Shop With Me

Health and Beauty

03/06/2024

Copy

ဆရာမကြီးဒေါ်ခင်နွယ်ဝင်းရဲ့
ကျန်းမာရေးဆိုင်ရာဆေးပညာဗဟုသုတများကို
လေ့လာကြတဲ့အခါ
လူတိုင်းအရိုးစွဲအောင်မှတ်မိ
ကျင့်သုံးနေကြတဲ့
""အဆီလျှော့စားပါ၊
နွားနို့သောက်ပါ ၊ဆားလျှော့စားပါ""
ဒါတွေဟာ လုံးဝမှားယွင်းနေတယ်ဆိုတာသိခဲ့ရ
ပါတယ်။

အဆီဟာ ဦးဏှောက်ကိုအားပေးပြီး
ကိုယ်အလေးချိန်လျှော့ချတဲ့ဆေးများဟာ
လူတွေကိုကြီးစွာသောဒုက္ခကိုဖြစ်စေပါတတ်၊
cholestrol ချဆေးများဟာ ခန္ဓာကိုယ်ထဲရှိတဲ့
COQ10 ကိုဖြတ်ချ ဖျက်ဆီးပစ်တာပါဘဲ
ဒါကြောင့်Statin တွေသောက်မိသူတွေဟာ
နှလုံး ဦးဏှောက်နဲ့အာရုံကြောတွေကိုထိခိုက်
ပြီးဒုက္ခရောက်နိုင်ပါတယ်

(D3)-သောက်ခြင်းဖြင့် စိတ်ကျမ်းမာရေးကို
အထောက်အကူဖြစ်စေပါတယ် ရောဂါကာကွယ်
တဲ့စနစ်ကိုလည်းမြှင့်တင်ပေးပါတယ်
အရိုးကိုအားဖြည့်ပေးလို့အရိုးပွ အရိုးပါး
မဖြစ်စေနိုင်ပါ

(Super k)=super k ထဲမှာk1/k2(mk7)
k2(mk4) တွေပါပါတယ် ပိုလျှံနေတဲ့ဒုက္ခပေးမဲ့
calciumတွေကိုအရိုးထဲဆွဲထဲ့ပေးပါတယ်

(Magnesium )=ဟာ အကြောအချင်ဆန့်ခြင်း
ကျုံ့ခြင်း လှုပ်ရှားမှုတိုင်းကို လွယ်ကူသက်သာ
ပျော့ပြောင်းစေပါတယ် citrate နဲ့Malateကို
သာသောက်ရန်သင့်ပါတယ်

(COQ10)= ခန္ဓာကိုယ်အတွင်း ကြက်ဥအနှစ်နဲ့
တိရိစ္ဆာန်များအူစုံအသည်းစုံစားခြင်းမှာရ ရှိနိုင်
တဲ့ဓါတ်ဖြစ်ပါတယ် နှလုံးကိုအားဖြည့်ပေးနိုင်
ပါတယ်

(PROBIOTIC)= ဆိုတာအူလမ်းကြောင်းမှာ
အစာခြေနိုင်ဖို့အတွက်ခန္ဓာကိုယ်တွင်းသဘာဝ
အကျိုးပြုပိုးကလေးများဟာ ANTIBIOTIC
ဆေး တွေ အစာအိမ်နာ၍သောက်မိသောACID BLOCKER များကြောင့်ပျက်စီးဆုံးရှုံးကုန်တတ်
ပါတယ်၊ သူတို့မရှိရင်စားသမျှအစာအာဟာရများ
ရဲ့အများစုကိုမချေဖျက်နိုင်ဘဲရောဂါအမျိုးမျိုး
ဖြစ်စေတတ်ပါတယ် ။
ဒါကြောင်သဘာဝအကျိုးပြုပိုး ပြန်ဖြည့်ဆည်းဖို့သောက်ကြရပါတယ်။
သက်ရှိပိုးများဖြစ်သောကြောင့် ဆေးဗူးဖေါက်ပြီး
ရေခဲသေတ္တာ(OR) အေးမြသောအရိပ်ရနေရာ
မှာသိမ်းရပါတယ်။

(COD LIVER OIL/OMEGA 3 )=
ဝေလငါးကြီးများ ရဲ့အဆီဟာ လူခန္ဓာကိုယ်အတွက်အလွန်အားပြည့်ဝစေပါ
တယ် ၊ မလိုအပ်သောပိုလျှံ အဆီများကိုလည်း
ဖယ်ရှားပေးနိုင်ပြီးဦးဏှောက်အတွက်ကောင်းမွန်တဲ့အဆီလိုအပ်ချက်ကိုဖြည့်ပေးနိုင်ပါတယ်၊
cod liver oil ကတော့ရည်အသွေးအပြည့်ဝဆုံး
ဖြစ်ပြီးomega 3 တို့သောက်မယ်ဆိုရင်
DHA 500/EPA400 ပြည့်ပါဝင်တာရွေးဝယ်
ကြပါ။

(B12)= အသက်ကြီးသူများအဓိကလိုအပ်တဲ့
မှတ်ဥာဏ်ချို့ယွင်းသတိမေ့တတ်ခြင်း၊အယ်ဇိုင်း
မား ၊ပါကင်ဆန် စတဲ့အာရုံကြောရောဂါများ
အတွက် အရေးကြီးလိုအပ်ပါတယ်။

FOLATE= B12နဲ့တွဲသောက်ရန်လိုအပ်သော
သံဓါတ်folic acid ရဲ့Alkalime form
စိတ်တိုလွယ် စိတ်လှုပ်ရှားမှုအတွက်အားဖြည့်ပေး
ပါတယ်
B6(PYRIDOXYL 5 PHOSPHATE)+
B12+FOLATE နဲ့တွဲသောက်ရန်လိုအပ်သော
ဓါတ်ဖြစ်ပါတယ် B6 ရိုးရိုးထက် P5P ဟာ
ခန္ဓာကိုယ်တွင်းဓါတ်ပြုရန်လွယ်ကူစေပြီးသွေး
လေညီညွတ်စေပါတယ်

(MACUGUARD )= မျက်စိအတွင်းအာရုံကြောနှင့်ဆဲလ်များအားဖြည့်
ပေးသောအားဖြည့်ဆေးပါ
(&Astaxanthin ပါတာ တိမ်အတွက် သောက်တာပါ)

(UNIQUE E)(ABCORBATE C)(VIT A)
တို့နှင့်တွဲသောက်ရန်လိုအပ်ပါတယ်

TNG or (METABOLIC ADVENTAGE)
(SELENIUM) & (ZINC)=thryoid အားနည်းရောဂါ
HYPOTHRYOID လူနာများသောက်သုံးသင့်သည့်
ဗီတာမင်

(L glutamin powder)=အရိုးစွတ်ပြုတ်
မသောက်နိုင်သူများ အားဖြည့်ဓါတ်စာ

(curcumin)= ဆနွင်းမှုန့်သဘာဝantioxident

(Cinsulin)=ဆီးချိုထိန်းရန်သောက်သုံးသင့်
သည့်သစ်ဂျပိုးခေါက်မှုန့်ဓါတ်စာ

(R lippolic acid)=ဆီးချိုသမားများသောက်ရန်
သင့်တော်သောထုံကျင်မှုအတွက်အားဖြည့်ဆေး

(D ribose powder)သောက်သင့်-အချိုအစားထိုး
အင်အားပြည့်ဝစေသောကာဗွန်၅လုံးပါသကြား

(Electrolyte powder)= လန်းဆန်းအားပြည့်
စေသည့် အားဖြည့်ဓါတ်ဆား

(Iodoral)= အမျိုးသားများဆီးကျိတ်ရောဂါ
အမျိုးသမီးများ ရင်သားအကျိတ်မဖြစ်စေရန်
အားဖြည့်အိုင်အိုဒင်း thryoid အားနည်းသူများ
metabolic ကဲ့သို့သောက်ရန်သင့်သည့်ဆေး

(Super digestive)= အစာကြေဆေး

(melatonin)= ဦးဏှောက်အတွက် antioxident
ဖြစ်စေပြီးနှစ်ခြိုက်စွာအိပ်ပျော်စေနိုင်သောဆေး

(Cram max)= ဆီးလမ်းကြောင်းပိုးဝင်ခြင်း
အတွက်သင့်သည့်ဆေး

(milk thistle)=အသည်းအားဖြည့်ဆေး

(Ox Bile)=အဆီကိုချေဖျက်ပေးသောသည်း‌ခြေဆေး၊ရင်ပြည့်ရင်ကယ်/လေပူလေပွ သမားများသောက်သင့်သည်

(B.1-3/1-6 d glutan)ခုခံအားမြှင့် စေရန်
D3နှင့် တွဲသောက်ရန်အားဖြည့်ဆေး

(N-acetyl cysteine)=antioxident Gluthioneဖြစ်ပါတယ် အာရုံကြောoxidentive stress များကာကွယ်ပေးပြီးအသည်းကိုကျန်းမာ
စေတယ်၊ ခုခံအားမြင့်စေတယ်၊ အသက်ရှူလမ်း
ကြောင်းကိုလည်းကျန်းမာစေပါတယ်။

***မိမိရောဂါနှင့်ကိုက်ညီသောဆေးကိုလေ့လာ
တတ်စေရန် ရည်ရွယ်ပြီးတင်ပေးတာပါ
ချို့ယွင်းချက်များရှိပါက အကြံပေးနိုင်ပါတယ်
Credit #

04/05/2024

ဖြည့်စွက်စာ ( supplements ) ဘယ်လိုသောက်မလဲ။

ဖြည့်စွက်စာ ( supplements ) ဘယ်လိုသောက်မလဲ မေးကြသူတွေအတွက် ၂၀၂၀ ၊ ဇွန်လအထိ မှတ်သားမိသမျှ ရေးပါတယ်။

1. ဗိုက်တာမင် D3 ကို မနက် သို့မဟုတ် နေ့လည်အစာစားပြီးသောက်နိုင်ပါတယ်။

2. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို တစ်လုံးတည်းသောက်တဲ့အခါ ညဘက်သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။

3. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၂ လုံးသောက်ရမည်ဆိုလျှင် မနက် နှင့် ည သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။

4. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၃ လုံးသောက်ဖို့လိုလျှင် မနက်၊ နေ့လည်၊ ည သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။

5. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၄ လုံးသောက်ရမည်ဆိုလျှင် မနက် ၂ လုံး နှင့် ည ၂ လုံးသောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။

6. ဇင့် ( Zinc ) ကို 30 mg ကနေ 50 mg ထိ ညစာစားပြီးသောက်နိုင်ပါတယ်။ ဇင့်သောက်တဲ့အခါ တစ်ချို့လူများမှာ ပျို့အန်ချင်စိတ်ပေါ်လာတတ်ပါတယ်။

7. ဆယ်လီနီယမ်ကို တစ်ချို့က အစာမစားမီသောက်တဲ့အခါ အဆင်မပြေတတ်ပါ။
အစာမစားမီသောက်လို့ အဆင်မပြေတဲ့အခါ အစာစားပြီးသောက်ပါ။

8. ဗိုက်တာမင် K2 ဖြည့်စွက်စာများကို မနက် သို့မဟုတ် နေ့လည်အစာစားပြီးသောက်နိုင်ပါတယ်။

9. ပရိုဘိုင်အိုတစ်ကို အစာစားပြီးသောက်နိုင်ပါတယ်။ တစ်ချို့က အစာစားပြီးသောက်တဲ့အခါ လေပွတတ်ပါတယ်။ ပရိုဘိုင်အိုတစ် အစာစားပြီးသောက်တဲ့အခါ လေပွတတ်သူတွေအတွက် အစာမစားမီ မိနစ် ၃၀ ကြိုပြီး သောက်လို့ရပါတယ်။

10. Ox bile & digestive enzymes ဖြည့်စွက်စာကို အစာမစားမီ ၁၅ မိနစ် ကြိုသောက်ပါ။

11. Betaine HCl ကို အစာစားပြီး ၁၅ မိနစ်အတွင်းသောက်သင့်ပါတယ်။

12. Betaine HCl , Ox bile & digestive enzymes ပေါင်းထားတဲ့ ဖြည့်စွက်စာကို အစာစားပြီးမှသောက်ပါ။

13. Cold pressed virgin coconut oil ကို အစာစားပြီး သောက်ကြပါတယ်။ ဝမ်းသွားဖို့ သောက်ချင်သူတွေက မနက်စစောစောစီးစီး အစာမစားမီသောက်ကြပါတယ်။ မနက်စစောစောစီးစီး အစားမစားမီသောက်တဲ့အခါ ဗိုက်နာတတ်ပါတယ်။

14. MCT oil ကို ထမင်းစားပြီး 2 နာရီကျော်မှသောက်ပါ။

15. ဆီကို နနွင်းထည့်သောက်တဲ့အခါ အစာစားပြီးမှသောက်ပါ။

16. N acetyl cystiene ( NAC ) , L carnitine & L glutamine တွေ ကို အစာမစားခင် 2 နာရီ၊ အစာစားပြီး 2 နာရီကျော်မှ သောက်ပါ။

17. Melatonin , GABA & L theanine တွေကို တွေ ကို ညစာစားပြီး ၂ နာရီကျော်မှ သောက်ပါ။ ညအိပ်ချိန်မရောက်ခင် ၁ နာရီကြိုသောက်သင့်ပါတယ်။

18. Vitamin C နှင့် ငါးကြီးဆီကို အစာစားပြီးမှသောက်ပါ။ ငါးကြီးဆီးကို ညစာ နှင့် သောက်တဲ့ အချို့လူတွေမှာ အိပ်မပျော်ဖြစ်တတ်ပါတယ်။

19. ဗိုက်တာမင် B များ ( B1, niacin, B5, B2, B6, B12, folate ) ကို အစာနှင့်အတူ သောက်ပါ။ တသ်ချို့လူတွေ သောက်လို့မရပါ။

20. CoQ 10 ကို မနက်စာစားပြီးသောက်တာပိုအဆင်ပြေပါတယ်။ ကျောက်ကပ်အစားထိုးထားသူတွေကို CoQ10 (30 mg ) ကို တစ်နေ့ သုံးကြိမ်သောက်ခိုင်းပါတယ်။

21. R lipolic acid ကို အစာစားပြီး ၁ နာရီကျော်မှ သောက်သင့်ပါတယ်။

22. D ribose တွေကို အစာစားပြီးမှ သောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်၊ သံပုရာရည် ၊ အသီးဖော်ရည်များထဲ ထည့်သောက်နိုင်ပါတယ်။

23. Cod liver oil မှာ omega 3 အပြင် ဗိုက်တာမင် D နှင့် A အနည်းငယ်ပါဝင်ပါတယ်။ အစားစာပြီးမှသောက်ပါ။ နနွင်းနဲ့လည်း တွဲသောက်လို့ရပါတယ်။

24. Milk thistle ကို အစာစားပြီးသောက်ပါ။ Selenium နှင့် ဗိုက်တာမင် B တွေနဲ့ တွဲသောက်နိုင်ပါတယ်။

Brand name နှင့် ဖြည့်စွက်စာတွေအတွက်

1. Jarrow က ထုတ်တဲ့ collagen type -1 ကို အစားမစားမီ ၁ နာရီမှာ ၆ လုံးသောက်ရပါတယ်။ ကျွန်တော်ကတော့ မနက်စာ မစားမီ ၃ လုံး နေ့လည်စားမစားမီ ၃ လုံး ခွဲသောက်ပါတယ်။

2. CanPrev တံဆိပ်နဲ့ antioxidant network supplements ကို ကျွန်တော်သောက်တုန်းက တစ်ရက် နှစ်လုံးသောက်ပါတယ်။ အစာစားပြီးသောက်ရတာပါ။ နောက်ပိုင်း CanPrev antioxidant network supplement အစား Jarrow က ထုတ်တဲ့ S acetyl L glutathione ကို ပြောင်းသောက်ပါတယ်။

3. Jarrow က ထုတ်တဲ့ S acetyl L glutathione မှာ glutathione 100 mg ပါဝင်ပါတယ်။ Glutathione 100 mg ဆိုတော့ ပမာဏနည်းပါတယ်။ နေ့စဉ်အဆိပ်ထုတ်လုပ်ငန်းကို ဆိုးကျိုးမရှိစေဘဲ လုပ်ဆောင်နိုင်အောင် glutathione 100 mg လောက်ကိုသာ ထည့်ထားတယ်လို့ပြောပါတယ်။ ကျွန်တော်က မနက်စာစားပြီးသောက်ပါတယ်။

4. Allergy Research Group ကထုတ်တဲ့ 200 mg of zen ကိုတော့ ညအိပ်ယာမဝင်ခင် တစ်နာရီမှာ ၁ လုံး သို့မဟုတ် ၂ လုံးသောက်ပါ။

5. Allergy Research Group ကထုတ်တဲ့ Thyroid glandular supplement ကို မနက်စာစားပြီးသောက်ပါ။ ကျွန်တော်ကိုယ်တိုင်သောက်နေတာပါ။

6. D ribose အနေနဲ့ ကျွန်တော်အသုံးပြုနေတာ PowerfulHealth တံဆိပ်ပါ။ စျေးသက်သာတာကြောင့်သုံးတာတော့ မဟုတ်ပါ။ အနံ၊ အရသာမပါဝင်လို့ လိုသလို သုံးလို့ရတာပါ။ အခြားဓာတုပစ္စည်းမပါတာကြောင့် ခဲတတ်သော သဘောရှိပါတယ်။
မနက် ကော်ဖီသောက်တိုင်း ထမင်းစားဇွန်းနဲ့ကို ထည့်သောက်တာပါ။

7. Bio Tech တံဆိပ် D3 plus မှာ ဗိုက်တာမင် D3 အပြင် D3 ရဲ့ cofactors တွေပါပါတယ်။Serving size က နှစ်လုံးပါ။ D 3 (5000 iu) ပြည့်ဖို့ ၂ လုံးသောက်ရပါမည်။ သာမန်လူတွေအတွက်ပြသနာမရှိပါ။ ကျောက်ကပ်လုပ်ဆောင်မှု လွန်စွာနည်းသူ နှင့် ဇင့်သောက်ပြီး အန်ချင်သူတွေနဲ့ မတည့်ပါ။

8. Garlum တံဆိပ်နဲ့ ကြက်သွန်ဖြူဆေးကို ကျွန်တော်အမြဲသောက်ပါတယ်။ အန္တရာယ်ပြုမည့် အဆီပိုတွေလျော့ချပေးဖို့ ရည်ရွယ်ပါတယ်။ အစာစားပြီး နာရီဝက်လောက်ငုံပြီး ဝါးစားပါတယ်။ အရသာမကောင်းပါ။

9. Allmeric တံဆိပ်နဲ့ နနွင်းဆေးကို ငုံလို့ရပါတယ်။ ဝက်ခြံ၊ သွားကိုက်ခြင်းအတွက် ကောင်းပါတယ်။

10. Jarrow Magnesium optimizer ကို မနက်စာစားပြီး 1 ကြိမ် & ညစာစားပြီး 1 ကြိမ်သောက်ပါ။

ဒေါက်တာ ဖြိုးမောင်မောင် ( Dr.PHYO MAUNG )

24/02/2024

🙏မင်္ဂလာပါရှင်🙏

One A day 65+ပစ္စည်းရောက်ပါပြီးရှင့်

Made in USA 🇺🇸

💊အသက်ခြောက်ဆယ့်ငါးနှစ်အထက် ဖိုးဖိုးဖွားဖွားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အားဆေးလေးပါ။
လျှင်မြန်ဖျတ်လတ်သွက်လတ်ဖို့✨ proactive✨ လေးကိုဖိုးဖိုးဖွားဖွားတွေအတွက်ဝယ်တိုက်ကြပါစို့။

Vitamins B6,B12,C,E နဲ့ Folic Acid က ❤️နှလုံးကျန်းမာရေးအတွက် အထောက်ကူပြုပီး နှလုံးတွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။
အရိုးအဆစ်များ သန်မာအောင် Calcium Vitamin D နှင့် Magnesium များပါဝင်ပါတယ်

Vitamin B ဓာတ်မျိုးစုံပါဝင်သောကြောင့် အားအင်ပြည့်ဖြိုး လန်းဆန်းစေပါတယ်
Vitamin C,Calcium,Magnesium နှင့် Vitamin D ပါဝင်ပြီး သွေးပေါင်ချိန်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးလို့ သွေးတိုးရောဂါရှိသူများအတွက်အထူးပဲကောင်းမွန်ပါတယ်

Vitamin A,C,Zinc,Seleniumများပါဝင်လို့ ကိုယ်ခံအားကို မြင့်တင်ပေးပြီးသည့်အပြင့် ခန္ဓာကိုယ်ရှိ cellများကို ကျန်းမာအောင်ပြုလုပ်ပေးပါတယ်ရှင်
☎️09420095937

08/01/2024

သားအိမ် အသားလုံးရှိရင် ဘာလုပ်ရမလဲ မေးသူအတွက်

Fibroid or Myoma ခေါ် သားအိမ် အသားလုံး အကြောင်း ဖြစ်ပါတယ်။

သားအိမ် အသားလုံးဟာ အမျိုးသမီး အတော် များများမှာ ရှိတတ်ပါတယ်။

သားအိမ် ကြွက်သား smooth muscle မှ လာတာ ဖြစ်ပါတယ်

၉၉ % လောက်ဟာ ကင်ဆာ မဟုတ်ပါ။ Leiomyosarcoma ဆိုတာ ရှိတော့ရှိတယ်၊ သို့ပါသော်လည်း အလွန် ရှားပါတယ်။

Ultrasound ရိုက်လိုက်လို့ သားအိမ် အလုံးရှိတယ် ဆိုရင် ဘာလုပ်သင့်တယ် ဆိုတာ ကြည့်ကြရအောင်။

၁. ဘယ်လိုမှ မခံစားနေဘူး ဆိုရင် ဘာမှ လုပ်စရာ မလိုပါ။
Symptom မရှိဘူး ဆိုရင်ပေါ့။ ဥပမာ ခါးနာတာတို့၊ ဆီးအိမ် ပိနေလို့ ဆီး ခဏခဏ သွားတာတို့ ဖြစ်ပါတယ်။
နောက်တစ်မျိုး ပြောရမယ် ဆိုရင် Fibroid ရှိရုံနဲ့ပဲ ခွဲရမယ် ဆိုတာ မဟုတ်ပါ။

၂. တိုတောင်းသော အချိန် အတွင်းမှာ အမြန် ကြီးလာမယ် ဆိုရင်သော် လည်းကောင်း၊ အရမ်း နာနေမယ် ဆိုရင်သော် လည်းကောင်း၊ ခွဲသင့်ရင်လည်း ခွဲရပါလိမ့်မယ်။

၃။ ခွဲခံရတဲ့ အခါမှာလည်း အသက် အလိုက် သားဥအိမ် ထုတ်၊ မထုတ် ဆိုတာကလဲ စကား ပြောပါသေးတယ်။

အသက် ၄၀ အောက်၊ ၄၀ ဝန်းကျင်လောက် ဆိုရင် မထုတ်ပြစ်သင့်ပါ။ သားဥအိမ် ထုတ်ပြစ်လိုက်မယ် ဆိုရင် မိန်းမဟော်မုန်း အလွန် နည်းသွားပြီ ဖြစ်ပါတယ်။

မြန်မာပြည်မှာက hormone replacement လုပ်ပေးတာ လုပ်ယူတာ အားနည်းတာကြောင့် အမျိုးသမီး အတော် များများဟာ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်၊ အိမ်ထောင်ရေး ပြဿနာ၊ အရိုးပါးခြင်း ပြဿနာ၊ စသည်ဖြင့် ဖြစ်ပါတယ်။

အသားလုံးဟာ ဘာကြောင့် ဖြစ်ရတယ် ဆိုတာ ခေတ်မီ ပညာရှင်တွေဟာ ယနေ့အထိ တိတိကျကျ မသိကြသေးပါ၊ သူတို့ ထင်ကြေးတွေကတော့ အမျိုးမျိုးပဲ ဖြစ်ပါတယ်။

အဘိဓမ္မာနဲ့ ကြည့်မယ် ဆိုရင်တော့ သားအိမ် အသားလုံးဟာ ရုပ်တရားသာ ဖြစ်ပါတယ်။ ရုပ်တရားတွေရဲ့ ဖြစ်ကြောင်းဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဖြစ်ပါတယ်။ ဥတုနဲ့ အာဟာရဟာ ရုပ်ကြာင်း တရားတွေ ဖြစ်ပါတယ်။ ပြင်ရတာ ပိုပြီး လွယ်ကူလှပါတယ်။

ဥတုတည်းဟူသော တေဇောဓာတ်ကို မျှအောင် လုပ်လိုက်ပါ။

အမျိုးသမီးတွေ လစဉ် လာတဲ့ ရာသီဟာ hypothyroid ဖြစ်နေသူများမှာ တအား များတတ်ပါတယ်။

အချို့ အမျိုးသမီးတွေဟာ သားဥလည်း မှန်မှန် မထုတ်နိုင်ပါ။ ကိုယ်ဝန် ဆောင်ရန်လည်း ခက်ခဲတတ်ပါတယ်။ ဝ လာတတ်ပါတယ်။ Polycystic o***y ဖြစ် တတ် ပါ တယ်။

အဓိက တရားခံကတော့ Thyroid hormone နည်းနေခြင်း ဖြစ်ပါတယ်။

အကြောင်းတရားကို အဓိက ထားပြီး ပြင်လိုက်မယ် ဆိုရင် ကောင်းသွားနိုင်ဖို့ လမ်း များပါတယ်။

အာဟာရကလဲ ကိုယ်နဲ့ သင့်တော်မဲ့ အစာ (သဘာဝ ဖြစ်မဲ့ အစာ) ကို သုံးဆောင်မယ် ဆိုရင် ဖြစ်လာတဲ့ ကလာပ်စည်းတွေဟာလည်း ပုံမှန် ကောင်းမွန်သော ကလပ်စည်းများသာ ဖြစ်ပါလိမ့်မယ်။

ကောင်းမွန် မျှတတဲ့ ဥတုဟာ ကောင်းမွန် ကျန်းမာတဲ့ ဥတုဇရုပ်တွေကို ဖြစ်စေပါလိမ့်မယ်။

ကောင်းမွန် မျှတတဲ့ အာဟာရဟာ ကောင်းမွန် ကျန်းမာတဲ့ အာဟာရဇရုပ်တွေ ဖြစ်စေပါလိမ့်မယ်။

ကျေးဇူးတော်ရှင် မြတ်စွာဘုရားဟာ ဘယ်တော့မှ မမှားတာကတော့ သေချာပါတယ်။ Credit:to a better health

01/01/2024

သွေးဆုံးချိန် Menopause
အပိုင်း၁.

အမျိုးသမီး အများစုဟာ သဘာဝအားဖြင့် အသက်၄၅ - ၅၅ နှစ်ကြားကာလမှာ သွေးဆုံးလေ့ ရှိပါတယ်။
သဘာဝတရားရဲ့ စီမံမှုပါပဲ။

သွေးဆုံးရခြင်းအကြောင်းကတော့ သားဥအိမ် အိုမင်းမစွမ်း ဖြစ်လာခြင်းဆိုတဲ့ သင်္ကေတပါ။
သားဥအိမ်ကနေ သားဥမျိုးစေ့အထွက် ကြဲလာရာကနေ နောက်ဆုံး လုံးဝမထွက်တော့သည့် အထိ ဖြစ်သွားပါတယ်။
သားဥ မျိုးစေ့ ထွက်မလာတော့သည့်အခါ ခန္ဓာကိုယ်ထဲမှာ အမျိုးသမီးဟော်မုန်းဓာတ် ပြောင်းလဲမှုတွေ ဖြစ်ပါတော့တယ်။
It denotes the end of reproductive era.

ဒီဟော်မုန်းဓာတ်တွေဟာ သားအိမ်ရဲ့ အတွင်းနံရံအပေါ် သက်ရောက်မှု ရှိတာကြောင့် ဟော်မုန်းအထွက် နည်းလာတာနဲ့အမျှ သားအိမ်အတွင်းမှ သွေးဆင်းလာမှုဟာလည်း ရပ်တန့်သွားပါတော့တယ်။

သဘာဝတရားကြီးဟာ အမျိုးသမီးရဲ့ သန္ဓေတည်နိုင်စွမ်းရှိသည့်အခြေအနေမှ သန္ဓေတည်နိုင်စွမ်း မရှိတော့သည့် အခြေအနေသို့ ကူးပြောင်းလိုက်တာ ဖြစ်ပါတယ်။

ခံစားရသည့် ဝေဒနာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါ။
အချို့လဲ သက်သက်သာသာနဲ့ပဲ သွေးဆုံးသည့်ကာလကို ဖြတ်သန်း နိုင်ကြပါတယ်။
အချို့ကလဲ ဝေဒနာတွေ ပြင်းပြင်းထန်ထန်ခံစားရသူများလဲ ရှိပါတယ်။

ဖြစ်လေ့ ဖြစ်ထရှိသည့် ဝေဒနာတွေကတော့
အပူထပြီး ချွေးထွက်ခြင်း
ညဖက်မှာ ဇောချွေးတွေ ထွက်ခြင်း
မကြာခဏ ဆီးသွားခြင်း
ရာသီလာတာ မမှန် / ရာသီ ရပ်သွားခြင်း
မိန်းမကိုယ် ခြောက်သွေ့နေခြင်း
အိပ်မပျော်ခြင်း
စိတ်ထွေနေခြင်း
သတိမေ့ခြင်း
ကိုယ်အလေးချိန် အပြောင်းအလဲ ရှိခြင်းတို့ ဖြစ်ပါတယ်။

29/12/2023

သစ်ကြပိုး (Cinnamon, Cinsulin)

၁။ ခန္ဓာကိုယ် ဇီဝဖြစ်စဉ် (ဆီး၊ဝမ်း၊သွေး၊လေ) ညီညွတ် မှန်ကန်စေသည်။
၂။ ပိုလီဖီနော ကြွယ်ဝစွာ ပါဝင်သောကြောင့် အရွယ်တင် နုပျို၍ ကင်ဆာရောဂါ ကာကွယ်သည်။
၃။ အရောင်ကျစေသော အာနိသင်ရှိသဖြင့် ရေရှည် စားသုံးခြင်းဖြင့် နာတာရှည် ရောင်ရမ်းနာများကို သက်သာစေသည်။
၄။ ကိုလက်စရော နှင့် ထရိုင်ဂလစ်စရိုက် ကို ကျစေပြီး နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်သည်။ နှလုံးသွေးကြောကျဉ်းရောဂါကို သက်သာစေသည်။
၅။ အင်ဆူလင် တုန့်ပြန်မှုအားကောင်းစေပြီး ဆီးချို ကျစေသည်။
၆။ ပါကင်ဆန်ရောဂါ နှင့် အယ်ဇိုင်းမား ရောဂါကဲ့သို့ အာရုံကြောများ ပျက်စီး၍ မှတ်ဥာဏ်ချို့ယွင်းမှုကို သစ်ကြံပိုးက ကာကွယ်ပေးသည်။
၇။ အူမကြီးကင်ဆာ ကာကွယ်နိုင်ကြောင်း သက်သေ ပြနိုင်ခဲ့သည်။
၈။ ဘက်တီးရီးယားနှင့် မှိုပိုးများကို ဆန့်ကျင်တိုက်ခိုက်နိုင်သည်။
၉။ သဘာဝ အပင် ၆၉ မျိုးနှင့် စမ်းသပ်ရာမှ သစ်ကြံပိုးသည် HIV -1 ဗိုင်းရပ်ကို ခုခံတိုက်ခိုက်နိုင်ကြောင်းတွေ့ရှိခဲ့သည်
၁၀။ menstrual pains ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း တွေကို သက်သာစေသည်။

သစ်ကြပိုး အမှုန့် (powder)၊ အခဲ (tablet)၊ အတောင့် (capsule) အမျိုးမျိုး ရှိသည်၊

အမှုန့်ဆိုလျင် လ္ဘက်စားဇွန်း (teaspoon) တဝက် တနေ့ တကြိမ် အစာစားပြီး သောက်ကြပြီး အခဲ၊ အတောင့်များကို တခါသောက် တလုံး တနေ့ ၂ ကြိမ် အစာစားပြီး သောက်သုံးလေ့ ရှိကြသည်

ဆီးချိုရှိသူများ အဓိက သောက်သုံးလေ့ ရှိကြသည်၊
မှာယူလိုပါက
09-420095937

18/12/2023

One a day men 50+ကို တစ်နေ့တလုံးသောက်သုံးခြင်းဖြင့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကောင်းကျိုးတွေရရှိစေမှာပါရှင်။

နှလုံး နှင့်
မျက်လုံး ကောင်းမွန်လာခြင်း
သွေးပေါင်ချိန်ထိန်းညှိပေးခြင်း
ဦးနှောက်အစိတ်အပိုင်းများကိုကောင်းမွန်စွာ လုပ်ဆောင်ပေးခြင်း
ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ သက်စောင့်ဓာတ်များရရှိစေခြင်း။
ကိုယ်ခံအား မြှင့်တင်ပေးခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိစေပါတယ်ရှင်။

30/11/2023

True Nature Advance Strength CINSULIN

👉ဆီးချိုသမားများအားထားရာ Cinsulin အကြောင်းသိကောင်းစရာ
👉Cinsulin Supplement ကို သဘာဝ သစ်ကြမ်းပိုးခေါက်မှ ထုတ်လုပ်ထားပီး သွေးတွင်းသကြားဓာတ် (Glucose Level)ကို ထိန်းချုပ်ပေးပါတယ်။
✅ဂလူးကို့စ်လယ်ဗယ်မြင့်ခြင်းဟာ အာရုံကြောတွေနဲ့ သွေးကြောတွေကို ပျက်စီးစေပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ရောဂါနဲ့ သွားဖုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
👉Cinsulin ၏ကောင်းကျိုးများ
---------------------------------------------
👉ခန္ဓာကိုယ် ဇီဝဖြစ်စဉ် (ဆီး၊ဝမ်း၊သွေး၊လေ) ညီညွတ် မှန်ကန်စေတယ်။
👉ပိုလီဖီနော ကြွယ်ဝစွာ ပါဝင်သောကြောင့် အရွယ်တင် နုပျို၍ ကင်ဆာရောဂါ ကာကွယ်ပေးတယ်။
👉အရောင်ကျစေသော အာနိသင်ရှိသဖြင့် ရေရှည် စားသုံးခြင်းဖြင့် နာတာရှည် ရောင်ရမ်းနာများကို သက်သာစေနိုင်တယ်။
👉ကိုလက်စရော နှင့် ထရိုင်ဂလစ်စရိုက် ကို ကျစေပြီး နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးပြီးနှလုံးသွေးကြောကျဉ်းရောဂါကို သက်သာစေပါတယ်။
👉အင်ဆူလင်က တုန့်ပြန်မှုအားကောင်းစေပြီး ဆီးချို ကျစေလို့ စိတ်မညစ်ရတော့ဘူးပေါ့။
👉ပါကင်ဆန်ရောဂါ နှင့် အယ်ဇိုင်းမား ရောဂါကဲ့သို့ အာရုံကြောများ ပျက်စီး၍ မှတ်ဉာဏ်ချို့ယွင်းမှုကို သစ်ကြံပိုးက ကာကွယ်ပေးနိုင်တယ်။
👉အူမကြီးကင်ဆာ ကာကွယ်နိုင်​တယ်။
👉ဘက်တီးရီးယားနှင့် မှိုပိုးများကို ဆန့်ကျင်တိုက်ခိုက်နိုင်တယ်။
👉တနေ့ ၂ လုံး အစာနဲ့တွဲ၍ သောက်ပေးရပါ့မယ်ရှင့်။
👉သွေးကျဲစေလို့ Aspirin,warfarin ကဲ့သို့သော သွေးကျဲဆေးများနဲ့ တွဲမသောက်သင့်ပါ။
ဆက်သွယ်မှာယူလိုပါက Chat Box or ph 09420095937

20/11/2023

လူတိုင်း သောက်သင့်တဲ့ ဆေးတွေကို ရေးပေးထားပါတယ်။

စဉ်းစားမိသည်မှာ

မိတ်ဆွေတို့ကတော့ ထင်မှာပဲ၊ ဆရာမကြီးက သောက်ခိုင်းတဲ့ ဗီတာမင်နဲ့ ဖြည့်စွက်ဓာတ်တွေဟာ များလိုက်တာ၊ ဝယ်ရတာ စျေးကလဲ သေးတာ မဟုတ်ဖူးလို့။

လူ အတော်များများကလည်း လက်လှမ်း မမှီနိုင်ကြပါ။

ကျွန်မလဲ တကယ်ပဲ စဉ်းစားကြည့်နေမိပါတယ်။

ဘယ်လိုလုပ်ရင် ပိုပြီး သင့်တော်မလဲလို့။

မြန်မာပြည်မှာကလဲ ကူးစက်တတ်တဲ့ ရောဂါတွေကလည်း အလွန် များလွန်းလှပါတယ်။

TB, Hepatitis B, C စသည်ဖြင့်ပေါ့။
ဒီအထဲမှာ ကင်ဆာကလဲ အဆစ် ပါလိုက်သေးတယ်။

ကလေး တစ်ယောက်ဆိုရင် ၂ နှစ်တောင် မပြည့်သေးဘူး၊ TB ဆေးတွေ သောက်ပြီး ချိသလို ဖြစ်နေတယ်။ နှေးလဲ နှေးသွားတယ်။

အစား အသောက် အနေအထိုင်ကတော့ မကြာခဏ ဆိုသလို ပြောပြနေပါတယ်။

ဗီတာမင် နဲ့ ဖြည့်စွက်ဓာတ်တွေ အဓိက အကျဆုံးကို ရွေးပြီး ချုံးပေးရမယ်ဆိုရင် သို့မဟုတ် နောက်တစ်နည်း ပြောရရင်၊ မဖြစ်မနေ သောက်သင့်တာတွေကတော့

၁. Vitamin D3 5000 – 10,000IU ( USA မှာ 5000IU အလုံး ၄၀၀ မှ ဒေါ်လာ တစ်ဆယ်လောက်ပဲ ကျပါတယ်။ တစ်နှစ်စာ ဖြစ်ပါတယ်) ရန်ကုန်မှာ ဘယ်လောက် ရောင်းသလဲ ကျွန်မ မသိပါ။ တစ်နှစ်ကို တစ်သောင်း ဆိုတော့ တစ်လကို ကျပ် ၁၀၀၀ လောက်ပဲ ကျမှာ ဖြစ်ပါတယ်။

ဝယ်သောက်ဖို့ အင်အား မရှိဘူး ဆိုရင် နေပူ ခံရမှာ ဖြစ်ပါတယ်။

၂. Probiotics 20 billion count (သူကတော့ စျေးနည်းနည်း ကြီးပါတယ်။)
လက်လှမ်း မမှီသူတွေက ချဉ်ဖတ် စားပါ။

၃။ Zinc 50 mg စျေး အလွန် ချိုပါသည်၊ အပေါဆုံး ဖြစ်ပါတယ်။

၄. Magnesium Citrate. Costco brand Member’s Mark ဝယ်ရင် စျေး မကြီးပါ။ 400-600mg သောက်ပါ။

ဒီလောက် သောက်နိုင်မယ် ဆိုရင် ကူးစက်တတ်တဲ့ ရောဂါ ဖြစ်နှုံး အတော် ကျသွားမယ်လို့ ကျွန်မ ထင်ပါတယ်။

၅. ဒီထက် နည်းနည်း ပို တတ်နိုင်မယ် ဆိုရင် ငါးကြီးဆီ Cod liver oil သောက်ပါ။

၆. အသက် ၆၀ ကျော်ရင်တော့ VitaminB12 သောက်သင့်ပါတယ်။ 5000 microgram ဖြစ်ပါတယ်။ နေ့တိုင်း မသောက်နိုင်ဘူး ဆိုရင် တစ်ပတ်ကို ၃ ခါလောက် သောက်ပါ။ စျေးလဲ ချိုပါတယ်။

အခြေခံအားဖြင့် ဒီလောက်ဆိုရင် အတော်လေး ကောင်းနေပါပြီ။

ကျွန်မလဲ တတ်နိုင်တဲ့ ဖက်ကနေ စဉ်းစားပြီး အကြံပေးခြင်း ဖြစ်ပါတယ်။

မြန်မာပြည်က ကုသိုလ်ဖြစ် ဆေးခန်းတွေမှာ အရေးပေါ် အချိန်က လွဲလို့ အခြား အချိန်တွေမှာ အထက် ဖော်ပြပါ ဗီတာမင်တွေ ဖြန့်ဝေပေးမယ် ဆိုရင် လူတွေ အတော် ကျန်းမာလာမှာ အမှန်ပါ။

လူတွေကို ဥပါဒ် ဖြစ်စေမဲ့ ဓာတုဆေးတွေကို တတ်နိုင်ရင် မသုံးစေချင်ပါ။

Foundation မျိုးစုံမှ ကုသိုလ်ဖြစ် ဆေးကုရာမှာ သဘာဝဆေးတွေနဲ့ ဦးတည်ပြီး ကုမယ်ဆိုရင် ပြည်သူလူထုရဲ့ ကျန်းမာရေး တကယ့်ကို အထောက်အကူပေးရာ ရောက်ပါလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။

ဓာတု ဆေးတွေဟာ ပိုက်ဆံသာ ကုန်သွားပြီး ရေရှည်မှာ အရာ မရောက်ပါ။ Credit. - To A Better Health

22/09/2023

Kirkland Triple Action Joint Health

Triple action joint health ဟာ အရိုး၊ အဆစ်အမြစ်နဲ့ အရိုးနုတို့ကို အားကောင်းအောင်လုပ်ပေးတဲ့ အားဆေးတလက်ဖြစ်ပါတယ်...

Kirkland triple actionမှာဆိုရင် Type 2 collagen (UC.2) ၊ hyaluronic acid နဲ့ boron တို့ ပေါင်းစပ်ပါ၀င်ထားပါတယ်...

Type 2 collagen ကေတာ့ အရိုးနုပြုလုပ်ရာမှာ အဓိကပါ၀င်တဲ့ protein ဖြစ်ပီး အရိုးအဆစ်အမြစ်ရောင်ရမ်းခြင်းတို့ကို သက်သာစေပါတယ်Hyaluronic acid ကေတာ့ joint fluid( အရိုးအဆစ်ကြားတွင် ရှိသော အရည်) တွင်ပါ၀င်ပြီး အရိုးတခုနဲ့တခု ကြား လှုပ်ရှားမှု လွယ်ကူချောမွေ့အောင် ပြုလုပ်ပေးပါတယ်..

Boron ကေတာ့ ခန္ဒာကိုယ်အတွင်းရှိ calcium နဲ့ D3 ပမာဏကို ထိန်းညှိပေးတဲ့အတွက် အရိုးကြံ့ခိုင်သန်မာစေပါတယ်...

Tablets လေးတွေဖြစ်တဲ့အတွက် သောက်ရလွယ်ကူပြီး တစ်နေ့တစ်လုံးသောက်သုံးသင့်တဲ့ဆေးလေးဖြစ်ပါတယ်
မှာယူလိုပါက
☎☎☎09420095937

21/09/2023

#🍎"ပန်းသီး ရှာလကာရည် ၏ ပြိုင်ဖက်ကင်းသော အသုံးကျမှုများ"

(၁) ခန္ဓာကိုယ်တွင်းမှ အဆိပ်ထုတ်ပေးခြင်း။
- စစ်ထုတ် မထားသော ပန်းသီး ရှာလကာရည် သည် အသည်း နှင့် သွေးဖြူလင့် တို့ အတွက် အားဆေးဖြစ်ပြီးခန္ဓာကိုယ်တွင်းမှ အဆိပ် ထုတ် ပေးရန် ကူညီပေးနိုင်သည်။
- ခန္ဓာကိုယ်၏ pH ကို မျှတစေသည်။
- နှလုံးသွေးကြောဆိုင်ရာ လှုံ့ဆော်မှု၊ အူသိမ်အူမ စေ့ဆော်မှု နှင့် သွေးဖြူလင့် စီးဆင်းမှု စသည်တို့ကို လှုံ့ဆော်ပေးခြင်း။

(၂) ဆံပင်ကို တောက်ပ စေရန် သဘာဝ ဆံပင်ကိုပြုပြင်သော ဆေးရည်ဖြစ်ခြင်း။
!- အော်ဂဲနစ် ပန်းသီး ရှာလကာရည် ၁ ဇွန်း + ရေ ၁ ခွက် = သဘာဝ Hair Conditioner

(၃) သဘာဝ သွားဖြူဆေး ဖြစ်ခြင်း။
- သွားများကို ပန်းသီး ရှာလကာရည်ဖြင့် ၁ မိနစိခန့် ပွတ်တိုက် ပေးခြင်းဖြင့် ပန်းသီး ရှာလကာရည် ၏ pH ကြောင့် သွားအစွန်းအထင်းများကို ဖယ်ရှားပေးခြင်းဖြင့် သဘာဝအလျောက်ဖြူဖွေးစေရန် ကူညီပေးနိုင်သည်။

(၄) အစာအိမ် အက်စစ် နောက်ပြန်ဆန်ခြင်းနှင့် ရင်ပူရင်ဆာ ဖြစ်ခြင်းတို့ကို ကုသနိုင်ခြင်း။
- ရင်ပူရင်ဆာဖြစ်ခြင်းသည် အစာအိမ် pH မမျှတခြင်းနှင့် အင်ဇိုင်းများ၊ ပရိုဘိုင်အောတစ်များ ချို့တဲ့ခြင်းကြောင့်ဖြစ့်ပြီး ပန်းသီး ရှာလကာရည်သည် ၎င်း သြဇာဓာတ်များဖြင့် ပြည့်ဝသည်။
- အစာအိမ်အက်စစ် နောက်ပြန်ဆန်ခြင်းကို သက်သာစေရန် ပန်းသီး ရှာလကာရည် တစ်ဇွန်း ကို ရေ တစ်ခွက်ဖြင့်ရောပြီး အစာမစားမီ ငါးမိနစ် အလိုတွင် သောက်သုံးနိုင်သည်။

(၅) ကပ်ပါးမှို (ရိစ့်) ကို သေစေနိုင်ပြီး ပရိုဘိုင်အောတစ်များကို မြှင့်တင်ပေးခြင်း။
- ကပ်ပါးမှို (ရိစ့်) ကြောင့် ပါးစပ်နံခြင်း၊ အားအင်မဲ့ခြင်း၊ ဆီးလမ်းကြောင်း ကူးစက်ရောဂါ နှင့် အစာခြေချက်ခြင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်စေသည်။

(၆) ခန္ဓာကိုယ် ၏ pH ကို ထိန်းညှိပေးခြင်း။
- ခန္ဓာကိုယ် pH ကိုမျှတ စေခြင်းဖြင့် ကင်ဆာ ကဲ့သို့ နာတာရှည် ရောဂါများ၏ အန္တရာယ်ကို လျော့ချပေးနိုင်ပြီး ခန္ဓာကိုယ် စွမ်းအင်ကို သိသာထင်ရှားစွာ တိုးမြှင့် စေနိုင်သည်။

(၇) ကိုယ်အလေးချိန်လျော့ချ ခြင်းနှင့် ခန္ဓာကိုယ် ဓာတုဖြစ်စဉ် တို့ကို ထောက်ပံ့ပေးနိုင်ခြင်း။
- ပန်းသီး ရှာလကာရည် တွင်ပါဝင်သော အဆီးတစ် အက်စစ် (Acetic Acid) သည် ခန္ဓာကိုယ် အဆီကို လျော့ကျစေနိုင်သည်။

(၈) သဘာဝ အိမ်တွင်းū သန့်ရှင်းရေးပစ္စည်းဖြစ်ခြင်း။
- ပန်းသီး ရှာလကာရည် သည် ဘက်တီးရီးယား ဆန့်ကျင့်မှု ဂုဏ်သတ္တိ နှင့် pH မျှတစေခြင်း စသည်တို့ကြောင့် ပြည့်စုံကောင်းမွန်သော အိမ်တွင်း သန့်ရှင့်ရေး ပစ္စည်း ဖြစ်စေသည်။
- စပရေး ပုလင်း ထဲသို့ - ရေ (၅၀%) + ပန်းသီး ရှာလကာရည် (၅၀%) ဖြည့်ပြီး ပြတင်းပေါက်၊ စားပွဲ စသည်တို့ကို သန့်ရှင်း စေရန် ပက်ဖျန်း အသုံးပြုနိုင်သည်။

(၉) နေလောင်ခြင်း ကို သက်သာစေခြင်း။
- နေလောင်ခံရသော အရေပြားအတွက် = ပန်းသီး ရှာလကာရည် ၁ ခွက် + အုန်းဆီ ၁/၄ ခွက် + လားဗင်ဒါ ဆီ။

(၁၀) သွေးတွင်း သကြားကို မျှတစေပြီး ဆီးချိုရောဂါကို တိုးတက်ကောင်းမွန် စေခြင်း။
- ပန်းသီး ရှာလကာရည် တွင် ပါဝင်သော အဆီးတစ် အက်စစ်သည် သွေးတွင်း သကြားကို မျှတစေနိုင်ပြီး အင်ဆူလင်တုံ့ပြန်နိုင်မှုတို့ကို တိုးတက်ကောင်းမွန်စေသည်။

(၁၁) တိုက်ကပ် နွယ်ပင် အဆိပ်ကို ကုသပေးနိုင်ခြင်း။
- ပန်းသီး ရှာလကာရည် တွင်ပါဝင်သော ပိုတက်ဆီယမ် သည် ရောင်ကိုင်း(ဖောရောင်)ခြင်း နှင့် ရောင်ရမ်းခြင်းတို့ကို လျော့နည်းစေရန် ကူညီပေးနိုင်သည်။

(၁၂) အိမ်မွေး တိရိစ္ဆာန်များ၏ လှေး၊ သန်း စသည်တို့ကို ဖယ်ရှားပေးနိုင်ခြင်း။
- ရေ နှင့် ပန်းသီး ရှာလကာရည် တို့ကို ဆတူရောပြီး အိမ်မွေး တိရိစ္ဆာန်တို့ကို စိမ်ပေးနိုင်သည်။

(၁၃) သွေးဖိအား ကျစေခြင်း။
- ပန်းသီး ရှာလကာရည် ကို သုံးစွဲခြင်းကြောင့် ထရိုင်ဂလစ်စရိုက်
မကောင်းသောမဆီ နှင့် သွေးဖိအား တို့ကို ကျဆင်းစေနိုင်သည်။

(၁၄) ရာသီအလိုက် ဖြစ်သော ဓာတ်မတည့်ခြင်းများ (ရာသီ တုပ်ကွေး များ စသည်ဖြင့်) ကို တိုက်ခိုက်ပေးခြင်း။
- ပန်းသီး ရှာလကာရည် သည် ခန္ဓာကိုယ်တွင်း၌ ချွဲသလိပ် တို့ကို ပြိုကွဲစေပြီး သွေးဖြူလင့် စီးဆင်းမှု တို့ကို ထောက်ပံ့ ပေးသည်။ ကိုယ်ခံအား စနစ်ကိုလည်း ထောက်ပံ့ပေးပြီး အသက်ရှူလမ်းကြောင်း (လေလမ်းကြောင်း) တို့ကို ရှင်းလင်းစေနိုင်သည်။
- ရာသီအလိုက် ဖြစ်သော ဓာတ်မတည့်ခြင်းများ (ရာသီ တုပ်ကွေး များ စသည်ဖြင့်) တို့ အတွက် ပန်းသီး ရှာလကာရည် ၂ ဇွန်း ကို ရေဖန်ခွက်ကြီး တစ်ခွက်တွင် ရောစပ်ပြီး တနေ့ ၃ ကြိမ် သောက်သုံးနိုင်သည်။

(၁၅) ခြေချောင်းများ နှင့် အရေပြား မှိုစွဲခြင်း တို့ကို သုတ်သင် ပေးနိုင်ခြင်း။
- ပန်းသီး ရှာလကာရည် တွင်ပါဝ\င်သော ဘက်တီးရီးယား နှင့် မှို စသည်တို့ ဆန့်ကျင်သည် ဒြပ်ပေါင်းများသည် အရေပြားနှင့် ခြေချောင်းမှိုစွဲခြင်းတို့ အတွက် အထူးကောင်းမွန်သော သဘာဝ ကုသမှုကို ဖြစ်စေသည်။
- မှိုစွဲသော နေရာ တဝိုက်ကို တစ်နေ့နှစ်ကြိမ် ပွတ်လိမ်းပေးနိုင်ပါသည်။
- အုန်း ဆီ၊ အော်ရီဂါနို ဆီ တို့နှင့် ရောစပ်၍လည်း အသုံးပြုနိုင်ပါသည်။

(၁၆) နှင်းခူနာနှင့် ဝက်ခြံအတွက် အရေပြားဆေး(Skin toner) အဖြစ်အသုံးပြုနိုင်ခြင်း။
- ပန်းသီးရှာလကာရည်၏ pH သည် အရေပြား ပြဿနာများအတွက် အကောင်းဆုံး ကုထုံး ဖြစ်စေသည်။
- ပန်းသီးရှာလကာရည်ကို သက်ဆိုင်ရာအရေပြားပေါ်သို့ သုတ်လိမ်းပေးခြင်း သို့မဟုတ် ဆေးကြောပေးပြီး အုန်းဆီနှင့် ရနံ့အဆီတို့ကို သုတ်လိမ်းပေးနိုင်ပါသည်။

(၁၇) သွေးကြောထုံးခြင်း (အထူးသဖြင့် ခြေသလုံး နေရာများ) ကို သက်သာစေခြင်း။
- ပန်းသီးရှာလကာရည် သည် သွေးကြောထုံးခြင်းအတွက် အကောင်းဆုံးဖြစ်သည်။ ၎င်းသည် သွေးပြန်ကြောနံရံများအတွင်း သွေးလှည့်ပတ်ခြင်းကို တိုးတက်ကောင်းမွန်စေပြီး ရောင်ရမ်းခြင်းကို ဆန့်ကျင် ပေးသည်။ ထို့ကြောင့် ဖောင်းထွက်လာသော သွေးကြောများကို လျော့နည်းစေသည်။
- ပန်းသီးရှာလကာရည် + ဝစ်-ဟေစော (Witch-hazel) တို့ကို လိမ်းကျံပေးနိုင်ပါသည်။

(၁၈) သဘာဝအနံ့အသက်ပျောက်ဆေးဖြစ်ခြင်း။
- မကောင်းသော ဘက်တီးရီးယားများနှင့် ရိစ့် တို့သည် ခန္ဓာကိုယ် အနံ့ဆိုးခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ ချိုင်းအောက်နေရာများကို ပန်းသီးရှာလကာရည် တို့လိမ်းပေးခြင်းဖြင့် ရိစ့်များကို သေဆုံးစေပြီး အနံ့ဆိုးများကို ပျက်ပြယ်စေနိုင်ပါသည်။

(၁၉) အအေးမိခြင်းနှင့် လည်ချောင်းနာခြင်းကို ကုသပေးခြင်း။
- ပန်းသီးရှာလကာရည်သည် အအေးမိခြင်းနှင့် လည်ချောင်းနာခြင်းကို အမြန်ဆုံး ကုသပေးရန်အတွက် အကောင်းဆုံး ကုထုံး ဖြစ်ပါသည်။ ၎င်းတွင်ရှိသည့် ဗိုက်တာမင်များနှင့် ပရိုဘိုင်အောတစ် အားဖြည့်ထားသည့် အက်စစ်တစ်အင်စစ် စသည်တို့သည် ထူးကဲသော သဘာဝ ဆေးနည်းဖြစ်ပါသည်။
- အအေးမိခြင်းကို ကုသရန် အတွက် ပန်းသီးရှာလကာရည် နှစ်ဇွန်းနှင့် ရေ တစ်ခွက်တို့ကို တစ်နေ့သုံးကြိမ် သောက်သုံးနိုင်ပါသည်။

(၂၀) ကြွက်နို့ အသားမာတို့ကို လျော့ကျစေနိုင် ကောင်းခြင်း။
- ပန်းသီးရှာလကာရည်ကို ကြွက်နို့နေရာ တဝိုက်တွင် လိမ်းပေးပြီး တစ်ညတာ စည်းထားပေးနိုင်ပါသည်။ သို့သော် ၎င်းသည် ကြွက်နို့ပျောက်ကင်းရန်အတွက် အချိန်ယူကောင်းယူနိုင်သည်။
ငါးမျက်စေ့အပေါ်ကိုပန်းသီးရှာလကာရည်ကိုဂွမ်းစလေးနဲ့တနေ့ ၂/၃ ကြိမ် လိမ်းပေးပါ ပျောက်ကင်းပါသည်

၂၁။ ဆံပင်ဖြူနေတာပြန်မဲစေခြင်း
ရေမချိုးမှီ ဆံပင်ဖြူနေသောနေရာများသို့
မိနစ် ၂၀-၂၅ လောက်စွတ်ပေးထားပြီး
ရေချိုး၊ခေါင်းလျှော်ပါ၊
တလလောက်ဆိုသိသာလာပါမည်၊သေနေသောကလပ်စည်းများမှမူလကလပ်စည်းအနေအထားသို့ပြန်လည်ကောင်းမွန်လာခြင်း။

၂၂။ သဘာ၀ မျက်နှာအလှပြုပြင်နည်းပန်းသီး ရှာလကာရည် ၏ စိတ်ဝင်စား ဖွယ် အာနိသင် တစ် မျိုး

နုပျို ချောမွေ့ ပြီး မျက်နှာ ကို ကျန်းမာ ရေး ကောင်း တဲ့ အသွင် ဆောင် စေ ပါ တယ်။

ကျွန်မ တို့ တ တွေ အား လုံး ဟာ အသက် ကြီး လာ တာ နဲ့ အမျှ အသား ရောင် ဟာ အသက် ငယ်စဉ် က လို တောက် တောက် ပပ မရှိ ကြ တော့ ပါ။

အသက် ကြီး လာ တာ နဲ့ အမျှ မျက် နှာ အရေ ပြား မှာ ရှိ တဲ့ dead skin cells ခေါ် အို မင်း ပြီး သေ နေ တဲ့
ကလာပ် စည်း တွေ ဟာ သူ့ အလို အလျောက် ကွာ ကျ ဖို့ ပို ပြီး ကြာ လာ တတ် ပါ တယ်။

ဒီ ကလာပ် စည်း တွေ နဲ့ ဖုံး နေ တဲ့ မျက် နှာ ဟာ ငယ်စဉ် အခါ က လို တောက် ပ ခြင်း မရှိ တော့ တာ အမှန် ပဲ ဖြစ် ပါ တယ်။

အခု ခေတ် မှာ ဆို ဓာတု ဆေး မျိုး စုံ နဲ့ ဆေး ခန်း တွေ မှာ၊ အလှ ပြင် ဆိုင် တွေ မှာ မျက်နှာ ပေါ် ရှိ သေ နေ တဲ့ ကလာပ်စည်း ကို ခွါ ပေး လေ့ ရှိ ပါ တယ်။

Facial ကို အလှ ပြင် ဆိုင် တွေ မှာ လုပ် မယ် ဆို ရင် စျေး ကြီး ပါ တယ်။

ဒီ တော့ ကာ အိမ် မှာ ပဲ ကိုယ့် ဖာသာ ကိုယ် လုပ် ကြ ရ အောင်။

၁. မျက်နှာ ကို ရေ နွေးနွေး လေး နဲ့ သစ် ပါ၊ ဆပ် ပြာ မတိုက် ရ ပါ။

၂. ရေ ပူ ပူ မှာ wash cloth လို့ ခေါ် တဲ့ လက် သုတ် ပုဝါ သေးသေး ကို စိမ် ပြီး ညှစ် ထုတ် ပြစ် ပါ။
ပြီး ရင် မျက် နှာ ပေါ် မှာ ၃ မိနစ် လောက် ကပ် ထား လိုက် ပါ။

၃. ပန်းသီး ရှာလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ကို ရေ တစ်ခွက် နဲ့ ရော လိုက် ပါ။
ပိတ်ပါး တစ် ခု ကို စွတ်စို စေ ပြီး မျက် နှာ ကို ခပ် ရွ ရွ ပွတ် ပေး လိုက် ပါ။

၄.. ပိတ်ပါး ကို ပန်းသီ ရှာလကာရေ ဖျော်ရည် ထဲ မှ ပြန် စိမ် ပြီး မျက် နှာ ပေါ် တင် လိုက် ပါ။
သူ့ အပေါ် မှာ ရေပူပူ နဲ့ စွတ် ထား ပြီး ညှစ် ထား တဲ့ မျက် နှာ သုတ်ပုဝါ အသေး ကို ထပ် တင် လိုက် ပါ။

၅. လှဲ အိပ် လိုက် ပြီး ၁၀ မိနစ် ခန့် ထား လိုက် ပါ။

၆. ပိတ်ပါး နဲ့ မျက်နှာသုတ် ပုဝါ တို့ ကို ဖယ် ပြစ် လိုက် ပါ။

ရ. မျက်နှာ သုတ် ပုဝါ ကြမ်းကြမ်း သို့ မဟုတ် loofah or သပွတ်သီး နုနု လေး နဲ့ မျက် နှာ ကို ဖြေးဖြေး အောက် က နေ အထက် သို့ ပွတ် ပေး ပါ။

မျက်နှာ ပေါ် ရှိ မလိုအပ် တဲ့ သေ နေ တဲ့ ကလာပ်စည်း အ ဟောင်း များ ကွာ ကျ သွား ပြီး၊ အောက် မှ
ကလာပ်စည်း အနု တွေ ပေါ် လာ ပါ လိမ့် မယ်။

မျက်နှာ အရေ ပြား ဟာ ချောမွတ် ပြီး နု နေ ပါ လိမ့် မယ်။

မျက် နှာ လည်း အရောင် ထွက် လာ ပါ လိမ့် မယ်။

အမျိုးသား တွေ လဲ လုပ် လို့ ရ ပါ တယ်။

တစ်ပတ် တစ်ခါ ဖြစ် စေ၊ ကိုယ် အလို ရှိ သ လို လုပ် လို့ ရ ပါ တယ်။

၂၃။ Uric acid များနေသူတွေ ကို

ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်း က

ပန်းသီးရှာလကာရည်သောက်ရင်

ဆီးက အလွယ်တကူ ထွက်သွားနိုင်ပါတယ်တဲ့

----

ဖတ်ကြည့်ကြရအောင်

Apple Cider Vinegar ( ပန်းသီး ရှာလကာရေ ) နှင့် Gout ရောဂါ ရှိ သူ များ ——

ပန်းသီး ရှာလကာရေ ဟာ Gout လူနာ တွေ အတွက် အကျိုး ရှိ နိုင် ပါ သလား ?

ဖြေ ——

အကျိုး ရှိ နိုင် ပါ တယ်။

သွေး ထဲ မှာ uric acid များ နေ ရင် ၊ ပန်းသီးရှာလကာရေ ကို သောက် ခြင်း ဖြင့် သွေး ကို alkaline ပို ဖြစ် စေ
ပြီး၊ ဆီးထဲ က နေ uric acid တွေ ကို ထုတ် ပြစ် လိုက် လို့ ဖြစ် ပါ တယ်။

နားလည် ဖို့ ဟာ Physiology ဇီဝကမ္မဗေဒ ကို ပြန် ကြည့် ကြ ရ အောင်။

ပန်းသီး ရှာလကာရေ ဟာ acetic acid ဖြစ် ပါ တယ်။

သောက် လိုက် တဲ့ အခါ အစာသစ်အိမ် ထဲ ( stomach ) ရောက်ခါ စ မှာ
အက်စစ် သတ္တိ ရှိ တာ မို့၊ ပရိုတင်း ဓာတ် ကို ကောင်း စွာ အစာ ချေ ပေး နိုင် ပါ တယ်။

ထို့ အတူ အစာသစ် အိမ် ထဲ ရှိ ပိုးမွှား များ ကို လည်း သုတ်သင် ပေး နိုင်စွမ်း ရှိ ပါ တယ်။

ထို့ နောက် acetic acid ဟာ acetate အသွင် ပြောင်း သွား ပြီး အူသိမ် ( small intestine ) ထဲ ရောက်သွား တဲ့ အခါ သွေး ထဲ ကို စုတ်ယူ ခံ ရ ပါ တယ်။

သွေး ထဲ မှာ acetate က နေ bicarbonate ပြောင်း သွား ပြန် ပါ တယ်။

ခန္ဓာကိုယ် ရဲ့ alkalinity ဟာ ပန်းသီး ရှာလကာရေ သောက် ခြင်း ဖြင့် တက် လာ ပါ တယ်။

Alkaline ဖက် ပို များ လာ တဲ့ အခါ မှာ uric acid ဟာ ပို ပြီး ပြော် နိုင် တာ မို့ ဆီး ထဲက နေ ထွက် သွား ဖို့ ရာ ပို လွယ် ကူ ပါ တော့ တယ်။

ဘေးထွက်ဆိုးကျိုး တွေ များ တဲ့ ဓာတုဆေး တွေ အစား၊ ခန္ဓာကိုယ် ကို အကျိုး ပြု နိုင် တဲ့ ပန်းသီး ရှာလကာရေ ကို အားပေး သင့် တယ် လို့ ထင် ပါ တယ်။

၂၄။ Probiotic မြှင့်တင်ပေးနိူင်သောကြောင့် အစာအိမ်နှင့်အူလမ်းကြောင်း အလွန်ကောင်းပါသည်။

၂၅။ အစာအိမ်ရှိသူများ အစာစားပြီးမှသောက်ပါ။

Apple cider vinegar ပန်းသီး ရှာလကာရည် ဗဟုသုတ----

ပန်းသီးရှာလကာရည် ဟာ ဘာကြောင့် ထူးခြား မှု ရှိ ရ တာ ပါ လဲ ?

၁. ဗီတာမင်ဓာတ် တွေ ပါ ရှိ ခြင်း
Vitamin A, C, E, B1, B2, B6,

၂. သတ္တုဓာတ် မျိုးစုံ ပါဝင် ခြင်း
Calcium, Chromium, Copper, Iron, Magnesium, Manganese, Phosphorus, Potassium, Selenium, Sodium,
Zinc

၃. အမြှင်ဓာတ် Fiber

၄. The Mother ဆို တာ pure unfiltered apple cider vinegar မှာ ပါ ပါ တယ်။
နည်းနည်း နောက် နေ တဲ့ ပုံ၊ အမှုံ တွေ ပါ သ လို ဖြစ် နေ တတ် ပါ တယ်။
ဒီ Mother ထဲ မှာ ပါ တာ တွေ က တော့ amino acids တွေ၊ digestive enzymes ( အစာချေဆေး ) နှင့် အာဟာရ ဓာတ် များ ပါ ပါ တယ်။ သူ တို့ တွေ ဟာ bacteria, fungus ပိုးမွှား တွေ ကို သုတ်သင် ပေး နိုင် သလို၊ ခန္ဓာကိုယ် ယောင် ကိုင်း ခြင်း ကို လဲ သက် သာ စေ နိုင် ပါ တယ်။

ဘယ် လို မျိုး ပန်းသီး ရှာလကာရည် ကို ဝယ် သင့် ပါ သ လဲ?

Organic unfiltered with the Mother က တတ် နိုင် ရင် တော့ အကောင်းဆုံး ဖြစ် ပါ တယ်။

USA မှာ က တော့ 32oz ဖန်ပုလင်း ကို ၆ ဒေါ်လာ နီး ပါး ပဲ ပေး ရ ပါ တယ်။
ရန်ကုန် မှာ က တော့ စျေး အတော်ကြီး တယ် ထင် ပါ တယ်။
ကျွန်မ ဆို လို ချင် တာ က တော့ ၊ အလှမ်းမီ မှ ဝယ် ပါ။

ဘယ် လောက် ပဲ ကောင်း တယ် ဆို စေကာ မူ၊ ကိုယ် နဲ့ မတည့် ဖူး ထင် ရင် တော့ မ သောက် ကြ ပါ နဲ့။
ကျွန်မ အတွက် က တော့ အလွန် ပင် ကောင်း ပါ တယ်။

လူ ဆို တာ တစ် ယောက် နဲ့ တစ် ယောက် မတူ ကြ တာ မို့၊ မိမိ နဲ့ သင့် တော် တယ်၊ မသင့် တော် ဖူး ဆို တာ သောက် ကြည့် ရင် သိ နိုင် ပါ တယ်။

ပြော လက်စ နဲ့ သူ အကျိုး ပြု နိုင် ပုံ လေး တွေ ကို ဗဟုသုတ အဖြစ် ဆက် ကြ ရ အောင် -----

၁. အစာကျေ စေ ခြင်း
အစာ မစား ခင် ၁၅ မိနစ် လောက် အလို မှာ သောက် ရင် သင့် တော် ပါ တယ်။
လဖက်ရည် ဇွန်း ၁ - ၂ ကို ရေ ၈ အောင်စ နဲ့ ရော ပြီး သောက် ပါ။

၂. အရိုးအဆစ် တွေ ကိုက် ခြင်း၊ အသားတွေ နာ ခြင်း ကို လည်း သက် သာ စေ ပါ တယ်။
ကိုယ် ချိုး မဲ့ ရေ ထဲ မှာ ရှာလကာရည် ကို 1 cup ကို bath tub ထဲ မှာ ထည့် ပြီး နာရီဝက် - ၄၅ မိနစ် လောက် စိမ် နိုင် မယ် ဆိုရင် ယောင် ကိုင်း ခြင်း တွေ မှ သက် သာ စေ နိုင် ပါ တယ် လို့ ဆို ပါ တယ်။
မြန်မာ ပြည် မှာ လုပ် ဖို့ တော့ လွယ် မယ် မ ထင် ပါ။

၃. ခန္ဓာကိုယ် ခုခံအား ကို လည်း အားရှိ စေ ပါ တယ်။
နေ မကောင်း တဲ့ အခါ တစ်နေ့ ကို သုံး ကြိမ် လောက် သောက် ပေး နိုင် ရင် ကောင်း ပါ တယ်။
ကျွန်မ တော့ မစမ်းသပ် ကြည့် ဖူး သေး ပါ။
သောက် တဲ့ အခါ ဖြေးဖြေး သောက် ပါ။

၄. လည်းပင်း အကြိတ် တွေ ယောင် တတ် သူ များ အတွက် လည်း ကောင်း တယ် လို့ ပြော ပါ တယ်။
swollen lymph nodes

၅. သည်းချေ ကျောက်တည် သူ များ ၊ ကျောက် ကြောင့် ဗိုက် နာ နေ သူ များ အတွက် ကောင်း တယ် လို့ ပြော ပါ တယ်။
1 tablespoon of cider vinegar into a glass of apple juice . ရောမွှေ ပြီး သောက် ကြည့် ပါ တဲ့။

သည်း ချေ ကျောက် ကြေ စေ ချင် ရင် ----
2 teaspoon of apple cider vinegar and 1 teaspoon of lemon juice in a glass of water.
မနက် အိပ်ယာ က နိုးနိုး ခြင်း၊ အစာ မစားမီ သောက် ရ မှာ ဖြစ် ပါ တယ်။
တစ်ပတ် ကို သုံး ကြိမ် သောက် နိုင် ပါ တယ်။
သည်းချေ ကျောက် ကြေ နိုင် တယ် လို့ ဆို ထား ပါ တယ်။
စမ်းကြည့် ချင် ရင် ရ အောင် ရေး ပေး တာ ဖြစ် ပါ တယ်။
ကျွန်မ ကိုယ်တွေ့ တော့ မဟုတ် ပါ။

၆. ထိတ် ခပ် နာ ရှိ သူ များ Sinus infections
Mix apple cider vinegar ½ cup with ½ cup of water. မီး ဖို ပေါ် မှာ ဆူ လာ တဲ့ အထိ တည် ပါ။
ဒီ ဆူ နေ တဲ့ ရေ ကို အဝကျယ် ဖန် ဖူး တစ် ခု ထဲ မှာ ထည့် ပြီး၊ ဖန်အိုးဝ မှာ မျက် နှာ ထား ပါ။ ခေါင်း မှာ မျက်နှာသုတ် ပုဝါ နဲ့ ပတ် ထား ပါ။ အငွေ့ တွေ ကို ရှူ လိုက် ပါ။ သိပ် ပူ နေ ရင် ခဏ စောင့် ပါ။

၇. ကြို့ ဆက် တိုက် ထိုး နေ တာ ကို လဲ ပျောက် စေ ပါ တယ် တဲ့ ( Hiccups )

၈. ပွေး ပေါက် နေ တဲ့ နေ ရာ ကိူ တို့ ရင် လဲ ပျောက် ကင်း နိုင် ပါ သတဲ့။

၉ . ကျောက်ကပ် မှာ ကျောက် တည် နေ တာ ကို ကျေ စေ နိုင် တယ် လို့ လဲ ပြော ပါ တယ်။

၁၀. အသည်း မှ အဆိပ် တွေ ထုတ် ရာ မှာ လည်း ကောင်း ပါ သ တဲ့။

အခြား သော အကျိုး တွေ လဲ အများ ကြီး ရှိ ပါ သေး တယ်။

အထူး သဖြင့် ကျွန်မ စိတ်ဝင်စား တာ က တော့ သည်းချေ ကျောက် တည် နေ သော သူ များ၊ ကျောက် ကြောင့် နာ နေ သူ များ အတွက် ဖြစ် ပါ တယ်။

စမ်းကြည့် လို့ အောင်မြင် တယ် ဆို ရင် ကျွန်မ ကို ပြန် ပြီး အကြောင်း ကြား စေ ချင် ပါ တယ်။

ပန်းသီး ရှာလကာရည် ကိုရွေးချယ်ရာတွင် အော်ဂဲနစ်ဖြစ်ခြင်း၊ စစ်ထုတ် မထားခြင်း (Unfiltered)၊ အပူပေး၍ ပိုးသတ် မထားခြင်း (Unpasteurized) စသည့် အမျိုးအစားကို ရွေးချယ်ခြင်းအားဖြင့် များစွာသော ကျန်းမာရေး နှင့် အလှအပ ဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
နှောက်နေသော အမျှင်များပါဝင်သည့် ပန်းသီး ရှာလကာရည်သည် အကျိုးပြု အင်ဇိုင်းများနှင့် ဘက်တီးရီးယားတို့ ပါဝင်ခြင်းဖြစ်ပြီး ၎င်းသည် " The Mother" ဟု ရည်ညွှန်းသည့် ပရိုဘိုင်အောတစ်များ ဖြစ်ကြသည်။

- စစ်ထုတ် မထားသော (Unfiltered)၊ အပူပေး၍ ပိုးသတ် မထားသော (Unpasteurized) ပန်းသီးရှာလကာရည် (Raw) သည် ခန္ဓာကိုယ်အတွက် တစ်ခုတည်းသော အယ်ကာလိုင်း-ပုံစံ ရှာလကာရည်ဖြစ်ပါသည်။

Credit - Dr KNW Credit - To A Better Health and
‌ Sai Myo Tun 's Health Diary

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)