴 သင်တန်းသားများကို ပိုမိုထိရောက်စွာ သင်ကြားနိုင်ရေးနှင့် အမှန်တကယ် နားလည်တက်ကျွမ်းစေရန်အတွက် လူဦးရေအကန့်အသတ်နဲ့သာ သင်ကြားပေးသွားမှာဖြစ်ပါတယ်နော်❤

သူနာပြုအကူသင်တန်း
-----------------------------
သင်တန်းကာလ - (၃)လသင်တန်း (စာတွေ့ + လက်တွေ့)
သင်တန်းကြေး - (၁)သိန်းကျပ်

ဆေးဝါးကျွမ်းကျင်အကူသင်တန်း
-----------------------------
သင်တန်းကာလ - (၃)လသင်တန်း (စာတွေ့ + လက်တွေ့)
သင်တန်းကြေး - (၁)သိန်းကျပ်

သင်တန်းချိန်..........................................
ကြာသပတေး - သောကြာ (အခြေခံသူနာပြုစုမှုဘာသာရပ်)

စနေ - တနင်္ဂနွေ (ဆေးဝါးကျွမ်းကျင်ဘာသာရပ်)

#တက်ရောက်နိုင်သောပညာအရည်အချင်း👩‍🎓👨‍🎓
အခြေခံပညာအလယ်တန်းမှစ၍ဘွဲ့ရများအထိ ဆေးပညာရပ်များနှင့်သူနာပြုစုခြင်းကိုစိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ပါတယ်။

Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်းမှာ
🔹 Health care assistant တစ်ယောက်မှာသိသင့်သိထိုက်တဲ့ အကြောင်းအရာများ
🔹ပြည်တွင်း/ပြည်ပဆေးရုံဆေးခန်းများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လိုသူများ သိရှိထားရမယ့် အချက်များ
🔹 မိသားစုနှင့်ပတ်ဝန်းကျင်ကို ကူညီစောင့်ရှောက်လိုသူများအတွက်သိသင့်တဲ့ဆေးပညာရပ်များ
🔹 ဆေးဆိုင်တစ်ဆိုင်ဖွင့်လှစ်ဖို့အတွက်လိုအပ်တဲ့နည်းလမ်းများ
🔹ရောဂါများနဲ့သက်ဆိုင်တဲ့ဆေးဝါးများအကြောင်း
🔹 ဆေးဝါးများနှင့်ပက်သက်ပြီးအသေးစိတ်သိရှိထားရမယ့်အချက်များ
🔹 အထွေထွေကျန်းမာရေးဗဟုသုတများနဲ့
အခြားမသိမဖြစ်သိကိုသိရမဲ့ဘာသာရပ်တွေကို သေချာစွာတက်မြောက်သည်အထိ သင်ကြားပေးသွားပါမယ်။

🔸ဒါ့အပြင် သင်တန်းပြီးမြောက်လျှင်လည်း ပြည်တွင်းပြည်ပအသိအမှတ်ပြုသင်တန်းဆင်းလက်မှတ် ( Certificate) များကို အခမ်းအနားနဲ့ပေးအပ်သွားပါမယ်နော်❤

🔵သင်တန်းပြီးမြောက်သူများအတွက် အလုပ်အကိုင်များကို ပြည်တွင်းရှိဆေးရုံဆေးခန်းများအပြင် #ပြည်ပသို့သွားရောက်လုပ်ကိုင်လိုသူများအတွက် စိတ်ချရသော အေဂျင်စီများနှင့်ပါ ကူညီရှာဖွေ ချိတ်ဆက်ပေးသွားပါမည်။

🔸ဆေးရုံ/ဆေးခန်းများတွင် အတွေ့အကြုံရှိသောဆရာများမှ သင်ခန်းစာများအပြင် အထွေထွေ ကျန်းမာရေးဗဟုသုတများနှင့် လုပ်ငန်းခွင်အသုံးချ သင်ခန်းစာများ၊အခြားသောကျန်းမာရေးဝန်ထမ်းများနှင့်ပေါင်းသင်းဆက်ဆံရေးနည်းလမ်းများကိုပါသင်ကြားပေးသွားပါမည်။ သင်ခန်းစာများကိုမရှင်းလင်းပါက ပြန်လည်မေးမြန်းနိုင်သည့်အပြင် အမှန်တကယ် နားလည်တက်ကျွမ်းစေရန်လည်း စာတွေ့လက်တွေ့များဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။❤

❤ အခြားသောသိရှိလိုသည်များကိုလည်း Page messanger နဲ့ ဖုန်းနံပါတ်များမှတဆင့် အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

စိတ်ရှည်ပြီး သဘောထားပြည့်ဝသည့်ဆရာများမှသင့်အားကြိုဆိုနေပါတယ်။🤝🤝

🏠သင်တန်းနေရာ - တိုက်(၄)၊အခန်း(၂၂)(ဒုတိယထပ်) (၉)ရပ်ကွက်၊လှိုင်ရတနာအိမ်ယာ၊ လှိုင်မြို့နယ်။
(သံလမ်းမှတ်တိုင်အနီး၊ အင်းစိန်လမ်းမကြီးပေါ်)

📞ဆက်သွယ်ရန်ဖုန်းနံပါတ် - 09982764687 /
09989456564

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No(22) Building No(4) Insein Road Hlaing Township
Yangon

Other Home Health Care Services in Yangon (show all)
အသောက - ATK Clinic and Pharmacy အသောက - ATK Clinic and Pharmacy
6A/No-387/Thudhamma Road
Yangon

Hinthar A Linn -Yangon School Hinthar A Linn -Yangon School
No. 1194, 4th Floor(B), Pinlon Road, 35th Qtr. , North Dagon Township
Yangon, 11191

သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင?

Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု
Hnin Si Street Alal Village
Yangon, 11401

မိမိအမျိုးထဲဆရာ၀န်တစ်ယောက်ရှိနေသက?

Than Aung Than Aung
Yangon, 05061

Dr.Shwe Dr.Shwe
Yangon, 11211

Kitchen Accessories Kitchen Accessories
Yangon, 22141

Kitchen Accessories / Home Furniture/ Bathroom Accessories/

ရွက်သစ် ဆေးခန်း - Ywat Thit Specialist Clinic ရွက်သစ် ဆေးခန်း - Ywat Thit Specialist Clinic
No. 19, Padaythar Street, 8 Quarter, Kamayut Township
Yangon, 11041

Specialist ဆရာဝန်ကြီးများ၏ အထူးကု ဆေးခန်း

Nightingale Nursing Nightingale Nursing
Yangon, 18111

Health Caregiver Service throughout Myanmar

မရှက်နဲ့ သားကြီးတို့ by Dr.Kyaw မရှက်နဲ့ သားကြီးတို့ by Dr.Kyaw
Yangon

မျိုးဆက်ပွားကျန်းမာရေးနှင့်ဆိုင်သ?

Chanthar Thukha Clinic & Training Center Chanthar Thukha Clinic & Training Center
Chanthar Thukha Clinic, No (863), No(4) Yin Mar Street, No (12) Quarter, Shwe Pyi Thar
Yangon, 11211

လူနာနဲ့ လက်တွေ့ ထိတွေ့သင်ကြားရမယ့်အပြင် ဆရာဝန်တွေကိုယ်တိုင် အနီးကပ် သင်ပေးမယ့် သင်တန်းဆိုတော့.......

Super Nurse Caregiver & Pharmacist Training Center Hledan-1 Super Nurse Caregiver & Pharmacist Training Center Hledan-1
33, 4th Floor, U Tun Lin Chann Street, Hledan , 1 Qtr, Kamayut Tsp
Yangon