Fit With-Min Thant

Fat loss tips

21/01/2024

1လပဲ အရင် ကစားကြည့် ပြောင်းလဲမှု မရှိရင် သင်တန်းကြေး၂ဆပြန်အမ်းမယ်။
-------
လူပေါင်းများစွာကို အဆီချ ပြောင်းလဲပေးထားတဲ့ ` Ultimate fat loss program ´ ကိုမှ upgrate လုပ်ထားပြီး အလွန်တရာမှထိရောက်တဲ့ လေ့ကျင့်ခန်း တွေနဲ့
တစ်ဦးချင်းစီအတွက် သေချာရေးဆွဲပေးမယ့်
``Training program´´💪

တနေ့တာ လိုအပ်တဲ့ calories ကို အတိအကျ တွက်ချက်ပြီး ဆွဲပေးမယ့် `` Diet plan ´´🙀
✌️နှစ်မျိုးလုံးကိုမှ ၃လစာ ကို ၁သိန်းကျပ်သာ ကျသင့်ပါမယ်။

- လူကမ၀ဘူး ဗိုက်နဲ့ခါးပဲအဆီတွေကျပြီး တင်ပါးလေးလုံး၀န်းချင်တဲ့သူတွေ၊ ဝိတ်ကျချင်ရုံမဟုတ်ပဲ body shape ပေါ်ချင်တယ် ဆိုတဲ့သူတွေ အတွက် အရမ်းအရမ်းသင့်တော်ပါတယ်။
- တစ်ပတ်ကို 5ရက် သို့မဟုတ် 6ရက် တစ်ရက် 45မိနစ်နဲ့ လေ့ကျင့်ခန်းလုပ်ဖို့အချိန်ပေးနိုင်ရပါမယ်။ အားတဲ့အချိန် လုပ်လို့ရပါတယ်။
- ကစားနည်းတစ်ခုချင်းစီကို Video နဲ့ သေချာ သင်ကြားပေးထားပြီး ကစားထားတာတွေကို Video ရိုက်ထားပြီးပို့ပေးရပါမယ်။ မှန်မမှန် စစ်ပေးပြီး လိုအပ်သည်များကိုပြင်ဆင်ပေးပါမယ်။
- တိကျပြီးထိရောက်တဲ့လေ့ကျင့်ခန်း တွေကို တစ်ယောက်ချင်းစီအတွက်လိုအပ်တဲ့ caloriesကိုတွက်ချက်ပြီး သေချာဆွဲပေးမယ့် diet plan နဲ့ပါတွဲလိုက်တဲ့အခါ ပြောင်းလဲမှု result က အံ့မခန်းဖြစ်မယ်ဆိုတာ မလွဲဧကန်ပါပဲ။
- 2 ပတ်ကို တစ်ကြိမ် ​​ဓာတ်ပုံတွေနဲ့ ကိုယ်အလေးချိန်တွေပို့ပေးရပါမယ်။
လိုအပ်ချက်များအပေါ်မူတည်ပြီး diet နှင့် Training ကိုအပြောင်းအလဲ လုပ်ပေးပါမယ်။
- တစ်ခုသတိပေးချင်တာက ​အ၀တ်စားတွေ ချောင်သွားမယ့် ဒဏ်ကိုခံနိုင်မှသာ Program ၀ယ်ပါ။
- Home workout program များဖြစ်တဲ့အတွက် အလေးနှစ်တုံး သို့မဟုတ် ရေဗူး ၂ဗူးရှိရုံနဲ့ join လို့ရပါပြီ။
- ကျနော့် program အပေါ်ယုံကြည်မှု အပြည့်အ၀ရှိတဲ့အတွက် ၁လပဲ အရင်ကစားကြည့်ပါ မပြောင်းလဲရင် ၃လပြည့်အောင်လဲ ဆက်မဆော့နဲ့ Program ကြေးလဲ နှစ်ဆ ပြန်အမ်းပါမယ်။
program ၀ယ်လိုပါက
kpay no. 09250644029
(Min Thant Ko Ko ) ကို ငွေလွှဲပြီး Ss ပို့ထားပေးပါ။

အားလုံးပဲကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးပိုင်နိုင်ကြပါစေ။

Fit With-Min Thant
(Fat loss specialist)



#ဝိတ်ချနည်းလမ်းများ


#ဝိတ်ကျနည်းများ

Photos from Fit With-Min Thant's post 20/01/2024

Home pt ပြပေးနေရတဲ့ အမ နှစ်ယောက်ရဲ့ တစ်လအတွင်းပြောင်းလဲမှုကို တစ်ချက်ကြည့်ပါ👇

ကျနော့်ရဲ့ လက်ကိုင် ဆောင်ပုဒ် ကတော့ `` Train ပေးထားသမျှ clients တိုင်းပြောင်းလဲစေရမယ်´´။

Train Smart and Get Fit ✌️

Online Training လိုအပ်သူများ Cb မှာဆက်သွယ်ပါ။

Fit With-Min Thant
(Fat loss specialist)

20/01/2024

မိမိကိုယ်ကို မိမိသာ ယှဥ်ပါ။

- သူတစ်ပါးနဲ့ နှိုင်းယှဥ်နေသ၍ ဘယ်တော့မှ အဆင်ပြေလာမှာ မဟုတ်ပါဘူး။
- အရင်က မိမိထက် လက်ရှိက ပိုသာနေရပါမယ်။
- အခုလက်ရှိမိမိထက်လဲ နောက်ဖြစ်လာမယ့် အနာဂတ် မိမိက ပိုသာနေအောင်ကြိုးစားပါ။

19/01/2024

ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်

Photoshop လုပ်နည်းတော့ သေချာသင်ပေါ့ မဟုတ်ရင် အောက်ကပုံလို သိသာနေတတ်တယ်:3

just for fun

19/01/2024

သူများပြောင်းလဲတာကို အားကျရင်
သူ့ကြိုးစားမှုကိုပါ အားကျပါ။
အတုယူပါ လိုက်ကြိုးစားပါ။

congratulations ပါအစ်မ👏

Online pt အချိန်ပိုလေးတွေရှိပါတယ်။ ပြောင်းလဲချင်စိတ်ရှိရင် Cb မှာ Online pt လို့ပို့ပေးပါ။ ပြောင်းလဲဖို့ အာမခံပါတယ်။

Fit with-Min Thant
(fat loss specialist)

#ဝိတ်ချနည်းလမ်းများ
#ဝိတ်ကျနည်းများ

18/01/2024

ဗိုက်နဲ့ ခါးကို အဆီချရင်း တင်ပါးကြီးအောင် လုပ်လို့လား

18/01/2024

ရေတစ်ရက် ၃လီတာပြည့်အောင်သောက်ဖို့ အခုချိန်ဆိုရင် ရေ ၁လီတာကျော်လောက် သောက်နှင့်ပြီးသားဖြစ်နေရပါမယ်

18/01/2024

မနက်စာ ဘာစားဖြစ်ကြလဲဗျ
ကျနော်ကတော့ အဆီထုတ်ဒိန်ချဥ်ကို ငှပျောသီးနဲ့ စားဖြစ်တယ်
ကယ်လိုရီလဲ နည်းတဲ့အတွက် ဝိတ်ချနေတဲ့သူတွေအတွက်ရှယ်ပဲ။

( အဆီထုတ်ဒိန်ချဥ်တစ်ခွက် + ၆လက်မအရွယ်ခန့်သီးမွှေး၂လုံး ရဲ့
ကယ်လိုရီ ပါ၀င်မှု = 320 caloreis )

ဒိန်ချဥ်ကို သကြားတွေ ထညက်တွေနဲ့စားတာထက် ငှပျောသီး နဲ့ စားတာက ကျန်းမာရေးနဲ့ပိုညီညွတ်တယ် ဝိတ်ချနေတဲ့သူတွေအတွက် ပိုကောင်းတာပေါ့ဗျာ။ ငှပျောသီးရဲ့ အချိုက ဒိန်ချဥ်ရဲ့အချဥ်ကိုထိန်းပေးတော့ ချိုချဥ်လေးနဲ့ သိပ်စားကောင်းတာ
မနက်စာမှာပဲစားစား နေ့လည် နေ့ခင်း အဆာပြေအနေနဲ့ပဲ စားစားအဆင်ပြေတယ်။

ပုံကတော့ရိုက်ဖို့ မေ့သွားလို့ google ကရှာပြီးပဲတင်ပေးလိုက်တယ်နော်😁

Fit With-Min Thant
(Fat loss specialist)



#ဝိတ်ချနည်းလမ်းများ
#ဝိတ်ကျနည်းများ

17/01/2024

ခါးသေး ဗိုက်ချပ်ချင်တဲ့ အမျိုးသမီးတိုင်းဖတ်ရန်
***
ဗိုက်ချပ်ခါးသေးတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့က အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပဲဖြစ်ပါတယ်။

နဂို အရိုးအဆစ်သေးပြီး ပိန်တဲ့သူတွေအနေနဲ့အထွေအထူးမဟုတ်ပေမယ့် အရိုးအဆစ်ကြီးတဲ့ သူတွေလဲ ခါးသေးပြီး ဗိုက်ချက်ပါခွင့် ရှိပါတယ်။
ဒါပေမယ့် အရိုးအဆစ်ကြီးသူတွေကတော့ သေးသူတွေလောက် ခါးသေးချင်လို့ မရပါဘူး။
ကိုယ့် ရှိရင်းစွဲပုံစံကို အလှဆုံး shape ဖြစ်အောင် ကြိုးစားပိုင်ခွင့်ရှိပါတယ်။

ဘယ်လိုကြိုးစားရမလဲ ဆိုတော့

(1)အနေအထိုင် ဆင်ခြင်ရပါမယ်။
- လှုပ်လှုပ်ရှားရှားနေပါ။
- စားပြီး အိပ်နေခြင်း ချက်ခြင်းထိုင်ခြင်းများကို ဆင်ခြင်ပါ။ အစားစားပြီးတိုင်း လမ်း ၁၀မိနစ်တော့ရအောင်လျှောက်ပေးပါ။
- စိတ်တိုဒေါသထွက်လွယ်တာတွေ၊ ညအိပ်မပျော်တာတွေ ၊stress များပြီး emotional eating တွေ မဖြစ်အောင်အတွက် သတိပြုပါ (တရားထိုင်ပါ သို့မဟုတ် ယောဂ ကျင့်ပါ)

(2)အစားအသောက် ဆင်ခြင်ပါ
- ရေများများသောက်ပါ။
- စားတဲ့အနပ်တိုင်းကို အာဟာရ စုံလင်အောင်စားပါ (အသား၊ငါး၊ဥအမျိုးမျိုးစတဲ့ proteinနဲ့ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေကို အနပ်တိုင်းပါအောင်စားပါ)
- fast foods , junk foods, ဆီကြော်စာများ အပြင်စာများကို ရံဖန်ရံခါသာ စားပါ။
- အားဖြည့် အချိုရည်များ ၊ ကော်ဖီမစ်များ ၊လက်ဖက်ရည်များ ၊ အရက်ဘီယာများ ကို လျှော့သောက်ပါ။

(3) လေ့ကျင့်ခန်း
- တစ်ရက်ကို ခြေလှမ်း 6000 ခန့်ရအောင်လျှောက်ပါ။
- တစ်ပတ် ကို ၃ရက်က နေ ၅ရက်အထိ တစ်ကိုယ်လုံး အတွက် အလေးမ လေ့ကျင့်ခန်း လုပ်ပါ။
- ဗိုက်လေ့ကျင့်ခန်းကို တစ်ပတ်ကို ၁ရက်ကနေ ၂ရက် ထိထိရောက်ရောက်လုပ်ပေးပါ။
- ဒါဆိုရင် ဗိုက်ချပ် ခါးသေးဖို့က လွယ်လွယ်ပေးပါပဲ ။

စိတ်ညစ်လို့ စိတ်မထိန်းနိုင်ပဲ အများကြီးစားမိရင် (emotional eating)
https://m.facebook.com/story.php?story_fbid=292021636811367&id=100080105983995&mibextid=Nif5oz

သဘာ၀က ရတဲ့ အဆီကျဆေး သို့မဟုတ် Caffeine
https://m.facebook.com/story.php?story_fbid=290532183626979&id=100080105983995&mibextid=Nif5oz
အားလုံးပဲကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ...
Fit With-Min Thant
(Fat loss specialist)

17/01/2024

တင်ဖို့မေ့နေတာ...
new year new body ဖြစ်သွားတဲ့
Client တစ်ဦးရဲ့ transformation ကိုဘယ်လိုမြင်ကြလဲဗျ💪

17/01/2024

Weight ချရတာ လွယ်တယ်

- အစားအသောက်ဆင်ခြင်
- ရေများများသောက်
- လမ်းများများလျှောက်
- လေ့ကျင့်ခန်းလုပ်

ဒီ၄ချက်ကို လိုက်လုပ်ရင် ဝိတ်ကျပြီ။

ခက်တာက ဘာလဲသိလား
အဲ့၄ချက်ကို လိုက်လုပ်ဖို့ပဲ😁

Fit With-Min Thant
(Fat loss specialist)

#ဝိတ်ချနည်းလမ်းများ #ဝိတ်ကျနည်းများ

16/01/2024

muscle ဆိုတာ ရည်းစားလိုပဲ ရှာရတာသာ ခက်တာ ခနလောက်များ သူ့ကိုပစ်ထားမိရင် မင်းတို့ကိုထားခဲ့ကြလိမ့်မယ်။
****
အမျိုးသမီးတွေက ယောက်ျားတွေလို ဗလ ထွက်လာမှာကို သိပ်ကြောက်ကြတာ

စိတ်မပူနဲ့ ဗလထွက်ချင်ရင်တောင် မထွက်ဘူး။ ကြွက်သားထွက်ဖို့ ကျားဟော်မုန်းလိုတယ်။
မိန်းကလေးတွေထက် ကျားဟော်မုန်းပိုများတဲ့ ယောက်ျားလေးတွေတောင် ဗလထွက်ချင်လို့ အလေးမလေ့ကျင့်ခန်းတွေကို အီးထွက်မတတ် ဖျစ်ညှစ်ဆော့ရတာဆော့ရုံနဲ့လဲ မပြီးသေးဘူး အသားတွေ ကြက်ဥတွေကို အများကြီးစားရသေးတာဗျ။ ဒါတောင် နည်းစနစ်မမှန်ရင် တော်ရုံဗလမထွက်ဘူး။

မိန်းကလေးတွေ အနေနဲ့ နှစ်နဲ့ချီပြီး သေချာကစားထားလို့ muscle ပိစိလေး ထွက်ခဲ့ရင်တောင်
၂ပတ်လောက်လေ့ကျင့်ခန်းမလုပ်ပဲပစ်ထားကြည့်လိုက် အဲ့ muscle ဘယ်ရှာလို့ရှာရမှန်းမသိအောင်ပျောက်သွားလိမ့်မယ်။
muscle ဆိုတာ ရည်းစားလိုပဲ ရှာရတာသာ ခက်တာ ခနလောက်များ သူ့ကိုပစ်ထားမိရင် မင်းတို့ကိုထားခဲ့ကြလိမ့်မယ်။

ဒါကြောင့် အလေးတွေနဲ့ ကစားရမှာ မကြောက်နဲ့ ဗလကြီး မဖြစ်ဘူးစိတ်ချ။

Fit With-Min Thant
(Fat loss specialist)
#ဝိတ်ချနည်းလမ်းများ #ဝိတ်ကျနည်းများ

16/01/2024

1လဆို တစ်လဆိုသလောက် ထိရောက်နေရမယ်💪

16/01/2024

ကျွန်တော်ကတော့ 2024 မှာ အကောင်းဆုံး ကြိုးစားနေပြီ 💪
အမတို့ရော စလုပ်နေပြီလား? 💁‍♂️

အသက်တစ်နှစ်ကြီးလာတိုင်း ဒီခန္ဓကိုယ်ကြီးက ပိုအိုဟောင်းလာတယ်
ကျန်းမာရေးအရရော အလှအပအတွက်ရော အနုတ်ဘက်ကို ​သွားနေတယ်ဆိုတာ သိတယ်မလာ?
အပေါင်း လက္ခဏာဆောင်ဖို့ လေ့ကျင့်ခန်းက အဓိကပဲဗျ
လေ့ကျင့်ခန်းလုပ်ရမှာ မပျင်းပါနဲ့
🤜🤛

Fit With-Min Thant
(fat loss specialist)


#ဝိတ်ချနည်းလမ်းများ

#ဝိတ်ကျနည်းများ

16/01/2024

ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ရဖို့ဆိုရင်
နေ့တစ်နေ့ကို အစပြုတဲ့ မနက်စာကို သေချာလေးစားဖို့အရေးကြီးပါတယ်

မိတ်ဆွေတို့ရော မနက်စာ ဘာတွေစားဖြစ်ကြလဲ💁‍♂️

15/01/2024

အဆီကျချင်ရင် အသားစားရမှာ မကြောက်ပါနဲ့

- အသားများများစားခြင်းက အဆာခံစေပါတယ်။ ဘာကြောင့်လဲဆိုတော့ အသားတွေကို အစာခြေဖို့ ၃နာရီ ခန့်ကြာလို့ပါ။
- Metabolic rate ကိုလဲ တိုးတက်စေပါတယ်။
thermic effect of food (TEF) ဆိုတဲ့ အစာကိုချေဖျက်ရာမှာ လောင်ကျွမ်းစေတဲ့ calories ပမာဏကို တိုးမြင့်ပေးပါတယ်။ အသားတွေကိုခြေဖျက်ဖို့သုံးလိုက်ရတဲ့ calories က စားထားတဲ့အသားကရတဲ့ Calories ရဲ့ 20% ကနေ 30% ကြားရှိတယ်လို့ဆိုကြပါတယ်။
- Glucagon လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို အထွက်တိုးစေပြီး
အဲ့ဒီဟော်မုန်းက အဆီလောင်ကျွမ်းနှုန်းကို မြှင့်တင်ပေးပါတယ်။
- Muscle တည်ဆောက်ရာမှာ အဓိက အုတ်မြစ်ဖြစ်တယ်။
တိုက်အိမ်တစ်လုံးဆောက်ဖို့ အုတ်တွေသဲတွေကျောက်တွေက အဓိက လိုသလို ကြွက်သားတည်ဆောက်ဖို့အတွက်လည်း အသားဓာတ်တွေက အဓိက အုတ်မြစ်ဖြစ်ပါတယ်။
- အသားဓာတ်ကို အသားများမှအပြင် ဥအမျိုးမျိုး ၊နို့ ၊ဒိန်ချဥ် နဲ့ ပဲအမျိုးမျိုးကနေလဲ ရနိုင်ပါတယ်။ ဒါပေမယ့် အသားမစားပဲ ဒီအရာတွေပဲ ပထမဆုံး အချက်၂ခုကနေရမယ့် အကျိုးကျေးဇူးကိုတော့ အပြည့်အ၀ရမှာ မဟုတ်ပါဘူး။
- ဝိတ်ချနေတဲ့ သူတွေ အတွက်တစ်ရက်ကို အသား 20သားခန့် အနည်းဆုံးစားပေးသင့်ပါတယ်။ ကျနော်ပြောတဲ့အသားဆိုတာတွေထဲမှာ ငါး၊ ပုဇွန်၊ပင်လယ်စာတွေက ရတဲ့အသားများလည်းပါ၀င်ပါတယ်။
- vegan တစ်ယောက်အနေနဲ့ကတော့ အဆီကျဖို့ အခြားသူတွေထက် ပိုခက်ခဲပါလိမ့်မယ်။

အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။
နောက်လဲ အခုလိုအကျိုးရှိစေမယ့် အကြောင်းအရာတွေကို နေ့စဥ်တင်ပေးသွားမှာ ဖြစ်လို့ ကျနော့်ရဲ့ page ကို Follow လုပ်ထားဖို့ အကြံပေးပါတယ်ခဗျာ။

အားလုံးပဲကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ....။

Fit with-Min Thant
(Fat loss specialist)
#ဝိတ်ကျနည်းများ #ဝိတ်ချနည်းလမ်းများ

15/01/2024

ကြက်သွန်ဖြူ စားခြင်းက ပါးစပ်နံပေမယ့်
testosterone ခေါ် ကျားဟော်မုန်းကို အထွက်တိုးစေပါတယ်။
Testo အထွက်တိုးရင် ခန္ဓာကိုယ်ကျစ်လစ်တင်းရင်းစေပါတယ်။ ဇီ၀ဖြစ်စဥ်ကိုလဲ တိုးတက်စေလို့အဆီကျဖို့အတွက် များစွာအထောက်အကူပြုပါတယ်။
အမျိုးသမီးများမှာလည်း ကျားဟော်မုန်းက လိုအပ်ပါတယ်။

Man b***s ခေါ် အမျိုးသားများ ရင်သားဆူတဲ့ ကိစ္စတွေကိုလည်း သက်သာစေတဲ့ အတွက် ထိုသူတွေမှာ ပိုပြီးစားပေးသင့်ပါတယ်။

ဘယ်လိုအချိန်စားသင့်လဲ။
အိမ်မှာ နေတဲ့အချိန် ညနေစာတွေမှာပိုစားသင့်ပါတယ်။ ပါးစပ်နံလို့ပါ။

မကြိုက်ရင်တောင် တစ်မွှာ နှစ်မွှာလောက်တော့စားပေးပါ

#ဝိတ်ကျနည်းများ #ဝိတ်ချနည်းလမ်းများ

14/01/2024

ဝိတ်ကျချင်ရင် လေ့ကျင့်ခန်းလုပ်စရာမလိုဘူး

- ဝိတ်ကျဖို့အတွက် ဆိုရင် အစားလျှော့စားရုံနဲ့ ဝိတ်ကျပါပြီ
- ကျန်းမာရေးကောင်းချင်ရင်တော့ လမ်းပါတွဲလျှောက်ပေါ့ဗျာ..
- ဝိတ်ကျရုံမဟုတ်ပဲ ကျစ်ကျစ်လစ်လစ်နဲ့လှချင်တယ် အဆီပိုတွေကျချင်တယ် အလေးမလေ့ကျင့်ခန်းတွေ Cardio training တွေ balance diet တွေလုပ်ဖို့တော့ လိုအပ်ပါတယ်။

လမ်းလျှောက်တာက Cardio တစ်မျိုးဆိုပေမယ့် အရှိန်မြှင့်လျှောက်တာမျိုး၊ အချိန်တိုးလျှောက်တာမျိုး မလုပ်ရင် သက်လုံ ပိုကောင်းလာမှာမဟုတ်ပါဘူး။

လေ့ကျင့်ခန်းတွေလုပ်ခြင်းက လှရုံအပြင် strenght ဆိုတဲ့ ခွန်အားတက်လာစေမယ်၊ muscular endurance ကြွက်သားခံနိုင်ရည် ကောင်းလာစေမယ်(အလုပ်လေးနည်းနည်းလုပ်တာနဲ့ ​ခြေလက်တွေ ညောင်းညာနေတာမျိုးမရှိတော့အောင် စွမ်းဆောင်ပေးတယ်)၊ body composition ခန္ဓာကိုယ် အနေအထား ပိုမိုကြည့်ကောင်းလာမယ်၊ flexibility အကြောပျော့လာမယ်။
မိတ်ဆွေက စတဲ့ အကျိုးကျေးဇူးတွေ မလိုအပ်ဘူး ဝိတ်ကျရင် ရပြီလို့ တွေးထားတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်စရာမလိုပါဘူး။

Fit With-Min Thant
(Fat loss specialist)

#ဝိတ်ကျနည်းများ

Photos from Fit With-Min Thant's post 13/01/2024

မိန်းကလေးတွေ ရင်ဘတ်လေ့ကျင့်ခန်းတွေလုပ်ရင် ရင်သားသေးသွားမလား?

- ဒါကတော့ Gymဆော့တဲ့ မိန်းကလေးအတော်များများ ကြောက်ကြတဲ့ အရာပါ
Chest press ကဲ့သို့သော ရင်ဘတ်လေ့ကျင့်ခန်းတွေကစားရင် ရင်ဘတ်သေးသွားမှာ ဆိုးတဲ့အတွက် ရင်ဘတ်လေ့ကျင့်ခန်းတွေ ကို သိပ်မလုပ်ကြပါဘူး။
- ရင်ဘက်လေ့ကျင့်ခန်းလုပ်ရင် သေးတယ်ဆိုတာ အတိုင်းတာ တစ်ခုထိ မှန်ပါတယ်။ သင်က အစားသေချာစားပြီး သေချာ အဆီချနေတဲ့ သူဆိုရင် တကိုယ်လုံးက အဆီတွေကျမှာပဲဖြစ်ပါတယ်။ ရင်သားဆိုတာလည်း အဆီတွေနဲ့ဖွဲ့စည်းထားတဲ့အတွက် သူလည်း အနည်းငယ် ကျသွားပါလိမ့်မယ်။
- ရင်ဘက်လေ့ကျင့်ခန်းတွေ လုံး၀မလုပ်ပဲ အဆီချလိုက်ရင် ရင်သားပျော့တွဲလာတဲ့ ပြသနာတွေ ကြုံလာနိုင်ပါတယ်။
ဒါ့အပြင် Muscle imbalance ဖြစ်ပြီး posture တွေ ပျက်လာပါလိမ့်မယ်။
- မိန်းကလေးတွေ အနေနဲ့ ရင်ဘတ်လေ့ကျင့်ခန်းကို ယောက်ျားလေးတွေလို အများကြီး မကစားသင့်ပါဘူး။
လိုသလောက်ပဲလုပ်မယ်ဆိုရင် ရင်သားတွေ တင်းရင်းလှပလာပြီး bra ၀တ်ရင် ထွက်နေတတ်တဲ့ ရင်ဘက်ဘေး အဆီတွေကိုလည်းကျစေပါတယ်။

ဒါကြောင့် လုံ၀ မလေ့ကျင့်ပဲနေတာမျိုးမဟုတ်ပဲ လိုသလောက် ထည့် train ပေးသင့်ပါတယ်။

Fit With-Min Thant
(Fat loss specialist)



#ဝိတ်ကျနည်းများ

13/01/2024

ရင်ဘက်လေ့ကျင့်ခန်းလုပ်ရင် ရင်သားသေးတယ် ဆိုတာ တကယ်လား?

11/01/2024

over weight မဖြစ်
တခြားနေရာမ၀ပဲ ဗိုက်ပဲပူနေတဲ့သူတွေကို Skinny fat လို့ခေါ်တယ်။

skinny fat တွေထဲမှာ အများစုက
ဝိတ်ကျရင်ပြီးရော အစားအရမ်းလျှော့ပြီး ဝိတ်ချထားတဲ့သူတွေ (အလေးမလေ့ကျင့်ခန်းမလုပ်ရင်ပိုဆိုးပါတယ်)

ကျန်တာကတော့ အစားအသောက် အနေအထိုင်မမှန်တာ၊ အိပ်ချိန်မမှန်တာနဲ့ stress များတဲ့ လူနေမှုဘ၀တွေကြောင့်ပဲဖြစ်ပါတယ်။

အောက်က ပုံကတော့ ညဘက်မအိပ် ပဲ k drama တွေ တညလုံးထိုင်ကြည့်ပြီး ready made တွေ အရမ်းစားတဲ့ ကျနော့်ပုံပဲဖြစ်ပါတယ်။

Fit With-Min Thant
(Fat loss specialist)

Photos from Fit With-Min Thant's post 10/01/2024

လူကမ၀ဘူး ဗိုက်ပဲ ကွက်ပူနေတာဆိုတဲ့ သူတွေ အတွက် Moti 💪

Fit with-Min thant
(Fat loss specialist)

Photos from Fit With-Min Thant's post 09/01/2024

``ကုသိုလ်လဲရ ဝိတ်လဲကျ´´
အခမဲ့သင်တန်းမှ ပြောင်းလဲလာသူတစ်ဦး👇
ဒါမျိုးလေးတွေပြန်သိရတော့ တကယ် ၀မ်းသာတယ်ဗျာ☺️

Fit With-Min Thant
(Fat loss specialist)

#ဝိတ်ချနည်းများ

07/01/2024

Squat လေ့ကျင့်ခန်းကို ပုံစံမှန်အောင် ကစားကြမယ်ဗျာ...
-ထိုင်ထ လေ့ကျင့်ခန်းက လူတိုင်းနဲ့ မစိမ်းဘူးဆိုပေမယ့်
တကယ်တန်း ကစားကြတဲ့အခါမှာ ပုံစံမှားနေတတ်ပါတယ်။
- ပုံစံမှားတော့ ဘာဖြစ်လဲ ဆိုတော့ ဒူးနာ ခြေကျင်း၀တ်နာ ဖြစ်တတ်ပါတယ်။
- Video လေးကိုကြည့်လိုက်မယ်ဆိုရင် သေချာ ကစားတတ်သွားပါလိမ့်မယ်။

05/01/2024

သင့်ကိုဝိတ်မကျအောင် တားဆီးနေတဲ့ အရာတွေကဘာတွေလဲ?

01/01/2024

2024 ရဲ့ ပထမဆုံး 3လစာ program ၀ယ်တဲ့ Client အစ်မ ကျေးဇူးပါ။
အရမ်းမိုက်တဲ့ Body ဖြစ်အောင်ကြိုးစားကြမယ်ဗျာ💪

01/01/2024

#အရပ်ရှည်ဆေး
#အရပ်ရှည်နည်း

အသက် ဘယ်လောက်အထိ အရပ်ရှည်နိုင်သေးလဲ?
အရပ်ရှည်နိုင်မယ့် လေ့ကျင့်ခန်းတွေရှိလား?
အရပ်ရှည်ဆေးတွေကရော တကယ်ထိရောက်မှုရှိရဲ့လား
***

- ကျနော်တို့ရဲ့ အရိုးထိပ်အဆစ် growth plate လေးတွေကနေ ရှည်ထွက်လာခြင်းကြောင့် ​အရပ်ရှည်လာရခြင်းဖြစ်ပါတယ်။
Growth plate လေးတွေက အရွယ်ရောက်ကာစအချိန် လူပျိုဖော် ၀င်ကာစအချိန်ဆိုရင် စတင်ပိတ်နေပြီဖြစ်ပြီး လူပျိုဖော် အပျိုဖော်၀င်လို့ ပြီးတာနဲ့ လုံး၀ပိတ်သွားပါတယ်။
ဒီအခါ အရပ်လုံး၀မရှည်နိုင်တော့ပါဘူး။
Growth plate တွေ ပိတ်သွားပြီလားဆိုတာကိုတော့ ဓာတ်မှန်ရိုက်ကြည့်ရင် သိနိုင်တယ်လို့ဆိုကြပါတယ်။ ကျနော်တောါ မကြည့်တတ်ပါဘူး။
အရပ်ရှည်တာ ပုတာက မိဘ မျိုးရိုးနဲ့ 50% လောက် ဆိုင်ပါတယ်။
ကျန်တာကတော့ နေထိုင်စားသောက်ပုံနဲ့ ဆိုင်ပါတယ်။
မိဘက အရပ်ပုပေမယ့် သားသမီးအလှည့်ကျ အာဟာရပြည့်ပြည့်၀၀ စားပြီး အားကစားလုပ်ရင်မိဘတွေထက် အရပ်ပိုရှည်သွားနိုင်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တာကိုတော့ မမှန်းနဲ့ပေါဗျာ။

- early bloomer နဲ့ late bloomer ဆိုပြီး ၂မျိုးရှိပါတယ်။ အလွယ်ပြောရရင် စောပြီးထွားလာတာတဲ့ သူနဲ့ နောက်ကျမှ ထွားတဲ့သူ တွေပါ။ မြင်ဖူးကြမှာပါ အသက် 10နှစ်ကျော်လောက်မှာ ရွယ်တူတွေ ကြားထဲ လူကောင်ကြီးနေတဲ့ သူတွေက အသက်၁၆ကျော်တော့ အရပ်ဆက်မရှည်တော့ပဲ 10နှစ်ကျော်လောက်တုန်းက ဂျပုလေးတွေက သူ့တို့ကိုကျော်တက်သွားတာမျိုး မြင်ဖူးကြမှာပါ။ early bloomer တွေက လူပျို အပျိုဖြစ်တာ စောပါတယ်။
Late blommer တွေက early bloomer တွေထက် အရပ်ပိုရှည်တတ်ကြပါတယ်။
Early bloomer တွေက အသက် ၁၆ဆိုရင် လူပျိုအပျိုဖော်၀င်တာ နဲ့ အရပ်ရှည်တာပြီးပါပြီ။ late bloomer တွေကတော့ အသက် 20 အထိ မျှော်လင့်ချက်ရှိပါတယ်။
မိန်းကလေးတွေကတော့ early bloomer တွေများပြီး late bloomerတွေက မရှိသလောက်ရှားပါတယ်။ အသက် ၁၅ ၁၆ နောက်ပိုင်း အရပ်ထပ်မရှည်တော့တာ များပါတယ်။
- ကျနော်ဆိုရင် အသက် 16အရွယ် 10တန်းတုန်းက အရပ် ၅ပေ၃ လက်မပဲရှိပါတယ်။ အာဟာရပြည့်၀အောင်စားတယ် အလေးမ လေ့ကျင့်ခန်းတွေ လုပ်တယ် အကြောသေချာလျှော့တယ်။ အဲ့တာတွေ လုပ်ပြီး နောက်ပိုင်း အသက် 19ရောက်တဲ့ အခါ 5ပေ8လက်မ ၄လက်မ တိတိ အရပ်ရှည်လာခဲ့ပါတယ်။ ဟုတ်ပါတယ် ကျနော်က late bloomer ပါ။
- အရပ်ရှည်ချင်တယ်ဆိုရင် လူပျိုအပျိုဖော် စ၀င်ကာစအချိန်ကနေစပြီး အာဟာရပြည့်အောင်စားပါ။ နွားနို့ သောက်တာက အသားဓာတ်အပြင် ကယ်စီယမ် ဓာတ်ပါရတဲ့အတွက် အရပ်ရှည်ချင်တဲ့ ညီငယ် ညီမငယ်လေးတွေ နွားနို့ များများသောက်ကြဖို့ အကြံပေးချင်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးတာကလည်း အထောက်အကူ အများကြီးဖြစ်ပါတယ်။ အလေးမတာဟာ အရပ်ရှည်တာကို ထိခိုက်စေ တယ်ဆိုတာလုံး၀လုံး၀မှားယွင်းတဲ့ အယူအဆပါ။

အရပ်ရှည်နိုင်မယ့် လေ့ကျင့်ခန်းဆိုတာ
မရှိပါဘူး၊ အရွယ်ရောက်ပြီးသွားရင် ဘယ်လေ့ကျင့်ခန်းလုပ်လုပ် အရပ်မရှည်တော့ပါဘူး ၊ ကိုယ့်ရှိတဲ့ အရပ်နဲ့ အကောင်းဆုံး ခန္ဓာကိုယ်ဖြစ်အောင်တည်ဆောက်နိုင်မယ့်အခွင့်အရေးတော့ရှိပါသေးတယ်။ ပုခုံး မတ်မတ်နေတာ ကလည်း ကိုင်းနေတာထက် အရပ်တစ်လက်မလောက်ရှည်လာတဲ့ ပုံပေါ်စေပါတယ်။ သင်က ပုခုံးကိုင်းတဲ့ သူဆိုရင် ဒီ
Post ကို ဖတ်ပေးပါ။
https://m.facebook.com/story.php?story_fbid=238311252182406&id=100080105983995&mibextid=Nif5oz

အရပ်ရှည်ဆေးလား အဲ့တာတွေကလည်းတူတူပါပဲ။ သင်အရွယ်ရောက်ပြီးလို့ growth plate လေးတွေ ပိတ်သွားရင် ဘယ်ဆေးမှ မကယ်နိုင်ပါဘူး။
အရပ်ရှည်ဆေးဆိုတဲ့ ဆေးတွေမှာ ပါ၀င်တဲ့ ပစ္စည်းတွေကိုကြည့်ကြည့်ပါ နွားနို့ ၊
ဥအမျိုးမျိုးနဲ့ အသားတွေစားရင် ရမယ့် Amino acid တွေ ကို အစုံချရေးထားပါလိမ့်မယ်
Calcium ဓာတ်လဲ ပါချင်ပါပါလိမ့်မယ်။

ပိုက်ဆံ အကုန်ခံပြီး အရပ်ရှည်ဆေးတွေသောက်နေမယ့် အစား အာဟာရရှိတာ စားပြီး လက်ရှိ Body ကိုအချိုးအစားအလှဆုံးဖြစ်အောင်ကြိုးစားကြပါလို့ပဲ အကြံပေးချင်ပါတယ်။ ကိုယ့်ဖြစ်တည်မှု ကိုယ် ချစ်ကြပါ ဒါပါပဲ။

Fit With-Min Thant
(Fat loss specialist)

31/12/2023

ဒီနှစ်လဲ ဖြေပေးကြပါဦး😁

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

သူများပြောင်းလဲတာကို အားကျရင်သူ့ကြိုးစားမှုကိုပါ အားကျပါ။အတုယူပါ လိုက်ကြိုးစားပါ။congratulations ပါအစ်မ👏Online pt အချိန်...
တင်ဖို့မေ့နေတာ...new year new body ဖြစ်သွားတဲ့ Client တစ်ဦးရဲ့ transformation ကိုဘယ်လိုမြင်ကြလဲဗျ💪
ကျွန်တော်ကတော့ 2024 မှာ အကောင်းဆုံး ကြိုးစားနေပြီ 💪အမတို့ရော စလုပ်နေပြီလား? 💁‍♂️အသက်တစ်နှစ်ကြီးလာတိုင်း ဒီခန္ဓကိုယ်ကြီးက...
Squat လေ့ကျင့်ခန်းကို ပုံစံမှန်အောင် ကစားကြမယ်ဗျာ...-ထိုင်ထ လေ့ကျင့်ခန်းက လူတိုင်းနဲ့ မစိမ်းဘူးဆိုပေမယ့် တကယ်တန်း ကစားကြ...
နေရာကွက်ပြီး အဆီချလို့ရလား?Yes or no....?မထင်မှတ်ထားတဲ့ အဖြေကို ရပါလိမ့်မယ်။Fit with-Min Thant (Fat loss specialist) #Kn...
တစ်လ အတွင်း 5-10 ပေါင်အထိ ကျစေမယ့် အခမဲ့ ပညာ ဒါန သင်တန်း အပ်လို့ရပါပြီရွှေသံလွင် ဘိုးဘွားရိပ်သာ https://www.facebook.com...
အရေးပေါ် ဝိတ်အမြန်ချနည်းတစ်လ ပေါင် ၃၀ 👇Fit with-Min Thant(Fat loss specialist)#ဝိတ်ကျနည်းလမ်းများ #ဝိတ်ချနည်းလမ်းများ #f...
ရေဗူးတစ်ဗူးပဲလိုပါတယ်
သင်က လက်မောင်း အောက်မှာ အဆီများပြီး ပျော့တွဲနေတဲ့သူလား ဒါဆိုရင် ဒီ video ကိုကြည့်ပါ✌️
သင်မပိန်သေးတာ မဟုတ်ပါဘူးယောက်ျားမယူသေးလို့ပါ:3
Pt ချိန်ရောက်မှ clientက ခွင့်တိုင်သွားသောအခါ Me :
ပုခုံးနဲ့ လက်မောင်း သွယ်လျချင်သူတွေအတွက်👇****အကြိမ် 20 4 ကြော့ကစားပေးပါ....Ultimate fat loss program မှာ ဒီလို video လေး...

Telephone

Website

Address

Yangon

Other Personal Trainers in Yangon (show all)
Stanley Stan Stanley Stan
Star City
Yangon

CEO of “ကြောင်တောင်တောင်မလုပ်နဲ့” Online Coach

Zumba with San San Zumba with San San
Yangon, 11011

Licensed Zumba Instructor since January 2021

Lethwei Journey Lethwei Journey
Insein Road
Yangon

Myanmar Traditional Fighting Organization(Non Gov;)

Personal Trainer Ramzan Ali Personal Trainer Ramzan Ali
Yangon, 11222

Personal Trainer From Oxygen Gym

FIT With A.M.T FIT With A.M.T
Yangon

Personal Training Service, Online Diet & Workout Plan for your Body Goal!!!

MTRK Fitness Myanmar MTRK Fitness Myanmar
Kamaryut Hledan
Yangon

Weight Managementနဲ့ fat loss ကစားနည်းလေ့ကျင့်ခန်းမ?

Fit with Yan Naing Fit with Yan Naing
North Okkalapa
Yangon

𝐍𝐮𝐭𝐫𝐢𝐟𝐢𝐭𝐧𝐞𝐬𝐬 𝐛𝐲 𝐌𝐨𝐞 𝐓𝐚𝐢𝐧 𝐍𝐮𝐭𝐫𝐢𝐟𝐢𝐭𝐧𝐞𝐬𝐬 𝐛𝐲 𝐌𝐨𝐞 𝐓𝐚𝐢𝐧
Yangon, 11111

(Just sharing fittness knowledge and healthy lifestyle,

𝐅𝐋𝐎𝐖 𝐰𝐢𝐭𝐡 𝐏𝐘𝐀𝐄 𝐅𝐋𝐎𝐖 𝐰𝐢𝐭𝐡 𝐏𝐘𝐀𝐄
Yangon

Pilates for everyBODY,a Certified Pilates Instructor working with people of all Ages & Levels 💕